Unicode
မျက်လုံးဖွင့်လိုက်တာနဲ့ ခါတိုင်းနဲ့မတူ ခေါင်းက ကြည်လင်နေသည်...ရေချိုးအဝတ်စားလဲပြီး သူမ ခပ်သုတ်သုတ်ဆင်းလာလိုက်သည်...ဒီနေ့ companyမှာ နိုင်ငံခြားသားတွေနဲ့ တွေ့စရာရှိတယ်...
အောက်ထပ်ရောက်တော့ မနက်စာပြင်ထားပြီးသားကို တွေ့ရသည်...ရွှေရုပ်ကတော့ ဘေးမှာ မတ်တပ်ရပ်နေတယ်... အိမ်မှာဆို အမြဲတမ်း ဖြူလွလွ ဂါဝန်လေးတွေနဲ့သာ တွေ့ရများနေတော့ ရုံးလိုက်ရမှာမို့ ဝတ်ထားတဲ့ အပြာဖျော့ဖျော့ မြန်မာဝတ်စုံလေးက အမြင်ဆန်းနေတယ်...
"ထိုင်..."
သူမကို ကော်ဖီငှဲ့ပေးလိုက်ပြီးမှ ရွှေရုပ် စိတ်ညစ်ညစ်နဲ့ ဝင်ထိုင်လိုက်တယ်...ဒါတွေ မစားချင်ဘူး...ဒေါ်ကြီးမိုးနဲ့ နေတုန်းကဆို မနက်ဖက် မုန့်ဟင်းခါးတို့ ထမင်းကြော်တို့ တစ်မျိုးမျိုးလုပ်ပေးလေ့ ရှိသည်...ဒီလို ဘိုစာတွေ တကယ်မစားချင်ပေမယ့် ဆူမှာစိုးလို့ ပေါင်မုန့်တစ်ချပ်နဲ့ ကော်ဖီကိုပဲ ခပ်မြန်မြန် သောက်ချလိုက်တယ်...
ဒေါ်ကြီးကို သတိရလိုက်တာ...မမက တကယ်ရက်စက်ပါသည်... ဒီကိုပြောင်းခိုင်းလာပြီး ဒေါ်ကြီးကိုတော့ ဘယ်ကိုပို့လိုက်တယ်မသိပါ...ရွှေရုပ် သံယောဇဉ် ရှိတဲ့လူမို့လို့ သပ်သပ်ခွဲလိုက်တာ နေမှာ...
မနက်စာဝိုင်းက တိတ်ဆိတ်နေတယ်...စားပြီးလို့ ပန်းကန်တွေ ကောက်သိမ်းမည်ပြင်တော့ သူမက...
"ထားလိုက်... ကောင်မလေးတွေ သိမ်းပစေ...အချိန်မရှိတော့ဘူး... "
ခပ်သုတ်သုတ် ထွက်သွားတဲ့နောက်ကို လိုက်ရပြန်တယ်...
ကားပေါ်တက်တော့ သူကလဲ အနောက်မှာပဲ ထိုင်တယ်... ဘေးတံခါးဘက်ကို တိုးထိုင်ပြီး သူ့ကို ခိုးကြည့်မိတယ်...ရွှေရုပ်က အအေးဒဏ်ကို တကယ်မခံနိုင်ဘူး...သူကတော့ ကျင့်သားရနေသည့်အလား သက်တောင့်သက်သာပင် ထိုင်လာသည်...
Company ရောက်တော့လဲ ခပ်သွက်သွက်ခြေလှမ်းတွေနောက်ကို အမှီလိုက်ရပြန်တယ်...
အထဲရောက်တော့ မဝါနဲ့ တွေ့ရတယ်..."ဒီတစ်ယောက်ကို လုပ်ငန်းသဘောတွေ ပြထားလိုက်...နေရာကိုတော့ အရှေ့နားမှာပဲ ပြင်ထားပေးလိုက်တော့..."
YOU ARE READING
ရွှေရုပ်
Romanceရင်ဘတ်ထဲ ပစ်ဝင်လာသော ဒဏ်ရာဒဏ်ချက်တွေသည် မျှော်လင့်ထားတာထက် ပိုဆိုးနေခဲ့သည်ကို သိလိုက်ချိန်တွင် နောက်ဆုတ်၍ မရနိုင်တော့ချေ... ရင္ဘတ္ထဲ ပစ်ဝင်လာသော ဒဏ်ရာဒဏ်ချက်တွေသည် မျှော်လင့်ထားတာထက်ကို ပိုဆိုးနေခဲ့သည်ကို သိလိုက်ချိန်တွင် နောက်ဆုတ်၍ မရနိုင်တော့ချေ...