<Unicode>
အခန်း (၂၇ ) - ကျိုးကျိုး ကိုယ် မင်း အကူအညီလိုတယ်
လော့ကျိုးကျိုးသည် ကားထဲမှ ထွက်ထွက်ချင်းပင် အပြင်နှင့် အထဲ အအေးကွာခြားမှုကြောင့် တုန်ယင်တက်သွားရသည်။ ညဘက်သို့ ရောက်နေသည့်အပြင် အမိုးအကာ မရှိသော ဟင်းလင်းပြင်ကျယ်ဖြစ်လေရာ အပူချိန်မှာ သိသိသာသာပင် ထိုးကျနေသည်။ ဤနေရာတွင် ရှိသည်ကား လေအဟုန်နှင့်အတူ ယိမ်းထိုးနေကြသော မရိတ်သိမ်းရသေးသည့် ဂျုံစပါးပင်အကိုင်းများသာ။ လယ်မြေတစ်ခုထဲတွင်မူ မီးအလင်းများ ဖြာထွက်လျက် လူအတော်များများလည်း ရှိနေပြီး ဝေါ်ကီတော်ကီအသံတို့ပါ ကြားနေရ၏။
"ချူဖုန်း ဒီမှာ" ကားရပ်သံသည် လူများထံမှ အာရုံကို ရသွားကာ တစ်ယောက်က လက်ထောင်၍ ချူဖုန်းကို ခေါ်လိုက်သည်။ အသံအရတော့ ချန်စီဟန်ဖြစ်ပုံပင်။
"ဗိုလ်ချုပ်ချူ"
"မင်္ဂလာပါ ဗိုလ်ချုပ်ချူ"
လူအုပ်ကြီးက နှုတ်ဆက်ကြသည်။
လော့ကျိုးကျိုးသည် အသံလာရာဘက် သွားရန် ပြင်လိုက်ရာ ချူဖုန်းက လှမ်းတားသည် "ခဏနေဦး"
သူ ရပ်လိုက်သော် ခန္ဓာကိုယ်ပေါ် နွေးထွေးသော ကုတ်တစ်ထည် ရောက်လာချေသည်။ အဖြူရောင် ရှပ်ကိုသာ ဝတ်ဆင်ထားသော ချူဖုန်းသည် သူ့ နံဘေးမှ ဖြတ်သွားရင်း ဆိုသည် "သွားကြမယ် အောက်ကို ကြည့်လျှောက်ဦး"
လော့ကျိုးကျိုးသည် ကိုယ်ပေါ် လွှမ်းခြုံထားသော ယူနီဖောင်းအား တင်းကြပ်နေအောင် ဆွဲစေ့ကာ နောက်ကနေ လိုက်ခဲ့လေသည်။ ကုတ်အင်္ကျီသည် ကြီးမား၍ ချူဖုန်း၏ ခန္ဓာအပူငွေ့များ ကျန်နေသေးလျက် မိုးသွန်းရွာပြီးစ သစ်တောရနံ့လေးမျိုး စွန်းထင်နေလေသည်။ ဤသည်ကား ဖယ်ရိုမုန်းနံ့မဟုတ်ပဲ ရေမွှေးအနံ့ ဖြစ်မည်ဟု သူ ထင်မိသည်။
လော့ကျိုးကျိုးသည် ခေါင်းကို ပို တိုးငုံ့၍ ကော်လံအနား နှာခေါင်းကပ်လျက် ရှုရှိုက်ကြည့်ရာ ရင်းနှီးနေကျ ဖယ်ရိုမုန်းရနံ့အား တစ်ချက်ရပြီးနောက် ခဏတွင်းချင်းမှာပင် ပျောက်ကွယ်သွားလေသည်။ သူ နှလုံးခုန် မြန်သွားရကာ ပို၍ အနံ့လိုက်ခံကြည့်မိသည်။
"ဘာလုပ်နေတာလဲ ပါပီလေးကျနေတာပဲ" ချူဖုန်းသည် သူ့ကို ရပ်စောင့်ရင်း မေးသည်။
လော့ကျိုးကျိုးသည် လူမိသွားသဖြင့် ရှက်ကာ သွက်သွက်ပင် အနောက်က အမှီလိုက်ရတော့သည်။
လယ်ခင်းသည် လမ်းမနှင့် သိပ်မဝေးချေ။ ကိုင်းပင်များမှာ ကျိုးပဲ့ကြေနေကြသည်။ အခင်းဖြစ်ရာနေရာအား ရဲသုံး ကော်ဒွန်များဖြင့် ကာရံထားကာ ရွာသားပုံစံရသော လူများကို ရဲအချို့က မေးခွန်းများ ထုတ်နေကြသည်။
"စုံထောက်ကြီး ကျွန်တော် တကယ် လန့်နေပြီဗျာ"
"ညစာစားပြီးတော့ တောင်ရိုးတစ်လျှောက် လျှောက်ပြီး ကျွန်တော့် လယ်ခင်းလေးကို လာကြည့်တာ ဖြူစွတ်နေတဲ့ လူတစ်ယောက် လဲကျနေတာ မြင်လိုက်ရတာပဲ ကျွန်တော်က အစကတော့ သူတောင်းစားအဖိုးကြီး လာအိပ်နေတာထင်လို့ အော်နှိုးကြည့်သေးတယ် မလှုပ်လာတော့မှ သွားကြည့်လိုက်တော့ ကျွန်တော့်မှာ ကြောက်လွန်းလို့ မြေကြီးပေါ် ဖင်ထိုင်လဲကျတယ်"
_
ရဲအရာရှိများသည် ချူဖုန်း ရောက်လာကြောင်းကို မြင်ရာ လမ်းဖယ်ပေးကာ အလေးပြုကြသည်။ နောက်က ကပ်ပါလာသော လော့ကျိုးကျိုးကိုလည်း ပုန်းလျှိုးကွယ်လျှိုးနှင့် ကြည့်ကြသည်။ ကော်ဒွန် ဝင်ပေါက်နားသို့ ရောက်သော် ချူဖုန်းက လော့ကျိုးကျိုးအား ပြောသည် "ဒီမှာ စောင့်နေ"
လော့ကျိုးကျိုးသည် ပြုံး၍ သူ့စကားအတိုင်း ရပ်ကျန်နေခဲ့သည်။
ချူဖုန်းသည် ရှေ့သို့ ခြေလှမ်းအနည်းငယ် တိုးလျှောက်ပြီးသော် နောက်ပြန်လှည့်လာကာ လက်ဆန့်၍ လော့ကျိုးကျိုးအား ကော်ဒွန်နား ဆွဲကပ်လိုက်ကာ ယူနီဖောင်းအား ကြယ်သီးတပ်ပေးသည်။
"ကျစ်ကျစ်ကျစ်" မလှမ်းမကမ်းမှ မြေကြီးပေါ် ဒူးကွေးထိုင်နေသော ချန်စီဟန်သည် တကျစ်ကျစ်နှင့် စုတ်သပ်သည် "ဘယ်သွားသွား အမြှီးလေးတစ်ချောင်းနဲ့ မနာလိုချင်စရာ ကောင်းလိုက်တာ"
အနားမှ ရဲအရာရှိများကလည်း အကြောင်းသိစွာ ပြုံးစစဖြစ်ကုန်ကြသည်။
လော့ကျိုးကျိုးသည် ချန်စီဟန်အား မြင်ရာ သူ မည်ကဲ့သို့ မိတ်ဖက်မှားမှတ်ထင်ခဲ့ကြောင်း ပြန်တွေးမိကာ မမြင်ချင်ယောင်ဆောင်လျက် အကြည့်လွှဲထားလိုက်သည်။
"ငါ့ကို အသေးစိတ်တွေ ပြောပြ" ချူဖုန်းသည် နံဘေးရှိ ရဲထံမှ လက်အိတ်တစ်စုံကို ယူလိုက်ကာ ဝတ်ရင်းမှ ချန်စီဟန်အား မေးသည်။
ရဲအချို့က လမ်းဖယ်ပေးကာ အလယ်မှ ကောက်ရိုးပုံကို ပြလိုက်သည်။
ကိုယ်လုံးတီး ဖြစ်နေသော ယောက်ျားခန္ဓာကိုယ်တစ်ခုက လဲကျနေချေသည်။
ချန်စီဟန်သည် အကျိုးအကြောင်း ရှင်းပြရင်း စိတ်ဓာတ်ကျနေပုံပင် "ကွယ်လွန်သူရဲ့ အချက်အလက်တွေကိုတော့ ဒေတာဘေ့စ်ထဲက ထုတ်ကြည့်ပြီးပြီ လင်းဝမ်ချိုင် အိုမီဂါ ယောက်ျားလေး အသက် ၁၈ နှစ် အလေရှာရဲ့ ပင်းအန်မြို့က 'မီးလျှံနက်' ဆိုတဲ့ ဘားတစ်ခုမှာ ဝိတ်တာလုပ်နေတာ သေဆုံးချိန်က မနေ့ည ကိုးနာရီ သက်သေတွေအရတော့ ဒါက အခင်းစဖြစ်တဲ့ နေရာပဲ"
"အလေရှာက 'မီးလျှံနက်' ဘား?" ချူဖုန်းသည် ဒူးကွေးထိုင်ချကာ အလောင်းကို စစ်ကြည့်လိုက်သည်။
"ဟုတ်တယ် အဲ့ဘား"
"ပင်းအန်မြို့နဲ့ ဒီနေရာနဲ့က အဝေးကြီးကို ဘာလို့ ဒီမှာ အသတ်ခံရတာလဲ"
"အသေးစိတ်ကတော့ သေချာမသိရသေးဘူး သေဆုံးသူရဲ့ ကျောပိုးအိတ်ထဲမှာတော့ ပုံမှန်မဟုတ်တဲ့ ပစ္စည်းတွေ တွေ့တယ်" ချန်စီဟန်က ဆိုသည် "ဒီနားမှာ ပျော်ဘွယ်တောဆိုတဲ့ ရွာတစ်ရွာ ရှိတယ် ရွာသားတွေက သံသယရှိတဲ့ လူရော သေဆုံးသူကိုရော ဒီနှစ်ရက်အတွင်း မတွေ့မိဘူးလို့ ထွက်ဆိုထားတယ်"
"သေရတဲ့ အကြောင်းရင်းကရော" ချူဖုန်းက မေးသည်။
"အရင်ကေ့စ်တွေ အတိုင်းပဲ လည်သွေးကြောကို ဓားတစ်ချောင်းနဲ့ လှီးထားတယ် အဲ့ဒါကလွဲပြီး အခြားဒဏ်ရာကိုတော့ မတွေ့ရဘူး အသက်ရှိတုန်း မုဒိမ်းကျင့်ခံထားရတယ် မျိုးပွားလမ်းကြောင်းထဲမှာလည်း knot ထားတဲ့ အရိပ်အယောင်တွေ တွေ့တယ် အဲ့တော့ လူသတ်သမားက အယ်လ်ဖာပဲ သုတ်ရည်ကို စစ်ကြည့်တာ ဖယ်ရိုမုန်းနံ့ မရှိဘူး ဒေတာဘေ့စ်ထဲမှာလည်း ပတ်သက်တဲ့ ဒေတာမရှိဘူး"
ချူဖုန်းသည် လက်အိတ်စွပ်ထားသော လက်ဖြင့် လူသေအလောင်း၏ အရေပြားကို ဖိကြည့်ရင်း မျက်နှာသွင်ပြင်က လေးနက်နေ၏ "အခြားလူတွေလိုပဲ ဒဏ်ရာတွေ ရှိနေပါတယ်"
ချန်စီဟန်က ပြောသည် "ငါ့အထင် ရှေ့လူတွေလိုပဲ သေပြီးမှ ဖြစ်ထားတဲ့ ဒဏ်ရာတွေနေမယ်"
ချူဖုန်းသည် စဥ်းစားကြည့်လိုက်ပြီးနောက် ကော်ဒွန်နား လျှောက်သွားလေသည်။ လော့ကျိုးကျိုးသည် သူ ထားခဲ့သော နေရာမှာပင် မတ်မတ်ရပ်လျက် ခြေတစ်လှမ်းမှ မရွေ့။ လုပ်စရာလည်း မရှိသည်မို့ အကြည့်တို့က ချူဖုန်းထံတွင်သာ စွဲကပ်နေ၏။
ချူဖုန်းသည် သူ့အနား လျှောက်လာကာ "ကျိုးကျိုး"
လော့ကျိုးကျိုးသည် 'ဟင်' ဟု ပြန်ထူး၍ မေးသည် "ပြန်တော့မှာလား"
ချူဖုန်းက ခေါင်းခါသည် "ကိုယ် ပြန်လို့မရသေးဘူး မင်းဆီက အကူအညီတစ်ခု တောင်းစရာရှိလို့"
"အိုကေလေ" လော့ကျိုးကျိုးက ဖြေသည်။
ချူဖုန်းက စကားစရပ်ကာ မှတ်ချက်ပြုသည် "ကိုယ် ဘာအကူအညီတောင်းမလို့လဲတောင် မသိရသေးဘူးလေ"
လော့ကျိုးကျိုးက ဆိုသည် "အာ့ဆိုလည်း အခု ပြောပြလေ"
ချူဖုန်းသည် သူ့ဦးခေါင်းကို ပုတ်ချင်ပုံရသည်။ သို့သော် လက်မြှောက်လိုက်ပြီးနောက် လက်အိတ်ကို မြင်ကာ ပြန်အောက်ချသွားသည် "ကျိုးကျိုး တကယ်လို့ အလောင်းကြီးကို မြင်ရရင် ကြောက်မှာလား"
အရင်တခေါက်က ရင်ခွဲရုံတွင် လော့ကျိုးကျိုးသည် တည်တည်ငြိမ်ငြိမ်ပင် တုံ့ပြန်ခဲ့သော်ငြား ထိုအချိန်မျိုးနှင့် ယခုလို လောလောလတ်လတ် လူသေထားခဲ့သော အခင်းဖြစ်ရာနေရာနှင့် နှစ်ခုအခြေအနေများက ကွာခြားမှာပင်။
လော့ကျိုးကျိုးက ခေါင်းခါပြသည် "မကြောက်ပါဘူး"
"တကယ် မကြောက်ဘူးလား" ချူဖုန်းက သိပ်မသေချာပေ။
"တကယ် မကြောက်ဘူး" လော့ကျိုးကျိုးက နားမလည်နိုင်ပေ။ လူသေတစ်ယောက်ကို ကြောက်စရာ ဘာရှိမည်တဲ့လဲ။ သူ့အနေဖြင့် သမန်းဝံပုလွေတောင် မကြောက်ခဲ့ရာ လူသားတစ်ယောက်အား ကြောက်ဖို့ ဝေလာဝေးပင်။ အနှီလူသားကား လူသေလည်း ဖြစ်နေသေးသည်။
"ပြီးရောလေ အာ့ဆို ကြောက်လာတယ်ဆို ကိုယ့်ကို ပြောနော်" ချူဖုန်းသည် လက်အိတ်များကို ချွတ်ကာ နံဘေးမှ ကတ်ထူဘူးအလွတ်ထဲ လွင့်ပစ်လိုက်သည်။
ကတ်ထူဘူးလွတ်ဘေးမှ မြေပြင်ထက်တွင်တော့ သေဆုံးသူ၏ ကျောပိုးအိတ်၊ စုတ်ပြဲနေသော အဝတ်အစား စသဖြင့် သက်သေများအား အိတ်ကြည်များထဲ ထည့်သိမ်း၍ ရဲများက စောင့်ကြပ်နေသည်။ အခင်းနေရာသို့ ဝင်ပေါက်သည် မလှမ်းမကမ်းတွင် ရှိနေသဖြင့် လော့ကျိုးကျိုးသည် ထိုသို့ သွားရန်ပြင်လိုက်သော်လည်း ချူဖုန်းသည် သူ့အား ချိုင်းကြားမှနေ ပင့်ချီ၍ ဆွဲမလိုက်လေသည်။
လော့ကျိုးကျိုးသည် ရုတ်တရက်ပင် လေထဲ မြောက်တက်သွားရရာ အလန့်တကြားဖြင့် သူ့ကို မချီထားသော လက်အား ဆွဲကိုင်လိုက်မိသည်။
ချူဖုန်းသည် သူ၏ တစ်ကိုယ်လုံး တောင့်တင်းနေမှန်း သိရာ အားပေးသည် "မကြောက်နဲ့ မပြုတ်ကျဘူး"
ပါးလျသော ရှပ်အင်္ကျီအောက်မှ လက်မောင်းနှစ်ဖက်ကား နွေးထွေးကျစ်လျစ်လျက် အပူငွေ့များထုတ်လွှတ်ပေးနေချေသည်။ လော့ကျိုးကျိုး၏ နှလုံးသားမှာ ဝုန်းဒိုင်းကြဲ၍ စိတ်တိုင်းကျပင် ကစုန်ဆိုင်း ခုန်နေတော့သည်။ ချူဖုန်းသည် ခြေတံတစ်ချောင်းစာ အမြင့်ရှိသော ကော်ဒွန်အထက်မှနေ သူ့ကို ကျော်ချီကာ တစ်ဖက်မြေပြင်ပေါ် ချပေးသည်။
လယ်ခင်းသည် ဂျုံပင်များဖြင့် ပြည့်လျက် လမ်းလျှောက်ခက်လှသည်။ ချူဖုန်းသည် လော့ကျိုးကျိုး လက်ကို ဖမ်းကိုင်ကာ ရှင်းပြသည် "ကျိုးကျိုး သူ့ကိုယ်ပေါ်မှ ဒဏ်ရာတွေ ရှိနေတယ် သေပြီးမှ ဖြစ်တာ ဟုတ်မဟုတ် စစ်ပေးပါ"
လော့ကျိုးကျိုးသည် 'အင်း' ဟု သဘောတူကာ လက်ကို အောက်ငုံ့ကြည့်သည်။ ချူဖုန်းသည် လက်ဖဝါးဖြင့် သူ၏ လက်အား ထွေးအုပ်ရုံ ဆုပ်ကိုင်လျက် ခွန်အား အရမ်းမထည့်ထားချေ။ သို့ဖြစ်ရာ သူ အနည်းငယ်မျှ ရုန်းလိုက်ရုံဖြင့် လွတ်ထွက်သွားလောက်သည်။ လော့ကျိုးကျိုးသည် စိတ်မကျေနပ်ပေ။ သို့ဖြစ်ရာ လက်ချောင်းများကို ဆန့်ကာ ချူဖုန်း၏ လက်ချောင်းများကြား အံဝင်ခွင်ကျသွားအောင် ထည့်ပြီးနောက် တင်းကြပ်စွာ ဆုပ်ကိုင်လိုက်လေတော့သည်။
ယခုတော့ သူတို့ လက်များ လွတ်ထွက်စရာအကြောင်း မရှိတော့။
ချူဖုန်းသည် ခြေလှမ်းတန့်သွားသော်ငြား ဘာမှ မပြောလာသလို လက်လည်း ပြန်မရုပ်သွားခဲ့။ နှစ်ယောက်သား လက်များ တွဲချိတ်လျက်သားပင် အလောင်းဆီ လျှောက်လာခဲ့လေသည်။
ချန်စီဟန်သည် ချူဖုန်းမှ လော့ကျိုးကျိုးအား သွား ခေါ်လာကြောင်း မြင်ကာ အကြည့်တို့သည် နှစ်ဦး၏ လက်တို့အပေါ် ကျရောက်သွားပြီးသကာလ မှန်ပြင်နောက်ကွယ်မှ မျက်လုံးတို့တွင် အရောင်ထတောက်လာတော့သည်။
"လောင်ချူ မင်း တကယ်ကြီး.....အခြေချတော့မယ်ပေါ့လေ" ပြောပြီးနောက် သွားကိုက်သကဲ့သို့ ပင့်သက်ရှိုက်သံ လုပ်ပြသည်။
ချူဖုန်းသည် သူ့ကို လျစ်လျူရှုကာ လော့ကျိုးကျိုးအား ပြောလိုက်သည် "ကြည့်ကြည့်"
လော့ကျိုးကျိုးသည် အလောင်းအား ဦးထိပ်မှနေ ေခြမထိတိုင် အသေအချာ ဆန်းစစ်ကြည့်သည်။ ချူဖုန်းသည် သူ၏ မျက်နှာသွင်ပြင်အား အကဲခတ်နေရာ ကြောက်လန့်ဟန် ရွံရှာဟန်များ မရှိကြောင်း တွေ့မှသာ သက်ပြင်းချတော့သည်။
အလောင်းကား ရှေ့လူတွေအတိုင်း ကိုယ်ပေါ်တွင် သွေးခြေဥရာများ ပြန့်ကြဲနေသည်။
"ဒီနှစ်ခုက ေသဆုံးပြီး ငါးမိနစ်အတွင်း" လော့ကျိုးကျိုးက လက်မောင်းပေါ်မှ သွေးခြေဥဒဏ်ရာနှစ်ခုအား ထိုးပြသည်။ ထို့နောက် နဖူးကို ညွှန်ကာ "ဒီတစ်ခုကကျ ငါးမိနစ်ထက် နည်းနည်းပိုတယ်"
သို့သော် နဖူးတွင် ရှင်းလင်းနေကာ ဘာအမှတ်အသားမှ ရှိမနေ။
ချန်စီဟန်အပါအဝင် အနီးအနားမှ ရဲအရာရှိများမှာ ဆွံ့အလျက် သူ့အား ကြောင်ငေးကြည့်နေကြချေသည်။
လော့ကျိုးကျိုးသည် ချူဖုန်းဘက် လှည့်ကာ "ကျွန်တော်သူ့ နောက်ကျောဘက်ကိုလည်း ကြည့်ချင်တယ်"
"အင်း" ချူဖုန်းသည် ခေါင်းညိတ်၍ အနားရှိ လူများကို ခိုင်းလိုက်သည် "အလောင်းကို မှောက်လိုက်"
အကုန်လုံးမှာ လော့ကျိုးကျိုး၏ ရုတ်တရက်မှတ်ချက်များကိုရော ချူဖုန်း၏ အလေးအနက်ထား နာခံမှုကိုရော အံ့အားသင့်နေကြရသည်။ အနှီ ပိန်ပိန်ပါးပါးနှင့် ချူချာဟန်ပေါက်သော အိုမီဂါလေးသည် သူတို့ နားမလည်နိုင်သည့် အကြောင်းအချို့ကို သိရှိထားသည်ပဲလား။
ရဲအရာရှိများသည် တစ်ယောက်မျက်နှာကို တစ်ယောက်ကြည့်လိုက်ကြသော်ငြား မကန့်ကွက်ဝံ့ရာ လက်အိတ်ဝတ်လျက် အလောင်းကို မှောက်ခုံလှဲလိုက်ကြလေသည်။ ချန်စီဟန်ကမူ တစ်ခုခုထပြောရန် ဟန်ပြင်လိုက်သော်လည်း အဆုံးတွင်မူ ခေါင်းတယမ်းယမ်းသာ လုပ်နေချေသည်။
အလောင်းအား တစ်ဖက်လှန်ပြီးသော် ဘယ်ညာ ပေါင်ခြံများတွင် ဒဏ်ရာနှစ်ခုသည် မြင်ကွင်းထဲ ထင်ထင်ရှားရှား ပေါ်လာတော့သည်။ လော့ကျိုးကျိုးသည် တစ်ချက်သာ လှမ်းကြည့်လိုက်ပြီးနောက် မှတ်ချက်ချသည် "ဒါတွေက သေဆုံးပြီး ငါးမိနစ်အတွင်း"
"ကောင်းပြီလေ မင်းတို့ ဒီ အနားတဝိုက် ပိုက်စိပ်တိုက် ရှာကြည့်ကြ ဘာမှ မတွေ့ရင် အလောင်းကို ပြန်သယ်ဖို့ ပြင်ကြတော့" ချူဖုန်းက ရဲများကို ညွှန်ကြားသည်။
ချန်စီဟန်သည် တစ်ခုခုတော့ လွဲနေပြီမှန်း ခံစားမိရာ မေးသည် "ချူဖုန်း မင်း ဘာတွေ လုပ်နေတာလဲ"
ရဲများမှ ခန္ဓာကိုယ်အား အလောင်းသယ်အိတ်ထဲ ထည့်နေကြချိန်တွင် ချူဖုန်းသည် လော့ကျိုးကျိုးအား နောက်သို့ အနည်းငယ် ဆုတ်ခိုင်းလိုက်ကာ ရှင်းပြသည် "အရင်တစ်ခေါက်က ဒဏ်ရာတွေအကြောင်းကို ကျိုးကျိုးပဲ ရှာတွေ့လာတာ"
"......ဒါပေမယ့် သူပြောတာ နဖူးမှာလည်း ဒဏ်ရာ ရှိတယ်ဆို"
"အရင်ကလည်း ရှာမတွေ့တဲ့ ဒဏ်ရာတွေကို ကျိုးကျိုး ပြမှ ပြန်စစ်ဆေးကြည့်တော့ တကယ်ရှိနေကြတယ်လေ ခုနက သူ ပြောတဲ့ နဖူးက ဒဏ်ရာကို လက်မောင်း နှစ်ဖက် ခြေထောက် နှစ်ဖက်က ဒဏ်ရာတွေနဲ့ ဆက်ကြည့်ရင် ကွက်တိ ငါးခုပဲ နောက်ပြီး အရင်အလောင်းတွေကလိုပဲ ပဥ္စဂံပုံ ထွက်တယ်"
ချန်စီဟန်သည် ဘေးတွင် ရပ်နေသော လော့ကျိုးကျိုးကို ကြည့်ကာ အံ့အားသင့်သွားသည် "အဲ့လောက် တော်တယ်လား"
"အင်း တကယ်တော်တယ်" ချူဖုန်းကလည်း သဘောတူစွာ ေခါင်းညိတ်သည်။
"အဲ့ဒါတွေ သူ ဘယ်လို မြင်သတုံး"
ချူဖုန်းသည် ဟိုဒီကြည့်ပြီးနောက် လေသံကို နှိမ့်ချလျက် ဖြေသည် "အဲ့ဒါ ဗန်ပိုင်းယားမျက်လုံး လို့ ေခါ်တဲ့ ပါရမီကြောင့်"
လော့ကျိုးကျိုးသည် ချူဖုန်းအား ပီတိဖြစ်စွာ ကြည့်ရင်း တစ်ဖက်တွင်လည်း စိုးရိမ်သွားမိသည်။ ချူဖုန်းက နှစ်သိမ့်သည် "ရတယ် သူ နားမလည်ဘူး ဒီကောင်က ငတုံး"
"ဘာကိုလဲ" ချန်စီဟန်ကား စိတ်ရှုပ်ထွေးသွားပုံ ပေါ်၏။
ထိုအမေးအတွက် အဖြေစကား ဆိုသူ မရှိ။ ချန်စီဟန်က မေးခွန်းထပ်ထုတ်သည် "ကျိုးကျိုးက ဒီလောက် တော်တာ ကျောင်းမှာ ဘာအလုပ်လုပ်ရလဲ"
ချူဖုန်းသည် လော့ကျိုးကျိုးအား အပြင်ဘက် ခေါ်ထုတ်သွားရင်း ဖြေသည် "သန့်ရှင်းရေး"
ချန်စီဟန်သည် ထပ်မံ၍ နှုတ်ဟမလာတော့။ ခဏကြာမှ အနောက်ကနေ ပြေးလိုက်လာ၏။
ချူဖုန်းသည် SUV ထံ ပြန်လျှောက်လာပြီးနောက် ပါစင်ဂျာတံခါးအား ဖွင့်၍ လော့ကျိုးကျိုးကို ဝင်ထိုင်စေသည်။ တံခါးပိတ်ပြီးသော် ချန်စီဟန်အား လှည့်ကြည့်သည်။
"သေဆုံးသူဟာ မြို့တော်ကနေ မိုင်နဲ့ချီ ဝေးတဲ့နေရာမှာ အသတ်ခံထားရတယ် တကယ်လို့ လူသတ်သမားက ပြန်ပေးဆွဲလာတာဆိုရင် ရုန်းရင်းဆန်ခတ် မဖြစ်ရင်တောင် ကြိုးတုပ်ထားတဲ့ အရာမျိုး ရှိနေရမှာကို အခုက အသတ်ခံရတဲ့ ဒဏ်ရာတစ်ခုတည်း ရှိနေတယ် သူ မနေ့ညတုန်းက ပုံမမှန်တဲ့ အမူအရာများ ရှိနေသလားလို့ သူနဲ့ ရင်းနှီးတဲ့ လူတွေဆီမှာ တစ်ချက် စုံစမ်းကြည့်လိုက်"
"ဒါဆို ငါ ပြန်လိုက်မယ် သူ့ အနားတဝိုက်က လူအကုန်လုံးကို မေးခွန်းထုတ်ဖို့ ဌာနမှာ ခေါ်ထားပြီးပြီ" ချန်စီဟန်က ပြောသည်။ ချူဖုန်းမှ ဒရိုင်ဘာခုံထဲ ဝင်၍ ကားစက်နှိုးလိုက်သော် လှမ်းမေး၏ "မင်းရော ဘာလုပ်မှာလဲ"
ချူဖုန်းသည် အဖြေမပြုသေးပဲ လမ်းကျဥ်းလေးထဲတွင် ကားကို ကျွမ်းကျင်စွာ နောက်ပြန်ကွေ့လိုက်သည်။ ပြီးမှ ချန်စီဟန်နား ဖြတ်သွားရင်း ဖြေသည် "ဒီအမြှီးလေးကို အိမ်ပြန်ပို့လိုက်ဦးမယ်"
လော့ကျိုးကျိုးသည် အပြန်လမ်းတွင် အိပ်ပျော်သွားကာ ရုတ်တရက် ကားရပ်သွားမှ နိုးလာတော့သည်။ မျက်လုံးများကို ပွတ်သပ်လိုက်ကာ အိပ်ချင်မူးတူးဖြင့် မေးလေသည် "ရောက်ပြီလား"
ချူဖုန်းသည် ပြန်မဖြေပဲ ကားပြတင်းမှန်အပြင်ဘက်သို့ ကြည့်နေလေသည်။ လော့ကျိုးကျိုးသည် ထိုအခါမှသာ အပြင်တွင် အလင်းရောင် ကင်းမဲ့နေလျက် နှစ်ဦးသား လမ်းမပေါ်၌သာ ရှိသေးကြောင်း သတိပြုမိတော့ချေသည်။
"ကျိုးကျိုး ကားထဲမှာပဲ နေခဲ့ ကိုယ် တစ်ချက်သွားကြည့်လိုက်ဦးမယ်"
လော့ကျိုးကျိုးက မေးသည် "ဘာဖြစ်လို့လဲ"
"ဒီနားမှာ ကားမီး လင်းသွားတယ် ကိုင်းပင်တွေက ပြတ်နေပြီးတော့ ကား သွားထားတဲ့ အရာမျိုးလည်း ရှိနေတယ်" ချူဖုန်းက အတိုချုံးကာ ရှင်းပြသည် "ကိုယ် သွားကြည့်ဦးမယ်" ကားထဲမှ ထွက်ကာ တံခါးပိတ်လိုက်ပြီးသော် စိတ်မချစွာ ထပ်သတိပေးပြန်သည် "လော့ခ်ချပြီး ကားထဲမှာပဲ ထိုင်နေနော် အပြင်လျှောက်မထွက်နဲ့"
လော့ကျိုးကျိုးက ခေါင်းခါပြသည် "မထွက်ပါဘူး"
"အင်း ကိုယ် ခုချက်ချင်း ပြန်လာခဲ့မယ်" ချူဖုန်းသည် ပြောပြီးနောက် တာမီနယ်မှ မီးကို ဖွင့်၍ မှောင်မိုက်နေသော လယ်ကွင်းများထဲ တိုးဝင်သွားတော့သည်။
လော့ကျိုးကျိုးသည် အလှမ်းတစ်နေရာမှ မီးအလင်းအား ရပ်လိုက် ရှေ့ဆက်လိုက် သွားနေသည်ကို ပြတင်းပေါက်ကနေ လှမ်းငေးကြည့်လျက် ချူဖုန်း စကားအတိုင်း ကားထဲတွင် မလှုပ်မယှက် ထိုင်နေမိသည်။
တိတ်ဆိတ်သော ကားအတွင်း သူ့ အသက်ရှုသံတစ်ခုကိုသာ ကြားနေရ၏။ ချူဖုန်းထံမှ တာမီနယ်အလင်းရောင် စိုက်ခင်းထဲ ပျောက်ကွယ်သွားမှ သူ ခေါင်းပြန်လှည့်လာတော့သည်။ ရှေ့လှည့်လိုက်ချင်းပင် ရှေ့လမ်းထက်တွင် လှုပ်ရှားနေသော လူရိပ်တစ်ခုအား မြင်တွေ့လိုက်ရလေသည်။
တစ္ဆေဝိဉာည်တစ်ကောင်အလား ထိုအရိပ်သည် ကားရှိရာသို့ တဖြည်းဖြည်းချင်း ချည်းကပ်လာတော့ချေ၏။
_____
Notes Corner
ကော်ဒွန် - ရဲတွေက အခင်းဖြစ်တဲ့နေရာကို ပိတ်ကာထားတဲ့ တိပ်မျိုး
______
<Zawgyi>
အခန္း (၂၇ ) - က်ိဳးက်ိဳး ကိုယ္ မင္း အကူအညီလိုတယ္
ေလာ့က်ိဳးက်ိဳးသည္ ကားထဲမွ ထြက္ထြက္ခ်င္းပင္ အျပင္ႏွင့္ အထဲ အေအးကြာျခားမႈေၾကာင့္ တုန္ယင္တက္သြားရသည္။ ညဘက္သို႔ ေရာက္ေနသည့္အျပင္ အမိုးအကာ မရွိေသာ ဟင္းလင္းျပင္က်ယ္ျဖစ္ေလရာ အပူခ်ိန္မွာ သိသိသာသာပင္ ထိုးက်ေနသည္။ ဤေနရာတြင္ ရွိသည္ကား ေလအဟုန္ႏွင့္အတူ ယိမ္းထိုးေနၾကေသာ မရိတ္သိမ္းရေသးသည့္ ဂ်ဳံစပါးပင္အကိုင္းမ်ားသာ။ လယ္ေျမတစ္ခုထဲတြင္မူ မီးအလင္းမ်ား ျဖာထြက္လ်က္ လူအေတာ္မ်ားမ်ားလည္း ရွိေနၿပီး ေဝၚကီေတာ္ကီအသံတို႔ပါ ၾကားေနရ၏။
"ခ်ဴဖုန္း ဒီမွာ" ကားရပ္သံသည္ လူမ်ားထံမွ အာ႐ုံကို ရသြားကာ တစ္ေယာက္က လက္ေထာင္၍ ခ်ဴဖုန္းကို ေခၚလိုက္သည္။ အသံအရေတာ့ ခ်န္စီဟန္ျဖစ္ပုံပင္။
"ဗိုလ္ခ်ဳပ္ခ်ဴ"
"မဂၤလာပါ ဗိုလ္ခ်ဳပ္ခ်ဴ"
လူအုပ္ႀကီးက ႏႈတ္ဆက္ၾကသည္။
ေလာ့က်ိဳးက်ိဳးသည္ အသံလာရာဘက္ သြားရန္ ျပင္လိုက္ရာ ခ်ဴဖုန္းက လွမ္းတားသည္ "ခဏေနဦး"
သူ ရပ္လိုက္ေသာ္ ခႏၶာကိုယ္ေပၚ ေႏြးေထြးေသာ ကုတ္တစ္ထည္ ေရာက္လာေခ်သည္။ အျဖဴေရာင္ ရွပ္ကိုသာ ဝတ္ဆင္ထားေသာ ခ်ဴဖုန္းသည္ သူ႔ နံေဘးမွ ျဖတ္သြားရင္း ဆိုသည္ "သြားၾကမယ္ ေအာက္ကို ၾကည့္ေလၽွာက္ဦး"
ေလာ့က်ိဳးက်ိဳးသည္ ကိုယ္ေပၚ လႊမ္းျခဳံထားေသာ ယူနီေဖာင္းအား တင္းၾကပ္ေနေအာင္ ဆြဲေစ့ကာ ေနာက္ကေန လိုက္ခဲ့ေလသည္။ ကုတ္အကၤ်ီသည္ ႀကီးမား၍ ခ်ဴဖုန္း၏ ခႏၶာအပူေငြ႕မ်ား က်န္ေနေသးလ်က္ မိုးသြန္းရြာၿပီးစ သစ္ေတာရနံ့ေလးမ်ိဳး စြန္းထင္ေနေလသည္။ ဤသည္ကား ဖယ္ရိုမုန္းနံ့မဟုတ္ပဲ ေရေမႊးအနံ့ ျဖစ္မည္ဟု သူ ထင္မိသည္။
ေလာ့က်ိဳးက်ိဳးသည္ ေခါင္းကို ပို တိုးငုံ႔၍ ေကာ္လံအနား ႏွာေခါင္းကပ္လ်က္ ရႈရွိုက္ၾကည့္ရာ ရင္းႏွီးေနက် ဖယ္ရိုမုန္းရနံ့အား တစ္ခ်က္ရၿပီးေနာက္ ခဏတြင္းခ်င္းမွာပင္ ေပ်ာက္ကြယ္သြားေလသည္။ သူ ႏွလုံးခုန္ ျမန္သြားရကာ ပို၍ အနံ့လိုက္ခံၾကည့္မိသည္။
"ဘာလုပ္ေနတာလဲ ပါပီေလးက်ေနတာပဲ" ခ်ဴဖုန္းသည္ သူ႔ကို ရပ္ေစာင့္ရင္း ေမးသည္။
ေလာ့က်ိဳးက်ိဳးသည္ လူမိသြားသျဖင့္ ရွက္ကာ သြက္သြက္ပင္ အေနာက္က အမွီလိုက္ရေတာ့သည္။
လယ္ခင္းသည္ လမ္းမႏွင့္ သိပ္မေဝးေခ်။ ကိုင္းပင္မ်ားမွာ က်ိဳးပဲ့ေၾကေနၾကသည္။ အခင္းျဖစ္ရာေနရာအား ရဲသုံး ေကာ္ဒြန္မ်ားျဖင့္ ကာရံထားကာ ရြာသားပုံစံရေသာ လူမ်ားကို ရဲအခ်ိဳ႕က ေမးခြန္းမ်ား ထုတ္ေနၾကသည္။
"စုံေထာက္ႀကီး ကၽြန္ေတာ္ တကယ္ လန္႔ေနၿပီဗ်ာ"
"ညစာစားၿပီးေတာ့ ေတာင္ရိုးတစ္ေလၽွာက္ ေလၽွာက္ၿပီး ကၽြန္ေတာ့္ လယ္ခင္းေလးကို လာၾကည့္တာ ျဖဴစြတ္ေနတဲ့ လူတစ္ေယာက္ လဲက်ေနတာ ျမင္လိုက္ရတာပဲ ကၽြန္ေတာ္က အစကေတာ့ သူေတာင္းစားအဖိုးႀကီး လာအိပ္ေနတာထင္လို႔ ေအာ္ႏွိုးၾကည့္ေသးတယ္ မလႈပ္လာေတာ့မွ သြားၾကည့္လိုက္ေတာ့ ကၽြန္ေတာ့္မွာ ေၾကာက္လြန္းလို႔ ေျမႀကီးေပၚ ဖင္ထိုင္လဲက်တယ္"
_
ရဲအရာရွိမ်ားသည္ ခ်ဴဖုန္း ေရာက္လာေၾကာင္းကို ျမင္ရာ လမ္းဖယ္ေပးကာ အေလးျပဳၾကသည္။ ေနာက္က ကပ္ပါလာေသာ ေလာ့က်ိဳးက်ိဳးကိုလည္း ပုန္းလၽွိုးကြယ္လၽွိုးႏွင့္ ၾကည့္ၾကသည္။ ေကာ္ဒြန္ ဝင္ေပါက္နားသို႔ ေရာက္ေသာ္ ခ်ဴဖုန္းက ေလာ့က်ိဳးက်ိဳးအား ေျပာသည္ "ဒီမွာ ေစာင့္ေန"
ေလာ့က်ိဳးက်ိဳးသည္ ျပဳံး၍ သူ႔စကားအတိုင္း ရပ္က်န္ေနခဲ့သည္။
ခ်ဴဖုန္းသည္ ေရွ႕သို႔ ေျခလွမ္းအနည္းငယ္ တိုးေလၽွာက္ၿပီးေသာ္ ေနာက္ျပန္လွည့္လာကာ လက္ဆန္႔၍ ေလာ့က်ိဳးက်ိဳးအား ေကာ္ဒြန္နား ဆြဲကပ္လိုက္ကာ ယူနီေဖာင္းအား ၾကယ္သီးတပ္ေပးသည္။
"က်စ္က်စ္က်စ္" မလွမ္းမကမ္းမွ ေျမႀကီးေပၚ ဒူးေကြးထိုင္ေနေသာ ခ်န္စီဟန္သည္ တက်စ္က်စ္ႏွင့္ စုတ္သပ္သည္ "ဘယ္သြားသြား အျမႇီးေလးတစ္ေခ်ာင္းနဲ႔ မနာလိုခ်င္စရာ ေကာင္းလိုက္တာ"
အနားမွ ရဲအရာရွိမ်ားကလည္း အေၾကာင္းသိစြာ ျပဳံးစစျဖစ္ကုန္ၾကသည္။
ေလာ့က်ိဳးက်ိဳးသည္ ခ်န္စီဟန္အား ျမင္ရာ သူ မည္ကဲ့သို႔ မိတ္ဖက္မွားမွတ္ထင္ခဲ့ေၾကာင္း ျပန္ေတြးမိကာ မျမင္ခ်င္ေယာင္ေဆာင္လ်က္ အၾကည့္လႊဲထားလိုက္သည္။
"ငါ့ကို အေသးစိတ္ေတြ ေျပာျပ" ခ်ဴဖုန္းသည္ နံေဘးရွိ ရဲထံမွ လက္အိတ္တစ္စုံကို ယူလိုက္ကာ ဝတ္ရင္းမွ ခ်န္စီဟန္အား ေမးသည္။
ရဲအခ်ိဳ႕က လမ္းဖယ္ေပးကာ အလယ္မွ ေကာက္ရိုးပုံကို ျပလိုက္သည္။
ကိုယ္လုံးတီး ျဖစ္ေနေသာ ေယာက္်ားခႏၶာကိုယ္တစ္ခုက လဲက်ေနေခ်သည္။
ခ်န္စီဟန္သည္ အက်ိဳးအေၾကာင္း ရွင္းျပရင္း စိတ္ဓာတ္က်ေနပုံပင္ "ကြယ္လြန္သူရဲ့ အခ်က္အလက္ေတြကိုေတာ့ ေဒတာေဘ့စ္ထဲက ထုတ္ၾကည့္ၿပီးၿပီ လင္းဝမ္ခ်ိဳင္ အိုမီဂါ ေယာက္်ားေလး အသက္ ၁၈ ႏွစ္ အေလရွာရဲ့ ပင္းအန္ၿမိဳ႕က 'မီးလၽွံနက္' ဆိုတဲ့ ဘားတစ္ခုမွာ ဝိတ္တာလုပ္ေနတာ ေသဆုံးခ်ိန္က မေန႔ည ကိုးနာရီ သက္ေသေတြအရေတာ့ ဒါက အခင္းစျဖစ္တဲ့ ေနရာပဲ"
"အေလရွာက 'မီးလၽွံနက္' ဘား?" ခ်ဴဖုန္းသည္ ဒူးေကြးထိုင္ခ်ကာ အေလာင္းကို စစ္ၾကည့္လိုက္သည္။
"ဟုတ္တယ္ အဲ့ဘား"
"ပင္းအန္ၿမိဳ႕နဲ႔ ဒီေနရာနဲ႔က အေဝးႀကီးကို ဘာလို႔ ဒီမွာ အသတ္ခံရတာလဲ"
"အေသးစိတ္ကေတာ့ ေသခ်ာမသိရေသးဘူး ေသဆုံးသူရဲ့ ေက်ာပိုးအိတ္ထဲမွာေတာ့ ပုံမွန္မဟုတ္တဲ့ ပစၥည္းေတြ ေတြ႕တယ္" ခ်န္စီဟန္က ဆိုသည္ "ဒီနားမွာ ေပ်ာ္ဘြယ္ေတာဆိုတဲ့ ရြာတစ္ရြာ ရွိတယ္ ရြာသားေတြက သံသယရွိတဲ့ လူေရာ ေသဆုံးသူကိုေရာ ဒီႏွစ္ရက္အတြင္း မေတြ႕မိဘူးလို႔ ထြက္ဆိုထားတယ္"
"ေသရတဲ့ အေၾကာင္းရင္းကေရာ" ခ်ဴဖုန္းက ေမးသည္။
"အရင္ေက့စ္ေတြ အတိုင္းပဲ လည္ေသြးေၾကာကို ဓားတစ္ေခ်ာင္းနဲ႔ လွီးထားတယ္ အဲ့ဒါကလြဲၿပီး အျခားဒဏ္ရာကိုေတာ့ မေတြ႕ရဘူး အသက္ရွိတုန္း မုဒိမ္းက်င့္ခံထားရတယ္ မ်ိဳးပြားလမ္းေၾကာင္းထဲမွာလည္း knot ထားတဲ့ အရိပ္အေယာင္ေတြ ေတြ႕တယ္ အဲ့ေတာ့ လူသတ္သမားက အယ္လ္ဖာပဲ သုတ္ရည္ကို စစ္ၾကည့္တာ ဖယ္ရိုမုန္းနံ့ မရွိဘူး ေဒတာေဘ့စ္ထဲမွာလည္း ပတ္သက္တဲ့ ေဒတာမရွိဘူး"
ခ်ဴဖုန္းသည္ လက္အိတ္စြပ္ထားေသာ လက္ျဖင့္ လူေသအေလာင္း၏ အေရျပားကို ဖိၾကည့္ရင္း မ်က္ႏွာသြင္ျပင္က ေလးနက္ေန၏ "အျခားလူေတြလိုပဲ ဒဏ္ရာေတြ ရွိေနပါတယ္"
ခ်န္စီဟန္က ေျပာသည္ "ငါ့အထင္ ေရွ႕လူေတြလိုပဲ ေသၿပီးမွ ျဖစ္ထားတဲ့ ဒဏ္ရာေတြေနမယ္"
ခ်ဴဖုန္းသည္ စဥ္းစားၾကည့္လိုက္ၿပီးေနာက္ ေကာ္ဒြန္နား ေလၽွာက္သြားေလသည္။ ေလာ့က်ိဳးက်ိဳးသည္ သူ ထားခဲ့ေသာ ေနရာမွာပင္ မတ္မတ္ရပ္လ်က္ ေျခတစ္လွမ္းမွ မေရြ႕။ လုပ္စရာလည္း မရွိသည္မို႔ အၾကည့္တို႔က ခ်ဴဖုန္းထံတြင္သာ စြဲကပ္ေန၏။
ခ်ဴဖုန္းသည္ သူ႔အနား ေလၽွာက္လာကာ "က်ိဳးက်ိဳး"
ေလာ့က်ိဳးက်ိဳးသည္ 'ဟင္' ဟု ျပန္ထူး၍ ေမးသည္ "ျပန္ေတာ့မွာလား"
ခ်ဴဖုန္းက ေခါင္းခါသည္ "ကိုယ္ ျပန္လို႔မရေသးဘူး မင္းဆီက အကူအညီတစ္ခု ေတာင္းစရာရွိလို႔"
"အိုေကေလ" ေလာ့က်ိဳးက်ိဳးက ေျဖသည္။
ခ်ဴဖုန္းက စကားစရပ္ကာ မွတ္ခ်က္ျပဳသည္ "ကိုယ္ ဘာအကူအညီေတာင္းမလို႔လဲေတာင္ မသိရေသးဘူးေလ"
ေလာ့က်ိဳးက်ိဳးက ဆိုသည္ "အာ့ဆိုလည္း အခု ေျပာျပေလ"
ခ်ဴဖုန္းသည္ သူ႔ဦးေခါင္းကို ပုတ္ခ်င္ပုံရသည္။ သို႔ေသာ္ လက္ေျမႇာက္လိုက္ၿပီးေနာက္ လက္အိတ္ကို ျမင္ကာ ျပန္ေအာက္ခ်သြားသည္ "က်ိဳးက်ိဳး တကယ္လို႔ အေလာင္းႀကီးကို ျမင္ရရင္ ေၾကာက္မွာလား"
အရင္တေခါက္က ရင္ခြဲ႐ုံတြင္ ေလာ့က်ိဳးက်ိဳးသည္ တည္တည္ၿငိမ္ၿငိမ္ပင္ တုံ႔ျပန္ခဲ့ေသာ္ျငား ထိုအခ်ိန္မ်ိဳးႏွင့္ ယခုလို ေလာေလာလတ္လတ္ လူေသထားခဲ့ေသာ အခင္းျဖစ္ရာေနရာႏွင့္ ႏွစ္ခုအေျခအေနမ်ားက ကြာျခားမွာပင္။
ေလာ့က်ိဳးက်ိဳးက ေခါင္းခါျပသည္ "မေၾကာက္ပါဘူး"
"တကယ္ မေၾကာက္ဘူးလား" ခ်ဴဖုန္းက သိပ္မေသခ်ာေပ။
"တကယ္ မေၾကာက္ဘူး" ေလာ့က်ိဳးက်ိဳးက နားမလည္နိုင္ေပ။ လူေသတစ္ေယာက္ကို ေၾကာက္စရာ ဘာရွိမည္တဲ့လဲ။ သူ႔အေနျဖင့္ သမန္းဝံပုေလြေတာင္ မေၾကာက္ခဲ့ရာ လူသားတစ္ေယာက္အား ေၾကာက္ဖို႔ ေဝလာေဝးပင္။ အႏွီလူသားကား လူေသလည္း ျဖစ္ေနေသးသည္။
"ၿပီးေရာေလ အာ့ဆို ေၾကာက္လာတယ္ဆို ကိုယ့္ကို ေျပာေနာ္" ခ်ဴဖုန္းသည္ လက္အိတ္မ်ားကို ခၽြတ္ကာ နံေဘးမွ ကတ္ထူဘူးအလြတ္ထဲ လြင့္ပစ္လိုက္သည္။
ကတ္ထူဘူးလြတ္ေဘးမွ ေျမျပင္ထက္တြင္ေတာ့ ေသဆုံးသူ၏ ေက်ာပိုးအိတ္၊ စုတ္ျပဲေနေသာ အဝတ္အစား စသျဖင့္ သက္ေသမ်ားအား အိတ္ၾကည္မ်ားထဲ ထည့္သိမ္း၍ ရဲမ်ားက ေစာင့္ၾကပ္ေနသည္။ အခင္းေနရာသို႔ ဝင္ေပါက္သည္ မလွမ္းမကမ္းတြင္ ရွိေနသျဖင့္ ေလာ့က်ိဳးက်ိဳးသည္ ထိုသို႔ သြားရန္ျပင္လိုက္ေသာ္လည္း ခ်ဴဖုန္းသည္ သူ႔အား ခ်ိဳင္းၾကားမွေန ပင့္ခ်ီ၍ ဆြဲမလိုက္ေလသည္။
ေလာ့က်ိဳးက်ိဳးသည္ ႐ုတ္တရက္ပင္ ေလထဲ ေျမာက္တက္သြားရရာ အလန္႔တၾကားျဖင့္ သူ႔ကို မခ်ီထားေသာ လက္အား ဆြဲကိုင္လိုက္မိသည္။
ခ်ဴဖုန္းသည္ သူ၏ တစ္ကိုယ္လုံး ေတာင့္တင္းေနမွန္း သိရာ အားေပးသည္ "မေၾကာက္နဲ႔ မျပဳတ္က်ဘူး"
ပါးလ်ေသာ ရွပ္အကၤ်ီေအာက္မွ လက္ေမာင္းႏွစ္ဖက္ကား ေႏြးေထြးက်စ္လ်စ္လ်က္ အပူေငြ႕မ်ားထုတ္လႊတ္ေပးေနေခ်သည္။ ေလာ့က်ိဳးက်ိဳး၏ ႏွလုံးသားမွာ ဝုန္းဒိုင္းၾကဲ၍ စိတ္တိုင္းက်ပင္ ကစုန္ဆိုင္း ခုန္ေနေတာ့သည္။ ခ်ဴဖုန္းသည္ ေျခတံတစ္ေခ်ာင္းစာ အျမင့္ရွိေသာ ေကာ္ဒြန္အထက္မွေန သူ႔ကို ေက်ာ္ခ်ီကာ တစ္ဖက္ေျမျပင္ေပၚ ခ်ေပးသည္။
လယ္ခင္းသည္ ဂ်ဳံပင္မ်ားျဖင့္ ျပည့္လ်က္ လမ္းေလၽွာက္ခက္လွသည္။ ခ်ဴဖုန္းသည္ ေလာ့က်ိဳးက်ိဳး လက္ကို ဖမ္းကိုင္ကာ ရွင္းျပသည္ "က်ိဳးက်ိဳး သူ႔ကိုယ္ေပၚမွ ဒဏ္ရာေတြ ရွိေနတယ္ ေသၿပီးမွ ျဖစ္တာ ဟုတ္မဟုတ္ စစ္ေပးပါ"
ေလာ့က်ိဳးက်ိဳးသည္ 'အင္း' ဟု သေဘာတူကာ လက္ကို ေအာက္ငုံ႔ၾကည့္သည္။ ခ်ဴဖုန္းသည္ လက္ဖဝါးျဖင့္ သူ၏ လက္အား ထြေးအုပ္႐ုံ ဆုပ္ကိုင္လ်က္ ခြန္အား အရမ္းမထည့္ထားေခ်။ သို႔ျဖစ္ရာ သူ အနည္းငယ္မၽွ ႐ုန္းလိုက္႐ုံျဖင့္ လြတ္ထြက္သြားေလာက္သည္။ ေလာ့က်ိဳးက်ိဳးသည္ စိတ္မေက်နပ္ေပ။ သို႔ျဖစ္ရာ လက္ေခ်ာင္းမ်ားကို ဆန္႔ကာ ခ်ဴဖုန္း၏ လက္ေခ်ာင္းမ်ားၾကား အံဝင္ခြင္က်သြားေအာင္ ထည့္ၿပီးေနာက္ တင္းၾကပ္စြာ ဆုပ္ကိုင္လိုက္ေလေတာ့သည္။
ယခုေတာ့ သူတို႔ လက္မ်ား လြတ္ထြက္စရာအေၾကာင္း မရွိေတာ့။
ခ်ဴဖုန္းသည္ ေျခလွမ္းတန္႔သြားေသာ္ျငား ဘာမွ မေျပာလာသလို လက္လည္း ျပန္မ႐ုပ္သြားခဲ့။ ႏွစ္ေယာက္သား လက္မ်ား တြဲခ်ိတ္လ်က္သားပင္ အေလာင္းဆီ ေလၽွာက္လာခဲ့ေလသည္။
ခ်န္စီဟန္သည္ ခ်ဴဖုန္းမွ ေလာ့က်ိဳးက်ိဳးအား သြား ေခၚလာေၾကာင္း ျမင္ကာ အၾကည့္တို႔သည္ ႏွစ္ဦး၏ လက္တို႔အေပၚ က်ေရာက္သြားၿပီးသကာလ မွန္ျပင္ေနာက္ကြယ္မွ မ်က္လုံးတို႔တြင္ အေရာင္ထေတာက္လာေတာ့သည္။
"ေလာင္ခ်ဴ မင္း တကယ္ႀကီး.....အေျခခ်ေတာ့မယ္ေပါ့ေလ" ေျပာၿပီးေနာက္ သြားကိုက္သကဲ့သို႔ ပင့္သက္ရွိုက္သံ လုပ္ျပသည္။
ခ်ဴဖုန္းသည္ သူ႔ကို လ်စ္လ်ဴရႈကာ ေလာ့က်ိဳးက်ိဳးအား ေျပာလိုက္သည္ "ၾကည့္ၾကည့္"
ေလာ့က်ိဳးက်ိဳးသည္ အေလာင္းအား ဦးထိပ္မွေန ေျခမထိတိုင္ အေသအခ်ာ ဆန္းစစ္ၾကည့္သည္။ ခ်ဴဖုန္းသည္ သူ၏ မ်က္ႏွာသြင္ျပင္အား အကဲခတ္ေနရာ ေၾကာက္လန္႔ဟန္ ရြံရွာဟန္မ်ား မရွိေၾကာင္း ေတြ႕မွသာ သက္ျပင္းခ်ေတာ့သည္။
အေလာင္းကား ေရွ႕လူေတြအတိုင္း ကိုယ္ေပၚတြင္ ေသြးေျခဥရာမ်ား ျပန္႔ၾကဲေနသည္။
"ဒီႏွစ္ခုက ေသဆုံးၿပီး ငါးမိနစ္အတြင္း" ေလာ့က်ိဳးက်ိဳးက လက္ေမာင္းေပၚမွ ေသြးေျခဥဒဏ္ရာႏွစ္ခုအား ထိုးျပသည္။ ထို႔ေနာက္ နဖူးကို ညႊန္ကာ "ဒီတစ္ခုကက် ငါးမိနစ္ထက္ နည္းနည္းပိုတယ္"
သို႔ေသာ္ နဖူးတြင္ ရွင္းလင္းေနကာ ဘာအမွတ္အသားမွ ရွိမေန။
ခ်န္စီဟန္အပါအဝင္ အနီးအနားမွ ရဲအရာရွိမ်ားမွာ ဆြံ့အလ်က္ သူ႔အား ေၾကာင္ေငးၾကည့္ေနၾကေခ်သည္။
ေလာ့က်ိဳးက်ိဳးသည္ ခ်ဴဖုန္းဘက္ လွည့္ကာ "ကၽြန္ေတာ္သူ႔ ေနာက္ေက်ာဘက္ကိုလည္း ၾကည့္ခ်င္တယ္"
"အင္း" ခ်ဴဖုန္းသည္ ေခါင္းညိတ္၍ အနားရွိ လူမ်ားကို ခိုင္းလိုက္သည္ "အေလာင္းကို ေမွာက္လိုက္"
အကုန္လုံးမွာ ေလာ့က်ိဳးက်ိဳး၏ ႐ုတ္တရက္မွတ္ခ်က္မ်ားကိုေရာ ခ်ဴဖုန္း၏ အေလးအနက္ထား နာခံမႈကိုေရာ အံ့အားသင့္ေနၾကရသည္။ အႏွီ ပိန္ပိန္ပါးပါးႏွင့္ ခ်ဴခ်ာဟန္ေပါက္ေသာ အိုမီဂါေလးသည္ သူတို႔ နားမလည္နိုင္သည့္ အေၾကာင္းအခ်ိဳ႕ကို သိရွိထားသည္ပဲလား။
ရဲအရာရွိမ်ားသည္ တစ္ေယာက္မ်က္ႏွာကို တစ္ေယာက္ၾကည့္လိုက္ၾကေသာ္ျငား မကန္႔ကြက္ဝံ့ရာ လက္အိတ္ဝတ္လ်က္ အေလာင္းကို ေမွာက္ခုံလွဲလိုက္ၾကေလသည္။ ခ်န္စီဟန္ကမူ တစ္ခုခုထေျပာရန္ ဟန္ျပင္လိုက္ေသာ္လည္း အဆုံးတြင္မူ ေခါင္းတယမ္းယမ္းသာ လုပ္ေနေခ်သည္။
အေလာင္းအား တစ္ဖက္လွန္ၿပီးေသာ္ ဘယ္ညာ ေပါင္ၿခံမ်ားတြင္ ဒဏ္ရာႏွစ္ခုသည္ ျမင္ကြင္းထဲ ထင္ထင္ရွားရွား ေပၚလာေတာ့သည္။ ေလာ့က်ိဳးက်ိဳးသည္ တစ္ခ်က္သာ လွမ္းၾကည့္လိုက္ၿပီးေနာက္ မွတ္ခ်က္ခ်သည္ "ဒါေတြက ေသဆုံးၿပီး ငါးမိနစ္အတြင္း"
"ေကာင္းၿပီေလ မင္းတို႔ ဒီ အနားတဝိုက္ ပိုက္စိပ္တိုက္ ရွာၾကည့္ၾက ဘာမွ မေတြ႕ရင္ အေလာင္းကို ျပန္သယ္ဖို႔ ျပင္ၾကေတာ့" ခ်ဴဖုန္းက ရဲမ်ားကို ညႊန္ၾကားသည္။
ခ်န္စီဟန္သည္ တစ္ခုခုေတာ့ လြဲေနၿပီမွန္း ခံစားမိရာ ေမးသည္ "ခ်ဴဖုန္း မင္း ဘာေတြ လုပ္ေနတာလဲ"
ရဲမ်ားမွ ခႏၶာကိုယ္အား အေလာင္းသယ္အိတ္ထဲ ထည့္ေနၾကခ်ိန္တြင္ ခ်ဴဖုန္းသည္ ေလာ့က်ိဳးက်ိဳးအား ေနာက္သို႔ အနည္းငယ္ ဆုတ္ခိုင္းလိုက္ကာ ရွင္းျပသည္ "အရင္တစ္ေခါက္က ဒဏ္ရာေတြအေၾကာင္းကို က်ိဳးက်ိဳးပဲ ရွာေတြ႕လာတာ"
"......ဒါေပမယ့္ သူေျပာတာ နဖူးမွာလည္း ဒဏ္ရာ ရွိတယ္ဆို"
"အရင္ကလည္း ရွာမေတြ႕တဲ့ ဒဏ္ရာေတြကို က်ိဳးက်ိဳး ျပမွ ျပန္စစ္ေဆးၾကည့္ေတာ့ တကယ္ရွိေနၾကတယ္ေလ ခုနက သူ ေျပာတဲ့ နဖူးက ဒဏ္ရာကို လက္ေမာင္း ႏွစ္ဖက္ ေျခေထာက္ ႏွစ္ဖက္က ဒဏ္ရာေတြနဲ႔ ဆက္ၾကည့္ရင္ ကြက္တိ ငါးခုပဲ ေနာက္ၿပီး အရင္အေလာင္းေတြကလိုပဲ ပဥၥဂံပုံ ထြက္တယ္"
ခ်န္စီဟန္သည္ ေဘးတြင္ ရပ္ေနေသာ ေလာ့က်ိဳးက်ိဳးကို ၾကည့္ကာ အံ့အားသင့္သြားသည္ "အဲ့ေလာက္ ေတာ္တယ္လား"
"အင္း တကယ္ေတာ္တယ္" ခ်ဴဖုန္းကလည္း သေဘာတူစြာ ေခါင္းညိတ္သည္။
"အဲ့ဒါေတြ သူ ဘယ္လို ျမင္သတုံး"
ခ်ဴဖုန္းသည္ ဟိုဒီၾကည့္ၿပီးေနာက္ ေလသံကို ႏွိမ့္ခ်လ်က္ ေျဖသည္ "အဲ့ဒါ ဗန္ပိုင္းယားမ်က္လုံး လို႔ ေခၚတဲ့ ပါရမီေၾကာင့္"
ေလာ့က်ိဳးက်ိဳးသည္ ခ်ဴဖုန္းအား ပီတိျဖစ္စြာ ၾကည့္ရင္း တစ္ဖက္တြင္လည္း စိုးရိမ္သြားမိသည္။ ခ်ဴဖုန္းက ႏွစ္သိမ့္သည္ "ရတယ္ သူ နားမလည္ဘူး ဒီေကာင္က ငတုံး"
"ဘာကိုလဲ" ခ်န္စီဟန္ကား စိတ္ရႈပ္ေထြးသြားပုံ ေပၚ၏။
ထိုအေမးအတြက္ အေျဖစကား ဆိုသူ မရွိ။ ခ်န္စီဟန္က ေမးခြန္းထပ္ထုတ္သည္ "က်ိဳးက်ိဳးက ဒီေလာက္ ေတာ္တာ ေက်ာင္းမွာ ဘာအလုပ္လုပ္ရလဲ"
ခ်ဴဖုန္းသည္ ေလာ့က်ိဳးက်ိဳးအား အျပင္ဘက္ ေခၚထုတ္သြားရင္း ေျဖသည္ "သန္႔ရွင္းေရး"
ခ်န္စီဟန္သည္ ထပ္မံ၍ ႏႈတ္ဟမလာေတာ့။ ခဏၾကာမွ အေနာက္ကေန ေျပးလိုက္လာ၏။
ခ်ဴဖုန္းသည္ SUV ထံ ျပန္ေလၽွာက္လာၿပီးေနာက္ ပါစင္ဂ်ာတံခါးအား ဖြင့္၍ ေလာ့က်ိဳးက်ိဳးကို ဝင္ထိုင္ေစသည္။ တံခါးပိတ္ၿပီးေသာ္ ခ်န္စီဟန္အား လွည့္ၾကည့္သည္။
"ေသဆုံးသူဟာ ၿမိဳ႕ေတာ္ကေန မိုင္နဲ႔ခ်ီ ေဝးတဲ့ေနရာမွာ အသတ္ခံထားရတယ္ တကယ္လို႔ လူသတ္သမားက ျပန္ေပးဆြဲလာတာဆိုရင္ ႐ုန္းရင္းဆန္ခတ္ မျဖစ္ရင္ေတာင္ ႀကိဳးတုပ္ထားတဲ့ အရာမ်ိဳး ရွိေနရမွာကို အခုက အသတ္ခံရတဲ့ ဒဏ္ရာတစ္ခုတည္း ရွိေနတယ္ သူ မေန႔ညတုန္းက ပုံမမွန္တဲ့ အမူအရာမ်ား ရွိေနသလားလို႔ သူနဲ႔ ရင္းႏွီးတဲ့ လူေတြဆီမွာ တစ္ခ်က္ စုံစမ္းၾကည့္လိုက္"
"ဒါဆို ငါ ျပန္လိုက္မယ္ သူ႔ အနားတဝိုက္က လူအကုန္လုံးကို ေမးခြန္းထုတ္ဖို႔ ဌာနမွာ ေခၚထားၿပီးၿပီ" ခ်န္စီဟန္က ေျပာသည္။ ခ်ဴဖုန္းမွ ဒရိုင္ဘာခုံထဲ ဝင္၍ ကားစက္ႏွိုးလိုက္ေသာ္ လွမ္းေမး၏ "မင္းေရာ ဘာလုပ္မွာလဲ"
ခ်ဴဖုန္းသည္ အေျဖမျပဳေသးပဲ လမ္းက်ဥ္းေလးထဲတြင္ ကားကို ကၽြမ္းက်င္စြာ ေနာက္ျပန္ေကြ႕လိုက္သည္။ ၿပီးမွ ခ်န္စီဟန္နား ျဖတ္သြားရင္း ေျဖသည္ "ဒီအျမႇီးေလးကို အိမ္ျပန္ပို႔လိုက္ဦးမယ္"
ေလာ့က်ိဳးက်ိဳးသည္ အျပန္လမ္းတြင္ အိပ္ေပ်ာ္သြားကာ ႐ုတ္တရက္ ကားရပ္သြားမွ နိုးလာေတာ့သည္။ မ်က္လုံးမ်ားကို ပြတ္သပ္လိုက္ကာ အိပ္ခ်င္မူးတူးျဖင့္ ေမးေလသည္ "ေရာက္ၿပီလား"
ခ်ဴဖုန္းသည္ ျပန္မေျဖပဲ ကားျပတင္းမွန္အျပင္ဘက္သို႔ ၾကည့္ေနေလသည္။ ေလာ့က်ိဳးက်ိဳးသည္ ထိုအခါမွသာ အျပင္တြင္ အလင္းေရာင္ ကင္းမဲ့ေနလ်က္ ႏွစ္ဦးသား လမ္းမေပၚ၌သာ ရွိေသးေၾကာင္း သတိျပဳမိေတာ့ေခ်သည္။
"က်ိဳးက်ိဳး ကားထဲမွာပဲ ေနခဲ့ ကိုယ္ တစ္ခ်က္သြားၾကည့္လိုက္ဦးမယ္"
ေလာ့က်ိဳးက်ိဳးက ေမးသည္ "ဘာျဖစ္လို႔လဲ"
"ဒီနားမွာ ကားမီး လင္းသြားတယ္ ကိုင္းပင္ေတြက ျပတ္ေနၿပီးေတာ့ ကား သြားထားတဲ့ အရာမ်ိဳးလည္း ရွိေနတယ္" ခ်ဴဖုန္းက အတိုခ်ဳံးကာ ရွင္းျပသည္ "ကိုယ္ သြားၾကည့္ဦးမယ္" ကားထဲမွ ထြက္ကာ တံခါးပိတ္လိုက္ၿပီးေသာ္ စိတ္မခ်စြာ ထပ္သတိေပးျပန္သည္ "ေလာ့ခ္ခ်ၿပီး ကားထဲမွာပဲ ထိုင္ေနေနာ္ အျပင္ေလၽွာက္မထြက္နဲ႔"
ေလာ့က်ိဳးက်ိဳးက ေခါင္းခါျပသည္ "မထြက္ပါဘူး"
"အင္း ကိုယ္ ခုခ်က္ခ်င္း ျပန္လာခဲ့မယ္" ခ်ဴဖုန္းသည္ ေျပာၿပီးေနာက္ တာမီနယ္မွ မီးကို ဖြင့္၍ ေမွာင္မိုက္ေနေသာ လယ္ကြင္းမ်ားထဲ တိုးဝင္သြားေတာ့သည္။
ေလာ့က်ိဳးက်ိဳးသည္ အလွမ္းတစ္ေနရာမွ မီးအလင္းအား ရပ္လိုက္ ေရွ႕ဆက္လိုက္ သြားေနသည္ကို ျပတင္းေပါက္ကေန လွမ္းေငးၾကည့္လ်က္ ခ်ဴဖုန္း စကားအတိုင္း ကားထဲတြင္ မလႈပ္မယွက္ ထိုင္ေနမိသည္။
တိတ္ဆိတ္ေသာ ကားအတြင္း သူ႔ အသက္ရႈသံတစ္ခုကိုသာ ၾကားေနရ၏။ ခ်ဴဖုန္းထံမွ တာမီနယ္အလင္းေရာင္ စိုက္ခင္းထဲ ေပ်ာက္ကြယ္သြားမွ သူ ေခါင္းျပန္လွည့္လာေတာ့သည္။ ေရွ႕လွည့္လိုက္ခ်င္းပင္ ေရွ႕လမ္းထက္တြင္ လႈပ္ရွားေနေသာ လူရိပ္တစ္ခုအား ျမင္ေတြ႕လိုက္ရေလသည္။
တေစၧဝိဉာည္တစ္ေကာင္အလား ထိုအရိပ္သည္ ကားရွိရာသို႔ တျဖည္းျဖည္းခ်င္း ခ်ည္းကပ္လာေတာ့ေခ်၏။
_____
Notes Corner
ေကာ္ဒြန္ - ရဲေတြက အခင္းျဖစ္တဲ့ေနရာကို ပိတ္ကာထားတဲ့ တိပ္မ်ိဳး
______