When You Find Lost Love Again

بواسطة Htet-Bo

138K 10.9K 2.9K

3.6.2021 - 11.5.2022 المزيد

Character (1)
Character (2)
Part - 1
Part - 2
Part - 3
Part - 4
Part - 5
Part - 6
Character (3)
Part - 7
Part - 8
Part - 9
Part - 10
Part - 11
Part - 12
Part - 13
Part - 14
Part - 15
Part - 16
Part - 17
Part - 18
Part - 19
Part - 20
Part - 21
Part - 22
Part - 23
Part - 24
Part - 25
Part - 26
Part - 27
Part - 29
Part - 30
Part - 31
Part - 32
Part - 33
Part - 34
Part - 35
Part - 36
Part - 37
Part - 38
Part - 39
Part - 40
Part - 41
Part - 42
Final (UNI)
Final ( ZGI)
Character - 4

Part - 28

2.2K 230 69
بواسطة Htet-Bo

" အစ်ကို "

အစ်ကိုဆီရောက်တော့ အပေါ်ထပ် ဝရံတာက အပင်လေးတွေကို ရေလောင်းနေသည်။ အစ်ကို့အပင်လေးတွေကြား ဝန်း ပါဝင်ပြီး အစ်ကို့ကို အနောက်ကနေ ဖက်တွယ်လိုက်သည်။ ဖက်တွယ်ထားနေရင်းကို ပျောက်ကွယ်သွားမှာ ကြောက်သည်။ ညနေခင်းတိုက်ခတ်နေသော ဆောင်းလေအေးတို့နဲ့အတူ ယိမ်းလှုပ်သွားတဲ့ အစ်ကို့ဆံပင်လေး​တွေကို နမ်းရှိုက်လိုက်သည်။

" မင်းအမေငါ့ကိုလာတွေ့သွားတယ် "

" ဟင် အစ်ကို့ကိုဘာလုပ်သွားသေးလဲ "

အစ်ကို့ခန္ဓာကိုယ်ကို တစ်ပတ်လှည့်ပြီးသေချာစစ်ကြည့်ပေမယ့် ဘာဒဏ်ရာဒဏ်ချက်မှ မတွေ့ရ။

" ဘာလို့ အတင်းလှန်နေတာလဲ "

လူကိုပတ်ပတ်လည်ကြည့်ပြီး အင်္ကျီကို အတင်းဆွဲလှန်နေတဲ့ ဝန်း ။ အင်္ကျီလှန်လို့မှ ဘာမှမတွေ့ရင် ဘောင်းဘီဆွဲချွတ်မည့်ပုံ ။ သူ့မိဘတွေက ဘယ်လိုလူတွေမလို့ ဒီလိုလန့်နေရတာလဲ ။

"ဘာမှမလုပ်သွားဘူးလို့  ငါက
မင်းအမေရန်သူမလို့လား "

ရန်း ပြောတာကို မယုံချင်ဘဲ မသင်္ကာတဲ့အကြည့်နဲ့ကြည့်နေသေးသည်။ ဒီတိုင်းဆို လသာဆောင်မှာ ရပ်နေလို့မဖြစ်တော့ ဘောင်းဘီလာဆွဲချွတ်လို့ လူ​တွေ မြင်ကုန်ရင် ဒုက္ခ။ ရန်း အိမ်ထဲကိုခပ်သွက်သွက်ဝင်တော့ နောက်ကနေထပ်ကြပ်မကွာ လိုက်လာသည်။ ရန်း ဆိုဖာပေါ်ထိုင်လိုက်တော့ ရန်းနဲ့မျက်နှာချင်းဆိုင်မှာ ချက်ချင်းဝင်ထိုင်သည်။မျက်နှာမှာလည်း အလိုမကျမှုတွေအထင်းသား။

" သူတို့က ပုံမှန်စိတ်ရှိတာမဟုတ်ဘူး "

" ကိုယ့်အမေကို ဘယ်လိုပြောနေတာလဲ ဝန်းငယ် "

" ကျွန်တော့်မှာအမေ မရှိဘူး "

ရန်း ဆူရင် လက်ခံနေကျ ကလေးက ခုတော့ ပြန်ခံပြောလာသည်။ ဘယ်လောက်အတိုင်းအတာထိ မိဘကို စိတ်နာနေသလဲဆိုတာ ရန်းမခန့်မှန်းနိုင်။
ဝန်းရဲ့ခံစားချက်တွေကို အကုန်ယူလို့မရရင်တောင် နည်းနည်းပဲ သက်သာသက်သာ မျှဝေခံစားချင်သည်။  မိသားစုနဲ့ပတ်သက်တဲ့ ခံစားချက်ဆိုးတွေကို ပျောက်ကွယ်စေချင်သည်။ဒါမှ ဝန်း စိတ်ပျော်လိမ့်မည်။

" စာချုပ်စာတမ်းအရမဆိုင်တော့ပေမယ့် သွေးသားအရတော့ဆိုင်တယ် ဝန်း မိဘကမိဘပဲ "

ရန်းစကားကိုဝန်းကလက်ခံသည့်ပုံမပေါ်။ရန်းကိုမျက်နှာလွှဲကာ ကြမ်းပြင်ကိုစူးစိုက်ကြည့်နေသည်။ ရန်း သက်ပြင်းမော ချက်လိုက်သသည်။

" ငါ့ကိုဆေးရုံပို့ပေးခဲ့တာကို ဘယ်လိုသိတာလဲ "

ရန်းသိချင်နေတဲ့မေးခွန်းကို မေးလိုက်တော့ ရန်းကိုတစ်ချက်မော့ကြည့်ပြီး ခေါင်းပြန်ငုံ့သွားသည်။

" မခက်ပါဘူး "

" ဘယ်လိုသိတာလဲလို့ ! "

မဖြေဘဲအင်တင်တင်လုပ်နေတာကြောင့် လေသံမာမာထပ်မေးလိုက်သည်။

" CCTV တောင်းကြည့်လိုက်တာ "

လေသံမာလိုက်မှဆောင့်ကြီးအောင့်ကြီးဖြေလာသည်။
CCTV တောင်းကြည့်တာလောက်ကတော့ ဝန်းအတွက် အလွယ်လေးပင်။ပြောသလို မခက်ပါဘူး။

" ငါ့ကိုဘာလို့မပြောတာလဲ "

သူတစ်ယောက်ထဲ CCTV တောင်းကြည့်သည်။သူတစ်ယောက်ထဲ ဘယ်သူဘယ်ဝါဆိုတာကိုသိထားသည်။သူတစ်ယောက်ထဲသွားတွေ့သည်။သူတစ်ယောက်ထဲ ပိုက်ဆံသွားဆပ်သည်။သူတစ်ယောက်ထဲ သိုသိုသိပ်သိပ်အကုန်လုပ်သည်။ဘာကြောင့်လဲ မေးရင် ​သေချာ​ပေါက် ရန်းကြောင့်လို့ ဖြေလိမ့်မည်။

" ဝန်း အဲ့ဒါမင်းအမေလည်းဟုတ်သလို ငါ့ကျေးဇူးရှင်လည်း ဟုတ်တယ်နော် "

နှုတ်ဆိတ်နေတဲ့ ဝန်းက ဘာကိုမှဖြေချင်ပုံမရ။

အဲ့ကျေးဇူးရှင် မွေးသမိခင်ဖြစ်နေလို့ကို မပြောတာလို့ ဝန်း စိတ်ထဲမှပြောလိုက်သည်။

" ကျွန်တော် ပိုက်ဆံပြန်ပေးလိုက်ပြီပဲ "

ပိုက်ဆံပေးလိုက်ရုံ နဲ့ ပြီးသွားရောလား။

" ဒါဆို သစ်ခက်လွှားရဲ့ဆေးရုံစရိတ်ငါပေးမယ် မင်းသူ့ဆီမသွားနဲ့တော့ "

ဝန်း မျက်မှောင်ကြုတ်ကာ အစ်ကို့ကို ကြည့်လိုက်သည်။

" အခြေအနေချင်းမှ မတူတာ "

" မင်းအမေသာ ငါ့ကိုဆေးရုံမပို့ခဲ့ရင် အခုချိန်ငါ ရှိချင်မှတောင်ရှိတော့မှာ "

အခြေအနေချင်းက အတူတူပဲ ဝန်းငယ်၊သေချာစဥ်းစားကြည့်ပါဦး။

" အဲ့ဒါကြောင့် ကျေးဇူးတင်တယ်ပြောခဲ့ပြီပဲ သူကိုယ်တိုင်လည်း ကျေးဇူးတင်ခံချင်လို့ အစ်ကို့ဆီလာခဲ့တာမလား "

ဝန်း က ခါးခါးသီးသီးပင် ။
ဝန်းစကားအရ အခြေအနေတစ်ခုကိုပြန်သုံးသပ်လိုက်တော့ ရန်းလည်း ဆုံးဖြတ်ချက်တစ်ခုချလိုက်သည်။သူလည်း လွှားကို ကျေးဇူးတင်စကားသွားပြောမည်။

" မင်းကိုဂရုစိုက်ပေးဖို့ လာပြောတာ "

" အပိုတွေ "

ဟင့်အင်း အပိုမဟုတ်ခဲ့ဘူး ။ ဝန်းအမေကရန်းကို လာလေ့လာသွားတာ။ ဝန်း နဲ့ ရန်းကို ကန့်ကွက်ပြီး ဒုက္ခပေးဖို့ မဟုတ်ဘူး။ အဲ့လိုလုပ်နိုင်ခွင့်လည်း သူ့တို့မှာမရှိဘူး။ ဝန်းအတွက် ရန်းက စိတ်ချရတဲ့လူလားဆိုတာကို လာစမ်းသပ်သွားတာ။

" သူတို့က မင်းကို "

" တော်ပြီ အစ်ကိုရာ သူတို့အကြောင်းပြောမလို့ ခေါ်တာဆို ကျွန်တော်ပြန်ချင်တယ် "

ဝန်းရဲ့ပြန်ချင်တယ်ဆိုတဲ့စကားကြောင့် ရန်း ပြာယာခတ်သွားသည်။

" ဟုတ်ပြီ မပြောတော့ဘူး ဒီတစ်ခုပဲ ပြော သွားပြီး ပြဿနာရှာခဲ့သေးလား "

အစ်ကို့​မေးပုံကလည်းပြဿနာရှာရအောင် ဝန်း ကလူမိုက်လား။

" အစ်ကို့ကိုမထိဖို့ပဲပြောခဲ့တာ "

အစ်ကို့ထိရင် မလွယ်ဘူးဆိုပြီး​ ကြီး​မြတ်လှတဲ့မွေးသဖခင်ကို ရန်စ စကားတော့ပြောခဲ့ပေမယ့်ပေါ့။

" ပြီးတော့ရော "

" ပြီးတော့ ပြန်လာခဲ့တာ "

" သေချာလား "

" သေချာတယ် "

လူကိုတရားခံစစ် စစ်နေတဲ့အစ်ကို့ကြောင့် ဝန်းရဲ့နှုတ်ခမ်းတွေက မသိမသာရော သိသိသာသာပါ ဆူထွက်လာသည်။

"နှုတ်ခမ်းကို ပြန်သိမ်း "

ဆူထွက်နေတဲ့ နှုတ်ခမ်းတွေကို ရန်းလှမ်းရိုက်လိုက်တော့ ဟွန့်ဆိုကာ နှာမှုတ်လာသေးသည်။ လုပ်ချင်ရာတွေ လုပ်ပြီးမှ အကြီးကဆူတော့ မကြိုက်ချင်ဘူး။

" နောက်တစ်ခါ တစ်ခုခုဆို ငါ့ကိုပြော တစ်ယောက်ထဲ မလုပ်ရဘူး "

မငြိမ့်ချင်ငြိမ့်ချင်နဲ့ လေးလေးပင်ပင်ခေါင်းငြိမ့်ပြသည်။

" ပါးစပ်ကပြော "

" ဟုတ် "

ဆူပုတ်ပုတ်နဲ့ ငချွဲကောင် အဟင်း ။

" ဒီည ငါနဲ့နေမှာလား "

ရန်း စကား ကြောင့် ဝန်းမျက်နှာသည်ခုနကနဲ့မတူချက်ချင်းပြုံးပျော်သွားသည်။အမျိုးမျိုးတတ်နိုင်သောလေးပင်။သို့သော် ခေါင်းမငြိမ့်ဘဲ တွေဝေနေပြန်သည်။ ဒီတစ်ခါတော့ ရန်း ဝန်းကို ဆွဲထားချင်သည်။

" ညလည်း​မှောင်နေပြီ မပြန်နဲ့တော့ ငါဒီရက်ပိုင်း ကောင်းကောင်းအိပ်မပျော်လို့ ငါနဲ့အတူအိပ်ပေး "

ဝန်းက နေရာကထလိုက်တာကြောင့် ရန်း စိတ်ထဲအနည်းငယ်ထိတ်သွားသည်။ပြန်သွားမှာလား။

" သွားမယ် "

" အင့် "

ရုတ်တရက် ရန်း ကိုပွေ့ချီလိုက်တာကြောင့် ရန်းဆီမှ အင့်ခနဲအသံပင်ထွက်သွားသည်။ ရန်းကို ရေချိုးခန်းဆီ ဦးစွာ ခေါ်ဆောင်သွားပြီး ဝန်းနဲ့အတူကိုယ်လက်ဆေးကြောစေသည်။

" တကယ် ငါနဲ့အိပ်ပေးမလို့လား "

ရန်းနဲ့အိပ်လျှင်လည်း နောက်ဆံတင်းမနေဘဲ စိတ်ချလက်ချ အိပ်စေချင်သည်မို့ ရန်း သေချာအောင်မေးလိုက်သည်။

" တသက်လုံး အိပ်ပေးမှာ "

ဝန်းအဖြေကြောင့် ရန်းသွားတိုက်နေရင်းရယ်လိုက်သည်။အခုလိုမျိုး ဝန်းနဲ့အတူမျက်နှာမသစ်ရတာကြာပြီ။

" မင်းရင်ခွင်ထဲ ထည့်သိပ်ပေးမှာလား "

တဘက်တစ်ထည်ထဲကို နှစ်ယောက်ဆွဲလုကာသုတ်နေရင်း တီတီတာတာမေးတော့ " နှလုံးသားအတွင်းထဲထိ ထည့်သိပ်မှာ " ဆိုပြီးချိုချိုမြိန်မြိန်ပြန်ဖြေသေးတာ။

" မင်းငယ်ငယ်က ဘယ်လိုကလေးလေးလဲ ဝန်း"

ရန်းကသာငယ်ဘဝအကြောင်းတွေ တဝကြီးပြောပြဖူးပေမယ့် ဝန်းကတော့ သူ့အကြောင်းတွေကိုသိပ်မပြောပြခဲ့ဘူး။
ဝန်းရဲ့ငယ်ဘဝလေးကဘယ်လိုလေးလဲ၊ဘယ်လိုဖြတ်သန်းခဲ့လဲဆိုတာ ရန်း သိချင်မိသည်။ဝန်းမိဘတွေက ဘယ်လိုအုပ်ထိန်းခဲ့တာလဲ ဆိုတာရောပေါ့။

" ကျွန်တော်ငယ်ငယ်ကလား "

" အင်း "

ဝန်း က ရန်းနှင့်မျက်နှာချင်းဆိုင်ဖြစ်အောင်လှဲလိုက်ရင်း သူ့ငယ်ဘဝအကြောင်းကိုပြောပြဖို့ အကြာကြီးအရှိန်ယူနေသည်။

" ဝန်း... မ​ပြောလဲရတယ် "

ဝန်း က အသာအယာပြုံးလိုက်ရင်း

" ကျွန်တော်က ဉာဏ်ကောင်းတဲ့ကောင်လေးတော့ မဟုတ်ဘူး ဒါပေမယ့် အမြဲတမ်း အဆင့်(1) ရတဲ့ကောင်လေး၊
အဆင့် (1) မရရင် အမှောင်ခန်းထဲမှာတစ်ညလုံးပိတ်ခံထားရတယ် ၊ နှစ်တိုင်းဆုပေးပွဲမှာ ပထမဆုရနေမှ ဖြစ်မှာ ၊ ပထမဆုမရရင် ဆရာမကိုလာဘ်ထိုးပြီးပထမဆုရအောင်လုပ်လိုက်​ကြတယ် ၊ ကျွန်တော့်အသုံးမကျမှုကြောင့် လာဘ်ထိုးလိုက်ရတယ်လို့ ခေါင်းစဥ်တပ်ပြီး ထမင်းမကျွေးဘဲ အငတ်ထားတယ်၊ နေပူပူ မိုးရွာရွာ မိုးမှောင်​မှောင် အိမ်ပြင်မှာ လက်မြှောက်​ပြီး မတ်တပ်ရပ်ရတယ် ၊ အရွယ်ရောက်တဲ့အထိပဲ ၊

အရာရာကို အချိန်ဇယားနဲ့အလုပ်လုပ်ရတယ် ၊ မနက်လေးနာရီကနေ ည ၁၂ နာရီထိ စာ စာ စာ ပဲ လုပ်နေရတဲ့ ကောင်လေး ၊ ကျောင်းတွင်းပြဇာတ်ကပွဲတွေမှာဝင်ပါချင်ပေမယ့် ဘတ်စုံထူးချွန်ပြိုင်ပွဲမှာပဲ နှစ်တိုင်း ပြိုင်ရတယ် ၊နှစ်တိုင်းပထမဆုရတယ် ၊အရမ်းတော့ အားမထုတ်ရပါဘူး ကျွန်တော့်မိဘတွေက မေးခွန်း သိတယ်လေ အဟင်း ၊

ကျွန်တော့်ရဲ့အပေါင်းအသင်းတွေကအစ သူတို့ကသတ်မှတ်ပေးထားတယ် အရာရှိသားသမီး ၊ မြို့မျက်နှာဖုံးသားသမီးတွေနဲ့မှပေါင်းခွင့်ရှိတယ် သူတို့မသိအောင်သူငယ်ချင်းအသစ်ထားလိုက်ရင် အဲ့သူငယ်ချင်းကို ဒုက္ခရောက်အောင်လုပ်တယ် "

" သူတို့ရဲ့အတ္တတွေကို သားသမီးဆီမှာ လာပုံချတယ် သူတို့အတွက်နဲ့ သားသမီးတွေကို အသုံးချတယ်၊ ဂုဏ်၊သိက္ခာ၊အဆင့်အတန်းတွေပဲ သူတို့ဦးနှောက်ထဲမှာရှိတာ သားသမီးရဲ့စိတ်ကို တစ်ခါမှ ထည့်မတွေးပေးခဲ့ဘူး "

" သူတို့မှာ သားသမီးတစ်ယောက်ပဲရှိလို့တော်သေးတယ် ရှိန်းမြင့်မိုရ်ဝန်းတွေ အများမရှိတာ ကံကောင်းတာပဲ "

" ဟူး..ကျွန်တော့်အကြောင်းက စိတ်ဝင်စားစရာမကောင်းဘူး မပြောတော့လို့ရလား "

ငိုချင်စိတ်ကို အံ့ကြိတ်ထားတဲ့ ဝန်းငယ်ကို ကြည့်​ပြီး ရန်း ဝမ်းနည်းကြီးစွာငိုမိသည်။ သွားချင်တိုင်းမသွားရ၊စားချင်တိုင်းမစားရ၊ပေါင်းချင်တိုင်းမပေါင်းရ၊လုပ်ချင်တိုင်းမလုပ်ရတဲ့ဘဝမှာဘယ်လိုရှင်သန်ခဲ့သလဲ။ဒါကြောင့်ရန်းကိုစိတ်ပူတာနေမယ်။ စိတ်ချ ဝန်းငယ် ငါကပဲမင်းကို စောင့်ရှောက်မှာ။ငါကပဲ မင်းရဲ့အုပ်ထိန်းသူ။

" ငါ့ကလေးလေး "

ထိန်းမနိုင်တဲ့အဆုံး ဝန်းကိုဖက်ပြီးငိုချမိသည်။ မိဘတွေရဲ့အတ္တတွေကြားထဲက သနားစရာကလေးလေး ။ တစ်ယောက်ထဲ ခံစားခဲ့ရတာတွေဘယ်လောက်တောင်များလိုက်မလဲ။

" အင်း အစ်ကို့ကလေးလေး အစ်ကို့ရဲ့ဝန်း "

ဝန်းအကြောင်း နားထောင်ကာ ဝန်းအတွက် ငိုပေးတဲ့အစ်ကို ။ ဝန်းပုခုံးထက်မှာ အစ်ကို့မျက်ရည်တွေ ၊
အစ်ကို့ပုခုံးထက်မှာ ဝန်းမျက်ရည်တွေ ။
ရင်ဖွင့်လိုက်ရသလိုခံစားချက်ကြောင့် စိတ်ကအနည်းငယ်ပေါ့ပါးသွားသလိုပင်။

" ငါ အတ္တမကြီးတော့ဘူး မင်းလုပ်ချင်ရာ လုပ်နော် "

အတ္တတွေကြားမှာ ပင်ပင်ပန်းပန်းကြီးခဲ့တဲ့ကလေးကို ထပ်ပြီးအတ္တကြီးစွာမချုပ်နှောင်ချင်တော့။

" ဟင့်အင်း ကြီး အစ်ကို့ကလေးလေးဖြစ်ရတာ ကျွန်တော်ကြိုက်တယ်
ကျွန်တော်က အစ်ကို့အပိုင် အစ်ကိုရှိမှကျွန်တော်အသက်ရှင်မှာမလို့ အတ္တကြီးလိုက် "

ကျွန်တော်က အစ်ကိုတစ်ယောက်ထဲအတွက်ဆိုပြီး အတ္တကြီးလိုက် အစ်ကို။

" ချစ်တယ် "

ဝန်းနဖူးပြင်လေးကို ဖွဖွနမ်းရင်း ချစ်ကြောင်းဆိုလိုက်သည်။

" ဘယ်လောက်ချစ်လဲ "

" ဟောဒီလောက်ကြီး "

" ကျွန်တော်က ဟောဒီလောက်ကြီးရဲ့နှစ်ဆ "

တစ်ယောက်ကိုတစ်ယောက်ကြင်နာစွာကြည့်ရင်း ပြုံးလိုက်သည်။အိပ်ယာဝင်အနမ်းတွေခြွေကာ ထွေးပွေ့ထားကြသည်။ဒီညတော့ နှစ်ယောက်လုံး နှစ်ခြိုက်စွာ အိပ်ပျော်ကြတော့မည်။

-

" တီ...တီ...တီ...တီ "

နားစည် ကို စူးခနဲရိုက်ခတ်လာသော ဖုန်းသံကြောင့် ဝန်း လန့်နိုးသွားသည်။
အစ်ကိုနိုးသွားမည်စိုး၍ ဖုန်းအသံကိုချက်ချင်းပိတ်လိုက်သည်။အစ်ကိုက တစ်ချက်သာလူးလွန့်ပြီး ပြန်ငြိမ်သက်သွားသည်။ အစ်ကို့ဘေးမှ အသာအယာထကာ အခန်းအပြင်သို့ထွက်လာခဲ့သည်။ တုန်ခါနေသော ဖုန်းကို ဝန်း ကိုင်လိုက်သည်။

" ဟယ်လို "

" ကိုကိုပြန်မလာသေးဘူးလားဟင် "

အစ်ကိုနိုးသွားမည်စိုး၍ ဝန်း အသံတိုးကာပြောနေသလို တစ်ဖက်က လွှားကလည်း ဝန်းကဲ့သို့ တိုးငယ်သောအသံလေးဖြင့် ပြောလာသည်။

ဝန်း နာရီကို ကြည့်လိုက်တော့ မနက် (2) နာရီ ပင် ထိုးနေပြီ။

" ဟင် လွှား ခုထိမအိပ်သေးဘူးလား "

" ကိုကို့ကို စောင့်နေတာ "

လွှားသည် လူကိုစိတ်မကောင်း​ဖြစ်အောင် ပြုစားဖို့များ မွေးဖွားလာလေသလား။ဝန်း ပြန်လာမယ်အထင်နဲ့
မအိပ်ဘဲ စောင့်နေရှာတယ် ထင်ပါတယ်။

" ကိုယ် မနက်ဖြန်မှ ပြန်လာဖြစ်တော့မယ် ထင်တယ် "

လွှားဘက်က ခေတ္တမျှတိတ်ဆိတ်သွားပြီး " အော်... " ဟူသော အသံဆွေးဆွေးလေးထွက်လာသည်။

" ကိုကိုအိပ်​​နေတာကို လွှား
နှောင့်ယှက်မိသွားတာလား လွှားက ကိုကိုပြန်လာမယ်ဆိုလို့ ​ပြန်မလာ​သေးလို့ ကိုကိုဘာများဖြစ်နေလဲဆိုပြီး စိုးရိမ်လို့ ဖုန်းဆက်လိုက်တာ "

ကိုကို့ကို စောင့်ရမယ်ဆိုရင် အချိန်ဘယ်လောက်ကြာကြာ စောင့်နိုင်သည်။
သို့သော် ပြန်လာမယ်ပြောပြီး ပေါ်မလာတဲ့ကိုကိုကြောင့် တစ်ခုခုများဖြစ်နေမလားဆိုတဲ့ စိုးရိမ်စိတ်နဲ့  အကြိမ်ကြိမ်အခါခါ စဥ်းစားပြီးကာမှ ဖုန်းဆက်လိုက်တာဖြစ်သည်။လွှားရဲ့ ခေါ်ဆိုမှုက မှားယွင်းသော ဆက်သွယ်မှုဖြစ်သွားခဲ့သည်။

"sorry ကိုယ် ဖုန်းဆက်ဖို့မေ့သွားတယ် "

မေ့သွားတယ် ဆိုတဲ့ စကားကြောင့် လွှား မျက်ရည်ကျမိပြန်သည်။ လွှားဟာ
ကိုကို့ရဲ့နှလုံးသားထဲမှာတစ်စိတ်တစ်ဒေသလေးတောင် မရှိခဲ့ဘူး။ နာကျင်တယ် ။ နာကျင်ရင်း နာကျင်ရင်း ထပ်ခါထပ်ခါ နာကျင်မိပြန်တယ် ။

"ဒါဆို ကိုကိုကပြန်မလာဘူးပေါ့နော် "

ပြန်လာလေမလားဆိုတဲ့ မျှော်လင့်ချက်သဲ့သဲ့လေးကြောင့် ပြန်မလာတော့မယ့်အကြောင်းကို အ​ကြိမ်​ကြိမ် အတည်ပြုနေမိသည်။

"အင်း လွှားဖေဖေတို့ရော"

" ဖေဖေတို့ အိပ်နေပြီ "

လွှား အိပ်သွားပြီဟု သေချာယူဆပြီးကာမှ အိပ်စက်သွားကြတဲ့ ဖေကတို့ကိုတွေးမိတော့ ဝမ်းနည်းစိတ်က ပိုစိုးမိုးလာသည်။

" လွှားလည်း အိပ်လိုက်တော့နော် အရမ်းနောက်ကျနေပြီ အခုတော့ ကိုယ်ပြန်မလာဖြစ်တော့ဘူး မနက်ဖြန် မနက် စောစောလာခဲ့မယ်နော် "

" လွှား စောင့်နေမယ်နော် "

အမှတ်မရှိ လွှား ထပ်စောင့်နေဦးမည်။ လွှား က ရှေ့ဆက်တိုးပိုင်ခွင့်မရှိတာကြောင့် စောင့်ပဲစောင့်နေမှာပါ။ ငြိမ်ငြိမ်လေး လွှားနေရာလေးမှာပဲ ။

အခန်းထဲသို့ ခြေသံလုံလုံဖြင့် ပြန်ဝင်လာခဲ့ပြီး အရာရာကို သတိကြီးစွာထားကာ အိပ်ပျော်နေသော အစ်ကို့ဘေးနားဝင်လှဲလိုက်သည်။

" မအိပ်ဘဲ ထိုင်စောင့်နေမှာတော့ မဟုတ်လောက်ပါဘူး "

ခေါင်းထဲဝင်လာတဲ့အတွေးတွေကို ချက်ချင်းခါထုတ်လိုက်သည်။

" အိပ်မှာပါ "

" ဝန်း "

အစ်ကိုက ဝန်း နာမည်ကို ဖွဖွခေါ်ကာရင်ခွင်ထဲတိုးလာသည်မို့ အစ်ကို့ကို ရင်ခွင်ထဲထည့်ကာ ပွေ့ဖက်လိုက်သည်။

" ကျွန်တော်ရှိတယ် ဘယ်မှမသွားဘူး အစ်ကို့ဘေးမှာ ကျွန်တော်ရှိတယ်နော် "

ကျောပြင်လေးကို ဖွဖွပုပ်ကာ ချော့တော့ ရင်ခွင်ထဲက ကောင်လေးမျက်နှာလေးမှာ အပြုံးလေးတစ်ပွင့်လက်ခနဲ။

.

.

.

(Zawgyi)

" အစ္ကို "

အစ္ကိုဆီေရာက္ေတာ့ အေပၚထပ္ ဝရံတာက အပင္ေလးေတြကို ေရေလာင္းေနသည္။ အစ္ကို႔အပင္ေလးေတြၾကား ဝန္း ပါဝင္ၿပီး အစ္ကို႔ကို အေနာက္ကေန ဖက္တြယ္လိုက္သည္။ ဖက္တြယ္ထားေနရင္းကို ေပ်ာက္ကြယ္သြားမွာ ေၾကာက္သည္။ ညေနခင္းတိုက္ခတ္ေနေသာ ေဆာင္းေလေအးတို႔နဲ႕အတူ ယိမ္းလႈပ္သြားတဲ့ အစ္ကို႔ဆံပင္ေလးေတြကို နမ္းရွိုက္လိုက္သည္။

" မင္းအေမငါ့ကိုလာေတြ႕သြားတယ္ "

" ဟင္ အစ္ကို႔ကိုဘာလုပ္သြားေသးလဲ "

အစ္ကို႔ခႏၶာကိုယ္ကို တစ္ပတ္လွည့္ၿပီးေသခ်ာစစ္ၾကည့္ေပမယ့္ ဘာဒဏ္ရာဒဏ္ခ်က္မွ မေတြ႕ရ။

" ဘာလို႔ အတင္းလွန္ေနတာလဲ "

လူကိုပတ္ပတ္လည္ၾကည့္ၿပီး အကၤ်ီကို အတင္းဆြဲလွန္ေနတဲ့ ဝန္း ။ အကၤ်ီလွန္လို႔မွ ဘာမွမေတြ႕ရင္ ေဘာင္းဘီဆြဲခြၽတ္မည့္ပုံ ။ သူ႕မိဘေတြက ဘယ္လိုလူေတြမလို႔ ဒီလိုလန့္ေနရတာလဲ ။

"ဘာမွမလုပ္သြားဘူးလို႔  ငါက
မင္းအေမရန္သူမလို႔လား "

ရန္း ေျပာတာကို မယုံခ်င္ဘဲ မသကၤာတဲ့အၾကည့္နဲ႕ၾကည့္ေနေသးသည္။ ဒီတိုင္းဆို လသာေဆာင္မွာ ရပ္ေနလို႔မျဖစ္ေတာ့ ေဘာင္းဘီလာဆြဲခြၽတ္လို႔ လူေတြ ျမင္ကုန္ရင္ ဒုကၡ။ ရန္း အိမ္ထဲကိုခပ္သြက္သြက္ဝင္ေတာ့ ေနာက္ကေနထပ္ၾကပ္မကြာ လိုက္လာသည္။ ရန္း ဆိုဖာေပၚထိုင္လိုက္ေတာ့ ရန္းနဲ႕မ်က္ႏွာခ်င္းဆိုင္မွာ ခ်က္ခ်င္းဝင္ထိုင္သည္။မ်က္ႏွာမွာလည္း အလိုမက်မႈေတြအထင္းသား။

" သူတို႔က ပုံမွန္စိတ္ရွိတာမဟုတ္ဘူး "

" ကိုယ့္အေမကို ဘယ္လိုေျပာေနတာလဲ ဝန္းငယ္ "

" ကြၽန္ေတာ့္မွာအေမ မရွိဘူး "

ရန္း ဆူရင္ လက္ခံေနက် ကေလးက ခုေတာ့ ျပန္ခံေျပာလာသည္။ ဘယ္ေလာက္အတိုင္းအတာထိ မိဘကို စိတ္နာေနသလဲဆိုတာ ရန္းမခန့္မွန္းနိုင္။
ဝန္းရဲ႕ခံစားခ်က္ေတြကို အကုန္ယူလို႔မရရင္ေတာင္ နည္းနည္းပဲ သက္သာသက္သာ မွ်ေဝခံစားခ်င္သည္။  မိသားစုနဲ႕ပတ္သက္တဲ့ ခံစားခ်က္ဆိုးေတြကို ေပ်ာက္ကြယ္ေစခ်င္သည္။ဒါမွ ဝန္း စိတ္ေပ်ာ္လိမ့္မည္။

" စာခ်ဳပ္စာတမ္းအရမဆိုင္ေတာ့ေပမယ့္ ေသြးသားအရေတာ့ဆိုင္တယ္ ဝန္း မိဘကမိဘပဲ "

ရန္းစကားကိုဝန္းကလက္ခံသည့္ပုံမေပၚ။ရန္းကိုမ်က္ႏွာလႊဲကာ ၾကမ္းျပင္ကိုစူးစိုက္ၾကည့္ေနသည္။ ရန္း သက္ျပင္းေမာ ခ်က္လိုက္သသည္။

" ငါ့ကိုေဆး႐ုံပို႔ေပးခဲ့တာကို ဘယ္လိုသိတာလဲ "

ရန္းသိခ်င္ေနတဲ့ေမးခြန္းကို ေမးလိုက္ေတာ့ ရန္းကိုတစ္ခ်က္ေမာ့ၾကည့္ၿပီး ေခါင္းျပန္ငုံ႕သြားသည္။

" မခက္ပါဘူး "

" ဘယ္လိုသိတာလဲလို႔ ! "

မေျဖဘဲအင္တင္တင္လုပ္ေနတာေၾကာင့္ ေလသံမာမာထပ္ေမးလိုက္သည္။

" CCTV ေတာင္းၾကည့္လိုက္တာ "

ေလသံမာလိုက္မွေဆာင့္ႀကီးေအာင့္ႀကီးေျဖလာသည္။
CCTV ေတာင္းၾကည့္တာေလာက္ကေတာ့ ဝန္းအတြက္ အလြယ္ေလးပင္။ေျပာသလို မခက္ပါဘူး။

" ငါ့ကိုဘာလို႔မေျပာတာလဲ "

သူတစ္ေယာက္ထဲ CCTV ေတာင္းၾကည့္သည္။သူတစ္ေယာက္ထဲ ဘယ္သူဘယ္ဝါဆိုတာကိုသိထားသည္။သူတစ္ေယာက္ထဲသြားေတြ႕သည္။သူတစ္ေယာက္ထဲ ပိုက္ဆံသြားဆပ္သည္။သူတစ္ေယာက္ထဲ သိုသိုသိပ္သိပ္အကုန္လုပ္သည္။ဘာေၾကာင့္လဲ ေမးရင္ ေသခ်ာေပါက္ ရန္းေၾကာင့္လို႔ ေျဖလိမ့္မည္။

" ဝန္း အဲ့ဒါမင္းအေမလည္းဟုတ္သလို ငါ့ေက်းဇူးရွင္လည္း ဟုတ္တယ္ေနာ္ "

ႏႈတ္ဆိတ္ေနတဲ့ ဝန္းက ဘာကိုမွေျဖခ်င္ပုံမရ။

အဲ့ေက်းဇူးရွင္ ေမြးသမိခင္ျဖစ္ေနလို႔ကို မေျပာတာလို႔ ဝန္း စိတ္ထဲမွေျပာလိုက္သည္။

" ကြၽန္ေတာ္ ပိုက္ဆံျပန္ေပးလိုက္ၿပီပဲ "

ပိုက္ဆံေပးလိုက္႐ုံ နဲ႕ ၿပီးသြားေရာလား။

" ဒါဆို သစ္ခက္လႊားရဲ႕ေဆး႐ုံစရိတ္ငါေပးမယ္ မင္းသူ႕ဆီမသြားနဲ႕ေတာ့ "

ဝန္း မ်က္ေမွာင္ၾကဳတ္ကာ အစ္ကို႔ကို ၾကည့္လိုက္သည္။

" အေျခအေနခ်င္းမွ မတူတာ "

" မင္းအေမသာ ငါ့ကိုေဆး႐ုံမပို႔ခဲ့ရင္ အခုခ်ိန္ငါ ရွိခ်င္မွေတာင္ရွိေတာ့မွာ "

အေျခအေနခ်င္းက အတူတူပဲ ဝန္းငယ္၊ေသခ်ာစဥ္းစားၾကည့္ပါဦး။

" အဲ့ဒါေၾကာင့္ ေက်းဇူးတင္တယ္ေျပာခဲ့ၿပီပဲ သူကိုယ္တိုင္လည္း ေက်းဇူးတင္ခံခ်င္လို႔ အစ္ကို႔ဆီလာခဲ့တာမလား "

ဝန္း က ခါးခါးသီးသီးပင္ ။
ဝန္းစကားအရ အေျခအေနတစ္ခုကိုျပန္သုံးသပ္လိုက္ေတာ့ ရန္းလည္း ဆုံးျဖတ္ခ်က္တစ္ခုခ်လိဳက္သည္။သူလည္း လႊားကို ေက်းဇူးတင္စကားသြားေျပာမည္။

" မင္းကိုဂ႐ုစိုက္ေပးဖို႔ လာေျပာတာ "

" အပိုေတြ "

ဟင့္အင္း အပိုမဟုတ္ခဲ့ဘူး ။ ဝန္းအေမကရန္းကို လာေလ့လာသြားတာ။ ဝန္း နဲ႕ ရန္းကို ကန့္ကြက္ၿပီး ဒုကၡေပးဖို႔ မဟုတ္ဘူး။ အဲ့လိုလုပ္နိုင္ခြင့္လည္း သူ႕တို႔မွာမရွိဘူး။ ဝန္းအတြက္ ရန္းက စိတ္ခ်ရတဲ့လူလားဆိုတာကို လာစမ္းသပ္သြားတာ။

" သူတို႔က မင္းကို "

" ေတာ္ၿပီ အစ္ကိုရာ သူတို႔အေၾကာင္းေျပာမလို႔ ေခၚတာဆို ကြၽန္ေတာ္ျပန္ခ်င္တယ္ "

ဝန္းရဲ႕ျပန္ခ်င္တယ္ဆိုတဲ့စကားေၾကာင့္ ရန္း ျပာယာခတ္သြားသည္။

" ဟုတ္ၿပီ မေျပာေတာ့ဘူး ဒီတစ္ခုပဲ ေျပာ သြားၿပီး ျပႆနာရွာခဲ့ေသးလား "

အစ္ကို႔ေမးပုံကလည္းျပႆနာရွာရေအာင္ ဝန္း ကလူမိုက္လား။

" အစ္ကို႔ကိုမထိဖို႔ပဲေျပာခဲ့တာ "

အစ္ကို႔ထိရင္ မလြယ္ဘူးဆိုၿပီး ႀကီးျမတ္လွတဲ့ေမြးသဖခင္ကို ရန္စ စကားေတာ့ေျပာခဲ့ေပမယ့္ေပါ့။

" ၿပီးေတာ့ေရာ "

" ၿပီးေတာ့ ျပန္လာခဲ့တာ "

" ေသခ်ာလား "

" ေသခ်ာတယ္ "

လူကိုတရားခံစစ္ စစ္ေနတဲ့အစ္ကို႔ေၾကာင့္ ဝန္းရဲ႕ႏႈတ္ခမ္းေတြက မသိမသာေရာ သိသိသာသာပါ ဆူထြက္လာသည္။

"ႏႈတ္ခမ္းကို ျပန္သိမ္း "

ဆူထြက္ေနတဲ့ ႏႈတ္ခမ္းေတြကို ရန္းလွမ္းရိုက္လိုက္ေတာ့ ဟြန့္ဆိုကာ ႏွာမႈတ္လာေသးသည္။ လုပ္ခ်င္ရာေတြ လုပ္ၿပီးမွ အႀကီးကဆူေတာ့ မႀကိဳက္ခ်င္ဘူး။

" ေနာက္တစ္ခါ တစ္ခုခုဆို ငါ့ကိုေျပာ တစ္ေယာက္ထဲ မလုပ္ရဘူး "

မၿငိမ့္ခ်င္ၿငိမ့္ခ်င္နဲ႕ ေလးေလးပင္ပင္ေခါင္းၿငိမ့္ျပသည္။

" ပါးစပ္ကေျပာ "

" ဟုတ္ "

ဆူပုတ္ပုတ္နဲ႕ ငခြၽဲေကာင္ အဟင္း ။

" ဒီည ငါနဲ႕ေနမွာလား "

ရန္း စကား ေၾကာင့္ ဝန္းမ်က္ႏွာသည္ခုနကနဲ႕မတူခ်က္ခ်င္းၿပဳံးေပ်ာ္သြားသည္။အမ်ိဳးမ်ိဳးတတ္နိုင္ေသာေလးပင္။သို႔ေသာ္ ေခါင္းမၿငိမ့္ဘဲ ေတြေဝေနျပန္သည္။ ဒီတစ္ခါေတာ့ ရန္း ဝန္းကို ဆြဲထားခ်င္သည္။

" ညလည္းေမွာင္ေနၿပီ မျပန္နဲ႕ေတာ့ ငါဒီရက္ပိုင္း ေကာင္းေကာင္းအိပ္မေပ်ာ္လို႔ ငါနဲ႕အတူအိပ္ေပး "

ဝန္းက ေနရာကထလိုက္တာေၾကာင့္ ရန္း စိတ္ထဲအနည္းငယ္ထိတ္သြားသည္။ျပန္သြားမွာလား။

" သြားမယ္ "

" အင့္ "

႐ုတ္တရက္ ရန္း ကိုေပြ႕ခ်ီလိုက္တာေၾကာင့္ ရန္းဆီမွ အင့္ခနဲအသံပင္ထြက္သြားသည္။ ရန္းကို ေရခ်ိဳးခန္းဆီ ဦးစြာ ေခၚေဆာင္သြားၿပီး ဝန္းနဲ႕အတူကိုယ္လက္ေဆးေၾကာေစသည္။

" တကယ္ ငါနဲ႕အိပ္ေပးမလို႔လား "

ရန္းနဲ႕အိပ္လွ်င္လည္း ေနာက္ဆံတင္းမေနဘဲ စိတ္ခ်လက္ခ် အိပ္ေစခ်င္သည္မို႔ ရန္း ေသခ်ာေအာင္ေမးလိုက္သည္။

" တသက္လုံး အိပ္ေပးမွာ "

ဝန္းအေျဖေၾကာင့္ ရန္းသြားတိုက္ေနရင္းရယ္လိုက္သည္။အခုလိုမ်ိဳး ဝန္းနဲ႕အတူမ်က္ႏွာမသစ္ရတာၾကာၿပီ။

" မင္းရင္ခြင္ထဲ ထည့္သိပ္ေပးမွာလား "

တဘက္တစ္ထည္ထဲကို ႏွစ္ေယာက္ဆြဲလုကာသုတ္ေနရင္း တီတီတာတာေမးေတာ့ " ႏွလုံးသားအတြင္းထဲထိ ထည့္သိပ္မွာ " ဆိုၿပီးခ်ိဳခ်ိဳၿမိန္ၿမိန္ျပန္ေျဖေသးတာ။

" မင္းငယ္ငယ္က ဘယ္လိုကေလးေလးလဲ ဝန္း"

ရန္းကသာငယ္ဘဝအေၾကာင္းေတြ တဝႀကီးေျပာျပဖူးေပမယ့္ ဝန္းကေတာ့ သူ႕အေၾကာင္းေတြကိုသိပ္မေျပာျပခဲ့ဘူး။
ဝန္းရဲ႕ငယ္ဘဝေလးကဘယ္လိုေလးလဲ၊ဘယ္လိုျဖတ္သန္းခဲ့လဲဆိုတာ ရန္း သိခ်င္မိသည္။ဝန္းမိဘေတြက ဘယ္လိုအုပ္ထိန္းခဲ့တာလဲ ဆိုတာေရာေပါ့။

" ကြၽန္ေတာ္ငယ္ငယ္ကလား "

" အင္း "

ဝန္း က ရန္းႏွင့္မ်က္ႏွာခ်င္းဆိုင္ျဖစ္ေအာင္လွဲလိုက္ရင္း သူ႕ငယ္ဘဝအေၾကာင္းကိုေျပာျပဖို႔ အၾကာႀကီးအရွိန္ယူေနသည္။

" ဝန္း... မေျပာလဲရတယ္ "

ဝန္း က အသာအယာၿပဳံးလိုက္ရင္း

" ကြၽန္ေတာ္က ဉာဏ္ေကာင္းတဲ့ေကာင္ေလးေတာ့ မဟုတ္ဘူး ဒါေပမယ့္ အၿမဲတမ္း အဆင့္(1) ရတဲ့ေကာင္ေလး၊
အဆင့္ (1) မရရင္ အေမွာင္ခန္းထဲမွာတစ္ညလုံးပိတ္ခံထားရတယ္ ၊ ႏွစ္တိုင္းဆုေပးပြဲမွာ ပထမဆုရေနမွ ျဖစ္မွာ ၊ ပထမဆုမရရင္ ဆရာမကိုလာဘ္ထိုးၿပီးပထမဆုရေအာင္လုပ္လိုက္ၾကတယ္ ၊ ကြၽန္ေတာ့္အသုံးမက်မႈေၾကာင့္ လာဘ္ထိုးလိုက္ရတယ္လို႔ ေခါင္းစဥ္တပ္ၿပီး ထမင္းမေကြၽးဘဲ အငတ္ထားတယ္၊ ေနပူပူ မိုး႐ြာ႐ြာ မိုးေမွာင္ေမွာင္ အိမ္ျပင္မွာ လက္ျမႇောက္ၿပီး မတ္တပ္ရပ္ရတယ္ ၊ အ႐ြယ္ေရာက္တဲ့အထိပဲ ၊

အရာရာကို အခ်ိန္ဇယားနဲ႕အလုပ္လုပ္ရတယ္ ၊ မနက္ေလးနာရီကေန ည ၁၂ နာရီထိ စာ စာ စာ ပဲ လုပ္ေနရတဲ့ ေကာင္ေလး ၊ ေက်ာင္းတြင္းျပဇာတ္ကပြဲေတြမွာဝင္ပါခ်င္ေပမယ့္ ဘတ္စုံထူးခြၽန္ၿပိဳင္ပြဲမွာပဲ ႏွစ္တိုင္း ၿပိဳင္ရတယ္ ၊ႏွစ္တိုင္းပထမဆုရတယ္ ၊အရမ္းေတာ့ အားမထုတ္ရပါဘူး ကြၽန္ေတာ့္မိဘေတြက ေမးခြန္း သိတယ္ေလ အဟင္း ၊

ကြၽန္ေတာ့္ရဲ႕အေပါင္းအသင္းေတြကအစ သူတို႔ကသတ္မွတ္ေပးထားတယ္ အရာရွိသားသမီး ၊ ၿမိဳ႕မ်က္ႏွာဖုံးသားသမီးေတြနဲ႕မွေပါင္းခြင့္ရွိတယ္ သူတို႔မသိေအာင္သူငယ္ခ်င္းအသစ္ထားလိုက္ရင္ အဲ့သူငယ္ခ်င္းကို ဒုကၡေရာက္ေအာင္လုပ္တယ္ "

" သူတို႔ရဲ႕အတၱေတြကို သားသမီးဆီမွာ လာပုံခ်တယ္ သူတို႔အတြက္နဲ႕ သားသမီးေတြကို အသုံးခ်တယ္၊ ဂုဏ္၊သိကၡာ၊အဆင့္အတန္းေတြပဲ သူတို႔ဦးႏွောက္ထဲမွာရွိတာ သားသမီးရဲ႕စိတ္ကို တစ္ခါမွ ထည့္မေတြးေပးခဲ့ဘူး "

" သူတို႔မွာ သားသမီးတစ္ေယာက္ပဲရွိလို႔ေတာ္ေသးတယ္ ရွိန္းျမင့္မိုရ္ဝန္းေတြ အမ်ားမရွိတာ ကံေကာင္းတာပဲ "

" ဟူး..ကြၽန္ေတာ့္အေၾကာင္းက စိတ္ဝင္စားစရာမေကာင္းဘူး မေျပာေတာ့လို႔ရလား "

ငိုခ်င္စိတ္ကို အံ့ႀကိတ္ထားတဲ့ ဝန္းငယ္ကို ၾကည့္ၿပီး ရန္း ဝမ္းနည္းႀကီးစြာငိုမိသည္။ သြားခ်င္တိုင္းမသြားရ၊စားခ်င္တိုင္းမစားရ၊ေပါင္းခ်င္တိုင္းမေပါင္းရ၊လုပ္ခ်င္တိုင္းမလုပ္ရတဲ့ဘဝမွာဘယ္လိုရွင္သန္ခဲ့သလဲ။ဒါေၾကာင့္ရန္းကိုစိတ္ပူတာေနမယ္။ စိတ္ခ် ဝန္းငယ္ ငါကပဲမင္းကို ေစာင့္ေရွာက္မွာ။ငါကပဲ မင္းရဲ႕အုပ္ထိန္းသူ။

" ငါ့ကေလးေလး "

ထိန္းမနိုင္တဲ့အဆုံး ဝန္းကိုဖက္ၿပီးငိုခ်မိသည္။ မိဘေတြရဲ႕အတၱေတြၾကားထဲက သနားစရာကေလးေလး ။ တစ္ေယာက္ထဲ ခံစားခဲ့ရတာေတြဘယ္ေလာက္ေတာင္မ်ားလိုက္မလဲ။

" အင္း အစ္ကို႔ကေလးေလး အစ္ကို႔ရဲ႕ဝန္း "

ဝန္းအေၾကာင္း နားေထာင္ကာ ဝန္းအတြက္ ငိုေပးတဲ့အစ္ကို ။ ဝန္းပုခုံးထက္မွာ အစ္ကို႔မ်က္ရည္ေတြ ၊
အစ္ကို႔ပုခုံးထက္မွာ ဝန္းမ်က္ရည္ေတြ ။
ရင္ဖြင့္လိုက္ရသလိုခံစားခ်က္ေၾကာင့္ စိတ္ကအနည္းငယ္ေပါ့ပါးသြားသလိုပင္။

" ငါ အတၱမႀကီးေတာ့ဘူး မင္းလုပ္ခ်င္ရာ လုပ္ေနာ္ "

အတၱေတြၾကားမွာ ပင္ပင္ပန္းပန္းႀကီးခဲ့တဲ့ကေလးကို ထပ္ၿပီးအတၱႀကီးစြာမခ်ဳပ္ႏွောင္ခ်င္ေတာ့။

" ဟင့္အင္း ႀကီး အစ္ကို႔ကေလးေလးျဖစ္ရတာ ကြၽန္ေတာ္ႀကိဳက္တယ္
ကြၽန္ေတာ္က အစ္ကို႔အပိုင္ အစ္ကိုရွိမွကြၽန္ေတာ္အသက္ရွင္မွာမလို႔ အတၱႀကီးလိုက္ "

ကြၽန္ေတာ္က အစ္ကိုတစ္ေယာက္ထဲအတြက္ဆိုၿပီး အတၱႀကီးလိုက္ အစ္ကို။

" ခ်စ္တယ္ "

ဝန္းနဖူးျပင္ေလးကို ဖြဖြနမ္းရင္း ခ်စ္ေၾကာင္းဆိုလိုက္သည္။

" ဘယ္ေလာက္ခ်စ္လဲ "

" ေဟာဒီေလာက္ႀကီး "

" ကြၽန္ေတာ္က ေဟာဒီေလာက္ႀကီးရဲ႕ႏွစ္ဆ "

တစ္ေယာက္ကိုတစ္ေယာက္ၾကင္နာစြာၾကည့္ရင္း ၿပဳံးလိုက္သည္။အိပ္ယာဝင္အနမ္းေတြေႁခြကာ ေထြးေပြ႕ထားၾကသည္။ဒီညေတာ့ ႏွစ္ေယာက္လုံး ႏွစ္ၿခိဳက္စြာ အိပ္ေပ်ာ္ၾကေတာ့မည္။

-

" တီ...တီ...တီ...တီ "

နားစည္ ကို စူးခနဲရိုက္ခတ္လာေသာ ဖုန္းသံေၾကာင့္ ဝန္း လန့္နိုးသြားသည္။
အစ္ကိုနိုးသြားမည္စိုး၍ ဖုန္းအသံကိုခ်က္ခ်င္းပိတ္လိုက္သည္။အစ္ကိုက တစ္ခ်က္သာလူးလြန့္ၿပီး ျပန္ၿငိမ္သက္သြားသည္။ အစ္ကို႔ေဘးမွ အသာအယာထကာ အခန္းအျပင္သို႔ထြက္လာခဲ့သည္။ တုန္ခါေနေသာ ဖုန္းကို ဝန္း ကိုင္လိုက္သည္။

" ဟယ္လို "

" ကိုကိုျပန္မလာေသးဘူးလားဟင္ "

အစ္ကိုနိုးသြားမည္စိုး၍ ဝန္း အသံတိုးကာေျပာေနသလို တစ္ဖက္က လႊားကလည္း ဝန္းကဲ့သို႔ တိုးငယ္ေသာအသံေလးျဖင့္ ေျပာလာသည္။

ဝန္း နာရီကို ၾကည့္လိုက္ေတာ့ မနက္ (2) နာရီ ပင္ ထိုးေနၿပီ။

" ဟင္ လႊား ခုထိမအိပ္ေသးဘူးလား "

" ကိုကို႔ကို ေစာင့္ေနတာ "

လႊားသည္ လူကိုစိတ္မေကာင္းျဖစ္ေအာင္ ျပဳစားဖို႔မ်ား ေမြးဖြားလာေလသလား။ဝန္း ျပန္လာမယ္အထင္နဲ႕
မအိပ္ဘဲ ေစာင့္ေနရွာတယ္ ထင္ပါတယ္။

" ကိုယ္ မနက္ျဖန္မွ ျပန္လာျဖစ္ေတာ့မယ္ ထင္တယ္ "

လႊားဘက္က ေခတၱမွ်တိတ္ဆိတ္သြားၿပီး " ေအာ္... " ဟူေသာ အသံေဆြးေဆြးေလးထြက္လာသည္။

" ကိုကိုအိပ္ေနတာကို လႊား
ႏွောင့္ယွက္မိသြားတာလား လႊားက ကိုကိုျပန္လာမယ္ဆိုလို႔ ျပန္မလာေသးလို႔ ကိုကိုဘာမ်ားျဖစ္ေနလဲဆိုၿပီး စိုးရိမ္လို႔ ဖုန္းဆက္လိုက္တာ "

ကိုကို႔ကို ေစာင့္ရမယ္ဆိုရင္ အခ်ိန္ဘယ္ေလာက္ၾကာၾကာ ေစာင့္နိုင္သည္။
သို႔ေသာ္ ျပန္လာမယ္ေျပာၿပီး ေပၚမလာတဲ့ကိုကိုေၾကာင့္ တစ္ခုခုမ်ားျဖစ္ေနမလားဆိုတဲ့ စိုးရိမ္စိတ္နဲ႕  အႀကိမ္ႀကိမ္အခါခါ စဥ္းစားၿပီးကာမွ ဖုန္းဆက္လိုက္တာျဖစ္သည္။လႊားရဲ႕ ေခၚဆိုမႈက မွားယြင္းေသာ ဆက္သြယ္မႈျဖစ္သြားခဲ့သည္။

"sorry ကိုယ္ ဖုန္းဆက္ဖို႔ေမ့သြားတယ္ "

ေမ့သြားတယ္ ဆိုတဲ့ စကားေၾကာင့္ လႊား မ်က္ရည္က်မိျပန္သည္။ လႊားဟာ
ကိုကို႔ရဲ႕ႏွလုံးသားထဲမွာတစ္စိတ္တစ္ေဒသေလးေတာင္ မရွိခဲ့ဘူး။ နာက်င္တယ္ ။ နာက်င္ရင္း နာက်င္ရင္း ထပ္ခါထပ္ခါ နာက်င္မိျပန္တယ္ ။

"ဒါဆို ကိုကိုကျပန္မလာဘူးေပါ့ေနာ္ "

ျပန္လာေလမလားဆိုတဲ့ ေမွ်ာ္လင့္ခ်က္သဲ့သဲ့ေလးေၾကာင့္ ျပန္မလာေတာ့မယ့္အေၾကာင္းကို အႀကိမ္ႀကိမ္ အတည္ျပဳေနမိသည္။

"အင္း လႊားေဖေဖတို႔ေရာ"

" ေဖေဖတို႔ အိပ္ေနၿပီ "

လႊား အိပ္သြားၿပီဟု ေသခ်ာယူဆၿပီးကာမွ အိပ္စက္သြားၾကတဲ့ ေဖကတို႔ကိုေတြးမိေတာ့ ဝမ္းနည္းစိတ္က ပိုစိုးမိုးလာသည္။

" လႊားလည္း အိပ္လိုက္ေတာ့ေနာ္ အရမ္းေနာက္က်ေနၿပီ အခုေတာ့ ကိုယ္ျပန္မလာျဖစ္ေတာ့ဘူး မနက္ျဖန္ မနက္ ေစာေစာလာခဲ့မယ္ေနာ္ "

" လႊား ေစာင့္ေနမယ္ေနာ္ "

အမွတ္မရွိ လႊား ထပ္ေစာင့္ေနဦးမည္။ လႊား က ေရွ႕ဆက္တိုးပိုင္ခြင့္မရွိတာေၾကာင့္ ေစာင့္ပဲေစာင့္ေနမွာပါ။ ၿငိမ္ၿငိမ္ေလး လႊားေနရာေလးမွာပဲ ။

အခန္းထဲသို႔ ေျခသံလုံလုံျဖင့္ ျပန္ဝင္လာခဲ့ၿပီး အရာရာကို သတိႀကီးစြာထားကာ အိပ္ေပ်ာ္ေနေသာ အစ္ကို႔ေဘးနားဝင္လွဲလိုက္သည္။

" မအိပ္ဘဲ ထိုင္ေစာင့္ေနမွာေတာ့ မဟုတ္ေလာက္ပါဘူး "

ေခါင္းထဲဝင္လာတဲ့အေတြးေတြကို ခ်က္ခ်င္းခါထုတ္လိုက္သည္။

" အိပ္မွာပါ "

" ဝန္း "

အစ္ကိုက ဝန္း နာမည္ကို ဖြဖြေခၚကာရင္ခြင္ထဲတိုးလာသည္မို႔ အစ္ကို႔ကို ရင္ခြင္ထဲထည့္ကာ ေပြ႕ဖက္လိုက္သည္။

" ကြၽန္ေတာ္ရွိတယ္ ဘယ္မွမသြားဘူး အစ္ကို႔ေဘးမွာ ကြၽန္ေတာ္ရွိတယ္ေနာ္ "

ေက်ာျပင္ေလးကို ဖြဖြပုပ္ကာ ေခ်ာ့ေတာ့ ရင္ခြင္ထဲက ေကာင္ေလးမ်က္ႏွာေလးမွာ အၿပဳံးေလးတစ္ပြင့္လက္ခနဲ။

.

.

واصل القراءة

ستعجبك أيضاً

31K 1.7K 43
ဇွဲလပြည့်ဆိုသောလူသားလေးနှင့် သူ၏မောင်ဆိုသောကောင်ငယ်လေးတို့၏ချစ်ခြင်းမေတ္တာအကြောင်းရေးဖွဲ့ထားသည့် ဝတ္ထုလေးတစ်ပုဒ်..... 「First Creation 🌼」 Start Date...
488K 11.8K 89
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
350K 8.7K 80
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
315K 15.3K 84
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...