Before time Passes (အချိန်မလွ...

By sea-horse55

129K 7K 568

" အချစ် " ဆိုတဲ့ အရာဟာ သိမ်မွှေ့ပြီး အန္တရာယ်ရှိတယ်..... (ဤဇာတ်လမ်းပါ အချို့အကြောင်းအရာများသည် စာရေးသူ၏ စိတ်က... More

Confession
character
part-1
part-2
part-3
part-4
part-5
part-6
part-7
part-8
part-9
part-10
part-11
part-12
part-13
part-14
part-15
part-16
part -18
part-19
part-20
part-21
part -22
part-23
part-24
part-25
please read
part-26
part-27(final)
extra-1
extra -2
alarm ⏰

part-17

3.3K 193 37
By sea-horse55

Uni

ဝဠာ နာရီကိုတစ်ချက်ကြည့်လိုက်တော့ မနက်ငါးနာရီထိုးတော့မည်.....။ သွေးသစ်ကိုလှည့်ကြည့်လိုက်တော့..... သူ့ဘက်လှည့်ကာ အိပ်နေတုန်း....။ လက်တစ်ဖက်ကို ခုအိပ်ထားလို့ နှုတ်‌ခမ်းလေးက အနည်းငယ်ဆူနေသည်....။

နေမကောင်းလို့ ဖြူဖပ်နေသည့် နှုတ်ခမ်းသားများနှင့် မျက်ကွင်းညိုများက ဝဠာ့ကို မျက်ရည်ကျဖို့လုံလောက်စေသည်....။ လက်ဖြူဖြူသွယ်သွယ်လေးတွေက ခုတော့ အညိုအမဲများနှင့်....သွေးသစ်ကိုယ်ပေါ်တွင် မနေ့ညက ဝဠာခြုံပေးထားသော ဆောင်ပါးလေးတစ်ထည်က နေရာယူနေလျက်.....။

ဝဠာမှာ စောင်ကိုကြည့်ပြီးမျက်စောင်းတစ်ထိုးထိုး....သူကိုယ်တိုင်ခြုံပေးထား ပေမယ့်လည်း သဝန်တို‌ပါသည်...။

ဝဠာဆိုတာ သွေးသစ် ရှူသွင်းရှူထုတ်နေတဲ့ အောက်ဆီဂျင်နဲ့ကာဗွန်ဒိုင်အောက်ကိုတောင် ဆွဲထိုးလို့ရရင် ဆွဲထိုးချင်ပါရဲ့....သဝန်တိုလွန်းလို့ပင်.....။

သွေးသစ်နိုးလာတော့....ပထမဆုံးမြင်ရသည်က ဝဠာ့ကိုပင်.....။

ဝဠာ၏ ယခုပုံစံက......

တစ်ညလုံးကားမောင်းထားတာတောင် မျက်နှာလေးက ကြည်လင်နေရော....သွေးသစ်လောက် အသားမဖြူပေမယ့် အသားဖြူတဲ့ထဲပါသည်.....။ လက်သည်းခွံကြည်ကြည်လေးတွေနှင့်....လက်ချောင်းပေါ်က မွှေးညှင်းလေးတွေက ဆွဲဆောင်မှုရှိတယ်.....။

ရှပ်အဖြူကို တံတောင်ဆစ်အထိ ခေါက်တင်ထားသောကြောင့် သွေးကြောစိမ်းများက အထင်းသား....ဝဠာက မြန်မာတရုတ်ကပြားဖြစ်လို့.... မျက်ရစ်မပါပေ..။ မျက်ရစ်မပါပေမယ့် အကြည့်တွေက လေးနက်သည်...။
ညာဘက် နားထင်တွင်ရှိသော မှည့်‌နီလေးတစ်လုံးက ပို၍ပင်ထင်ရှားနေကာ.....ပို၍လည်းဆွဲဆောင်နေသည်....။

၆ပေကျော်နေသော အရပ်က သွေးသစ်ထက်ပင် ခေါင်းတစ်လုံးလောက်ပို၍ပင်ရှည်နေသည်....။ နှုတ်ခမ်းပါပါးလေးနှင့် နှာတံစင်းစင်းလေး.....။ အများအမြင်တွင်တော့ ဝဠာ၏ပုံစံသည်....လုံးဝ gentlemen type ဖြစ်သည်.။

တည်ငြိမ်အေးဆေးပြီး......ပြတ်သားသည်။ ဘုရင်တစ်ပါး အလားပဲ....။

သွေးသစ် ဝဠာ့ကိုတစ်ချက်ကြည့်ပြီး.....ကိုယ်ပေါ်တွင်ခြုံထားသော စောင်အပါးလေးကိုခေါက်လိုက်သည်....။ ကားမှန်ကိုချ‌လိုက်တော့....

မြူများရစ်ဆိုင်းနေသော တောင်တန်းများ.....ကားလမ်းတစ်‌လမ်းစာလောက်ပဲ ရှိသောလမ်းဘေးတွင် ချောက်များ ၊ သစ်တောများက အရမ်းပင်လှရက်နိုင်လွန်းသည်...။ စိမ်းစိုနေသောတောအုပ်များ ၊ တောင်တန်းများ ၊ မြွေလိမ်မြွေကောက်လမ်းများက ပြင်ဦးလွင်ကို ရောက်တော့မည်ဟု ပြောနေ‌သယောင်ယောင်.....။

လမ်းဘေးတစ်လျှောက် ဂျပန်ပိတောက်ပန်းများက တစ်လမ်းလုံး ရွှေဝါရောင်ကျဲထားသည့်အလား....ဝါထိန်လျက်....။

သွေးသစ်ငေးကြည့်နေတုန်း......ဝဠာဆီမှ လေသံအေးအေးလေး....

"အနိုး.....နိုးလာပြီလား....ရှေ့နားကျ ၂၁မိုင်ရောက်တော့မှာ အက်ကျမှ မျက်နှာသစ်ပြီး မနက်စာစားကြမယ်နော်...."

"ဟုတ် ကိုမြတ်သွင်..."

"အေးနေ‌လားအနိုး...စောင်ခြုံထားပါလား...အနိုးနှာထိပ်လေးတွေ နီရဲနေပြီ...."

ဝဠာ....ရယ်ကာပြောတော့ သွေးသစ်က မျက်နှာထားတည်တည်လေးနဲ့ပဲ....

"ရတယ် ကိုမြတ်သွင် ကျနော် အဆင်ပြေပါတယ်....."

ဝဠာ....ဖုန်း contactsထဲဝင်ကာ.....ဦးလေး ဟူသည့်နာမ်စားအား နှိပ်လို့ ဖုန်းခေါ်လိုက်သည်....။

"အေး...ဝဠာစောစောစီးစီ ဘာကိစ္စလဲ..."

"ဦးလေး...ကျွန်တော် ပြင်ဦးလွင်ပြောင်းရွေ့တဲ့ကိစ္စကို လျှို့ဝှက်ထားပေးပါ ပြီးတော့ ကျွန်တော်ကားတည်နေရာတွေရော သွားခဲ့တဲ့ CCTVတွေရော ဖျတ်ပေးပါအုံး..."

"ဟောင့် ဝဠာမင်းဘာတွေလျှောက်လုပ်ပြန်ပြီလဲ..."

"ကျွန်တော်ဘာမှမလုပ်ပါဘူး..."

"အေးပြောလိုက်ရင်လည်း ဘာမှမလုပ်ဘူးအေးစက်စက်နဲ့.....မင်းတော့ တယ်ခက်ပါလား...."

"ဟာ ဦးလေးက..ဗျာ အရမ်းအရစ်ရှည်တာပဲ ယောကျာ်းခိုးလာလို့ဟုတ်ပြီလား... ဒါပဲဗျာ ဖျတ်ထားပေးအုံးနော် ပြီးတော့ စော်ဘွားကိုလည်း ဖုန်းဆက်ပေးထားအုံး..."

"ဟေ....ယောကျာ်းခိုးတယ်ဟုတ်လား...."

"ဟုတ်ပါတယ်ဆိုဗျာ...ဒါပဲနော်..."

ဝဠာ ဖုန်းချပြီး အနိုးဘက်ကို ရှက်ကိုးရှက်ကန်းလေးနှင့် လှည့်ကြည့်လိုက်ကာ....အနည်းငယ်ရယ်ပြလိုက်သည်....။ သွေးသစ်ကတော့ မျက်လုံးပြူးလေးနှင့်သူ့ကိုကြည့်နေတုန်း...

"ဟို.....ကိုယ်ကလေ စကားအဖြစ်ပြောလိုက်တာပါ တကယ်ခိုးတာမဟုတ်ပါဘူး....အနိုး...အနိုးသဘောတူရင်တော့တကယ်ပေါ့...."

"ဗျာ....!!!! "

"ကိုယ်က စတာပါ....အာ့မှဦးလေးက fileတွေဖျတ်ပေးမှာမို့လေ အနိုးစိတ်မပူနဲ့နော် ကိုယ့်နားမှာ အေးအေးချမ်းချမ်းနေလို့ရတယ်...."

"ရပါတယ်.... ကျွန်တော့ကို သီချင်းလေးဖွင့်ပေးပါအုံး..."

"အွန်း....ကိုယ်ဖွင့်လိုက်ပြီနော်...."

သီချင်းဖွင်းရင်း ဝဠာစ‌ဉ်းစားနေသည်က

'ဒီအေးစက်သွားတဲ့ ကောင်လေးကို ပုံမှန်ပြန်ဖြစ်အောင် ပိုဂရုစိုက်ရမည်...' ဟုပင်.....။

ဦးသောတက ဆေးရုံအုပ်ဆိုပေမယ့် ဝဠာနှင့်စော်ဘွားမိဘတွေက စီးပွားရေးအတော်နယ်ချဲ့သည်....။ အာဏာလည်း အသင့်အတင့်ရှိသည်....။ နိုင်ငံခြားသံရုံးများနှင့် နိုင်ငံရေးဘက်တွင်လည်း အတော်အသင့်အာဏာရှိသည့်အတွက် CCTVဖျတ်တာလောက်က အသေးအမွှားပင်.....။

"တောင်ပံပါရင်မင်းဆီကို......

ဟိုးဝေးနေချိန်လေး ခရီးလေးကို....

လှမ်းလက်ရယ်အင်အားရှိစွာ ထွေးပိုက်ပါတော့

ရင်ခုန်သံတွေအိပ်စက်ဆို့....."

‌သွေးသစ် သီချင်းလေးငြီးကာ.....တောင်တန်းတွေကိုပဲ ငေးနေမိသည်....။ သူအရာအားလုံးကို စိတ်နာသည်...။ သမုနဲ့ပတ်သတ်၍ပေါ့.....

သမုကိုလွမ်းလားဆိုတော့ မလွမ်းပါဘူး......သမုနဲ့ပတ်သတ်ပြီး သူ့မှာ ဘာစိတ်မှမရှိတော့ဘူး အချစ်ရော အမုန်းရော..... အရာအားလုံးက အိပ်မက်လို့ပဲ ....သဘောထားတော့မယ်.....။

သွေးသစ်ခု သူသဘောကျတဲ့ coffe ဆိုင်လေးတစ်ဆိုင်ဖွင့်မယ် ပရဟိတစာကြည့်တိုက်လေးရော အေးအေးချမ်းချမ်းလေးနဲ့ပဲ......သူ့ဘဝရဲ့ကျန်ရှိတဲ့အချိန်တွေကုန်ဆုံးပါတော့မယ်......။

မိဘတွေလား..... သူမိဘမေတ္တာမမျှော်လင့်တော့ပါ....သူပျောက်သွားလဲ မိဘတွေက စိတ်ပူမှာမှ မဟုတ်ပဲ သတိတောင်ထားချင်မှထားမှာ.....။

သူ ကိုမြတ်သွင်နဲ့ ယသော်ကိုကျေးဇူးတင်ပါသည်....။ သူတို့ကြောင့်သာ သွေးသစ်ခုလို လွတ်လပ်ခွင့်ရတာ.....အခွင့်အရေးရခဲ့ရင် ပြန်ပြီး‌ ကျေးဇူးဆပ်ချင်ပါရဲ့....။

ဝဠာ သွေးသစ်ကို စိတ်မချစွာ ခနခနကြည့်မိသည်....။ ‌သွေးသစ်ရဲ့ အပြုံးတွေက အရင်လို မတောက်ပတော့ မဟုတ်ဘူး အပြုံးတွေ ထင်ကျန်မနေရစ်တော့‌တာ....။

အေးစက်စက်နဲ့....တည်ငြိမ်လွန်းလှသည်...။ ဝဠာ ခုချိန်ထိ သွေးသစ်ရဲ့ မူလပုံစံအမှန်ကို မသိသေးပါ...။ ‌

[တစ်ဖြည်းဖြည်း

အနိုး ဒဏ်ရာတွေကုစားပေးလို့

အများကြီး မြတ်နိုးသွားပါမယ် အနိုးရယ်.....။]

By Nyathwaychey

ဒါကတော့ ဂျပန်ပိတောက်ပေါ့ ကျနော်တို့ဘက်က အခေါ်အဝေါ်ပါ မလေးရှားပိတောက် (Acacia Auriculiiformis- အော်ရေးရွား) ပင်လို့လည်းခေါ်ပါတယ်။
#ပုံနဲ့ အပင်နာမည်တွက် creditပေးပါတယ်။

(A/N
‼️အရေးကြီးတာလေးတစ်ခု ပြောချင်ပါတယ်နော် အက်တာကတော့ update ကိစ္စပါ ကျနော် updateကို ဆယ်ရက်လောက်နားပါမယ်...လက်ကမနားလို့မရတော့လို့ပါ.....ဆက်ပြီးဒီပုံစံအတိုင်းသွားမယ်ဆို ကျနော် ခွဲစိတ်ရမယ့်အခြေနေထိရောက်နေလို့ပါ....အားနာစွာနဲ့ပဲ updateဆယ်ရက်လောက်နားပါ့မယ်နော်.....

Ongoingလိုက်ပေးတဲ့သူတွေရော ဒီficလေးကို ဖတ်ပေးကြတဲ့သူတွေရော အကုန်တစ်ဦးချင်းစီ ကျေးဇူးတင်ရှိပါတယ်.... plotကတော့ ကျနော်စဉ်းစားထားတဲ့ အတိုင်းပဲသွားမှာပါ....ဒီficကိုလွန်ခဲ့တဲ့ငါးလလောက်ကထဲက အကုန် အစီစဉ်တွေချထားတာမို့ပါ.....

ခြောက်ထပ်ဂွေ့ကို ကြားဖူးကြတယ်မလား....ခြောက်ထပ်ဂွေ့ ပုံက ထည့်ပေးချင်ပေမယ့် ရှာတာမတွေ့လို့....အရမ်းလှတယ် ...💜

ဒီ ficထဲမှာပါတဲ့ အကြောင်းအရာများက fiction သက်သက်ပါပဲနော် ပြင်ဦး‌လွင်အကြောင်းအရာများကိုလည်း အရင်ကပုံစံအတိုင်းလေးပဲ ရေးထည့်သွားမှာပါ....

[ ဥပမာ အရမ်းအေးတာတို့ဘာတို့ပေါ့...ခုနောက်ပိုင်း မေမြို့က ပူလာပြီ အရင်ကလို အရမ်းမအေးတော့လို့ပါ.....မေမြို့နဲ့ပတ်သတ်ပြီး သိချင်တာရှိ လာမေးပါဗျ သိသလောက် ဖြေကြားမှာမို့....ကျနော်က မေမြို့သူ စစ်စစ်ပါနော် ရှမ်းသွေးတော့အနည်းငယ်ရောတယ် ရှမ်းတွေလိုအသားတော့မဖြူပါဘူး ရှမ်းစကားလည်းမတတ်ပါဘူး😑 ]

မည်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်လိုစိတ်မရှိတဲ့အတွက် fiction သဘောမျိုးပဲ မှတ်ယူပေးပါဗျ.....‼️)

zawgyi

ဝဠာ နာရီကိုတစ္ခ်က္ၾကၫ့္လိုက္ေတာ့ မနက္ငါးနာရီထိုးေတာ့မည္.....။ ေသြးသစ္ကိုလွၫ့္ၾကၫ့္လိုက္ေတာ့..... သူ႔ဘက္လွၫ့္ကာ အိပ္ေနတုန္း....။ လက္တစ္ဖက္ကို ခုအိပ္ထားလို႔ ႏႈတ္‌ခမ္းေလးက အနည္းငယ္ဆူေနသည္....။

ေနမေကာင္းလို႔ ျဖဴဖပ္ေနသၫ့္ ႏႈတ္ခမ္းသားမ်ားႏွင့္ မ်က္ကြင္းညိုမ်ားက ဝဠာ့ကို မ်က္ရည္က်ဖို႔လံုေလာက္ေစသည္....။ လက္ျဖဴျဖဴသြယ္သြယ္ေလးေတြက ခုေတာ့ အညိုအမဲမ်ားႏွင့္....ေသြးသစ္ကိုယ္ေပၚတြင္ မေန့ညက ဝဠာၿခံဳေပးထားေသာ ေဆာင္ပါးေလးတစ္ထည္က ေနရာယူေနလ်က္.....။

ဝဠာမွာ ေဆာင္ကိုၾကၫ့္ၿပီးမ်က္ေစာင္းတစ္ထိုးထိုး....သူကိုယ္တိုင္ၿခံဳေပးထား ေပမယ့္လည္း သဝန္တို‌ပါသည္...။

ဝဠာဆိုတာ ေသြးသစ္ ရႉသြင္းရႉထုတ္ေနတဲ့ ေအာက္ဆီဂ်င္နဲ႔ကာဗြန္ဒိုင္ေအာက္ကိုေတာင္ ဆြဲထိုးလို႔ရရင္ ဆြဲထိုးခ်င္ပါရဲ့....သဝန္တိုလြန္းလို႔ပင္.....။

ေသြးသစ္ႏိုးလာေတာ့....ပထမဆံုးျမင္ရသည္က ဝဠာ့ကိုပင္.....။

ဝဠာ၏ ယခုပံုစံက......

တစ္ညလံုးကားေမာင္းထားတာေတာင္ မ်က္ႏွာေလးက ၾကည္လင္ေနေရာ....ေသြးသစ္ေလာက္ အသားမျဖဴေပမယ့္ အသားျဖဴတဲ့ထဲပါသည္.....။ လက္သည္းခြံၾကည္ၾကည္ေလးေတြႏွင့္....လက္ေခ်ာင္းေပၚက ေမႊးၫွင္းေလးေတြက ဆြဲေဆာင္မႈရိွတယ္.....။

ရွပ္အျဖဴကို တံေတာင္ဆစ္အထိ ေခါက္တင္ထားေသာေၾကာင့္ ေသြးေၾကာစိမ္းမ်ားက အထင္းသား....ဝဠာက ျမန္မာတရုတ္ကျပားျဖစ္လို႔.... မ်က္ရစ္မပါေပ..။ မ်က္ရစ္မပါေပမယ့္ အၾကၫ့္ေတြက ေလးနက္သည္...။
ညာဘက္ နားထင္တြင္ရိွေသာ မွၫ့္‌နီေလးတစ္လံုးက ပို၍ပင္ထင္ရွားေနကာ.....ပို၍လည္းဆြဲေဆာင္ေနသည္....။

၆ေပေက်ာ္ေနေသာ အရပ္က ေသြးသစ္ထက္ပင္ ေခါင္းတစ္လံုးေလာက္ပို၍ပင္ရွည္ေနသည္....။ ႏႈတ္ခမ္းပါပါးေလးႏွင့္ ႏွာတံစင္းစင္းေလး.....။ အမ်ားအျမင္တြင္ေတာ့ ဝဠာ၏ပံုစံသည္....လံုးဝ gentlemen type ျဖစ္သည္.။

တည္ၿငိမ္ေအးေဆးၿပီး......ျပတ္သားသည္။ ဘုရင္တစ္ပါး အလားပဲ....။

ေသြးသစ္ ဝဠာ့ကိုတစ္ခ်က္ၾကၫ့္ၿပီး.....ကိုယ္ေပၚတြင္ၿခံဳထားေသာ ေဆာင္အပါးေလးကိုေခါက္လိုက္သည္....။ ကားမွန္ကိုခ်‌လိုက္ေတာ့....

ျမဴမ်ားရစ္ဆိုင္းေနေသာ ေတာင္တန္းမ်ား.....ကားလမ္းတစ္‌လမ္းစာေလာက္ပဲ ရိွေသာလမ္းေဘးတြင္ ေခ်ာက္မ်ား ၊ သစ္ေတာမ်ားက အရမ္းပင္လွရက္ႏိုင္လြန္းသည္...။ စိမ္းစိုေနေသာေတာအုပ္မ်ား ၊ ေတာင္တန္းမ်ား ၊ ေႁမြလိမ္ေႁမြေကာက္လမ္းမ်ားက ျပင္ဦးလြင္ကို ေရာက္ေတာ့မည္ဟု ေျပာေန‌သေယာင္ေယာင္.....။

လမ္းေဘးတစ္ေလ်ွာက္ ဂ်ပန္ပိေတာက္ပန္းမ်ားက တစ္လမ္းလံုး ေရႊဝါေရာင္က်ဲထားသၫ့္အလား....ဝါထိန္လ်က္....။

ေသြးသစ္ေငးၾကည့္ေနတုန္း......ဝဠာဆီမွ ေလသံေအးေအးေလး....

"အႏိုး.....ႏိုးလာၿပီလား....ေရ႔ွနားက် ၂၁မိုင္ေရာက္ေတာ့မွာ အက္က်မွ မ်က္ႏွာသစ္ၿပီး မနက္စာစားၾကမယ္ေနာ္...."

"ဟုတ္ ကိုျမတ္သြင္..."

"ေအးေန‌လားအႏိုး...ေဆာင္ၿခံဳထားပါလား...အႏိုးႏွာထိပ္ေလးေတြ နီရဲေနၿပီ...."

ဝဠာ....ရယ္ကာေျပာေတာ့ ေသြးသစ္က မ်က္ႏွာထားတည္တည္ေလးနဲ႔ပဲ....

"ရတယ္ ကိုျမတ္သြင္ က်ေနာ္ အဆင္ေျပပါတယ္....."

ဝဠာ....ဖုန္း contactsထဲဝင္ကာ.....ဦးေလး ဟူသၫ့္နာမ္စားအား ႏိွပ္လို႔ ဖုန္းေခၚလိုက္သည္....။

"ေအး...ဝဠာေစာေစာစီးစီ ဘာကိစၥလဲ..."

"ဦးေလး...ကြၽန္ေတာ္ ျပင္ဦးလြင္ေျပာင္းေရြ့တဲ့ကိစၥကို လ်ိႈ႔ဝွက္ထားေပးပါ ၿပီးေတာ့ ကြၽန္ေတာ္ကားတည္ေနရာေတြေရာ သြားခဲ့တဲ့ CCTVေတြေရာ ဖ်တ္ေပးပါအံုး..."

"ေဟာင့္ ဝဠာမင္းဘာေတြေလ်ွာက္လုပ္ျပန္ၿပီလဲ..."

"ကြၽန္ေတာ္ဘာမွမလုပ္ပါဘူး..."

"ေအးေျပာလိုက္ရင္လည္း ဘာမွမလုပ္ဘူးေအးစက္စက္နဲ႔.....မင္းေတာ့ တယ္ခက္ပါလား...."

"ဟာ ဦးေလးက..ဗ်ာ အရမ္းအရစ္ရွည္တာပဲ ေယာက်ာ္းခိုးလာလို႔ဟုတ္ၿပီလား... ဒါပဲဗ်ာ ဖ်တ္ထားေပးအံုးေနာ္ ၿပီးေတာ့ ေစာ္ဘြားကိုလည္း ဖုန္းဆက္ေပးထားအံုး..."

"ေဟ....ေယာက်ာ္းခိုးတယ္ဟုတ္လား...."

"ဟုတ္ပါတယ္ဆိုဗ်ာ...ဒါပဲေနာ္..."

ဝဠာ ဖုန္းခ်ၿပီး အႏိုးဘက္ကို ရွက္ကိုးရွက္ကန္းေလးႏွင့္ လွၫ့္ၾကၫ့္လိုက္ကာ....အနည္းငယ္ရယ္ျပလိုက္သည္....။ ေသြးသစ္ကေတာ့ မ်က္လံုးျပဴးေလးႏွင့္သူ႔ကိုၾကၫ့္ေနတုန္း...

"ဟို.....ကိုယ္ကေလ စကားအျဖစ္ေျပာလိုက္တာပါ တကယ္ခိုးတာမဟုတ္ပါဘူး....အႏိုး...အႏိုးသေဘာတူရင္ေတာ့တကယ္ေပါ့...."

"ဗ်ာ....!!!! "

"ကိုယ္က စတာပါ....အာ့မွဦးေလးက fileေတြဖ်တ္ေပးမွာမို႔ေလ အႏိုးစိတ္မပူနဲ႔ေနာ္ ကိုယ့္နားမွာ ေအးေအးခ်မ္းခ်မ္းေနလို႔ရတယ္...."

"ရပါတယ္.... ကြၽန္ေတာ့ကို သီခ်င္းေလးဖြင့္ေပးပါအံုး..."

"အြန္း....ကိုယ္ဖြင့္လိုက္ၿပီေနာ္...."

သီခ်င္းဖြင္းရင္း ဝဠာစ‌ဉ္းစားေနသည္က

'ဒီေအးစက္သြားတဲ့ ေကာင္ေလးကို ပံုမွန္ျပန္ျဖစ္ေအာင္ ပိုဂရုစိုက္ရမည္...' ဟုပင္.....။

ဦးေသာတက ေဆးရံုအုပ္ဆိုေပမယ့္ ဝဠာႏွင့္ေစာ္ဘြားမိဘေတြက စီးပြားေရးအေတာ္နယ္ခ်ဲ့သည္....။ အာဏာလည္း အသင့္အတင့္ရိွသည္....။ ႏိုင္ငံျခားသံရံုးမ်ားႏွင့္ ႏိုင္ငံေရးဘက္တြင္လည္း အေတာ္အသင့္အာဏာရိွသၫ့္အတြက္ CCTVဖ်တ္တာေလာက္က အေသးအမႊားပင္.....။

"ေတာင္ပံပါရင္မင္းဆီကို......

ဟိုးေဝးေနခ်ိန္ေလး ခရီးေလးကို....

လွမ္းလက္ရယ္အင္အားရိွစြာ ေထြးပိုက္ပါေတာ့

ရင္ခုန္သံေတြအိပ္စက္ဆို႔....."

‌ေသြးသစ္ သီခ်င္းေလးၿငီးကာ.....ေတာင္တန္းေတြကိုပဲ ေငးေနမိသည္....။ သူအရာအားလံုးကို စိတ္နာသည္...။ သမုနဲ႔ပတ္သတ္၍ေပါ့.....

သမုကိုလြမ္းလားဆိုေတာ့ မလြမ္းပါဘူး......သမုနဲ႔ပတ္သတ္ၿပီး သူ႔မွာ ဘာစိတ္မွမရိွေတာ့ဘူး အခ်စ္ေရာ အမုန္းေရာ..... အရာအားလံုးက အိပ္မက္လို႔ပဲ ....သေဘာထားေတာ့မယ္.....။

ေသြးသစ္ခု သူသေဘာက်တဲ့ coffe ဆိုင္ေလးတစ္ဆိုင္ဖြင့္မယ္ ပရဟိတစာၾကၫ့္တိုက္ေလးေရာ ေအးေအးခ်မ္းခ်မ္းေလးနဲ႔ပဲ......သူ႔ဘဝရဲ့က်န္ရိွတဲ့အခ်ိန္ေတြကုန္ဆံုးပါေတာ့မယ္......။

မိဘေတြလား..... သူမိဘေမတၲာမေမ်ွာ္လင့္ေတာ့ပါ....သူေပ်ာက္သြားလဲ မိဘေတြက စိတ္ပူမွာမွ မဟုတ္ပဲ သတိေတာင္ထားခ်င္မွထားမွာ.....။

သူ ကိုျမတ္သြင္နဲ႔ ယေသာ္ကိုေက်းဇူးတင္ပါသည္....။ သူတို႔ေၾကာင့္သာ ေသြးသစ္ခုလို လြတ္လပ္ခြင့္ရတာ.....အခြင့္အေရးရခဲ့ရင္ ျပန္ၿပီး‌ ေက်းဇူးဆပ္ခ်င္ပါရဲ့....။

ဝဠာ ေသြးသစ္ကို စိတ္မခ်စြာ ခနခနၾကၫ့္မိသည္....။ ‌ေသြးသစ္ရဲ့ အၿပံဳးေတြက အရင္လို မေတာက္ပေတာ့ မဟုတ္ဘူး အၿပံဳးေတြ ထင္က်န္မေနရစ္ေတာ့‌တာ....။

ေအးစက္စက္နဲ႔....တည္ၿငိမ္လြန္းလွသည္...။ ဝဠာ ခုခ်ိန္ထိ ေသြးသစ္ရဲ့ မူလပံုစံအမွန္ကို မသိေသးပါ...။ ‌

[တစ္ျဖည္းျဖည္း

အႏိုး ဒဏ္ရာေတြကုစားေပးလို႔

အမ်ားႀကီး ျမတ္ႏိုးသြားပါမယ္ အႏိုးရယ္.....။]

By Nyathwaychey


ဒါကေတာ့ ဂ်ပန္ပိေတာက္ေပါ့ က်ေနာ္တို႔ဘက္က အေခၚအေဝၚပါ မေလးရွားပိေတာက္ (Acacia Auriculiiformis- ေအာ္ေရးရြား) ပင္လို႔လည္းေခၚပါတယ္။
#ပံုနဲ႔ အပင္နာမည္တြက္ creditေပးပါတယ္။

(A/N
‼️အေရးႀကီးတာေလးတစ္ခု ေျပာခ်င္ပါတယ္ေနာ္ အက္တာကေတာ့ update ကိစၥပါ က်ေနာ္ updateကို ဆယ္ရက္ေလာက္နားပါမယ္...လက္ကမနားလို႔မရေတာ့လို႔ပါ.....ဆက္ၿပီးဒီပံုစံအတိုင္းသြားမယ္ဆို က်ေနာ္ ခြဲစိတ္ရမယ့္အေျခေနထိေရာက္ေနလို႔ပါ....အားနာစြာနဲ႔ပဲ updateဆယ္ရက္ေလာက္နားပါ့မယ္ေနာ္.....

Ongoingလိုက္ေပးတဲ့သူေတြေရာ ဒီficေလးကို ဖတ္ေပးၾကတဲ့သူေတြေရာ အကုန္တစ္ဦးခ်င္းစီ ေက်းဇူးတင္ရိွပါတယ္.... plotကေတာ့ က်ေနာ္စဉ္းစားထားတဲ့ အတိုင္းပဲသြားမွာပါ....ဒီficကိုလြန္ခဲ့တဲ့ငါးလေလာက္ကထဲက အကုန္ အစီစဉ္ေတြခ်ထားတာမို႔ပါ.....

ေျခာက္ထပ္ေဂြ့ကို ၾကားဖူးၾကတယ္မလား....ေျခာက္ထပ္ေဂြ့ ပံုက ထၫ့္ေပးခ်င္ေပမယ့္ ရွာတာမေတြ့လို႔....အရမ္းလွတယ္ ...💜

ဒီ ficထဲမွာပါတဲ့ အေၾကာင္းအရာမ်ားက fiction သက္သက္ပါပဲေနာ္ ျပင္ဦး‌လြင္အေၾကာင္းအရာမ်ားကိုလည္း အရင္ကပံုစံအတိုင္းေလးပဲ ေရးထၫ့္သြားမွာပါ....

[ ဥပမာ အရမ္းေအးတာတို႔ဘာတို႔ေပါ့...ခုေနာက္ပိုင္း ေမၿမိဳ႔က ပူလာၿပီ အရင္ကလို အရမ္းမေအးေတာ့လို႔ပါ.....ေမၿမိဳ႔နဲ႔ပတ္သတ္ၿပီး သိခ်င္တာရိွ လာေမးပါဗ် သိသေလာက္ ေျဖၾကားမွာမို႔....က်ေနာ္က ေမၿမိဳ႔သူ စစ္စစ္ပါေနာ္ ရွမ္းေသြးေတာ့အနည္းငယ္ေရာတယ္ ရွမ္းေတြလိုအသားေတာ့မျဖဴပါဘူး ရွမ္းစကားလည္းမတတ္ပါဘူး😑 ]

မည္သူတစ္ဦးတစ္ေယာက္ကိုမွ ထိခိုက္လိုစိတ္မရိွတဲ့အတြက္ fiction သေဘာမ်ိဳးပဲ မွတ္ယူေပးပါဗ်.....‼️)

Continue Reading

You'll Also Like

271K 19.4K 35
ဘေးအိမ်ကအရူးလေးကလည်း ကိုယ့်ချစ်သူဖြစ်လာနိုင်ပါတယ် ☺️ ေဘးအိမ္ကအ႐ူးေလးကလည္း ကိုယ့္ခ်စ္သူျဖစ္လာနိုင္ပါတယ္ ☺️ Start date (13.4.2022)
880K 15.9K 56
" ဒယ်ဒီဘာပြောပြောဖြူဖြူတို့လက်ထပ်စရာမလိုပါဘူးကိုကို.." " ဒါပေါ့.. မင်းကမိဘကိုလည်းဂရုမစိုက်၊ပတ်၀န်း ကျင်ကိုလည်းဂရုမစိုက်ပဲနေနိုင်ပေမယ့်.. ငါကတော့ဆရာသ...
186K 14.7K 25
အို့မိုင်ဂေါ့ ငါလေးက လူမှားပြီးပြန်ပေးဆွဲခံရတာတဲ့လား? အို႔မိုင္ေဂါ့ ငါေလးက လူမွားၿပီးျပန္ေပးဆြဲခံရတာတဲ့လား? "ဝိုင်းချစ်ကိုချစ်သောအားဖြင့် လင်ပေးစားပါ...
419K 11.9K 54
Own Ceration, Both uni&zawgi Cover photo credit. Romance love fiction🖤 (အဒေါ့ဟစ်တလာကတော့. . "ချစ်လှစွာသောအီဗာရေ ငါ့ဗိုလ်ချုပ်ကြီးတွေနဲ့ငါပိုင်သမျှက...