ချစ်မြဲ ချစ်ဆဲ

By smiling-Onion

264K 10K 54

ယခု ( ချစ်မြဲ ချစ်ဆဲ ) ဇာတ်လမ်းတွင် ပါဝင်သော ဇာတ်လမ်း ဇာတ်ကောင်များသည် ကိုယ်တိုင်ဖန်တီးထားသော အရေးအသား အကြေ... More

အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၄
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
အပိုင်း ၁၀
အပိုင်း ၁၁
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၈
အပိုင်း ၁၉
အပိုင်း ၂၀
အပိုင်း ၂၁
အပိုင်း ၂၂
အပိုင်း ၂၃
အပိုင်း ၂၄
အပိုင်း ၂၅
အပိုင်း ၂၆
အပိုင်း ၂၇
အပိုင်း ၂၈
အပိုင်း ၂၉
အပိုင်း ၃၀
အပိုင်း ၃၁
အပိုင်း ၃၂
အပိုင်း ၃၃
အပိုင်း ၃၄
အပိုင်း ၃၅
အပိုင်း ၃၆
အပိုင်း ၃၇
အပိုင်း ၃၈
အပိုင်း ၃၉
အပိုင်း ၄၀
အပိုင်း ၄၁
အပိုင်း ၄၂
အပိုင်း ၄၃
အပိုင်း ၄၄
အပိုင်း ၄၅
အပိုင်း ၄၆
အပိုင်း ၄၇
အပိုင်း ၄၈
အပိုင်း ၄၉
အပိုင်း ၅၀
အပိုင်း ၅၁
အပိုင်း ၅၂
အပိုင်း ၅၃
အပိုင်း ၅၄
အပိုင်း ၅၅
အပိုင်း ၅၆
အပိုင်း ၅၇
အပိုင်း ၅၈
အပိုင်း ၅၉
အပိုင်း ၆၀
အပိုင်း ၆၁
အပိုင်း ၆၂
အပိုင်း ၆၃
အပိုင်း ၆၄
အပိုင်း ၆၅
အပိုင်း ၆၆
အပိုင်း ၆၇
အပိုင်း ၆၈
အပိုင်း ၆၉
အပိုင်း ၇၀
အပိုင်း ၇၁
အပိုင်း ၇၂
ဇာတ်သိမ်းပိုင်း

အပိုင်း ၁၇

3.4K 155 5
By smiling-Onion

(unicode)

စွယ်သော်လင်းနှင့် ဒေါင်းမာန်တို့နှစ်ဦးသား တစ်ယောက်မျက်နှာ တစ်ယောက်ကြည်လျက်ရှိနေကြသည်။ ဒေါင်းမာန်မျက်နှာထက်၌ အပြုံးတစ်ပွင့်ကို ဆင်မြန်းထားသော်ငြားလည်း စွယ်သော်လင်း၏မျက်နှာမူ အနည်းငယ်ပင်စူပုတ်နေပေသည်။

" အဟမ်း အဟမ်း "

ချောင်းဟမ်းသံကြောင့် စားပွဲနှင့် မျက်နှာချင်း ဆိုင်ဘက်ကို မျက်နှာပြန်မူလိုက်ကြ၏။

" သမီးရည်းစားချင်းချင်းစိတ်ကောက်တာ မမှားပါဘူး။ ဒါပေမယ့်...အခုလို့ ရဲစခန်းကိုဖုန်းဆက်တိုင်တာကြတော့ မကောင်းဘူးပေါ့ ကောင်လေး တို့ "

" ကျွန်တော် သူ့ရည်းစားမဟုတ်ဘူး "

" စိတ်ဆိုးပြေပါတော့။ ကိုယ်တောင်းပန်တာ လက်ခံပေးတော့နော် ဘေဘီ "

" တိတ်စမ်း ! ခင်ဗျား ! ! "

" ဒီဘက်က ကောင်လေးလည်း စိတ်လျှော့လေ၊ ကိုယ့်ကောင်​လေးဘက်က ရှင်းပြတာလည်း သေချာနားထောင်ပေးလိုက်ပါအုန်း "

မျက်စောင်းထိုး၍ ကြည်လိုက်လျှင် မျက်နှာငယ်လေးဖြင့် ရှိနေလေသည်။ ဟန်ဆောင်နေမှန်းသိ၍ ထိုသူ့မျက်ခွက်အား ပိတ်ထိုးလိုက်ချင်မိ၏။ သို့ သော် အခုက ရဲစခန်းအတွင်းရှိနေ၍ စိတ်ကိုမနည်းထိန်းနေရ၏။

" ကောင်လေး မင်းလည်းအခန်းတံခါး အရမ်းခေါက်မနေနဲ့လေ၊ အချိန်တိုင်းဆို ဘေးအခန်းတွေအတွက်လည်း အနှောက်ယှက်ဖြစ်လာနိုင်တယ် "

" ဟုတ်ကဲ့ "

" အေး အေး။ နောက်တစ်ခါဆို သော့ဖွင့်ဝင်လို့ရအောင် သော့ပိုလေးဘာလေးလည်း ယူထားအုန်း၊ ကြားလား "

" ဟုတ်ကဲ့ ဟုတ်ကဲ့ "

အတိုင်အဖောက်ညီနေသူ ထိုနှစ်ယောက်ကြောင့် သော်လင်း ဘာမှဝင်မပြောချင်တော့။ ပြော
လည်းလက်မခံကြ၍ တိတ်ဆိတ်စွာထိုင်နေဖြစ် သည်။

" ဒီမှာလက်မှတ်လေးထိုးခဲ့။ ပြီးရင်ပြန်လို့ရပြီး၊ အော်...ကောင်လေး "

" ဗျာ "

" သိပ်လည်း စိတ်မကောက်နဲ့တော့။ ရှင်းပြတာလည်း နားထောင်ပေးလိုက် ကြားလား "

" ကြားပါတယ် "

" မင်းလည်း အကျိုးအကြောင်းသေချာရှင်းပြလိုက်အုန်း "

" ဟုတ်ကဲ့ "

" ပြန်ရအောင် ဘေဘီ "

" ​ ဘောကို ဘေဘီ "

ဆဲမိပြီးခါမှ ရှေ့ကလူထံသို့ ပြန်ကြည်လိုက်မိ သည်။  သူ့စာရွက်များနှင့် သူအလုပ်ရှုပ်နေ၍
တော်ပါသေး၏။ မဟုတ်လျှင် ဆုံးမသြဝါဒခြွေ
မပြီး ဖြစ်တော့မည်။

" ဇန် ငြိမ်ငြိမ်နေစမ်းကွာ၊ မင်းက လိမ္မာပါတယ်ကွာ "

" မလုပ်ဘူးနော်၊ နောက်နေမှ ထပ်လုပ်လေ "

" မရဘူး။ ထည့်တောင် ထည့်ထားပြီးပြီးကို "

" ကိုကိုလူထင်...ဒီနေ့ ဒီလောက်နဲ့ပဲတော်ရအောင်ကွာ၊ ငါ ထပ်မခံနိုင်တော့ဘူးလေ "

အသံ​လေးအားချွဲ၍ အသည်းယားဖွယ်စကားဆိုနေသော ဇန်ကိုကြည်၍ လူထင်ပြုံးမိသည်။ သို့ သော် အလိုတော့ မလိုက်ချင်။

" မရဘူး။ ဒီနေ့ပဲအပြီးလုပ်မယ် "

" ကိုကိုလူထင် "

" ချွဲပြလည်း မရဘူး။ ဒီနေ့ပဲ "

" မင်းမခံရတိုင်း အနိုင်မကျင့်နဲ့ ဟေ့ကောင် ! "

" ကျင့်တယ်ကွာ ! ဘာဖြစ်လဲ "

စျေးဆစ်နေသူကို အတင်းဝင်လုံးချုပ်ပြီး မပြီးသေးသောကိစ္စကို ဆက်လိုက်လျှင်

" အား ! ! ! ! "

" အရမ်းစပ်နေလား ဇန် "

" မင်းခံကြည်ပါလား "

စိတ်တိုရသည်။ နောက်နေ့မှဆက်မည်ကို လက်မခံ။ သူ့မခံရတိုင်း ဇွတ်အတင်းဖြဲပြီး ထည့်နေလေ ၏။

ကွမ်းရွက်အရည် မျက်လုံးထဲ တစ်စက်ဝင်လျှင် ဘယ်လောက်ခံရခက်လဲဆိုတာ ထည့်ဖူးသူတိုင်းသိ၏။ မျက်လုံးနာတာကို မျက်စင်းရည်မထည့်ခိုင်းဘဲ ကွမ်းရွက်ရည်လာထည့်သော လူထင်ကြောင့် စပ်လိုက်လေခြင်း။ တစ်လုံးထည့်ပြီး စပ်လွန်း၍ နောက်နေ့မှ ထပ်ထည့်မည်ပြောတာကို လုံးဝလက်မခံ။ အခုတော့ မျက်ရည်ပူများစွာအပေါက်ကြီး အပေါက်ငယ်ကျရပြီး။

"  အဲလောက်ထိ မထင်လို့ပါကွာ၊ ကွမ်းရွက်ရည်တစ်စက်ထည့်တာကအဆင်ပြေပြီး ပိုပျောက်မြန်တယ် ဆိုကြလို့ပါ။ ငါကို စိတ်မဆိုးပါနဲ့ ဇန်ရာ... မင်းလုပ်ချင်တာ ပြောလိုက်၊ ငါအကုန် လုပ်ပေးမယ် "

" တကယ်လား "

" တကယ့်၊ ကတိပေးတယ် "

" မင်းကို ပြန်ထည့်မယ်၊ မျက်လုံးဖွင့်ထားနော် လူထင်၊ ကျယ်ကျယ်လေးဖွင့်ထား "

" အား ! ! ! "

" သေချာတောင် မဝင်ရသေးဘူး။ တိတ်တိတ်နေစမ်း "

" စပ်တာကိုးကွ "

" ငါ့ခံစားချက်ကို သိပြီးမလား၊ ငါ့မျက်လုံးကိုလည်း ကြည်အုန်း။ မျက်ရည်ကျတာ ခုထိမရပ်သေးဘူး "

" အေးပါ။ ငါမှားတာပါ "

" သိရင်ပြီးရော "

" အင်း "

ကိုယ်တိုင်ပင်ခံစားလိုက်ရ၍ ဇန်၏အပြောကိုပြန်မပြောမိတော့။ မဟုတ်လျှင် နောက်ထပ်တွေထပ်ထည့်ခါမှ မလွယ်မည် မဟုတ်ပါလား။

သော်လင်းတိုက်ခန်းဆီ ပြန်လာ၏။ ဒေါင်းမာန် သည်လည်း နောက်ပါးမှ လိုက်လာပေသည်။ အနောက်မှကျော်မတတ်ဘဲ ကပ်လိုက်လာနေသူကြောင့် ခြေလှမ်းတို့ကိုရပ်၍ မျက်နှာတည်ဖြင့်
အနောက်သို့ လှည့်ကြည့်လိုက်သည်။

" အနောက်က မလိုက်နဲ့လေ "

" ကိုယ့်အခန်းကိုယ်ပြန်တာတောင် မရဘူးလား "

" အာ့ဆို ရှေ့ကသွား "

" မသွားဘူး။ အနောက်မြင်ကွင်းက ပိုလှတယ် "

"......."

ပြောစရာစကားတို့ ကင်းမဲ့ရပေသည်။ ထို့ကြောင့် အ​ရှေ့ဘက်ကို မျက်နှာမြန်မြန်ပြန်လှည့်ပြီး ခြေ လှမ်းများအား သွက်သွက်လျှောက်လိုက်၏။ အ နောက်မှ နှာဘူးလူလိမ်ကောင်မှာ ယုံရသည့်ထဲ
မပါ၍ ခြေလှမ်းတို့ကို ပိုမြန်စေလိုက်သည်။

(zawgyi)

စြယ္ေသာ္လင္းႏွင့္ ေဒါင္းမာန္တို႔ႏွစ္ဦးသား တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ၾကည္လ်က္ရွိေနၾကသည္။ ေဒါင္းမာန္မ်က္ႏွာထက္၌ အၿပဳံးတစ္ပြင့္ကို ဆင္ျမန္းထားေသာ္ျငားလည္း စြယ္ေသာ္လင္း၏မ်က္ႏွာမူ အနည္းငယ္ပင္စူပုတ္ေနေပသည္။

" အဟမ္း အဟမ္း "

ေခ်ာင္းဟမ္းသံေၾကာင့္ စားပြဲႏွင့္ မ်က္ႏွာခ်င္း ဆိုင္ဘက္ကို မ်က္ႏွာျပန္မူလိုက္ၾက၏။

" သမီးရည္းစားခ်င္းခ်င္းစိတ္ေကာက္တာ မမွားပါဘူး။ ဒါေပမယ့္...အခုလို႔ ရဲစခန္းကိုဖုန္းဆက္တိုင္တာၾကေတာ့ မေကာင္းဘူးေပါ့ ေကာင္ေလး တို႔ "

" ကြၽန္ေတာ္ သူ႔ရည္းစားမဟုတ္ဘူး "

" စိတ္ဆိုးေျပပါေတာ့။ ကိုယ္ေတာင္းပန္တာ လက္ခံေပးေတာ့ေနာ္ ေဘဘီ "

" တိတ္စမ္း ! ခင္ဗ်ား ! ! "

" ဒီဘက္က ေကာင္ေလးလည္း စိတ္ေလွ်ာ့ေလ၊ ကိုယ့္ေကာင္​ေလးဘက္က ရွင္းျပတာလည္း ေသခ်ာနားေထာင္ေပးလိုက္ပါအုန္း "

မ်က္ေစာင္းထိုး၍ ၾကည္လိုက္လွ်င္ မ်က္ႏွာငယ္ေလးျဖင့္ ရွိေနေလသည္။ ဟန္ေဆာင္ေနမွန္းသိ၍ ထိုသူ႔မ်က္ခြက္အား ပိတ္ထိုးလိုက္ခ်င္မိ၏။ သို႔ ေသာ္ အခုက ရဲစခန္းအတြင္းရွိေန၍ စိတ္ကိုမနည္းထိန္းေနရ၏။

" ေကာင္ေလး မင္းလည္းအခန္းတံခါး အရမ္းေခါက္မေနနဲ႔ေလ၊ အခ်ိန္တိုင္းဆို ေဘးအခန္းေတြအတြက္လည္း အေႏွာက္ယွက္ျဖစ္လာႏိုင္တယ္ "

" ဟုတ္ကဲ့ "

" ေအး ေအး။ ေနာက္တစ္ခါဆို ေသာ့ဖြင့္ဝင္လို႔ရေအာင္ ေသာ့ပိုေလးဘာေလးလည္း ယူထားအုန္း၊ ၾကားလား "

" ဟုတ္ကဲ့ ဟုတ္ကဲ့ "

အတိုင္အေဖာက္ညီေနသူ ထိုႏွစ္ေယာက္ေၾကာင့္ ေသာ္လင္း ဘာမွဝင္မေျပာခ်င္ေတာ့။ ေျပာ
လည္းလက္မခံၾက၍ တိတ္ဆိတ္စြာထိုင္ေနျဖစ္ သည္။

" ဒီမွာလက္မွတ္ေလးထိုးခဲ့။ ၿပီးရင္ျပန္လို႔ရၿပီး၊ ေအာ္...ေကာင္ေလး "

" ဗ်ာ "

" သိပ္လည္း စိတ္မေကာက္နဲ႔ေတာ့။ ရွင္းျပတာလည္း နားေထာင္ေပးလိုက္ ၾကားလား "

" ၾကားပါတယ္ "

" မင္းလည္း အက်ိဳးအေၾကာင္းေသခ်ာရွင္းျပလိုက္အုန္း "

" ဟုတ္ကဲ့ "

" ျပန္ရေအာင္ ေဘဘီ "

" ​ ေဘာကို ေဘဘီ "

ဆဲမိၿပီးခါမွ ေရွ႕ကလူထံသို႔ ျပန္ၾကည္လိုက္မိ သည္။  သူ႔စာ႐ြက္မ်ားႏွင့္ သူအလုပ္ရႈပ္ေန၍
ေတာ္ပါေသး၏။ မဟုတ္လွ်င္ ဆုံးမၾသဝါဒေႁခြ
မၿပီး ျဖစ္ေတာ့မည္။

" ဇန္ ၿငိမ္ၿငိမ္ေနစမ္းကြာ၊ မင္းက လိမၼာပါတယ္ကြာ "

" မလုပ္ဘူးေနာ္၊ ေနာက္ေနမွ ထပ္လုပ္ေလ "

" မရဘူး။ ထည့္ေတာင္ ထည့္ထားၿပီးၿပီးကို "

" ကိုကိုလူထင္...ဒီေန႔ ဒီေလာက္နဲ႔ပဲေတာ္ရေအာင္ကြာ၊ ငါ ထပ္မခံႏိုင္ေတာ့ဘူးေလ "

အသံ​ေလးအားခြၽဲ၍ အသည္းယားဖြယ္စကားဆိုေနေသာ ဇန္ကိုၾကည္၍ လူထင္ၿပဳံးမိသည္။ သို႔ ေသာ္ အလိုေတာ့ မလိုက္ခ်င္။

" မရဘူး။ ဒီေန႔ပဲအၿပီးလုပ္မယ္ "

" ကိုကိုလူထင္ "

" ခြၽဲျပလည္း မရဘူး။ ဒီေန႔ပဲ "

" မင္းမခံရတိုင္း အႏိုင္မက်င့္နဲ႔ ေဟ့ေကာင္ ! "

" က်င့္တယ္ကြာ ! ဘာျဖစ္လဲ "

ေစ်းဆစ္ေနသူကို အတင္းဝင္လုံးခ်ဳပ္ၿပီး မၿပီးေသးေသာကိစၥကို ဆက္လိုက္လွ်င္

" အား ! ! ! ! "

" အရမ္းစပ္ေနလား ဇန္ "

" မင္းခံၾကည္ပါလား "

စိတ္တိုရသည္။ ေနာက္ေန႔မွဆက္မည္ကို လက္မခံ။ သူ႔မခံရတိုင္း ဇြတ္အတင္းၿဖဲၿပီး ထည့္ေနေလ ၏။

ကြမ္း႐ြက္အရည္ မ်က္လုံးထဲ တစ္စက္ဝင္လွ်င္ ဘယ္ေလာက္ခံရခက္လဲဆိုတာ ထည့္ဖူးသူတိုင္းသိ၏။ မ်က္လုံးနာတာကို မ်က္စင္းရည္မထည့္ခိုင္းဘဲ ကြမ္း႐ြက္ရည္လာထည့္ေသာ လူထင္ေၾကာင့္ စပ္လိုက္ေလျခင္း။ တစ္လုံးထည့္ၿပီး စပ္လြန္း၍ ေနာက္ေန႔မွ ထပ္ထည့္မည္ေျပာတာကို လုံးဝလက္မခံ။ အခုေတာ့ မ်က္ရည္ပူမ်ားစြာအေပါက္ႀကီး အေပါက္ငယ္က်ရၿပီး။

"  အဲေလာက္ထိ မထင္လို႔ပါကြာ၊ ကြမ္း႐ြက္ရည္တစ္စက္ထည့္တာကအဆင္ေျပၿပီး ပိုေပ်ာက္ျမန္တယ္ ဆိုၾကလို႔ပါ။ ငါကို စိတ္မဆိုးပါနဲ႔ ဇန္ရာ... မင္းလုပ္ခ်င္တာ ေျပာလိုက္၊ ငါအကုန္ လုပ္ေပးမယ္ "

" တကယ္လား "

" တကယ့္၊ ကတိေပးတယ္ "

" မင္းကို ျပန္ထည့္မယ္၊ မ်က္လုံးဖြင့္ထားေနာ္ လူထင္၊ က်ယ္က်ယ္ေလးဖြင့္ထား "

" အား ! ! ! "

" ေသခ်ာေတာင္ မဝင္ရေသးဘူး။ တိတ္တိတ္ေနစမ္း "

" စပ္တာကိုးကြ "

" ငါ့ခံစားခ်က္ကို သိၿပီးမလား၊ ငါ့မ်က္လုံးကိုလည္း ၾကည္အုန္း။ မ်က္ရည္က်တာ ခုထိမရပ္ေသးဘူး "

" ေအးပါ။ ငါမွားတာပါ "

" သိရင္ၿပီးေရာ "

" အင္း "

ကိုယ္တိုင္ပင္ခံစားလိုက္ရ၍ ဇန္၏အေျပာကိုျပန္မေျပာမိေတာ့။ မဟုတ္လွ်င္ ေနာက္ထပ္ေတြထပ္ထည့္ခါမွ မလြယ္မည္ မဟုတ္ပါလား။

ေသာ္လင္းတိုက္ခန္းဆီ ျပန္လာ၏။ ေဒါင္းမာန္ သည္လည္း ေနာက္ပါးမွ လိုက္လာေပသည္။ အေနာက္မွေက်ာ္မတတ္ဘဲ ကပ္လိုက္လာေနသူေၾကာင့္ ေျခလွမ္းတို႔ကိုရပ္၍ မ်က္ႏွာတည္ျဖင့္
အေနာက္သို႔ လွည့္ၾကည့္လိုက္သည္။

" အေနာက္က မလိုက္နဲ႔ေလ "

" ကိုယ့္အခန္းကိုယ္ျပန္တာေတာင္ မရဘူးလား "

" အာ့ဆို ေရွ႕ကသြား "

" မသြားဘူး။ အေနာက္ျမင္ကြင္းက ပိုလွတယ္ "

"......."

ေျပာစရာစကားတို႔ ကင္းမဲ့ရေပသည္။ ထို႔ေၾကာင့္ အ​ေရွ႕ဘက္ကို မ်က္ႏွာျမန္ျမန္ျပန္လွည့္ၿပီး ေျခ လွမ္းမ်ားအား သြက္သြက္ေလွ်ာက္လိုက္၏။ အ ေနာက္မွ ႏွာဘူးလူလိမ္ေကာင္မွာ ယုံရသည့္ထဲ
မပါ၍ ေျခလွမ္းတို႔ကို ပိုျမန္ေစလိုက္သည္။

Continue Reading

You'll Also Like

3M 251K 66
ကျိန်စာတွေ လှလွန်းတဲ့အခါ အရှုံးပေးသူက ? Start ~24.6.2021💔 End~ 22.11.2021💔
3.9M 414K 41
Myanmar BL
6.6M 432K 94
Hanary Victor + Loon Tar Nay San
96.2K 3.8K 42
အချစ်ကြောင့် လူကျင့်ဝတ်များ ဖောက်ဖျက်မိသောအခါ