သူဌေးကြီး၏ဒုတိယမြောက်အိမ်ထောင...

By OpalHawthorn28

2.3M 316K 17.8K

Title....Second merriage of a wealthy old man မူရင်းအော်သာ....Tangerine Boat(Cannon folder cheat system ရေးတဲ... More

Description
Chapter (1)
Chapter(2)
Chapter(3)
Chapter(4)
Chapter(5)
Chapter(6)
Chapter(7)
Chapter(8)
Chapter(9)
Chapter(10)
Chapter(11)
Chapter(12)
Chapter(13)
Chapter(14)
Chapter(15)
Chapter(16)
Chapter (17)
Chapter(18)
Chapter(19)
Chapter(20)
Chapter(21)
Chapter (22)
Chapter (23)
Chapter (24)
Chapter (25)
သူရဲကောင်းကြီးရဲ့အမှာစာ🏹🏹
Chapter (26)
Chapter (27)
Chapter (28)
Chapter (29)
Chapter (30)
Chapter (31)
Chapter (32)
Chapter (33)
Chapter (34)
Chapter (35)
Chapter (36)
Chapter (37)
Chapter (38)
Chapter (39)
Chapter (40)
Chapter (41)
Chapter (42)
Chapter (43)
Chapter (44)
Chapter (45)
Chapter (46)
Chapter (47)
Chapter (48)
Chapter (49)
Chapter (50)
Chapter (51)
Chapter (52)
Chapter (53)
Chapter (54)
Chapter (55)
Chapter (56)
Chapter (57)
Chapter (58)
Chapter (59)
Chapter (60)
Chapter (61)
Chapter (62)
Chapter (63)
Chapter (64)
Chapter (65)
Chapter (66)
Chapter (67)
Chapter (68)
Chapter (69)
Hi
Chapter (70)
Chapter (71)
Chapter (72)
Chapter (73)
Chapter (74)
Chapter (75)
Chapter (76)
Chapter (78)
Chapter (79)
Chapter (80)
Chapter (81)
Chapter (82)
Chapter (83)
Chapter (84)
Chapter (85)
Chapter (86)
Chapter (87)
Chapter (88)
ရေဘဝဲသူရဲကောင်းကြီး၏ ကျေးဇူးတင်လွှာ

Chapter (77)

17.8K 2.7K 106
By OpalHawthorn28

[TN:ပြီးဆုံးရန် ၁၁ ပိုင်းသာကျန်ပါတော့သည်]

နှစ်ကုန်စာမေးပွဲပြီးဆုံးခဲ့ပြီ။မကြာမှီရက်ပိုင်းအတွင်း ကျူယောင်ကို ခရီးထွက်ကြရတော့မယ်။

လော်ရှို့တို့ သူငယ်ချင်းတစ်သိုက်က မြင်းစီးထွက်ဖို့ ချိန်းဆိုထားကြတယ်။မုန့်ရန် စာမေးပွဲဖြေပြီးတဲ့အချိန်နဲ့ ကြုံကြိုက်နေတာကြောင့် လော်ရှို့က မုန့်ရန်ကိုပါ မြင်းစီးဖို့ ခေါ်သွားခဲ့တယ်။မြင်းစီးမထွက်ရတာ ကြာနေပြီဖြစ်တဲ့ အတွက် မုန့်ရန်ဘက်ကလဲ ပျော်ပျော်ကြီး သဘောတူခဲ့တယ်။

မြင်းခြံကနေပြန်လည်ထွက်ခွာတော့မယ် ကားသုံးစီးရှိတယ်။ကားတစ်စီးပေါ်က ချောမောလှပတဲ့ ကောင်လေးတစ်ယောက်က မုန့်ရန် စီးနင်းနေတဲ့ မြင်းကို မြင်လိုက်တာနဲ့...

"ရပ်လိုက်..ရပ်လိုက်..."

"ဘာဖြစ်လို့လဲ"

ကျောက်တဟိုင်က မေးလိုက်တယ်။

"ဟိုမှာတွေ့လား ရွှေရောင်သမ်းနေတဲ့မြင်းလေ...အရမ်းလှတာပဲ.."

ကျောက်ရိက လည်ဆန့်ပြီး ကြည့်လိုက်တယ်။တစ်ချက်ကလေးကြည့်လိုက်ရုံနဲ့ ဒီမြင်းကို ကျောက်ရိသဘောကျနေပြီ။ကြည့်လိုက်ရုံနဲ့တင် သူ့အဖေ မဝယ်ပေးနိုင်လောက်တဲ့အထိ စျေးကြီးမယ်ဆိုတာ သိသာနေတယ်။

"အဲ့တာ လော်Groupရဲ့ ဉက္ကဌကြီးမလား??"

နောက်ကားပေါ်က သက်လတ်ပိုင်းအရွယ် လူကြီးတစ်ယောက်က လှမ်းပြောလိုက်တယ်။

"ဘယ်မှာလဲ?"

"ရွှေရောင်သမ်းနေတဲ့ မြင်းပေါ်ကတစ်ယောက်လေ"

"တကယ်ထူးဆန်းတာပဲ...ဒါဆို ဉက္ကဌလော်နဲ့ အတူစီးနေတာဘယ်သူလဲ??ဉက္ကဌလော်က တကယ်ကြီး အဲ့လူအတွက် မြင်းထိန်းပေးနေတာလား??"

"ပေါက်ကရမေးခွန်းတွေမေးနေပြန်ပြီ။အဲ့တာ လော် Groupရဲ့မင်းသားလေးလော်ကျွင်းရယ်ကို မွေးပေးထားတဲ့သူကွ...လော်ရှို့ကိုယ်တိုင် မြင်းထိန်းပေးနေတာ မထူးဆန်းတော့ဘူး"

"ကြည့်လိုက်ပါဉီး...မစ္စတာလီ၊မစ္စတာချီနဲ့ မစ္စတာဟယ်တို့လဲ အဲ့မှာရှိနေတာပဲ..."

"မစ္စတာဝမ်...ခင်ဗျားက ဉက္ကဌလော်နဲ့ ရင်းနှီးတယ်မလား??သွားနှုတ်ဆက်ပြီး စကားပြောကြရင်မကောင်းဘူးလား?"

"ကောင်းသားပဲ...သွားကြမယ်လေ.."

ဒီလူတွေက သူကနေတစ်ဆင့် လော်ရှို့နဲ့ အသိမိတ်ဆွေဖွဲ့ဖို့ ကြိုးစားနေမှန်း ဝမ်ရွှမ်းသိတာပေါ့။ဝမ်ရွှမ်းက တချိန်က အောင်သွယ်လုပ်ဖို့ လော်ရှို့နဲ့ တွေ့ဆုံခဲ့ဖူးတယ်။

ကားပေါ်ကပြန်ဆင်းပြီး လော်ရှို့ရှိရာဆီသွားခဲ့ကြပေမယ့် သက်တော်စောင့်တွေ တားဆီးတာခံလိုက်ရတယ်။သက်တော်စောင့်တွေက ဝမ်ရွှမ်းကို သိပေမယ့် ဝမ်ရွှမ်းနဲ့ အတူပါလာတဲ့သူတွေကို မသိတာကြောင့် စည်းကမ်းအရ လော်ရှို့ဆီ သတင်းပို့ရပါလိမ့်မယ်။

လော်ရှို့ဆီက ခွင့်ပြုချက်ရတော့မှသာ ထိုလူတွေကို လော်ရှို့ဆီသွားခွင့်ပေးလိုက်ကြတယ်။

"အခုတလော အလုပ်များနေတာမဟုတ်ဘူးလား??ဘယ်လိုဖြစ်လို့ မြင်း​ပြိုင်ကွင်းကိုရောက်နေတာလဲ?"

ဝမ်ရွှမ်းက စကားဉီးသမ်းပြီးလော်ရှို့ကို မေးလိုက်တယ်။

"အလုပ်တွေ မြန်မြန်ဖြတ်ပြီး အေးအေးဆေးအေးအနားလာယူနေတာ.."

လော်ရှို့က ဝမ်ရွှမ်းနဲ့အတူပါလာတဲ့သူတွေကို ကြည့်လိုက်ပြီး...

"အကျိုးတူပူပေါင်းဖို့ လာကမ်းလှမ်းတာလား?"

မစ္စတာချီယန်...."အကျိုးတူပူးပေါင်းဖို့က မနေ့ကတည်းက ညှိနှိုင်းပြီးပါပြီ...ကျုပ်တို့တတွေ ဒီအတိုင်းအနားလာယူရုံပါ..မိတ်ဆက်ပေးရဉီးမယ်။ဒါက ဟန်းဖန်ကလာတဲ့ မစ္စတာကျောက်...သူတို့နှစ်ယောက်က မစ္စတာကျောက်ရဲ့ မိတ်ဆွေတွေပါ...မစ္စတာစွန်းနဲ့ မစ္စတာကျန်း..."

"တွေ့ရတာဝမ်းသာတယ်ဗျာ..ကျုပ်က ကျောက်တဟိုင်ပါ..ခင်ဗျားတို့ ရုံးခွဲနဲ့ အရင်က ပူးပေါင်းဖူးတယ်လေ..."

ကျောက်တဟိုင်က ရှေ့တိုးလာပြီး လော်ရှို့ကို လက်ဆွဲနှုတ်ဆက်လို​က်တယ်။

ကျန်တဲ့ နှစ်ယောက်ကလဲ လော်ရှို့ကို လက်ဆွဲနှုတ်ဆက်လိုက်ပြီး သူတို့ကိုယ်သူတို့ မိတ်ဆက်နေတယ်။

လက်ဆွဲနှုတ်ဆက်ပြီးတာနဲ့ လော်ရှို့က လက်တစ်ဖက်နဲ့ ဖက်ထားတဲ့ မုန့်ရန်ကို မြင်းပေါ်က ဆင်းဖို့ ပွေ့ချီလိုက်တယ်။

ဉက္ကဌသုံးယောက်နဲ့အတူပါလာတဲ့ ချောမောခန့်ညားတဲ့ လူငယ်သုံးယောက်က မုန့်ရန်ကို မနာလိုဖြစ်နေတဲ့ အကြည့်တွေနဲ့ ကြည့်နေကြတယ်။လော်ရှို့က ချမ်းသာပြီးအာဏာရှိတင်မကဘူး အရမ်းလဲ ခန့်ညားတယ်။သူတို့မှာသာ ရွေးချယ်ခွင့်ရှိမယ်ဆို လော်ရှို့လို လူမျိုးကိုပဲ ရွေးချယ်ချင်ပေမယ့် သူတို့အတွက် အခွင့်ရေးမရှိတော့ဘူးလေ....

"သခင်လေးမုန့် ထင်တယ်"

ကျောက်တဟိုင်က မုန့်ရန်ကိုကြည့်ပြီးမေးလိုက်တယ်။

လော်ရှို့က မုန့်ရန်ကိုယ်စား ခေါင်းညိတ်ပြလိုက်တယ်။

"သူက ကျုပ်ရဲ့သား ကျောက်ရိပါ..သူက St.James ကဆရာလျိုရဲ့တပည့်...သူကအခုမှ ပထမနှစ်.."

ကျောက်တဟိုင်က သားဖြစ်သူနဲ့ ချက်ချင်းမိတ်ဆက်ပေးလိုက်တယ်။

"Hello.."

မုန့်ရန်က သူတို့တစ်တွေကို ပြုံးပြလိုက်တယ်။

ကျောက်ရိက မြင်းကို အနီးကပ်ကြည့်လိုက်ပြီး လော်ရှို့ကိုလဲ ကြည့်လိုက်တယ်။အတွေးထဲမှာတော့..

//တကယ်ကို ယောက်ကျားကောင်းတစ်ယောက်ပဲ...
ငါသာ သူနဲ့ စောစောစီးစီးတွေ့ခဲ့မယ်ဆို ဘယ်လောက်ကောင်းလိုက်မလဲ??ဒါဆို ဒီမြင်းကလဲ ငါ့အတွက်ပဲ ဖြစ်နေမှာ...//

[TN: ယွီကျွင်းချန်ကိုဆဲလို့မပြီးသေးဘူး နောက်တစ်ကောင်က ရောက်လာပြန်ပြီ...]

လော်ရှို့တို့ လင်မယားက နားနေဆောင်မှာ အနားယူဖို့ စီစဉ်ထားပေမယ့် အလိုက်ကန်းဆိုးမသိတဲ့ ထိုလူတွေ မပြန်သေးတာကြောင့် စကားထိုင်ပြောနေရတယ်။လော်ရှို့နဲ့ အခုလို အေးအေးဆေးအေး စကားပြောဖို့ အခွင့်ရေးဆိုတာ ရွှေထက်တောင်ရှားပါးသေးတယ်။ဒါ့ကြောင့် ထိုလူတွေကလဲ ချက်ချင်းမပြန်သေးဘဲ စကားပြောဖို့ ဆိုင်းပြင်းနေကြတယ်။

မုန့်ရန်က Juice တစ်ခွက်သောက်ရင်း စကားဝိုင်းကို နားစွင့်နေတယ်။ပျင်းရိလာတာကြောင့် ကွင်းတစ်ပတ်လောက် မြင်းစီးဖို့ မတ်တပ်ထရပ်လိုက်တယ်။

မုန့်ရန်ထွက်သွားတာကို မြင်တာနဲ့ ကျောက်ရိက မုန့်ရန်နောက်ကနေလိုက်ပြီး စကားပြောဖို့ ကြိုးစားလိုက်တယ်။

"တွေ့ရတာဝမ်းသာပါတယ်..သခင်လေးမုန့်.."

ကျောက်ရိက မုန့်ရန်ကို ပြုံးပြီး နှုတ်ဆက်လိုက်တယ်။

မုန့်ရန်က ကျောက်ရိကို စကားတစ်ခွန်းမှမပြောဘဲ ခေါင်းညိတ်ပြီးပြုံးပြလိုက်တယ်။

"သခင်လေးမုန့်က မြင်းစီးရတာကြိုက်တယ်နဲ့တူတယ်"

"ကျောင်းက တက်ခိုင်းတဲ့ သင်တန်းကြောင့်ပါ..တစ်ခါတစ်လေမှသာ စီးဖြစ်တာ.."

"ဒီမြင်းကအရမ်းလှပြီး ခန့်ညားလိုက်တာ.."

"ကျေးဇူးပါ.. "

"ဟိုလေ...ကျွန်တော့်ကို ခဏလောက် စီးခွင့်ပေးလို့ရမလား?..နှစ်မိနစ်လောက်ပါပဲ...Please.."

ကျောက်ရိက မုန့်ရန်ကို အသနားခံနေတဲ့ အကြည့်နဲ့ ကြည့်လိုက်ပြီးတောင်းဆိုလိုက်တယ်။

မုန့်ရန်က တစ်ခွန်းမှပြန်မပြောဘဲ ဒီအတိုင်းကြည့်နေလိုက်တယ်ဆိုပေမယ့် ဒါဟာ ငြင်းဆန်နေတဲ့ အဓိပ္ပာယ်မှန်း လူတိုင်းသိတယ်။

မုန့်ရန်ရဲ့ ငြင်းဆန်လိုတဲ့အကြည့်တွေက ကျောက်ရိကို စိတ်ပျက်သွားစေခဲ့တယ်။မုန့်ရန် အပြောချို၊မချိုဆိုတာ စူးစမ်းချင်တာကြောင့် ကျောက်ရိအခုလို တောင်းဆိုလိုက်တာပါ။အခုကြည့်တာ မုန့်ရန်က အပြောချိုတဲ့သူမဟုတ်ဘူးဆိုတာ သိသာထင်ရှားနေပြီ။

"ရုတ်တရက်ကြီး ခွင့်တောင်းမိလိုက်တဲ့အတွက် တောင်းပန်ပါတယ်နော်.."

ကျောက်ရိက မုန့်ရန်နဲ့သာ ကောင်းမွန်တဲ့ ဆက်ဆံရေးတည်ဆောက်နိုင်မယ်ဆို အကျိုးအမြတ်တွေရမှာသိနေတဲ့ အတွက် တောင်းပန်တဲ့ အကြည့်တွေနဲ့ ကြည့်ပြီးတောင်းပန်လိုက်တယ်။ လော်ရှို့အနားကို ချဉ်းကပ်နိုင်​ခြင်းကသာ ရလာမယ့် အကျိုးအမြတ်တွေထဲမှာမှ အကြီးမားဆုံးသော အကျိုးမြတ်ဖြစ်လာပါလိမ့်မယ်။သူက လော်ရှို့ကို ချစ်မိနေသူတစ်ယောက်ဖြစ်နေတဲ့အတွက် မိတ်ဆွေအဖြစ်နဲ့အနားမှာရှိနေနိုင်မယ်ဆို အတိုင်းထက်အလွန် ပျော်ရွှင်မှာပါ...

"အခုဆို သခင်လေးမုန့်က ရနံ့ကုထုံးအသိုင်းအဝိုင်းမှာ Celeတစ်ယောက်ဖြစ်နေပြီနော်။ကျွန်တော့်အတန်းဖော်တွေဆို သခင်လေးမုန့်ကို တအားသဘောကျနေတာကြတာ။ကျွန်တော်ဆိုလဲ သခင်လေးမုန့်ကို အရမ်းလေးစားနေရတာ။ကံကောင်းလွန်းလို့သာ အခုလိုစကားပြောခွင့်ရတာ။ကျောင်းရောက်ရင် သူတို့တွေကို ကြွားရဉီးမယ်.."

မုန့်ရန်က အစေပိုင်းကတည်းက ကျောက်ရိရဲ့ အတွင်းကြိတ်အကြံစည်တွေကို ရိပ်မိနေတယ်။အခုလို တိုတောင်းတဲ့ စကားပြောဆိုမှုကနေဆင့် ကျောက်ရိရဲ့ အကြံအစည်တွေကို သိလိုက်ရပြီ..

ကျောက်တဟိုင်ရဲ့ များပြားလှတဲ့ တိတ်တိတ်ပုန်းသားသမီးတွေထဲကနေ တရားဝင်ပြုစုပျိုးထောင်ပေးဖို့ အရွေးခံထားရတယ်ဆိုတော့ ကျောက်ရိရဲ့ပါးနပ်မှုကို အံ့သြစရာမလိုတော့ဘူးလေ..ဒါပေမယ့် ကံဆိုးတာက ကျောက်ရိ လှည့်ကွက်တွေသုံးနေတဲ့သူက မုန့်ရန်ဖြစ်နေတာပါပဲ...

"မြွေကိုက်ခံထားရဖူးသူက ဆယ်နှစ်ကျော်ကြာတဲ့အထိ ကြိုးတစ်ချောင်းကို မြင်ရင်တောင်ကြောက်လန့်နေတုန်းပဲ..ဆိုတဲ့စကားပုံကို သခင်လေးကျောက်ကြားဖူးလား?"

ကျောက်ရိ နဝေတိမ်တောင်ဖြစ်သွားတယ်။မုန့်ရန်ဘာတွေဘာမေးနေတာလဲ??ဒိီစကားပုံကို မူကြိုကလေးတွေတောင်ကြားဖူးနေတဲ့ဟာကို...

"သခင်လေးကျောက်လို ထက်မြင်တဲ့သူက ဒီစကားပုံရဲ့ အဓိပ္ပာယ်ကို နားလည်ပြီးသားမဟုတ်လား??"

မုန့်ရန်က ပြုံးပြီး ပြောလိုက်တယ်။

ကျောက်ရိ မြန်မြန်စဉ်းစားနေတယ်။သူကြားဖူးတာတော့....မုန့်ရန်ရဲ့ မိထွေးဘက်ကပါလာတဲ့ အစ်ကိုက မုန့်ရန်ရဲ့ ရည်းစားကို စနိုက်ကြော်သွားတယ်၊မုန့်ရန်က ရည်းစားဟောင်းရဲ့ အဖေကို ချက်ချင်းလက်ထပ်လိုက်တယ်...နေစမ်းပါဉီး..မုန့်ရန်ဘာကို ဆိုလိုချင်နေတာလဲ???

[TN: ဒူနေလိုက်ဟေ့...သတော်စော်ကောင်၊
ဒူဝေဝေအကောင်ရဲ့ ]

ကျောက်ရိသေချာစဉ်းစားတယ်။မုန့်ရန်က တကယ်လဲ စကားပုံထဲကလို ကြုံတွေ့ခဲ့ရတာပဲ...စကားပုံရဲ့ ဆိုလိုရင်းအဓိပ္ပါယ်က တကယ်ကိုလေးလံလွန်းတယ်။နားနေဆောင်ထဲမှာ ထိုင်စကားပြောနေတဲ့ လော်ရှို့ကို တစ်ချက်ကြည့်လိုက်ပြီးမှ မုန့်ရန်ကို ပြောလိုက်တယ်။

"အာ...သခင်လေးမုန့် ကျွန်တော့်ကို နားလည်မှုလွဲနေပြီထင်တယ်။ကျွန်တော်က သခင်လေးမုန့်ကို တကယ်လေးစားလို့ မိတ်ဆွေဖွဲ့ချင်ရုံလေးပါ။တခြားဘာစိတ်ကူးမှ မပါပါဘူး"

"ဒီလိုဆိုတော့လဲ ကျွန်​တော့်ဘက်ကလဲ ပြန်ဖြေရတာပေါ့...ကျွန်တော်နဲ့ ခင်ဗျားက တူညီတဲ့သူတွေမဟုတ်
ဘူး။အဲ့​တော့ မိတ်ဆွေဖွဲ့ဖို့ဆိုတာ မဖြစ်နိုင်ဘူး.."

"တူညီတဲ့သူတွေမဟုတ်ဘူး???"

မုန့်ရန် သူ့ကို မနှစ်မြို့ဘူးဆိုတာ ကျောက်ရိသတိပြုမိလိုက်တယ်။မုန့်ရန်က သူရဲ့ တိတ်တိတ်ပုန်းသားသမီးဆိုတဲ့ ဂုဏ်ပုဒ်ကြောင့် အထင်သေးနေတယ်ပေါ့။ဒါဟာ သူ့အတွက် အကြီးမားဆုံးသော နာကျင်မှုဖြစ်ပြီး သူ့ကို စိတ်အနှောက်အယှက်ပေးနေတဲ့အရာတစ်ခုလဲဖြစ်တယ်။ဒါဟာ စကားလုံးတွေနဲ့ရှင်းမပြနိုင်လောက်အောင် ခက်ခဲတဲ့ ခံစားချက်တွေဖြစ်တယ်။

"မစ္စတာမုန့်က ကျွန်တော့ကို အထင်သေးနေတာလား??ဟုတ်ပါပြီ...ဉက္ကဌလော်က လော်Groupရဲ့ ပဲ့ကိုင်ရှင်ဖြစ်တဲ့အတွက် ခင်ဗျားတို့နှစ်ယောက်
နဲ့ မိတ်ဆွေဖွဲ့ဖို့ ကျွန်တော့်မှာ အရည်အချင်းမရှိဘူးဆိုပေမယ့် ကံကြမ္မာဆိုတာ အမြဲလည်ပတ်နေတာပဲလေ.. ကျွန်တော့်ကို ကံတရားက မျက်နှာသာပေးလာမယ့်နေ့ဆိုတာလဲ ရှိလာနိူင်တာပဲ..အဲ့အခါကျတော့မှအခုပြောခဲ့တာတွေအတွက် နောင်တမရပါနဲ့..."

"အိုးးးမင်းမှာ ရည်ရွယ်ချက်ကြီးကြီးမားမားရှိမှန်း ငါသိတာပေါ့....မင်းလက်ရှိပိုင်ဆိုင်ထားတဲ့ နောက်ခံအင်အားက ပါးပါးလေးပဲရှိတယ်ဆိုတော့ အကုန်လုံးက မော်ကြည့်ရတဲ့ သူတစ်ယောက်ဖြစ်ချင်နေတယ်မလား??"

မုန့်ရန်က ရှေ့ကို တစ်လှမ်းတိုးလိုက်ပြီး ကျောက်ရိရဲ့ မျက်လုံးတွေကို စိုက်ကြည့်လိုက်ပြီး...

"သန်းခေါင်ယံအိမ်မက်ဆိုးတွေမက်​​နေရသလို တစ်ယောက်တည်း ကြောက်လန့်နေရတယ်မလား??မင်းကိုယ်မင်း စိတ်တိုင်းမကျဖြစ်နေတဲ့ အတွက် နာကျင်နေရတယ်မလား??"

သူ့ရဲ့ စိတ်ထဲက အနက်ရှိုင်းဆုံးနေရာမှာသိုဝှက်ထားတဲ့ ခံစားချက်တွေကို မုန့်ရန်က အကြည့်တစ်ချက်နဲ့တင် အကုန်ဖော်ထုတ်သွားတာကြောင့် ကျောက်ရိ ဒေါသထွက်နေပြီ...လက်သီးကို တင်းနေအောင်ဆုပ်ထားမိလိုက်တယ်။

မုန့်ရန်က သူ့ကို ပြုံးပြလိုက်ပြီး မြင်းပေါ်ခုန်တက်လိုက်ပြီး တဖြည်းဖြည်းချင်း ဝေးကွာသွားခဲ့တယ်။

အတိတ်ဘဝမှာတုန်းက မုန့်ရန်ဆိုတာ ယွီကျွင်းချန် ပြုသမျှနုရတဲ့ အမြှောက်စာဇာတ်ရံဖြစ်ခဲ့သလို၊ယွီကျွင်းချန် နင်းတက်သွားရမယ့် ကျောက်တုံးတစ်တုံးသာသာဘဝမျိုးဖြစ်ခဲ့တယ်။ကျောက်ရိက ယွီကျွင်းချန်ရဲ့ အကြီးမားဆုံးသော ပြိုင်ဘက်ဖြစ်ခဲ့တယ်။အတိတ်ဘဝမှာတုန်းက ကျောက်ရိနဲ့ ယွီကျွင်းချန်က ညီအစ်ကိုလို ဆက်ဆံရေးမျိုးရှိခဲ့ပြီး ကျောက်ရိက ယွီကျွင်းချန်နဲ့ ဆက်ဆံရေးကောင်းမွန်ဖို့ အတတ်နိူင်ဆုံးကြိုးစားခဲ့တယ်။ကျောက်ရိက ချန်းဆန်းကို ချစ်မိသွားတဲ့ အတွက် ချန်းဆန်းကို စနိုက်ကြော်ဖို့ နည်းမျိုးစုံသုံးပြီး ယွီကျွင်းချန်နဲ့ ခွာပြဲအောင်ကြိုးစားခဲ့တယ်။ယွီကျွင်းချန်ဘက်က ဒါတွေကို သိရှိသွားပြီး မေးခွန်းထုတ်တဲ့အခါ...မာနထောင်လွှားလွန်းတဲ့ ကျောက်ရိက ယွီကျွင်းချန် မုန့်ရန်အပေါ်လုပ်ခဲ့တဲ့ နည်းလမ်းကို သူသုံးခဲ့တာဖြစ်ကြောင်း..အချစ်နဲ့ စစ်မှာ မတရားတာမရှိကြောင်း အဖြေပြန်ပေးခဲ့တယ်။

ကျောက်ရိတစ်ယောက် ချန်းဆန်းကို အမိဖမ်းနိုင်တော့မလိုဖြစ်ခဲ့တယ်။သို့ပါသော်လည်း ချန်းဆန်းက ယွီကျွင်းချန် ကို တကယ်ချစ်တာကြောင့် အဖြစ်မှန်တွေသိသွားတဲ့ အခါ ကျောက်ရိကိုလဲ မုန့်ရန်လို အဆုံးသတ်ပေးလိုက်တယ်။

မုန့်ရန်က အတိတ်ဘဝက ကံကြမ္မာအလုံးစုံကို ပြောင်းလဲနိုင်ခဲ့ပြီလို့ ထင်ခဲ့ပေမယ့် တစ်ချို့သော ဇာတ်ကွက် တွေကတော့ တစ်မျိုးတစ်ဖုံနဲ့ တူညီနေကြဆဲပါပဲ...လော်ရှို့နဲ့ ချန်းဆန်းက ခေါင်းအစခြေအဆုံးကွဲပြားခြားနားသူတွေဖြစ်တယ်။အတိတ်ဘဝမှာတုန်းက ချန်းဆန်းအပေါ်သုံးခဲ့တဲ့ လှည့်ကွက်မျိုးကိုလော်ရှို့ပေါ်ကို သုံးလို့ရမယ်တဲ့လား??ချန်းဆန်းအနားကိုကပ်ဖို့ ယွီကျွင်းချန်ကို အသုံးချခဲ့သလို လော်ရှို့အနားကို ကပ်ဖို့ မုန့်ရန်ကို အသုံးချမယ့် ကျောက်ရိရဲ့ အကြံစည်တွေက မစတင်ရသေးခင်မှာတင် ပျက်ပြားခဲ့လေပြီ။

ဒီလို အရေးမပါတဲ့ လူတစ်ယောက်အတွက် အလေးအနက်တွေးပေးနေစရာမလိုဘူးလို့ မုန့်ရန်တွေးထားတယ်။

ကျောက်တဟိုင်က ဆန်ကုန်မြေလေးတစ်ယောက်ပါ...သူက လေးကြိမ်ကွာရှင်းထားပြီး ငါးကြိမ်လက်ထပ်ထားသူဖြစ်တယ်။အပြင်ဘက်မှာလဲ မရေမတွက်နိုင်တဲ့ မယားငယ်တွေတစ်ပုံတစ်ပင်ရှိနေပါသေးတယ်။ဒါတွေက မုန့်ရန်နဲ့ ဘာမှမသက်ဆိုင်ပေးမယ့် မုန့်ရန် ထိုလူကို သေလောက်အောင်ရွံပါတယ်။

ကျော်ရိရဲ့စရိုက်က မိဘတွေဆီက အမွေရထားတာဖြစ်တယ်။စီးပွားရေးနဲ့ သက်ဆိုင်တဲ့ နယ်ပယ်အတွင်းမှာ ကျောက်ရိနဲ့ လော်ရှို့တို့ကြား တွေ့ဆုံဖို့အခွင့်ရေးမရှိပါဘူး။လော်ရှို့က ကျောက်တဟိုင်လို လူစားမျိုးနဲ့ဆို လိုတာထက်ပိုပြီး မပတ်သတ်ချင်တဲ့အတွက် ဘာကိုမှ စိတ်ပူနေစရာမလိုတော့ပါဘူး။

ကျောက်ရိက မြင်းစီးနေတဲ့ မုန့်ရန်ကို ကြည့်ရင်းနဲ့ သက်ပြင်းချလိုက်တယ်။သူ့ခံစားချက်တွေကို မထိန်းချုပ်နိူင်လိုက်တဲ့ အတွက်လဲနောင်တရနေတယ်။သူ့ကိုယ်သူအားပေးလိုက်တယ်...ဒီတစ်နည်းနဲ့ အဆင်မပြေတော့လဲ နောက်တစ်နည်းပြောင်းသုံးရုံပေါ့...သူ မကိုင်တွယ်နိူင်တဲ့သူတစ်ယောက်မှ မရှိဘူးလေ....

ကျောက်ရိက မျက်နှာထားကိုပြင်လိုက်ပြီး နားနေဆောင်ထဲမှာ ပြန်ထိုင်နေလိုက်တယ်။ကျန်တဲ့ လူငယ်လေးနှစ်ယောက်ကတော့ ကျောက်ရိနဲ့ မုန့်ရန် ဘာတွေပြောခဲ့တယ်ဆိုတာ မသိဘဲ မနာလိုဖြစ်နေကြတယ်။သူတို့တွေရဲ့စိတ်ထဲမှာ တိတ်တိတ်ပုန်းကလေးတစ်ယောက်ဖြစ်တဲ့ ကျောက်ရိကို မထီမဲ့မြင် အထင်မြင်သေးနေပေမယ့် သူတို့ရဲ့မိသားစုက ကျောက်မိသားစုကို အာမခံနိုင်တာကြောင့် အပြင်ပိုင်းမှာ ယဉ်ယဉ်ကျေးကျေး ဆက်ဆံနေရဉီးမှာပဲ...

Zawgyi

[TN:ၿပီးဆုံးရန္ ၁၁ ပိုင္းသာက်န္ပါေတာ့သည္]

ႏွစ္ကုန္စာေမးပြဲၿပီးဆုံးခဲ့ၿပီ။မၾကာမွီရက္ပိုင္းအတြင္း က်ဴေယာင္ကို ခရီးထြက္ၾကရေတာ့မယ္။

ေလာ္႐ိႈ႕တို႔ သူငယ္ခ်င္းတစ္သိုက္က ျမင္းစီးထြက္ဖို႔ ခ်ိန္းဆိုထားၾကတယ္။မုန္႔ရန္ စာေမးပြဲေျဖၿပီးတဲ့အခ်ိန္နဲ႔ ၾကဳံႀကိဳက္ေနတာေၾကာင့္ ေလာ္႐ိႈ႕က မုန္႔ရန္ကိုပါ ျမင္းစီးဖို႔ ေခၚသြားခဲ့တယ္။ျမင္းစီးမထြက္ရတာ ၾကာေနၿပီျဖစ္တဲ့ အတြက္ မုန္႔ရန္ဘက္ကလဲ ေပ်ာ္ေပ်ာ္ႀကီး သေဘာတူခဲ့တယ္။

ျမင္းျခံကေနျပန္လည္ထြက္ခြာေတာ့မယ္ ကားသုံးစီး႐ွိတယ္။ကားတစ္စီးေပၚက ေခ်ာေမာလွပတဲ့ ေကာင္ေလးတစ္ေယာက္က မုန္႔ရန္ စီးနင္းေနတဲ့ ျမင္းကို ျမင္လိုက္တာနဲ႔...

"ရပ္လိုက္..ရပ္လိုက္..."

"ဘာျဖစ္လို႔လဲ"

ေက်ာက္တဟိုင္က ေမးလိုက္တယ္။

"ဟိုမွာေတြ႕လား ေ႐ႊေရာင္သမ္းေနတဲ့ျမင္းေလ...အရမ္းလွတာပဲ.."

ေက်ာက္ရိက လည္ဆန္႔ၿပီး ၾကည့္လိုက္တယ္။တစ္ခ်က္ကေလးၾကည့္လိုက္႐ုံနဲ႔ ဒီျမင္းကို ေက်ာက္ရိသေဘာက်ေနၿပီ။ၾကည့္လိုက္႐ုံနဲ႔တင္ သူ႕အေဖ မဝယ္ေပးႏိုင္ေလာက္တဲ့အထိ ေစ်းႀကီးမယ္ဆိုတာ သိသာေနတယ္။

"အဲ့တာ ေလာ္Groupရဲ႕ ဉကၠဌႀကီးမလား??"

ေနာက္ကားေပၚက သက္လတ္ပိုင္းအ႐ြယ္ လူႀကီးတစ္ေယာက္က လွမ္းေျပာလိုက္တယ္။

"ဘယ္မွာလဲ?"

"ေ႐ႊေရာင္သမ္းေနတဲ့ ျမင္းေပၚကတစ္ေယာက္ေလ"

"တကယ္ထူးဆန္းတာပဲ...ဒါဆို ဉကၠဌေလာ္နဲ႔ အတူစီးေနတာဘယ္သူလဲ??ဉကၠဌေလာ္က တကယ္ႀကီး အဲ့လူအတြက္ ျမင္းထိန္းေပးေနတာလား??"

"ေပါက္ကရေမးခြန္းေတြေမးေနျပန္ၿပီ။အဲ့တာ ေလာ္ Groupရဲ႕မင္းသားေလးေလာ္ကြၽင္းရယ္ကို ေမြးေပးထားတဲ့သူကြ...ေလာ္႐ိႈ႕ကိုယ္တိုင္ ျမင္းထိန္းေပးေနတာ မထူးဆန္းေတာ့ဘူး"

"ၾကည့္လိုက္ပါဉီး...မစၥတာလီ၊မစၥတာခ်ီနဲ႔ မစၥတာဟယ္တို႔လဲ အဲ့မွာ႐ွိေနတာပဲ..."

"မစၥတာဝမ္...ခင္ဗ်ားက ဉကၠဌေလာ္နဲ႔ ရင္းႏွီးတယ္မလား??သြားႏႈတ္ဆက္ၿပီး စကားေျပာၾကရင္မေကာင္းဘူးလား?"

"ေကာင္းသားပဲ...သြားၾကမယ္ေလ.."

ဒီလူေတြက သူကေနတစ္ဆင့္ ေလာ္႐ိႈ႕နဲ႔ အသိမိတ္ေဆြဖြဲ႕ဖို႔ ႀကိဳးစားေနမွန္း ဝမ္႐ႊမ္းသိတာေပါ့။ဝမ္႐ႊမ္းက တခ်ိန္က ေအာင္သြယ္လုပ္ဖို႔ ေလာ္႐ိႈ႕နဲ႔ ေတြ႕ဆုံခဲ့ဖူးတယ္။

ကားေပၚကျပန္ဆင္းၿပီး ေလာ္႐ိႈ႕႐ွိရာဆီသြားခဲ့ၾကေပမယ့္ သက္ေတာ္ေစာင့္ေတြ တားဆီးတာခံလိုက္ရတယ္။သက္ေတာ္ေစာင့္ေတြက ဝမ္႐ႊမ္းကို သိေပမယ့္ ဝမ္႐ႊမ္းနဲ႔ အတူပါလာတဲ့သူေတြကို မသိတာေၾကာင့္ စည္းကမ္းအရ ေလာ္႐ိႈ႕ဆီ သတင္းပို႔ရပါလိမ့္မယ္။

ေလာ္႐ိႈ႕ဆီက ခြင့္ျပဳခ်က္ရေတာ့မွသာ ထိုလူေတြကို ေလာ္႐ိႈ႕ဆီသြားခြင့္ေပးလိုက္ၾကတယ္။

"အခုတေလာ အလုပ္မ်ားေနတာမဟုတ္ဘူးလား??ဘယ္လိုျဖစ္လို႔ ျမင္း​ၿပိဳင္ကြင္းကိုေရာက္ေနတာလဲ?"

ဝမ္႐ႊမ္းက စကားဉီးသမ္းၿပီးေလာ္႐ိႈ႕ကို ေမးလိုက္တယ္။

"အလုပ္ေတြ ျမန္ျမန္ျဖတ္ၿပီး ေအးေအးေဆးေအးအနားလာယူေနတာ.."

ေလာ္႐ိႈ႕က ဝမ္႐ႊမ္းနဲ႔အတူပါလာတဲ့သူေတြကို ၾကည့္လိုက္ၿပီး...

"အက်ိဳးတူပူေပါင္းဖို႔ လာကမ္းလွမ္းတာလား?"

မစၥတာခ်ီယန္...."အက်ိဳးတူပူးေပါင္းဖို႔က မေန႔ကတည္းက ညႇိႏိႈင္းၿပီးပါၿပီ...က်ဳပ္တို႔တေတြ ဒီအတိုင္းအနားလာယူ႐ုံပါ..မိတ္ဆက္ေပးရဉီးမယ္။ဒါက ဟန္းဖန္ကလာတဲ့ မစၥတာေက်ာက္...သူတို႔ႏွစ္ေယာက္က မစၥတာေက်ာက္ရဲ႕ မိတ္ေဆြေတြပါ...မစၥတာစြန္းနဲ႔ မစၥတာက်န္း..."

"ေတြ႕ရတာဝမ္းသာတယ္ဗ်ာ..က်ဳပ္က ေက်ာက္တဟိုင္ပါ..ခင္ဗ်ားတို႔ ႐ုံးခြဲနဲ႔ အရင္က ပူးေပါင္းဖူးတယ္ေလ..."

ေက်ာက္တဟိုင္က ေ႐ွ႕တိုးလာၿပီး ေလာ္႐ိႈ႕ကို လက္ဆြဲႏႈတ္ဆက္လို​က္တယ္။

က်န္တဲ့ ႏွစ္ေယာက္ကလဲ ေလာ္႐ိႈ႕ကို လက္ဆြဲႏႈတ္ဆက္လိုက္ၿပီး သူတို႔ကိုယ္သူတို႔ မိတ္ဆက္ေနတယ္။

လက္ဆြဲႏႈတ္ဆက္ၿပီးတာနဲ႔ ေလာ္႐ိႈ႕က လက္တစ္ဖက္နဲ႔ ဖက္ထားတဲ့ မုန္႔ရန္ကို ျမင္းေပၚက ဆင္းဖို႔ ေပြ႕ခ်ီလိုက္တယ္။

ဉကၠဌသုံးေယာက္နဲ႔အတူပါလာတဲ့ ေခ်ာေမာခန္႔ညားတဲ့ လူငယ္သုံးေယာက္က မုန္႔ရန္ကို မနာလိုျဖစ္ေနတဲ့ အၾကည့္ေတြနဲ႔ ၾကည့္ေနၾကတယ္။ေလာ္႐ိႈ႕က ခ်မ္းသာၿပီးအာဏာ႐ွိတင္မကဘူး အရမ္းလဲ ခန္႔ညားတယ္။သူတို႔မွာသာ ေ႐ြးခ်ယ္ခြင့္႐ွိမယ္ဆို ေလာ္႐ိႈ႕လို လူမ်ိဳးကိုပဲ ေ႐ြးခ်ယ္ခ်င္ေပမယ့္ သူတို႔အတြက္ အခြင့္ေရးမ႐ွိေတာ့ဘူးေလ....

"သခင္ေလးမုန္႔ ထင္တယ္"

ေက်ာက္တဟိုင္က မုန္႔ရန္ကိုၾကည့္ၿပီးေမးလိုက္တယ္။

ေလာ္႐ိႈ႕က မုန္႔ရန္ကိုယ္စား ေခါင္းညိတ္ျပလိုက္တယ္။

"သူက က်ဳပ္ရဲ႕သား ေက်ာက္ရိပါ..သူက St.James ကဆရာလ်ိဳရဲ႕တပည့္...သူကအခုမွ ပထမႏွစ္.."

ေက်ာက္တဟိုင္က သားျဖစ္သူနဲ႔ ခ်က္ခ်င္းမိတ္ဆက္ေပးလိုက္တယ္။

"Hello.."

မုန္႔ရန္က သူတို႔တစ္ေတြကို ျပဳံးျပလိုက္တယ္။

ေက်ာက္ရိက ျမင္းကို အနီးကပ္ၾကည့္လိုက္ၿပီး ေလာ္႐ိႈ႕ကိုလဲ ၾကည့္လိုက္တယ္။အေတြးထဲမွာေတာ့..

//တကယ္ကို ေယာက္က်ားေကာင္းတစ္ေယာက္ပဲ...
ငါသာ သူနဲ႔ ေစာေစာစီးစီးေတြ႕ခဲ့မယ္ဆို ဘယ္ေလာက္ေကာင္းလိုက္မလဲ??ဒါဆို ဒီျမင္းကလဲ ငါ့အတြက္ပဲ ျဖစ္ေနမွာ...//

[TN: ယြီကြၽင္းခ်န္ကိုဆဲလို႔မၿပီးေသးဘူး ေနာက္တစ္ေကာင္က ေရာက္လာျပန္ၿပီ...]

ေလာ္႐ိႈ႕တို႔ လင္မယားက နားေနေဆာင္မွာ အနားယူဖို႔ စီစဥ္ထားေပမယ့္ အလိုက္ကန္းဆိုးမသိတဲ့ ထိုလူေတြ မျပန္ေသးတာေၾကာင့္ စကားထိုင္ေျပာေနရတယ္။ေလာ္႐ိႈ႕နဲ႔ အခုလို ေအးေအးေဆးေအး စကားေျပာဖို႔ အခြင့္ေရးဆိုတာ ေ႐ႊထက္ေတာင္႐ွားပါးေသးတယ္။ဒါ့ေၾကာင့္ ထိုလူေတြကလဲ ခ်က္ခ်င္းမျပန္ေသးဘဲ စကားေျပာဖို႔ ဆိုင္းျပင္းေနၾကတယ္။

မုန္႔ရန္က Juice တစ္ခြက္ေသာက္ရင္း စကားဝိုင္းကို နားစြင့္ေနတယ္။ပ်င္းရိလာတာေၾကာင့္ ကြင္းတစ္ပတ္ေလာက္ ျမင္းစီးဖို႔ မတ္တပ္ထရပ္လိုက္တယ္။

မုန္႔ရန္ထြက္သြားတာကို ျမင္တာနဲ႔ ေက်ာက္ရိက မုန္႔ရန္ေနာက္ကေနလိုက္ၿပီး စကားေျပာဖို႔ ႀကိဳးစားလိုက္တယ္။

"ေတြ႕ရတာဝမ္းသာပါတယ္..သခင္ေလးမုန္႔.."

ေက်ာက္ရိက မုန္႔ရန္ကို ျပဳံးၿပီး ႏႈတ္ဆက္လိုက္တယ္။

မုန္႔ရန္က ေက်ာက္ရိကို စကားတစ္ခြန္းမွမေျပာဘဲ ေခါင္းညိတ္ၿပီးျပဳံးျပလိုက္တယ္။

"သခင္ေလးမုန္႔က ျမင္းစီးရတာႀကိဳက္တယ္နဲ႔တူတယ္"

"ေက်ာင္းက တက္ခိုင္းတဲ့ သင္တန္းေၾကာင့္ပါ..တစ္ခါတစ္ေလမွသာ စီးျဖစ္တာ.."

"ဒီျမင္းကအရမ္းလွၿပီး ခန္႔ညားလိုက္တာ.."

"ေက်းဇူးပါ.. "

"ဟိုေလ...ကြၽန္ေတာ့္ကို ခဏေလာက္ စီးခြင့္ေပးလို႔ရမလား?..ႏွစ္မိနစ္ေလာက္ပါပဲ...Please.."

ေက်ာက္ရိက မုန္႔ရန္ကို အသနားခံေနတဲ့ အၾကည့္နဲ႔ ၾကည့္လိုက္ၿပီးေတာင္းဆိုလိုက္တယ္။

မုန္႔ရန္က တစ္ခြန္းမွျပန္မေျပာဘဲ ဒီအတိုင္းၾကည့္ေနလိုက္တယ္ဆိုေပမယ့္ ဒါဟာ ျငင္းဆန္ေနတဲ့ အဓိပၸာယ္မွန္း လူတိုင္းသိတယ္။

မုန္႔ရန္ရဲ႕ ျငင္းဆန္လိုတဲ့အၾကည့္ေတြက ေက်ာက္ရိကို စိတ္ပ်က္သြားေစခဲ့တယ္။မုန္႔ရန္ အေျပာခ်ိဳ၊မခ်ိဳဆိုတာ စူးစမ္းခ်င္တာေၾကာင့္ ေက်ာက္ရိအခုလို ေတာင္းဆိုလိုက္တာပါ။အခုၾကည့္တာ မုန္႔ရန္က အေျပာခ်ိဳတဲ့သူမဟုတ္ဘူးဆိုတာ သိသာထင္႐ွားေနၿပီ။

"႐ုတ္တရက္ႀကီး ခြင့္ေတာင္းမိလိုက္တဲ့အတြက္ ေတာင္းပန္ပါတယ္ေနာ္.."

ေက်ာက္ရိက မုန္႔ရန္နဲ႔သာ ေကာင္းမြန္တဲ့ ဆက္ဆံေရးတည္ေဆာက္ႏိုင္မယ္ဆို အက်ိဳးအျမတ္ေတြရမွာသိေနတဲ့ အတြက္ ေတာင္းပန္တဲ့ အၾကည့္ေတြနဲ႔ ၾကည့္ၿပီးေတာင္းပန္လိုက္တယ္။ ေလာ္႐ိႈ႕အနားကို ခ်ဥ္းကပ္ႏိုင္​ျခင္းကသာ ရလာမယ့္ အက်ိဳးအျမတ္ေတြထဲမွာမွ အႀကီးမားဆုံးေသာ အက်ိဳးျမတ္ျဖစ္လာပါလိမ့္မယ္။သူက ေလာ္႐ိႈ႕ကို ခ်စ္မိေနသူတစ္ေယာက္ျဖစ္ေနတဲ့အတြက္ မိတ္ေဆြအျဖစ္နဲ႔အနားမွာ႐ွိေနႏိုင္မယ္ဆို အတိုင္းထက္အလြန္ ေပ်ာ္႐ႊင္မွာပါ...

"အခုဆို သခင္ေလးမုန္႔က ရနံ႔ကုထုံးအသိုင္းအဝိုင္းမွာ Celeတစ္ေယာက္ျဖစ္ေနၿပီေနာ္။ကြၽန္ေတာ္႕အတန္းေဖာ္ေတြဆို သခင္ေလးမုန္႔ကို တအားသေဘာက်ေနတာၾကတာ။ကြၽန္ေတာ္ဆိုလဲ သခင္ေလးမုန္႔ကို အရမ္းေလးစားေနရတာ။ကံေကာင္းလြန္းလို႔သာ အခုလိုစကားေျပာခြင့္ရတာ။ေက်ာင္းေရာက္ရင္ သူတို႔ေတြကို ႂကြားရဉီးမယ္.."

မုန္႔ရန္က အေစပိုင္းကတည္းက ေက်ာက္ရိရဲ႕ အတြင္းႀကိတ္အၾကံစည္ေတြကို ရိပ္မိေနတယ္။အခုလို တိုေတာင္းတဲ့ စကားေျပာဆိုမႈကေနဆင့္ ေက်ာက္ရိရဲ႕ အၾကံအစည္ေတြကို သိလိုက္ရၿပီ..

ေက်ာက္တဟိုင္ရဲ႕ မ်ားျပားလွတဲ့ တိတ္တိတ္ပုန္းသားသမီးေတြထဲကေန တရားဝင္ျပဳစုပ်ိဳးေထာင္ေပးဖို႔ အေ႐ြးခံထားရတယ္ဆိုေတာ့ ေက်ာက္ရိရဲ႕ပါးနပ္မႈကို အံ့ၾသစရာမလိုေတာ့ဘူးေလ..ဒါေပမယ့္ ကံဆိုးတာက ေက်ာက္ရိ လွည့္ကြက္ေတြသုံးေနတဲ့သူက မုန္႔ရန္ျဖစ္ေနတာပါပဲ...

"ေႁမြကိုက္ခံထားရဖူးသူက ဆယ္ႏွစ္ေက်ာ္ၾကာတဲ့အထိ ႀကိဳးတစ္ေခ်ာင္းကို ျမင္ရင္ေတာင္ေၾကာက္လန္႔ေနတုန္းပဲ..ဆိုတဲ့စကားပုံကို သခင္ေလးေက်ာက္ၾကားဖူးလား?"

ေက်ာက္ရိ နေဝတိမ္ေတာင္ျဖစ္သြားတယ္။မုန္႔ရန္ဘာေတြဘာေမးေနတာလဲ??ဒိီစကားပုံကို မူႀကိဳကေလးေတြေတာင္ၾကားဖူးေနတဲ့ဟာကို...

"သခင္ေလးေက်ာက္လို ထက္ျမင္တဲ့သူက ဒီစကားပုံရဲ႕ အဓိပၸာယ္ကို နားလည္ၿပီးသားမဟုတ္လား??"

မုန္႔ရန္က ျပဳံးၿပီး ေျပာလိုက္တယ္။

ေက်ာက္ရိ ျမန္ျမန္စဥ္းစားေနတယ္။သူၾကားဖူးတာေတာ့....မုန္႔ရန္ရဲ႕ မိေထြးဘက္ကပါလာတဲ့ အစ္ကိုက မုန္႔ရန္ရဲ႕ ရည္းစားကို စႏိုက္ေၾကာ္သြားတယ္၊မုန္႔ရန္က ရည္းစားေဟာင္းရဲ႕ အေဖကို ခ်က္ခ်င္းလက္ထပ္လိုက္တယ္...ေနစမ္းပါဉီး..မုန္႔ရန္ဘာကို ဆိုလိုခ်င္ေနတာလဲ???

[TN: ဒူေနလိုက္ေဟ့...သေတာ္ေစာ္ေကာင္၊
ဒူေဝေဝအေကာင္ရဲ႕ ]

ေက်ာက္ရိေသခ်ာစဥ္းစားတယ္။မုန္႔ရန္က တကယ္လဲ စကားပုံထဲကလို ၾကဳံေတြ႕ခဲ့ရတာပဲ...စကားပုံရဲ႕ ဆိုလိုရင္းအဓိပၸါယ္က တကယ္ကိုေလးလံလြန္းတယ္။နားေနေဆာင္ထဲမွာ ထိုင္စကားေျပာေနတဲ့ ေလာ္႐ိႈ႕ကို တစ္ခ်က္ၾကည့္လိုက္ၿပီးမွ မုန္႔ရန္ကို ေျပာလိုက္တယ္။

"အာ...သခင္ေလးမုန္႔ ကြၽန္ေတာ္႕ကို နားလည္မႈလြဲေနၿပီထင္တယ္။ကြၽန္ေတာ္က သခင္ေလးမုန္႔ကို တကယ္ေလးစားလို႔ မိတ္ေဆြဖြဲ႕ခ်င္႐ုံေလးပါ။တျခားဘာစိတ္ကူးမွ မပါပါဘူး"

"ဒီလိုဆိုေတာ့လဲ ကြၽန္​ေတာ္႕ဘက္ကလဲ ျပန္ေျဖရတာေပါ့...ကြၽန္ေတာ္နဲ႔ ခင္ဗ်ားက တူညီတဲ့သူေတြမဟုတ္
ဘူး။အဲ့​ေတာ့ မိတ္ေဆြဖြဲ႕ဖို႔ဆိုတာ မျဖစ္ႏိုင္ဘူး.."

"တူညီတဲ့သူေတြမဟုတ္ဘူး???"

မုန္႔ရန္ သူ႕ကို မႏွစ္ၿမိဳ႕ဘူးဆိုတာ ေက်ာက္ရိသတိျပဳမိလိုက္တယ္။မုန္႔ရန္က သူရဲ႕ တိတ္တိတ္ပုန္းသားသမီးဆိုတဲ့ ဂုဏ္ပုဒ္ေၾကာင့္ အထင္ေသးေနတယ္ေပါ့။ဒါဟာ သူ႕အတြက္ အႀကီးမားဆုံးေသာ နာက်င္မႈျဖစ္ၿပီး သူ႕ကို စိတ္အေႏွာက္အယွက္ေပးေနတဲ့အရာတစ္ခုလဲျဖစ္တယ္။ဒါဟာ စကားလုံးေတြနဲ႔႐ွင္းမျပႏိုင္ေလာက္ေအာင္ ခက္ခဲတဲ့ ခံစားခ်က္ေတြျဖစ္တယ္။

"မစၥတာမုန္႔က ကြၽန္ေတာ့ကို အထင္ေသးေနတာလား??ဟုတ္ပါၿပီ...ဉကၠဌေလာ္က ေလာ္Groupရဲ႕ ပဲ့ကိုင္႐ွင္ျဖစ္တဲ့အတြက္ ခင္ဗ်ားတို႔ႏွစ္ေယာက္
နဲ႔ မိတ္ေဆြဖြဲ႕ဖို႔ ကြၽန္ေတာ္႕မွာ အရည္အခ်င္းမ႐ွိဘူးဆိုေပမယ့္ ကံၾကမၼာဆိုတာ အၿမဲလည္ပတ္ေနတာပဲေလ.. ကြၽန္ေတာ္႕ကို ကံတရားက မ်က္ႏွာသာေပးလာမယ့္ေန႔ဆိုတာလဲ ႐ွိလာႏိူင္တာပဲ..အဲ့အခါက်ေတာ့မွအခုေျပာခဲ့တာေတြအတြက္ ေနာင္တမရပါနဲ႔..."

"အိုးးးမင္းမွာ ရည္႐ြယ္ခ်က္ႀကီးႀကီးမားမား႐ွိမွန္း ငါသိတာေပါ့....မင္းလက္႐ွိပိုင္ဆိုင္ထားတဲ့ ေနာက္ခံအင္အားက ပါးပါးေလးပဲ႐ွိတယ္ဆိုေတာ့ အကုန္လုံးက ေမာ္ၾကည့္ရတဲ့ သူတစ္ေယာက္ျဖစ္ခ်င္ေနတယ္မလား??"

မုန္႔ရန္က ေ႐ွ႕ကို တစ္လွမ္းတိုးလိုက္ၿပီး ေက်ာက္ရိရဲ႕ မ်က္လုံးေတြကို စိုက္ၾကည့္လိုက္ၿပီး...

"သန္းေခါင္ယံအိမ္မက္ဆိုးေတြမက္​​ေနရသလို တစ္ေယာက္တည္း ေၾကာက္လန္႔ေနရတယ္မလား??မင္းကိုယ္မင္း စိတ္တိုင္းမက်ျဖစ္ေနတဲ့ အတြက္ နာက်င္ေနရတယ္မလား??"

သူ႕ရဲ႕ စိတ္ထဲက အနက္႐ိႈင္းဆုံးေနရာမွာသိုဝွက္ထားတဲ့ ခံစားခ်က္ေတြကို မုန္႔ရန္က အၾကည့္တစ္ခ်က္နဲ႔တင္ အကုန္ေဖာ္ထုတ္သြားတာေၾကာင့္ ေက်ာက္ရိ ေဒါသထြက္ေနၿပီ...လက္သီးကို တင္းေနေအာင္ဆုပ္ထားမိလိုက္တယ္။

မုန္႔ရန္က သူ႕ကို ျပဳံးျပလိုက္ၿပီး ျမင္းေပၚခုန္တက္လိုက္ၿပီး တျဖည္းျဖည္းခ်င္း ေဝးကြာသြားခဲ့တယ္။

အတိတ္ဘဝမွာတုန္းက မုန္႔ရန္ဆိုတာ ယြီကြၽင္းခ်န္ ျပဳသမွ်ႏုရတဲ့ အေျမႇာက္စာဇာတ္ရံျဖစ္ခဲ့သလို၊ယြီကြၽင္းခ်န္ နင္းတက္သြားရမယ့္ ေက်ာက္တုံးတစ္တုံးသာသာဘဝမ်ိဳးျဖစ္ခဲ့တယ္။ေက်ာက္ရိက ယြီကြၽင္းခ်န္ရဲ႕ အႀကီးမားဆုံးေသာ ၿပိဳင္ဘက္ျဖစ္ခဲ့တယ္။အတိတ္ဘဝမွာတုန္းက ေက်ာက္ရိနဲ႔ ယြီကြၽင္းခ်န္က ညီအစ္ကိုလို ဆက္ဆံေရးမ်ိဳး႐ွိခဲ့ၿပီး ေက်ာက္ရိက ယြီကြၽင္းခ်န္နဲ႔ ဆက္ဆံေရးေကာင္းမြန္ဖို႔ အတတ္ႏိူင္ဆုံးႀကိဳးစားခဲ့တယ္။ေက်ာက္ရိက ခ်န္းဆန္းကို ခ်စ္မိသြားတဲ့ အတြက္ ခ်န္းဆန္းကို စႏိုက္ေၾကာ္ဖို႔ နည္းမ်ိဳးစုံသုံးၿပီး ယြီကြၽင္းခ်န္နဲ႔ ခြာၿပဲေအာင္ႀကိဳးစားခဲ့တယ္။ယြီကြၽင္းခ်န္ဘက္က ဒါေတြကို သိ႐ွိသြားၿပီး ေမးခြန္းထုတ္တဲ့အခါ...မာနေထာင္လႊားလြန္းတဲ့ ေက်ာက္ရိက ယြီကြၽင္းခ်န္ မုန္႔ရန္အေပၚလုပ္ခဲ့တဲ့ နည္းလမ္းကို သူသုံးခဲ့တာျဖစ္ေၾကာင္း..အခ်စ္နဲ႔ စစ္မွာ မတရားတာမ႐ွိေၾကာင္း အေျဖျပန္ေပးခဲ့တယ္။

ေက်ာက္ရိတစ္ေယာက္ ခ်န္းဆန္းကို အမိဖမ္းႏိုင္ေတာ့မလိုျဖစ္ခဲ့တယ္။သို႔ပါေသာ္လည္း ခ်န္းဆန္းက ယြီကြၽင္းခ်န္ ကို တကယ္ခ်စ္တာေၾကာင့္ အျဖစ္မွန္ေတြသိသြားတဲ့ အခါ ေက်ာက္ရိကိုလဲ မုန္႔ရန္လို အဆုံးသတ္ေပးလိုက္တယ္။

မုန္႔ရန္က အတိတ္ဘဝက ကံၾကမၼာအလုံးစုံကို ေျပာင္းလဲႏိုင္ခဲ့ၿပီလို႔ ထင္ခဲ့ေပမယ့္ တစ္ခ်ိဳ႕ေသာ ဇာတ္ကြက္ ေတြကေတာ့ တစ္မ်ိဳးတစ္ဖုံနဲ႔ တူညီေနၾကဆဲပါပဲ...ေလာ္႐ိႈ႕နဲ႔ ခ်န္းဆန္းက ေခါင္းအစေျခအဆုံးကြဲျပားျခားနားသူေတြျဖစ္တယ္။အတိတ္ဘဝမွာတုန္းက ခ်န္းဆန္းအေပၚသုံးခဲ့တဲ့ လွည့္ကြက္မ်ိဳးကိုေလာ္႐ိႈ႕ေပၚကို သုံးလို႔ရမယ္တဲ့လား??ခ်န္းဆန္းအနားကိုကပ္ဖို႔ ယြီကြၽင္းခ်န္ကို အသုံးခ်ခဲ့သလို ေလာ္႐ိႈ႕အနားကို ကပ္ဖို႔ မုန္႔ရန္ကို အသုံးခ်မယ့္ ေက်ာက္ရိရဲ႕ အၾကံစည္ေတြက မစတင္ရေသးခင္မွာတင္ ပ်က္ျပားခဲ့ေလၿပီ။

ဒီလို အေရးမပါတဲ့ လူတစ္ေယာက္အတြက္ အေလးအနက္ေတြးေပးေနစရာမလိုဘူးလို႔ မုန္႔ရန္ေတြးထားတယ္။

ေက်ာက္တဟိုင္က ဆန္ကုန္ေျမေလးတစ္ေယာက္ပါ...သူက ေလးႀကိမ္ကြာ႐ွင္းထားၿပီး ငါးႀကိမ္လက္ထပ္ထားသူျဖစ္တယ္။အျပင္ဘက္မွာလဲ မေရမတြက္ႏိုင္တဲ့ မယားငယ္ေတြတစ္ပုံတစ္ပင္႐ွိေနပါေသးတယ္။ဒါေတြက မုန္႔ရန္နဲ႔ ဘာမွမသက္ဆိုင္ေပးမယ့္ မုန္႔ရန္ ထိုလူကို ေသေလာက္ေအာင္႐ြံပါတယ္။

ေက်ာ္ရိရဲ႕စ႐ိုက္က မိဘေတြဆီက အေမြရထားတာျဖစ္တယ္။စီးပြားေရးနဲ႔ သက္ဆိုင္တဲ့ နယ္ပယ္အတြင္းမွာ ေက်ာက္ရိနဲ႔ ေလာ္႐ိႈ႕တို႔ၾကား ေတြ႕ဆုံဖို႔အခြင့္ေရးမ႐ွိပါဘူး။ေလာ္႐ိႈ႕က ေက်ာက္တဟိုင္လို လူစားမ်ိဳးနဲ႔ဆို လိုတာထက္ပိုၿပီး မပတ္သတ္ခ်င္တဲ့အတြက္ ဘာကိုမွ စိတ္ပူေနစရာမလိုေတာ့ပါဘူး။

ေက်ာက္ရိက ျမင္းစီးေနတဲ့ မုန္႔ရန္ကို ၾကည့္ရင္းနဲ႔ သက္ျပင္းခ်လိုက္တယ္။သူ႕ခံစားခ်က္ေတြကို မထိန္းခ်ဳပ္ႏိူင္လိုက္တဲ့ အတြက္လဲေနာင္တရေနတယ္။သူ႕ကိုယ္သူအားေပးလိုက္တယ္...ဒီတစ္နည္းနဲ႔ အဆင္မေျပေတာ့လဲ ေနာက္တစ္နည္းေျပာင္းသုံး႐ုံေပါ့...သူ မကိုင္တြယ္ႏိူင္တဲ့သူတစ္ေယာက္မွ မ႐ွိဘူးေလ....

ေက်ာက္ရိက မ်က္ႏွာထားကိုျပင္လိုက္ၿပီး နားေနေဆာင္ထဲမွာ ျပန္ထိုင္ေနလိုက္တယ္။က်န္တဲ့ လူငယ္ေလးႏွစ္ေယာက္ကေတာ့ ေက်ာက္ရိနဲ႔ မုန္႔ရန္ ဘာေတြေျပာခဲ့တယ္ဆိုတာ မသိဘဲ မနာလိုျဖစ္ေနၾကတယ္။သူတို႔ေတြရဲ႕စိတ္ထဲမွာ တိတ္တိတ္ပုန္းကေလးတစ္ေယာက္ျဖစ္တဲ့ ေက်ာက္ရိကို မထီမဲ့ျမင္ အထင္ျမင္ေသးေနေပမယ့္ သူတို႔ရဲ႕မိသားစုက ေက်ာက္မိသားစုကို အာမခံႏိုင္တာေၾကာင့္ အျပင္ပိုင္းမွာ ယဥ္ယဥ္ေက်းေက်း ဆက္ဆံေနရဉီးမွာပဲ...

Continue Reading

You'll Also Like

93.4K 16.1K 62
Author(s): 很是矫情 English translator: Butterfly's Curse English title: Quick Transmigration Cannon Fodder's Record of Counterattacks Original name: 快穿...
337K 33.8K 193
ကိုကို ဘယ်ကမ္ဘာရောက်ရောက် * အကုန်လုံးကို မေ့သွားရင်တောင် တစ်ခုပဲသတိရနေပေး..! ကိုကိုက ညီမကို ချစ်တယ် Maikoa ဆိုတဲ့ ကောင်မလေးကို ချစ်တယ် *
46.8K 4.3K 168
ယန်ချီရောက်ရှိသွားတဲ့ လောကကြီးမှာဆိုရင် နတ်ဆိုးမိစ္ဆာတွေနဲ့ လူသားတွေက နေရာလု တိုက်ခိုက်နေကြပြီး တနေ့မှာတော့ ယန်ချီက စနစ်တစ်ခုကို မတော်တဆ ရရှိသွားခဲ့တ...
29.6K 2.9K 43
သူမက သူမရဲ့ချစ်သူနဲ့တူ ရှိနေမယ်လို့တွေးပြီး မိဘမဲ့အဖြစ်ကူးပြောင်းလာခဲ့ပေမယ့် တစ်ခဏလေးအတွင်းမှာပဲ သူမရဲ့ ကမ္ဘာကြီးပျက်စီးသွားရတယ်။ အမွေဆက်ခံသူဆိုတဲ့နေ...