Perfect destiny Arc4 မြန်မာဘာ...

By RedBlood481

168K 22.3K 685

♥Complete♥ system bl All content with (U&Z) သူစတင်ကူးပြောင်းတုန်းက ချန်လီကောက ဒါကို လက်မခံချင်ခဲ့ဘူး... ဒါပေ... More

Synopsis
Arc ရှင်းတမ်း(Arc ရွင္းတမ္း)
Please Read🙏🙏
1.1(ငါကလေးတစ်ယောက် ဖြစ်လာတယ်)
1.2
1.3
2.2
2.3
3.1(အိုက်ယား အရမ်းလှုံ့ဆော်နေတယ်)
3.2
3.3
4.1(အိမ်နီးချင်းရဲ့ကလေး)
4.2
4.3
5.1(သွေးသားမတော်စပ်ဘူး)
5.2
5.3
6.1(ဒါက ဝမ်းနည်းစရာ ဇာတ်လမ်းလေးပဲ)
6.2
6.3
7.1(ဆိုးဝါးလိုက်တဲ့ဘဝ)
7.2
7.3
8.1(ငါကလေးတစ်ယောက် မဖြစ်ချင်တော့ဘူး)
8.2
8.3
9.1(ရီမုတ်ကွန်ထရိုနဲ့ အရုပ်ကားလေး)
9.2
9.3
10.1(0.0)
10.2
10.3
11.1(အချိန်ဖြုန်းခဲ့တဲ့နောက်တစ်နေ့)
11.2
11.3
11.4
Let's speak
12.1(final)
12.2(final)
12.3(final)

2.1(ဘေဘီကောရဲ့ နှလုံးရောဂါက ဒါနဲ့မသက်ဆိုင်ဘူး)

3.9K 577 9
By RedBlood481

(Unicode)

"ဘေဘီကောရဲ့ စွန့်စားခန်း(2)"

ဒီနေ့ သူတို့ ကစားကွင်း မသွားလိုက်ရပေမဲ့ ချန်လီကောကတော့ အရမ်းပျော်နေတယ်

ညရောက်တော့ သူက သူအရမ်းကြိုက်တဲ့
spongebob နဲ့အတူ အိပ်မက်ကမ္ဘာထဲမှာ တွေ့နေတယ်

သူအေးအေးချမ်းချမ်း အိပ်ပျော်နေတာလေးကို
မြင်ရတော့ လုကျစ်ရန်ရဲ့ သောကတွေဟာ အတိုင်းအဆမဲ့ ပျောက်ကွယ်သွားတယ်

သို့သော်လည်း မမျှော်လင့်ဘဲ နောက်နေ့မှာ ချန်လီကောရဲ့တစ်ကိုယ်လုံးမှာ အနီစက်တွေထလာပြီး ဖျားပါတော့တယ် အိမ်တော်ထိန်းကြီးက အရင်ရှာတွေ့သွားပြီး ချက်ချင်းပဲ မိသားစုဆရာဝန်ကို ခေါ်လိုက်တယ်

ဆရာဝန်က စစ်ဆေးပြီးနောက် ဓာတ်မတည့်တာဖြစ်ကြောင်း ပြောတယ် သူက ချန်လီကောကို
မနေ့က ဘယ်နေရာသွားလဲ ဘာစားလဲဆိုတာကို
မေးခဲ့တယ်

လုကျစ်ရန်က မျက်မှောင်ကြုတ်လိုက်ပြီး မနေ့ကသူနဲ့ကလေးနဲ့ဘာတွေလုပ်တာကို ရိုးရိုးရှင်းရှင်းပဲ
ရှင်းပြလိုက်တယ် သူက အစားအသောက်စာရင်းကိုပါ ရွတ်ပြလိုက်တယ်

အစားအသောက်စာရင်းကို ကြားတဲ့အခါမှာ
အိမ်တော်ထိန်းကြီးက အံ့သြသွားပြီး ပြောလိုက်တယ်
"သခင် သခင်ငယ်လေးက မုန်လာဥနီနဲ့ ဓာတ်မတည့်ဘူး"

လုကျစ်ရန်က ဒီအကြောင်းကို ကြားတဲ့အခါမှာ
ရှော့ခ်ရသွားတယ် မနေ့ကသူတို့စားတဲ့ဟင်းတိုင်းမှာ မုန်လာဥနီပါတယ် စားပြီးသွားတော့လည်း
ဘာမှမဖြစ်တာကြောင့် သူ့သားနဲ့မုန်လာဥနီ ဓာတ်မတည့်တာကို သိတောင်မသိခဲ့ဘူး

ဆရာဝန်က ဒီမိသားစုရဲ့ သခင်ငယ်လေး အခြေအနေမကောင်းတာသိတော့ မြန်မြန်ပြောလိုက်တယ် "ကျွန်တော် ဆေးတွေတော့ ယူလာတယ် နာရီဝက်ကြာမှ မသက်သာလာရင် သူ့ကိုဆေးရုံပို့ဖို့ အမြန်လုပ်တော့"

လုကျစ်ရန်က "ငါတို့အခုပဲ သွားမယ်"
ပြောပြီးတာနဲ့ ချန်လီကောကို ပွေ့ကာ လှေကားတွေကနေ ဒုန်းဆိုင်းဆင်းလာတယ်

ချန်လီကောက အဖျားကြောင့် ရူးတော့မယ်လို့တောင် ခံစားရတယ် သူ့အမြင်အာရုံတွေကဝေဝါးနေပြီး သူ့ကို တစ်စုံတစ်ယောက်က တင်းတင်းကျပ်ကျပ်ပွေ့ထားတာ ပဲ သိတယ် သူက ထိုလူရဲ့ အင်္ကျီစတွေကို အားကိုးတကြီး ဆုတ်ကိုင်ထားသေးတယ်

စဖြစ်တဲ့မနက်၄နာရီမှာပဲ လုကျစ်ရန်က ချန်လီကောကို ဆေးရုံလိုက်ပို့ခဲ့တယ်

ဆေးစစ်ပြီးနောက် ချန်လီကောကို ဆေးတွေအများကြီးသောက်စေတယ် တော်သေးတာက
သူအများကြီး မစားမိလို့ပေါ့

ဆရာဝန်က လုကျစ်ရန်ကို ဆူလိုက်တယ်
"ကိုယ့်ကလေး ဘာနဲ့ဓာတ်မတည့်မှန်း မသိဘဲနဲ့များ မိဘလုပ်နေသေးတယ်!ဓာတ်မတည့်တာက
သေတတ်တယ်နော်!!"

လုကျစ်ရန်က တောင်းပန်လိုက်ပြီး သူ့ကလေးကိုအဖော်မပြုပေးနိုင်လို့ သူ့ကလေး မုန်လာဥနီနဲ့ဓာတ်မတည့်တာ မသိကြောင်း ပြောတယ်

သူစိတ်ပူနေတာသိရတော့ ဆရာဝန်လည်း ဘာမှထပ်မပြောတော့ဘူး

လုကျစ်ရန်တင်မဟုတ်ဘူး ချန်လီကောလည်း
သူ့ကိုယ်သူ မုန်လာဥနီနဲ့ ဓာတ်မတည့်မှန်း မသိဘူး တစ်ခါတုန်းက သူအဲဒါကိုစားပြီးတော့
ရက်ပေါင်းများစွာ မသက်မသာဖြစ်တာပဲ မှတ်မိတယ် ဆရာဝန်ဆေးစစ်လိုက်တော့မှပဲ သူမုန်လာဥနီနဲ့ ဓာတ်မတည့်တာသိပြီး ထမင်းစားပွဲပေါ်မှာ နောက်ထပ်အသီးအရွက်တွေ ဘယ်တော့မှ မတင်ရတော့ဘူး

ဒါပေမဲ့ ချန်လီကောက အသားချစ်သူဖြစ်တာကြောင့် အသီးအရွက်တင်မတင် စိတ်မဝင်စားဘူး

အဲဒီကိစ္စ ဖြစ်ပြီးနောက် ချန်လီကောထပ်ဖျားလာခဲ့တယ်

လုကျစ်ရန်က သူ့ကိုယ်သူအပြစ်တင်နေမိတယ်
အဖေတစ်ယောက်အနေနဲ့ သူ့သားဘာနဲ့ ဓာတ်မတည့်တာကိုတောင်မသိဘဲ ဘေးဖြစ်စေခဲ့တယ်

ချန်လီကော နိုးလာတော့ သူဆေးရုံပေါ်မှာ
လဲလျောင်းနေတယ်
သူကပြောတယ်

"ထုံထုံ ငါ့ကျန်းမာရေးကြောင့် IQတေွတော့ကျတော့မှာပဲကွာ"

system-စိတ်မပူပါနဲ့ အစကတည်းက မြင့်တာမှမဟုတ်တာ

ချန်လီကော-နေမကောင်းတဲ့hostအပေါ်ကို systemတိုင်းက ဒီလိုပဲဆက်ဆံတာလား

system-တခြားsystemတွေတော့ မပြောတတ်ပေမဲ့ ငါကတော့ ဒီလိုပဲ

ချန်လီကော-"..........."

system-ဟီးဟီးဟီး

ချန်လီကော-"..........."
ကြည့်ရတာ သူ့systemတော့ virusဝင်နေပြီထင်တယ်

လုကျစ်ရန် အခန်းထဲကိုပြန်လာတော့ တွေဝေနေတဲ့သူ့သားကို တွေ့ပြီး "ကျားကျား"လို့ခေါ်လိုက်တယ်

အိပ်ချင်မူးတူးနဲ့ ချန်လီကောက ပြန်ထူးလိုက်တယ် "ဖေဖေ"

"အင်း လိမ်မာတယ် နာတဲ့နေရာရှိသေးလား"

ချန်လီကောက ခေါင်းခါတယ်

လုကျစ်ရန်က သူ့သားကို အပြစ်ရှိတဲ့မျက်ဝန်းတွေနဲ့ ကြည့်လိုက်တယ် တကယ်တော့ သူလည်းပဲ လီယောင်ယောင်နဲ့ ထူးမခြားနားပါပဲ အလုပ်များတာနဲ့ သားကို ဘေးပို့ထားမိတယ်

"ဖေဖေ သားဘယ်တော့ နေပြန်ကောင်းလာမှာလဲ"

လုကျစ်ရန်က ပြုံးလိုက်ပြီး "ကျားကျား နေကောင်းလာရင် ဖေဖေက အိမ်ပြန်ခေါ်သွားပေးမှာပေါ့"

ချန်လီကောက ပြောလိုက်တယ် "အော်"

သူ့သားက ဆူလည်းမဆူညံ ဂျီလည်းမကျတာမြင်ရတော့ လုကျစ်ရန်က စိတာ်မသက်မသာခံစားလာရတယ် သူ့သားအတွက် ဘယ်လို
စီစဥ်ပေးရမလဲ သူမသိတော့ဘူး

လုကျစ်ရန်က သူ့သားခေါင်းကိုဖွလိုက်ပြီး
"ကျားကျား ဖေဖေ့ကို အပြစ်တင်လား"

"ဘာအတွက် အပြစ်တင်ရမှာလဲ"

"ဖေဖေသားကို အဖော်မပြုပေးနိုင်လို့"

"ဖေဖေက ကျားကျားအတွက် ပိုက်ဆံတွေရှာဖို့
အလုပ်လုပ်နေရလို့လေ"

လုကျစ်ရန်က သူ့သားစကားကိုကြားတော့
ငိုတော့မလိုဖြစ်ပြီး သူ့သားကို တင်းတင်းကျပ်ကျပ်ပွေ့ဖက်လိုက်တယ်

ဒီတစ်ခါဆေးရုံမှာတော့ လုကျစ်ရန်က သူ့ကလေးကို အရုပ်ကလေးပြုစုသလိုမျိုး ဂရုစိုက်တယ်

ချန်လီကောက မင်းသမီးလေးလို ကုသမှုခံယူပြီး
မူလတန်းကျောင်းတက်ရမယ့် အရွယ်တောင်ရောက်လာတယ်

အခုဆိုရင် လုမိသားစုရဲ့ အခြေအနေတွေကလည်း တည်ငြိမ်နေပြီ လုကျစ်ရန်ကလည်း
လုမိသားစုရဲ့ ခေါင်းဆောင် ဖြစ်နေပြီ သူကအခု၂၈နှစ်ရှိနေပေမဲ့ ငယ်ရွယ်နုပျိုနေတုန်းပဲ

ပြီးတော့ လုကျစ်ရန်က ဂုဏ်သိက္ခာလည်း ကြီးပြီး ပညာလည်းရှိတယ်

တကယ်တော့ ချန်လီကောက လုကျစ်ရန်လို
အရွယ်နဲ့မလိုက်အောင် ထူးချွန်ပြီး သူလိုချင်တာကို ရအောင်ယူတတ်တဲ့ သူမျိုးကို လေးစားမိတယ် သူက ချန်လီကော သဘောကျခဲ့တဲ့ထိုလူနဲ့တူတာကိုး

ဒါပေမဲ့ ဒီလိုလူမျိုးတွေက စည်းကမ်းလည်း ကြီးပြီး သူတို့ရဲ့စိတ်ခံစားချက်တွေကို သိပ်ထိန်းချုပ်တတ်ကြတယ်

လုကျစ်ရန်လည်း ဒီလိုလူမျိုးပဲ သူ့စိတ်ကို
အပြင်မှာ ဘယ်တော့မှ ထုတ်မပြတတ်ဘူး

ဥပမာအားဖြင့် ချန်လီကောက spongebob ကြည့်ချင်တယ် လုကျစ်ရန်က သူ့ကိုနာရီနဲ့ ကြည့်ခိုင်းတယ်

အိမ်တော်ထိန်းကြီးက သူ့အလိုလိုက်ပြီး
ဘယ်လောက်ကြာကြာ ကြည့်ခိုင်းတယ်

ဒါပေမဲ့ လုကျစ်ရန်နဲ့အတူ ကြည့်ရရင်တော့ တစ်နာရီကြာတာနဲ့TVကိုပိတ်လိုက်တယ်

ချန်လီကောက မျက်ရည်တွေပြည့်နေတဲ့
သနားစဖွယ်မျက်လုံးလေးနဲ့
"ဖေဖေ"လို့ပြောလိုက်တယ်

"လိမ်မာနော် မငိုပါနဲ့ ဖေဖေမင်းကို ယူနီကွန်းစီးခိုင်းမယ်လေ"

ယူနီကွန်းဆိုတာ အိမ်အပေါ်ထပ်မှာရှိတဲ့ ချားကွင်းကိုပြောတာပါ လုကျစ်ရန်က သူ့သားလေ့ကျင့်ခန်းလုပ်နိုင်ဖို့ ဂရုတစိုက် လုပ်ပေးထားတာ
(ဘယ်လိုပြောရမှန်းမသိလို့ အောက်မှာ ပုံထည့်ပေးထားတယ်😁)

"သားအဲဒီအရူးမြင်းကြီးတွေမစီးချင်ဘူး သားကTVပဲ ကြည့်ချင်တာ"

"မင်းဒီမနက်က တစ်နာရီတောင် ကြည့်ပြီးပြီလေ"

ချန်လီကောက မျက်ရည်တွေ ကျလာပြီး
ဝမ်းနည်းလာတယ်

"မင်းနေ့လည်မှာလည်း တစ်နာရီပဲကြည့်ရမယ်နော် အဲဒီကတိဖေဖေ့ကို ပေးမယ်မလား"(သနားစရာလေး 😆)

ချန်လီကောက spongebob ကိုကိုင်ထားပြီး
တစ်ကမ္ဘာလုံးကို ပျောက်သွားသလို ခံစားရတယ်

ချန်လီကောက ဘာမှမပြောတော့ လုကျစ်ရန်က
သူ့သားကို အပေါ်ထပ်ကိုခေါ်သွားတယ်

ချန်လီကောက မြင်းပေါ်မှာ စိတ်ပျက်လက်ပျက်ထိုင်နေတယ်

လုကျစ်ရန်က ခလုတ်ကိုဖွင့်ပေးလိုက်ပြီး
မြင်းရုပ်တွေစတင် လည်ပတ်လာတော့
"သားဆော့ပြီးရင် ဖေဖေ့ကိုလှမ်းပြောနော်"လို့ပြောလိုက်တယ်

ချန်လီကော".........."

ထို့နောက် လုကျစ်ရန်က ဘေးမှာထိုင်ပြီး သူ့အလုပ်တွေ လုပ်နေလိုက်တယ်

ချန်လီကော-"ထုံအာ ငါတို့တစ်ခုခုပြောကြမလား"

system-ပြောလေ

ချန်လီကော-ငါ spongebob ကြည့်ချင်တယ်

system-မင်းရူးသွားပြီလား

ချန်လီကော-spongebob က ကြည့်ကောင်းတယ်လို့ မထင်ဘူးလား

system-မဆိုးပါဘူး

ချန်လီကော-ဒါဆို မင်းတိတ်တိတ်လေး ငါ့ကိုspongebobပြလို့ရမလား

system-"........"

ချန်လီကော-ငါတို့တူတူ ကြည့်ရမယ်လေ ဒါကhostရဲ့တောင်းဆိုမှုပဲ မင်းမှာ ငြင်းခွင့်မရှိဘူး

system-".........."

ချန်လီကော-နော် နော် ကောင်းတယ်မလား ထုံအာ ထုံအာ

systemကတော့ တိတ်ဆိတ်နေပြီး သူ့သွားကြားထဲက အပေါက်ကို လက်နဲ့စမ်းနေတယ်

ထို့နောက် ချန်လီကောက အားအင်အပြည့်နဲ့
မြင်းကို စတင်မောင်းနှင်လိုက်ပြီး systemပြတော့မယ့် spongebob ကို စိတ်လှုပ်ရှားစွာစောင့်နေမိတယ် ဒါက ပျော်စရာကောင်းမှာပဲ

(ဟိုကမြင့်အရေးတောင်မစိုက်ဘူး😆)

-------------------------------------

(Zawgyi)

"ေဘဘီေကာရဲ႕ စြန့္စားခန္း(2)"

ဒီေန႕ သူတို႔ ကစားကြင္း မသြားလိုက္ရေပမဲ့ ခ်န္လီေကာကေတာ့ အရမ္းေပ်ာ္ေနတယ္

ညေရာက္ေတာ့ သူက သူအရမ္းႀကိဳက္တဲ့
spongebob နဲ႕အတူ အိပ္မက္ကမၻာထဲမွာ ေတြ႕ေနတယ္

သူေအးေအးခ်မ္းခ်မ္း အိပ္ေပ်ာ္ေနတာေလးကို
ျမင္ရေတာ့ လုက်စ္ရန္ရဲ႕ ေသာကေတြဟာ အတိုင္းအဆမဲ့ ေပ်ာက္ကြယ္သြားတယ္

သို႔ေသာ္လည္း မေမွ်ာ္လင့္ဘဲ ေနာက္ေန႕မွာ ခ်န္လီေကာရဲ႕တစ္ကိုယ္လုံးမွာ အနီစက္ေတြထလာၿပီး ဖ်ားပါေတာ့တယ္ အိမ္ေတာ္ထိန္းႀကီးက အရင္ရွာေတြ႕သြားၿပီး ခ်က္ခ်င္းပဲ မိသားစုဆရာဝန္ကို ေခၚလိုက္တယ္

ဆရာဝန္က စစ္ေဆးၿပီးေနာက္ ဓာတ္မတည့္တာျဖစ္ေၾကာင္း ေျပာတယ္ သူက ခ်န္လီေကာကို
မေန႕က ဘယ္ေနရာသြားလဲ ဘာစားလဲဆိုတာကို
ေမးခဲ့တယ္

လုက်စ္ရန္က မ်က္ေမွာင္ၾကဳတ္လိုက္ၿပီး မေန႕ကသူနဲ႕ကေလးနဲ႕ဘာေတြလုပ္တာကို ရိုးရိုးရွင္းရွင္းပဲ
ရွင္းျပလိုက္တယ္ သူက အစားအေသာက္စာရင္းကိုပါ ႐ြတ္ျပလိုက္တယ္

အစားအေသာက္စာရင္းကို ၾကားတဲ့အခါမွာ
အိမ္ေတာ္ထိန္းႀကီးက အံ့ၾသသြားၿပီး ေျပာလိုက္တယ္
"သခင္ သခင္ငယ္ေလးက မုန္လာဥနီနဲ႕ ဓာတ္မတည့္ဘူး"

လုက်စ္ရန္က ဒီအေၾကာင္းကို ၾကားတဲ့အခါမွာ
ေရွာ့ခ္ရသြားတယ္ မေန႕ကသူတို႔စားတဲ့ဟင္းတိုင္းမွာ မုန္လာဥနီပါတယ္ စားၿပီးသြားေတာ့လည္း
ဘာမွမျဖစ္တာေၾကာင့္ သူ႕သားနဲ႕မုန္လာဥနီ ဓာတ္မတည့္တာကို သိေတာင္မသိခဲ့ဘူး

ဆရာဝန္က ဒီမိသားစုရဲ႕ သခင္ငယ္ေလး အေျခအေနမေကာင္းတာသိေတာ့ ျမန္ျမန္ေျပာလိုက္တယ္ "ကြၽန္ေတာ္ ေဆးေတြေတာ့ ယူလာတယ္ နာရီဝက္ၾကာမွ မသက္သာလာရင္ သူ႕ကိုေဆး႐ုံပို႔ဖို႔ အျမန္လုပ္ေတာ့"

လုက်စ္ရန္က "ငါတို႔အခုပဲ သြားမယ္"
ေျပာၿပီးတာနဲ႕ ခ်န္လီေကာကို ေပြ႕ကာ ေလွကားေတြကေန ဒုန္းဆိုင္းဆင္းလာတယ္

ခ်န္လီေကာက အဖ်ားေၾကာင့္ ႐ူးေတာ့မယ္လို႔ေတာင္ ခံစားရတယ္ သူ႕အျမင္အာ႐ုံေတြကေဝဝါးေနၿပီး သူ႕ကို တစ္စုံတစ္ေယာက္က တင္းတင္းက်ပ္က်ပ္ေပြ႕ထားတာ ပဲ သိတယ္ သူက ထိုလူရဲ႕ အကၤ်ီစေတြကို အားကိုးတႀကီး ဆုတ္ကိုင္ထားေသးတယ္

စျဖစ္တဲ့မနက္၄နာရီမွာပဲ လုက်စ္ရန္က ခ်န္လီေကာကို ေဆး႐ုံလိုက္ပို႔ခဲ့တယ္

ေဆးစစ္ၿပီးေနာက္ ခ်န္လီေကာကို ေဆးေတြအမ်ားႀကီးေသာက္ေစတယ္ ေတာ္ေသးတာက
သူအမ်ားႀကီး မစားမိလို႔ေပါ့

ဆရာဝန္က လုက်စ္ရန္ကို ဆူလိုက္တယ္
"ကိုယ့္ကေလး ဘာနဲ႕ဓာတ္မတည့္မွန္း မသိဘဲနဲ႕မ်ား မိဘလုပ္ေနေသးတယ္!ဓာတ္မတည့္တာက
ေသတတ္တယ္ေနာ္!!"

လုက်စ္ရန္က ေတာင္းပန္လိုက္ၿပီး သူ႕ကေလးကိုအေဖာ္မျပဳေပးနိုင္လို႔ သူ႕ကေလး မုန္လာဥနီနဲ႕ဓာတ္မတည့္တာ မသိေၾကာင္း ေျပာတယ္

သူစိတ္ပူေနတာသိရေတာ့ ဆရာဝန္လည္း ဘာမွထပ္မေျပာေတာ့ဘူး

လုက်စ္ရန္တင္မဟုတ္ဘူး ခ်န္လီေကာလည္း
သူ႕ကိုယ္သူ မုန္လာဥနီနဲ႕ ဓာတ္မတည့္မွန္း မသိဘူး တစ္ခါတုန္းက သူအဲဒါကိုစားၿပီးေတာ့
ရက္ေပါင္းမ်ားစြာ မသက္မသာျဖစ္တာပဲ မွတ္မိတယ္ ဆရာဝန္ေဆးစစ္လိုက္ေတာ့မွပဲ သူမုန္လာဥနီနဲ႕ ဓာတ္မတည့္တာသိၿပီး ထမင္းစားပြဲေပၚမွာ ေနာက္ထပ္အသီးအ႐ြက္ေတြ ဘယ္ေတာ့မွ မတင္ရေတာ့ဘူး

ဒါေပမဲ့ ခ်န္လီေကာက အသားခ်စ္သူျဖစ္တာေၾကာင့္ အသီးအ႐ြက္တင္မတင္ စိတ္မဝင္စားဘူး

အဲဒီကိစၥ ျဖစ္ၿပီးေနာက္ ခ်န္လီေကာထပ္ဖ်ားလာခဲ့တယ္

လုက်စ္ရန္က သူ႕ကိုယ္သူအျပစ္တင္ေနမိတယ္
အေဖတစ္ေယာက္အေနနဲ႕ သူ႕သားဘာနဲ႕ ဓာတ္မတည့္တာကိုေတာင္မသိဘဲ ေဘးျဖစ္ေစခဲ့တယ္

ခ်န္လီေကာ နိုးလာေတာ့ သူေဆး႐ုံေပၚမွာ
လဲေလ်ာင္းေနတယ္
သူကေျပာတယ္

"ထုံထုံ ငါ့က်န္းမာေရးေၾကာင့္ IQေတွေတာ့ကေၾတာ့မွာပဲကွာ"

system-စိတ္မပူပါနဲ႕ အစကတည္းက ျမင့္တာမွမဟုတ္တာ

ခ်န္လီေကာ-ေနမေကာင္းတဲ့hostအေပၚကို systemတိုင္းက ဒီလိုပဲဆက္ဆံတာလား

system-တျခားsystemေတြေတာ့ မေျပာတတ္ေပမဲ့ ငါကေတာ့ ဒီလိုပဲ

ခ်န္လီေကာ-"..........."

system-ဟီးဟီးဟီး

ခ်န္လီေကာ-"..........."
ၾကည့္ရတာ သူ႕systemေတာ့ virusဝင္ေနၿပီထင္တယ္

လုက်စ္ရန္ အခန္းထဲကိုျပန္လာေတာ့ ေတြေဝေနတဲ့သူ႕သားကို ေတြ႕ၿပီး "က်ားက်ား"လို႔ေခၚလိုက္တယ္

အိပ္ခ်င္မူးတူးနဲ႕ ခ်န္လီေကာက ျပန္ထူးလိုက္တယ္ "ေဖေဖ"

"အင္း လိမ္မာတယ္ နာတဲ့ေနရာရွိေသးလား"

ခ်န္လီေကာက ေခါင္းခါတယ္

လုက်စ္ရန္က သူ႕သားကို အျပစ္ရွိတဲ့မ်က္ဝန္းေတြနဲ႕ ၾကည့္လိုက္တယ္ တကယ္ေတာ့ သူလည္းပဲ လီေယာင္ေယာင္နဲ႕ ထူးမျခားနားပါပဲ အလုပ္မ်ားတာနဲ႕ သားကို ေဘးပို႔ထားမိတယ္

"ေဖေဖ သားဘယ္ေတာ့ ေနျပန္ေကာင္းလာမွာလဲ"

လုက်စ္ရန္က ၿပဳံးလိုက္ၿပီး "က်ားက်ား ေနေကာင္းလာရင္ ေဖေဖက အိမ္ျပန္ေခၚသြားေပးမွာေပါ့"

ခ်န္လီေကာက ေျပာလိုက္တယ္ "ေအာ္"

သူ႕သားက ဆူလည္းမဆူညံ ဂ်ီလည္းမက်တာျမင္ရေတာ့ လုက်စ္ရန္က စိတာ္မသက္မသာခံစားလာရတယ္ သူ႕သားအတြက္ ဘယ္လို
စီစဥ္ေပးရမလဲ သူမသိေတာ့ဘူး

လုက်စ္ရန္က သူ႕သားေခါင္းကိုဖြလိုက္ၿပီး
"က်ားက်ား ေဖေဖ့ကို အျပစ္တင္လား"

"ဘာအတြက္ အျပစ္တင္ရမွာလဲ"

"ေဖေဖသားကို အေဖာ္မျပဳေပးနိုင္လို႔"

"ေဖေဖက က်ားက်ားအတြက္ ပိုက္ဆံေတြရွာဖို႔
အလုပ္လုပ္ေနရလို႔ေလ"

လုက်စ္ရန္က သူ႕သားစကားကိုၾကားေတာ့
ငိုေတာ့မလိုျဖစ္ၿပီး သူ႕သားကို တင္းတင္းက်ပ္က်ပ္ေပြ႕ဖက္လိုက္တယ္

ဒီတစ္ခါေဆး႐ုံမွာေတာ့ လုက်စ္ရန္က သူ႕ကေလးကို အ႐ုပ္ကေလးျပဳစုသလိုမ်ိဳး ဂ႐ုစိုက္တယ္

ခ်န္လီေကာက မင္းသမီးေလးလို ကုသမႈခံယူၿပီး
မူလတန္းေက်ာင္းတက္ရမယ့္ အ႐ြယ္ေတာင္ေရာက္လာတယ္

အခုဆိုရင္ လုမိသားစုရဲ႕ အေျခအေနေတြကလည္း တည္ၿငိမ္ေနၿပီ လုက်စ္ရန္ကလည္း
လုမိသားစုရဲ႕ ေခါင္းေဆာင္ ျဖစ္ေနၿပီ သူကအခု၂၈ႏွစ္ရွိေနေပမဲ့ ငယ္႐ြယ္ႏုပ်ိဳေနတုန္းပဲ

ၿပီးေတာ့ လုက်စ္ရန္က ဂုဏ္သိကၡာလည္း ႀကီးၿပီး ပညာလည္းရွိတယ္

တကယ္ေတာ့ ခ်န္လီေကာက လုက်စ္ရန္လို
အ႐ြယ္နဲ႕မလိုက္ေအာင္ ထူးခြၽန္ၿပီး သူလိုခ်င္တာကို ရေအာင္ယူတတ္တဲ့ သူမ်ိဳးကို ေလးစားမိတယ္ သူက ခ်န္လီေကာ သေဘာက်ခဲ့တဲ့ထိုလူနဲ႕တူတာကိုး

ဒါေပမဲ့ ဒီလိုလူမ်ိဳးေတြက စည္းကမ္းလည္း ႀကီးၿပီး သူတို႔ရဲ႕စိတ္ခံစားခ်က္ေတြကို သိပ္ထိန္းခ်ဳပ္တတ္ၾကတယ္

လုက်စ္ရန္လည္း ဒီလိုလူမ်ိဳးပဲ သူ႕စိတ္ကို
အျပင္မွာ ဘယ္ေတာ့မွ ထုတ္မျပတတ္ဘူး

ဥပမာအားျဖင့္ ခ်န္လီေကာက spongebob ၾကည့္ခ်င္တယ္ လုက်စ္ရန္က သူ႕ကိုနာရီနဲ႕ ၾကည့္ခိုင္းတယ္

အိမ္ေတာ္ထိန္းႀကီးက သူ႕အလိုလိုက္ၿပီး
ဘယ္ေလာက္ၾကာၾကာ ၾကည့္ခိုင္းတယ္

ဒါေပမဲ့ လုက်စ္ရန္နဲ႕အတူ ၾကည့္ရရင္ေတာ့ တစ္နာရီၾကာတာနဲ႕TVကိုပိတ္လိုက္တယ္

ခ်န္လီေကာက မ်က္ရည္ေတြျပည့္ေနတဲ့
သနားစဖြယ္မ်က္လုံးေလးနဲ႕
"ေဖေဖ"လို႔ေျပာလိုက္တယ္

"လိမ္မာေနာ္ မငိုပါနဲ႕ ေဖေဖမင္းကို ယူနီကြန္းစီးခိုင္းမယ္ေလ"

ယူနီကြန္းဆိုတာ အိမ္အေပၚထပ္မွာရွိတဲ့ ခ်ားကြင္းကိုေျပာတာပါ လုက်စ္ရန္က သူ႕သားေလ့က်င့္ခန္းလုပ္နိုင္ဖို႔ ဂ႐ုတစိုက္ လုပ္ေပးထားတာ
(ဘယ္လိုေျပာရမွန္းမသိလို႔ ေအာက္မွာ ပုံထည့္ေပးထားတယ္😁)

"သားအဲဒီအ႐ူးျမင္းႀကီးေတြမစီးခ်င္ဘူး သားကTVပဲ ၾကည့္ခ်င္တာ"

"မင္းဒီမနက္က တစ္နာရီေတာင္ ၾကည့္ၿပီးၿပီေလ"

ခ်န္လီေကာက မ်က္ရည္ေတြ က်လာၿပီး
ဝမ္းနည္းလာတယ္

"မင္းေန႕လည္မွာလည္း တစ္နာရီပဲၾကည့္ရမယ္ေနာ္ အဲဒီကတိေဖေဖ့ကို ေပးမယ္မလား"(သနားစရာေလး 😆)

ခ်န္လီေကာက spongebob ကိုကိုင္ထားၿပီး
တစ္ကမၻာလုံးကို ေပ်ာက္သြားသလို ခံစားရတယ္

ခ်န္လီေကာက ဘာမွမေျပာေတာ့ လုက်စ္ရန္က
သူ႕သားကို အေပၚထပ္ကိုေခၚသြားတယ္

ခ်န္လီေကာက ျမင္းေပၚမွာ စိတ္ပ်က္လက္ပ်က္ထိုင္ေနတယ္

လုက်စ္ရန္က ခလုတ္ကိုဖြင့္ေပးလိုက္ၿပီး
ျမင္း႐ုပ္ေတြစတင္ လည္ပတ္လာေတာ့
"သားေဆာ့ၿပီးရင္ ေဖေဖ့ကိုလွမ္းေျပာေနာ္"လို႔ေျပာလိုက္တယ္

ခ်န္လီေကာ".........."

ထို႔ေနာက္ လုက်စ္ရန္က ေဘးမွာထိုင္ၿပီး သူ႕အလုပ္ေတြ လုပ္ေနလိုက္တယ္

ခ်န္လီေကာ-"ထုံအာ ငါတို႔တစ္ခုခုေျပာၾကမလား"

system-ေျပာေလ

ခ်န္လီေကာ-ငါ spongebob ၾကည့္ခ်င္တယ္

system-မင္း႐ူးသြားၿပီလား

ခ်န္လီေကာ-spongebob က ၾကည့္ေကာင္းတယ္လို႔ မထင္ဘူးလား

system-မဆိုးပါဘူး

ခ်န္လီေကာ-ဒါဆို မင္းတိတ္တိတ္ေလး ငါ့ကိုspongebobျပလို႔ရမလား

system-"........"

ခ်န္လီေကာ-ငါတို႔တူတူ ၾကည့္ရမယ္ေလ ဒါကhostရဲ႕ေတာင္းဆိုမႈပဲ မင္းမွာ ျငင္းခြင့္မရွိဘူး

system-".........."

ခ်န္လီေကာ-ေနာ္ ေနာ္ ေကာင္းတယ္မလား ထုံအာ ထုံအာ

systemကေတာ့ တိတ္ဆိတ္ေနၿပီး သူ႕သြားၾကားထဲက အေပါက္ကို လက္နဲ႕စမ္းေနတယ္

ထို႔ေနာက္ ခ်န္လီေကာက အားအင္အျပည့္နဲ႕
ျမင္းကို စတင္ေမာင္းႏွင္လိုက္ၿပီး systemျပေတာ့မယ့္ spongebob ကို စိတ္လႈပ္ရွားစြာေစာင့္ေနမိတယ္ ဒါက ေပ်ာ္စရာေကာင္းမွာပဲ

(ဟိုကျမင့္အေရးေတာင္မစိုက္ဘူး😆)

Continue Reading

You'll Also Like

573K 92K 198
I don't own this story.I just translate it.So, credit to original author. Chinese Name- 小人鱼 Author- Du lai E Tran- N/A Genre- Comedy,shounen ai,Yaoi ...
2.3M 316K 92
Title....Second merriage of a wealthy old man မူရင်းအော်သာ....Tangerine Boat(Cannon folder cheat system ရေးတဲ့ အာသာပါ) မူရင်းက 86 ပိုင်းပါ Extra က 2ပ...
202K 13.7K 55
Jeon Jungkook x Kim Taehyung
36.6K 5.4K 201
အဖေဖြစ်သူက ကွပ်မြက်ခံခဲ့ရပြီးနောက် လျူမင်းဟာ ကလေးဘဝ ကတည်းက လူမိုက်ကျွန်းဆိုတဲ့ ထောင်တစ်ခုမှာ ထောင်ကျနေခဲ့ရာက တစ်နေ့မှာ ထွက်ပြေး လွတ်မြောက်လာခဲ့ပါတယ်။...