Attract Villains' Daddy

By Girlrobott

42.6K 4.4K 100

ပြန်လည်မွေးဖွားပြီးနောက္မှာ Qin Shiyuတစ်ယောက် မိထွေးsystemတစ်ခုနဲ့ချိတ်ဆက္မိသွားတော့တယ်။အ့တာကြီးက သူ့ကို လမ်း... More

Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 16.5
Chapter 17
Chapter 18
Chapter 19
Chapter 20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
C 44
C 45-46
C 47-8-9
C 50
C 51-2
C 53
C 54-6
C 57
C 58
C 59
C 60

Chapter 12

713 89 0
By Girlrobott

AVD 12

^^နည်းလမ်းအားလုံးက လူတွေရဲ့အတွေးတွေလေ။မင်းဘာလို့ငါ့စကားနားမထောင်တာလဲ^^

^^တော်လိုက်တော့။မင်းစကားကိုနားထောင်ရမယ်။ငါနားထောင်ခဲ့ပြီးပြီပဲ။တကယ်လို့ မင်းပြောတာတွေကိုသာငါလိုက္မလုပ်ခဲ့ရင် ဒီလိုစိတ်ပျက်စရာတွေကြုံရမှာမဟုတ်ဘူး။^^

ရှစ်ယွီဟာ system ကိုကြားဖြတ်ပြောချလိုက်တယ်။သူက ထိုအကြောင်းတွေးမိလေ ဒေါသထွက်လာလေပဲ။အစောကတည်းက system ကသာ အဓိပ္ပါယ်မရှိတာတွေ မပြောခဲ့ရင် အခြေအနေတွေက ဒီလောက်အထိဝမ်းနည်းစရာကောင်းမှာမဟုတ်ဘူး။

‌^^ဟေ့..ခန့်ချောလေး..ငါ့အကြံပြုချက်ကိုနားထောင်ပါဦး။ငါပြောပြမယ်။မင်းက ဘာလို့ တာဝန်လုပ်ဖို့ အဆင်ပြေမယ့်တခြားတစ်ယောက်ကို
သွားမရှာတာလဲ။ထိုလူကိုတွယ်ဖက်ထားလိုက်။နောက်ပြီး...^^

Systemဟာ အရာအားလုံးကိုလျစ်လျူရှုပြီး ယွီရှန်ဖုန်းကအောက်ကျို့နေတဲ့ ရှစ်ယွီရဲ့
အောင်မြင်မှုကိုစိတ်ကူးယဥ်ကာ ပြောရင်းပြောရင်း ပိုပိုပြီးစိတ်လှုပ်ရှားလာတော့တယ်။

^^တော်ပါတော့။ဒီလောက်နဲ့ပဲတော်လိုက်ပါတော့။သူ့ကိုငါနားလည်ရသလောက်ကတော့ငါက အထိမခံတဲ့ကြွေထည်လေးကိုသွားပြီးထိနေရသလိုပဲ။မအောင်မြင်မှာငါစိုးရိမ်မိတယ်^^

ရှစ်ယွီက စိတ်ရှုပ်စွာဖြင့် ခေါင်းကိုကုတ်ဖွလိုက်တယ်။သူ့ရဲ့ မသေမသပ်ဆံပင်များက ထိုးဖွမှုကြောင့် ပိုပြီးကြည့်ရဆိုးလာတော့တယ်။ဆံပင်အနည်းငယ်က ထောင်နေပြီးသူ့ကို ကလေကချေပုံပေါက်စေပေမယ့် ​ေချာမောနေတုန်းပဲ​ြဖစ်တယ်။

သေချာတာပေါ့။သူကတော့ ဒါတွေကိုမြင်လဲမမြင်ရသလို သိလဲမသိပါဘူး။

^^ဒါဆို မင်းသူ့အကြောင်းဘာသိလဲ။သူ့အကြောင်းဘာသိလဲ။^^

Systemက ပဟေဠိဖြစ်သွားတယ်။ရှစ်ယွီက ဒီလောက်အချိန်တိုလေးအတွင်းမှာ ယွီရှန်ဖုန်းအကြောင်းကို ဘယ်လိုသိသွားလဲသူမသိဘူးဖြစ်နေတယ်။

^^ဒါက လူတစ်ယောက်ရဲ့ အလိုလိုသိစိတ်ကလေ။မဟုတ်ဘူး။ခန့်ချောကြီးရဲ့ အလိုလိုသိစိတ်ကလာတာ။^^

ရှစ်ယွီက မတ်တပ်ရပ်လိုက်ပြီး ထိန်ထိန်ညီးနေတဲ့ အိမ်​ြကီးရဲ့ တတိယထပ်ကိုကြည့်လိုက်တယ်။ရုတ်တရက် သူက စိတ်လှုပ်ရှားလာတယ်။အနာဂတ်မှာ သူက ဒီအိမ်ခြံကြီးရဲ့ ပိုင်ရှင်ဖြစ်လာမှာ။

သူက ခြံဝင်းထဲမှာအိပ်နိုင်ရုံသာမက အိမ်ထဲမှာတောင်အိပ်နိုင်ဦးမှာ။

^^ဟေ့သူငယ်ချင်းလေး....မင်းရဲ့သွားရည်တွေကို ကျေးဇူးပြုပြီးသုတ်လိုက်ပါဦး။ဒါက ညအချိန်နော်။နေ့မဟုတ်ဘူး။စိတ်ကူးယဥ်နေတာတွေရပ်လိုက်တော့။^^

Systemက မစာမနာပြောလိုက်တယ်။

ရှစ်ယွီက ပြန်ပြောမလို်ပြင်လိုက်ပေမယ့် စူးရှတဲ့အလင်းရောင်တစ်ခုကျရောက်လာတဲ့အတွက် သူ့မျက်စိတွေကို ကွယ်ဖို့ လက်ကိုမြှောက်လိုက်ရတယ်။

ကားကတဖြည်းဖြည်းမောင်းနှင်လာပြီး ရှစ်ယွီဘေးနားက ခြံဝင်းလမ်းမှာရပ်လိုက်တယ်။ကားက သူနဲ့ စင်တီမီတာ ၂၀လောက်ပဲဝေးတာဖြစ်တယ်။

ကားထဲကနေ အရပ်အရမ်းမမြင့်တဲ့လူတစ်ယောက်ထွက်လာတယ်။ထိုလူက ရိုးရိုးအဝတ်စားများကို ဝတ်ဆင်ထားပေမယ့် သူ့​နောက်ကျောထက္မှာတော့ ဆေးလွယ်အိတ်ကိုသယ်ဆောင်ထားတယ်။

ထိုလူက ကားပေါ်ကဆင်းပြီးတာနဲ့ တစ်ဆက်တည်း ယွီမိသားစုရဲ့ တံခါးဘဲလ်ကိုနှိပ်လိုက်တယ်။

ဆေးလွယ်အိတ်?

ယွီရှန်ဖုနး်ကနေမကောင်းဘူးလား?

ဂိတ်တံခါးပွင့်လာပြီး ထိုလူအထဲဝင်တော့မှာကိုမြင်လိုက်ရတဲ့ရှစ်ယွီဟာ စိတ်ဆုံးဖြတ်လိုက်တယ်။သူက ခြေလှမ်းအနည်းငယ်ဒယိမ်းဒယိုင်လျှောက်လိုက်ပြီး ခြံဝင်းတံခါးကိုဝင်တိုက်လိုက်တယ်။.

ရှစ်ယွီဟာ အားနည်းတဲ့ပုံပေါက်အောင် အကောင်းဆုံးကြိုးစားသရုပ်ဆောင်လိုက်ပြီး
အကြိမ်အနဲငယ် အကူအညီတောင်းခံပြီးတဲ့နောက္မှာ ထိုလူကိုဂရုမစိုက်တော့ပဲ မြေပြင်ပေါ်မှာပြိုလဲချလိုက်တော့တယ်။

ထိုလူက သူ့ကိုမကယ်ဘူးဆိုတာသူမယုံဘူး။ထိုလူက သူ့ကိုကယ်လိုက်တာနဲ့ ယွီမိသားစုထဲကိုဝင်ဖို့ ၈၀ရါခိုင်နှုန်းလောက်သေချာနေပြီလေ။

မျှော်မှန်းထားတဒ့အတိုင်း ထိုလူက သူ့လဲကျတာကိုမြင်တော့ အထိတ်ထိတ်အပြာပြာဖြစ်သွားတယ်။ထိုလူက သူ့ကိုလှမ်းဖမ်းပြီးမေးလိုက်တယ်။

"လူငယ်လေး..ဘာ​ြဖစ်တာလဲ"

ထိုလူက ရှစ်ယွီကို ထိန်းကိုင်ဖို့အားအကုန်သုံးလိုက်ပြီး ယွီအိမ်တော်ထဲခေါ်သွားတော့တယ်။

"ရှန်ဖုန်း...လာပြီးကူပါဦး။တံခါးမှာလူတစ်ယောက်သတိလစ်သွားလို့"

ထိုလူက နှုတ်ဆက်လိုက်ပြီး သူ့ကို ဆိုဖာပေါ်လှဲဖို့ကူညီခဲ့တယ်။

ယွီရှန်ဖုန်းက အောက်ထပ်ကိုဆင်းလာပြီး အန်ကယ်ရွှီးက လူတစ်ယောက်နဲ့ဝင်လာတာကိုမြင်လိုက်တဲ့အခါ တဖြည်းဖြည်း မျက္မှောကြုတ်သွားတော့တယ်။

"လူငယ်လေး...အဆင်ပြေရဲ့လား။ဘယ်နေရာကမသက္မသာဖြစ်နေတာလဲ"

ရွှီးချန်ရဲ့ မျက်နှာမှာ စိုးရိမ်ပူပန်မှုတွေနဲ့ပြည့်နေပြီး သူက လူငယ်လေးကိုစစ်ဆေးဖို့ ဆောင့်ကြောင့်ထိုင်ချလိုက်တယ်။

အန်ကယ်ရွှီးခေါ်လာတဲ့သူက လမ်းသရဲလေးဖြစ်နေတာကိုတွေ့လိုက်ရတဲ့အခါ ယွီရှန်ဖုန်းက ပိုပြီးမျက္မှောင်ကြုတ်လာတော့တယ်။

"ကျနော်အဆင်ပြေပါတယ်။ဒါက ဘယ်​ေနရာလဲ။ဉီးလေးကျနော့်ကိုကယ်လာတာလား"

ရှစ်ယွီက အားနည်းနေတဲ့ပုံဟန်ဆောင်ပြီး တစ်ဖြည်းဖြည်း ထလိုက်တယ်။သူ့အသံကတောင် အားနည်းနေတဲ့ပုံပါပဲ။
(Novel prize winner🙄)

ရှေ့က သူ့ကိုကယ်ခဲ့တဲ့လူကိုမြင်ပြီး ရှစ်ယွီက ပိုပြီးလေးစားလာတယ်။
(တစ်ဖက်လူကိုကူညီတတ်တာကိုပြောတာပါ။အခုက 👇👇)

သူ့ရှေ့ကလူက အသက်၅၀ ဝန်းကျင်အရွယ်ဖြစ်ပြီး ရွှေရောင်အနားကွပ် မျက္မှန်ကိုဝတ်ဆင်ထားတယ်။သူ့မျက်နှာက စူးစိုက္မှုကိုဖော်ပြနေပေမယ့် တစ်ချိန်ထဲမှာပဲ နူးညံ့မှုနဲ့ကြင်နာမှုပါ ခံစားမိစေတယ်။

အကုန်လုံးကြည့်ကောင်းပါတယ်။Hairlineက နဲနဲ​ြမင့်နေရုံလေးပါပဲ။

သူ့ရဲ့ကယ်တင်ရှင်ကြီးကို ကြည့်ရှုမှုပြီးသွားတဲ့အခါ ရှစ်ယွီက နှလုံးသားထဲကနေ တိတ်တဆိတ်ကျိန်ဆဲလိုက်တယ်။

Chapter 12 END

ငါလေးသူများsystem ficတွေလို MCနဲ့ system ကြားမှာ နာမည်တစ်ခုထဲကို ုမတ်မြတ်နိုးနိုးကြားချင်တာ။ခုဟာက တွေ့တိုင်းသတ်...တစ်ခါတစ်မျိုးခေါ်နဲ့.. ဟွန့်

Oct- 19 -2021
Have a nice day guys ✌✌




Continue Reading

You'll Also Like

167K 9.8K 39
The feeling of being abandoned by one's own family was not unknown to Aadhira. She hates her family for abandoning her when she was only a newborn, l...
283K 21.6K 33
ပဲပြုတ်သည်ငပြူးနဲ့ ဆိုက်ကားဆရာငလူးတို့ရဲ့ story လေးတစ်ပုဒ်
247K 7.3K 75
(Fixed/Fan-TL) Top idol group Stardust, whose members disappear like dust. The group that used to have seven members ends with four members... "Is...
Gentle touch By Penny

General Fiction

25.1K 626 29
It had been mere months after her eighteen birthday, when she was pulled from the safe haven of her life and forced into the fantasy the women had cr...