Ride or Die

By Phyo99

2.6K 195 3

ဘုန်းသွေးသစ်မောင်: မောင့်ကိုပဲချစ်တယ် မောင့်ကိုပဲမြတ်နိုးတယ် မောင့်ကိုပဲယူမယ် စိုင်းဧကရာဇ်မောင်: ကိုကမောင်တယေ... More

Ride or Die
part 1 (ငါ သစ်ကုလားအုတ် ဖြစ်တော့မယ်)
part 2 (ရာဇ် ငါ့ကိုငမ်းလို့ ပြီးဦးမှာလား)
part 3 (ချောလိုက်တဲ့ ငါလေး)
part 4 (မင်း Bထိုင်လာတာလား)
part 6 (မင်းရှိတာပဲ သူတို့ကိူ မလိုဘူး)
part 5 (Black princeလား)
part 8 (မောင်က မောင့်ဘုရင်လေးနားမှာပဲ တသက်လုံးခစားမှာ)
part 9 (ပုဂံ ခရီးစဥ် ၁)
part 10 (ပုဂံ ခရီးစဥ် ၂)
part 11 (ပုဂံခရီးစဥ် ၃)
တောင်းပန်စာ

part 7 (မောင့် သဘော)

138 14 0
By Phyo99

ရှင်း​ပြည့်စုံမောင်
Tမြို့တော် ဘက်ကပြောင်းလာတဲ့
ကျောင်းသားသစ်တယောက်
ကျောင်းဖွင့်ပြီး ၃လလောက်နေမှ
ပြောင်းလာတာမို့ ရာဇ်တို့ တောင်
အံသြနေတာ

"ကဲ သားတို့သမီးတို့ ဒီနေ့
ဆရာတို့ အခန်းထဲကို ကျောင်းသားသစ် တယောက်
ရောက်တယ်
လာ သား"

လို့ပြောပြီး ဆရာက ခေါ် လိုက်တယ်
ကျောင်းသားသစ်ဟာ ဝင်ဝင်လာချင်း ဆရာ့တောင် နှုတ်ဆက်လိုက်တယ်
နောက်တော့ သူ့နာမည်က
"ရှင်းပြည့်စုံမောင်"လို့ မိတ်ဆက်ပြီး ကျနော်တို့ခုံပဲ လာထိုင်တယ်

နောက်တော့ ဆရာက စာဆက်သင်တယ်
ထမင်းစားချိန်ရောက်မှ သွေးက

"ဟျောငိ့ ပြည့်စုံ မင်းကွာ ကျောင်းပြောင်းလာမှာကို ငါ့ကိုဖုန်းလေး တချက်တောင် ကြိုမဆက်ဘူး"

"အေး ငါလည်းချက်ချင်းကြီး
ဖြစ်သွားလို့ပါကွာ
ကိုရှင်းက မေမေကြီး ဆုံတော့
ဒီကိုလာခဲ့ ဆိုလို့ လာလိုက်တာ
ကျောင်းပြောင်းတာတွေ ဘာတွေ အကုန်သူလုပ်ပေးထာတာ"

"အော် မင်း မေမေကြီးဆုံးသွားတာအတွက် စိတ်မကောင်းပါဘူးကွာ"

"ရပါတယ် လူဆိုတာ သေမျိုးပဲလေ တချိန်သေရမှာ ချည်းပဲ"

"မင်းတို့ ၂ယောက်က သိနေတာလား"
မနေနိုင်တဲ့ အဆုံး လက်ယာကဝင်မေးတယ်
ရာဇ်ကလည်း ငါလည်းသိချင်တယ် ဆိုတဲ့ ပုံစံနဲ့ ကြည့်နေတယ်

"ရာဇ် မင်း မသိမထားမိဘူးလား
ဒါ ကိုရှငိး ညီလေ
'ရှင်းပြည့်စုံနောင်' နဲ့
'ရှင်းပြည့်စုံမောင်'
ညီကိုတွေလေ
သူ့ ကိုစောင့်ရှောက်နေတဲ့
မေမေကြီးဆုံးသွားလို့
ကိုရှင်း ကဒီခေါ် လိုက်တာနေမယ်"

ဟုတ်ပါတယ် ကိုရှင်းတိူ့ ညီကိုက
ကိုရှင်း၆နှစ်သား
ပြည့်စုံ လေးမွေးကာစကတိုင်
accident တခုကြောင့် ဆုံးသွားတာကြောင့် အဒေါ် ကြီးတယောက်က လခယူပြီး နို့ထိန်းအမေလို စောင့်ရှောက်ပေးလာတာ

ကိုရှင်းက ၁၈နှစ်လောက်ကတိုင်
Yမြို့တော် ကိုပြောင်းလာပြီး
ကို့ခြေထောက် ပေါ် ကိုရက်တည်တယ် ပြည့်စုံကို ခေါ် ပေမယ့်
မလာချင်ဘူး ဆိုလို့ အဲမှာပဲ
နေခိုင်းထားတာ
အခုက သူတို့ကို ထိန်းတဲ့
အဒေါ် ကြီး ဆုံးလို့ ပြည့်စုံ
ဒီရောက်လာ ခြင်းပင်

သွေးပြောပြီးတော့ ရာဇ်က

"အော် အဲတာကြောင့် နာမည်
ကြားဖူးနေပါတယ်လို့"

"နေပါဦး ကိုရှင်းဆိုတာ ဘယ်သူလဲ"

လက်ယာက ဖြတ်မေးတယ်

"အော် အေး ဟုတ်သား မင်းက ကိုရှင်းကို မသိဘူးနော်
ကိုရှင်းဆိုတာ အခုငါတို့တက်နေတဲ့ ကရာတေး သင်တန်းရဲ့ နည်းပြလေ"

"အော် အဲတာကြောင့် ငါမသိတာကိုး ထားပါ
ဟေ့ ပြည့်စုံ ငါ့နာမည်က
လက်ယာမင်းမောင် တဲ့
ငါ့ကို လက်ယာလိူ့ ခေါ် လိူ့ရတယ်"

"ငါ့နာမည်က စိုင်းဧကရာဇ်မောင်
တဲ့ ငါ့ကိုတော့ သူတို့ ခေါ် သလို
ရာဇ် လို့ခေါ် လို့ရတယ်"

အဲနေ့ကစပြီး ကျနော်တို့ ဘဝတွေလည်းငါးပါးမှောက်တော့ တာပဲ

ကိုရှငိးက အေးတာကြောင့်
ကိုရှင်းညီကိုလည်း အရိုးအအေးလေးထင်မိတယ်
ပြီးတော့ ​ရောက်ရောက်လာချင်းတုန်းက စကားတောင် များများမပြောလို့ ကျနော်တို့ကပဲ
ပြောရတယ်နောက်တော့
သိလိုက်ရတာက သူကမခင်
ခင်တာ ချေတာ ခင်ပြီဟေ့ ဆိုရင်တော့ နားမခံသာအောင် ပြောတော့တာပဲ
ပြီးတော့သူက Fudanshiတဲ့
သူ့ကိုသူလည်း
'အဆင်မှန်သမျှ
လင်ပေးစားမယ့် Godချောချောလေး' တဲ့
အရင်က နည်းနည်းတည်ငြမ်တဲ့ လက်ယာလည်း သူနဲ့ ပေါင်းပြီး
စပ်စလူးနတ်ပူးလာတယ်
ပြီးတော့ ပြည့်စုံရောက်လာ ကတည်းကတိုင် လက်ယာ
ရည်းစားမထားဖြစ်တော့ဘူး

အကြောင်းရင်းကတော့
လက်ယာလည်း fudanshiဖြစ်သွားကာ မိန်းကလေးမြင်ရင်ကို
အစစ်မတေကို မပတ်သတ်ရေး
တို့အရေး လို့ ကြွေးကျော်ထားသလားအောင်မေ့ ရအောင်ကို
မိန်းကလေးတေနဲ့ မတည့်တော့တာပါ
ကျနော်တို့ အဖွဲ့နားကို
ဘယ်မိန်းကလေးမှ မကပ်ရဲတော့
အဲတာလည်းကောင်းပါတယ်
အာရုံမနောက်တာပေါ့
ပြည့်စုံ ရောက်လာတဲ့ အချိန်ကစလို့ လက်ယာလည်း ထမင်းပိုထုပ် လာရသလို ကျနော်တို့တော့
အရင်က နည်းနည်းပျင်းစရာကောင်းတဲ့ စကွတ် ဟာလည်း
စိုပြေလာတယ်

အရင်ကဆို ရာဇ်နဲ့ သွေး ၂ယောက်တည်း သွားရတဲ့
Karate clubဟာ
ခုတော့ ပြည့်စုံပါမက လက်ယာပါ ဝင်joinလာတယ်

သွေးနဲ့ ​ရာဇ်ကလည်း
တယောက်မရှိရင် မနေနိုင်အောင်
ဖြစ်မှန်းမသိ ဖြစ်လာတယ်

တချို့ ကျောင်းပိတ်ရက်တွေမှာ
၄ယောက်သား သွေးအိမ်မှာ
စုပြီး သောင်းကျန်းကြတယ်
ဒါမဲ့ သွေးနဲ့ ရာဇ်ကတော့
ကျောင်းပိတ်ရက်တိုင်း
မနက်ကနေ ညထိ အတူတူရှိနေတက်တယ်
သွေးရဲ့ အိမ်အကူ အဒေါ် ကြီးကတော့ ပြောပါတယ်

"ကောင်လေးရယ် ငါတေယ့ ကျောင်းပိတ်ရက် မရောက်စေချင်ဘူး ကွယ်
ကျန်တဲ့ ရက်တွေက ကိစ္စမရှိပေမဲ့
ကျောက်းပိတ်ရက်ဆို
မင်းအိမ်တခုတည်း ဟာရီကိန်း
ဝ်ငတိုက်သွားသလိုပဲ"
ပေါ့
အဲလိုပြောတိုင်းလည်း
သွေးခမျာ

"ကျနော် လစာပိုပေးပါ့မယ်"

လို့ပြောပြီး ရှင်းရတယ်
ကျောင်းတက်ရက်တွေမှာလည်း
အရင်က ဘာသံမှ မကြားရတဲ့
ဒုတိယခုံက အခုဆို
ဆရာ/မ တွေ ဝင်လာတိုင်း
တခုမဟုတ် တခု ပြောခံနေရတဲ့
ခုံ ဖြစ်လာတယ်
၄ယောက်လုံးက အတော်တွေဆိုတော့ top 10ကတော့ မဆင်း
ကြပေ

/

"မဟုတ်ဘူးဟေ့ ငါ့ ကိုဝူး ကပိုခန့်တယ် သိလား နတ်သားလေးကျနေတာပဲ"

ဒါကတော့ ပြည့်စုံရဲ့ စွာကျယ်ကျယ်အသံပါ

"No no ငါ့ရဲ့ ယဇ်လေးက ပိုချောတာ မင်းသားတွေတောင် အရှုံးပေးရမယ်သိလား"

ဒါကတော့ ကိုrightရဲ့ တန်ပြန်သံပေါ့

(right= လက်ယာ)

"ငါ့ ကိုဝူးကပိုတယ်ကွ"

"ငါ့ ယဇ်က ပိုပါတယ်ဆိုကွာ"

ဒါကတော့ ကျောင်းအနားပေးချိန်တိုင်း ကြားရလေ့ရှိတဲ့ ငြင်းခုန်သံပေါ့

သူတို့ပြောတဲ့ ကိုဝူးတို့
ယဇ်တို့ဆိုတာ
Social media ပေါ် မှာ နာမည်ကြီးနေတဲ့ အကအဖွဲ့
အဖွဲ့ဆိုပေမဲ့ ၂ယောက်တည်းနဲ့
ဖွဲ့ထားတဲ့ အဖွဲ့
အဖွဲ့ နာမည်က
"Yizz Woo"

ခင်များတို့ ဖတ်တာမမှားပါဘုး
အဖွဲ့နာမည်က "ယဇ်မူး"
မဟုတ်ဘဲ "ယဇ်ဝူး"ပါ

လက်ယာတို့ကသာ ဘယ်သူပိုချောတယ် ငြင်းနေတာ
တကယ်က ဟိုကိုယ်တော် ၂ယောက်က maskတွေ တပ်ပြီး
ကကြတာ မျက်နှာတောင်
တခါမှ မမြင်ဖူးဘူး

အဲ့တာကို လက်ယာတို့ ၂ကောင်
ဘယ်လို သဲသဲလှုပ်နေကြမှန်း မသိ တခါတလေ
ရာဇ်ကပါဝင်ပြီး

"ငါ့ သွေးလောက် ဘယ်သူမှ မချောဘူး"
ဆိုပြီး ထထ ဖောက်​သေးတာ

သွေးကတော့ အဲလိုပြောရင် ပြုံးပြုံးကြီးနဲ့ ကျေနပ်နေတက်တယ်

/
ဒီနေ့က နှစ်ဝက် စာမေးပွဲမဖြေခင်
ရက်
Physicsဆရာမ ဒေါ် ချိုချို အချိန်

"ဟျောင့်တွေ သီတင်းကျွတ်ကျောင်းပိတ်ရက် မင်းတို့ ဘာplanရှိလဲ"

ပြည့်စုံက သွေးတို့ ၄ယောက်ပဲ ကြားလောက်တဲ့ အသံနဲ့ မေးတယ်

"ငါကတော့ ဘာမှ မရှိဘူး
မင်းတို့ ၂ေကာင်ကော"

လက်ယာက အရင် ဖြေလိုက်ပြီး.သွေးတို့ ၂ယောက်ကိုမေးတယ်

"ငါတို့ကလား ငါတို့ကဘာရှိရမှာလဲ ဘာanမှ မရှိဘူး
ဒါမဲ့ ငါစဥ်းစားထားတာ တခုတော့ရှိတယ်"

ရာဇ်ကပြောလာတယ်

"ဘာလဲ ပြောကြည့်လေ"

"ငါတို့ ၄ယောက် တနေရာရာကို
ခရီးထွက်ကြရင် ကောင်းမလားလို့ ငါတို့ သူငယ်ချင်း တွေချည်း
ပျော်ပျော်ပါးပါးပေါ့"

"အေး ငါလည်း စဥ်းစားမိသေးတယ် မင်းတို့ အဆင်ပြေပါ့မလားလိူ့ မပြောတာ"

ပြည့်စုံက ဝင်ပြောတယ်

"အထူးသဖြင့် လက်ယာပေါ့
သူ့မိဘတွေက လွှတ်ပါ့မလားလို့"

ပြည့်စုံ ထပ်ပြောတယ်

"ငါ့ က မားမားboyလေး မဟုတ်ပါဘူးဟ ပြီးတော့ မေကြီးတို့က
မင်းတို့နဲ့ဆို စိတ်ချပြီးသား

အေး အဲလိုဆို သွေးကရောလိုက်မှာလား"

"ငါ့ ဘုရင်လေးပါတာကို ငါက
မလိုက်ဘဲ နေခဲ့စရာလားနော့်
ရာဇ်"

ဆိုပြီး ရာဇ် ကိုစိုက်ကြည့်ပြီး သွေးကဖြေလိုက်တယ်

"အမေလေး လေးး
ဒါတောင် သူငယ်ချင်းပဲ ရှိသေးတယ် ရည်းစားသာ ဖြစ်ကြည့်ပါလား အမလေး ငါမတွေးရဲ့တော့ဘူး"

ဆိုပြီး လက်ယာက ပခုံးတွန်းပြပြီး ပြောလာတယ်

"အဲတာဆို ဘယ်သွားကြမှာလဲ"

သွေးကမေးလိုက်တယ်
ရှေ့ကဆရာမ စာသင်နေတာကို မေ့ပြီး ၄ယောက်သား
ဘယ်သွားမလဲကို အကြိတ်အနယ်
တိုင်ပင်နေတယ်

"ပြင်ဦးလွင် သွားရအောင်"

လက်ယာရဲ့ အကြံပေးချက်

"ငါတို့ ပုဂံ သွားရအောင်
ငါတခါမှ မရောက်ဖူးလို့ ပြီးတော့
ပုဂံ ကသတင်းကျွတ် ဆီမီးတွေနဲ့ ဆို အရမ်းလှတယ်ကြားတယ်"

ပြည့်စုံက ပြောတယ်

"သယပြောတာကို ငါလည်း ထောက်ခံတယ် ငါတို့ ပုဂံသွားရအောင် ငါလည်း မရောက်တာကြာပြီ"

သွေးကလည်း ထောက်ခံတယ်

"အဲတာဆို ရာဇ် မင်းကော ပုဂံပဲလား"

"ငါကတော့ မောင့်သဘောပဲ"

"အေးပါကွာ အဲတာဆိုလည်း ပုဂံပေါ့ အတည်နော် ပြီးမှ
မလိုက်ဖြစ်ဖူး မလုပ်ကြနဲ့"
လို့ ပြောတုန်း

"ဟို မောင် ပါတဲ့ သမီးယောက်ဖလေးကောင် နင်တို့ ဆွေးနွေးနေတာတွေ ပြီးရင် ငါစာဆက်သက်လို့ရပြီလား စောင့်ပေးရဦးမှာလား ဟင်"

"Heee ဆာမကလည်း
စာဆက်သင်လို့ရပါပြီ
ဒါမဲ့ တခုပဲ..."

လက်ယာက ဖြေလိုက်တယ်

"ဘာတခုလဲ မြန်မြန်ပြော
မဟုတ်ရင် ငါ့အတန်းချိန်လဲ နင်တို့စောင့်ရတာနဲ့ ကုန်တော့မယ်"

"ဒီလိုပါ ဆရာမ ကျနော်တို့ကို
သမီးယောက်ဖလို့ မခေါ်ပါနဲ့
ကျနော်က တဦးတည်းသောသား"

"ကျနော် က တကောင်ကြွက်"

"ကျနော့်မှာတော့ အကိုတယောက်ပဲရှိတယ် ဒါမဲ့ ကျနော့် အကိုမှာ လင်ရှိတယ်"

"ကျနော့်မှာတော့ ညီမတယောက်ရှိတယ် ဒါမဲ့ အဲညီမက ဒီကောင်တွေနဲ့ မတန်ဘူး ဒီကောင်တွေက
ကျနော့်ညီမထက် ပိုချော ပိုတော်တဲ့ သူနဲ့မှ လိုက်တာ"

လက်ယာ၊ သွေး၊ ပြည့်စုံ နဲ့ ရာဇ်တို့
ပြောပြီး
တယေက်မျက်နှာ တယောက်ကြည့်ပြီး

"အဲတာကြောင့် နောက်ဆိူ
သမီးယောက်ဖလို့ မခေါ်ပါနဲ့ ဆရာမ"

လို့ တပြိုင်နက်တည်း ပြောလိုက်တယ်

"စာဆက်သင်လို့ ရပါပြီ ဆရာမ"

လို့ ရာဇ်ကပြောလိုက်ပေမဲ့

ဆရာမနဲ့ အတန်းဖော်မျမှာတော့
ဘာစကားမှမပြောနိုင်အောင်
အတော်ကြာတဲ့ အထိ ဆွံ့အနေတယ် ပြီးတော့ ပြည့်စုံက သယရဲ့ အောင်မြင် လှစွာသောအသံနဲ့

"ဆရာမ:::::::"

လို့ အကျယ်ကြီး အော်လိုက်တော့မှ အကုန်လုံး သတိပြန်ဝင်လာပြီး
ဆရာမက

"အော် အေးပါ အေးပါ ခေါ် မိတဲ့ ငါကပဲမှားပါတယ်
ဟုတ်ပြီလား စာဆက်သင်မယ်"

လို့ပြောပြီး စာဆက်သင်သွားတယ် နောက်တချိန်ပြီး တချိန်သင်ပြီး ကျောင်းဆင်းသွားတယ်
ဒီနေ့က သောကြာနေ့ ဖြစ်တာကြောင့် ကရာတေး သင်တန်းမရှိ

အဲတော့ တယောက်တလမ်းဆီခွဲပြီး ပြန်လာခဲ့လိုက်တော့တယ်

10.28.21 (Thu)

နောက်တပိုင်းကတော့
ခရီးထွက်ကြတော့မယ်နော်
ယဇ်နဲ့ ဝူးဆိုတာ ဘယ်သယတွေလည်းဆိုတာလည်း ပါမယ်နော်

ဖတ်ပေးတဲ့ တယောက်ချင့းဆီတိုင်းကို အရမ်းကျေးဇူး တင်ပါတယ်နော်♥♥♥






Continue Reading

You'll Also Like

4.3M 236K 49
"Stop trying to act like my fiancée because I don't give a damn about you!" His words echoed through the room breaking my remaining hopes - Alizeh (...
820K 8.2K 67
𝐢𝐧𝐜𝐥𝐮𝐝𝐞𝐬 𝐚𝐥𝐥 𝐨𝐟 𝐭𝐡𝐞 𝐛𝐨𝐲𝐬 ✦ .  ⁺   . ✦ .  ⁺   . ✦ don't forget to vote, share and comment. 🤍
981K 30.4K 61
Dans un monde où le chaos et la violence étaient maitre, ne laissant place à ne serrait ce qu'un soupçon d'humanité. Plume était l'exception. Elle...
796K 34.7K 57
"Mujhe jhelna mushkil hai nader," she said with a smile while her gaze was fixed on the table. ("It's difficult to tolerate me, Nader") "Main jhel l...