Whatever You Are

By Blacksheep303

53.2K 3.8K 81

တကယ့် ဖြစ်ရပ်မှန် ဇာတ်လမ်းလေးကို Yizhan Version လေးနဲ့ စိတ်ကူးလေးတွေ ဖြည့်စွက်ပြီး ရေးထားတာပါ အချစ်က - တားဆ... More

Whatever You Are (1)
Whatever You Are (2)
Whatever You Are (3)
Whatever You Are (4)
Whatever You Are (5)
Whatever You Are (7)
Whatever You Are (8)
Whatever You Are (9)
Whatever You Are (10)
Whatever You Are (11)
Whatever You Are (12)
Whatever You Are (13)
Whatever You Are (14)
Whatever You Are (15)
Whatever You Are (16)
Whatever You Are (17)
Whatever You Are (18)
Whatever You Are (19)
Whatever You Are (20)
Whatever You Are (21)
Whatever You Are (22)
Whatever You Are (23)
Whatever You Are (24)
Whatever You Are (25)
Whatever You Are (26)
Whatever You Are (27)
Whatever You Are (28)
Whatever You Are (29)
Whatever You Are (30)
Whatever You Are (31)
Whatever You Are (32)
Whatever You Are (33) Final
Author's Note
Whatever You Are Zawgyi (1)
Whatever You Are Zawgyi (2)
Whatever You Are Zawgyi (3)
Whatever You Are Zawgyi (4)
Whatever You Are - Zawgyi (5)
Whatever You Are - Zawgyi (6)
Whatever You Are - Zawgyi (7)
Whatever You Are - Zawgyi (8)
Whatever You Are - Zawgyi (9)
Whatever You Are - Zawgyi (10)
Whatever You Are - Zawgyi (11)
Whatever You Are - Zawgyi (12)
Whatever You Are - Zawgyi (13)
Whatever You Are - Zawgyi (14)
Whatever You Are - Zawgyi (15)
Whatever You Are - Zawgyi (16)
Whatever You Are - Zawgyi (17)
Whatever You Are - Zawgyi (18)
Whatever You Are - Zawgyi (19)
Whatever You Are - Zawgyi (20)
Whatever You Are - Zawgyi (21)
Whatever You Are - Zawgyi (22)
Whatever You Are - Zawgyi (23)
Whatever You Are - Zawgyi (24)
Whatever You Are - Zawgyi (25)
Whatever You Are - Zawgyi (26)
Whatever You Are - Zawgyi (27)
Whatever You Are - Zawgyi (28)
Whatever You Are - Zawgyi (29)
Whatever You Are - Zawgyi (30)
Whatever You Are - Zawgyi (31)
Whatever You Are - Zawgyi (32)
Whatever You Are - Zawgyi (33) Final
Author's Note - Zawgyi

Whatever You Are (6)

1.3K 114 3
By Blacksheep303

ဒီနေ့က အောက်တိုဘာ ၅ရက်နေ့ဆိုတော့ ဘာလိုလိုနဲ့ အကပြိုင်ပွဲရောက်ဖို့ ၁၀ရက်ပဲလိုတော့တာမို့ အားလုံးက ပိုပြီး အားစိုက်လေ့ကျင့်နေရတယ် ရှောင်းကျန့်ချုပ်ပေးတဲ့ ၀တ်စုံလည်း ရပြီမို့ ဝတ်စုံတွေ ဝတ်ကြည့်လိုက်တဲ့အခါ အားလုံးက ကွက်တိ အရမ်းလည်း အဆင်ပြေတယ်

ဝတ်စုံမှာ ရင်တုတင်တုတွေ တစ်ခါတည်း ထည့်ချုပ်ထားတာမို့ ရှိသင့်ရှိထိုက်တဲ့ အထုပ်အထည်အပြည့်အစုံ နဲ့ အဝတ်အစားလဲလို့ လွယ်အောင် ဂါ၀တ်အဝဲအတိုလေးကို ခါးနားမှာ ကပ်ခွါလေးနဲ့ ပတ်ပြီး ကတ်လိုက်ရုံပဲ ဝတ်စုံစမ်းဝတ်ကြည့်ပြီး ဂါဝန်လေး မှန်ရှေ့မှာ မကြည့်လိုက်တော့ ဘာ အဖုအဖောင်း မှ ရှိမနေဘဲ မိန်းကလေးတွေလို ပြားပြားကပ်ကပ်လေး ဖြစ်အောင် ပေါင် နဲ့ဗိုက်ကို ဘယ်လိုယူပြီး ဘယ်လိုချုပ်ထားမှန်းမသိ ဝတ်ရတာ သက်တောင့်သက်တာဖြစ်ပြီး ဘယ်လိုကြည့်ကြည့် မိန်းကလေး ကိုယ်လုံးလေးလို ဖြစ်နေတာ ကြောင့် မသိရင် ရိပေါ်တို့ သူငယ်ချင်းတွေ ဖုန်းကညာများ လုံးရာပြားပြီး တစ်ကယ့် မိန်းကလေးတွေဖြစ်နေသလိုပင်

"ဟား ဟား ဝမ်ရိပေါ် ဝမ်ရိပေါ် မင်းကို ကြည့်ပြီး ငါတောင် တကယ်ကောင်မလေးထင်သွားတယ် မင်းကအသားဖြူတော့ ငါတောင် မင်းကြည့်ပြီး ချိတ်လိုက်ရမလား စဉ်းစားနေမိပြီ"

လို့ ယွီပင်းက မျက်လုံးလေး ပုတ်ခတ်ပုတ်ခတ်နဲ့ ညုတုတုလာပြောပြီး စနေသည် ရီပေါ်ကလည်း အားကျမခံ

"ပင်းပင်း မိန်းမိန်းက ကောကို အဲလို မကြည့်ပါနဲ့ ကောက ပိုင်ရှင်ရှိတော့မှာ ပင်းပင်း စိတ်ဝင်စားချင်ရင် ဟိုမှာ စန်းစန်း ရှိတယ် ယမ်ယမ် နဲ့ ကျိကျိ ကိုတော့ မစဉ်းစားနဲ့ ကြားလူဝင်လို့မရဘူး သူတို့နှစ်ယောက်က"

လို့ ချိတ်တိတ်တိတ်လေး ပြန်ပြောပေးလိုက်တဲ့အတွက် အားလုံးက ပွဲကျနေကြတာပေါ့ စလိုက်နောက်လိုက်နဲ့ ပြောစရာအတိ

Designer ကတော့ ကျေကျေနပ်နပ်နဲ့ အားလုံးကို ကြည့်နေတာမို့ ဟောက်ရွမ်းက

"ကျန့်ကျန့် ရေ ကျေးဇူးပါဝတ်ရတာ အရမ်းသက်တောင့်သက်တာရှိပြီး တကယ်မိုက်တယ် အရမ်းလေး လေးစားချီးကျူးပါတယ်နော်"

"ရပါတယ် ဒါက အသေးအမွှားပါ ဒီဝတ်စုံဝတ်ပြီး ကကွက်ကို တီးလုံးနဲ့အညီသာ သေချာက ယောက်ျားလေးလား မိန်းကလေးလား လုံးဝဘယ်သူမှ မသိဘူး သေချာပေါက် ကောင်မလေးတွေလို့ထင်မှာ "

"ဟုတ်တယ် စောနက မှန်ရှေ့ရပ်ပြီး ငါတကယ်ကြီးကို ကောင်မလေး လားလို့ တောင် သံသယဖြစ်သွားသေးတယ် အဲဒီလောက်ထိမိုက်တာနော် ကျန့်ကျန့်ရေ"

"ဟုတ်ပ ရှောင်းကျန့်ရေ ကျွန်တော်လည်း ကိုယ့်ကိုကိုယ် ဝမ်သခင်မလေး လေးပါလားလို့တောင် မြင်မိတဲ့အထိ ကို ဝတ်စုံက အရမ်းပြည့်စုံနေတာ ချုပ်တဲ့လူက အရမ်း အရမ်း အရမ်းကို မတရား တော်တာပါနော်"

"အားလုံးက မြောက်နေကြပြန်ပါပြီ ကဲ ၀တ်စုံပြည့်နဲ့ကရတာ ဘယ်လိုနေလဲ စမ်းကကြည့်ပါလား မားကို မစောင့်နဲ့တော့ မားမား က ဒီနေ့ သူ့သူငယ်ချင်းနဲ့ ချိန်းထားတာမို့ နေ့လည်စာ စားပြီးမှ ပြန်ရောက်မှာ ကျန့်ကျန့်ပဲ ကြည့်ပြီး အကြံဥာဏ်ပေးထားလို့ မားက ပြောတယ် ကကြည့်ပြီးရင် အဝတ်အစားChange ပြီး တကယ့်ယောက်ျားလေး စတိုင် ပြောင်း ဖို့နဲ့ ပတ်သက်ပြီး တိုင်ပင်ရအောင် လေ"

ကရတာဝတ်စုံပြည့်ဝတ်ကနိုင်တာမို့ ပိုပြီး သက်၀င်လှုပ်ရှားမှု ခံစားမှုတွေရခဲ့ပါတယ် ကကွက်ထဲ ပိုပြီး နစ်ဝင်သွားတဲ့အတွက် ခါတိုင်းထက်ကို ပိုပြီး ပျော့ပျော့ပြောင်းပြောင်း နွဲ့နွဲ့နှောင်းနှောင်း ကနိုင်လာတယ်။ ကနေတဲ့အပေါ် ပိုပြီး Confidence ရှိလာတယ် နိုင်ကို နိုင်တော့မယ်ဆိုတဲ့ ခံစားချက် ရရလာပြီး ပိုပြီး အားစိုက်ထုတ်နိုင်တဲ့အထိ တိုးတက်လာတယ်လို့ အားလုံးက ခံစားရတယ်

ငါးခါလောက် အစအဆုံးက ကြည့်ပြီးတဲ့အခါ တော်တော်လေးကို ဖတ်ဖတ်မောနေကြတယ်

ရှောင်းကျန့်ရဲ့ စီစဉ်ထားမှုတွေကြောင့် အကတိုက်ပြီးတဲ့အခါ နဂါးမောက်သီးဖျော်ရည်အေးအေးလေး နဲ့ ပန်းသီးစိတ်လေးတွေက အဆင်သင့် ဒီလိုသာ အကကျင့်ရကြေးဆို ဘယ်လောက်မောမော ရိပေါ်တို့က ကနိုင်တယ်

"ကျေးဇူးပါ ရှောင်းကျန့် " "ကျေးဇူးပါ ကျန့်ကျန့်" ဆိုပြီး အားလုံးပြောပြီး

" အာ ခဏလေး ခဏလေး ရိပေါ် ပြုံးပြပါဦး ငါ ဖျော်ရည်ထဲ သကြားမထည့်ခဲ့လို့"

ရှောင်းကျန့်ရဲ့ ပေါ်တင် Flirt တဲ့ စကားအဆုံး သူငယ်ချင်းတွေက တဝိုး ဝိုးတွေ ဖြစ်ကုန်ကျတယ်

"ကျွန်တော့်အပြုံးကချိုတယ်ဆိုရင်တောင် သေချာပေါက် ရှောင်းကျန့်ရဲ့ အပြုံးက ပိုချိုတယ်"

ရိပေါ်ရဲ့ ပြန်ပြောသံအဆုံး သူငယ်ချင်းတွေက ဟောက်ရွမ်းရဲ့

"သကြားကိုကို နဲ့ သကြားမမ ကျွန်တော်တို့နား လာမပြုံးကြပါနဲ့ အချိုလွန်ပြီး ချောင်းဆိုးမှာ ကြောက်လို့ပါဗျ"

လို့ဆိုပြီး ထပြေးကြတယ် ဘဝက အားလုံးသာသာယာယာ ပျော်စရာကြီးပါ ဒီအချိန်က လေတိုက်လို့ သစ်ရွက်လှုပ်ရင်တောင် ရီတတ်တဲ့အရွယ် လို့ပြောတာ ကျွန်တော်တို့က လိုသေးတယ်ထင်တယ် ဒီအချိန်က လေတိုက်တိုက် မတိုက်တိုက် သစ်ရွက်လှုပ်လှုပ် မလှုပ်လှုပ် သူငယ်ချင်းတွေနဲ့အတူတူဆို ရီနေကြရတဲ့ အချိန်လို့တောင် ထင်တာပါ

စနောက် ကြပြီးတဲ့နောက် ရှောင်းကျန့်က မိတ်ကပ်နဲ့ အဝတ်အစားချိန်းဖို့ တိုင်ပင်လာပါတယ်
ပြိုင်ပွဲမှာ ဆံထုံးတုနဲ့ သရဖူအသေးလေးတွေကို ဘဲလေးအက ကတဲ့ချိန် စွတ်ထားခိုင်းမယ်လို့ ပြောပါတယ်

" နောက်ဝတ်မဲ့ ယောက်ျားလေး ဝတ်စုံကို အချိန်တိုအတွင်း ဝတ်လို့လွယ်မယ့် Mechanic Jumpsuit ကိုပဲ ရွေးထာတယ် အရောင်ကိုလည်း ဘဲလေးဝတ်စုံ အလိုက် အစိမ်း၊အပြာ၊အနီ၊ ခဲရောင်၊ အဝါ အရောင်တွေကို ခပ်မှိုင်းမှိုင်း အရောင်ကို ရွေးထားတယ် သဘောတူလား"

Mechanic Jumpsuit ဆိုတာဒါမျိုးလေးပါနော်

"ကျွန်တော်ကတော့ ကြိုက်တယ် " ရိပေါ်ဆီက ချက်ချင်းအသံထွက်လာသလို အားလုံးက

"အဆင်ပြေတယ်"
"လဲရတာ လွယ်သလို ကရတာ ပိုပြီး Manly ဆန်မယ်လေ"
"မိန်းကလေး အနေအထားက ယောက်ျားလေးအနေအထား အချိန်းမှာ အရောင်ပါ မိန်းကလေးဆန်ဆန်ကနေ ယောက်ျားလေးဆန်ဆန် ပြောင်းသွားတာ သဘောကျတယ်"

ဆိုတဲ့ မှတ်ချက်တွေ ထွက်လာပါတယ် စကားသံတွေ တိတ်သွားတာနဲ့ ရှောင်းကျန့်က

"ရိပေါ်ရေ လက်နှစ်ဖက်လုံးကို တစ်ချက်လောက် လေး အပေါ်ကို မြောက်ထားပေးနိုင်မလား"
လို့မေးလာတဲ့အတွက် ရိပေါ် လက်လေးကို မြောက်ပေးလိုက်ပါတယ် ရိပေါ် လက်မြောက်လိုက်တဲ့အချိန် ရှောင်းကျန့်က ရိပေါ်နားကပ်လာပြီး မပြောမဆို ဝှိုက်ပြီး ဖက်လိုက်တဲ့အတွက် အားလုံး အံ့အားသင့်သွားပါတယ် ရိပေါ်ဆို ရင်ခုန်လွန်းလို့ မတ်တပ်မေ့သွားသလို ဖြစ်သွားပါတယ်

"ရိပေါ်..... ရိပေါ် ....ရိပေါ်"

အားလုံးက ပါးတွေပုတ် ပြီးခေါ်မှ ပြန်သတိကပ်တာပါ ရှောင်းကျန့်ကို ကြည့်လိုက်တော့ အပေါ်ပိုင်း င်္အကျီ အသေးလေးတစ်ထည် နဲ့ ဂါဝန်အဝဲပိုင်းလေးကိုင် ပြီး ကြောင်ကြည့်နေတယ် ဘာဖြစ်သွားမှန်း ရိပေါ် လိုက်လို့မမှီတော့ပါဘူး

ရှောင်းကျန့် ကပြုံးပြီး
" အမလေး ရိပေါ်ရယ် င်္အကျီဖြုတ်ပေးတာပါ ပြိုင်ပွဲမှာ အ၀တ်အစားချိန်းရင် ချွတ်ရခက်ရင် အချိန်မလောက်မှာစိုးလို့ အပေါ်ပိုင်းကို ကပ်ခွါ အပါးသားလေးနဲ့ နှစ်ထပ် ချုပ်ထားတာ ရင်တု ပါတဲ့အပိုင်းကို ခုလိုလေး ခွါချ ဂါဝန်အဝဲ အပိုင်းကိုလည်း ဆွဲခါလိုက်ရုံပဲ ဒါလေး လက်တွေ့ပြတာ ကို ဝိဉာဉ်လွင့် သလိုလို ဘာလိုလိုနဲ့ ကြီးကျယ်လိုက်တာ "

"အာ... အဲလို မဟုတ်ပါဘူး ရှောင်းကျန့်က ရုတ်တရက် ဖက်လိုက်တော့ ရင် အခုန်လွန်းပြီး မြောက်ကြွမြောက်ကြွ ဖြစ်ပြီး သူများတွေက ခြေထောက်နဲ့ မြေကြီးနဲ့ မထိသလို ဖြစ်သွားကြတာ ကျွန်တော် ကအရှိန်လွန်ပြီး ကမ္ဘာကြီးနဲ့ပါ ကင်းကွာသွားတာ စိတ်တွေအရမ်းခုန်သွားတာ .... ဟီး ...ဟီး"

စကားအဆုံး ကိုယ့်ကိုကိုယ် ငုံ့ကြည့်လိုက်တော့ စောနက မိန်းကလေးလို ဖောင်းဖောင်းကြွကြွဖြစ်နေတဲ့ ရင်တုရော ဂါ၀န်အဝဲရော မရှိတော့ပါဘူး ကိုယ်ပေါ်မှာ ရေငုပ်သမားလိုမျိုး ကပ်နေတဲ့ Elastic ဝတ်စုံသာကျန်ခဲ့တာပါ အောက်ပိုင်းကတော့ မိန်းကလေးလိုမျိုး ပြားပြားချပ်ချပ်လေးပဲမို့ ရှက်ကိုးရှက်ကန်း ဖြစ်စရာမလိုတော့လို တော်သေးတာပေါ့

"ဖက်စရာလား မင်းက ဖက်ချင်စရာ မကောင်းပါဘူး ပါးဖောင်းကြီးတွေက မှ ဆွဲညစ်ချင်စရာကောင်းတာ" ဆိုပြီး ပြောလည်းပြော ပါးဖောင်းကြီးတွေကို လည်း ဆွဲညစ်ပစ်တဲ့ ရှောင်းကျန့်ပါ

Designer ပီသလွန်းပြီး အကွက်ကျကျ သေချာစီစဉ်ပေးထားတာကြောင့် အဝတ်အစား နဲ့ပတ်သတ်ပြီး တစ်ခါတည်းကို အရမ်း အဆင်ပြေသွားခဲ့ပါတယ်

ပြီးတော့ Hair Styleအတွက် ကိုလည်း ရှောင်းကျန့်က သူစီစဉ် စဉ်းစားထားတာကို ရှင်းပြပါတယ်

"ဆံပင်ကို ဆံထုံးမစွပ်ခင် ကျစ်ဆံမြီး သေးသေးလေးတွေ အများကြီး ကျစ်ထားတဲ့ HairStyle ကြိုလုပ်ထားမယ် ဒါဆိုရင် ဆံထုံးကို ဆွဲဖြုတ်လိုက်တဲ့အခါ ဆံပင်က ပွတာမသပ်မရပ်ဖြစ်တာ မရှိဘဲ Hair Style အပြောင်းအလဲကို အားလုံး သဘောကျလိမ့်မယ်"

"ဒါလည်း Perfect" ရိပေါ် လက်မထောင်ပြီး ချက်ချင်းသဘောတူလိုက်တယ်

အားလုံးက လည်း
"ဒါလည်း ကောင်းတယ် ကျန့်ကျန့် Idea တော်တော်ရှိတာပဲ"

"နောက်ထပ် ကျန်သေးတယ် ဆံပင်ကို အရှေ့ပိုင်းလေးတင် အဝတ်အစားအရောင်အလိုက် Highlight ဖောက်ထားမယ် မီးရောင်အောက် ဆိုပိုမိုက်သွားမယ်"

"Oh My God, ဘာလို့အဲလောက်တော်ရတာလဲရှောင်းကျန့်"

ရိပေါ်ရဲ့ စကားသံအဆုံး သူငယ်ချင်းတွေရဲ့ မျက်စောင်းတွေက ဒိုင်းကနဲ စုပြုံရောက် လာတာပေါ့ ရှောင်းကျန့်ကတော့ ပြုံးပြုံးလေးနဲ့ လက်ညှိုးလေးတစ်ချောင်း ပါးစပ်ရှေ့ထားပြီး ရှူးတိုးတိုး တိတ်တိတ်နေဆိုတဲ့ ပုံစံလေး ချစ်ဖို့ကောင်းလွန်းလို့ ရိပေါ် တောင် စိတ်လိုလက်ရငေးမိသွားတယ် အငေးလွန်နေလို့ ဟောက်ရွှမ်း ပခုံး လာတိုက်ပြီး သတိပေးရတဲ့အထိပါပဲ

" ကဲ...ကဲ... ငမ်းစရာ ရှိရင်လည်း နောက်မှ ငမ်း အကြည်ဆိုက်စရာရှိရင် နောက်မှ အကြည်ဆိုက် ဆက်ပြီး ကျန်တဲ့ portionလေးတွေ တိုင်ပင်ရအောင် " ဆိုပြီး ယွီပင်းက စကားစပေးတာနဲ့ ရှောင်းကျန့်က

"အရေးကြီးဆုံး အပိုင်းက မိတ်ကပ်ပဲ ဘဲလေး ဝတ်စုံနဲ့ကဖို့က မိန်းကလေးလို ဖြစ်အောင် မှုံနေအောင် မိတ်ကပ်သေချာပြင်ရမယ် နှုတ်ခမ်းနီ အရောင်တောက်တောက် စိုစို လေးတွေ လိမ်းရမယ် ပြီးရင် စက္ကန့် ၂၀ အတွင်း ယောက်ျားလေးဒီဇိုင်း ပြောင်းတဲ့အခါ ချက်ချင်းကြီး မိတ်ကပ်ဖျက်ဖို့က အဆင်ပြေမှာ မဟုတ်ဘူး ဒါကြောင့် Creation အရမ်းကောင်းတဲ့ Makeup Artists ကို တိုင်ပင်ထားတယ် ကုန်ကျစရိတ်များတယ် ဒါပေမယ့် အရမ်းအဆင်ပြေမှာ"

"ကုန်ကျစရိတ်ထက် ကျွန်တော်တို့က Perfect Creation မျိုးရချင်တာဆိုတော့ ကုန်ကျစရိတ် ကို စိတ်မပူပါနဲ့ ရိပေါ် ပါးပါး တစ်ယောက်လုံးရှိတယ် ဝမ်သခင်လေးက "ပါးပါး" လို့သာ တခွန်းတောင်းလိုက် မရတာ ဘယ်တုန်းကရှိလို့လဲ"

ဟု ဟိုက်စန်းက ၀င်ပြောတာမို့ ရိပေါ် ပြုံးရုံလေးသာ ပြုံးပြလိုက်ပါတယ် ဟုတ်ပါတယ် ရိပေါ် မားမားက မီးတွင်းထဲမှာ ဆုံးသွားတာမို့ ဖတဆိုးသားလေးကို ပါးပါး က အရမ်းအလိုလိုက်ပါတယ် မျက်နှာတချက် အညိုးမခံ တဲ့ထိတောင် ချစ်လည်းချစ် အလိုလည်းလိုက်ပါတယ် လိုတရသခင်လေးမို့ ရိပေါ်ကလည်း ဆိုးသွမ်းနေတာမျိုးလည်း မရှိပါဘူး ပါးပါးကလည်း သားကို စိတ်မညစ်အောင် ထားသလို သားလေးကလည်း ပါးပါးကို စိတ်ဆင်းရဲအောင် မလုပ်ခဲ့ပါဘူး မသိရင် ရိပေါ်ကို လိုတရ သခင်လေး အရမ်းချမ်းသာတဲ့ သခင်လေး ဆိုတာ မသိကြပါဘူး သိအောင်လည်း ရိပေါ်က မနေခဲ့ပါဘူး

"ကုန်ကျစရိတ်က No Problem ဆိုရင် အခုပြောထားတဲ့ Makeup Artist ကို Confirm လိုက်မယ် သူကိုယ်တိုင် လိမ်းပေးလိမ့်မယ် မိတ်ကပ်မလိမ်းခင် အရေပြားတု ပါးပါးလေးကို အရင် ကပ်ပေးလိမ့်မယ် ရုပ်ပြောင်းရုပ်လွှဲ လုပ်ချင်တဲ့အခါ သုံးတဲ့ အရေပြားတုလေ မင်းတို့က ရုပ်ပြောင်းအောင်ပြင်မှာ မဟုတ်တော့ ပါးပါးလေး ကပ်ထားပြီး မှ လိမ်းရင် မိတ်ကပ်ဖျက်စရာ မလိုတော့ဘူး အရေးပြားတုကို ဆွဲခွါလိုက်တာနဲ့ မင်းတို့ ပင်ကိုယ် အသားအရေ မျက်နှာ Bared faceလေးတွေနဲ့ ယောက်ျားပီပီသသ ဒီဇိုင်းကို စက္ကန့်ပိုင်းအတွင်း ရမှာ အောက်ကကြည့်ရှုသူတွေက လူပြောင်းပြီး ကတယ်လို့တောင် ထင်ကြလိမ့်မယ် အားလုံးပြီးမှ မင်းတို့ရဲ့ အဝတ်အစားလဲတဲ့ Video ကို Behind The Scene အနေနဲ့ ကကွက်ရှင်းလင်းခြင်း အစီအစဉ်မှာ ပြန်ပြ ပေးလိုက်ရင် ပွဲသိမ်းပြီ"

ရှောင်းကျန့်ရဲ့ စီစဉ်ထားမှုကို ကြားသိလိုက်ရတဲ့အခါ အားလုံးက ဘာမှတောင် မပြောနိုင်တော့ဘူး မတိုင်ပင်ဘဲနဲ့ကို ဝမ်းသာအားရ လက်ခုပ်တီးမိကြပါတယ်

"အားလုံး စီစဉ်စရာ ရှိတာတွေ စီစဉ်ပြီး ပြီ အကောင်အထည်ဖော်ဖို့ပဲ ကျန်တော့တာ ကျန့်ကျန့် ခရီးသွားစရာလေးရှိလို့ အောက်တိုဘာ ၁၄မနက်မှ ပြန်ရောက်မယ် ဒါကြောင့် ၁၄ ၁၅ (၂)ရက်ကို ဝတ်စုံပြည့် မိတ်ကပ်ပြည့် အချိန်ကိုက် အားလုံးလေ့ကျင့်မယ် ခရီးမထွက်ခင် အားလုံးကို ဒီနေ့ အပြန် Hotpot လိုက်ကျွေးမယ် ကြိုတင်ဂုဏ်ပြုခြင်း အစီအစဉ်ပေါ့"

"ဟေး"

အဲဒီနေ့က ပျော်ပျော်ရွှင်ရွှင် အမှတ်တရနေ့လေး ဖြစ်ခဲ့ပါတယ် ရှောင်းကျန့်ရဲ့ ထက်မြတ်မှုတွေကြောင့် အားလုံးက ခဏခဏကို ချီးကျူးမိနေတာပါပဲ ရိပေါ်လည်း ဒီလောက်တောင် အကွက်မြင်ပြီး တော်တဲ့ Designer လေးကို ချစ်ကျွမ်းဝင်မိတာမို့ ကိုယ့်ကိုကိုယ် ဂုဏ်ဆာလို့ မဆုံးပါဘူး ဒီလောက်တောင် တော်ပြီး ထက်မြတ်တဲ့ မိန်းကလေး နဲ့ ဆုံစည်းခွင့်ပေးတဲ့ ကံကြမ္မာကို အရမ်းကျေးဇူးတင်မိပါတယ်....

Continue Reading

You'll Also Like

946K 21.7K 49
In wich a one night stand turns out to be a lot more than that.
25.8K 811 25
HxH ONESHOTS ⭕Include stories of different genres but mostly ROMANCE ⭕One Shots(ONE CHAPTER ONLY) ⭕If you want a description... ⭕READ THE TITLE RE...
30.2K 2.3K 12
ကောင်းကင်ကြီးမပြိုကျသေးတရွေ့ ပင်လယ်ရေတွေ မခမ်းခြောက်သေးတရွေ့ စကြာဝဠာကြီး တည်ရှိနေသေးတရွေ့ ဒီလူတစ်ယောက်ထဲကိုပဲ ဘဝအဆက်ဆက် ပေါင်းဖက်ချစ်ခင်ရပါလို၏။
31.2K 1.4K 25
တိုက်တန်တဲ့ လူတိုင်းအတွက် ဒုတိယအခွင့်အရေးဆိုတာရှိတယ်..