သူဌေးကြီး၏ဒုတိယမြောက်အိမ်ထောင...

By OpalHawthorn28

2.3M 315K 17.7K

Title....Second merriage of a wealthy old man မူရင်းအော်သာ....Tangerine Boat(Cannon folder cheat system ရေးတဲ... More

Description
Chapter (1)
Chapter(2)
Chapter(3)
Chapter(4)
Chapter(5)
Chapter(6)
Chapter(7)
Chapter(8)
Chapter(9)
Chapter(10)
Chapter(11)
Chapter(12)
Chapter(13)
Chapter(14)
Chapter(15)
Chapter(16)
Chapter (17)
Chapter(18)
Chapter(19)
Chapter(20)
Chapter(21)
Chapter (22)
Chapter (23)
Chapter (24)
Chapter (25)
သူရဲကောင်းကြီးရဲ့အမှာစာ🏹🏹
Chapter (26)
Chapter (27)
Chapter (28)
Chapter (29)
Chapter (30)
Chapter (31)
Chapter (32)
Chapter (33)
Chapter (34)
Chapter (35)
Chapter (36)
Chapter (37)
Chapter (38)
Chapter (39)
Chapter (40)
Chapter (41)
Chapter (42)
Chapter (43)
Chapter (44)
Chapter (45)
Chapter (46)
Chapter (47)
Chapter (48)
Chapter (49)
Chapter (50)
Chapter (51)
Chapter (52)
Chapter (53)
Chapter (54)
Chapter (55)
Chapter (56)
Chapter (57)
Chapter (58)
Chapter (60)
Chapter (61)
Chapter (62)
Chapter (63)
Chapter (64)
Chapter (65)
Chapter (66)
Chapter (67)
Chapter (68)
Chapter (69)
Hi
Chapter (70)
Chapter (71)
Chapter (72)
Chapter (73)
Chapter (74)
Chapter (75)
Chapter (76)
Chapter (77)
Chapter (78)
Chapter (79)
Chapter (80)
Chapter (81)
Chapter (82)
Chapter (83)
Chapter (84)
Chapter (85)
Chapter (86)
Chapter (87)
Chapter (88)
ရေဘဝဲသူရဲကောင်းကြီး၏ ကျေးဇူးတင်လွှာ

Chapter (59)

24.5K 3.3K 224
By OpalHawthorn28

လော်ရှို့နဲ့ မုန့်ရန်တို့ရဲ့ သားဉီးလေး ဖွားမြင်ခဲ့လေပြီ။ဒီကလေးကို မွေးရတာ အရမ်းလွယ်ကူခဲ့ပါတယ်။ဒီကလေးလေးက သန္ဓေသားဘဝကတည်းကနေ လူ့လောကထဲကိုရောက်ရှိလာချိန်အထိ မုန့်ရန်ကို နာကျင်မှုတွေ ကြာကြာမခံစားစေခဲ့ပါဘူး။ဒီကလေးငယ်လေးက တကယ်ကို သန္ဓေကောင်းလွန်းတယ်လို့ မုန့်ရန် ခံစားနေရတယ်။

"ကလေးလေးရေ.."

အဝတ်အစားသစ်လေးတွေဆင်မြန်းထားတဲ့ ကလေးငယ်ကို မုန့်ရန် သေချာ ပွေ့ချီထားပြီး အပြုံးတွေနဲ့ ချော့မြှူနေတယ်။

"ဒီနေ့က ကလေးလေးရဲ့ တစ်လပြည့်​မွေးနေ့...ကျွင်းရယ်လေး ပျော်ရဲ့လား??"

ကလေးငယ်ကိုမွေးဖွားပြီးချိန်မှာ လော်ရှို့ရဲ့ မျက်ရည်တွေကို မုန့်ရန် ပထမဆုံးအကြိမ်အဖြစ်တွေ့မြင်ခဲ့ရတယ်။လော်ရှို့အရမ်းကို စိတ်လှုပ်ရှားနေတာကြောင့်မျက်ရည်ကျမှန်း မုန့်ရန်သိတယ်။သူလည်းပဲ လော်ရှို့နဲ့ ထပ်တူ ခံစားရတယ်လေ....

သားလေးကို မုန့်ရန်ဘယ်လိုမှ အကြည့်မလွှဲနိုင်ခဲ့ဘူး။လှပတဲ့ မျက်လုံးတောက်တောက်လေးတွေနဲ့ အကြည့်ခံလိုက်ရတိုင်း ဒီကလေးငယ်အတွက် ဘာမဆို ဖြည့်ဆည်းပေးချင်စိတ်ကို ထိန်းမရခဲ့ဘူး။

လော်ရှို့ အခန်းထဲကိုဝင်လာပြီး ကလေးချီထားတဲ့ မုန့်ရန်ကို နောက်ဘက်ကနေ ပွေ့ဖက်လိုက်တယ်။ချစ်စဖွယ်ကောင်းလောက်အောင် နူးညံ့လှတဲ့ သားငယ်လေးကို ကြည့်ရင်း...

"အဆင့်သင့်ဖြစ်ပြီလား??"

"အင်း အဆင်သင့်ဖြစ်ပြီ"

လော်ရှို့က သူ့သားလေးရဲ့မျက်နှာလေးကို လက်ချောင်းတွေနဲ့ ခပ်ဖွဖွတို့ထိလိုက်တယ်။

"သွားကြမယ်"

လော်ရှို့က မုန့်ရန်ကိုတစ်ချက်နမ်းလိုက်ပြီး ပွေ့ဖက်ကာခေါ်ဆောင်သွားပါလေတော့တယ်။

ဒီနေ့က လော်ရှို့နဲ့ မုန့်ရန်တို့ရဲ့ သားဉီးလေး လော်ကျွင်းရယ်ရဲ့ တစ်လပြည့်မွေးနေ့ပွဲဖြစ်တယ်။ဒီပွဲက လော်ရှို့နဲ့ မုန့်ရန်တို့ မဂ်လာပွဲတုန်းကထက်တောင် လူပိုများနေသေးတယ်။

လော်ရှို့က မုန့်ရန်ကို ဖက်ထားပြီး၊မုန့်ရန်ကညကလေးငယ်လေးကို ချီပိုးထားတယ်။မိသားစုသုံးယောက်သား အားလုံးရဲ့ အကြည့်တွေအောက်မှာပျော်ရွှင်စွာနဲ့ ခန်းမထဲကို လျှောက်လှမ်းလာကြတယ်။

"မြင်ပြီလား?ဒီကလေးလေးကမှ လော်မိသားစုရဲ့ အစစ်အမှန် မင်းသားလေးကွ!!လော်ဆန်းကို မွေခံသားဖြစ်မယ်လို့ ထင်ခဲ့ဖူးတာ။အခုတော့ မမျှော်လင့်ထားတာတွေဖြစ်လာပြီပဲ"

"လော်ရှို့က လော်ဆန်းကို ချန်းမိသားစုကိုဆီမှာပဲထားတာ အံ့သြစရာမဟုတ်တော့ဘူးပေါ့။လော်ဆန်းက သူ့သားမှမဟုတ်တာ...ဒီတစ်ယောက်ကိုရော မင်းဘယ်လိုထင်လဲ"

"မြွေတစ်ခါကိုက်ခံရပြီးရင် ဆယ်နှစ်လောက်ကြာတဲ့အထိ သစ်ကိုင်းခြောက်မြင်ရင်တောင် လန့်နေရတယ်ဆိုတဲ့ စကားပုံလိုပေါ့ကွာ။လော်ဆန်းဆီကနေရထားတဲ့သင်ခန်းစာတွေကြောင့် ဒီကလေးကိုလဲ လော်ရှို့သေချာစစ်ဆေးထားမှာပဲ။
ဒီနေ့မြင်နေရတာကိုပဲကြည့်လေ လော်ရှို့အဲ့လောက်ထိပြုံးနေတာ မြင်ဖူးလို့လား??ဒါကသူ့သားအရင်းဆိုတာသေချာတယ်"

"အော်...လူတစ်ယောက်ချင်းစီရဲ့ကံကြမ္မာတွေက အတော်ကွာခြားတာပဲနော်...လသားအရွယ်ကလေးတစ်ယောက်ကိုတောင် မနာလိုဖြစ်ချင်လာပြီ"

"ဒါဆို..အသစ်တစ်ဖန်မွေးဖွားဖို့ ကြိုးစားလိုက်လေ"

လော်ရှို့ရဲ့ မိတ်ရင်းဆွေရင်းတွေကို ကလေးမျက်နှာပြပြီးတာနဲ့ လူများတဲ့ ခန်းမထဲကနေ တခြားခန်းမတစ်ခုဆီကိုမုန့်ရန် နေရာပြောင်းလိုက်တယ်။

မုန့်ရန် ဆိုဖာပေါ်မှာ ထိုင်ပြီးတာနဲ့ လုယွင်ကျင့်တစ်ယောက် ကလေးကိုကြည့်ဖို့ ချက်ချင်းရောက်ချလာတော့တာပါပဲ...

"ဂျင်ဆင်းအရုပ်လေးကျနေတာပဲ!!ဒီလောက်ချစ်ဖို့ကောင်းနေတာ မင်းမွေးတာရောသေချာရဲ့လားကွာ??ကလေးလေးက အတော်ထွားတဲ့အပြင် အတော်ချောတယ်နော်"

"ဒါပေါ့ ငါမွေးမှတော့ ချောချောလေးပဲပေါ့"

မုန့်ရန်က ဂုဏ်ဆာနေတဲ့ အပြုံးနဲ့ ပြန်ဖြေလိုက်တယ်။

"မင်းကအရမ်းငယ်သေးတယ်။ဒါပေမယ့် ကလေးတစ်ယောက်အဖေတောင်ဖြစ်နေပြီ။ဒီလောက်ချစ်ဖို့ကောင်းတဲ့ကလေးလေးကို မင်းကိုယ်တိုင်မွေးထားတာကို ငါအခုထိအံ့သြနေရတုန်းပဲ"

ဝူဖန်က သက်ပြင်းလေးတချချနဲ့ပြောလိုက်တယ်။

[TN:ချင်းဟုန်ရေ နင့်ဟာလေးက မုန့်ရန်ကို အားကျနေတာဟေ့...]

"ဟုတ်တယ်...ဒီကလေးလေးကိုမွေးပြီးကတည်းက နေ့တိုင်း မှော်ဆန်တဲ့ ပျော်ရွှင်မှုမျိုးနဲ့ပျော်ရွှင်နေရတာ"

မုန့်ရန်က ကလေးငယ်လေးကို ခပ်ဖွဖွလေးနမ်းလိုက်တယ်။

ကလေးလေးရဲ့ မျက်ဆံနက်နက်လေးတွေက အဖိုးတန်ပုလဲနက်တွေထက်တောင်လှပနေသေးတယ်။မျက်နှာလေးက ဖြူဖွေးဝိုင်းစက်ပြီးနူးညံ့နေရောပဲ...ဒါတွေကို စုတိ ဆိုဖာဘေးမှာ မတ်ရပ်ပြီးကြည့်နေခဲ့တယ်။နောက်ဆုံး မနေနိုင်တော့တာနဲ့ ပင့်သက်ရှိုက်ပြီး တိုးတိုးလေးရေရွတ်မိလိုက်တယ်။

"တကယ်ကြီးကို ချစ်ဖို့ကောင်းချက်ပဲ"

ရှောင်ခယ်က ပြုံးလိုက်ပြီး စုတိကိုပွေ့ဖက်လိုက်တယ်။အခုဆို မုန့်ရန်ရဲ့ ဆေးညွှန်းတွေကြောင့် စုတိ အပြည့်အဝ နေပြန်ကောင်းနေပြီ...မုန့်ရန်ရဲ့ ကြင်နာမှုတွေကို ပြန်ပေးဆပ်ခွင့်ရဖို့ ရှောင်ခယ်မျှော်လင့်နေပါတယ်။

လူတွေအများကြီးဝိုင်းအုံကြည့်နေပေမယ့် ကလေးငယ်လေးက တစ်ချက်လေးတောင် မငိုခဲ့ဘူး။မျက်လုံးလေးတွေကိုမှိတ်လိုက်တာနဲ့ ချက်ချင်းကိုအိပ်ပျော်သွားတော့တာပဲ..ဒီကလေးလေးက တကယ်ကို ရှားပါးအဖိုးတန်ပြီး ချစ်ဖို့ကောင်းလွန်းတာကြောင့် သူတို့တွေလဲ ကလေးယူဖို့ စိတ်ကူးနေကြပြီ....

....... ....... ......... .......

ယွီကျွင်းချန် Villaထဲကိုရောက်သွားချိန်မှာ အရပ်တွေထောင်းထောင်းထနေပြီးဖြစ်တယ်။မုန့်ရန်တို့ရဲ့ သားဉီးလေး ရက်တစ်ရာပြည့်သတင်းကို ကြားကြားချင်း လော်ဆန်းဆီပြေးလာခဲ့ပေမယ့် လော်ဆန်းက အရက်တွေပြန်သောက်နေပြီဖြစ်တယ်။

"လာလေ"

သောက်တာမကြာသေးတဲ့ အတွက် လော်ဆန်း မမူးသေးဘူး။မြန်မြန် မူးချင်နေတဲ့ အတွက် ဝိုင်ကိုတစ်ငုံလောက်ထပ်သောက်လိုက်တယ်။

ယွီကျွင်းချန်က လော်ဆန်းနဲ့ မျက်နှာချင်းဆိုင်ထိုင်လိုက်တယ်။မျက်တွင်းဟောက်ပက်ဖြစ်နေတဲ့လော်ဆန်းရဲ့မျက်နှာကိုသေချာကြည့်လိုက်တယ်။လအနည်းငယ်အတွင်းမှာ လော်ဆန်းကိုကြည့်ရတာ ဆယ်နှစ်စာလောက် အိုစာသွားသလိုပဲ။နေ့တိုင်းနေ့တိုင်း အရက်သောက်တာကလွဲရင် ဘာအလုပ်မှမလုပ်ခဲ့ဘူး။အစာအိမ်ထဲကနေ သွေးယိုလို့ ခဏခဏဆေးရုံတက်ခဲ့ရပေမယ့် သိပ်မကြာခင်မှာ
အရက်ပြန်သောက်တော့တာပါပဲ။ယွီကျွင်းချန်ဘက်က နည်းစုံလမ်းစုံသုံးပြီး ဖြောင်းဖြခဲ့ပေမယ့် လော်ဆန်းကိုယ်တိုင် ဘဝကြီးကို ပစ်စလက်ခတ်ဘနေထိုင်နေတဲ့ အတွက် ဘာမှ မတတ်နိုင်ခဲ့ဘူးလေ...

လော်ဆန်းက Tablet တစ်လုံးကို စားပွဲပေါ်ပစ်တင်လိုက်ပြီး....

"သတင်းခေါင်းစဉ်ကိုကြည့်လိုက်စမ်း!!"လော်Groupရဲ့ မင်းသားငယ်လေး တစ်လပြည့်မွေးနေ့ပွဲကို နာမည်ကျော်စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ချီးမြှင်"တဲ့ တစ်လသားအရွယ်ကလေးတစ်ယောက်အတွက် ဒီလောက်ထိကြီးကြီးကျယ်ကျယ်တွေလုဏ်ပေးစရာလိုလို့လား??ငါလို အတုအယောင် မင်းသားအကြောင်းကိုသူတို့တွေက စားရင်းသောက်ရင်းနဲ့ ရယ်စရာတစ်ခုလို လှောင်ပြောင်နေကြ​တော့မှာ...
ရယ်စရာကောင်းတယ်မလား???ငါကိုယ်တိုင်တောင် ရယ်ချင်လာပြီ!!"

လော်ဆန်းကို အခုလိုပုံစံမျိုးနဲ့ မြင်ရတာ ယွီကျွင်းချန်တစ်ကယ်ကို စိတ်မချမ်း​မြေ့နိူင်ခဲ့ဘူး။ခိုးမှုဖြသ်ပွားပြီးနောက်ပိုင်းမှာ ယခင်ကကျောင်းအတွက် ဂုဏ်ဆောင်ခဲ့တာတွေကို ထောက်ထားငဲ့ညှာသောအားဖြင့် ကျောင်းထုတ်မခံခဲ့ရပေမယ့် အတန်းဖော်တွေရဲ့ ဖယ်ကျဉ်ခြင်းကိုတော့ ခံစားခဲ့ရတယ်။သူကိုယ်တိုင်တောင် အခုချိန်မှာ အရှုံးမပေးဘဲကြိုးစားနေရက်သားနဲ့ လော်ဆန်းအခုလို အရှုံးသမားအဖြစ်ခံယူထားတာမြင်ရ​တော့ကူညီဖေးမဖို့ရာ ခက်ခဲလွန်းနေခဲ့တယ်။

"လော်ဆန်း"

ယွီကျွင်းချန်က လော်ဆန်းဘေးကိုသွားလိုက်ပြီးဘလော်ဆန်းရဲ့ လက်ကို ကိုင်ထားလိုက်တယ်။

"ဒီကိစ္စတွေက ဖြစ်ပြီးကုန်ပြီလေ။အဖြစ်မှန်ကို ရင်ဆိုင်မှဖြစ်မယ်။ကံကောင်းမှုတွေကို ပြန်စုစည်းပါ။ဒီအတိုင်းဆက်မနေပါနဲ့တော့နော်။မင်းအမေက မင်းသာ အရင်လိုပြန်နေမယ်ဆို သူရဲ့ပိုင်ဆိုင်မှုတွေထဲက သုံးပုံ နှစ်ပုံကိုမင်းကို အမွေလွှဲပေးမယ်တဲ့။ပြီး​တော့ မင်း ဘွဲ့ရပြီးတာနဲ့ နိုင်ငံခြားက ရုံးခွဲတွေကို စီမံခွင့်ပေးမယ်လို့ ပြောထားတယ်။သာမာန်လူတွေထက် မင်းကပိုပြီး သန်မာပါတယ်ကွာ။မင်းရဲ့ ကိုယ်ပိုင်အစွမ်းအစကို ငါယုံကြည်တယ်...."

"ငါ့ရှေ့မှာ သူ့ကောင်းကြောင်းတွေလာမပြောနဲ့!!!"

လော်ဆန်းက ယွီကျွင်းချန်ရဲ့လက်ကို ပုတ်ထုတ်လိုက်ပြီး မတ်တပ်ထရပ်လိုက်ပြီး အော်လိုက်တယ်။

"သူ့ကိုထိခိုက်စေတယ်ဆို ငါဒီလိုပဲဆက်နေမှာ!!!သူ့ပိုင်ဆိုင်မှုတွေက လော်Groupကိုယှဉ်ဖို့မပြောနဲ့ ချန်းမိသားစုကိုတောင် မှီတာမဟုတ်ဘူး။အဖိုးကြီးတွေကိုလက်ထပ်ပြီး ရလာတာ ပစ္စည်းဉစ္စာတွေငါ့ကို လာမပေးနဲ့ ။ချို့တဲ့နေတာ ငါမဟုတ်ဘူး!!!!ရွံလွန်းလို့ပါ !!"

"ဒါပေမယ့် လော်မိသားစုရဲ့ပိုင်ဆိုင်မှုတွေက မင်းနဲ့မှမဆိုင်တော့တာ...ဒီလိုပဲနေသွားတော့မှာလား??မင်းဒီလိုပဲနေသွားတော့မယ်ဆို ငါ့ဘက်ကလဲ မင်းနဲ့လမ်းခွဲရုံပဲတတ်နိူင်တော့တယ်"

"မင်းကပါ ငါ့ကိုထားခဲ့တော့မယ်ပေါ့။မင်းကတောင် ငါ့ကို အထင်သေးတဲ့နေပြီဆိုတော့ငါ့ကို ထပ်မတွေ့ချင်တော့ဘူးပေါ့"

"ငါအခု မင်းကိုအထင်သေးနေတာမဟုတ်ဘူး။မင်းကိုယ်မင်း အထင်သေးအမြင်သေးဖြစ်နေတာ!!!တစ်နေ့တစ်နေ့ မင်းရဲ့ မာနကြီးပြီးမောက်မာနေတဲ့ ပုံစံကိုကြည့်ရတာ ငါသည်းမခံနိုင်တော့ဘူး။ငါမင်းကို မထားခဲ့ရင် ငါပါမင်းနဲ့ရောပြီး အလဲလဲအပြိုပြိုဖြစ်သွားတော့မှာ...ဒါကိုမင်းသိရဲ့လား??!!!"

"ဒါဆိုလဲ ထွက်သွားတော့!!! သေသေရှင်ရှင် ငါ့ကိုတစ်ယောက်တည်းပစ်ထားလိုက်!!!!ထွက်သွားလိုက်တော့!!"

နာကျင်မှုနဲ့ ဒေါသတရားရောထွေးနေတဲ့ အော်သံနဲ့ လော်ဆန်း အော်ဟစ်လိုက်တယ်။

ယွီကျွင်းချန်က မတ်တပ်ထရပ်လိုက်ပြီး လော်ဆန်းကို ကြည့်လိုက်တယ်။

"ငါတို့တွေလမ်းခွဲကြရအောင်..မင်း ပျော်ရွှင်မှုကို
မြန်မြန် ရှာတွေ့နိုင်ဖို့ ငါမျှော်လင့်ပါတယ်။အကယ်၍ တစ်နေ့မှာ...."

"သွားချင်တယ်ဆို မြန်မြန်သွားလိုက်တော့...အဓိပ္ပါယ်မရှိတာတွေလာပြောမနေနဲ့"

လော်ဆန်းက လက်ကျန် ဝိုင်တွေကို အပြီးသတ်သောက်သုံးလိုက်တယ်။

လော်ဆန်းက အခုလိုလမ်းခွဲစကားအပြောခံရတာကို သာမာန်သမီးရည်းစားကြားက မ​ပြေလည်မှုတစ်ခုလို့ပဲ ထင်နေခဲ့တယ်။ ယွီကျွင်းချန်ဘက်က သူနဲ့ တကယ်ကို လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့တယ်ဆိုတာကို လော်ဆန်း မသိခဲ့ဘူး။

အိမ်ပြန်လမ်းတစ်လျှောက်လုံးမှာ ယွီကျွင်းချန် ငိုခဲ့တယ်။သူ လော်ဆန်းကို တကယ်ချစ်ခဲ့ပါတယ်။ဒါပေမယ့် သူလိုချင်တဲ့ပန်းတိုင်ကို မရောက်သေးသလို၊သူလိုချင်တဲ့ဘဝမျိုးကိုလဲဘမရသေးဘူး။လော်ဆန်းကသူ့ကိုပါ သေတွင်းထဲဆွဲချနေတဲ့ဘအတွက် လော်ဆန်းရဲ့လက်ကို ရပ်စက်စွာဖြုတ်ချလိုက်ရုံမှတပါးအခြားမရှိ.....

လော်ဆန်း နာလန်ထူလာနိူင်ရင်တောင် အတိတ်ကိုပြန်မသွားနိုင်တော့တာ ယွီကျွင်းချန် သိနေတယ်။အခုနေ လမ်းမခွဲဖြစ်ရင်တောင် အနှေးနဲ့အမြန် လမ်းခွဲကြရမှာပါပဲ။ဒါပေမယ့် သူတို့က လော်ဆန်းကို တုန်လှုပ်ခြောက်ခြားအောင်လုပ်နေကြပြီး လော်ဆန်းနဲ့ လမ်းခွဲခဲ့တဲ့အတွက် သူ့ကိုပါ အပြစ်ရှိသလိုခံစားရအောင် လုပ်နေကြတယ်။

ထိုညမှာပဲ.....

လော်ရှို့နဲ့ မုန့်ရန်တို့က ကလေးငယ်လေးကိုရေချိုးပေးနေကြတယ်။လော်ရှို့က အစောကြီးကတည်းက ရေချိုးပြီးနှင့်နေပြီ။ အတွင်းခံတစ်ထည်တည်းကိုသာဝတ်ဆင်ထားတဲ့ လော်ရှို့က
ကလေးငယ်လေးအတွကိ အထူးသီးသန့်လုပ်ပေးထားတဲ့ ရေချိုးကန်ဘေးမှာထိုင်ပြီး ကလေးကို ချိုင်းကနေ ကိုင်ပေးထားတယ်။မုန့်ရန်ကတော့ ကလေးငယ်လေးရဲ့တစ်ကိုယ်လုံးကို ဆေးကြောသန့်စင်ပေးနေတယ်။

မုန့်ရန်က ခွန်အားကိုထိန်းပြီး ကလေးငယ်လေးရဲ့ ဒူးတွေ၊ချိုင်းတွေ၊လည်ပင်းတွေကို ခပ်ဖွဖွနှိပ်နှယ်ပေးနေတယ်။ကလေးငယ်လေးရဲ့အသားအရေက တကယ်ကို နူးညံ့လွန်းတာကြောင့် အားနည်းနည်းထည့်လိုက်ရုံနဲ့တင် ကွဲကြေသွားနိူင်တယ်။မုန့်ရန်က ကလေးငယ်လေး နာကျင်သွားမှာစိုးတဲ့ အတွက် အထူးဂရုစိုက်နေရတယ်။

ကလေးငယ်လေးက သက်တောင့်သက်သာရှိလွန်းတာကြောင့်ရေထဲမှာ ခြေထောက်လေးတွေကို ကန်ကန်ပြီး ဆော့ကစားနေတယ်။

"နေရတာ အဆင်ပြေပါရဲ့လား သခင်လေးခင်ဗျ"

မုန့်ရန်က ကလေးငယ်လေးရဲ့ ဗိုက်ပူပူလေးကို ပွတ်ပြီး ကျီဆယ်လိုက်တယ်။

အခုလို လော်ရှို့နဲ့ အတူ ကလေးငယ်လေးကို ပြုစုထိန်းကျောင်းရတာကို မုန့်ရန်တကယ်သဘောကျပါတယ်။ဒီအခိုက်အတန့်လေးတွေကို အမှတ်တရအဖြစ် ထာဝရသိမ်းဆည်းထားလို့ရတယ်။နောင်တစ်ချိန် အသက်တွေကြီးလာလို့ ဒါတွေကို ပြန်ပြောင်းအမှတ်ရချိန်မှာ သူတို့တွေ ပျော်ရွှင်န်ိုင်ပါလိမ့်မယ်။

ရေချိုးသန့်စင်ပြီးတာနဲ့ မုန့်ရန်က ကလေးငယ်လေးကို တသက်သန့်သန့်တစ်ထည်နဲ့ ရေသုတ်ပေးလိုက်ပြီး ကလေးငယ်လေးရဲ့ နီရဲနေတဲ့ နှုတ်ခမ်းလေးတွေကို လက်ချောင်းလေးတွေနဲ့ ခပ်ဖွဖွလေးတို့ထိလိုက်ပြီး လော်ရှို့ကို ခေါ်သွားခိုင်းလိုက်တယ်။ရေချိုးပြီးပြီဆို အိပ်လို့ရပြီပေါ့....

မုန့်ရန် ရေချိုးခန်းထဲကထွက်လာချိန်မှာ ကုတင်ပေါ်ကမြင်ကွင်းကြောင့် တခဏလောက်တောင့်တင်းသွားခဲ့တယ်။အိပ်ရာပေါ်မှာ လော်ရှို့က အတွင်းခံတစ်ထည်နဲ့ပက်လက်ကြီးအိပ်ပျော်နေပြီး လော်ရှို့ရင်ဘက်ပေါ်မှာ ကလေးလေးက မှောက်ခုံလေးအိပ်ပျော်နေတယ်လေ....

ဒီမြင်ကွင်းလေးက နွေးထွေးပြီးကြည်နူးစရာကောင်းနေတယ်။

ခွန်အားပြည့်ဝတဲ့ခံစားချက်ကိုပေးစွမ်းနိုင်တဲ့ လော်ရှို့ရဲ့ ရင်အုပ်ကျယ်ကြီးပေါ်မှာ ဘောလုံးလေးတွေလိုဖောင်းကားနေတဲ့ တင်ပါးလေးတွေနဲ့ မှောက်ခုံကလေးအိပ်ပျော်နေတဲ့ ကလေးငယ်လေးကိုကြည့်ရတာ မယုံနိုင်လောက်အောင် ချစ်ဖို့ကောင်းနေတယ်။ဒီသားအဖရဲ့ အခုလိုပုံစံလေးကြောင့် မုန့်ရန် မပြုံးဘဲမနေနိူင်တော့ဘူးလေ....

အံဆွဲထဲက ကင်မရာကိုထုတ်ပြီး ဒီမြင်ကွင်းလေးကို မှတ်တမ်းတင်ထားလိုက်တယ်။ပြီးတာနဲ့ ကုတင်ပေါ်ကိုတက်ပြီး လော်ရှို့ရဲ့လက်မောင်းတွေကိုခေါင်းအုံးပြီး အိပ်ပျော်နေတဲ့ ကလေးလေးကို ကြည့်နေလိုက်တယ်။

ဖြစ်နိုင်ရင် သူ့သားလေးကို အသက်မကြီးစေချင်တော့ဘူး။နူးနူးညံညံ့လေးနဲ့ ချစ်ဖို့ကောင်းတဲ့ သူ့သားလေးက လော်ရှို့ရဲ့ကာကွယ်မှုအောက်မှာ ထာဝရရှိနေနိုင်မှာမဟုတ်တာ မုန့်ရန်သိတယ်။ဒါပေမယ့်လဲ လော်ရှို့ရဲ့ ကာကွယ်မှုအောက်မှာ အပူအပင်ကင်းမဲ့စွာနဲ့ သူ့သားလေးကို ကြီးပြင်းစေချင်တယ်။သူ့အချစ်က တစ်ကိုယ်ကောင်းဆန်နေသလိုဖြစ်နေတာကိုလဲ မုန့်ရန်သိတယ်။

တစ်ကိုယ်ကောင်းဆန်တဲ့အချစ်က သူ့ကိုစိတ်ချမ်းသာစေနိူင်ပေမယ့် သူ့သားလေးရဲ့နောင်ရေးကိုထိခိုက်နစ်နာစေလိမ့်မယ်။ဒါ့ကြောင့် နာကျင်မှုကို သည်းခံပြီး လော်ရှို့ဘက်က ကလေးငယ်ကို အမှီခိုကင်းတဲ့ အစွမ်းအစရှိအောင် သွန်သင်ပေးတာကို သူ လက်ခံမှာပါ.....

လော်ရှို့က ထထိုင်လိုက်ပြီး ကလေးကို ကုတင်သေးသေးလေးပေါ် ပြောင်းသိပ်ဖို့ပြင်လိုက်တယ်။မုန့်ရန်က လော်ရှို့ကို လှမ်းဆွဲလိုက်ပြီး...

"ဒီမှာပဲ သိပ်လိုက်တော့"

"သေချာရဲ့လား??ခဏနေ နိုးလာရင််ဘယ်လိုလုပ်မလဲ??"

လော်ရှို့က မေးလိုက်တယ်။

မုန့်ရန်က လော်ရှို့ရဲ့လည်ပင်းကိုဖက်တွယ်လိုက်ပြီးတိုးတိုးလေးရေရွတ်လိုက်တယ်။

"ဖြည်းဖြည်းလုပ်မယ်ဆို သူနိုးမှာမဟုတ်ဘူးလေ"

ဒီအကြောင်းကို မုန့်ရန် လေးလေးနက်နက် စဉ်းစားနေလိုက်တယ်။လော်ရှို့က လအနည်းငယ်ကြာတဲ့အထိဘချုပ်တည်းထားရပြီး ရံဖန်ရံခါမှသာ ချိုမြိန်မှုကို အရသာခံခဲ့ရတယ်။စိတ်လွတ်ကိုယ်လွတ်နဲ့သာဆို တိုက်ပွဲတွေပြင်းထန်ကုန်လိမ့်မယ်။သူရော လော်ရှို့ရော ထိန်းမရအောင်ဖြစ်ကုန်တော့မှာ...အဲ့တာကြောင့် လော်ရှို့ ကလေးကို အိပ်ရာပြောင်းသိပ်တာကို ဒီအတိုင်းခွင့်ပြုပေးလိုက်တယ်။

လော်ရှို့က ကလေးငယ်လေးကို သူတို့ရဲ့ကုတင်ဘေးမှာရှိတဲ့ ကုတင်သေးသေးလေးပေါ်လှဲသိပ်လိုက်​ပြီး ဗိုက်ပူပူလေးအထိလုံအောင် စောင်ခြုံပေးလိုက်တယ်။ကလေးငယ်လေးရဲ့ ကုတင်ဘေးက လိုက်ကာလေးကိုဆွဲချပေးလိုက်သေးတယ်။ထို့နောက် ကုတင်ပေါ်ကို ပြန်သွားလိုက်ပြီး မုန့်ရန် ကို တက်ဖိထားလိုက်တယ်....

……………………………………

မုန့်ရန် ခါးနာနေတာကြောင့် နောက်တစ်နေ့နေ့လာ်အထိ အိပ်ရာထဲကနေ မထနိူင်ခဲ့ဘူး။ကလေးကိုချီဖို့တောင် အားမရှိတော့ဘူး။ဆိုဖာပေါ်မှာ ထိုင်ပြီး ကလေးကို နာနီတွေကို ခေါ်လာခိုင်းလိုက်ရတယ်။သိပ်မကြာခင် ကျောင်းပြန်တက်ရတော့မှာဖြစ်တာကြောင့် ရတဲ့အချိန်လေးမှာ သားဖြစ်နဲ့ အတူရှိနေရှိချင်တယ်လေ...

မုန့်ရန် စာသင်နေတဲ့အချိန်မှာ ကလေးကိုလော်ရှို့နဲ့အတူ Company ကိုခေါ်ထားပြီး လော်ရှို့အလုပ်လုပ်နေချိန်မှာ မုန့်ရန်က ကလေးကိုခေါ်ထားဖို့ တိုင်ပင်ထားကြပြီးပြီ...မုန့်ရန်ကျောင်းဆင်းတာနဲ့ Company ကိုသွားပြီး ရုံးခန်းထဲမှာ ကလေးထိန်းရင်း စာလေ့လာမှာ ဖြစ်တယ်......

ZawGyi

ေလာ္႐ိႈ႕နဲ႔ မုန္႔ရန္တို႔ရဲ႕ သားဉီးေလး ဖြားျမင္ခဲ့ေလၿပီ။ဒီကေလးကို ေမြးရတာ အရမ္းလြယ္ကူခဲ့ပါတယ္။ဒီကေလးေလးက သေႏၶသားဘဝကတည္းကေန လူ႕ေလာကထဲကိုေရာက္႐ွိလာခ်ိန္အထိ မုန္႔ရန္ကို နာက်င္မႈေတြ ၾကာၾကာမခံစားေစခဲ့ပါဘူး။ဒီကေလးငယ္ေလးက တကယ္ကို သေႏၶေကာင္းလြန္းတယ္လို႔ မုန္႔ရန္ ခံစားေနရတယ္။

"ကေလးေလးေရ.."

အဝတ္အစားသစ္ေလးေတြဆင္ျမန္းထားတဲ့ ကေလးငယ္ကို မုန္႔ရန္ ေသခ်ာ ေပြ႕ခ်ီထားၿပီး အျပဳံးေတြနဲ႔ ေခ်ာ့ျမႇဴေနတယ္။

"ဒီေန႔က ကေလးေလးရဲ႕ တစ္လျပည့္​ေမြးေန႔...ကြၽင္းရယ္ေလး ေပ်ာ္ရဲ႕လား??"

ကေလးငယ္ကိုေမြးဖြားၿပီးခ်ိန္မွာ ေလာ္႐ိႈ႕ရဲ႕ မ်က္ရည္ေတြကို မုန္႔ရန္ ပထမဆုံးအႀကိမ္အျဖစ္ေတြ႕ျမင္ခဲ့ရတယ္။ေလာ္႐ိႈ႕အရမ္းကို စိတ္လႈပ္႐ွားေနတာေၾကာင့္မ်က္ရည္က်မွန္း မုန္႔ရန္သိတယ္။သူလည္းပဲ ေလာ္႐ိႈ႕နဲ႔ ထပ္တူ ခံစားရတယ္ေလ....

သားေလးကို မုန္႔ရန္ဘယ္လိုမွ အၾကည့္မလႊဲႏိုင္ခဲ့ဘူး။လွပတဲ့ မ်က္လုံးေတာက္ေတာက္ေလးေတြနဲ႔ အၾကည့္ခံလိုက္ရတိုင္း ဒီကေလးငယ္အတြက္ ဘာမဆို ျဖည့္ဆည္းေပးခ်င္စိတ္ကို ထိန္းမရခဲ့ဘူး။

ေလာ္႐ိႈ႕ အခန္းထဲကိုဝင္လာၿပီး ကေလးခ်ီထားတဲ့ မုန္႔ရန္ကို ေနာက္ဘက္ကေန ေပြ႕ဖက္လိုက္တယ္။ခ်စ္စဖြယ္ေကာင္းေလာက္ေအာင္ ႏူးညံ့လွတဲ့ သားငယ္ေလးကို ၾကည့္ရင္း...

"အဆင့္သင့္ျဖစ္ၿပီလား??"

"အင္း အဆင္သင့္ျဖစ္ၿပီ"

ေလာ္႐ိႈ႕က သူ႕သားေလးရဲ႕မ်က္ႏွာေလးကို လက္ေခ်ာင္းေတြနဲ႔ ခပ္ဖြဖြတို႔ထိလိုက္တယ္။

"သြားၾကမယ္"

ေလာ္႐ိႈ႕က မုန္႔ရန္ကိုတစ္ခ်က္နမ္းလိုက္ၿပီး ေပြ႕ဖက္ကာေခၚေဆာင္သြားပါေလေတာ့တယ္။

ဒီေန႔က ေလာ္႐ိႈ႕နဲ႔ မုန္႔ရန္တို႔ရဲ႕ သားဉီးေလး ေလာ္ကြၽင္းရယ္ရဲ႕ တစ္လျပည့္ေမြးေန႔ပြဲျဖစ္တယ္။ဒီပြဲက ေလာ္႐ိႈ႕နဲ႔ မုန္႔ရန္တို႔ မဂ္လာပြဲတုန္းကထက္ေတာင္ လူပိုမ်ားေနေသးတယ္။

ေလာ္႐ိႈ႕က မုန္႔ရန္ကို ဖက္ထားၿပီး၊မုန္႔ရန္ကညကေလးငယ္ေလးကို ခ်ီပိုးထားတယ္။မိသားစုသုံးေယာက္သား အားလုံးရဲ႕ အၾကည့္ေတြေအာက္မွာေပ်ာ္႐ႊင္စြာနဲ႔ ခန္းမထဲကို ေလွ်ာက္လွမ္းလာၾကတယ္။

"ျမင္ၿပီလား?ဒီကေလးေလးကမွ ေလာ္မိသားစုရဲ႕ အစစ္အမွန္ မင္းသားေလးကြ!!ေလာ္ဆန္းကို ေမြခံသားျဖစ္မယ္လို႔ ထင္ခဲ့ဖူးတာ။အခုေတာ့ မေမွ်ာ္လင့္ထားတာေတြျဖစ္လာၿပီပဲ"

"ေလာ္႐ိႈ႕က ေလာ္ဆန္းကို ခ်န္းမိသားစုကိုဆီမွာပဲထားတာ အံ့ၾသစရာမဟုတ္ေတာ့ဘူးေပါ့။ေလာ္ဆန္းက သူ႕သားမွမဟုတ္တာ...ဒီတစ္ေယာက္ကိုေရာ မင္းဘယ္လိုထင္လဲ"

"ေႁမြတစ္ခါကိုက္ခံရၿပီးရင္ ဆယ္ႏွစ္ေလာက္ၾကာတဲ့အထိ သစ္ကိုင္းေျခာက္ျမင္ရင္ေတာင္ လန္႔ေနရတယ္ဆိုတဲ့ စကားပုံလိုေပါ့ကြာ။ေလာ္ဆန္းဆီကေနရထားတဲ့သင္ခန္းစာေတြေၾကာင့္ ဒီကေလးကိုလဲ ေလာ္႐ိႈ႕ေသခ်ာစစ္ေဆးထားမွာပဲ။
ဒီေန႔ျမင္ေနရတာကိုပဲၾကည့္ေလ ေလာ္႐ိႈ႕အဲ့ေလာက္ထိျပဳံးေနတာ ျမင္ဖူးလို႔လား??ဒါကသူ႕သားအရင္းဆိုတာေသခ်ာတယ္"

"ေအာ္...လူတစ္ေယာက္ခ်င္းစီရဲ႕ကံၾကမၼာေတြက အေတာ္ကြာျခားတာပဲေနာ္...လသားအ႐ြယ္ကေလးတစ္ေယာက္ကိုေတာင္ မနာလိုျဖစ္ခ်င္လာၿပီ"

"ဒါဆို..အသစ္တစ္ဖန္ေမြးဖြားဖို႔ ႀကိဳးစားလိုက္ေလ"

ေလာ္႐ိႈ႕ရဲ႕ မိတ္ရင္းေဆြရင္းေတြကို ကေလးမ်က္ႏွာျပၿပီးတာနဲ႔ လူမ်ားတဲ့ ခန္းမထဲကေန တျခားခန္းမတစ္ခုဆီကိုမုန္႔ရန္ ေနရာေျပာင္းလိုက္တယ္။

မုန္႔ရန္ ဆိုဖာေပၚမွာ ထိုင္ၿပီးတာနဲ႔ လုယြင္က်င့္တစ္ေယာက္ ကေလးကိုၾကည့္ဖို႔ ခ်က္ခ်င္းေရာက္ခ်လာေတာ့တာပါပဲ...

"ဂ်င္ဆင္းအ႐ုပ္ေလးက်ေနတာပဲ!!ဒီေလာက္ခ်စ္ဖို႔ေကာင္းေနတာ မင္းေမြးတာေရာေသခ်ာရဲ႕လားကြာ??ကေလးေလးက အေတာ္ထြားတဲ့အျပင္ အေတာ္ေခ်ာတယ္ေနာ္"

"ဒါေပါ့ ငါေမြးမွေတာ့ ေခ်ာေခ်ာေလးပဲေပါ့"

မုန္႔ရန္က ဂုဏ္ဆာေနတဲ့ အျပဳံးနဲ႔ ျပန္ေျဖလိုက္တယ္။

"မင္းကအရမ္းငယ္ေသးတယ္။ဒါေပမယ့္ ကေလးတစ္ေယာက္အေဖေတာင္ျဖစ္ေနၿပီ။ဒီေလာက္ခ်စ္ဖို႔ေကာင္းတဲ့ကေလးေလးကို မင္းကိုယ္တိုင္ေမြးထားတာကို ငါအခုထိအံ့ၾသေနရတုန္းပဲ"

ဝူဖန္က သက္ျပင္းေလးတခ်ခ်နဲ႔ေျပာလိုက္တယ္။

[TN:ခ်င္းဟုန္ေရ နင့္ဟာေလးက မုန္႔ရန္ကို အားက်ေနတာေဟ့...]

"ဟုတ္တယ္...ဒီကေလးေလးကိုေမြးၿပီးကတည္းက ေန႔တိုင္း ေမွာ္ဆန္တဲ့ ေပ်ာ္႐ႊင္မႈမ်ိဳးနဲ႔ေပ်ာ္႐ႊင္ေနရတာ"

မုန္႔ရန္က ကေလးငယ္ေလးကို ခပ္ဖြဖြေလးနမ္းလိုက္တယ္။

ကေလးေလးရဲ႕ မ်က္ဆံနက္နက္ေလးေတြက အဖိုးတန္ပုလဲနက္ေတြထက္ေတာင္လွပေနေသးတယ္။မ်က္ႏွာေလးက ျဖဴေဖြးဝိုင္းစက္ၿပီးႏူးညံ့ေနေရာပဲ...ဒါေတြကို စုတိ ဆိုဖာေဘးမွာ မတ္ရပ္ၿပီးၾကည့္ေနခဲ့တယ္။ေနာက္ဆုံး မေနႏိုင္ေတာ့တာနဲ႔ ပင့္သက္႐ိႈက္ၿပီး တိုးတိုးေလးေရ႐ြတ္မိလိုက္တယ္။

"တကယ္ႀကီးကို ခ်စ္ဖို႔ေကာင္းခ်က္ပဲ"

ေ႐ွာင္ခယ္က ျပဳံးလိုက္ၿပီး စုတိကိုေပြ႕ဖက္လိုက္တယ္။အခုဆို မုန္႔ရန္ရဲ႕ ေဆးၫႊန္းေတြေၾကာင့္ စုတိ အျပည့္အဝ ေနျပန္ေကာင္းေနၿပီ...မုန္႔ရန္ရဲ႕ ၾကင္နာမႈေတြကို ျပန္ေပးဆပ္ခြင့္ရဖို႔ ေ႐ွာင္ခယ္ေမွ်ာ္လင့္ေနပါတယ္။

လူေတြအမ်ားႀကီးဝိုင္းအုံၾကည့္ေနေပမယ့္ ကေလးငယ္ေလးက တစ္ခ်က္ေလးေတာင္ မငိုခဲ့ဘူး။မ်က္လုံးေလးေတြကိုမွိတ္လိုက္တာနဲ႔ ခ်က္ခ်င္းကိုအိပ္ေပ်ာ္သြားေတာ့တာပဲ..ဒီကေလးေလးက တကယ္ကို ႐ွားပါးအဖိုးတန္ၿပီး ခ်စ္ဖို႔ေကာင္းလြန္းတာေၾကာင့္ သူတို႔ေတြလဲ ကေလးယူဖို႔ စိတ္ကူးေနၾကၿပီ....

....... ....... ......... .......

ယြီကြၽင္းခ်န္ Villaထဲကိုေရာက္သြားခ်ိန္မွာ အရပ္ေတြေထာင္းေထာင္းထေနၿပီးျဖစ္တယ္။မုန္႔ရန္တို႔ရဲ႕ သားဉီးေလး ရက္တစ္ရာျပည့္သတင္းကို ၾကားၾကားခ်င္း ေလာ္ဆန္းဆီေျပးလာခဲ့ေပမယ့္ ေလာ္ဆန္းက အရက္ေတြျပန္ေသာက္ေနၿပီျဖစ္တယ္။

"လာေလ"

ေသာက္တာမၾကာေသးတဲ့ အတြက္ ေလာ္ဆန္း မမူးေသးဘူး။ျမန္ျမန္ မူးခ်င္ေနတဲ့ အတြက္ ဝိုင္ကိုတစ္ငုံေလာက္ထပ္ေသာက္လိုက္တယ္။

ယြီကြၽင္းခ်န္က ေလာ္ဆန္းနဲ႔ မ်က္ႏွာခ်င္းဆိုင္ထိုင္လိုက္တယ္။မ်က္တြင္းေဟာက္ပက္ျဖစ္ေနတဲ့ေလာ္ဆန္းရဲ႕မ်က္ႏွာကိုေသခ်ာၾကည့္လိုက္တယ္။လအနည္းငယ္အတြင္းမွာ ေလာ္ဆန္းကိုၾကည့္ရတာ ဆယ္ႏွစ္စာေလာက္ အိုစာသြားသလိုပဲ။ေန႔တိုင္းေန႔တိုင္း အရက္ေသာက္တာကလြဲရင္ ဘာအလုပ္မွမလုပ္ခဲ့ဘူး။အစာအိမ္ထဲကေန ေသြးယိုလို႔ ခဏခဏေဆး႐ုံတက္ခဲ့ရေပမယ့္ သိပ္မၾကာခင္မွာ
အရက္ျပန္ေသာက္ေတာ့တာပါပဲ။ယြီကြၽင္းခ်န္ဘက္က နည္းစုံလမ္းစုံသုံးၿပီး ေျဖာင္းျဖခဲ့ေပမယ့္ ေလာ္ဆန္းကိုယ္တိုင္ ဘဝႀကီးကို ပစ္စလက္ခတ္ဘေနထိုင္ေနတဲ့ အတြက္ ဘာမွ မတတ္ႏိုင္ခဲ့ဘူးေလ...

ေလာ္ဆန္းက Tablet တစ္လုံးကို စားပြဲေပၚပစ္တင္လိုက္ၿပီး....

"သတင္းေခါင္းစဥ္ကိုၾကည့္လိုက္စမ္း!!"ေလာ္Groupရဲ႕ မင္းသားငယ္ေလး တစ္လျပည့္ေမြးေန႔ပြဲကို နာမည္ေက်ာ္စီးပြားေရးလုပ္ငန္း႐ွင္မ်ား တက္ေရာက္ခ်ီးျမႇင္"တဲ့ တစ္လသားအ႐ြယ္ကေလးတစ္ေယာက္အတြက္ ဒီေလာက္ထိႀကီးႀကီးက်ယ္က်ယ္ေတြလုဏ္ေပးစရာလိုလို႔လား??ငါလို အတုအေယာင္ မင္းသားအေၾကာင္းကိုသူတို႔ေတြက စားရင္းေသာက္ရင္းနဲ႔ ရယ္စရာတစ္ခုလို ေလွာင္ေျပာင္ေနၾက​ေတာ့မွာ...
ရယ္စရာေကာင္းတယ္မလား???ငါကိုယ္တိုင္ေတာင္ ရယ္ခ်င္လာၿပီ!!"

ေလာ္ဆန္းကို အခုလိုပုံစံမ်ိဳးနဲ႔ ျမင္ရတာ ယြီကြၽင္းခ်န္တစ္ကယ္ကို စိတ္မခ်မ္း​ေျမ့ႏိူင္ခဲ့ဘူး။ခိုးမႈျဖသ္ပြားၿပီးေနာက္ပိုင္းမွာ ယခင္ကေက်ာင္းအတြက္ ဂုဏ္ေဆာင္ခဲ့တာေတြကို ေထာက္ထားငဲ့ညႇာေသာအားျဖင့္ ေက်ာင္းထုတ္မခံခဲ့ရေပမယ့္ အတန္းေဖာ္ေတြရဲ႕ ဖယ္က်ဥ္ျခင္းကိုေတာ့ ခံစားခဲ့ရတယ္။သူကိုယ္တိုင္ေတာင္ အခုခ်ိန္မွာ အ႐ႈံးမေပးဘဲႀကိဳးစားေနရက္သားနဲ႔ ေလာ္ဆန္းအခုလို အ႐ႈံးသမားအျဖစ္ခံယူထားတာျမင္ရ​ေတာ့ကူညီေဖးမဖို႔ရာ ခက္ခဲလြန္းေနခဲ့တယ္။

"ေလာ္ဆန္း"

ယြီကြၽင္းခ်န္က ေလာ္ဆန္းေဘးကိုသြားလိုက္ၿပီးဘေလာ္ဆန္းရဲ႕ လက္ကို ကိုင္ထားလိုက္တယ္။

"ဒီကိစၥေတြက ျဖစ္ၿပီးကုန္ၿပီေလ။အျဖစ္မွန္ကို ရင္ဆိုင္မွျဖစ္မယ္။ကံေကာင္းမႈေတြကို ျပန္စုစည္းပါ။ဒီအတိုင္းဆက္မေနပါနဲ႔ေတာ့ေနာ္။မင္းအေမက မင္းသာ အရင္လိုျပန္ေနမယ္ဆို သူရဲ႕ပိုင္ဆိုင္မႈေတြထဲက သုံးပုံ ႏွစ္ပုံကိုမင္းကို အေမြလႊဲေပးမယ္တဲ့။ၿပီး​ေတာ့ မင္း ဘြဲ႕ရၿပီးတာနဲ႔ ႏိုင္ငံျခားက ႐ုံးခြဲေတြကို စီမံခြင့္ေပးမယ္လို႔ ေျပာထားတယ္။သာမာန္လူေတြထက္ မင္းကပိုၿပီး သန္မာပါတယ္ကြာ။မင္းရဲ႕ ကိုယ္ပိုင္အစြမ္းအစကို ငါယုံၾကည္တယ္...."

"ငါ့ေ႐ွ႕မွာ သူ႕ေကာင္းေၾကာင္းေတြလာမေျပာနဲ႔!!!"

ေလာ္ဆန္းက ယြီကြၽင္းခ်န္ရဲ႕လက္ကို ပုတ္ထုတ္လိုက္ၿပီး မတ္တပ္ထရပ္လိုက္ၿပီး ေအာ္လိုက္တယ္။

"သူ႕ကိုထိခိုက္ေစတယ္ဆို ငါဒီလိုပဲဆက္ေနမွာ!!!သူ႕ပိုင္ဆိုင္မႈေတြက ေလာ္Groupကိုယွဥ္ဖို႔မေျပာနဲ႔ ခ်န္းမိသားစုကိုေတာင္ မွီတာမဟုတ္ဘူး။အဖိုးႀကီးေတြကိုလက္ထပ္ၿပီး ရလာတာ ပစၥည္းဉစၥာေတြငါ့ကို လာမေပးနဲ႔ ။ခ်ိဳ႕တဲ့ေနတာ ငါမဟုတ္ဘူး!!!!႐ြံလြန္းလို႔ပါ !!"

"ဒါေပမယ့္ ေလာ္မိသားစုရဲ႕ပိုင္ဆိုင္မႈေတြက မင္းနဲ႔မွမဆိုင္ေတာ့တာ...ဒီလိုပဲေနသြားေတာ့မွာလား??မင္းဒီလိုပဲေနသြားေတာ့မယ္ဆို ငါ့ဘက္ကလဲ မင္းနဲ႔လမ္းခြဲ႐ုံပဲတတ္ႏိူင္ေတာ့တယ္"

"မင္းကပါ ငါ့ကိုထားခဲ့ေတာ့မယ္ေပါ့။မင္းကေတာင္ ငါ့ကို အထင္ေသးတဲ့ေနၿပီဆိုေတာ့ငါ့ကို ထပ္မေတြ႕ခ်င္ေတာ့ဘူးေပါ့"

"ငါအခု မင္းကိုအထင္ေသးေနတာမဟုတ္ဘူး။မင္းကိုယ္မင္း အထင္ေသးအျမင္ေသးျဖစ္ေနတာ!!!တစ္ေန႔တစ္ေန႔ မင္းရဲ႕ မာနႀကီးၿပီးေမာက္မာေနတဲ့ ပုံစံကိုၾကည့္ရတာ ငါသည္းမခံႏိုင္ေတာ့ဘူး။ငါမင္းကို မထားခဲ့ရင္ ငါပါမင္းနဲ႔ေရာၿပီး အလဲလဲအၿပိဳၿပိဳျဖစ္သြားေတာ့မွာ...ဒါကိုမင္းသိရဲ႕လား??!!!"

"ဒါဆိုလဲ ထြက္သြားေတာ့!!! ေသေသ႐ွင္႐ွင္ ငါ့ကိုတစ္ေယာက္တည္းပစ္ထားလိုက္!!!!ထြက္သြားလိုက္ေတာ့!!"

နာက်င္မႈနဲ႔ ေဒါသတရားေရာေထြးေနတဲ့ ေအာ္သံနဲ႔ ေလာ္ဆန္း ေအာ္ဟစ္လိုက္တယ္။

ယြီကြၽင္းခ်န္က မတ္တပ္ထရပ္လိုက္ၿပီး ေလာ္ဆန္းကို ၾကည့္လိုက္တယ္။

"ငါတို႔ေတြလမ္းခြဲၾကရေအာင္..မင္း ေပ်ာ္႐ႊင္မႈကို
ျမန္ျမန္ ႐ွာေတြ႕ႏိုင္ဖို႔ ငါေမွ်ာ္လင့္ပါတယ္။အကယ္၍ တစ္ေန႔မွာ...."

"သြားခ်င္တယ္ဆို ျမန္ျမန္သြားလိုက္ေတာ့...အဓိပၸါယ္မ႐ွိတာေတြလာေျပာမေနနဲ႔"

ေလာ္ဆန္းက လက္က်န္ ဝိုင္ေတြကို အၿပီးသတ္ေသာက္သုံးလိုက္တယ္။

ေလာ္ဆန္းက အခုလိုလမ္းခြဲစကားအေျပာခံရတာကို သာမာန္သမီးရည္းစားၾကားက မ​ေျပလည္မႈတစ္ခုလို႔ပဲ ထင္ေနခဲ့တယ္။ ယြီကြၽင္းခ်န္ဘက္က သူနဲ႔ တကယ္ကို လမ္းခြဲဖို႔ ဆုံးျဖတ္ခဲ့တယ္ဆိုတာကို ေလာ္ဆန္း မသိခဲ့ဘူး။

အိမ္ျပန္လမ္းတစ္ေလွ်ာက္လုံးမွာ ယြီကြၽင္းခ်န္ ငိုခဲ့တယ္။သူ ေလာ္ဆန္းကို တကယ္ခ်စ္ခဲ့ပါတယ္။ဒါေပမယ့္ သူလိုခ်င္တဲ့ပန္းတိုင္ကို မေရာက္ေသးသလို၊သူလိုခ်င္တဲ့ဘဝမ်ိဳးကိုလဲဘမရေသးဘူး။ေလာ္ဆန္းကသူ႕ကိုပါ ေသတြင္းထဲဆြဲခ်ေနတဲ့ဘအတြက္ ေလာ္ဆန္းရဲ႕လက္ကို ရပ္စက္စြာျဖဳတ္ခ်လိုက္႐ုံမွတပါးအျခားမ႐ွိ.....

ေလာ္ဆန္း နာလန္ထူလာႏိူင္ရင္ေတာင္ အတိတ္ကိုျပန္မသြားႏိုင္ေတာ့တာ ယြီကြၽင္းခ်န္ သိေနတယ္။အခုေန လမ္းမခြဲျဖစ္ရင္ေတာင္ အေႏွးနဲ႔အျမန္ လမ္းခြဲၾကရမွာပါပဲ။ဒါေပမယ့္ သူတို႔က ေလာ္ဆန္းကို တုန္လႈပ္ေျခာက္ျခားေအာင္လုပ္ေနၾကၿပီး ေလာ္ဆန္းနဲ႔ လမ္းခြဲခဲ့တဲ့အတြက္ သူ႕ကိုပါ အျပစ္႐ွိသလိုခံစားရေအာင္ လုပ္ေနၾကတယ္။

ထိုညမွာပဲ.....

ေလာ္႐ိႈ႕နဲ႔ မုန္႔ရန္တို႔က ကေလးငယ္ေလးကိုေရခ်ိဳးေပးေနၾကတယ္။ေလာ္႐ိႈ႕က အေစာႀကီးကတည္းက ေရခ်ိဳးၿပီးႏွင့္ေနၿပီ။ အတြင္းခံတစ္ထည္တည္းကိုသာဝတ္ဆင္ထားတဲ့ ေလာ္႐ိႈ႕က
ကေလးငယ္ေလးအတြကိ အထူးသီးသန္႔လုပ္ေပးထားတဲ့ ေရခ်ိဳးကန္ေဘးမွာထိုင္ၿပီး ကေလးကို ခ်ိဳင္းကေန ကိုင္ေပးထားတယ္။မုန္႔ရန္ကေတာ့ ကေလးငယ္ေလးရဲ႕တစ္ကိုယ္လုံးကို ေဆးေၾကာသန္႔စင္ေပးေနတယ္။

မုန္႔ရန္က ခြန္အားကိုထိန္းၿပီး ကေလးငယ္ေလးရဲ႕ ဒူးေတြ၊ခ်ိဳင္းေတြ၊လည္ပင္းေတြကို ခပ္ဖြဖြႏွိပ္ႏွယ္ေပးေနတယ္။ကေလးငယ္ေလးရဲ႕အသားအေရက တကယ္ကို ႏူးညံ့လြန္းတာေၾကာင့္ အားနည္းနည္းထည့္လိုက္႐ုံနဲ႔တင္ ကြဲေၾကသြားႏိူင္တယ္။မုန္႔ရန္က ကေလးငယ္ေလး နာက်င္သြားမွာစိုးတဲ့ အတြက္ အထူးဂ႐ုစိုက္ေနရတယ္။

ကေလးငယ္ေလးက သက္ေတာင့္သက္သာ႐ွိလြန္းတာေၾကာင့္ေရထဲမွာ ေျခေထာက္ေလးေတြကို ကန္ကန္ၿပီး ေဆာ့ကစားေနတယ္။

"ေနရတာ အဆင္ေျပပါရဲ႕လား သခင္ေလးခင္ဗ်"

မုန္႔ရန္က ကေလးငယ္ေလးရဲ႕ ဗိုက္ပူပူေလးကို ပြတ္ၿပီး က်ီဆယ္လိုက္တယ္။

အခုလို ေလာ္႐ိႈ႕နဲ႔ အတူ ကေလးငယ္ေလးကို ျပဳစုထိန္းေက်ာင္းရတာကို မုန္႔ရန္တကယ္သေဘာက်ပါတယ္။ဒီအခိုက္အတန္႔ေလးေတြကို အမွတ္တရအျဖစ္ ထာဝရသိမ္းဆည္းထားလို႔ရတယ္။ေနာင္တစ္ခ်ိန္ အသက္ေတြႀကီးလာလို႔ ဒါေတြကို ျပန္ေျပာင္းအမွတ္ရခ်ိန္မွာ သူတို႔ေတြ ေပ်ာ္႐ႊင္န္ိဳင္ပါလိမ့္မယ္။

ေရခ်ိဳးသန္႔စင္ၿပီးတာနဲ႔ မုန္႔ရန္က ကေလးငယ္ေလးကို တသက္သန္႔သန္႔တစ္ထည္နဲ႔ ေရသုတ္ေပးလိုက္ၿပီး ကေလးငယ္ေလးရဲ႕ နီရဲေနတဲ့ ႏႈတ္ခမ္းေလးေတြကို လက္ေခ်ာင္းေလးေတြနဲ႔ ခပ္ဖြဖြေလးတို႔ထိလိုက္ၿပီး ေလာ္႐ိႈ႕ကို ေခၚသြားခိုင္းလိုက္တယ္။ေရခ်ိဳးၿပီးၿပီဆို အိပ္လို႔ရၿပီေပါ့....

မုန္႔ရန္ ေရခ်ိဳးခန္းထဲကထြက္လာခ်ိန္မွာ ကုတင္ေပၚကျမင္ကြင္းေၾကာင့္ တခဏေလာက္ေတာင့္တင္းသြားခဲ့တယ္။အိပ္ရာေပၚမွာ ေလာ္႐ိႈ႕က အတြင္းခံတစ္ထည္နဲ႔ပက္လက္ႀကီးအိပ္ေပ်ာ္ေနၿပီး ေလာ္႐ိႈ႕ရင္ဘက္ေပၚမွာ ကေလးေလးက ေမွာက္ခုံေလးအိပ္ေပ်ာ္ေနတယ္ေလ....

ဒီျမင္ကြင္းေလးက ေႏြးေထြးၿပီးၾကည္ႏူးစရာေကာင္းေနတယ္။

ခြန္အားျပည့္ဝတဲ့ခံစားခ်က္ကိုေပးစြမ္းႏိုင္တဲ့ ေလာ္႐ိႈ႕ရဲ႕ ရင္အုပ္က်ယ္ႀကီးေပၚမွာ ေဘာလုံးေလးေတြလိုေဖာင္းကားေနတဲ့ တင္ပါးေလးေတြနဲ႔ ေမွာက္ခုံကေလးအိပ္ေပ်ာ္ေနတဲ့ ကေလးငယ္ေလးကိုၾကည့္ရတာ မယုံႏိုင္ေလာက္ေအာင္ ခ်စ္ဖို႔ေကာင္းေနတယ္။ဒီသားအဖရဲ႕ အခုလိုပုံစံေလးေၾကာင့္ မုန္႔ရန္ မျပဳံးဘဲမေနႏိူင္ေတာ့ဘူးေလ....

အံဆြဲထဲက ကင္မရာကိုထုတ္ၿပီး ဒီျမင္ကြင္းေလးကို မွတ္တမ္းတင္ထားလိုက္တယ္။ၿပီးတာနဲ႔ ကုတင္ေပၚကိုတက္ၿပီး ေလာ္႐ိႈ႕ရဲ႕လက္ေမာင္းေတြကိုေခါင္းအုံးၿပီး အိပ္ေပ်ာ္ေနတဲ့ ကေလးေလးကို ၾကည့္ေနလိုက္တယ္။

ျဖစ္ႏိုင္ရင္ သူ႕သားေလးကို အသက္မႀကီးေစခ်င္ေတာ့ဘူး။ႏူးႏူးညံညံ့ေလးနဲ႔ ခ်စ္ဖို႔ေကာင္းတဲ့ သူ႕သားေလးက ေလာ္႐ိႈ႕ရဲ႕ကာကြယ္မႈေအာက္မွာ ထာဝရ႐ွိေနႏိုင္မွာမဟုတ္တာ မုန္႔ရန္သိတယ္။ဒါေပမယ့္လဲ ေလာ္႐ိႈ႕ရဲ႕ ကာကြယ္မႈေအာက္မွာ အပူအပင္ကင္းမဲ့စြာနဲ႔ သူ႕သားေလးကို ႀကီးျပင္းေစခ်င္တယ္။သူ႕အခ်စ္က တစ္ကိုယ္ေကာင္းဆန္ေနသလိုျဖစ္ေနတာကိုလဲ မုန္႔ရန္သိတယ္။

တစ္ကိုယ္ေကာင္းဆန္တဲ့အခ်စ္က သူ႕ကိုစိတ္ခ်မ္းသာေစႏိူင္ေပမယ့္ သူ႕သားေလးရဲ႕ေနာင္ေရးကိုထိခိုက္နစ္နာေစလိမ့္မယ္။ဒါ့ေၾကာင့္ နာက်င္မႈကို သည္းခံၿပီး ေလာ္႐ိႈ႕ဘက္က ကေလးငယ္ကို အမွီခိုကင္းတဲ့ အစြမ္းအစ႐ွိေအာင္ သြန္သင္ေပးတာကို သူ လက္ခံမွာပါ.....

ေလာ္႐ိႈ႕က ထထိုင္လိုက္ၿပီး ကေလးကို ကုတင္ေသးေသးေလးေပၚ ေျပာင္းသိပ္ဖို႔ျပင္လိုက္တယ္။မုန္႔ရန္က ေလာ္႐ိႈ႕ကို လွမ္းဆြဲလိုက္ၿပီး...

"ဒီမွာပဲ သိပ္လိုက္ေတာ့"

"ေသခ်ာရဲ႕လား??ခဏေန ႏိုးလာရင္္ဘယ္လိုလုပ္မလဲ??"

ေလာ္႐ိႈ႕က ေမးလိုက္တယ္။

မုန္႔ရန္က ေလာ္႐ိႈ႕ရဲ႕လည္ပင္းကိုဖက္တြယ္လိုက္ၿပီးတိုးတိုးေလးေရ႐ြတ္လိုက္တယ္။

"ျဖည္းျဖည္းလုပ္မယ္ဆို သူႏိုးမွာမဟုတ္ဘူးေလ"

ဒီအေၾကာင္းကို မုန္႔ရန္ ေလးေလးနက္နက္ စဥ္းစားေနလိုက္တယ္။ေလာ္႐ိႈ႕က လအနည္းငယ္ၾကာတဲ့အထိဘခ်ဳပ္တည္းထားရၿပီး ရံဖန္ရံခါမွသာ ခ်ိဳၿမိန္မႈကို အရသာခံခဲ့ရတယ္။စိတ္လြတ္ကိုယ္လြတ္နဲ႔သာဆို တိုက္ပြဲေတြျပင္းထန္ကုန္လိမ့္မယ္။သူေရာ ေလာ္႐ိႈ႕ေရာ ထိန္းမရေအာင္ျဖစ္ကုန္ေတာ့မွာ...အဲ့တာေၾကာင့္ ေလာ္႐ိႈ႕ ကေလးကို အိပ္ရာေျပာင္းသိပ္တာကို ဒီအတိုင္းခြင့္ျပဳေပးလိုက္တယ္။

ေလာ္႐ိႈ႕က ကေလးငယ္ေလးကို သူတို႔ရဲ႕ကုတင္ေဘးမွာ႐ွိတဲ့ ကုတင္ေသးေသးေလးေပၚလွဲသိပ္လိုက္​ၿပီး ဗိုက္ပူပူေလးအထိလုံေအာင္ ေစာင္ျခဳံေပးလိုက္တယ္။ကေလးငယ္ေလးရဲ႕ ကုတင္ေဘးက လိုက္ကာေလးကိုဆြဲခ်ေပးလိုက္ေသးတယ္။ထို႔ေနာက္ ကုတင္ေပၚကို ျပန္သြားလိုက္ၿပီး မုန္႔ရန္ ကို တက္ဖိထားလိုက္တယ္....

……………………………………

မုန္႔ရန္ ခါးနာေနတာေၾကာင့္ ေနာက္တစ္ေန႔ေန႔လာ္အထိ အိပ္ရာထဲကေန မထႏိူင္ခဲ့ဘူး။ကေလးကိုခ်ီဖို႔ေတာင္ အားမ႐ွိေတာ့ဘူး။ဆိုဖာေပၚမွာ ထိုင္ၿပီး ကေလးကို နာနီေတြကို ေခၚလာခိုင္းလိုက္ရတယ္။သိပ္မၾကာခင္ ေက်ာင္းျပန္တက္ရေတာ့မွာျဖစ္တာေၾကာင့္ ရတဲ့အခ်ိန္ေလးမွာ သားျဖစ္နဲ႔ အတူ႐ွိေန႐ွိခ်င္တယ္ေလ...

မုန္႔ရန္ စာသင္ေနတဲ့အခ်ိန္မွာ ကေလးကိုေလာ္႐ိႈ႕နဲ႔အတူ Company ကိုေခၚထားၿပီး ေလာ္႐ိႈ႕အလုပ္လုပ္ေနခ်ိန္မွာ မုန္႔ရန္က ကေလးကိုေခၚထားဖို႔ တိုင္ပင္ထားၾကၿပီးၿပီ...မုန္႔ရန္ေက်ာင္းဆင္းတာနဲ႔ Company ကိုသြားၿပီး ႐ုံးခန္းထဲမွာ ကေလးထိန္းရင္း စာေလ့လာမွာ ျဖစ္တယ္......

Continue Reading

You'll Also Like

41.2K 3.6K 200
ကောင်းကင်မှာ ပျံဝဲမည့် စစ်ဘုရင် War Sovereign Soaring The Heavens( ကောင်းကင်မှာ ဝဲပျံမည့် စစ်ဘုရင် ) မူရင်းရေးသူ - Feng Qin Yang ဘာသာပြန်သူ - Tai...
392K 59.1K 200
ဒါလေးက အရမ်းကံဆိုးလွန်းတဲ့ ဇာတ်လိုက်အကြောင်းပါ .... ကံဆိုးလွန်းပေမဲ့ အားလုံးက သူ့ကို ကံကြမ္မာသားတော် ထင်နေတဲ့အခါ ... သူတော်စင်ရာထူးကိုလဲ အလွယ်လေး ရသ...
545K 74.8K 111
Author: ကျွေ့ယို့ဟောဖန် Total: 89chapters + 17Extras E'translators: Penhappy(1- 43) and cheerio translation(44 -106) B'translator: JLicz This is jus...
110K 15.4K 127
Description မရေးတော့ဘူနော်။ရေးရင် တင်မရတော့လို့။ IQ team ထံမှ တစ်ဆင့်ပြန်တင်ပြီးဖော်ပြဖို့ ခွင့်ပြုချက်ရပြီးသားပါရှင့်။ဒီစာစဥ်လေးက IQ team အပိုင်ဖြစ်...