သူဌေးကြီး၏ဒုတိယမြောက်အိမ်ထောင...

By OpalHawthorn28

2.3M 315K 17.7K

Title....Second merriage of a wealthy old man မူရင်းအော်သာ....Tangerine Boat(Cannon folder cheat system ရေးတဲ... More

Description
Chapter (1)
Chapter(2)
Chapter(3)
Chapter(4)
Chapter(5)
Chapter(6)
Chapter(7)
Chapter(8)
Chapter(9)
Chapter(10)
Chapter(11)
Chapter(12)
Chapter(13)
Chapter(14)
Chapter(15)
Chapter(16)
Chapter (17)
Chapter(18)
Chapter(19)
Chapter(20)
Chapter(21)
Chapter (22)
Chapter (23)
Chapter (24)
Chapter (25)
သူရဲကောင်းကြီးရဲ့အမှာစာ🏹🏹
Chapter (26)
Chapter (27)
Chapter (28)
Chapter (29)
Chapter (30)
Chapter (31)
Chapter (32)
Chapter (33)
Chapter (34)
Chapter (35)
Chapter (36)
Chapter (37)
Chapter (38)
Chapter (39)
Chapter (40)
Chapter (41)
Chapter (42)
Chapter (43)
Chapter (44)
Chapter (45)
Chapter (46)
Chapter (47)
Chapter (48)
Chapter (49)
Chapter (50)
Chapter (51)
Chapter (52)
Chapter (53)
Chapter (55)
Chapter (56)
Chapter (57)
Chapter (58)
Chapter (59)
Chapter (60)
Chapter (61)
Chapter (62)
Chapter (63)
Chapter (64)
Chapter (65)
Chapter (66)
Chapter (67)
Chapter (68)
Chapter (69)
Hi
Chapter (70)
Chapter (71)
Chapter (72)
Chapter (73)
Chapter (74)
Chapter (75)
Chapter (76)
Chapter (77)
Chapter (78)
Chapter (79)
Chapter (80)
Chapter (81)
Chapter (82)
Chapter (83)
Chapter (84)
Chapter (85)
Chapter (86)
Chapter (87)
Chapter (88)
ရေဘဝဲသူရဲကောင်းကြီး၏ ကျေးဇူးတင်လွှာ

Chapter (54)

20.9K 3K 127
By OpalHawthorn28

လတ်တလောလေးတင်မှ တရုတ်ပြည်ကိုပြန်ရောက်လာတဲ့ ရှုမင်ဟွာ က မတွေ့ဖြစ်တာကြာနေပြီဖြစ်တဲ့ အပေါင်းအသင်းတွေနဲ့ တွေ့ဆုံချင်နေခဲ့တယ်။အပေါင်းအသင်းရောင်းရငတွေကိုဖိတ်ကြားပြီး ညစာစားပွဲတွေကျင်းပပြီး လုံလင်းတောင်ပေါ်မှာ စိတ်ကြိုက်ပျော်ပါးနေခဲ့တယ်။

လုံလင်းတောင်ပေါ်ကို နေ့လည်ကတည်းကနေ ရှုမင်ဟွာရဲ့ အပေါင်းအသင်းတွေ တဖွဲဖွဲရောက်လာနေကြတယ်။ရှုမင်ဟွာက ယွီကျွင်းချန်ကို ခေါ်ပြီး ပွဲထုတ်ခဲ့တယ်။စကားအသွားအလာတွေထဲမှာလဲ ယွီကျွင်းချန်ကို သဘောကျနှစ်ခြိုက်ကြောင်း အရိပ်အမြွက်တွေထည့်ပြောလိုက်သေးတယ်။

ရှုမင်ဟွာက ယွီကျွင်းချန်ကို အရေးကြီးပုဂ္ဂိုလ်တစ်ယောက်လို တမင်သက်သက်ပွဲထုတ်နေမှန်း မုန့်ရန်သိတာပေါ့...နည်းနည်းတော့ အရှက်ရတယ်ဆိုပေမယ့် အရမ်းကြီး စိတ်ထဲမှာထည့်မထားတော့ဘဲ အေးအေးဆေးဆေးအနားယူဖို့ကိုပဲ ခေါင်းထဲထည့်ထားလိုက်တယ်။

ရှုမင်ဟွာနဲ့ သူ့ရဲ့အပေါင်းအပါတစ်သိုက်က မုန့်ရန်ရှိနေတဲ့နေရာနားကနေ ဖြတ်လျှောက်လာကြရင်း မုန့်ရန်ဘေးမှာ ဝင်ထိုင်လိုက်တယ်။ရှုမင်ဟွာက စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့ အကြည့်တွေနဲ့ မုန့်ရန်ကိုကြည့်လိုက်ပြီး....

"ဧည့်သည်တွေကိုအခုထိ မနှုတ်ဆက်ရသေးဘူးလား??ငါ့သားလော်ရှို့နဲ့ လက်ထပ်လိုက်ပြီဆိုမှတော့ နင့်ရဲ့ လက်ရှိဂုဏ်ပုဒ်နဲ့ထိုက်တန်တဲ့ လောကဝတ်လောက်ကိုတော့ ကျေပွန်ရမှာပေါ့.."

မုန့်ရန်ကလဲ ရှုမင်ဟွာကို တည့်တည့်ကြည့်ပြီး ပြန်ပြောလိုက်တယ်။

"ဒီလို ကျေပွန်မှုမျိုးကို ယောက်ခကြီးဘက်က တကယ်မြင်ချင်တာရော သေချာရဲ့လား??"

"နင်ဘာစကားပြောတာလဲ??လော်မိသားစု အရှက်ရမယ့်အရေးကိုငါကရော မြင်ချင်ပါ့မလား?"

မျက်မှောင်ကြုံ့ထားတဲ့ ရှုမင်ဟွာက တစ်ဖက်ကိုလှည့်လိုက်ပြီး မြေးဖြစ်သူကို အော်ခေါ်လိုက်တယ်။

"လော်ဆန်း!! ဒီကိုလာဉီး!!"

ခေါ်သံကြားလိုက်တဲ့ လော်ဆန်းက ချက်ချင်းကိုရောက်လာပါလေရော...

"ငါအရင်ကတည်းကပြောထားပြီးသားနော်..
အနည်းဆုံးတော့အပြင်လူတွေရှေ့မှာ မိသားစုဝင်အချင်းချင်း အဆင်ပြေနေအောင်နေပြသင့်တယ်။လော်ဆန်း...နင် သူ့ကို ဧည့်သည်တွေဆီခေါ်သွားလိုက်"

မုန့်ရန်က လော်ဆန်းကို လှောင်ပြောင်သရော်တဲ့ အကြည့်နဲ့ ကြည့်လိုက်ပြီး ထထွက်သွားလိုက်တယ်။

"သူ့ကိုတားထားလိုက်စမ်း!!"

ရှုမင်ဟွာတစ်ယောက် အလန့်တကြားထအော်လိုက်တယ်။

မုန့်ရန်ကလဲ ရှုမင်ဟွာ ကိုလုံးလုံးလျားလျားလျစ်လျုရှုထားလိုက်ပြီး စာဖတ်အနားယူဖို့အတွက် Flower room ထဲကို ဝင်သွားလိုက်တယ်။

သူ့ကို လျစ်လျူရှုသွားရဲတဲ့ မုန့်ရန်ကြောင့် ရှုမင်ဟွာ အတော်လေး ဒေါခွီးနေပြီလေ...ဒါပေမယ့် လူတွေရှေ့မှာ မျက်နှာမပျက်ချင်တာကြောင့် ဒေါသကို ဖိနှိပ်ထိန်းချုပ်ထားလိုက်ပြီး မုန့်ရန်ကို ကောင်းကောင်း ပညာပြဖို့ တေးမှတ်ထားလိုက်တယ်။

လော်ဆန်းက မုန့်ရန်ရဲ့ ကျောပြင်ကိုငေးကြည့်နေရင်းနဲ့ မနေ့ညက ရှုမင်ဟွာပြောခဲ့တဲ့စကားတွေကို သေချာပြန်စဉ်းစားနေလိုက်တယ်။

အကယ်၍အခုချိန်မှာသာ လော်ရှို့ရှိနေမယ်ဆိုရင် ရှုမင်ဟွာက မုန့်ရန်ကို ကောင်းကောင်းမွန်မွန်ဆက်ဆံပါလိမ့်မယ်။အခုလို လော်ရှို့မရှိတဲ့ အချိန်မျိုးမှာဆို ရှုမင်ဟွာက မုန့်ရန်ပေါ်မှာထားတဲ့ သူ့ရဲ့သဘောထားကိုအတားအဆီးမရှိ ထုတ်ဖော်ပြသဖို့ကို ဝန်မလေးခဲ့ပါဘူး။ဒီရက်ပိုင်းအတွင်းမှာမုန့်ရန်က ဒီအကြောင်းတွေကို လော်ရှို့ကို လုံးဝမပြောပြဘဲ ဘာမှမဖြစ်ခဲ့သလို နေနေခဲ့တယ်။

လက်ရှိမှာ မုန့်ရန်က Flower room ထဲမှာပဲနေပြီး စာဖတ်လိုက် အနားယူလိုက်လုပ်နေခဲ့တယ်။

မုန့်ရန် ဆိုဖာပေါ်မှာ လှဲပြီး ရနံ့ကုထုံးဌာနကနေ ယူလာတဲ့ မှတ်စုတွေကိုလေ့လာနေတယ်။အိမ်အကူတစ်ယောက်က လော်ဆန်းနဲ့ ယွီကျွင်းချန်တို့နှစ်ယောက် တွေ့ခွင့်တောင်းနေကြောင်းကို ဖုန်းဆက်ပြီး အကြောင်းကြားလိုက်တယ်။မုန့်ရန်က မျက်ဆံလေးတွေကို လှည့်ပတ်ပြီး ခဏလောက်စဉ်းစားလိုက်ပြီးမှ...

"ဝင်လာခိုင်းလိုက်"

Flower room က တကယ်ကို ကြီးမားတဲ့ အခန်းတစ်ခုဖြစ်တယ်။လောဆန်း ဝင်လာကတည်းက အံ့ဖွယ်ကောင်းလောက်အောင်လှပတဲ့ Flower room ကို ချောင်ကြိုချောင်ကြားမကျန် လိုက်ကြည့်နေခဲ့တယ်။ဘယ်လိုမှ အကြည့်မလွှဲနိုင်လောက်တဲ့ လှပမှုကြောင့် ယွီကျွင်းချန်ကိုတောင် အနောက်မှာ တစ်ယောက်တည်း ချန်ထားမိလိုက်တယ်။

Flower room ရဲ့ လှပမှုကိုမြင်လိုက်တဲ့အခါယွီကျွင်းချန်ရဲ့ နှလုံးသားထောင့်တစ်နေရာမှာ မနာလိုမှုတွေ ဖြစ်ပေါ်လာခဲ့တယ်။Anfei ရဲတိုက်ရယ်၊ဒီ Flower room ရယ်ကို ကြည့်လိုက်ရုံနဲ့ မုန့်ရန်ကို လော်ရှို့ ဘယ်လောက်ထိ ချစ်တယ်ဆိုတာ မြင်နေရပြီလေ...လော်ဆန်း လဲ သူ့ကိုချစ်တယ်ဆိုတာ သူသိတယ်။ဒါပေမယ့် အချိန်တိုလေးအတွင်းမှာ ဒါမျိုးအရာတွေသူ့ကို မပေးနိူင်ဘူးလေ...

"ဘာကိစ္စရှိလို့လဲ?"

မုန့်ရန်က သူတို့ကို တစ်ချက်လေးမှမကြည့်ဘဲ မေးလိုက်တယ်။

လော်ဆန်း...."ငါ့သူငယ်ချင်းတွေလဲရောက်နေကြတယ်။အဖွားက မင်းနဲ့ ကျွင်းချန်ကို ငါ့သူငယ်ချင်းတွေနဲ့ စကားပြောစေချင်နေတယ်။မင်းဘက်က စိတ်မပါရင်တောင်  အဆင်ပြေကြောင်းပြတဲ့ အနေနဲ့ ခဏလောက်ဖြစ်ဖြစ် မျက်နှာထွက်ပြဖို့ မှာလိုက်တယ်"

မုန့်ရန်.."ငါနဲ့မင်းနဲ့ ငြိမ်းချမ်းရေးယူထားတာ
မင်းသူငယ်ချင်းတွေအကုန်သိတဲ့အကြောင်းမင်းအဖွားကို ပြောပြလိုက်...ဒါကိုမှ မယုံသေးဘူးဆိုရင် ဘာတွေဖြစ်ခဲ့တယ်ဆိုတာ မင်းကိုယ်တိုင် အသေးစိတ်ရှင်းပြလိုက်.."

"......."

လော်ဆန်းတစ်ယောက် ခဏလောက်ကြာတဲ့ထိ ဘာပြောလို့ပြောရမှန်းမသိဖြစ်နေခဲ့တယ်။

လော်ဆန်း..."မင်းဘက်က ငါ့အဖွားရဲ့သဘောထားကို ငါ့ကိုယ်ပိုင်သဘောထားလို့မယူဆဖို့ မျှော်လင့်ပါတယ်။ငါမင်းကို အနှောက်အယှက်ပေးနေတာမဟုတ်သလို၊ မင်းကို ထပ်ပြီး ဒုက္ခပေးရဲလောက်အောင် ငါ့မှာလဲ သတ္တိမရှိတော့ပါဘူး။မင်းပြောထားတဲ့ အတိုင်း ငါ့ဘက်က မင်းနဲ့ သင့်တော်တဲ့ အကွာအဝေးမှာပဲနေနေပါတယ်"

လော်ဆန်းက တမင်တကာကို အားနည်းနေသယောင်ဆောင်ပြီး သူ့အဖွားလုပ်ခိုင်းလို့ လုပ်ရတာဖြစ်ကြောင်းကို တမင် ဖိပြောလိုက်ခြင်းဖြစ်တယ်။ဒါမှသာ ရှုမင်ဟွာရဲ့ အစီအစဉ်တွေမအောင်မြင်ခဲ့ရင်တောင် သူ(လော်ဆန်း)ပါ ဒီအမှုတွဲထဲရောမပါသွားမှာလေ....

မုန့်ရန်..."ငါသိပြီ...တခြားပြောစရာမရှိရင် ပြန်တော့...မင်းအဖွားကို ငါ့အစား မင်းကပဲ ဆင်ခြေကောင်းကောင်းတစ်ခုပေးလိုက်တော့"

လော်ဆန်းက မု့န်ရန်ကို တစ်ချက်ကြည့်လိုက်ပြီး လှည့်ထွက်သွားခဲ့တယ်။

ယွီကျွင်းချန်ကလဲ မုန့်ရန်ကို ကြည့်လိုက်ပြီး တစ်ခန်းလုံးကို မြန်မြန်ဝေ့ကြည့်လိုက်ပြီးမှ လော်ဆန်းနောက်ကို လိုက်သွားလိုက်တယ်။

စားသောက်ပွဲက ညအထိမပြီးနိူင်သေးဘူး။ဒီပွဲမှာ ရှုမင်ဟွာရဲ့ သူငယ်ချင်းတွေ၊လော်ဆန်းရဲ့ သူငယ်ချင်းတွေ၊လော်ရှို့ညီတွေရဲ့ သူငယ်ချင်းတွေပါရောက်နေကြတယ်။မုန့်ရန်ကဒါတွေကို အာရုံစိုက်ဖို့ပျင်းရိလွန်းတာကြောင့် အိပ်ခန်းထဲမှာပဲ အနားယူနေလိုက်တယ်။

...... .....

လော်ရှို့ က ရေချိုးခန်းထဲကနေ တဘက်တစ်ထည်ခါးမှာပတ်ပြီးထွက်လာခဲ့တယ်။မုန့်ရန် အိပ်နေတဲ့ ဘေးမှ ဝင်လှဲလိုက်ပြီး မုန့်ရန်ကို နောက်ဘက်ကနေ ပွေ့ဖက်ထားလိုက်တယ်။

"မင်းအနားယူနေတာကို သူတို့တွေလာနှောက်ယှက်သေးလား?နှောက်ယှက်တယ်ဆိုလဲ ကိုယ့်ကိုပြောနော်..ကိုယ်သူတို့ကို မောင်းထုတ်လိုက်မယ်"

"ဒီလောက်ကြီးတဲ့ အိမ်ကြီးရှိနေတာ တစ်ခုတော့ကောင်းတယ်။သူတို့တွေ ဘယ်လောက်ပြသာနာရှာရှာ ကျွန်တော်ကတော့ အေးဆေးပဲ"

မုန့်ရန်က Tablet Secreen ပေါ်မှာ လက်ချောင်းတွေကို လှုပ်ရှားလိုက်ရင်းနဲ့ ပြန်ဖြေလိုက်တယ်။

"သူတို့ကို နောက်ဆုံးအကြိမ်ပျော်ခွင့်ပေးထားလိုက်ပါ...ဘာပဲဖြစ်ဖြစ် ကျွန်တော် သည်းခံနိူင်ပါသေးတယ်"

လော်ရှို့က မုန့်ရန်ရဲ့ မျက်နှာကိုနမ်းလိုက်တယ်။

ရုတ်တရက်ဖုန်းဝင် လာတာကြောင့် မုန့်ရန်က လက်တစ်ဖက်က လော်ရှို့ရဲ့ လက်ကိုကိုင်ထားလိုက်ပြီး ကျန်တဲ့ လက်တစ်ဖက်နဲ့ ဖုန်းကိုင်လိုက်တယ်။

မုန့်ရန်က လော်ရှို့ရဲ့ လက်မောင်းကို ခေါင်းဉီးထားပြီး ဖုန်းပြောနေခဲ့တယ်။

ဖုန်းပြောပြီးတာနဲ့ မုန့်ရန်က လော်ရှို့ကို အစအဆုံးရှင်းပြလိုက်တယ်။

"Selsey က သူ့သူငယ်ချင်းတွေခေါ်လာပြီး ကျွန်တော့်ဆီလာလည်မယ်လို့ပြောနေတယ်။ကျွန်တော်ကလဲ အချိန်မရွေးလာလည်ဖို့ ပြောလိုက်ပြီးပြီ...အဲ့တော့ သူတို့ကို ဘယ်လို Entertainment မျိုးတွေလုပ်ပေးရမလဲဆိုတာ စဉ်းစားနေတာ"

"သူတို့ကို ဘယ်လို Entertainmentမျိုးလုပ်ပေးချင်လဲ??"

လော်ရှို့က မုန့်ရန်ရဲ့ ဆံပင်တွေကို ပွတ်သပ်ရင်းမေးလိုက်တယ်။

"သူတို့က အဝေးကြီးကနေ ကျွန်တော့်ကို တကူးတကလာတွေ့ကြတာလေ..အဲ့တော့ သူတို့ကို   မပျင်းရအောင် ဖျော်ဖြေပေးရမှာပေါ့..ဒါပေမယ့် ကျွန်တော်က ကိုယ်ဝန်ကြီးနဲ့ ဆိုတော့ အပင်ပန်းမခံနိုင်သေးဘူး။ဟူးးး.ဘယ်လိုလုပ်ပေးရပါ့မလဲ??ဒီပုံစံနဲ့ဆို သူတို့တွေကို Barကိုလိုက်ပို့လို့လဲ မရ၊သူတို့နဲ့ အတူ ဝင်ဆော့လို့လဲမရ၊ ဟိုနားဒီနား လိုက်ပို့လို့လဲမရဆိုတော့ ယွင့်ကျင့်ရယ်၊ရှောင်ခယ်ရယ် စီနီယာဝူဖန်တို့ရယ်ကို အကူအညီလှမ်းတောင်းလိုက်မှဖြစ်တော့မယ်။သူတို့နဲ့သာဆို ပိုအဆင်ပြေသွားလိမ့်မယ်"

"အိမ်မှာပဲ ပျော်လို့ရအောင်လုပ်ပေးမယ်။စိတ်မပူနဲ့ ကိုယ် အကုန်ပြင်ဆင်ထားခိုင်းလိုက်မယ်။သူတို့အကုန်လုံးကို ဒီအိမ်ကိုသာ ဖိတ်လိုက်"

လော်ရှို့က မုန့်ရန်ကို နမ်းလိုက်ပြန်တယ်။

"တကယ်လား???ခင်ဗျားအမေရယ်၊ခင်ဗျားရဲ့ တူတွေ၊တူမတွေရယ်က တစ်ပွဲပြီးတစ်ပွဲ ပွဲတွေဆက်တိုက်လုပ်နေတာလေ"

"ဒီအိမ်က  ကိုယ်နဲ့မင်းနဲ့ ပိုင်တဲ့ အိမ်...ကိုယ်စိတ်မကြည်ရင်သူတို့အားလုံး ထွက်ပြေးရမှာပဲလေ"

"ဟုတ်ပါပြီ.."

မုန့်ရန်က လော်ရှို့ကို ပြန်နမ်းလိုက်တယ်။

"အဲ့​တော့ ဒီညအတွက် အတွင်းပိုင်းနှိပ်နယ်တာကိုဆက်လုပ်ချင်လား??"

လော်ရှို့ရဲ့လက်က တဖြည်းဖြည်း အောက်ကိုရွေ့လျားနေတယ်။

"ဒါပေါ့..."

မုန့်ရန်က လော်ရှို့ကို ဖက်တွယ်ပြီးနမ်းရှိုက်လိုက်တယ်။

အနမ်းထဲမှာ ပျော်ဝင်နေတဲ့ မုန့်ရန်က ရုတ်တရက်ထမြည်လာတဲ့ အချက်ပေးဉသြသံကြောင့် အတော်လန့်သွားခဲ့တယ်။

လော်ရှို့က ချက်ချင်းဆိုသလို မုန့်ရန်ကို ပွေ့ဖက်ပေးလိုက်ပြီး ချော့မြှူနေတယ်။

"မကြောက်နဲ့နော်"

မုန့်ရန် သတိပြန်ကပ်လာဖို့အတွက် အတော်လေးအချိန်ယူလိုက်ရတယ်။

"ဘာဖြစ်လဲဆိုတာ ကိုယ်သွားကြည့်လိုက်ဉီးမယ်။ကုတင်ပေါ်မှာပဲ ငြိမ်ငြိမ်လေးလှဲနေနော်၊ မလှုပ်လိုက်နဲ့"

"ကျွန်တော်လဲ လိုက်မယ်"

မုန့်ရန်က လော်ရှို့ရဲ့ လက်ကို ဆုပ်ကိုင်ထားပြီးပြောလိုက်တယ်။

"ကျွန်တော်လဲ လိုက်ကြည့်မယ်နော်"

လော်ရှို့က ကုတင်ပေါ်ကနေဆင်းပြီး ညဝတ်အကျီဝတ်ထားတဲ့ မုန့်ရန်အတွက် အပေါ်ထပ်တစ်ထည်ထပ်ဝတ်ပေးလိုက်တယ်။ထို့နောက် မုန့်ရန်ကို လက်တစ်ဖက်နဲ့ပွေ့ထားပြီး အောက်ထပ်ကိုဆင်းလာလိုက်တယ်။

ဉသြသံကြောင့် ညစာစားပွဲကလူတွေအကုန်လုံး ဟိုကြည့်၊ဒီကြည့်နဲ့ အလန့်တကြားဖြစ်နေကြတယ်။

"Sir"

အိမ်တော်ထိန်းယွမ်က လော်ရှို့ကိုဆီကို အမြန်လျှောက်လာတယ်။

"ဘာဖြစ်တာလဲ??"

လော်ရှို့က မျက်မှောင်ကြုံ့ပြီး မေးလိုက်တယ်။

"သခင်လေးမုန့်ရန်ရဲ့ Flower roomထဲကို လူတစ်ယောက် ပစ္စည်းဝင်ခိုးလို့ အချက်ပေးသံမြည်တာပါ"

"ဘယ်သူလဲ??"

"သခင်လေးယွီကျွင်းချန်ပါ.."

"သူ့ကို ဧည့်ခန်းထဲကို ခေါ်လာလိုက်"

လော်ရှို့က အမိန့်ပေးလိုက်တယ်။

"ဟုတ်ကဲ့ပါ Sir"

အကုန်လုံးရဲ့ အကြည့်တွေအောက်မှာ.. အိမ်အကူဝန်ထမ်းတွေက ယွီကျွင်းချန် ကို ဧည့်ခန်းထဲကို ခေါ်ဆောင်လာကြတယ်။လော်ဆန်းတစ်ယောက်အသည်းအသန်ပြေးလာပြီး ယွီကျွင်းချန်ရဲ့ဘေးမှာ ဝင်ရပ်လိုက်ပြီး ကူပြောပေးဖို့ပြင်လိုက်တယ်။
လော်ဆန်းရဲ့ စိတ်ထဲမှာတော့...

ယွီကျွင်းချန်က ဘာပစ္စည်းမှ ခိုးမှာမဟုတ်ဘူး။ဒါက တမင်သက်သက် မုန့်ရန် ထောင်ချောက်ဆင်ထားတာ...အဲ့သလိုပဲ ထင်နေခဲ့တယ်။

စောင့်ကြည့် ကင်မရာတွေကို ထိန်းချုပ်ထားတဲ့အခန်းက လာပို့ပေးထားတဲ့ ရုပ်သံဖိုင်ကို ကြည့်ပြီးတာနဲ့ လော်ရှို့က ထိုရုပ်သံဖိုင်ကို ရှုမင်ဟွာနဲ့ လော်ဆန်းကို ပြလိုက်တယ်။ထို့နောက် ယွီကျွင်းချန်ကို တည့်တည့်ကြည့်ပြီးမေးလိုက်တယ်။

"Flower room ထဲကနေ ဘာကို ခိုးဖို့လုပ်ခဲ့တာလဲ??"

လူလယ်ခေါင်မှာ မတ်တပ်ရပ်နေတဲ့ ယွီကျွင်းချန်ရဲ့မျက်နှာက အခုချိန်မှာ ဖြူဆုတ်နေပြီး အတော်ကြည့်ရဆိုးနေတယ်။ယွီကျွင်းချန်က မေးနေတာကို တစ်ခွန်းမှ ပြန်မဖြေခဲ့ဘူး။

ယွီကျွင်းချန် ခိုးချင်နေတဲ့ အရာကို လော်ရှို့နဲ့ မုန့်ရန် တို့ နှစ်ယောက်စလုံး သိနေကြတယ်။အခုချိန်မှာ ယွီကျွင်းချန် ထုတ်မပြောဘူးဆိုတာကိုလဲ သိနေတယ်။ထုတ်ပြောလိုက်လဲ ကိစ္စမရှိတော့ပါဘူး။

ရုပ်သံဖိုင်ကို ကြည့်ပြီးပြီဖြစ်တဲ့ လော်ဆန်းနဲ့ ရှုမင်ဟွာကလဲ ယွီကျွင်းချန်ရဲ့ အဖြေကိုကြားချင်နေကြတယ်။

"ကျွန်တော်...ကျွန်တော် ဘာမှ မခိုးပါဘူး"

ယွီကျွင်းချန်က ခွန်အားအကုန်သုံးပြီး သူ့ကိုယ်သူ အတတ်နိူင်ဆုံးတည်ငြိမ်အောင် ထိန်းထားလိုက်တယ်။

"Flower roomရဲ့တံခါးက သေချာမပိတ်ထားဘူး။အဲ့flower room ကိုကျွန်တော်တကယ်သဘော
ကျနေတာ အဲ့တာနဲ့ ခဏဝင်ကြည့်လိုက်တာ...အခန်းထဲမှာ စာအုပ်တွေတွေ့လို့ ဟိုလှန်၊ဒီလှန် လျှောက်ကြည့်မိတာပါ။ ကျွန်တော် တကယ်ကို ဘာပစ္စည်းမှ မခိုးခဲ့ပါဘူး"

လော်ရှို့..."မင်းဘာလို့ စာအုပ်တွေကိုအသည်းအသန် လှန်ကြည့်နေတာလဲ??ဝန်ခံဖို့ အစီအစဉ်မရှိရင်လည်း ရဲစခန်းရောက်မှသာ ရှင်းပြလိုက်တော့"

"အဖေ!!!!ကျေးဇူးပြုပြီး ဒီတစ်ခါတော့ ကျွင်းချန်ပြောတာ ယုံလိုက်ပါ!!!"

လော်ဆန်းက ချက်ချင်းကို အသနားခံပေးနေတယ်။

အချိန်မဖြန်းချင်တော့တာကြောင့် လော်ရှို့က လက်မြှောက်ပြလိုက်ပြီး အိမ်တော်ထိန်းယွမ်ကို အချက်ပြလိုက်တယ်။

"အဖေ!!!"

လော်ရှို့က သူ့ကိုလျစ်လျူရှုထားလိုက်တာကို မြင်တဲ့အခါ လော်ဆန်းတစ်ယောက် အမြန်ဆုံးနည်းနဲ့ ယွီကျွင်းချန် ကို ခေါ်သွားတဲ့ လူတွေနောက်ကို ပြေးလိုက်သွားခဲ့တယ်။

လော်ရှို့က မုန့်ရန်ကို ပွေ့ချီလိုက်ပြီး အိပ်ခန်းကို ပြန်ပြီး အနားယူလိုက်တယ်။

ရှုမင်ဟွာတစ်ယောက်ကတော့ ရူးတော့မလို ခံစားနေရတယ်။သူနဲ့ သူ့သူငယ်ချင်းတွေအကုန်လုံး တက်ညီလက်ညီနဲ့ ယွီကျွင်းချန် ကို မြှောက်စားခဲ့တယ်လေ...လော်ဆန်းက အဖေဖြစ်သူထက်တောင် အမြင်ရှိသေးတယ်ဆိုပြီး ရှုမင်ဟွာချီးကျူးလိုက်သေးတယ်။ယွီကျွင်းချန် အခုလို မြန်မြန်ဆန်ဆန်ကြီး သူ့ကို မျက်နှာပျက် အရှက်ကွဲအောင်လုပ်လိုက်လိမ့််လို့ ရှုမင်ဟွာ ဘယ်တုန်းကမှ ထင်မထားခဲ့မိဘူး။ညစာစားပွဲကို ရှေ့ဆက်ဖို့ ဘယ်လိုမှ စိတ်အခြေနေမကောင်းတော့တာကြောင့် ဧည့်သည်တွေကို အလိမ္မာသုံးပြီး ပြန်ပို့လိုက်ရတယ်။သူ့ကို ကြည့်သွားတဲ့ ဧည့်သည်တွေရဲ့ အကြည့်တွေကြောင့် ရှုမင်ဟွာ မျက်နှာကို ဘယ်နားထားရမှန်းမသိဖြစ်နေခဲ့တယ်။

အိမ်ခန်းထဲကိုပြန်ရောက်တာနဲ့ ယွီကျွင်းချန်ရဲ့ အသုံးမကျမှုတွေကို ရှုမင်ဟွာ အော်ဟစ်ပေါက်ကွဲနေခဲ့တယ်။ ဒီလို အညတရမိသားစုကနေ ပေါက်ဖွားလာတဲ့ အတွက် အခုလို ပစ္စည်းကောင်းတွေကို မမြင်ဖူးဆိုတာ ရှုမင်ဟွာသိတယ်။ဒါပေမယ့် လော်ဆန်းနဲ့ စေ့စပ်ပြီးတာတောင် ဒီပစ္စည်းတွေကို ခိုးယူချင်နေတုန်းလား??အခုတော့ မြေးအဖွားနှစ်ယောက်စလုံး အရှက်ကွဲခဲ့ရတဲ့ အပြင် စီစဉ်ထားသမျှတွေအကုန် သဲထဲရေသွန်ဖြစ်ကုန်ပြီ...ဒီလိုလူမျိုးနဲ့ လော်ဆန်းကို ဘယ်တော့မှ လက်မထပ်ခိုင်းဘူး.....

ရှုမင်ဟွာရဲ့မူလအစီအစဉ်က...

လော်ဆန်းကို ဒီအိမ်ပေါ်မှာခေါ်တင်ထားပြီး
လော်ဆန်းပေါ်မှာ မုန့်ရန်က ခံစားချက်တွေရှိနေသလို ဖန်တီးပြီး လော်ရှို့နဲ့ မုန့်ရန်ကို သွေးခွဲမယ်...
အစပိုင်းတုန်းက အဆင်ချောထားသမျှ အခုတော့ အကုန်ပျက်စီးကုန်ပြီ....အခုဆိုလော်ဆန်းက ဘယ်မျက်နှာနဲ့ ဒီအိမ်မှာ ဆက်နေရမှာလဲ???ပြီးတော့ လော်ရှို့ဘက်ကလဲ အခုဆို သတိကြီးကြီးထားနေလောက်ပြီ....

ရဲစခန်းကိုသွားတဲ့ လမ်းတစ်လျှောက်လုံး ယွီကျွင်းချန် တစ်ကိုယ်လုံးတုန်ရီနေခဲ့တယ်။ဒီစာအုပ်တွေကို အချိန်တန်ရင် ရှာတွေ့မယ်ဆိုတာ သူသိတယ်။ဒါပေမယ့် Flower room ထဲကို မဝင်ဖို့ သူ့ကိုယ်သူ ထိန်းမရခဲ့ဘူး။မုန့်ရန်ရဲ့ရှေးဟောင်းစာအုပ်တွေကို အလွန်အမင်းတောင့်တနေ​တဲ့ သူ့(ယွီကျွင်းချန်)ရဲ့စိတ်ဆန္ဒက နတ်ဆိုးတစ်ကောင်လို ထိန်းချုပ်ဖို့ရာ ခက်ခဲလွန်းတယ်။မုန့်ရန်ရဲ့ မှတ်စုတွေကို တွေ့လိုက်ရချိန်မှာ ကြားလိုက်ရတဲ့ အချက်ပေးသံကြောင့်
ကြောက်ရွံ့ထိတ်လန့်သွားပေမယ့် အရာရာနောက်ကျကုန်ပြီဆိုတာ သူသိနေခဲ့ပြီလေ....

အခုချိန်မှာ ယွီကျွင်းချန် အရမ်းကြောက်နေတယ်။ တဆင့်စကား တဆင့်ကြားပြီး သတင်းပျံ့ကုန်တော့မှာ...ဒါဆို သူ့ဘဝမှာ ဖျက်မရတဲ့ အမည်းစက်တစ်ခုအဖြစ် သေရာပါသွားတော့မှာလေ....အခန့်မသင့်ရင် ကျောင်းထုတ်ခံရနိုင်တဲ့အပြင်၊ပြိုင်ပွဲတွေမှာလဲ ဘယ်တော့မှ ဝင်ပြိုင်ခွင့်ရတော့မှာ မဟုတ်ဘူး....တကယ်ကို သူ့ဘဝကြီးအဆုံးသတ်သွားခဲ့လေပြီ.....

ZawGyi

လတ္တေလာေလးတင္မွ တ႐ုတ္ျပည္ကိုျပန္ေရာက္လာတဲ့ ႐ႈမင္ဟြာ က မေတြ႕ျဖစ္တာၾကာေနၿပီျဖစ္တဲ့ အေပါင္းအသင္းေတြနဲ႔ ေတြ႕ဆုံခ်င္ေနခဲ့တယ္။အေပါင္းအသင္းေရာင္းရငေတြကိုဖိတ္ၾကားၿပီး ညစာစားပြဲေတြက်င္းပၿပီး လုံလင္းေတာင္ေပၚမွာ စိတ္ႀကိဳက္ေပ်ာ္ပါးေနခဲ့တယ္။

လုံလင္းေတာင္ေပၚကို ေန႔လည္ကတည္းကေန ႐ႈမင္ဟြာရဲ႕ အေပါင္းအသင္းေတြ တဖြဲဖြဲေရာက္လာေနၾကတယ္။႐ႈမင္ဟြာက ယြီကြၽင္းခ်န္ကို ေခၚၿပီး ပြဲထုတ္ခဲ့တယ္။စကားအသြားအလာေတြထဲမွာလဲ ယြီကြၽင္းခ်န္ကို သေဘာက်ႏွစ္ၿခိဳက္ေၾကာင္း အရိပ္အႁမြက္ေတြထည့္ေျပာလိုက္ေသးတယ္။

႐ႈမင္ဟြာက ယြီကြၽင္းခ်န္ကို အေရးႀကီးပုဂၢိဳလ္တစ္ေယာက္လို တမင္သက္သက္ပြဲထုတ္ေနမွန္း မုန္႔ရန္သိတာေပါ့...နည္းနည္းေတာ့ အ႐ွက္ရတယ္ဆိုေပမယ့္ အရမ္းႀကီး စိတ္ထဲမွာထည့္မထားေတာ့ဘဲ ေအးေအးေဆးေဆးအနားယူဖို႔ကိုပဲ ေခါင္းထဲထည့္ထားလိုက္တယ္။

႐ႈမင္ဟြာနဲ႔ သူ႕ရဲ႕အေပါင္းအပါတစ္သိုက္က မုန္႔ရန္႐ွိေနတဲ့ေနရာနားကေန ျဖတ္ေလွ်ာက္လာၾကရင္း မုန္႔ရန္ေဘးမွာ ဝင္ထိုင္လိုက္တယ္။႐ႈမင္ဟြာက စိတ္ပ်က္လက္ပ်က္ျဖစ္ေနတဲ့ အၾကည့္ေတြနဲ႔ မုန္႔ရန္ကိုၾကည့္လိုက္ၿပီး....

"ဧည့္သည္ေတြကိုအခုထိ မႏႈတ္ဆက္ရေသးဘူးလား??ငါ့သားေလာ္႐ိႈ႕နဲ႔ လက္ထပ္လိုက္ၿပီဆိုမွေတာ့ နင့္ရဲ႕ လက္႐ွိဂုဏ္ပုဒ္နဲ႔ထိုက္တန္တဲ့ ေလာကဝတ္ေလာက္ကိုေတာ့ ေက်ပြန္ရမွာေပါ့.."

မုန္႔ရန္ကလဲ ႐ႈမင္ဟြာကို တည့္တည့္ၾကည့္ၿပီး ျပန္ေျပာလိုက္တယ္။

"ဒီလို ေက်ပြန္မႈမ်ိဳးကို ေယာက္ခႀကီးဘက္က တကယ္ျမင္ခ်င္တာေရာ ေသခ်ာရဲ႕လား??"

"နင္ဘာစကားေျပာတာလဲ??ေလာ္မိသားစု အ႐ွက္ရမယ့္အေရးကိုငါကေရာ ျမင္ခ်င္ပါ့မလား?"

မ်က္ေမွာင္ၾကဳံ႕ထားတဲ့ ႐ႈမင္ဟြာက တစ္ဖက္ကိုလွည့္လိုက္ၿပီး ေျမးျဖစ္သူကို ေအာ္ေခၚလိုက္တယ္။

"ေလာ္ဆန္း!! ဒီကိုလာဉီး!!"

ေခၚသံၾကားလိုက္တဲ့ ေလာ္ဆန္းက ခ်က္ခ်င္းကိုေရာက္လာပါေလေရာ...

"ငါအရင္ကတည္းကေျပာထားၿပီးသားေနာ္..
အနည္းဆုံးေတာ့အျပင္လူေတြေ႐ွ႕မွာ မိသားစုဝင္အခ်င္းခ်င္း အဆင္ေျပေနေအာင္ေနျပသင့္တယ္။ေလာ္ဆန္း...နင္ သူ႕ကို ဧည့္သည္ေတြဆီေခၚသြားလိုက္"

မုန္႔ရန္က ေလာ္ဆန္းကို ေလွာင္ေျပာင္သေရာ္တဲ့ အၾကည့္နဲ႔ ၾကည့္လိုက္ၿပီး ထထြက္သြားလိုက္တယ္။

"သူ႕ကိုတားထားလိုက္စမ္း!!"

႐ႈမင္ဟြာတစ္ေယာက္ အလန္႔တၾကားထေအာ္လိုက္တယ္။

မုန္႔ရန္ကလဲ ႐ႈမင္ဟြာ ကိုလုံးလုံးလ်ားလ်ားလ်စ္လ်ဳ႐ႈထားလိုက္ၿပီး စာဖတ္အနားယူဖို႔အတြက္ Flower room ထဲကို ဝင္သြားလိုက္တယ္။

သူ႕ကို လ်စ္လ်ဴ႐ႈသြားရဲတဲ့ မုန္႔ရန္ေၾကာင့္ ႐ႈမင္ဟြာ အေတာ္ေလး ေဒါခြီးေနၿပီေလ...ဒါေပမယ့္ လူေတြေ႐ွ႕မွာ မ်က္ႏွာမပ်က္ခ်င္တာေၾကာင့္ ေဒါသကို ဖိႏွိပ္ထိန္းခ်ဳပ္ထားလိုက္ၿပီး မုန္႔ရန္ကို ေကာင္းေကာင္း ပညာျပဖို႔ ေတးမွတ္ထားလိုက္တယ္။

ေလာ္ဆန္းက မုန္႔ရန္ရဲ႕ ေက်ာျပင္ကိုေငးၾကည့္ေနရင္းနဲ႔ မေန႔ညက ႐ႈမင္ဟြာေျပာခဲ့တဲ့စကားေတြကို ေသခ်ာျပန္စဥ္းစားေနလိုက္တယ္။

အကယ္၍အခုခ်ိန္မွာသာ ေလာ္႐ိႈ႕႐ွိေနမယ္ဆိုရင္ ႐ႈမင္ဟြာက မုန္႔ရန္ကို ေကာင္းေကာင္းမြန္မြန္ဆက္ဆံပါလိမ့္မယ္။အခုလို ေလာ္႐ိႈ႕မ႐ွိတဲ့ အခ်ိန္မ်ိဳးမွာဆို ႐ႈမင္ဟြာက မုန္႔ရန္ေပၚမွာထားတဲ့ သူ႕ရဲ႕သေဘာထားကိုအတားအဆီးမ႐ွိ ထုတ္ေဖာ္ျပသဖို႔ကို ဝန္မေလးခဲ့ပါဘူး။ဒီရက္ပိုင္းအတြင္းမွာမုန္႔ရန္က ဒီအေၾကာင္းေတြကို ေလာ္႐ိႈ႕ကို လုံးဝမေျပာျပဘဲ ဘာမွမျဖစ္ခဲ့သလို ေနေနခဲ့တယ္။

လက္႐ွိမွာ မုန္႔ရန္က Flower room ထဲမွာပဲေနၿပီး စာဖတ္လိုက္ အနားယူလိုက္လုပ္ေနခဲ့တယ္။

မုန္႔ရန္ ဆိုဖာေပၚမွာ လွဲၿပီး ရနံ႔ကုထုံးဌာနကေန ယူလာတဲ့ မွတ္စုေတြကိုေလ့လာေနတယ္။အိမ္အကူတစ္ေယာက္က ေလာ္ဆန္းနဲ႔ ယြီကြၽင္းခ်န္တို႔ႏွစ္ေယာက္ ေတြ႕ခြင့္ေတာင္းေနေၾကာင္းကို ဖုန္းဆက္ၿပီး အေၾကာင္းၾကားလိုက္တယ္။မုန္႔ရန္က မ်က္ဆံေလးေတြကို လွည့္ပတ္ၿပီး ခဏေလာက္စဥ္းစားလိုက္ၿပီးမွ...

"ဝင္လာခိုင္းလိုက္"

Flower room က တကယ္ကို ႀကီးမားတဲ့ အခန္းတစ္ခုျဖစ္တယ္။ေလာဆန္း ဝင္လာကတည္းက အံ့ဖြယ္ေကာင္းေလာက္ေအာင္လွပတဲ့ Flower room ကို ေခ်ာင္ႀကိဳေခ်ာင္ၾကားမက်န္ လိုက္ၾကည့္ေနခဲ့တယ္။ဘယ္လိုမွ အၾကည့္မလႊဲႏိုင္ေလာက္တဲ့ လွပမႈေၾကာင့္ ယြီကြၽင္းခ်န္ကိုေတာင္ အေနာက္မွာ တစ္ေယာက္တည္း ခ်န္ထားမိလိုက္တယ္။

Flower room ရဲ႕ လွပမႈကိုျမင္လိုက္တဲ့အခါယြီကြၽင္းခ်န္ရဲ႕ ႏွလုံးသားေထာင့္တစ္ေနရာမွာ မနာလိုမႈေတြ ျဖစ္ေပၚလာခဲ့တယ္။Anfei ရဲတိုက္ရယ္၊ဒီ Flower room ရယ္ကို ၾကည့္လိုက္႐ုံနဲ႔ မုန္႔ရန္ကို ေလာ္႐ိႈ႕ ဘယ္ေလာက္ထိ ခ်စ္တယ္ဆိုတာ ျမင္ေနရၿပီေလ...ေလာ္ဆန္း လဲ သူ႕ကိုခ်စ္တယ္ဆိုတာ သူသိတယ္။ဒါေပမယ့္ အခ်ိန္တိုေလးအတြင္းမွာ ဒါမ်ိဳးအရာေတြသူ႕ကို မေပးႏိူင္ဘူးေလ...

"ဘာကိစၥ႐ွိလို႔လဲ?"

မုန္႔ရန္က သူတို႔ကို တစ္ခ်က္ေလးမွမၾကည့္ဘဲ ေမးလိုက္တယ္။

ေလာ္ဆန္း...."ငါ့သူငယ္ခ်င္းေတြလဲေရာက္ေနၾကတယ္။အဖြားက မင္းနဲ႔ ကြၽင္းခ်န္ကို ငါ့သူငယ္ခ်င္းေတြနဲ႔ စကားေျပာေစခ်င္ေနတယ္။မင္းဘက္က စိတ္မပါရင္ေတာင္  အဆင္ေျပေၾကာင္းျပတဲ့ အေနနဲ႔ ခဏေလာက္ျဖစ္ျဖစ္ မ်က္ႏွာထြက္ျပဖို႔ မွာလိုက္တယ္"

မုန္႔ရန္.."ငါနဲ႔မင္းနဲ႔ ၿငိမ္းခ်မ္းေရးယူထားတာ
မင္းသူငယ္ခ်င္းေတြအကုန္သိတဲ့အေၾကာင္းမင္းအဖြားကို ေျပာျပလိုက္...ဒါကိုမွ မယုံေသးဘူးဆိုရင္ ဘာေတြျဖစ္ခဲ့တယ္ဆိုတာ မင္းကိုယ္တိုင္ အေသးစိတ္႐ွင္းျပလိုက္.."

"......."

ေလာ္ဆန္းတစ္ေယာက္ ခဏေလာက္ၾကာတဲ့ထိ ဘာေျပာလို႔ေျပာရမွန္းမသိျဖစ္ေနခဲ့တယ္။

ေလာ္ဆန္း..."မင္းဘက္က ငါ့အဖြားရဲ႕သေဘာထားကို ငါ့ကိုယ္ပိုင္သေဘာထားလို႔မယူဆဖို႔ ေမွ်ာ္လင့္ပါတယ္။ငါမင္းကို အေႏွာက္အယွက္ေပးေနတာမဟုတ္သလို၊ မင္းကို ထပ္ၿပီး ဒုကၡေပးရဲေလာက္ေအာင္ ငါ့မွာလဲ သတၱိမ႐ွိေတာ့ပါဘူး။မင္းေျပာထားတဲ့ အတိုင္း ငါ့ဘက္က မင္းနဲ႔ သင့္ေတာ္တဲ့ အကြာအေဝးမွာပဲေနေနပါတယ္"

ေလာ္ဆန္းက တမင္တကာကို အားနည္းေနသေယာင္ေဆာင္ၿပီး သူ႕အဖြားလုပ္ခိုင္းလို႔ လုပ္ရတာျဖစ္ေၾကာင္းကို တမင္ ဖိေျပာလိုက္ျခင္းျဖစ္တယ္။ဒါမွသာ ႐ႈမင္ဟြာရဲ႕ အစီအစဥ္ေတြမေအာင္ျမင္ခဲ့ရင္ေတာင္ သူ(ေလာ္ဆန္း)ပါ ဒီအမႈတြဲထဲေရာမပါသြားမွာေလ....

မုန္႔ရန္..."ငါသိၿပီ...တျခားေျပာစရာမ႐ွိရင္ ျပန္ေတာ့...မင္းအဖြားကို ငါ့အစား မင္းကပဲ ဆင္ေျခေကာင္းေကာင္းတစ္ခုေပးလိုက္ေတာ့"

ေလာ္ဆန္းက မု႔န္ရန္ကို တစ္ခ်က္ၾကည့္လိုက္ၿပီး လွည့္ထြက္သြားခဲ့တယ္။

ယြီကြၽင္းခ်န္ကလဲ မုန္႔ရန္ကို ၾကည့္လိုက္ၿပီး တစ္ခန္းလုံးကို ျမန္ျမန္ေဝ့ၾကည့္လိုက္ၿပီးမွ ေလာ္ဆန္းေနာက္ကို လိုက္သြားလိုက္တယ္။

စားေသာက္ပြဲက ညအထိမၿပီးႏိူင္ေသးဘူး။ဒီပြဲမွာ ႐ႈမင္ဟြာရဲ႕ သူငယ္ခ်င္းေတြ၊ေလာ္ဆန္းရဲ႕ သူငယ္ခ်င္းေတြ၊ေလာ္႐ိႈ႕ညီေတြရဲ႕ သူငယ္ခ်င္းေတြပါေရာက္ေနၾကတယ္။မုန္႔ရန္ကဒါေတြကို အာ႐ုံစိုက္ဖို႔ပ်င္းရိလြန္းတာေၾကာင့္ အိပ္ခန္းထဲမွာပဲ အနားယူေနလိုက္တယ္။

...... .....

ေလာ္႐ိႈ႕ က ေရခ်ိဳးခန္းထဲကေန တဘက္တစ္ထည္ခါးမွာပတ္ၿပီးထြက္လာခဲ့တယ္။မုန္႔ရန္ အိပ္ေနတဲ့ ေဘးမွ ဝင္လွဲလိုက္ၿပီး မုန္႔ရန္ကို ေနာက္ဘက္ကေန ေပြ႕ဖက္ထားလိုက္တယ္။

"မင္းအနားယူေနတာကို သူတို႔ေတြလာေႏွာက္ယွက္ေသးလား?ေႏွာက္ယွက္တယ္ဆိုလဲ ကိုယ့္ကိုေျပာေနာ္..ကိုယ္သူတို႔ကို ေမာင္းထုတ္လိုက္မယ္"

"ဒီေလာက္ႀကီးတဲ့ အိမ္ႀကီး႐ွိေနတာ တစ္ခုေတာ့ေကာင္းတယ္။သူတို႔ေတြ ဘယ္ေလာက္ျပသာနာ႐ွာ႐ွာ ကြၽန္ေတာ္ကေတာ့ ေအးေဆးပဲ"

မုန္႔ရန္က Tablet Secreen ေပၚမွာ လက္ေခ်ာင္းေတြကို လႈပ္႐ွားလိုက္ရင္းနဲ႔ ျပန္ေျဖလိုက္တယ္။

"သူတို႔ကို ေနာက္ဆုံးအႀကိမ္ေပ်ာ္ခြင့္ေပးထားလိုက္ပါ...ဘာပဲျဖစ္ျဖစ္ ကြၽန္ေတာ္ သည္းခံႏိူင္ပါေသးတယ္"

ေလာ္႐ိႈ႕က မုန္႔ရန္ရဲ႕ မ်က္ႏွာကိုနမ္းလိုက္တယ္။

႐ုတ္တရက္ဖုန္းဝင္ လာတာေၾကာင့္ မုန္႔ရန္က လက္တစ္ဖက္က ေလာ္႐ိႈ႕ရဲ႕ လက္ကိုကိုင္ထားလိုက္ၿပီး က်န္တဲ့ လက္တစ္ဖက္နဲ႔ ဖုန္းကိုင္လိုက္တယ္။

မုန္႔ရန္က ေလာ္႐ိႈ႕ရဲ႕ လက္ေမာင္းကို ေခါင္းဉီးထားၿပီး ဖုန္းေျပာေနခဲ့တယ္။

ဖုန္းေျပာၿပီးတာနဲ႔ မုန္႔ရန္က ေလာ္႐ိႈ႕ကို အစအဆုံး႐ွင္းျပလိုက္တယ္။

"Selsey က သူ႕သူငယ္ခ်င္းေတြေခၚလာၿပီး ကြၽန္ေတာ္႕ဆီလာလည္မယ္လို႔ေျပာေနတယ္။ကြၽန္ေတာ္ကလဲ အခ်ိန္မေ႐ြးလာလည္ဖို႔ ေျပာလိုက္ၿပီးၿပီ...အဲ့ေတာ့ သူတို႔ကို ဘယ္လို Entertainment မ်ိဳးေတြလုပ္ေပးရမလဲဆိုတာ စဥ္းစားေနတာ"

"သူတို႔ကို ဘယ္လို Entertainmentမ်ိဳးလုပ္ေပးခ်င္လဲ??"

ေလာ္႐ိႈ႕က မုန္႔ရန္ရဲ႕ ဆံပင္ေတြကို ပြတ္သပ္ရင္းေမးလိုက္တယ္။

"သူတို႔က အေဝးႀကီးကေန ကြၽန္ေတာ္႕ကို တကူးတကလာေတြ႕ၾကတာေလ..အဲ့ေတာ့ သူတို႔ကို   မပ်င္းရေအာင္ ေဖ်ာ္ေျဖေပးရမွာေပါ့..ဒါေပမယ့္ ကြၽန္ေတာ္က ကိုယ္ဝန္ႀကီးနဲ႔ ဆိုေတာ့ အပင္ပန္းမခံႏိုင္ေသးဘူး။ဟူးးး.ဘယ္လိုလုပ္ေပးရပါ့မလဲ??ဒီပုံစံနဲ႔ဆို သူတို႔ေတြကို Barကိုလိုက္ပို႔လို႔လဲ မရ၊သူတို႔နဲ႔ အတူ ဝင္ေဆာ့လို႔လဲမရ၊ ဟိုနားဒီနား လိုက္ပို႔လို႔လဲမရဆိုေတာ့ ယြင့္က်င့္ရယ္၊ေ႐ွာင္ခယ္ရယ္ စီနီယာဝူဖန္တို႔ရယ္ကို အကူအညီလွမ္းေတာင္းလိုက္မွျဖစ္ေတာ့မယ္။သူတို႔နဲ႔သာဆို ပိုအဆင္ေျပသြားလိမ့္မယ္"

"အိမ္မွာပဲ ေပ်ာ္လို႔ရေအာင္လုပ္ေပးမယ္။စိတ္မပူနဲ႔ ကိုယ္ အကုန္ျပင္ဆင္ထားခိုင္းလိုက္မယ္။သူတို႔အကုန္လုံးကို ဒီအိမ္ကိုသာ ဖိတ္လိုက္"

ေလာ္႐ိႈ႕က မုန္႔ရန္ကို နမ္းလိုက္ျပန္တယ္။

"တကယ္လား???ခင္ဗ်ားအေမရယ္၊ခင္ဗ်ားရဲ႕ တူေတြ၊တူမေတြရယ္က တစ္ပြဲၿပီးတစ္ပြဲ ပြဲေတြဆက္တိုက္လုပ္ေနတာေလ"

"ဒီအိမ္က  ကိုယ္နဲ႔မင္းနဲ႔ ပိုင္တဲ့ အိမ္...ကိုယ္စိတ္မၾကည္ရင္သူတို႔အားလုံး ထြက္ေျပးရမွာပဲေလ"

"ဟုတ္ပါၿပီ.."

မုန္႔ရန္က ေလာ္႐ိႈ႕ကို ျပန္နမ္းလိုက္တယ္။

"အဲ့​ေတာ့ ဒီညအတြက္ အတြင္းပိုင္းႏွိပ္နယ္တာကိုဆက္လုပ္ခ်င္လား??"

ေလာ္႐ိႈ႕ရဲ႕လက္က တျဖည္းျဖည္း ေအာက္ကိုေ႐ြ႕လ်ားေနတယ္။

"ဒါေပါ့..."

မုန္႔ရန္က ေလာ္႐ိႈ႕ကို ဖက္တြယ္ၿပီးနမ္း႐ိႈက္လိုက္တယ္။

အနမ္းထဲမွာ ေပ်ာ္ဝင္ေနတဲ့ မုန္႔ရန္က ႐ုတ္တရက္ထျမည္လာတဲ့ အခ်က္ေပးဉၾသသံေၾကာင့္ အေတာ္လန္႔သြားခဲ့တယ္။

ေလာ္႐ိႈ႕က ခ်က္ခ်င္းဆိုသလို မုန္႔ရန္ကို ေပြ႕ဖက္ေပးလိုက္ၿပီး ေခ်ာ့ျမႇဴေနတယ္။

"မေၾကာက္နဲ႔ေနာ္"

မုန္႔ရန္ သတိျပန္ကပ္လာဖို႔အတြက္ အေတာ္ေလးအခ်ိန္ယူလိုက္ရတယ္။

"ဘာျဖစ္လဲဆိုတာ ကိုယ္သြားၾကည့္လိုက္ဉီးမယ္။ကုတင္ေပၚမွာပဲ ၿငိမ္ၿငိမ္ေလးလွဲေနေနာ္၊ မလႈပ္လိုက္နဲ႔"

"ကြၽန္ေတာ္လဲ လိုက္မယ္"

မုန္႔ရန္က ေလာ္႐ိႈ႕ရဲ႕ လက္ကို ဆုပ္ကိုင္ထားၿပီးေျပာလိုက္တယ္။

"ကြၽန္ေတာ္လဲ လိုက္ၾကည့္မယ္ေနာ္"

ေလာ္႐ိႈ႕က ကုတင္ေပၚကေနဆင္းၿပီး ညဝတ္အက်ီဝတ္ထားတဲ့ မုန္႔ရန္အတြက္ အေပၚထပ္တစ္ထည္ထပ္ဝတ္ေပးလိုက္တယ္။ထို႔ေနာက္ မုန္႔ရန္ကို လက္တစ္ဖက္နဲ႔ေပြ႕ထားၿပီး ေအာက္ထပ္ကိုဆင္းလာလိုက္တယ္။

ဉၾသသံေၾကာင့္ ညစာစားပြဲကလူေတြအကုန္လုံး ဟိုၾကည့္၊ဒီၾကည့္နဲ႔ အလန္႔တၾကားျဖစ္ေနၾကတယ္။

"Sir"

အိမ္ေတာ္ထိန္းယြမ္က ေလာ္႐ိႈ႕ကိုဆီကို အျမန္ေလွ်ာက္လာတယ္။

"ဘာျဖစ္တာလဲ??"

ေလာ္႐ိႈ႕က မ်က္ေမွာင္ၾကဳံ႕ၿပီး ေမးလိုက္တယ္။

"သခင္ေလးမုန္႔ရန္ရဲ႕ Flower roomထဲကို လူတစ္ေယာက္ ပစၥည္းဝင္ခိုးလို႔ အခ်က္ေပးသံျမည္တာပါ"

"ဘယ္သူလဲ??"

"သခင္ေလးယြီကြၽင္းခ်န္ပါ.."

"သူ႕ကို ဧည့္ခန္းထဲကို ေခၚလာလိုက္"

ေလာ္႐ိႈ႕က အမိန္႔ေပးလိုက္တယ္။

"ဟုတ္ကဲ့ပါ Sir"

အကုန္လုံးရဲ႕ အၾကည့္ေတြေအာက္မွာ.. အိမ္အကူဝန္ထမ္းေတြက ယြီကြၽင္းခ်န္ ကို ဧည့္ခန္းထဲကို ေခၚေဆာင္လာၾကတယ္။ေလာ္ဆန္းတစ္ေယာက္အသည္းအသန္ေျပးလာၿပီး ယြီကြၽင္းခ်န္ရဲ႕ေဘးမွာ ဝင္ရပ္လိုက္ၿပီး ကူေျပာေပးဖို႔ျပင္လိုက္တယ္။
ေလာ္ဆန္းရဲ႕ စိတ္ထဲမွာေတာ့...

ယြီကြၽင္းခ်န္က ဘာပစၥည္းမွ ခိုးမွာမဟုတ္ဘူး။ဒါက တမင္သက္သက္ မုန္႔ရန္ ေထာင္ေခ်ာက္ဆင္ထားတာ...အဲ့သလိုပဲ ထင္ေနခဲ့တယ္။

ေစာင့္ၾကည့္ ကင္မရာေတြကို ထိန္းခ်ဳပ္ထားတဲ့အခန္းက လာပို႔ေပးထားတဲ့ ႐ုပ္သံဖိုင္ကို ၾကည့္ၿပီးတာနဲ႔ ေလာ္႐ိႈ႕က ထို႐ုပ္သံဖိုင္ကို ႐ႈမင္ဟြာနဲ႔ ေလာ္ဆန္းကို ျပလိုက္တယ္။ထို႔ေနာက္ ယြီကြၽင္းခ်န္ကို တည့္တည့္ၾကည့္ၿပီးေမးလိုက္တယ္။

"Flower room ထဲကေန ဘာကို ခိုးဖို႔လုပ္ခဲ့တာလဲ??"

လူလယ္ေခါင္မွာ မတ္တပ္ရပ္ေနတဲ့ ယြီကြၽင္းခ်န္ရဲ႕မ်က္ႏွာက အခုခ်ိန္မွာ ျဖဴဆုတ္ေနၿပီး အေတာ္ၾကည့္ရဆိုးေနတယ္။ယြီကြၽင္းခ်န္က ေမးေနတာကို တစ္ခြန္းမွ ျပန္မေျဖခဲ့ဘူး။

ယြီကြၽင္းခ်န္ ခိုးခ်င္ေနတဲ့ အရာကို ေလာ္႐ိႈ႕နဲ႔ မုန္႔ရန္ တို႔ ႏွစ္ေယာက္စလုံး သိေနၾကတယ္။အခုခ်ိန္မွာ ယြီကြၽင္းခ်န္ ထုတ္မေျပာဘူးဆိုတာကိုလဲ သိေနတယ္။ထုတ္ေျပာလိုက္လဲ ကိစၥမ႐ွိေတာ့ပါဘူး။

႐ုပ္သံဖိုင္ကို ၾကည့္ၿပီးၿပီျဖစ္တဲ့ ေလာ္ဆန္းနဲ႔ ႐ႈမင္ဟြာကလဲ ယြီကြၽင္းခ်န္ရဲ႕ အေျဖကိုၾကားခ်င္ေနၾကတယ္။

"ကြၽန္ေတာ္...ကြၽန္ေတာ္ ဘာမွ မခိုးပါဘူး"

ယြီကြၽင္းခ်န္က ခြန္အားအကုန္သုံးၿပီး သူ႕ကိုယ္သူ အတတ္ႏိူင္ဆုံးတည္ၿငိမ္ေအာင္ ထိန္းထားလိုက္တယ္။

"Flower roomရဲ႕တံခါးက ေသခ်ာမပိတ္ထားဘူး။အဲ့flower room ကိုကြၽန္ေတာ္တကယ္သေဘာ
က်ေနတာ အဲ့တာနဲ႔ ခဏဝင္ၾကည့္လိုက္တာ...အခန္းထဲမွာ စာအုပ္ေတြေတြ႕လို႔ ဟိုလွန္၊ဒီလွန္ ေလွ်ာက္ၾကည့္မိတာပါ။ ကြၽန္ေတာ္ တကယ္ကို ဘာပစၥည္းမွ မခိုးခဲ့ပါဘူး"

ေလာ္႐ိႈ႕..."မင္းဘာလို႔ စာအုပ္ေတြကိုအသည္းအသန္ လွန္ၾကည့္ေနတာလဲ??ဝန္ခံဖို႔ အစီအစဥ္မ႐ွိရင္လည္း ရဲစခန္းေရာက္မွသာ ႐ွင္းျပလိုက္ေတာ့"

"အေဖ!!!!ေက်းဇူးျပဳၿပီး ဒီတစ္ခါေတာ့ ကြၽင္းခ်န္ေျပာတာ ယုံလိုက္ပါ!!!"

ေလာ္ဆန္းက ခ်က္ခ်င္းကို အသနားခံေပးေနတယ္။

အခ်ိန္မျဖန္းခ်င္ေတာ့တာေၾကာင့္ ေလာ္႐ိႈ႕က လက္ေျမႇာက္ျပလိုက္ၿပီး အိမ္ေတာ္ထိန္းယြမ္ကို အခ်က္ျပလိုက္တယ္။

"အေဖ!!!"

ေလာ္႐ိႈ႕က သူ႕ကိုလ်စ္လ်ဴ႐ႈထားလိုက္တာကို ျမင္တဲ့အခါ ေလာ္ဆန္းတစ္ေယာက္ အျမန္ဆုံးနည္းနဲ႔ ယြီကြၽင္းခ်န္ ကို ေခၚသြားတဲ့ လူေတြေနာက္ကို ေျပးလိုက္သြားခဲ့တယ္။

ေလာ္႐ိႈ႕က မုန္႔ရန္ကို ေပြ႕ခ်ီလိုက္ၿပီး အိပ္ခန္းကို ျပန္ၿပီး အနားယူလိုက္တယ္။

႐ႈမင္ဟြာတစ္ေယာက္ကေတာ့ ႐ူးေတာ့မလို ခံစားေနရတယ္။သူနဲ႔ သူ႕သူငယ္ခ်င္းေတြအကုန္လုံး တက္ညီလက္ညီနဲ႔ ယြီကြၽင္းခ်န္ ကို ေျမႇာက္စားခဲ့တယ္ေလ...ေလာ္ဆန္းက အေဖျဖစ္သူထက္ေတာင္ အျမင္႐ွိေသးတယ္ဆိုၿပီး ႐ႈမင္ဟြာခ်ီးက်ဴးလိုက္ေသးတယ္။ယြီကြၽင္းခ်န္ အခုလို ျမန္ျမန္ဆန္ဆန္ႀကီး သူ႕ကို မ်က္ႏွာပ်က္ အ႐ွက္ကြဲေအာင္လုပ္လိုက္လိမ့္္လို႔ ႐ႈမင္ဟြာ ဘယ္တုန္းကမွ ထင္မထားခဲ့မိဘူး။ညစာစားပြဲကို ေ႐ွ႕ဆက္ဖို႔ ဘယ္လိုမွ စိတ္အေျခေနမေကာင္းေတာ့တာေၾကာင့္ ဧည့္သည္ေတြကို အလိမၼာသုံးၿပီး ျပန္ပို႔လိုက္ရတယ္။သူ႕ကို ၾကည့္သြားတဲ့ ဧည့္သည္ေတြရဲ႕ အၾကည့္ေတြေၾကာင့္ ႐ႈမင္ဟြာ မ်က္ႏွာကို ဘယ္နားထားရမွန္းမသိျဖစ္ေနခဲ့တယ္။

အိမ္ခန္းထဲကိုျပန္ေရာက္တာနဲ႔ ယြီကြၽင္းခ်န္ရဲ႕ အသုံးမက်မႈေတြကို ႐ႈမင္ဟြာ ေအာ္ဟစ္ေပါက္ကြဲေနခဲ့တယ္။ ဒီလို အညတရမိသားစုကေန ေပါက္ဖြားလာတဲ့ အတြက္ အခုလို ပစၥည္းေကာင္းေတြကို မျမင္ဖူးဆိုတာ ႐ႈမင္ဟြာသိတယ္။ဒါေပမယ့္ ေလာ္ဆန္းနဲ႔ ေစ့စပ္ၿပီးတာေတာင္ ဒီပစၥည္းေတြကို ခိုးယူခ်င္ေနတုန္းလား??အခုေတာ့ ေျမးအဖြားႏွစ္ေယာက္စလုံး အ႐ွက္ကြဲခဲ့ရတဲ့ အျပင္ စီစဥ္ထားသမွ်ေတြအကုန္ သဲထဲေရသြန္ျဖစ္ကုန္ၿပီ...ဒီလိုလူမ်ိဳးနဲ႔ ေလာ္ဆန္းကို ဘယ္ေတာ့မွ လက္မထပ္ခိုင္းဘူး.....

႐ႈမင္ဟြာရဲ႕မူလအစီအစဥ္က...

ေလာ္ဆန္းကို ဒီအိမ္ေပၚမွာေခၚတင္ထားၿပီး
ေလာ္ဆန္းေပၚမွာ မုန္႔ရန္က ခံစားခ်က္ေတြ႐ွိေနသလို ဖန္တီးၿပီး ေလာ္႐ိႈ႕နဲ႔ မုန္႔ရန္ကို ေသြးခြဲမယ္...
အစပိုင္းတုန္းက အဆင္ေခ်ာထားသမွ် အခုေတာ့ အကုန္ပ်က္စီးကုန္ၿပီ....အခုဆိုေလာ္ဆန္းက ဘယ္မ်က္ႏွာနဲ႔ ဒီအိမ္မွာ ဆက္ေနရမွာလဲ???ၿပီးေတာ့ ေလာ္႐ိႈ႕ဘက္ကလဲ အခုဆို သတိႀကီးႀကီးထားေနေလာက္ၿပီ....

ရဲစခန္းကိုသြားတဲ့ လမ္းတစ္ေလွ်ာက္လုံး ယြီကြၽင္းခ်န္ တစ္ကိုယ္လုံးတုန္ရီေနခဲ့တယ္။ဒီစာအုပ္ေတြကို အခ်ိန္တန္ရင္ ႐ွာေတြ႕မယ္ဆိုတာ သူသိတယ္။ဒါေပမယ့္ Flower room ထဲကို မဝင္ဖို႔ သူ႕ကိုယ္သူ ထိန္းမရခဲ့ဘူး။မုန္႔ရန္ရဲ႕ေ႐ွးေဟာင္းစာအုပ္ေတြကို အလြန္အမင္းေတာင့္တေန​တဲ့ သူ႕(ယြီကြၽင္းခ်န္)ရဲ႕စိတ္ဆႏၵက နတ္ဆိုးတစ္ေကာင္လို ထိန္းခ်ဳပ္ဖို႔ရာ ခက္ခဲလြန္းတယ္။မုန္႔ရန္ရဲ႕ မွတ္စုေတြကို ေတြ႕လိုက္ရခ်ိန္မွာ ၾကားလိုက္ရတဲ့ အခ်က္ေပးသံေၾကာင့္
ေၾကာက္႐ြံ႕ထိတ္လန္႔သြားေပမယ့္ အရာရာေနာက္က်ကုန္ၿပီဆိုတာ သူသိေနခဲ့ၿပီေလ....

အခုခ်ိန္မွာ ယြီကြၽင္းခ်န္ အရမ္းေၾကာက္ေနတယ္။ တဆင့္စကား တဆင့္ၾကားၿပီး သတင္းပ်ံ႕ကုန္ေတာ့မွာ...ဒါဆို သူ႕ဘဝမွာ ဖ်က္မရတဲ့ အမည္းစက္တစ္ခုအျဖစ္ ေသရာပါသြားေတာ့မွာေလ....အခန္႔မသင့္ရင္ ေက်ာင္းထုတ္ခံရႏိုင္တဲ့အျပင္၊ၿပိဳင္ပြဲေတြမွာလဲ ဘယ္ေတာ့မွ ဝင္ၿပိဳင္ခြင့္ရေတာ့မွာ မဟုတ္ဘူး....တကယ္ကို သူ႕ဘဝႀကီးအဆုံးသတ္သြားခဲ့ေလၿပီ.....

Continue Reading

You'll Also Like

96.8K 9.7K 200
လန်းရှုးမြို့ရဲ့ ချင်ကလန်မှာ ချင်နန်က နံပါတ်တစ် ဂျီးနီးယပ်တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် သိုင်းဝိညာဉ်နိုးထခြင်းပွဲမှာ သူ့ရဲ့ မွေးရာပါ သိုင်းဝိညာဉ်က အနိမ...
84.6K 10.1K 117
✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမ...
331K 33.7K 193
ကိုကို ဘယ်ကမ္ဘာရောက်ရောက် * အကုန်လုံးကို မေ့သွားရင်တောင် တစ်ခုပဲသတိရနေပေး..! ကိုကိုက ညီမကို ချစ်တယ် Maikoa ဆိုတဲ့ ကောင်မလေးကို ချစ်တယ် *
80.4K 8.8K 200
✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမ...