တစ်ဦးကိုတစ်ဦး ကြင်နာယုယစွာ နမ်းရှိုက်နေသော ကောင်လေးနှစ်ယောက်။ လှုပ်ရှားမှုပုံရိပ်တွေက ချစ်ခြင်းများစွာနဲ့ အသက်ဝင်လှသည်။အကြည့်တွေက အစ အချစ်မှာပျော်ဝင်နေကြတဲ့ မျက်ဝန်းတွေ။
" တကယ် နမ်းတာပဲ "
ဒါဟာ ဇာတ်ကားမှန်းသိပေမယ့် ဝန်းကသူမဟုတ်တဲ့ တခြားသူနဲ့ နမ်းနေတာကိုကြည့်ရတာ ဝမ်းနည်းသည်။ဝန်းက အမြဲတမ်း နမ်းတဲ့အခန်းတွေဆို ငြင်းပြီး အနမ်းအတုတွေနဲ့သာ ရိုက်နေကြ ။
ဇာတ်ကားမကြည့်ဘူးလို့ ပြောလိုက်တော့ ဝန်း စိတ်မကောင်းဖြစ်သွားတယ်ထင်လို့ ကြည့်လိုက်ကာမှ ဝန်းကို စိတ်ဆိုးချင်သွားပြန်ပြီ။
မကြည့်လိုက်ရင် ပိုကောင်းသား။
" တီ...တီ...တီ....တီ "
သေချာပေါက် နှစ်ယောက်မရှိတဲ့ ဝန်းငယ် ဖုန်းဆက်လာသည်။ဝန်းလည်း ဇာတ်ကား ကြည့်နေတယ်ထင်ပါ့။ဒီအခန်းပါမယ်ဆိုတာ မပြောပြထားဘဲ အခုမှ လာချော့တော့မယ်။အချော့ခံ
ကြည့်တာပေါ့ ဟက်!။
" ဟယ်လ... "
" အစ်ကို လွှား လွှား သတိရလာပြီ "
ထပ်ပြီး သစ်ခက်လွှားပဲလား။
ဝန်း အသံက တုန်တုန်ရီရီပင် ။ ပျော်လွန်းလို့ထင်ပါရဲ့။ ဘာပဲဖြစ်ဖြစ် တော်ပါသေးတယ်။ ဟိုကောင်လေးသတိရလာလို့ ရန်းလည်း ဝန်းနဲ့ထပ်တူ ဝမ်းသာပါတယ် ။သူသာ သတိရမလာရင် ဝန်း ရူးသွားလိမ့်မယ်ထင်တယ်။
" သူ အဆင်ပြေတယ်မလား "
" ဟုတ် အဆင်ပြေတယ် "
" မင်းရော "
" ကျွန်တော်လား "
" အင်း "
" အဟင်း! အစ်ကိုဘာလုပ်နေတာလဲ "
" ဘာမှမလုပ်ဘူး "
ပျော်နေတဲ့အချိန်မှာ ရန်းကြောင့် စိတ်မရှုပ်စေချင်ဘူး။ဒီအချိန်က စိတ်ကောက်စရာအချိန်မှမဟုတ်တာ။အချော့ခံချင်ရမယ့်အချိန်လည်း မဟုတ်ဘူးနေမယ်။
" ကျွန်တော် အစ်ကို့ဆီအရင်ဆက်လိုက်တာ လွှား သတိရလာတာကိုပြောပြချင်လို့ "
ငါလည်း သူသတိရလာတာကို ကြားချင်နေတဲ့ လူတစ်ယောက်ပါ။
" ဒါဆို သူတို့က ပြန်တော့မှာလား "
ရန်းအမေးက မျှော်လင့်ချက်လေးနည်းနည်း ပါသွားတယ်ထင်သည်။
" အခုမှ သတိစရတာဆိုတော့ စိတ်ချရတဲ့ထိနေဦးမယ်ထင်တယ် "
" အင်းပေါ့လေ "
" ကျွန်တော် ခနနေမှပြန်ဆက်လိုက်မယ်နော် "
" အင်း "
အရင်လို နှုတ်ဆက်စကားတွေ အများကြီး မရှိတော့ဘူး။အင်း ဆိုတာနဲ့ တိခနဲပြတ်တောက်သွားတဲ့ ဆက်သွယ်ရေး။
ငါမင်းကို စိတ်ဆိုးနေတာ မင်းမသိဘူးမလား ။
.
နောက်ဆုံးတော့ လွှားလေး သတိရလာခဲ့ပြီ ။ ဖေဖေတို့ဆီပြန်လာခဲ့ပြီ။
ကုတင်ထက်က ဖြူဖျော့ဖျော့ ကလေးငယ်ကို ကြည့်ကာ ဦးရိုးရှင်းသွင် မျက်ရည်ကျမိသည်။
" ဖေဖေလေ ဖေဖေ့ကိုမှတ်မိလားဟင် "
ဦးရိုးရှင်းသွင် မျှော်လင့်တကြီးမေးတဲ့ မေးခွန်းကို အားမရှိတဲ့ကြားထဲက အားတင်းကာ ခေါင်းငြိမ့်ပြရှာသည်။
" ဖေကြီးကိုရော "
ခေါင်းရမ်းပြလာတဲ့ ကလေးငယ်ကြောင့် ဦးတည်ကြည်နိုင်ရော ဦးရိုးရှင်းသွင်ရော နှစ်ယောက်လုံး ထိတ်လန့်သွားကြသည်။
" ဟင် ဖေကြီးလေ ဖေကြီးကိုမသိဘူးလား ဟင် "
ဦးရိုးရှင်းသွင် စိုးရိမ်ကြီးစွာမေးနေသလို ဦးတည်ကြည်နိုင်သည်လည်း ဆရာဝန်ကိုပြန်ခေါ်လို့ ဆိုင်းပြင်နေသည်။
" ဟီး ဖေ ကြီး "
အားဖျော့ဖျော့လေးနဲ့ ဟီးခနဲ ရယ်ပြကာ
သူ့ဖေကြီးကိုလှမ်းခေါ်မှ ဦးရိုးရှင်းသွင် သက်ပြင်းချလိုက်သည်။ဒီကလေးလေး
နေမကောင်းတဲ့ကြားထဲက သူ့ဖေကြီးကို စနေပြန်ပြီ။
" သစ်ခက်လွှား "
သူ့ကိုမမှတ်မိမှာစိုးပြီး ပူထူနေရာကနေ သူ့သားစနောက်နေမှန်းသိတော့ စိုးရိမ်ဒေါသထွက်ကာ အော်လိုက်တာကြောင့်လွှားကိုယ်လေး ကျုံ့သွားပြီးမျက်ရည်လေးဝဲလာသည်။
" ကလေးကိုဘာလို့အော်နေတာလဲ "
ဦးရိုးရှင်းသွင်က လွှားကိုပွေ့ဖက်လိုက်ပြီး ဦးတည်ကြည်နိုင်ကို ဆူတော့ လွှားက သူ့ဖေကြီးကို လက်မလေးထောင်ပြသည်။ ဖေဖေဆူတာ နည်းသေးတယ် ဆိုတဲ့သဘော။
ဦးတည်ကြည်နိုင် ဟက်ခနဲ ရယ်လိုက်သည်။အဆိုးအဆာလေး။
" ဖေဖေတို့လေ အရမ်းစိုးရိမ်နေခဲ့တာ "
" လွှား သိ တယ် "
အားနည်းနေသေးတာကြောင့် လွှားကစကားအများကြီးမပြောနိုင်သေးပေ။
" ဖေဖေ့ကလေးလေးက သိနေတာလား "
လွှားခေါင်းငြိမ့်ပြလိုက်သည်။ လွှားမေ့နေတဲ့ အတောအတွင်းဖြစ်ပျက်သမျှအကုန်လုံးကို လွှားသိသည်။
" မ ငို ပါ နဲ့ ဖေ ဖေ ရ "
လွှားကို ကြည့်ကာ မျက်ရည်ကျနေတဲ့ ဖေဖေ့ကို လွှား လက်လှမ်းလိုက်တော့ ဖေဖေက ချက်ချင်းဖက်လာပေးသည်။
" ဖေ ကြီး ရော လာ "
လွှားတို့သားအဖနှစ်ယောက်ကို မျက်ရည်ဝိုင်းနေတဲ့ မျက်ဝန်းတွေနဲ့
ကြည့်နေတဲ့ ဖေကြီးက ငိုချင်တဲ့စိတ်ကို အောင့်အီးထားပုံ ။
" မလာဘူး "
" ဖေ ဖေ့ "
လွှားကို တမင်စနေမှန်း သိပေမယ့် လွှားက ထုံးစံအတိုင်း ဖေဖေ့ကိုတိုင်တော့ ချက်ချင်းပင် အနားရောက်လာကာ လွှားနဲ့ဖေဖေ နှစ်ယောက်လုံးကို ထွေးပွေ့လာသည်။ ဖေကြီးနဲ့ဖေဖေကို လွှားအရမ်းသတိရနေခဲ့တာ။
လွှား မြင်ကွင်းထဲမှာ လူတစ်ယောက်လိုနေတာကြောင့် ဟိုကြည့်ဒီကြည့်ရှာလိုက်တော့ လွှားတို့ကို ပြုံးပြီး ကြည့်နေတဲ့ ကိုကို ။
" ကို ကို "
.
ဖေကြီးနဲ့ဖေဖေက ထမင်းစားမယ်ဆိုပြီး ထွက်သွားတာကြောင့် ကိုကိုနဲ့လွှားနဲ့ နှစ်ယောက်တည်း ကျန်ခဲ့သည်။
" တောင်းပန်ပါတယ် လွှား "
" ဟင့် အင်း ဘာ ကို လဲ ကိုကိုကတောင်းပန် စရာမှ မ ရှိ တာ "
ကိုကိုက သူ့မှာအပြစ်ရှိတယ်လို့ တွေးနေတာ ။ လွှားက ကိုကို့ကိုကာကွယ်ပေးချင်လို့ လွှား ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ လုပ်ခဲ့တာ ။ကိုကိုက ကိုကို့အပြစ်လိုခံစားနေရင် လွှားကကာကွယ်ရာဘယ်ရောက်တော့မလဲ။
" သတိရလာပေးလို့ ကျေးဇူးတင်ပါတယ် "
" ကိုကိုဘာမှမဖြစ်လို့ တော်သေးတာပေါ့ "
" လွှား စကားတွေအများကြီးမပြောသေးနဲ့လေ အားရှိအောင် အိပ်လိုက်မလားဟင် ဟိုအကြာကြီးတော့ မအိပ်နဲ့တော့နော် "
ကိုကိုက လွှားကို ထပ်ပြီး အကြာကြီးအိပ်သွားမှာကို စိုးရိမ်နေတာ။ ကိုကိုစိုးရိမ်တာတွေကို လွှား မလုပ်ပါဘူး။
" ဟား ဟား ကိုကိုကလည်း လွှားက ခုမှနိုးလာတာကို "
" ဟုတ်သား "
ကိုကို ပိန်သွားတယ်။လွှားကို ဂရုစိုက်ရတာ ပင်ပန်းသွားလို့ထင်တယ်။
" လွှား ကိုကိုနဲ့စကားပြောချင်တယ် လွှား အိပ်တဲ့ချိန် ကိုကို မရှိတော့ရင်ဘယ်လိုလုပ်မလဲ "
လွှား သတိရလာပြီဆိုတော့ ကိုကိုလွှားနားမှာမနေတော့မှာ လွှားစိုးရိမ်တယ်။
လွှားကို ဖေတို့နဲ့ ထားခဲ့တော့မှာ လွှားစိုးရိမ်တယ်။
" ကိုယ်က ဘာမှမသွားပါဘူး "
" တကယ်လား တကယ် လွှားဘေးမှာရှိနေမှာလားဟင် "
" အင်း လွှား နေကောင်းလာတဲ့အထိ ရှိနေပေးမယ် "
ဒါဆို လွှားနေတောင်မကောင်းချင်တော့ဘူး။ကိုကိုကလွှားစိတ်ကို မမြင်ချင်ယောင်ဆောင်ထားတာပဲ။လွှားကလည်း ကိုကို့ကို ပိုင်ဆိုင်ချင်စိတ်မရှိပါဘူး။ ကိုကိုကသူများအပိုင်ဆိုတာ လွှားသိပေမယ့် လွှားကိုကို့နားမှာရှိခွင့်ရတုန်းလေး ကိုကိုနဲ့အတူဖြတ်သန်းချင်သေးတယ်။တစ်ရက်ပဲဖြစ်ဖြစ် ၊ နှစ်ရက်ဖြစ်ဖြစ်။ ပြီးတော့ သူများ ၊ ကိုကို့သက်ဆိုင်သူ အကြောင်းကို ခနမေ့ထားချင်သည်။
" လွှားတို့ဇာတ်လမ်းတွဲရော "
" ကိုယ်တို့ဇာတ်လမ်းတွဲကပြနေပြီ
ကြည့်ရှုနှုန်းလည်း များတယ် ပရိသတ်တွေ ကလည်း လွှားကိုမျှော်နေကြတာ "
" ဟီး ဟုတ် လား "
" ဇာတ်လမ်းတွဲ replay ပြန်ကြည့်လို့ရတယ် ကြည့်ကြမလား "
" ဟုတ် ကြည့် မယ် "
ဝန်း TV ဖွင့်လိုက်သည်။ဝန်းလည်း တစ်ခါမှ ဇာတ်လမ်းတွဲကို မကြည့်ရသေးပေ။အခုမှပထမဦးဆုံးအကြိမ်ကြည့်မှာဖြစ်သည်။လွှားနဲ့ အတူပေါ့။အရင်ကဆို အစ်ကိုနဲ့ အတူ။
အစ်ကိုက ဝန်းတို့ ဇာတ်လမ်းတွဲ
မကြည့်ဘူး ထင်ပါရဲ့။
.
" ဟိုကောင် "
ဦးတည်ကြည်နိုင် ပြောဖို့ ပါးစပ်ဟလိုက်သည်နှင့် ယောကျာ်းဖြစ်သူ၏
အကြည့်စူးစူးကြောင့် ပြန်လျှောချလိုက်သည်။
" လေးက "
ချိုချိုသာသာပြောမှသဘောကျတဲ့ယောက်ျားကို ယူထားမိတော့လည်း။
" ချိန်းကဘာဖြစ်လဲ "
" သူ့ကောင်လေးကို တော်တော်ချစ်တာပဲ "
" အမယ် ဖေကြီးက ဘယ်လိုသိလဲ "
ဦးတည်ကြည်နိုင်စကားကြောင့် ဦးရိုးရှင်းသွင် မျက်ခုံးပင့်ကာ မေးလိုက်သည်။
" လွှား သတိရလာလာချင်း သူ့ကောင်လေးကို တန်းဖုန်းဆက်တာတွေ့လိုက်လို့ "
" အဲ့ဒီတော့ "
" ပျော်စရာသတင်းကောင်းသိရရင် ချစ်တဲ့သူကို အရင်ဆုံးပြေးမြင်တတ်တယ်လေ "
" လွှားသတိရလာတာကို သူဝမ်းသာလို့ သူ့ကောင်လေးကို ဖုန်းဆက်ပြောတာပေါ့ "
" သူစိုးရိမ်ခဲ့တာမလား သူစိုးရိမ်နေတာကို သူ့ကောင်လေးလည်း စိုးရိမ်နေမှာပဲလေ ကိုယ်ပြောတာ နားလည်တယ်မလား "
" အင်း "
ချိန်း နဲ့ ထပ်တူ ရှေးဆက်ရန်းလည်း ဒီကိစ္စမှာ ဖိအားတွေ အများကြီး ရှိနေမှာပဲ။ ချစ်သူချိန်းက လွှားကိုအမြဲပူပန်ပြီး စိုးရိမ်နေတော့ လွှား မြန်မြန်သတိရလာဖို့ကို ရှေးဆက်ရန်းလည်း မြင်ချင်မှာပဲ။ဒါမှ သူ့ကောင်လေးရဲ့စိတ် အဆင်ပြေမှာမလား။ ဒါကို ချိန်းလည်းသိမှာပဲ။
" အခုအဆင်ပြေသွားပြီဆိုတော့ သူ့အပျော်တွေကို ကူးစက်စေချင်သလို သူ့ကောင်လေးကိုလည်း မစိုးရိမ်စေချင်တော့ဘူး နေမှာပေါ့လေ "
"အင်း သူတို့လေးတွေ ချစ်ကြတာပဲ "
" ဒါတွေက ကိုယ်တို့လို ချစ်တတ်တဲ့သူတွေပဲ အလိုလိုနားလည်တာ "
" အချစ်ကြီးသူတွေပေါ့လေ "
စစနောက်နောက်ပြောကာ ရယ်ရင်း တစ်ခုခုကိုတွေးလိုက်မိသည်ထင်။ ချက်ချင်းမျက်နှာညှိုးငယ်သွားသော ဦးရိုးရှင်းသွင်၏ပုခုံးကို ဦးတည်ကြည်နိုင် ဖွဖွပုတ်လိုက်သည်။
" လွှားလည်းအဆင်ပြေသွားမှာပါ "
.
ဘယ်အရာကမှ ချုပ်နှောင်ထားခြင်းမရှိတော့တဲ့ လက်ဖြူဖြူလေးကို တစိမ့်စိမ့်ကြည့်နေတာတောင် ကြည့်မဝ။
အကြိမ်ကြိမ် ကွေးလိုက်ဆန့်လိုက်လုပ်ကာ သဘောကျနေမိသည် ။ ညာဘက်လက်လေးကတော့ အရင်လို အကောင်းအတိုင်း ပြန်ဖြစ်သွားပြီ။
တစ်ယောက်ကို တစ်ယောက် သိပ်ချစ်ကြတဲ့ ချစ်သူနှစ်ဦးဟာ တစ်မိုးအောက်တစ်နေရာထဲမှာ ရှိနေပါလျက်နဲ့ တွေ့ဆုံခြင်း မရှိဘူးဆိုရင် ဒါကို ခွဲခွာခြင်းရဲ့လမ်းစလို့ သတ်မှတ်ကြလေမလား။
ရန်း ကတော့ အဲ့လိုသတ်မှတ်ခြင်းမခံနိုင်ပါ ။ သူ ဝန်းကိုအရမ်းလွမ်းနေခဲ့သည်လေ။ သက်ဆိုင်သူက မလာခဲ့တော့ သက်ဆိုင်သူရှိရာကိုအပြေးလေးသွားတွေ့ရမှာပေါ့လေ။
ဝန်းရဲ့အသက်သခင်ကျေးဇူးရှင်ကိုလည်း ကျေးဇူးတင်ရဦးမည်။
ငါးလွှာကိုခြေချလိုက်ပေမယ့် ထိုအခန်းကို သွားဖို့ရာက ချီတုံချတုံ။ ဘယ်လိုအကြောင်းပြချက်နဲ့ ထိုအခန်းထဲကို ဝင်သွားရမလဲ မတွေးတတ်ပေ။
" ဝန်း ကို ဖုန်းဆက်လိုက်ရမလား "
ကိုယ်စိတ်နှစ်ပါးလုံး၏တွန့်ဆုတ်ခြင်းတွေနဲ့အတူ ရှေ့ဆက်တိုးခဲ့ရာ ထိုအခန်းရှေ့သို့ရောက်လာခဲ့သည်။
"ဘာမှလည်း ပါမလာခဲ့ဘူး "
ကိုယ့်အရေးနဲ့ကိုယ်လာခဲ့တာကြောင့် ပန်းစည်းလေးတောင် ယူမလာခဲ့ရပေ။
တံခါးခေါက်ပြီး ဝင်သွားရင် အဆင်ပြေသွားမှာပါ လို့ တွေးရင်း တံခါးခေါက်ဖို့ရာ လက်ရွယ်လိုက်စဥ် ကြားလိုက်ရတဲ့ ရယ်သံလွင်လွင်လေးတွေ ။
" သူတို့သားအဖနှစ်ယောက်က အမြဲတမ်းတဂျက်ဂျက် တည့်တယ်လို့ကို မရှိဘူး ငယ်ငယ်က သူ့ဖေကြီးနဲ့ရန်ဖြစ်လို့ မနိုင်တော့ရင် ငိုယိုပြီး
ဦးဆီဘယ်လိုလာတိုင်တယ်မှတ်လဲ "
" ဖေဖေက ဒီလောက်ဆိုးတဲ့ဖေကြီးကို ဘာလို့မွေးထားတာလဲ ဆိုပြီး တိုင်တာ ဟားဟား "
" သူ့ဖေကြီးကိုလည်း ဦးမွေးထားတယ်ပဲ ထင်နေတာလေ "
" ဟားဟား "
ထိုပျော်ရွှင်ခြင်းရယ်မောသံတွေဟာ ထိုအခန်းထဲက ထွက်လာတာကြောင့် မြှောက်ထားသော လက်ကို ပြန်ရုတ်သိမ်းကာ တိတ်တဆိတ်ချောင်းကြည့်မိတော့ ပြုံးပျော်နေကြသော လူသားလေးယောက်ကို တွေ့ရသည်။
ထိုအထဲမှာမှ လိမ္မော်သီးအခွံခွာနေသော ကောင်လေး၏အပြုံးက သက်ရှိအရာ သက်မဲ့အဖြစ်ပြောင်းနိုင်စွမ်းသည်။
အဲ့လိုပဲ ဝန်းငယ်က ပျော်စရာကောင်းတဲ့ မိသားစုအမှတ်တရအကြောင်းလေးတွေ နားထောင်ရတာကို သိပ်သဘောကျတာ ။
အခုချိန်က ရန်း ဝင်သွားဖို့ အချိန်ကောင်း မဟုတ်နိုင်ဘူး ထင်တယ်။ရန်း ဝင်သွားရင် ကြည်နူးစရာ စကားဝိုင်းလေးပျက်သွားပြီး ရယ်သံလေးတွေရပ်တန့် သွားနိုင်သည်။
ဝန်း ရဲ့ မျက်နှာလေးကို မြင်လိုက်ရပြီမို့ အလွမ်းတစိတ် လွင့်ပြယ်သွားပြီ ထင်ပါရဲ့။ ဝန်း နားထောင်ရတာသဘောကျတဲ့အကြောင်းအရာလေးတွေ ဆက်နားထောင်ပါစေ ။ဝန်းပြုံးဖို့အတွက်
နောက်နေ့မှ လာဖို့ ရန်း ဆုံးဖြတ်လိုက်သည်။ လာတုန်းကလည်း တိတ်တဆိတ်ပါပဲ...ကျောခိုင်းလှည့်ထွက်ခဲ့တော့လည်း တိတ်တဆိတ်ပါပဲ။
" အစ်ကို "
နောက်ပါးထံမှ ထွက်ပေါ်လာသော အသံကြောင့် လှုပ်ရှားနေသောခြေအစုံတို့ ရပ်တန့်သွားသည်။ ဖြေညှင်းစွာ လှည့်ကြည့်မိတော့ မနမ်းရှိုက်ရတာကြာပြီ ဖြစ်တဲ့ မျက်နှာလေးကို အရင်တွေ့သည်။မျက်နှာပေါ်ဒဏ်ရာမရှိတော့ပေမယ့် မျက်နှာလေးက အတော်ချောင်ကျသွားသည်။မျက်ကွင်းညိုညိုတို့က ကောင်းမွန်စွာ မအိပ်စက်ထားကြောင်း ဖော်ပြနေသည်မို့ စိတ်ထဲမကောင်းပေ။
" ဘာလို့အထဲဝင်မလာတာလဲ "
ရန်းဆီကို တစ်လှမ်းချင်းလှမ်းလာကာ ရန်းနဲ့အနီးကပ်ဆုံးမှာ မျက်နှာချင်းဆိုင် လာရပ်တာကြောင့် ရင်းနှီးကျွမ်းဝင်နေတဲ့ ကိုယ်သင်းနံ့လေးက ရန်းရဲ့အနံ့ခံအာရုံကို လာကျီစယ်နေသည်။ ထင်ယောင်ထင်မှားမဟုတ်ဘဲ တကယ် ဝန်းရဲ့ကိုယ်သင်းနံ့ အစစ်အမှန်လေး။
ရန်း ပြုံးကာ ဝန်း ကို ကြည့်လျက် လက်မြောက်ပြလိုက်သည်။
" လက်ပတ်တီးဖြေရင်း တက်လာခဲ့တာ ဘာမှဝယ်မလာမိတာနဲ့ နောက်နေ့မှပြန်လာမလို့ "
ဒီနေ့ အစ်ကိုပတ်တီးဖြေရမယ့်နေ့ဆိုတာ ဝန်း တကယ်ပင် မသိခဲ့ဘူး။
အရိပ်လေး မြင်လိုက်လို့သာပေါ့။အစ်ကိုက အရာအားလုံးကို တစ်ယောက်ထဲ တိတ်တိတ်ကလေး လုပ်နေတာပဲ။
လက်လေးကိုမြောက်ပြနေတဲ့အစ်ကိုဆီမှာ အပြုံးတွေရှိနေသေးသည်။ တစ်ယောက်ထဲ ဘယ်လောက်တောင် ပင်ပန်းနေလိုက်မလဲ။ အစ်ကို ပြန်ကောင်းသွားလို့ ဝမ်းသာပါတယ်လို့ ဝန်း မပြောထွက်ဘူး။ဝန်း ကအစ်ကို့အပေါ်တာဝန်မကျေတဲ့သူ။အစ်ကို့ဘေးမှာရှိမနေပေးနိုင်ခဲ့တာကြောင့် ဝန်း ဝမ်းသာခွင့် ရှိမယ်မထင်ဘူး။
" ကျွန်တော့်ကိုပြောရောပေါ့... ကျွန်တော်လာခေါ်မှာပေါ့ အစ်ကိုရဲ့... "
" အလုပ်ရှုပ်မှာစိုးလို့ တမင်မပြောတာ
ဒရိုင်ဘာ ခေါ်လာခဲ့တယ် "
တကယ်ပဲ အစ်ကိုက ဝန်းကို မလိုအပ်တော့ဘူး။ဝန်း ကို အားမကိုးတော့ဘူး။ဝန်း ကို ဘာမှမပြောပြတော့ဘူး။
" အစ်ကိုမပြောလည်း ကျွန်တော်ကသိရမှာကို "
အရာအာလုံးက မင်းတာဝန်မဟုတ်လို့ မင်းမသိရင်လည်း ရပါတယ် ဝန်း။
" သစ်ခက်လွှား အဆင်ပြေတယ်မလား "
" အစ်ကို ဝင်တွေ့ဦးမလား "
" နောက်နေ့မှပဲ "
အမှန်အတိုင်း ဝန်ခံရရင် သစ်ခက်လွှားကို တွေ့ဖို့ရာ ရန်း အတွေးမရှိဘူး။ကျေးဇူးတင်ရမည်ကို သိပေမယ့် ရန်း မတွေ့ချင်ဘူး ။ မုန်းလို့မဟုတ်ဘူး။ သစ်ခက်လွှားက ရန်းကိုတွေ့ချင်မယ်
မထင်ဘူး။
" ကိုကို ဘယ်ရောက်သွားတာလဲ "
အခန်းထဲက ထွက်လာတဲ့ သစ်ခက်လွှားအသံကြောင့် ဝန်း မျက်ဝန်းအိမ်လေး လှုပ်ရှားသွားသည်။
" ငါ ပြန်တော့မယ် "
" လွှားတို့က နောက်သုံးလေးရက်ဆို ပြန်ကြတော့မှာ နောက်ဆုံးအထိ ကျွန်တော် ဂရုစိုက်ပေးလိုက်ချင်တယ် ဒါမှ ကျွန်တော်သူ့အပေါ် အားနာစိတ်မရှိဘဲ ဆက်ဆံနိုင်မယ်ထင်လို့ ဟို အစ်ကို့သဘောက "
အခုချိန်ထိ ဝန်းက ရန်းသဘောကို မေးချင်နေသေးသည်။ရန်းသဘောက ဝန်းသဘောပေါ့။ဝန်းစိတ်ကို ရန်းနားမလည်ပေးရင် ဘယ်သူနားလည်ပေးမလဲ။
" မင်းမှန်တယ် မင်းအဆင်ပြေဖို့ပဲ လိုတယ် မင်းတကယ်တော်တယ် ဝန်း မင်းအများကြီး ပင်ပန်းခဲ့ပြီ "
" ကျွန်တော် အစ်ကို့ဆီလာလို့ရပြီလားဟင် "
ဘယ်သူက မလာနဲ့ နှင်ထုတ်ထားမိလို့လဲ ။ သူ့ဘာသာ လာဖို့ မလာဖို့ ဆုံးဖြတ်ထားတာမဟုတ်လား။
" မင်း စိတ်ထဲရှိသလိုပေါ့ "
ရန်း အဖြေက ဝန်းအတွက် တွေဝေစရာ ဖြစ်ဦးမလား။
" ကားကဘယ်မှာရပ်ထားတာလဲ "
" ကားပါကင်မှာ ကားဆရာစောင့်နေရတာကြာနေတော့မယ် ငါသွားတော့မယ်နော် "
" ကားပါကင်ထိလိုက်ခဲ့မယ် "
" ကိုကိုက ကြာလိုက်တာ "
" ဝင်သွားလိုက်တော့ သေချာဂရုစိုက်ပေးလိုက် "
သေချာဂရုစိုက်ပေးလိုက် ဆိုပြီး ကျောခိုင်းသွားတဲ့ အစ်ကို့နှလုံးသားထဲမှာ ဝန်း ရှိနေသေးတယ်လို့ ယုံကြည်တယ်။
" ဝန်း "
ခြေလှမ်းသုံးလှမ်း လှမ်းပြီးတဲ့နောက် အစ်ကိုက ဝန်းဘက်ပြန်လှည့်လာကာ တစ်ခုခုပြောဖို့ ပြင်သည်။
" နောက်အပတ်..."
အစ်ကိုက စကားကိုရှေ့မဆက်ဘဲ တစ်ဝက်တစ်ပျက်နဲ့ ရပ်တန့်ကာ ပြောဖို့ရာကို စဥ်စားနေဟန်။
" အစ်ကိုဘာပြောမလို့လဲ "
" ဘာမှမဟုတ်တော့ဘူး "
စကားစတုန်းစပြီး ဘာမှမဟုတ်ဘူးဆိုကာ ခေါင်းရမ်းပြတဲ့ အစ်ကို့ကို ဝန်း
အသဲယားလာသည်။လူကို သိချင်အောင်လုပ်ပြီးမှ ဆက်မပြောရင် စိတ်တိုချင်သည်။ ဒါပေမယ့် အစ်ကို့ကိုတော့ အသဲယားသည်။ လှည့်ပြေးဖို့လုပ်နေတဲ့ အစ်ကို့ခန္ဓာကိုယ်လေးကို တင်းကြပ်နေအောင် ဆွဲဖက်လိုက်သည်။
" နောက်အပတ် တနင်္ဂနွေနေ့က ကျွန်တော်တို့ Anni Day "
ဝန်းတို့ နှစ်ယောက်ရဲ့အရေးကြီးတဲ့နေ့ရက်လေးကို ဝန်း မေ့စရာလား။ အတူတူ ကုန်ဆုံးကြမယ်လို့ ကတိပေးထားတယ်လေ။
" အစ်ကိုသွားချင်တဲ့နေကြာခင်းကို ကျွန်တော်သွားကြည့်ပြီးပြီ... လမ်းမှတ်ရင်း သွားလိုက်တာ.... နည်းနည်းတော့ဝေးတယ်... ဟိုတစ်နေ့က ဓာတ်ပုံရိုက်ဖို့အတွက် ကင်မရာဝယ်လိုက်တယ်...
အစ်ကို့ကို ပုံအမိုက်စားတွေ အများကြီး ရိုက်ပေးမယ်....မနေ့ညက ညစျေးတန်းသွားပြီး အရုပ်ကောက်လေ့ကျင့်တာ ငါးသောင်းရှုံးသွားတယ်... ကျွန်တော် တော်တော်အသုံးမကျဘူး... အစ်ကိုလိုချင်တဲ့အရုပ်ကောက်ပေးတဲ့အခါ အရှက်မကွဲချင်ဘူး အဟင်း... အစ်ကို့အတွက်ဖုန်းဝယ်ထားသေးတယ်... ကျွန်တော် မပေးဖြစ်လိုက်တာ... ကျွန်တော်လည်းသတိမကပ်တော့ဘူး ဟဟ ... အရမ်းလွမ်းနေတာ... ကျွန်တော် အစ်ကို့ကို ရူးမတတ်လွမ်းနေခဲ့တာ... ကျွန်တော်အစ်ကို့ဆီလာရင် အစ်ကိုမကြိုက်မှာစိုးလို့ "
ကြည်နူးမှုနဲ့အတူဝမ်းနည်းမှုကတပြိုင်တည်း လှိုက်တက်လို့လာသည်။ဝန်းကလေ သိပ်ကို အားငယ်တတ်တဲ့ ကလေးလေး။ဒီရက်ပိုင်းတွေမှာ အရမ်းပင်ပန်းခက်ခဲနေရှာမှာ။ဝန်းမှာ ရန်းတစ်ယောက်ထဲ ရှိတာကိုသိလျက်နဲ့ ဝန်းနားမှာ မနေပေးခဲ့ဘူး။ ဝန်းဘက်ကိုမကြည့်ဘဲ
ကိုယ့်ဘက်ကိုပဲ ကြည့်ခဲ့မိတယ်။
မွန်းကြပ်မှုတွေကို ရင်ဖွင့်ချင်တဲ့အခါ၊ ပင်ပန်းတဲ့အချိန်တွေမှာ တစ်စုံတစ်ဦးရဲ့ရင်ခွင်ထဲအနားယူချင်တဲ့အခါ၊ ထွေးပွေ့ကြင်နာ ပေးဖို့ ဝန်းနားမှာ တစ်စုံတစ်ယောက်မှ မရှိခဲ့ကြဘူး။ရန်းမှာက မိသားစုရှိသေးတယ် ၊ ဂရုစိုက်ပေးမယ့်သူတွေ ရှိသေးတယ်။ ဝန်းနားမှာက ဘယ်သူမှမရှိဘူး။ ရန်း မရှိပေးခဲ့မိဘူး။ သနားစရာကောင်းတဲ့ ဝန်းငယ်။
ရန်း ဝန်းကို အမြတ်တနိုး ပြန်ပွေ့ဖက်လိုက်သည်။တောင်းပန်ခြင်းများစွာလည်း ပါဝင်သည်။
" မင်း အရမ်းပိန်သွားတယ် "
" အစ်ကိုလည်း ပိန်တာပဲ "
ဝန်း ရန်းရဲ့ခန္ဓာကိုယ်လေးကို တင်းကြပ်သည်ထက် ပိုမိုတင်းကြပ်အောင် ဖက်လိုက်သည်။
" အာ့! ဝန်း ငါအခုမှ ပတ်တီးဖြေလာတာနော် ထပ်ကျိုးအောင်မလုပ်နဲ့ "
ပြောလိုက်မှ လူကိုအလန့်တကြားလွတ်ပေးကာ " နာသွားလား " တဖွဖွမေးသည်။ အငိုသန်လေးက မျက်နှာကိုရှုံ့မဲ့မဲ့လုပ်ကာ ငိုပြဖို့ကြိုးစားနေပြီမလို့ ရန်း နှာတံစင်းစင်းလေးကို ဖွဖွတောက်လိုက်သည်။
" ခုမှ လာမငိုပြနဲ့ "
" အရမ်း လွမ်းနေတာ "
" ငါလည်း လွမ်းတယ် "
" ပြွတ်စ် ပြွတ်စ် ပြွတ်စ် ပြွတ်စ် "
ရှိန်းမြင့်မိုရ်ဝန်းက ဇာတိပြလာပြီ။ရန်းမျက်နှာတပြင်လုံးကို နေရာလပ်မကျန်အောင် အငမ်းမရလာနမ်းသည်။
" ဘယ်လိုဖြစ်နေတာလဲ ဝန်း ဒါဆေးရုံနော် "
" ပြွတ်စ် ပြွတ်စ် ပြွတ်စ် ပြွတ်စ် "
ဘယ်လိုပြောပြောမရ ။
ထုမရ ၊ ရိုက်မရ ၊ ရုန်းမရ ၊အသက်ရှူမရတဲ့ အထိ နမ်းနေသည်။ မျက်နှာတစ်ခုလုံးလည်း ယားစိ ယားစိနဲ့ ယွတက်နေပြီ။
"ဝန်း ဒါ လူသွားလမ်းကြီးနော် အမြင်မတော်ဘူး "
" ဘယ်သူမှမလာဘူး "
V.I.P အထပ်မလို့ လူသွားလူလာ နည်းတယ်ဆိုပေမယ့် လမ်းကြီးမှာဒီလိုနမ်းနေလို့ ဘယ်သင့်တော်ပါ့မလဲ ။ ရှိန်းမြင့်မိုရ်ဝန်း က ပြောရဆိုရ ခက်သည်။
" CCTV တွေ မမြင်ဘူးလား "
" မြင်တယ် ပြွတ်စ် ပြွတ်စ် "
အင်း မြင်ချင်လည်းမြင်ပါစေတော့။
တွေ့ချင်တဲ့သူတွေ့ပါစေတော့။ကြည့်ချင်တဲ့သူ ကြည့်ပါစေတော့။
အဝသာနမ်းပါတော့ ဝန်းငယ်။ငါလည်း မင်းအထိအတွေ့ကို လွမ်းနေသူမလို့ မင်းအနမ်းတွေကို တောင်းတနေသူမို့။
" ဟားဟား တော်ပြီ ဝန်း "
ထုံးစံအတိုင်း နမ်းပြီးရင် ရန်းနှာခေါင်းလေးကို တတိတိ လာကိုက်သည်။
" အဟမ်း! အဟမ်း! "
တမင်လုပ်ယူချောင်းဟန့်သံကြောင့် အစ်ကိုက ဝန်းနဲ့ပူးကပ်နေရာကနေ အဝေးကိုချက်ချင်းခွာသွားသည်။ဘယ်ကောင်တွေလဲကွာ။
ကြည့်လိုက်တော့ လွှားရဲ့တာဝန်ခံဆရာဝန် နဲ့ လွှားကိုသွေးလှူပေးထားတဲ့ဆရာဝန် ။ ဒီချိန်မှ ပေါ်လာကြတယ်လား။
ဝန်းအစ်ကို့လက်ကိုဆုပ်ကိုင်တော့ အစ်ကိုက အတင်းရုန်းထွက်သည်။အစ်ကို့မျက်နှာတစ်ခုလုံး နီရဲနေကာ ခေါင်းကိုအောက်ငုံ့ထားသည်။ အစ်ကိုရှက်တာလည်းမပြောနဲ့ ထိုဆရာဝန်နှစ်ယောက်က မမြင်ယောင်ဆောင်ကာကျော်သွားမယ် မရှိဘူး ဘေးနားမှာလာရပ်ပြီး ဝန်းတို့နှစ်ယောက်ကို စေ့စေ့ကြည့်နေသည်။
နမ်းတာကို မမြင်ဖူးကြဘူးလားအကြင်နာဖျက်သမားတွေ။
" ငါညီတို့ ဒီနေရာမှာက မဟုတ်သေးဘူးထင်တယ် အဟမ်း "
လွှားရဲ့တာဝန်ခံဆရာဝန်က တဟမ်းဟမ်း နဲ့ ပြောကာ လူနာခန်းထဲဝင်သွားသည်။လွှားကို လာကြည့်တာထင်တယ်။
ဒီနေရာမှာ နမ်းတာဘာဖြစ်လို့လဲ ။ကိုယ့်ချစ်သူကို ဘယ်နေရာမှာဖြစ်ဖြစ် နမ်းမှာပဲ ။
" ငါ့ယောကျာ်းကိုခေါ်ပြလိုက်ချင်တယ် ခုခေတ်ကလေးတွေများ ကျွတ် ကျွတ် "
တစ်ခါလာလည်း ငါ့ယောကျာ်း နှစ်ခါလာလည်း ငါ့ယောကျာ်း အဲ့ငါ့ယောကျာ်း နဲ့မနမ်းဖူးဘူးလား။နမ်းတာက ဘာဖြစ်လို့လဲ ။ချစ်လို့နမ်းတာလေနောက်လည်းနမ်းမှာပဲ အမြဲတမ်းနမ်းနေမှာ။ ဝန်း စိတ်ထဲကနေသာ တုံ့ပြန်နေမိသည်။
" ငါမနမ်းပါနဲ့လို့ ပြောနေတာကို "
လူမိသွားတာကြောင့် အစ်ကိုက အရှက်သည်းစွာ အပြစ်တင်စကားဆိုသည်။
" ဟီး "
" ရယ်စရာပါနေလား "
" မပါဘူး "
ဝန်း ပြောင်စပ်စပ်လုပ်နေတာကြောင့်
အစ်ကို့ရဲ့ မျက်စောင်းကို လက်ခံလိုက်ရသည်။
" မနက်ဖြန်လာမှာဆို လာခေါ်မယ် "
" တအား လာစေချင်နေတာလား "
" အင်း ငါ့ကောင်လေးအတွက် ကျေးဇူးပါလို့ လာပြောပေးဦး ကျွန်တော်က
ခိုကိုးရာမဲ့မှမဟုတ်တာ အစ်ကိုက ကျွန်တော့်အုပ်ထိန်းသူလေ "
ဝန်းစိတ်ထဲမှာ လွှားကဝန်းကိုကယ်ခဲ့တာကြောင့် ဝန်းမိဘတွေက လွှားကိုလာပြီးကျေးဇူးတင်ပေးရင် ကောင်းမယ်လို့တွေးနေရင် တွေးနေမှာ။
" မနက်ဖြန် လာခေါ်ချင်တာမလား
လာခေါ်.... ပြန်ပြီ "
ဒီတစ်ခါတော့ တကယ်ပြန်မှ ဖြစ်တော့မှာမလို့ ဝန်းကိုကျောခိုင်းကာ ခပ်သွက်သွက် ထွက်လာခဲ့လိုက်သည်။
ဒါကို ငချွဲကောင်က " အစ်ကို့ကို ချစ်တယ် " ဆိုပြီး လှမ်းအော်သေးသည်။ အဟင်း။
ရန်း ရဲ့ ခြေလှမ်းတွေ ပေါ့ပါးသွက်လက်နေသည်။ မျက်နှာကအပြုံးတွေကိုလည်း အရှိန်မသတ်နိုင် ။ အခုဆို အရာအားလုံး သူ့နေရာနဲ့သူ နေရာမှန်ကို ပြန်ရောက်သွားပြီလား။
ဆေးရုံရှေ့ရောက်တော့ တက္ကစီ တစ်စီးကို တားလိုက်သည်။ ဒီနေ့တော့ ရန်းက ဒရိုင်ဘာနဲ့ လာခဲ့သည်မို့ အပြန်လည်း
ဒရိုင်ဘာနဲ့ပင်။
.
ရန်းအိမ်ပြန်ရောက်တော့ အိမ်ရှေ့မှာ ကားအနက်တစ်စီး ရပ်ထားသည်။ထိုကားကို ရန််းရင်းနှီးနေသည်။မကြာခဏဆိုသလို ရန်း အိမ်နားမှာမြင်ဖူးနေကျ။
ရန်း အနားသွားလိုက်တော့ ထိုကားထဲမှ မေမေ့အရွယ်အမျိုးသမီးတစ်ဦး ထွက်လာသည်။ ဆင်ယင်ဝတ်စားထားသည်ကို ကြည့်လိုက်တာနဲ့ အထက်တန်းအလွှာထဲကမှန်းသိသာသည်။ကျက်သရေရှိသောမျက်နှာတွင် ဂုဏ်ရှိန်ဂုဏ်ဝါတွေပါ ထင်ဟပ်နေသည်။တော်ရုံတန်ရုံတော့မဟုတ်ပေ။ထိုအမျိုးသမီး၏မျက်နှာကို ရန်း ရင်းနှီးနေသလိုပင်။ ထိုအမျိုးသမီးဘေးတွေ အနက်ရောင် Suit အပြည့်ဝတ်ဆင်ထားတဲ့ လူတစ်ဦးရှိသေးသည်။မျက်နှာတည်ကြည်ကာ ခပ်ဖြောင့်ဖြောင့်လူတစ်ယောက်ပင်။ မဟုတ်မှလွဲရော....။
" ရှိန်းမြင့်မိုရ်ဝန်း အမေပါ "
___________________________________
(Zawgyi)
တစ္ဦးကိုတစ္ဦး ၾကင္နာယုယစြာ နမ္းရွိုက္ေနေသာ ေကာင္ေလးႏွစ္ေယာက္။ လႈပ္ရွားမႈပုံရိပ္ေတြက ခ်စ္ျခင္းမ်ားစြာနဲ႕ အသက္ဝင္လွသည္။အၾကည့္ေတြက အစ အခ်စ္မွာေပ်ာ္ဝင္ေနၾကတဲ့ မ်က္ဝန္းေတြ။
" တကယ္ နမ္းတာပဲ "
ဒါဟာ ဇာတ္ကားမွန္းသိေပမယ့္ ဝန္းကသူမဟုတ္တဲ့ တျခားသူနဲ႕ နမ္းေနတာကိုၾကည့္ရတာ ဝမ္းနည္းသည္။ဝန္းက အၿမဲတမ္း နမ္းတဲ့အခန္းေတြဆို ျငင္းၿပီး အနမ္းအတုေတြနဲ႕သာ ရိုက္ေနၾက ။
ဇာတ္ကားမၾကည့္ဘူးလို႔ ေျပာလိုက္ေတာ့ ဝန္း စိတ္မေကာင္းျဖစ္သြားတယ္ထင္လို႔ ၾကည့္လိုက္ကာမွ ဝန္းကို စိတ္ဆိုးခ်င္သြားျပန္ၿပီ။
မၾကည့္လိုက္ရင္ ပိုေကာင္းသား။
" တီ...တီ...တီ....တီ "
ေသခ်ာေပါက္ ႏွစ္ေယာက္မရွိတဲ့ ဝန္းငယ္ ဖုန္းဆက္လာသည္။ဝန္းလည္း ဇာတ္ကား ၾကည့္ေနတယ္ထင္ပါ့။ဒီအခန္းပါမယ္ဆိုတာ မေျပာျပထားဘဲ အခုမွ လာေခ်ာ့ေတာ့မယ္။အေခ်ာ့ခံ
ၾကည့္တာေပါ့ ဟက္!။
" ဟယ္လ... "
" အစ္ကို လႊား လႊား သတိရလာၿပီ "
ထပ္ၿပီး သစ္ခက္လႊားပဲလား။
ဝန္း အသံက တုန္တုန္ရီရီပင္ ။ ေပ်ာ္လြန္းလို႔ထင္ပါရဲ႕။ ဘာပဲျဖစ္ျဖစ္ ေတာ္ပါေသးတယ္။ ဟိုေကာင္ေလးသတိရလာလို႔ ရန္းလည္း ဝန္းနဲ႕ထပ္တူ ဝမ္းသာပါတယ္ ။သူသာ သတိရမလာရင္ ဝန္း ႐ူးသြားလိမ့္မယ္ထင္တယ္။
" သူ အဆင္ေျပတယ္မလား "
" ဟုတ္ အဆင္ေျပတယ္ "
" မင္းေရာ "
" ကြၽန္ေတာ္လား "
" အင္း "
" အဟင္း! အစ္ကိုဘာလုပ္ေနတာလဲ "
" ဘာမွမလုပ္ဘူး "
ေပ်ာ္ေနတဲ့အခ်ိန္မွာ ရန္းေၾကာင့္ စိတ္မရႈပ္ေစခ်င္ဘူး။ဒီအခ်ိန္က စိတ္ေကာက္စရာအခ်ိန္မွမဟုတ္တာ။အေခ်ာ့ခံခ်င္ရမယ့္အခ်ိန္လည္း မဟုတ္ဘူးေနမယ္။
" ကြၽန္ေတာ္ အစ္ကို႔ဆီအရင္ဆက္လိုက္တာ လႊား သတိရလာတာကိုေျပာျပခ်င္လို႔ "
ငါလည္း သူသတိရလာတာကို ၾကားခ်င္ေနတဲ့ လူတစ္ေယာက္ပါ။
" ဒါဆို သူတို႔က ျပန္ေတာ့မွာလား "
ရန္းအေမးက ေမွ်ာ္လင့္ခ်က္ေလးနည္းနည္း ပါသြားတယ္ထင္သည္။
" အခုမွ သတိစရတာဆိုေတာ့ စိတ္ခ်ရတဲ့ထိေနဦးမယ္ထင္တယ္ "
" အင္းေပါ့ေလ "
" ကြၽန္ေတာ္ ခနေနမွျပန္ဆက္လိုက္မယ္ေနာ္ "
" အင္း "
အရင္လို ႏႈတ္ဆက္စကားေတြ အမ်ားႀကီး မရွိေတာ့ဘူး။အင္း ဆိုတာနဲ႕ တိခနဲျပတ္ေတာက္သြားတဲ့ ဆက္သြယ္ေရး။
ငါမင္းကို စိတ္ဆိုးေနတာ မင္းမသိဘူးမလား ။
.
ေနာက္ဆုံးေတာ့ လႊားေလး သတိရလာခဲ့ၿပီ ။ ေဖေဖတို႔ဆီျပန္လာခဲ့ၿပီ။
ကုတင္ထက္က ျဖဴေဖ်ာ့ေဖ်ာ့ ကေလးငယ္ကို ၾကည့္ကာ ဦးရိုးရွင္းသြင္ မ်က္ရည္က်မိသည္။
" ေဖေဖေလ ေဖေဖ့ကိုမွတ္မိလားဟင္ "
ဦးရိုးရွင္းသြင္ ေမွ်ာ္လင့္တႀကီးေမးတဲ့ ေမးခြန္းကို အားမရွိတဲ့ၾကားထဲက အားတင္းကာ ေခါင္းၿငိမ့္ျပရွာသည္။
" ေဖႀကီးကိုေရာ "
ေခါင္းရမ္းျပလာတဲ့ ကေလးငယ္ေၾကာင့္ ဦးတည္ၾကည္နိုင္ေရာ ဦးရိုးရွင္းသြင္ေရာ ႏွစ္ေယာက္လုံး ထိတ္လန့္သြားၾကသည္။
" ဟင္ ေဖႀကီးေလ ေဖႀကီးကိုမသိဘူးလား ဟင္ "
ဦးရိုးရွင္းသြင္ စိုးရိမ္ႀကီးစြာေမးေနသလို ဦးတည္ၾကည္နိုင္သည္လည္း ဆရာဝန္ကိုျပန္ေခၚလို႔ ဆိုင္းျပင္ေနသည္။
" ဟီး ေဖ ႀကီး "
အားေဖ်ာ့ေဖ်ာ့ေလးနဲ႕ ဟီးခနဲ ရယ္ျပကာ
သူ႕ေဖႀကီးကိုလွမ္းေခၚမွ ဦးရိုးရွင္းသြင္ သက္ျပင္းခ်လိဳက္သည္။ဒီကေလးေလး
ေနမေကာင္းတဲ့ၾကားထဲက သူ႕ေဖႀကီးကို စေနျပန္ၿပီ။
" သစ္ခက္လႊား "
သူ႕ကိုမမွတ္မိမွာစိုးၿပီး ပူထူေနရာကေန သူ႕သားစေနာက္ေနမွန္းသိေတာ့ စိုးရိမ္ေဒါသထြက္ကာ ေအာ္လိုက္တာေၾကာင့္လႊားကိုယ္ေလး က်ဳံ႕သြားၿပီးမ်က္ရည္ေလးဝဲလာသည္။
" ကေလးကိုဘာလို႔ေအာ္ေနတာလဲ "
ဦးရိုးရွင္းသြင္က လႊားကိုေပြ႕ဖက္လိုက္ၿပီး ဦးတည္ၾကည္နိုင္ကို ဆူေတာ့ လႊားက သူ႕ေဖႀကီးကို လက္မေလးေထာင္ျပသည္။ ေဖေဖဆူတာ နည္းေသးတယ္ ဆိုတဲ့သေဘာ။
ဦးတည္ၾကည္နိုင္ ဟက္ခနဲ ရယ္လိုက္သည္။အဆိုးအဆာေလး။
" ေဖေဖတို႔ေလ အရမ္းစိုးရိမ္ေနခဲ့တာ "
" လႊား သိ တယ္ "
အားနည္းေနေသးတာေၾကာင့္ လႊားကစကားအမ်ားႀကီးမေျပာနိုင္ေသးေပ။
" ေဖေဖ့ကေလးေလးက သိေနတာလား "
လႊားေခါင္းၿငိမ့္ျပလိုက္သည္။ လႊားေမ့ေနတဲ့ အေတာအတြင္းျဖစ္ပ်က္သမွ်အကုန္လုံးကို လႊားသိသည္။
" မ ငို ပါ နဲ႕ ေဖ ေဖ ရ "
လႊားကို ၾကည့္ကာ မ်က္ရည္က်ေနတဲ့ ေဖေဖ့ကို လႊား လက္လွမ္းလိုက္ေတာ့ ေဖေဖက ခ်က္ခ်င္းဖက္လာေပးသည္။
" ေဖ ႀကီး ေရာ လာ "
လႊားတို႔သားအဖႏွစ္ေယာက္ကို မ်က္ရည္ဝိုင္းေနတဲ့ မ်က္ဝန္းေတြနဲ႕
ၾကည့္ေနတဲ့ ေဖႀကီးက ငိုခ်င္တဲ့စိတ္ကို ေအာင့္အီးထားပုံ ။
" မလာဘူး "
" ေဖ ေဖ့ "
လႊားကို တမင္စေနမွန္း သိေပမယ့္ လႊားက ထုံးစံအတိုင္း ေဖေဖ့ကိုတိုင္ေတာ့ ခ်က္ခ်င္းပင္ အနားေရာက္လာကာ လႊားနဲ႕ေဖေဖ ႏွစ္ေယာက္လုံးကို ေထြးေပြ႕လာသည္။ ေဖႀကီးနဲ႕ေဖေဖကို လႊားအရမ္းသတိရေနခဲ့တာ။
လႊား ျမင္ကြင္းထဲမွာ လူတစ္ေယာက္လိုေနတာေၾကာင့္ ဟိုၾကည့္ဒီၾကည့္ရွာလိုက္ေတာ့ လႊားတို႔ကို ၿပဳံးၿပီး ၾကည့္ေနတဲ့ ကိုကို ။
" ကို ကို "
.
ေဖႀကီးနဲ႕ေဖေဖက ထမင္းစားမယ္ဆိုၿပီး ထြက္သြားတာေၾကာင့္ ကိုကိုနဲ႕လႊားနဲ႕ ႏွစ္ေယာက္တည္း က်န္ခဲ့သည္။
" ေတာင္းပန္ပါတယ္ လႊား "
" ဟင့္ အင္း ဘာ ကို လဲ ကိုကိုကေတာင္းပန္ စရာမွ မ ရွိ တာ "
ကိုကိုက သူ႕မွာအျပစ္ရွိတယ္လို႔ ေတြးေနတာ ။ လႊားက ကိုကို႔ကိုကာကြယ္ေပးခ်င္လို႔ လႊား ကိုယ္ပိုင္ဆုံးျဖတ္ခ်က္နဲ႕ လုပ္ခဲ့တာ ။ကိုကိုက ကိုကို႔အျပစ္လိုခံစားေနရင္ လႊားကကာကြယ္ရာဘယ္ေရာက္ေတာ့မလဲ။
" သတိရလာေပးလို႔ ေက်းဇူးတင္ပါတယ္ "
" ကိုကိုဘာမွမျဖစ္လို႔ ေတာ္ေသးတာေပါ့ "
" လႊား စကားေတြအမ်ားႀကီးမေျပာေသးနဲ႕ေလ အားရွိေအာင္ အိပ္လိုက္မလားဟင္ ဟိုအၾကာႀကီးေတာ့ မအိပ္နဲ႕ေတာ့ေနာ္ "
ကိုကိုက လႊားကို ထပ္ၿပီး အၾကာႀကီးအိပ္သြားမွာကို စိုးရိမ္ေနတာ။ ကိုကိုစိုးရိမ္တာေတြကို လႊား မလုပ္ပါဘူး။
" ဟား ဟား ကိုကိုကလည္း လႊားက ခုမွနိုးလာတာကို "
" ဟုတ္သား "
ကိုကို ပိန္သြားတယ္။လႊားကို ဂ႐ုစိုက္ရတာ ပင္ပန္းသြားလို႔ထင္တယ္။
" လႊား ကိုကိုနဲ႕စကားေျပာခ်င္တယ္ လႊား အိပ္တဲ့ခ်ိန္ ကိုကို မရွိေတာ့ရင္ဘယ္လိုလုပ္မလဲ "
လႊား သတိရလာၿပီဆိုေတာ့ ကိုကိုလႊားနားမွာမေနေတာ့မွာ လႊားစိုးရိမ္တယ္။
လႊားကို ေဖတို႔နဲ႕ ထားခဲ့ေတာ့မွာ လႊားစိုးရိမ္တယ္။
" ကိုယ္က ဘာမွမသြားပါဘူး "
" တကယ္လား တကယ္ လႊားေဘးမွာရွိေနမွာလားဟင္ "
" အင္း လႊား ေနေကာင္းလာတဲ့အထိ ရွိေနေပးမယ္ "
ဒါဆို လႊားေနေတာင္မေကာင္းခ်င္ေတာ့ဘူး။ကိုကိုကလႊားစိတ္ကို မျမင္ခ်င္ေယာင္ေဆာင္ထားတာပဲ။လႊားကလည္း ကိုကို႔ကို ပိုင္ဆိုင္ခ်င္စိတ္မရွိပါဘူး။ ကိုကိုကသူမ်ားအပိုင္ဆိုတာ လႊားသိေပမယ့္ လႊားကိုကို႔နားမွာရွိခြင့္ရတုန္းေလး ကိုကိုနဲ႕အတူျဖတ္သန္းခ်င္ေသးတယ္။တစ္ရက္ပဲျဖစ္ျဖစ္ ၊ ႏွစ္ရက္ျဖစ္ျဖစ္။ ၿပီးေတာ့ သူမ်ား ၊ ကိုကို႔သက္ဆိုင္သူ အေၾကာင္းကို ခနေမ့ထားခ်င္သည္။
" လႊားတို႔ဇာတ္လမ္းတြဲေရာ "
" ကိုယ္တို႔ဇာတ္လမ္းတြဲကျပေနၿပီ
ၾကည့္ရႈႏႈန္းလည္း မ်ားတယ္ ပရိသတ္ေတြ ကလည္း လႊားကိုေမွ်ာ္ေနၾကတာ "
" ဟီး ဟုတ္ လား "
" ဇာတ္လမ္းတြဲ replay ျပန္ၾကည့္လို႔ရတယ္ ၾကည့္ၾကမလား "
" ဟုတ္ ၾကည့္ မယ္ "
ဝန္း TV ဖြင့္လိုက္သည္။ဝန္းလည္း တစ္ခါမွ ဇာတ္လမ္းတြဲကို မၾကည့္ရေသးေပ။အခုမွပထမဦးဆုံးအႀကိမ္ၾကည့္မွာျဖစ္သည္။လႊားနဲ႕ အတူေပါ့။အရင္ကဆို အစ္ကိုနဲ႕ အတူ။
အစ္ကိုက ဝန္းတို႔ ဇာတ္လမ္းတြဲ
မၾကည့္ဘူး ထင္ပါရဲ႕။
.
" ဟိုေကာင္ "
ဦးတည္ၾကည္နိုင္ ေျပာဖို႔ ပါးစပ္ဟလိုက္သည္ႏွင့္ ေယာက်ာ္းျဖစ္သူ၏
အၾကည့္စူးစူးေၾကာင့္ ျပန္ေလွ်ာခ်လိဳက္သည္။
" ေလးက "
ခ်ိဳခ်ိဳသာသာေျပာမွသေဘာက်တဲ့ေယာက္်ားကို ယူထားမိေတာ့လည္း။
" ခ်ိန္းကဘာျဖစ္လဲ "
" သူ႕ေကာင္ေလးကို ေတာ္ေတာ္ခ်စ္တာပဲ "
" အမယ္ ေဖႀကီးက ဘယ္လိုသိလဲ "
ဦးတည္ၾကည္နိုင္စကားေၾကာင့္ ဦးရိုးရွင္းသြင္ မ်က္ခုံးပင့္ကာ ေမးလိုက္သည္။
" လႊား သတိရလာလာခ်င္း သူ႕ေကာင္ေလးကို တန္းဖုန္းဆက္တာေတြ႕လိုက္လို႔ "
" အဲ့ဒီေတာ့ "
" ေပ်ာ္စရာသတင္းေကာင္းသိရရင္ ခ်စ္တဲ့သူကို အရင္ဆုံးေျပးျမင္တတ္တယ္ေလ "
" လႊားသတိရလာတာကို သူဝမ္းသာလို႔ သူ႕ေကာင္ေလးကို ဖုန္းဆက္ေျပာတာေပါ့ "
" သူစိုးရိမ္ခဲ့တာမလား သူစိုးရိမ္ေနတာကို သူ႕ေကာင္ေလးလည္း စိုးရိမ္ေနမွာပဲေလ ကိုယ္ေျပာတာ နားလည္တယ္မလား "
" အင္း "
ခ်ိန္း နဲ႕ ထပ္တူ ေရွးဆက္ရန္းလည္း ဒီကိစၥမွာ ဖိအားေတြ အမ်ားႀကီး ရွိေနမွာပဲ။ ခ်စ္သူခ်ိန္းက လႊားကိုအၿမဲပူပန္ၿပီး စိုးရိမ္ေနေတာ့ လႊား ျမန္ျမန္သတိရလာဖို႔ကို ေရွးဆက္ရန္းလည္း ျမင္ခ်င္မွာပဲ။ဒါမွ သူ႕ေကာင္ေလးရဲ႕စိတ္ အဆင္ေျပမွာမလား။ ဒါကို ခ်ိန္းလည္းသိမွာပဲ။
" အခုအဆင္ေျပသြားၿပီဆိုေတာ့ သူ႕အေပ်ာ္ေတြကို ကူးစက္ေစခ်င္သလို သူ႕ေကာင္ေလးကိုလည္း မစိုးရိမ္ေစခ်င္ေတာ့ဘူး ေနမွာေပါ့ေလ "
"အင္း သူတို႔ေလးေတြ ခ်စ္ၾကတာပဲ "
" ဒါေတြက ကိုယ္တို႔လို ခ်စ္တတ္တဲ့သူေတြပဲ အလိုလိုနားလည္တာ "
" အခ်စ္ႀကီးသူေတြေပါ့ေလ "
စစေနာက္ေနာက္ေျပာကာ ရယ္ရင္း တစ္ခုခုကိုေတြးလိုက္မိသည္ထင္။ ခ်က္ခ်င္းမ်က္ႏွာညွိုးငယ္သြားေသာ ဦးရိုးရွင္းသြင္၏ပုခုံးကို ဦးတည္ၾကည္နိုင္ ဖြဖြပုတ္လိုက္သည္။
" လႊားလည္းအဆင္ေျပသြားမွာပါ "
.
ဘယ္အရာကမွ ခ်ဳပ္ႏွောင္ထားျခင္းမရွိေတာ့တဲ့ လက္ျဖဴျဖဴေလးကို တစိမ့္စိမ့္ၾကည့္ေနတာေတာင္ ၾကည့္မဝ။
အႀကိမ္ႀကိမ္ ေကြးလိုက္ဆန့္လိုက္လုပ္ကာ သေဘာက်ေနမိသည္ ။ ညာဘက္လက္ေလးကေတာ့ အရင္လို အေကာင္းအတိုင္း ျပန္ျဖစ္သြားၿပီ။
တစ္ေယာက္ကို တစ္ေယာက္ သိပ္ခ်စ္ၾကတဲ့ ခ်စ္သူႏွစ္ဦးဟာ တစ္မိုးေအာက္တစ္ေနရာထဲမွာ ရွိေနပါလ်က္နဲ႕ ေတြ႕ဆုံျခင္း မရွိဘူးဆိုရင္ ဒါကို ခြဲခြာျခင္းရဲ႕လမ္းစလို႔ သတ္မွတ္ၾကေလမလား။
ရန္း ကေတာ့ အဲ့လိုသတ္မွတ္ျခင္းမခံနိုင္ပါ ။ သူ ဝန္းကိုအရမ္းလြမ္းေနခဲ့သည္ေလ။ သက္ဆိုင္သူက မလာခဲ့ေတာ့ သက္ဆိုင္သူရွိရာကိုအေျပးေလးသြားေတြ႕ရမွာေပါ့ေလ။
ဝန္းရဲ႕အသက္သခင္ေက်းဇူးရွင္ကိုလည္း ေက်းဇူးတင္ရဦးမည္။
ငါးလႊာကိုေျခခ်လိဳက္ေပမယ့္ ထိုအခန္းကို သြားဖို႔ရာက ခ်ီတုံခ်တဳံ။ ဘယ္လိုအေၾကာင္းျပခ်က္နဲ႕ ထိုအခန္းထဲကို ဝင္သြားရမလဲ မေတြးတတ္ေပ။
" ဝန္း ကို ဖုန္းဆက္လိုက္ရမလား "
ကိုယ္စိတ္ႏွစ္ပါးလုံး၏တြန့္ဆုတ္ျခင္းေတြနဲ႕အတူ ေရွ႕ဆက္တိုးခဲ့ရာ ထိုအခန္းေရွ႕သို႔ေရာက္လာခဲ့သည္။
"ဘာမွလည္း ပါမလာခဲ့ဘူး "
ကိုယ့္အေရးနဲ႕ကိုယ္လာခဲ့တာေၾကာင့္ ပန္းစည္းေလးေတာင္ ယူမလာခဲ့ရေပ။
တံခါးေခါက္ၿပီး ဝင္သြားရင္ အဆင္ေျပသြားမွာပါ လို႔ ေတြးရင္း တံခါးေခါက္ဖို႔ရာ လက္႐ြယ္လိုက္စဥ္ ၾကားလိုက္ရတဲ့ ရယ္သံလြင္လြင္ေလးေတြ ။
" သူတို႔သားအဖႏွစ္ေယာက္က အၿမဲတမ္းတဂ်က္ဂ်က္ တည့္တယ္လို႔ကို မရွိဘူး ငယ္ငယ္က သူ႕ေဖႀကီးနဲ႕ရန္ျဖစ္လို႔ မနိုင္ေတာ့ရင္ ငိုယိုၿပီး
ဦးဆီဘယ္လိုလာတိုင္တယ္မွတ္လဲ "
" ေဖေဖက ဒီေလာက္ဆိုးတဲ့ေဖႀကီးကို ဘာလို႔ေမြးထားတာလဲ ဆိုၿပီး တိုင္တာ ဟားဟား "
" သူ႕ေဖႀကီးကိုလည္း ဦးေမြးထားတယ္ပဲ ထင္ေနတာေလ "
" ဟားဟား "
ထိုေပ်ာ္႐ႊင္ျခင္းရယ္ေမာသံေတြဟာ ထိုအခန္းထဲက ထြက္လာတာေၾကာင့္ ျမႇောက္ထားေသာ လက္ကို ျပန္႐ုတ္သိမ္းကာ တိတ္တဆိတ္ေခ်ာင္းၾကည့္မိေတာ့ ၿပဳံးေပ်ာ္ေနၾကေသာ လူသားေလးေယာက္ကို ေတြ႕ရသည္။
ထိုအထဲမွာမွ လိေမၼာ္သီးအခြံခြာေနေသာ ေကာင္ေလး၏အၿပဳံးက သက္ရွိအရာ သက္မဲ့အျဖစ္ေျပာင္းနိုင္စြမ္းသည္။
အဲ့လိုပဲ ဝန္းငယ္က ေပ်ာ္စရာေကာင္းတဲ့ မိသားစုအမွတ္တရအေၾကာင္းေလးေတြ နားေထာင္ရတာကို သိပ္သေဘာက်တာ ။
အခုခ်ိန္က ရန္း ဝင္သြားဖို႔ အခ်ိန္ေကာင္း မဟုတ္နိုင္ဘူး ထင္တယ္။ရန္း ဝင္သြားရင္ ၾကည္ႏူးစရာ စကားဝိုင္းေလးပ်က္သြားၿပီး ရယ္သံေလးေတြရပ္တန့္ သြားနိုင္သည္။
ဝန္း ရဲ႕ မ်က္ႏွာေလးကို ျမင္လိုက္ရၿပီမို႔ အလြမ္းတစိတ္ လြင့္ျပယ္သြားၿပီ ထင္ပါရဲ႕။ ဝန္း နားေထာင္ရတာသေဘာက်တဲ့အေၾကာင္းအရာေလးေတြ ဆက္နားေထာင္ပါေစ ။ဝန္းၿပဳံးဖို႔အတြက္
ေနာက္ေန႕မွ လာဖို႔ ရန္း ဆုံးျဖတ္လိုက္သည္။ လာတုန္းကလည္း တိတ္တဆိတ္ပါပဲ...ေက်ာခိုင္းလွည့္ထြက္ခဲ့ေတာ့လည္း တိတ္တဆိတ္ပါပဲ။
" အစ္ကို "
ေနာက္ပါးထံမွ ထြက္ေပၚလာေသာ အသံေၾကာင့္ လႈပ္ရွားေနေသာေျခအစုံတို႔ ရပ္တန့္သြားသည္။ ေျဖညွင္းစြာ လွည့္ၾကည့္မိေတာ့ မနမ္းရွိုက္ရတာၾကာၿပီ ျဖစ္တဲ့ မ်က္ႏွာေလးကို အရင္ေတြ႕သည္။မ်က္ႏွာေပၚဒဏ္ရာမရွိေတာ့ေပမယ့္ မ်က္ႏွာေလးက အေတာ္ေခ်ာင္က်သြားသည္။မ်က္ကြင္းညိုညိုတို႔က ေကာင္းမြန္စြာ မအိပ္စက္ထားေၾကာင္း ေဖာ္ျပေနသည္မို႔ စိတ္ထဲမေကာင္းေပ။
" ဘာလို႔အထဲဝင္မလာတာလဲ "
ရန္းဆီကို တစ္လွမ္းခ်င္းလွမ္းလာကာ ရန္းနဲ႕အနီးကပ္ဆုံးမွာ မ်က္ႏွာခ်င္းဆိုင္ လာရပ္တာေၾကာင့္ ရင္းႏွီးကြၽမ္းဝင္ေနတဲ့ ကိုယ္သင္းနံ႕ေလးက ရန္းရဲ႕အနံ႕ခံအာ႐ုံကို လာက်ီစယ္ေနသည္။ ထင္ေယာင္ထင္မွားမဟုတ္ဘဲ တကယ္ ဝန္းရဲ႕ကိုယ္သင္းနံ႕ အစစ္အမွန္ေလး။
ရန္း ၿပဳံးကာ ဝန္း ကို ၾကည့္လ်က္ လက္ေျမာက္ျပလိုက္သည္။
" လက္ပတ္တီးေျဖရင္း တက္လာခဲ့တာ ဘာမွဝယ္မလာမိတာနဲ႕ ေနာက္ေန႕မွျပန္လာမလို႔ "
ဒီေန႕ အစ္ကိုပတ္တီးေျဖရမယ့္ေန႕ဆိုတာ ဝန္း တကယ္ပင္ မသိခဲ့ဘူး။
အရိပ္ေလး ျမင္လိုက္လို႔သာေပါ့။အစ္ကိုက အရာအားလုံးကို တစ္ေယာက္ထဲ တိတ္တိတ္ကေလး လုပ္ေနတာပဲ။
လက္ေလးကိုေျမာက္ျပေနတဲ့အစ္ကိုဆီမွာ အၿပဳံးေတြရွိေနေသးသည္။ တစ္ေယာက္ထဲ ဘယ္ေလာက္ေတာင္ ပင္ပန္းေနလိုက္မလဲ။ အစ္ကို ျပန္ေကာင္းသြားလို႔ ဝမ္းသာပါတယ္လို႔ ဝန္း မေျပာထြက္ဘူး။ဝန္း ကအစ္ကို႔အေပၚတာဝန္မေက်တဲ့သူ။အစ္ကို႔ေဘးမွာရွိမေနေပးနိုင္ခဲ့တာေၾကာင့္ ဝန္း ဝမ္းသာခြင့္ ရွိမယ္မထင္ဘူး။
" ကြၽန္ေတာ့္ကိုေျပာေရာေပါ့... ကြၽန္ေတာ္လာေခၚမွာေပါ့ အစ္ကိုရဲ႕... "
" အလုပ္ရႈပ္မွာစိုးလို႔ တမင္မေျပာတာ
ဒရိုင္ဘာ ေခၚလာခဲ့တယ္ "
တကယ္ပဲ အစ္ကိုက ဝန္းကို မလိုအပ္ေတာ့ဘူး။ဝန္း ကို အားမကိုးေတာ့ဘူး။ဝန္း ကို ဘာမွမေျပာျပေတာ့ဘူး။
" အစ္ကိုမေျပာလည္း ကြၽန္ေတာ္ကသိရမွာကို "
အရာအာလုံးက မင္းတာဝန္မဟုတ္လို႔ မင္းမသိရင္လည္း ရပါတယ္ ဝန္း။
" သစ္ခက္လႊား အဆင္ေျပတယ္မလား "
" အစ္ကို ဝင္ေတြ႕ဦးမလား "
" ေနာက္ေန႕မွပဲ "
အမွန္အတိုင္း ဝန္ခံရရင္ သစ္ခက္လႊားကို ေတြ႕ဖို႔ရာ ရန္း အေတြးမရွိဘူး။ေက်းဇူးတင္ရမည္ကို သိေပမယ့္ ရန္း မေတြ႕ခ်င္ဘူး ။ မုန္းလို႔မဟုတ္ဘူး။ သစ္ခက္လႊားက ရန္းကိုေတြ႕ခ်င္မယ္
မထင္ဘူး။
" ကိုကို ဘယ္ေရာက္သြားတာလဲ "
အခန္းထဲက ထြက္လာတဲ့ သစ္ခက္လႊားအသံေၾကာင့္ ဝန္း မ်က္ဝန္းအိမ္ေလး လႈပ္ရွားသြားသည္။
" ငါ ျပန္ေတာ့မယ္ "
" လႊားတို႔က ေနာက္သုံးေလးရက္ဆို ျပန္ၾကေတာ့မွာ ေနာက္ဆုံးအထိ ကြၽန္ေတာ္ ဂ႐ုစိုက္ေပးလိုက္ခ်င္တယ္ ဒါမွ ကြၽန္ေတာ္သူ႕အေပၚ အားနာစိတ္မရွိဘဲ ဆက္ဆံနိုင္မယ္ထင္လို႔ ဟို အစ္ကို႔သေဘာက "
အခုခ်ိန္ထိ ဝန္းက ရန္းသေဘာကို ေမးခ်င္ေနေသးသည္။ရန္းသေဘာက ဝန္းသေဘာေပါ့။ဝန္းစိတ္ကို ရန္းနားမလည္ေပးရင္ ဘယ္သူနားလည္ေပးမလဲ။
" မင္းမွန္တယ္ မင္းအဆင္ေျပဖို႔ပဲ လိုတယ္ မင္းတကယ္ေတာ္တယ္ ဝန္း မင္းအမ်ားႀကီး ပင္ပန္းခဲ့ၿပီ "
" ကြၽန္ေတာ္ အစ္ကို႔ဆီလာလို႔ရၿပီလားဟင္ "
ဘယ္သူက မလာနဲ႕ ႏွင္ထုတ္ထားမိလို႔လဲ ။ သူ႕ဘာသာ လာဖို႔ မလာဖို႔ ဆုံးျဖတ္ထားတာမဟုတ္လား။
" မင္း စိတ္ထဲရွိသလိုေပါ့ "
ရန္း အေျဖက ဝန္းအတြက္ ေတြေဝစရာ ျဖစ္ဦးမလား။
" ကားကဘယ္မွာရပ္ထားတာလဲ "
" ကားပါကင္မွာ ကားဆရာေစာင့္ေနရတာၾကာေနေတာ့မယ္ ငါသြားေတာ့မယ္ေနာ္ "
" ကားပါကင္ထိလိုက္ခဲ့မယ္ "
" ကိုကိုက ၾကာလိုက္တာ "
" ဝင္သြားလိုက္ေတာ့ ေသခ်ာဂ႐ုစိုက္ေပးလိုက္ "
ေသခ်ာဂ႐ုစိုက္ေပးလိုက္ ဆိုၿပီး ေက်ာခိုင္းသြားတဲ့ အစ္ကို႔ႏွလုံးသားထဲမွာ ဝန္း ရွိေနေသးတယ္လို႔ ယုံၾကည္တယ္။
" ဝန္း "
ေျခလွမ္းသုံးလွမ္း လွမ္းၿပီးတဲ့ေနာက္ အစ္ကိုက ဝန္းဘက္ျပန္လွည့္လာကာ တစ္ခုခုေျပာဖို႔ ျပင္သည္။
" ေနာက္အပတ္..."
အစ္ကိုက စကားကိုေရွ႕မဆက္ဘဲ တစ္ဝက္တစ္ပ်က္နဲ႕ ရပ္တန့္ကာ ေျပာဖို႔ရာကို စဥ္စားေနဟန္။
" အစ္ကိုဘာေျပာမလို႔လဲ "
" ဘာမွမဟုတ္ေတာ့ဘူး "
စကားစတုန္းစၿပီး ဘာမွမဟုတ္ဘူးဆိုကာ ေခါင္းရမ္းျပတဲ့ အစ္ကို႔ကို ဝန္း
အသဲယားလာသည္။လူကို သိခ်င္ေအာင္လုပ္ၿပီးမွ ဆက္မေျပာရင္ စိတ္တိုခ်င္သည္။ ဒါေပမယ့္ အစ္ကို႔ကိုေတာ့ အသဲယားသည္။ လွည့္ေျပးဖို႔လုပ္ေနတဲ့ အစ္ကို႔ခႏၶာကိုယ္ေလးကို တင္းၾကပ္ေနေအာင္ ဆြဲဖက္လိုက္သည္။
" ေနာက္အပတ္ တနဂၤႏြေေန႕က ကြၽန္ေတာ္တို႔ Anni Day "
ဝန္းတို႔ ႏွစ္ေယာက္ရဲ႕အေရးႀကီးတဲ့ေန႕ရက္ေလးကို ဝန္း ေမ့စရာလား။ အတူတူ ကုန္ဆုံးၾကမယ္လို႔ ကတိေပးထားတယ္ေလ။
" အစ္ကိုသြားခ်င္တဲ့ေနၾကာခင္းကို ကြၽန္ေတာ္သြားၾကည့္ၿပီးၿပီ... လမ္းမွတ္ရင္း သြားလိုက္တာ.... နည္းနည္းေတာ့ေဝးတယ္... ဟိုတစ္ေန႕က ဓာတ္ပုံရိုက္ဖို႔အတြက္ ကင္မရာဝယ္လိုက္တယ္...
အစ္ကို႔ကို ပုံအမိုက္စားေတြ အမ်ားႀကီး ရိုက္ေပးမယ္....မေန႕ညက ညေစ်းတန္းသြားၿပီး အ႐ုပ္ေကာက္ေလ့က်င့္တာ ငါးေသာင္းရႈံးသြားတယ္... ကြၽန္ေတာ္ ေတာ္ေတာ္အသုံးမက်ဘဴး... အစ္ကိုလိုခ်င္တဲ့အ႐ုပ္ေကာက္ေပးတဲ့အခါ အရွက္မကြဲခ်င္ဘူး အဟင္း... အစ္ကို႔အတြက္ဖုန္းဝယ္ထားေသးတယ္... ကြၽန္ေတာ္ မေပးျဖစ္လိုက္တာ... ကြၽန္ေတာ္လည္းသတိမကပ္ေတာ့ဘူး ဟဟ ... အရမ္းလြမ္းေနတာ... ကြၽန္ေတာ္ အစ္ကို႔ကို ႐ူးမတတ္လြမ္းေနခဲ့တာ... ကြၽန္ေတာ္အစ္ကို႔ဆီလာရင္ အစ္ကိုမႀကိဳက္မွာစိုးလို႔ "
ၾကည္ႏူးမႈနဲ႕အတူဝမ္းနည္းမႈကတၿပိဳင္တည္း လွိုက္တက္လို႔လာသည္။ဝန္းကေလ သိပ္ကို အားငယ္တတ္တဲ့ ကေလးေလး။ဒီရက္ပိုင္းေတြမွာ အရမ္းပင္ပန္းခက္ခဲေနရွာမွာ။ဝန္းမွာ ရန္းတစ္ေယာက္ထဲ ရွိတာကိုသိလ်က္နဲ႕ ဝန္းနားမွာ မေနေပးခဲ့ဘူး။ ဝန္းဘက္ကိုမၾကည့္ဘဲ
ကိုယ့္ဘက္ကိုပဲ ၾကည့္ခဲ့မိတယ္။
မြန္းၾကပ္မႈေတြကို ရင္ဖြင့္ခ်င္တဲ့အခါ၊ ပင္ပန္းတဲ့အခ်ိန္ေတြမွာ တစ္စုံတစ္ဦးရဲ႕ရင္ခြင္ထဲအနားယူခ်င္တဲ့အခါ၊ ေထြးေပြ႕ၾကင္နာ ေပးဖို႔ ဝန္းနားမွာ တစ္စုံတစ္ေယာက္မွ မရွိခဲ့ၾကဘူး။ရန္းမွာက မိသားစုရွိေသးတယ္ ၊ ဂ႐ုစိုက္ေပးမယ့္သူေတြ ရွိေသးတယ္။ ဝန္းနားမွာက ဘယ္သူမွမရွိဘူး။ ရန္း မရွိေပးခဲ့မိဘူး။ သနားစရာေကာင္းတဲ့ ဝန္းငယ္။
ရန္း ဝန္းကို အျမတ္တနိုး ျပန္ေပြ႕ဖက္လိုက္သည္။ေတာင္းပန္ျခင္းမ်ားစြာလည္း ပါဝင္သည္။
" မင္း အရမ္းပိန္သြားတယ္ "
" အစ္ကိုလည္း ပိန္တာပဲ "
ဝန္း ရန္းရဲ႕ခႏၶာကိုယ္ေလးကို တင္းၾကပ္သည္ထက္ ပိုမိုတင္းၾကပ္ေအာင္ ဖက္လိုက္သည္။
" အာ့! ဝန္း ငါအခုမွ ပတ္တီးေျဖလာတာေနာ္ ထပ္က်ိဳးေအာင္မလုပ္နဲ႕ "
ေျပာလိုက္မွ လူကိုအလန့္တၾကားလြတ္ေပးကာ " နာသြားလား " တဖြဖြေမးသည္။ အငိုသန္ေလးက မ်က္ႏွာကိုရႈံ႕မဲ့မဲ့လုပ္ကာ ငိုျပဖို႔ႀကိဳးစားေနၿပီမလို႔ ရန္း ႏွာတံစင္းစင္းေလးကို ဖြဖြေတာက္လိုက္သည္။
" ခုမွ လာမငိုျပနဲ႕ "
" အရမ္း လြမ္းေနတာ "
" ငါလည္း လြမ္းတယ္ "
" ႁပြတ္စ္ ႁပြတ္စ္ ႁပြတ္စ္ ႁပြတ္စ္ "
ရွိန္းျမင့္မိုရ္ဝန္းက ဇာတိျပလာၿပီ။ရန္းမ်က္ႏွာတျပင္လုံးကို ေနရာလပ္မက်န္ေအာင္ အငမ္းမရလာနမ္းသည္။
" ဘယ္လိုျဖစ္ေနတာလဲ ဝန္း ဒါေဆး႐ုံေနာ္ "
" ႁပြတ္စ္ ႁပြတ္စ္ ႁပြတ္စ္ ႁပြတ္စ္ "
ဘယ္လိုေျပာေျပာမရ ။
ထုမရ ၊ ရိုက္မရ ၊ ႐ုန္းမရ ၊အသက္ရႉမရတဲ့ အထိ နမ္းေနသည္။ မ်က္ႏွာတစ္ခုလုံးလည္း ယားစိ ယားစိနဲ႕ ယြတက္ေနၿပီ။
"ဝန္း ဒါ လူသြားလမ္းႀကီးေနာ္ အျမင္မေတာ္ဘူး "
" ဘယ္သူမွမလာဘူး "
V.I.P အထပ္မလို႔ လူသြားလူလာ နည္းတယ္ဆိုေပမယ့္ လမ္းႀကီးမွာဒီလိုနမ္းေနလို႔ ဘယ္သင့္ေတာ္ပါ့မလဲ ။ ရွိန္းျမင့္မိုရ္ဝန္း က ေျပာရဆိုရ ခက္သည္။
" CCTV ေတြ မျမင္ဘူးလား "
" ျမင္တယ္ ႁပြတ္စ္ ႁပြတ္စ္ "
အင္း ျမင္ခ်င္လည္းျမင္ပါေစေတာ့။
ေတြ႕ခ်င္တဲ့သူေတြ႕ပါေစေတာ့။ၾကည့္ခ်င္တဲ့သူ ၾကည့္ပါေစေတာ့။
အဝသာနမ္းပါေတာ့ ဝန္းငယ္။ငါလည္း မင္းအထိအေတြ႕ကို လြမ္းေနသူမလို႔ မင္းအနမ္းေတြကို ေတာင္းတေနသူမို႔။
" ဟားဟား ေတာ္ၿပီ ဝန္း "
ထုံးစံအတိုင္း နမ္းၿပီးရင္ ရန္းႏွာေခါင္းေလးကို တတိတိ လာကိုက္သည္။
" အဟမ္း! အဟမ္း! "
တမင္လုပ္ယူေခ်ာင္းဟန့္သံေၾကာင့္ အစ္ကိုက ဝန္းနဲ႕ပူးကပ္ေနရာကေန အေဝးကိုခ်က္ခ်င္းခြာသြားသည္။ဘယ္ေကာင္ေတြလဲကြာ။
ၾကည့္လိုက္ေတာ့ လႊားရဲ႕တာဝန္ခံဆရာဝန္ နဲ႕ လႊားကိုေသြးလႉေပးထားတဲ့ဆရာဝန္ ။ ဒီခ်ိန္မွ ေပၚလာၾကတယ္လား။
ဝန္းအစ္ကို႔လက္ကိုဆုပ္ကိုင္ေတာ့ အစ္ကိုက အတင္း႐ုန္းထြက္သည္။အစ္ကို႔မ်က္ႏွာတစ္ခုလုံး နီရဲေနကာ ေခါင္းကိုေအာက္ငုံ႕ထားသည္။ အစ္ကိုရွက္တာလည္းမေျပာနဲ႕ ထိုဆရာဝန္ႏွစ္ေယာက္က မျမင္ေယာင္ေဆာင္ကာေက်ာ္သြားမယ္ မရွိဘူး ေဘးနားမွာလာရပ္ၿပီး ဝန္းတို႔ႏွစ္ေယာက္ကို ေစ့ေစ့ၾကည့္ေနသည္။
နမ္းတာကို မျမင္ဖူးၾကဘူးလားအၾကင္နာဖ်က္သမားေတြ။
" ငါညီတို႔ ဒီေနရာမွာက မဟုတ္ေသးဘူးထင္တယ္ အဟမ္း "
လႊားရဲ႕တာဝန္ခံဆရာဝန္က တဟမ္းဟမ္း နဲ႕ ေျပာကာ လူနာခန္းထဲဝင္သြားသည္။လႊားကို လာၾကည့္တာထင္တယ္။
ဒီေနရာမွာ နမ္းတာဘာျဖစ္လို႔လဲ ။ကိုယ့္ခ်စ္သူကို ဘယ္ေနရာမွာျဖစ္ျဖစ္ နမ္းမွာပဲ ။
" ငါ့ေယာက်ာ္းကိုေခၚျပလိုက္ခ်င္တယ္ ခုေခတ္ကေလးေတြမ်ား ကြၽတ္ ကြၽတ္ "
တစ္ခါလာလည္း ငါ့ေယာက်ာ္း ႏွစ္ခါလာလည္း ငါ့ေယာက်ာ္း အဲ့ငါ့ေယာက်ာ္း နဲ႕မနမ္းဖူးဘူးလား။နမ္းတာက ဘာျဖစ္လို႔လဲ ။ခ်စ္လို႔နမ္းတာေလေနာက္လည္းနမ္းမွာပဲ အၿမဲတမ္းနမ္းေနမွာ။ ဝန္း စိတ္ထဲကေနသာ တုံ႕ျပန္ေနမိသည္။
" ငါမနမ္းပါနဲ႕လို႔ ေျပာေနတာကို "
လူမိသြားတာေၾကာင့္ အစ္ကိုက အရွက္သည္းစြာ အျပစ္တင္စကားဆိုသည္။
" ဟီး "
" ရယ္စရာပါေနလား "
" မပါဘူး "
ဝန္း ေျပာင္စပ္စပ္လုပ္ေနတာေၾကာင့္
အစ္ကို႔ရဲ႕ မ်က္ေစာင္းကို လက္ခံလိုက္ရသည္။
" မနက္ျဖန္လာမွာဆို လာေခၚမယ္ "
" တအား လာေစခ်င္ေနတာလား "
" အင္း ငါ့ေကာင္ေလးအတြက္ ေက်းဇူးပါလို႔ လာေျပာေပးဦး ကြၽန္ေတာ္က
ခိုကိုးရာမဲ့မွမဟုတ္တာ အစ္ကိုက ကြၽန္ေတာ့္အုပ္ထိန္းသူေလ "
ဝန္းစိတ္ထဲမွာ လႊားကဝန္းကိုကယ္ခဲ့တာေၾကာင့္ ဝန္းမိဘေတြက လႊားကိုလာၿပီးေက်းဇူးတင္ေပးရင္ ေကာင္းမယ္လို႔ေတြးေနရင္ ေတြးေနမွာ။
" မနက္ျဖန္ လာေခၚခ်င္တာမလား
လာေခၚ.... ျပန္ၿပီ "
ဒီတစ္ခါေတာ့ တကယ္ျပန္မွ ျဖစ္ေတာ့မွာမလို႔ ဝန္းကိုေက်ာခိုင္းကာ ခပ္သြက္သြက္ ထြက္လာခဲ့လိုက္သည္။
ဒါကို ငခြၽဲေကာင္က " အစ္ကို႔ကို ခ်စ္တယ္ " ဆိုၿပီး လွမ္းေအာ္ေသးသည္။ အဟင္း။
ရန္း ရဲ႕ ေျခလွမ္းေတြ ေပါ့ပါးသြက္လက္ေနသည္။ မ်က္ႏွာကအၿပဳံးေတြကိုလည္း အရွိန္မသတ္နိုင္ ။ အခုဆို အရာအားလုံး သူ႕ေနရာနဲ႕သူ ေနရာမွန္ကို ျပန္ေရာက္သြားၿပီလား။
ေဆး႐ုံေရွ႕ေရာက္ေတာ့ တကၠစီ တစ္စီးကို တားလိုက္သည္။ ဒီေန႕ေတာ့ ရန္းက ဒရိုင္ဘာနဲ႕ လာခဲ့သည္မို႔ အျပန္လည္း
ဒရိုင္ဘာနဲ႕ပင္။
.
ရန္းအိမ္ျပန္ေရာက္ေတာ့ အိမ္ေရွ႕မွာ ကားအနက္တစ္စီး ရပ္ထားသည္။ထိုကားကို ရန္္းရင္းႏွီးေနသည္။မၾကာခဏဆိုသလို ရန္း အိမ္နားမွာျမင္ဖူးေနက်။
ရန္း အနားသြားလိုက္ေတာ့ ထိုကားထဲမွ ေမေမ့အ႐ြယ္အမ်ိဳးသမီးတစ္ဦး ထြက္လာသည္။ ဆင္ယင္ဝတ္စားထားသည္ကို ၾကည့္လိုက္တာနဲ႕ အထက္တန္းအလႊာထဲကမွန္းသိသာသည္။က်က္သေရရွိေသာမ်က္ႏွာတြင္ ဂုဏ္ရွိန္ဂုဏ္ဝါေတြပါ ထင္ဟပ္ေနသည္။ေတာ္႐ုံတန္႐ုံေတာ့မဟုတ္ေပ။ထိုအမ်ိဳးသမီး၏မ်က္ႏွာကို ရန္း ရင္းႏွီးေနသလိုပင္။ ထိုအမ်ိဳးသမီးေဘးေတြ အနက္ေရာင္ Suit အျပည့္ဝတ္ဆင္ထားတဲ့ လူတစ္ဦးရွိေသးသည္။မ်က္ႏွာတည္ၾကည္ကာ ခပ္ေျဖာင့္ေျဖာင့္လူတစ္ေယာက္ပင္။ မဟုတ္မွလြဲေရာ....။
" ရွိန္းျမင့္မိုရ္ဝန္း အေမပါ "
__________________________________