Unicode
လော့ချင် ဆေးရုံတက်နေရင်း သုံးရက်မြောက်
နေ့တွင် လော့ကျန်းရန်က သူ့ကိုလာတွေ့၏။
ထိုအချိန်မှာ လော့ချင် ကုတင်ကိုမှီထိုင်ရင်း
စာရွက်စာတမ်းဖတ်နေတာဖြစ်သည်။
လင်းကျစ်ရှကတော့ လင်းခယ်အိုက်ဘေး၌
ထိုင်ရင်း block ကူဆက်ပေးနေ၏။
လော့ချင် ဆေးရုံတက်နေတာ သုံးရက်ကြာပြီ
ဖြစ်သော်လည်း သူ့ပစ္စည်းတွေကို
များများစားစားမယူလာခဲ့။ လူနာဆောင်
တစ်ခုလုံးမှာ လင်းခယ်အိုက်၏အရုပ်များနှင့်
ပြည့်နေသည်။ လော့ချင်က အများကြီး
ဝယ်ပေးသည့်အပြင် လင်းခယ်အိုက်က
ဤနေရာကို ပျော်စရာကမ္ဘာအသစ်သဖွယ်
သဘောထားကာ အရုပ်တစ်ခုပြီးတစ်ခု
ဆွဲယူလာခြင်းပင်။
လင်းကျစ်ရှ ကလေးဘေးမှာ အတော်ကြာ
ထိုင်နေရင်း ခါးညောင်းလာသဖြင့်
မတ်တတ်ရပ်ပြီး အကြောဆန့်လိုက်ရာ
လော့ချင်နှင့်အကြည့်ဆုံသွားလေပြီ။
လော့ချင်က လက်ထဲမှစာရွက်စာတမ်းကို
ချထားလိုက်ကာ နူးညံ့နေသောမျက်ခုံးတန်း
များဖြင့် သူ့ကိုကြည့်လာသည်။
ခပ်တိုးတိုးခေါ်လိုက်၏။
"ရှောင်ရှ..."
မနေ့တုန်းက လော့ချင် သူ့ကို ထိုသို့
ရုတ်တရက်ခေါ်လိုက်သည့်အခါ သူ
ကြောင်အသွားခဲ့၏။ ထိုအခေါ်အဝေါ်ကို
သဘောမကျဘူးလားဟူ၍ လော့ချင်က
မေးရာတွင် သူ မဟုတ်ကြောင်းငြင်းခဲ့သည်။
အမှန်တော့ တစ်စုံတစ်ယောက်ဆီမှ
ဒီလိုခေါ်သံမျိုးကို သူ အမြဲကြားချင်ခဲ့တာ။
ပြောရလျှင် ရယ်ချင်စရာ။ လင်းကျစ်ရှက
ကိစ္စအသေးအဖွဲလေးတွေနှင့်ပတ်သက်ပြီး
အစွဲအလမ်းနည်းနည်းထားတတ်သည်။
သူ ငယ်ငယ်တုန်းက ထိုကဲ့သို့သော
ထူးထူးဆန်းဆန်းစွဲလမ်းစိတ်မျိုးရှိခဲ့၏။
သူ့နာမည်ရှေ့မှာ 'ရှောင်'ဟူသောဝေါဟာရ
လေးကို ထည့်ခေါ်လိုက်ရုံနှင့် သူ့အား
ထူးထူးခြားခြားအလိုလိုက်သယောင်
ခံစားမိခဲ့သည်။
သို့သော် ထိုစဉ်က သူ့ကိုအလိုလိုက်မည့်လူ
မရှိသဖြင့် ထိုသို့ အခေါ်မခံခဲ့ရ။
လော့ချင်က ပထမဆုံးပင်။
သူ့မှာ ထိုအတွေးရှိကြောင်း လော့ချင်ကို
ပြောပြမှာမဟုတ်။ လင်းကျစ်ရှက အမြဲလိုလို
နည်းနည်းတော့ အယောင်ဆောင်တတ်သည်။
ဒါတင်မကသေးဘူး...
လောလောဆယ် သူ လော့ချင်ဆီမှာ တအား
မပွင့်လင်းနိုင်ပါပေ။
လင်းကျစ်ရှ ကုတင်သို့လျှောက်သွားရာ
လော့ချင်က သူ့ခါးတစ်ဝိုက်ကို သိုင်းဖက်ရင်း
အနားဆွဲခေါ်လိုက်လေ၏။
လင်းကျစ်ရှ နည်းနည်းရှက်နေမိဆဲ။ သူ
ယခုလိုပူးပူးကပ်ကပ်နေတာမျိုးကို ကျင့်သား
မရသေးသောကြောင့်ပင်။ သူ့မျက်ဝန်းများ
ဟိုဟိုဒီဒီအကြည့်လွှဲနေပြီးမှ လော့ချင်၏
မျက်နှာကိုကြည့်လိုက်မိသည်။
မျက်နှာပေါ်မှာ ထင်ရှားသည့်အမာရွတ်နှစ်ခု။
တစ်ခုက မျက်ခုံးရိုးပေါ်မှာဖြစ်ပြီး
နောက်တစ်ခုက ဘယ်ဘက်ပါးပေါ်မှာ။
နှစ်ခုစလုံးက ပွန်းပဲ့ရာမျှသာ။ ကြည့်ရမဆိုး
သည့်အပြင် ကြောက်စရာအမာရွတ်များ
မဟုတ်။ သို့သော် လော့ချင်က ချောမောလွန်း
သဖြင့် ယခုလိုအပြစ်အနာအဆာက
အသွင်အပြင်ကို သိပ်မထိခိုက်စေလျှင်တောင်
လင်းကျစ်ရှ စိတ်ထဲမှာ သက်ပြင်းချမိလေ
သည်။
လော့ချင်၏လက်မှ ပထမဒဏ်ရာက
အလုံးစုံမပျောက်ကွယ်သေး။ နောက်ထပ်
ဒဏ်ရာတစ်ခုတိုးလာခဲ့ပြန်ပြီ။
ဒဏ်ရာနှစ်ခုလုံး၏အရင်းခံက သူ့ကြောင့်။
လင်းကျစ်ရှ နည်းနည်းမှမခံစားရဟုဆိုလျှင်
မှားရာကျမည်။ သူက နဂိုကတည်းက
စိတ်နှလုံးပျော့ပျောင်းသည်။
သူ လော့ချင်၏လက်ကို အသာဖွဖွကိုင်ကာ
ခပ်တိုးတိုးမေးလိုက်ပြီ။
"နာနေသေးလားဟင်"
လော့ချင် ခေါင်းခါပြရာ လင်းကျစ်ရှက
ထိုသူ့မျက်နှာကို လက်ချောင်းထိပ်များဖြင့်
ညင်သာစွာထိတွေ့ပွတ်သပ်လိုက်မိသည်။
နှစ်ဦးသား အလွန်နီးကပ်နေပြီး လင်းကျစ်ရှက
စိုးရွံ့မနေပါဘဲ ယခုကဲ့သို့ အံ့အားသင့်ဖွယ်ရာ
အပြုအမူကို လှုပ်ရှားလိုက်ခြင်းပင်။
လော့ချင်၏လည်စေ့က အထက်အောက်
မလှုပ်ခတ်ဘဲမနေနိုင်တော့၊ အသက်ရှူသံများ
လေးလံသိပ်သည်းလာခဲ့သည်။ လော့ချင်
လင်းကျစ်ရှကို အလိုလို ခပ်တင်းတင်းပွေ့ဖက်
မိသွားကာ ခေါင်းမော့လိုက်ပြီး ပြင်းပြင်းပြပြ
ကြည့်လေ၏။ တောက်လောင်သောအကြည့်မှာ
လင်းကျစ်ရှလည်း ညို့ငင်ခံလိုက်ရကာ
သူ့အကြည့်က လော့ချင်၏အမာရွတ်ဆီမှ
တခြားနေရာကိုရောက်ရှိသွားပြီ။
အနမ်းသို့ရည်ညွှန်းနေမှန်း သိသာလွန်းသည့်
အနေအထား။
တိုက်တိုက်ဆိုင်ဆိုင် ထိုအချိန်မှာမှ
လော့ကျန်းရန် အခန်းထဲဝင်လာခဲ့သည်။
လင်းကျစ်ရှ လော့ချင်ရင်ခွင်ထဲမှ
ကမန်းကတန်းရုန်းထွက်ကာ ဘေးမှာရပ်နေ
လိုက်ရသည်။ လော့ချင် ဆွံ့အစွာ အဖေ
ဖြစ်သူကိုကြည့်ရင်း
"အဖေ နေမကောင်းသေးဘူးမလား၊
ဘယ်လိုလုပ် ဒီကိုရောက်လာတာလဲ"
လင်းကျစ်ရှ ယခုမှ သတိရသွားသည်။
လော့ကျန်းရန်လည်း မကြာသေးမီက
နေမကောင်းဖြစ်ထားသည်ပဲ။ ထို့ကြောင့်
အသွင်က ယခင်လောက်အဆင်မပြေတာ
ဖြစ်မည်။ ညတွင်းချင်း အိုစာသွားသည့်နှယ်
ထက်ရှသောမျက်ခုံးအစုံက မာန်လျော့နေကာ စိတ်ဓာတ်ကျနေပုံရ၏။
မောက်မာအထက်စီးဆန်သော ယခင်ပုံစံနှင့်
ယခု အထီးကျန်သောဟန်ပန်ကို ယှဉ်ကြည့်
လျှင် မတူညီသည့်လူနှစ်ယောက်လို ကွဲထွက်
နေသည်။
လော့ကျန်းရန်က အေးတိအေးစက်
နှာမှုတ်ကာ
"ငါ မင်းကိုတွေ့ဖို့လာတာ၊ မကြိုဆိုဘူး
ထင်ရဲ့"
လော့ချင် ဘာပြောရမှန်းမသိတော့။
"အဲ့သဘောမဟုတ်ပါဘူး"
လော့ကျန်းရန်က ဟွန်းခနဲ ထေ့ငေါ့လိုက်ပြီး
တစ်ဖက်လှည့်၍ လင်းကျစ်ရှကိုကြည့်သည်။
လင်းကျစ်ရှ ခပ်ဖျော့ဖျော့ဆိုလိုက်၏။
"မင်္ဂလာပါ အန်ကယ်"
လော့ကျန်းရန်က သူ့ကို ဖျတ်ခနဲငဲ့ကြည့်ပြီး
"လော့ချင် ဒဏ်ရာရတာ မင်းကြောင့်
မဟုတ်လား"
"အဖေ၊ ကျွန်တော် ဂရုမစိုက်မိလို့ပါ"
လော့ချင် ဦးအောင် ရှင်းပြလိုက်သည်။
အပြင်လူများက အလွန်ဆုံးအနေနှင့် လော့ချင်
ကားအက်ဆီးဒင့်ဖြစ်သည်ဟူ၍သာ သိထား
ကြပြီး ကျန်သည့်လူတွေကလည်း ဆူဆူညံညံ
မလုပ်။
သူ့အဖေက အဖြစ်မှန်ကို ဘယ်လိုလုပ်
သိသွားပါလိမ့်။
"ရှောင်ရှနဲ့ ဘာမှမပတ်သက်ပါဘူး"
"ချောင်မိသားစုအကြီးအကဲစုံတွဲက ငါ့ဆီကို
လွန်ခဲ့တဲ့နှစ်ရက်က အပြေးလာပြီးပြီ၊ မင်း
ဖုံးကွယ်နိုင်မယ် ထင်လို့လား"
လော့ကျန်းရန်က စိတ်မရှည်စွာ လော့ချင်ကို
ငေါက်သည်။
"မင်း အခု ဘယ်လိုပုံစံဖြစ်နေလဲ ကြည့်ဦး၊
အသုံးမကျဘူး"
"အန်ကယ်၊ လော့ချင်က ကျွန်တော့်ကြောင့်
ဒဏ်ရာရတာ တကယ်ပါ"
လင်းကျစ်ရှ ပြောလိုက်သည်။
"ကျွန်တော် တောင်းပန်ပါတယ်"
"ရှောင်ရှ...မင်းရဲ့အမှားမှမဟုတ်ဘဲ၊ ဘာလို့
တောင်းပန်စကားပြောနေတာလဲ"
လော့ချင် တီးတိုးရေရွတ်မိ၏။
လင်းကျစ်ရှ လော့ချင်ကို နှစ်သိမ့်သလို
တစ်ချက်ကြည့်ပြီးနောက် လော့ကျန်းရန်
စကားပြန်မှာကို သူ စောင့်နေလိုက်သည်။
အပြစ်တင်ရှုတ်ချပြီးသည့် လော့ကျန်းရန်က
နက်နက်နဲနဲသိမြင်ဖို့ မတွေးထားသဖြင့်
ထိုနှစ်ဦးကိုကြည့်ရမည့်အစား လင်းခယ်အိုက်
အနားသို့လျှောက်သွားကာ ဆောင့်ကြောင့်ထိုင်
လိုက်သည်။
လင်းခယ်အိုက်က ရထားအသေးလေးကို
အာရုံဝင်စားနေကာ လက်မေးထောက်ရင်း
စဉ်းစားနေပြီး ဘေးမှာ ဘာတွေဖြစ်ပျက်နေလဲ
မသိပေ။ ရုတ်တရက်ရောက်လာသည့်
လော့ကျန်းရန်က ကလေးကို လန့်သွားစေပြီ။
ခြေသလုံးတုတ်တုတ်လေးကို တရွတ်တိုက်
ဆွဲရင်း ရှောင်အိုက်က လင်းကျစ်ရှဆီကိုပဲ
သွားဖို့ပြင်သည်။ ဆောက်ထားပြီးသား
အိမ်ကို တွန်းတိုက်မိလေရာ တစ်ခဏမျှ
ကြောင်သွားပြီးမှ ပါးစပ်ဟကာ အကျယ်ကြီး
အော်ငိုတော့သည်။
"သား-သားရဲ့အိမ်လေးကို ပြန်ပေး!"
လော့ကျန်းရန် ကလေးကို ချော့ဖို့ကြံသော်
လည်း လင်းခယ်အိုက်က စက္ကန့်မဆိုင်းဘဲ
မျက်ရည်လည်ရွဲဖြစ်ကာ ပိုပြီးငိုလာသည်။
ကောင်ကလေးဆီမှ မျက်ရည်ဥကြီးများ
တစ်လုံးပြီးတစ်လုံးကျလာတာကို
လော့ကျန်းရန် ကြည့်နေရင်း ဘာလုပ်ရမှန်း
မသိတော့ဘဲ အထိတ်ထိတ်အပျာပျာဖြစ်ပြီး ခြောက်ကပ်ကပ်ဆိုလိုက်လေ၏။
"ဘိုးဘိုး သားရဲ့အိမ်လေးကို မထိဘူး"
အသည်းကွဲသွားသောလင်းခယ်အိုက်က
ဘာပြောပြော နားမထောင်တော့။ သူ
လော့ကျန်းရန်ကို လက်သည်တရားခံအဖြစ်
သတ်မှတ်လိုက်ပြီမို့ အငိုပိုသည်းလာသည်။
လင်းကျစ်ရှ ကလေးကို သွားချော့ချင်
သော်လည်း လော့ချင်က သူ့အား လှမ်းဆွဲကာ
ခေါင်းခါပြသည်။
"ဘိုးဘိုးက အိမ်လေးကို ပြန်ဆောက်ပေးမယ်၊
ဟုတ်ပြီလား"
လင်းခယ်အိုက် အငိုတိတ်သွားပြီး နှာရှုံ့ကာ
အွန်ဟွန်းဟူသောအသံပေးသည်။
လော့ကျန်းရန် လင်းခယ်အိုက်ဘေးမှာ
ဝင်ထိုင်ရင်း ခပ်ပြုံးပြုံး ခေါင်းယမ်းလိုက်မိ၏။
သူ တစ်စုံတစ်ဦးနှင့် ခေါင်းချင်းမဆိုင်ခဲ့တာ
နှစ်များစွာကြာလှပြီ။ ဒီလိုကောင်ကလေးနှင့်
ဘာမှလုပ်စရာမရှိ။
လူကြီးတစ်ဦးနှင့်ကလေးတစ်ဦးက
လင်းကျစ်ရှတို့ကို နောက်ကျောပေးလျက်
ထိုင်နေကြသည်။ ဆက်တိုက်ဆိုသလိုပဲ
လင်းခယ်အိုက်က လော့ကျန်းရန်ကို
နည်းနည်းစီ ဆရာလုပ်နေ၏။
"ဒါ-ဒါကို ဒီမှာမထားရဘူးလေ၊ ဘိုးဘိုးက
သိပ်တုံးတာပဲ!"
လော့ကျန်းရန်က ဒေါသမထွက်ဘဲ
"ရှောင်အိုက်...ဘိုးဘိုးကို ပြောပါဦး၊ ဒါ
ဘယ်မှာထားသင့်လဲ"
လင်းခယ်အိုက်က အတော်ကြာအောင်
မေးထောက်နေပြီးမှ လက်ကလေးဖြန့်ပြသည်။
"သားလည်း မသိဘူး"
လင်းကျစ်ရှ ရယ်မိသွားပြီး လော့ချင်က
သူ့လက်ကိုဆုပ်ကိုင်လိုက်၏။ သူ
ငဲ့ကြည့်တော့ လော့ချင်က ဆွယ်သလို
ပြောလာသည်။
"ဒီအခန်းက ထိုင်းမှိုင်းလွန်းတယ်၊
လေကောင်းလေသန့်ရအောင် အပြင်ထွက်ရင်
ကောင်းမယ်"
လင်းကျစ်ရှက လော့ကျန်းရန်ကို ငဲ့ကြည့်ပြီးမှ
လော့ချင်ထံပြန်ကြည့်သည်။ သူ့မျက်ဝန်းထဲ
မေးခွန်းအရိပ်အယောင်နှင့်။
လော့ချင်က လော့ကျန်းရန်ကို တိုက်ရိုက်
ပြောလိုက်တော့သည်။
"အဖေ၊ ကျွန်တော် အပြင်သွားမလို့"
လော့ကျန်းရန်က လှည့်ပင် မကြည့်။
"သွား၊ ငါ့ကို ပြောနေဖို့မလိုဘူး"
လော့ချင်က လင်းကျစ်ရှကို 'အိုကေ'ဟူသော
သဘောနှင့် ကြည့်လိုက်ပြီး အတူထွက်ခွာ
သွားလေသည်။
နှစ်ဦးသား လက်တွဲရင်း လှေကားအတိုင်း
ဆင်းလာပြီး လမ်းကျဉ်းလေးကို လျှောက်ဖြစ်ကြ၏။
လေအေးက တသုန်သုန်တိုးဝှေ့နေရာ
အပြင်ထွက်ပြီးသည်နှင့်မကြာ လင်းကျစ်ရှ၏
နှာဖျားနီရဲလာခဲ့ပြီ။ လော့ချင်က မေးလိုက်
သည်။
"အေးနေပြီလား"
လင်းကျစ်ရှ ခေါင်းခါပြသည်။ လော့ချင်က
သူ့လက်ကို ခပ်တင်းတင်းဆုပ်ကိုင်ထားဆဲ
ဖြစ်ပြီး ယှက်သွယ်ရင်း အိတ်ကပ်ထဲ
ထည့်ထားလိုက်၏။
"ကိုယ့်အဖေပြောတာကို စိတ်မပူပါနဲ့၊
သူ့စိတ်က အမြဲ ဒီလိုပဲ၊ သူ မင်းကိုဆန့်ကျင်မှာ
မဟုတ်ဘူး"
"ကျွန်တော် စိတ်ထဲမထားပါဘူး"
လင်းကျစ်ရှ ရယ်မိပြီ။ ဒီနေ့ လော့ကျန်းရန်က
သူ့ကို ဘာမှသိပ်မပြောဘူးလေ။
"ဒါပေမယ့် အန်ကယ် အတော်ဝမ်းနည်းနေပုံပဲ၊
အရင် ကျွန်တော်တို့ တွေ့တုန်းကနဲ့မတူဘူး"
လော့ချင်က ခဏလောက် နှုတ်ဆိတ်သွား
ပြီးနောက် ခပ်တိုးတိုးဆိုသည်။
"ကိုယ့်အဖေက သူ့ကိုရှာနေခဲ့တာ နှစ်တွေ
ကြာလှပြီ၊ အဖေက သူ့ကို ပိုတွေ့ချင်ခဲ့တယ်၊
ကိုယ်တို့သားအဖက သူဆုံးသွားတဲ့သတင်းကို
တစ်ချိန်တည်းသိကြတာ၊ သက်ရောက်မှု
ကတော့ ကိုယ့်အဖေအတွက် ပိုကြီးမားတယ်"
လင်းကျစ်ရှ လော့ချင်၏လက်ကို လှုပ်ယမ်း
လိုက်သည်။ လော့ချင် မည်မျှတည်ငြိမ်ချင်
ယောင်ဆောင်ပါစေ ထိုအကြောင်းအရာဆီ စကားစပ်မိတိုင်း ထိုသူ့ဝမ်းနည်းမှုကို
လင်းကျစ်ရှ အလွယ်တကူခံစားသိရှိနိုင်သည်။
"လော့ချင်..ခင်ဗျား ဝမ်းနည်းရင် ကျွန်တော့်ကို
ပြောပြလို့ရပါတယ်"
လင်းကျစ်ရှ ခဏတွေးကြည့်လိုက်ကာ
"ကျွန်တော့်ကိုပြောလို့ အသုံးဝင်ချင်မှ
ဝင်လိမ့်မယ်၊ ဒါပေမယ့် မျိုသိပ်ထားတာ
ထက်စာရင် ရင်ဖွင့်လိုက်တာက ပိုကောင်းတဲ့
အရာမျိုးရှိတယ်၊ ကျွန်တော်နားထောင်ပေးဖို့
အသင့်ပဲ"
ငြိမ်းချမ်းတိတ်ဆိတ်နေသော လင်းကျစ်ရှ၏
ဘေးတစောင်းမျက်နှာကိုကြည့်ရင်း လော့ချင်
ရုတ်တရက် ခပ်ဖွဖွခေါ်လိုက်သည်။
"ရှောင်ရှ"
လင်းကျစ်ရှက ပြန်ဖြေရင်း ရှေ့သို့ကြည့်နေ၏။
"ဟင်?"
"ကိုယ့်အဖေ မလာခင်တုန်းက ကိုယ်တို့
ဘာလုပ်နေတာလဲ၊ မှတ်မိလား"
လင်းကျစ်ရှ ကြောင်သွားပြီးမှ လော့ချင်၏
ဆိုလိုရင်းကို သဘောပေါက်သွားသဖြင့်
မျက်နှာနီလာသည်။
သူက အသက် ၂၀အရွယ်ဝန်းကျင်
ဖြစ်သော်လည်း ထိန်းချုပ်မရနိုင်ခဲ့သော
အပြုအမူကြောင့် ရင်ခုန်သံမြန်ဆန်လာသည်။
တွေးကြည့်ရုံနှင့် လင်းကျစ်ရှ တကယ်ကို
ရှက်ရွံ့မိပါ၏။
လော့ချင်က သူ့အတွက် အချစ်ဦးဆိုတာ
သံသယဖြစ်စရာမရှိ။
သို့သော် သူတို့နှစ်ဦးကြား ဆက်ဆံရေး
တိုးတက်မှုက သာမန်လူငယ်စုံတွဲများနှင့်
ကွဲပြားသည်။ သူတို့က အစီအစဉ်လိုက်
မှားယွင်းနေခြင်း။ တခြားလူတွေက လက်ကိုင်
သည်၊ အနမ်းပေးသည်၊ ထို့နောက်မှာမှ
နက်ရှိုင်းသည့်အပိုင်းသို့ဦးတည်သည်။ သူနှင့်
လော့ချင်ကတော့ အထက်အောက်ပြောင်းပြန်
ဖြစ်ကာ အရင် အနက်ရှိုင်းဆုံးပေါင်းစပ်ပြီး
ကြားထဲမှအဆင့်များကို ကျော်ပစ်လိုက်သည်။
သို့နှင့် လင်းကျစ်ရှက အတွေ့အကြုံမရှိသည့်
အပြင် သိပ်ပြီးအကျွမ်းတဝင်မဖြစ်တာပင်။
"ကျွန်တော် မမှတ်မိတော့ဘူး"
လော့ချင်က သူ့ကို ထိုအတိုင်း မလှုပ်မယှက်
ကြည့်နေဆဲ။ ကျယ်ပြောသည့်နဂါးငွေ့တန်းလို
ထင်ရလောက်သည့် ထိုသူ့မျက်ဝန်းများက
တောက်ပလွန်းသဖြင့် လင်းကျစ်ရှ မိန်းမော
သွားရပြီ။
လော့ချင်အကြည့်က ဤသို့ဆိုနေသယောင် :
'မနမ်းရင် ပေးမသွားဘူး'ဟူ၍။
လင်းကျစ်ရှ မသိမသာ ခြေဖျားထောက်ကာ
လော့ချင်ကို ခပ်မြန်မြန် တစ်ချက်နမ်းလိုက်ပြီး
ရှက်သွေးဖြာသွားရသည်။
သူ လော့ချင်ကို ရှေ့သို့တွန်းလွှတ်ရင်း
"ပြီးပြီ"
လော့ချင်က ဘာမှမပြောဘဲ လင်းကျစ်ရှကို
ရင်ခွင်ထဲဆွဲသွင်းပစ်သည်။ နှုတ်ခမ်းချင်း
အတွေ့မှာ လင်းကျစ်ရှ၏အာမေဋိတ်သံက
ပျော်ဝင်ပျောက်ရှသွားပြီ။ သူ လင်းကျစ်ရှ၏
နှုတ်ခမ်းသားကို ညင်သာစွာ နမ်းရှိုက်စုပ်ယူရင်း
ဖွင့်တစ်ခါ ပိတ်တစ်လှည့်ဖြစ်ပေါ်စေပြီး
ခံတွင်းထဲအထိ သူ့လျှာက ဖွဖွတိုးဝင်တိုက်ခိုက်
လာသည်။
လင်းကျစ်ရှ၏မျက်တောင်ကော့များ
အနည်းငယ်တုန်ယင်နေတာကို သူမြင်ရသည်။
ကြည်လင်နေသောမျက်ဝန်းများမှာ
တုန်လှုပ်မှုအထင်းသား။
မိန်းမောစေလောက်သောအသွင်က အလွန်
လှပသည်။
ပြီးတော့ သိပ်ကို ချိုမြိန်နေ၏။
လင်းကျစ်ရှ ရင်တဒိန်းဒိန်းခုန်လာသည်။
လော့ချင်၏တစ်မူထူးခြားသော
အငွေ့အသက်က သူ့တစ်ကိုယ်လုံးကို
လွှမ်းခြုံလျက်။ လက်တစ်ကမ်းအကွာထိ
နီးကပ်နေသော နူးညံ့သည့်မျက်နှာချောချောကို
ကြည့်ရင်း လင်းကျစ်ရှ စဉ်းစားနိုင်စွမ်းတို့
လုံးဝပျောက်ဆုံးသွားခဲ့သည်။
အတော်ကြာတော့မှ လော့ချင်က သူ့ကို
လွှတ်ပေးလိုက်၏။
လင်းကျစ်ရှ မျက်နှာနီမြန်းလျက်၊ လော့ချင်ကို
ဘယ်လိုရင်ဆိုင်ရမလဲ မသိတော့။
လော့ချင်၏မျက်ဝန်းများမှာမူ ပြုံးနေကာ
စားသောက်လို့ဝသွားသည့် မြေခွေးနှယ်။
လင်းကျစ်ရှ ရှက်နေမှန်း သူသိသဖြင့်
တမင် ကျီစယ်လိုက်သည်။
"ကလေးတစ်ယောက်တော့ မွေးပြီးသွားပြီ၊
နောက်တစ်ယောက်က ရခါနီး"
...ဘယ်လိုတောင် လူလည်ကျတာလဲ!
လင်းကျစ်ရှ ဘာမှပြန်မပြောဘဲ လူနာဆောင်
သို့ ချာခနဲလှည့်ထွက်ကာ လော့ချင်ကို
အနောက်မှာ တစ်ယောက်တည်းချန်ထားခဲ့
လိုက်သည်။ လော့ချင်က သူ့နာမည်ကို
အထပ်ထပ်ခေါ်နေသော်လည်း သူ
လှည့်မကြည့်။
ဘယ်လိုပဲဖြစ်ဖြစ် လော့ချင်က လက်မှာ
ဒဏ်ရာရထားတာ၊ ခြေထောက်မှမဟုတ်ဘဲ။
လင်းကျစ်ရှ စိတ်တိုစွာ တွေးလိုက်သည်။
သူ မပါလည်း လော့ချင်က တစ်ယောက်တည်း
လျှောက်နိုင်ပါတယ်။
လင်းကျစ်ရှ မျက်နှာနီနီနှင့် လူနာဆောင်သို့
ပြန်လာခဲ့ရာ လော့ကျန်းရန်က မပြန်သေးဘဲ
လင်းခယ်အိုက်နှင့်ထိုင်နေ၏။ လင်းကျစ်ရှ
အနားသို့တိုးသွားကာ အိမ်လေးကို ကြည့်လိုက်သည်။
လင်းခယ်အိုက်က လက်ကလေးပိုက်ထားပြီး
နှုတ်ခမ်းစူနေဆဲ။ ဘေးမှလော့ကျန်းရန်က
အလွန်စိတ်ရှည်စွာ block များကို တစ်ခုချင်း
ဆက်နေသည်။
လင်းခယ်အိုက်က မကျေမနပ်နှင့်။
"ပါး...သား ဒါကို ခဏလေးနဲ့ ဆက်ပြမယ်၊
ဟွန်း!"
လော့ကျန်းရန် စိတ်အနှောင့်အယှက်မဖြစ်ဘဲ ယုံကြည်ချက်အပြည့်။
"ဘိုးဘိုးက မကြာခင် ပြီးတော့မှာ"
လော့ကျန်းရန်က လေးထောင့်ပုံစံအပိုင်း
လေးကို ကောက်ကိုင်ပြီး အတော်ကြာအောင်
ကြည့်နေသော်လည်း ဘယ်မှာဆက်ရမှန်း
မသိ။ လင်းကျစ်ရှ ထရပ်ကာ တစ်နေရာသို့
ညွှန်ပြလိုက်သည်။
"ဒါက ဒီမှာ"
လော့ကျန်းရန် ကြားသွားပြီး နေရာမှန်ကို
ရှာတွေ့သွားပြီ။ လင်းကျစ်ရှ၏ခြေထောက်ကို
တစ်ချက်ပုတ်လိုက်ရင်း
"သိပ်မခက်ဘူးပဲ"
လင်းကျစ်ရှ ခပ်တိုးတိုးရယ်လိုက်သည်။
လော့ကျန်းရန်က ဖျတ်ခနဲငဲ့ကြည့်ကာ
"လော့ချင်ရော? မင်း ဘယ်လိုလုပ်
တစ်ယောက်တည်းလာတာလဲ"
လင်းကျစ်ရှ နှုတ်ခမ်းနှစ်လွှာကို ဖိထားမိပြီ။
"သူ ရောက်လာတော့မှာပါ"
ထူးဆန်းသည်။ လင်းကျစ်ရှက ခြေလှမ်း
အနည်းငယ်မျှသာ ရှေ့ပြေးနေခဲ့ခြင်း။
ပုံမှန်ဆို လော့ချင် ပြန်ရောက်သင့်ပြီ
ဖြစ်သော်လည်း တစ်ခဏကြာသည်အထိ
ဘာအရိပ်အယောင်မှမရှိ။
လော့ချင် အောက်ထပ်မှာ ရပ်နေသေးလားဟု
လင်းကျစ်ရှ သိရဖို့ ပြတင်းပေါက်နားသို့
သွားကာ ငုံ့ကြည့်လိုက်သော် ထိုသူ့ဘေးမှာ
နောက်ထပ်လူတစ်ယောက်ရှိနေကြောင်း
တွေ့ရသည်။
ဤရှုထောင့်မှကြည့်လျှင် မည်သူလဲဆိုတာ
ပြောဖို့ခက်သည်။ တိုက်တိုက်ဆိုင်ဆိုင်
ထိုလူက မျက်နှာငဲ့လာသဖြင့် လင်းကျစ်ရှ
မြင်လိုက်ရသည်။
ချောင်ရူရွှီပဲ။
လော့ချင် ဆေးရုံတက်သည့် သုံးရက်အတွင်း
ချောင်ရူရွှီက နှစ်ကြိမ်လာပြီးပြီ။ ယနေ့ဆို
သုံးကြိမ်မြောက်။
ထိုနှစ်ဦး ဘာပြောနေမှန်း သူ မသိသော်လည်း
ချောင်ရူရွှီက ပြုံးနေကာ စိတ်အခြေအနေ
ကောင်းပုံပေါ်၏။
လင်းကျစ်ရှ နှုတ်ခမ်းမဲ့သွားပြီ။
ထိုအချိန်မှာ ချောင်ရူရွှီက ခြေနှစ်လှမ်း
တိုးကာ လက်ဆန့်ပြီး လော့ချင်၏ဆံပင်ကို
သပ်ရပ်အောင် ပြင်ပေးဖို့လုပ်သည်။
ချက်ချင်းဆိုသလိုပဲ လင်းကျစ်ရှ နည်းနည်း
မကျေမနပ်ဖြစ်သွားလေသည်။
|||||||||||||||||||||||||||||
Zawgyi
ေလာ့ခ်င္ ေဆး႐ုံတက္ေနရင္း သုံးရက္ေျမာက္
ေန႔တြင္ ေလာ့က်န္းရန္က သူ႔ကိုလာေတြ႕၏။
ထိုအခ်ိန္မွာ ေလာ့ခ်င္ ကုတင္ကိုမွီထိုင္ရင္း
စာ႐ြက္စာတမ္းဖတ္ေနတာျဖစ္သည္။
လင္းက်စ္ရွကေတာ့ လင္းခယ္အိုက္ေဘး၌
ထိုင္ရင္း block ကူဆက္ေပးေန၏။
ေလာ့ခ်င္ ေဆး႐ုံတက္ေနတာ သုံးရက္ၾကာၿပီ
ျဖစ္ေသာ္လည္း သူ႔ပစၥည္းေတြကို
မ်ားမ်ားစားစားမယူလာခဲ့။ လူနာေဆာင္
တစ္ခုလုံးမွာ လင္းခယ္အိုက္၏အ႐ုပ္မ်ားႏွင့္
ျပည့္ေနသည္။ ေလာ့ခ်င္က အမ်ားႀကီး
ဝယ္ေပးသည့္အျပင္ လင္းခယ္အိုက္က
ဤေနရာကို ေပ်ာ္စရာကမာၻအသစ္သဖြယ္
သေဘာထားကာ အ႐ုပ္တစ္ခုၿပီးတစ္ခု
ဆြဲယူလာျခင္းပင္။
လင္းက်စ္ရွ ကေလးေဘးမွာ အေတာ္ၾကာ
ထိုင္ေနရင္း ခါးေညာင္းလာသျဖင့္
မတ္တတ္ရပ္ၿပီး အေၾကာဆန႔္လိုက္ရာ
ေလာ့ခ်င္ႏွင့္အၾကည့္ဆုံသြားေလၿပီ။
ေလာ့ခ်င္က လက္ထဲမွစာ႐ြက္စာတမ္းကို
ခ်ထားလိုက္ကာ ႏူးညံ့ေနေသာမ်က္ခုံးတန္း
မ်ားျဖင့္ သူ႔ကိုၾကည့္လာသည္။
ခပ္တိုးတိုးေခၚလိုက္၏။
"ေရွာင္ရွ..."
မေန႔တုန္းက ေလာ့ခ်င္ သူ႔ကို ထိုသို႔
႐ုတ္တရက္ေခၚလိုက္သည့္အခါ သူ
ေၾကာင္အသြားခဲ့၏။ ထိုအေခၚအေဝၚကို
သေဘာမက်ဘူးလားဟူ၍ ေလာ့ခ်င္က
ေမးရာတြင္ သူ မဟုတ္ေၾကာင္းျငင္းခဲ့သည္။
အမွန္ေတာ့ တစ္စုံတစ္ေယာက္ဆီမွ
ဒီလိုေခၚသံမ်ိဳးကို သူ အၿမဲၾကားခ်င္ခဲ့တာ။
ေျပာရလွ်င္ ရယ္ခ်င္စရာ။ လင္းက်စ္ရွက
ကိစၥအေသးအဖြဲေလးေတြႏွင့္ပတ္သက္ၿပီး
အစြဲအလမ္းနည္းနည္းထားတတ္သည္။
သူ ငယ္ငယ္တုန္းက ထိုကဲ့သို႔ေသာ
ထူးထူးဆန္းဆန္းစြဲလမ္းစိတ္မ်ိဳးရွိခဲ့၏။
သူ႔နာမည္ေရွ႕မွာ 'ေရွာင္'ဟူေသာေဝါဟာရ
ေလးကို ထည့္ေခၚလိုက္႐ုံႏွင့္ သူ႔အား
ထူးထူးျခားျခားအလိုလိုက္သေယာင္
ခံစားမိခဲ့သည္။
သို႔ေသာ္ ထိုစဥ္က သူ႔ကိုအလိုလိုက္မည့္လူ
မရွိသျဖင့္ ထိုသို႔ အေခၚမခံခဲ့ရ။
ေလာ့ခ်င္က ပထမဆုံးပင္။
သူ႔မွာ ထိုအေတြးရွိေၾကာင္း ေလာ့ခ်င္ကို
ေျပာျပမွာမဟုတ္။ လင္းက်စ္ရွက အၿမဲလိုလို
နည္းနည္းေတာ့ အေယာင္ေဆာင္တတ္သည္။
ဒါတင္မကေသးဘူး...
ေလာေလာဆယ္ သူ ေလာ့ခ်င္ဆီမွာ တအား
မပြင့္လင္းႏိုင္ပါေပ။
လင္းက်စ္ရွ ကုတင္သို႔ေလွ်ာက္သြားရာ
ေလာ့ခ်င္က သူ႔ခါးတစ္ဝိုက္ကို သိုင္းဖက္ရင္း
အနားဆြဲေခၚလိုက္ေလ၏။
လင္းက်စ္ရွ နည္းနည္းရွက္ေနမိဆဲ။ သူ
ယခုလိုပူးပူးကပ္ကပ္ေနတာမ်ိဳးကို က်င့္သား
မရေသးေသာေၾကာင့္ပင္။ သူ႔မ်က္ဝန္းမ်ား
ဟိုဟိုဒီဒီအၾကည့္လႊဲေနၿပီးမွ ေလာ့ခ်င္၏
မ်က္ႏွာကိုၾကည့္လိုက္မိသည္။
မ်က္ႏွာေပၚမွာ ထင္ရွားသည့္အမာ႐ြတ္ႏွစ္ခု။
တစ္ခုက မ်က္ခုံး႐ိုးေပၚမွာျဖစ္ၿပီး
ေနာက္တစ္ခုက ဘယ္ဘက္ပါးေပၚမွာ။
ႏွစ္ခုစလုံးက ပြန္းပဲ့ရာမွ်သာ။ ၾကည့္ရမဆိုး
သည့္အျပင္ ေၾကာက္စရာအမာ႐ြတ္မ်ား
မဟုတ္။ သို႔ေသာ္ ေလာ့ခ်င္က ေခ်ာေမာလြန္း
သျဖင့္ ယခုလိုအျပစ္အနာအဆာက
အသြင္အျပင္ကို သိပ္မထိခိုက္ေစလွ်င္ေတာင္
လင္းက်စ္ရွ စိတ္ထဲမွာ သက္ျပင္းခ်မိေလ
သည္။
ေလာ့ခ်င္၏လက္မွ ပထမဒဏ္ရာက
အလုံးစုံမေပ်ာက္ကြယ္ေသး။ ေနာက္ထပ္
ဒဏ္ရာတစ္ခုတိုးလာခဲ့ျပန္ၿပီ။
ဒဏ္ရာႏွစ္ခုလုံး၏အရင္းခံက သူ႔ေၾကာင့္။
လင္းက်စ္ရွ နည္းနည္းမွမခံစားရဟုဆိုလွ်င္
မွားရာက်မည္။ သူက နဂိုကတည္းက
စိတ္ႏွလုံးေပ်ာ့ေပ်ာင္းသည္။
သူ ေလာ့ခ်င္၏လက္ကို အသာဖြဖြကိုင္ကာ
ခပ္တိုးတိုးေမးလိုက္ၿပီ။
"နာေနေသးလားဟင္"
ေလာ့ခ်င္ ေခါင္းခါျပရာ လင္းက်စ္ရွက
ထိုသူ႔မ်က္ႏွာကို လက္ေခ်ာင္းထိပ္မ်ားျဖင့္
ညင္သာစြာထိေတြ႕ပြတ္သပ္လိုက္မိသည္။
ႏွစ္ဦးသား အလြန္နီးကပ္ေနၿပီး လင္းက်စ္ရွက
စိုး႐ြံ႕မေနပါဘဲ ယခုကဲ့သို႔ အံ့အားသင့္ဖြယ္ရာ
အျပဳအမူကို လႈပ္ရွားလိုက္ျခင္းပင္။
ေလာ့ခ်င္၏လည္ေစ့က အထက္ေအာက္
မလႈပ္ခတ္ဘဲမေနႏိုင္ေတာ့၊ အသက္ရႉသံမ်ား
ေလးလံသိပ္သည္းလာခဲ့သည္။ ေလာ့ခ်င္
လင္းက်စ္ရွကို အလိုလို ခပ္တင္းတင္းေပြ႕ဖက္
မိသြားကာ ေခါင္းေမာ့လိုက္ၿပီး ျပင္းျပင္းျပျပ
ၾကည့္ေလ၏။ ေတာက္ေလာင္ေသာအၾကည့္မွာ
လင္းက်စ္ရွလည္း ညိဳ႕ငင္ခံလိုက္ရကာ
သူ႔အၾကည့္က ေလာ့ခ်င္၏အမာ႐ြတ္ဆီမွ
တျခားေနရာကိုေရာက္ရွိသြားၿပီ။
အနမ္းသို႔ရည္ၫႊန္းေနမွန္း သိသာလြန္းသည့္
အေနအထား။
တိုက္တိုက္ဆိုင္ဆိုင္ ထိုအခ်ိန္မွာမွ
ေလာ့က်န္းရန္ အခန္းထဲဝင္လာခဲ့သည္။
လင္းက်စ္ရွ ေလာ့ခ်င္ရင္ခြင္ထဲမွ
ကမန္းကတန္း႐ုန္းထြက္ကာ ေဘးမွာရပ္ေန
လိုက္ရသည္။ ေလာ့ခ်င္ ဆြံ႕အစြာ အေဖ
ျဖစ္သူကိုၾကည့္ရင္း
"အေဖ ေနမေကာင္းေသးဘူးမလား၊
ဘယ္လိုလုပ္ ဒီကိုေရာက္လာတာလဲ"
လင္းက်စ္ရွ ယခုမွ သတိရသြားသည္။
ေလာ့က်န္းရန္လည္း မၾကာေသးမီက
ေနမေကာင္းျဖစ္ထားသည္ပဲ။ ထို႔ေၾကာင့္
အသြင္က ယခင္ေလာက္အဆင္မေျပတာ
ျဖစ္မည္။ ညတြင္းခ်င္း အိုစာသြားသည့္ႏွယ္
ထက္ရွေသာမ်က္ခုံးအစုံက မာန္ေလ်ာ့ေနကာ စိတ္ဓာတ္က်ေနပုံရ၏။
ေမာက္မာအထက္စီးဆန္ေသာ ယခင္ပုံစံႏွင့္
ယခု အထီးက်န္ေသာဟန္ပန္ကို ယွဥ္ၾကည့္
လွ်င္ မတူညီသည့္လူႏွစ္ေယာက္လို ကြဲထြက္
ေနသည္။
ေလာ့က်န္းရန္က ေအးတိေအးစက္
ႏွာမႈတ္ကာ
"ငါ မင္းကိုေတြ႕ဖို႔လာတာ၊ မႀကိဳဆိုဘူး
ထင္ရဲ႕"
ေလာ့ခ်င္ ဘာေျပာရမွန္းမသိေတာ့။
"အဲ့သေဘာမဟုတ္ပါဘူး"
ေလာ့က်န္းရန္က ဟြန္းခနဲ ေထ့ေငါ့လိုက္ၿပီး
တစ္ဖက္လွည့္၍ လင္းက်စ္ရွကိုၾကည့္သည္။
လင္းက်စ္ရွ ခပ္ေဖ်ာ့ေဖ်ာ့ဆိုလိုက္၏။
"မဂၤလာပါ အန္ကယ္"
ေလာ့က်န္းရန္က သူ႔ကို ဖ်တ္ခနဲငဲ့ၾကည့္ၿပီး
"ေလာ့ခ်င္ ဒဏ္ရာရတာ မင္းေၾကာင့္
မဟုတ္လား"
"အေဖ၊ ကြၽန္ေတာ္ ဂ႐ုမစိုက္မိလို႔ပါ"
ေလာ့ခ်င္ ဦးေအာင္ ရွင္းျပလိုက္သည္။
အျပင္လူမ်ားက အလြန္ဆုံးအေနႏွင့္ ေလာ့ခ်င္
ကားအက္ဆီးဒင့္ျဖစ္သည္ဟူ၍သာ သိထား
ၾကၿပီး က်န္သည့္လူေတြကလည္း ဆူဆူညံညံ
မလုပ္။
သူ႔အေဖက အျဖစ္မွန္ကို ဘယ္လိုလုပ္
သိသြားပါလိမ့္။
"ေရွာင္ရွနဲ႔ ဘာမွမပတ္သက္ပါဘူး"
"ေခ်ာင္မိသားစုအႀကီးအကဲစုံတြဲက ငါ့ဆီကို
လြန္ခဲ့တဲ့ႏွစ္ရက္က အေျပးလာၿပီးၿပီ၊ မင္း
ဖုံးကြယ္ႏိုင္မယ္ ထင္လို႔လား"
ေလာ့က်န္းရန္က စိတ္မရွည္စြာ ေလာ့ခ်င္ကို
ေငါက္သည္။
"မင္း အခု ဘယ္လိုပုံစံျဖစ္ေနလဲ ၾကည့္ဦး၊
အသုံးမက်ဘူး"
"အန္ကယ္၊ ေလာ့ခ်င္က ကြၽန္ေတာ့္ေၾကာင့္
ဒဏ္ရာရတာ တကယ္ပါ"
လင္းက်စ္ရွ ေျပာလိုက္သည္။
"ကြၽန္ေတာ္ ေတာင္းပန္ပါတယ္"
"ေရွာင္ရွ...မင္းရဲ႕အမွားမွမဟုတ္ဘဲ၊ ဘာလို႔
ေတာင္းပန္စကားေျပာေနတာလဲ"
ေလာ့ခ်င္ တီးတိုးေရ႐ြတ္မိ၏။
လင္းက်စ္ရွ ေလာ့ခ်င္ကို ႏွစ္သိမ့္သလို
တစ္ခ်က္ၾကည့္ၿပီးေနာက္ ေလာ့က်န္းရန္
စကားျပန္မွာကို သူ ေစာင့္ေနလိုက္သည္။
အျပစ္တင္ရႈတ္ခ်ၿပီးသည့္ ေလာ့က်န္းရန္က
နက္နက္နဲနဲသိျမင္ဖို႔ မေတြးထားသျဖင့္
ထိုႏွစ္ဦးကိုၾကည့္ရမည့္အစား လင္းခယ္အိုက္
အနားသို႔ေလွ်ာက္သြားကာ ေဆာင့္ေၾကာင့္ထိုင္
လိုက္သည္။
လင္းခယ္အိုက္က ရထားအေသးေလးကို
အာ႐ုံဝင္စားေနကာ လက္ေမးေထာက္ရင္း
စဥ္းစားေနၿပီး ေဘးမွာ ဘာေတြျဖစ္ပ်က္ေနလဲ
မသိေပ။ ႐ုတ္တရက္ေရာက္လာသည့္
ေလာ့က်န္းရန္က ကေလးကို လန႔္သြားေစၿပီ။
ေျခသလုံးတုတ္တုတ္ေလးကို တ႐ြတ္တိုက္
ဆြဲရင္း ေရွာင္အိုက္က လင္းက်စ္ရွဆီကိုပဲ
သြားဖို႔ျပင္သည္။ ေဆာက္ထားၿပီးသား
အိမ္ကို တြန္းတိုက္မိေလရာ တစ္ခဏမွ်
ေၾကာင္သြားၿပီးမွ ပါးစပ္ဟကာ အက်ယ္ႀကီး
ေအာ္ငိုေတာ့သည္။
"သား-သားရဲ႕အိမ္ေလးကို ျပန္ေပး!"
ေလာ့က်န္းရန္ ကေလးကို ေခ်ာ့ဖို႔ႀကံေသာ္
လည္း လင္းခယ္အိုက္က စကၠန႔္မဆိုင္းဘဲ
မ်က္ရည္လည္႐ြဲျဖစ္ကာ ပိုၿပီးငိုလာသည္။
ေကာင္ကေလးဆီမွ မ်က္ရည္ဥႀကီးမ်ား
တစ္လုံးၿပီးတစ္လုံးက်လာတာကို
ေလာ့က်န္းရန္ ၾကည့္ေနရင္း ဘာလုပ္ရမွန္း
မသိေတာ့ဘဲ အထိတ္ထိတ္အပ်ာပ်ာျဖစ္ၿပီး ေျခာက္ကပ္ကပ္ဆိုလိုက္ေလ၏။
"ဘိုးဘိုး သားရဲ႕အိမ္ေလးကို မထိဘူး"
အသည္းကြဲသြားေသာလင္းခယ္အိုက္က
ဘာေျပာေျပာ နားမေထာင္ေတာ့။ သူ
ေလာ့က်န္းရန္ကို လက္သည္တရားခံအျဖစ္
သတ္မွတ္လိုက္ၿပီမို႔ အငိုပိုသည္းလာသည္။
လင္းက်စ္ရွ ကေလးကို သြားေခ်ာ့ခ်င္
ေသာ္လည္း ေလာ့ခ်င္က သူ႔အား လွမ္းဆြဲကာ
ေခါင္းခါျပသည္။
"ဘိုးဘိုးက အိမ္ေလးကို ျပန္ေဆာက္ေပးမယ္၊
ဟုတ္ၿပီလား"
လင္းခယ္အိုက္ အငိုတိတ္သြားၿပီး ႏွာရႈံ႕ကာ
အြန္ဟြန္းဟူေသာအသံေပးသည္။
ေလာ့က်န္းရန္ လင္းခယ္အိုက္ေဘးမွာ
ဝင္ထိုင္ရင္း ခပ္ၿပဳံးၿပဳံး ေခါင္းယမ္းလိုက္မိ၏။
သူ တစ္စုံတစ္ဦးႏွင့္ ေခါင္းခ်င္းမဆိုင္ခဲ့တာ
ႏွစ္မ်ားစြာၾကာလွၿပီ။ ဒီလိုေကာင္ကေလးႏွင့္
ဘာမွလုပ္စရာမရွိ။
လူႀကီးတစ္ဦးႏွင့္ကေလးတစ္ဦးက
လင္းက်စ္ရွတို႔ကို ေနာက္ေက်ာေပးလ်က္
ထိုင္ေနၾကသည္။ ဆက္တိုက္ဆိုသလိုပဲ
လင္းခယ္အိုက္က ေလာ့က်န္းရန္ကို
နည္းနည္းစီ ဆရာလုပ္ေန၏။
"ဒါ-ဒါကို ဒီမွာမထားရဘူးေလ၊ ဘိုးဘိုးက
သိပ္တုံးတာပဲ!"
ေလာ့က်န္းရန္က ေဒါသမထြက္ဘဲ
"ေရွာင္အိုက္...ဘိုးဘိုးကို ေျပာပါဦး၊ ဒါ
ဘယ္မွာထားသင့္လဲ"
လင္းခယ္အိုက္က အေတာ္ၾကာေအာင္
ေမးေထာက္ေနၿပီးမွ လက္ကေလးျဖန႔္ျပသည္။
"သားလည္း မသိဘူး"
လင္းက်စ္ရွ ရယ္မိသြားၿပီး ေလာ့ခ်င္က
သူ႔လက္ကိုဆုပ္ကိုင္လိုက္၏။ သူ
ငဲ့ၾကည့္ေတာ့ ေလာ့ခ်င္က ဆြယ္သလို
ေျပာလာသည္။
"ဒီအခန္းက ထိုင္းမႈိင္းလြန္းတယ္၊
ေလေကာင္းေလသန႔္ရေအာင္ အျပင္ထြက္ရင္
ေကာင္းမယ္"
လင္းက်စ္ရွက ေလာ့က်န္းရန္ကို ငဲ့ၾကည့္ၿပီးမွ
ေလာ့ခ်င္ထံျပန္ၾကည့္သည္။ သူ႔မ်က္ဝန္းထဲ
ေမးခြန္းအရိပ္အေယာင္ႏွင့္။
ေလာ့ခ်င္က ေလာ့က်န္းရန္ကို တိုက္႐ိုက္
ေျပာလိုက္ေတာ့သည္။
"အေဖ၊ ကြၽန္ေတာ္ အျပင္သြားမလို႔"
ေလာ့က်န္းရန္က လွည့္ပင္ မၾကည့္။
"သြား၊ ငါ့ကို ေျပာေနဖို႔မလိုဘူး"
ေလာ့ခ်င္က လင္းက်စ္ရွကို 'အိုေက'ဟူေသာ
သေဘာႏွင့္ ၾကည့္လိုက္ၿပီး အတူထြက္ခြာ
သြားေလသည္။
ႏွစ္ဦးသား လက္တြဲရင္း ေလွကားအတိုင္း
ဆင္းလာၿပီး လမ္းက်ဥ္းေလးကို ေလွ်ာက္ျဖစ္ၾက၏။
ေလေအးက တသုန္သုန္တိုးေဝွ႔ေနရာ
အျပင္ထြက္ၿပီးသည္ႏွင့္မၾကာ လင္းက်စ္ရွ၏
ႏွာဖ်ားနီရဲလာခဲ့ၿပီ။ ေလာ့ခ်င္က ေမးလိုက္
သည္။
"ေအးေနၿပီလား"
လင္းက်စ္ရွ ေခါင္းခါျပသည္။ ေလာ့ခ်င္က
သူ႔လက္ကို ခပ္တင္းတင္းဆုပ္ကိုင္ထားဆဲ
ျဖစ္ၿပီး ယွက္သြယ္ရင္း အိတ္ကပ္ထဲ
ထည့္ထားလိုက္၏။
"ကိုယ့္အေဖေျပာတာကို စိတ္မပူပါနဲ႔၊
သူ႔စိတ္က အၿမဲ ဒီလိုပဲ၊ သူ မင္းကိုဆန႔္က်င္မွာ
မဟုတ္ဘူး"
"ကြၽန္ေတာ္ စိတ္ထဲမထားပါဘူး"
လင္းက်စ္ရွ ရယ္မိၿပီ။ ဒီေန႔ ေလာ့က်န္းရန္က
သူ႔ကို ဘာမွသိပ္မေျပာဘူးေလ။
"ဒါေပမယ့္ အန္ကယ္ အေတာ္ဝမ္းနည္းေနပုံပဲ၊
အရင္ ကြၽန္ေတာ္တို႔ ေတြ႕တုန္းကနဲ႔မတူဘူး"
ေလာ့ခ်င္က ခဏေလာက္ ႏႈတ္ဆိတ္သြား
ၿပီးေနာက္ ခပ္တိုးတိုးဆိုသည္။
"ကိုယ့္အေဖက သူ႔ကိုရွာေနခဲ့တာ ႏွစ္ေတြ
ၾကာလွၿပီ၊ အေဖက သူ႔ကို ပိုေတြ႕ခ်င္ခဲ့တယ္၊
ကိုယ္တို႔သားအဖက သူဆုံးသြားတဲ့သတင္းကို
တစ္ခ်ိန္တည္းသိၾကတာ၊ သက္ေရာက္မႈ
ကေတာ့ ကိုယ့္အေဖအတြက္ ပိုႀကီးမားတယ္"
လင္းက်စ္ရွ ေလာ့ခ်င္၏လက္ကို လႈပ္ယမ္း
လိုက္သည္။ ေလာ့ခ်င္ မည္မွ်တည္ၿငိမ္ခ်င္
ေယာင္ေဆာင္ပါေစ ထိုအေၾကာင္းအရာဆီ စကားစပ္မိတိုင္း ထိုသူ႔ဝမ္းနည္းမႈကို
လင္းက်စ္ရွ အလြယ္တကူခံစားသိရွိႏိုင္သည္။
"ေလာ့ခ်င္..ခင္ဗ်ား ဝမ္းနည္းရင္ ကြၽန္ေတာ့္ကို
ေျပာျပလို႔ရပါတယ္"
လင္းက်စ္ရွ ခဏေတြးၾကည့္လိုက္ကာ
"ကြၽန္ေတာ့္ကိုေျပာလို႔ အသုံးဝင္ခ်င္မွ
ဝင္လိမ့္မယ္၊ ဒါေပမယ့္ မ်ိဳသိပ္ထားတာ
ထက္စာရင္ ရင္ဖြင့္လိုက္တာက ပိုေကာင္းတဲ့
အရာမ်ိဳးရွိတယ္၊ ကြၽန္ေတာ္နားေထာင္ေပးဖို႔
အသင့္ပဲ"
ၿငိမ္းခ်မ္းတိတ္ဆိတ္ေနေသာ လင္းက်စ္ရွ၏
ေဘးတေစာင္းမ်က္ႏွာကိုၾကည့္ရင္း ေလာ့ခ်င္
႐ုတ္တရက္ ခပ္ဖြဖြေခၚလိုက္သည္။
"ေရွာင္ရွ"
လင္းက်စ္ရွက ျပန္ေျဖရင္း ေရွ႕သို႔ၾကည့္ေန၏။
"ဟင္?"
"ကိုယ့္အေဖ မလာခင္တုန္းက ကိုယ္တို႔
ဘာလုပ္ေနတာလဲ၊ မွတ္မိလား"
လင္းက်စ္ရွ ေၾကာင္သြားၿပီးမွ ေလာ့ခ်င္၏
ဆိုလိုရင္းကို သေဘာေပါက္သြားသျဖင့္
မ်က္ႏွာနီလာသည္။
သူက အသက္ ၂၀အ႐ြယ္ဝန္းက်င္
ျဖစ္ေသာ္လည္း ထိန္းခ်ဳပ္မရႏိုင္ခဲ့ေသာ
အျပဳအမူေၾကာင့္ ရင္ခုန္သံျမန္ဆန္လာသည္။
ေတြးၾကည့္႐ုံႏွင့္ လင္းက်စ္ရွ တကယ္ကို
ရွက္႐ြံ႕မိပါ၏။
ေလာ့ခ်င္က သူ႔အတြက္ အခ်စ္ဦးဆိုတာ
သံသယျဖစ္စရာမရွိ။
သို႔ေသာ္ သူတို႔ႏွစ္ဦးၾကား ဆက္ဆံေရး
တိုးတက္မႈက သာမန္လူငယ္စုံတြဲမ်ားႏွင့္
ကြဲျပားသည္။ သူတို႔က အစီအစဥ္လိုက္
မွားယြင္းေနျခင္း။ တျခားလူေတြက လက္ကိုင္
သည္၊ အနမ္းေပးသည္၊ ထို႔ေနာက္မွာမွ
နက္ရႈိင္းသည့္အပိုင္းသို႔ဦးတည္သည္။ သူႏွင့္
ေလာ့ခ်င္ကေတာ့ အထက္ေအာက္ေျပာင္းျပန္
ျဖစ္ကာ အရင္ အနက္ရႈိင္းဆုံးေပါင္းစပ္ၿပီး
ၾကားထဲမွအဆင့္မ်ားကို ေက်ာ္ပစ္လိုက္သည္။
သို႔ႏွင့္ လင္းက်စ္ရွက အေတြ႕အႀကဳံမရွိသည့္
အျပင္ သိပ္ၿပီးအကြၽမ္းတဝင္မျဖစ္တာပင္။
"ကြၽန္ေတာ္ မမွတ္မိေတာ့ဘူး"
ေလာ့ခ်င္က သူ႔ကို ထိုအတိုင္း မလႈပ္မယွက္
ၾကည့္ေနဆဲ။ က်ယ္ေျပာသည့္နဂါးေငြ႕တန္းလို
ထင္ရေလာက္သည့္ ထိုသူ႔မ်က္ဝန္းမ်ားက
ေတာက္ပလြန္းသျဖင့္ လင္းက်စ္ရွ မိန္းေမာ
သြားရၿပီ။
ေလာ့ခ်င္အၾကည့္က ဤသို႔ဆိုေနသေယာင္ :
'မနမ္းရင္ ေပးမသြားဘူး'ဟူ၍။
လင္းက်စ္ရွ မသိမသာ ေျခဖ်ားေထာက္ကာ
ေလာ့ခ်င္ကို ခပ္ျမန္ျမန္ တစ္ခ်က္နမ္းလိုက္ၿပီး
ရွက္ေသြးျဖာသြားရသည္။
သူ ေလာ့ခ်င္ကို ေရွ႕သို႔တြန္းလႊတ္ရင္း
"ၿပီးၿပီ"
ေလာ့ခ်င္က ဘာမွမေျပာဘဲ လင္းက်စ္ရွကို
ရင္ခြင္ထဲဆြဲသြင္းပစ္သည္။ ႏႈတ္ခမ္းခ်င္း
အေတြ႕မွာ လင္းက်စ္ရွ၏အာေမဋိတ္သံက
ေပ်ာ္ဝင္ေပ်ာက္ရွသြားၿပီ။ သူ လင္းက်စ္ရွ၏
ႏႈတ္ခမ္းသားကို ညင္သာစြာ နမ္းရႈိက္စုပ္ယူရင္း
ဖြင့္တစ္ခါ ပိတ္တစ္လွည့္ျဖစ္ေပၚေစၿပီး
ခံတြင္းထဲအထိ သူ႔လွ်ာက ဖြဖြတိုးဝင္တိုက္ခိုက္
လာသည္။
လင္းက်စ္ရွ၏မ်က္ေတာင္ေကာ့မ်ား
အနည္းငယ္တုန္ယင္ေနတာကို သူျမင္ရသည္။
ၾကည္လင္ေနေသာမ်က္ဝန္းမ်ားမွာ
တုန္လႈပ္မႈအထင္းသား။
မိန္းေမာေစေလာက္ေသာအသြင္က အလြန္
လွပသည္။
ၿပီးေတာ့ သိပ္ကို ခ်ိဳၿမိန္ေန၏။
လင္းက်စ္ရွ ရင္တဒိန္းဒိန္းခုန္လာသည္။
ေလာ့ခ်င္၏တစ္မူထူးျခားေသာ
အေငြ႕အသက္က သူ႔တစ္ကိုယ္လုံးကို
လႊမ္းၿခဳံလ်က္။ လက္တစ္ကမ္းအကြာထိ
နီးကပ္ေနေသာ ႏူးညံ့သည့္မ်က္ႏွာေခ်ာေခ်ာကို
ၾကည့္ရင္း လင္းက်စ္ရွ စဥ္းစားႏိုင္စြမ္းတို႔
လုံးဝေပ်ာက္ဆုံးသြားခဲ့သည္။
အေတာ္ၾကာေတာ့မွ ေလာ့ခ်င္က သူ႔ကို
လႊတ္ေပးလိုက္၏။
လင္းက်စ္ရွ မ်က္ႏွာနီျမန္းလ်က္၊ ေလာ့ခ်င္ကို
ဘယ္လိုရင္ဆိုင္ရမလဲ မသိေတာ့။
ေလာ့ခ်င္၏မ်က္ဝန္းမ်ားမွာမူ ၿပဳံးေနကာ
စားေသာက္လို႔ဝသြားသည့္ ေျမေခြးႏွယ္။
လင္းက်စ္ရွ ရွက္ေနမွန္း သူသိသျဖင့္
တမင္ က်ီစယ္လိုက္သည္။
"ကေလးတစ္ေယာက္ေတာ့ ေမြးၿပီးသြားၿပီ၊
ေနာက္တစ္ေယာက္က ရခါနီး"
...ဘယ္လိုေတာင္ လူလည္က်တာလဲ!
လင္းက်စ္ရွ ဘာမွျပန္မေျပာဘဲ လူနာေဆာင္
သို႔ ခ်ာခနဲလွည့္ထြက္ကာ ေလာ့ခ်င္ကို
အေနာက္မွာ တစ္ေယာက္တည္းခ်န္ထားခဲ့
လိုက္သည္။ ေလာ့ခ်င္က သူ႔နာမည္ကို
အထပ္ထပ္ေခၚေနေသာ္လည္း သူ
လွည့္မၾကည့္။
ဘယ္လိုပဲျဖစ္ျဖစ္ ေလာ့ခ်င္က လက္မွာ
ဒဏ္ရာရထားတာ၊ ေျခေထာက္မွမဟုတ္ဘဲ။
လင္းက်စ္ရွ စိတ္တိုစြာ ေတြးလိုက္သည္။
သူ မပါလည္း ေလာ့ခ်င္က တစ္ေယာက္တည္း
ေလွ်ာက္ႏိုင္ပါတယ္။
လင္းက်စ္ရွ မ်က္ႏွာနီနီႏွင့္ လူနာေဆာင္သို႔
ျပန္လာခဲ့ရာ ေလာ့က်န္းရန္က မျပန္ေသးဘဲ
လင္းခယ္အိုက္ႏွင့္ထိုင္ေန၏။ လင္းက်စ္ရွ
အနားသို႔တိုးသြားကာ အိမ္ေလးကို ၾကည့္လိုက္သည္။
လင္းခယ္အိုက္က လက္ကေလးပိုက္ထားၿပီး
ႏႈတ္ခမ္းစူေနဆဲ။ ေဘးမွေလာ့က်န္းရန္က
အလြန္စိတ္ရွည္စြာ block မ်ားကို တစ္ခုခ်င္း
ဆက္ေနသည္။
လင္းခယ္အိုက္က မေက်မနပ္ႏွင့္။
"ပါး...သား ဒါကို ခဏေလးနဲ႔ ဆက္ျပမယ္၊
ဟြန္း!"
ေလာ့က်န္းရန္ စိတ္အေႏွာင့္အယွက္မျဖစ္ဘဲ ယုံၾကည္ခ်က္အျပည့္။
"ဘိုးဘိုးက မၾကာခင္ ၿပီးေတာ့မွာ"
ေလာ့က်န္းရန္က ေလးေထာင့္ပုံစံအပိုင္း
ေလးကို ေကာက္ကိုင္ၿပီး အေတာ္ၾကာေအာင္
ၾကည့္ေနေသာ္လည္း ဘယ္မွာဆက္ရမွန္း
မသိ။ လင္းက်စ္ရွ ထရပ္ကာ တစ္ေနရာသို႔
ၫႊန္ျပလိုက္သည္။
"ဒါက ဒီမွာ"
ေလာ့က်န္းရန္ ၾကားသြားၿပီး ေနရာမွန္ကို
ရွာေတြ႕သြားၿပီ။ လင္းက်စ္ရွ၏ေျခေထာက္ကို
တစ္ခ်က္ပုတ္လိုက္ရင္း
"သိပ္မခက္ဘူးပဲ"
လင္းက်စ္ရွ ခပ္တိုးတိုးရယ္လိုက္သည္။
ေလာ့က်န္းရန္က ဖ်တ္ခနဲငဲ့ၾကည့္ကာ
"ေလာ့ခ်င္ေရာ? မင္း ဘယ္လိုလုပ္
တစ္ေယာက္တည္းလာတာလဲ"
လင္းက်စ္ရွ ႏႈတ္ခမ္းႏွစ္လႊာကို ဖိထားမိၿပီ။
"သူ ေရာက္လာေတာ့မွာပါ"
ထူးဆန္းသည္။ လင္းက်စ္ရွက ေျခလွမ္း
အနည္းငယ္မွ်သာ ေရွ႕ေျပးေနခဲ့ျခင္း။
ပုံမွန္ဆို ေလာ့ခ်င္ ျပန္ေရာက္သင့္ၿပီ
ျဖစ္ေသာ္လည္း တစ္ခဏၾကာသည္အထိ
ဘာအရိပ္အေယာင္မွမရွိ။
ေလာ့ခ်င္ ေအာက္ထပ္မွာ ရပ္ေနေသးလားဟု
လင္းက်စ္ရွ သိရဖို႔ ျပတင္းေပါက္နားသို႔
သြားကာ ငုံ႔ၾကည့္လိုက္ေသာ္ ထိုသူ႔ေဘးမွာ
ေနာက္ထပ္လူတစ္ေယာက္ရွိေနေၾကာင္း
ေတြ႕ရသည္။
ဤရႈေထာင့္မွၾကည့္လွ်င္ မည္သူလဲဆိုတာ
ေျပာဖို႔ခက္သည္။ တိုက္တိုက္ဆိုင္ဆိုင္
ထိုလူက မ်က္ႏွာငဲ့လာသျဖင့္ လင္းက်စ္ရွ
ျမင္လိုက္ရသည္။
ေခ်ာင္႐ူ႐ႊီပဲ။
ေလာ့ခ်င္ ေဆး႐ုံတက္သည့္ သုံးရက္အတြင္း
ေခ်ာင္႐ူ႐ႊီက ႏွစ္ႀကိမ္လာၿပီးၿပီ။ ယေန႔ဆို
သုံးႀကိမ္ေျမာက္။
ထိုႏွစ္ဦး ဘာေျပာေနမွန္း သူ မသိေသာ္လည္း
ေခ်ာင္႐ူ႐ႊီက ၿပဳံးေနကာ စိတ္အေျခအေန
ေကာင္းပုံေပၚ၏။
လင္းက်စ္ရွ ႏႈတ္ခမ္းမဲ့သြားၿပီ။
ထိုအခ်ိန္မွာ ေခ်ာင္႐ူ႐ႊီက ေျခႏွစ္လွမ္း
တိုးကာ လက္ဆန႔္ၿပီး ေလာ့ခ်င္၏ဆံပင္ကို
သပ္ရပ္ေအာင္ ျပင္ေပးဖို႔လုပ္သည္။
ခ်က္ခ်င္းဆိုသလိုပဲ လင္းက်စ္ရွ နည္းနည္း
မေက်မနပ္ျဖစ္သြားေလသည္။
|||||||||||||||||||||||||||||