အပိုင်း ၅

8.7K 630 10
                                    

Unicode

"မမရေ...မီးမီးပြန်ရောက်ပြီ..."

အသံစူးစူးလေးနဲ့အော်လာပြီး ရွှေရုပ်လေးက ပြန်လာရင် ရှာနေကျအတိုင်း မမကို လိုက်ရှာသည်...ဘယ်မှာမှ ရှာမတွေ့ဘဲ နောက်ဆုံးမှာမှ ရေချိုးခန်းထဲမှာ သွားတွေ့သည်...

"မမ...မီးမီးနဲ့ ဆော့ရအောင်လေ...မီးမီးက မမကို လွမ်းနေတာ..."

တစ်နေ့လုံး ကျောင်းမှာ သူငယ်ချင်းတွေ အများကြီးနဲ့ ဆော့နေရပေမယ့် ရွှေရုပ် မပျော်ပါ...ထို့ထက် မမက သူ့ကို ပေါင်ပေါ်ပွေ့တင်ပြီး ကြားဖူးနားဝ ပုံပြင်လေးတွေ ပြောပြနေတာကို ပိုသဘောကျသည်...

"မမလို့..."

"ငါမအားသေးဘူး..."

အဝတ်တွေ လျှော်နေရင်း ပြောလာတဲ့ အေးစက်စက် အသံကြောင့် ရွှေရုပ်တိတ်သွားသည်...ကလေးမို့လို့ အခြေအနေကိုလဲ သဘောမပေါက်ပါ...

"မီးမီးကို အော်တယ်..."

ငိုမဲ့မဲ့အသံလေးကြောင့် သူ့လုပ်လက်စအလုပ်တွေ ရပ်တန့်သွားသည်...လှည့်ကြည့်လိုက်တော့ မျက်လုံးဝိုင်းဝိုင်းလေးတွေမှာ မျက်ရည်စတွေနဲ့...

"နောက်မှ ဆော့မယ်...မမ မအားသေးဘူး..."

အတတ်နိုင်ဆုံး အသံကို ထိန်းပြီးပြောလိုက်ပေမယ့် ရွှေရုပ်ကတော့ ငိုမဲ့မဲ့နဲ့သာ ကြည့်နေသည်...

"ရွှေရုပ်လေးရေ...ဘယ်မှာလဲ သမီးလေး..."

ထွက်လာတဲ့အသံကြောင့် သူမ အံကြိတ်လိုက်မိသည်...

"နင့်အမေ ခေါ်နေပြီ သွားတော့..."

တစ်ခါမှ မရခဲ့ဖူးတဲ့ အေးစက်မှုတွေကြောင့် ရွှေရုပ်မှာ ထိုညက အပူကြီးကာ ဖျားခဲ့ရပါသေးသည်...

🍂

ထနေကျဖြစ်နေပြီမို့ မိုးမလင်းခင် နိုးလာသော်လဲ ရုတ်တရက်မထနိုင်ဘဲ ရွှေရုပ် မှိန်းနေမိသေးသည်... တစ်ကိုယ်လုံး နုံးကာ ကိုယ်လက်တွေက ကိုက်ခဲနေသည်...နဖူးကို စမ်းကြည့်လိုက်တော့လဲ အနည်းငယ် နွေးနေသလိုပင်...

ရွှေရုပ်Onde histórias criam vida. Descubra agora