ချစ်မြဲ ချစ်ဆဲ

By smiling-Onion

264K 10K 54

ယခု ( ချစ်မြဲ ချစ်ဆဲ ) ဇာတ်လမ်းတွင် ပါဝင်သော ဇာတ်လမ်း ဇာတ်ကောင်များသည် ကိုယ်တိုင်ဖန်တီးထားသော အရေးအသား အကြေ... More

အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၄
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
အပိုင်း ၁၀
အပိုင်း ၁၁
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၇
အပိုင်း ၁၈
အပိုင်း ၁၉
အပိုင်း ၂၀
အပိုင်း ၂၁
အပိုင်း ၂၂
အပိုင်း ၂၃
အပိုင်း ၂၄
အပိုင်း ၂၅
အပိုင်း ၂၆
အပိုင်း ၂၇
အပိုင်း ၂၈
အပိုင်း ၂၉
အပိုင်း ၃၀
အပိုင်း ၃၁
အပိုင်း ၃၂
အပိုင်း ၃၃
အပိုင်း ၃၄
အပိုင်း ၃၅
အပိုင်း ၃၆
အပိုင်း ၃၇
အပိုင်း ၃၈
အပိုင်း ၃၉
အပိုင်း ၄၀
အပိုင်း ၄၁
အပိုင်း ၄၂
အပိုင်း ၄၃
အပိုင်း ၄၄
အပိုင်း ၄၅
အပိုင်း ၄၆
အပိုင်း ၄၇
အပိုင်း ၄၈
အပိုင်း ၄၉
အပိုင်း ၅၀
အပိုင်း ၅၁
အပိုင်း ၅၂
အပိုင်း ၅၃
အပိုင်း ၅၄
အပိုင်း ၅၅
အပိုင်း ၅၆
အပိုင်း ၅၇
အပိုင်း ၅၈
အပိုင်း ၅၉
အပိုင်း ၆၀
အပိုင်း ၆၁
အပိုင်း ၆၂
အပိုင်း ၆၃
အပိုင်း ၆၄
အပိုင်း ၆၅
အပိုင်း ၆၆
အပိုင်း ၆၇
အပိုင်း ၆၈
အပိုင်း ၆၉
အပိုင်း ၇၀
အပိုင်း ၇၁
အပိုင်း ၇၂
ဇာတ်သိမ်းပိုင်း

အပိုင်း ၁၆

3.5K 163 0
By smiling-Onion

(unicode)

တိတ်ဆိတ်နေသောအခန်းထဲဝယ် အသက်ရှုသံတိုးတိုးမှန်မှန်လေးသည် အခန်းတွင်း ကုတင်ထက်၌ စည်းချက်မှန်စွာ ထွက်ပေါ်နေပေသည်။ ဆိုဖာထက် ဘေးတစ်စောင်းအိပ်လျက် ရှိနေသူမှာ XZ အုပ်စုမှ ဒေါင်းမာန်ပင်။ ဒေါင်းမာန်တစ်ယောက်  အိပ်မပျော်နိုင်။ တိတ်ဆိတ်မှုကြားမှ ကြားနေရသောအသက်ရှုသံလေးသည် ဒေါင်းမာန်ကို လာပါ လာခဲ့ပါနှင့် မြူဆွယ်နေသယောင် ။ ဆိုဖာထက်အိပ်ရသည်မှာလည်း အဆင်မပြေပေ။ အရပ်ရှည်ကြီးနှင့် ခြေထောက်တို့သည် ဆိုဖာထက်ကို သိသိသာသာရှည်ထွက်နေ၏။ ကျောချရရုံအကျယ်နှင့် ဆိုဖာလေးထက်၌ရှိနေရ၍ အိပ်မပျော်နိုင်ဖြစ်ရ၏။

ထို့ကြောင့် ဆိုဖာထက်မှအသာထ၍ အိပ်ခန်းဆီဦးတည်လိုက်၏။ အခန်းသည်အတွင်းမှ မပိတ်ထား၍ အလွယ်ပင် ဝင်လို့ရပေ၏။ ကုတင်ဘေးကို ကပ်သွားလိုက်လျှင် မြင်လိုက်ရသည်မှာ အသံရှုသံမှန်မှန်ဖြင့် အိပ်ပျော်နေသူ။ ထိုအိပ် ပျော်နေသူ အနား၌ဝင်အိပ်ကာ အနောက်မှသိုင်းဖက်အိပ်လိုက်ချိန် သော်လင်းသည် မျက်နာချင်းဆိုင်လှည့်လာ၍ ရင်ခွင်ထဲတိုးဝင်လာပေသည်။

စွယ်သော်လင်းသည် အိပ်ရေးဝဝအိပ်စက်ခဲ့ပြီးနောက် လန်းဆန်းစွာနိုးထခဲ့ရပေသည်။ သို့သော် ဘေး၌ရှိနေခဲ့သူကြောင့် စိတ်တို့မှာ ရှုပ်ထွေးသွားရသည်။

" ထ ဟေ့လူ ဟေ့လူ ထတော့ "

လက်မောင်းအားတွန်း၍နှိုးလာမှုကြောင့် ဒေါင်းမာန်မျက်စိနှစ်ဖက်ကို အားယူကာဖွင့်လိုက်လျှင်
မကြည်လင်သောမျက်နှာလေးဖြင့် မ​ကြည်
ကြည့်ကြည့်နေသူကို တွေ့လိုက်ရသည်။

" ဘာဖြစ်လို့လဲ သော်လင်း။ ကိုယ် ခဏထပ်အိပ်အုန်းမယ်၊ အစောကြီးရှိသေးတယ်လေ "

" ၇ နာရီထိုးပြီး။ မစောတော့ဘူး၊ ထ ပြန်တော့ "

"........"

" ဟေ့ ! ပြောနေတယ်လေ၊ ပြန်တော့ဆို "

"............"

" ဘာကြည်နေတာလဲ၊ ပြီးတော့ ခင်ဗျားဘယ်လို့လုပ် ကျွန်တော်ကုတင်ပေါ်ရောက်နေတာလဲ "

"..........."

ဘာမှပြန်မပြောဘဲလက်နှစ်ဖက်အား ဦးခေါင်းနောက်ယှက်လျက် မထသေးဘဲ ဆက်လဲ လျောင်းနေဆဲ ထိုသူကြောင့် စိတ်မရှည်ချင်အောင်ဖြစ်ရ၍ အမြန်ပြန်ရန်သာ မောင်းထုတ်နေမိတော့၏။

" မနက်ရောက်ပြီး၊ ပြန်လို့ရပြီး "

" မနက်စာ "

" မကျွေးဘူး။ ပြန်တော့ "

" အဟက် ကိုယ်လည်းမနက်စာမစားချင်ပါဘူး၊ ညစာပဲ စားချင်တာ "

" အခြားမှာ စားချင်တာ သွားစား၊ ကျွန်တော်ကိုလာမရှုပ်ရင်ပြီးရော ပြန် "

" မပြန်ဘူး။ ကိုယ်ဒီမှာနေရမှာ "

" ဘယ်သူပေးနေလို့လဲ၊ ခင်ဗျားအလုပ်မရှိဘူးလား "

" ကိုယ့်တိုက်ခန်းရှိရာ ကိုယ်နေတာ၊ ခွင့်ပြုချက်လိုလို့လား "

" ကိုယ်တိုက်ခန်းဆိုတာ ဘာလဲ "

" အင်း... ဘေးခန်းလေ။ မရှင်းရသေးလို့၊ ကိုယ်တို့ နောက်မှထပ်တွေ့ကြတာပေါ့ "

အခန်းပြင်ထွက်သွားသူကို ငေးကြည့်ကာ သော်လင်းအမြန်တွေးယူရ၏။ ဒါဆို သူ့အခန်းရှိရှိကြီးနဲ့ မျက်နှာပြောင်တိုက်လာနေသွားတယ်ပေါ့လေ။ အကြောင်းပြချက်က အခန်းမရှင်းရသေးလို့တဲ့လား။

" အား...စောက်ကျင့်မကောင်းတဲ့ကောင် "

............

" စိတ်မောလိုက်တာ ဟာ... "

စိတ်မောလိုက်လေခြင်း။ ဟုတ်ပါ၏။ ကိုယ်ပိုင်ရာအခန်းမှာ အေးဆေးနေတာတောင် အနှောက်အယှက်က ရှိနေပေသည်။ တစ်နေ့တစ်နေ့ အကြောင်းပြချက်မျိုးစုံဖြင့် ပေါ်လာသူကြောင့် သော်လင်း စိတ်မောရသည်။ ဥပမာ-

...တီးတောင်...(ဘဲလ်သံ)

" လာပြီး။ ဘယ်သူလဲ "

" မနက်စာ "

တံခါးဖွင့်လိုက်ချိန်ရုတ်တရက် ပေါ်လာသော မျက်ခွက်ကြောင့် စိတ်ရှုပ်ရသည်။ စောစောစီးစီး မနက် ၆ နာရီမှာ မနက်စာလာပို့တယ်တဲ့လေ။ ပြီးလျှင် ဘာတဲ့... ရေချိုးခန်းလေ ခဏသုံးချင်လို့၊ အိပ်သာသုံး စက္ကူငှားပါအုန်းနဲ့၊ အကြောင်းပြချက်များမထပ်အောင်ပေး၍ အမျိုးမျိုးနှောက်ယှက်နေပေသည်။

....တီးတောင်..(ဘဲလ်သံ)

တီးပါစေဆိုပြီး ပစ်ထားလိုက်လျှင်လည်း

..ဒေါက်ဒေါက်ဒေါက်...(တံခါးခေါက်သံ)

" အထဲမှာရှိနေတာ သိတယ်နော်၊ တံခါးဖွင့်အုန်း "

...ချလောက်..(တံခါးဖွင့်သံ)

" ဘာလဲ !  ခင်ဗျားတော်လိုက်တော့၊ အရမ်းတွေ အားယားနေရင်လည်း အခြားသွားယားနေ "

ပြောချင်ရာ၊ စိတ်ထဲရှိရာတို့ပြော၍ အခန်းတံခါးအားပြန်ပိတ်လိုက်လျှင် တံခါးခေါက်သံ၊ ဘဲလ်တီးသံတို့ကို ဆက်ကြားရပြန်၏။

...ဒေါက်ဒေါက်...ဒေါက်... (တံခါးခေါက်သံ)

" တံခါးပြန်ဖွင့်လိုက်နော်၊ နောက်မှ ကိုယ်အဆိုးမဆိုနဲ့ သော်လင်း "

အပြောအဆိုက မသိသူဆို သူအခန်းလား၊ ကိုယ်အခန်းလားပင် မှားထင်ချင်စရာ။ သော်လင်း၏
သည်းခံနိုင်မှုတို့မှာ ကုန်ချေပြီး။ ထို့ကြောင့် တစ်နေရာဆီကို ဖုန်းဆက်အကြောင်းကြားလိုက်၏။

..📱..(တီ..တီ..)..📱..

" ဟုတ်ကဲ့ အမိန်ရှိပါ "

" ရဲစခန်းကလားဗျ။ ကျွန်တော်တိုင်စရာလေးရှိလို့ပါ..."

ဒေါင်းမာန်နားမလည်နိုင်။ ထိုကောင်လေးသည် မျက်နှာချိုပါ၏။ ဒေါင်းမာန်ကိုမူ ဘာလို့ခါးခါး သီးသီးငြင်းနေရတာလဲ။ တွေ့ချိန်တိုင်းလည်း မျက်နှာအား တမင်စူပုတ်ထားလေ့ရှိသည်ကို သတိထားမိ၏။ ဘာလို့လဲ။

..တီးတောင်...(ဘဲလ်သံ)

" သော်လင်း တံခါးဖွင့်၊ စကားပြောကြရအောင် "

နေ့ခင်းဘက်ဖြစ်၍သာ တော်သေး၏။ ညဘက်ဆိုလျှင် အဲအဖိုးကြီး အရိုက်ခံရမှာမလွဲနိုင်။ တံ ခါးဆီသာ အာရုံစိုက်ခေါ်နေချိန် တ်ိုက်လုံခြုံရေးနှစ်ယောက် ဒေါင်းမာန်အနားရောက်လာပေသည်။

" မောင်ရင် ခဏလိုက်ခဲ့ပါ "

" ဘာကိစ္စရှိလို့လဲ "

" အခန်းနံပါတ် ၅၂၈ က ဝတ္တရားနှောက်ယှက်မှုနဲ့ မောင်ရင်ကို တိုင်ထားတယ်  "

" ဗျာ ! မဟုတ်တာ။ ကျွန်တော်ကောင်လေးစိတ် ကောက်နေလို့ လာချော့တာပါ "

" စခန်းရောက်မှ ပြောကြရအောင်။ ခုတော့ မောင်ရင်..."

" ခဏလေး။ ကျွန်တော်ကောင်လေးကိုပါ ခေါ်ခဲ့ပါရစေ "

" အခုသွားမှာရဲစခန်း​ပါ ​မောင်ရင်၊ ကောင်လေးခေါ်ချင်ရင်လည်း စခန်းရောက်မှ ဖုန်းဆက်ခေါ် "

(zawgyi)

တိတ္ဆိတ္ေနေသာအခန္းထဲဝယ္ အသက္ရႈသံတိုးတိုးမွန္မွန္ေလးသည္ အခန္းတြင္း ကုတင္ထက္၌ စည္းခ်က္မွန္စြာ ထြက္ေပၚေနေပသည္။ ဆိုဖာထက္ ေဘးတစ္ေစာင္းအိပ္လ်က္ ရွိေနသူမွာ XZ အုပ္စုမွ ေဒါင္းမာန္ပင္။ ေဒါင္းမာန္တစ္ေယာက္  အိပ္မေပ်ာ္ႏိုင္။ တိတ္ဆိတ္မႈၾကားမွ ၾကားေနရေသာအသက္ရႈသံေလးသည္ ေဒါင္းမာန္ကို လာပါ လာခဲ့ပါႏွင့္ ျမဴဆြယ္ေနသေယာင္ ။ ဆိုဖာထက္အိပ္ရသည္မွာလည္း အဆင္မေျပေပ။ အရပ္ရွည္ႀကီးႏွင့္ ေျခေထာက္တို႔သည္ ဆိုဖာထက္ကို သိသိသာသာရွည္ထြက္ေန၏။ ေက်ာခ်ရ႐ုံအက်ယ္ႏွင့္ ဆိုဖာေလးထက္၌ရွိေနရ၍ အိပ္မေပ်ာ္ႏိုင္ျဖစ္ရ၏။

ထို႔ေၾကာင့္ ဆိုဖာထက္မွအသာထ၍ အိပ္ခန္းဆီဦးတည္လိုက္၏။ အခန္းသည္အတြင္းမွ မပိတ္ထား၍ အလြယ္ပင္ ဝင္လို႔ရေပ၏။ ကုတင္ေဘးကို ကပ္သြားလိုက္လွ်င္ ျမင္လိုက္ရသည္မွာ အသံရႈသံမွန္မွန္ျဖင့္ အိပ္ေပ်ာ္ေနသူ။ ထိုအိပ္ ေပ်ာ္ေနသူ အနား၌ဝင္အိပ္ကာ အေနာက္မွသိုင္းဖက္အိပ္လိုက္ခ်ိန္ ေသာ္လင္းသည္ မ်က္နာခ်င္းဆိုင္လွည့္လာ၍ ရင္ခြင္ထဲတိုးဝင္လာေပသည္။

စြယ္ေသာ္လင္းသည္ အိပ္ေရးဝဝအိပ္စက္ခဲ့ၿပီးေနာက္ လန္းဆန္းစြာႏိုးထခဲ့ရေပသည္။ သို႔ေသာ္ ေဘး၌ရွိေနခဲ့သူေၾကာင့္ စိတ္တို႔မွာ ရႈပ္ေထြးသြားရသည္။

" ထ ေဟ့လူ ေဟ့လူ ထေတာ့ "

လက္ေမာင္းအားတြန္း၍ႏႈိးလာမႈေၾကာင့္ ေဒါင္းမာန္မ်က္စိႏွစ္ဖက္ကို အားယူကာဖြင့္လိုက္လွ်င္
မၾကည္လင္ေသာမ်က္ႏွာေလးျဖင့္ မ​ၾကည္
ၾကည့္ၾကည့္ေနသူကို ေတြ႕လိုက္ရသည္။

" ဘာျဖစ္လို႔လဲ ေသာ္လင္း။ ကိုယ္ ခဏထပ္အိပ္အုန္းမယ္၊ အေစာႀကီးရွိေသးတယ္ေလ "

" ၇ နာရီထိုးၿပီး။ မေစာေတာ့ဘူး၊ ထ ျပန္ေတာ့ "

"........"

" ေဟ့ ! ေျပာေနတယ္ေလ၊ ျပန္ေတာ့ဆို "

"............"

" ဘာၾကည္ေနတာလဲ၊ ၿပီးေတာ့ ခင္ဗ်ားဘယ္လို႔လုပ္ ကြၽန္ေတာ္ကုတင္ေပၚေရာက္ေနတာလဲ "

"..........."

ဘာမွျပန္မေျပာဘဲလက္ႏွစ္ဖက္အား ဦးေခါင္းေနာက္ယွက္လ်က္ မထေသးဘဲ ဆက္လဲ ေလ်ာင္းေနဆဲ ထိုသူေၾကာင့္ စိတ္မရွည္ခ်င္ေအာင္ျဖစ္ရ၍ အျမန္ျပန္ရန္သာ ေမာင္းထုတ္ေနမိေတာ့၏။

" မနက္ေရာက္ၿပီး၊ ျပန္လို႔ရၿပီး "

" မနက္စာ "

" မေကြၽးဘူး။ ျပန္ေတာ့ "

" အဟက္ ကိုယ္လည္းမနက္စာမစားခ်င္ပါဘူး၊ ညစာပဲ စားခ်င္တာ "

" အျခားမွာ စားခ်င္တာ သြားစား၊ ကြၽန္ေတာ္ကိုလာမရႈပ္ရင္ၿပီးေရာ ျပန္ "

" မျပန္ဘူး။ ကိုယ္ဒီမွာေနရမွာ "

" ဘယ္သူေပးေနလို႔လဲ၊ ခင္ဗ်ားအလုပ္မရွိဘူးလား "

" ကိုယ့္တိုက္ခန္းရွိရာ ကိုယ္ေနတာ၊ ခြင့္ျပဳခ်က္လိုလို႔လား "

" ကိုယ္တိုက္ခန္းဆိုတာ ဘာလဲ "

" အင္း... ေဘးခန္းေလ။ မရွင္းရေသးလို႔၊ ကိုယ္တို႔ ေနာက္မွထပ္ေတြ႕ၾကတာေပါ့ "

အခန္းျပင္ထြက္သြားသူကို ေငးၾကည့္ကာ ေသာ္လင္းအျမန္ေတြးယူရ၏။ ဒါဆို သူ႔အခန္းရွိရွိႀကီးနဲ႔ မ်က္ႏွာေျပာင္တိုက္လာေနသြားတယ္ေပါ့ေလ။ အေၾကာင္းျပခ်က္က အခန္းမရွင္းရေသးလို႔တဲ့လား။

" အား...ေစာက္က်င့္မေကာင္းတဲ့ေကာင္ "

............

" စိတ္ေမာလိုက္တာ ဟာ... "

စိတ္ေမာလိုက္ေလျခင္း။ ဟုတ္ပါ၏။ ကိုယ္ပိုင္ရာအခန္းမွာ ေအးေဆးေနတာေတာင္ အေႏွာက္အယွက္က ရွိေနေပသည္။ တစ္ေန႔တစ္ေန႔ အေၾကာင္းျပခ်က္မ်ိဳးစုံျဖင့္ ေပၚလာသူေၾကာင့္ ေသာ္လင္း စိတ္ေမာရသည္။ ဥပမာ-

...တီးေတာင္...(ဘဲလ္သံ)

" လာၿပီး။ ဘယ္သူလဲ "

" မနက္စာ "

တံခါးဖြင့္လိုက္ခ်ိန္႐ုတ္တရက္ ေပၚလာေသာ မ်က္ခြက္ေၾကာင့္ စိတ္ရႈပ္ရသည္။ ေစာေစာစီးစီး မနက္ ၆ နာရီမွာ မနက္စာလာပို႔တယ္တဲ့ေလ။ ၿပီးလွ်င္ ဘာတဲ့... ေရခ်ိဳးခန္းေလ ခဏသုံးခ်င္လို႔၊ အိပ္သာသုံး စကၠဴငွားပါအုန္းနဲ႔၊ အေၾကာင္းျပခ်က္မ်ားမထပ္ေအာင္ေပး၍ အမ်ိဳးမ်ိဳးေႏွာက္ယွက္ေနေပသည္။

....တီးေတာင္..(ဘဲလ္သံ)

တီးပါေစဆိုၿပီး ပစ္ထားလိုက္လွ်င္လည္း

..ေဒါက္ေဒါက္ေဒါက္...(တံခါးေခါက္သံ)

" အထဲမွာရွိေနတာ သိတယ္ေနာ္၊ တံခါးဖြင့္အုန္း "

...ခ်ေလာက္..(တံခါးဖြင့္သံ)

" ဘာလဲ !  ခင္ဗ်ားေတာ္လိုက္ေတာ့၊ အရမ္းေတြ အားယားေနရင္လည္း အျခားသြားယားေန "

ေျပာခ်င္ရာ၊ စိတ္ထဲရွိရာတို႔ေျပာ၍ အခန္းတံခါးအားျပန္ပိတ္လိုက္လွ်င္ တံခါးေခါက္သံ၊ ဘဲလ္တီးသံတို႔ကို ဆက္ၾကားရျပန္၏။

...ေဒါက္ေဒါက္...ေဒါက္... (တံခါးေခါက္သံ)

" တံခါးျပန္ဖြင့္လိုက္ေနာ္၊ ေနာက္မွ ကိုယ္အဆိုးမဆိုနဲ႔ ေသာ္လင္း "

အေျပာအဆိုက မသိသူဆို သူအခန္းလား၊ ကိုယ္အခန္းလားပင္ မွားထင္ခ်င္စရာ။ ေသာ္လင္း၏
သည္းခံႏိုင္မႈတို႔မွာ ကုန္ေခ်ၿပီး။ ထို႔ေၾကာင့္ တစ္ေနရာဆီကို ဖုန္းဆက္အေၾကာင္းၾကားလိုက္၏။

..📱..(တီ..တီ..)..📱..

" ဟုတ္ကဲ့ အမိန္ရွိပါ "

" ရဲစခန္းကလားဗ်။ ကြၽန္ေတာ္တိုင္စရာေလးရွိလို႔ပါ..."

ေဒါင္းမာန္နားမလည္ႏိုင္။ ထိုေကာင္ေလးသည္ မ်က္ႏွာခ်ိဳပါ၏။ ေဒါင္းမာန္ကိုမူ ဘာလို႔ခါးခါး သီးသီးျငင္းေနရတာလဲ။ ေတြ႕ခ်ိန္တိုင္းလည္း မ်က္ႏွာအား တမင္စူပုတ္ထားေလ့ရွိသည္ကို သတိထားမိ၏။ ဘာလို႔လဲ။

..တီးေတာင္...(ဘဲလ္သံ)

" ေသာ္လင္း တံခါးဖြင့္၊ စကားေျပာၾကရေအာင္ "

ေန႔ခင္းဘက္ျဖစ္၍သာ ေတာ္ေသး၏။ ညဘက္ဆိုလွ်င္ အဲအဖိုးႀကီး အ႐ိုက္ခံရမွာမလြဲႏိုင္။ တံ ခါးဆီသာ အာ႐ုံစိုက္ေခၚေနခ်ိန္ တ္ိုက္လုံၿခဳံေရးႏွစ္ေယာက္ ေဒါင္းမာန္အနားေရာက္လာေပသည္။

" ေမာင္ရင္ ခဏလိုက္ခဲ့ပါ "

" ဘာကိစၥရွိလို႔လဲ "

" အခန္းနံပါတ္ ၅၂၈ က ဝတၱရားေႏွာက္ယွက္မႈနဲ႔ ေမာင္ရင္ကို တိုင္ထားတယ္  "

" ဗ်ာ ! မဟုတ္တာ။ ကြၽန္ေတာ္ေကာင္ေလးစိတ္ ေကာက္ေနလို႔ လာေခ်ာ့တာပါ "

" စခန္းေရာက္မွ ေျပာၾကရေအာင္။ ခုေတာ့ ေမာင္ရင္..."

" ခဏေလး။ ကြၽန္ေတာ္ေကာင္ေလးကိုပါ ေခၚခဲ့ပါရေစ "

" အခုသြားမွာရဲစခန္း​ပါ ​ေမာင္ရင္၊ ေကာင္ေလးေခၚခ်င္ရင္လည္း စခန္းေရာက္မွ ဖုန္းဆက္ေခၚ "

Continue Reading

You'll Also Like

658K 6.9K 96
ထိုနေ့ည က မှားသွားတယ့် အမှားတစ်ခုက ကျွန်မဘဝ တစ်ခုလုံးနဲ့ ပတ်သက်မိသွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး....... ပြီးတော့ ပတ်သတ်မိသွားတယ့်သူက ဘာလို့ သူဖြစ်န...
4M 415K 41
Myanmar BL
222K 11K 27
ကျွန်တော် ကိုးကွယ်ရာက သနပ်ခါးနံ့လေး 💛......
274K 13.3K 48
ဧက္ကရာဇ်မင်းဈာန် မြို့နယ်အရာရှိ ။အရာရာကို တိကျလေးနက်တဲ့လူမျိုး။ အသက် 32 ။ နောက်ကွယ်လုပ်ရပ်တွေက မြို့နယ်အရာရှိတစ်ဦးနဲမတူ။မူးယစ်မှောင်ခို အကုန်လုပ...