ရွှေရုပ်

Galing kay 14_ashes

261K 16.7K 771

ရင်ဘတ်ထဲ ပစ်ဝင်လာသော ဒဏ်ရာဒဏ်ချက်တွေသည် မျှော်လင့်ထားတာထက် ပိုဆိုးနေခဲ့သည်ကို သိလိုက်ချိန်တွင် နောက်ဆုတ်၍ မရန... Higit pa

အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၄
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
အပိုင်း ၁၀
အပိုင်း ၁၁
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၆
အပိုင်း ၁၇
အပိုင်း ၁၈
အပိုင်း ၁၉
အပိုင်း ၂၀
အပိုင်း ၂၁
အပိုင်း ၂၂
အပိုင်း ၂၃ ဇာတ်သိမ်း
Extra 1
Extra 2
Extra 3
👋🏻
Extra 4

အပိုင်း ၁၅

8.3K 605 30
Galing kay 14_ashes

Unicode

ထမင်းစားခန်းထဲ ဝင်လိုက်တာနဲ့ ရွေရုပ်ကို မတွေ့ရဘဲ ထမင်းစားပွဲဘေး ကျုံ့ကျုံ့လေး ရပ်နေသော နုနုကိုပဲ မြင်လိုက်ရတာကြောင့် သစ္စာ မျက်မှောင်ကြုတ်သွားသည်... ဟန်မပျက် ဝင်ထိုင်လိုက်ပေမယ့် ရင်ထဲမှာ ဗလောင်ဆူနေသည်...

"ဘယ်မလဲ ဟိုတစ်ယောက်..."

ကော်ဖီငှဲ့ထည့်ပေးကာ နုနုက မဝံ့မရဲ ပြောလာသည်...

" မမလေးကလေ မနက်စာကို သူပဲ ပြင်သွားပြီးတော့မှ နုနုကို ဒီမှာစောင့်ဖို့ လွှတ်လိုက်တာ..."

သစ္စာ ရင်ထဲမှာ ရှုပ်ထွေးသွားသည်... ဒီအဖြစ်ကို သူမ မမျှော်လင့်ထားပေ... ရွှေရုပ်သည် ပထမဆုံးအကြိမ်အဖြစ် သစ္စာကို ကန့်လန့်တိုက်ရန် ကြိုးစားလေပြီ...

"ပြီးတော့လေ... "

"ဘာလဲ ပြော..."

"မမလေးက အထုပ်တွေ ယူချလာပြီးတော့ နုနုတို့နဲ့ အနောက်က တန်းလျားမှာ လာနေမလို့တဲ့..."

"ဘာ...."

အသံကျယ်ကြီးကြောင့် နုနုမှာ လန့်ပြီး အနောက်သို့ပင် ဆုတ်မိသည်... စိတ်ထဲမှာလဲ ဒီကိစ္စကို သူမကိုသာ ပြောခိုင်းသည့် ကျန်တဲ့ဟာတွေကို ကျိန်ဆဲနေမိသည်... ဒီမိုးမီးလောင်မည့်ကိစ္စကို မမလေး လုပ်ချလာတုန်းက အကုန်လုံး မျက်လုံးပြူးမျက်ဆံပြူးနဲ့ ဝိုင်းတားကြသော်လည်း ပြောမရပေ...

"ဟိုလေ နုနုတို့ ဝိုင်းတားပေမယ့် မရလို့ပါ...ပြီး​တော့ အလုပ်ကိုလဲ တစ်ယောက်တည်းပဲ သွားချင်တယ်ဆိုပြီး ပြောခိုင်းလိုက်ပါတယ်..."

တိတ်ဆိတ်သွားကာ သစ္စာ အရှေ့တည့်တည့်ကို စိုက်ကြည့်နေမိသည်... တစ်လျှောက်လုံး ခံစားချက်မရှိသလို နေလာခဲ့တဲ့ ရွေရုပ်သည် ယခုမူ အဆုံးထိ တော်လှန်မည့်သဘောရှိသည်... ရှိုက်သံတွေကြားက သတ်သေလိုက်မယ်ဆိုသော အသံကို ပြန်ကြားယောင်မိသောအခါ သောက်ချလိုက်သော ကော်ဖီသည် ပုံမှန်ထက် ပိုခါးလာသည်...

"အဲတန်းလျားထောင့်မှာ အခန်းတစ်ခု ရှိတယ်မလား... "

ဒေါသတကြီး ပေါက်ကွဲတော့မည်ထင်ပေမယ့် ထွက်လာတဲ့ ပုံမှန်လေသံကြောင့် နုနု သက်ပြင်းကို ခိုးချလိုက်သည်... မျက်နှာကို အကဲခတ်ကြည့်တော့လဲ တည်ငြိမ်နေသည်...

"ဟုတ် ရှိပါတယ် သခင်မလေး...နုနုတို့လဲ အဲမှာမနေပါဘူး... အလွတ်ထားထားတာပါ..."

"အင်း...အဲမှာပေးနေထားလိုက်...ပြီးတော့ နောက်ပြီး ငါအလုပ်သွားပြီးရင် ကားပြန်လွှတ်လိုက်မယ်...သူ အဲတော့မှသွားပစေ...သူအလုပ်သွားတဲ့အခါမှ နင်တို့က အခန်းကို အပေါ်ကလို ပြန်ပြင်ပေးလိုက်..."

"ဟုတ်ကဲ့ သခင်မလေး..."

"ပြီးတော့ ပေါက်ကရတွေ လျှောက်မစားစေနဲ့... သူဘာတွေလုပ်လဲ မျက်ခြေမပျက်ကြည့်ထားပြီး ထူးဆန်းတာရှိရင် ငါ့ကို လာပြော... နင်တို့ထဲက တစ်ယောက်ယောက် သူ့နားမှာ အမြဲရှိပစေ..."

"ဟုတ်ကဲ့..."

ပြောပြီး ငြိမ်သွားပြန်သော သစ္စာကို ကြည့်ပြီး နုနုက ခိုးပြုံးသည်...ဒီလောက်စိတ်ပူနေတာ မမလေး
ကို ချစ်လို့ပေါ့.. အဲတာကို ဟိုတစ်ယောက်ကလဲ မဟုတ်တာတွေပဲ တွေးနေတယ်... ဒီနှစ်ယောက် အဆင်ပြေသွားရင် ကောင်းမယ်လို့ နုနုအမြဲတွေးနေတာ...မဟုတ်ရင် နုနုတို့လဲ ဟိုမျက်နှာကြည့်ရ ဒီမျက်နှာကြည့်ရနဲ့ စိတ်ညစ်ရတာကို...

သခင်မလေး အလုပ်သွားတာနှင့် နုနုလဲ အနောက်တန်းလျားဆီ ခပ်သုတ်သုတ် ပြန်လာခဲ့သည်... မမလေးက တစ်ခုခုကို အပြီးတိုင် ဆုံးဖြတ်ထားတဲ့ မျက်နှာထားနဲ့ထိုင်နေကာ နုနုကို မျှော်လင့်တကြီး ကြည့်နေသည်...

"သခင်မလေးက သူအလုပ်သွားပြီးမှ ကားလွှတ်လိုက်မယ်တဲ့ မမလေး..."

မဖြစ်ဖြစ်အောင် ဇွတ်အတင်းတောင်းဆိုမယ်ပြင်ထားပေးမယ့် အလွယ်တကူ လိုက်လျောလာတဲ့အခါ ရွှေရုပ် အနည်းငယ် အံ့သြသွားသည်...

"ဒီမှာနေမယ့်ကိစ္စရော ပြောလိုက်တယ်မလား..."

"ဟုတ် ပြောလိုက်တယ်..."

"ဘာမှမပြောဘူးလား..."

"အင်း...ဒီဘေးအခန်းမှာ ပေးနေလိုက်လို့​တော့ ပြောတယ်...မမလေး"

မျက်မှောင်ကြုတ်ကာ ငြိမ်သွားသောရွှေရုပ်ကို ကြည့်ကာ နုနုက ခိုးပြုံးသည်... နေကြပါစေလေ... လူတွေဟာ ရှိနေတုန်း တစ်ယောက်တန်ဖိုး တစ်ယောက်မသိပေမယ့် ဝေးသွားတဲ့အခါ သိလာကြသတဲ့... မမလေးတို့လဲ ဝေးဝေးနေရင်းမှ အဲလိုသိလာကြပါစေလို့ နုနုတော့ ဆုတောင်းမိပါသည်...

🍂

မိမိကို စူးစမ်းသလိုကြည့်နေသည့် မျက်လုံးလေးများသည် ရင်းနှီးခဲ့ဖူးသော တစ်စုံတစ်ယောက်နဲ့ တူလွန်းလှသည်မို့ ဒေါ်မိုးမြင့်အတန်ကြာ စိုက်ကြည့်မိရင်း ပြုံးမိသွားရသည်... ခင်ပွန်းဖြစ်သူ ဦးထင်လင်းက ဒီနိုင်ငံမှာပဲ ခေါင်းချချင်တယ်ပြောကာ သူမကို ထားသွားတာ တစ်လကျော်ပါပြီ... ထားစရာနေရာမရှိအောင် ချမ်းသာသော်လည်း ထိုကြွယ်ဝမှုတွေက ခင်ပွန်းသည်ကို ဆွဲမထားနိုင်ခဲ့ပါ... နောင်တရစရာမရှိအောင် အတူတူဖြတ်သန်းခဲ့ကြသည်မို့ ဝမ်းနည်းစရာမရှိသော်လည်း အတူတူရှိခဲ့သည့်အမှတ်တရတွေကတော့ ဝမ်းနည်းဖို့ကောင်းလှသည်...ဒေါ်မိုးမြင့်သည် တစ်ယောက်တည်း ရှေ့ဆက်ဖြတ်သန်းသွားဖို့ အားယူနေရသည်...

"ဒါက ဖြူ့မိတ်ဆွေပါ ဒေါ်မိုးမြင့်တဲ့...နိုင်ငံခြားမှာပဲ အနေများတာလေ...မိုး ဒါက ဒေါ်တင်မမတဲ့...ကိုယ်နဲ့ ငယ်ငယ်လေးတည်းက သူငယ်ချင်းတွေလေ..."

သူမက ဖြူ့ဆိုင်ကို သွားလည်ရင်း ဖြူက အိမ်အလည်ခေါ်တာမို့ လိုက်လာတာဖြစ်သည်... ရွှေဆိုင်ပိုင်ရှင်ဖြစ်သည့် ဖြူက သူ့သူငယ်ချင်းဆီ ပစ္စည်းဝင်ပို့စရာရှိသည်ဆိုသည့်အတွက် အတူတူဝင်လာဖြစ်သည်...အမှန်တော့ မိသားစုဦးရေများသည့် ဖြူ့အိမ်ဆီ ရောက်လျှင် အထီးကျန်သည့် ခံစားချက်များ သက်သာမလားဆိုသည့်စိတ်နဲ့ရယ်ပါ...

"တွေ့ရတာ ဝမ်းသာပါတယ်... ဒါနဲ့ ကလေးတွေက ချစ်ဖို့ကောင်းလိုက်တာ..."

ခုထိ မျက်လုံးမလွှဲနိုင်ဖြစ်နေသည့် အကြီးဖြစ်ဟန်တူသည့် ကလေးမကို ကြည့်ရင်း ပြောတော့ ဒေါ်တင်မမက မျက်နှာအနည်းငယ်ပျက်သွားကာ....

"ကျွန်မက တစ်ယောက်တည်းပဲ မွေးထားတာပါ...ရွှေရုပ်လေး မေမေ့ဆီ လာပါဦး..."

အငယ်လေးက ပြေးလာကာ သူ့မေမေပေါ် ဝင်ထိုင်သည်... ညှိုးနွမ်းတဲ့မျက်နှာရိပ်နဲ့ ကျန်နေခဲ့တဲ့ ကလေးမကို သူမ ဂရုဏာသက်စွာ ငေးကြည့်မိသည်...

"ဪ ဟိုကလေးမက..."

"သူ့မိဘတွေမရှိနေလို့ စောင့်ရှောက်ထားတာပါ...ဒါပေမယ့် တစ်နေ့တစ်နေ့ ပြောရလွန်းလို့ အသက်ပါ တိုချင်တယ်... မျိုးရိုးကပဲ မကောင်းလို့လားမသိပါဘူး..."

မျက်နှာတင်းခနဲဖြစ်သွားကာ အံကြိတ်ထားသည့် ကလေးမလေးကို သူမ ခိုးကြည့်မိကာ ရင်ထဲ ပြုံးမိသည်...ဦးထင်လင်းရေ... ရှင့်ကိုယ်ပွားလေးလိုပါပဲလား...မျက်လုံးတွေက စူးလက်နေကာ ထက်မြက်သည့်ပုံပေါ်နေသည်... ခဏက ကလေးမလေးကို ပွေ့ထားစဥ်မှာတော့ နွေးထွေးသည့်အရိပ်တွေကို တွေ့ရသည်...

ထိုနေ့က ပြန်လာရင်းမှ ဖြူ့ကို မေးရသည်...

"ဖြူ...ခဏအိမ်က ကလေးမလေးအကြောင်း ကိုယ်သိချင်လို့..."

"အကြီးလေးလား..."

"အင်း ဟုတ်တယ်... "

"အဲကလေးက တင်မမအမျိုးသားရဲ့ သူငယ်ချင်းကလေးလို့တော့ ပြောတယ်...သူငယ်ချင်းဆိုတော့ ဒရိုင်ဘာသဘောမျိုး အလုပ်ခန့်ထားပေးတာတဲ့...နောက်တော့ သူ့အဖေက ဘာကိစ္စဖြစ်လို့လဲတော့ မသိဘူး...ထောင်ကျသွားပြီး ထောင်ထဲမှာ ဆုံးသွားတာတဲ့... အဲဒါနဲ့ အဲအိမ်မှာ ကျန်နေခဲ့တာ...တင်မမလဲ ပြောရရင် တာဝန်ယူချင်ပုံ မပေါ်ဘူး...ကလေးမလေးက သနားဖို့ကောင်းပါတယ်..."

အားလုံးဟာ အတိတ်ကိုယ်စီနဲ့ မလှပတဲ့ ဘဝတွေ ရထားကြတာပဲဟု ဒေါ်မိုးမြင့် တွေးတောမိသည်... သူမလဲ ချမ်းသာသည့်တိုင် အထီးကျန်ခြင်းကို ခံစားနေရသလို ထိုကလေးမလေးကလဲ ပျိုးထောင်မယ့်သူ ရှိမနေဘဲ မေတ္တာငတ်မွတ်နေရသည်... ဒါပေမယ့် တစ်ယောက်လိုအပ်တာကို တစ်ယောက်က ဖြည့်ဆည်းပေးလိုက်ရင်ရော...ထိုသို့တွေးမိသည်နှင့်တစ်ပြိုင်နက် သူမရင်ထဲ ပျော်ရွှင်မှုကို စတင်ခံစားရသည်...

"ဖြူ ကိုယ် အဲကလေးမလေးကို မွေးစားချင်တယ်..."

ဖြူက အံ့သြသလို ကြည့်ကာ မေးလာသည်...

"သေချာရဲ့လား မိုးရယ်... သူက ကလေးအရွယ်လဲ မဟုတ်ဘူးနော်.... ပြီးတော့ မျိုးရိုးက..."

"မျိုးရိုးက အရေးမကြီးဘူး ကိုယ့်အတွက်တော့...သူ့ကို အကောင်းဆုံး ပျိုးထောင်ပေးနိုင်မယ်လို့ ရည်ရွယ်ချက်ရှိတယ်... ပြီးတော့ ကိုယ်က အသက်လဲ မငယ်တော့ဘူး...ကလေးတစ်ယောက်ကို ပိစိလေးကစ ဝေယျာဝစ္စ လိုက်မလုပ်ပေးနိုင်တော့ဘူး...ဒီအရွယ်က အတော်ပဲ...နောက်ဆုံးအချက်နဲ့ အရေးအကြီးဆုံးကလေ အဲကလေးမျက်လုံးတွေက ကိုထင်နဲ့ တူလွန်းတယ်..."

သူမရဲ့စကားအဆုံးမှာ ဖြူက ဂရုဏာသက်သလို ကြည့်လာသည်...

"အင်းပါ.... အဲဒါဆို ကိုယ်နောက်ရက် သူ့ကို တီးခေါက်ကြည့်မယ်...မွေးစားဖို့ ပေးချင်ရဲ့လားလို့..."

"ဟုတ်ပြီ....ကျေးဇူးအထူးတင်ပါတယ် ဖြူရယ်... "

ဖြူက နောက်သုံးရက်လောက်နေတော့ သူမကို ဖုန်းဆက်လာပါသည်... ဒေါ်တင်မမအနေနဲ့ကတော့ လုံးဝကို ထိုကလေးမကို မွေးထားချင်စိတ်မရှိပါ... မိုး လိုချင်ရင် သွားတောင်းယူလှည့်ပါတဲ့လေ....သူမ ထိုကလေးမကို မွေးစားဖို့ သွားတောင်းခဲ့ပေမယ့် ဟိုရောက်တော့ ​ဒေါ်တင်မမက ပြောလာသည်...

"ကလေးမ မရှိတော့ဘူး ဒေါ်မိုးမြင့်...မနေ့ကပဲ သူ့အမျိုးတစ်ယောက် လာခေါ်သွားတာ...ကျွန်မလဲ ဖြူ့ကို လှမ်းပြောမလို့ပါပဲ... "

သူမတော်တော် အံ့သြသွားကာ ဝမ်းလဲ နည်းသွားသည်....ဒါပေမယ့် ကံကြမ္မာရဲ့ မျက်နှာသာပေးမှုအရ သစ္စာဆိုသော ထိုကလေးမကို ပြန်တွေ့ခဲ့ရသည်... ဒေါ်တင်မမသည် သစ္စာကို ချမ်းသာကြွယ်ဝသော သူမကို မပေးချင်သည့်အတွက် အမျိုးတစ်ယောက် လာခေါ်သွားသည်ဟု အကြောင်းပြကာ မိဘမဲ့ဂေဟာကို ပို့လိုက်ခြင်း ဖြစ်သည်... သူ့ထက်သာ မနာလိုဖြစ်သည့် စိတ်ဓာတ်ကြောင့် သူမ ဒေါသထွက်ခဲ့ရပေမယ့် သစ္စာလေးကို ပြန်တွေ့ရတော့ ဝမ်းသာခဲ့ရသည်...

ယခုမူ သစ္စာထင်လင်းဟု သူမအမည်ပြောင်းမှည့်ပေးထားသည့် ကလေးမလေးသည် သူမကတစ်ဖန် ပြန်လည်အားကိုးလို့ရသည့်အရွယ်သို့ပင် ရောက်ခဲ့လေပြီ...

🍂

တစ်နေကုန် အလုပ်လုပ်ပြီးလို့ ညောင်းချိနေသည်ဖြစ်၍ အိပ်ရာထဲ ဝင်လှဲမလို့ လုပ်လိုက်ပေမယ့် အရှေ့မှာ ကြားနေရတဲ့ နုနုတို့အဖွဲ့ရဲ့အသံကြောင့် ရွေရုပ် အခန်းထဲက ထွက်လာလိုက်သည်...

"ဟာ မမလေး...မအိပ်သေးဘူးလား..."

ရွေရုပ်မှာ ရုတ်တရပ် ပြန်မဖြေနိုင်ဘဲ မျက်စိရှေ့က ဂေါ်ဖီတွေ ခရမ်းချဥ်သီးတွေ ငရုတ်သီးစိမ်းတွေ ထည့်သုပ်ထားသည့် လက်ဖက်သုပ်ပန်းကန်ကို ကြည့်ကာ စားချင်လာသည်...ရေနွေးပူပူလေးနဲ့ အားလုံးက ဝိုင်းဖွဲ့ကာ ရုပ်ရှင်ကြည့်ရင်း စားဖို့ပြင်နေကြတာဖြစ်သည်...

"မအိပ်သေးပါဘူး ရွှေရုပ်က... "

ဂါဝန်အဖြူလေးကို ဒူးနားက သိမ်းကာ နုနုအနားမှာ ရွှေရုပ် ထိုင်ချလိုက်သည်...ပြီးမှ အားလုံးကို ပြုံးပြကာ...

"ရွှေရုပ်လဲ စားမယ်လေနော်... "

"ဟာ..."

အာမေဋိတ်သံက တစ်ဖွဲ့လုံးကနေ ထွက်လာတာဖြစ်သည်...အားလုံးက ခေါင်းတစ်ခါခါနဲ့ မျက်နှာတွေပျက်ကာ...

"မစားပါနဲ့ မမလေးရယ်နော်...တော်ကြာ အပေါ်က သိသွားရင်..."

"သိတော့ ဘာဖြစ်လဲ...ပြီးတော့ နုနုတို့နဲ့ရွှေရုပ်က ရွယ်တူလောက်ပဲကို...နာမည်ပဲခေါ်ပါ...အဲလိုခေါ်တာမကြိုက်ဘူး..."

"ဒါလဲ မဖြစ်ဘူးလေ မမလေးရယ်...ဒုက္ခပါပဲ... သခင်မလေးက ပေါက်ကရတွေ မစားစေနဲ့လို့ မှာထားတာ..."

"နည်းနည်းပဲ စားမှာပါ...နော်..."

"နည်းနည်းလဲ စားတာပဲလေ မမလေးရယ်...နုနုတို့ ဆူခံထိလိမ့်မယ်..."

"မသိစေရပါဘူးဆို.... ရွှေရုပ် ဘယ်သူ့ကိုမှ ပြောမပြဘူး..."

တစ်ယောက်မှ အသံမထွက်ဘဲ ငိုတော့မည့် မျက်နှာတွေနဲ့မို့ ရွှေရုပ် သနားသွားသည်...

"အင်းပါ...အဲတာဆိုလဲ မစားတော့ပါဘူး...ထမင်းလဲ စားမဝင်နေလို့ နည်းနည်းလောက် စားချင်လို့ကို... "

မျက်နှာငယ်လေးနဲ့ ပြောကာ ထရပ်လိုက်သည်...ကျောခိုင်းပြီး အခန်းထဲ ဝင်မည်အပြု တိတ်နေတဲ့အနောက်က ခေါ်သံထွက်လာတာမို့ ရွှေရုပ် ခိုးပြုံးမိသွားသည်....

"မမလေး..."

"ဘာလဲ..."

"အဲဒါဆိုလဲ စားပါ...ဒါပေမယ့် နည်းနည်းပဲ စားနော်..."

ဝမ်းသာအားရ ရယ်ကာ ရွှေရုပ်က ပြန်ထိုင်ချသည်...

"ဟီး...ချစ်ဖို့ကောင်းလိုက်တာ...စားမယ်နော် ဒါဆို..."

"ဟို နုနုတို့ တစ်ပန်းကန် သီးသန့်ထည့်ပေးမယ်နော်...."

"ဟာ မလုပ်နဲ့...ဒီမှာပဲ တူတူစားမှာ..."

အနေရမခက်အောင် ဟာသတွေပြောရင်း ရွှေရုပ် ပျော်နေမိသည်... တစ်ယောက်တည်းနေရတာများလို့လား မသိပါဘူး...ဒီလို နွေးနွေးထွေးထွေး စားရတာမျိုးကို ရွှေရုပ် သိပ်သဘောကျတာ... အဲမှန်းသိရင် စောစောကတည်းက ပြောင်းနေသားပဲ...

"မမလေးသာ ဒီမှာပျော်နေတာ...သခင်မလေးက အိမ်ကြီးပေါ်မှာ တစ်ယောက်တည်းဖြစ်နေမှာနော်..."

နုနုအပြောကြောင့် ရွှေရုပ်စားလက်စတွေ ရပ်တန့်သွားရသည်... အင်း...တစ်အိမ်လုံးမှာ တစ်ယောက်တည်း ရှိနေမှာ... ဟိုတစ်ခါလို ဖျားနေရင် ဘယ်လိုလုပ်မလဲ...အနည်းငယ်စိတ်နာနေသည့်တိုင် ရွှေရုပ် သူ့ကို စိတ်ပူနေမိသည်...

"ညနေကလဲ သခင်မလေးက ထမင်းလဲမစားဘူး... ဝိုင်တွေပဲ ထိုင်သောက်နေတာ... အစာမရှိဘဲနဲ့ နေမကောင်းတော့ ဖြစ်တော့မှာပဲ..."

ငိုင်နေသော မမလေးကို ခိုးကြည့်ကာ နုနု ပြုံးမိ သည်...စိတ်ပူနေသားနဲ့ ဒီမှာ လာနေနေသေးတယ်...

"ရွှေရုပ် အိပ်တော့မယ်နော် နုနု..."

"ဟုတ်ကဲ့ မမလေး..."

အခန်းထဲ ဝင်လာပြီးတော့မှ ပြတင်းပေါက်ကိုဘအသာလှပ်ကာ သူမနဲ့ဆို မျက်စောင်းထိုးလောက်ရှိမည့် မမသစ္စာအခန်းကို ရွှေရုပ် မော့ကြည့်မိသည်...

"ဟင်..."

အပေါ်အခန်းရဲ့ လိုက်ကာကြားကနေ အောက်ကို ငုံ့ကြည့်နေဟန်ရှိသည့် အရိပ်တစ်ခုကို မြင်တော့ ရွှေရုပ် ကမန်းကတန်း ပြတင်းပေါက်ကို ပြန်ပိတ်လိုက်မိသည်...သူ ရွှေရုပ်ကိုများ ကြည့်နေတာလား...

အိပ်ရာပေါ် လှဲချကာ မျက်ဝန်းတို့ကို ပိတ်ချလိုက်သည့်တိုင်အောင် အတွေးတို့က ဝေ့ဝဲနေသည်...

ရင်နာစရာတွေကို ထိထိမိမိပေးတတ်သော မမသည် တကယ်ကို မုန်းဖို့ကောင်းပါသည်...ဒါပေမယ့် ရွှေရုပ်ရင်ထဲတွင် ဝမ်းနည်းမှုအချို့ကိုသာ ခံစားရသည်... ချစ်ခြင်းမုန်းခြင်းတရားတွေသည်ရွှေရုပ်ရင်ထဲမှာမရှိပေ... သူ့အနားမှာနေ သူဖြစ်စေချင်သလို ရှိနေခြင်းဖြင့် အမုန်းတရားအချို့ကို ပြေလျော့စေချင်စိတ်သာ ရှိခဲ့သည်...

ယခုမူ နွယ်ဆိုသော အမျိုးသမီးကို သူပတ်သက်နေတာတွေ့ရတိုင်း ဖြစ်ပေါ်လာသော ခံစားမှုအချို့ကို ရွှေရုပ်ဝေခွဲမရပေ... ဝေခွဲချင်စိတ်လဲ ရှိမနေချေ...

ရှေ့ဆက်ရမည့်ခရီးလမ်းသည် ရွှေရုပ်အတွက် စမ်းတဝါးဝါးဖြစ်နေချေပြီ...

To be continued....

Zawgi

ထမင္းစားခန္းထဲ ဝင္လိုက္တာနဲ႕ ေ႐ြ႐ုပ္ကို မေတြ႕ရဘဲ ထမင္းစားပြဲေဘး က်ဳံ႕က်ဳံ႕ေလး ရပ္ေနေသာ ႏုႏုကိုပဲ ျမင္လိုက္ရတာေၾကာင့္ သစၥာ မ်က္ေမွာင္ၾကဳတ္သြားသည္... ဟန္မပ်က္ ဝင္ထိုင္လိုက္ေပမယ့္ ရင္ထဲမွာ ဗေလာင္ဆူေနသည္...

"ဘယ္မလဲ ဟိုတစ္ေယာက္..."

ေကာ္ဖီငွဲ႕ထည့္ေပးကာ ႏုႏုက မဝံ့မရဲ ေျပာလာသည္...

" မမေလးကေလ မနက္စာကို သူပဲ ျပင္သြားၿပီးေတာ့မွ ႏုႏုကို ဒီမွာေစာင့္ဖို႔ လႊတ္လိုက္တာ..."

သစၥာ ရင္ထဲမွာ ရႈပ္ေထြးသြားသည္... ဒီအျဖစ္ကို သူမ မေမွ်ာ္လင့္ထားေပ... ေ႐ႊ႐ုပ္သည္ ပထမဆုံးအႀကိမ္အျဖစ္ သစၥာကို ကန့္လန့္တိုက္ရန္ ႀကိဳးစားေလၿပီ...

"ၿပီးေတာ့ေလ... "

"ဘာလဲ ေျပာ..."

"မမေလးက အထုပ္ေတြ ယူခ်လာၿပီးေတာ့ ႏုႏုတို႔နဲ႕ အေနာက္က တန္းလ်ားမွာ လာေနမလို႔တဲ့..."

"ဘာ...."

အသံက်ယ္ႀကီးေၾကာင့္ ႏုႏုမွာ လန့္ၿပီး အေနာက္သို႔ပင္ ဆုတ္မိသည္... စိတ္ထဲမွာလဲ ဒီကိစၥကို သူမကိုသာ ေျပာခိုင္းသည့္ က်န္တဲ့ဟာေတြကို က်ိန္ဆဲေနမိသည္... ဒီမိုးမီးေလာင္မည့္ကိစၥကို မမေလး လုပ္ခ်လာတုန္းက အကုန္လုံး မ်က္လုံးျပဴးမ်က္ဆံျပဴးနဲ႕ ဝိုင္းတားၾကေသာ္လည္း ေျပာမရေပ...

"ဟိုေလ ႏုႏုတို႔ ဝိုင္းတားေပမယ့္ မရလို႔ပါ...ၿပီးေတာ့ အလုပ္ကိုလဲ တစ္ေယာက္တည္းပဲ သြားခ်င္တယ္ဆိုၿပီး ေျပာခိုင္းလိုက္ပါတယ္..."

တိတ္ဆိတ္သြားကာ သစၥာ အေရွ႕တည့္တည့္ကို စိုက္ၾကည့္ေနမိသည္... တစ္ေလွ်ာက္လုံး ခံစားခ်က္မရွိသလို ေနလာခဲ့တဲ့ ေ႐ြ႐ုပ္သည္ ယခုမူ အဆုံးထိ ေတာ္လွန္မည့္သေဘာရွိသည္... ရွိုက္သံေတြၾကားက သတ္ေသလိုက္မယ္ဆိုေသာ အသံကို ျပန္ၾကားေယာင္မိေသာအခါ ေသာက္ခ်လိဳက္ေသာ ေကာ္ဖီသည္ ပုံမွန္ထက္ ပိုခါးလာသည္...

"အဲတန္းလ်ားေထာင့္မွာ အခန္းတစ္ခု ရွိတယ္မလား... "

ေဒါသတႀကီး ေပါက္ကြဲေတာ့မည္ထင္ေပမယ့္ ထြက္လာတဲ့ ပုံမွန္ေလသံေၾကာင့္ ႏုႏု သက္ျပင္းကို ခိုးခ်လိဳက္သည္... မ်က္ႏွာကို အကဲခတ္ၾကည့္ေတာ့လဲ တည္ၿငိမ္ေနသည္...

"ဟုတ္ ရွိပါတယ္ သခင္မေလး...ႏုႏုတို႔လဲ အဲမွာမေနပါဘူး... အလြတ္ထားထားတာပါ..."

"အင္း...အဲမွာေပးေနထားလိုက္...ၿပီးေတာ့ ေနာက္ၿပီး ငါအလုပ္သြားၿပီးရင္ ကားျပန္လႊတ္လိုက္မယ္...သူ အဲေတာ့မွသြားပေစ...သူအလုပ္သြားတဲ့အခါမွ နင္တို႔က အခန္းကို အေပၚကလို ျပန္ျပင္ေပးလိုက္..."

"ဟုတ္ကဲ့ သခင္မေလး..."

"ၿပီးေတာ့ ေပါက္ကရေတြ ေလွ်ာက္မစားေစနဲ႕... သူဘာေတြလုပ္လဲ မ်က္ေျခမပ်က္ၾကည့္ထားၿပီး ထူးဆန္းတာရွိရင္ ငါ့ကို လာေျပာ... နင္တို႔ထဲက တစ္ေယာက္ေယာက္ သူ႕နားမွာ အၿမဲရွိပေစ..."

"ဟုတ္ကဲ့..."

ေျပာၿပီး ၿငိမ္သြားျပန္ေသာ သစၥာကို ၾကည့္ၿပီး ႏုႏုက ခိုးၿပဳံးသည္...ဒီေလာက္စိတ္ပူေနတာ မမေလး
ကို ခ်စ္လို႔ေပါ့.. အဲတာကို ဟိုတစ္ေယာက္ကလဲ မဟုတ္တာေတြပဲ ေတြးေနတယ္... ဒီႏွစ္ေယာက္ အဆင္ေျပသြားရင္ ေကာင္းမယ္လို႔ ႏုႏုအၿမဲေတြးေနတာ...မဟုတ္ရင္ ႏုႏုတို႔လဲ ဟိုမ်က္ႏွာၾကည့္ရ ဒီမ်က္ႏွာၾကည့္ရနဲ႕ စိတ္ညစ္ရတာကို...

သခင္မေလး အလုပ္သြားတာႏွင့္ ႏုႏုလဲ အေနာက္တန္းလ်ားဆီ ခပ္သုတ္သုတ္ ျပန္လာခဲ့သည္... မမေလးက တစ္ခုခုကို အၿပီးတိုင္ ဆုံးျဖတ္ထားတဲ့ မ်က္ႏွာထားနဲ႕ထိုင္ေနကာ ႏုႏုကို ေမွ်ာ္လင့္တႀကီး ၾကည့္ေနသည္...

"သခင္မေလးက သူအလုပ္သြားၿပီးမွ ကားလႊတ္လိုက္မယ္တဲ့ မမေလး..."

မျဖစ္ျဖစ္ေအာင္ ဇြတ္အတင္းေတာင္းဆိုမယ္ျပင္ထားေပးမယ့္ အလြယ္တကူ လိုက္ေလ်ာလာတဲ့အခါ ေ႐ႊ႐ုပ္ အနည္းငယ္ အံ့ၾသသြားသည္...

"ဒီမွာေနမယ့္ကိစၥေရာ ေျပာလိုက္တယ္မလား..."

"ဟုတ္ ေျပာလိုက္တယ္..."

"ဘာမွမေျပာဘူးလား..."

"အင္း...ဒီေဘးအခန္းမွာ ေပးေနလိုက္လို႔ေတာ့ ေျပာတယ္...မမေလး"

မ်က္ေမွာင္ၾကဳတ္ကာ ၿငိမ္သြားေသာေ႐ႊ႐ုပ္ကို ၾကည့္ကာ ႏုႏုက ခိုးၿပဳံးသည္... ေနၾကပါေစေလ... လူေတြဟာ ရွိေနတုန္း တစ္ေယာက္တန္ဖိုး တစ္ေယာက္မသိေပမယ့္ ေဝးသြားတဲ့အခါ သိလာၾကသတဲ့... မမေလးတို႔လဲ ေဝးေဝးေနရင္းမွ အဲလိုသိလာၾကပါေစလို႔ ႏုႏုေတာ့ ဆုေတာင္းမိပါသည္...

🍂

မိမိကို စူးစမ္းသလိုၾကည့္ေနသည့္ မ်က္လုံးေလးမ်ားသည္ ရင္းႏွီးခဲ့ဖူးေသာ တစ္စုံတစ္ေယာက္နဲ႕ တူလြန္းလွသည္မို႔ ေဒၚမိုးျမင့္အတန္ၾကာ စိုက္ၾကည့္မိရင္း ၿပဳံးမိသြားရသည္... ခင္ပြန္းျဖစ္သူ ဦးထင္လင္းက ဒီနိုင္ငံမွာပဲ ေခါင္းခ်ခ်င္တယ္ေျပာကာ သူမကို ထားသြားတာ တစ္လေက်ာ္ပါၿပီ... ထားစရာေနရာမရွိေအာင္ ခ်မ္းသာေသာ္လည္း ထိုႂကြယ္ဝမႈေတြက ခင္ပြန္းသည္ကို ဆြဲမထားနိုင္ခဲ့ပါ... ေနာင္တရစရာမရွိေအာင္ အတူတူျဖတ္သန္းခဲ့ၾကသည္မို႔ ဝမ္းနည္းစရာမရွိေသာ္လည္း အတူတူရွိခဲ့သည့္အမွတ္တရေတြကေတာ့ ဝမ္းနည္းဖို႔ေကာင္းလွသည္...ေဒၚမိုးျမင့္သည္ တစ္ေယာက္တည္း ေရွ႕ဆက္ျဖတ္သန္းသြားဖို႔ အားယူေနရသည္...

"ဒါက ျဖဴ႕မိတ္ေဆြပါ ေဒၚမိုးျမင့္တဲ့...နိုင္ငံျခားမွာပဲ အေနမ်ားတာေလ...မိုး ဒါက ေဒၚတင္မမတဲ့...ကိုယ္နဲ႕ ငယ္ငယ္ေလးတည္းက သူငယ္ခ်င္းေတြေလ..."

သူမက ျဖဴ႕ဆိုင္ကို သြားလည္ရင္း ျဖဴက အိမ္အလည္ေခၚတာမို႔ လိုက္လာတာျဖစ္သည္... ေ႐ႊဆိုင္ပိုင္ရွင္ျဖစ္သည့္ ျဖဴက သူ႕သူငယ္ခ်င္းဆီ ပစၥည္းဝင္ပို႔စရာရွိသည္ဆိုသည့္အတြက္ အတူတူဝင္လာျဖစ္သည္...အမွန္ေတာ့ မိသားစုဦးေရမ်ားသည့္ ျဖဴ႕အိမ္ဆီ ေရာက္လွ်င္ အထီးက်န္သည့္ ခံစားခ်က္မ်ား သက္သာမလားဆိုသည့္စိတ္နဲ႕ရယ္ပါ...

"ေတြ႕ရတာ ဝမ္းသာပါတယ္... ဒါနဲ႕ ကေလးေတြက ခ်စ္ဖို႔ေကာင္းလိုက္တာ..."

ခုထိ မ်က္လုံးမလႊဲနိုင္ျဖစ္ေနသည့္ အႀကီးျဖစ္ဟန္တူသည့္ ကေလးမကို ၾကည့္ရင္း ေျပာေတာ့ ေဒၚတင္မမက မ်က္ႏွာအနည္းငယ္ပ်က္သြားကာ....

"ကြၽန္မက တစ္ေယာက္တည္းပဲ ေမြးထားတာပါ...ေ႐ႊ႐ုပ္ေလး ေမေမ့ဆီ လာပါဦး..."

အငယ္ေလးက ေျပးလာကာ သူ႕ေမေမေပၚ ဝင္ထိုင္သည္... ညွိုးႏြမ္းတဲ့မ်က္ႏွာရိပ္နဲ႕ က်န္ေနခဲ့တဲ့ ကေလးမကို သူမ ဂ႐ုဏာသက္စြာ ေငးၾကည့္မိသည္...

"ဪ ဟိုကေလးမက..."

"သူ႕မိဘေတြမရွိေနလို႔ ေစာင့္ေရွာက္ထားတာပါ...ဒါေပမယ့္ တစ္ေန႕တစ္ေန႕ ေျပာရလြန္းလို႔ အသက္ပါ တိုခ်င္တယ္... မ်ိဳးရိုးကပဲ မေကာင္းလို႔လားမသိပါဘူး..."

မ်က္ႏွာတင္းခနဲျဖစ္သြားကာ အံႀကိတ္ထားသည့္ ကေလးမေလးကို သူမ ခိုးၾကည့္မိကာ ရင္ထဲ ၿပဳံးမိသည္...ဦးထင္လင္းေရ... ရွင့္ကိုယ္ပြားေလးလိုပါပဲလား...မ်က္လုံးေတြက စူးလက္ေနကာ ထက္ျမက္သည့္ပုံေပၚေနသည္... ခဏက ကေလးမေလးကို ေပြ႕ထားစဥ္မွာေတာ့ ႏြေးေထြးသည့္အရိပ္ေတြကို ေတြ႕ရသည္...

ထိုေန႕က ျပန္လာရင္းမွ ျဖဴ႕ကို ေမးရသည္...

"ျဖဴ...ခဏအိမ္က ကေလးမေလးအေၾကာင္း ကိုယ္သိခ်င္လို႔..."

"အႀကီးေလးလား..."

"အင္း ဟုတ္တယ္... "

"အဲကေလးက တင္မမအမ်ိဳးသားရဲ႕ သူငယ္ခ်င္းကေလးလို႔ေတာ့ ေျပာတယ္...သူငယ္ခ်င္းဆိုေတာ့ ဒရိုင္ဘာသေဘာမ်ိဳး အလုပ္ခန့္ထားေပးတာတဲ့...ေနာက္ေတာ့ သူ႕အေဖက ဘာကိစၥျဖစ္လို႔လဲေတာ့ မသိဘူး...ေထာင္က်သြားၿပီး ေထာင္ထဲမွာ ဆုံးသြားတာတဲ့... အဲဒါနဲ႕ အဲအိမ္မွာ က်န္ေနခဲ့တာ...တင္မမလဲ ေျပာရရင္ တာဝန္ယူခ်င္ပုံ မေပၚဘူး...ကေလးမေလးက သနားဖို႔ေကာင္းပါတယ္..."

အားလုံးဟာ အတိတ္ကိုယ္စီနဲ႕ မလွပတဲ့ ဘဝေတြ ရထားၾကတာပဲဟု ေဒၚမိုးျမင့္ ေတြးေတာမိသည္... သူမလဲ ခ်မ္းသာသည့္တိုင္ အထီးက်န္ျခင္းကို ခံစားေနရသလို ထိုကေလးမေလးကလဲ ပ်ိဳးေထာင္မယ့္သူ ရွိမေနဘဲ ေမတၱာငတ္မြတ္ေနရသည္... ဒါေပမယ့္ တစ္ေယာက္လိုအပ္တာကို တစ္ေယာက္က ျဖည့္ဆည္းေပးလိုက္ရင္ေရာ...ထိုသို႔ေတြးမိသည္ႏွင့္တစ္ၿပိဳင္နက္ သူမရင္ထဲ ေပ်ာ္႐ႊင္မႈကို စတင္ခံစားရသည္...

"ျဖဴ ကိုယ္ အဲကေလးမေလးကို ေမြးစားခ်င္တယ္..."

ျဖဴက အံ့ၾသသလို ၾကည့္ကာ ေမးလာသည္...

"ေသခ်ာရဲ႕လား မိုးရယ္... သူက ကေလးအ႐ြယ္လဲ မဟုတ္ဘူးေနာ္.... ၿပီးေတာ့ မ်ိဳးရိုးက..."

"မ်ိဳးရိုးက အေရးမႀကီးဘူး ကိုယ့္အတြက္ေတာ့...သူ႕ကို အေကာင္းဆုံး ပ်ိဳးေထာင္ေပးနိုင္မယ္လို႔ ရည္႐ြယ္ခ်က္ရွိတယ္... ၿပီးေတာ့ ကိုယ္က အသက္လဲ မငယ္ေတာ့ဘူး...ကေလးတစ္ေယာက္ကို ပိစိေလးကစ ေဝယ်ာဝစၥ လိုက္မလုပ္ေပးနိုင္ေတာ့ဘူး...ဒီအ႐ြယ္က အေတာ္ပဲ...ေနာက္ဆုံးအခ်က္နဲ႕ အေရးအႀကီးဆုံးကေလ အဲကေလးမ်က္လုံးေတြက ကိုထင္နဲ႕ တူလြန္းတယ္..."

သူမရဲ႕စကားအဆုံးမွာ ျဖဴက ဂ႐ုဏာသက္သလို ၾကည့္လာသည္...

"အင္းပါ.... အဲဒါဆို ကိုယ္ေနာက္ရက္ သူ႕ကို တီးေခါက္ၾကည့္မယ္...ေမြးစားဖို႔ ေပးခ်င္ရဲ႕လားလို႔..."

"ဟုတ္ၿပီ....ေက်းဇူးအထူးတင္ပါတယ္ ျဖဴရယ္... "

ျဖဴက ေနာက္သုံးရက္ေလာက္ေနေတာ့ သူမကို ဖုန္းဆက္လာပါသည္... ေဒၚတင္မမအေနနဲ႕ကေတာ့ လုံးဝကို ထိုကေလးမကို ေမြးထားခ်င္စိတ္မရွိပါ... မိုး လိုခ်င္ရင္ သြားေတာင္းယူလွည့္ပါတဲ့ေလ....သူမ ထိုကေလးမကို ေမြးစားဖို႔ သြားေတာင္းခဲ့ေပမယ့္ ဟိုေရာက္ေတာ့ ေဒၚတင္မမက ေျပာလာသည္...

"ကေလးမ မရွိေတာ့ဘူး ေဒၚမိုးျမင့္...မေန႕ကပဲ သူ႕အမ်ိဳးတစ္ေယာက္ လာေခၚသြားတာ...ကြၽန္မလဲ ျဖဴ႕ကို လွမ္းေျပာမလို႔ပါပဲ... "

သူမေတာ္ေတာ္ အံ့ၾသသြားကာ ဝမ္းလဲ နည္းသြားသည္....ဒါေပမယ့္ ကံၾကမၼာရဲ႕ မ်က္ႏွာသာေပးမႈအရ သစၥာဆိုေသာ ထိုကေလးမကို ျပန္ေတြ႕ခဲ့ရသည္... ေဒၚတင္မမသည္ သစၥာကို ခ်မ္းသာႂကြယ္ဝေသာ သူမကို မေပးခ်င္သည့္အတြက္ အမ်ိဳးတစ္ေယာက္ လာေခၚသြားသည္ဟု အေၾကာင္းျပကာ မိဘမဲ့ေဂဟာကို ပို႔လိုက္ျခင္း ျဖစ္သည္... သူ႕ထက္သာ မနာလိုျဖစ္သည့္ စိတ္ဓာတ္ေၾကာင့္ သူမ ေဒါသထြက္ခဲ့ရေပမယ့္ သစၥာေလးကို ျပန္ေတြ႕ရေတာ့ ဝမ္းသာခဲ့ရသည္...

ယခုမူ သစၥာထင္လင္းဟု သူမအမည္ေျပာင္းမွည့္ေပးထားသည့္ ကေလးမေလးသည္ သူမကတစ္ဖန္ ျပန္လည္အားကိုးလို႔ရသည့္အ႐ြယ္သို႔ပင္ ေရာက္ခဲ့ေလၿပီ...

🍂

တစ္ေနကုန္ အလုပ္လုပ္ၿပီးလို႔ ေညာင္းခ်ိေနသည္ျဖစ္၍ အိပ္ရာထဲ ဝင္လွဲမလို႔ လုပ္လိုက္ေပမယ့္ အေရွ႕မွာ ၾကားေနရတဲ့ ႏုႏုတို႔အဖြဲ႕ရဲ႕အသံေၾကာင့္ ေ႐ြ႐ုပ္ အခန္းထဲက ထြက္လာလိုက္သည္...

"ဟာ မမေလး...မအိပ္ေသးဘူးလား..."

ေ႐ြ႐ုပ္မွာ ႐ုတ္တရပ္ ျပန္မေျဖနိုင္ဘဲ မ်က္စိေရွ႕က ေဂၚဖီေတြ ခရမ္းခ်ဥ္သီးေတြ င႐ုတ္သီးစိမ္းေတြ ထည့္သုပ္ထားသည့္ လက္ဖက္သုပ္ပန္းကန္ကို ၾကည့္ကာ စားခ်င္လာသည္...ေရႏြေးပူပူေလးနဲ႕ အားလုံးက ဝိုင္းဖြဲ႕ကာ ႐ုပ္ရွင္ၾကည့္ရင္း စားဖို႔ျပင္ေနၾကတာျဖစ္သည္...

"မအိပ္ေသးပါဘူး ေ႐ႊ႐ုပ္က... "

ဂါဝန္အျဖဴေလးကို ဒူးနားက သိမ္းကာ ႏုႏုအနားမွာ ေ႐ႊ႐ုပ္ ထိုင္ခ်လိဳက္သည္...ၿပီးမွ အားလုံးကို ၿပဳံးျပကာ...

"ေ႐ႊ႐ုပ္လဲ စားမယ္ေလေနာ္... "

"ဟာ..."

အာေမဋိတ္သံက တစ္ဖြဲ႕လုံးကေန ထြက္လာတာျဖစ္သည္...အားလုံးက ေခါင္းတစ္ခါခါနဲ႕ မ်က္ႏွာေတြပ်က္ကာ...

"မစားပါနဲ႕ မမေလးရယ္ေနာ္...ေတာ္ၾကာ အေပၚက သိသြားရင္..."

"သိေတာ့ ဘာျဖစ္လဲ...ၿပီးေတာ့ ႏုႏုတို႔နဲ႕ေ႐ႊ႐ုပ္က ႐ြယ္တူေလာက္ပဲကို...နာမည္ပဲေခၚပါ...အဲလိုေခၚတာမႀကိဳက္ဘူး..."

"ဒါလဲ မျဖစ္ဘူးေလ မမေလးရယ္...ဒုကၡပါပဲ... သခင္မေလးက ေပါက္ကရေတြ မစားေစနဲ႕လို႔ မွာထားတာ..."

"နည္းနည္းပဲ စားမွာပါ...ေနာ္..."

"နည္းနည္းလဲ စားတာပဲေလ မမေလးရယ္...ႏုႏုတို႔ ဆူခံထိလိမ့္မယ္..."

"မသိေစရပါဘူးဆို.... ေ႐ႊ႐ုပ္ ဘယ္သူ႕ကိုမွ ေျပာမျပဘူး..."

တစ္ေယာက္မွ အသံမထြက္ဘဲ ငိုေတာ့မည့္ မ်က္ႏွာေတြနဲ႕မို႔ ေ႐ႊ႐ုပ္ သနားသြားသည္...

"အင္းပါ...အဲတာဆိုလဲ မစားေတာ့ပါဘူး...ထမင္းလဲ စားမဝင္ေနလို႔ နည္းနည္းေလာက္ စားခ်င္လို႔ကို... "

မ်က္ႏွာငယ္ေလးနဲ႕ ေျပာကာ ထရပ္လိုက္သည္...ေက်ာခိုင္းၿပီး အခန္းထဲ ဝင္မည္အျပဳ တိတ္ေနတဲ့အေနာက္က ေခၚသံထြက္လာတာမို႔ ေ႐ႊ႐ုပ္ ခိုးၿပဳံးမိသြားသည္....

"မမေလး..."

"ဘာလဲ..."

"အဲဒါဆိုလဲ စားပါ...ဒါေပမယ့္ နည္းနည္းပဲ စားေနာ္..."

ဝမ္းသာအားရ ရယ္ကာ ေ႐ႊ႐ုပ္က ျပန္ထိုင္ခ်သည္...

"ဟီး...ခ်စ္ဖို႔ေကာင္းလိုက္တာ...စားမယ္ေနာ္ ဒါဆို..."

"ဟို ႏုႏုတို႔ တစ္ပန္းကန္ သီးသန့္ထည့္ေပးမယ္ေနာ္...."

"ဟာ မလုပ္နဲ႕...ဒီမွာပဲ တူတူစားမွာ..."

အေနရမခက္ေအာင္ ဟာသေတြေျပာရင္း ေ႐ႊ႐ုပ္ ေပ်ာ္ေနမိသည္... တစ္ေယာက္တည္းေနရတာမ်ားလို႔လား မသိပါဘူး...ဒီလို ႏြေးႏြေးေထြးေထြး စားရတာမ်ိဳးကို ေ႐ႊ႐ုပ္ သိပ္သေဘာက်တာ... အဲမွန္းသိရင္ ေစာေစာကတည္းက ေျပာင္းေနသားပဲ...

"မမေလးသာ ဒီမွာေပ်ာ္ေနတာ...သခင္မေလးက အိမ္ႀကီးေပၚမွာ တစ္ေယာက္တည္းျဖစ္ေနမွာေနာ္..."

ႏုႏုအေျပာေၾကာင့္ ေ႐ႊ႐ုပ္စားလက္စေတြ ရပ္တန့္သြားရသည္... အင္း...တစ္အိမ္လုံးမွာ တစ္ေယာက္တည္း ရွိေနမွာ... ဟိုတစ္ခါလို ဖ်ားေနရင္ ဘယ္လိုလုပ္မလဲ...အနည္းငယ္စိတ္နာေနသည့္တိုင္ ေ႐ႊ႐ုပ္ သူ႕ကို စိတ္ပူေနမိသည္...

"ညေနကလဲ သခင္မေလးက ထမင္းလဲမစားဘူး... ဝိုင္ေတြပဲ ထိုင္ေသာက္ေနတာ... အစာမရွိဘဲနဲ႕ ေနမေကာင္းေတာ့ ျဖစ္ေတာ့မွာပဲ..."

ငိုင္ေနေသာ မမေလးကို ခိုးၾကည့္ကာ ႏုႏု ၿပဳံးမိ သည္...စိတ္ပူေနသားနဲ႕ ဒီမွာ လာေနေနေသးတယ္...

"ေ႐ႊ႐ုပ္ အိပ္ေတာ့မယ္ေနာ္ ႏုႏု..."

"ဟုတ္ကဲ့ မမေလး..."

အခန္းထဲ ဝင္လာၿပီးေတာ့မွ ျပတင္းေပါက္ကိုဘအသာလွပ္ကာ သူမနဲ႕ဆို မ်က္ေစာင္းထိုးေလာက္ရွိမည့္ မမသစၥာအခန္းကို ေ႐ႊ႐ုပ္ ေမာ့ၾကည့္မိသည္...

"ဟင္..."

အေပၚအခန္းရဲ႕ လိုက္ကာၾကားကေန ေအာက္ကို ငုံ႕ၾကည့္ေနဟန္ရွိသည့္ အရိပ္တစ္ခုကို ျမင္ေတာ့ ေ႐ႊ႐ုပ္ ကမန္းကတန္း ျပတင္းေပါက္ကို ျပန္ပိတ္လိုက္မိသည္...သူ ေ႐ႊ႐ုပ္ကိုမ်ား ၾကည့္ေနတာလား...

အိပ္ရာေပၚ လွဲခ်ကာ မ်က္ဝန္းတို႔ကို ပိတ္ခ်လိဳက္သည့္တိုင္ေအာင္ အေတြးတို႔က ေဝ့ဝဲေနသည္...

ရင္နာစရာေတြကို ထိထိမိမိေပးတတ္ေသာ မမသည္ တကယ္ကို မုန္းဖို႔ေကာင္းပါသည္...ဒါေပမယ့္ ေ႐ႊ႐ုပ္ရင္ထဲတြင္ ဝမ္းနည္းမႈအခ်ိဳ႕ကိုသာ ခံစားရသည္... ခ်စ္ျခင္းမုန္းျခင္းတရားေတြသည္ေ႐ႊ႐ုပ္ရင္ထဲမွာမရွိေပ... သူ႕အနားမွာေန သူျဖစ္ေစခ်င္သလို ရွိေနျခင္းျဖင့္ အမုန္းတရားအခ်ိဳ႕ကို ေျပေလ်ာ့ေစခ်င္စိတ္သာ ရွိခဲ့သည္...

ယခုမူ ႏြယ္ဆိုေသာ အမ်ိဳးသမီးကို သူပတ္သက္ေနတာေတြ႕ရတိုင္း ျဖစ္ေပၚလာေသာ ခံစားမႈအခ်ိဳ႕ကို ေ႐ႊ႐ုပ္ေဝခြဲမရေပ... ေဝခြဲခ်င္စိတ္လဲ ရွိမေနေခ်...

ေရွ႕ဆက္ရမည့္ခရီးလမ္းသည္ ေ႐ႊ႐ုပ္အတြက္ စမ္းတဝါးဝါးျဖစ္ေနေခ်ၿပီ...

To be continued....

Ipagpatuloy ang Pagbabasa

Magugustuhan mo rin

396K 7.4K 22
George and Dream once enemies from the starting of 1st grade all the way till there senior year in high school. Until they are parried up for a at h...
29.4K 376 21
(Y/N) continues his new life as a villain with Toga as he helps the League accomplish their goal while also encountering new foes along the way.
308K 12.6K 21
မင္​း တို႔ကိုသ​ေဘာက်လို႔ရတယ္​ ဒါ​ေပမယ္​့ မခ်စ္​မိ​ေစနဲ႔။ မင်​း တို့ကိုသ​ဘောကျလို့ရတယ်​ ဒါ​ပေမယ်​့ မချစ်​မိ​စေနဲ့။