သူဌေးကြီး၏ဒုတိယမြောက်အိမ်ထောင...

By OpalHawthorn28

2.3M 316K 17.8K

Title....Second merriage of a wealthy old man မူရင်းအော်သာ....Tangerine Boat(Cannon folder cheat system ရေးတဲ... More

Description
Chapter (1)
Chapter(2)
Chapter(3)
Chapter(4)
Chapter(5)
Chapter(6)
Chapter(7)
Chapter(8)
Chapter(9)
Chapter(10)
Chapter(11)
Chapter(12)
Chapter(13)
Chapter(14)
Chapter(15)
Chapter(16)
Chapter (17)
Chapter(18)
Chapter(19)
Chapter(20)
Chapter(21)
Chapter (22)
Chapter (23)
Chapter (24)
Chapter (25)
သူရဲကောင်းကြီးရဲ့အမှာစာ🏹🏹
Chapter (26)
Chapter (27)
Chapter (28)
Chapter (29)
Chapter (30)
Chapter (31)
Chapter (32)
Chapter (33)
Chapter (34)
Chapter (35)
Chapter (36)
Chapter (37)
Chapter (38)
Chapter (39)
Chapter (40)
Chapter (41)
Chapter (42)
Chapter (43)
Chapter (44)
Chapter (45)
Chapter (46)
Chapter (47)
Chapter (48)
Chapter (49)
Chapter (50)
Chapter (51)
Chapter (52)
Chapter (53)
Chapter (54)
Chapter (55)
Chapter (56)
Chapter (57)
Chapter (58)
Chapter (59)
Chapter (60)
Chapter (61)
Chapter (62)
Chapter (63)
Chapter (64)
Chapter (65)
Chapter (66)
Chapter (67)
Chapter (68)
Chapter (69)
Hi
Chapter (70)
Chapter (71)
Chapter (72)
Chapter (74)
Chapter (75)
Chapter (76)
Chapter (77)
Chapter (78)
Chapter (79)
Chapter (80)
Chapter (81)
Chapter (82)
Chapter (83)
Chapter (84)
Chapter (85)
Chapter (86)
Chapter (87)
Chapter (88)
ရေဘဝဲသူရဲကောင်းကြီး၏ ကျေးဇူးတင်လွှာ

Chapter (73)

16.5K 2.6K 49
By OpalHawthorn28

[TN:ပြီးဆုံးရန် ၁၅ပိုင်းသာကျန်ပါတော့သည်]

ဆိုဖာပေါ်မှာ ထိုင်နေတဲ့ Kai ကို မုန့်ရန်က မှန်နံရံတစ်ဖက်ကနေ ကြည့်နေတယ်။မျက်တွင်းဟောက်ပက်နဲ့ အသားအရေကလဲ ဖြူဖျော့နေပြီး အကြည့်တွေကလဲ အလွန်တရာကြေကွဲဝမ်းနည်းနေသယောင်...

သတိပြန်ရလာတုန်းကနဲ့ယှဉ်ရင် Kai ရဲ့လက်ရှိအသွင်အပြင်က အတော်လေးကြည့်ရဆိုးနေတယ်။

ထိုမှန်နံရံက အပြင်ကနေသာ အတွင်းဖက်ကို မြင်နိူင်တဲ့ မှန်အမျိုးအစားဖြစ်တယ်။

Kai သတိပြန်ရလာပြီးကတည်းက ဖရန်ဆွန်နဲ့ Kai ရဲ့မိဘတွေက အတတ်နိုင်ဆုံး ထိပ်တိုက်မတွေ့ဖြစ်အောင်ရှောင်နေကြတယ်။Kai ရှေ့မှာဆို အဆင်ပြေယောင်ဆောင်နေကြတယ်။မိဘတွေဘက်ကလဲ ဖရန်ဆွန့်အကြောင်းတစ်ခွန်းမှမဟကြသလို၊ဖရန်ဆွန်ကလည်း နေပြန်မကောင်းမချင်း ဒီကိစ္စကို ခဏဘေးချိတ်ထားဖို့ ဆုံးဖြတ်ခဲ့တယ်။တကယ်ဆို ဒီလိုအခြေနေကြောင့် Kai သက်သာသင့်နေပြီ။သို့ပေမယ့် ကျန်းမာရေးကတစ်နေ့တစ်ခြားဆိုးဝါးလာတယ်။

နာရီဝက်လောက် ကြာတဲ့အခါ Korchi နဲ့ Devic တို့ရောက်လာကြပြီး မုန့်ရန်နဲ့အတူ ကုသရေးစတင်ခဲ့ကြတယ်။

Devic..:"Kai ရဲ့ ဖွဲ့စည်းပုံက တခြားသူတွေနဲ့မတူဘူး။အနောက်တိုင်းဆေးဝါးတွေမှာ ဘေးထွက်ဆိုးကျိုးတွေရှိတယ်။ဆေးတွေအများကြီး ပြောင်းပေးပေမယ့် အန်လိုက် ဝမ်းလျှောလိုက်ဖြစ်နေတယ်။ဒါ့ကြောင့်မို့လို့ ရနံ့ကုထုံးနဲ့ ကုဖို့ကြိုးစားနေတာ"

မုန့်ရန်က Korchi ကိုကြည့်လိုက်ပြီး..

"Kai ရဲ့ ခန္ဓာကိုယ်ကျန်းမာရေးက accident ကြောင့် traumaရထားလို့ စိတ်ပင်ပန်း လူပင်ပန်းဖြစ်နေတာမျိုးလား:"

"အဲ့တာ ဖြစ်နိုင်ချေအရှိဆုံးပဲ။သူ ညတိုင်းအိမ်မက်ဆိုးတွေမက်ပြီး လန့်လန့်နိုးတယ်၊တစ်ခါတစ်လေဆို စိတ်လွတ်သွားတယ်။ Accident မဖြစ်ခင်တုန်းကတည်းက သူ့မှာ သိပ်မပြင်းတဲ့စိတ်ကျရောဂါရော၊အော်တစ်ဇင်ပါဖြစ်နေခဲ့တာ။အခုချိန်မှာ သူ့ရဲ့ စိတ်ကျရောဂါအခြေနေက အတော်စိုးရိမ်ရတဲ့အဆင့်ဖြစ်နေပြီ။ငါ သူနဲ့ စကားပြောကြည့်ဖို့ ကြိုးစားတိုင်း သူ့ဘက်က ခါးခါးသီးသီးငြင်းနေတာ..အဲ့တာအဆိုးဆုံးပြသာနာပဲ.."

[TN:autism=ကလေးဘဝကတည်းကနေ တဖြည်းဖြည်း အမြစ်တွယ်လာတဲ့ အထီးကျန်စိတ်ဝေဒနါ(စိတ်ပညာရှင်တွေအဆိုအရဆို..အော်
တစ်ဇင်တိုင်းက ဉာဏ်ရည်မပြည့်မှီတာမျိုး မဟုတ်ပါဘူး။ကလေးဘဝကတည်းက ချုပ်ချယ်ခံရတာ၊စည်းကမ်းမဟားတရားတင်းကြပ်ခံရတာကြောင့် သာမာန်ကလေးငယ်တွေနဲ့ အမူအကျင့်ကွဲပြားနေတာမျိုးပါ...နားလည်သလောက်လေးရှင်းပြတာပါ။သိတဲ့သူရှိရင် ဗဟုသုတရအောင် မန့်သွားကြပါဉီး🤗]

မုန့်ရန်..."စိတ်ရောဂါပိုင်းဆိုင်ရာကုသမှုမှာ စကားပြောတာ၊အပြန်အလှန်ဆက်သွယ်တာမျိုးတွေက အရမ်းအရေးပါတယ်။သူနဲ့ခဏလောက်တောင် စကားပြောခွင့်မရဘူးဆို ကျွန်တော်ဘာမှလုပ်ပေးနိူင်မှာမဟုတ်ဘူး။လောလောဆယ် ကုပေးနေတုန်း အ​ခြေနေတစ်ချက်ကြည့်ကြတာပေါ့"

Korchi နဲ့ Devic တို့က ခေါင်းညိတ်ပြလိုက်တယ်။

တစ်ဉီးတည်းသော သားဖြစ်တဲ့ Kai က ငယ်ငယ်ကတည်းက ချူချာတဲ့သူတစ်ယောက်ဖြစ်တာကြောင့် မိဘတွေက မျက်စိအောက်က အပျောက်မခံဘဲ ပိုးမွေးသလိုမွေးခဲ့ကြတယ်။ဒါ့ကြောင့် Kai ရဲ့ စိတ်က အထိမခံနိုင်လောက်အောင်နုနယ်လွန်းတယ်။ခံစားရသမျှကို မြိုသိပ်တာများလွန်းတဲ့ အခါ
စိတ်ကျရောဂါရလာခဲ့တယ်။

သေချာဆွေးနွေးကြည့်ပြီးနောက်မှာ Korchi နဲ့ Devicတို့က Kai ကို ဖရန်ဆွန့်ရဲ့စံအိမ်မှာပဲ ကုသမှုခံယူခိုင်းဖို့ ဆုံးဖြတ်လိုက်ကြတယ်။ဒါ့ကြောင့် Kai က အခုလို ဖရန်ဆွန့်ရဲ့အိမ်မှာ ရှိနေရခြင်းဖြစ်တယ်။

"ကိုယ်ပြောပြောနေတဲ့ မုန့်ရန်ဆိုတာ သူပေါ့..သူက မင်းလို လူနာမျိုးတစ်ယောက်ကို အောင်အောင်မြင်မြသ်ကုသပေးနိုင်ခဲ့တယ်။အခုမင်းကို ကုသပေးဖို့ ဒီကိုရောက်နေတာ...."

ဖရန်ဆွန်က Kai ကို မုန့်ရန်နဲ့ မိတ်ဆင်ပေးနေတယ်။

"ကျွန်တော့်ကို သတိပြန်ရအောင်လုပ်ပေးတဲ့ အတွက် ကျေးဇူးပါ​နော်...တကယ်ဆို ကျွန်တော် ဘက်က မျက်နှာလာပြသင့်တာပါ။အခွင့်ရေးမရခဲ့လို့ မျက်နှာလာမပြနိုင်ခဲ့ဘူး။အရင်တစ်ခေါက်အတွက်တောင် ကျေးဇူးတင်စကားမပြောရသေးခင် နောက်တစ်ခေါက် ဆေးကုပေးဖို့ ရောက်လာရပြန်ပြီ..တကယ် အားနာပါတယ်"

"ရပါတယ်ကွာ..."

မုန့်ရန်က Kai ကိုပြုံးပြလိုက်တယ်။

နေမကောင်းဖြစ်နေတာတောင် ယဉ်ကျေးသိမ်မွေ့နေသေးတဲ့ Kaiတစ်ယောက် စိတ်လွတ်သွားတဲ့ အခါ ဘယ်လိုပုံစံမျိုးဖြစ်နေမလဲ??

Korchi...."Kai...မုန့်ရန်က အိမ်မပျော်တာတို့၊အိမ်ဆိုးမက်တာတို့ကို ကုသပေးတဲ့နေရာမှာ တကယ်အတွေ့အကြုံရှိတာကွ။သူ့နိူင်ငံမှာဆို အရမ်းချမ်းသာတဲ့ သူဌေးတွေက သူတို့ကို ကုပေးဖို့ မုန့်ရန်ကို ငွေပုံပေးပြီး တောင်းဆိုနေရတာနော့ ပြီးတော့ မအောင်မြင်ဘူးဆိုတာတစ်ခါမှ မရှိဘူး။မင်း သူ့စကားကိုသေချာနားထောင်ပြီး ဆေးကုလိုက်ရင် အိမ်မက်ဆိုးမက်တာတွေ ပျောက်သွားလိမ့်မယ်"

Kai က မုန့်ရန်ကို ကြည့်လိုက်ပြီး...

"အနှောက်အယှက်ပေးမိလိုဖြစ်နေပြီဗျာ..."

Korchiပြောလိုက်တာတွေက အမှန်တရားတွေပါ...ဒါမှသာ Kai တစ်ယောက်ယုံယုံကြည်ကြည်နဲ့ ကုသမှုမှာ ပူးပေါင်းမယ်ဆို ရလဒ်ပိုကောင်းလာနိူင်မှာပါ။

မုန့်ရန်က Kai ရဲ့ အမူအရာတွေကို အသေးစိတ်အကဲခတ်နေခဲ့တယ်။Korchi ပြောတာကိုကြားတဲ့အခါ Kai က ပျော်သွားရမယ့်အစား တုံ့ဆိုင်းနေတဲ့အမူအရာမျိုးဖြစ်နေတယ်။

ဖရန်ဆွန်က Kai ကို သီးသန့်ဌားရမ်းထားတဲ့ ဆရာဝန်တွေ၊သူနာပြုတွေရှိတဲ့ အခန်းထဲကို ခေါ်သွားလိုက်တယ်။ပြင်ဆင်စရာရှိတာတွေ အားလုံးပြင်ဆင်ပြီးနေပြီ....

ယူလာတဲ့ နံ့သာတွေကို ကြိုတင်ပြင်ထားဖို့ မုန့်ရန်က လက်ထောက်တစ်ယောက်ကို ကြိုလွှတ်ထားတယ်။

မုန့်ရန်က တခြားသောလက်ထောက်တွေနဲ့အတူ ဖရန်ဆွန်တို့နောက်ကနေ အခန်းထဲကို ဝင်သွားခဲ့တယ်။ဆေးပစ္စည်းတွေတင်ထားတဲ့ တွန်းလှည်းလေးကို လက်ထောက်တစ်ယောက်က တွန်းလာပေးတယ်။

Kai ဆေးရေချိုးဖို့အတွက် ဖရန်ဆွန်က ရေချိုးခန်းထဲကို လိုက်ပို့ဖို့ပြင်လိုက်တဲ့အခါ ဆေးပစ္စည်းတွေတင်ထားတဲ့ တွန်းလှည်းနားကိုရောက်တာနဲ့ Kai တစ်ကိုယ်လုံးတုန်တုန်ရီရီဖြစ်လာတယ်။

"Kai!!!kai!!"

ဖရန်ဆွန် အလန့်တကြားထိန်းပွေ့လိုက်တယ်။

ကူညီဖို့ရောက်လာတဲ့ သူနာပြုတွေကို မြင်တာနဲ့
Kaiက ရုတ်တရက်ကြီး ဖရန်ဆွန့်လက်ကထဲကနေ ရုန်းထွက်လိုက်ပြီး တွန်းလှည်းပေါ်က ဆေးတွေကို အကုန်တွန်းချပစ်လိုက်တယ်။

"Kai!!"

ဖရန်ဆွန်က တင်းဖက်တွယ်ပြီးထိန်းနေပေမယ့် Kaiက ပြင်းပြင်းထန်ထန် ရုန်းကန်နေတယ်။Kai ထိခိုက်နာကျင်သွားမှာဆိုးတဲ့ အတွက် ဖရန်ဆွန်တစ်ယောက် အားထည့်ပြီး မချုပ်ထားရဲဘူး။

"အားးးးးအားးးးအားးး"

အရူးတစ်ယောက်လို အော်ဟစ်ရုန်းကန်နေတဲ့ Kai ကို ကူထိန်းပေးဖို့ သူနာပြုတွေ တစ်အုံတစ်မကြီးရောက်လာတယ်။စိတ်ငြိမ်ဆေးထိုးပေးလိုက်တဲ့အခါ Kai တစ်ယောက် ဖရန်ဆွန်လက်တွေထဲမှာ ခွေခနဲ လဲကျသွားတယ်။

Kai တွန်းလှည်းကို တွန်းထုတ်လိုက်ရတည်းကသက်တော်စောင့်တွေက မုန့်ရန်ကို အပြည့်အဝကာကွယ်ပေးနေကြတယ်။မုန့်ရန်က တည်ငြိမ်အေးဆေးစွာနဲ့ Kai ရဲ့ လှုပ်ရှားမှုတစ်ခုချင်းစီကို အသေးစိတ်မှတ်သားနေခဲ့တယ်။Kai စိတ်လွတ်နေပုံက သာမာန်လူတွေအမြင်မှာ စိတ်ရောဂါသည်တစ်ယောက် စိတ်လွတ်နေပုံပေါက်နေပေမယ့် မုန့်ရန်ကတော့ သာမာန်လူတွေမမြင်နိုင်တဲ့ အချက်တစ်ချက်ကို ရှာတွေ့သွားခဲ့တယ်။ဖြစ်နိူင်၏၊မဖြစ်နိူင်၏ ဆိုတာ သေချာစဉ်းစားဖို့တော့လိုနေပြီ...

ဖရန်ဆွန်က Kai ကို အိပ်ရာပေါ်တင်ပေးလိုက်တယ်။အိပ်ရာဘေးမှာ ဒူးထောက်ပြီး Kai ရဲ့လက်ကို ဆုပ်ကိုင်ပေးထားတဲ့ ဖရန်ဆွန်ရဲ့ရင်ထဲမှာ နောင်တတရားတွေဆူဝေပြည့်နှက်နေပြီ။မရေမတွက်န်ိုင်အောင် အကြိမ်ကြိမ် ကိုယ့်ကိုကိုယ်အပြစ်တင်နေမိတယ်။သူသာ Kai ကို ဖိအားပေးပြီး မရွေးချယ်ခိုင်းခဲ့ရင်၊ လမ်းမခွဲခဲ့ရင်... Kai သူ့ကို လွမ်းလွန်းလို့ ခိုးထွက်လာပြီး Accident ဖြစ်ခဲ့မှာ မဟုတ်ဘူး။

Kai နိုးလာတာနဲ့ ရနံ့ကုထုံးကုသမှုစတင်နိူင်ဖို့ လက်ထောက်တွေနဲ့ သူနာပြုတွေက ဆေးပစ္စည်းတွေ ပြင်ဆင်နေကြပြန်တယ်။

ဖရန်ဆွန်က မျက်နှာကို ခပ်ကြမ်းကြမ်းပွတ်သပ်လိုက်ပြီး...

"သူ တစ်ခါမှ အခုလိုမဖြစ်ဖူးဘူး။သူ့ကိုယ်စား မင်းကိုတောင်းပန်ပါတယ်ကွာ.."

"ရပါတယ်ဗျာ..သူကလူနာပဲလေ..ကျွန်တော်နားလည်ပါတယ်"

မုန့်ရန်က လက်ထောက်တွေကို ဆေးရေစိမ်ဖို့ပြင်ဆင်ခိုင်းလိုက်ပြီး မေ့မြောနေတဲ့ Kai ကို ဖရန်ဆွန်က ပွေ့ချီပြီး ရေချိုးခန်းထဲ သယ်သွားပေးခဲ့တယ်။

မုန့်ရန်က ​Kai ကို ကုသပေးပြီးတာနဲ့ ညစားစားပြီး အနားယူလိုက်တယ်။အိပ်ရာပေါ်မှာ လှဲလျောင်းနေရင်းနဲ့ လော်ရှို့ဆီကို Vedio call ခေါ်ဆိုလိုက်တယ်။

မုန့်ရန်က လော်ရှို့ကို ဒီကိုစရောက်တုန်းကအခြေနေအကြောင်းကို ပြောပြပြီးတာနဲ့...

"သားလေးနိုးပြီလား...ကြည့်ပါရစေဉီး"

"နိုးပြီ..နို့ဘူးစို့နေတုန်းပဲ..ခဏလေး ကိုယ်ချီပြမယ်နော်"

လော်ရှို့က ကလေးကိုချီပြီးတာနဲ့ Secreen ပေါ်က မုန့်ရန်ကို မြင်ရအောင် ကလေးလေးကို လှည့်ပြလိုက်တယ်။

"ဘေဘီ..."

မုန့်ရန်ရဲ့ အသံကိုကြားတာနဲ့ ကလေးက လှည့်ကြည့်နေတယ်။

"ဘေဘီ ဒီကိုကြည့်..ဒီကိုကြည့်..ပါပါးက ဒီမှာလေ"

မုန့်ရန်က လက်ကလေးတစ်ခါခါနဲ့ ကလေးကို လှမ်းခေါ်လိုက်တယ်။

"ဒီမှာလေ.."

လော်ရှို့က ကလေးခေါင်းလေးကို အသာကိုင်ပြီး Screen ကိုမြင်ရအောင်လုပ်ပေးလိုက်တယ်။

Screen ပေါ်က မုန့်ရန်ကို မြင်လိုက်တဲ့ အခါ လော်ကျွင်းရယ် အူလည်လည်လေးဖြစ်သွားပြီး ကြောင်ကြည့်နေတယ်။

"ပါပါးကိုသတိရနေတာလား??"

သားဖြစ်သူရဲ့အူလည်လည်မျက်နှာပေးကြောင့် မုန့်ရန် ရယ်လိုက်မိတယ်။ဒီလိုအကောင်ပေါက်လေးတွေလဲ အူလည်လည်မျက်နှာပေးမျိုးလုပ်ပြတတ်သေးတာပဲလား??

"ဘေဘီရေ...ကျွင်းရယ်လေးရေ..."

မုန့်ရန် အော်ခေါ်လိုက်တယ်။

ကလေးငယ်လေးက screen ကို လက်နဲ့ တဗုန်းဗုန်းရိုက်ပြီး မုန့်ရန်ကို ချီခိုင်းနေတယ်။စိတ်တိုလာတဲ့အခါ Screen ကို ပါးစပ်နဲ့ ကုန်းကိုက်လိုက်ပါလေရော...

"ဘေဘီ ဒီထဲကို ဝင်လို့မရဘူးလေ..သိပ်မကြာခင်
ဒယ်ဒီက ပါပါးဆီခေါ်လာပေးလိမ့်မယ်။စိတ်မဆိုးနဲ့တော့နော်.."

လော်ရှို့က ကလေးကို လက်တစ်ဖက်နဲ့ ထိန်းရင်း Screen ပေါ်က သားရည်တွေကို တစ်သျှူးနဲ့ သုတ်နေရတယ်။Screen နားကို မကပ်ရတာကြောင့် လော်ကျွင်းရယ်တစ်ယောက် ဝူးဝူးဝါးဝါးအော်ဟစ်ပြီး လက်နှစ်ဖက်ကို ခါယမ်းနေတယ်။

Screenပေါ်ကနေတဆင့် မုန့်ရန် သားဖြစ်သူကို စနောက်နေတယ်။ကလေးငယ်လေးက Screen ပေါ်ကို လက်တင်ပြီး မုန့်ရန်ရဲ့ ပုံရိပ်ကို လှမ်းလှမ်းဆွဲနေတယ်။ထိတွေ့လို့မရပေမယ့် သူ့ပါပါးကို ချီစေချင်နေတယ်လေ...

ကလေးကို စနောက်နေတဲ့ မုန့်ရန်ကို လော်ရှို့က ဒီအတိုင်းထိုင်ငေးနေတယ်။မုန့်ရန် ပင်ပန်းနေမှာစိုးတဲ့အတွက် ဖုန်းချခိုင်းလိုက်တဲ့အခါ မုန့်ရန်က ကင်မရာကို အနမ်းတစ်ပွင့်ပေးပြီး ခေါ်ဆိုမှုကို အဆုံးသတ်လိုက်တယ်။သားဖြစ်သူကို မြင်နေရပေမယ့် မပွေ့ချီထားနိုင်တဲ့ ခံစားချက်အနိမ့်အမြင့်ကို ဘယ်သူသိနိုင်မလဲ???မုန့်ရန် ငိုချလိုက်တယ်။

တဖက်မှာလဲ ကလေးချီထားတဲ့လော်ရှို့က..

"ပါပါးကိုလွမ်းနေပြီမလား..ဒယ်ဒီလဲ လွမ်းတာပဲကွ။အလုပ်တွေမြန်မြန်လက်စသတ်ပြီးရင် ဒယ်ဒီတို့ ပါပါးဆီလိုက်သွားကြမယ်နော်.."

မုန့်ရန် ရေချိုးပြီးတာနဲ့ Laptopထဲမှာ ထည့်ထားတဲ့ ရှေးဟောင်းစာအုပ်ထဲက အချက်အလက်တွေကိုလေ့လာနေလိုက်တယ်။အိပ်ချိန်ရောက်ပြန်တော့လဲ လော်ရှို့မရှိတဲ့ သူစိမ်းပြင်ပြင်နေရာတစ်ခုမှာ ဘယ်လိုများအပ်ပျော်နိုင်ပါ့မလဲ??လုံခြုံမှုမရှိတဲ့ ခံစားမှူတွေက အိပ်ချင်စိတ်တွေကို လွှင့်ပါးသွားစေတဲ့ အတွက် ဒီညဟာ မုန့်ရန်အတွက်တော့ အိပ်မရတဲ့ ညတစ်ညပါပဲ...

ဟိုလှိမ့်၊ဒီလှမ့် လူးလွန့်လေ လော်ရှို့တို့သားအဖကို လွမ်းတဲ့စိတ်က ကြီးစိုးလာ​လေပါပဲ...အိပ်ရာကနေ ထိုင်လိုက်ပြီး လော်ရှို့ဆီကို ဖုန်းဆက်ဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့တယ်။ဒါပေမယ့် လော်ရှို့စိတ်ပူနေမှာစိုးတဲ့ အတွက် မခေါ်ဆိုဖြစ်ခဲ့ပေ...

အိပ်မရမယ့်အတူတူ တခြားတစ်ခုခုပေါ် အာရုံစိုက်နေဖို့ ကြိုးစားလိုက်တယ်။နေ့လည်က မြင်ခဲ့တဲ့ Kai ရဲ့ အပြုအမူတစ်ခုချင်းစီကို အသေးစိတ် ပြန်လည်သုံးသပ်ခဲ့တယ်။

နောက်တစ်နေ့မှာ ဝူဖန်နဲ့ တခြားကျောင်းသားတွေက သတင်းပို့ဖို့ ကျောင်းသွားကြတယ်။မုန့်ရန်ကတော့ Kai ကို ကုသပေရဉီးမှာ ဖြစ်တဲ့ အတွက် တစ်ရက်၊နှစ်ရက်လောက်တော့ ကျောင်းသွားနိူင်မှာ မဟုတ်သေးဘူး။

မုန့်ရန် ရေချိုးပြီးချိန်မှာ နံနက်စာစားဖို့ အိမ်အကူတွေက လာခေါ်ခဲ့တယ်။

"Good morning "

မုန့်ရန်က Kai ရဲ့ မျက်နှာချင်းဆိုင်ခုံမှာ ဝင်ထိုင်လိုက်တယ်။

စောင်ပါးလေးတစ်ထည်ခြုံပြီး ဆိုဖာပေါ်မှာထိုင်နေတဲ့ Kaiက..

"မနေ့ကလုပ်ရပ်အတွက် တောင်းပန်ပါတယ်...ကျွန်တော်တောင်းပန်ပါတယ်..."

"ရပါတယ်"

မုန့်ရန်က Kai ရဲ့ မျက်လုံးတွေကို စိုက်ကြည့်လိုက်တယ်။

Kai ကလဲ မုန့်ရန်ကို ပြန်ကြည့်တယ်။ဒါပေမယ့် မုန့်ရန်ရဲ့ အကြည့်တွေကို ကြောက်လန့်သွားတယ်။မုန့်ဘာလို့ သူ့ကို ဒီလိုအကြည့်တွေနဲ့ ကြည့်နေမှန်းမသိတာကြောင့်...

"ခင်ဗျားဘာလို့ ကျွန်တော့်ကို အဲ့လိုကြီး ကြည့်နေရတာလဲ??"

မုန့်ရန် ဖြည်းဖြည်းချင်း ခေါင်းခါပြလိုက်ပြီး နံနက်စာစားနေလိုက်တယ်။

နံနက်စာစားနေရင်းနဲ့ မုန့်ရန်က Kaiကို ထပ်ကြည့်လိုက်တယ်။မနေ့က စိတ်လွတ်နေတုန်းက Kai နဲ့ အခုမြင်နေရတဲ့ Kai က လုံးဝကို ကွဲပြားခြားနားတဲ့ လူနှစ်ယောက်လိုဖြစ်နေတယ်။Kai ဘာတွေဖြစ်နေတယ်ဆိုတာ မုန့်ရန် နားလည်သွားပြီ။သူလုပ်ရပ်ကြောင့် နောင်တရစရာတွေရှိလာနိုင်ပေမယ့် တစ်ချို့သော အကြောင်းအရာတွေကို အတည်ပြုနိုင်ဖို့ ရှေ့ဆက်တိုးရတော့မှာပဲလေ....

ZawGyi

[TN:ၿပီးဆုံးရန္ ၁၅ပိုင္းသာက်န္ပါေတာ့သည္]

ဆိုဖာေပၚမွာ ထိုင္ေနတဲ့ Kai ကို မုန္႔ရန္က မွန္နံရံတစ္ဖက္ကေန ၾကည့္ေနတယ္။မ်က္တြင္းေဟာက္ပက္နဲ႔ အသားအေရကလဲ ျဖဴေဖ်ာ့ေနၿပီး အၾကည့္ေတြကလဲ အလြန္တရာေၾကကြဲဝမ္းနည္းေနသေယာင္...

သတိျပန္ရလာတုန္းကနဲ႔ယွဥ္ရင္ Kai ရဲ႕လက္႐ွိအသြင္အျပင္က အေတာ္ေလးၾကည့္ရဆိုးေနတယ္။

ထိုမွန္နံရံက အျပင္ကေနသာ အတြင္းဖက္ကို ျမင္ႏိူင္တဲ့ မွန္အမ်ိဳးအစားျဖစ္တယ္။

Kai သတိျပန္ရလာၿပီးကတည္းက ဖရန္ဆြန္နဲ႔ Kai ရဲ႕မိဘေတြက အတတ္ႏိုင္ဆုံး ထိပ္တိုက္မေတြ႕ျဖစ္ေအာင္ေ႐ွာင္ေနၾကတယ္။Kai ေ႐ွ႕မွာဆို အဆင္ေျပေယာင္ေဆာင္ေနၾကတယ္။မိဘေတြဘက္ကလဲ ဖရန္ဆြန္႔အေၾကာင္းတစ္ခြန္းမွမဟၾကသလို၊ဖရန္ဆြန္ကလည္း ေနျပန္မေကာင္းမခ်င္း ဒီကိစၥကို ခဏေဘးခ်ိတ္ထားဖို႔ ဆုံးျဖတ္ခဲ့တယ္။တကယ္ဆို ဒီလိုအေျခေနေၾကာင့္ Kai သက္သာသင့္ေနၿပီ။သို႔ေပမယ့္ က်န္းမာေရးကတစ္ေန႔တစ္ျခားဆိုးဝါးလာတယ္။

နာရီဝက္ေလာက္ ၾကာတဲ့အခါ Korchi နဲ႔ Devic တို႔ေရာက္လာၾကၿပီး မုန္႔ရန္နဲ႔အတူ ကုသေရးစတင္ခဲ့ၾကတယ္။

Devic..:"Kai ရဲ႕ ဖြဲ႕စည္းပုံက တျခားသူေတြနဲ႔မတူဘူး။အေနာက္တိုင္းေဆးဝါးေတြမွာ ေဘးထြက္ဆိုးက်ိဳးေတြ႐ွိတယ္။ေဆးေတြအမ်ားႀကီး ေျပာင္းေပးေပမယ့္ အန္လိုက္ ဝမ္းေလွ်ာလိုက္ျဖစ္ေနတယ္။ဒါ့ေၾကာင့္မို႔လို႔ ရနံ႔ကုထုံးနဲ႔ ကုဖို႔ႀကိဳးစားေနတာ"

မုန္႔ရန္က Korchi ကိုၾကည့္လိုက္ၿပီး..

"Kai ရဲ႕ ခႏၶာကိုယ္က်န္းမာေရးက accident ေၾကာင့္ traumaရထားလို႔ စိတ္ပင္ပန္း လူပင္ပန္းျဖစ္ေနတာမ်ိဳးလား:"

"အဲ့တာ ျဖစ္ႏိုင္ေခ်အ႐ွိဆုံးပဲ။သူ ညတိုင္းအိမ္မက္ဆိုးေတြမက္ၿပီး လန္႔လန္႔ႏိုးတယ္၊တစ္ခါတစ္ေလဆို စိတ္လြတ္သြားတယ္။ Accident မျဖစ္ခင္တုန္းကတည္းက သူ႕မွာ သိပ္မျပင္းတဲ့စိတ္က်ေရာဂါေရာ၊ေအာ္တစ္ဇင္ပါျဖစ္ေနခဲ့တာ။အခုခ်ိန္မွာ သူ႕ရဲ႕ စိတ္က်ေရာဂါအေျခေနက အေတာ္စိုးရိမ္ရတဲ့အဆင့္ျဖစ္ေနၿပီ။ငါ သူနဲ႔ စကားေျပာၾကည့္ဖို႔ ႀကိဳးစားတိုင္း သူ႕ဘက္က ခါးခါးသီးသီးျငင္းေနတာ..အဲ့တာအဆိုးဆုံးျပသာနာပဲ.."

[TN:autism=ကေလးဘဝကတည္းကေန တျဖည္းျဖည္း အျမစ္တြယ္လာတဲ့ အထီးက်န္စိတ္ေဝဒနါ(စိတ္ပညာ႐ွင္ေတြအဆိုအရဆို..ေအာ္
တစ္ဇင္တိုင္းက ဉာဏ္ရည္မျပည့္မွီတာမ်ိဳး မဟုတ္ပါဘူး။ကေလးဘဝကတည္းက ခ်ဳပ္ခ်ယ္ခံရတာ၊စည္းကမ္းမဟားတရားတင္းၾကပ္ခံရတာေၾကာင့္ သာမာန္ကေလးငယ္ေတြနဲ႔ အမူအက်င့္ကြဲျပားေနတာမ်ိဳးပါ...နားလည္သေလာက္ေလး႐ွင္းျပတာပါ။သိတဲ့သူ႐ွိရင္ ဗဟုသုတရေအာင္ မန္႔သြားၾကပါဉီး🤗]

မုန္႔ရန္..."စိတ္ေရာဂါပိုင္းဆိုင္ရာကုသမႈမွာ စကားေျပာတာ၊အျပန္အလွန္ဆက္သြယ္တာမ်ိဳးေတြက အရမ္းအေရးပါတယ္။သူနဲ႔ခဏေလာက္ေတာင္ စကားေျပာခြင့္မရဘူးဆို ကြၽန္ေတာ္ဘာမွလုပ္ေပးႏိူင္မွာမဟုတ္ဘူး။ေလာေလာဆယ္ ကုေပးေနတုန္း အ​ေျခေနတစ္ခ်က္ၾကည့္ၾကတာေပါ့"

Korchi နဲ႔ Devic တို႔က ေခါင္းညိတ္ျပလိုက္တယ္။

တစ္ဉီးတည္းေသာ သားျဖစ္တဲ့ Kai က ငယ္ငယ္ကတည္းက ခ်ဴခ်ာတဲ့သူတစ္ေယာက္ျဖစ္တာေၾကာင့္ မိဘေတြက မ်က္စိေအာက္က အေပ်ာက္မခံဘဲ ပိုးေမြးသလိုေမြးခဲ့ၾကတယ္။ဒါ့ေၾကာင့္ Kai ရဲ႕ စိတ္က အထိမခံႏိုင္ေလာက္ေအာင္ႏုနယ္လြန္းတယ္။ခံစားရသမွ်ကို ၿမိဳသိပ္တာမ်ားလြန္းတဲ့ အခါ
စိတ္က်ေရာဂါရလာခဲ့တယ္။

ေသခ်ာေဆြးေႏြးၾကည့္ၿပီးေနာက္မွာ Korchi နဲ႔ Devicတို႔က Kai ကို ဖရန္ဆြန္႔ရဲ႕စံအိမ္မွာပဲ ကုသမႈခံယူခိုင္းဖို႔ ဆုံးျဖတ္လိုက္ၾကတယ္။ဒါ့ေၾကာင့္ Kai က အခုလို ဖရန္ဆြန္႔ရဲ႕အိမ္မွာ ႐ွိေနရျခင္းျဖစ္တယ္။

"ကိုယ္ေျပာေျပာေနတဲ့ မုန္႔ရန္ဆိုတာ သူေပါ့..သူက မင္းလို လူနာမ်ိဳးတစ္ေယာက္ကို ေအာင္ေအာင္ျမင္ျမသ္ကုသေပးႏိုင္ခဲ့တယ္။အခုမင္းကို ကုသေပးဖို႔ ဒီကိုေရာက္ေနတာ...."

ဖရန္ဆြန္က Kai ကို မုန္႔ရန္နဲ႔ မိတ္ဆင္ေပးေနတယ္။

"ကြၽန္ေတာ္႕ကို သတိျပန္ရေအာင္လုပ္ေပးတဲ့ အတြက္ ေက်းဇူးပါ​ေနာ္...တကယ္ဆို ကြၽန္ေတာ္ ဘက္က မ်က္ႏွာလာျပသင့္တာပါ။အခြင့္ေရးမရခဲ့လို႔ မ်က္ႏွာလာမျပႏိုင္ခဲ့ဘူး။အရင္တစ္ေခါက္အတြက္ေတာင္ ေက်းဇူးတင္စကားမေျပာရေသးခင္ ေနာက္တစ္ေခါက္ ေဆးကုေပးဖို႔ ေရာက္လာရျပန္ၿပီ..တကယ္ အားနာပါတယ္"

"ရပါတယ္ကြာ..."

မုန္႔ရန္က Kai ကိုျပဳံးျပလိုက္တယ္။

ေနမေကာင္းျဖစ္ေနတာေတာင္ ယဥ္ေက်းသိမ္ေမြ႕ေနေသးတဲ့ Kaiတစ္ေယာက္ စိတ္လြတ္သြားတဲ့ အခါ ဘယ္လိုပုံစံမ်ိဳးျဖစ္ေနမလဲ??

Korchi...."Kai...မုန္႔ရန္က အိမ္မေပ်ာ္တာတို႔၊အိမ္ဆိုးမက္တာတို႔ကို ကုသေပးတဲ့ေနရာမွာ တကယ္အေတြ႕အၾကဳံ႐ွိတာကြ။သူ႕ႏိူင္ငံမွာဆို အရမ္းခ်မ္းသာတဲ့ သူေဌးေတြက သူတို႔ကို ကုေပးဖို႔ မုန္႔ရန္ကို ေငြပုံေပးၿပီး ေတာင္းဆိုေနရတာေနာ့ ၿပီးေတာ့ မေအာင္ျမင္ဘူးဆိုတာတစ္ခါမွ မ႐ွိဘူး။မင္း သူ႕စကားကိုေသခ်ာနားေထာင္ၿပီး ေဆးကုလိုက္ရင္ အိမ္မက္ဆိုးမက္တာေတြ ေပ်ာက္သြားလိမ့္မယ္"

Kai က မုန္႔ရန္ကို ၾကည့္လိုက္ၿပီး...

"အေႏွာက္အယွက္ေပးမိလိုျဖစ္ေနၿပီဗ်ာ..."

Korchiေျပာလိုက္တာေတြက အမွန္တရားေတြပါ...ဒါမွသာ Kai တစ္ေယာက္ယုံယုံၾကည္ၾကည္နဲ႔ ကုသမႈမွာ ပူးေပါင္းမယ္ဆို ရလဒ္ပိုေကာင္းလာႏိူင္မွာပါ။

မုန္႔ရန္က Kai ရဲ႕ အမူအရာေတြကို အေသးစိတ္အကဲခတ္ေနခဲ့တယ္။Korchi ေျပာတာကိုၾကားတဲ့အခါ Kai က ေပ်ာ္သြားရမယ့္အစား တုံ႔ဆိုင္းေနတဲ့အမူအရာမ်ိဳးျဖစ္ေနတယ္။

ဖရန္ဆြန္က Kai ကို သီးသန္႔ဌားရမ္းထားတဲ့ ဆရာဝန္ေတြ၊သူနာျပဳေတြ႐ွိတဲ့ အခန္းထဲကို ေခၚသြားလိုက္တယ္။ျပင္ဆင္စရာ႐ွိတာေတြ အားလုံးျပင္ဆင္ၿပီးေနၿပီ....

ယူလာတဲ့ နံ႔သာေတြကို ႀကိဳတင္ျပင္ထားဖို႔ မုန္႔ရန္က လက္ေထာက္တစ္ေယာက္ကို ႀကိဳလႊတ္ထားတယ္။

မုန္႔ရန္က တျခားေသာလက္ေထာက္ေတြနဲ႔အတူ ဖရန္ဆြန္တို႔ေနာက္ကေန အခန္းထဲကို ဝင္သြားခဲ့တယ္။ေဆးပစၥည္းေတြတင္ထားတဲ့ တြန္းလွည္းေလးကို လက္ေထာက္တစ္ေယာက္က တြန္းလာေပးတယ္။

Kai ေဆးေရခ်ိဳးဖို႔အတြက္ ဖရန္ဆြန္က ေရခ်ိဳးခန္းထဲကို လိုက္ပို႔ဖို႔ျပင္လိုက္တဲ့အခါ ေဆးပစၥည္းေတြတင္ထားတဲ့ တြန္းလွည္းနားကိုေရာက္တာနဲ႔ Kai တစ္ကိုယ္လုံးတုန္တုန္ရီရီျဖစ္လာတယ္။

"Kai!!!kai!!"

ဖရန္ဆြန္ အလန္႔တၾကားထိန္းေပြ႕လိုက္တယ္။

ကူညီဖို႔ေရာက္လာတဲ့ သူနာျပဳေတြကို ျမင္တာနဲ႔
Kaiက ႐ုတ္တရက္ႀကီး ဖရန္ဆြန္႔လက္ကထဲကေန ႐ုန္းထြက္လိုက္ၿပီး တြန္းလွည္းေပၚက ေဆးေတြကို အကုန္တြန္းခ်ပစ္လိုက္တယ္။

"Kai!!"

ဖရန္ဆြန္က တင္းဖက္တြယ္ၿပီးထိန္းေနေပမယ့္ Kaiက ျပင္းျပင္းထန္ထန္ ႐ုန္းကန္ေနတယ္။Kai ထိခိုက္နာက်င္သြားမွာဆိုးတဲ့ အတြက္ ဖရန္ဆြန္တစ္ေယာက္ အားထည့္ၿပီး မခ်ဳပ္ထားရဲဘူး။

"အားးးးးအားးးးအားးး"

အ႐ူးတစ္ေယာက္လို ေအာ္ဟစ္႐ုန္းကန္ေနတဲ့ Kai ကို ကူထိန္းေပးဖို႔ သူနာျပဳေတြ တစ္အုံတစ္မႀကီးေရာက္လာတယ္။စိတ္ၿငိမ္ေဆးထိုးေပးလိုက္တဲ့အခါ Kai တစ္ေယာက္ ဖရန္ဆြန္လက္ေတြထဲမွာ ေခြခနဲ လဲက်သြားတယ္။

Kai တြန္းလွည္းကို တြန္းထုတ္လိုက္ရတည္းကသက္ေတာ္ေစာင့္ေတြက မုန္႔ရန္ကို အျပည့္အဝကာကြယ္ေပးေနၾကတယ္။မုန္႔ရန္က တည္ၿငိမ္ေအးေဆးစြာနဲ႔ Kai ရဲ႕ လႈပ္႐ွားမႈတစ္ခုခ်င္းစီကို အေသးစိတ္မွတ္သားေနခဲ့တယ္။Kai စိတ္လြတ္ေနပုံက သာမာန္လူေတြအျမင္မွာ စိတ္ေရာဂါသည္တစ္ေယာက္ စိတ္လြတ္ေနပုံေပါက္ေနေပမယ့္ မုန္႔ရန္ကေတာ့ သာမာန္လူေတြမျမင္ႏိုင္တဲ့ အခ်က္တစ္ခ်က္ကို ႐ွာေတြ႕သြားခဲ့တယ္။ျဖစ္ႏိူင္၏၊မျဖစ္ႏိူင္၏ ဆိုတာ ေသခ်ာစဥ္းစားဖို႔ေတာ့လိုေနၿပီ...

ဖရန္ဆြန္က Kai ကို အိပ္ရာေပၚတင္ေပးလိုက္တယ္။အိပ္ရာေဘးမွာ ဒူးေထာက္ၿပီး Kai ရဲ႕လက္ကို ဆုပ္ကိုင္ေပးထားတဲ့ ဖရန္ဆြန္ရဲ႕ရင္ထဲမွာ ေနာင္တတရားေတြဆူေဝျပည့္ႏွက္ေနၿပီ။မေရမတြက္န္ိဳင္ေအာင္ အႀကိမ္ႀကိမ္ ကိုယ့္ကိုကိုယ္အျပစ္တင္ေနမိတယ္။သူသာ Kai ကို ဖိအားေပးၿပီး မေ႐ြးခ်ယ္ခိုင္းခဲ့ရင္၊ လမ္းမခြဲခဲ့ရင္... Kai သူ႕ကို လြမ္းလြန္းလို႔ ခိုးထြက္လာၿပီး Accident ျဖစ္ခဲ့မွာ မဟုတ္ဘူး။

Kai ႏိုးလာတာနဲ႔ ရနံ႔ကုထုံးကုသမႈစတင္ႏိူင္ဖို႔ လက္ေထာက္ေတြနဲ႔ သူနာျပဳေတြက ေဆးပစၥည္းေတြ ျပင္ဆင္ေနၾကျပန္တယ္။

ဖရန္ဆြန္က မ်က္ႏွာကို ခပ္ၾကမ္းၾကမ္းပြတ္သပ္လိုက္ၿပီး...

"သူ တစ္ခါမွ အခုလိုမျဖစ္ဖူးဘူး။သူ႕ကိုယ္စား မင္းကိုေတာင္းပန္ပါတယ္ကြာ.."

"ရပါတယ္ဗ်ာ..သူကလူနာပဲေလ..ကြၽန္ေတာ္နားလည္ပါတယ္"

မုန္႔ရန္က လက္ေထာက္ေတြကို ေဆးေရစိမ္ဖို႔ျပင္ဆင္ခိုင္းလိုက္ၿပီး ေမ့ေျမာေနတဲ့ Kai ကို ဖရန္ဆြန္က ေပြ႕ခ်ီၿပီး ေရခ်ိဳးခန္းထဲ သယ္သြားေပးခဲ့တယ္။

မုန္႔ရန္က ​Kai ကို ကုသေပးၿပီးတာနဲ႔ ညစားစားၿပီး အနားယူလိုက္တယ္။အိပ္ရာေပၚမွာ လွဲေလ်ာင္းေနရင္းနဲ႔ ေလာ္႐ိႈ႕ဆီကို Vedio call ေခၚဆိုလိုက္တယ္။

မုန္႔ရန္က ေလာ္႐ိႈ႕ကို ဒီကိုစေရာက္တုန္းကအေျခေနအေၾကာင္းကို ေျပာျပၿပီးတာနဲ႔...

"သားေလးႏိုးၿပီလား...ၾကည့္ပါရေစဉီး"

"ႏိုးၿပီ..ႏို႔ဘူးစို႔ေနတုန္းပဲ..ခဏေလး ကိုယ္ခ်ီျပမယ္ေနာ္"

ေလာ္႐ိႈ႕က ကေလးကိုခ်ီၿပီးတာနဲ႔ Secreen ေပၚက မုန္႔ရန္ကို ျမင္ရေအာင္ ကေလးေလးကို လွည့္ျပလိုက္တယ္။

"ေဘဘီ..."

မုန္႔ရန္ရဲ႕ အသံကိုၾကားတာနဲ႔ ကေလးက လွည့္ၾကည့္ေနတယ္။

"ေဘဘီ ဒီကိုၾကည့္..ဒီကိုၾကည့္..ပါပါးက ဒီမွာေလ"

မုန္႔ရန္က လက္ကေလးတစ္ခါခါနဲ႔ ကေလးကို လွမ္းေခၚလိုက္တယ္။

"ဒီမွာေလ.."

ေလာ္႐ိႈ႕က ကေလးေခါင္းေလးကို အသာကိုင္ၿပီး Screen ကိုျမင္ရေအာင္လုပ္ေပးလိုက္တယ္။

Screen ေပၚက မုန္႔ရန္ကို ျမင္လိုက္တဲ့ အခါ ေလာ္ကြၽင္းရယ္ အူလည္လည္ေလးျဖစ္သြားၿပီး ေၾကာင္ၾကည့္ေနတယ္။

"ပါပါးကိုသတိရေနတာလား??"

သားျဖစ္သူရဲ႕အူလည္လည္မ်က္ႏွာေပးေၾကာင့္ မုန္႔ရန္ ရယ္လိုက္မိတယ္။ဒီလိုအေကာင္ေပါက္ေလးေတြလဲ အူလည္လည္မ်က္ႏွာေပးမ်ိဳးလုပ္ျပတတ္ေသးတာပဲလား??

"ေဘဘီေရ...ကြၽင္းရယ္ေလးေရ..."

မုန္႔ရန္ ေအာ္ေခၚလိုက္တယ္။

ကေလးငယ္ေလးက screen ကို လက္နဲ႔ တဗုန္းဗုန္း႐ိုက္ၿပီး မုန္႔ရန္ကို ခ်ီခိုင္းေနတယ္။စိတ္တိုလာတဲ့အခါ Screen ကို ပါးစပ္နဲ႔ ကုန္းကိုက္လိုက္ပါေလေရာ...

"ေဘဘီ ဒီထဲကို ဝင္လို႔မရဘူးေလ..သိပ္မၾကာခင္
ဒယ္ဒီက ပါပါးဆီေခၚလာေပးလိမ့္မယ္။စိတ္မဆိုးနဲ႔ေတာ့ေနာ္.."

ေလာ္႐ိႈ႕က ကေလးကို လက္တစ္ဖက္နဲ႔ ထိန္းရင္း Screen ေပၚက သားရည္ေတြကို တစ္သွ်ဴးနဲ႔ သုတ္ေနရတယ္။Screen နားကို မကပ္ရတာေၾကာင့္ ေလာ္ကြၽင္းရယ္တစ္ေယာက္ ဝူးဝူးဝါးဝါးေအာ္ဟစ္ၿပီး လက္ႏွစ္ဖက္ကို ခါယမ္းေနတယ္။

Screenေပၚကေနတဆင့္ မုန္႔ရန္ သားျဖစ္သူကို စေနာက္ေနတယ္။ကေလးငယ္ေလးက Screen ေပၚကို လက္တင္ၿပီး မုန္႔ရန္ရဲ႕ ပုံရိပ္ကို လွမ္းလွမ္းဆြဲေနတယ္။ထိေတြ႕လို႔မရေပမယ့္ သူ႕ပါပါးကို ခ်ီေစခ်င္ေနတယ္ေလ...

ကေလးကို စေနာက္ေနတဲ့ မုန္႔ရန္ကို ေလာ္႐ိႈ႕က ဒီအတိုင္းထိုင္ေငးေနတယ္။မုန္႔ရန္ ပင္ပန္းေနမွာစိုးတဲ့အတြက္ ဖုန္းခ်ခိုင္းလိုက္တဲ့အခါ မုန္႔ရန္က ကင္မရာကို အနမ္းတစ္ပြင့္ေပးၿပီး ေခၚဆိုမႈကို အဆုံးသတ္လိုက္တယ္။သားျဖစ္သူကို ျမင္ေနရေပမယ့္ မေပြ႕ခ်ီထားႏိုင္တဲ့ ခံစားခ်က္အနိမ့္အျမင့္ကို ဘယ္သူသိႏိုင္မလဲ???မုန္႔ရန္ ငိုခ်လိုက္တယ္။

တဖက္မွာလဲ ကေလးခ်ီထားတဲ့ေလာ္႐ိႈ႕က..

"ပါပါးကိုလြမ္းေနၿပီမလား..ဒယ္ဒီလဲ လြမ္းတာပဲကြ။အလုပ္ေတြျမန္ျမန္လက္စသတ္ၿပီးရင္ ဒယ္ဒီတို႔ ပါပါးဆီလိုက္သြားၾကမယ္ေနာ္.."

မုန္႔ရန္ ေရခ်ိဳးၿပီးတာနဲ႔ Laptopထဲမွာ ထည့္ထားတဲ့ ေ႐ွးေဟာင္းစာအုပ္ထဲက အခ်က္အလက္ေတြကိုေလ့လာေနလိုက္တယ္။အိပ္ခ်ိန္ေရာက္ျပန္ေတာ့လဲ ေလာ္႐ိႈ႕မ႐ွိတဲ့ သူစိမ္းျပင္ျပင္ေနရာတစ္ခုမွာ ဘယ္လိုမ်ားအပ္ေပ်ာ္ႏိုင္ပါ့မလဲ??လုံျခဳံမႈမ႐ွိတဲ့ ခံစားမႉေတြက အိပ္ခ်င္စိတ္ေတြကို လႊင့္ပါးသြားေစတဲ့ အတြက္ ဒီညဟာ မုန္႔ရန္အတြက္ေတာ့ အိပ္မရတဲ့ ညတစ္ညပါပဲ...

ဟိုလွိမ့္၊ဒီလွမ့္ လူးလြန္႔ေလ ေလာ္႐ိႈ႕တို႔သားအဖကို လြမ္းတဲ့စိတ္က ႀကီးစိုးလာ​ေလပါပဲ...အိပ္ရာကေန ထိုင္လိုက္ၿပီး ေလာ္႐ိႈ႕ဆီကို ဖုန္းဆက္ဖို႔ အႀကိမ္ႀကိမ္ ႀကိဳးစားခဲ့တယ္။ဒါေပမယ့္ ေလာ္႐ိႈ႕စိတ္ပူေနမွာစိုးတဲ့ အတြက္ မေခၚဆိုျဖစ္ခဲ့ေပ...

အိပ္မရမယ့္အတူတူ တျခားတစ္ခုခုေပၚ အာ႐ုံစိုက္ေနဖို႔ ႀကိဳးစားလိုက္တယ္။ေန႔လည္က ျမင္ခဲ့တဲ့ Kai ရဲ႕ အျပဳအမူတစ္ခုခ်င္းစီကို အေသးစိတ္ ျပန္လည္သုံးသပ္ခဲ့တယ္။

ေနာက္တစ္ေန႔မွာ ဝူဖန္နဲ႔ တျခားေက်ာင္းသားေတြက သတင္းပို႔ဖို႔ ေက်ာင္းသြားၾကတယ္။မုန္႔ရန္ကေတာ့ Kai ကို ကုသေပရဉီးမွာ ျဖစ္တဲ့ အတြက္ တစ္ရက္၊ႏွစ္ရက္ေလာက္ေတာ့ ေက်ာင္းသြားႏိူင္မွာ မဟုတ္ေသးဘူး။

မုန္႔ရန္ ေရခ်ိဳးၿပီးခ်ိန္မွာ နံနက္စာစားဖို႔ အိမ္အကူေတြက လာေခၚခဲ့တယ္။

"Good morning "

မုန္႔ရန္က Kai ရဲ႕ မ်က္ႏွာခ်င္းဆိုင္ခုံမွာ ဝင္ထိုင္လိုက္တယ္။

ေစာင္ပါးေလးတစ္ထည္ျခဳံၿပီး ဆိုဖာေပၚမွာထိုင္ေနတဲ့ Kaiက..

"မေန႔ကလုပ္ရပ္အတြက္ ေတာင္းပန္ပါတယ္...ကြၽန္ေတာ္ေတာင္းပန္ပါတယ္..."

"ရပါတယ္"

မုန္႔ရန္က Kai ရဲ႕ မ်က္လုံးေတြကို စိုက္ၾကည့္လိုက္တယ္။

Kai ကလဲ မုန္႔ရန္ကို ျပန္ၾကည့္တယ္။ဒါေပမယ့္ မုန္႔ရန္ရဲ႕ အၾကည့္ေတြကို ေၾကာက္လန္႔သြားတယ္။မုန္႔ဘာလို႔ သူ႕ကို ဒီလိုအၾကည့္ေတြနဲ႔ ၾကည့္ေနမွန္းမသိတာေၾကာင့္...

"ခင္ဗ်ားဘာလို႔ ကြၽန္ေတာ္႕ကို အဲ့လိုႀကီး ၾကည့္ေနရတာလဲ??"

မုန္႔ရန္ ျဖည္းျဖည္းခ်င္း ေခါင္းခါျပလိုက္ၿပီး နံနက္စာစားေနလိုက္တယ္။

နံနက္စာစားေနရင္းနဲ႔ မုန္႔ရန္က Kaiကို ထပ္ၾကည့္လိုက္တယ္။မေန႔က စိတ္လြတ္ေနတုန္းက Kai နဲ႔ အခုျမင္ေနရတဲ့ Kai က လုံးဝကို ကြဲျပားျခားနားတဲ့ လူႏွစ္ေယာက္လိုျဖစ္ေနတယ္။Kai ဘာေတြျဖစ္ေနတယ္ဆိုတာ မုန္႔ရန္ နားလည္သြားၿပီ။သူလုပ္ရပ္ေၾကာင့္ ေနာင္တရစရာေတြ႐ွိလာႏိုင္ေပမယ့္ တစ္ခ်ိဳ႕ေသာ အေၾကာင္းအရာေတြကို အတည္ျပဳႏိုင္ဖို႔ ေ႐ွ႕ဆက္တိုးရေတာ့မွာပဲေလ....

Continue Reading

You'll Also Like

203K 13.8K 55
Jeon Jungkook x Kim Taehyung
544K 75.7K 64
Author - 很是矫情 Original name - 快穿之炮灰女配逆袭记 English translator - Butterfly's Curse နဥ္ရႈေသဆံုးခဲ့သည္။ သို႔ေသာ္ သူမ၏ကံေကာင္းမႈအနည္းငယ္ေၾကာင့္ သနားစရ...
188K 34.3K 200
sequel of Book 4 Author - Goosefive