သူဌေးကြီး၏ဒုတိယမြောက်အိမ်ထောင...

By OpalHawthorn28

2.3M 315K 17.7K

Title....Second merriage of a wealthy old man မူရင်းအော်သာ....Tangerine Boat(Cannon folder cheat system ရေးတဲ... More

Description
Chapter (1)
Chapter(2)
Chapter(3)
Chapter(4)
Chapter(5)
Chapter(6)
Chapter(7)
Chapter(8)
Chapter(9)
Chapter(10)
Chapter(11)
Chapter(12)
Chapter(13)
Chapter(14)
Chapter(15)
Chapter(16)
Chapter (17)
Chapter(18)
Chapter(19)
Chapter(20)
Chapter(21)
Chapter (22)
Chapter (23)
Chapter (24)
Chapter (25)
သူရဲကောင်းကြီးရဲ့အမှာစာ🏹🏹
Chapter (26)
Chapter (27)
Chapter (28)
Chapter (29)
Chapter (30)
Chapter (31)
Chapter (32)
Chapter (33)
Chapter (34)
Chapter (35)
Chapter (36)
Chapter (37)
Chapter (38)
Chapter (39)
Chapter (40)
Chapter (41)
Chapter (42)
Chapter (43)
Chapter (44)
Chapter (45)
Chapter (46)
Chapter (47)
Chapter (48)
Chapter (49)
Chapter (50)
Chapter (51)
Chapter (52)
Chapter (53)
Chapter (54)
Chapter (55)
Chapter (56)
Chapter (57)
Chapter (58)
Chapter (59)
Chapter (60)
Chapter (61)
Chapter (62)
Chapter (63)
Chapter (64)
Chapter (65)
Chapter (66)
Chapter (67)
Chapter (68)
Chapter (69)
Hi
Chapter (70)
Chapter (71)
Chapter (72)
Chapter (73)
Chapter (74)
Chapter (75)
Chapter (76)
Chapter (77)
Chapter (78)
Chapter (79)
Chapter (80)
Chapter (81)
Chapter (82)
Chapter (84)
Chapter (85)
Chapter (86)
Chapter (87)
Chapter (88)
ရေဘဝဲသူရဲကောင်းကြီး၏ ကျေးဇူးတင်လွှာ

Chapter (83)

17.2K 2.7K 41
By OpalHawthorn28

[TN:ပြီးဆုံးရန် 5 ပိုင်းသာကျန်ပါတော့သည်]

အခုလက်ရှိဘဝမှာ မုန့်ရန် တကယ်ကို ပျော်ရွှင်နေပါတယ်။ဒါတွေအကုန်လုံးက အတိတ်ဘဝတုန်းက ဖြစ်ပျက်ခဲ့တာတွေ ဖြစ်တာကြောင့် မသိလိုက်မိခင်မှာပဲ အလိုလိုမျက်ရည်ကျမိနေတော့တာပါပဲ...

မုန့်ရန်ရဲ့ မျက်နှာကို တစ်ချိန်လုံးကြည့်နေတဲ့ လော်ရှို့ရဲ့ ရင်ထဲမှာ အတော်လေးနာကျင်နေရတယ်။မုန့်ရန်ဘာတွေဖြစ်နေတယ်ဆိုတာ သူတကယ်သိချင်နေပြီ။

မုန့်ရန်က မျက်ရည်တွေကိုသုတ်ပြီး ခေါင်းခါပြလိုက်တယ်။

"ကျေးဇူးပြုပြီး မမေးပါနဲ့...မမေးပါနဲ့...."

မုန့်ရန်က အတိတ်ဘဝတုန်းက ဖြစ်ပျက်ခဲ့သမျှတွေကို အပြီးတိုင်နှုတ်ဆက်ဖို့ ဒီနေရာကို လာခဲ့တာပါ..ဒါ့ကြောင့် လော်ရှို့ကို အတိတ်ဘဝတုန်းကအကြောင်းတွေ မပြောပြချင်တော့ပါဘူး။နာကျင်ခံစားရသမျှတွေကို လော်ရှို့ဆီ မကူးစက်စေချင်ဘူးလေ....

လော်ရှို့က သူ့အရင်ဘဝတုန်းက ခံစားခဲ့ရတာတွေ
ကို သိသွားရင် သူ့ထက်ပိုဝမ်းနည်းပြီး နာကျင်သွားမှာ သေချာပါတယ်။ဒီလိုနာကျင်ဝမ်းနည်းမှုတွေကို လော်ရှို့ကို မခံစားစေချင်ဘူး။လော်ရှို့သာ နာကျင်ဝမ်းနည်းသွားမယ်ဆို သူလဲ ဒီ အိမ်မက်ဆိုးကြီးထဲမှာ တဝဲဝဲလည်ပြီးရုန်းထွက်နိုင်တော့မှာ မဟုတ်ဘူး။
လော်ရှို့က မုန့်ရန်ရဲ့ မျက်ဝန်းတွေကို တိတ်ဆိတ်စွာငေးမောနေတယ်။

"ကျေးဇူးပြုပြီး မမေးပါနဲ့..."

မုန့်ရန်က လော်ရှို့ကို အလေးအနက် အသနားခံနေတယ်။

"...OK.."

အကြောင်းအရင်းကို သိချင်နေပေမယ့်လဲ မုန့်ရန်ရဲ့ စိုးရိမ်တကြီး အသနားခံနေမှုကို မြင်တွေ့ရတဲ့ အခါ အတင်းအကြပ်မမေးတော့ဘဲ မုန့်ရန်စိတ်တိုင်းကျ နှုတ်ဆိတ်နေလိုက်ဖို့ကိုသာ ရွေးချယ်လိုက်တယ်။

လော်ရှို့က မုန့်ရန်ကို တင်းကြပ်စွာ ပွေ့ဖက်ထားတယ်။မုန့်ရန်က လော်ရှို့ကို တစ်ခုတောင်းဆိုလိုက်တယ်။

"ဒီမှာ တစ်ည  အိပ်ကြရအောင်...အတူတူနေပေးမယ်မလား?"

"ဒီမှာ တစ်ညအိပ်မလို့လား?"

နေရေးထိုင်ရေးခက်ခဲမယ့် လှိုဏ်ဂူတစ်ခုလုံးကို ကြည့်လိုက်ပြီး...

"ဒီမှာနေချင်တယ်ဆို နောက်နှစ်ရက်လောက်မှ လာနေပါလား..ကိုယ့်လူတွေကို ဒီနှစ်ရက်အတွင်းသန့်ရှင်းရေးလုပ်ခိုင်းထားလိုက်မယ်လေ..."

မုန့်ရန်က ခေါင်းခါပြလိုက်ပြီး...

"သန့်ရှင်းရေးလုပ်မနေပါနဲ့တော့...ဒီမှာတစ်ညပဲနေမှာ..မနက်မိုးလင်းတာနဲ့ ပြန်ကြမယ်...ပြီးရင်ဒီနေရာကို ဘယ်တော့မှ ပြန်မလာတော့ဘူး"

လော်ရှို့ စိတ်ထဲကနေ သက်ပြင်းချလိုက်တယ်။မေးခွန်းတွေမမေးဖို့လဲ လိုက်လျောပြီးပြီ...အခုလဲ တောင်းဆိုတာကို လိုက်လျောပေးရတော့မှာပဲလေ...

လော်ရှို့က လက်ထောက်တွေကို ဒီမှာတစ်ညနေဖို့ပြောလိုက်ပြီး သက်တော်စောင့်တွေကို ပြင်ဆင်ခိုင်းလိုက်တယ်။ လက်ထောက်တွေက ဗီလာကလူတွေကို ချက်ချင်းဖုန်းဆက်ပြီး ရွက်ဖျင်တဲနဲ့ Sleeping bagတွေအပြင် အစားအသောက်နဲ့ ရေချိုးခန်းသုံးပစ္စည်းတွေကို ချက်ချင်းပို့ပေးဖို့ လှမ်းမှာလိုက်တယ်။

ငယ်စဉ်ကတည်းက စိတ်ဒဏ်ရာရဖူးသူတော်တော်များများက စိတ်ပညာအကြောင်းလေ့လာဖို့ ရွေးချယ်တတ်ကြတယ်။မုန့်ရန်ကလဲ စိတ်ပညာကုထုံးတွေကို စတင်လေ့လာကတည်းက စိတ်ပိုင်းဆိုင်ရာ အကြောက်တရားနဲ့ ဒဏ်ရာတွေကို ကိုယ်တိုင်ကုစားနိုင်မယ့်နည်းလမ်းတွေကို သေချာသုတေသနလုပ်ဖြစ်ခဲ့တယ်။

မုန့်ရန်ကလော်ရှို့ရဲ့လက်ကို ခပ်တင်းတင်းဆုပ်ကိုင်လိုက်ပြီး မျက်လုံးတွေမှိတ်ပြီး ရှေ့ကို တစ်လှမ်းချင်းလှမ်းလိုက်တယ်။အတိတ်ဘဝမှာတုန်းကတည်းက လော်ရှို့ကို အခုလို သူ့ဘေးမှာရှိနေစေချင်ခဲ့တာပါ...မှတ်ဉာဏ်တွေကို အစားထိုးတဲ့ နည်းလမ်းကိုမုန့်ရန်အသုံးပြုနေတာပါ...အတိတ်ဘဝတုန်းက ဒီနေရာမှာကြုံတွေ့ခဲ့တဲ့ နာကျင်စရာမှတ်ဉာဏ်တွေကို လက်ရှိမှာ လော်ရှို့နဲ့အတူ ပျော်ရွှင်စွာနေထိုင်နေတယ်ဆိုတဲ့ မှတ်ဉာဏ်တွေနဲ့အစားထိုးလိုက်တော့မယ်...လော်ရှို့သာအနားမှာအတူတူရှိနေပေးမယ်ဆို နာကျင်ဝမ်းနည်းမှုတွေအကုန် လွှင့်ပါးကုန်တော့မှာပါ..

Unatengရဲ့အဖေ စိုက်ပျိုးထားခဲ့တဲ့ဟင်းသီးဟင်းရွက်စိုက်ခင်းလေးတစ်ခုရှိတယ်။မြေဆီမြေသားကောင်းလွန်းတာကြောင့် သေချာဂရုမစိုက်နိုင်သည့်တိုင်အောင် အသီးအရွက်တွေက သူ့ဘာသာ ကောင်းကောင်းမွန်မွန်ကြီးထွားနေကြတယ်။တောရိုင်းဟင်းသီးဟင်းရွက်တွေနဲ့
တောရိုင်းသစ်သီးဝလံအမျိုးမျိုးအပြင် သစ်ကြားသီး၊ သစ်အယ်သီး အစရှိတာတွေကို အခြောက်ခံထားပြီး ထိန်းသိမ်းထားတာကြောင့်အချိန်ကြာမြင့်စွာ စားသုံးနိုင်ပါတယ်။အတိတ်ဘဝတုန်းကဆို ဒီလိုအစားအသောက်တွေကို စုဆောင်းဖို့ ခက်ခဲခဲ့တယ်။ဆာလောင်မှုကို ဖြည့်တင်းနိူင်ဖို့အတွက် ကြိုက်တာတွေရော၊မကြိုက်တာတွေရော အကုန်စားခဲ့ရတယ်။တစ်ခါတစ်လေမှသာ ​ကြိုက်နှစ်သက်တဲ့စားစရာတွေကို စုဆောင်းနိူင်တာပါ...

လမ်းလျှောက်နေရင်းနဲ့ မျက်လုံးတွေကို တဖြည်းဖြည်းချင်းဖွင့်ကြည့်လိုက်တယ်။ရင်ထဲမှာခံစားနေရတဲ့ နာကျင်မှု ဝမ်းနည်းမှုတွေကို ဖိနှိပ်ထိန်းချုပ်ထားပြီး ရှေ့မှာမြင်နေရတဲ့ ရှုခင်းတွေကို အာရုံစိုက်ဖို့ ကြိုးစားလိုက်တယ်။

တောင်ကြားချိုင့်ဝှမ်းတစ်ခုလုံးမှာ သစ်ပင်ပန်းမန်တွေစုံလင်စွာပေါက်ရောက်နေတာကြောင့် တုနှိုင်းစရာမရှိလောက်အောင်လှပနေပါတယ်။အတိတ်ဘဝတုန်းက အမြင်အာရုံတွေမဆုံးရှုံးခင်တုန်းက ထွက်ပေါက်ကို အသည်းအသန်ရှာနေရတာကြောင့် ရှုခင်းတွေရဲ့လှပမှုကို သတိမပြုမိလိုက်ဘူး။အမြင်အာရုံဆုံးရှုံးသွားချိန်မှာတော့ ရှုခင်းတွေကို မြင်တွေ့ဖို့ရာ ဘယ်လိုမှမဖြစ်နိုင်တော့ဘူးလေ....

အတိတ်ဘဝရဲ့ အရိပ်ဆိုးတွေထပ်တလဲလဲ ပေါ်လာနေပေမယ့် သူဘေးနားမှာ လော်ရှို့ရှိနေပြီပဲ...လော်ရှို့ရဲ့လက်ကိုဆုပ်ကိုင်ပြီး ရှေ့ကိုပဲဆက်လျှောက်ရပါလိမ့်မယ်.....

လော်ရှို့က မုန့်ရန်ရဲ့မျက်နှာကို ခဏခဏလှည့်ကြည့်နေတယ်။မုန့်ရန်က မျက်စိရှေ့မှာမြင်သမျှအရာတွေကို လေးလေးနက်နက်ကြည့်ရှုနေတယ်လို့ ခံစားနေရတယ်။မုန့်ရန်ဆီကနေ အမျိုးအမည်မသိတဲ့ခံစားချက်တစ်ခုကို ခံစားနေရတယ်။

လော်ရှို့ရဲ့စိတ်ထဲမှာ သံသယတွေရှိနေတဲ့အပြင် ဘာတွေဖြစ်နေတယ်ဆိုတာကို သေချာနားလည်ချင်နေပါတယ်။သို့ပါသော်လည်း ဒါတွေကို မေးမြန်းလိုက်တဲ့ အခါ မုန့်ရန်အတွက် ကြီးမားတဲ့ နာကျင်မှုဖြစ်သွားမှာစိုးတဲ့ အတွက် မမေးတော့ဖို့ ဆုံးဖြတ်လိုက်တယ်။

မှောင်ရီပျိုးလာချိန်မှာ မုန့်ရန်တို့တွေ လှိုဏ်ဂူဆီကို ပြန်သွားခဲ့ကြတယ်။ကျယ်ဝန်းလှတဲ့ တောင်ကြားချိုင့်ဝှမ်းကို နေ့တစ်ဝက်တည်းနဲ့ နှံ့စပ်အောင်သွားလာဖို့ မလွယ်ကူလှပါဘူး....

သက်တော်စောင့်တွေက လှိုဏ်ဂူထဲကို မွေ့ရာတစ်ခု လာထည့်ပေးထားတယ်။တောင်ကြားတစ်ခုလုံးထွန်းလင်းနေအောင် အရေးပေါ်မီးလုံးတွေထွန်းညှိပေးထားတယ်။မုန့်ရန်က သံမီးဖိုလေးဘေးမှာ ဆောင့်ကြောင့်ထိုင်လိုက်ပြီး မီးခြစ်မသုံးပဲမီးမွှေးဖို့ ပြင်လိုက်တယ်။

//ငါဒါကိုကောင်းကောင်းလုပ်နိုင်တယ်။အတိတ်ဘဝမှာတုန်းက အသားမာအထပ်ထပ်တက်နေတဲ့ လက်တွေနဲ့ မရေမတွက်နိုင်အောင် မီးမွှေးခဲ့ဖူးတယ်//

လက်ရှိမှာ အသားမာကင်းပြီးနုဖတ်နေတဲ့ လက်ဖဝါးလေးတွေက မီးပွားလေးတွေမထွက်လာခင်မှာတင် ရဲတွတ်နေခဲ့ပြီ....

လော်ရှို့က မုန့်ရန်ဘေးမှာ  ဝင်ထိုင်လိုက်ပြီး နီရဲနေတဲ့ လက်ဖဝါးလေးတွေကို ပွတ်သပ်ပေးလိုက်ပြီး....

"မဆော့နဲ့တော့..ဒီနည်းလမ်းကို မကျွမ်းကျင်ရင် မီးမွှေးဖို့ခက်တယ်..."

မုန့်ရန်တစ်ယောက် လော်ရှို့ရဲ့ ကျယ်ပြန့်တဲ့လက်ဖဝါးတွေကို မြင်လိုက်တဲ့အခါ အတိတ်ဘဝကမှတ်ဉာဏ်အချို့ကို သတိရလာတာကြောင့်
မျက်လုံးတွေကို မှိတ်ချလိုက်တယ်။

နောက်ဆုံးမှာတော့ မီးခြစ်တစ်ခုကိုယူပြီး ထင်းခြောက်တွေကို မီးညှိလိုက်ပြီး ရေနွေးတစ်အိုးတည်ထားလိုက်တယ်။

သက်တော်စောင့်တွေယူလာတဲ့ အစားအသောက်တွေထဲမှာ အသားငါးတွေနဲ့ ဟင်းသီးဟင်းရွက်တွေအပြင် ကြက်သားစွပ်ပြုတ်တွေပါ ပါလာတယ်။မုန့်ရန် ဒါတွေကိုမြင်တာနဲ့ ဗိုက်ဆာလာတာကြောင့် တံတွေးတွေမြိုချနေရတယ်။ဒါတွေကို အနာဂတ်မှာ စိတ်ရှိတ်ိုင်းစားနိုင်မှာပါ...လော်ရှို့နဲ့အတူ ဒီမှာ တစ်ညပဲနေဖြစ်မှာဖြစ်ပြီး နောင်ဘယ်သောအခါမှ ဒီနေရာကိုပြန်မလာဖြစ်တော့မှာဖြစ်တဲ့အတွက် သူကိုယ်တိုင် လော်ရှို့ကို ချက်ပြုတ်ကျွေးမွေးချင်တယ်။ဒါ့ကြောင့် သက်တော်စောင့်တွေကို စားစကာတွေပြန်သယ်သွားခိုင်းလိုက်တယ်။

မုန့်ရန်က လတ်လတ်ဆတ်ဆတ်ခူးဆွတ်ထားတဲ့ သဘာဝမှိုတွေကို သေချာရေဆေးပြီး တည်ထားတဲ့ ရေနွေးအိုးထဲ ထည့်လိုက်တယ်။ပြီးတာနဲ့ သေချာရေဆေးထားတဲ့ တောရိုင်းဟင်းသီးဟင်းရွက်တွေကိုပါထည့်လိုက်ပြီး ဆီမပါဆားမပါရေလုံပြုတ်ဟင်းတစ်ခွက် ချက်ပြုတ်လိုက်တယ်။

မုန့်ရန်က ပန်းကန်လုံးနှစ်လုံးကို စားပွဲသေးသေးလေးပေါ်တင်လိုက်ပြီး...

"ကျွန်တော်တို့ အခုရောက်နေတဲ့နေရာက ဝေးလံခေါင်သီတဲ့နေရာဆိုတော့ ဒီတစ်ညတော့ သဘာဝကျတဲ့ အစားအသောက်ပဲစားကြရအောင်...အဆင်ပြေတယ်မလား??"

"ကိုယ်ကဘာပဲဖြစ်ဖြစ်ရတယ်...မင်းပဲဆုံးဖြတ်ပါ..ကိုယ့်သဘောထားကိုမေးနေစရာမလိုပါဘူး.."

"ဒါဆို ကျွန်တော့်ကို ခွံ့ကျွေးမလား?"

လော်ရှို့က သက်တော်စောင့်တွေယူလာပေးတဲ့ တူကို ကောက်ကိုင်လိုက်ပြီး မုန့်ရန်ကို အရင်ခွံ့ပြီးမှ သူလဲ တစ်လုတ်စားလိုက်တယ်။ဆီမပါ ဆားမပါရေလုံပြုတ်ဖြစ်နေတဲ့အတွက် အရသာမရှိတဲ့အပြင် အစာအိမ်ကိုဖြည့်တင်းဖို့မလွယ်ကူခဲ့ပါဘူး။ဒါပေမယ့် လက်ရှိပတ်ဝန်းကျင်အနေအထားအရ စားချင်သောက်ချင်စိတ်လေးရှိနေသေးလို့တော်ပါသေးရဲ့...

အတိတ်ဘဝတုန်းက ပုံရိပ်တွေကိုထပ်ခါခါတွေးတောမိနေတယ်။ကံကောင်းတာတစ်ခုကလက်ရှိမှာ အတိတ်ဘဝတုန်းကလို မျက်မမြင်မဟုတ်တော့တာကြောင့် ပိန်းပိတ်အောင်မည်းမှောင်နေတဲ့ ပုံရိပ်တွေနေရာမှာ လှပတဲ့ ပုံရိပ်တွေကို အစားထိုးလိုက်နိုင်တယ်။

စားသောက်ပြီးချိန်မှာ နှစ်ယောက်သားစကားအနည်းငယ်ထိုင်ပြောခဲ့ကြတယ်။တစ်နာရီလောက်ကြာပြီးချိန်မှာ ​ခြေလက်ဆေးကြောပြီး အိပ်ယာဝင်ဖို့ ပြင်ဆင်လိုက်ကြတယ်။

မုန့်ရန်က လော်ရှို့ရဲ့လက်မောင်းကို ခေါင်းအုံးထားပြီး တိုးတိုးလေးပြောလိုက်တယ်။

"ဒီချိုင့်ဝှမ်းကို ဘာလို့လဲ ပိတ်ထားတာလဲမသိဘူးနော်?တစ်ခုခုများဖွက်ထားလို့လား?"

ဒီချိုင့်ဝှမ်းတစ်ခုလုံးကို ပိတ်ချထားဖို့ဆိုတာလွယ်တဲ့အလုပ်မှမဟုတ်တာ..လူအင်အားတော်တော်သုံးလိုက်ရလိမ့်မယ်။

"မင်း စိတ်ထင့်နေတယ်ဆို ကိုယ်ဒီနေရာကို အပိုင်ဝယ်ပြီး ရှာခိုင်းလိုက်မယ်လေ...ရှာလို့မတွေ့ခဲ့ရင်တောင် ဒီလိုရှုခင်းလှတဲ့နေရာမှာ အပန်း​ဖြေစခန်းတစ်ခုဆောက်လိုက်လို့ရနေတာပဲ..သစ်ပင်တွေပေါ်မှာ သစ်လုံးအိမ်လေးတွေဆောက်ပြီး ကြိုးတံတားတွေနဲ့ ဆက်ထားလို့ရတယ်။ဝါးတောထဲမှာဆို ဝါးအိမ်လေးတွေဆောက်လို့ရတယ်။အိမ်တွင်းရော အိမ်ပြင်မှာပါရေကူးကန်တွေထည့်ထားမယ်၊ဒါဆို ရေချိုးနေရင်းနဲ့ရှူခင်းကြည့်လို့ရပြီ။ချိုင့်ဝှမ်းရဲ့ မူရင်းအလှကို မပျောက်ပျက်အောင် ထိန်းပြီး ဒီဒေသကို တဖြည်းဖြည်းချင်းဖွံ့ဖြိုးအောင်လုပ်လို့ရတယ်။ဒီလိုနေရာမျိုးမှာဆို ရာဇဝင်တွင်လောက်မယ့်လျို့ဝှက်ဆန်းကြယ်တဲ့ Villaတွေဆောက်လိုက်မယ်ဆို လုံးဝကို လူသိများသွားမှာ..."

" အန်ကယ်လော်...ခင်ဗျားဉီးနှောက်ထဲမှာစီးပွားရေးလုပ်ဖို့အကြောင်းတွေပဲ ပြည့်နေတာလားဗျာ...ဘယ်တော့မှ ဒီနေရာကို ထပ်မလာတော့မှာမို့လို့ ဘာမှ စဉ်းစားမနေနဲ့တော့ ... တစ်ယောက်ယောက်က တစ်ခုခုကိုဖွက်ထားတယ်ဆိုလဲ ထိုက်တဲ့သူရသွားလိမ့်မယ်။ထိုက်တဲ့သူမတွေ့ရင်လဲ သူ့ဟာသူ ဖွက်ထားလက်စနဲ့ ဖွက်ထားလိုက်ပါစေတော့...."

မုန့်ရန်က လော်ရှို့ရဲ့ရင်ခွင်ထဲကို ခေါင်းတိုးပြီး လော်ရှို့ရဲ့ ကိုယ်ငွေ့ကို ခံစားကြည့်နေတယ်။အတိတ်ဘဝမှာတုန်းက အကြိမ်ပေါင်းထောင်သောင်းမက မက်ခဲ့ဖူးတဲ့ အိမ်မက်တွေ တကယ်ဖြစ်မြောက်လာခဲ့ပြီပဲ...အိပ်ပျော်သွားပြန်တော့လဲ အိမ်မက်တွေထဲမှာ လော်ရှို့က သူ့ကို တင်းတင်းကြပ်ကြပ်ပွေ့ဖက်ထားဆဲပါပဲ....

လော်ရှို့က မုန့်ရန်ကို တစ်ညလုံးပွေ့ဖက်ပေးထားခဲ့တယ်။နောက်တစ်နေ့ မိုးသောက်ချိန်မှာ အိမ်ပြန်ဖို့ ပြင်ဆင်လိုက်ကြတယ်။

အဝတ်အစားဝတ်နေတဲ့ မုန့်ရန်က လော်ရှို့တစ်ခုခုကို သည်းကြီးမည်းကြီး စဉ်းစားနေတာမြင်တဲ့ အတွက် မေးကြည့်လိုက်တယ်။

"ဘာဖြစ်လို့လဲ??ဘာတွေစဉ်းစားနေတာလဲ?"

"ကိုယ် ညက အိမ်မက်တစ်ခုမက်ခဲ့တယ်။ဘယ်လိုမှ ပြန်စဉ်းစားလို့မရတော့ဘူး"

အရေးကြီးတဲ့အရာတစ်ခုခုကို မက်ခဲ့တာဖြစ်တဲ့ အတွက် လော်ရှို့ အသည်းအသန်ပြန်စဉ်းစားကြည့်နေပေမယ့် ဘာကိုမှ မမှတ်မိခဲ့ဘူး။

"စဉ်းစားလို့မရင်လဲ စဉ်းစားမနေနဲ့တော့..လူတိုင်းက ဘဝတစ်လျှောက်လုံးမှာ အိမ်မက်တွေအများကြီးမက်တတ်ကြတာပဲလေ...အဲ့ထဲက တစ်ချို့လောက်ကိုပဲ မှတ်မိကြတာ.."

ပစ္စည်းတွေ ထုပ်ပိုးသိမ်းဆည်းပြီးတာနဲ့ အလာခရီးတုန်းကအတိုင်း လော်ရှို့က မုန့်ရန်ရဲ့ လက်ကို ကိုင်ထားပေးခဲ့တယ်။

မုန့်ရန်က တောင်ကြားချိုင့်ဝှမ်းကို တစ်ချက်မှလှည့်မကြည့်တော့ဘဲ အတိတ်ဘဝတုန်းက နာကျင်စရာတွေနဲ့အတူ အပြီးတိုင်ကျောခိုင်းစွန့်ခွာခဲ့ပါပြီ...

အကယ်၍ ဒီတောင်ကြားချိုင့်ဝှမ်းအကြောင်း ပြန်သတိရလာမယ်ဆိုရင်တောင် လော်ရှို့နဲ့ အတူရှိခဲ့တဲ့ အခိုက်အတန့်တွေကိုပဲ သတိရနေတော့မှာပါ....

သုံးလေးနာရီလောက် လမ်းလျှောက်ပြီးချိန်မှာ ကားရပ်ထားခဲ့တဲ့နေရာကို ပြန်ရောက်လာခဲ့ကြတယ်။လော်ရှို့အသင့်ဖွင့်ပေးထားတဲ့ ကားပေါ်တက်လိုက်ပြီး ဒီနေရာဒေသတစ်ခုလုံးကို မုန့်ရန် နောက်လှည့်မကြည့်ဘဲ ကျောခိုင်းနှုတ်ဆက်ပြီးထွက်ခွာသွားခဲ့ပါတော့တယ်......

ZawGyi

[TN:ၿပီးဆုံးရန္ 5 ပိုင္းသာက်န္ပါေတာ့သည္]

အခုလက္႐ွိဘဝမွာ မုန္႔ရန္ တကယ္ကို ေပ်ာ္႐ႊင္ေနပါတယ္။ဒါေတြအကုန္လုံးက အတိတ္ဘဝတုန္းက ျဖစ္ပ်က္ခဲ့တာေတြ ျဖစ္တာေၾကာင့္ မသိလိုက္မိခင္မွာပဲ အလိုလိုမ်က္ရည္က်မိေနေတာ့တာပါပဲ...

မုန္႔ရန္ရဲ႕ မ်က္ႏွာကို တစ္ခ်ိန္လုံးၾကည့္ေနတဲ့ ေလာ္႐ိႈ႕ရဲ႕ ရင္ထဲမွာ အေတာ္ေလးနာက်င္ေနရတယ္။မုန္႔ရန္ဘာေတြျဖစ္ေနတယ္ဆိုတာ သူတကယ္သိခ်င္ေနၿပီ။

မုန္႔ရန္က မ်က္ရည္ေတြကိုသုတ္ၿပီး ေခါင္းခါျပလိုက္တယ္။

"ေက်းဇူးျပဳၿပီး မေမးပါနဲ႔...မေမးပါနဲ႔...."

မုန္႔ရန္က အတိတ္ဘဝတုန္းက ျဖစ္ပ်က္ခဲ့သမွ်ေတြကို အၿပီးတိုင္ႏႈတ္ဆက္ဖို႔ ဒီေနရာကို လာခဲ့တာပါ..ဒါ့ေၾကာင့္ ေလာ္႐ိႈ႕ကို အတိတ္ဘဝတုန္းကအေၾကာင္းေတြ မေျပာျပခ်င္ေတာ့ပါဘူး။နာက်င္ခံစားရသမွ်ေတြကို ေလာ္႐ိႈ႕ဆီ မကူးစက္ေစခ်င္ဘူးေလ....

ေလာ္႐ိႈ႕က သူ႕အရင္ဘဝတုန္းက ခံစားခဲ့ရတာေတြ
ကို သိသြားရင္ သူ႕ထက္ပိုဝမ္းနည္းၿပီး နာက်င္သြားမွာ ေသခ်ာပါတယ္။ဒီလိုနာက်င္ဝမ္းနည္းမႈေတြကို ေလာ္႐ိႈ႕ကို မခံစားေစခ်င္ဘူး။ေလာ္႐ိႈ႕သာ နာက်င္ဝမ္းနည္းသြားမယ္ဆို သူလဲ ဒီ အိမ္မက္ဆိုးႀကီးထဲမွာ တဝဲဝဲလည္ၿပီး႐ုန္းထြက္ႏိုင္ေတာ့မွာ မဟုတ္ဘူး။
ေလာ္႐ိႈ႕က မုန္႔ရန္ရဲ႕ မ်က္ဝန္းေတြကို တိတ္ဆိတ္စြာေငးေမာေနတယ္။

"ေက်းဇူးျပဳၿပီး မေမးပါနဲ႔..."

မုန္႔ရန္က ေလာ္႐ိႈ႕ကို အေလးအနက္ အသနားခံေနတယ္။

"...OK.."

အေၾကာင္းအရင္းကို သိခ်င္ေနေပမယ့္လဲ မုန္႔ရန္ရဲ႕ စိုးရိမ္တႀကီး အသနားခံေနမႈကို ျမင္ေတြ႕ရတဲ့ အခါ အတင္းအၾကပ္မေမးေတာ့ဘဲ မုန္႔ရန္စိတ္တိုင္းက် ႏႈတ္ဆိတ္ေနလိုက္ဖို႔ကိုသာ ေ႐ြးခ်ယ္လိုက္တယ္။

ေလာ္႐ိႈ႕က မုန္႔ရန္ကို တင္းၾကပ္စြာ ေပြ႕ဖက္ထားတယ္။မုန္႔ရန္က ေလာ္႐ိႈ႕ကို တစ္ခုေတာင္းဆိုလိုက္တယ္။

"ဒီမွာ တစ္ည  အိပ္ၾကရေအာင္...အတူတူေနေပးမယ္မလား?"

"ဒီမွာ တစ္ညအိပ္မလို႔လား?"

ေနေရးထိုင္ေရးခက္ခဲမယ့္ လိႈဏ္ဂူတစ္ခုလုံးကို ၾကည့္လိုက္ၿပီး...

"ဒီမွာေနခ်င္တယ္ဆို ေနာက္ႏွစ္ရက္ေလာက္မွ လာေနပါလား..ကိုယ့္လူေတြကို ဒီႏွစ္ရက္အတြင္းသန္႔႐ွင္းေရးလုပ္ခိုင္းထားလိုက္မယ္ေလ..."

မုန္႔ရန္က ေခါင္းခါျပလိုက္ၿပီး...

"သန္႔႐ွင္းေရးလုပ္မေနပါနဲ႔ေတာ့...ဒီမွာတစ္ညပဲေနမွာ..မနက္မိုးလင္းတာနဲ႔ ျပန္ၾကမယ္...ၿပီးရင္ဒီေနရာကို ဘယ္ေတာ့မွ ျပန္မလာေတာ့ဘူး"

ေလာ္႐ိႈ႕ စိတ္ထဲကေန သက္ျပင္းခ်လိုက္တယ္။ေမးခြန္းေတြမေမးဖို႔လဲ လိုက္ေလ်ာၿပီးၿပီ...အခုလဲ ေတာင္းဆိုတာကို လိုက္ေလ်ာေပးရေတာ့မွာပဲေလ...

ေလာ္႐ိႈ႕က လက္ေထာက္ေတြကို ဒီမွာတစ္ညေနဖို႔ေျပာလိုက္ၿပီး သက္ေတာ္ေစာင့္ေတြကို ျပင္ဆင္ခိုင္းလိုက္တယ္။ လက္ေထာက္ေတြက ဗီလာကလူေတြကို ခ်က္ခ်င္းဖုန္းဆက္ၿပီး ႐ြက္ဖ်င္တဲနဲ႔ Sleeping bagေတြအျပင္ အစားအေသာက္နဲ႔ ေရခ်ိဳးခန္းသုံးပစၥည္းေတြကို ခ်က္ခ်င္းပို႔ေပးဖို႔ လွမ္းမွာလိုက္တယ္။

ငယ္စဥ္ကတည္းက စိတ္ဒဏ္ရာရဖူးသူေတာ္ေတာ္မ်ားမ်ားက စိတ္ပညာအေၾကာင္းေလ့လာဖို႔ ေ႐ြးခ်ယ္တတ္ၾကတယ္။မုန္႔ရန္ကလဲ စိတ္ပညာကုထုံးေတြကို စတင္ေလ့လာကတည္းက စိတ္ပိုင္းဆိုင္ရာ အေၾကာက္တရားနဲ႔ ဒဏ္ရာေတြကို ကိုယ္တိုင္ကုစားႏိုင္မယ့္နည္းလမ္းေတြကို ေသခ်ာသုေတသနလုပ္ျဖစ္ခဲ့တယ္။

မုန္႔ရန္ကေလာ္႐ိႈ႕ရဲ႕လက္ကို ခပ္တင္းတင္းဆုပ္ကိုင္လိုက္ၿပီး မ်က္လုံးေတြမွိတ္ၿပီး ေ႐ွ႕ကို တစ္လွမ္းခ်င္းလွမ္းလိုက္တယ္။အတိတ္ဘဝမွာတုန္းကတည္းက ေလာ္႐ိႈ႕ကို အခုလို သူ႕ေဘးမွာ႐ွိေနေစခ်င္ခဲ့တာပါ...မွတ္ဉာဏ္ေတြကို အစားထိုးတဲ့ နည္းလမ္းကိုမုန္႔ရန္အသုံးျပဳေနတာပါ...အတိတ္ဘဝတုန္းက ဒီေနရာမွာၾကဳံေတြ႕ခဲ့တဲ့ နာက်င္စရာမွတ္ဉာဏ္ေတြကို လက္႐ွိမွာ ေလာ္႐ိႈ႕နဲ႔အတူ ေပ်ာ္႐ႊင္စြာေနထိုင္ေနတယ္ဆိုတဲ့ မွတ္ဉာဏ္ေတြနဲ႔အစားထိုးလိုက္ေတာ့မယ္...ေလာ္႐ိႈ႕သာအနားမွာအတူတူ႐ွိေနေပးမယ္ဆို နာက်င္ဝမ္းနည္းမႈေတြအကုန္ လႊင့္ပါးကုန္ေတာ့မွာပါ..

Unatengရဲ႕အေဖ စိုက္ပ်ိဳးထားခဲ့တဲ့ဟင္းသီးဟင္း႐ြက္စိုက္ခင္းေလးတစ္ခု႐ွိတယ္။ေျမဆီေျမသားေကာင္းလြန္းတာေၾကာင့္ ေသခ်ာဂ႐ုမစိုက္ႏိုင္သည့္တိုင္ေအာင္ အသီးအ႐ြက္ေတြက သူ႕ဘာသာ ေကာင္းေကာင္းမြန္မြန္ႀကီးထြားေနၾကတယ္။ေတာ႐ိုင္းဟင္းသီးဟင္း႐ြက္ေတြနဲ႔
ေတာ႐ိုင္းသစ္သီးဝလံအမ်ိဳးမ်ိဳးအျပင္ သစ္ၾကားသီး၊ သစ္အယ္သီး အစ႐ွိတာေတြကို အေျခာက္ခံထားၿပီး ထိန္းသိမ္းထားတာေၾကာင့္အခ်ိန္ၾကာျမင့္စြာ စားသုံးႏိုင္ပါတယ္။အတိတ္ဘဝတုန္းကဆို ဒီလိုအစားအေသာက္ေတြကို စုေဆာင္းဖို႔ ခက္ခဲခဲ့တယ္။ဆာေလာင္မႈကို ျဖည့္တင္းႏိူင္ဖို႔အတြက္ ႀကိဳက္တာေတြေရာ၊မႀကိဳက္တာေတြေရာ အကုန္စားခဲ့ရတယ္။တစ္ခါတစ္ေလမွသာ ​ႀကိဳက္ႏွစ္သက္တဲ့စားစရာေတြကို စုေဆာင္းႏိူင္တာပါ...

လမ္းေလွ်ာက္ေနရင္းနဲ႔ မ်က္လုံးေတြကို တျဖည္းျဖည္းခ်င္းဖြင့္ၾကည့္လိုက္တယ္။ရင္ထဲမွာခံစားေနရတဲ့ နာက်င္မႈ ဝမ္းနည္းမႈေတြကို ဖိႏွိပ္ထိန္းခ်ဳပ္ထားၿပီး ေ႐ွ႕မွာျမင္ေနရတဲ့ ႐ႈခင္းေတြကို အာ႐ုံစိုက္ဖို႔ ႀကိဳးစားလိုက္တယ္။

ေတာင္ၾကားခ်ိဳင့္ဝွမ္းတစ္ခုလုံးမွာ သစ္ပင္ပန္းမန္ေတြစုံလင္စြာေပါက္ေရာက္ေနတာေၾကာင့္ တုႏိႈင္းစရာမ႐ွိေလာက္ေအာင္လွပေနပါတယ္။အတိတ္ဘဝတုန္းက အျမင္အာ႐ုံေတြမဆုံး႐ႈံးခင္တုန္းက ထြက္ေပါက္ကို အသည္းအသန္႐ွာေနရတာေၾကာင့္ ႐ႈခင္းေတြရဲ႕လွပမႈကို သတိမျပဳမိလိုက္ဘူး။အျမင္အာ႐ုံဆုံး႐ႈံးသြားခ်ိန္မွာေတာ့ ႐ႈခင္းေတြကို ျမင္ေတြ႕ဖို႔ရာ ဘယ္လိုမွမျဖစ္ႏိုင္ေတာ့ဘူးေလ....

အတိတ္ဘဝရဲ႕ အရိပ္ဆိုးေတြထပ္တလဲလဲ ေပၚလာေနေပမယ့္ သူေဘးနားမွာ ေလာ္႐ိႈ႕႐ွိေနၿပီပဲ...ေလာ္႐ိႈ႕ရဲ႕လက္ကိုဆုပ္ကိုင္ၿပီး ေ႐ွ႕ကိုပဲဆက္ေလွ်ာက္ရပါလိမ့္မယ္.....

ေလာ္႐ိႈ႕က မုန္႔ရန္ရဲ႕မ်က္ႏွာကို ခဏခဏလွည့္ၾကည့္ေနတယ္။မုန္႔ရန္က မ်က္စိေ႐ွ႕မွာျမင္သမွ်အရာေတြကို ေလးေလးနက္နက္ၾကည့္႐ႈေနတယ္လို႔ ခံစားေနရတယ္။မုန္႔ရန္ဆီကေန အမ်ိဳးအမည္မသိတဲ့ခံစားခ်က္တစ္ခုကို ခံစားေနရတယ္။

ေလာ္႐ိႈ႕ရဲ႕စိတ္ထဲမွာ သံသယေတြ႐ွိေနတဲ့အျပင္ ဘာေတြျဖစ္ေနတယ္ဆိုတာကို ေသခ်ာနားလည္ခ်င္ေနပါတယ္။သို႔ပါေသာ္လည္း ဒါေတြကို ေမးျမန္းလိုက္တဲ့ အခါ မုန္႔ရန္အတြက္ ႀကီးမားတဲ့ နာက်င္မႈျဖစ္သြားမွာစိုးတဲ့ အတြက္ မေမးေတာ့ဖို႔ ဆုံးျဖတ္လိုက္တယ္။

ေမွာင္ရီပ်ိဳးလာခ်ိန္မွာ မုန္႔ရန္တို႔ေတြ လိႈဏ္ဂူဆီကို ျပန္သြားခဲ့ၾကတယ္။က်ယ္ဝန္းလွတဲ့ ေတာင္ၾကားခ်ိဳင့္ဝွမ္းကို ေန႔တစ္ဝက္တည္းနဲ႔ ႏွံ႔စပ္ေအာင္သြားလာဖို႔ မလြယ္ကူလွပါဘူး....

သက္ေတာ္ေစာင့္ေတြက လိႈဏ္ဂူထဲကို ေမြ႕ရာတစ္ခု လာထည့္ေပးထားတယ္။ေတာင္ၾကားတစ္ခုလုံးထြန္းလင္းေနေအာင္ အေရးေပၚမီးလုံးေတြထြန္းညႇိေပးထားတယ္။မုန္႔ရန္က သံမီးဖိုေလးေဘးမွာ ေဆာင့္ေၾကာင့္ထိုင္လိုက္ၿပီး မီးျခစ္မသုံးပဲမီးေမႊးဖို႔ ျပင္လိုက္တယ္။

//ငါဒါကိုေကာင္းေကာင္းလုပ္ႏိုင္တယ္။အတိတ္ဘဝမွာတုန္းက အသားမာအထပ္ထပ္တက္ေနတဲ့ လက္ေတြနဲ႔ မေရမတြက္ႏိုင္ေအာင္ မီးေမႊးခဲ့ဖူးတယ္//

လက္႐ွိမွာ အသားမာကင္းၿပီးႏုဖတ္ေနတဲ့ လက္ဖဝါးေလးေတြက မီးပြားေလးေတြမထြက္လာခင္မွာတင္ ရဲတြတ္ေနခဲ့ၿပီ....

ေလာ္႐ိႈ႕က မုန္႔ရန္ေဘးမွာ  ဝင္ထိုင္လိုက္ၿပီး နီရဲေနတဲ့ လက္ဖဝါးေလးေတြကို ပြတ္သပ္ေပးလိုက္ၿပီး....

"မေဆာ့နဲ႔ေတာ့..ဒီနည္းလမ္းကို မကြၽမ္းက်င္ရင္ မီးေမႊးဖို႔ခက္တယ္..."

မုန္႔ရန္တစ္ေယာက္ ေလာ္႐ိႈ႕ရဲ႕ က်ယ္ျပန္႔တဲ့လက္ဖဝါးေတြကို ျမင္လိုက္တဲ့အခါ အတိတ္ဘဝကမွတ္ဉာဏ္အခ်ိဳ႕ကို သတိရလာတာေၾကာင့္
မ်က္လုံးေတြကို မွိတ္ခ်လိုက္တယ္။

ေနာက္ဆုံးမွာေတာ့ မီးျခစ္တစ္ခုကိုယူၿပီး ထင္းေျခာက္ေတြကို မီးညႇိလိုက္ၿပီး ေရေႏြးတစ္အိုးတည္ထားလိုက္တယ္။

သက္ေတာ္ေစာင့္ေတြယူလာတဲ့ အစားအေသာက္ေတြထဲမွာ အသားငါးေတြနဲ႔ ဟင္းသီးဟင္း႐ြက္ေတြအျပင္ ၾကက္သားစြပ္ျပဳတ္ေတြပါ ပါလာတယ္။မုန္႔ရန္ ဒါေတြကိုျမင္တာနဲ႔ ဗိုက္ဆာလာတာေၾကာင့္ တံေတြးေတြၿမိဳခ်ေနရတယ္။ဒါေတြကို အနာဂတ္မွာ စိတ္႐ွိတ္ိဳင္းစားႏိုင္မွာပါ...ေလာ္႐ိႈ႕နဲ႔အတူ ဒီမွာ တစ္ညပဲေနျဖစ္မွာျဖစ္ၿပီး ေနာင္ဘယ္ေသာအခါမွ ဒီေနရာကိုျပန္မလာျဖစ္ေတာ့မွာျဖစ္တဲ့အတြက္ သူကိုယ္တိုင္ ေလာ္႐ိႈ႕ကို ခ်က္ျပဳတ္ေကြၽးေမြးခ်င္တယ္။ဒါ့ေၾကာင့္ သက္ေတာ္ေစာင့္ေတြကို စားစကာေတြျပန္သယ္သြားခိုင္းလိုက္တယ္။

မုန္႔ရန္က လတ္လတ္ဆတ္ဆတ္ခူးဆြတ္ထားတဲ့ သဘာဝမိႈေတြကို ေသခ်ာေရေဆးၿပီး တည္ထားတဲ့ ေရေႏြးအိုးထဲ ထည့္လိုက္တယ္။ၿပီးတာနဲ႔ ေသခ်ာေရေဆးထားတဲ့ ေတာ႐ိုင္းဟင္းသီးဟင္း႐ြက္ေတြကိုပါထည့္လိုက္ၿပီး ဆီမပါဆားမပါေရလုံျပဳတ္ဟင္းတစ္ခြက္ ခ်က္ျပဳတ္လိုက္တယ္။

မုန္႔ရန္က ပန္းကန္လုံးႏွစ္လုံးကို စားပြဲေသးေသးေလးေပၚတင္လိုက္ၿပီး...

"ကြၽန္ေတာ္တို႔ အခုေရာက္ေနတဲ့ေနရာက ေဝးလံေခါင္သီတဲ့ေနရာဆိုေတာ့ ဒီတစ္ညေတာ့ သဘာဝက်တဲ့ အစားအေသာက္ပဲစားၾကရေအာင္...အဆင္ေျပတယ္မလား??"

"ကိုယ္ကဘာပဲျဖစ္ျဖစ္ရတယ္...မင္းပဲဆုံးျဖတ္ပါ..ကိုယ့္သေဘာထားကိုေမးေနစရာမလိုပါဘူး.."

"ဒါဆို ကြၽန္ေတာ္႕ကို ခြံ႕ေကြၽးမလား?"

ေလာ္႐ိႈ႕က သက္ေတာ္ေစာင့္ေတြယူလာေပးတဲ့ တူကို ေကာက္ကိုင္လိုက္ၿပီး မုန္႔ရန္ကို အရင္ခြံ႕ၿပီးမွ သူလဲ တစ္လုတ္စားလိုက္တယ္။ဆီမပါ ဆားမပါေရလုံျပဳတ္ျဖစ္ေနတဲ့အတြက္ အရသာမ႐ွိတဲ့အျပင္ အစာအိမ္ကိုျဖည့္တင္းဖို႔မလြယ္ကူခဲ့ပါဘူး။ဒါေပမယ့္ လက္႐ွိပတ္ဝန္းက်င္အေနအထားအရ စားခ်င္ေသာက္ခ်င္စိတ္ေလး႐ွိေနေသးလို႔ေတာ္ပါေသးရဲ႕...

အတိတ္ဘဝတုန္းက ပုံရိပ္ေတြကိုထပ္ခါခါေတြးေတာမိေနတယ္။ကံေကာင္းတာတစ္ခုကလက္႐ွိမွာ အတိတ္ဘဝတုန္းကလို မ်က္မျမင္မဟုတ္ေတာ့တာေၾကာင့္ ပိန္းပိတ္ေအာင္မည္းေမွာင္ေနတဲ့ ပုံရိပ္ေတြေနရာမွာ လွပတဲ့ ပုံရိပ္ေတြကို အစားထိုးလိုက္ႏိုင္တယ္။

စားေသာက္ၿပီးခ်ိန္မွာ ႏွစ္ေယာက္သားစကားအနည္းငယ္ထိုင္ေျပာခဲ့ၾကတယ္။တစ္နာရီေလာက္ၾကာၿပီးခ်ိန္မွာ ​ေျခလက္ေဆးေၾကာၿပီး အိပ္ယာဝင္ဖို႔ ျပင္ဆင္လိုက္ၾကတယ္။

မုန္႔ရန္က ေလာ္႐ိႈ႕ရဲ႕လက္ေမာင္းကို ေခါင္းအုံးထားၿပီး တိုးတိုးေလးေျပာလိုက္တယ္။

"ဒီခ်ိဳင့္ဝွမ္းကို ဘာလို႔လဲ ပိတ္ထားတာလဲမသိဘူးေနာ္?တစ္ခုခုမ်ားဖြက္ထားလို႔လား?"

ဒီခ်ိဳင့္ဝွမ္းတစ္ခုလုံးကို ပိတ္ခ်ထားဖို႔ဆိုတာလြယ္တဲ့အလုပ္မွမဟုတ္တာ..လူအင္အားေတာ္ေတာ္သုံးလိုက္ရလိမ့္မယ္။

"မင္း စိတ္ထင့္ေနတယ္ဆို ကိုယ္ဒီေနရာကို အပိုင္ဝယ္ၿပီး ႐ွာခိုင္းလိုက္မယ္ေလ...႐ွာလို႔မေတြ႕ခဲ့ရင္ေတာင္ ဒီလို႐ႈခင္းလွတဲ့ေနရာမွာ အပန္း​ေျဖစခန္းတစ္ခုေဆာက္လိုက္လို႔ရေနတာပဲ..သစ္ပင္ေတြေပၚမွာ သစ္လုံးအိမ္ေလးေတြေဆာက္ၿပီး ႀကိဳးတံတားေတြနဲ႔ ဆက္ထားလို႔ရတယ္။ဝါးေတာထဲမွာဆို ဝါးအိမ္ေလးေတြေဆာက္လို႔ရတယ္။အိမ္တြင္းေရာ အိမ္ျပင္မွာပါေရကူးကန္ေတြထည့္ထားမယ္၊ဒါဆို ေရခ်ိဳးေနရင္းနဲ႔႐ွဴခင္းၾကည့္လို႔ရၿပီ။ခ်ိဳင့္ဝွမ္းရဲ႕ မူရင္းအလွကို မေပ်ာက္ပ်က္ေအာင္ ထိန္းၿပီး ဒီေဒသကို တျဖည္းျဖည္းခ်င္းဖြံ႕ၿဖိဳးေအာင္လုပ္လို႔ရတယ္။ဒီလိုေနရာမ်ိဳးမွာဆို ရာဇဝင္တြင္ေလာက္မယ့္လ်ိဳ႕ဝွက္ဆန္းၾကယ္တဲ့ Villaေတြေဆာက္လိုက္မယ္ဆို လုံးဝကို လူသိမ်ားသြားမွာ..."

" အန္ကယ္ေလာ္...ခင္ဗ်ားဉီးေႏွာက္ထဲမွာစီးပြားေရးလုပ္ဖို႔အေၾကာင္းေတြပဲ ျပည့္ေနတာလားဗ်ာ...ဘယ္ေတာ့မွ ဒီေနရာကို ထပ္မလာေတာ့မွာမို႔လို႔ ဘာမွ စဥ္းစားမေနနဲ႔ေတာ့ ... တစ္ေယာက္ေယာက္က တစ္ခုခုကိုဖြက္ထားတယ္ဆိုလဲ ထိုက္တဲ့သူရသြားလိမ့္မယ္။ထိုက္တဲ့သူမေတြ႕ရင္လဲ သူ႕ဟာသူ ဖြက္ထားလက္စနဲ႔ ဖြက္ထားလိုက္ပါေစေတာ့...."

မုန္႔ရန္က ေလာ္႐ိႈ႕ရဲ႕ရင္ခြင္ထဲကို ေခါင္းတိုးၿပီး ေလာ္႐ိႈ႕ရဲ႕ ကိုယ္ေငြ႕ကို ခံစားၾကည့္ေနတယ္။အတိတ္ဘဝမွာတုန္းက အႀကိမ္ေပါင္းေထာင္ေသာင္းမက မက္ခဲ့ဖူးတဲ့ အိမ္မက္ေတြ တကယ္ျဖစ္ေျမာက္လာခဲ့ၿပီပဲ...အိပ္ေပ်ာ္သြားျပန္ေတာ့လဲ အိမ္မက္ေတြထဲမွာ ေလာ္႐ိႈ႕က သူ႕ကို တင္းတင္းၾကပ္ၾကပ္ေပြ႕ဖက္ထားဆဲပါပဲ....

ေလာ္႐ိႈ႕က မုန္႔ရန္ကို တစ္ညလုံးေပြ႕ဖက္ေပးထားခဲ့တယ္။ေနာက္တစ္ေန႔ မိုးေသာက္ခ်ိန္မွာ အိမ္ျပန္ဖို႔ ျပင္ဆင္လိုက္ၾကတယ္။

အဝတ္အစားဝတ္ေနတဲ့ မုန္႔ရန္က ေလာ္႐ိႈ႕တစ္ခုခုကို သည္းႀကီးမည္းႀကီး စဥ္းစားေနတာျမင္တဲ့ အတြက္ ေမးၾကည့္လိုက္တယ္။

"ဘာျဖစ္လို႔လဲ??ဘာေတြစဥ္းစားေနတာလဲ?"

"ကိုယ္ ညက အိမ္မက္တစ္ခုမက္ခဲ့တယ္။ဘယ္လိုမွ ျပန္စဥ္းစားလို႔မရေတာ့ဘူး"

အေရးႀကီးတဲ့အရာတစ္ခုခုကို မက္ခဲ့တာျဖစ္တဲ့ အတြက္ ေလာ္႐ိႈ႕ အသည္းအသန္ျပန္စဥ္းစားၾကည့္ေနေပမယ့္ ဘာကိုမွ မမွတ္မိခဲ့ဘူး။

"စဥ္းစားလို႔မရင္လဲ စဥ္းစားမေနနဲ႔ေတာ့..လူတိုင္းက ဘဝတစ္ေလွ်ာက္လုံးမွာ အိမ္မက္ေတြအမ်ားႀကီးမက္တတ္ၾကတာပဲေလ...အဲ့ထဲက တစ္ခ်ိဳ႕ေလာက္ကိုပဲ မွတ္မိၾကတာ.."

ပစၥည္းေတြ ထုပ္ပိုးသိမ္းဆည္းၿပီးတာနဲ႔ အလာခရီးတုန္းကအတိုင္း ေလာ္႐ိႈ႕က မုန္႔ရန္ရဲ႕ လက္ကို ကိုင္ထားေပးခဲ့တယ္။

မုန္႔ရန္က ေတာင္ၾကားခ်ိဳင့္ဝွမ္းကို တစ္ခ်က္မွလွည့္မၾကည့္ေတာ့ဘဲ အတိတ္ဘဝတုန္းက နာက်င္စရာေတြနဲ႔အတူ အၿပီးတိုင္ေက်ာခိုင္းစြန္႔ခြာခဲ့ပါၿပီ...

အကယ္၍ ဒီေတာင္ၾကားခ်ိဳင့္ဝွမ္းအေၾကာင္း ျပန္သတိရလာမယ္ဆိုရင္ေတာင္ ေလာ္႐ိႈ႕နဲ႔ အတူ႐ွိခဲ့တဲ့ အခိုက္အတန္႔ေတြကိုပဲ သတိရေနေတာ့မွာပါ....

သုံးေလးနာရီေလာက္ လမ္းေလွ်ာက္ၿပီးခ်ိန္မွာ ကားရပ္ထားခဲ့တဲ့ေနရာကို ျပန္ေရာက္လာခဲ့ၾကတယ္။ေလာ္႐ိႈ႕အသင့္ဖြင့္ေပးထားတဲ့ ကားေပၚတက္လိုက္ၿပီး ဒီေနရာေဒသတစ္ခုလုံးကို မုန္႔ရန္ ေနာက္လွည့္မၾကည့္ဘဲ ေက်ာခိုင္းႏႈတ္ဆက္ၿပီးထြက္ခြာသြားခဲ့ပါေတာ့တယ္......

Continue Reading

You'll Also Like

75.9K 8.7K 118
"မှားယွင်းသော လက်ထပ်ခြင်းမှသည်.....ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၁)" ***MM Translation (Just for fun) "မွားယြင္းေသာ လက္ထပ္ျခင္းမွသည္.....ေကာင...
84.1K 10K 117
✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမ...
108K 15K 127
Description မရေးတော့ဘူနော်။ရေးရင် တင်မရတော့လို့။ IQ team ထံမှ တစ်ဆင့်ပြန်တင်ပြီးဖော်ပြဖို့ ခွင့်ပြုချက်ရပြီးသားပါရှင့်။ဒီစာစဥ်လေးက IQ team အပိုင်ဖြစ်...
2.3M 315K 92
Title....Second merriage of a wealthy old man မူရင်းအော်သာ....Tangerine Boat(Cannon folder cheat system ရေးတဲ့ အာသာပါ) မူရင်းက 86 ပိုင်းပါ Extra က 2ပ...