ချန်းဆန်းနောက်ကို လိုက်ရင်းနဲ့ ကားတွေရပ်ထားတဲ့ ဂိုဒေါင်နားကိုရောက်လာကြတယ်။ချန်းဆန်းက ဒေါသတကြီးနဲ့ ကားပေါ်ကနေ ဆင်းလာပြီး မုန့်ရန်ဆီကို တည့်တည့်လျှောက်လာတယ်။
ရှောင်ခယ်နဲ့ အတူပါလာတဲ့ သက်တော်စောင့်တွေက ကားပေါ်ကဆင်းလာပြီး မုန့်ရန်ရှေ့မှာ ဝင်ကာပေးနေတယ်။
"မင်းတို့နှစ်ယောက်ပေါင်းပြီး ငါ့ကို လာကစားနေတာလား??!!!ပထမအခေါက်တုန်းက မင်းငါ့ကိုနိူင်သွားတယ်။အခုတစ်ခေါက်က ဘယ်သူလဲ??"
ချန်းဆန်း ဒေါသတကြီးနဲ့ အော်ဟစ်နေတယ်။
"ဘာတွေလာပြောနေတာလဲ??ငါမင်းကို နိူင်သွားပြီလို့ တစ်ခါမှ မပြောဖူးဘူး။ငါ့အဖွဲ့က နိူင်သွားပြီလို့ပဲပြောခဲ့တာ...မုန့်ရန်က ငါ့တို့အဖွဲ့ဝင်ဖြစ်နေတာ ကြာလှပြီ..အဲ့တော့ ငါတို့အဖွဲ့ဝင်တစ်ယောက်အဖြစ်နဲ့ မင်းကိုနိူင်သွားတာလေ...မဖြစ်နိူင်စရာဘာရှိလို့လဲ??"
ရှောင်ခယ်ကလဲ မှင်သေသေနဲ့ ပြန်ပက်လိုက်တယ်။
"မင်းဒေါသထွက်နေရတဲ့ အကြောင်းအရင်းကဘာလဲ??ရှောင်ခယ့်ကို ရှုံးတာထက်၊ငါ့ကိုရှုံးတာက မင်းအတွက် ပိုပြီး အရှက်ကွဲစရာဖြစ်နေတာကြောင့်လား??ဒါမှမဟုတ် ရှောင်ခယ်က လူစားထိုးပြီး မင်းကို အနိုင်ယူလိုက်လို့လား??ဒါမှမဟုတ်သေးရင် ငါ့ကိုရှုံးလိုက်ရလို့ဒေါသထွက်နေတဲ့ အပြင် ငါ့ဘက်မှာ သူတို့တွေရှိနေလို့လား??"
မုန့်ရန်ပြောသမျှတွေ အကုန်မှန်နေတာကြောင့် လက်သီးကို ကျစ်နေအောင် ဆုပ်ထားတဲ့ ချန်းဆန်းရဲ့ မျက်နှာက ဒေါသကြောင့် နီမြန်းနေတယ်။
"မတရားဘူးထင်ရင်လဲ လူသိရှင်ကြားသာ ကြေငြာလိုက်တော့..ငါတို့ကတော့ ဂရုစိုက်နေမှာမဟုတ်ဘူး။ငါရော မုန့်ရန်ရောကနောက်ထပ် ဘယ်တော့မှ ကားပြိုင်မောင်းတော့မှာမဟုတ်ဘူး။မင်း ငါ့ကိုရှုံးသွားတယ်လို့ပဲ အကုန်လုံးက သိထားကြတာ။မင်း မုန့်ရန်ကိုရှုံးသွားတယ်ဆိုတာ လူတွေကို အသိပေးချင်တယ်ဆိုလဲ မင်းသဘောပဲ..."
မုန့်ရန်တို့နောက်ဖက်က သံမဏိတံခါးကြီး ရုတ်တရက်ပွင့်လာတယ်။ဒါ့ကြောင့် မုန့်ရန်ရော ရှောင််ခယ်ပါလှည့်ကြည့်လိုက်ကြတယ်။
လော်ရှို့ကို မြင်လိုက်ရတဲ့ အခါ ဘယ်လိုလုပ်ဒီကိုရောက်နေတာလဲဆိုတဲ့ မေးခွန်းတွေနဲ့ အတူ မုန့်ရန်အတော်ကို Shock ရသွားခဲ့တယ်။
ရှောင်ခယ်လဲ တစ်ကိုယ်လုံးတောင့်တင်းနေပြီ။မုန့်ရန်ကို ကြည့်လိုက်ပြန်တော့လဲ တောင့်တင်းပြီး ဘာကိုမှ မတုံ့ပြန်နိုင်လေတော့ စာနာသနားစိတ်လေးတောင် ဝင်မိနေပြီ...
လော်ရှို့က စကားတစ်ခွန်းမှမပြောဘဲ မုန့်ရန်ကို ဒီအတိုင်းရပ်ကြည့်နေတယ်။
ကိုယ့်အပြစ်ကိုယ်သိတဲ့ မုန့်ရန်က ခေါင်းငိုက်စိုက်ချပြီး အပြစ်လုပ်ထားတဲ့ ကလေးတစ်ယောက်ကမိဘကို ကြောက်ရွံ့နေသလို လော်ရှို့ရှေ့ကို သွားပြီးတိုးတိုးလေးပြောလိုက်တယ်။
"အန်ကယ်လော် ဘယ်တုန်းကတည်းကရောက်နေတာလဲဟင်??"
ချန်းဆန်းနဲ့သူနဲ့ ကားပြိုင်မောင်းတာကို လော်ရှို့ အစအဆုံးမြင်ပြီးနေပြီဆိုတာ မုန့်ရန် သိတယ်။မဟုတ်ရင် အခုလို တိုက်ရိုက်ကြီး လူလုံးထွက်ပြမှာမဟုတ်ဘူး။
"မင်းဒီကို မရောက်ခင်ကတည်းက ရောက်နေတာ"
လော်ရှို့ရဲ့ အသံနေအသံထားနဲ့ အမူအရာတွေက တည်ငြိမ်နေပါသော်လည်း လော်ရှို့ရဲ့ ဒေါသကို မုန့်ရန်ခံစားမိနေတယ်။
"ထမင်းအရင်သွားစားကြမယ်လေ...စားရင်းသောက်ရင်းနဲ့မှ ဆက်ပြောကြတာပေါ့.."
လီယန် အရူးကွက်နင်းပြီး ထမင်းစားဖို့ လော်ဆော်လိုက်တယ်။စားရင်းသောက်ရင်းနဲ့ လော်ရှို့ကို ဖြောင်းဖြနိုင်ဖို့ မျှော်လင့်ချက်လေးနဲ့ပေါ့...
"မင်းဘာသာသွားစား...ငါအရင်ပြန်နှင့်မယ်"
လော်ရှို့က လီယန်ကိုပြောလိုက်တယ်။
မုန့်ရန် လော်ရှို့နားကို ပြေးကပ်လိုက်ပြီး လော်ရှို့ရဲ့လက်ကို ကိုင်လိုက်တယ်။
"ငါနောက်တော့မှ မင်းတို့နဲ့တွေ့ဖို့ ထပ်ချိန်းလိုက်မယ်"
လော်ရှို့က မုန့်ရန်ရှေ့ကနေ ဉီးဆောင်ပြီး ထွက်ခွာသွားခဲ့တယ်။
လီယန်တို့တစ်သိုက် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး အူလည်လည်နဲ့ ကျန်ခဲ့ကြတယ်။သူတို့တွေ မုန့်ရန်ကို သနားနေကြပြီ။သူတို့တွေ လော်ရှို့ ဒေါသထွက်တာကို မမြင်ဖူးပေမယ့် အခုချိန်မှာ လော်ရှို့ ဒေါသမထွက်ရင်တောင် စိတ်မကောင်းတော့ဖြစ်နေပြီဆိုတာ သူတို့သိနေတယ်။အင်းလေ...ကိုယ့်မိန်းမတစ်ယောက်လုံး အန္တာရာယ်များတဲ့ ပြိုင်ပွဲတစ်ခု ဝင်ပြိုင်နေတာကို မျက်လုံးနှစ်လုံးနဲ့ ကွက်ကွက်ကွင်းကွင်းမြင်လိုက်ရတာကို ပျော်နိူင်တဲ့သူ ရှိပါ့မလား??
ရှောင်ခယ်လဲ ကားမောင်းပြီး မြန်မြန်ပြေးပြီ...လော်ရှို့ရဲ့ အကြည့်တစ်ချက်နဲ့တင် သူတကယ် ကြောက်လန့်နေပြီ...
ရှောင်ခယ်ရော မုန့်ရန်ပါ ပြန်သွားမှတော့ ဒေါသဖြေစရာမရှိတော့တဲ့ အတွက် ချန်းဆန်းလဲ အိမ်ပြန်ရတော့တာပေါ့...
"မရီးလို နုနုဖတ်ဖတ်လေးက တခြားသူနဲ့ ကားပြိုင်တော့လဲ ကြမ်းရမ်းလိုက်တာကွာ..အန္တာရာယ်များတဲ့ နည်းလမ်းတွေတောင် သုံးရဲသေးတယ်။ကောင်းကောင်းသာမထိန်းချုပ်လိုက်နိူင်ရင် တိုက်မိကုန်မှာ..."
"လော်ရှို့တောင် မသိတဲ့ဟာ..ငါတို့က ဘယ်လိုလုပ်သိမှာလဲ??"
"ဒီလို Skill မျိုးဆိုတာ တစ်ရက်၊နှစ်ရက်လေ့ကျင့်ရုံနဲ့ ရတာမဟုတ်ဘူးကွ။မရီးက လော်ရှို့ကို ကောင်းကောင်းဖုံးကွယ်ထားခဲ့တာပဲ။တော်ပါပေတယ် မရီးရယ်.."
"မင်းပြောနေလို့လဲ မထူးဘူး။သူတို့ လင်မယားကြားမှာ အနည်းနဲ့အများ ပြသနာတော့ဖြစ်တော့မှာပဲ။ဒါကို မင်းက သက်ပြင်းတချချနဲ့ ခွဲခြမ်းစိတ်ဖြာနိူင်သေးတယ်နော်"
လီယန် ခေါင်းတခါခါနဲ့ ဝင်ပြောလိုက်တယ်။
ကားပေါ်ရောက်တဲ့ အခါ မုန့်ရန် ပထမဆုံးအကြိမ်အဖြစ် လော်ရှို့နဲ့ ဝေးရာမှာ ထိုင်နေခဲ့တယ်။ခဏလောက်တုံ့ဆိုင်းနေပြီးနောက်မှာ လော်ရှို့နားကို ကပ်သွားလိုက်ပြီး လက်မောင်းတွေကို ဖက်တွယ်ထားလိုက်တယ်။
"ကျွန်တော့်ကို စိတ်ဆိုးနေတာလားဟင်??"
" ကိုယ် စိတ်ဆိုးသင့်လား၊မဆိုးသင့်ဘူးလား??"
လော်ရှို့က မုန့်ရန်ကို ရွေးချယ်ခိုင်းလိုက်တယ်။
ခဏလောက်စဉ်းစားကြည့်တာတောင် ဘာဖြေရမှန်းမသိတာကြောင့် စကားလမ်းကြောင်းလွှဲတဲ့အနေနဲ့..
"ခင်ဗျားဘယ်လို ဖြစ်လို့ အဲ့ကိုရောက်နေတာလဲ?"
"ချင်းဖန်က ကား Showrommဖွင့်ထားတာ။
နိုင်ငံခြားကနေ အသစ်ရောက်တာတဲ့ ကားကို ပိုပြီး စိတ်ချရအောင် modify လုပ်ထားကို စစ်ဆေးပြီးပြီလို့ပြောတယ်။မင်းကို ကားမလဲပေးရသေးတာ ကြာနေပြီဆိုတော့ လီယန်တို့ ချင်းဖန်တို့နဲ့ အတူ ကားလာရွေးတာ"
လော်ရှို့က ခပ်အေးအေး ရှင်းပြလိုက်တယ်။
"ဟုတ်လား...ဒါဆို ရွေးဖြစ်ခဲ့လား??"
မုန့်ရန် ကားအသစ်မလဲ ဖြစ်တာ နှစ်ဝက်လောက်ရှိနေပြီ။လော်ရှို့ ဘယ်လိုတွေတောင် ဉာဏ်ကောင်းနေရတာလဲ??
"အရမ်း စိတ်ဝင်စားစရာကောင်းတဲ့ ပြိုင်ပွဲကို ကြည့်နေရလို့ ရွေးဖို့အချိန်နရလိုက်ဘူး"
ဘာမှပြောစရာမရှိတော့တဲ့ အတွက် လော်ရှို့ရဲ့ လက်မောင်းကို ခပ်တင်းတင်းဖက်တွယ်ထားလိုက်တယ်။လော်ရှို့ သူ့ကိုစိတ်ဆိုးနေမှန်းသိပေမယ့် အခုလို ဖက်တွယ်ထားလိုက်ရင် နည်းနည်းတော့ စိတ်သက်သာရာရတယ်လေ...
နှစ်ယောက်သား တစ်လမ်းလုံး စကားမပြောဘဲ တိတ်ဆိတ်နေခဲ့ကြတယ်။အိမ်ပြန်ရောက်တာနဲ့ ကားပေါ်ကဆင်းဆင်းချင်း မုန့်ရန်က အနောက်ကနေ တစ်ယောက်ယောက် လိုက်ဖမ်းနေသလို အိပ်ခန်းရှိရာကို အသည်းအသန်ပြေးတာ ချော်လဲမလိုတောင်ဖြစ်သွားသေးတယ်။
မုန့်ရန်က နာနီတွေကို ကလေး ခေါ်လာခိုင်းလိုက်တယ်။လော်ရှို့ သူ့ကို မေးခွန်းတွေမေးတော့မယ်ဆိုတာ သူသိတယ်။ဒါ့ကြောင့် သတ္တိတွေရှိလာအောင် သားလေးကို ချီထားမှ ဖြစ်မယ်။ကလေးက မုန့်ရန်လက်ထဲရောက်တာနဲ့ သွားဖုံးလေးတွေပေါ်အောင်ပြုံးပြီး မုန့်ရန်ရဲ့ မျက်နှာကို လက်ဖောင်းဖောင်းလေးတွေနဲ့ ရိုက်လိုက်တယ်။
လော်ရှို့က မုန့်ရန်ဘေးကို သွားလိုက်ပြီး သားတော်မောင်ရဲ့ လက်ဝတုတ်လေးကို ခပ်ဆပ်ဆပ်လေးရိုက်လိုက်တယ်။ဖြူဖွေးဝတုတ်နေတဲ့ လက်ကလေးကချက်ချင်းနီရဲသွားတယ်။တကယ်နာသွားတဲ့ အတွက် လော်ကျွင်းရယ်က လော်ရှို့ကို မကျေနပ်ဖြစ်နေတဲ့ အကြည့်တွေနဲ့ ကြည့်နေတယ်။
မုန့်ရန်က သားဖြစ်သူရဲ့ လက်လေးတွေကို ခပ်ဖွဖွနမ်းပေးလိုက်တယ်။သားဖြစ်သူအတွက် လော်ရှို့ကို ရန်မတွေ့ရဲသေးဘူး။ဒါ့ကြောင့် စိတ်ထဲကနေ..
ဘေဘီရေ..ပါပါး ဘေဘီ့အတွက် ကူမပြောမပေးချင်တာမဟုတ်ရပါဘူး။ပါပါးအမှားတစ်ခုလုပ်ထားတာကို မင်းဒယ်ဒီ မိသွားတယ်လေ..အခုလဲ ပါပါးကို ဆူဖို့စောင့်နေပြီ....
မုန့်ရန်က ကလေးကိုချီထားပြီး လော်ရှို့ နဲ့ မျက်နှာချင်းဆိုင်ထိုင်လိုက်တယ်။ဘာတစ်ခွန်းမှ မပြောသေးတဲ့ လော်ရှို့ကြောင့် မုန့်ရန်တစ်ယောက် ခိုးခိုးကြည့်နေရင်း အာရုံကြောတွေ တုန်ခါလာတယ်။
အကြာကြီး တိတ်ဆိဆ်နေပြီးမှ...
"မင်း ကိုယ့်ကို ကယ်ခဲ့တုန်းက ကားထဲကလူက ကိုယ်မှန်းသိလို့ ကယ်ခဲ့တာလား??မသိဘဲ ကယ်ခဲ့တာလား??"
မုန့်ရန် တစ်ကိုယ်လုံးအေးခဲသွားတယ်။လော်ရှို့ ဒီမေးခွန်းကို ရုတ်တရက်ကြီး မေးလိုက်မယ်လို့ ထင်မထားခဲ့ဘူး။အခုချိန်မှာ ဘာဖြေလို့ဖြေရမှန်းမသိဘူး...ဒီမေးခွန်းကို မဖြေနိူင်ဘူးလို့ပြောလိုက်သင့်လား??ဟုတ်တယ်..သိနေလို့ ကယ်ခဲ့တာလို့ဖြေလိုက်ရမလား??ဒါဆို လော်ရှို့က ဘယ်လိုသိနေတာလဲလို့မေးလာရင်ရော??အဲ့အချိန်မှာ လော်ရှို့ ပေါ်လာမယ်မှန်း ဘယ်လိုသိနေတာလဲ?တောင်ပေါ်ကိုကားနဲ့ မတက်လာခင်ကတည်းက လော်ရှို့ခေါင်းကိုက်နေမှန်း ဘယ်လိုသိတာလဲ??ကားထဲကလူကလော်ရှို့မှန်း မသိဘူးလို့ ပြန်ဖြေလိုက်ရင်...အရေးကြီးတဲ့ဝင်ခွင့်စာမေးပွဲကို သွားမဖြေဘဲ နှင်းတောင်ပေါ်မှာ ဘာလာလုပ်နေတာလဲလို့ မေးလာရင်ရော???
တကယ်တော့ ဒီကိစ္စက လော်ရှို့ရဲ့အတွေးထဲမှာ ရှိနေခဲ့ပြီးသားပါ..တမင်တကာ မစဉ်းစားမိအောင် မေ့ဖျောက်ထားခဲ့ရုံလေးပါ။ဒါက မုန့်ရန်ကိုယ်တိုင်မပြောပြသ၍ သူကိုယ်တိုင် အဖြေမသိနိုင်တဲ့ ပုစ္ဆာတစ်ပုဒ်ဖြစ်နေတယ်လေ။ဒီနေ့ မုန့်ရန်ရဲ့ ကားမောင်း စွမ်းရည်တွေကို မြင်လိုက်ရတဲ့အခါ တမင်မေ့
ဖျောက်ထားတဲ့ ဒီပုစ္ဆာက တဖြန်ပြန်ပေါ်လာပြန်တာကြောင့် အခုလို ထုတ်မေးလိုက်ရခြင်းဖြစ်တယ်။
မုန့်ရန် ကလေးကို ခပ်တင်းတင်းပွေ့ဖက်ထားပြီးစိတ်လှုပ်ရှားနေတာကြောင့် တံတွေးတွေ ခဏခဏမြိုချပြီးလော်ရှို့ရဲ့ အကြည့်တွေကို ရှောင်တိမ်းနေလိုက်တယ်။
"ကိုယ့်ကို အမှန်တိုင်း ပြောပြမယ်မလား??"
"ဘယ်လို ပြောပြရမလဲဆိုတာ စဉ်းစားနေတာ"
"ဒါဆိုလဲ အချိန်ယူပြီး အေးအေးဆေးအေး စဉ်းစားထားလိုက်။အခု အရင်ဆုံး မင်း ကားမောင်းတဲ့ ကိစ္စကို ရှင်းမယ်။ဘာလို့ ဖုံးကွယ်ထားတာလဲ??"
"အသိပေးလိုက်ရင် ချန်းဆန်းနဲ့ ပြိုင်ဖို့ ခင်ဗျားလုံးဝ ခွင့်ပြုမှာမဟုတ်ဘူးဆိုတာ သိလို့ပါ..."
ဒီလို အနိုင်ရချင်တာက အတိတ်ဘဝကတည်းက ရှိနေတဲ့ ဆန္ဒတစ်ခုဆိုတာ မုန့်ရန် ပြောပြလိုက်ချင်ပါတယ်။ပြောပြလို့ မဖြစ်တဲ့အတွက် ကတိတစ်ခုပဲပေးလိုက်တယ်။
"ကျွန်တော် ဘယ်တော့မှ ကားပြိုင်မမောင်းတော့ပါဘူး။နောက်ဆို ဘာပဲလုပ်လုပ် အသိပေးပါ့မယ်။ဘာကိုမှ မလျို့ဝှက်ထားတော့ပါဘူး"
"ကိုယ် မင်းကို ယုံပါတယ်"
အခန်းထဲက ထွက်သွားတဲ့ လော်ရှို့ကို ကြည့်ရင်း မုန့်ရန် စိတ်ထဲမှာနေလို့မကောင်းတော့ဘူး။လော်ရှို့ရဲ့အမူအရာက ဒေါသမထွက်တော့ဘူးလို့ ထင်ရပေမယ့် အခုလို အေးတိအေးစက် ပြုမူနေမှာထက်စာရင် ဆူပူကြိမ်းမောင်းလိုက်တာကမှ မုန့်ရန်အတွက် ဖြေသာနိူင်လိမ့်မယ်။ချစ်ရတဲ့သူကို ဆုံးရှုံးဖူးတဲ့ ခံစားချက်ကို မုန့်ရန်သိတယ်။ဒါကို သေချာရှင်းမပြနိူင်ပေမယ့် မုန့်ရန် ကိုယ့်အမှား ကိုယ်သိပါတယ်။အလိုလိုက်ခံရခြင်းမှာ အသားကျလာတဲ့ အခါ အမှားသေးသေးလေးကိုတောင် လက်သင့်မခံချင်တော့တာ သဘာဝပါပဲ...
အိပ်ရာဝင်ချိန်ရောက်တဲ့ အထိ လော်ရှို့စာကြည့်ခန်းထဲကနေ ထွက်မလာသေးဘူး။ကလေးကို ချော့သိပ်ပြီးတာနဲ့ မုန့်ရန် စာကြည့်ခန်းထဲကို လိုက်သွားလိုက်တယ်။
မုန့်ရန် စားပွဲနားကနေ လော်ရှို့ကို ကြည့်လိုက်ပြီး...
"အိပ်ချိန်ရောက်ပြီ.."
"အိပ်နှင့်တော့...နောက်မှ လိုက်လာခဲ့မယ်"
computer Secreen ပေါ်က စာရင်းဇယားတွေကို ကြည့်ရင်း လော်ရှို့ပြန်ဖြေလိုက်တယ်။
မုန့်ရန်က လော်ရှို့ရဲ့ လက်မောင်းကို ခါယမ်းလိုက်ပြီး..
"အိပ်ရာထဲကိုသွားမယ်"
လော်ရှို့က မုန့်ရန်ကို လှည့်ကြည့်လိုက်ပြီးသူ့လက်ကို ပြန်ဆွဲလိုက်ပြီး အိပ်ခန်းရှိရာဆီကို ပြန်ခဲ့လိုက်တယ်။
လော်ရှို့ ခြေလက်ဆေးပြီးမယ့်အချိန်ကို
မုန့်ရန်က ကုတင်ပေါ်မှာ လှဲလျောင်းရင်းစောင့်ဆိုင်းနေတယ်။လော်ရှို့နဲ့သူနဲ့ အခုလို စစ်အေးတိုက်ပွဲတစ်ခါမှ မဖြစ်ခဲ့ဖူးဘူး။လော်ရှို့က သူ့ကို အေးတိအေးစက် ဆက်ဆံနေပေမယ့် လျစ်လျူရှုပြီးတော့လဲ မနေနိုင်ပြန်ဘူး။
လော်ရှို့ ကုတင်ပေါ်ရောက်လာတာနဲ့ မုန့်ရန်က လော်ရှို့ကို ဖက်လိုက်ပြီး...
"ကျွန်တော် ဘယ်တော့မှ ကားမမောင်းတော့ပါဘူး။ဘာကိုမှလဲ မဖုံးကွယ်ထားတော့ပါဘူး။စိတ်မဆိုးပါနဲ့တော့နော်"
လော်ရှို့က မုန့်ရန်ရဲ့နဖူးကို ငုံ့နမ်းလိုက်တယ်။ဒါပေမယ့် စကားတော့ တစ်ခွန်းမှ မပြောခဲ့ဘူး။
ကြားချင်တဲ့ အဖြေကို မကြားရတဲ့အခါ မုန့်ရန် ဝမ်းနည်းလာတယ်။လော်ရှို့က သူ့ကို ဖက်ထားရုံပဲဖက်ထားပြီး ဘာတစ်ခွန်းမှ မပြောဘူး။သူဘက်ကလဲ ရှင်းပြချင်နေပေမယ့် ရှင်းမပြနိုင်ဘူး။စိုးရိမ်သောကတွေ များလာတဲ့ အခါ မျက်ရည်တွေကအလိုလိုနေရင်း ကျဆင်းလာခဲ့တယ်။
လော်ရှို့ မုန့်ရန်ကို ဘယ်လိုဆုံးမရမလဲဆိုတာစဉ်းစားလို့မရတော့ဘူး။လေသံကျယ်ကျယ်နဲ့တောင် မဆူရက်တာ အပြစ်ပေးဖို့ဆိုတာ ဝေးလာဝေးပဲ...ဒီကိစ္စက ဘယ်လောက်ထိလေးနက်တယ်ဆိုတာသွေးအေးအေးနဲ့ အချိန်ယူပြီး စဉ်းစားစေချင်ပေမယ့် မုန့်ရန်ရဲ့ မျက်ရည်တွေကို မြင်တဲ့အခါ ဘယ်လိုမှ တင်းမထားနိုင်တော့ဘူးလေ...
"ခင်ဗျား ကျွန်တော့်ကို ဆူတယ်"
မုန့်ရန် အော်ငိုနေပြီ....
"မငိုနဲ့လေ..."
လော်ရှို့ ချက်ချင်းငုတ်တုတ်ထထိုင်လိုက်ပြီး မုန့်ရန်ကို ဖက်ထားလိုက်ပြီး မျက်ရည်တွေကို သုတ်ပေးလိုက်တယ်။
"ကိုယ် မဆူတော့ဘူးနော်...စိတ်လဲမဆိုးတော့ဘူး"
ကြားချင်တဲ့ အဖြေကို မကြားရတဲ့အခါ မုန့်ရန်ရဲ့ ငိုသံက ပိုပြီး ကျယ်လောင်လာတယ်။
"ကိုယ်တကယ် စိတ်မဆိုးတော့ပါဘူး"
လော်ရှို့က မုန့်ရန်ရဲ့ ကျောပြင်ကို ပွတ်သပ်ပေးပြီး ချော့နေတယ်။
"မငိုပါနဲ့တော့.."
"ခင်ဗျားစိတ်ဆိုးနေသေးမှန်း ကျွန်တော်သိတယ်။ဘာလို့ လာလိမ်နေတာလဲ???ခင်ဗျား စိတ်မဆိုးဘူးလို့ လိမ်ပြောတိုင်း ကျွန်တော်က ခင်ဗျားစိတ်ဆိုးနေသေးတာကို မသိတော့ဘူးလို့ ထင်နေတာလား??"
အော်ဟစ်ငိုယိုနေတဲ့ မုန့်ရန်က လော်ရှို့ကို တွန်းထုတ်လိုက်ပြီး ကုတင်ပေါ်ကဆင်းပြီး အပြင်ထွက်ဖို့ကြိုးစားလိုက်တယ်။
" ဘယ်သွားမလို့လဲ??"
လော်ရှို့ အလောသုံးဆယ် မေးမြန်းလိုက်တယ်။
" ခင်ဗျားကို ဂရုမစိုက်ဘူး!!!"
ပြောပြီးတာနဲ့ အခန်းတံခါးကိုတွန်းဖွင့်ပြီး ခြေဗလာနဲ့ ပြေးထွက်သွားတယ်။
လော်ရှို့ ကုတင်ပေါ်ကနေ ချက်ချင်းဆင်းပြီး လိုက်ဖမ်းရလေတယ်....
ZawGyi
ခ်န္းဆန္းေနာက္ကို လိုက္ရင္းနဲ႔ ကားေတြရပ္ထားတဲ့ ဂိုေဒါင္နားကိုေရာက္လာၾကတယ္။ခ်န္းဆန္းက ေဒါသတႀကီးနဲ႔ ကားေပၚကေန ဆင္းလာၿပီး မုန္႔ရန္ဆီကို တည့္တည့္ေလွ်ာက္လာတယ္။
ေ႐ွာင္ခယ္နဲ႔ အတူပါလာတဲ့ သက္ေတာ္ေစာင့္ေတြက ကားေပၚကဆင္းလာၿပီး မုန္႔ရန္ေ႐ွ႕မွာ ဝင္ကာေပးေနတယ္။
"မင္းတို႔ႏွစ္ေယာက္ေပါင္းၿပီး ငါ့ကို လာကစားေနတာလား??!!!ပထမအေခါက္တုန္းက မင္းငါ့ကိုႏိူင္သြားတယ္။အခုတစ္ေခါက္က ဘယ္သူလဲ??"
ခ်န္းဆန္း ေဒါသတႀကီးနဲ႔ ေအာ္ဟစ္ေနတယ္။
"ဘာေတြလာေျပာေနတာလဲ??ငါမင္းကို ႏိူင္သြားၿပီလို႔ တစ္ခါမွ မေျပာဖူးဘူး။ငါ့အဖြဲ႕က ႏိူင္သြားၿပီလို႔ပဲေျပာခဲ့တာ...မုန္႔ရန္က ငါ့တို႔အဖြဲ႕ဝင္ျဖစ္ေနတာ ၾကာလွၿပီ..အဲ့ေတာ့ ငါတို႔အဖြဲ႕ဝင္တစ္ေယာက္အျဖစ္နဲ႔ မင္းကိုႏိူင္သြားတာေလ...မျဖစ္ႏိူင္စရာဘာ႐ွိလို႔လဲ??"
ေ႐ွာင္ခယ္ကလဲ မွင္ေသေသနဲ႔ ျပန္ပက္လိုက္တယ္။
"မင္းေဒါသထြက္ေနရတဲ့ အေၾကာင္းအရင္းကဘာလဲ??ေ႐ွာင္ခယ့္ကို ႐ႈံးတာထက္၊ငါ့ကို႐ႈံးတာက မင္းအတြက္ ပိုၿပီး အ႐ွက္ကြဲစရာျဖစ္ေနတာေၾကာင့္လား??ဒါမွမဟုတ္ ေ႐ွာင္ခယ္က လူစားထိုးၿပီး မင္းကို အႏိုင္ယူလိုက္လို႔လား??ဒါမွမဟုတ္ေသးရင္ ငါ့ကို႐ႈံးလိုက္ရလို႔ေဒါသထြက္ေနတဲ့ အျပင္ ငါ့ဘက္မွာ သူတို႔ေတြ႐ွိေနလို႔လား??"
မုန္႔ရန္ေျပာသမွ်ေတြ အကုန္မွန္ေနတာေၾကာင့္ လက္သီးကို က်စ္ေနေအာင္ ဆုပ္ထားတဲ့ ခ်န္းဆန္းရဲ႕ မ်က္ႏွာက ေဒါသေၾကာင့္ နီျမန္းေနတယ္။
"မတရားဘူးထင္ရင္လဲ လူသိ႐ွင္ၾကားသာ ေၾကျငာလိုက္ေတာ့..ငါတို႔ကေတာ့ ဂ႐ုစိုက္ေနမွာမဟုတ္ဘူး။ငါေရာ မုန္႔ရန္ေရာကေနာက္ထပ္ ဘယ္ေတာ့မွ ကားၿပိဳင္ေမာင္းေတာ့မွာမဟုတ္ဘူး။မင္း ငါ့ကို႐ႈံးသြားတယ္လို႔ပဲ အကုန္လုံးက သိထားၾကတာ။မင္း မုန္႔ရန္ကို႐ႈံးသြားတယ္ဆိုတာ လူေတြကို အသိေပးခ်င္တယ္ဆိုလဲ မင္းသေဘာပဲ..."
မုန္႔ရန္တို႔ေနာက္ဖက္က သံမဏိတံခါးႀကီး ႐ုတ္တရက္ပြင့္လာတယ္။ဒါ့ေၾကာင့္ မုန္႔ရန္ေရာ ေ႐ွာင္္ခယ္ပါလွည့္ၾကည့္လိုက္ၾကတယ္။
ေလာ္႐ိႈ႕ကို ျမင္လိုက္ရတဲ့ အခါ ဘယ္လိုလုပ္ဒီကိုေရာက္ေနတာလဲဆိုတဲ့ ေမးခြန္းေတြနဲ႔ အတူ မုန္႔ရန္အေတာ္ကို Shock ရသြားခဲ့တယ္။
ေ႐ွာင္ခယ္လဲ တစ္ကိုယ္လုံးေတာင့္တင္းေနၿပီ။မုန္႔ရန္ကို ၾကည့္လိုက္ျပန္ေတာ့လဲ ေတာင့္တင္းၿပီး ဘာကိုမွ မတုံ႔ျပန္ႏိုင္ေလေတာ့ စာနာသနားစိတ္ေလးေတာင္ ဝင္မိေနၿပီ...
ေလာ္႐ိႈ႕က စကားတစ္ခြန္းမွမေျပာဘဲ မုန္႔ရန္ကို ဒီအတိုင္းရပ္ၾကည့္ေနတယ္။
ကိုယ့္အျပစ္ကိုယ္သိတဲ့ မုန္႔ရန္က ေခါင္းငိုက္စိုက္ခ်ၿပီး အျပစ္လုပ္ထားတဲ့ ကေလးတစ္ေယာက္ကမိဘကို ေၾကာက္႐ြံ႕ေနသလို ေလာ္႐ိႈ႕ေ႐ွ႕ကို သြားၿပီးတိုးတိုးေလးေျပာလိုက္တယ္။
"အန္ကယ္ေလာ္ ဘယ္တုန္းကတည္းကေရာက္ေနတာလဲဟင္??"
ခ်န္းဆန္းနဲ႔သူနဲ႔ ကားၿပိဳင္ေမာင္းတာကို ေလာ္႐ိႈ႕ အစအဆုံးျမင္ၿပီးေနၿပီဆိုတာ မုန္႔ရန္ သိတယ္။မဟုတ္ရင္ အခုလို တိုက္႐ိုက္ႀကီး လူလုံးထြက္ျပမွာမဟုတ္ဘူး။
"မင္းဒီကို မေရာက္ခင္ကတည္းက ေရာက္ေနတာ"
ေလာ္႐ိႈ႕ရဲ႕ အသံေနအသံထားနဲ႔ အမူအရာေတြက တည္ၿငိမ္ေနပါေသာ္လည္း ေလာ္႐ိႈ႕ရဲ႕ ေဒါသကို မုန္႔ရန္ခံစားမိေနတယ္။
"ထမင္းအရင္သြားစားၾကမယ္ေလ...စားရင္းေသာက္ရင္းနဲ႔မွ ဆက္ေျပာၾကတာေပါ့.."
လီယန္ အ႐ူးကြက္နင္းၿပီး ထမင္းစားဖို႔ ေလာ္ေဆာ္လိုက္တယ္။စားရင္းေသာက္ရင္းနဲ႔ ေလာ္႐ိႈ႕ကို ေျဖာင္းျဖႏိုင္ဖို႔ ေမွ်ာ္လင့္ခ်က္ေလးနဲ႔ေပါ့...
"မင္းဘာသာသြားစား...ငါအရင္ျပန္ႏွင့္မယ္"
ေလာ္႐ိႈ႕က လီယန္ကိုေျပာလိုက္တယ္။
မုန္႔ရန္ ေလာ္႐ိႈ႕နားကို ေျပးကပ္လိုက္ၿပီး ေလာ္႐ိႈ႕ရဲ႕လက္ကို ကိုင္လိုက္တယ္။
"ငါေနာက္ေတာ့မွ မင္းတို႔နဲ႔ေတြ႕ဖို႔ ထပ္ခ်ိန္းလိုက္မယ္"
ေလာ္႐ိႈ႕က မုန္႔ရန္ေ႐ွ႕ကေန ဉီးေဆာင္ၿပီး ထြက္ခြာသြားခဲ့တယ္။
လီယန္တို႔တစ္သိုက္ တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္ၿပီး အူလည္လည္နဲ႔ က်န္ခဲ့ၾကတယ္။သူတို႔ေတြ မုန္႔ရန္ကို သနားေနၾကၿပီ။သူတို႔ေတြ ေလာ္႐ိႈ႕ ေဒါသထြက္တာကို မျမင္ဖူးေပမယ့္ အခုခ်ိန္မွာ ေလာ္႐ိႈ႕ ေဒါသမထြက္ရင္ေတာင္ စိတ္မေကာင္းေတာ့ျဖစ္ေနၿပီဆိုတာ သူတို႔သိေနတယ္။အင္းေလ...ကိုယ့္မိန္းမတစ္ေယာက္လုံး အႏၲာရာယ္မ်ားတဲ့ ၿပိဳင္ပြဲတစ္ခု ဝင္ၿပိဳင္ေနတာကို မ်က္လုံးႏွစ္လုံးနဲ႔ ကြက္ကြက္ကြင္းကြင္းျမင္လိုက္ရတာကို ေပ်ာ္ႏိူင္တဲ့သူ ႐ွိပါ့မလား??
ေ႐ွာင္ခယ္လဲ ကားေမာင္းၿပီး ျမန္ျမန္ေျပးၿပီ...ေလာ္႐ိႈ႕ရဲ႕ အၾကည့္တစ္ခ်က္နဲ႔တင္ သူတကယ္ ေၾကာက္လန္႔ေနၿပီ...
ေ႐ွာင္ခယ္ေရာ မုန္႔ရန္ပါ ျပန္သြားမွေတာ့ ေဒါသေျဖစရာမ႐ွိေတာ့တဲ့ အတြက္ ခ်န္းဆန္းလဲ အိမ္ျပန္ရေတာ့တာေပါ့...
"မရီးလို ႏုႏုဖတ္ဖတ္ေလးက တျခားသူနဲ႔ ကားၿပိဳင္ေတာ့လဲ ၾကမ္းရမ္းလိုက္တာကြာ..အႏၲာရာယ္မ်ားတဲ့ နည္းလမ္းေတြေတာင္ သုံးရဲေသးတယ္။ေကာင္းေကာင္းသာမထိန္းခ်ဳပ္လိုက္ႏိူင္ရင္ တိုက္မိကုန္မွာ..."
"ေလာ္႐ိႈ႕ေတာင္ မသိတဲ့ဟာ..ငါတို႔က ဘယ္လိုလုပ္သိမွာလဲ??"
"ဒီလို Skill မ်ိဳးဆိုတာ တစ္ရက္၊ႏွစ္ရက္ေလ့က်င့္႐ုံနဲ႔ ရတာမဟုတ္ဘူးကြ။မရီးက ေလာ္႐ိႈ႕ကို ေကာင္းေကာင္းဖုံးကြယ္ထားခဲ့တာပဲ။ေတာ္ပါေပတယ္ မရီးရယ္.."
"မင္းေျပာေနလို႔လဲ မထူးဘူး။သူတို႔ လင္မယားၾကားမွာ အနည္းနဲ႔အမ်ား ျပသနာေတာ့ျဖစ္ေတာ့မွာပဲ။ဒါကို မင္းက သက္ျပင္းတခ်ခ်နဲ႔ ခြဲျခမ္းစိတ္ျဖာႏိူင္ေသးတယ္ေနာ္"
လီယန္ ေခါင္းတခါခါနဲ႔ ဝင္ေျပာလိုက္တယ္။
ကားေပၚေရာက္တဲ့ အခါ မုန္႔ရန္ ပထမဆုံးအႀကိမ္အျဖစ္ ေလာ္႐ိႈ႕နဲ႔ ေဝးရာမွာ ထိုင္ေနခဲ့တယ္။ခဏေလာက္တုံ႔ဆိုင္းေနၿပီးေနာက္မွာ ေလာ္႐ိႈ႕နားကို ကပ္သြားလိုက္ၿပီး လက္ေမာင္းေတြကို ဖက္တြယ္ထားလိုက္တယ္။
"ကြၽန္ေတာ္႕ကို စိတ္ဆိုးေနတာလားဟင္??"
" ကိုယ္ စိတ္ဆိုးသင့္လား၊မဆိုးသင့္ဘူးလား??"
ေလာ္႐ိႈ႕က မုန္႔ရန္ကို ေ႐ြးခ်ယ္ခိုင္းလိုက္တယ္။
ခဏေလာက္စဥ္းစားၾကည့္တာေတာင္ ဘာေျဖရမွန္းမသိတာေၾကာင့္ စကားလမ္းေၾကာင္းလႊဲတဲ့အေနနဲ႔..
"ခင္ဗ်ားဘယ္လို ျဖစ္လို႔ အဲ့ကိုေရာက္ေနတာလဲ?"
"ခ်င္းဖန္က ကား Showrommဖြင့္ထားတာ။
ႏိုင္ငံျခားကေန အသစ္ေရာက္တာတဲ့ ကားကို ပိုၿပီး စိတ္ခ်ရေအာင္ modify လုပ္ထားကို စစ္ေဆးၿပီးၿပီလို႔ေျပာတယ္။မင္းကို ကားမလဲေပးရေသးတာ ၾကာေနၿပီဆိုေတာ့ လီယန္တို႔ ခ်င္းဖန္တို႔နဲ႔ အတူ ကားလာေ႐ြးတာ"
ေလာ္႐ိႈ႕က ခပ္ေအးေအး ႐ွင္းျပလိုက္တယ္။
"ဟုတ္လား...ဒါဆို ေ႐ြးျဖစ္ခဲ့လား??"
မုန္႔ရန္ ကားအသစ္မလဲ ျဖစ္တာ ႏွစ္ဝက္ေလာက္႐ွိေနၿပီ။ေလာ္႐ိႈ႕ ဘယ္လိုေတြေတာင္ ဉာဏ္ေကာင္းေနရတာလဲ??
"အရမ္း စိတ္ဝင္စားစရာေကာင္းတဲ့ ၿပိဳင္ပြဲကို ၾကည့္ေနရလို႔ ေ႐ြးဖို႔အခ်ိန္နရလိုက္ဘူး"
ဘာမွေျပာစရာမ႐ွိေတာ့တဲ့ အတြက္ ေလာ္႐ိႈ႕ရဲ႕ လက္ေမာင္းကို ခပ္တင္းတင္းဖက္တြယ္ထားလိုက္တယ္။ေလာ္႐ိႈ႕ သူ႕ကိုစိတ္ဆိုးေနမွန္းသိေပမယ့္ အခုလို ဖက္တြယ္ထားလိုက္ရင္ နည္းနည္းေတာ့ စိတ္သက္သာရာရတယ္ေလ...
ႏွစ္ေယာက္သား တစ္လမ္းလုံး စကားမေျပာဘဲ တိတ္ဆိတ္ေနခဲ့ၾကတယ္။အိမ္ျပန္ေရာက္တာနဲ႔ ကားေပၚကဆင္းဆင္းခ်င္း မုန္႔ရန္က အေနာက္ကေန တစ္ေယာက္ေယာက္ လိုက္ဖမ္းေနသလို အိပ္ခန္း႐ွိရာကို အသည္းအသန္ေျပးတာ ေခ်ာ္လဲမလိုေတာင္ျဖစ္သြားေသးတယ္။
မုန္႔ရန္က နာနီေတြကို ကေလး ေခၚလာခိုင္းလိုက္တယ္။ေလာ္႐ိႈ႕ သူ႕ကို ေမးခြန္းေတြေမးေတာ့မယ္ဆိုတာ သူသိတယ္။ဒါ့ေၾကာင့္ သတၱိေတြ႐ွိလာေအာင္ သားေလးကို ခ်ီထားမွ ျဖစ္မယ္။ကေလးက မုန္႔ရန္လက္ထဲေရာက္တာနဲ႔ သြားဖုံးေလးေတြေပၚေအာင္ျပဳံးၿပီး မုန္႔ရန္ရဲ႕ မ်က္ႏွာကို လက္ေဖာင္းေဖာင္းေလးေတြနဲ႔ ႐ိုက္လိုက္တယ္။
ေလာ္႐ိႈ႕က မုန္႔ရန္ေဘးကို သြားလိုက္ၿပီး သားေတာ္ေမာင္ရဲ႕ လက္ဝတုတ္ေလးကို ခပ္ဆပ္ဆပ္ေလး႐ိုက္လိုက္တယ္။ျဖဴေဖြးဝတုတ္ေနတဲ့ လက္ကေလးကခ်က္ခ်င္းနီရဲသြားတယ္။တကယ္နာသြားတဲ့ အတြက္ ေလာ္ကြၽင္းရယ္က ေလာ္႐ိႈ႕ကို မေက်နပ္ျဖစ္ေနတဲ့ အၾကည့္ေတြနဲ႔ ၾကည့္ေနတယ္။
မုန္႔ရန္က သားျဖစ္သူရဲ႕ လက္ေလးေတြကို ခပ္ဖြဖြနမ္းေပးလိုက္တယ္။သားျဖစ္သူအတြက္ ေလာ္႐ိႈ႕ကို ရန္မေတြ႕ရဲေသးဘူး။ဒါ့ေၾကာင့္ စိတ္ထဲကေန..
ေဘဘီေရ..ပါပါး ေဘဘီ့အတြက္ ကူမေျပာမေပးခ်င္တာမဟုတ္ရပါဘူး။ပါပါးအမွားတစ္ခုလုပ္ထားတာကို မင္းဒယ္ဒီ မိသြားတယ္ေလ..အခုလဲ ပါပါးကို ဆူဖို႔ေစာင့္ေနၿပီ....
မုန္႔ရန္က ကေလးကိုခ်ီထားၿပီး ေလာ္႐ိႈ႕ နဲ႔ မ်က္ႏွာခ်င္းဆိုင္ထိုင္လိုက္တယ္။ဘာတစ္ခြန္းမွ မေျပာေသးတဲ့ ေလာ္႐ိႈ႕ေၾကာင့္ မုန္႔ရန္တစ္ေယာက္ ခိုးခိုးၾကည့္ေနရင္း အာ႐ုံေၾကာေတြ တုန္ခါလာတယ္။
အၾကာႀကီး တိတ္ဆိဆ္ေနၿပီးမွ...
"မင္း ကိုယ့္ကို ကယ္ခဲ့တုန္းက ကားထဲကလူက ကိုယ္မွန္းသိလို႔ ကယ္ခဲ့တာလား??မသိဘဲ ကယ္ခဲ့တာလား??"
မုန္႔ရန္ တစ္ကိုယ္လုံးေအးခဲသြားတယ္။ေလာ္႐ိႈ႕ ဒီေမးခြန္းကို ႐ုတ္တရက္ႀကီး ေမးလိုက္မယ္လို႔ ထင္မထားခဲ့ဘူး။အခုခ်ိန္မွာ ဘာေျဖလို႔ေျဖရမွန္းမသိဘူး...ဒီေမးခြန္းကို မေျဖႏိူင္ဘူးလို႔ေျပာလိုက္သင့္လား??ဟုတ္တယ္..သိေနလို႔ ကယ္ခဲ့တာလို႔ေျဖလိုက္ရမလား??ဒါဆို ေလာ္႐ိႈ႕က ဘယ္လိုသိေနတာလဲလို႔ေမးလာရင္ေရာ??အဲ့အခ်ိန္မွာ ေလာ္႐ိႈ႕ ေပၚလာမယ္မွန္း ဘယ္လိုသိေနတာလဲ?ေတာင္ေပၚကိုကားနဲ႔ မတက္လာခင္ကတည္းက ေလာ္႐ိႈ႕ေခါင္းကိုက္ေနမွန္း ဘယ္လိုသိတာလဲ??ကားထဲကလူကေလာ္႐ိႈ႕မွန္း မသိဘူးလို႔ ျပန္ေျဖလိုက္ရင္...အေရးႀကီးတဲ့ဝင္ခြင့္စာေမးပြဲကို သြားမေျဖဘဲ ႏွင္းေတာင္ေပၚမွာ ဘာလာလုပ္ေနတာလဲလို႔ ေမးလာရင္ေရာ???
တကယ္ေတာ့ ဒီကိစၥက ေလာ္႐ိႈ႕ရဲ႕အေတြးထဲမွာ ႐ွိေနခဲ့ၿပီးသားပါ..တမင္တကာ မစဥ္းစားမိေအာင္ ေမ့ေဖ်ာက္ထားခဲ့႐ုံေလးပါ။ဒါက မုန္႔ရန္ကိုယ္တိုင္မေျပာျပသ၍ သူကိုယ္တိုင္ အေျဖမသိႏိုင္တဲ့ ပုစၧာတစ္ပုဒ္ျဖစ္ေနတယ္ေလ။ဒီေန႔ မုန္႔ရန္ရဲ႕ ကားေမာင္း စြမ္းရည္ေတြကို ျမင္လိုက္ရတဲ့အခါ တမင္ေမ့
ေဖ်ာက္ထားတဲ့ ဒီပုစၧာက တျဖန္ျပန္ေပၚလာျပန္တာေၾကာင့္ အခုလို ထုတ္ေမးလိုက္ရျခင္းျဖစ္တယ္။
မုန္႔ရန္ ကေလးကို ခပ္တင္းတင္းေပြ႕ဖက္ထားၿပီးစိတ္လႈပ္႐ွားေနတာေၾကာင့္ တံေတြးေတြ ခဏခဏၿမိဳခ်ၿပီးေလာ္႐ိႈ႕ရဲ႕ အၾကည့္ေတြကို ေ႐ွာင္တိမ္းေနလိုက္တယ္။
"ကိုယ့္ကို အမွန္တိုင္း ေျပာျပမယ္မလား??"
"ဘယ္လို ေျပာျပရမလဲဆိုတာ စဥ္းစားေနတာ"
"ဒါဆိုလဲ အခ်ိန္ယူၿပီး ေအးေအးေဆးေအး စဥ္းစားထားလိုက္။အခု အရင္ဆုံး မင္း ကားေမာင္းတဲ့ ကိစၥကို ႐ွင္းမယ္။ဘာလို႔ ဖုံးကြယ္ထားတာလဲ??"
"အသိေပးလိုက္ရင္ ခ်န္းဆန္းနဲ႔ ၿပိဳင္ဖို႔ ခင္ဗ်ားလုံးဝ ခြင့္ျပဳမွာမဟုတ္ဘူးဆိုတာ သိလို႔ပါ..."
ဒီလို အႏိုင္ရခ်င္တာက အတိတ္ဘဝကတည္းက ႐ွိေနတဲ့ ဆႏၵတစ္ခုဆိုတာ မုန္႔ရန္ ေျပာျပလိုက္ခ်င္ပါတယ္။ေျပာျပလို႔ မျဖစ္တဲ့အတြက္ ကတိတစ္ခုပဲေပးလိုက္တယ္။
"ကြၽန္ေတာ္ ဘယ္ေတာ့မွ ကားၿပိဳင္မေမာင္းေတာ့ပါဘူး။ေနာက္ဆို ဘာပဲလုပ္လုပ္ အသိေပးပါ့မယ္။ဘာကိုမွ မလ်ိဳ႕ဝွက္ထားေတာ့ပါဘူး"
"ကိုယ္ မင္းကို ယုံပါတယ္"
အခန္းထဲက ထြက္သြားတဲ့ ေလာ္႐ိႈ႕ကို ၾကည့္ရင္း မုန္႔ရန္ စိတ္ထဲမွာေနလို႔မေကာင္းေတာ့ဘူး။ေလာ္႐ိႈ႕ရဲ႕အမူအရာက ေဒါသမထြက္ေတာ့ဘူးလို႔ ထင္ရေပမယ့္ အခုလို ေအးတိေအးစက္ ျပဳမူေနမွာထက္စာရင္ ဆူပူႀကိမ္းေမာင္းလိုက္တာကမွ မုန္႔ရန္အတြက္ ေျဖသာႏိူင္လိမ့္မယ္။ခ်စ္ရတဲ့သူကို ဆုံး႐ႈံးဖူးတဲ့ ခံစားခ်က္ကို မုန္႔ရန္သိတယ္။ဒါကို ေသခ်ာ႐ွင္းမျပႏိူင္ေပမယ့္ မုန္႔ရန္ ကိုယ့္အမွား ကိုယ္သိပါတယ္။အလိုလိုက္ခံရျခင္းမွာ အသားက်လာတဲ့ အခါ အမွားေသးေသးေလးကိုေတာင္ လက္သင့္မခံခ်င္ေတာ့တာ သဘာဝပါပဲ...
အိပ္ရာဝင္ခ်ိန္ေရာက္တဲ့ အထိ ေလာ္႐ိႈ႕စာၾကည့္ခန္းထဲကေန ထြက္မလာေသးဘူး။ကေလးကို ေခ်ာ့သိပ္ၿပီးတာနဲ႔ မုန္႔ရန္ စာၾကည့္ခန္းထဲကို လိုက္သြားလိုက္တယ္။
မုန္႔ရန္ စားပြဲနားကေန ေလာ္႐ိႈ႕ကို ၾကည့္လိုက္ၿပီး...
"အိပ္ခ်ိန္ေရာက္ၿပီ.."
"အိပ္ႏွင့္ေတာ့...ေနာက္မွ လိုက္လာခဲ့မယ္"
computer Secreen ေပၚက စာရင္းဇယားေတြကို ၾကည့္ရင္း ေလာ္႐ိႈ႕ျပန္ေျဖလိုက္တယ္။
မုန္႔ရန္က ေလာ္႐ိႈ႕ရဲ႕ လက္ေမာင္းကို ခါယမ္းလိုက္ၿပီး..
"အိပ္ရာထဲကိုသြားမယ္"
ေလာ္႐ိႈ႕က မုန္႔ရန္ကို လွည့္ၾကည့္လိုက္ၿပီးသူ႕လက္ကို ျပန္ဆြဲလိုက္ၿပီး အိပ္ခန္း႐ွိရာဆီကို ျပန္ခဲ့လိုက္တယ္။
ေလာ္႐ိႈ႕ ေျခလက္ေဆးၿပီးမယ့္အခ်ိန္ကို
မုန္႔ရန္က ကုတင္ေပၚမွာ လွဲေလ်ာင္းရင္းေစာင့္ဆိုင္းေနတယ္။ေလာ္႐ိႈ႕နဲ႔သူနဲ႔ အခုလို စစ္ေအးတိုက္ပြဲတစ္ခါမွ မျဖစ္ခဲ့ဖူးဘူး။ေလာ္႐ိႈ႕က သူ႕ကို ေအးတိေအးစက္ ဆက္ဆံေနေပမယ့္ လ်စ္လ်ဴ႐ႈၿပီးေတာ့လဲ မေနႏိုင္ျပန္ဘူး။
ေလာ္႐ိႈ႕ ကုတင္ေပၚေရာက္လာတာနဲ႔ မုန္႔ရန္က ေလာ္႐ိႈ႕ကို ဖက္လိုက္ၿပီး...
"ကြၽန္ေတာ္ ဘယ္ေတာ့မွ ကားမေမာင္းေတာ့ပါဘူး။ဘာကိုမွလဲ မဖုံးကြယ္ထားေတာ့ပါဘူး။စိတ္မဆိုးပါနဲ႔ေတာ့ေနာ္"
ေလာ္႐ိႈ႕က မုန္႔ရန္ရဲ႕နဖူးကို ငုံ႔နမ္းလိုက္တယ္။ဒါေပမယ့္ စကားေတာ့ တစ္ခြန္းမွ မေျပာခဲ့ဘူး။
ၾကားခ်င္တဲ့ အေျဖကို မၾကားရတဲ့အခါ မုန္႔ရန္ ဝမ္းနည္းလာတယ္။ေလာ္႐ိႈ႕က သူ႕ကို ဖက္ထား႐ုံပဲဖက္ထားၿပီး ဘာတစ္ခြန္းမွ မေျပာဘူး။သူဘက္ကလဲ ႐ွင္းျပခ်င္ေနေပမယ့္ ႐ွင္းမျပႏိုင္ဘူး။စိုးရိမ္ေသာကေတြ မ်ားလာတဲ့ အခါ မ်က္ရည္ေတြကအလိုလိုေနရင္း က်ဆင္းလာခဲ့တယ္။
ေလာ္႐ိႈ႕ မုန္႔ရန္ကို ဘယ္လိုဆုံးမရမလဲဆိုတာစဥ္းစားလို႔မရေတာ့ဘူး။ေလသံက်ယ္က်ယ္နဲ႔ေတာင္ မဆူရက္တာ အျပစ္ေပးဖို႔ဆိုတာ ေဝးလာေဝးပဲ...ဒီကိစၥက ဘယ္ေလာက္ထိေလးနက္တယ္ဆိုတာေသြးေအးေအးနဲ႔ အခ်ိန္ယူၿပီး စဥ္းစားေစခ်င္ေပမယ့္ မုန္႔ရန္ရဲ႕ မ်က္ရည္ေတြကို ျမင္တဲ့အခါ ဘယ္လိုမွ တင္းမထားႏိုင္ေတာ့ဘူးေလ...
"ခင္ဗ်ား ကြၽန္ေတာ္႕ကို ဆူတယ္"
မုန္႔ရန္ ေအာ္ငိုေနၿပီ....
"မငိုနဲ႔ေလ..."
ေလာ္႐ိႈ႕ ခ်က္ခ်င္းငုတ္တုတ္ထထိုင္လိုက္ၿပီး မုန္႔ရန္ကို ဖက္ထားလိုက္ၿပီး မ်က္ရည္ေတြကို သုတ္ေပးလိုက္တယ္။
"ကိုယ္ မဆူေတာ့ဘူးေနာ္...စိတ္လဲမဆိုးေတာ့ဘူး"
ၾကားခ်င္တဲ့ အေျဖကို မၾကားရတဲ့အခါ မုန္႔ရန္ရဲ႕ ငိုသံက ပိုၿပီး က်ယ္ေလာင္လာတယ္။
"ကိုယ္တကယ္ စိတ္မဆိုးေတာ့ပါဘူး"
ေလာ္႐ိႈ႕က မုန္႔ရန္ရဲ႕ ေက်ာျပင္ကို ပြတ္သပ္ေပးၿပီး ေခ်ာ့ေနတယ္။
"မငိုပါနဲ႔ေတာ့.."
"ခင္ဗ်ားစိတ္ဆိုးေနေသးမွန္း ကြၽန္ေတာ္သိတယ္။ဘာလို႔ လာလိမ္ေနတာလဲ???ခင္ဗ်ား စိတ္မဆိုးဘူးလို႔ လိမ္ေျပာတိုင္း ကြၽန္ေတာ္က ခင္ဗ်ားစိတ္ဆိုးေနေသးတာကို မသိေတာ့ဘူးလို႔ ထင္ေနတာလား??"
ေအာ္ဟစ္ငိုယိုေနတဲ့ မုန္႔ရန္က ေလာ္႐ိႈ႕ကို တြန္းထုတ္လိုက္ၿပီး ကုတင္ေပၚကဆင္းၿပီး အျပင္ထြက္ဖို႔ႀကိဳးစားလိုက္တယ္။
" ဘယ္သြားမလို႔လဲ??"
ေလာ္႐ိႈ႕ အေလာသုံးဆယ္ ေမးျမန္းလိုက္တယ္။
" ခင္ဗ်ားကို ဂ႐ုမစိုက္ဘူး!!!"
ေျပာၿပီးတာနဲ႔ အခန္းတံခါးကိုတြန္းဖြင့္ၿပီး ေျခဗလာနဲ႔ ေျပးထြက္သြားတယ္။
ေလာ္႐ိႈ႕ ကုတင္ေပၚကေန ခ်က္ခ်င္းဆင္းၿပီး လိုက္ဖမ္းရေလတယ္....