AVD-11
ရှစ်ယွီကထိုအကြာင်းကိုတွေးလေလေ သူပိုပြီးစိတ်လှုပ်ရှားမိလေလေ ဖြစ်နေလေတယ်။သူက အကွယ်ကနေထွက်လာပြီး အဝင်ဝမှာ အစ်ကိုကြီးဟုန့်က သူ့ကိုကလူနေတဲ့နေရာကို ပြသနေတာမြင်လိုက်ရတယ်။
အစကတော့ ဘာမှမဟုတ်တာလေးလို့ထင်ထားပေမယ့် ထိုလူက သူ့လည်ပင်းနားနမ်းရှုံ့သလိုမျိုး ကင်မရာကိုစောင်းရိုက်ထားတာက ကြည့်နေတဲ့သူကိုမရောမရာဖြစ်စေတယ်။
"အဟမ်း ...အဟမ်း..."
ရှစ်ယွီဟာ ရှက်ရွှံစွာဖြင့် အကြိမ်အနည်းငယ်ချောင်းဟန့်လိုက်တယ်။သို့ပေမယ့် ယွီရှန်ဖုန်းကတော့ သူ့ကိုလျစ်လျူရှုထားဆဲပါပဲ။
"ဒါကလေ.....တကယ်က... ကျနော်သူ့ကိုမသိဘူး..."
ရှစ်ယွီက ဘာလို့မှန်းမသိပါဘဲ ရှင်းပြမှဖြစ်မယ်လို့ခံစားနေရတယ်။သူက ယွီရှန်ဖုန်းကို ဂရုတစိုက်လှည့်ကြည့်လိုက်တဲ့အခါ ထိုသူက
ဘာမှဂရုမစိုက်တဲ့ပုံနဲ့ သူရဲ့ နဂိုအမူအရာအတိုင်းရှိနေတာကိုတွေ့လိုက်ရတယ်။
^^နိုးထလိုက်တော့ အစ်ကိုကြီး။တစ်ခြားသူတွေကမင်းကိုမနာလိုမယ်များထင်နေတာလား။ငါ့အတွက်ကတော့ မင်းက အခု ဖြတ်သွားဖြတ်လာတစ်ယောက်သာသာပဲ^^
Systemဟာ ရှစ်ယွီက သူ့နေရာသူမသိမှာကိုစိုးရိမ်ပြီး အေးစက်စွာနဲ့ သတိပေးလိုက်တယ်။
^^ပါးစပ်ပိတ်လိုက်တော့။အခုမင်းနဲ့စကားမပြောချင်ဘူး။အခုထွက်သွား^^
ရှစ်ယွီက အော်လိုက်ပြီး system နဲ့အဆက်အသွယ်ဖြတ်တောက်လိုက်တော့တယ်။
တစ်ဖက္မှာတော့ ယွီရှန်ဖုန်းဟာ ရှစ်ယွီကသူ့သားကိုကယ်လိုက်တဲ့အပိုင်းကိုကြည့်ပြီးသွားပြီဖြစ်တယ်။သူကမျက္မှောင်ကြုတ်လိုက်ပြီး
ဖုန်းကိုပြန်သိမ်းလိုက်တယ်။နောက်ပိုင်းက သူအကုန်သိပြီးသားဖြစ်တဲ့အတွက် ကြည့်စရာမလိုပါဘူး။
"ခင်ဗျားဘယ်လိုထင်လဲ။အစ်ကိုကြီး..ကျုပ်ကလူကောင်းပါဆို။ဟုတ်တယ်မလား။ကြည့်လေ...ကျနော်ခင်ဗျားသားကိုကယ်ခဲ့တာ။ခင်ဗျားကျနော့်ကို ကျေးဇူးမတင်သ့်ဘူးလား။"
ရှစ်ယွီက သူ့ရဲ့ပါပီကဲ့သို့သောခြေထောက်တွေကိုရွှေ့လိုက်ပြီး ယွီရှန်ဖုန်းကို ဖော်လံဖားမျက်နှာအမူအရာနဲ့ မျှော်လင့်တကြီးကြည့်လိုက်တယ်။
ယွီရှန်ဖုန်းကတော့ မျက်နှာသေနဲ့ပါပဲ။သူက သူ့ကိုကြည့်တောင်မကြည့်လေဘူး။သူက တံခါးဖွင့်ပြီး ကားထဲကထွက်ကာ သူ့သားကိုပါ ကားထဲက သယ်ထုတ်လိုက်တယ်။
ရှစ်ယွီကလဲ အမြန်ဆင်းလိုက်ပြီး ယွီရှန်ဖုန်းနောက်ကတောက်လျောက်လိုက်တော့တယ်။
သူစကားပြောဖို့ပြင်လိုက်စဥ်မှာပဲ ထိုလူက ရုတ်တရက် ရပ်တန့်လိုက်တယ်။
သူက တဖြည်းဖြည်း လှည့်လာပြီး ရှစ်ယွီကို အေးစက်စွာစိုက်ကြည့်ပြီးပြောလိုက်တယ်။
"ပိုက်ဆံတွေကို မင်းဆီလွှဲလိုက္မယ်။ချက်ချင်းထွက်သွား"
စကားလေးအနဲငယ်နဲ့ သူတို့က သူ့ကိုမောင်းထုတ်လိုက်တယ်။
ထိုလူက သူ်ဆီချင်းကပ်လာတဲ့သူစိမ်းတွေကိုကာကွယ်ထားတဲ့ အေးစက်စက်အရောင်အဝါတွေကို ပွင့်ပွင့်လင်းလင်းထုတ်ဖော်ထားတယ်။သူရဲ့စကားသံထဲကတောင် နွေးထွေးမှုတစ်စုံတစ်ရာကို ရှာမတွေ့နိုင်ပါဘူး။သူ့စကားတွေက သူ့ကို ပိုက်ဆံပေးပြီးချက်ချင်းထွက်သွားခိုင်းတာကို သူရှင်းရှင်းလင်းလင်းခံစားမိတယ်။
ရှစ်ယွီက အချိန်တစ်ခုထိဗလာဖြစ်သွားတယ်။သူ့တာဝန်က ခက်ခဲတာကိုသူသိပါတယ်။ ဒါပေမယ့် ဒါကြီးက ဒီလောက်ထိခက်ခဲလိမ့်မယ်လို့ သူမမျှော်လင့်ထားဘူးဖြစ်တယ်။
ဒီလူက လမ်းညွှန်စာအုပ်ကိုအသုံးပြုတာရောဟုတ်ရဲ့လား။
(ဒီ guidebook နဲ့ပက်သက်ပြီးအရှေ့ပိုင်းတွေမှာပါခဲ့တာသိပါတယ်။but I'm lazy to check so plz forgive me ㅜㅜ)
ရှစ်ယွီနောက်ကလိုက်မလာတာတွေ့တော့ ယွီရှန်ဖုန်းက သူ့သားကိုသယ်ပြီး ခြံဝင်းထဲဝင်လိုက်တယ်။
ယွီမိသားစုရဲ့အိမ်က တအားကြီးကြီးနေတာမဟုတ်ေပမယ့် အလွန်ကို ဇိမ်ခံပစ္စည်းများနဲ့ပြည့်စုံပြီး တန်ဖိုးကြီးပုံပေါ်လေတယ်။အထူးသဖြင့် ခြံဝင်းက အလွန့်အလွန်ကျယ်ဝန်းပြီး ဘယ်ဘက္မှာမြက်ခင်းစိမ်းပြင်ကြီးရှိပြီး ညာဘက္မှာတော့ ပန်းဉယျာဥ်တစ်ခု က လှပစွာတည်ရှိနေတယ်။
ရှစ်ယွီက အပြင်ဘက္မှာရပ်နေပြီး ယွီရှန်ဖုန်းအိမ်ထဲဝင်ပြီး တံခါးပိတ်သွားတဲ့အထိ ကြည့်နေမိတယ်။
လမ်းမီးတွေထိန်ထိန်လင်းနေပြီး ခြံဝန်းကြီးကတိတ်ဆိတ်နေတယ်။ရှစ်ယွီက ထိုင်စရာနေရာတွေ့လိုက်ပြီး ရုတ်တရက် ဝမ်းနည်းလာတယ်။
သူ့ရဲ့မူလဘဝမှာ...သူကမိဘမဲ့တစ်ယောက်။
ကြင်နာတတ်တဲ့နှလုံးသားပိုင်ရှင်တွေကြောင့် သူက အထက်တန်းအောင်မြင်ခဲ့တာဖြစ်တယ်။အစက သူက အလုပ်ရှာပြီး ဝင်ငွေရတဲ့အခါ သူ့ကိုထောက်ပံပေးထားသူတွေကို ပြန်ပြီး ကျေးဇူးဆပ်ချင်တာဖြစ်တယ်။ဒါပေမယ့် ဘယ်သူထင်မှာလဲ သူကျေးဇူးဆပ်ခွင့်မရလိုက်ခင်မှာပဲ ကားမတော်တဆမှုမှာပါခဲ့ပြီး သေဆုံးသွားခဲ့မယ်လို့လေ။
အကြောင်းပြချက်မရှိပါပဲ ဒီနေရာကိုကူးပြောင်းခံရပြီးတဲ့နောက္မှာ system ကပေးတဲ့အချက်အလက်တွေအရ သူဝင်ထားတဲ့လမ်းသရဲလေးရဲ့ နောက်ခံက သူနဲ့အတူတူပဲြဖစ်တယ်။ သူတို့ရဲ့ စရိုက်လက္ခဏာတွေကလဲတူညီကြတယ်။ဆိုလိုတာက တစ်ယောက်က လမ်းသရဲဘဝကနေ ကြမ်းကြုတ်တဲ့လူတစ်ယောက်ြဖစ်အောင်ကြိုးစားနေပြီး တစ်ခြားတစ်ယောက်က ဖြစ်ကတန်းဆန်းအလုပ်သမားတစ်ယောက်အဖြစ်ပြောင်းလဲသွားတယ်။
^^ဟေ့ မင်းမြန်မြန်မလုပ်သေးဘူးလား။ဒီတာဝန်ကိုပြီးမြောက်စေမယ့် နည်းလမ်းတစ်ခုစဥ်းစားစမ်းပါ။ချစ်ရတဲ့reminderလေးရေ..တကယ်လို့ မင်းထိပ်ဆုံးကိုမရောက်နိုင်ဘူးဆိုရင် သေးခြင်းက လက်တစ်ကမ်းမှာပဲနော်^^
System ရဲ့ မြည်ကြွေးသံ က သူ့အသံထဲက ပူဆွေးမှုတွေနဲ့ဒေါသတွေကို ကျိုးပဲ့စေတယ်။
^^မင်းပြောတော့လွယ်လိုက်တာ။မင်းမြင်တယ်မလား။အခု ဘယ်အရာကိုမှ ထိုကိုင်ဖို့
တောင်မတတ်နိုင်ဘူး^^
ရှစ်ယွီက ထိုစကားကိုပြောပြီး စိတ်ဓာတ်အတုံးလိုက်အတစ်လိုက်ကျသွားတော့တယ်။
ဒီလူက နဲနဲလေးမှ လိုက်လျောညီထွေမရှိဘူး။သူက ခံစားချက်မရှိတဲ့လူကြီးပဲ။သူ့သားက သူ့ကို မနာခံတာ အံြသ စရာမရှိပါဘူး။
Chapter 11 END
Oct 18 2021
Have a nice day✌✌