High Boss's Husband (Complete...

By Rei-Han

3.4M 285K 23.6K

[Unicode+Zawgyi] More

Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39 [Unicode]
Chapter 39 [Zawgyi]
Chapter 40 [Unicode]
Chapter 40 [Zawgyi]
Chapter 41
Chapter 42 [Unicode]
Chapter 42 [Zawgyi]
Chapter 43
Chapter 44 [Unicode]
Chapter 44 [Zawgyi]
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Happy National Couple's Day
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58 (Final)
Rei's
Eternal story - 1
Eternal story - 2
Eternal story - 3
Eternal Story - 4
Eternal Story - 6
Thadingyut GIFT
Eternal Story - 7
Eternal Story - 8
Eternal Story - 9
Eternal Story - 10
Eternal Story - 11
Eternal Story - 12
Eternal Story - 13
Eternal Story - 14
Eternal Story - 15
Eternal Story - 16
Eternal Story - 17
Eternal Story - 18
Eternal Story - 19
Eternal Story - 20
Eternal Story - 21
Eternal Story - 22
Eternal Story - Final
I wanna grow old with you

Eternal Story - 5

20.7K 2.4K 294
By Rei-Han

[ Unicode ]

   
"ဇာမ်မင်းမာန်!"

"ကူးကူး!"

"ပြန်ပြောလိုက်တာလားအခု!"

"ဟွန့်!ပြောရဲဘူး!"

နှုတ်ခမ်းပိိစိကိုထော်၍ရွတ်ပြီး ပါးတစ်ဖက်ကိုဖောင်းကာ လွန်းရှေ့ လက်ပိုက်မတ်တပ်ရပ်ရင်းကနေ ဟွန့်ခနဲနှာမှုတ်ပြီး ဘေးဘက်ကိုလှည့်သွားသည့်ကူးကူးကို လွန်းစိတ်မကြည်စွာကြည့်လိုက်သည်။ လွန်းရှေ့စားပွဲပေါ်မှာတော့ ချိုချဉ်အထုပ်အခွံတွေ လေးခုထက်မနည်းရှိနေသည်။ ဒီဖြစ်အင်မျိုးက အိမ်မှာတစ်လကို သုံးခါလောက်အမြဲလိုလိုကိုဖြစ်နေသည်။ သို့ပေမဲ့"လက်သည်"ဟူ၍ မတွေ့ရ။

လွန်း သေသေချာချာတင်ထားသည့် ဟိုးစင်ပေါ်ကချိုချဉ်ဘူးကို သားတစ်ယောက် ဘယ်လိုလှမ်းယူပါသနည်း။ ပြီးတော့ အဲ့ဘူးထဲကချိုချဉ်တွေကလျော့လည်းမလျော့။လွန်း ရေထားသည့်အတိုင်း။ ဒါကိုဒီအမှိုက်တွေက။

ထိုင်ခုံပေါ်ထိုင်၍ ကူးကူးကို စိတ်ဆိုးဆိုးကြည့်နေမိရင်း အတွေးထဲပေါ်လာသည့် "လွန်း ဟီးဟီး"ဟု ရယ်ပြနေတဲ့ စပ်ဖြဲဖြဲမောင့်မျက်နှာကြောင့် အတွေးဆိုးကြီးကို ခပ်မြန်မြန်မောင်းထုတ်ပစ်လိုက်ရသည်။ မဖြစ်နိုင်။ လွန်း တားမြစ်ထားသည့်အရာကို မောင်ခိုးပြီး ထပ်အလိုလိုက်ပေးတာတော့မဖြစ်နိုင်။

"ကူးလေးကိုတအားမဆူပါနဲ့ အစ်ကိုလေးလွန်းရယ်၊ ဒေါသထွက်လို့လည်း မကောင်းဘူးမလား"

ကချင်ရောက်ဖူးကတည်းက လွန်းကြိုက်သွားသည့် မြင်းခွာရွက်ကို ခရမ်းချဉ်သီးနိုင်းချင်းနဲ့သုပ်ကာ ပန်းကန်လာပေးရင်း ကြီးနုက သူ့အချစ်တော်ဘက်က စစ်ကူလိုက်သည်။ ဒီပေါက်စဆိုးလာတာလည်းမပြောနဲ့။ မောင်ကအစ ကြီးနုကအဆုံး တစ်ခါတလေမှလာတဲ့ကိုသုနဲ့ သူ့ဖိုးအေကပါ ဖူးဖူးမှုတ်ထားတာ။

"ကြီးနုဖို့ဖယ်ထားဦးနော်၊ ဦးမချမိမှာစိုးလို့"

"ဖယ်ပြီးပြီဖယ်ပြီးပြီ၊ အဲ့ဒါအချိုမှုန့်လျော့သုပ်လာတာ၊ ပြောလို့သာပြောတာ အစ်ကိုလေးလွန်းရေ၊ ကိုသဲသဲပိုတို့က မီးဖိုခန်းထဲကအချိုမှုန့်ပုလင်းကို ဘယ်တုန်းက လာယူသွားမှန်းတောင်မသိဘူး၊ အဲ့ဒါကြီးနုဖွက်ထားတာလေးနဲ့ ရအောင်သုပ်ထားတာ"

ဇာမ့်ကိုရည်ညွှန်းသည့် ကိုသဲသဲပိုနာမ်စားကို လွန်းက သဘောတကျရယ်တော့ လက်ကလေးပိုက်ပြီးမတ်တပ်ရပ်နေသည့် ကူးကူးက သူ့ဘက်ကို ရာသီဥတု အလေးသာပြီအထင်နဲ့ ဗိုက်ပူလေးကိုရှေ့ထုတ်လိုက်ကာ မျက်နှာလေးပြန်ဖောင်းလာသည်။ ဒါပေမဲ့ ကြီးနုထွက်သွားတာနဲ့ သူ့ဘက်ပြန်လှည့်လာတဲ့ လွန်းမျက်နှာခပ်အေးအေးကိုမြင်တော့ အသံလေးတိတ်သွား၏။

ပါပါးစိတ်ဆိုးရင် ဖေတစ်ယောက် နေစရာမရှိတာမဆန်းပါ။ ပင်လယ်နဲ့တူတဲ့မျက်လုံးပြာတွေကိုလည်း ကြောက်စရာကောင်းအောင်ကျုတ်ထားသေးတာ။

"ဘယ်ကရတာလဲပြော!"

"ပြောဘူး!"

ခေါင်းကိုသာ သွက်သွက်ယမ်းမိ၏။ မနက်တစ်ခါ ညတစ်ခါ ဖေမှာထားသည်။ ဖေ ခိုးဝယ်ပေးထားသည့် စုပ်လုံးတွေအကြောင်း ပါပါးကိုပြောမိရင် ကူးကူးရောဖေပါ အိမ်ပေါ်ကနေကန်ချခံရမည်တဲ့။ ဖေပြောတာကို သိပ်နားမလည်ပေမဲ့ အဲ့ဒီစကားက ကူးကူးကုတင်ပေါ်မှာ အိပ်လို့မရတော့ တာကိုပြောမှန်းတော့ ကူးကူးသိပါ၏။

"ဇာမ်မင်းမာန်!"

"ကူးကူးဘာဆို!"

"လာ ဒီကိုလာ! လက်ပိုက်ပြီးဒီကိုလာခဲ့! လက်ထဲကိုင်နေတာ ငှက်မွှေးထင်နေလို့ လာအကဲစမ်းနေတာလား!"

"အိ! ဖေ့!"

ကြက်မွှေးကိုဇောက်ထိုးကိုင်ထားတဲ့ လွန်းကြောင့် ကူးကူးမျက်လုံးဝိုင်းကြီးထဲ မျက်ရည်တွေချက်ချင်းပြည့်လာသည်။ မူကြိုကနေပြန်လာလာချင်း ကူးကူးကိုအိမ်ပေါက်ဝတင် ချပေးသွားသည့် ကယ်တင်ရှင်ဖေက လုပ်လုပ်,လုပ်ဖို့ ပြန်ထွက်သွားတာ ခုထိအိမ်ပြန်မလာသေး။

"ဖေ့ဆီသွားမှာအော်လည်း လိုက်မပို့ဘူးနော် ကူးကူး၊အဲ့ဒီချိုချဉ်ကိစ္စ ဒီနေ့ရအောင်ရှင်း"

ပါးဖောင်းအိအိတွေပေါ် မျက်ရည်တွေစီးကျကာ အသံတိတ်တရှုတ်ရှုတ်ငိုနေသည့် ကူးကူးက သူ့လက်ဖမိုးဖောင်းဖောင်းကိုပင့်ပြီး မျက်ရည်တွေကို ပွတ်ပစ်လိုက်သည်။ လွန်းက ကူးကူး ဘာဆက်လုပ်မလဲ ကြည့်နေပေမဲ့ မျက်ရည်တွေကိုသာသုတ်နေသည်။ တစ်ခါသုတ်လိုက်တိုင်းလည်း နှုတ်ခမ်းကထော်ထွက်လာပြီး ရှိုက်သံတရှုတ်ရှုတ်ထွက်နေသည်။

"မပြောရင်-"

"အင့် ပါး!"

လွန်း ကိုင်ထားသည့် ကြက်တောင်မွှေးကို သူနဲ့လွတ်အောင် ဘေးကိုပုတ်ထုတ်ပြီး ထိုင်နေတဲ့ လွန်းရင်ခွင်ထဲပစ်ဝင်လာသည့် အိအိစက်စက်ပေါက်စီလုံးက ပွတ်ချေထားတာမို့ မို့ရဲနေသည့်မျက်လုံးဝိုင်းကြီးတွေနဲ့လည်း မော့ကြည့်လာသေး၏။

လွန်းဘာမှမပြောနိုင်သေးခင်မှာပင် သူထိုင်နေကျအတိုင်း ဗိုက်နဲ့လွတ်အောင် ကားယားလေးဝင်ထိုင်၍ ရှေ့ကမြင်းခွာရွက်ပန်းကန်ကို အရောင်တလက်လက်ကြည့်ကာ

"ကူးကို ထွံ့ပါအုံး!"

သူ့ကိုဆူနေတာကိုသိသိကြီးနဲ့ မေ့ချင်ယောင်ဆောင်ပြီး လူပေါ်တက်ထိုင်၍ အသုပ်ပင်ခွံ့ခိုင်းနေသည့်သားကို လွန်းလည်း ထိုထက်ကြာကြာစိတ်မဆိုးနိုင်တော့။

"အချွဲကောင်လေး၊ မသင်ဘဲနဲ့ အဲ့အကျင့်တွေတတ်နေတာ"

အပြည့်ဟပေးလာသည့်ပါးစပ်ထဲ ဇွန်းနဲ့ခပ်နည်းနည်းထည့်ကျွေးပြီး မျက်ဝတ်သုတ်ပေးရင်းပြောတော့ ယုန်သွားလေးလို ကြီးလာပြီဖြစ်တဲ့ ရှေ့သွားနှစ်ချောင်းပေါ်အောင် ပြုံးပြသည်။ သားက ကြီးလာလေလေမောင်နဲ့ပိုတူလာလေလေ။ အပြစ်လုပ်ပြီးရင်လည်း လေသံအေးနဲ့ လွန်းကိုဘယ်လိုချုပ်ရမလဲဆိုတာ အတိအကျသိသည်။

"ဖေပြန်လာသေးဘူး"

"ဖေဖေကအလုပ်တွေရှုပ်နေတာနေမှာ၊ ဒီရက်ပိုင်း ဖေဖေ့ကိုမညှော်နဲ့ဦးနော်"

"ဟုတ်"

တိုင်ကပ်နာရီကိုလှမ်းကြည့်တော့ ညနေငါးနာရီ။သားကိုကျောင်းကြိုပြီး အိမ်ပြန်လိုက်ပို့ပြီးကတည်းက လွန်းနဲ့တောင်မတွေ့လိုက်ရဘဲ ကုမ္ပဏီကိုပြန်ထွက်သွားတာ အခုထိဖြစ်သည်။ အချိန်ပိုအဆင်းရှားသူမို့ ခုထိအလုပ်လုပ်နေတာက တကယ်ရှုပ်နေလို့သာ။ လွန်းထက်နှစ်,နှစ်ငယ်တဲ့ ကျန်းကျန်းမာမာအမျိုးသားဖြစ်ပေမဲ့ မောင်ပင်ပန်းမှာ စိုးရိမ်ရသည်။

စာမေးပွဲကို အောင်ရုံတင်ဆိုတာတော့ဘယ်ဟုတ်မလဲ၊ နည်းနည်းတော့အားစိုက်မှပေါ့လို့ ပြောဖူးတဲ့ လွန်းစကားတစ်ခွန်းက တတိယနှစ်ကောင်ကလေးကို မအိပ်မနေစာလုပ်တဲ့အထိ ဖြစ်မှန်းမသိဖြစ်စေခဲ့ဖူးတာမို့။

ကျောပိုးအိတ်ထဲကထွက်လာသည့် သားချိုချဉ်အမှိုက်တွေကို သွားပစ်ပြီး လွန်းထွက်လာတော့ ဧည့်ခန်းမှာ ဦးမာန်နိုင်ရောက်နေသည်။ ဝတ်စုံသပ်သပ်ရပ်ရပ်နဲ့အပြင် အိတ်တွေအထုပ်တွေပါ ပါသေးတာမလို့ အခုမှခရီးက ပြန်ရောက်ရောက်ချင်း သူ့မြေးကိုလာတွေ့ပုံ။ သားကဦးမာန်နိုင်ပေါ်မှာအချီခံထားရင်း ပြုံးရယ်နေ၏။ မရယ်မပြုံး ကြည့်တယ်ဆိုရုံသာကြည့်ပြီး အပေါ်ထပ်ကိုတက်ဖို့ ပြင်တော့

"မုန့်ဝယ်လာတယ်"

"ဟုတ်ကဲ့"

"ထည့်ပေးရမလား"

"ကျွန်တော်ဗိုက်မဆာသေးဘူး"

နောက်ကိုလှည့်မကြည့်ဘဲ ပြောလာသည့် လွန်းစကားကထိုမျှ။ တိုးတက်မလာတဲ့အခြေအနေကြောင့် မြေးကိုကျီစယ်ရင်း ဦးမာန်နိုင်သက်ပြင်းချလိုက်ချိန် မ​မျှော်လင့်ထားတဲ့ စကားသံထပ်ထွက်လာသည်။

"ခဏနေဆာမှ စားတော့မယ်"

"အင်း အင်း၊ သားဆာရင်ဆင်းခဲ့၊ ပြင်ပေးထားမယ်"

ပုံမှန်ခြေလှမ်းနဲ့ အခန်းထဲဝင်သွားတဲ့ ကျောပြင်ငယ်က ခေါင်းညိတ်လိုက်လား၊ခေါင်းယမ်းလိုက်လားမသေချာ။ အသိအမှတ်ပြုခြင်းမမည်တဲ့ စကားလေးတစ်ခွန်းကတင် ဦးမာန်နိုင်လို ကိုယ့်ဖို့ပဲအတ္တသိတဲ့ လူတစ်ယောက်ကို ပြုံးစေနိုင်သည်။

ဗိုက်ပူဖောင်းဖောင်းမြေးကို ပင့်ချီပြီးလေပေါ်ဝှေ့ယမ်းဖို့လုပ်လိုက်ပေမဲ့ အင့်ခနဲခန္ဓာကိုယ်က ဘယ်လိုမှမနိုင်။ စင်္ကာပူမသွားခင်လေးကတင် မြေးကိုသူချီနိုင်သေးသည်။

"မြေး၊ ဝိတ်တွေတက်လာတာလား ဟုတ်လား"

"ဟုတ်ဘူး"

သူ့အဖိုးယူလာသည့် မုန့်ထုပ်လေးတွေနား လှုပ်စိစိလျှောက်သွားရင်း အားကြိုမာန်တက် ဟင့်အင်းငြင်းလာတဲ့ ကူးကူးကြောင့် မြန်မာပြည် ရန်ကုန်ကိုရောက်မှ ဆိုင်သွားအသစ်လုပ်လိုက်ရသည့် ပါဝါပိုတိုးလာတဲ့ မျက်မှန်ကိုတစ်ချက်ပင့်ရင်း ဦးမာန်နိုင် ငိုင်ကျသွားရသည်။

ရန်ကုန်က မျက်စိဆရာဝန်ကိုပြဖို့အတွက် ဟိုမတည့်တဲ့သကောင့်သားအား စုံစမ်းခိုင်းမိရာက ခနဲ့သလိုလို၊တရားချသလိုလိုနဲ့ ပြောသွားတဲ့စကားက ခေါင်းထဲပြန်ဝင်လာသည်။

""ဦးမာန်လည်းနော်၊ အသက်မကြီးပါဘူးသာ စွတ်ပြောနေတာ၊ ဇရာကပြတော့ ပါဝါလေးက လိုလာပြီ၊ နောက်ဆိုအရိုးကျိုးတို့ သွားကျိုးတို့ပါဖြစ်တော့မှာ၊ ကိုယ့်ဟာကိုယ် ဂရုလေးဘာလေးလည်းစိုက်ဦး၊ မသိလိုက်ခင်ကျိုးနေဦးမယ်""

ယောင်ယောင်ယမ်းယမ်းနဲ့ ကိုယ့်လက်ဖျံရိုးကိုယ် ပြန်ခေါက်ကြည့်တော့လည်း ဒေါက်ခနဲနေအောင်အသံမြည်ပါသေးသည်။

"ဒါယေး ဖောက်ပေးပါဦး!"

"ဟေ ပေး ပေး ဖိုးဖိုးဆီပေး"

ချောကလက်ထုပ်ကိုပိုက်ကာ သူ့ဆီလျှောက်လာသည့်မြေးကြောင့် မဟုတ်မဟပ်အတွေးတွေကိုမောင်းထုတ်ပစ်လိုက်သည်။ မြေးကဝိတ်တတ်လာတာပဲဖြစ်မှာ။ သူကလည်းသူ။ ဟိုသကောင့်သား စကားဆိုရင် ညာဘက်နားကဝင်၊ ဘယ်ဘက်နားကထုတ်နေတဲ့တိုင်အောင် ဘယ်ချောင်ကနေ မှတ်မိမှန်းမသိ မှတ်မိနေတာ။ သမက်ကြောင့်အသက်တိုမယ်ဆိုရင် ရာဇဝင်မှာဦးမာန်နိုင်ဟာထိပ်ဆုံးချိတ်လိမ့်မည်ပင်။

>>>>High Boss's Husband<<<<

"ကိုသုပြန်ရင်ပြန်နှင့်၊ အိပ်ချင်နေတယ်မလား၊ အိမ်ပြန်အိပ်လိုက် သွား"

မှန်စားပွဲပေါ်တင်ထားတဲ့ ဖိုင်တွဲအထပ်မြင့်ကြီးနဲ့ နဖူးနဲ့ ခဏခဏခလုတ်တိုက်နေပြီဖြစ်တဲ့ ကိုသုကို အလုပ်လုပ်နေရင်း မနေသာတော့တာမို့ ဇာမ်လှမ်းပြောတော့ အိပ်ရာကထလာတဲ့သူလို ဇီးကွက်ထက်ပြူးလောက်မဲ့မျက်လုံးနဲ့ ဇာမ့်ကိုကြည့်လာသည်။

"Boss ဘာပြောလိုက်တာ"

ဘယ်လောက်အိပ်ချင်နေသလဲဆို "ဘာပြောလိုက်တာလဲ"ကိုတောင် အဆုံးထိပါမလာတော့။ ညခုနှစ်နာရီကစောသေးပေမဲ့ ထမင်းဆိပ်တက်တာရော၊ ဇာမ့်ကိုကူဖို့ မနက်ကအစောကြီးထရတာရောပေါင်းပြီး ကိုသုတစ်ယောက် အတော်လေးအင်ဂျင်ပါဝါကျနေပြီ။

"ပြန်ချင်ပြန်တော့လို့၊ တရေးဝအောင် အိပ်လိုက်ဦး၊ အလုပ်တွေက ဒီရက်ပိုင်း ဆက်တိုက်လုပ်ရဦးမှာ"

မန္တ​လေးကလုပ်ငန်းရှင်က ဇာမ်တို့ထင်ထားတာထက်ပင် ပိုခေါင်းမာနေသည်။ ဆိုးတာက လိုက်နေတဲ့ကုမ္ပဏီက ဇာမ်တို့ကုမ္ပဏီတစ်ခုတည်းမဟုတ်ဘဲ တခြားတစ်ခုပါ အပြိုင်လိုက်နေခြင်း။ အဲ့ဒီတော့နှစ်ဖက်လုံးက ခေါ်ကြေးတွေတင်ပြီး လေလံဆွဲသလိုပင်ဖြစ်နေ၏။

"Boss တစ်ယောက်တည်း ဖြစ်ပါ့မလား"

လူမှုရေးကျင့်ဝတ်နဲ့ သံယောဇဉ်လေးကြောင့်သာ မေးနေသည်။ကိုသုပုံစံက ရန်ကုန်လေတစ်ချက်တိုက်လိုက်တာနဲ့ ဘုတ်ဆိုလဲကျသွားတော့မဲ့အတိုင်း။ ဇာမ်က အလုပ်စားပွဲပေါ်က photo stand လေးကို တစ်ချက်လှမ်းကြည့်သည်။

"ဖြစ်တယ်ကိုသု၊ ဂရုစိုက်ပြီးပြန်၊ အိမ်ပြန်ရောက်ရင်ရောက်တဲ့အကြောင်း message လေးတော့ ပို့ထား"

"ဟုတ်ကဲ့၊ ဒါဆိုကျွန်တော်ပြန်တော့မယ်၊ Boss လည်း ညဉ့်မနက်နဲ့ဦး"

Company တစ်ခုလုံးမှာ ဇာမ်နဲ့ မြေညီထပ်ကလုံခြုံရေးဦးလေးနှစ်ယောက်ရယ်သာကျန်သည်။ ညစာကတော့ ခြောက်နာရီလောက်က ဒီမျက်စောင်းထိုးဆိုင်မှာ ဆင်းစားပြီးပြီမို့ စိတ်ပူစရာမလို။ အာ...ဇာမ်တို့ပြန်တက်လာတော့ ထုတ်ကုန်က ဝန်ထမ်းအသစ်မိန်းကလေး ရှိနေသေးတယ်။

"ကိုသု နေဦး!"

သိမ်းစရာရှိတာသိမ်းပြီး ထွက်တော့မည့် ကိုသုက လှည့်ကြည့်လာသည်။

"ထုတ်ကုန်က ဝန်ထမ်းအသစ်ကို ခုထိမပြန်သေးရင် ဒီညဆက်မလုပ်တော့ဖို့နဲ့ အိမ်ပြန်ဖို့ကားငှားပေးလိုက်ပါဦး ကိုသု၊ မိန်းကလေးတစ်ယောက်တည်းမို့"

"ဟုတ်၊ ကျွန်တော်ပြောလိုက်မယ် Boss"

"အိုခေ"

ဇာမ်က meeting ရှိရင်သာ ဝန်ထမ်းတွေနဲ့ပြောပြောဆိုဆိုရှိပေမဲ့ ဝန်ထမ်းတစ်ယောက်တည်းရှိတဲ့ ဒီလိုအချိန်မျိုးဆိုရင်တော့ တော်ရုံပြောဖို့ ဝန်လေးတတ်သည်။ ယောကျာ်းလေးဆို ကိစ္စသိပ်မရှိသော်ငြား တစ်ဖက်ကမိန်းကလေးဖြစ်နေရင် တာဝန်နဲ့ ကိုယ်ရေးကိုယ်တာ မရောထွေးဘူးဆိုဆို အိမ်ထောင်သည်တစ်ယောက်မလို့ ဆင်ခြင်ရမှာတွေလည်း သူ့နေရာနဲ့သူရှိသည်။

အသစ်ကလေးတွေတင်ပြလာတဲ့ design ဖိုင်တွေကို ပြင်သင့်တာပြင်၊ မှတ်ချက်ပြုသင့်တာပြုပြီး ဇာမ်အလုပ်ပါးတော့ ညရှစ်နာရီတိတိ။ နာရီစင်က ရှစ်နာရီထိုးသံကို ကြားရသည်။

လွန်းကို ဖုန်းဆက်ကြည့်ဖို့အတွက် ဖုန်းကောက်ကိုင်လိုက်ပေမဲ့ ဒီချိန်ဆိုအိပ်နေလောက်ပြီလားလို့တွေးမိတာမို့ ဦးတည်ခေါ်ဆိုသူကို ပြောင်းလိုက်သည်။

"ဟယ်လို ဦးမာန်၊ လွန်းအိပ်နေပြီလား"

"ဟိတ်ကောင် မင်း,လင် အိပ်နေတာလားသိချင်ရင်သူ့ဆက်ပါလား! ဘာလို့ငါ့ဆက်တာလဲ"

ဖုန်းထဲကနေဟိန်းထွက်လာသည့် အော်သံနဲ့အတူ မဲသည်းနေမည့် ဦးမာန်မျက်နှာကိုပါ စိတ်မှန်းနဲ့မြင်နေရပြီမလို့ ဖုန်းကိုနားနဲ့ခွာမိသည်။ ကြည့်ရတာ အိပ်နေတဲ့ကျားကို ဇာမ်သွားနှိုးမိပြီ ထင်သည်။ နေ့လည်ကခရီးက ပြန်ရောက်ရောက်ချင်း ပင်ပန်းနေမှာကို အိမ်ကိုသွားအိပ်ပေးဖို့အကူအညီတောင်းတာနဲ့တင် ဇာမ်တော်တော်တကိုယ်ကောင်းဆန်နေပြီ။ ဒီလိုကျတော့လည်း စိတ်မကောင်း။

"ကန်တော့ကန်တော့ ဦးမာန်၊ ပြန်အိပ်လိုက်ဦး၊ ကျွန်တော်လွန်းကိုပဲ လှမ်းဆက်လိုက်မယ်"

"အေး!"

တစ်လုံးတည်း ယတိပြတ်ပြောပြီး ဖုန်းချသွားတာဂွက်ခနဲ။ ဦးမာန်ကိုနှိုးရဲပေမဲ့ လွန်းကိုတော့ ဇာမ်မနှိုးရက်ပါ။ အိမ်ပြန်နောက်ကျမဲ့ အကြောင်းကို ညနေက ဖုန်းလှမ်းဆက်ပြီးပြောတုန်းက လွန်းအသံ သိပ်မကြည်ချင်။ ထိုအသံ၊ထိုကာလာက နေ့လည်က အိပ်ရေးမဝထားတာကတပါး အခြားမရှိ။

Ring Ring!

မှန်တံခါးခန်းဆီးကိုဖယ်ပြီး အပေါ်စီးကမြင်နေရတဲ့ ရန်ကုန်တစ်မြို့လုံးရဲ့ မီးရောင်စုံအလှအပတွေအစား ဖုန်းဆက်ရကောင်းနိုး၊မကောင်းနိုးစဉ်းစားနေရင်း တိုက်တိုက်ဆိုင်ဆိုင်မြည်လာသည့် ဖုန်းသံကြောင့် တွန့်ခနဲဖြစ်သွားရသည်။ သို့ပေမယ့် ခေါ်ဆိုလာတဲ့နာမည်ကို မြင်တာနဲ့ မှိုင်ထွေနေသည့်မျက်နှာက စမ်းရေအေးပက်သလို ချက်ချင်းကြည်လင်သွားသည်။

"လွန်း"

"လွန်း၊ မကြားရဘူးလား"

ဇာမ်ခေါ်လိုက်ပေမဲ့ ပြန်ထူးမလာတာမို့ ထပ်ခေါ်မိတော့ တခစ်ခစ်ရယ်သံတွေ ထွက်လာသည်။ လွန်းကဒီလိုမရယ်တတ်။ ဒီလိုတခစ်ခစ်တခတ်ခတ်ရယ်တတ်တာက သားပဲရှိသည်။ လွန်းဖုန်းခေါ်တာကို သားကဝင်ပြောနေတာလား။ သားကပဲအတတ်တွေလွန်ပြီး ဇာမ့်ဆီဖုန်းခေါ်တာလား။ ဇာမ်မေးမလို့ပြင်ဆဲမှာပင် အသံသေးသေးလေးထွက်လာသည်။

"ခစ်ခစ် လွန်းဟုတ်ဘူး! ကူးကူး"

"သားကဖုန်းတောင်ခေါ်တတ်နေပြီပေါ့"

"ပါပါးယုပ်ပေးတာ"

"ပါပါးကအခုဘယ်မှာလဲ၊ အိပ်နေပြီလား"

ဖုန်းနဲ့ခွာလိုက်တာလားမသိ။ အသံတွေခဏတိတ်သွားသည်။ ဘာပြောနေမှန်းမကြားရတဲ့ သားအသံဝါးတားတားနောက်မှာမှ လွန်းအသံကိုကြားရသည်။

"အင်း မောင်၊ ညနက်လှပြီနော်၊ အလုပ်တွေတအားများနေတာလား "

"ဘာလို့လဲ၊ မောင့်ကို စိတ်ပူတာလား"

"ပြောမိလား"

"ပြောချင်နေတာမလား၊ ပြောလိုက်စမ်းပါဗျာ၊ ဒီက,လူက ကြားချင်လွန်းလို့"

ခပ်တိုးတိုးရယ်သံအပါးမှာ ပင်ပန်းအားနည်းချင်မှုတွေအကုန် နိဌိတံကပ်ဆိုက်သည်။ တစ်နေကုန်ဘယ်လောက်​ဆော့ဆော့ ညဘက်လွယ်လွယ်မအိပ်တတ်တဲ့သားရဲ့ လွန်းနဲ့အပြိုင်စကားလုပြောနေတာကိုလည်း ကြားရသည်။

"ဖေ့ မုန့်မုန့်ဝယ်ခဲ့!"

"မှောင်နေပြီလေ ကူးကူး၊ သားဖေဖေက အလုပ်လုပ်နေတာကို၊ ဖိုးဖိုးဝယ်လာတဲ့ မုန့်တွေလည်းရှိတယ်မလား"

"ကူးကူးက ဖေဝယ်လာတာယေးစားကြည့်ချင်ယို့"

"မဟုတ်တာက စတာ"

"သားကိုမဆူပါနဲ့လွန်းရဲ့၊ ဒီရှေ့ကဆိုင် ဖွင့်နေသေးမှ ဝယ်ခဲ့မယ်၊ အဝေးကြီးမသွားဘူး ဟုတ်ပြီလား"

လွန်းရဲ့အင်တင်တင် ခေါင်းညိတ်သံနောက်မှာ သားကတော့ လက်ခုပ်လေးတွေတီးနေရော့မည်။ ဖုန်းပြောတာကသိပ်မကြာ။ ဆယ်မိနစ်အလွန်လေးမှာတင် မုန့်ဝယ်ခဲ့မယ်ဆိုတာ ကြားရသည်နှင့် သားတစ်ယောက်အိပ်ပျော်သွားလေပြီ။ 

ဖြတ်တိုက်လာတဲ့ခပ်အေးအေး ညလေအောက်မှာ အိမ်ကိုအပြေးပြန်ချင်တာပဲသိသည်။ လွန်းကိုမနက်ကပဲတွေ့ခဲ့ရတာ။ ဂရုစိုက်မယ်ပြောပြီး ဘေးနားမနေမိသလို ဖြစ်နေသည်။

"လွန်း"

"ဟင်၊ ပြော မောင်"

ချစ်သူဘဝက ညဘက်ဆို လွန်းကိုတွေ့ချင်တိုင်း ဂစ်တာတစ်လက်ပိုက်ပြီး လွန်းအိမ်ရှေ့ ဆင်ခြေအမျိုးမျိုးနဲ့ သွားတတ်ခဲ့တုန်းက နုပျိုမှုတွေက ဇာမ့်ဆီမှာရှိနေဆဲ။ ဇာမ်မင်းထည်ယံ၏ အရာရာက လွန်းအတွက်ဆို အစကနေလို့ ပြောင်းလဲသွားခြင်း အလျှင်းမရှိ။

"စကားတစ်ခွန်းလောက်ပဲပြောကြည့် လွန်း"

"မောင်"

"အင်း"

"လွမ်းတယ်..."

"အင်း၊ မောင် အခုပြန်လာပြီ"

နှစ်နှစ်ခြိုက်ခြိုက်ပြုံးသွားသည့် တစ်ဖက်ခြမ်းက နှုတ်ခမ်းပါးတွေက စိတ္တဇနာမ်တွေထပ်တူကျနေ၍ဖြစ်လိမ့်မည်။

"ဘာလုပ်ဖို့လဲ"

"လွန်းကို လွမ်းတဲ့အကြောင်း ...ပြောပြချင်လို့ ..."

ထို့နောက်တော့ အိမ်လွမ်းသူသည် သူ၏အိမ်ရှိရာသို့ဆီ။

>>>>High Boss's Husband<<<

Note- အိပ်ပျော်နေတဲ့ကိုသုရေ။ ခင်ဗျား boss ကိုသဲသဲပိုကို ထကြည့်ပါအုံး 😆❤

[ Zawgyi]


"ဇာမ္မင္းမာန္!"

"ကူးကူး!"

"ျပန္ေျပာလိုက္တာလားအခု!"

"ဟြန္႔!ေျပာရဲဘူး!"

ႏႈတ္ခမ္းပိိစိကိုေထာ္၍႐ြတ္ၿပီး ပါးတစ္ဖက္ကိုေဖာင္းကာ လြန္းေရွ႕ လက္ပိုက္မတ္တပ္ရပ္ရင္းကေန ဟြန္႔ခနဲႏွာမႈတ္ၿပီး ေဘးဘက္ကိုလွည့္သြားသည့္ကူးကူးကို လြန္းစိတ္မၾကည္စြာၾကည့္လိုက္သည္။ လြန္းေရွ႕စားပြဲေပၚမွာေတာ့ ခ်ိဳခ်ဥ္အထုပ္အခြံေတြ ေလးခုထက္မနည္းရွိေနသည္။ ဒီျဖစ္အင္မ်ိဳးက အိမ္မွာတစ္လကို သုံးခါေလာက္အၿမဲလိုလိုကိုျဖစ္ေနသည္။ သို႔ေပမဲ့"လက္သည္"ဟူ၍ မေတြ႕ရ။

လြန္း ေသေသခ်ာခ်ာတင္ထားသည့္ ဟိုးစင္ေပၚကခ်ိဳခ်ဥ္ဘူးကို သားတစ္ေယာက္ ဘယ္လိုလွမ္းယူပါသနည္း။ ၿပီးေတာ့ အဲ့ဘူးထဲကခ်ိဳခ်ဥ္ေတြကေလ်ာ့လည္းမေလ်ာ့။လြန္း ေရထားသည့္အတိုင္း။ ဒါကိုဒီအမႈိက္ေတြက။

ထိုင္ခုံေပၚထိုင္၍ ကူးကူးကို စိတ္ဆိုးဆိုးၾကည့္ေနမိရင္း အေတြးထဲေပၚလာသည့္ "လြန္း ဟီးဟီး"ဟု ရယ္ျပေနတဲ့ စပ္ၿဖဲၿဖဲေမာင့္မ်က္ႏွာေၾကာင့္ အေတြးဆိုးႀကီးကို ခပ္ျမန္ျမန္ေမာင္းထုတ္ပစ္လိုက္ရသည္။ မျဖစ္ႏိုင္။ လြန္း တားျမစ္ထားသည့္အရာကို ေမာင္ခိုးၿပီး ထပ္အလိုလိုက္ေပးတာေတာ့မျဖစ္ႏိုင္။

"ကူးေလးကိုတအားမဆူပါနဲ႔ အစ္ကိုေလးလြန္းရယ္၊ ေဒါသထြက္လို႔လည္း မေကာင္းဘူးမလား"

ကခ်င္ေရာက္ဖူးကတည္းက လြန္းႀကိဳက္သြားသည့္ ျမင္းခြာ႐ြက္ကို ခရမ္းခ်ဥ္သီးႏိုင္းခ်င္းနဲ႔သုပ္ကာ ပန္းကန္လာေပးရင္း ႀကီးႏုက သူ႔အခ်စ္ေတာ္ဘက္က စစ္ကူလိုက္သည္။ ဒီေပါက္စဆိုးလာတာလည္းမေျပာနဲ႔။ ေမာင္ကအစ ႀကီးႏုကအဆုံး တစ္ခါတေလမွလာတဲ့ကိုသုနဲ႔ သူ႔ဖိုးေအကပါ ဖူးဖူးမႈတ္ထားတာ။

"ႀကီးႏုဖို႔ဖယ္ထားဦးေနာ္၊ ဦးမခ်မိမွာစိုးလို႔"

"ဖယ္ၿပီးၿပီဖယ္ၿပီးၿပီ၊ အဲ့ဒါအခ်ိဳမႈန္႔ေလ်ာ့သုပ္လာတာ၊ ေျပာလို႔သာေျပာတာ အစ္ကိုေလးလြန္းေရ၊ ကိုသဲသဲပိုတို႔က မီးဖိုခန္းထဲကအခ်ိဳမႈန္႔ပုလင္းကို ဘယ္တုန္းက လာယူသြားမွန္းေတာင္မသိဘူး၊ အဲ့ဒါႀကီးႏုဖြက္ထားတာေလးနဲ႔ ရေအာင္သုပ္ထားတာ"

ဇာမ့္ကိုရည္ၫႊန္းသည့္ ကိုသဲသဲပိုနာမ္စားကို လြန္းက သေဘာတက်ရယ္ေတာ့ လက္ကေလးပိုက္ၿပီးမတ္တပ္ရပ္ေနသည့္ ကူးကူးက သူ႔ဘက္ကို ရာသီဥတု အေလးသာၿပီအထင္နဲ႔ ဗိုက္ပူေလးကိုေရွ႕ထုတ္လိုက္ကာ မ်က္ႏွာေလးျပန္ေဖာင္းလာသည္။ ဒါေပမဲ့ ႀကီးႏုထြက္သြားတာနဲ႔ သူ႔ဘက္ျပန္လွည့္လာတဲ့ လြန္းမ်က္ႏွာခပ္ေအးေအးကိုျမင္ေတာ့ အသံေလးတိတ္သြား၏။

ပါပါးစိတ္ဆိုးရင္ ေဖတစ္ေယာက္ ေနစရာမရွိတာမဆန္းပါ။ ပင္လယ္နဲ႔တူတဲ့မ်က္လုံးျပာေတြကိုလည္း ေၾကာက္စရာေကာင္းေအာင္က်ဳတ္ထားေသးတာ။

"ဘယ္ကရတာလဲေျပာ!"

"ေျပာဘူး!"

ေခါင္းကိုသာ သြက္သြက္ယမ္းမိ၏။ မနက္တစ္ခါ ညတစ္ခါ ေဖမွာထားသည္။ ေဖ ခိုးဝယ္ေပးထားသည့္ စုပ္လုံးေတြအေၾကာင္း ပါပါးကိုေျပာမိရင္ ကူးကူးေရာေဖပါ အိမ္ေပၚကေနကန္ခ်ခံရမည္တဲ့။ ေဖေျပာတာကို သိပ္နားမလည္ေပမဲ့ အဲ့ဒီစကားက ကူးကူးကုတင္ေပၚမွာ အိပ္လို႔မရေတာ့ တာကိုေျပာမွန္းေတာ့ ကူးကူးသိပါ၏။

"ဇာမ္မင္းမာန္!"

"ကူးကူးဘာဆို!"

"လာ ဒီကိုလာ! လက္ပိုက္ၿပီးဒီကိုလာခဲ့! လက္ထဲကိုင္ေနတာ ငွက္ေမႊးထင္ေနလို႔ လာအကဲစမ္းေနတာလား!"

"အိ! ေဖ့!"

ၾကက္ေမႊးကိုေဇာက္ထိုးကိုင္ထားတဲ့ လြန္းေၾကာင့္ ကူးကူးမ်က္လုံးဝိုင္းႀကီးထဲ မ်က္ရည္ေတြခ်က္ခ်င္းျပည့္လာသည္။ မူႀကိဳကေနျပန္လာလာခ်င္း ကူးကူးကိုအိမ္ေပါက္ဝတင္ ခ်ေပးသြားသည့္ ကယ္တင္ရွင္ေဖက လုပ္လုပ္,လုပ္ဖို႔ ျပန္ထြက္သြားတာ ခုထိအိမ္ျပန္မလာေသး။

"ေဖ့ဆီသြားမွာေအာ္လည္း လိုက္မပို႔ဘူးေနာ္ ကူးကူး၊အဲ့ဒီခ်ိဳခ်ဥ္ကိစၥ ဒီေန႔ရေအာင္ရွင္း"

ပါးေဖာင္းအိအိေတြေပၚ မ်က္ရည္ေတြစီးက်ကာ အသံတိတ္တရႈတ္ရႈတ္ငိုေနသည့္ ကူးကူးက သူ႔လက္ဖမိုးေဖာင္းေဖာင္းကိုပင့္ၿပီး မ်က္ရည္ေတြကို ပြတ္ပစ္လိုက္သည္။ လြန္းက ကူးကူး ဘာဆက္လုပ္မလဲ ၾကည့္ေနေပမဲ့ မ်က္ရည္ေတြကိုသာသုတ္ေနသည္။ တစ္ခါသုတ္လိုက္တိုင္းလည္း ႏႈတ္ခမ္းကေထာ္ထြက္လာၿပီး ရႈိက္သံတရႈတ္ရႈတ္ထြက္ေနသည္။

"မေျပာရင္-"

"အင့္ ပါး!"

လြန္း ကိုင္ထားသည့္ ၾကက္ေတာင္ေမႊးကို သူနဲ႔လြတ္ေအာင္ ေဘးကိုပုတ္ထုတ္ၿပီး ထိုင္ေနတဲ့ လြန္းရင္ခြင္ထဲပစ္ဝင္လာသည့္ အိအိစက္စက္ေပါက္စီလုံးက ပြတ္ေခ်ထားတာမို႔ မို႔ရဲေနသည့္မ်က္လုံးဝိုင္းႀကီးေတြနဲ႔လည္း ေမာ့ၾကည့္လာေသး၏။

လြန္းဘာမွမေျပာႏိုင္ေသးခင္မွာပင္ သူထိုင္ေနက်အတိုင္း ဗိုက္နဲ႔လြတ္ေအာင္ ကားယားေလးဝင္ထိုင္၍ ေရွ႕ကျမင္းခြာ႐ြက္ပန္းကန္ကို အေရာင္တလက္လက္ၾကည့္ကာ

"ကူးကို ထြံ႕ပါအုံး!"

သူ႔ကိုဆူေနတာကိုသိသိႀကီးနဲ႔ ေမ့ခ်င္ေယာင္ေဆာင္ၿပီး လူေပၚတက္ထိုင္၍ အသုပ္ပင္ခြံ႕ခိုင္းေနသည့္သားကို လြန္းလည္း ထိုထက္ၾကာၾကာစိတ္မဆိုးႏိုင္ေတာ့။

"အခြၽဲေကာင္ေလး၊ မသင္ဘဲနဲ႔ အဲ့အက်င့္ေတြတတ္ေနတာ"

အျပည့္ဟေပးလာသည့္ပါးစပ္ထဲ ဇြန္းနဲ႔ခပ္နည္းနည္းထည့္ေကြၽးၿပီး မ်က္ဝတ္သုတ္ေပးရင္းေျပာေတာ့ ယုန္သြားေလးလို ႀကီးလာၿပီျဖစ္တဲ့ ေရွ႕သြားႏွစ္ေခ်ာင္းေပၚေအာင္ ၿပဳံးျပသည္။ သားက ႀကီးလာေလေလေမာင္နဲ႔ပိုတူလာေလေလ။ အျပစ္လုပ္ၿပီးရင္လည္း ေလသံေအးနဲ႔ လြန္းကိုဘယ္လိုခ်ဳပ္ရမလဲဆိုတာ အတိအက်သိသည္။

"ေဖျပန္လာေသးဘူး"

"ေဖေဖကအလုပ္ေတြရႈပ္ေနတာေနမွာ၊ ဒီရက္ပိုင္း ေဖေဖ့ကိုမေညႇာ္နဲ႔ဦးေနာ္"

"ဟုတ္"

တိုင္ကပ္နာရီကိုလွမ္းၾကည့္ေတာ့ ညေနငါးနာရီ။သားကိုေက်ာင္းႀကိဳၿပီး အိမ္ျပန္လိုက္ပို႔ၿပီးကတည္းက လြန္းနဲ႔ေတာင္မေတြ႕လိုက္ရဘဲ ကုမၸဏီကိုျပန္ထြက္သြားတာ အခုထိျဖစ္သည္။ အခ်ိန္ပိုအဆင္းရွားသူမို႔ ခုထိအလုပ္လုပ္ေနတာက တကယ္ရႈပ္ေနလို႔သာ။ လြန္းထက္ႏွစ္,ႏွစ္ငယ္တဲ့ က်န္းက်န္းမာမာအမ်ိဳးသားျဖစ္ေပမဲ့ ေမာင္ပင္ပန္းမွာ စိုးရိမ္ရသည္။

စာေမးပြဲကို ေအာင္႐ုံတင္ဆိုတာေတာ့ဘယ္ဟုတ္မလဲ၊ နည္းနည္းေတာ့အားစိုက္မွေပါ့လို႔ ေျပာဖူးတဲ့ လြန္းစကားတစ္ခြန္းက တတိယႏွစ္ေကာင္ကေလးကို မအိပ္မေနစာလုပ္တဲ့အထိ ျဖစ္မွန္းမသိျဖစ္ေစခဲ့ဖူးတာမို႔။

ေက်ာပိုးအိတ္ထဲကထြက္လာသည့္ သားခ်ိဳခ်ဥ္အမႈိက္ေတြကို သြားပစ္ၿပီး လြန္းထြက္လာေတာ့ ဧည့္ခန္းမွာ ဦးမာန္ႏိုင္ေရာက္ေနသည္။ ဝတ္စုံသပ္သပ္ရပ္ရပ္နဲ႔အျပင္ အိတ္ေတြအထုပ္ေတြပါ ပါေသးတာမလို႔ အခုမွခရီးက ျပန္ေရာက္ေရာက္ခ်င္း သူ႔ေျမးကိုလာေတြ႕ပုံ။ သားကဦးမာန္ႏိုင္ေပၚမွာအခ်ီခံထားရင္း ၿပဳံးရယ္ေန၏။ မရယ္မၿပဳံး ၾကည့္တယ္ဆို႐ုံသာၾကည့္ၿပီး အေပၚထပ္ကိုတက္ဖို႔ ျပင္ေတာ့

"မုန္႔ဝယ္လာတယ္"

"ဟုတ္ကဲ့"

"ထည့္ေပးရမလား"

"ကြၽန္ေတာ္ဗိုက္မဆာေသးဘူး"

ေနာက္ကိုလွည့္မၾကည့္ဘဲ ေျပာလာသည့္ လြန္းစကားကထိုမွ်။ တိုးတက္မလာတဲ့အေျခအေနေၾကာင့္ ေျမးကိုက်ီစယ္ရင္း ဦးမာန္ႏိုင္သက္ျပင္းခ်လိုက္ခ်ိန္ မ​ေမွ်ာ္လင့္ထားတဲ့ စကားသံထပ္ထြက္လာသည္။

"ခဏေနဆာမွ စားေတာ့မယ္"

"အင္း အင္း၊ သားဆာရင္ဆင္းခဲ့၊ ျပင္ေပးထားမယ္"

ပုံမွန္ေျခလွမ္းနဲ႔ အခန္းထဲဝင္သြားတဲ့ ေက်ာျပင္ငယ္က ေခါင္းညိတ္လိုက္လား၊ေခါင္းယမ္းလိုက္လားမေသခ်ာ။ အသိအမွတ္ျပဳျခင္းမမည္တဲ့ စကားေလးတစ္ခြန္းကတင္ ဦးမာန္ႏိုင္လို ကိုယ့္ဖို႔ပဲအတၱသိတဲ့ လူတစ္ေယာက္ကို ၿပဳံးေစႏိုင္သည္။

ဗိုက္ပူေဖာင္းေဖာင္းေျမးကို ပင့္ခ်ီၿပီးေလေပၚေဝွ႔ယမ္းဖို႔လုပ္လိုက္ေပမဲ့ အင့္ခနဲခႏၶာကိုယ္က ဘယ္လိုမွမႏိုင္။ စကၤာပူမသြားခင္ေလးကတင္ ေျမးကိုသူခ်ီႏိုင္ေသးသည္။

"ေျမး၊ ဝိတ္ေတြတက္လာတာလား ဟုတ္လား"

"ဟုတ္ဘူး"

သူ႔အဖိုးယူလာသည့္ မုန႔္ထုပ္ေလးေတြနား လႈပ္စိစိေလွ်ာက္သြားရင္း အားႀကိဳမာန္တက္ ဟင့္အင္းျငင္းလာတဲ့ ကူးကူးေၾကာင့္ ျမန္မာျပည္ ရန္ကုန္ကိုေရာက္မွ ဆိုင္သြားအသစ္လုပ္လိုက္ရသည့္ ပါဝါပိုတိုးလာတဲ့ မ်က္မွန္ကိုတစ္ခ်က္ပင့္ရင္း ဦးမာန္ႏိုင္ ငိုင္က်သြားရသည္။

ရန္ကုန္က မ်က္စိဆရာဝန္ကိုျပဖို႔အတြက္ ဟိုမတည့္တဲ့သေကာင့္သားအား စုံစမ္းခိုင္းမိရာက ခနဲ႔သလိုလို၊တရားခ်သလိုလိုနဲ႔ ေျပာသြားတဲ့စကားက ေခါင္းထဲျပန္ဝင္လာသည္။

""ဦးမာန္လည္းေနာ္၊ အသက္မႀကီးပါဘူးသာ စြတ္ေျပာေနတာ၊ ဇရာကျပေတာ့ ပါဝါေလးက လိုလာၿပီ၊ ေနာက္ဆိုအ႐ိုးက်ိဳးတို႔ သြားက်ိဳးတို႔ပါျဖစ္ေတာ့မွာ၊ ကိုယ့္ဟာကိုယ္ ဂ႐ုေလးဘာေလးလည္းစိုက္ဦး၊ မသိလိုက္ခင္က်ိဳးေနဦးမယ္""

ေယာင္ေယာင္ယမ္းယမ္းနဲ႔ ကိုယ့္လက္ဖ်ံ႐ိုးကိုယ္ ျပန္ေခါက္ၾကည့္ေတာ့လည္း ေဒါက္ခနဲေနေအာင္အသံျမည္ပါေသးသည္။

"ဒါေယး ေဖာက္ေပးပါဦး!"

"ေဟ ေပး ေပး ဖိုးဖိုးဆီေပး"

ေခ်ာကလက္ထုပ္ကိုပိုက္ကာ သူ႔ဆီေလွ်ာက္လာသည့္ေျမးေၾကာင့္ မဟုတ္မဟပ္အေတြးေတြကိုေမာင္းထုတ္ပစ္လိုက္သည္။ ေျမးကဝိတ္တတ္လာတာပဲျဖစ္မွာ။ သူကလည္းသူ။ ဟိုသေကာင့္သား စကားဆိုရင္ ညာဘက္နားကဝင္၊ ဘယ္ဘက္နားကထုတ္ေနတဲ့တိုင္ေအာင္ ဘယ္ေခ်ာင္ကေန မွတ္မိမွန္းမသိ မွတ္မိေနတာ။ သမက္ေၾကာင့္အသက္တိုမယ္ဆိုရင္ ရာဇဝင္မွာဦးမာန္ႏိုင္ဟာထိပ္ဆုံးခ်ိတ္လိမ့္မည္ပင္။

>>>>High Boss's Husband<<<<

"ကိုသုျပန္ရင္ျပန္ႏွင့္၊ အိပ္ခ်င္ေနတယ္မလား၊ အိမ္ျပန္အိပ္လိုက္ သြား"

မွန္စားပြဲေပၚတင္ထားတဲ့ ဖိုင္တြဲအထပ္ျမင့္ႀကီးနဲ႔ နဖူးနဲ႔ ခဏခဏခလုတ္တိုက္ေနၿပီျဖစ္တဲ့ ကိုသုကို အလုပ္လုပ္ေနရင္း မေနသာေတာ့တာမို႔ ဇာမ္လွမ္းေျပာေတာ့ အိပ္ရာကထလာတဲ့သူလို ဇီးကြက္ထက္ျပဴးေလာက္မဲ့မ်က္လုံးနဲ႔ ဇာမ့္ကိုၾကည့္လာသည္။

"Boss ဘာေျပာလိုက္တာ"

ဘယ္ေလာက္အိပ္ခ်င္ေနသလဲဆို "ဘာေျပာလိုက္တာလဲ"ကိုေတာင္ အဆုံးထိပါမလာေတာ့။ ညခုႏွစ္နာရီကေစာေသးေပမဲ့ ထမင္းဆိပ္တက္တာေရာ၊ ဇာမ့္ကိုကူဖို႔ မနက္ကအေစာႀကီးထရတာေရာေပါင္းၿပီး ကိုသုတစ္ေယာက္ အေတာ္ေလးအင္ဂ်င္ပါဝါက်ေနၿပီ။

"ျပန္ခ်င္ျပန္ေတာ့လို႔၊ တေရးဝေအာင္ အိပ္လိုက္ဦး၊ အလုပ္ေတြက ဒီရက္ပိုင္း ဆက္တိုက္လုပ္ရဦးမွာ"

မႏၲ​ေလးကလုပ္ငန္းရွင္က ဇာမ္တို႔ထင္ထားတာထက္ပင္ ပိုေခါင္းမာေနသည္။ ဆိုးတာက လိုက္ေနတဲ့ကုမၸဏီက ဇာမ္တို႔ကုမၸဏီတစ္ခုတည္းမဟုတ္ဘဲ တျခားတစ္ခုပါ အၿပိဳင္လိုက္ေနျခင္း။ အဲ့ဒီေတာ့ႏွစ္ဖက္လုံးက ေခၚေၾကးေတြတင္ၿပီး ေလလံဆြဲသလိုပင္ျဖစ္ေန၏။

"Boss တစ္ေယာက္တည္း ျဖစ္ပါ့မလား"

လူမႈေရးက်င့္ဝတ္နဲ႔ သံေယာဇဥ္ေလးေၾကာင့္သာ ေမးေနသည္။ကိုသုပုံစံက ရန္ကုန္ေလတစ္ခ်က္တိုက္လိုက္တာနဲ႔ ဘုတ္ဆိုလဲက်သြားေတာ့မဲ့အတိုင္း။ ဇာမ္က အလုပ္စားပြဲေပၚက photo stand ေလးကို တစ္ခ်က္လွမ္းၾကည့္သည္။

"ျဖစ္တယ္ကိုသု၊ ဂ႐ုစိုက္ၿပီးျပန္၊ အိမ္ျပန္ေရာက္ရင္ေရာက္တဲ့အေၾကာင္း message ေလးေတာ့ ပို႔ထား"

"ဟုတ္ကဲ့၊ ဒါဆိုကြၽန္ေတာ္ျပန္ေတာ့မယ္၊ Boss လည္း ညဥ့္မနက္နဲ႔ဦး"

Company တစ္ခုလုံးမွာ ဇာမ္နဲ႔ ေျမညီထပ္ကလုံၿခဳံေရးဦးေလးႏွစ္ေယာက္ရယ္သာက်န္သည္။ ညစာကေတာ့ ေျခာက္နာရီေလာက္က ဒီမ်က္ေစာင္းထိုးဆိုင္မွာ ဆင္းစားၿပီးၿပီမို႔ စိတ္ပူစရာမလို။ အာ...ဇာမ္တို႔ျပန္တက္လာေတာ့ ထုတ္ကုန္က ဝန္ထမ္းအသစ္မိန္းကေလး ရွိေနေသးတယ္။

"ကိုသု ေနဦး!"

သိမ္းစရာရွိတာသိမ္းၿပီး ထြက္ေတာ့မည့္ ကိုသုက လွည့္ၾကည့္လာသည္။

"ထုတ္ကုန္က ဝန္ထမ္းအသစ္ကို ခုထိမျပန္ေသးရင္ ဒီညဆက္မလုပ္ေတာ့ဖို႔နဲ႔ အိမ္ျပန္ဖို႔ကားငွားေပးလိုက္ပါဦး ကိုသု၊ မိန္းကေလးတစ္ေယာက္တည္းမို႔"

"ဟုတ္၊ ကြၽန္ေတာ္ေျပာလိုက္မယ္ Boss"

"အိုေခ"

ဇာမ္က meeting ရွိရင္သာ ဝန္ထမ္းေတြနဲ႔ေျပာေျပာဆိုဆိုရွိေပမဲ့ ဝန္ထမ္းတစ္ေယာက္တည္းရွိတဲ့ ဒီလိုအခ်ိန္မ်ိဳးဆိုရင္ေတာ့ ေတာ္႐ုံေျပာဖို႔ ဝန္ေလးတတ္သည္။ ေယာက်ာ္းေလးဆို ကိစၥသိပ္မရွိေသာ္ျငား တစ္ဖက္ကမိန္းကေလးျဖစ္ေနရင္ တာဝန္နဲ႔ ကိုယ္ေရးကိုယ္တာ မေရာေထြးဘူးဆိုဆို အိမ္ေထာင္သည္တစ္ေယာက္မလို႔ ဆင္ျခင္ရမွာေတြလည္း သူ႔ေနရာနဲ႔သူရွိသည္။

အသစ္ကေလးေတြတင္ျပလာတဲ့ design ဖိုင္ေတြကို ျပင္သင့္တာျပင္၊ မွတ္ခ်က္ျပဳသင့္တာျပဳၿပီး ဇာမ္အလုပ္ပါးေတာ့ ညရွစ္နာရီတိတိ။ နာရီစင္က ရွစ္နာရီထိုးသံကို ၾကားရသည္။

လြန္းကို ဖုန္းဆက္ၾကည့္ဖို႔အတြက္ ဖုန္းေကာက္ကိုင္လိုက္ေပမဲ့ ဒီခ်ိန္ဆိုအိပ္ေနေလာက္ၿပီလားလို႔ေတြးမိတာမို႔ ဦးတည္ေခၚဆိုသူကို ေျပာင္းလိုက္သည္။

"ဟယ္လို ဦးမာန္၊ လြန္းအိပ္ေနၿပီလား"

"ဟိတ္ေကာင္ မင္း,လင္ အိပ္ေနတာလားသိခ်င္ရင္သူ႔ဆက္ပါလား! ဘာလို႔ငါ့ဆက္တာလဲ"

ဖုန္းထဲကေနဟိန္းထြက္လာသည့္ ေအာ္သံနဲ႔အတူ မဲသည္းေနမည့္ ဦးမာန္မ်က္ႏွာကိုပါ စိတ္မွန္းနဲ႔ျမင္ေနရၿပီမလို႔ ဖုန္းကိုနားနဲ႔ခြာမိသည္။ ၾကည့္ရတာ အိပ္ေနတဲ့က်ားကို ဇာမ္သြားႏႈိးမိၿပီ ထင္သည္။ ေန႔လည္ကခရီးက ျပန္ေရာက္ေရာက္ခ်င္း ပင္ပန္းေနမွာကို အိမ္ကိုသြားအိပ္ေပးဖို႔အကူအညီေတာင္းတာနဲ႔တင္ ဇာမ္ေတာ္ေတာ္တကိုယ္ေကာင္းဆန္ေနၿပီ။ ဒီလိုက်ေတာ့လည္း စိတ္မေကာင္း။

"ကန္ေတာ့ကန္ေတာ့ ဦးမာန္၊ ျပန္အိပ္လိုက္ဦး၊ ကြၽန္ေတာ္လြန္းကိုပဲ လွမ္းဆက္လိုက္မယ္"

"ေအး!"

တစ္လုံးတည္း ယတိျပတ္ေျပာၿပီး ဖုန္းခ်သြားတာဂြက္ခနဲ။ ဦးမာန္ကိုႏႈိးရဲေပမဲ့ လြန္းကိုေတာ့ ဇာမ္မႏႈိးရက္ပါ။ အိမ္ျပန္ေနာက္က်မဲ့ အေၾကာင္းကို ညေနက ဖုန္းလွမ္းဆက္ၿပီးေျပာတုန္းက လြန္းအသံ သိပ္မၾကည္ခ်င္။ ထိုအသံ၊ထိုကာလာက ေန႔လည္က အိပ္ေရးမဝထားတာကတပါး အျခားမရွိ။

Ring Ring!

မွန္တံခါးခန္းဆီးကိုဖယ္ၿပီး အေပၚစီးကျမင္ေနရတဲ့ ရန္ကုန္တစ္ၿမိဳ႕လုံးရဲ႕ မီးေရာင္စုံအလွအပေတြအစား ဖုန္းဆက္ရေကာင္းႏိုး၊မေကာင္းႏိုးစဥ္းစားေနရင္း တိုက္တိုက္ဆိုင္ဆိုင္ျမည္လာသည့္ ဖုန္းသံေၾကာင့္ တြန္႔ခနဲျဖစ္သြားရသည္။ သို႔ေပမယ့္ ေခၚဆိုလာတဲ့နာမည္ကို ျမင္တာနဲ႔ မႈိင္ေထြေနသည့္မ်က္ႏွာက စမ္းေရေအးပက္သလို ခ်က္ခ်င္းၾကည္လင္သြားသည္။

"လြန္း"

"လြန္း၊ မၾကားရဘူးလား"

ဇာမ္ေခၚလိုက္ေပမဲ့ ျပန္ထူးမလာတာမို႔ ထပ္ေခၚမိေတာ့ တခစ္ခစ္ရယ္သံေတြ ထြက္လာသည္။ လြန္းကဒီလိုမရယ္တတ္။ ဒီလိုတခစ္ခစ္တခတ္ခတ္ရယ္တတ္တာက သားပဲရွိသည္။ လြန္းဖုန္းေခၚတာကို သားကဝင္ေျပာေနတာလား။ သားကပဲအတတ္ေတြလြန္ၿပီး ဇာမ့္ဆီဖုန္းေခၚတာလား။ ဇာမ္ေမးမလို႔ျပင္ဆဲမွာပင္ အသံေသးေသးေလးထြက္လာသည္။

"ခစ္ခစ္ လြန္းဟုတ္ဘူး! ကူးကူး"

"သားကဖုန္းေတာင္ေခၚတတ္ေနၿပီေပါ့"

"ပါပါးယုပ္ေပးတာ"

"ပါပါးကအခုဘယ္မွာလဲ၊ အိပ္ေနၿပီလား"

ဖုန္းနဲ႔ခြာလိုက္တာလားမသိ။ အသံေတြခဏတိတ္သြားသည္။ ဘာေျပာေနမွန္းမၾကားရတဲ့ သားအသံဝါးတားတားေနာက္မွာမွ လြန္းအသံကိုၾကားရသည္။

"အင္း ေမာင္၊ ညနက္လွၿပီေနာ္၊ အလုပ္ေတြတအားမ်ားေနတာလား "

"ဘာလို႔လဲ၊ ေမာင့္ကို စိတ္ပူတာလား"

"ေျပာမိလား"

"ေျပာခ်င္ေနတာမလား၊ ေျပာလိုက္စမ္းပါဗ်ာ၊ ဒီက,လူက ၾကားခ်င္လြန္းလို႔"

ခပ္တိုးတိုးရယ္သံအပါးမွာ ပင္ပန္းအားနည္းခ်င္မႈေတြအကုန္ နိဌိတံကပ္ဆိုက္သည္။ တစ္ေနကုန္ဘယ္ေလာက္​ေဆာ့ေဆာ့ ညဘက္လြယ္လြယ္မအိပ္တတ္တဲ့သားရဲ႕ လြန္းနဲ႔အၿပိဳင္စကားလုေျပာေနတာကိုလည္း ၾကားရသည္။

"ေဖ့ မုန္႔မုန္႔ဝယ္ခဲ့!"

"ေမွာင္ေနၿပီေလ ကူးကူး၊ သားေဖေဖက အလုပ္လုပ္ေနတာကို၊ ဖိုးဖိုးဝယ္လာတဲ့ မုန္႔ေတြလည္းရွိတယ္မလား"

"ကူးကူးက ေဖဝယ္လာတာေယးစားၾကည့္ခ်င္ယို႔"

"မဟုတ္တာက စတာ"

"သားကိုမဆူပါနဲ႔လြန္းရဲ႕၊ ဒီေရွ႕ကဆိုင္ ဖြင့္ေနေသးမွ ဝယ္ခဲ့မယ္၊ အေဝးႀကီးမသြားဘူး ဟုတ္ၿပီလား"

လြန္းရဲ႕အင္တင္တင္ ေခါင္းညိတ္သံေနာက္မွာ သားကေတာ့ လက္ခုပ္ေလးေတြတီးေနေရာ့မည္။ ဖုန္းေျပာတာကသိပ္မၾကာ။ ဆယ္မိနစ္အလြန္ေလးမွာတင္ မုန္႔ဝယ္ခဲ့မယ္ဆိုတာ ၾကားရသည္ႏွင့္ သားတစ္ေယာက္အိပ္ေပ်ာ္သြားေလၿပီ။ 

ျဖတ္တိုက္လာတဲ့ခပ္ေအးေအး ညေလေအာက္မွာ အိမ္ကိုအေျပးျပန္ခ်င္တာပဲသိသည္။ လြန္းကိုမနက္ကပဲေတြ႕ခဲ့ရတာ။ ဂ႐ုစိုက္မယ္ေျပာၿပီး ေဘးနားမေနမိသလို ျဖစ္ေနသည္။

"လြန္း"

"ဟင္၊ ေျပာ ေမာင္"

ခ်စ္သူဘဝက ညဘက္ဆို လြန္းကိုေတြ႕ခ်င္တိုင္း ဂစ္တာတစ္လက္ပိုက္ၿပီး လြန္းအိမ္ေရွ႕ ဆင္ေျခအမ်ိဳးမ်ိဳးနဲ႔ သြားတတ္ခဲ့တုန္းက ႏုပ်ိဳမႈေတြက ဇာမ့္ဆီမွာရွိေနဆဲ။ ဇာမ္မင္းထည္ယံ၏ အရာရာက လြန္းအတြက္ဆို အစကေနလို႔ ေျပာင္းလဲသြားျခင္း အလွ်င္းမရွိ။

"စကားတစ္ခြန္းေလာက္ပဲေျပာၾကည့္ လြန္း"

"ေမာင္"

"အင္း"

"လြမ္းတယ္..."

"အင္း၊ ေမာင္ အခုျပန္လာၿပီ"

ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ၿပဳံးသြားသည့္ တစ္ဖက္ျခမ္းက ႏႈတ္ခမ္းပါးေတြက စိတၱဇနာမ္ေတြထပ္တူက်ေန၍ျဖစ္လိမ့္မည္။

"ဘာလုပ္ဖို႔လဲ"

"လြန္းကို လြမ္းတဲ့အေၾကာင္း ...ေျပာျပခ်င္လို႔ ..."

ထို႔ေနာက္ေတာ့ အိမ္လြမ္းသူသည္ သူ၏အိမ္ရွိရာသို႔ဆီ။

>>>>High Boss's Husband<<<

Note- အိပ္ေပ်ာ္ေနတဲ့ကိုသုေရ။ ခင္ဗ်ား boss ကိုသဲသဲပိုကို ထၾကည့္ပါအုံး 😆❤

Continue Reading

You'll Also Like

344K 11.8K 45
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
180K 1.8K 10
မင်းနဲ့ ပတ်သတ်တဲ့အရာရာတိုင်းကကိုယ့်အပိုင်ပဲဖြစ်ရမယ်ငယ် ရှိန်းစက္ကမင်း ကျွန်တော်ကိုကို ထားမသွား၍ ကိုကိုအနားမှာပဲရှိန...
420K 16K 44
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...