Unicode
ပိုင်ဝေ့ရှင်း ကုတင်ပေါ်တွင် အသာအယာအိပ်နေရင်း လက်တော့ပ်အား ဖွင့်ကာ ပြိုင်ပွဲခန်းမနဲ့ပက်သက်ပြီး တက်လာသောသတင်းများအား ဖတ်နေလိုက်သည် ။ သို့သော် အခုချိန်ထိ ဘာမှရေရေရာရာသိရှိခြင်း မရှိသေးချေ ။
ဒီလောက် အင်အားကြီးတဲ့ Kingdomရဲ့လက်တံတွေကတောင် ဒီကိစ္စနဲ့ပက်သက်ပြီး ဘာမှမရှာနိုင်ဘူးဆိုတော့ ဒီလူက ဘယ်လောက်တောင် အန္တရာယ်ကြီးလိုက်မလဲ ။ ဟူး... ငါနဲ့မဆိုင်ပါဘူးလေ.. ။
စဥ်းစားခန်းဝင်နေချိန် ဖုန်းမှ တီးလုံးသံထွက်လာလေသည် ။ ရိုစလီဆီ့မှ လာမှန်းသိလိုက်ရ၍ ချက်ချင်း ကိုင်လိုက်သည် ။
" ဟယ်လို... ရိုစလီ ပြော..."
" ဝေ့ဝေ့ နင်အဆင်ပြေရဲ့လား.. လက်ရော ဘယ်လိုနေသေးလဲ.. နာနေသေးလား.. "
ပိုင်ဝေ့ရှင်း ရိုစလီပြောမှပင် လက်မောင်းမှဒဏ်ရာအား သတိရသွားပြီး ပြန်ကြည့်လိုက်ရာ .. သွေးအနည်းငယ်စိုနေသေးတာ တွေ့ရသည်။
" ပြေပါတယ်.. မနာတော့ပါဘူး.. နင်ရော အဆင်ပြေလား.."
" အင်း.. ပြေပါတယ်.. နင်သာ ဂရုစိုက်.. ပြီးတော့ နင်နဲ့ ခေါင်းဆောင်နဲ့က အရင်ထဲသိနေတာလား.. နင့်ကို ဂရုစိုက်တဲ့ပုံက ပုံမှန်မဟုတ်ဘူးနော်.. အပြန်ကိုလဲ လိုက်ပို့တာတွေ့လိုက်တယ်နော်. ဘာတွေလဲ ဘာတွေလဲ... "
" ဘာမှမဟုတ်ပါဘူးဟာ.. တခါ ငါ့ကို ကူညီဖူးရုံပါ.. အခု ငါက ပြန်ကူညီလိုက်တယ်.. သူ့ကြောင့် လက်မောင်းဒဏ်ရာနဲ့မို့ ကားမောင်းလို့အဆင်မပြေတာမို့ လိုက်ပို့တာပါ.. ဒါပါပဲ ကျန်တာမရှိပါဘူး.. "
" ဟုတ်လို့လား.. နင်နော် အချင်းချင်း မလျှိုထားနဲ့.. အဟိ "
" တကယ်ပါဟယ်.. စိတ်ချပါ နင်က ငါ့သူငယ်ချင်းပဲကို တခုခုဆို နင့်ကိုအရင်ဆုံးပြောပြမှာပေါ့ ဟုတ်ပြီလား.. "
" အေးပါ... ဒါနဲ့လေ နင်နဲ့ခေါင်းဆောင်အတူထွက်သွားတာကို မင်ဟွန်းလဲ မြင်သွားတယ်သိလား.. ပြီးတော့လေ......"
" ဟုတ်လား.. ဘာဖြစ်လဲ မြင်သွားတော့.. "
"နင်တို့ သွားတဲ့ဘက်ကိုကြည့်နေတာအကြာကြီးပဲ.. တခုခုကို မကျေနပ်တဲ့ပုံ ပေါက်တယ်... "
" အော်... ထားလိုက်ပါ.. ငါနဲ့မှမဆိုင်တာ.. "
"အေးပါ... အဲ့ဒါဆိုလဲ နင်နားတော့.. မနက်ဖြန် ငါတို့ကျောင်းတက်ရမှာနော်.. လက်မောင်းကဒဏ်ရာကိုသေချာဂရုစိုက်ဦး.. စောစောလဲအိပ်... နင့်ကားကို ငါတခါထဲယူလာခဲ့မယ် ကျောင်းဆင်းရင် ပြန်ယူသွားပေါ့... "
" အင်းပါ ကျေးဇူးပဲ ... ဒါပဲနော်..good night သူငယ်ချင်း.."
ပိုင်ဝေ့ရှင်း ရိုစလီနဲ့ ဖုန်းပြောပြီးနောက် မနက်ဖြန်ကျောင်းတက်ရမှာကို သတိရသွားသည် ။ လက်မောင်းက ဒဏ်ရာနဲ့ နေရထိုင်ရတာ သိပ်အဆင်မပြေလှပေ ။ ကားကတော့ အသွားကို ငှားသွားလိုက်ရုံပေါ့ ။ အပြန် ရိုစလီကိုပဲ မောင်းခိုင်းပြီး အကူအညီတောင်းရမှာပဲ.. ။
" ဖြူလုံးရေ... ငါ့ဒဏ်ရာကို လာကုပေးဦးလေ.. နာနေတာသက်သာအောင်လုပ်ပေးဦး... "
" ကုပေးမှာပေါ့.. hostရယ်.. အရမ်းလောတာပဲ.. နည်းနည်းပါးပါး စိတ်ရှည်ပါဦး.. " ပြောရင်း ဖြူလုံးရဲ့အမွှေးပွပွအလုံးလေးမှ အဖြူရောင်အလင်းတန်းတချို့က ပိုင်ဝေ့ရှင်းရဲ့လက်မောင်းပေါ်ရှိဒဏ်ရာထဲကို တိုးဝင်ပျောက်ကွယ်သွားသည် ။ ဖြူဝင်းသောဆင်စွယ်ရောင်အသားအရေလက်မောင်းလေးတွင် တခါမှ ထိခိုက်မှုမရှိသကဲ့သို့ ဖြစ်သွားသည် ။
" ကဲ ပြီးပြီ... အမာရွတ်သေးသေးလေးတောင်မကျန်တော့ဘူး..လုံးဝစိတ်ချလိုက်တော့... "
" ဟယ် သေလိုက်ပါတော့ ဖြူလုံးရယ်.. ဒဏ်ရာက အဲ့လောက် ချက်ချင်းကြီးပျောက်သွားတော့ ငါ့ကို အထူအဆန်းသတ္တဝာလို့ထင်သွားကြမှာပေါ့ဟဲ့... နင်ကလဲ သက်သာအောင်ပဲလုပ်ပါဆို..."
" အာ သူပဲ အမာရွတ်ပိစိညှောင့်တောင့်တောင်မကျန်အောင်လုပ်ပေးဆို .. လုပ်ပေးတော့လဲအပြစ်ပြောတယ်... စိတ်ဆိုးတယ်... ဘိုင့်ရီး..."
" ဟဲ့ ဟဲ့ ...." ပိုင်ဝေ့ရှင်း အော်ေနသော်လည်း systemဆီမှ ဘာတုံ့ပြန်မှုမှ ထပ်မပေါ်လာချေ ။ ... ဟိုမရောက်ဒီမရောက် အမွှေးပွကတော့ စိတ်ကောက်သွားပြန်ပြီ... ။
ပိုင်ဝေ့ရှင်းလဲ ဘာမှမရှိတော့သောလက်မောင်းအား ဆုပ်ကိုင်ကြည့်ရင်း ဇာတ်လိုက်ပြောသွားသောစကားများကို သတိရသွားသည် ။ သူ့ဆေးရုံကို သွားစရာမလိုတော့ဘူးပေါ့.. ရေစက်ပြတ်ပြီ... ။
ပိုင်ဝေ့ရှင်းလဲ မနက်ဖြန် ကျောင်းတက်ဖို့အတွက် အားရှိအောင် စောစောအိပ်ယာဝင်လိုက်သည် ။ နောက်တနေ့ မနက်စောစောအချိန်တွင် ပိုင်ဝေ့ရှင်း အိပ်ရာနိုးလာခဲ့သည် ။
ရေမိုးချိုးပြင်ဆင်ပြီးနောက် ဂျင်းဘောင်းဘီနဲ့ တီရှပ်ခပ်ပွပွတထည်ကို ဝတ်ကာ ကျောပိုးအိတ်အား လွယ်ပြီး အောက်ထပ်သို့ ဆင်းလာခဲ့သည် ။
ပုံမှန်ထက် တိတ်ဆိတ်သောအနေအထားကြောင့် ပိုင်ဘွားဘွား ထွက်သွားပြီးဖြစ်ကြောင်း သတိထားမိသွားသည် ။ ပိုင်ချန်းတို့လင်မယားလဲ မရှိတော့လောက်ဘူးထင်ပါရဲ့... ။
ထမင်းစားခန်းထဲ ဝင်လိုက်ပြီး ပြင်ဆင်ပေးသောမနက်စာအား စားကာ ကျောင်းသို့သွားရန်ပြင်လိုက်သည် ။
..........
ဂျပန်နိုင်ငံ တိုကျိုတက္ကသိုလ်တွင် ကျောင်းအစည်းအဝေးခန်းမတွင် ဆရာ ဆရာမတွေဟာ ကျောင်းအုပ်ကြီးရဲ့အမိန့်ဖြင့် စုဝေးနေကြသည် ။ အခန်းထဲတွင် အချိန်အတော်ကြာထိုင်စောင့်နေသော်လည်း အဓိကပုဂ္ဂိုလ်ရောက်လာခြင်းမရှိသဖြင့်....
" မကြာခင် ကျောင်းသားတွေရောက်လာကြတော့မှာ... ကျုပ်တို့ ဒီလောက်အကြာကြီးစောင့်နေပြီးပြီ.. ဆရာကြီးက ရောက်မလာခဲ့ဘူး.. ကျုပ်တော့ မစောင့်နိုင်တော့ဘူး ပြန်တော့မယ်..."
ဆရာတယောက်ရဲ့အသံတသံနဲ့အတူ ဆရာတချို့ ထပြန်ဖို့ လုပ်ကြချိန်...
" အခုလို အချိန်အကြာကြီး စောင့်ခိုင်းလိုက်ရတဲ့အတွက် တောင်းပန်ပါတယ်.... အရေကြီးတဲ့ကြေညာချက်တခုမို့ သေချာပြင်ဆင်နေရလို့ပါ... "
" ဆရာကြီးရှင့်... ကျမတို့အားလုံးကို စုဝေးခိုင်းရတဲ့အကြောင်းပြချက်လေး ပေးပါ... "
" ဟုတ်ကဲ့.... ဆရာမ "
" ကဲ အားလုံးပဲ .... ဒါကတော့ ကျုပ်တို့ကျောင်းကို ပူးတွဲအုပ်ချုပ်မဲ့ ဒုကျောင်းအုပ် ဒါမိုခန်ဂျီ ဝါဆာကီ ပါ.. ကျုပ်က အသက်လဲ ကြီးပြီး ကျန်းမာရေးလဲမကောင်းဘူးဆိုတော့ လအတော်ကြာနားမှာဖြစ်လို့ ဆရာဝါဆာကီက ကျောင်းကို ဦးစီးပါလိမ့်မယ်... ဒါပါပဲ.. အစည်းအဝေးပြီးပါပြီ.. လုပ်စရာရှိတာသွားလုပ်ကြပါ... "
ကျောင်းအုပ်ကြီးသည် သူ ကြေညာစရာရှိတာ ကြေညာပြီးသည်နှင့် ထိုဒုကျောင်းအုပ်အသစ်အား ခေါ်ဆောင်ကာ ပြန်ထွက်သွားသည် ။
.................
ပိုင်ဝေ့ရှင်း ကျောင်းရှေ့ရောက်တဲ့အခါ ရိုစလီနဲ့ ပိုင်မင်ဟွန်းတို့ အတူရပ်နေတာကို တွေ့လိုက်ရသည် ။ လမ်းတဖက်သို့ ကူးရန်ပြင်လိုက်စဥ် စကိတ်စီးလာသောလူတယောက်နဲ့ တိုက်မိပြီး လဲကျမလိုဖြစ်သွားသည် ။
လူစိမ်းမှ သူမရဲ့လက်အား ကိုင်ကာ အလွန်လျှင်မြန်စွာထိန်းလိုက်နိုင်သဖြင့် လဲကျခြင်း မရှိခဲ့ချေ ။ လမ်းတဖက်မှ ရိုစလီတို့ ထိုမြင်ကွင်းကို တွေ့သဖြင့် သူမရှိရာသို့ ချက်ချင်းရောက်လာခဲ့ကြသည် ။ ထိုလူစိမ်းကတော့ ပျောက်ခြင်းမလှပျောက်သွားသည် ။
" ဝေ့ဝေ့ နင် ထိခိုက်သွားသေးလား.. ဟိုအကောင် ဘယ်ရောက်သွားလဲ... လူရှုပ်တဲ့နေရာ စကိတ်တကားကားနဲ့... မှတ်လောက်အောင်ရိုက်ပေးဦးမယ်... "
" ရိုစလီရယ် ငါလဲ ဘာမှမဖြစ်ပါဘူး.. ထားလိုက်ပါ.. လာလာ ကျောင်းထဲဝင်ရအောင် အတန်းရှာရဦးမယ်လေ... "
" ဝေ့ရှင်း မင်းတကယ် အဆင်ပြေပါတယ်နော်.. "
" ပြေပါတယ် မင်ဟွန်းရဲ့... လာပါ သွားကြစို့.."
..... သူမြန်လွန်းတယ်.....
.............
" နောက်တခါဆို သတိထားသွားလာပါ... မလိုလားအပ်တဲ့ပြသာနာတွေမဖြစ်စေနဲ့..မင်းကို ဘယ်သူမှ မသိစေနဲ့. မင်း အဲ့မိန်းကလေးနဲ့ဝေးဝေးနေပါ..."
" ဟုတ်ကဲ့ပါ ဆရာ..."
" ကျောင်းကိုပုံမှန်တက်... မကြာခင် မင်းအတွက် တာဝန်တခု ပေးမယ်..."
ကျောပိုးအိတ်အနက်ရောင် ဦးထုပ်အနက်ရောင် မျက်နှာမပေါ်ရင် ခပ်ငိုက်ငိုက်စောင်းထားသောလူတယောက် အခန်းကျယ်တခုထဲက ထွက်လာခဲ့သည် ။
အခန်းရှေ့ အတွင်းရေးမှူးမလေးသည် ထွက်လာသောသူအား အံ့သြသလို ကြည့်နေသည် ။ သူမ တချိန်လုံးထိုင်နေတာပါ... ဒီလူဘယ်အချိန်က ဝင်သွားတာလဲ.. ။
............
ပိုင်ဝေ့ရှင်းနဲ့ ရိုစလီတို့ သူမတို့ရဲ့စာသင်ဆောင်ကို ရှာတွေ့သလို ဂန်မင်ဟွန်းလဲ သူရဲ့စာသင်ခန်းဆီသို့ ပြန်သွားသည် ။ စာသင်ချိန်အစတွင် ဆရာမက ဒီနှစ်စအတွက် ကျောင်းသားအသစ်များအား တယောက်ချင်းစီ မိတ်ဆက်ပေးသည် ။
ပိုင်ဝေ့ရှင်းတို့ အပါအဝင် ကျောင်းသား၅ယောက် အသစ်ဝင်သည် ။
ပိုင်ဝေ့ရှင်း သူမထိုင်ရသောနေရာတွင် နေရင် အခန်းထဲသို့ ဝေ့ကာကြည့်လိုက်သည်။ သူမရဲ့အနောက်ဘက်ထိုင်ခုံသို့ အကြည့်အရောက်....
.... သူလား..ပုံစံချင်းမတူလိုက်တာ..ဒါပေမဲ့ မျက်ဝန်းတွေကတူနေတယ်.....
" ဟိုင်း ငါက ပိုင်ဝေ့ရှင်း ကျောင်းသားသစ်ပါ... "
" ကျောင်းသားဟောင်း.."
"....."
လူရွယ်ထံမှ ခပ်ပြတ်ပြတ်မိတ်ဆက်သံကြောင့် ပိုင်ဝေ့ရှင်း ဇက်ကလေးပုကာ လျှာထုတ်ရင်း ရှေ့သို့ ပြန်လှည့်လိုက်သည် ။
.....................
ရက်သတ္တပတ်အနည်းငယ်ခန့်ကြာသော်..... အရေးပေါ်အချက်ပေးမြည်သံတခု ဆူးရှစွာ အော်မြည်လာလေသည် ။
ပိုင်ဝေ့ရှင်း ၊ ရိုစလီနဲ့ ဂန်မင်ဟွန်းတို့ ကျောင်းစာကြည့်တိုက်တွင် စာအုပ်ရှာနေရင်း သူမတို့ရဲ့ဖုန်းထဲသို့ အသီးသီးဝင်လာသောအသိပေးစာများကို ဖတ်ကာ တယောက်ကို တယောက် မျက်စပစ်မိကြသည် ။
ချက်ချင်းပင် ရုံးချုပ်ရှိရာသို့ အပြေးသွားလိုက်ကြသည် ။
အဖွဲ့ခေါင်းဆောင် ကာတာရှီနဲ့ အတူ ယှဥ်တွဲကာ ရပ်ရင်း အမိန့်များကို စောင့်နေလိုက်သည် ။
" မင်းတို့ အားလုံးကို အရေးပေါ်အခြေအနေအတွက် ခေါ်လိုက်ရတာပဲ... မြို့အပြင် ပင်လယ်ကမ်းစပ်ဘက်ကို ဘာမှန်းမသိတဲ့အရာတခုပြုတ်ကျလာတယ်....ငါတို့ဆီက တတ်ကျွမ်းနားလည်သူတွေကို လွှတ်လိုက်ပေမဲ့..ဘာအသံမှမကြားရပဲ အဆက်အသွယ်ပြတ်ကုန်ကြတယ်... ဒီအတွက် တိုက်ခိုက်ရေး တပ်ဖွဲ့တဖွဲ့ စေလွှတ်ဖို့ ငါတို့ ဆုံးဖြတ်လိုက်ကြတယ်... မင်းတို့အားလုံး ဂရုစိုက်ပြီး သွားကြပါ... အန္တရာယ်ဖြစ်စေမဲ့အရာတွေဆို တခါထဲ ဖျက်စီးလိုက်ပါ.... "
" ဟုတ်ကဲ့ပါ.. ဗိုလ်ကြီး.. "
ကာတာရှီတို့အဖွဲ့ ပင်လယ်ကမ်းခြေသို့ တိုက်ခိုက်ရေးတပ်သားအချို့နဲ့အတူ သွားလိုက်ကြသည်။ သူတို့ရောက်တဲ့အချိန်မှာ ပထမအဖွဲ့ရဲ့ အသုံးအဆောင်ပစ္စည်းများမှလွဲရင် ဘာမှမတွေ့ရချေ။ ထူးဆန်းတဲ့အရာဆိုတဲ့ပစ္စည်းဆိုတာကိုလဲ မတွေ့ရပေ ။
ကာတာရှီမှ ပတ်ဝန်းကျင်အား လေ့လာရန် အဖွဲ့ငယ်လေးများခွဲကာ လိုက်ကြည့်ခိုင်းသည် ။ ကာတာရှီ ပိုင်ဝေ့ရှင်း ရိုစလီ ဂန်မင်ဟွန်း တို့ လေးယောက်သား ကမ်းခြေတလျောက်လိုက်ကြည့်စဥ်...
ပိုင်ဝေ့ရှင်း သူမရဲ့နားထဲ ထူးဆန်းတဲ့အသံကို ကြားလိုက်ရသည် ။ တစုံတခုကို အားနဲ့ထုခွဲနေသောအသံကြောင့် သူမ့အရပ်ထက်မြင့်သောအပင်တချို့အား အတင်းဆွဲဖယ်ကာ ရှေ့သို့ တိုးဝင်သွားသည် ။
တနေရာအရောက် ကျောက်တောင်ကြီး၏အောက်ခြေတွင် ဂူပေါက်ကဲ့သို့ နေရာတခုအား တွေ့ရသည် ။ ဆက်သွယ်ရေးစက်မှတဆင့် အဖွဲ့သားများအား ဆက်သွယ်ပြီး ဂူထဲသို့ တယောက်ထဲ အရင်ဝင်လိုက်သည် ။
တစုံတရာကို တိုက်ဖြတ်နေသံနှင့် တဖြည်းဖြည်းနီးလာပြီးတော့ ဂူအချိုးကွေ့တခုအရောက်တွင် ထူးထူးဆန်းဆန်းပုံစံနဲ့လူတယောက်ကို တွေ့လိုက်ရတယ် ။
" ဟေ့ ဘယ်သူလဲ... ဘာလုပ်နေတာလဲ... ဒီနေရာကို အပြင်လူမလာရဘူးလေ မသိဘူးလား?..."
သူမရဲ့အသံကို ကြားပြီး ထူးဆန်းသောလူက သူမရှိရာဘက်ကိုသို့ လှည့်ကြည့်သည် ။ မျောက်မျက်နှာနဲ့လူခန္ဓာကိုယ်ရှိသောသတ္တဝာဆန်းက ကျောက်တုံးတတုံးကို လက်ထဲရှိလက်နက်ဖြင့် ထုခွဲနေသည် ။
" ဂါးးးးး မသေချင်ရင် ထွက်သွား...."
" ဟင် ဘာကြီးလဲ.... လူစကားပြောတတ်တာလား?.."
ပိုင်ဝေ့ရှင်း မျောက်လူကို သေချာကြည့်ပြီး ခါးမှာထိုးထားသောသေနတ်အား ဆွဲထုတ်ကာ သတိအနေအထားဖြင့် ချိန်ထားလိုက်သည် ။ အဲ့အချိန်မှာ ကာတာရှီနဲ့အဖွဲ့က ဂူထဲသို့ရောက်လာခဲ့သည် ။
" ခေါင်းဆောင်... "
" ဝေ့ရှင်း... "
" ဒီမျောက်လူက အဲ့ကျောက်တုံးကို ခွဲနေတာ.... ဟိုယာဥ်ပျံထဲက ပါလာတာဖြစ်မယ်... ကျမတို့ အဲ့ဒါကို ရအောင်ယူရမယ်..."
" ဟား ဟား ဟား ဟား မင်းတို့လို မလောက်လေးမလောက်စားလေးတွေက သေချင်နေကြတယ်ပေါ့... ငါက သတ်ပေးရမှာပေါ့.... ဟား ဟား ဟား.... "
" ဝေ့ရှင်း ရိုစလီ မင်ဟွန်း.... သတိထားကြ ...."
" ( ဟုတ် ခေါင်းဆောင်) 3 "
ပိုင်ဝေ့ရှင်း သတိဖြင့်နေစဥ်
" hostရေ mission mission!!! သူ့လက်ထဲက အတုံးကိုရအောင်ယူ.... အဲ့ထဲမှာ hostတို့အတွက်စွမ်းအားတွေပါတယ်... "
" point ရမှာလား.... "
(အရေးထဲ ပွိုင့်ကို ငမ်း)
" စွမ်းအားရပါမယ်ဆိုမှပဲ ... မစ်ရှင်မလုပ်ရင် pointဖြတ်မည်..."
"........."
ဖြူလုံးရဲ့အသိပေးချက်ကြောင့် ပိုင်ဝေ့ရှင်း မျောက်လူရဲ့အနောက်ဘက်ရှိ ဥက္ကာခဲလိုလိုအတုံးကြီးအား ရယူရန် ပြင်လေသည် ။
တိုက်ခိုက်ရန် တယောက်ကိုတယောက်အချက်ပြလိုက်စဥ် လူတယောက် မျောက်လူရဲ့အနောက်ဘက်ရှိ ဥက္ကာခဲအား ယူပြေးလေသည် ။
#အဟက် နည်းနည်းကြာသွားတယ်...တောင်းပန်ပါတယ်နော်...အခုမှ သက်လာလို့ပါ... ဒါတောင် အသားတွေအဆစ်တွေနာသေးတယ်😞... ပုံမှန်လေးပဲတင်သွားမယ်.... အချိန်အကြာကြီးစောင့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်.🙆💖💖
အခုချိန်ထိအတူရှိလာပေးတဲ့တယောက်ချင်းစီကို ကျေးဇူးတင်ပါတယ် ချစ်တယ်နော် ❤❤❤
အများကြီးကြိုးစားရဦးမည့်
#DZ
6:18pm
21.10.2021(Thursday)
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
Zawgyi
ပိုင္ေဝ့ရွင္း ကုတင္ေပၚတြင္ အသာအယာအိပ္ေနရင္း လက္ေတာ့ပ္အား ဖြင့္ကာ ၿပိဳင္ပြဲခန္းမနဲ႕ပက္သက္ၿပီး တက္လာေသာသတင္းမ်ားအား ဖတ္ေနလိုက္သည္ ။ သို႔ေသာ္ အခုခ်ိန္ထိ ဘာမွေရေရရာရာသိရွိျခင္း မရွိေသးေခ် ။
ဒီေလာက္ အင္အားႀကီးတဲ့ Kingdomရဲ႕လက္တံေတြကေတာင္ ဒီကိစၥနဲ႕ပက္သက္ၿပီး ဘာမွမရွာနိုင္ဘူးဆိုေတာ့ ဒီလူက ဘယ္ေလာက္ေတာင္ အႏၲရာယ္ႀကီးလိုက္မလဲ ။ ဟူး... ငါနဲ႕မဆိုင္ပါဘူးေလ.. ။
စဥ္းစားခန္းဝင္ေနခ်ိန္ ဖုန္းမွ တီးလုံးသံထြက္လာေလသည္ ။ ရိုစလီဆီ့မွ လာမွန္းသိလိုက္ရ၍ ခ်က္ခ်င္း ကိုင္လိုက္သည္ ။
" ဟယ္လို... ရိုစလီ ေျပာ..."
" ေဝ့ေဝ့ နင္အဆင္ေျပရဲ႕လား.. လက္ေရာ ဘယ္လိုေနေသးလဲ.. နာေနေသးလား.. "
ပိုင္ေဝ့ရွင္း ရိုစလီေျပာမွပင္ လက္ေမာင္းမွဒဏ္ရာအား သတိရသြားၿပီး ျပန္ၾကည့္လိုက္ရာ .. ေသြးအနည္းငယ္စိုေနေသးတာ ေတြ႕ရသည္။
" ေျပပါတယ္.. မနာေတာ့ပါဘူး.. နင္ေရာ အဆင္ေျပလား.."
" အင္း.. ေျပပါတယ္.. နင္သာ ဂ႐ုစိုက္.. ၿပီးေတာ့ နင္နဲ႕ ေခါင္းေဆာင္နဲ႕က အရင္ထဲသိေနတာလား.. နင့္ကို ဂ႐ုစိုက္တဲ့ပုံက ပုံမွန္မဟုတ္ဘူးေနာ္.. အျပန္ကိုလဲ လိုက္ပို႔တာေတြ႕လိုက္တယ္ေနာ္. ဘာေတြလဲ ဘာေတြလဲ... "
" ဘာမွမဟုတ္ပါဘူးဟာ.. တခါ ငါ့ကို ကူညီဖူး႐ုံပါ.. အခု ငါက ျပန္ကူညီလိုက္တယ္.. သူ႕ေၾကာင့္ လက္ေမာင္းဒဏ္ရာနဲ႕မို႔ ကားေမာင္းလို႔အဆင္မေျပတာမို႔ လိုက္ပို႔တာပါ.. ဒါပါပဲ က်န္တာမရွိပါဘူး.. "
" ဟုတ္လို႔လား.. နင္ေနာ္ အခ်င္းခ်င္း မလွ်ိုထားနဲ႕.. အဟိ "
" တကယ္ပါဟယ္.. စိတ္ခ်ပါ နင္က ငါ့သူငယ္ခ်င္းပဲကို တခုခုဆို နင့္ကိုအရင္ဆုံးေျပာျပမွာေပါ့ ဟုတ္ၿပီလား.. "
" ေအးပါ... ဒါနဲ႕ေလ နင္နဲ႕ေခါင္းေဆာင္အတူထြက္သြားတာကို မင္ဟြန္းလဲ ျမင္သြားတယ္သိလား.. ၿပီးေတာ့ေလ......"
" ဟုတ္လား.. ဘာျဖစ္လဲ ျမင္သြားေတာ့.. "
"နင္တို႔ သြားတဲ့ဘက္ကိုၾကည့္ေနတာအၾကာႀကီးပဲ.. တခုခုကို မေက်နပ္တဲ့ပုံ ေပါက္တယ္... "
" ေအာ္... ထားလိုက္ပါ.. ငါနဲ႕မွမဆိုင္တာ.. "
"ေအးပါ... အဲ့ဒါဆိုလဲ နင္နားေတာ့.. မနက္ျဖန္ ငါတို႔ေက်ာင္းတက္ရမွာေနာ္.. လက္ေမာင္းကဒဏ္ရာကိုေသခ်ာဂ႐ုစိုက္ဦး.. ေစာေစာလဲအိပ္... နင့္ကားကို ငါတခါထဲယူလာခဲ့မယ္ ေက်ာင္းဆင္းရင္ ျပန္ယူသြားေပါ့... "
" အင္းပါ ေက်းဇူးပဲ ... ဒါပဲေနာ္..good night သူငယ္ခ်င္း.."
ပိုင္ေဝ့ရွင္း ရိုစလီနဲ႕ ဖုန္းေျပာၿပီးေနာက္ မနက္ျဖန္ေက်ာင္းတက္ရမွာကို သတိရသြားသည္ ။ လက္ေမာင္းက ဒဏ္ရာနဲ႕ ေနရထိုင္ရတာ သိပ္အဆင္မေျပလွေပ ။ ကားကေတာ့ အသြားကို ငွားသြားလိုက္႐ုံေပါ့ ။ အျပန္ ရိုစလီကိုပဲ ေမာင္းခိုင္းၿပီး အကူအညီေတာင္းရမွာပဲ.. ။
" ျဖဴလုံးေရ... ငါ့ဒဏ္ရာကို လာကုေပးဦးေလ.. နာေနတာသက္သာေအာင္လုပ္ေပးဦး... "
" ကုေပးမွာေပါ့.. hostရယ္.. အရမ္းေလာတာပဲ.. နည္းနည္းပါးပါး စိတ္ရွည္ပါဦး.. " ေျပာရင္း ျဖဴလုံးရဲ႕အေမႊးပြပြအလုံးေလးမွ အျဖဴေရာင္အလင္းတန္းတခ်ိဳ႕က ပိုင္ေဝ့ရွင္းရဲ႕လက္ေမာင္းေပၚရွိဒဏ္ရာထဲကို တိုးဝင္ေပ်ာက္ကြယ္သြားသည္ ။ ျဖဴဝင္းေသာဆင္စြယ္ေရာင္အသားအေရလက္ေမာင္းေလးတြင္ တခါမွ ထိခိုက္မႈမရွိသကဲ့သို႔ ျဖစ္သြားသည္ ။
" ကဲ ၿပီးၿပီ... အမာ႐ြတ္ေသးေသးေလးေတာင္မက်န္ေတာ့ဘူး..လုံးဝစိတ္ခ်လိဳက္ေတာ့... "
" ဟယ္ ေသလိုက္ပါေတာ့ ျဖဴလုံးရယ္.. ဒဏ္ရာက အဲ့ေလာက္ ခ်က္ခ်င္းႀကီးေပ်ာက္သြားေတာ့ ငါ့ကို အထူအဆန္းသတၱဝာလို႔ထင္သြားၾကမွာေပါ့ဟဲ့... နင္ကလဲ သက္သာေအာင္ပဲလုပ္ပါဆို..."
" အာ သူပဲ အမာ႐ြတ္ပိစိေညွာင့္ေတာင့္ေတာင္မက်န္ေအာင္လုပ္ေပးဆို .. လုပ္ေပးေတာ့လဲအျပစ္ေျပာတယ္... စိတ္ဆိုးတယ္... ဘိုင့္ရီး..."
" ဟဲ့ ဟဲ့ ...." ပိုင္ေဝ့ရွင္း ေအာ္ေနေသာ္လည္း systemဆီမွ ဘာတုံ႕ျပန္မႈမွ ထပ္မေပၚလာေခ် ။ ... ဟိုမေရာက္ဒီမေရာက္ အေမႊးပြကေတာ့ စိတ္ေကာက္သြားျပန္ၿပီ... ။
ပိုင္ေဝ့ရွင္းလဲ ဘာမွမရွိေတာ့ေသာလက္ေမာင္းအား ဆုပ္ကိုင္ၾကည့္ရင္း ဇာတ္လိုက္ေျပာသြားေသာစကားမ်ားကို သတိရသြားသည္ ။ သူ႕ေဆး႐ုံကို သြားစရာမလိုေတာ့ဘူးေပါ့.. ေရစက္ျပတ္ၿပီ... ။
ပိုင္ေဝ့ရွင္းလဲ မနက္ျဖန္ ေက်ာင္းတက္ဖို႔အတြက္ အားရွိေအာင္ ေစာေစာအိပ္ယာဝင္လိုက္သည္ ။ ေနာက္တေန႕ မနက္ေစာေစာအခ်ိန္တြင္ ပိုင္ေဝ့ရွင္း အိပ္ရာနိုးလာခဲ့သည္ ။
ေရမိုးခ်ိဳးျပင္ဆင္ၿပီးေနာက္ ဂ်င္းေဘာင္းဘီနဲ႕ တီရွပ္ခပ္ပြပြတထည္ကို ဝတ္ကာ ေက်ာပိုးအိတ္အား လြယ္ၿပီး ေအာက္ထပ္သို႔ ဆင္းလာခဲ့သည္ ။
ပုံမွန္ထက္ တိတ္ဆိတ္ေသာအေနအထားေၾကာင့္ ပိုင္ဘြားဘြား ထြက္သြားၿပီးျဖစ္ေၾကာင္း သတိထားမိသြားသည္ ။ ပိုင္ခ်န္းတို႔လင္မယားလဲ မရွိေတာ့ေလာက္ဘူးထင္ပါရဲ႕... ။
ထမင္းစားခန္းထဲ ဝင္လိုက္ၿပီး ျပင္ဆင္ေပးေသာမနက္စာအား စားကာ ေက်ာင္းသို႔သြားရန္ျပင္လိုက္သည္ ။
..........
ဂ်ပန္နိုင္ငံ တိုက်ိဳတကၠသိုလ္တြင္ ေက်ာင္းအစည္းအေဝးခန္းမတြင္ ဆရာ ဆရာမေတြဟာ ေက်ာင္းအုပ္ႀကီးရဲ႕အမိန႔္ျဖင့္ စုေဝးေနၾကသည္ ။ အခန္းထဲတြင္ အခ်ိန္အေတာ္ၾကာထိုင္ေစာင့္ေနေသာ္လည္း အဓိကပုဂၢိဳလ္ေရာက္လာျခင္းမရွိသျဖင့္....
" မၾကာခင္ ေက်ာင္းသားေတြေရာက္လာၾကေတာ့မွာ... က်ဳပ္တို႔ ဒီေလာက္အၾကာႀကီးေစာင့္ေနၿပီးၿပီ.. ဆရာႀကီးက ေရာက္မလာခဲ့ဘူး.. က်ဳပ္ေတာ့ မေစာင့္နိုင္ေတာ့ဘူး ျပန္ေတာ့မယ္..."
ဆရာတေယာက္ရဲ႕အသံတသံနဲ႕အတူ ဆရာတခ်ိဳ႕ ထျပန္ဖို႔ လုပ္ၾကခ်ိန္...
" အခုလို အခ်ိန္အၾကာႀကီး ေစာင့္ခိုင္းလိုက္ရတဲ့အတြက္ ေတာင္းပန္ပါတယ္.... အေရႀကီးတဲ့ေၾကညာခ်က္တခုမို႔ ေသခ်ာျပင္ဆင္ေနရလို႔ပါ... "
" ဆရာႀကီးရွင့္... က်မတို႔အားလုံးကို စုေဝးခိုင္းရတဲ့အေၾကာင္းျပခ်က္ေလး ေပးပါ... "
" ဟုတ္ကဲ့.... ဆရာမ "
" ကဲ အားလုံးပဲ .... ဒါကေတာ့ က်ဳပ္တို႔ေက်ာင္းကို ပူးတြဲအုပ္ခ်ဳပ္မဲ့ ဒုေက်ာင္းအုပ္ ဒါမိုခန္ဂ်ီ ဝါဆာကီ ပါ.. က်ဳပ္က အသက္လဲ ႀကီးၿပီး က်န္းမာေရးလဲမေကာင္းဘူးဆိုေတာ့ လအေတာ္ၾကာနားမွာျဖစ္လို႔ ဆရာဝါဆာကီက ေက်ာင္းကို ဦးစီးပါလိမ့္မယ္... ဒါပါပဲ.. အစည္းအေဝးၿပီးပါၿပီ.. လုပ္စရာရွိတာသြားလုပ္ၾကပါ... "
ေက်ာင္းအုပ္ႀကီးသည္ သူ ေၾကညာစရာရွိတာ ေၾကညာၿပီးသည္ႏွင့္ ထိုဒုေက်ာင္းအုပ္အသစ္အား ေခၚေဆာင္ကာ ျပန္ထြက္သြားသည္ ။
.................
ပိုင္ေဝ့ရွင္း ေက်ာင္းေရွ႕ေရာက္တဲ့အခါ ရိုစလီနဲ႕ ပိုင္မင္ဟြန္းတို႔ အတူရပ္ေနတာကို ေတြ႕လိုက္ရသည္ ။ လမ္းတဖက္သို႔ ကူးရန္ျပင္လိုက္စဥ္ စကိတ္စီးလာေသာလူတေယာက္နဲ႕ တိုက္မိၿပီး လဲက်မလိုျဖစ္သြားသည္ ။
လူစိမ္းမွ သူမရဲ႕လက္အား ကိုင္ကာ အလြန္လွ်င္ျမန္စြာထိန္းလိုက္နိုင္သျဖင့္ လဲက်ျခင္း မရွိခဲ့ေခ် ။ လမ္းတဖက္မွ ရိုစလီတို႔ ထိုျမင္ကြင္းကို ေတြ႕သျဖင့္ သူမရွိရာသို႔ ခ်က္ခ်င္းေရာက္လာခဲ့ၾကသည္ ။ ထိုလူစိမ္းကေတာ့ ေပ်ာက္ျခင္းမလွေပ်ာက္သြားသည္ ။
" ေဝ့ေဝ့ နင္ ထိခိုက္သြားေသးလား.. ဟိုအေကာင္ ဘယ္ေရာက္သြားလဲ... လူရႈပ္တဲ့ေနရာ စကိတ္တကားကားနဲ႕... မွတ္ေလာက္ေအာင္ရိုက္ေပးဦးမယ္... "
" ရိုစလီရယ္ ငါလဲ ဘာမွမျဖစ္ပါဘူး.. ထားလိုက္ပါ.. လာလာ ေက်ာင္းထဲဝင္ရေအာင္ အတန္းရွာရဦးမယ္ေလ... "
" ေဝ့ရွင္း မင္းတကယ္ အဆင္ေျပပါတယ္ေနာ္.. "
" ေျပပါတယ္ မင္ဟြန္းရဲ႕... လာပါ သြားၾကစို႔.."
..... သူျမန္လြန္းတယ္.....
.............
" ေနာက္တခါဆို သတိထားသြားလာပါ... မလိုလားအပ္တဲ့ျပသာနာေတြမျဖစ္ေစနဲ႕..မင္းကို ဘယ္သူမွ မသိေစနဲ႕. မင္း အဲ့မိန္းကေလးနဲ႕ေဝးေဝးေနပါ..."
" ဟုတ္ကဲ့ပါ ဆရာ..."
" ေက်ာင္းကိုပုံမွန္တက္... မၾကာခင္ မင္းအတြက္ တာဝန္တခု ေပးမယ္..."
ေက်ာပိုးအိတ္အနက္ေရာင္ ဦးထုပ္အနက္ေရာင္ မ်က္ႏွာမေပၚရင္ ခပ္ငိုက္ငိုက္ေစာင္းထားေသာလူတေယာက္ အခန္းက်ယ္တခုထဲက ထြက္လာခဲ့သည္ ။
အခန္းေရွ႕ အတြင္းေရးမႉးမေလးသည္ ထြက္လာေသာသူအား အံ့ၾသသလို ၾကည့္ေနသည္ ။ သူမ တခ်ိန္လုံးထိုင္ေနတာပါ... ဒီလူဘယ္အခ်ိန္က ဝင္သြားတာလဲ.. ။
............
ပိုင္ေဝ့ရွင္းနဲ႕ ရိုစလီတို႔ သူမတို႔ရဲ႕စာသင္ေဆာင္ကို ရွာေတြ႕သလို ဂန္မင္ဟြန္းလဲ သူရဲ႕စာသင္ခန္းဆီသို႔ ျပန္သြားသည္ ။ စာသင္ခ်ိန္အစတြင္ ဆရာမက ဒီႏွစ္စအတြက္ ေက်ာင္းသားအသစ္မ်ားအား တေယာက္ခ်င္းစီ မိတ္ဆက္ေပးသည္ ။
ပိုင္ေဝ့ရွင္းတို႔ အပါအဝင္ ေက်ာင္းသား၅ေယာက္ အသစ္ဝင္သည္ ။
ပိုင္ေဝ့ရွင္း သူမထိုင္ရေသာေနရာတြင္ ေနရင္ အခန္းထဲသို႔ ေဝ့ကာၾကည့္လိုက္သည္။ သူမရဲ႕အေနာက္ဘက္ထိုင္ခုံသို႔ အၾကည့္အေရာက္....
.... သူလား..ပုံစံခ်င္းမတူလိုက္တာ..ဒါေပမဲ့ မ်က္ဝန္းေတြကတူေနတယ္.....
" ဟိုင္း ငါက ပိုင္ေဝ့ရွင္း ေက်ာင္းသားသစ္ပါ... "
" ေက်ာင္းသားေဟာင္း.."
"....."
လူ႐ြယ္ထံမွ ခပ္ျပတ္ျပတ္မိတ္ဆက္သံေၾကာင့္ ပိုင္ေဝ့ရွင္း ဇက္ကေလးပုကာ လွ်ာထုတ္ရင္း ေရွ႕သို႔ ျပန္လွည့္လိုက္သည္ ။
.....................
ရက္သတၱပတ္အနည္းငယ္ခန႔္ၾကာေသာ္..... အေရးေပၚအခ်က္ေပးျမည္သံတခု ဆူးရွစြာ ေအာ္ျမည္လာေလသည္ ။
ပိုင္ေဝ့ရွင္း ၊ ရိုစလီနဲ႕ ဂန္မင္ဟြန္းတို႔ ေက်ာင္းစာၾကည့္တိုက္တြင္ စာအုပ္ရွာေနရင္း သူမတို႔ရဲ႕ဖုန္းထဲသို႔ အသီးသီးဝင္လာေသာအသိေပးစာမ်ားကို ဖတ္ကာ တေယာက္ကို တေယာက္ မ်က္စပစ္မိၾကသည္ ။
ခ်က္ခ်င္းပင္ ႐ုံးခ်ဳပ္ရွိရာသို႔ အေျပးသြားလိုက္ၾကသည္ ။
အဖြဲ႕ေခါင္းေဆာင္ ကာတာရွီနဲ႕ အတူ ယွဥ္တြဲကာ ရပ္ရင္း အမိန႔္မ်ားကို ေစာင့္ေနလိုက္သည္ ။
" မင္းတို႔ အားလုံးကို အေရးေပၚအေျခအေနအတြက္ ေခၚလိုက္ရတာပဲ... ၿမိဳ႕အျပင္ ပင္လယ္ကမ္းစပ္ဘက္ကို ဘာမွန္းမသိတဲ့အရာတခုျပဳတ္က်လာတယ္....ငါတို႔ဆီက တတ္ကြၽမ္းနားလည္သူေတြကို လႊတ္လိုက္ေပမဲ့..ဘာအသံမွမၾကားရပဲ အဆက္အသြယ္ျပတ္ကုန္ၾကတယ္... ဒီအတြက္ တိုက္ခိုက္ေရး တပ္ဖြဲ႕တဖြဲ႕ ေစလႊတ္ဖို႔ ငါတို႔ ဆုံးျဖတ္လိုက္ၾကတယ္... မင္းတို႔အားလုံး ဂ႐ုစိုက္ၿပီး သြားၾကပါ... အႏၲရာယ္ျဖစ္ေစမဲ့အရာေတြဆို တခါထဲ ဖ်က္စီးလိုက္ပါ.... "
" ဟုတ္ကဲ့ပါ.. ဗိုလ္ႀကီး.. "
ကာတာရွီတို႔အဖြဲ႕ ပင္လယ္ကမ္းေျခသို႔ တိုက္ခိုက္ေရးတပ္သားအခ်ိဳ႕နဲ႕အတူ သြားလိုက္ၾကသည္။ သူတို႔ေရာက္တဲ့အခ်ိန္မွာ ပထမအဖြဲ႕ရဲ႕ အသုံးအေဆာင္ပစၥည္းမ်ားမွလြဲရင္ ဘာမွမေတြ႕ရေခ်။ ထူးဆန္းတဲ့အရာဆိုတဲ့ပစၥည္းဆိုတာကိုလဲ မေတြ႕ရေပ ။
ကာတာရွီမွ ပတ္ဝန္းက်င္အား ေလ့လာရန္ အဖြဲ႕ငယ္ေလးမ်ားခြဲကာ လိုက္ၾကည့္ခိုင္းသည္ ။ ကာတာရွီ ပိုင္ေဝ့ရွင္း ရိုစလီ ဂန္မင္ဟြန္း တို႔ ေလးေယာက္သား ကမ္းေျခတေလ်ာက္လိုက္ၾကည့္စဥ္...
ပိုင္ေဝ့ရွင္း သူမရဲ႕နားထဲ ထူးဆန္းတဲ့အသံကို ၾကားလိုက္ရသည္ ။ တစုံတခုကို အားနဲ႕ထုခြဲေနေသာအသံေၾကာင့္ သူမ့အရပ္ထက္ျမင့္ေသာအပင္တခ်ိဳ႕အား အတင္းဆြဲဖယ္ကာ ေရွ႕သို႔ တိုးဝင္သြားသည္ ။
တေနရာအေရာက္ ေက်ာက္ေတာင္ႀကီး၏ေအာက္ေျခတြင္ ဂူေပါက္ကဲ့သို႔ ေနရာတခုအား ေတြ႕ရသည္ ။ ဆက္သြယ္ေရးစက္မွတဆင့္ အဖြဲ႕သားမ်ားအား ဆက္သြယ္ၿပီး ဂူထဲသို႔ တေယာက္ထဲ အရင္ဝင္လိုက္သည္ ။
တစုံတရာကို တိုက္ျဖတ္ေနသံႏွင့္ တျဖည္းျဖည္းနီးလာၿပီးေတာ့ ဂူအခ်ိဳးေကြ႕တခုအေရာက္တြင္ ထူးထူးဆန္းဆန္းပုံစံနဲ႕လူတေယာက္ကို ေတြ႕လိုက္ရတယ္ ။
" ေဟ့ ဘယ္သူလဲ... ဘာလုပ္ေနတာလဲ... ဒီေနရာကို အျပင္လူမလာရဘူးေလ မသိဘူးလား?..."
သူမရဲ႕အသံကို ၾကားၿပီး ထူးဆန္းေသာလူက သူမရွိရာဘက္ကိုသို႔ လွည့္ၾကည့္သည္ ။ ေမ်ာက္မ်က္ႏွာနဲ႕လူခႏၶာကိုယ္ရွိေသာသတၱဝာဆန္းက ေက်ာက္တုံးတတုံးကို လက္ထဲရွိလက္နက္ျဖင့္ ထုခြဲေနသည္ ။
" ဂါးးးးး မေသခ်င္ရင္ ထြက္သြား...."
" ဟင္ ဘာႀကီးလဲ.... လူစကားေျပာတတ္တာလား?.."
ပိုင္ေဝ့ရွင္း ေမ်ာက္လူကို ေသခ်ာၾကည့္ၿပီး ခါးမွာထိုးထားေသာေသနတ္အား ဆြဲထုတ္ကာ သတိအေနအထားျဖင့္ ခ်ိန္ထားလိုက္သည္ ။ အဲ့အခ်ိန္မွာ ကာတာရွီနဲ႕အဖြဲ႕က ဂူထဲသို႔ေရာက္လာခဲ့သည္ ။
" ေခါင္းေဆာင္... "
" ေဝ့ရွင္း... "
" ဒီေမ်ာက္လူက အဲ့ေက်ာက္တုံးကို ခြဲေနတာ.... ဟိုယာဥ္ပ်ံထဲက ပါလာတာျဖစ္မယ္... က်မတို႔ အဲ့ဒါကို ရေအာင္ယူရမယ္..."
" ဟား ဟား ဟား ဟား မင္းတို႔လို မေလာက္ေလးမေလာက္စားေလးေတြက ေသခ်င္ေနၾကတယ္ေပါ့... ငါက သတ္ေပးရမွာေပါ့.... ဟား ဟား ဟား.... "
" ေဝ့ရွင္း ရိုစလီ မင္ဟြန္း.... သတိထားၾက ...."
" ( ဟုတ္ ေခါင္းေဆာင္) 3 "
ပိုင္ေဝ့ရွင္း သတိျဖင့္ေနစဥ္
" hostေရ mission mission!!! သူ႕လက္ထဲက အတုံးကိုရေအာင္ယူ.... အဲ့ထဲမွာ hostတို႔အတြက္စြမ္းအားေတြပါတယ္... "
" point ရမွာလား.... "
(အေရးထဲ ပြိုင့္ကို ငမ္း)
" စြမ္းအားရပါမယ္ဆိုမွပဲ ... မစ္ရွင္မလုပ္ရင္ pointျဖတ္မည္..."
"........."
ျဖဴလုံးရဲ႕အသိေပးခ်က္ေၾကာင့္ ပိုင္ေဝ့ရွင္း ေမ်ာက္လူရဲ႕အေနာက္ဘက္ရွိ ဥကၠာခဲလိုလိုအတုံးႀကီးအား ရယူရန္ ျပင္ေလသည္ ။
တိုက္ခိုက္ရန္ တေယာက္ကိုတေယာက္အခ်က္ျပလိုက္စဥ္ လူတေယာက္ ေမ်ာက္လူရဲ႕အေနာက္ဘက္ရွိ ဥကၠာခဲအား ယူေျပးေလသည္ ။
#အဟက္ နည္းနည္းၾကာသြားတယ္...ေတာင္းပန္ပါတယ္ေနာ္...အခုမွ သက္လာလို႔ပါ... ဒါေတာင္ အသားေတြအဆစ္ေတြနာေသးတယ္😞... ပုံမွန္ေလးပဲတင္သြားမယ္.... အခ်ိန္အၾကာႀကီးေစာင့္ေပးတဲ့အတြက္ေက်းဇူးတင္ပါတယ္.🙆💖💖
အခုခ်ိန္ထိအတူရွိလာေပးတဲ့တေယာက္ခ်င္းစီကို ေက်းဇူးတင္ပါတယ္ ခ်စ္တယ္ေနာ္ ❤❤❤
အမ်ားႀကီးႀကိဳးစားရဦးမည့္
#DZ
6:18pm
21.10.2021(Thursday)