သူဌေးကြီး၏ဒုတိယမြောက်အိမ်ထောင...

By OpalHawthorn28

2.3M 315K 17.7K

Title....Second merriage of a wealthy old man မူရင်းအော်သာ....Tangerine Boat(Cannon folder cheat system ရေးတဲ... More

Description
Chapter (1)
Chapter(2)
Chapter(3)
Chapter(4)
Chapter(5)
Chapter(6)
Chapter(7)
Chapter(8)
Chapter(9)
Chapter(10)
Chapter(11)
Chapter(12)
Chapter(13)
Chapter(14)
Chapter(15)
Chapter(16)
Chapter (17)
Chapter(18)
Chapter(19)
Chapter(20)
Chapter(21)
Chapter (22)
Chapter (23)
Chapter (24)
Chapter (25)
သူရဲကောင်းကြီးရဲ့အမှာစာ🏹🏹
Chapter (26)
Chapter (27)
Chapter (28)
Chapter (29)
Chapter (30)
Chapter (31)
Chapter (32)
Chapter (33)
Chapter (34)
Chapter (35)
Chapter (36)
Chapter (37)
Chapter (38)
Chapter (39)
Chapter (40)
Chapter (41)
Chapter (42)
Chapter (43)
Chapter (44)
Chapter (45)
Chapter (46)
Chapter (47)
Chapter (48)
Chapter (49)
Chapter (50)
Chapter (51)
Chapter (52)
Chapter (53)
Chapter (54)
Chapter (55)
Chapter (56)
Chapter (57)
Chapter (58)
Chapter (59)
Chapter (60)
Chapter (61)
Chapter (62)
Chapter (64)
Chapter (65)
Chapter (66)
Chapter (67)
Chapter (68)
Chapter (69)
Hi
Chapter (70)
Chapter (71)
Chapter (72)
Chapter (73)
Chapter (74)
Chapter (75)
Chapter (76)
Chapter (77)
Chapter (78)
Chapter (79)
Chapter (80)
Chapter (81)
Chapter (82)
Chapter (83)
Chapter (84)
Chapter (85)
Chapter (86)
Chapter (87)
Chapter (88)
ရေဘဝဲသူရဲကောင်းကြီး၏ ကျေးဇူးတင်လွှာ

Chapter (63)

21.8K 3K 43
By OpalHawthorn28

နေ့လည်ခင်းအတွက် စားသောက်ပွဲကို ​ပြင်ဆင်ထားကြပြီးနေပြီဖြစ်တာကြောင့် မုန့်ရန်က ကလေးကို နာနီတွေလက်ထဲအပ်ခဲ့ပြီး လော်ရှို့နဲ့အတူ ထိုင်နေခဲ့တယ်။

စားပွဲပေါ်က ဟင်းလျာတွေက ပွဲတော်အတွက် မပါမဖြစ်တဲ့ သားကြီး၊ငါးကြီးနဲ့ အဆီများတဲ့ ဟင်းလျာတွေ ဖြစ်နေတာကြောင့် မုန့်ရန်အတွက် အတော် အခက်တွေ့နေခဲ့ရတယ်။ဒါ့ကြောင့် စားဖိုဆောင်ဝန်ထမ်းတွေက မုန့်ရန်အတွက် ပေါ့ပါးတဲ့ဟင်းလျာတွေကို သီးသန့်ပြင်ဆင်ပေးလိုက်ရတယ်။

လော်ရှို့က ထမင်းနည်းနည်းပေါ်မှာ ဂေါ်ဖီထုတ်စွပ်ပြုတ်စမ်းထားပြီး အဝါရောင်ဂေါ်ဖီရွက်လေးတွေထပ်ထည့်ပေးထားတဲ့ ပန်းကန်လုံးလေးကို မုန့်ရန်ကို ပေးလိုက်ပြီး မုန့်ရန်အတွက် အသီးအရွက်ဟင်းလျာတွေတစ်ခုပြီးတစ်ခု ထည့်ပေးနေခဲ့တယ်။မုန့်ရန် ဗိုက်ပြည့်သွားတာကြောင့် ခေါင်းခါပြီး ထပ်မထည့်ပေးဖို့ ပြောတော့မှပဲ ရပ်သွားတော့တယ်။

လော်ရှို့ရဲ့ ဆွေမျိုး တစ်သိုက်က ဒါတွေကို အသေးစိတ် လိုက်ကြည့်နေကြတယ်။ဒါတွေကိုကြည့်ခြင်းအားဖြင့် မုန့်ရန်ဟာ လော်မိသားစုဝင်တစ်ယောက်ဖြစ်နေပြီဆိုတာကိုရှင်းလင်းစွာသိမြင်နိုင်ပါတယ်။

ဒီနေ့မှာ ဆွေမျိုးတွေ လူစုံတက်စုံရောက်နေကြတယ်။မုန့်ရန်က ကန်တော့ပွဲပြီးကတည်းက ခဏလေးပဲနားလိုက်ရတယ်။ဆွေမျိုးတွေ
အတူတကွ စားကြ၊သောက်ကြ၊ပြောကြ၊ဆိုကြလုပ်နေရာကနေ သီးသန့်ခွဲထွက်နေဖို့ မသင့်တော်ဘူးလေ။ဒါဟာ လော်မိသားစုရဲ့ဘိုးဘေးစံအိမ်ဖြစ်တာကြောင့် မုန့်ရန်သူတို့ကို ယဉ်ကျေးချိုသာစွာဆက်ဆံပြီး ရေလိုက်ငါးလိုက် နေနေခဲ့ရတယ်။

နေ့လည်ပိုင်းမှာ နောက်တစ်ကြိမ် လက်ဆောင်တွေဝေပေးခဲ့ပြန်တယ်။ဒီတစ်ခါက ဆွေမျိုးတွေနဲ့ ခြံဝင်းထဲက လူတွေအကုန်လုံးအတွက် ပေးဝေခြင်းဖြစ်တယ်။ဒါတွေပြီးတာနဲ့ မုန့်ရန် ဆင်ခြေတစ်ခုပေးပြီး အနားယူလိုက်တယ်။

လော်ရှို့ကလဲပဲ မုန့်ရန်နဲ့အတူ အခန်းထဲကို ပြန်လိုက်လာခဲ့တယ်။

"ပင်ပန်းနေပြီလား??"

"နည်းနည်းပါ.."

မုန့်ရန်က ကလေးငယ်လေးကို ခပ်ဖွဖွလေးပုတ်သိပ်နေတယ်။

လော်ရှို့က မုန့်ရန်ရဲ့ နဖူးကို နမ်းလိုက်ပြီး...

"ဒီညစောစောအိပ်..မနက်ဖြန်မနက်ကျရင် အပြင်သွားကြမယ်"

"တကယ်လား??မနက်ဖြန် အိမ်ပြန်မှာမဟုတ်ဘူးလား??"

"နေ့လည်လောက်ကျမှပြန်ကြမယ်။ဒီမှာ မနက်ပိုင်းတိုက်တဲ့လေက အရမ်းလတ်ဆတ်တယ်။သားလေးကို ခေါ်ပြီး လမ်းလျှောက်ထွက်ကြမယ်လေ။သားလေးလဲ မမြင်ဖူးတာတွေမြင်ရတာပေါ့..."

"ကောင်းပါပြီဗျာ.."

မုန့်ရန်က အပြုံးတစ်ခုနဲ့ သဘောတူလိုက်တယ်။

မုန့်ရန် နေ့ခင်းဘက်မှာ တရေးတမောအိအ်ထားတာတောင် ညဘက်မှာ စောစောအိပ်ရာဝင်ခဲ့တယ်။ဒါမှ စောစောထပြီး လော်ရှို့နဲ့ အတူ သားလေးကိုပါခေါ်ပြီး မြို့ထဲကို လမ်းလျှောက်ထွက်နိုင်မှာ....

နောက်တစ်နေ့နံနက်မှာ...

လော်ရှို့က မုန့်ရန်ရဲ့လက်ကိုကိုင်ပြီးရှေ့ကနေလျှောက်နေတယ်။နာနီတွေက ကလေးတွန်းလှည်းလေးကိုတွန်းပြီး သက်တော်စောင့်တွေနဲ့ အတူ လော်ရှို့တို့စုံတွဲနောက်ကနေ လိုက်လာကြတယ်။

ဒီမြို့လေးရဲ့ နံနက်ခင်းရှုခင်းတွေက အရမ်းကိုလှပလွန်းတယ်။ကျောက်သားလမ်းလေးပေါ်လျှောက်လှမ်းရင်း ရှေးဟောင်းလက်ရာ အိမ်ခြံဝန်းတွေကိုငေးကြည့်ရတာ တကယ်ကို စိတ်အေးချမ်းဖို့ကောင်းတယ်။ဒီအချိန်က ခရီးသွားရာသီမဟုတ်တဲ့ အတွက် မြို့ခံတွေလောက်ပဲရှိနေတယ်။ဒီနေရာလေးက အေးချမ်းစိတ်ငြိမ်တဲ့ ဘဝအရသာကိုခံစားဖို့ အသင့်တော်ဆုံးနေရာလေးတစ်ခုပါ....

မုန့်ရန်က အရုပ်ဆိုင်လေးတစ်ခုရှေ့မှာ ရပ်လိုက်ပြီး ဂျောက်ဂျက်လေးတစ်ခုကို ယူပြီး သားဖြစ်သူကို ကျီဆယ်ဖို့စောင့်ကြောင့်ထိုင်ချလိုက်တယ်။

"Baby ရေ..ဒါလေးကိုကြည့်ပါဉီး...Babay ဒါလေးကိုကြိုက်လား?"

မုန့်ရန်က ဂျောက်ဂျက်လေးကို လှုပ်ပြီး သားလေးကိုမေးလိုက်တယ်။

နှစ်လသားအရွယ် လော်ကျွင်းရယ်က မုန့်ရန်လက်ထဲက ဂျောက်ဂျက်ကိုလုံးဝစိတ်မဝင်စားဘဲ လေအဝှေ့မှာ ချာချာလည်နေတဲ့ ရောင်စုံလေတံခွန်လေးကိုပဲ စိုက်ကြည့်နေတယ်။

မုန့်ရန်က လော်ရှို့ဘက်ကိုလှည့်ပြီး လေတံခွန်တစ်ခု ယူခိုင်းလိုက်တယ်။

မုန့်ရန်က လေတံခွန်တစ်ဖက်၊ဂျောက်ဂျက်တစ်ဖက်ကိုင်ပြီး သားဖြစ်သူကိုမေးလိုက်တယ်။

"Babyကဒါလေးကိုသဘောကျလို့လား??ဒါဆို Babyက လေတံခွန်ယူလိုက်။ပါပါးက ဂျောက်ဂျက်ယူလိုက်မယ်။ဒယ်ဒီ့ကို ပါပါးတို့အတွက်ဒါတွေဝယ်ခိုင်းလိုက်မယ်။အဆင်ပြေတယ်မလား Baby??"

မုန့်ရန်က ရောင်စုံလေတံခွန်လေးကို ကလေးငယ်လေးရဲ့တွန်းလှည်းပေါ်မှာ ထားပေးလိုက်ပြီး သူကိူယ်တိုင်က ဂျောက်ဂျက်လေးတစ်လှုပ်လှုပ်နဲ့ လော်ရှို့နဲ့အတူ လမ်းဆက်လျှောက်နေလိုက်တယ်။

လမ်းဘေးမှာ နံနက်စာရောင်းတဲ့ ဆိုင်ခန်းလေးတွေစီတန်းနေတယ်။မွှေးပျံ့တဲ့ အရိုးစွပ်ပြုတ်နံ့ကိုရတာနဲ့ လော်ရှို့နဲ့အတူ နံနက်စားစားဖို့ဆိုင်တစ်ဆိုင်မှာဝင်ထိုင်လိုက်တယ်။

ဝမ်တုန်ဖက်ထုပ်စွပ်ပြုတ်တစ်ပွဲကိုနှစ်ယောက်သားဝေမျှစားသောက်ခဲ့တယ်။မုန့်ရန်က စွပ်ပြုတ်သောက်ပြီး ဖက်ထုပ်တွေကို လော်ရှို့ကိုစားခိုင်းလိုက်တယ်။

မုန့်ရန်စွပ်ပြုတ်သောက်ရတာကိုကြိုက်မှန်း သိနေတဲ့ လော်ရှို့က...

"နောက်တစ်ပန်းကန်ထပ်မှာလိုက်ရမလား??"

မုန့်ရန်က ခေါင်းခါပြလိုက်ပြီး...

"ဖက်ထုပ်စားရတာက စွပ်ပြုတ်သောက်ရတာလောက်အရသာမရှိဘူး..."

လော်ရှို့နဲ့ အတူ လမ်းဘေးဆိုင်လေးမှာထိုင်ပြီး ဖတ်ထုပ်တစ်ပွဲကို နှစ်ယောက်အတူစားရတဲ့အတွက် ဒီဖက်ထုပ်က အရသာရှိနေပြီးသားလေ။ဒီလိုလေးနေရတာကို မုန့်ရန်တကယ်ပျော်ရွှင်နေပါတယ်။

ဖက်ထုပ်စားပြီးတာနဲ့ နှစ်ယောက်သားလက်ချင်းယှက်ပြီး လမ်းဆက်လျှောက်ခဲ့ကြတယ်။လမ်းတစ်လျှောက်မှာ မုန့်ရန်လက်ညိုးထိုးသမျှ သားရေစာတိုင်းကို လော်ရှို့ ဝယ်ပေးခဲ့တယ်။

မုန့်ရန်ရဲ့ နှုတ်ခမ်းထောင့်လေးတွေက တစ်ချိန်လုံးပြုံးနေရတဲ့အတွက် မြင့်တက်နေတယ်။ လော်ရှို့အတွက် ပျော်ရွှင်ခြင်းဆိုတာ မုန့်ရန်ရဲ့ အပြုံးလေးတွေသာလျှင်...

"နောက်ဆို..ကျွန်တော်တို့နှစ်ယောက်ကိုမသိကြတဲ့ဒီလိုလှပတဲ့ မြို့လေးတွေမှာ ခဏခဏလျှောက်လည်ကြမယ်နော်"

"မင်းလေးသာ ပျော်မယ်ဆို အနာဂတ်အထိစောင့်နေစရာမလိုပါဘူး။အခုချက်ချင်း လျှောက်လည်လို့ရတယ်"

"ကျွန်တော်တို့ နှစ်ယောက်စလုံး အလုပ်မများတော့မယ့်အချိန်ရယ်၊သားလေး ကြီးလာမယ့်အချိန်ရယ်ထိတော့ စောင့်လိုက်ပါဉီး။အခုချိန်မှာ ချန်းမိသားစုကိစ္စကိုလဲ မဖြေရှင်းနိုင်သေးဘူး။ကျွန်တော်လဲ ဘွဲ့မရသေးဘူးလေ...ဒီအတိုင်း တစ်ခါတစ်လေ အေးချမ်းစိတ်ငြိမ်တဲ့ဘဝလေးကိုတော့ရှာလို့ရပါသေးတယ်"

လော်ရှို့က ခေါင်းညိတ်ပြီး သဘောတူကြောင်းပြလိုက်တယ်။

တဖြည်းဖြည်းနဲ့ လော်ရှို့တို့စုံတွဲကို လာကြည့်တဲ့ မြို့ခံတွေများပြားလာတာကြောင့် မုန့်ရန်တို့တွေ ဘိုးဘေးစံအိမ်ကိုပြန်ခဲ့ကြတယ်။စံအိမ်မှာ နေ့လည်စာစားပြီးတာနဲ့ လုံလင်းတောင်ကို ပြန်ခဲ့ကြတယ်။

ရနံကုထုံးဌာနကို ကုန်ကြမ်းတစ်သုတ်ရောက်လာတယ်။မုန့်ရန်က ဒီကုန်ကြမ်းတွေကို အမျိုးအစားခွဲပေးဖို့ သိုလှောင်ဌာနကိုသွားခဲ့တယ်။ဒါက လက်တွေ့လေ့လာရင်း သင်ယူရတဲ့အရာဖြစ်တယ်။

ရှားပါးအဖိုးတန်တဲ့ ကုန်ကြမ်းတွေကို အမျိုးအစားခွဲရာမှာ မုန့်ရန်လဲ ပါဝင်ခဲ့ရတယ်။မုန့်ရန်က အမြင်အာရုံနဲ့ အနံ့ခံအာရုံကိုသာသုံးပြီး အမျိုးအစားတွေကို တိတိကျကျ ခွဲခြမ်းစိတ်ဖြာနိုင်ခဲ့တယ်။ကျန်တဲ့ ဆရာတွေကတော့ ကုန်ကြမ်းတွေကို အပိုင်းသေးသေးလေးတွေဖြတ်တောက်ပြီး မီးရှို့အနံ့ခံခြင်းနဲ့သာ အမျိုးအစားခွဲနေကြတယ်။လတ်ဆတ်တဲ့ကုန်ကြမ်းရဲ့အနံ့နဲ့ မီးရှို့ပြီးမှထွက်လာတဲ့ ကုန်ကြမ်းရဲ့အနံ့က အ​တော်လေးကို ကွာခြားလွန်းပါတယ်။ဒီကုန်ကြမ်းတွေအကုန်လုံးက ရှားပါးလွန်းတာကြောင့် မီးရှို့ပြီး အနံ့ခံကာ အမျိုးအစားခွဲခြားခြင်းကဖြုန်းတီးလွန်းရာကျနေပါတယ်။

မုန့်ရန်က သက်ဆိုင်ရာ သစ်သားသေတ္တာတိုင်းပေါ်မှာ မှတ်တမ်းရေးထားတဲ့ တံဆိပ်တွေကို ကပ်ပေးလိုက်တယ်။မုန့်ရန်အမျိုးအစားခွဲထားပြီးသားကုန်ကြမ်းတွေကို ဆရာတွေက ဖြတ်တောက် မီးရှို့ပြီး အနံ့ခံကာ မှန်မမှန်စစ်ဆေးနေကြတယ်။မုန့်ရန်အမျိုးအစားခွဲထားသမျှတွေအကုန်လုံးမှန်ကန်နေခဲ့တယ်။ဒါ့အပြင် ရောက်လာတဲ့ ကုန်ကြမ်းသုံးပုံမှာ နှစ်ပုံလောက်က မုန့်ရန်အမျိုးအစားခွဲထားတာတွေကြီးပဲလေ...

ဒီအလုပ်က ကြီးကြီးမားမားမဟုတ်ပေမယ့် ရနံ့ဌာနခွဲအတွက်တော့တကယ်ကို အရေးကြီးပါတယ်။အများသောအဖြင့် ဆရာတွေက ဒီနေရာကိုရဖို့အတွက် အမြဲတမ်းတိုက်ခိုက်နေကြရတာပါ။မုန့်ရန်အတွက်က​တော့ ကုန်ကြမ်းတွေနဲ့ ထိတွေ့မှုများလေ ပိုအကျိုးရှိလေပါပဲ...

"သေးသေးလေးပဲဖြတ်ပါဟ..အရမ်းများနေပြီ!!"

"​တော်လောက်ပြီ...အစကတည်းက သေးပါတယ်ဆိုမှ မင်းတို့ကအဲလောက်အများကြီး ဖြတ်လိုက်တော့ ဘာသွားကျန်တော့မှာလဲ??"

[TN: မမှောင်ကြနဲ့လေ...ကုန်ကြမ်းဆေးပင်တွေကို ဖြတ်နေတာပါ😜😜😜]

သိုလှောင်ရေးဌာနနဲ့ ဘဏ္ဍာရေးဌာနတို့ရဲ့ ညွှန်ကြားရေးမှူးတွေက ဆရာတွေ ကုန်ကြမ်းအမျိုးအစားခွဲဖို့ အပိုင်းသေးသေးလေးတွေဖြတ်တောက်တိုင်းသူတို့ရဲ့နှလုံးသားအပိုင်းအစတွေကို ဖြတ်ထုတ်နေသလိုခံစားနေရတယ်။တချို့သော ကုန်ကြမ်းတွေက ငွေပုံပေးနိုင်ရင်တောင် ဝယ်လို့မရလောက်အောင် ရှားပါးလွန်းတယ်...

ဒီဆရာတွေကလဲ တကယ်ဆို များများစားစားမဖြတ်ချင်ခဲ့ကြပါဘူး။ဒါပေမယ့် အရည်အသွေးကို တိတိပပ ခွဲခြမ်းဖို့အရေးမှာ ဒီနည်းလမ်းကလွဲရင် တခြားနည်းလမ်းမှ မရှိတော့တာ...

ကုသရခက်ခဲတဲ့ ရောဂါတွေကို အောင်အောင်မြင်မြင် ကုသနိုင်ခဲ့တဲ့ မုန့်ရန်က အမျိုးအစားခွဲရာမှာလဲ တကယ်ကို ပါရမီရှင်တစ်ယောက်အလားထူးချွန်လွန်းလှပါတယ်။

စီမံခန့်ခွဲရေးဌာနရဲ့ ညွှန်မှူးက ဘဏ္ဍာရေးညွှန်မှူးကို တောင်းဆိုလိုက်တယ်။

"ဒီလိုအချိန်တိုင်းမီးရှို့နေတာက ဖြုန်းတီးနေတာပဲကွ။နောက်ဆို မုန့်ရန်ကိုပဲ အမျိုးအစားခွဲဖို့​တောင်းဆိုလိုက်​တော့။တခြားသူတွေလေ့ကျင့်ဖို့
အတွက် နမုနာနည်းနည်းလောက်ပဲ ချန်ထားပေးလိုက်။မလိုအပ်ဘဲနဲ့ မီးထပ်မရှို့ပါနဲ့တော့ကွာ"

"ဟုတ်...ဉက္ကဌကိုလဲ ဒီအကြောင်းပြောပြလိုက်ပါ့မယ်"

အရင်တုန်းက မလိုအပ်ဘဲ မီးရှို့ခဲ့တဲ့ ကုန်ကြမ်းတွေအကြောင်းတွေးလိုက်တိုင်း အသွေးအသားထဲကနေကို နှမြောနေပြီလေ...မုန့်ရန်လို ထိပ်တန်းအဆင့် အနံ့ခံအာရုံရှိတဲ့ သူတွေသာ ဌာနမှာ များများရှိခဲ့ရင် အနာဂတ်မှာ ကုန်ကြမ်းတွေကို အလေအလွှင့်မရှိစု​ဆောင်းထားနိူင်တော့မှာ...

အရင်တုန်းက မုန့်ရန်ကို အသုံးမကျဘူးလို့ ထင်မြင်ခဲ့ကြတဲ့ ဆရာတွေတောင် မုန့်ရန်ရဲ့ Skillတွေကိုကြည့်ပြီး ပါးစပ်ပိတ်နေကြပြီ။မုန့်ရန်ရဲ့ စူးရှထက်မြက်တဲ့ အနံ့ခံအာရုံကို မနာလိုတဲ့စိတ်ကို သူတို့တွေဘယ်လိုမှ ထိန်းမရခဲ့ကြဘူး။

လင်စုန့်ထိုင် က မုန့်ရန်အစောကြီး အမျိုးအစားခွဲနေတာကိုမြင်တဲ့ အခါ ဝူဖန်ကို တစ်ချက်သွားကြည့်ခိုင်းလိုက်တယ်။အကုန်လုံးမှန်နေတဲ့ အတွက် အေးရာအေးကြောင်းနဲ့ လက်ဖက်ရည်ထိုင်သောက်နေလိုက်တယ်။

ဝူဖန်က သိလိုသမျှတွေကို မုန့်ရန်ကိုမေးလိုက်တယ်။

"အရောင်ကြည့်ပြီး ခွဲတာကလွယ်တယ်။အနံ့ခံကြည့်တာကတော့ စာအုပ်ထဲမှာရေးထားတာနဲ့ လက်တွေ့နဲ့က အ​တော်ကွာတာကွ"

မုန့်ရန်..."အနံ့တွေက အမျိုးမျိုးကွဲပြားနေတဲ့အတွက် နဂိုကတည်းက ရှင်းပြရခက်ခဲတယ် အစ်ကိုရဲ့...အရာဝတ္ထုတစ်ခုချင်းစီတိုင်းမှာ သူတို့ရဲ့ ဘဝသက်တမ်း အတွေ့အကြုံတွေကို ကိုယ်စားပြုပေးတဲ့ထူးခြားတဲ့ ကိုယ်ပိုင်အနံ့တစ်စီရှိကြတယ်။ဉပမာ သစ်ပင်တွေကိုပဲကြည့်...သူတို့တွေ နေရောင်ခြည်ဘယ်လောက်ရတယ်၊ရေပမာဏဘယ်လောက်ထိ စုပ်ယူခဲ့တယ်၊ဘယ်မြေဆီလွှာ ဘယ်ပတ်ဝန်းကျင်မှာ ပေါက်ရောက်ကြီးပြင်းခဲ့တယ်၊ကြီးပြင်းလာပြီးတဲ့နောက် ဘယ်လိုတွေ ရှင်သန်ခဲ့ရတယ်ဆိုတာတွေကို သူတို့ရဲ့ ကိုယ်ပိုင်အနံ့တွေကနေ တဆင့် လိမ်လို့မရအောင် အထင်းသား သိမြင်နိုင်တယ်။ ဒါမျိုးတွေက အတုလုပ်လို့ လုံးဝမရဘူး"

ဝူဖန်..."အတုလုပ်တဲ့အကြောင်းလား??အဖိုးတန် အမွေးနံ့သာကုန်ကြမ်းတွေ အတုလုပ်တဲ့ သူတွေအကြောင်းကြားဖူးတယ်မလား??နာမည်ကြီးရေမွှေးတွေကို အတုလုပ်သလိုပေါ့ကွာ...Chemical တွေနဲ့ အတုလုပ်ထားတဲ့ ရေမွှေးတွေက သုံးစွဲသူတွေအတွက် ကျန်းမာရေးထိခိုက်တယ်ဆိုပေမယ့်လဲ တချို့တွေက စျေးပေါတာတစ်ခုတည်းကိုပဲကြည့်ပြီးသုံးနေကြတုန်းပဲ.."

မုန့်ရန်..."ဒါကျတော့ နားလည်တဲ့သူနဲ့ နားမလည်တဲ့ သူပေါ်မူတည်ပြီး ကွာခြားသွားပြန်ရော...အခုကျွန်တော်တို့တွေ အမျိုးအစားခွဲနေတာကိုပဲကြည့်လိုက်..လေ့ကျင့်သားဝနေတဲ့သူတွေတောင် အနံ့ခံကြည့်ရုံနဲ့ အမျိုးအစားမခွဲနိုင်ကြဘူး။ကျွန်တော်ကကျတော့ သူတို့လို မလေ့ကျင့်ခဲ့ရဘဲနဲ့ အနံ့ခံပြီး အမျိုးအစားခွဲနိူင်တယ်။ဘယ်သူမှန်တယ်၊ဘယ်သူမှားတယ်ဆိုတာ ပြောဖို့ခက်တယ်။ရနံ့တွေကမလှည့်စားနိုင်ပေမယ့် အများကြီး ကွဲပြားနေသေးပြန်တော့ ကိုယ်ပိုင် ခွဲခြမ်းစိတ်ဖြာနိုင်စွမ်းကိုပဲ အားကိုးရတော့မှာ..."

ဝူဖန်က မုန့်ရန်ပြောတာတွေကို ခေါင်းတညိတ်ညိတ်နဲ့ သေချာစဉ်းစားနေလိုက်တယ်။

မုန့်ရန်က ဝူဖန်ကိုင်ထားတဲ့ ခြင်းတောင်းထဲကနေ သစ်ကိုင်းခြောက်တစ်ခုကို ထုတ်လိုက်ပြီး အနံ့ခံကြည့်လိုက်ပြီး တခြားခြင်းတောင်းထဲကိုပြောင်းထည့်လိုက်တယ်။ထို့နောက် အနံ့ခံပြီး အမျိုးအစားခွဲရာမှာ သိထားသင့်တဲ့အချက်တွေကို သေချာရှင်းပြလိုက်တယ်။

မုန့်ရန်ပြောတာတွေက စာအုပ်တွေထဲမှာ ရေးထားတာတွေထက်ပိုပြီး ရှင်းလင်းတိကျတဲ့အပြင် ပိုပြီးနားလည်ရလွယ်ကူမှန်း ဝူဖန် တဖြည်းဖြည်းသိလာခဲ့တယ်။ဘေးနားမှာရှိတဲ့သူတွေကလဲ သေချာဂရုတစိုက်နားထောင်ပြီး ယွီကျွင်းချန်ကို ဆက်သွယ်နေကြတယ်။တော်တော်များများက လုပ်လက်စတွေကို အရှိန်လျှော့ပြီး မုန့်ရန်ပြောတာတွေကို တိတ်တိတ်လေးခိုးနားထောင်နေကြတယ်။ဆရာတွေက ဒါတွေကိုမြင်နေပေမယ့် မုန့်ရန်ပြောနေတာတွေက အကုန်လုံးမှန်နေတဲ့ အတွက် ဘာမှဝင်မပြောဘဲ ကြည့်နေကြတယ်။

"ဆရာတို့ရေ...သတင်းကောင်းပါတယ်ဗျိို့!!"

ဒုဉက္ကဌစွန်းက စိတ်လှုပ်ရှားနေပုံနဲ့ အပြင်ဘက်ကနေ အော်ဟစ်ပြီးဝင်လာခဲ့တယ်။

"အထွေထွေညီလာခံကနေ ဉက္ကဌဆီကို အခုလေးတင် သတင်းရောက်လာတာ..ပြည်ပနိုင်ငံတွေက စိတ်ရောဂါအထူးကု ပညာရှင်တွေနဲ့ exchange. program လုပ်ရမယ်တဲ့ အစိုးရဘက်က ကျုပ်တို့ ဌာနကိုရွေးလိုက်တယ်တဲ့"

"တကယ်ကြီးလား???ဒါဆို ငါတို့ဌာနအတွက် မျှော်လင့်ချက်ရောင်ခြည်သန်းလာပြီပေါ့"

"မှန်ပါ့ဗျာ...ဉက္ကဌဘက်က စီစဉ်စရာရှိတာတွေစီစဉ်နေပြီ။ဆရာတို့လဲ ပြင်ဆင်စရာရှိတာပြင်ဆင်ထားတော့ နောက်တစ်နာရီဆို အစည်းဝေးစတော့မှာ.."

exchange program တွေဆိုတာ တကယ်ကို အရေးကြီးပါတယ်။ဌာနခွဲတွေအများကြီးရှိတဲ့ထဲမှာမှ သူတို့ဌာနက အရွေးခံလိုက်ရပြီလေ..တခြားဌာနခွဲတွေထက် အခွင့်အလမ်းတွေပိုရတော့မှာဖြစ်တဲ့အတွက် ဆရာတွေရော၊ကျောင်းသားတွေပါပျော်ရွှင်နေကြပါတယ်။ဒီအစပျိုးမှုကြောင့် အနာဂတ်မှာ အကျိုးအမြတ်တွေအများကြီးရလာတော့မှာလေ....

Zawgyi

ေန႔လည္ခင္းအတြက္ စားေသာက္ပြဲကို ​ျပင္ဆင္ထားၾကၿပီးေနၿပီျဖစ္တာေၾကာင့္ မုန္႔ရန္က ကေလးကို နာနီေတြလက္ထဲအပ္ခဲ့ၿပီး ေလာ္႐ိႈ႕နဲ႔အတူ ထိုင္ေနခဲ့တယ္။

စားပြဲေပၚက ဟင္းလ်ာေတြက ပြဲေတာ္အတြက္ မပါမျဖစ္တဲ့ သားႀကီး၊ငါးႀကီးနဲ႔ အဆီမ်ားတဲ့ ဟင္းလ်ာေတြ ျဖစ္ေနတာေၾကာင့္ မုန္႔ရန္အတြက္ အေတာ္ အခက္ေတြ႕ေနခဲ့ရတယ္။ဒါ့ေၾကာင့္ စားဖိုေဆာင္ဝန္ထမ္းေတြက မုန္႔ရန္အတြက္ ေပါ့ပါးတဲ့ဟင္းလ်ာေတြကို သီးသန္႔ျပင္ဆင္ေပးလိုက္ရတယ္။

ေလာ္႐ိႈ႕က ထမင္းနည္းနည္းေပၚမွာ ေဂၚဖီထုတ္စြပ္ျပဳတ္စမ္းထားၿပီး အဝါေရာင္ေဂၚဖီ႐ြက္ေလးေတြထပ္ထည့္ေပးထားတဲ့ ပန္းကန္လုံးေလးကို မုန္႔ရန္ကို ေပးလိုက္ၿပီး မုန္႔ရန္အတြက္ အသီးအ႐ြက္ဟင္းလ်ာေတြတစ္ခုၿပီးတစ္ခု ထည့္ေပးေနခဲ့တယ္။မုန္႔ရန္ ဗိုက္ျပည့္သြားတာေၾကာင့္ ေခါင္းခါၿပီး ထပ္မထည့္ေပးဖို႔ ေျပာေတာ့မွပဲ ရပ္သြားေတာ့တယ္။

ေလာ္႐ိႈ႕ရဲ႕ ေဆြမ်ိဳး တစ္သိုက္က ဒါေတြကို အေသးစိတ္ လိုက္ၾကည့္ေနၾကတယ္။ဒါေတြကိုၾကည့္ျခင္းအားျဖင့္ မုန္႔ရန္ဟာ ေလာ္မိသားစုဝင္တစ္ေယာက္ျဖစ္ေနၿပီဆိုတာကို႐ွင္းလင္းစြာသိျမင္ႏိုင္ပါတယ္။

ဒီေန႔မွာ ေဆြမ်ိဳးေတြ လူစုံတက္စုံေရာက္ေနၾကတယ္။မုန္႔ရန္က ကန္ေတာ့ပြဲၿပီးကတည္းက ခဏေလးပဲနားလိုက္ရတယ္။ေဆြမ်ိဳးေတြ
အတူတကြ စားၾက၊ေသာက္ၾက၊ေျပာၾက၊ဆိုၾကလုပ္ေနရာကေန သီးသန္႔ခြဲထြက္ေနဖို႔ မသင့္ေတာ္ဘူးေလ။ဒါဟာ ေလာ္မိသားစုရဲ႕ဘိုးေဘးစံအိမ္ျဖစ္တာေၾကာင့္ မုန္႔ရန္သူတို႔ကို ယဥ္ေက်းခ်ိဳသာစြာဆက္ဆံၿပီး ေရလိုက္ငါးလိုက္ ေနေနခဲ့ရတယ္။

ေန႔လည္ပိုင္းမွာ ေနာက္တစ္ႀကိမ္ လက္ေဆာင္ေတြေဝေပးခဲ့ျပန္တယ္။ဒီတစ္ခါက ေဆြမ်ိဳးေတြနဲ႔ ျခံဝင္းထဲက လူေတြအကုန္လုံးအတြက္ ေပးေဝျခင္းျဖစ္တယ္။ဒါေတြၿပီးတာနဲ႔ မုန္႔ရန္ ဆင္ေျခတစ္ခုေပးၿပီး အနားယူလိုက္တယ္။

ေလာ္႐ိႈ႕ကလဲပဲ မုန္႔ရန္နဲ႔အတူ အခန္းထဲကို ျပန္လိုက္လာခဲ့တယ္။

"ပင္ပန္းေနၿပီလား??"

"နည္းနည္းပါ.."

မုန္႔ရန္က ကေလးငယ္ေလးကို ခပ္ဖြဖြေလးပုတ္သိပ္ေနတယ္။

ေလာ္႐ိႈ႕က မုန္႔ရန္ရဲ႕ နဖူးကို နမ္းလိုက္ၿပီး...

"ဒီညေစာေစာအိပ္..မနက္ျဖန္မနက္က်ရင္ အျပင္သြားၾကမယ္"

"တကယ္လား??မနက္ျဖန္ အိမ္ျပန္မွာမဟုတ္ဘူးလား??"

"ေန႔လည္ေလာက္က်မွျပန္ၾကမယ္။ဒီမွာ မနက္ပိုင္းတိုက္တဲ့ေလက အရမ္းလတ္ဆတ္တယ္။သားေလးကို ေခၚၿပီး လမ္းေလွ်ာက္ထြက္ၾကမယ္ေလ။သားေလးလဲ မျမင္ဖူးတာေတြျမင္ရတာေပါ့..."

"ေကာင္းပါၿပီဗ်ာ.."

မုန္႔ရန္က အျပဳံးတစ္ခုနဲ႔ သေဘာတူလိုက္တယ္။

မုန္႔ရန္ ေန႔ခင္းဘက္မွာ တေရးတေမာအိအ္ထားတာေတာင္ ညဘက္မွာ ေစာေစာအိပ္ရာဝင္ခဲ့တယ္။ဒါမွ ေစာေစာထၿပီး ေလာ္႐ိႈ႕နဲ႔ အတူ သားေလးကိုပါေခၚၿပီး ၿမိဳ႕ထဲကို လမ္းေလွ်ာက္ထြက္ႏိုင္မွာ....

ေနာက္တစ္ေန႔နံနက္မွာ...

ေလာ္႐ိႈ႕က မုန္႔ရန္ရဲ႕လက္ကိုကိုင္ၿပီးေ႐ွ႕ကေနေလွ်ာက္ေနတယ္။နာနီေတြက ကေလးတြန္းလွည္းေလးကိုတြန္းၿပီး သက္ေတာ္ေစာင့္ေတြနဲ႔ အတူ ေလာ္႐ိႈ႕တို႔စုံတြဲေနာက္ကေန လိုက္လာၾကတယ္။

ဒီၿမိဳ႕ေလးရဲ႕ နံနက္ခင္း႐ႈခင္းေတြက အရမ္းကိုလွပလြန္းတယ္။ေက်ာက္သားလမ္းေလးေပၚေလွ်ာက္လွမ္းရင္း ေ႐ွးေဟာင္းလက္ရာ အိမ္ျခံဝန္းေတြကိုေငးၾကည့္ရတာ တကယ္ကို စိတ္ေအးခ်မ္းဖို႔ေကာင္းတယ္။ဒီအခ်ိန္က ခရီးသြားရာသီမဟုတ္တဲ့ အတြက္ ၿမိဳ႕ခံေတြေလာက္ပဲ႐ွိေနတယ္။ဒီေနရာေလးက ေအးခ်မ္းစိတ္ၿငိမ္တဲ့ ဘဝအရသာကိုခံစားဖို႔ အသင့္ေတာ္ဆုံးေနရာေလးတစ္ခုပါ....

မုန္႔ရန္က အ႐ုပ္ဆိုင္ေလးတစ္ခုေ႐ွ႕မွာ ရပ္လိုက္ၿပီး ေဂ်ာက္ဂ်က္ေလးတစ္ခုကို ယူၿပီး သားျဖစ္သူကို က်ီဆယ္ဖို႔ေစာင့္ေၾကာင့္ထိုင္ခ်လိုက္တယ္။

"Baby ေရ..ဒါေလးကိုၾကည့္ပါဉီး...Babay ဒါေလးကိုႀကိဳက္လား?"

မုန္႔ရန္က ေဂ်ာက္ဂ်က္ေလးကို လႈပ္ၿပီး သားေလးကိုေမးလိုက္တယ္။

ႏွစ္လသားအ႐ြယ္ ေလာ္ကြၽင္းရယ္က မုန္႔ရန္လက္ထဲက ေဂ်ာက္ဂ်က္ကိုလုံးဝစိတ္မဝင္စားဘဲ ေလအေဝွ႔မွာ ခ်ာခ်ာလည္ေနတဲ့ ေရာင္စုံေလတံခြန္ေလးကိုပဲ စိုက္ၾကည့္ေနတယ္။

မုန္႔ရန္က ေလာ္႐ိႈ႕ဘက္ကိုလွည့္ၿပီး ေလတံခြန္တစ္ခု ယူခိုင္းလိုက္တယ္။

မုန္႔ရန္က ေလတံခြန္တစ္ဖက္၊ေဂ်ာက္ဂ်က္တစ္ဖက္ကိုင္ၿပီး သားျဖစ္သူကိုေမးလိုက္တယ္။

"Babyကဒါေလးကိုသေဘာက်လို႔လား??ဒါဆို Babyက ေလတံခြန္ယူလိုက္။ပါပါးက ေဂ်ာက္ဂ်က္ယူလိုက္မယ္။ဒယ္ဒီ့ကို ပါပါးတို႔အတြက္ဒါေတြဝယ္ခိုင္းလိုက္မယ္။အဆင္ေျပတယ္မလား Baby??"

မုန္႔ရန္က ေရာင္စုံေလတံခြန္ေလးကို ကေလးငယ္ေလးရဲ႕တြန္းလွည္းေပၚမွာ ထားေပးလိုက္ၿပီး သူကိူယ္တိုင္က ေဂ်ာက္ဂ်က္ေလးတစ္လႈပ္လႈပ္နဲ႔ ေလာ္႐ိႈ႕နဲ႔အတူ လမ္းဆက္ေလွ်ာက္ေနလိုက္တယ္။

လမ္းေဘးမွာ နံနက္စာေရာင္းတဲ့ ဆိုင္ခန္းေလးေတြစီတန္းေနတယ္။ေမႊးပ်ံ႕တဲ့ အ႐ိုးစြပ္ျပဳတ္နံ႔ကိုရတာနဲ႔ ေလာ္႐ိႈ႕နဲ႔အတူ နံနက္စားစားဖို႔ဆိုင္တစ္ဆိုင္မွာဝင္ထိုင္လိုက္တယ္။

ဝမ္တုန္ဖက္ထုပ္စြပ္ျပဳတ္တစ္ပြဲကိုႏွစ္ေယာက္သားေဝမွ်စားေသာက္ခဲ့တယ္။မုန္႔ရန္က စြပ္ျပဳတ္ေသာက္ၿပီး ဖက္ထုပ္ေတြကို ေလာ္႐ိႈ႕ကိုစားခိုင္းလိုက္တယ္။

မုန္႔ရန္စြပ္ျပဳတ္ေသာက္ရတာကိုႀကိဳက္မွန္း သိေနတဲ့ ေလာ္႐ိႈ႕က...

"ေနာက္တစ္ပန္းကန္ထပ္မွာလိုက္ရမလား??"

မုန္႔ရန္က ေခါင္းခါျပလိုက္ၿပီး...

"ဖက္ထုပ္စားရတာက စြပ္ျပဳတ္ေသာက္ရတာေလာက္အရသာမ႐ွိဘူး..."

ေလာ္႐ိႈ႕နဲ႔ အတူ လမ္းေဘးဆိုင္ေလးမွာထိုင္ၿပီး ဖတ္ထုပ္တစ္ပြဲကို ႏွစ္ေယာက္အတူစားရတဲ့အတြက္ ဒီဖက္ထုပ္က အရသာ႐ွိေနၿပီးသားေလ။ဒီလိုေလးေနရတာကို မုန္႔ရန္တကယ္ေပ်ာ္႐ႊင္ေနပါတယ္။

ဖက္ထုပ္စားၿပီးတာနဲ႔ ႏွစ္ေယာက္သားလက္ခ်င္းယွက္ၿပီး လမ္းဆက္ေလွ်ာက္ခဲ့ၾကတယ္။လမ္းတစ္ေလွ်ာက္မွာ မုန္႔ရန္လက္ညိဳးထိုးသမွ် သားေရစာတိုင္းကို ေလာ္႐ိႈ႕ ဝယ္ေပးခဲ့တယ္။

မုန္႔ရန္ရဲ႕ ႏႈတ္ခမ္းေထာင့္ေလးေတြက တစ္ခ်ိန္လုံးျပဳံးေနရတဲ့အတြက္ ျမင့္တက္ေနတယ္။ ေလာ္႐ိႈ႕အတြက္ ေပ်ာ္႐ႊင္ျခင္းဆိုတာ မုန္႔ရန္ရဲ႕ အျပဳံးေလးေတြသာလွ်င္...

"ေနာက္ဆို..ကြၽန္ေတာ္တို႔ႏွစ္ေယာက္ကိုမသိၾကတဲ့ဒီလိုလွပတဲ့ ၿမိဳ႕ေလးေတြမွာ ခဏခဏေလွ်ာက္လည္ၾကမယ္ေနာ္"

"မင္းေလးသာ ေပ်ာ္မယ္ဆို အနာဂတ္အထိေစာင့္ေနစရာမလိုပါဘူး။အခုခ်က္ခ်င္း ေလွ်ာက္လည္လို႔ရတယ္"

"ကြၽန္ေတာ္တို႔ ႏွစ္ေယာက္စလုံး အလုပ္မမ်ားေတာ့မယ့္အခ်ိန္ရယ္၊သားေလး ႀကီးလာမယ့္အခ်ိန္ရယ္ထိေတာ့ ေစာင့္လိုက္ပါဉီး။အခုခ်ိန္မွာ ခ်န္းမိသားစုကိစၥကိုလဲ မေျဖ႐ွင္းႏိုင္ေသးဘူး။ကြၽန္ေတာ္လဲ ဘြဲ႕မရေသးဘူးေလ...ဒီအတိုင္း တစ္ခါတစ္ေလ ေအးခ်မ္းစိတ္ၿငိမ္တဲ့ဘဝေလးကိုေတာ့႐ွာလို႔ရပါေသးတယ္"

ေလာ္႐ိႈ႕က ေခါင္းညိတ္ၿပီး သေဘာတူေၾကာင္းျပလိုက္တယ္။

တျဖည္းျဖည္းနဲ႔ ေလာ္႐ိႈ႕တို႔စုံတြဲကို လာၾကည့္တဲ့ ၿမိဳ႕ခံေတြမ်ားျပားလာတာေၾကာင့္ မုန္႔ရန္တို႔ေတြ ဘိုးေဘးစံအိမ္ကိုျပန္ခဲ့ၾကတယ္။စံအိမ္မွာ ေန႔လည္စာစားၿပီးတာနဲ႔ လုံလင္းေတာင္ကို ျပန္ခဲ့ၾကတယ္။

ရနံကုထုံးဌာနကို ကုန္ၾကမ္းတစ္သုတ္ေရာက္လာတယ္။မုန္႔ရန္က ဒီကုန္ၾကမ္းေတြကို အမ်ိဳးအစားခြဲေပးဖို႔ သိုေလွာင္ဌာနကိုသြားခဲ့တယ္။ဒါက လက္ေတြ႕ေလ့လာရင္း သင္ယူရတဲ့အရာျဖစ္တယ္။

႐ွားပါးအဖိုးတန္တဲ့ ကုန္ၾကမ္းေတြကို အမ်ိဳးအစားခြဲရာမွာ မုန္႔ရန္လဲ ပါဝင္ခဲ့ရတယ္။မုန္႔ရန္က အျမင္အာ႐ုံနဲ႔ အနံ႔ခံအာ႐ုံကိုသာသုံးၿပီး အမ်ိဳးအစားေတြကို တိတိက်က် ခြဲျခမ္းစိတ္ျဖာႏိုင္ခဲ့တယ္။က်န္တဲ့ ဆရာေတြကေတာ့ ကုန္ၾကမ္းေတြကို အပိုင္းေသးေသးေလးေတြျဖတ္ေတာက္ၿပီး မီး႐ိႈ႕အနံ႔ခံျခင္းနဲ႔သာ အမ်ိဳးအစားခြဲေနၾကတယ္။လတ္ဆတ္တဲ့ကုန္ၾကမ္းရဲ႕အနံ႔နဲ႔ မီး႐ိႈ႕ၿပီးမွထြက္လာတဲ့ ကုန္ၾကမ္းရဲ႕အနံ႔က အ​ေတာ္ေလးကို ကြာျခားလြန္းပါတယ္။ဒီကုန္ၾကမ္းေတြအကုန္လုံးက ႐ွားပါးလြန္းတာေၾကာင့္ မီး႐ိႈ႕ၿပီး အနံ႔ခံကာ အမ်ိဳးအစားခြဲျခားျခင္းကျဖဳန္းတီးလြန္းရာက်ေနပါတယ္။

မုန္႔ရန္က သက္ဆိုင္ရာ သစ္သားေသတၱာတိုင္းေပၚမွာ မွတ္တမ္းေရးထားတဲ့ တံဆိပ္ေတြကို ကပ္ေပးလိုက္တယ္။မုန္႔ရန္အမ်ိဳးအစားခြဲထားၿပီးသားကုန္ၾကမ္းေတြကို ဆရာေတြက ျဖတ္ေတာက္ မီး႐ိႈ႕ၿပီး အနံ႔ခံကာ မွန္မမွန္စစ္ေဆးေနၾကတယ္။မုန္႔ရန္အမ်ိဳးအစားခြဲထားသမွ်ေတြအကုန္လုံးမွန္ကန္ေနခဲ့တယ္။ဒါ့အျပင္ ေရာက္လာတဲ့ ကုန္ၾကမ္းသုံးပုံမွာ ႏွစ္ပုံေလာက္က မုန္႔ရန္အမ်ိဳးအစားခြဲထားတာေတြႀကီးပဲေလ...

ဒီအလုပ္က ႀကီးႀကီးမားမားမဟုတ္ေပမယ့္ ရနံ႔ဌာနခြဲအတြက္ေတာ့တကယ္ကို အေရးႀကီးပါတယ္။အမ်ားေသာအျဖင့္ ဆရာေတြက ဒီေနရာကိုရဖို႔အတြက္ အၿမဲတမ္းတိုက္ခိုက္ေနၾကရတာပါ။မုန္႔ရန္အတြက္က​ေတာ့ ကုန္ၾကမ္းေတြနဲ႔ ထိေတြ႕မႈမ်ားေလ ပိုအက်ိဳး႐ွိေလပါပဲ...

"ေသးေသးေလးပဲျဖတ္ပါဟ..အရမ္းမ်ားေနၿပီ!!"

"​ေတာ္ေလာက္ၿပီ...အစကတည္းက ေသးပါတယ္ဆိုမွ မင္းတို႔ကအဲေလာက္အမ်ားႀကီး ျဖတ္လိုက္ေတာ့ ဘာသြားက်န္ေတာ့မွာလဲ??"

[TN: မေမွာင္ၾကနဲ႔ေလ...ကုန္ၾကမ္းေဆးပင္ေတြကို ျဖတ္ေနတာပါ😜😜😜]

သိုေလွာင္ေရးဌာနနဲ႔ ဘ႑ာေရးဌာနတို႔ရဲ႕ ၫႊန္ၾကားေရးမႉးေတြက ဆရာေတြ ကုန္ၾကမ္းအမ်ိဳးအစားခြဲဖို႔ အပိုင္းေသးေသးေလးေတြျဖတ္ေတာက္တိုင္းသူတို႔ရဲ႕ႏွလုံးသားအပိုင္းအစေတြကို ျဖတ္ထုတ္ေနသလိုခံစားေနရတယ္။တခ်ိဳ႕ေသာ ကုန္ၾကမ္းေတြက ေငြပုံေပးႏိုင္ရင္ေတာင္ ဝယ္လို႔မရေလာက္ေအာင္ ႐ွားပါးလြန္းတယ္...

ဒီဆရာေတြကလဲ တကယ္ဆို မ်ားမ်ားစားစားမျဖတ္ခ်င္ခဲ့ၾကပါဘူး။ဒါေပမယ့္ အရည္အေသြးကို တိတိပပ ခြဲျခမ္းဖို႔အေရးမွာ ဒီနည္းလမ္းကလြဲရင္ တျခားနည္းလမ္းမွ မ႐ွိေတာ့တာ...

ကုသရခက္ခဲတဲ့ ေရာဂါေတြကို ေအာင္ေအာင္ျမင္ျမင္ ကုသႏိုင္ခဲ့တဲ့ မုန္႔ရန္က အမ်ိဳးအစားခြဲရာမွာလဲ တကယ္ကို ပါရမီ႐ွင္တစ္ေယာက္အလားထူးခြၽန္လြန္းလွပါတယ္။

စီမံခန္႔ခြဲေရးဌာနရဲ႕ ၫႊန္မႉးက ဘ႑ာေရးၫႊန္မႉးကို ေတာင္းဆိုလိုက္တယ္။

"ဒီလိုအခ်ိန္တိုင္းမီး႐ိႈ႕ေနတာက ျဖဳန္းတီးေနတာပဲကြ။ေနာက္ဆို မုန္႔ရန္ကိုပဲ အမ်ိဳးအစားခြဲဖို႔​ေတာင္းဆိုလိုက္​ေတာ့။တျခားသူေတြေလ့က်င့္ဖို႔
အတြက္ နမုနာနည္းနည္းေလာက္ပဲ ခ်န္ထားေပးလိုက္။မလိုအပ္ဘဲနဲ႔ မီးထပ္မ႐ိႈ႕ပါနဲ႔ေတာ့ကြာ"

"ဟုတ္...ဉကၠဌကိုလဲ ဒီအေၾကာင္းေျပာျပလိုက္ပါ့မယ္"

အရင္တုန္းက မလိုအပ္ဘဲ မီး႐ိႈ႕ခဲ့တဲ့ ကုန္ၾကမ္းေတြအေၾကာင္းေတြးလိုက္တိုင္း အေသြးအသားထဲကေနကို ႏွေျမာေနၿပီေလ...မုန္႔ရန္လို ထိပ္တန္းအဆင့္ အနံ႔ခံအာ႐ုံ႐ွိတဲ့ သူေတြသာ ဌာနမွာ မ်ားမ်ား႐ွိခဲ့ရင္ အနာဂတ္မွာ ကုန္ၾကမ္းေတြကို အေလအလႊင့္မ႐ွိစု​ေဆာင္းထားႏိူင္ေတာ့မွာ...

အရင္တုန္းက မုန္႔ရန္ကို အသုံးမက်ဘူးလို႔ ထင္ျမင္ခဲ့ၾကတဲ့ ဆရာေတြေတာင္ မုန္႔ရန္ရဲ႕ Skillေတြကိုၾကည့္ၿပီး ပါးစပ္ပိတ္ေနၾကၿပီ။မုန္႔ရန္ရဲ႕ စူး႐ွထက္ျမက္တဲ့ အနံ႔ခံအာ႐ုံကို မနာလိုတဲ့စိတ္ကို သူတို႔ေတြဘယ္လိုမွ ထိန္းမရခဲ့ၾကဘူး။

လင္စုန္႔ထိုင္ က မုန္႔ရန္အေစာႀကီး အမ်ိဳးအစားခြဲေနတာကိုျမင္တဲ့ အခါ ဝူဖန္ကို တစ္ခ်က္သြားၾကည့္ခိုင္းလိုက္တယ္။အကုန္လုံးမွန္ေနတဲ့ အတြက္ ေအးရာေအးေၾကာင္းနဲ႔ လက္ဖက္ရည္ထိုင္ေသာက္ေနလိုက္တယ္။

ဝူဖန္က သိလိုသမွ်ေတြကို မုန္႔ရန္ကိုေမးလိုက္တယ္။

"အေရာင္ၾကည့္ၿပီး ခြဲတာကလြယ္တယ္။အနံ႔ခံၾကည့္တာကေတာ့ စာအုပ္ထဲမွာေရးထားတာနဲ႔ လက္ေတြ႕နဲ႔က အ​ေတာ္ကြာတာကြ"

မုန္႔ရန္..."အနံ႔ေတြက အမ်ိဳးမ်ိဳးကြဲျပားေနတဲ့အတြက္ နဂိုကတည္းက ႐ွင္းျပရခက္ခဲတယ္ အစ္ကိုရဲ႕...အရာဝတၳဳတစ္ခုခ်င္းစီတိုင္းမွာ သူတို႔ရဲ႕ ဘဝသက္တမ္း အေတြ႕အၾကဳံေတြကို ကိုယ္စားျပဳေပးတဲ့ထူးျခားတဲ့ ကိုယ္ပိုင္အနံ႔တစ္စီ႐ွိၾကတယ္။ဉပမာ သစ္ပင္ေတြကိုပဲၾကည့္...သူတို႔ေတြ ေနေရာင္ျခည္ဘယ္ေလာက္ရတယ္၊ေရပမာဏဘယ္ေလာက္ထိ စုပ္ယူခဲ့တယ္၊ဘယ္ေျမဆီလႊာ ဘယ္ပတ္ဝန္းက်င္မွာ ေပါက္ေရာက္ႀကီးျပင္းခဲ့တယ္၊ႀကီးျပင္းလာၿပီးတဲ့ေနာက္ ဘယ္လိုေတြ ႐ွင္သန္ခဲ့ရတယ္ဆိုတာေတြကို သူတို႔ရဲ႕ ကိုယ္ပိုင္အနံ႔ေတြကေန တဆင့္ လိမ္လို႔မရေအာင္ အထင္းသား သိျမင္ႏိုင္တယ္။ ဒါမ်ိဳးေတြက အတုလုပ္လို႔ လုံးဝမရဘူး"

ဝူဖန္..."အတုလုပ္တဲ့အေၾကာင္းလား??အဖိုးတန္ အေမြးနံ႔သာကုန္ၾကမ္းေတြ အတုလုပ္တဲ့ သူေတြအေၾကာင္းၾကားဖူးတယ္မလား??နာမည္ႀကီးေရေမႊးေတြကို အတုလုပ္သလိုေပါ့ကြာ...Chemical ေတြနဲ႔ အတုလုပ္ထားတဲ့ ေရေမႊးေတြက သုံးစြဲသူေတြအတြက္ က်န္းမာေရးထိခိုက္တယ္ဆိုေပမယ့္လဲ တခ်ိဳ႕ေတြက ေစ်းေပါတာတစ္ခုတည္းကိုပဲၾကည့္ၿပီးသုံးေနၾကတုန္းပဲ.."

မုန္႔ရန္..."ဒါက်ေတာ့ နားလည္တဲ့သူနဲ႔ နားမလည္တဲ့ သူေပၚမူတည္ၿပီး ကြာျခားသြားျပန္ေရာ...အခုကြၽန္ေတာ္တို႔ေတြ အမ်ိဳးအစားခြဲေနတာကိုပဲၾကည့္လိုက္..ေလ့က်င့္သားဝေနတဲ့သူေတြေတာင္ အနံ႔ခံၾကည့္႐ုံနဲ႔ အမ်ိဳးအစားမခြဲႏိုင္ၾကဘူး။ကြၽန္ေတာ္ကက်ေတာ့ သူတို႔လို မေလ့က်င့္ခဲ့ရဘဲနဲ႔ အနံ႔ခံၿပီး အမ်ိဳးအစားခြဲႏိူင္တယ္။ဘယ္သူမွန္တယ္၊ဘယ္သူမွားတယ္ဆိုတာ ေျပာဖို႔ခက္တယ္။ရနံ႔ေတြကမလွည့္စားႏိုင္ေပမယ့္ အမ်ားႀကီး ကြဲျပားေနေသးျပန္ေတာ့ ကိုယ္ပိုင္ ခြဲျခမ္းစိတ္ျဖာႏိုင္စြမ္းကိုပဲ အားကိုးရေတာ့မွာ..."

ဝူဖန္က မုန္႔ရန္ေျပာတာေတြကို ေခါင္းတညိတ္ညိတ္နဲ႔ ေသခ်ာစဥ္းစားေနလိုက္တယ္။

မုန္႔ရန္က ဝူဖန္ကိုင္ထားတဲ့ ျခင္းေတာင္းထဲကေန သစ္ကိုင္းေျခာက္တစ္ခုကို ထုတ္လိုက္ၿပီး အနံ႔ခံၾကည့္လိုက္ၿပီး တျခားျခင္းေတာင္းထဲကိုေျပာင္းထည့္လိုက္တယ္။ထို႔ေနာက္ အနံ႔ခံၿပီး အမ်ိဳးအစားခြဲရာမွာ သိထားသင့္တဲ့အခ်က္ေတြကို ေသခ်ာ႐ွင္းျပလိုက္တယ္။

မုန္႔ရန္ေျပာတာေတြက စာအုပ္ေတြထဲမွာ ေရးထားတာေတြထက္ပိုၿပီး ႐ွင္းလင္းတိက်တဲ့အျပင္ ပိုၿပီးနားလည္ရလြယ္ကူမွန္း ဝူဖန္ တျဖည္းျဖည္းသိလာခဲ့တယ္။ေဘးနားမွာ႐ွိတဲ့သူေတြကလဲ ေသခ်ာဂ႐ုတစိုက္နားေထာင္ၿပီး ယြီကြၽင္းခ်န္ကို ဆက္သြယ္ေနၾကတယ္။ေတာ္ေတာ္မ်ားမ်ားက လုပ္လက္စေတြကို အ႐ွိန္ေလွ်ာ့ၿပီး မုန္႔ရန္ေျပာတာေတြကို တိတ္တိတ္ေလးခိုးနားေထာင္ေနၾကတယ္။ဆရာေတြက ဒါေတြကိုျမင္ေနေပမယ့္ မုန္႔ရန္ေျပာေနတာေတြက အကုန္လုံးမွန္ေနတဲ့ အတြက္ ဘာမွဝင္မေျပာဘဲ ၾကည့္ေနၾကတယ္။

"ဆရာတို႔ေရ...သတင္းေကာင္းပါတယ္ဗ်ိိဳ႕!!"

ဒုဉကၠဌစြန္းက စိတ္လႈပ္႐ွားေနပုံနဲ႔ အျပင္ဘက္ကေန ေအာ္ဟစ္ၿပီးဝင္လာခဲ့တယ္။

"အေထြေထြညီလာခံကေန ဉကၠဌဆီကို အခုေလးတင္ သတင္းေရာက္လာတာ..ျပည္ပႏိုင္ငံေတြက စိတ္ေရာဂါအထူးကု ပညာ႐ွင္ေတြနဲ႔ exchange. program လုပ္ရမယ္တဲ့ အစိုးရဘက္က က်ဳပ္တို႔ ဌာနကိုေ႐ြးလိုက္တယ္တဲ့"

"တကယ္ႀကီးလား???ဒါဆို ငါတို႔ဌာနအတြက္ ေမွ်ာ္လင့္ခ်က္ေရာင္ျခည္သန္းလာၿပီေပါ့"

"မွန္ပါ့ဗ်ာ...ဉကၠဌဘက္က စီစဥ္စရာ႐ွိတာေတြစီစဥ္ေနၿပီ။ဆရာတို႔လဲ ျပင္ဆင္စရာ႐ွိတာျပင္ဆင္ထားေတာ့ ေနာက္တစ္နာရီဆို အစည္းေဝးစေတာ့မွာ.."

exchange program ေတြဆိုတာ တကယ္ကို အေရးႀကီးပါတယ္။ဌာနခြဲေတြအမ်ားႀကီး႐ွိတဲ့ထဲမွာမွ သူတို႔ဌာနက အေ႐ြးခံလိုက္ရၿပီေလ..တျခားဌာနခြဲေတြထက္ အခြင့္အလမ္းေတြပိုရေတာ့မွာျဖစ္တဲ့အတြက္ ဆရာေတြေရာ၊ေက်ာင္းသားေတြပါေပ်ာ္႐ႊင္ေနၾကပါတယ္။ဒီအစပ်ိဳးမႈေၾကာင့္ အနာဂတ္မွာ အက်ိဳးအျမတ္ေတြအမ်ားႀကီးရလာေတာ့မွာေလ....

Continue Reading

You'll Also Like

49.3K 3.7K 186
စွယ်စုံကျမ်း အရှင်သခင် ( လင်းဖန် ) ဇာတ်လမ်း အကျဥ်းချုပ် ငါ လင်းဖန် ဟာ အရမ်း အစွမ်းထက်တဲ့ စွယ်စုံကျမ်းကြီး ကြောင့် နေရာတိုင်းမှာ သူမတူအောင် ကျွမ်းကျင...
84.6K 10.1K 117
✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမ...
34.3K 2.6K 104
ဧကရာဇ်တစ်ပါးဖြစ်လာဖို့အတွက် ဖြတ်ကျော်သွားရမည့် အခက်အခဲတွေရှိနေသော်လည်း ကံကောင်းထောက်မစွာဖြင့် ဘုရားသခင်သည် ချင်ကျင်းအား စိတ်ပျက်မသွားစေခဲ့ပါ။ ဂန္တဝင်...
18.8K 1.9K 36
သူမက သူမရဲ့ချစ်သူနဲ့တူ ရှိနေမယ်လို့တွေးပြီး မိဘမဲ့အဖြစ်ကူးပြောင်းလာခဲ့ပေမယ့် တစ်ခဏလေးအတွင်းမှာပဲ သူမရဲ့ ကမ္ဘာကြီးပျက်စီးသွားရတယ်။ အမွေဆက်ခံသူဆိုတဲ့နေ...