သူဌေးကြီး၏ဒုတိယမြောက်အိမ်ထောင...

By OpalHawthorn28

2.3M 315K 17.7K

Title....Second merriage of a wealthy old man မူရင်းအော်သာ....Tangerine Boat(Cannon folder cheat system ရေးတဲ... More

Description
Chapter (1)
Chapter(2)
Chapter(3)
Chapter(4)
Chapter(5)
Chapter(6)
Chapter(7)
Chapter(8)
Chapter(9)
Chapter(10)
Chapter(11)
Chapter(12)
Chapter(13)
Chapter(14)
Chapter(15)
Chapter(16)
Chapter (17)
Chapter(18)
Chapter(19)
Chapter(20)
Chapter(21)
Chapter (22)
Chapter (23)
Chapter (24)
Chapter (25)
သူရဲကောင်းကြီးရဲ့အမှာစာ🏹🏹
Chapter (26)
Chapter (27)
Chapter (28)
Chapter (29)
Chapter (30)
Chapter (31)
Chapter (32)
Chapter (33)
Chapter (34)
Chapter (35)
Chapter (36)
Chapter (37)
Chapter (38)
Chapter (39)
Chapter (40)
Chapter (41)
Chapter (42)
Chapter (43)
Chapter (44)
Chapter (45)
Chapter (46)
Chapter (47)
Chapter (48)
Chapter (49)
Chapter (50)
Chapter (51)
Chapter (52)
Chapter (53)
Chapter (54)
Chapter (55)
Chapter (56)
Chapter (57)
Chapter (58)
Chapter (59)
Chapter (60)
Chapter (61)
Chapter (62)
Chapter (63)
Chapter (64)
Chapter (66)
Chapter (67)
Chapter (68)
Chapter (69)
Hi
Chapter (70)
Chapter (71)
Chapter (72)
Chapter (73)
Chapter (74)
Chapter (75)
Chapter (76)
Chapter (77)
Chapter (78)
Chapter (79)
Chapter (80)
Chapter (81)
Chapter (82)
Chapter (83)
Chapter (84)
Chapter (85)
Chapter (86)
Chapter (87)
Chapter (88)
ရေဘဝဲသူရဲကောင်းကြီး၏ ကျေးဇူးတင်လွှာ

Chapter (65)

19.5K 2.8K 95
By OpalHawthorn28

မုန့်ရန်က ဝူဖန်ကို အရင်ပြန်ခိုင်းလိုက်ပြီး ဉက္ကဌနဲ့ Korchi တို့ရှိနေတဲ့ ခြံဝန်းထဲကို ဝင်သွားလိုက်တယ်။

မုန့်ရန် ထိုင်ခုံမှာ ထိုင်ပြီးတာနဲ့ Korchi က မေးခွန်းတွေမေးဖို့ နည်းနည်းလေးတောင် မအောင့်အီးနိုင်တော့တာကြောင့်...

"စုတိအတွက်လုပ်ပေးထားတဲ့ ဆေးနံ့သာတွေကျန်သေးလားဟင်??ငါ့ဆီမှာ စုတိလိုပဲ car accidentကြောင့် စိတ်ပိုင်းဆိုင်ရာထိခိုက်ပြီး အိပ်မပျော်တဲ့ လူနာတစ်ယောက်ရှိတယ်။သူက ကားတွေကိုမြင်ရုံနဲ့တင် အရမ်းကြောက်နေတာ၊ပြီးတော့ ညတိုင်းလဲ အိမ်မက်ဆိုးတွေမက်ပြီးအိပ်မပျော်တော့တာအတော်ကြာပြီ...မင်းရဲ့ ဆေးနံ့သာနည်းနည်း သုံးခိုင်းကြည့်လိုက်တာ အရမ်းအဆင်ပြေသွားတယ်။ဒါပေမယ့် ငါဆီမှာ လက်ကျန်မရှိတော့ဘူး။ကုသမှုကလဲ ဆက်လုပ်ရဉီးမှာဆိုတော့ မင်းဆီကနေ နည်းနည်းလောက် ထပ်ဝယ်လို့ရနိုင်မလား??"

အရင်တစ်ခေါက် စုတိအတွက် ဖော်စပ်ပေးခဲ့တဲ့ဆေးနံ့သာ တွေကို ရှောင်ခယ်က အကုန်အကြခံပးခဲ့တာပါ။စုတိရဲ့ ရောဂါ ပျောက်ကင်းသွားချိန်မှာ ဆေးနံ့သာတွေပိုနေပါသေးတယ်။ဒါကို Korchi ကမြင်သွားပြီး ရှောင်ခယ်ဆီကနေ ဝယ်တော့တာပါပဲ။ရှောင်ခယ့်ဘက်က မရောင်းချင်ပေမယ့် ငြင်းဆန်လိုက်ပြန်ရင်လဲ နောက်ပိုင်း Korchi ဆီက အကူအညီလိုတဲ့အခါ မျက်နှာပူစရာတွေဖြစ်မှာစိုးတဲ့အတွက် အင်တင်တင်နဲ့ပဲ ရောင်းလိုက်ရပါတော့တယ်။

Korchi က ရှောင်ခယ်ဆီက ဝယ်လာတဲ့ နံ့သာတွေကို စုတိနဲ့ အခြေနေတူတဲ့ လူနာတစ်ယောက်ကို ပေးသုံးလိုက်တယ်။မုန့်ရန်ရဲ့ နံ့သာနဲ့ သူ့ရဲ့ ကိုယ်ပိုင် စိတ်ရောဂါကုထုံးတို့ကို ပေါင်းစပ်လိုက်ချိန်မှာ အကျိုးရလဒ်က မယုံနိုင်လောက်အောင် ကောင်းမွန်နေခဲ့တယ်။ဒါကြောင့် မုန့်ရန်ဆီကနေ ပမာဏများများ ထပ်ဝယ်ချင်နေတာပါ...

မုန့်ရန်က သေချာစဉ်းစားပြီးမှ...

"အချိန်တိုအတွင်းမှာ အဲ့လိုနံ့သာမျိုး ထပ်မလုပ်ပေးနိုင်လောက်ဘူး။ပါဝင်ပစ္စည်းတွေက ရှာရခက်တယ်"

"လိုအပ်တဲ့ ကုန်ကြမ်းတွေကို ငါလဲကူရှာပေးမယ်။ငွေရေးကြေးရေးကို ခေါင်းထဲမထည့်နဲ့"

"အိုးး ဟင်းပွဲတွေအဆင်သင့်ဖြစ်နေပဲ..အရင်ဆုံးစားသောက်ပြီးမှ ကျန်တဲ့အသေးစိတ်အကြောင်းအရာတွေကို ဆက်ပြောကြတာပေါ့"

ဉက္ကဌကြီးက လင်စုန့်ထိုင်ကို မျက်စပစ်ပြီး အချက်ပေးလိုက်တယ်။

"မုန့်ရန် နေ့လည်ပိုင်းအတန်းချိန်ရှိသေးတယ်မလား??ကျောင်းကို အရင်ပြန်နှင့်လိုက်တော့"

မုန့်ရန် ကြောင်တောင်တောင် ဖြစ်နေရာကနေ...

"ဟုတ်ကဲ့ဆရာ"

မုန့်ရန် ထပြန်သွားတာကိုမြင်ပြီး Korchi တောင် ကြောင်တောင်တောင်ဖြစ်သွားခဲ့ရတယ်။သူပြောနေတဲ့စကားမဆုံးသေးဘူးမဟုတ်လား???မုန့်ရန်က ဘာကြောင့် ရုတ်တရက်ကြီး ထပြန်သွားတာလဲ??ဉက္ကဌကြီးကရော ဘာလို့ သူ့ကို ထမင်းတွေအတင်းကျွေးပြီး စကားနောက်မှပြောမယ်လို့ ပြောနေရတာတုန်း???

အရှေ့တိုင်းသားတွေက အနောက်တိုင်းသားတွေလို စိတ်ရောဂါနဲ့ပတ်သတ်ပြီး တကူးတက ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးလေ့ မရှိကြပေ။ရနံ့ကုထုံးပညာရှင်တွေနဲ့သာ တိုင်ပင်ကုသကြလေ့ရှိပါတယ်။ရနံ့ကုထုံးနဲ့ပတ်သတ်ရင် အရှေ့တိုင်းသားတွေက တွင်တွင်ကျယ်ကျယ် လက်ခံထားပေးမယ့် စိတ်ရောဂါနဲ့ပတ်သတ်ရင် လေ့လာစရာတွေအများကြီးရှိနေပါသေးတယ်။ဒါ့ကြောင့် Korchiရဲ့ မုန့်ရန်အပေါ်တောင်းဆိုမှုကနေတဆင့် တခြားသောအခွင့်ကောင်းတွေရနိုင်ပါသေးတယ်။

တစ်လတာကြာမြင့်ပြီး​နောက်မှာ မုန့်ရန်က ရနံ့ကုထုံးဌာခွဲရဲ့ ကိုယ်စားလှယ်တစ်ယောက်ဖြစ်နဲ့ ပြည်ပကို လေ့လာရေးခရီးစဉ်သွားခဲ့ရတယ်။

လော်ရှို့ရဲ့ ကိုယ်ပိုင်လေယာဉ်ပေါ်က အခန်းတစ်ခုထဲမှာ.....

မုန့်ရန်က ကုတင်ကြီးတစ်ခုပေါ်မှာလှဲလျောင်းနေပြီး သားဖြစ်သူကို ငေးကြည့်နေတယ်။သုံးလသားလေး လော်ကျွင်းရယ်က ပိုးတုံးလုံးဝတုတ်လေးတစ်ကောင်သဖွယ် ကုတင်ပေါ်မှာ ယက်ကန်ယက်ကန်နဲ့ တွန့်လိမ် ပျော်မြူးနေတယ်။ဝမ်းလျားမှောက်ဖို့ကြိုးစားရာမှာ မအောင်မြင်တဲ့အခါ အဖေဖြစ်သူ မုန့်ရန်ကို အရည်လဲ့နေတဲ့ မျက်လုံးဝိုင်းဝိုင်းကြီးတွေနဲ့ လှည့်လှည့်ကြည့်လိုက်သေးတယ်။

ဒီအကြည့်တွေကို မခုခံနိုင်တဲ့အခါ မုန့်ရန်က သားလေးကို ပွေ့ဖက်လိုက်ပြီး ကျောပြင်လေးကို ခပ်ဖွဖွပွတ်သပ်ပေးလိုက်တယ်။

"အခုတော့ပျော်နေပြီပေါ့...ခုနကလေးတင် ငိုထားတာဘယ်သူပါလိမ့်နော်"

လွန်ခဲ့တဲ့နှစ်နာရီလောက်က လေယာဉ်စထွက်ချိန်မှာ လေထုဖိအားပြောင်းအလဲကြောင့် မသက်မသာဖြစ်နေတဲ့ လော်ကျွင်းရယ်လေးက အထိတ်တလန့်နဲ့ အကျယ်ကြီး အော်ငိုနေတာကြောင့် မုန့်ရန် အတော် ချော့လိုက်ရသေးတယ်။

မုန့်ရန်က ကုတင်ပေါ်ကနေ ထထိုင်လိုက်ပြီး ပြတင်းပေါက်ကနေ မြင်နေရတဲ့ တိမ်ပင်လယ်ကြီးကို လက်ညိုးထိုးပြလိုက်တယ်။

"ဘေဘီရေ..ကြည့်လိုက်ပါဉီး...အပြင်မှာ marshmallow တွေအများကြီးပဲ...ပါပါးတို့တွေmarshmallow တွေထဲမှာ လက်ပစ်ကူးကြမယ်လေ...အရမ်းလှတယ်မလား??"

လော်ရှို့က အခန်းထဲဝင်ပြီးတာနဲ့ ဖိနပ်ချွတ်ပြီး ကုတင်ပေါ်တက်သွားလိုက်တယ်။ကုတင်ပေါ်ရောက်တာနဲ့ မုန့်ရန်ဘေးမှာထိုင်လိုက်ပြီး မုန့်ရန်ကို ပွေ့ဖက် နမ်းရှိုက်ပြီးမှာ သားဖြစ်သူရဲ့ မျက်နှာဖောင်းဖောင်းလေးကိုနမ်းလိုက်တယ်။

နှစ်ယောက်သားစကားမပြောရသေးခင်မှာ မုန့်ရန်က ခေါင်းလှည့်ပြီး လော်ရှို့ကို နမ်းလိုက်တယ်။လူချင်းခွာပြီးချိန်မှာ သားဖြစ်သူက မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ ကြည့်နေတာကို မြင်တော့ မုန့်ရန် အတော်ရှက်သွားသေးတယ်။

"ပါပါးအကြောင်းစဉ်းစားနေတာလား??ဘေဘီ့ကိုလဲ နမ်းရမလား??"

မုန့်ရန်က သားဖြစ်သူရဲ့ နှုတ်ခမ်းရဲရဲလေးကိုနမ်းလိုက်ပြီး လူယုတ်မာအပြုံးကြီးနဲ့...

"First kissလေးတော့ပါသွားပြီ..ဟားဟားးအနာဂတ်မှာ ဘေဘီသဘောကျတဲ့သူနဲ့တွေ့ရင် ဘယ်လိုရှင်းပြမလဲ??ဟားးးးး"

မုန့်ရန်ရဲ့ကလေးဆန်မှုလေးကိုမြင်ရတဲ့အခါ လော်ရှို့ရဲ့ နှလုံးသားထဲမှာ ပြောမပြနိုင်တဲ့ ပျော်ရွှင်မှုလေးတစ်ခုဖြစ်တည်လာခဲ့တယ်။

လော်ကျွင်းရယ်လေးက အခုမှ အသားလုံးလေးတစ်လုံးလို ငယ်ရွယ်နေသေးပေမယ့် မုန့်ရန်ကတော့ အသေးစိတ်ပြုစုစောင့်ရှောက်ပေးခဲ့တယ်။မျက်နှာသေးသေးလေးကို နမ်းတယ်၊ရေအတူတူချိုးတယ်၊မအိပ်မချင်း ချီပိုးပြီးချော့သိပ်တယ်။နောက်ထပ်နှစ်အနည်းငယ်လောက်ကြာရင် လော်ကျွင်းရယ် အရွယ်ရောက်လာတော့မှာလေ...အဲ့အခါကျရင် အခုလို လုပ်ပေးဖို့ဆိုတာ မလွယ်ကူတော့ဘူး...အခုချိန်ခဏလေးအတွင်းမှာ မုန့်ရန်က သားဖြစ်သူကို အချိန်တိုင်း ပွေ့ဖက် ချီပိုးထားချင်နေတော့တာပါပဲ....

တစ်ရေးတစ်မော အိပ်ချိန်မှာ သားအဖသုံးယောက်စလုံး အတွင်းခံတွေနဲ့ပဲ အိပ်လိုက်ကြတယ်။မုန့်ရန်က လော်ရှို့ကို ကျောပေးထားပြီး နောက်ဖက်ကနေ သိုင်းဖက်ထားတဲ့ လော်ရှို့ရဲ့ လက်တွေကို ခပ်တင်းတင်းဆုပ်ကိုင်ထားရတယ်....

……………………

သားအဖသုံးယောက် villaမှာ တစ်ရက်လောက်အနားယူပြီးတာနဲ့ မုန့်ရန်ရဲ့ ကိုယ်စားလှယ်အလုပ်တွေစတင်ချိန်ရောက်ရှိလာခဲ့ပြီဖြစ်တယ်။ဒီနိူင်ငံရဲ့ရာသီဉတုက ကလေးငယ်တွေခေါ်ဆောင်လာဖို့ အထူးသင့်လျော်နေတယ်။

မုန့်ရန်က Korchi ဆီကနေ စိတ်ရောဂါကုထုံးတွေကို သင်ယူပြီး Korchi ရဲ့အဖွဲ့သားတွေက မုန့်ရန်ဆီကနေ ရနံ့ကုထုံးအကြောင်းကို သင်ယူကြတယ်။ဒီကာလဟာ တစ်လလောက်ကြာမြင့်မှာဖြစ်ပြီး နောက်တစ်ကြိမ်အတွက် အချိန်ဇယားနဲ့ အတန်းသားတွေစာရင်းကိုလဲ ညှိနှိုင်းဖြစ်ခဲ့ကြတယ်။

စုတိအတွက် ဖော်စပ်ပေးခဲ့တဲ့ ဆေးနံသာကို ဆေးညွှန်း အနည်းငယ်ချိန်ညှိပြီး ပမာဏများများ ထုတ်ဖော်ဖို့ စီစဉ်ခဲ့ကြတယ်။စိတ်ပူစရာတော့မရှိပါဘူး...ဒါတွေကို လော်ရှို့စီမံပါလိမ့်မယ်။မုန့်ရန်က ဆေးညွှန်းကို လော်ရှို့လက်ထဲထည့်ပေးလိုက်ပြီး လော်ရှို့က စာချုပ်ချုပ်ဆိုခြင်းလုပ်ငန်းစဉ်တွေကို လုပ်ဆောင်ပေးခဲ့တယ်။လော်ရှို့မှာ နှစ်ပေါင်းများစွာ ဆေးဝါးထုတ်လုပ်ခြင်းလုပ်ငန်းကို ဇောက်ချလုပ်ကိုင်နေတဲ့ သူငယ်ချင်းတွေရှိတာကြောင့် အကျိုးတူပူးပေါင်းရေးကလဲ လွယ်လွယ်ကူကူအဆင်ပြေသွားပြန်ပါတယ်။ဆေးဝါးထုတ်လုပ်ရေးအကြောင်းပြောတော့မှ ချန်းမိသားစုရဲ့ အဓိကစီပွားရေးက ဆေးဝါးထုတ်လုပ်ရေးဆိုတာကို သတိရသွားတော့တယ်။

စိတ်ပိုင်းဆိုင်ရာရောဂါဝေဒနါနဲ့ စိတ်ပိုင်းဆိုင်ရာထိခိုက် ချို့ယွင်းမှုတွေမှာလဲ အခြေနေပေါ်မူတည်ပြီး ဆင့်ပွားရောဂါတွေအမျိုးအစားအများကြီးရှိနေပါသေးတယ်။ကုသရခက်ခဲတဲ့ဝေဒနါရှင်တွေမှာတောင် ပျောက်ကင်းနိုင်လိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်ကို လက်ကိုင်ထားနေကြတုန်းပါပဲ...တချို့တွေကြတော့ အဆိုးဘက်ကတွေးပြီး လက်လျှော့လိုက်ကြတဲ့ အခါ အခြေနေတွေပိုဆိုးလာကြတာလဲ တစ်ပုံတစ်ပင်ပါပဲ..တချို့ကြပြန်တော့ သေခြင်းတရားကို ကြောက်ရွံ့လွန်းတာကြောင့် သာမာန်ဖျားနာတာလောက်နဲ့တင် စိတ်ရောဂါအထူးကူဆီကို ပြေးလာတတ်ကြပြန်သေးတယ်။

Korchi နဲ့အတူဆေးရုံကို လိုက်သွားချိန်မှာ မမျှော်လင့်ဘဲ ရှုမင်ဟွာနဲ့ တွေ့ခဲ့ရတယ်။ရှုမင်ဟွာကလဲ မုန့်ရန်ကိုတွေ့လိုက်ရတဲ့ အတွက် အတော်အံ့အားသင့်သွားတယ်။မုန့်ရန်က ချက်ချင်းလှည့်ပြန်ချင်ပေမယ့် ရှုမင်ဟွာက စကားခဏပြောကြဖို့ တောင်းဆိုခဲ့တယ်။မုန့်ရန်ဆီမှာလဲ ရှုမင်ဟွာကို ပြောချင်နေတာတွေရှိတဲ့အတွက် နောက်နှစ်ရက်နေမှ ထပ်မံတွေ့ဆုံဖို့ သဘောတူခဲ့ကြတယ်။

မုန့်ရန်က လူနာဆောင် အပြင်ဘက်မှာ ရပ်ပြီး မှန်တံခါးအသေးလေးကနေတဆင့် အခန်းတစ်ခုထဲကိုကြည့်လိုက်တယ်။ကိုယ်ပိုင်အိပ်ခန်းတစ်ခုလိုပြင်ဆင်ထားတဲ့ ဆေးရုံခန်းထဲက ကုတင်ပေါ်မှာ ခက်ထန်ပေမယ့် ဉပဓိရုပ်ခံ့ညားတဲ့ လူကြီးတစ်ယောက်ထိုင်နေတယ်။ထိုလူကြီးရဲ့ဘေးမှာ ရှုမင်ဟွာက စကားတွေပြောနေတယ်။အဝေးကကြည့်ရုံနဲ့တင် တက္ကသိုလ်တစ်ခုရဲ့ပရော်ဖက်ဆာတစ်ယောက်ဖြစ်တဲ့ ရှုမင်ဟွာရဲ့ချစ်သူက စိတ်သဘောထားကောင်းမယ်ဆိုတာ သိမြင်နေရတယ်။ရှုမင်ဟွာက ဒေါသကြီးပြီး အထိန်းအကွပ်မဲ့တယ်။ဒီနှစ်တွေထဲမှာ လော်ရှို့ဘက်က ရှုမင်ဟွာကို အများကြီးအလျှော့ပေးခဲ့တယ်။အကျင့်စရိုက်ကို မပြောင်းလဲနိုင်ခဲ့တဲ့အခါ သားအမိကြားက သံယောဇဉ်တွေ အေးစက်လာရုံမကဘဲ နောက်ဆုံးမှာ ပြတ်တောက်သွားခဲ့ရလေတယ်။

နှစ်ရက်ကြာပြီးနောက်....

ရှုမင်ဟွာ နဲ့ မုန့်ရန်တို့ နှစ်ယောက် ကော်ဖီဆိုင်တစ်ခုမှာ တွေ့ဆုံနေကြတယ်။

ရှုမင်ဟွာက ကော်ဖီတစ်ငုံသောက်လိုက်ပြီး...

"ကလေးရော..ဘယ်လိုနေလဲ??"

"ကျန်းမာတယ်..ကောင်းကောင်းစားပြီး၊ကောင်းကောင်းအိပ်တယ်။အရမ်းသန်မာတယ်"

"ကျွန်တော်ကြားတာတော့ ခင်ဗျား အခြေနေသိပ်မကောင်းဘူးဆို..ခင်ဗျားရည်းစား အသည်းအသန်နေမကောင်းဖြစ်လို့ အိမ်ရောင်းလိုက်ရတယ်ဆို"

ရှုမင်ဟွာရည်းစားရဲ့ကုသစရိတ်က တကယ်ကို ခေါင်ခိုက်နေတာပါ။အရင်တုန်းကတော့ လော်ရှို့ထောက်ပံ့နေတဲ့အတွက် ရှုမင်ဟွာ တစ်ပြားမှစိုက်ထုတ်စရာမလိုခဲ့ဘူးလေ...အခုကြ​တော့ အကုန်လုံး ရှုမင်ဟွာ ခေါင်းပေါ်ကို ပုံကျလာခဲ့လေပြီ...

"အဆိုးကြီးလဲမဟုတ်ပါဘူး..အရင်တုန်းကလောက် အဆင်မပြေရုံလေးပါပဲ"

"နောင်တရနေပြီလား??နောင်တရနေပြီဆိုရင်တောင် လော်ရှို့က ခင်ဗျားနဲ့ ပြန်အဆင်ပြေချင်တော့မှာမဟုတ်ဘူး။လော်ရှို့ကိုသာ ခင်ဗျား ဘက်က နည်းနည်းလေးပိုပြီး နားလည်ပေးနိုင်ခဲ့ရင်၊ဂရုစိုက်ပေးနိုင်ခဲ့ရင် အခုလိုတွေဖြစ်လာမှာမဟုတ်ဘူး"

"ငါက လော်ရှို့ကိုဒီအတိုင်းပစ်ထားတယ်လို့ထင်နေတာလား??ငါကသူ့အမေပါ..ဂရုမစိုက်ဘဲနေပါ့မလား??"

"လော်ရှို့ ပိုက်ဆံဘယ်လောက်ရှာနိူင်တယ်၊ဘယ်နေရာတွေမှာ သုံးတယ်ဆိုတာရယ်ကို ဂရုစိုက်တာမျိုးကိုပြောနေတာမဟုတ်ဘူး။သူ့အပေါ် ခင်ဗျားလောက်ထိနားလည်မှုပေးနိုင်ပြီး ဘယ်လောက်ထိ respect ထားခဲ့သလဲဆိုတဲ့အကြောင်းကိုမေးနေတာ...လော်ရှို့ခေါင်းကိုက်ရောဂါကြောင့် တောင်ပေါ်ကပြုတ်ကျပြီး သေတော့မလိုဖြစ်ခဲ့တာ ခင်ဗျား သိလား??"

တုန်ရီနေတဲ့လက်ချောင်းတွေကို ကွယ်ဝှက်ဖို့အတွက် ရှုမင်ဟွာက ဟန်ပါပါနဲ့ လက်ပိုက်ထားလိုက်တယ်။

"ငါသူ့ကို ချန်းဖန်ဖေးနဲ့ လက်ထပ်ခိုင်းလိုက်ကတည်းက ငါ့ပေါ် သူစိမ်းဆန်ခဲ့တာလေ...ငါ့ကိုဘယ်တုန်းကမှ အရေးတယူပြောပြဖူးတာမဟုတ်ဘူး"

မုန့်ရန်က သရော်ချင်တာကြောင့် နှာခေါင်းရှုံ့လိုက်ပြီး...

"လော်ရှို့က ခင်ဗျားကို နားလည်ပေးနိုင်ဖို့နဲ့ လေးစားဖို့ အမြဲတမ်းကြိုးစားနေခဲ့တာ..သူ့အဖေဆုံးပါးသွားတယ်။ခင်ဗျားမှာ ရည်းစားတစ်​ယောက်ရှိနေတယ်...ခင်ဗျားရဲ့ ကိုယ်ပိုင်ဘဝအတွက် ခင်ဗျား ရွေးချယ်တာတွေကို လေးစားပေးခဲ့တယ်။ခင်ဗျားကို နားလည်မှုပေးပြီးလေးစားတဲ့အတွက် ခင်ဗျားတို့စုံတွဲကို လိုသေးမရှိ ထောက်ပံ့ပေးခဲ့တာကို ခင်ဗျားက သူစိမ်းဆန်တဲ့လို့သတ်မှတ်တယ်ပေါ့...တကယ်တော့ ခင်ဗျားကသာ သူ့ကို နားမလည်နိုင်ခဲ့တာ..ခင်ဗျားလိုချင်နေတာက ခင်ဗျားပြောသမျှကိုမြေဝယ်မကျနားထောင်တဲ့ ကြိုးဆွဲရာကမယ့် သားမျိုးမလား??"

ရှုမင်ဟွာ ပင့်သက်ရှိုက်လိုက်ပြီး ဆိုင်အပြင်ဘက်ကလမ်းမကြီးကိုကြည့်နေခဲ့တယ်။

"ခင်ဗျားလို ကောင်းမွန်တဲ့ဘဝနဲ့ နေနိုင်တဲ့သူ ဘယ်နှစ်ယောက်များမြင်ခဲ့ဖူးလဲ??ခင််ဗျားငယ်ငယ်တုန်းက မိဘတွေ အလိုလိုက်တာခံခဲ့ရတယ်။အိမ်ထောင်ကျပြီးတော့လဲ ခင်ပွန်းဖြစ်သူက ခင်ဗျားကို အလိုလိုက်ခဲ့တယ်။ခင်ဗျားကို စည်းကမ်းတင်းကြပ်မယ့် ယောက်ခမနဲ့ မတွေ့ခဲ့ရဘူး။ခင်ပွန်းဖြစ်သူ ဆုံးပါးသွားပြန်​တော့လဲ လော်ရှို့က ခင်ဗျားကို နည်းနည်းလေးမှ အပင်ပန်းမခံရအောင် သားသမီးဝတ္တာရားကျေပွန်ပေးခဲ့တယ်။တခြားသူတွေဘယ်လိုတွေးမယ်ဆိုတာ ဂရုမစိုက်ဘဲ ခင်ဗျားစိတ်ချမ်းသာဖို့ အကုန်ဖြည့်စည်းပေးခဲ့တယ်။ခင်ဗျားကလေ ခင်ဗျားတစ်ဘို့တည်းကိုပဲအမြဲကြည့်တယ်။ဘယ်တော့မှ တခြားသူတွေဘက်ကိုမတွေးပေးခဲ့ဘူးနော်"

ဒီလိုအရာမျိုးတွေကို မသင်ယူဖူးခဲ့တဲ့ ရှုမင်ဟွာက တစ်ချိန်လုံးရေငုံနှုတ်ပိတ်နေခဲ့တယ်။မုန့်ရန်နဲ့ ရန်ဖြစ်ဖို့ လာခဲ့တာမဟုတ်ပေမယ့်လဲ တကယ်တမ်းမှာ မုန့်ရန်ပြောသမျှတွေကို ပြန်လည်ချေပဖို့ရာ စကားလုံးရှာမရခဲ့ဘူးလေ....

"ခေါတ်သစ်ကို ကူးပြောင်းလာတဲ့ စနစ်သစ်တွေကို သင်ယူခဲ့ရတဲ့ ခင်ဗျား က လွတ်လပ်တာကိုကြိုက်တယ်၊အချစ်ခံ အလိုလိုက်ခံရတာကို သဘောခွေ့တယ်။သားဖြစ်သူကိုကြတော့ ပဒေသရာဇ်ခေါတ်က ကျင့်ထုံးတွေကို လိုက်နာစေချင်တယ်။ခင်ဗျားက ကိုယ့်ဘက်ကိုကျတော့ သိပ်သိတတ်တာပဲနော်"

မုန့်ရန်ရဲ့စကားတွေကို ပြန်ဖြေမယ့်အစား ရှုမင်ဟွာက မျက်လုံးတွေကိုသာမှိတ်နေခဲ့တယ်။လက်ကိုင်အိတ်ထဲကနေ သစ်သားသေတ္တာလေးတစ်ခုကို ထုတ်ယူလိုက်ပြီး မုန့်ရန်ကိုပေးလိုက်တယ်။

"ဒါ လော်ရှို့အဖေပိုင်တဲ့ဉစ္စာ...ကလေးကိုပေးလိုက်ပါ။ဒါလေးက ငါ့အတွက် တန်ဖိုးအထားရဆုံးနဲ့ အဓိပ္ပါယ်အရှိဆုံး လက်ဆောင်လေးပါ။ကလေးလေး အရွယ်ရောက်လာတဲ့ အထိ ဒါလေးကို ကျေးဇူးပြုပြီး သိမ်းထားပေးလိုက်ပါ"

သော့အရှည်လေးတစ်ခုခတ်ထားတဲ့ သစ်သားသေတ္တာလေးကို မုန့်ရန်တစ်ချက်ကြည့်လိုက်တယ်။သော့တံလေးကို သော့ခလောက်ဘေးမှာ တွဲချည်ထားတယ်။

ရှုမင်ဟွာက မတ်တပ်ထရပ်လိုက်ပြီး...

"ဒါက ကလေးကိုပေးတာ မင်းကိုပေးတာမဟုတ်ဘူး။လွှင့်မပစ်လိုက်ပါနဲ့...ကလေး အရွယ်ရောက်လာမှ လက်ခံမယ်၊လက်မခံဘူးဆိုတာ သူကိုယ်တိုင်ဆုံးဖြတ်ပါစေ..."

မုန့်ရန်ဖွင့်ကြည့်လိုက်ဖို့ ပြင်လိုက်သေးတယ်။ဒါပေမယ့်ကလေးအတွက် ပေးထားတာဖြစ်တာကြောင့် သားလေးအရွယ်ရောက်လာတော့မှပဲ ဖွင့်ကြည့်ဖို့ဆုံးဖြတ်လိုက်တယ်။အနည်းဆုံးတော့ ရှုမင်ဟွာက အတင်းအကြပ်မတိုက်တွန်းဘဲ ရွေးချယ်ခွင့်ပေးလာပြီဆိုတော့ တိုးတက်လာပြီလို့ပဲ ဆိုရမှာပေါ့...

အချိန်တိုအတွင်းမှာ လော်ရှို့နဲ့ ရှုမင်ဟွာတို့ ပြန်လည်သင့်မြတ်ဖို့ လုံးဝမဖြစ်နိူင်သလို၊မုန့်ရန်ကလဲ ကူညီပေးမှာမဟုတ်ပါဘူး။ဒီနေ့ ရှုမင်ဟွာကို လာတွေ့တယ်ဆိုတာကလဲ လော်ရှို့ထုတ်မပြောဖြစ်ခဲ့တဲ့စကားတွေကို ကိုယ်စားပြောပြပေးချင်လို့ပါ...ရှုမင်ဟွာကြောင့် လော်ရှို့အများကြီး နာကျင်ခံစားခဲ့ရတယ်။လော်ရှို့ဘက်က ခွင့်လွှတ်ရင်တောင် မုန့်ရန်ကတော့.ဘယ်တော့မှ ခွင့်လွှတ်နိူင်မှာမဟုတ်ပေ...ဒါ့ကြောင့် ပြန်လည်သင့်မြတ်ဖို့အရေးမှာ မုန့်ရန်ဘက်က ဘာအကူအညီမှ ပေးမှာမဟုတ်ဘူး.....

ZawGyi

မုန္႔ရန္က ဝူဖန္ကို အရင္ျပန္ခိုင္းလိုက္ၿပီး ဉကၠဌနဲ႔ Korchi တို႔႐ွိေနတဲ့ ျခံဝန္းထဲကို ဝင္သြားလိုက္တယ္။

မုန္႔ရန္ ထိုင္ခုံမွာ ထိုင္ၿပီးတာနဲ႔ Korchi က ေမးခြန္းေတြေမးဖို႔ နည္းနည္းေလးေတာင္ မေအာင့္အီးႏိုင္ေတာ့တာေၾကာင့္...

"စုတိအတြက္လုပ္ေပးထားတဲ့ ေဆးနံ႔သာေတြက်န္ေသးလားဟင္??ငါ့ဆီမွာ စုတိလိုပဲ car accidentေၾကာင့္ စိတ္ပိုင္းဆိုင္ရာထိခိုက္ၿပီး အိပ္မေပ်ာ္တဲ့ လူနာတစ္ေယာက္႐ွိတယ္။သူက ကားေတြကိုျမင္႐ုံနဲ႔တင္ အရမ္းေၾကာက္ေနတာ၊ၿပီးေတာ့ ညတိုင္းလဲ အိမ္မက္ဆိုးေတြမက္ၿပီးအိပ္မေပ်ာ္ေတာ့တာအေတာ္ၾကာၿပီ...မင္းရဲ႕ ေဆးနံ႔သာနည္းနည္း သုံးခိုင္းၾကည့္လိုက္တာ အရမ္းအဆင္ေျပသြားတယ္။ဒါေပမယ့္ ငါဆီမွာ လက္က်န္မ႐ွိေတာ့ဘူး။ကုသမႈကလဲ ဆက္လုပ္ရဉီးမွာဆိုေတာ့ မင္းဆီကေန နည္းနည္းေလာက္ ထပ္ဝယ္လို႔ရႏိုင္မလား??"

အရင္တစ္ေခါက္ စုတိအတြက္ ေဖာ္စပ္ေပးခဲ့တဲ့ေဆးနံ႔သာ ေတြကို ေ႐ွာင္ခယ္က အကုန္အၾကခံပးခဲ့တာပါ။စုတိရဲ႕ ေရာဂါ ေပ်ာက္ကင္းသြားခ်ိန္မွာ ေဆးနံ႔သာေတြပိုေနပါေသးတယ္။ဒါကို Korchi ကျမင္သြားၿပီး ေ႐ွာင္ခယ္ဆီကေန ဝယ္ေတာ့တာပါပဲ။ေ႐ွာင္ခယ့္ဘက္က မေရာင္းခ်င္ေပမယ့္ ျငင္းဆန္လိုက္ျပန္ရင္လဲ ေနာက္ပိုင္း Korchi ဆီက အကူအညီလိုတဲ့အခါ မ်က္ႏွာပူစရာေတြျဖစ္မွာစိုးတဲ့အတြက္ အင္တင္တင္နဲ႔ပဲ ေရာင္းလိုက္ရပါေတာ့တယ္။

Korchi က ေ႐ွာင္ခယ္ဆီက ဝယ္လာတဲ့ နံ႔သာေတြကို စုတိနဲ႔ အေျခေနတူတဲ့ လူနာတစ္ေယာက္ကို ေပးသုံးလိုက္တယ္။မုန္႔ရန္ရဲ႕ နံ႔သာနဲ႔ သူ႕ရဲ႕ ကိုယ္ပိုင္ စိတ္ေရာဂါကုထုံးတို႔ကို ေပါင္းစပ္လိုက္ခ်ိန္မွာ အက်ိဳးရလဒ္က မယုံႏိုင္ေလာက္ေအာင္ ေကာင္းမြန္ေနခဲ့တယ္။ဒါေၾကာင့္ မုန္႔ရန္ဆီကေန ပမာဏမ်ားမ်ား ထပ္ဝယ္ခ်င္ေနတာပါ...

မုန္႔ရန္က ေသခ်ာစဥ္းစားၿပီးမွ...

"အခ်ိန္တိုအတြင္းမွာ အဲ့လိုနံ႔သာမ်ိဳး ထပ္မလုပ္ေပးႏိုင္ေလာက္ဘူး။ပါဝင္ပစၥည္းေတြက ႐ွာရခက္တယ္"

"လိုအပ္တဲ့ ကုန္ၾကမ္းေတြကို ငါလဲကူ႐ွာေပးမယ္။ေငြေရးေၾကးေရးကို ေခါင္းထဲမထည့္နဲ႔"

"အိုးး ဟင္းပြဲေတြအဆင္သင့္ျဖစ္ေနပဲ..အရင္ဆုံးစားေသာက္ၿပီးမွ က်န္တဲ့အေသးစိတ္အေၾကာင္းအရာေတြကို ဆက္ေျပာၾကတာေပါ့"

ဉကၠဌႀကီးက လင္စုန္႔ထိုင္ကို မ်က္စပစ္ၿပီး အခ်က္ေပးလိုက္တယ္။

"မုန္႔ရန္ ေန႔လည္ပိုင္းအတန္းခ်ိန္႐ွိေသးတယ္မလား??ေက်ာင္းကို အရင္ျပန္ႏွင့္လိုက္ေတာ့"

မုန္႔ရန္ ေၾကာင္ေတာင္ေတာင္ ျဖစ္ေနရာကေန...

"ဟုတ္ကဲ့ဆရာ"

မုန္႔ရန္ ထျပန္သြားတာကိုျမင္ၿပီး Korchi ေတာင္ ေၾကာင္ေတာင္ေတာင္ျဖစ္သြားခဲ့ရတယ္။သူေျပာေနတဲ့စကားမဆုံးေသးဘူးမဟုတ္လား???မုန္႔ရန္က ဘာေၾကာင့္ ႐ုတ္တရက္ႀကီး ထျပန္သြားတာလဲ??ဉကၠဌႀကီးကေရာ ဘာလို႔ သူ႕ကို ထမင္းေတြအတင္းေကြၽးၿပီး စကားေနာက္မွေျပာမယ္လို႔ ေျပာေနရတာတုန္း???

အေ႐ွ႕တိုင္းသားေတြက အေနာက္တိုင္းသားေတြလို စိတ္ေရာဂါနဲ႔ပတ္သတ္ၿပီး တကူးတက ဆရာဝန္နဲ႔တိုင္ပင္ေဆြးေႏြးေလ့ မ႐ွိၾကေပ။ရနံ႔ကုထုံးပညာ႐ွင္ေတြနဲ႔သာ တိုင္ပင္ကုသၾကေလ့႐ွိပါတယ္။ရနံ႔ကုထုံးနဲ႔ပတ္သတ္ရင္ အေ႐ွ႕တိုင္းသားေတြက တြင္တြင္က်ယ္က်ယ္ လက္ခံထားေပးမယ့္ စိတ္ေရာဂါနဲ႔ပတ္သတ္ရင္ ေလ့လာစရာေတြအမ်ားႀကီး႐ွိေနပါေသးတယ္။ဒါ့ေၾကာင့္ Korchiရဲ႕ မုန္႔ရန္အေပၚေတာင္းဆိုမႈကေနတဆင့္ တျခားေသာအခြင့္ေကာင္းေတြရႏိုင္ပါေသးတယ္။

တစ္လတာၾကာျမင့္ၿပီး​ေနာက္မွာ မုန္႔ရန္က ရနံ႔ကုထုံးဌာခြဲရဲ႕ ကိုယ္စားလွယ္တစ္ေယာက္ျဖစ္နဲ႔ ျပည္ပကို ေလ့လာေရးခရီးစဥ္သြားခဲ့ရတယ္။

ေလာ္႐ိႈ႕ရဲ႕ ကိုယ္ပိုင္ေလယာဥ္ေပၚက အခန္းတစ္ခုထဲမွာ.....

မုန္႔ရန္က ကုတင္ႀကီးတစ္ခုေပၚမွာလွဲေလ်ာင္းေနၿပီး သားျဖစ္သူကို ေငးၾကည့္ေနတယ္။သုံးလသားေလး ေလာ္ကြၽင္းရယ္က ပိုးတုံးလုံးဝတုတ္ေလးတစ္ေကာင္သဖြယ္ ကုတင္ေပၚမွာ ယက္ကန္ယက္ကန္နဲ႔ တြန္႔လိမ္ ေပ်ာ္ျမဴးေနတယ္။ဝမ္းလ်ားေမွာက္ဖို႔ႀကိဳးစားရာမွာ မေအာင္ျမင္တဲ့အခါ အေဖျဖစ္သူ မုန္႔ရန္ကို အရည္လဲ့ေနတဲ့ မ်က္လုံးဝိုင္းဝိုင္းႀကီးေတြနဲ႔ လွည့္လွည့္ၾကည့္လိုက္ေသးတယ္။

ဒီအၾကည့္ေတြကို မခုခံႏိုင္တဲ့အခါ မုန္႔ရန္က သားေလးကို ေပြ႕ဖက္လိုက္ၿပီး ေက်ာျပင္ေလးကို ခပ္ဖြဖြပြတ္သပ္ေပးလိုက္တယ္။

"အခုေတာ့ေပ်ာ္ေနၿပီေပါ့...ခုနကေလးတင္ ငိုထားတာဘယ္သူပါလိမ့္ေနာ္"

လြန္ခဲ့တဲ့ႏွစ္နာရီေလာက္က ေလယာဥ္စထြက္ခ်ိန္မွာ ေလထုဖိအားေျပာင္းအလဲေၾကာင့္ မသက္မသာျဖစ္ေနတဲ့ ေလာ္ကြၽင္းရယ္ေလးက အထိတ္တလန္႔နဲ႔ အက်ယ္ႀကီး ေအာ္ငိုေနတာေၾကာင့္ မုန္႔ရန္ အေတာ္ ေခ်ာ့လိုက္ရေသးတယ္။

မုန္႔ရန္က ကုတင္ေပၚကေန ထထိုင္လိုက္ၿပီး ျပတင္းေပါက္ကေန ျမင္ေနရတဲ့ တိမ္ပင္လယ္ႀကီးကို လက္ညိဳးထိုးျပလိုက္တယ္။

"ေဘဘီေရ..ၾကည့္လိုက္ပါဉီး...အျပင္မွာ marshmallow ေတြအမ်ားႀကီးပဲ...ပါပါးတို႔ေတြmarshmallow ေတြထဲမွာ လက္ပစ္ကူးၾကမယ္ေလ...အရမ္းလွတယ္မလား??"

ေလာ္႐ိႈ႕က အခန္းထဲဝင္ၿပီးတာနဲ႔ ဖိနပ္ခြၽတ္ၿပီး ကုတင္ေပၚတက္သြားလိုက္တယ္။ကုတင္ေပၚေရာက္တာနဲ႔ မုန္႔ရန္ေဘးမွာထိုင္လိုက္ၿပီး မုန္႔ရန္ကို ေပြ႕ဖက္ နမ္း႐ိႈက္ၿပီးမွာ သားျဖစ္သူရဲ႕ မ်က္ႏွာေဖာင္းေဖာင္းေလးကိုနမ္းလိုက္တယ္။

ႏွစ္ေယာက္သားစကားမေျပာရေသးခင္မွာ မုန္႔ရန္က ေခါင္းလွည့္ၿပီး ေလာ္႐ိႈ႕ကို နမ္းလိုက္တယ္။လူခ်င္းခြာၿပီးခ်ိန္မွာ သားျဖစ္သူက မ်က္လုံးဝိုင္းဝိုင္းေလးေတြနဲ႔ ၾကည့္ေနတာကို ျမင္ေတာ့ မုန္႔ရန္ အေတာ္႐ွက္သြားေသးတယ္။

"ပါပါးအေၾကာင္းစဥ္းစားေနတာလား??ေဘဘီ့ကိုလဲ နမ္းရမလား??"

မုန္႔ရန္က သားျဖစ္သူရဲ႕ ႏႈတ္ခမ္းရဲရဲေလးကိုနမ္းလိုက္ၿပီး လူယုတ္မာအျပဳံးႀကီးနဲ႔...

"First kissေလးေတာ့ပါသြားၿပီ..ဟားဟားးအနာဂတ္မွာ ေဘဘီသေဘာက်တဲ့သူနဲ႔ေတြ႕ရင္ ဘယ္လို႐ွင္းျပမလဲ??ဟားးးးး"

မုန္႔ရန္ရဲ႕ကေလးဆန္မႈေလးကိုျမင္ရတဲ့အခါ ေလာ္႐ိႈ႕ရဲ႕ ႏွလုံးသားထဲမွာ ေျပာမျပႏိုင္တဲ့ ေပ်ာ္႐ႊင္မႈေလးတစ္ခုျဖစ္တည္လာခဲ့တယ္။

ေလာ္ကြၽင္းရယ္ေလးက အခုမွ အသားလုံးေလးတစ္လုံးလို ငယ္႐ြယ္ေနေသးေပမယ့္ မုန္႔ရန္ကေတာ့ အေသးစိတ္ျပဳစုေစာင့္ေ႐ွာက္ေပးခဲ့တယ္။မ်က္ႏွာေသးေသးေလးကို နမ္းတယ္၊ေရအတူတူခ်ိဳးတယ္၊မအိပ္မခ်င္း ခ်ီပိုးၿပီးေခ်ာ့သိပ္တယ္။ေနာက္ထပ္ႏွစ္အနည္းငယ္ေလာက္ၾကာရင္ ေလာ္ကြၽင္းရယ္ အ႐ြယ္ေရာက္လာေတာ့မွာေလ...အဲ့အခါက်ရင္ အခုလို လုပ္ေပးဖို႔ဆိုတာ မလြယ္ကူေတာ့ဘူး...အခုခ်ိန္ခဏေလးအတြင္းမွာ မုန္႔ရန္က သားျဖစ္သူကို အခ်ိန္တိုင္း ေပြ႕ဖက္ ခ်ီပိုးထားခ်င္ေနေတာ့တာပါပဲ....

တစ္ေရးတစ္ေမာ အိပ္ခ်ိန္မွာ သားအဖသုံးေယာက္စလုံး အတြင္းခံေတြနဲ႔ပဲ အိပ္လိုက္ၾကတယ္။မုန္႔ရန္က ေလာ္႐ိႈ႕ကို ေက်ာေပးထားၿပီး ေနာက္ဖက္ကေန သိုင္းဖက္ထားတဲ့ ေလာ္႐ိႈ႕ရဲ႕ လက္ေတြကို ခပ္တင္းတင္းဆုပ္ကိုင္ထားရတယ္....

……………………

သားအဖသုံးေယာက္ villaမွာ တစ္ရက္ေလာက္အနားယူၿပီးတာနဲ႔ မုန္႔ရန္ရဲ႕ ကိုယ္စားလွယ္အလုပ္ေတြစတင္ခ်ိန္ေရာက္႐ွိလာခဲ့ၿပီျဖစ္တယ္။ဒီႏိူင္ငံရဲ႕ရာသီဉတုက ကေလးငယ္ေတြေခၚေဆာင္လာဖို႔ အထူးသင့္ေလ်ာ္ေနတယ္။

မုန္႔ရန္က Korchi ဆီကေန စိတ္ေရာဂါကုထုံးေတြကို သင္ယူၿပီး Korchi ရဲ႕အဖြဲ႕သားေတြက မုန္႔ရန္ဆီကေန ရနံ႔ကုထုံးအေၾကာင္းကို သင္ယူၾကတယ္။ဒီကာလဟာ တစ္လေလာက္ၾကာျမင့္မွာျဖစ္ၿပီး ေနာက္တစ္ႀကိမ္အတြက္ အခ်ိန္ဇယားနဲ႔ အတန္းသားေတြစာရင္းကိုလဲ ညႇိႏိႈင္းျဖစ္ခဲ့ၾကတယ္။

စုတိအတြက္ ေဖာ္စပ္ေပးခဲ့တဲ့ ေဆးနံသာကို ေဆးၫႊန္း အနည္းငယ္ခ်ိန္ညႇိၿပီး ပမာဏမ်ားမ်ား ထုတ္ေဖာ္ဖို႔ စီစဥ္ခဲ့ၾကတယ္။စိတ္ပူစရာေတာ့မ႐ွိပါဘူး...ဒါေတြကို ေလာ္႐ိႈ႕စီမံပါလိမ့္မယ္။မုန္႔ရန္က ေဆးၫႊန္းကို ေလာ္႐ိႈ႕လက္ထဲထည့္ေပးလိုက္ၿပီး ေလာ္႐ိႈ႕က စာခ်ဳပ္ခ်ဳပ္ဆိုျခင္းလုပ္ငန္းစဥ္ေတြကို လုပ္ေဆာင္ေပးခဲ့တယ္။ေလာ္႐ိႈ႕မွာ ႏွစ္ေပါင္းမ်ားစြာ ေဆးဝါးထုတ္လုပ္ျခင္းလုပ္ငန္းကို ေဇာက္ခ်လုပ္ကိုင္ေနတဲ့ သူငယ္ခ်င္းေတြ႐ွိတာေၾကာင့္ အက်ိဳးတူပူးေပါင္းေရးကလဲ လြယ္လြယ္ကူကူအဆင္ေျပသြားျပန္ပါတယ္။ေဆးဝါးထုတ္လုပ္ေရးအေၾကာင္းေျပာေတာ့မွ ခ်န္းမိသားစုရဲ႕ အဓိကစီပြားေရးက ေဆးဝါးထုတ္လုပ္ေရးဆိုတာကို သတိရသြားေတာ့တယ္။

စိတ္ပိုင္းဆိုင္ရာေရာဂါေဝဒနါနဲ႔ စိတ္ပိုင္းဆိုင္ရာထိခိုက္ ခ်ိဳ႕ယြင္းမႈေတြမွာလဲ အေျခေနေပၚမူတည္ၿပီး ဆင့္ပြားေရာဂါေတြအမ်ိဳးအစားအမ်ားႀကီး႐ွိေနပါေသးတယ္။ကုသရခက္ခဲတဲ့ေဝဒနါ႐ွင္ေတြမွာေတာင္ ေပ်ာက္ကင္းႏိုင္လိမ့္မယ္ဆိုတဲ့ ေမွ်ာ္လင့္ခ်က္ကို လက္ကိုင္ထားေနၾကတုန္းပါပဲ...တခ်ိဳ႕ေတြၾကေတာ့ အဆိုးဘက္ကေတြးၿပီး လက္ေလွ်ာ့လိုက္ၾကတဲ့ အခါ အေျခေနေတြပိုဆိုးလာၾကတာလဲ တစ္ပုံတစ္ပင္ပါပဲ..တခ်ိဳ႕ၾကျပန္ေတာ့ ေသျခင္းတရားကို ေၾကာက္႐ြံ႕လြန္းတာေၾကာင့္ သာမာန္ဖ်ားနာတာေလာက္နဲ႔တင္ စိတ္ေရာဂါအထူးကူဆီကို ေျပးလာတတ္ၾကျပန္ေသးတယ္။

Korchi နဲ႔အတူေဆး႐ုံကို လိုက္သြားခ်ိန္မွာ မေမွ်ာ္လင့္ဘဲ ႐ႈမင္ဟြာနဲ႔ ေတြ႕ခဲ့ရတယ္။႐ႈမင္ဟြာကလဲ မုန္႔ရန္ကိုေတြ႕လိုက္ရတဲ့ အတြက္ အေတာ္အံ့အားသင့္သြားတယ္။မုန္႔ရန္က ခ်က္ခ်င္းလွည့္ျပန္ခ်င္ေပမယ့္ ႐ႈမင္ဟြာက စကားခဏေျပာၾကဖို႔ ေတာင္းဆိုခဲ့တယ္။မုန္႔ရန္ဆီမွာလဲ ႐ႈမင္ဟြာကို ေျပာခ်င္ေနတာေတြ႐ွိတဲ့အတြက္ ေနာက္ႏွစ္ရက္ေနမွ ထပ္မံေတြ႕ဆုံဖို႔ သေဘာတူခဲ့ၾကတယ္။

မုန္႔ရန္က လူနာေဆာင္ အျပင္ဘက္မွာ ရပ္ၿပီး မွန္တံခါးအေသးေလးကေနတဆင့္ အခန္းတစ္ခုထဲကိုၾကည့္လိုက္တယ္။ကိုယ္ပိုင္အိပ္ခန္းတစ္ခုလိုျပင္ဆင္ထားတဲ့ ေဆး႐ုံခန္းထဲက ကုတင္ေပၚမွာ ခက္ထန္ေပမယ့္ ဉပဓိ႐ုပ္ခံ့ညားတဲ့ လူႀကီးတစ္ေယာက္ထိုင္ေနတယ္။ထိုလူႀကီးရဲ႕ေဘးမွာ ႐ႈမင္ဟြာက စကားေတြေျပာေနတယ္။အေဝးကၾကည့္႐ုံနဲ႔တင္ တကၠသိုလ္တစ္ခုရဲ႕ပေရာ္ဖက္ဆာတစ္ေယာက္ျဖစ္တဲ့ ႐ႈမင္ဟြာရဲ႕ခ်စ္သူက စိတ္သေဘာထားေကာင္းမယ္ဆိုတာ သိျမင္ေနရတယ္။႐ႈမင္ဟြာက ေဒါသႀကီးၿပီး အထိန္းအကြပ္မဲ့တယ္။ဒီႏွစ္ေတြထဲမွာ ေလာ္႐ိႈ႕ဘက္က ႐ႈမင္ဟြာကို အမ်ားႀကီးအေလွ်ာ့ေပးခဲ့တယ္။အက်င့္စ႐ိုက္ကို မေျပာင္းလဲႏိုင္ခဲ့တဲ့အခါ သားအမိၾကားက သံေယာဇဥ္ေတြ ေအးစက္လာ႐ုံမကဘဲ ေနာက္ဆုံးမွာ ျပတ္ေတာက္သြားခဲ့ရေလတယ္။

ႏွစ္ရက္ၾကာၿပီးေနာက္....

႐ႈမင္ဟြာ နဲ႔ မုန္႔ရန္တို႔ ႏွစ္ေယာက္ ေကာ္ဖီဆိုင္တစ္ခုမွာ ေတြ႕ဆုံေနၾကတယ္။

႐ႈမင္ဟြာက ေကာ္ဖီတစ္ငုံေသာက္လိုက္ၿပီး...

"ကေလးေရာ..ဘယ္လိုေနလဲ??"

"က်န္းမာတယ္..ေကာင္းေကာင္းစားၿပီး၊ေကာင္းေကာင္းအိပ္တယ္။အရမ္းသန္မာတယ္"

"ကြၽန္ေတာ္ၾကားတာေတာ့ ခင္ဗ်ား အေျခေနသိပ္မေကာင္းဘူးဆို..ခင္ဗ်ားရည္းစား အသည္းအသန္ေနမေကာင္းျဖစ္လို႔ အိမ္ေရာင္းလိုက္ရတယ္ဆို"

႐ႈမင္ဟြာရည္းစားရဲ႕ကုသစရိတ္က တကယ္ကို ေခါင္ခိုက္ေနတာပါ။အရင္တုန္းကေတာ့ ေလာ္႐ိႈ႕ေထာက္ပံ့ေနတဲ့အတြက္ ႐ႈမင္ဟြာ တစ္ျပားမွစိုက္ထုတ္စရာမလိုခဲ့ဘူးေလ...အခုၾက​ေတာ့ အကုန္လုံး ႐ႈမင္ဟြာ ေခါင္းေပၚကို ပုံက်လာခဲ့ေလၿပီ...

"အဆိုးႀကီးလဲမဟုတ္ပါဘူး..အရင္တုန္းကေလာက္ အဆင္မေျပ႐ုံေလးပါပဲ"

"ေနာင္တရေနၿပီလား??ေနာင္တရေနၿပီဆိုရင္ေတာင္ ေလာ္႐ိႈ႕က ခင္ဗ်ားနဲ႔ ျပန္အဆင္ေျပခ်င္ေတာ့မွာမဟုတ္ဘူး။ေလာ္႐ိႈ႕ကိုသာ ခင္ဗ်ား ဘက္က နည္းနည္းေလးပိုၿပီး နားလည္ေပးႏိုင္ခဲ့ရင္၊ဂ႐ုစိုက္ေပးႏိုင္ခဲ့ရင္ အခုလိုေတြျဖစ္လာမွာမဟုတ္ဘူး"

"ငါက ေလာ္႐ိႈ႕ကိုဒီအတိုင္းပစ္ထားတယ္လို႔ထင္ေနတာလား??ငါကသူ႕အေမပါ..ဂ႐ုမစိုက္ဘဲေနပါ့မလား??"

"ေလာ္႐ိႈ႕ ပိုက္ဆံဘယ္ေလာက္႐ွာႏိူင္တယ္၊ဘယ္ေနရာေတြမွာ သုံးတယ္ဆိုတာရယ္ကို ဂ႐ုစိုက္တာမ်ိဳးကိုေျပာေနတာမဟုတ္ဘူး။သူ႕အေပၚ ခင္ဗ်ားေလာက္ထိနားလည္မႈေပးႏိုင္ၿပီး ဘယ္ေလာက္ထိ respect ထားခဲ့သလဲဆိုတဲ့အေၾကာင္းကိုေမးေနတာ...ေလာ္႐ိႈ႕ေခါင္းကိုက္ေရာဂါေၾကာင့္ ေတာင္ေပၚကျပဳတ္က်ၿပီး ေသေတာ့မလိုျဖစ္ခဲ့တာ ခင္ဗ်ား သိလား??"

တုန္ရီေနတဲ့လက္ေခ်ာင္းေတြကို ကြယ္ဝွက္ဖို႔အတြက္ ႐ႈမင္ဟြာက ဟန္ပါပါနဲ႔ လက္ပိုက္ထားလိုက္တယ္။

"ငါသူ႕ကို ခ်န္းဖန္ေဖးနဲ႔ လက္ထပ္ခိုင္းလိုက္ကတည္းက ငါ့ေပၚ သူစိမ္းဆန္ခဲ့တာေလ...ငါ့ကိုဘယ္တုန္းကမွ အေရးတယူေျပာျပဖူးတာမဟုတ္ဘူး"

မုန္႔ရန္က သေရာ္ခ်င္တာေၾကာင့္ ႏွာေခါင္း႐ႈံ႕လိုက္ၿပီး...

"ေလာ္႐ိႈ႕က ခင္ဗ်ားကို နားလည္ေပးႏိုင္ဖို႔နဲ႔ ေလးစားဖို႔ အၿမဲတမ္းႀကိဳးစားေနခဲ့တာ..သူ႕အေဖဆုံးပါးသြားတယ္။ခင္ဗ်ားမွာ ရည္းစားတစ္​ေယာက္႐ွိေနတယ္...ခင္ဗ်ားရဲ႕ ကိုယ္ပိုင္ဘဝအတြက္ ခင္ဗ်ား ေ႐ြးခ်ယ္တာေတြကို ေလးစားေပးခဲ့တယ္။ခင္ဗ်ားကို နားလည္မႈေပးၿပီးေလးစားတဲ့အတြက္ ခင္ဗ်ားတို႔စုံတြဲကို လိုေသးမ႐ွိ ေထာက္ပံ့ေပးခဲ့တာကို ခင္ဗ်ားက သူစိမ္းဆန္တဲ့လို႔သတ္မွတ္တယ္ေပါ့...တကယ္ေတာ့ ခင္ဗ်ားကသာ သူ႕ကို နားမလည္ႏိုင္ခဲ့တာ..ခင္ဗ်ားလိုခ်င္ေနတာက ခင္ဗ်ားေျပာသမွ်ကိုေျမဝယ္မက်နားေထာင္တဲ့ ႀကိဳးဆြဲရာကမယ့္ သားမ်ိဳးမလား??"

႐ႈမင္ဟြာ ပင့္သက္႐ိႈက္လိုက္ၿပီး ဆိုင္အျပင္ဘက္ကလမ္းမႀကီးကိုၾကည့္ေနခဲ့တယ္။

"ခင္ဗ်ားလို ေကာင္းမြန္တဲ့ဘဝနဲ႔ ေနႏိုင္တဲ့သူ ဘယ္ႏွစ္ေယာက္မ်ားျမင္ခဲ့ဖူးလဲ??ခင္္ဗ်ားငယ္ငယ္တုန္းက မိဘေတြ အလိုလိုက္တာခံခဲ့ရတယ္။အိမ္ေထာင္က်ၿပီးေတာ့လဲ ခင္ပြန္းျဖစ္သူက ခင္ဗ်ားကို အလိုလိုက္ခဲ့တယ္။ခင္ဗ်ားကို စည္းကမ္းတင္းၾကပ္မယ့္ ေယာက္ခမနဲ႔ မေတြ႕ခဲ့ရဘူး။ခင္ပြန္းျဖစ္သူ ဆုံးပါးသြားျပန္​ေတာ့လဲ ေလာ္႐ိႈ႕က ခင္ဗ်ားကို နည္းနည္းေလးမွ အပင္ပန္းမခံရေအာင္ သားသမီးဝတၱာရားေက်ပြန္ေပးခဲ့တယ္။တျခားသူေတြဘယ္လိုေတြးမယ္ဆိုတာ ဂ႐ုမစိုက္ဘဲ ခင္ဗ်ားစိတ္ခ်မ္းသာဖို႔ အကုန္ျဖည့္စည္းေပးခဲ့တယ္။ခင္ဗ်ားကေလ ခင္ဗ်ားတစ္ဘို႔တည္းကိုပဲအၿမဲၾကည့္တယ္။ဘယ္ေတာ့မွ တျခားသူေတြဘက္ကိုမေတြးေပးခဲ့ဘူးေနာ္"

ဒီလိုအရာမ်ိဳးေတြကို မသင္ယူဖူးခဲ့တဲ့ ႐ႈမင္ဟြာက တစ္ခ်ိန္လုံးေရငုံႏႈတ္ပိတ္ေနခဲ့တယ္။မုန္႔ရန္နဲ႔ ရန္ျဖစ္ဖို႔ လာခဲ့တာမဟုတ္ေပမယ့္လဲ တကယ္တမ္းမွာ မုန္႔ရန္ေျပာသမွ်ေတြကို ျပန္လည္ေခ်ပဖို႔ရာ စကားလုံး႐ွာမရခဲ့ဘူးေလ....

"ေခါတ္သစ္ကို ကူးေျပာင္းလာတဲ့ စနစ္သစ္ေတြကို သင္ယူခဲ့ရတဲ့ ခင္ဗ်ား က လြတ္လပ္တာကိုႀကိဳက္တယ္၊အခ်စ္ခံ အလိုလိုက္ခံရတာကို သေဘာေခြ႕တယ္။သားျဖစ္သူကိုၾကေတာ့ ပေဒသရာဇ္ေခါတ္က က်င့္ထုံးေတြကို လိုက္နာေစခ်င္တယ္။ခင္ဗ်ားက ကိုယ့္ဘက္ကိုက်ေတာ့ သိပ္သိတတ္တာပဲေနာ္"

မုန္႔ရန္ရဲ႕စကားေတြကို ျပန္ေျဖမယ့္အစား ႐ႈမင္ဟြာက မ်က္လုံးေတြကိုသာမွိတ္ေနခဲ့တယ္။လက္ကိုင္အိတ္ထဲကေန သစ္သားေသတၱာေလးတစ္ခုကို ထုတ္ယူလိုက္ၿပီး မုန္႔ရန္ကိုေပးလိုက္တယ္။

"ဒါ ေလာ္႐ိႈ႕အေဖပိုင္တဲ့ဉစၥာ...ကေလးကိုေပးလိုက္ပါ။ဒါေလးက ငါ့အတြက္ တန္ဖိုးအထားရဆုံးနဲ႔ အဓိပၸါယ္အ႐ွိဆုံး လက္ေဆာင္ေလးပါ။ကေလးေလး အ႐ြယ္ေရာက္လာတဲ့ အထိ ဒါေလးကို ေက်းဇူးျပဳၿပီး သိမ္းထားေပးလိုက္ပါ"

ေသာ့အ႐ွည္ေလးတစ္ခုခတ္ထားတဲ့ သစ္သားေသတၱာေလးကို မုန္႔ရန္တစ္ခ်က္ၾကည့္လိုက္တယ္။ေသာ့တံေလးကို ေသာ့ခေလာက္ေဘးမွာ တြဲခ်ည္ထားတယ္။

႐ႈမင္ဟြာက မတ္တပ္ထရပ္လိုက္ၿပီး...

"ဒါက ကေလးကိုေပးတာ မင္းကိုေပးတာမဟုတ္ဘူး။လႊင့္မပစ္လိုက္ပါနဲ႔...ကေလး အ႐ြယ္ေရာက္လာမွ လက္ခံမယ္၊လက္မခံဘူးဆိုတာ သူကိုယ္တိုင္ဆုံးျဖတ္ပါေစ..."

မုန္႔ရန္ဖြင့္ၾကည့္လိုက္ဖို႔ ျပင္လိုက္ေသးတယ္။ဒါေပမယ့္ကေလးအတြက္ ေပးထားတာျဖစ္တာေၾကာင့္ သားေလးအ႐ြယ္ေရာက္လာေတာ့မွပဲ ဖြင့္ၾကည့္ဖို႔ဆုံးျဖတ္လိုက္တယ္။အနည္းဆုံးေတာ့ ႐ႈမင္ဟြာက အတင္းအၾကပ္မတိုက္တြန္းဘဲ ေ႐ြးခ်ယ္ခြင့္ေပးလာၿပီဆိုေတာ့ တိုးတက္လာၿပီလို႔ပဲ ဆိုရမွာေပါ့...

အခ်ိန္တိုအတြင္းမွာ ေလာ္႐ိႈ႕နဲ႔ ႐ႈမင္ဟြာတို႔ ျပန္လည္သင့္ျမတ္ဖို႔ လုံးဝမျဖစ္ႏိူင္သလို၊မုန္႔ရန္ကလဲ ကူညီေပးမွာမဟုတ္ပါဘူး။ဒီေန႔ ႐ႈမင္ဟြာကို လာေတြ႕တယ္ဆိုတာကလဲ ေလာ္႐ိႈ႕ထုတ္မေျပာျဖစ္ခဲ့တဲ့စကားေတြကို ကိုယ္စားေျပာျပေပးခ်င္လို႔ပါ...႐ႈမင္ဟြာေၾကာင့္ ေလာ္႐ိႈ႕အမ်ားႀကီး နာက်င္ခံစားခဲ့ရတယ္။ေလာ္႐ိႈ႕ဘက္က ခြင့္လႊတ္ရင္ေတာင္ မုန္႔ရန္ကေတာ့.ဘယ္ေတာ့မွ ခြင့္လႊတ္ႏိူင္မွာမဟုတ္ေပ...ဒါ့ေၾကာင့္ ျပန္လည္သင့္ျမတ္ဖို႔အေရးမွာ မုန္႔ရန္ဘက္က ဘာအကူအညီမွ ေပးမွာမဟုတ္ဘူး.....

Continue Reading

You'll Also Like

2.3M 315K 92
Title....Second merriage of a wealthy old man မူရင်းအော်သာ....Tangerine Boat(Cannon folder cheat system ရေးတဲ့ အာသာပါ) မူရင်းက 86 ပိုင်းပါ Extra က 2ပ...
97.7K 9.7K 200
လန်းရှုးမြို့ရဲ့ ချင်ကလန်မှာ ချင်နန်က နံပါတ်တစ် ဂျီးနီးယပ်တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် သိုင်းဝိညာဉ်နိုးထခြင်းပွဲမှာ သူ့ရဲ့ မွေးရာပါ သိုင်းဝိညာဉ်က အနိမ...
64K 5.7K 200
လူတိုင်းသိကြလောက်မဲ့ စာစဥ်လေးဆိုတော့ review မရေးတော့ဘူးနော်။ ဘာသာပြန်သူ - ဆူးရှင်းနွေး