Ride or Die

By Phyo99

2.6K 195 3

ဘုန်းသွေးသစ်မောင်: မောင့်ကိုပဲချစ်တယ် မောင့်ကိုပဲမြတ်နိုးတယ် မောင့်ကိုပဲယူမယ် စိုင်းဧကရာဇ်မောင်: ကိုကမောင်တယေ... More

Ride or Die
part 1 (ငါ သစ်ကုလားအုတ် ဖြစ်တော့မယ်)
part 2 (ရာဇ် ငါ့ကိုငမ်းလို့ ပြီးဦးမှာလား)
part 3 (ချောလိုက်တဲ့ ငါလေး)
part 4 (မင်း Bထိုင်လာတာလား)
part 5 (Black princeလား)
part 7 (မောင့် သဘော)
part 8 (မောင်က မောင့်ဘုရင်လေးနားမှာပဲ တသက်လုံးခစားမှာ)
part 9 (ပုဂံ ခရီးစဥ် ၁)
part 10 (ပုဂံ ခရီးစဥ် ၂)
part 11 (ပုဂံခရီးစဥ် ၃)
တောင်းပန်စာ

part 6 (မင်းရှိတာပဲ သူတို့ကိူ မလိုဘူး)

118 13 0
By Phyo99

သွေးမြင်လိုက်ရတာက ကောင်မလေး တယောက်နဲ့ သူ့မိဘတွေ နေ့လည်စာ hot potစားနေပုံ ကြည့်ရတာ တော်တော်နွေးထွေးမယ့်ပုံပဲ
အဖေက ကင်ပြီးသားတွေ ကောင်မလေးကိုကျွေးလိုက်
အမေက ပါးစပ်သုတ်ပေးလိုက်နဲ့

ရာဇ်က ဘာလို့ အဲတာကို
ပြတာလဲ

"ရာဇ် ဘာလို့လဲ သူတို့ဘာသာ hot potစားနေတာကို"

"အဲတာငါ့ မိဘတွေနဲ့ ညီမ
ဘယ်တုန်းကမှ ငါ့ အပေါ် ဆို
နွေးထွေးမှု မပေးခဲ့တဲ့ အရင်းနှီးဆုံး သူစိမ်းတွေ"

"အော် ဘာလဲ မင်းကခံစားနေရတာလား ငိုချင်တာလား
ပခုံးငှားပေးရမှာလား"

"ဟာသတွေ ပြောမနေစမ်းပါနဲ့ကွာ ငါအဲလောက်မနုပါဘူး
မင်းမြင်ဖူးအောင် ပြတာ"

"မသိဘူးလေကွာ
မင်းက ဝမ်းနည်းသံကြီးနဲ့ ပြောနေလို့ အားကျနေတာလား"

"ဘယ်ကသာကွာ ငါ့ အပေါ် နွေးထွေးမှု မပေးတဲ့ သူကို ပြန်နွေးထွေးနေရအောင် ငါမအဘူး
အားလည်းမကျပါဘူး
ငါ့ဘေးမှာ မင်းတယောက်လုံးရှိနေတာပဲ သူတို့ကို မလိုအပ်ပါဘူး"

ရာဇ် စကားကိုကြားတော့ သွေးတယောင် ပါးချိုင့်တွေ ပေါ် အောင်ပြုံးပြီး

"အဲတာဆိုလည်း သွားစားရအောင်ကွာ ငါဗိုက်ဆာလာပြီ"

လို့ပြောပြီး ရာဇ်ကို ဆွဲခေါ်
လာခဲ့တယ်

ဆိုင်ထဲရောက်တော့ ရာဇ် မိဘတွေက သူတို့ကိုမြင်ပေမဲ့ မသိချင်ယောင်ဆောင်သွားတယ်
ရာဇ်လည်း အတူတူပါပဲ
ထောင့်ကျကျစားပွဲမှာ
နေရာယူလိုက်ပြီး
Waiterကို စားစရာတွေ
မှာလိုက်တယ်

"ရာဇ် ငါတို့earrings တပ်ရအောင် ငါ့ကို တဖက်ပေး"

earrings အထုပ်ကို ရာဇ်က ကိုင်လာတာမို့ သွေးကတောင်း
လိုက်တယ်
ရာဇ်က ထုတ်ပေးတော့
သွေးကို့ဟာကို တပ်လိုက်တယ်
ရာဇ်လည်း တပ်ပေမဲ့
တပ်မရတာကို မြင်တော့ သွေးက
ခုံ ပေါ် ကနေထပြီး ရာဇ် ဘက်ကိုလာပြီး သေသေချာချာ ဝတ်ပေးလိုက်တယ်

"ရာဇ် မင်းက နားကပ်နဲ့ တော်တော်လိုက်တယ်
နောက်ကျရင် နားကပ်များများဝယ်ထားရမယ်"

"ငါဝယ်ရမှာ မဟုတ်ဘူးလား"

"ငါက နားကပ်ကြိုက်တယ်လေ
ဒါမဲ့ တဖက်တည်း ဝတ်ရတာကိုပဲ ကြိုက်တာ
ခုတော့ မင်းနဲ့ အတူတူဝတ်လို့
ရပြီလေ အဲ့တာကြောင့်ပါ"

"အော် အေးပါ
ဘယ်လိုဖြစ်ဖြစ်
ဘယ်သူဝယ်ဝယ် တူတူပါပဲကွာ"

နောက်တော့ လာချသွားတဲ့ ဟာတွေကို စားပြီး သွေးကပိုက်ဆံရှင်းသွားတယ်

"ဒီနေ့လိုက်ပေးတာ ကျေးဇူးတင်လို့" တဲ့လေ
နောက်တော့ ၂ယောက်သား
Busတိုးစီးပြီး ပြန်လာခဲ့တယ်

ရာဇ် တို့ လမ်းထိပ်ရောက်တော့
သွေးက

"ရာဇ် မင်းငါ့ အိမ်လိုက်မလား
အစောကြီးရှိသေးတယ်
မင်းအိမ်မှာလည်း ပျင်းနေမယ့်အတူတူ"

"အေး အဲအကြံ မဆိုးဘူး
ငါလိုက်ခဲ့မယ်
သွားရအောင်"

သွေး ရဲ့ အခန်းက အပေါ် ဆုံးထပ်မှာမလို့ အောက်ကမြင်ကွင်းအားလုံးကိုမြင်ရတယ်
ရာဇ်ရဲ့ အိမ်ကိုတောင် မြင်ရတယ်
ဘောစိတွေ နေတဲ့ condoပီပီ
အပြင်အဆင်တွေက အရမ်း
အထက်တန်းဆန်တယ်
သွေးရဲ့ အိမ်ကတော့
တအိမ်လုံးကို အဖြူသုတ်ထားပြီး
ပရိဘောဂမှန်သမျှ ကတော့
အနက်တွေချည်းပဲ
အခန်းက အတော်လေးကျယ်ပါတယ်
master bedroomတစ်ခန်း
ဧည့်သည်ခန်း တစ်ခန်း
ရိုးရိုးရေချိုးခန်း ကတစ်ခန်းဆီသက်သက်ထားပြီ
ဧည့်ခန်းနဲ့ မီးဖိုချောင်ကတော့ ဆက်ထားတယ်
နရံ ပေါ် မှာတော့ အမည်းရောင်စာလုံးနဲ့ ကြွနေအောင်ရေးထာတဲ့
စာတန်းတခုရှိတယ် အဲတာက

"An Eye for An Eye"
တဲ့

ကျောင်းစာထဲမှာသင်ရတဲ့
ဟမ်မူရာဘီ ဥပဒေထဲက
"မျက်လုံးတလုံးဆုံးလျှင် မျက်လုံးတလုံးချင်း
ပြန်ပေးရမယ်"
ဆိုတဲ့ အဆို

"သွေး မင်းလက်ကိုင်ထားတဲ့ ဆောင်ပုဒ်ကြီးကလည်း ကြောက်စရာကြီ"

"ဘာကို??
အော် ဒါကိုပြောတာလား"

ဆိုပြီး ဆောင်ပုဒ်ကို ပြတယ်
ကျနော် ခေါင်ညိတ်ပြလိုက်တော့

"မင်းကလည်း ဒါကကြောက်စရာကောင်းတာ မဟုတ်ပါဘူး
တရားမျှတမှုရှိတာ"

"အင်း မင်းပြောတာလည်း
ဟုတ်ပါတယ်"

"အေး မင်းရေချိုးဦးမလား"

"ဟင့်အင် ငါအိမ်ရောက်မှ ထပ်ချိုးလိုက်တော့မယ် မနက်က
တခါက်ချိုးခဲ့တယ်"

"OK အဲတာဆို အခန်းကို ပတ်ကြည့်ထားလိုက်ဦး ငါရေသွားချိုး
ဦးမယ်"

"အင်း အေးဆေးလုပ်"

သွေး ရေချိုးခန်းထဲ ဝင်သွားတော့
ရာဇ်လဲ ပတ်ကြည့်နေလိုက်တယ်
ထူးထူးခြားခြား ဘာမှမတွေ့ရ
နောက်တော့ ဗိုက်ပြန်ဆာလာတာနဲ့ မီးဖို ဘက်ကို
ဦးတည်လိုက်တယ်

မဖိုချောင်း ကလည်း တော်တော် ကျယ်ပါတယ် ရေခဲသေတ္တာနဲ့
အိုးခွက်ပန်းကန်တွေ သူနေရာနဲ့ သူပဲ
ရာဇ်လည်း ရေခဲသေတ္တာ
လှပ်ကြည့်လိုက်တော့
ရေသန့်ဘူးတွေကလဲဲပီး
ဘာမှမတွေ့

"သွေး ဒီကောင်ဘာများစား
ပါလိမ့်"
လို့ ရေရွတ်ပြီး
ဧည့်ခန်းထဲပဲ ပြန်လာပြီး
TVကြည့်နေလိုက်တယ်
ခဏလောက်နေတော့
သွေးထွက်လာတယ်

"သွေး ခေါင်းလျှော်လာတာလား
ခေါင်းပြောင်အောင်သုတ်လေ
နေမကောင်းပဲနေမယ်"

လို့ပြောတော့
"ရော့ သုတ်ပေး"
လို့ပြောပြီး ရာဇ် ဆီ မျက်နှာသုတ်ပဝါ ထိုးပေးပြီး
ရာဇ်အောက် ဝင်ထိုင်လိုက်တယ်

ရာဇ်လည်း သုတ်ပေးရင်

"မင်းအိမ်က ဘာမှလည်း စားစရာမရှိဘူး မင်းဘာစားလဲ သွေး"

"အောက်မှာ24 hours markတခုရှိတယိ ငါဗိုက်ဆာရင် အောက်ဆင်းစားလိုက်တယ်
ရေခဲသေတ္တာထဲက ကုန်သွားပြီး
ငါပြန်ထည့်ဖို့မေ့နေလို့
ခေါင်းခြောက်ရင် သွားဝယ်ရအောင်"

"အင်း"

"မင်းကဗိုက်ပြန်ဆာလာပြီလား
စားထားတာတောင်
မကြာသေးဘူး"

"အေး ငါ့ဗိုက်ကအဲလိုပဲ
အစာချက်မြန်တယ်
လာ ခေါင်းခြောက်သွားပြီ
အောက်ဆင်းရအောင်"

လို့ပြောပြီး
တဘက်ကို ဆိုဖာ ပေါ်ချ သွေးလက်ကိုဆွဲ ပိုက်ဆံအိတ်ယူပြီး
အောက်ကို ဆင်းလာခဲ့တယ်

Markမှာ Mamaဘူးတွေ
အစာပြေမုန့်တွေ အာလူးကြော်တွေ အချိုရည်တွေဝယ်ပြီး
ပြန်တက်လာခဲ့တယ်
ဓာတ်လှေကားနဲ့မို့
တော်သေးတာပေါ့

ပြန်ရောက်တော့ Mamaတယောက်တဘူးစီသောက်ပြီး
TVမှာလာနေတဲ့ နိုင်ငံခြားကား
ကြည့်ရင်း ဝယ်လာတဲ့ မုန့်တွေ
ဖောက်စားနေတယ်
ဇာတ်ကားလည်းပြီးရော
ဧည့်ခန်းတခန်းလုံးလည်း
မုန့်မှိုက်တွေချည်းပဲ

ရာဇ် ကရှင်းပေးမယ်လုပ်တော့
"ထားလိုက် မနက်ကျ အဒေါ် ကြီးလာရင် ရှင်းလိမ့်မယ်"

ဆိုလို့ ရာဇ်လည်း ထားခဲ့လိုက်တယ်
ရာဇ် ပြန်ခါနီးတော့သွေးက

"မနက်ဖြန်လည်း မင်ငါ့အိမ်လာမလား"

"အေး လာခဲ့မယ်လေ မင်း
အဒေါ် ကြီးကို ဟင်းကောင်းကောင်း ချက်ခိုင်းထားလိုက် ငါလာခဲ့မယ်"

"အေး အဲတာဆိုငါစောင့်နေမယ်
Bye"

သွေးက condoအောက်ထိ လိုက်ပို့တယ်
ရာဇ် အိမ်ပြန်ရောက်တော့
၈နာရီတောင် ထိုးတော့မယ်

"ရာဇ် မင်းဘယ်ကပြန်လာတာလဲ
တေ့လည်ကတွေ့ ခဲ့တဲ့ကောင်ကော ဘယ်သူလဲ
ပုံစံကိုက ဂျလေဘီပုံနဲ
အဲလိုကောင်တွေနဲ့ မပေါင်းစမ်းနဲ့"

"အဖေ ေပြောပြီးပြီးလား
ကျနော် အခု သွေးအိမ်က
ပြန်လာတာ ပြီးတော့ သွေးကို
'အဲကောင်'လို့ မပြောပါနဲ့
သူက ကျနော့်သူငယ်ချင်
ပေါင်းပါ မပေါင်းနဲ့ ပြောရအောင်
ဘယ်တုန်းက ကျတော့်ကို အဲလောက်ဂရုစိုက်သွားတာလဲ

အဟက် အဖေပြောလည်း
ကျနော်ကတော့ ပေါင်းမှာပဲ"

"ဟဲ့ ရာဇ် မင်းရိုင်းလှချည်လား
ဖအေကို ဘယ်လိုတွေ ပြန်ပြောနေတာလဲ"

"ရိုင်းရိုင်းပဲ အမေရေ
ယဥ်ကျေးအောင် လည်းဘယ်သူကမှ သင်မပေးခဲ့လို့
ကျနော် တက်ပြီ"

လို့ပြောပြီး ရာဇ် တက်လာခဲ့တယ်

"ကိုကိုက မီးလောက်တောင်
မလိမ္မာဘူးနော် ဖေ့"

လို့ ပြောသံသဲ့သဲ့ကို ကြားလိုက်ရပါသေးတယ်

ရေချိုး အဝတ်စားလဲပီး
စာနည်းနည်းပြန်ကြည့်လိုက်တယ်
ရာဇ်တို့ သုံးယောက်မှာ တူတာက
သုံးယောက်လုံးက အရမ်းကောင်းလွန်းတဲ့ brainတွေကို ပိုင်ထားတာကြောင့် စာအရမ်းမလုပ်တောင် 1 to10 ထဲက ဘယ်တော့မှ မထွက်

နောက်တနေ့ Sundayမှာ
ရာဇ်က သွေးဆီသွားပြီ
တနေကုန် သွေးနဲ့ပဲ အချိန်ဖြုန်းလိုက်တယ်

ဒီလိုနဲ့ ရာဇ် သွေးနဲ့ လက်ယာတို့
အချိန်တွေဟာ ကျောင်းချိန်ဆို စာသင်လိုက်
လက်ယာ ထမင်းကပ်စားလိုက်
စလိုက်နောက်လိုက် စာလုပ်လိုက်
ကျောင်းဆင်းချိန်ဆို ရာဇ်နဲ့သွေးက ကရာတေးသွားကစားလိုက်
ကျောင်းပိတ်ရက်တွေဆို သွေးcondoမှာ ၂ယောက်သား
အချိန်ဖြုန်းလိုက်
တခါတလေ လက်ယာပါလာရင်
၃ယောက်သား
တနေကုန်gameပြိုင်ဆော့ရင်း
ဘာလိုလိုနဲ့ သီတင်းကျွတ်ကျောင်းပိတ်ရက်တောင် ရောက်လာတော့မယ်
ဒီကြားထဲမှာ ထူးခြားတာတခုက
သူတို့ ၃ယောက်groupထဲကို
'မောင်'ပါတဲ့ နောက်တယောက်
ရောက်လာတာပါပဲ

သူကတော့ "ရှင်းပြည့်စုံမောင်"တဲ့

♥♥ ပြည့်စုံအကြောင်းက နောက်တပိုင်းမှာလာပါမယ်နော်
ဖတ်ပေးတဲ့ တယောက်ချင်းစီတိုင်းကို အရမ်းကျေးဇူးတင်ပါတယ်နော်

Continue Reading

You'll Also Like

10.2M 639K 168
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
982K 30.4K 61
Dans un monde où le chaos et la violence étaient maitre, ne laissant place à ne serrait ce qu'un soupçon d'humanité. Plume était l'exception. Elle...
520K 32.9K 67
"Sshhhhh....." he hushed and pinned us against the wall leaving no space between us. I held onto his biceps with my hand in reflex. He shook his head...
145K 4.1K 39
I was taught from birth, through force, how to be perfect for him, how to obey everything he said, and how to be his devoted follower. I was being pr...