သူဌေးကြီး၏ဒုတိယမြောက်အိမ်ထောင...

By OpalHawthorn28

2.3M 316K 17.7K

Title....Second merriage of a wealthy old man မူရင်းအော်သာ....Tangerine Boat(Cannon folder cheat system ရေးတဲ... More

Description
Chapter (1)
Chapter(2)
Chapter(3)
Chapter(4)
Chapter(5)
Chapter(6)
Chapter(7)
Chapter(8)
Chapter(9)
Chapter(10)
Chapter(11)
Chapter(12)
Chapter(13)
Chapter(14)
Chapter(15)
Chapter(16)
Chapter (17)
Chapter(18)
Chapter(19)
Chapter(20)
Chapter(21)
Chapter (22)
Chapter (23)
Chapter (24)
Chapter (25)
သူရဲကောင်းကြီးရဲ့အမှာစာ🏹🏹
Chapter (26)
Chapter (27)
Chapter (28)
Chapter (29)
Chapter (30)
Chapter (31)
Chapter (32)
Chapter (33)
Chapter (34)
Chapter (35)
Chapter (36)
Chapter (37)
Chapter (38)
Chapter (39)
Chapter (40)
Chapter (41)
Chapter (42)
Chapter (43)
Chapter (44)
Chapter (45)
Chapter (46)
Chapter (47)
Chapter (48)
Chapter (49)
Chapter (50)
Chapter (51)
Chapter (53)
Chapter (54)
Chapter (55)
Chapter (56)
Chapter (57)
Chapter (58)
Chapter (59)
Chapter (60)
Chapter (61)
Chapter (62)
Chapter (63)
Chapter (64)
Chapter (65)
Chapter (66)
Chapter (67)
Chapter (68)
Chapter (69)
Hi
Chapter (70)
Chapter (71)
Chapter (72)
Chapter (73)
Chapter (74)
Chapter (75)
Chapter (76)
Chapter (77)
Chapter (78)
Chapter (79)
Chapter (80)
Chapter (81)
Chapter (82)
Chapter (83)
Chapter (84)
Chapter (85)
Chapter (86)
Chapter (87)
Chapter (88)
ရေဘဝဲသူရဲကောင်းကြီး၏ ကျေးဇူးတင်လွှာ

Chapter (52)

23.9K 3.3K 190
By OpalHawthorn28

ပြိုင်ပွဲစတင်တော့မှာဖြစ်တဲ့အတွက် ပြိုင်ပွဲဝင်မယ့် ကျောင်းသားတွေအကုန်လုံး အလုပ်များနေကြတယ်။ဒါ့ကြောင့် လော်ရှို့တို့စုံတွဲက Hotelကနေ ထွက်ခွာခဲ့ကြတယ်။တောရိုင်းထဲမှာ ယှဉ်ပြိုင်ရတဲ့ပြိုင်ပွဲကို မုန့်ရန်ကြည့်ချင်စိတ်မရှိခဲ့ဘူး။သူ့စိတ်ထဲမှာ ဒါကိုကြည့်ဖို့ ခုခံမှုတစ်ချို့ရှိနေခဲ့တယ်။

လော်ရှို့မှာ စီမံစရာအလုပ်ကိစ္စတွေရှိနေသေးတဲ့အတွက် မုန့်ရန်တို့တွေ ရဲတိုက်ကိုမပြန်ဘဲ မြို့ထဲက Villaမှာပဲ နေထိုင်ခဲ့ကြတယ်။

နောက်ကျမှအိပ်ပျော်သွားတဲ့ အတွက် မုန့်ရန်အိပ်ရာထနည်းနည်းနောက်ကျသွားတယ်။ဧည့်ခန်းထဲကိုရောက်သွားတာနဲ့ ဆိုဖာပေါ်မှာထိုင်ပြီး တစ်ခုခုကိုစဉ်းစားနေတဲ့ လော်ရှို့ရဲ့ဘေးနားမှာ မုန့်ရန်ဝင်ထိုင်လိုက်တယ်။

လော်ရှို့က မုန့်ရန်ကို အနမ်းတစ်ခုပေးလိုက်တယ်။

အိမ်အကူတစ်ယောက်ယူလာပေးတဲ့ ရေနွေးကို မုန့်ရန်တစ်ငုံလောက်သောက်လိုက်ပြီး လော်ရှို့ကိုမေးလိုက်တယ်။

" ချန်းဖန်ဖေးနဲ့ တွေ့ဖြစ်သေးလား?"

"တော်တော်ဝေးဝေးတောင်ရောက်နေလောက်ပြီ...တွေ့လိုက်မိလို့လား?"

"ကျွန်တော်အခုမှ အိပ်ရာနိုးတာလေ ဘယ်လိုလုပ်တွေ့လိုက်မှာလဲ?"

မုန့်ရန်က ပြောပြောဆိုဆိုနဲ့ လော်ရှို့ရဲ့ နှာခေါင်းကို ညှစ်လိုက်တယ်။

လော်ရှို့က ခေါင်းတစ်ချက်ညိတ်ပြပြီး နားလည်ကြောင်းပြသလိုက်တယ်။

"သူနဲ့အတူပါလာတဲ့ အမျိုးသမီးကဘယ်သူလဲ?"

"ကိုယ့်အမေ"

"သူလဲ ဒီနိူင်ငံကိုရောက်နေတာလား?"

"သူ့ချစ်သူ နေနည်းနည်းကောင်းသွားပြီဆိုတော့ သူ အားလပ်ရက်ရနေတာ"

လော်ရှို့ကမုန့်ရန်ကိုကြည့်ပြီး...

"သိပ်မကြာခင် သူ တရုတ်ပြည်ကိုပြန်လာလိမ့်မယ်။သူနဲ့ မင်းနဲ့ သေချာပေါက်တွေ့တော့မှာ...သူပြောသမျှတွေကို ခံစားမနေဖို့ စိတ်ပိုင်းဆိုင်ရာပြင်ဆင်မှုတွေ ကြိုလုပ်ထားလိုက်တော့"

"ဒါဆိုကျွန်တော် ဘာလုပ်သင့်လဲ??"

"သူ့ကိုလျစ်လျူရှု့ထားလိုက်တာအကောင်းဆုံးပဲ...သူဘာပြောပြော၊ဘာလုပ်လုပ် ဂရုစိုက်မနေနဲ့...ကျန်တာ ကိုယ်ကြည့်ရှင်းလိုက်မယ်။ကိုယ်တို့ကို သူ နှောက်ယှက်မှာမျိုးကို ကိုယ်လုံးဝခွင့်မပြုနိုင်ဘူး"

"ခင်ဗျားပြောသလိုဆို အစကတည်းကအခြေနေကောင်းမယ့်ပုံမပေါ်ဘူး။သူသာ တရုတ်ပြည်ကို ပြန်ရောက်လာရင် မုန်တိုင်းထန်ဉီးမှာပဲပေါ့...ဘာပဲဖြစ်ဖြစ် သူက ခင်ဗျားရဲ့ အမေလေ..."

"အမေတဲ့လား"

လော်ရှို့ က သရော်သလိုပြုံးလိုက်တယ်။

"ကိုယ်သူ့ကို အများကြီး သည်းခံပြီးပြီ...ဒါပေမယ့် ကိုယ်နဲ့ရောပြီး မင်းကိုပါ သည်းခံခိုင်းတာမျိုး မလုပ်ခိုင်းရက်ဘူး။မင်း သူ့အပေါ်မှာ ဘာအကြွေးမှတင်နေတာမဟုတ်ဘူး..အဲ့တော့ ကိုယ်နဲ့လက်ထပ်ထားတယ်ဆိုပြီး မင်း သူ့ကို သည်းခံနေစရာမလိုဘူး။လိုအပ်လာရင် လော်ဆန်းက ကိုယ့်သားအရင်းမဟုတ်တာကို ကြေငြာလိုက်တော့မယ်။ကိုယ့်အမေနဲ့ ကိုယ်နဲ့ သားအမိကြားကဆက်ဆံရေးကို ဖြတ်တောက်ရမယ်ဆိုရင်တောင် သူမင်းကို နာကျင်အောင်လုပ်မှာကို ကိုယ့်ဘက်က ဒီအတိုင်းထိုင်ကြည့်နေမှာမဟုတ်ဘူး"

"ကျွန်တော် ခင်ဗျားကိုယုံတာပေါ့"

မုန့်ရန်က လော်ရှို့ရဲ့လက်ကိုကိုင်လိုက်တယ်။လော်ရှို့ သူ့ကို ကာကွယ်ပေးမယ်ဆိုတာ သူသိတယ်။သူကလဲ လော်ရှို့အတွက်ဆို နွေးထွေးတဲ့ စိတ်ခွန်အားတွေနဲ့ တစ်တပ်တစ်အားထောက်ပံ့ပေးမှာပေါ့...

ပြိုင်ပွဲက သုံးရက်ကြာမြင့်မှာဖြစ်တယ်။မုန့်ရန်က တိုက်ရိုက်ထုတ်လွှင့်မှုကို မကြည့်ဘဲ လက်ထောက်တွေဆီကနေတဆင့် ပြိုင်ပွဲသတင်းကို နားစွင့်နေခဲ့တယ်။

ပြိုင်ပွဲကာလ သုံးရက် ကုန်ဆုံးသွားခဲ့ပြီ။Selseyက ပထမနေရာကို မမျှော်မှန်းထားခဲ့ဘူး။ကုန်ကြမ်းရှာဖွေရာမှာ တခြားသူတွေလိုမစွမ်းဆောင်နိုင်ခဲ့ပမေယ့် ရေမွှေးဖော်စပ်ရာမှာ Sesley ကို ယှဉ်နိုင်တဲ့ သူ မရှိခဲ့ဘူး။Selsy က တခြားသူတွေထက် ပိုနည်းတဲ့ ကုန်ကြမ်းအမယ်တွေကိုသုံးပြီး ကောင်းမွန်တဲ့ရေမွှေးကိုဖော်စပ်နိုင်ခဲ့တယ်။

ယွီကျွင်းချန်နဲ့ ဝူဖန်တို့က တစ်လလောက် တောင်ပေါ်လေ့ကျင့်ရေးဆင်းခဲ့ရကျိုးနပ်တဲ့အထိ ကုန်ကြမ်းရှာဖွေရာမှာ အစွမ်းပြနိုင်ခဲ့ကြတယ်။သို့ပါသော်လည်း အပြီးသတ်ရေမွှေးဖော်စပ်မှုရမှတ်နဲ့ Vote အရေအတွက်နည်းပါးမှုကြောင့် Top ten ထဲတောင် မဝင်ခဲ့ရရှာဘူး။

ပြိုင်ပဲဲပြီးဆုံးခြင်း ဂုဏ်ပြုညစားစားပွဲကို မုန့်ရန်တက်ရောက်ခဲ့တယ်။Selsey ကို ဂုဏ်ပြုစကား​ပေါပြီးတာနဲ့ ဝူဖန်တို့ဆီကို မုန့်ရန် သွားလိုက်တယ်။

"ကုန်ကြမ်းရှာနေတဲ့နေရာမှာ စီနီယာ အတော်အစွမ်းပြနိုင်ခဲ့တယ်လို့ ကျွန်တော် သတင်းကြားထားတယ်။ပြည်တွင်းမှာလဲ ဒီသတင်းတွေပျံ့နေပြီ..အကုန်လုံးက အစ်ကို့ကိုချီးကျူးနေကြတယ်။တောင်တွေပေါ်မှာ လေ့ကျင့်ရေးဆင်းခဲ့ရတာ အကျိုးရှိသားပဲနော်"

"ဒါပေမယ့်လည်း top ten ထဲမဝင်ခဲ့ဘူးကွ...မင်းသာဝင်ပြိုင်မယ်ဆို Top 3 လောက်ကတော့ အသာလေးပဲ...ငါတို့တွေလဲ အပြီးသတ်ရေမွှေးဖော်စပ်တဲ့နေရာမှာ အားလုံးထက်သာနေမှာကွ"

မုန့်ရန် က ဗိုက်ပေါ်ကို မသိမသာလေးလက်တင်ထားလိုက်တယ်။သူဒီပြိုင်ပွဲကို ဝင်ပြိုင်ချင်ရင်တောင် ဝင်ပြိုင်လို့မှမရတာ...ဒါတွေကိုထုတ်ပြောဖို့ အချိန်မတန်သေးဘူးလေ....

ဘေးနားမှာရပ်ပြီး နားထောင်နေတဲ့ ယွီကျွင်းချန်က မုန့်ရန်ရဲ့ လှုပ်ရှားမှုကိုမြင်သွားခဲ့တယ်။ထိုအခိုက်အတန့်မှယွီကျွင်းချန် တစ်ကိုယ်လုံးတောင့်တင်းသွားတာကြောင့် မျက်နှာကို ကြည့်ဖို့တောင်ခက်ခဲနေတယ်။မုန့်ရန် ဘာ့ကြောင့်ဝင်မပြိုင်ခဲ့လဲဆိုတဲ့ အကြောင်းပြချက်ကို အသည်းအသန်စဉ်းစားကြည့်နေတယ်။ဒီလှုပ်ရှားမှုကရော ဘာကိုဆိုလိုချင်နေတာလဲ??

ယွီကျွင်းချန်ရဲ့ အကြည့်တွေ၊အမူအရာတွေကို မုန့်ရန်သိနေတယ်။နှစ်ယောက်သား မျက်လုံးချင်ဆုံပြီးကြည့်နေကြတယ်။မုန့်ရန်ရဲ့ ခေါင်းမာပြီး အကြောက်တရားကင်းတဲ့ အကြည့်တွေကြောင့်
ယွီကျွင်းချန် အကြည့်လွှဲလိုက်ရတယ်။

"သေချာစဉ်းစားကြည့်ရင် ဒီပြိုင်ပွဲက ဘာကိုရည်ရွယ်ချင်တာလဲ?"

မုန့်ရန်နဲ့ ယွီကျွင်းချန်တို့တွေ မျက်လုံးချင်းစီချင်းထိုးသွားတာကို ဝူဖန်မသိခဲ့ဘူး။

"အဆုံးသတ်မှာ တောထဲမှာရုန်းကန်ရတာနဲ့
ကုန်ကြမ်းရှာဖွေတာကိုပဲ နှိုင်းယှဉ်ကြည့်ကြတာကွ...အရင်တုန်းက အမှတ်ပေးတာနဲ့ အခုလို Voting စနစ်လုပ်လိုက်တာက အတူတူပဲမဟုတ်ဘူးလား??ဒီလိုဆိုမှတော့ ငါတို့တွေတောထဲကို နှစ်ညအိပ်သုံးရက်ခရီးထွက်ခဲ့ရတာ အလကားဖြစ်ကုန်တာပေါ့"

"အနည်းဆုံးတော့ ဒီပြိုင်ပွဲက အတော်လေးနာမည်ကြီးပြီး လူကြိုက်များသွားတာပဲလေ။ပွဲစီစဉ်သူတွေကလဲ ဒီလိုဖြစ်အောင် တမင်လုပ်ထားတာကွ.."

ချင်းဟုန်က ဝူဖန်ကိုရှင်းပြလိုက်တယ်။

"ဘာပဲဖြစ်ဖြစ် ငါကတော့ ဘာမှပြောမနေတော့ဘူး။ပြိုင်ချင်တဲ့သူတွေသာ ဝင်ပြိုင်ကြတော့.."

ဝူဖန်က နှုတ်ခမ်းတဆူဆူနဲ့ ထပ်ပြောလိုက်တယ်။

"ဒီလူတွေအမြတ်ထွက်အောင် ငါတို့ဘက်က ဘာလို့ ခက်ခက်ခဲခဲ ကြိုးစားပေးနေရမှာလဲ??"

ပြိုင်ပွဲပြီးဆုံးပြီဖြစ်တာကြောင့် ဝူဖန်နဲ့ ကျန်တဲ့သူတွေအကုန်လုံး တရုတ်ပြည်ကိုပြန်သွားကုန်ကြပြီ။အရေးကြီးတဲ့ လေလံပွဲတစ်ခုတက်စရာရှိနေသေးတဲ့ အတွက် မုန့်ရန်ကတော့ မပြန်ဖြစ်လိုက်ဘူး။

အနောက်နိုင်ငံတွေရဲ့ အမွှေးနံ့သာလေလံပွဲတွေက အရှေ့တိုင်းရဲ့လေလံပွဲတွေလို စျေးနှုန်းခန့်မှန်းရတာမျိုးမဟုတ်ဘဲ စျေးပြိုင်ပေးရတဲ့လေလံပွဲမျိုးဖြစ်တယ်။ထို့ကြောင့် သူလိုချင်နေတဲ့ ကုန်ကြမ်းအမယ်နှစ်မျိုးကို ဝယ်ယူဖို့ မုန့်ရန် ငွေပမာဏများများသုံးဖို့ ပြင်ဆင်ထားတယ်။

စိတ်လှုပ်ရှားနေတဲ့ မုန့်ရန်ရဲ့လက်ကလေးကိုကိုင်ပြီးလော်ရှို့က နှစ်သိမ့်ပေးနေတယ်။

"စိတ်မပူနဲ့နော်...မင်းလိုချင်တယ်ဆို ကိုယ်ရအောင်ဝယ်ပေးမယ်..ငွေများများသုံးလိုက်ရင်ရပြီ"

"ကျွန်တော် သေချာလေ့လာပြီးပြီ..ဒီနှစ်ခုထက်ပိုကောင်းတဲ့ အစားထိုးကုန်ကြမ်းမျိုးရှာလို့မရဘူး။စုတိကို ပိုသက်သာလာအောင်လုပ်ပေးဖို့ ဒီကုန်ကြမ်းနှစ်ခုကို ဝယ်လို့ရမှဖြစ်မှာ.."

မုန့်ရန်တစ်ယောက် ကလေးတစ်​ယောက်လို လက်ကိုခါယမ်းပြီးဆက်ပြောလိုက်တယ်။

" ဒီပွဲမှာလေလံဆွဲနိုင်ပြီဆိုတော့ ကျွန်တော် စိတ်မပူတော့ပါဘူး"

လေလံပွဲ စတင်ခဲ့လေပြီ...ဒီနေ့ကျင်းပတဲ့လေလံပွဲမှာ ရှားပါးတဲ့အမွှေးနံ့သာကုန်ကြမ်းဆယ်မျိုးကိုလေလံတင် ဖြစ်တယ်။ဒီလေလံပွဲကိုတက်ရောက်လာသူတွေထဲမှာ လူချမ်းသာတွေနဲ့ ရေမွှေးပညာရှင်တွေလဲ ပါနေတယ်။ဘေးနားကလူတွေနဲ့ အဆက်မပြတ်ဆွေးနွေးရင်း စျေးပြိုင်ပေးနေကြတယ်။

ဒီလိုလေလံဆွဲတဲ့နည်းလမ်းက ကြေးအမြင့်ဆုံးပေးနိုင်သူသာ လေလံအောင်မယ့် နည်းလမ်းတစ်ခုဖြစ်တယ်။

မုန့်ရန်က လက်ထောက်တွေကို လေလံဝင်ဆွဲခိုင်းလိုက်ပြီး ကုန်ကြမ်းတွေကို ဓာတ်ပုံရိုက်ခိုင်းလိုက်တယ်။လေလံကြေးမြင့်မြင့်ပေးပြီး ဝယ်ခဲ့ရပေမယ့် ပေးရတဲ့ ငွေပမာဏနဲ့ ထိုက်တန်တယ်လို့ပဲဆိုရမယ်....

မုန့်ရန်ရဲ့အပြုံးတွေကို မြင်ရတော့မှပဲ လော်ရှို့တစ်ယောက်နေသာထိုင်သာရှိသွားတော့တယ်။လော်ရှို့ကလဲ အပြုံးတစ်ခုနဲ့ မုန့်ရန်ကိုပွေ့ဖက်လိုက်ပြီး နမ်းလိုက်သေးတယ်။

ထိုအချိန်မှာ မုန့်ရန်တို့စုံတွဲကို မျက်လုံးနှစ်စုံက မျက်စိဒေါက်ထောက်ကြည့်နေတယ်။မုန့်ရန်တစ်​ယောက် အသက်ကြီးကြီးအမျိုးသမီးတစ်ဉီးနဲ့ အတူထိုင်နေတဲ့ ချန်းဖန်ဖေးကို မြင်လိုက်ရတယ်။ထိုအသက်ကြီးကြီးအမျိုးသမီးက လော်ရှို့ရဲ့အမေဖြစ်လောက်တယ်ဆိုတာ မုန့်ရန် ခန့်မှန်းလိုက်နိုင်တယ်။

မုန့်ရန် ကြည့်နေတဲ့နေရာကို လော်ရှို့လိုက်ကြည့်လိုက်တယ်။

"အဲ့တာ ခင်ဗျားအမေမလား??"

"ဟုတ်တယ်"

တရုတ်ပြည်ကို ပြန်မရောက်သေးခင်အထိ လော်ရှို့အမေကို မတွေ့ဖြစ်လောက်သေးဘူးလို့ပဲ မုန့်ရန်ထင်ထားခဲ့တယ်။အခုလို ဗြုန်းဒိုင်းကြီး တွေ့ရမယ်လို့လဲ ထင်မထားခဲ့ဘူး။ကြည့်ရတာ ဒီနေ့တော့ သေချာပေါက် တွေ့ရတော့မှာပဲပေါ့....

လေလံပွဲပြီးဆုံးချိန်မှာ လက်ထောက်တွေက မုန့်ရန်အနားယူဖို့အတွက် ပြင်ဆင်ပေးနေပြီး လော်ရှို့ကလဲ မုန့်ရန်ကို သူ့အမေနဲ့ မတွေ့စေချင်တဲ့အတွက် ဒီနေရာကနေ အမြန်ဆုံးနည်းနဲ့ထွက်ခွာဖို့ပြင်ဆင်နေတယ်။သို့ပါသော်လည်း ချန်းဖန်ဖေးနဲ့ လော်ရှို့ရဲ့အမေက မုန့်ရန်တို့အရှေ့ကို ရောက်လာခဲ့လေပြီ...

"ငါက ကျားလား??အခုလို ဖွက်ထားနေရအောင်၊ငါသူ့ကို ကိုက်စားမှာစိုးရိမ်နေတာလား??"

ရှုမင်ဟွာက လော်ရှို့ကို ကြည့်ပြီးပြောလိုက်တယ်။

"အမေ့အကြောင်းအမေပဲသိမှာပေါ့.."

လော်ရှို့ကလဲ ပြန်ဖြေတယ်။

"ဒီလောက်နှစ်တွေအကြာကြီးနေပြီးမှ သူ့ကိုရွေးလိုက်တာဆိုတော့ ငါ့မှာ ဘာမှပြောစရာမရှိဘူး။ငါလဲ ပျော်ပါတယ်"

ရှုမင်ဟွာက မုန့်ရန်ကိုကြည့်လိုက်ပြီး...

"မင်း နာမည်က မုန့်ရန်မလား?"

"ဟုတ်..ကျွန်တော့်နာမည်က မုန့်ရန်ပါ..မဂ်လာပါ ယောက်မခကြီး"

[TN: Mother in law ဆိုတော့ ယွခမကြီးလို့ပဲရေးလိုက်တော့မယ်နော်😂]

မုန့်ရန်တစ်ယောက် အပြုံးတစ်ခုနဲ့ပြန်ဖြေလိုက်တယ်။လော်ရှို့အမေကို မုန့်ရန် "အမေ"လို့မခေါ်ချင်ခဲ့ဘူး။ရှုမင်ဟွာက လော်ရှို့ပေါ်မှာ မိခင်တစ်ယောက်ရဲ့ဝတ္တရားတွေ ဘယ်တုန်းကမှ မကျေပွန်ခဲ့ဘူးလေ....

"မင်းက ငါတို့လော်မိသားစုဝင်တစ်ယောက်ဖြစ်လာပြီဆိုတော့ တခြားမိသားစုဝင်တွေနဲ့အတူ
မိသားစုရဲ့ငြိမ်ချမ်းရေးကို ထိန်းသိမ်းဖို့ မင်းမှာလဲတာဝန်ရှိလာပြီ။မိသားစုထဲမှာ ပြသာနာမရှာနဲ့.. "

"ဟုတ်...မှတ်သားထားလိုက်ပါ့မယ်"

"ဒီကောင်လေးက  ချောချောလေးပဲနော်"

ရှုမင်ဟွာက လော်ရှို့ကိုပြန်ကြည့်လိုက်တယ်။

"မင်းတကယ်လိုချင်လို့သာ သူ့ကိုရွေးချယ်ခဲ့တာမျိုးဖြစ်ဖို့ ငါမျှော်လင့်ပါတယ်။သိပ်မကြာခင် ငါ တရုတ်ပြည်ကို ပြန်လာခဲ့မယ်။စိတ်ချထားစမ်းပါ..သူ့ဘက်ကသာ ကောင်းကောင်းမွန်မွန်နေမယ်ဆို ငါကလဲ သူ အရှက်ရအောင် တမင်တကာလုပ်မှာမဟုတ်ဘူး။ပြီးတော့ မင်းလဲ အရှက်မရစေရဘူး။

"ကျွန်တော်ကလဲ အမေ့စကား အမေတည်ဖို့ပဲ မျှော်လင့်ပါတယ်။မုန့်ရန်က ငယ်သေးတယ်။အမေ သူ့အပေါ်ကြမ်းကြမ်းတမ်းတမ်းမဆက်ဆံပါနဲ့ သူ့ကို စိတ်ရှည်သည်းခံပေးပါ...အမေ့ကို တစ်ခုပြောရဉီးမယ်...မုန့်ရန်မှာကိုယ်ဝန်ရှိနေပြီ...အမေ မြေးတစ်​ယောက်ထပ်ရတော့မယ်"

သူ့မှာကိုယ်ဝန်ရှိနေတာကို ယွီကျွင်းချန်သိသွားပြီဆိုတဲ့အကြောင်းကို မုန့်ရန်က လော်ရှို့ကို ပြောပြထားပြီးပြီ...သူတို့တွေထပ်ပြီး ဖုံးကွယ်ထားလို့မှမရတော့....

"တကယ်လား???မမွေးရသေးတဲ့မြေးလေးအတွက် လက်ဆောင်တွေကြိုပြီးပြင်ဆင်ထားရတော့မယ်ထင်တယ်"

ရှုမင်ဟွာက တည်တည်ငြိမ်ငြိမ်နဲ့ မုန့်ရန်ကိုပြောလိုက်တယ်။

"ငါ မင်းအတွက် လက်​ဆောင်တွေပြင်ဆင်ထားလိုက်မယ်။အိမ်ပြန်ရောက်ရင် လာယူလိုက်"

"ကျေးဇူးတင်ပါတယ်..ယောက်ခမကြီး"

ချန်းဖန်ဖေးတစ်ယောက် လော်ဆန်းဆီကနေ မုန့်ရန်ကိုယ်ဝန်ရှိနေကြောင်း ကြားထားပြီးတာတောင် အခုလို လော်ရှို့ကိုယ်တိုင်ထုတ်ပြောတာကြားလိုက်ရတော့ စိတ်ထဲမှာ အတော်ပူပန်နေရတယ်...ဒါပေမယ့် လူသိရှင်ကြားထုတ်ပြလို့မှမရတာ....

"မုန့်ရန်.."

ချန်းဖန်ဖေးက သူနဲ့ ရှုမင်ဟွာတို့ရဲ့ ရည်ရွယ်ချက်ကိုမမေ့ခဲ့ပါဘူး။

"မင်းလေလံအောင်သွားတဲ့ ကုန်ကြမ်းနှစ်မျိူးက အမေလိုချင်နေတဲ့ဟာတွေ.."

ချန်းဖန်ဖေးရဲ့စကားတွေထဲမှာ မုန့်ရန်ကို ဘာလုပ်စေချင်တယ်ဆိုတဲ့ အရိပ်အမြွက်တွေရောယှက်နေတယ်။

"တကယ်ကြီးလား?"

မုန့်ရန်လုံးဝထင်မထားခဲ့ဘူးလေ....

"တိုက်ဆိုင်လိုက်တာ...တကယ်တော့ အဲ့ကုန်ကြမ်းနှစ်မျိုးကကျွန်တော့်သူငယ်ချင်းတစ်ယောက်အတွက်ဝယ်ထားတာပါ..အခုလေးတင် သူ့ကို လာယူဖို့ Message ပို့ပြီးသွားပြီ"

"ဒီနှစ်မျိုးကို အရေးတကြီးသုံးဖို့လိုနေတယ်။အဲ့တော့ ငါ့ကို အရင်ပေးလိုက်ပြီလို့ မင်းသူငယ်ချင်းကိုပြန်ပြောလိုက်တော့.."

"ကျွန်တော့်သူငယ်ချင်းကလဲ အရေးတကြီးအသုံးလိုနေတာလေ..တကယ်ဆို ကျွန်တော်က သူ့ကိုယ်စားလေလံဆွဲပေးထားတာ။လေလံအောင်သွားတာသူပဲဆို​တော့ ကျွန်တော့်မှာ လွှဲပြောင်းပေးပိုင်ခွင့်မရှိဘူး"

"အခု အဲ့ပစ္စည်းက မင်းလက်ထဲမှာလေ။ဒါလေးတစ်ခုအတွက်နဲ့ မင်းသူငယ်ချင်းက မင်းကို အရင်တုန်းက ပတ်သတ်ခဲ့တာတွေကို မထောက်ထားဘဲ စိတ်ကွက်မယ်လို့ထင်နေတာလား??"
ရှုမင်ဟွာက စိတ်မသက်မသာဖြစ်နေတာကြောင့် မျက်မှောင်ကြုံ့ထားလိုက်တယ်။

မုန့်ရန်က ရှက်ရွံ့စွာနဲ့ လော်ရှို့ကို ကြည့်လိုက်တယ်။

"အမေရဲ့ အထက်စီးဆန်တဲ့အကျင့်က တော်တော်ပြင်ရခက်နေတာပဲနော်..အမေ့စကားကိုနာခံပြီး မုန့်ရန်ကို အယုံအကြည်မဲ့အောင်လုပ်ခိုင်းနေတာလား??"

လော်ရှို့က ရှုမင်ဟွာကို ပြောလိုက်တယ်။

"သူ့လက်ထဲမှာရှိနေတဲ့ ကုန်ကြမ်းနှစ်မျိုးကို ငါလိုချင်ရုံပဲလေ..ဘာတွေများခက်ခဲနေတာလဲ"

"အမေကလိုချင်တယ်...ကျွန်တော်တို့က မပေးချင်ဘူး။ရှင်းရှင်းလေးပါပဲ...."

လော်ရှို့တစ်ယောက် အဓိပ္ပါယ်မရှိတာတွေကို အချိန်ကုန်ခံပြီးပြောမနေချင်တာကြောင့် မုန့်ရန်ကိုခေါ်ပြီး ချက်ချင်းပြန်သွားခဲ့တယ်။

ရှုမင်ဟွာတစ်ယောက် ပေါက်ကွဲထွက်တော့မယ့် ဒေါသတွေကို ထိန်းချုပ်ရင်း လော်ရှို့တို့ ထွက်သွားတာကိုကြည့်နေလိုက်တယ်။

"အမေ.."

ချန်းဖန်ဖေးက ရှုမင်ဟွာရဲ့အမူအရာကိုအသေးစိတ်လေ့လာနေတယ်။

"လော်ရှို့အလိုလိုက်ထားလို့ ဒီကောင်လေးကမ်းတက်နေတာ..လော်ရှို့ရဲ့ကိုယ်ဝန်ကိုလွယ်ထားတာနဲ့ သူ့ကိုယ်သူ လော်မိသားစုမှာ အနေချောင်မယ်များထင်နေတာလား??အဲ့တော့ ငါကလဲ လော်မိသားစုမှာ ဘယ်သူကအာဏာအရှိဆုံးလဲဆိုတာ သူသိအောင်လုပ်ပေးရတော့မှာပေါ့...လော်ရှို့ နောက်ထပ်ကလေးဘယ်ယောက်ထပ်မွေးမွေး၊ငါ့မှာ မြေးဆိုလို့ လော်ဆန်းတစ်ယောက်တည်းပဲရှိတယ်"

ရှုမင်ဟွာရဲ့ မျက်နှာထားက အလွန်တရာအေးစက်နေတယ်။

ဒီစကားတွေကြားတော့မှ ချန်းဖန်ဖေးတစ်ယောက်စိတ်သက်သာရာရသွားတော့တယ်။

"အမေလိုချင်တဲ့ ကုန်ကြမ်းနှစ်မျိုးကို တခြားသူတွေဆီက ဝယ်လို့ရ၊မရ သိရအောင် သမီး မိတ်ဆွေတွေဆီဆက်သွယ်ကြည့်လိုက်ပါဉီးမယ်"

"ရှာမယ်ဆိုလဲ မြန်မြန်ရှာလိုက်တော့..ပိုက်ဆံဘယ်လောက်ကုန်ကုန်ငါဂရုမစိုက်ဘူး"

မုန့်ရန် အခုလို သူ့ကို ငြင်းသွားမယ်လို့ မထင်ထားတာကြောင့် ရှုမင်ဟွာ လေလံဆက်မဆွဲခဲ့ခြင်းဖြစ်တယ်။အခုတော့ မုန့်ရန်က သူ့ကို ငြင်းသွားပြီးလေ...ဒီကုန်ကြမ်းနှစ်မျိုးက ရှုမင်ဟွာရဲ့ ချစ်သယအတွက် အရေးတကြီးလိုအပ်နေတဲ့အရာတွေဖြစ်နေတယ်။ဒါ့ကြောင့် ရှုမင်ဟွာ ဒေါသထွက်နေရတာ...

"အမေ့ပိုက်ဆံကို မယူရက်ပါဘူး"

ချန်းဖန်ဖေးက အပြုံးတစ်ခုနဲ့ ပြောလိုက်တယ်။

"အမေ စိတ်ချထားလိုက်တော့နော်...ရှာတွေ့ပြီဆိုတာနဲ့ သမီး ရအောင်ဝယ်ပေးမယ်"

Zawgyi

ၿပိဳင္ပြဲစတင္ေတာ့မွာျဖစ္တဲ့အတြက္ ၿပိဳင္ပြဲဝင္မယ့္ ေက်ာင္းသားေတြအကုန္လုံး အလုပ္မ်ားေနၾကတယ္။ဒါ့ေၾကာင့္ ေလာ္႐ိႈ႕တို႔စုံတြဲက Hotelကေန ထြက္ခြာခဲ့ၾကတယ္။ေတာ႐ိုင္းထဲမွာ ယွဥ္ၿပိဳင္ရတဲ့ၿပိဳင္ပြဲကို မုန္႔ရန္ၾကည့္ခ်င္စိတ္မ႐ွိခဲ့ဘူး။သူ႕စိတ္ထဲမွာ ဒါကိုၾကည့္ဖို႔ ခုခံမႈတစ္ခ်ိဳ႕႐ွိေနခဲ့တယ္။

ေလာ္႐ိႈ႕မွာ စီမံစရာအလုပ္ကိစၥေတြ႐ွိေနေသးတဲ့အတြက္ မုန္႔ရန္တို႔ေတြ ရဲတိုက္ကိုမျပန္ဘဲ ၿမိဳ႕ထဲက Villaမွာပဲ ေနထိုင္ခဲ့ၾကတယ္။

ေနာက္က်မွအိပ္ေပ်ာ္သြားတဲ့ အတြက္ မုန္႔ရန္အိပ္ရာထနည္းနည္းေနာက္က်သြားတယ္။ဧည့္ခန္းထဲကိုေရာက္သြားတာနဲ႔ ဆိုဖာေပၚမွာထိုင္ၿပီး တစ္ခုခုကိုစဥ္းစားေနတဲ့ ေလာ္႐ိႈ႕ရဲ႕ေဘးနားမွာ မုန္႔ရန္ဝင္ထိုင္လိုက္တယ္။

ေလာ္႐ိႈ႕က မုန္႔ရန္ကို အနမ္းတစ္ခုေပးလိုက္တယ္။

အိမ္အကူတစ္ေယာက္ယူလာေပးတဲ့ ေရေႏြးကို မုန္႔ရန္တစ္ငုံေလာက္ေသာက္လိုက္ၿပီး ေလာ္႐ိႈ႕ကိုေမးလိုက္တယ္။

" ခ်န္းဖန္ေဖးနဲ႔ ေတြ႕ျဖစ္ေသးလား?"

"ေတာ္ေတာ္ေဝးေဝးေတာင္ေရာက္ေနေလာက္ၿပီ...ေတြ႕လိုက္မိလို႔လား?"

"ကြၽန္ေတာ္အခုမွ အိပ္ရာႏိုးတာေလ ဘယ္လိုလုပ္ေတြ႕လိုက္မွာလဲ?"

မုန္႔ရန္က ေျပာေျပာဆိုဆိုနဲ႔ ေလာ္႐ိႈ႕ရဲ႕ ႏွာေခါင္းကို ညႇစ္လိုက္တယ္။

ေလာ္႐ိႈ႕က ေခါင္းတစ္ခ်က္ညိတ္ျပၿပီး နားလည္ေၾကာင္းျပသလိုက္တယ္။

"သူနဲ႔အတူပါလာတဲ့ အမ်ိဳးသမီးကဘယ္သူလဲ?"

"ကိုယ့္အေမ"

"သူလဲ ဒီႏိူင္ငံကိုေရာက္ေနတာလား?"

"သူ႕ခ်စ္သူ ေနနည္းနည္းေကာင္းသြားၿပီဆိုေတာ့ သူ အားလပ္ရက္ရေနတာ"

ေလာ္႐ိႈ႕ကမုန္႔ရန္ကိုၾကည့္ၿပီး...

"သိပ္မၾကာခင္ သူ တ႐ုတ္ျပည္ကိုျပန္လာလိမ့္မယ္။သူနဲ႔ မင္းနဲ႔ ေသခ်ာေပါက္ေတြ႕ေတာ့မွာ...သူေျပာသမွ်ေတြကို ခံစားမေနဖို႔ စိတ္ပိုင္းဆိုင္ရာျပင္ဆင္မႈေတြ ႀကိဳလုပ္ထားလိုက္ေတာ့"

"ဒါဆိုကြၽန္ေတာ္ ဘာလုပ္သင့္လဲ??"

"သူ႕ကိုလ်စ္လ်ဴ႐ႈ႕ထားလိုက္တာအေကာင္းဆုံးပဲ...သူဘာေျပာေျပာ၊ဘာလုပ္လုပ္ ဂ႐ုစိုက္မေနနဲ႔...က်န္တာ ကိုယ္ၾကည့္႐ွင္းလိုက္မယ္။ကိုယ္တို႔ကို သူ ေႏွာက္ယွက္မွာမ်ိဳးကို ကိုယ္လုံးဝခြင့္မျပဳႏိုင္ဘူး"

"ခင္ဗ်ားေျပာသလိုဆို အစကတည္းကအေျခေနေကာင္းမယ့္ပုံမေပၚဘူး။သူသာ တ႐ုတ္ျပည္ကို ျပန္ေရာက္လာရင္ မုန္တိုင္းထန္ဉီးမွာပဲေပါ့...ဘာပဲျဖစ္ျဖစ္ သူက ခင္ဗ်ားရဲ႕ အေမေလ..."

"အေမတဲ့လား"

ေလာ္႐ိႈ႕ က သေရာ္သလိုျပဳံးလိုက္တယ္။

"ကိုယ္သူ႕ကို အမ်ားႀကီး သည္းခံၿပီးၿပီ...ဒါေပမယ့္ ကိုယ္နဲ႔ေရာၿပီး မင္းကိုပါ သည္းခံခိုင္းတာမ်ိဳး မလုပ္ခိုင္းရက္ဘူး။မင္း သူ႕အေပၚမွာ ဘာအေႂကြးမွတင္ေနတာမဟုတ္ဘူး..အဲ့ေတာ့ ကိုယ္နဲ႔လက္ထပ္ထားတယ္ဆိုၿပီး မင္း သူ႕ကို သည္းခံေနစရာမလိုဘူး။လိုအပ္လာရင္ ေလာ္ဆန္းက ကိုယ့္သားအရင္းမဟုတ္တာကို ေၾကျငာလိုက္ေတာ့မယ္။ကိုယ့္အေမနဲ႔ ကိုယ္နဲ႔ သားအမိၾကားကဆက္ဆံေရးကို ျဖတ္ေတာက္ရမယ္ဆိုရင္ေတာင္ သူမင္းကို နာက်င္ေအာင္လုပ္မွာကို ကိုယ့္ဘက္က ဒီအတိုင္းထိုင္ၾကည့္ေနမွာမဟုတ္ဘူး"

"ကြၽန္ေတာ္ ခင္ဗ်ားကိုယုံတာေပါ့"

မုန္႔ရန္က ေလာ္႐ိႈ႕ရဲ႕လက္ကိုကိုင္လိုက္တယ္။ေလာ္႐ိႈ႕ သူ႕ကို ကာကြယ္ေပးမယ္ဆိုတာ သူသိတယ္။သူကလဲ ေလာ္႐ိႈ႕အတြက္ဆို ေႏြးေထြးတဲ့ စိတ္ခြန္အားေတြနဲ႔ တစ္တပ္တစ္အားေထာက္ပံ့ေပးမွာေပါ့...

ၿပိဳင္ပြဲက သုံးရက္ၾကာျမင့္မွာျဖစ္တယ္။မုန္႔ရန္က တိုက္႐ိုက္ထုတ္လႊင့္မႈကို မၾကည့္ဘဲ လက္ေထာက္ေတြဆီကေနတဆင့္ ၿပိဳင္ပြဲသတင္းကို နားစြင့္ေနခဲ့တယ္။

ၿပိဳင္ပြဲကာလ သုံးရက္ ကုန္ဆုံးသြားခဲ့ၿပီ။Selseyက ပထမေနရာကို မေမွ်ာ္မွန္းထားခဲ့ဘူး။ကုန္ၾကမ္း႐ွာေဖြရာမွာ တျခားသူေတြလိုမစြမ္းေဆာင္ႏိုင္ခဲ့ပေမယ့္ ေရေမႊးေဖာ္စပ္ရာမွာ Sesley ကို ယွဥ္ႏိုင္တဲ့ သူ မ႐ွိခဲ့ဘူး။Selsy က တျခားသူေတြထက္ ပိုနည္းတဲ့ ကုန္ၾကမ္းအမယ္ေတြကိုသုံးၿပီး ေကာင္းမြန္တဲ့ေရေမႊးကိုေဖာ္စပ္ႏိုင္ခဲ့တယ္။

ယြီကြၽင္းခ်န္နဲ႔ ဝူဖန္တို႔က တစ္လေလာက္ ေတာင္ေပၚေလ့က်င့္ေရးဆင္းခဲ့ရက်ိဳးနပ္တဲ့အထိ ကုန္ၾကမ္း႐ွာေဖြရာမွာ အစြမ္းျပႏိုင္ခဲ့ၾကတယ္။သို႔ပါေသာ္လည္း အၿပီးသတ္ေရေမႊးေဖာ္စပ္မႈရမွတ္နဲ႔ Vote အေရအတြက္နည္းပါးမႈေၾကာင့္ Top ten ထဲေတာင္ မဝင္ခဲ့ရ႐ွာဘူး။

ၿပိဳင္ပဲဲၿပီးဆုံးျခင္း ဂုဏ္ျပဳညစားစားပြဲကို မုန္႔ရန္တက္ေရာက္ခဲ့တယ္။Selsey ကို ဂုဏ္ျပဳစကား​ေပါၿပီးတာနဲ႔ ဝူဖန္တို႔ဆီကို မုန္႔ရန္ သြားလိုက္တယ္။

"ကုန္ၾကမ္း႐ွာေနတဲ့ေနရာမွာ စီနီယာ အေတာ္အစြမ္းျပႏိုင္ခဲ့တယ္လို႔ ကြၽန္ေတာ္ သတင္းၾကားထားတယ္။ျပည္တြင္းမွာလဲ ဒီသတင္းေတြပ်ံ႕ေနၿပီ..အကုန္လုံးက အစ္ကို႔ကိုခ်ီးက်ဴးေနၾကတယ္။ေတာင္ေတြေပၚမွာ ေလ့က်င့္ေရးဆင္းခဲ့ရတာ အက်ိဳး႐ွိသားပဲေနာ္"

"ဒါေပမယ့္လည္း top ten ထဲမဝင္ခဲ့ဘူးကြ...မင္းသာဝင္ၿပိဳင္မယ္ဆို Top 3 ေလာက္ကေတာ့ အသာေလးပဲ...ငါတို႔ေတြလဲ အၿပီးသတ္ေရေမႊးေဖာ္စပ္တဲ့ေနရာမွာ အားလုံးထက္သာေနမွာကြ"

မုန္႔ရန္ က ဗိုက္ေပၚကို မသိမသာေလးလက္တင္ထားလိုက္တယ္။သူဒီၿပိဳင္ပြဲကို ဝင္ၿပိဳင္ခ်င္ရင္ေတာင္ ဝင္ၿပိဳင္လို႔မွမရတာ...ဒါေတြကိုထုတ္ေျပာဖို႔ အခ်ိန္မတန္ေသးဘူးေလ....

ေဘးနားမွာရပ္ၿပီး နားေထာင္ေနတဲ့ ယြီကြၽင္းခ်န္က မုန္႔ရန္ရဲ႕ လႈပ္႐ွားမႈကိုျမင္သြားခဲ့တယ္။ထိုအခိုက္အတန္႔မွယြီကြၽင္းခ်န္ တစ္ကိုယ္လုံးေတာင့္တင္းသြားတာေၾကာင့္ မ်က္ႏွာကို ၾကည့္ဖို႔ေတာင္ခက္ခဲေနတယ္။မုန္႔ရန္ ဘာ့ေၾကာင့္ဝင္မၿပိဳင္ခဲ့လဲဆိုတဲ့ အေၾကာင္းျပခ်က္ကို အသည္းအသန္စဥ္းစားၾကည့္ေနတယ္။ဒီလႈပ္႐ွားမႈကေရာ ဘာကိုဆိုလိုခ်င္ေနတာလဲ??

ယြီကြၽင္းခ်န္ရဲ႕ အၾကည့္ေတြ၊အမူအရာေတြကို မုန္႔ရန္သိေနတယ္။ႏွစ္ေယာက္သား မ်က္လုံးခ်င္ဆုံၿပီးၾကည့္ေနၾကတယ္။မုန္႔ရန္ရဲ႕ ေခါင္းမာၿပီး အေၾကာက္တရားကင္းတဲ့ အၾကည့္ေတြေၾကာင့္
ယြီကြၽင္းခ်န္ အၾကည့္လႊဲလိုက္ရတယ္။

"ေသခ်ာစဥ္းစားၾကည့္ရင္ ဒီၿပိဳင္ပြဲက ဘာကိုရည္႐ြယ္ခ်င္တာလဲ?"

မုန္႔ရန္နဲ႔ ယြီကြၽင္းခ်န္တို႔ေတြ မ်က္လုံးခ်င္းစီခ်င္းထိုးသြားတာကို ဝူဖန္မသိခဲ့ဘူး။

"အဆုံးသတ္မွာ ေတာထဲမွာ႐ုန္းကန္ရတာနဲ႔
ကုန္ၾကမ္း႐ွာေဖြတာကိုပဲ ႏိႈင္းယွဥ္ၾကည့္ၾကတာကြ...အရင္တုန္းက အမွတ္ေပးတာနဲ႔ အခုလို Voting စနစ္လုပ္လိုက္တာက အတူတူပဲမဟုတ္ဘူးလား??ဒီလိုဆိုမွေတာ့ ငါတို႔ေတြေတာထဲကို ႏွစ္ညအိပ္သုံးရက္ခရီးထြက္ခဲ့ရတာ အလကားျဖစ္ကုန္တာေပါ့"

"အနည္းဆုံးေတာ့ ဒီၿပိဳင္ပြဲက အေတာ္ေလးနာမည္ႀကီးၿပီး လူႀကိဳက္မ်ားသြားတာပဲေလ။ပြဲစီစဥ္သူေတြကလဲ ဒီလိုျဖစ္ေအာင္ တမင္လုပ္ထားတာကြ.."

ခ်င္းဟုန္က ဝူဖန္ကို႐ွင္းျပလိုက္တယ္။

"ဘာပဲျဖစ္ျဖစ္ ငါကေတာ့ ဘာမွေျပာမေနေတာ့ဘူး။ၿပိဳင္ခ်င္တဲ့သူေတြသာ ဝင္ၿပိဳင္ၾကေတာ့.."

ဝူဖန္က ႏႈတ္ခမ္းတဆူဆူနဲ႔ ထပ္ေျပာလိုက္တယ္။

"ဒီလူေတြအျမတ္ထြက္ေအာင္ ငါတို႔ဘက္က ဘာလို႔ ခက္ခက္ခဲခဲ ႀကိဳးစားေပးေနရမွာလဲ??"

ၿပိဳင္ပြဲၿပီးဆုံးၿပီျဖစ္တာေၾကာင့္ ဝူဖန္နဲ႔ က်န္တဲ့သူေတြအကုန္လုံး တ႐ုတ္ျပည္ကိုျပန္သြားကုန္ၾကၿပီ။အေရးႀကီးတဲ့ ေလလံပြဲတစ္ခုတက္စရာ႐ွိေနေသးတဲ့ အတြက္ မုန္႔ရန္ကေတာ့ မျပန္ျဖစ္လိုက္ဘူး။

အေနာက္ႏိုင္ငံေတြရဲ႕ အေမႊးနံ႔သာေလလံပြဲေတြက အေ႐ွ႕တိုင္းရဲ႕ေလလံပြဲေတြလို ေစ်းႏႈန္းခန္႔မွန္းရတာမ်ိဳးမဟုတ္ဘဲ ေစ်းၿပိဳင္ေပးရတဲ့ေလလံပြဲမ်ိဳးျဖစ္တယ္။ထို႔ေၾကာင့္ သူလိုခ်င္ေနတဲ့ ကုန္ၾကမ္းအမယ္ႏွစ္မ်ိဳးကို ဝယ္ယူဖို႔ မုန္႔ရန္ ေငြပမာဏမ်ားမ်ားသုံးဖို႔ ျပင္ဆင္ထားတယ္။

စိတ္လႈပ္႐ွားေနတဲ့ မုန္႔ရန္ရဲ႕လက္ကေလးကိုကိုင္ၿပီးေလာ္႐ိႈ႕က ႏွစ္သိမ့္ေပးေနတယ္။

"စိတ္မပူနဲ႔ေနာ္...မင္းလိုခ်င္တယ္ဆို ကိုယ္ရေအာင္ဝယ္ေပးမယ္..ေငြမ်ားမ်ားသုံးလိုက္ရင္ရၿပီ"

"ကြၽန္ေတာ္ ေသခ်ာေလ့လာၿပီးၿပီ..ဒီႏွစ္ခုထက္ပိုေကာင္းတဲ့ အစားထိုးကုန္ၾကမ္းမ်ိဳး႐ွာလို႔မရဘူး။စုတိကို ပိုသက္သာလာေအာင္လုပ္ေပးဖို႔ ဒီကုန္ၾကမ္းႏွစ္ခုကို ဝယ္လို႔ရမွျဖစ္မွာ.."

မုန္႔ရန္တစ္ေယာက္ ကေလးတစ္​ေယာက္လို လက္ကိုခါယမ္းၿပီးဆက္ေျပာလိုက္တယ္။

" ဒီပြဲမွာေလလံဆြဲႏိုင္ၿပီဆိုေတာ့ ကြၽန္ေတာ္ စိတ္မပူေတာ့ပါဘူး"

ေလလံပြဲ စတင္ခဲ့ေလၿပီ...ဒီေန႔က်င္းပတဲ့ေလလံပြဲမွာ ႐ွားပါးတဲ့အေမႊးနံ႔သာကုန္ၾကမ္းဆယ္မ်ိဳးကိုေလလံတင္ ျဖစ္တယ္။ဒီေလလံပြဲကိုတက္ေရာက္လာသူေတြထဲမွာ လူခ်မ္းသာေတြနဲ႔ ေရေမႊးပညာ႐ွင္ေတြလဲ ပါေနတယ္။ေဘးနားကလူေတြနဲ႔ အဆက္မျပတ္ေဆြးေႏြးရင္း ေစ်းၿပိဳင္ေပးေနၾကတယ္။

ဒီလိုေလလံဆြဲတဲ့နည္းလမ္းက ေၾကးအျမင့္ဆုံးေပးႏိုင္သူသာ ေလလံေအာင္မယ့္ နည္းလမ္းတစ္ခုျဖစ္တယ္။

မုန္႔ရန္က လက္ေထာက္ေတြကို ေလလံဝင္ဆြဲခိုင္းလိုက္ၿပီး ကုန္ၾကမ္းေတြကို ဓာတ္ပုံ႐ိုက္ခိုင္းလိုက္တယ္။ေလလံေၾကးျမင့္ျမင့္ေပးၿပီး ဝယ္ခဲ့ရေပမယ့္ ေပးရတဲ့ ေငြပမာဏနဲ႔ ထိုက္တန္တယ္လို႔ပဲဆိုရမယ္....

မုန္႔ရန္ရဲ႕အျပဳံးေတြကို ျမင္ရေတာ့မွပဲ ေလာ္႐ိႈ႕တစ္ေယာက္ေနသာထိုင္သာ႐ွိသြားေတာ့တယ္။ေလာ္႐ိႈ႕ကလဲ အျပဳံးတစ္ခုနဲ႔ မုန္႔ရန္ကိုေပြ႕ဖက္လိုက္ၿပီး နမ္းလိုက္ေသးတယ္။

ထိုအခ်ိန္မွာ မုန္႔ရန္တို႔စုံတြဲကို မ်က္လုံးႏွစ္စုံက မ်က္စိေဒါက္ေထာက္ၾကည့္ေနတယ္။မုန္႔ရန္တစ္​ေယာက္ အသက္ႀကီးႀကီးအမ်ိဳးသမီးတစ္ဉီးနဲ႔ အတူထိုင္ေနတဲ့ ခ်န္းဖန္ေဖးကို ျမင္လိုက္ရတယ္။ထိုအသက္ႀကီးႀကီးအမ်ိဳးသမီးက ေလာ္႐ိႈ႕ရဲ႕အေမျဖစ္ေလာက္တယ္ဆိုတာ မုန္႔ရန္ ခန္႔မွန္းလိုက္ႏိုင္တယ္။

မုန္႔ရန္ ၾကည့္ေနတဲ့ေနရာကို ေလာ္႐ိႈ႕လိုက္ၾကည့္လိုက္တယ္။

"အဲ့တာ ခင္ဗ်ားအေမမလား??"

"ဟုတ္တယ္"

တ႐ုတ္ျပည္ကို ျပန္မေရာက္ေသးခင္အထိ ေလာ္႐ိႈ႕အေမကို မေတြ႕ျဖစ္ေလာက္ေသးဘူးလို႔ပဲ မုန္႔ရန္ထင္ထားခဲ့တယ္။အခုလို ျဗဳန္းဒိုင္းႀကီး ေတြ႕ရမယ္လို႔လဲ ထင္မထားခဲ့ဘူး။ၾကည့္ရတာ ဒီေန႔ေတာ့ ေသခ်ာေပါက္ ေတြ႕ရေတာ့မွာပဲေပါ့....

ေလလံပြဲၿပီးဆုံးခ်ိန္မွာ လက္ေထာက္ေတြက မုန္႔ရန္အနားယူဖို႔အတြက္ ျပင္ဆင္ေပးေနၿပီး ေလာ္႐ိႈ႕ကလဲ မုန္႔ရန္ကို သူ႕အေမနဲ႔ မေတြ႕ေစခ်င္တဲ့အတြက္ ဒီေနရာကေန အျမန္ဆုံးနည္းနဲ႔ထြက္ခြာဖို႔ျပင္ဆင္ေနတယ္။သို႔ပါေသာ္လည္း ခ်န္းဖန္ေဖးနဲ႔ ေလာ္႐ိႈ႕ရဲ႕အေမက မုန္႔ရန္တို႔အေ႐ွ႕ကို ေရာက္လာခဲ့ေလၿပီ...

"ငါက က်ားလား??အခုလို ဖြက္ထားေနရေအာင္၊ငါသူ႕ကို ကိုက္စားမွာစိုးရိမ္ေနတာလား??"

႐ႈမင္ဟြာက ေလာ္႐ိႈ႕ကို ၾကည့္ၿပီးေျပာလိုက္တယ္။

"အေမ့အေၾကာင္းအေမပဲသိမွာေပါ့.."

ေလာ္႐ိႈ႕ကလဲ ျပန္ေျဖတယ္။

"ဒီေလာက္ႏွစ္ေတြအၾကာႀကီးေနၿပီးမွ သူ႕ကိုေ႐ြးလိုက္တာဆိုေတာ့ ငါ့မွာ ဘာမွေျပာစရာမ႐ွိဘူး။ငါလဲ ေပ်ာ္ပါတယ္"

႐ႈမင္ဟြာက မုန္႔ရန္ကိုၾကည့္လိုက္ၿပီး...

"မင္း နာမည္က မုန္႔ရန္မလား?"

"ဟုတ္..ကြၽန္ေတာ္႕နာမည္က မုန္႔ရန္ပါ..မဂ္လာပါ ေယာက္မခႀကီး"

[TN: Mother in law ဆိုေတာ့ ယြခမႀကီးလို႔ပဲေရးလိုက္ေတာ့မယ္ေနာ္😂]

မုန္႔ရန္တစ္ေယာက္ အျပဳံးတစ္ခုနဲ႔ျပန္ေျဖလိုက္တယ္။ေလာ္႐ိႈ႕အေမကို မုန္႔ရန္ "အေမ"လို႔မေခၚခ်င္ခဲ့ဘူး။႐ႈမင္ဟြာက ေလာ္႐ိႈ႕ေပၚမွာ မိခင္တစ္ေယာက္ရဲ႕ဝတၱရားေတြ ဘယ္တုန္းကမွ မေက်ပြန္ခဲ့ဘူးေလ....

"မင္းက ငါတို႔ေလာ္မိသားစုဝင္တစ္ေယာက္ျဖစ္လာၿပီဆိုေတာ့ တျခားမိသားစုဝင္ေတြနဲ႔အတူ
မိသားစုရဲ႕ၿငိမ္ခ်မ္းေရးကို ထိန္းသိမ္းဖို႔ မင္းမွာလဲတာဝန္႐ွိလာၿပီ။မိသားစုထဲမွာ ျပသာနာမ႐ွာနဲ႔.. "

"ဟုတ္...မွတ္သားထားလိုက္ပါ့မယ္"

"ဒီေကာင္ေလးက  ေခ်ာေခ်ာေလးပဲေနာ္"

႐ႈမင္ဟြာက ေလာ္႐ိႈ႕ကိုျပန္ၾကည့္လိုက္တယ္။

"မင္းတကယ္လိုခ်င္လို႔သာ သူ႕ကိုေ႐ြးခ်ယ္ခဲ့တာမ်ိဳးျဖစ္ဖို႔ ငါေမွ်ာ္လင့္ပါတယ္။သိပ္မၾကာခင္ ငါ တ႐ုတ္ျပည္ကို ျပန္လာခဲ့မယ္။စိတ္ခ်ထားစမ္းပါ..သူ႕ဘက္ကသာ ေကာင္းေကာင္းမြန္မြန္ေနမယ္ဆို ငါကလဲ သူ အ႐ွက္ရေအာင္ တမင္တကာလုပ္မွာမဟုတ္ဘူး။ၿပီးေတာ့ မင္းလဲ အ႐ွက္မရေစရဘူး။

"ကြၽန္ေတာ္ကလဲ အေမ့စကား အေမတည္ဖို႔ပဲ ေမွ်ာ္လင့္ပါတယ္။မုန္႔ရန္က ငယ္ေသးတယ္။အေမ သူ႕အေပၚၾကမ္းၾကမ္းတမ္းတမ္းမဆက္ဆံပါနဲ႔ သူ႕ကို စိတ္႐ွည္သည္းခံေပးပါ...အေမ့ကို တစ္ခုေျပာရဉီးမယ္...မုန္႔ရန္မွာကိုယ္ဝန္႐ွိေနၿပီ...အေမ ေျမးတစ္​ေယာက္ထပ္ရေတာ့မယ္"

သူ႕မွာကိုယ္ဝန္႐ွိေနတာကို ယြီကြၽင္းခ်န္သိသြားၿပီဆိုတဲ့အေၾကာင္းကို မုန္႔ရန္က ေလာ္႐ိႈ႕ကို ေျပာျပထားၿပီးၿပီ...သူတို႔ေတြထပ္ၿပီး ဖုံးကြယ္ထားလို႔မွမရေတာ့....

"တကယ္လား???မေမြးရေသးတဲ့ေျမးေလးအတြက္ လက္ေဆာင္ေတြႀကိဳၿပီးျပင္ဆင္ထားရေတာ့မယ္ထင္တယ္"

႐ႈမင္ဟြာက တည္တည္ၿငိမ္ၿငိမ္နဲ႔ မုန္႔ရန္ကိုေျပာလိုက္တယ္။

"ငါ မင္းအတြက္ လက္​ေဆာင္ေတြျပင္ဆင္ထားလိုက္မယ္။အိမ္ျပန္ေရာက္ရင္ လာယူလိုက္"

"ေက်းဇူးတင္ပါတယ္..ေယာက္ခမႀကီး"

ခ်န္းဖန္ေဖးတစ္ေယာက္ ေလာ္ဆန္းဆီကေန မုန္႔ရန္ကိုယ္ဝန္႐ွိေနေၾကာင္း ၾကားထားၿပီးတာေတာင္ အခုလို ေလာ္႐ိႈ႕ကိုယ္တိုင္ထုတ္ေျပာတာၾကားလိုက္ရေတာ့ စိတ္ထဲမွာ အေတာ္ပူပန္ေနရတယ္...ဒါေပမယ့္ လူသိ႐ွင္ၾကားထုတ္ျပလို႔မွမရတာ....

"မုန္႔ရန္.."

ခ်န္းဖန္ေဖးက သူနဲ႔ ႐ႈမင္ဟြာတို႔ရဲ႕ ရည္႐ြယ္ခ်က္ကိုမေမ့ခဲ့ပါဘူး။

"မင္းေလလံေအာင္သြားတဲ့ ကုန္ၾကမ္းႏွစ္မ်ိဴးက အေမလိုခ်င္ေနတဲ့ဟာေတြ.."

ခ်န္းဖန္ေဖးရဲ႕စကားေတြထဲမွာ မုန္႔ရန္ကို ဘာလုပ္ေစခ်င္တယ္ဆိုတဲ့ အရိပ္အႁမြက္ေတြေရာယွက္ေနတယ္။

"တကယ္ႀကီးလား?"

မုန္႔ရန္လုံးဝထင္မထားခဲ့ဘူးေလ....

"တိုက္ဆိုင္လိုက္တာ...တကယ္ေတာ့ အဲ့ကုန္ၾကမ္းႏွစ္မ်ိဳးကကြၽန္ေတာ္႕သူငယ္ခ်င္းတစ္ေယာက္အတြက္ဝယ္ထားတာပါ..အခုေလးတင္ သူ႕ကို လာယူဖို႔ Message ပို႔ၿပီးသြားၿပီ"

"ဒီႏွစ္မ်ိဳးကို အေရးတႀကီးသုံးဖို႔လိုေနတယ္။အဲ့ေတာ့ ငါ့ကို အရင္ေပးလိုက္ၿပီလို႔ မင္းသူငယ္ခ်င္းကိုျပန္ေျပာလိုက္ေတာ့.."

"ကြၽန္ေတာ္႕သူငယ္ခ်င္းကလဲ အေရးတႀကီးအသုံးလိုေနတာေလ..တကယ္ဆို ကြၽန္ေတာ္က သူ႕ကိုယ္စားေလလံဆြဲေပးထားတာ။ေလလံေအာင္သြားတာသူပဲဆို​ေတာ့ ကြၽန္ေတာ္႕မွာ လႊဲေျပာင္းေပးပိုင္ခြင့္မ႐ွိဘူး"

"အခု အဲ့ပစၥည္းက မင္းလက္ထဲမွာေလ။ဒါေလးတစ္ခုအတြက္နဲ႔ မင္းသူငယ္ခ်င္းက မင္းကို အရင္တုန္းက ပတ္သတ္ခဲ့တာေတြကို မေထာက္ထားဘဲ စိတ္ကြက္မယ္လို႔ထင္ေနတာလား??"
႐ႈမင္ဟြာက စိတ္မသက္မသာျဖစ္ေနတာေၾကာင့္ မ်က္ေမွာင္ၾကဳံ႕ထားလိုက္တယ္။

မုန္႔ရန္က ႐ွက္႐ြံ႕စြာနဲ႔ ေလာ္႐ိႈ႕ကို ၾကည့္လိုက္တယ္။

"အေမရဲ႕ အထက္စီးဆန္တဲ့အက်င့္က ေတာ္ေတာ္ျပင္ရခက္ေနတာပဲေနာ္..အေမ့စကားကိုနာခံၿပီး မုန္႔ရန္ကို အယုံအၾကည္မဲ့ေအာင္လုပ္ခိုင္းေနတာလား??"

ေလာ္႐ိႈ႕က ႐ႈမင္ဟြာကို ေျပာလိုက္တယ္။

"သူ႕လက္ထဲမွာ႐ွိေနတဲ့ ကုန္ၾကမ္းႏွစ္မ်ိဳးကို ငါလိုခ်င္႐ုံပဲေလ..ဘာေတြမ်ားခက္ခဲေနတာလဲ"

"အေမကလိုခ်င္တယ္...ကြၽန္ေတာ္တို႔က မေပးခ်င္ဘူး။႐ွင္း႐ွင္းေလးပါပဲ...."

ေလာ္႐ိႈ႕တစ္ေယာက္ အဓိပၸါယ္မ႐ွိတာေတြကို အခ်ိန္ကုန္ခံၿပီးေျပာမေနခ်င္တာေၾကာင့္ မုန္႔ရန္ကိုေခၚၿပီး ခ်က္ခ်င္းျပန္သြားခဲ့တယ္။

႐ႈမင္ဟြာတစ္ေယာက္ ေပါက္ကြဲထြက္ေတာ့မယ့္ ေဒါသေတြကို ထိန္းခ်ဳပ္ရင္း ေလာ္႐ိႈ႕တို႔ ထြက္သြားတာကိုၾကည့္ေနလိုက္တယ္။

"အေမ.."

ခ်န္းဖန္ေဖးက ႐ႈမင္ဟြာရဲ႕အမူအရာကိုအေသးစိတ္ေလ့လာေနတယ္။

"ေလာ္႐ိႈ႕အလိုလိုက္ထားလို႔ ဒီေကာင္ေလးကမ္းတက္ေနတာ..ေလာ္႐ိႈ႕ရဲ႕ကိုယ္ဝန္ကိုလြယ္ထားတာနဲ႔ သူ႕ကိုယ္သူ ေလာ္မိသားစုမွာ အေနေခ်ာင္မယ္မ်ားထင္ေနတာလား??အဲ့ေတာ့ ငါကလဲ ေလာ္မိသားစုမွာ ဘယ္သူကအာဏာအ႐ွိဆုံးလဲဆိုတာ သူသိေအာင္လုပ္ေပးရေတာ့မွာေပါ့...ေလာ္႐ိႈ႕ ေနာက္ထပ္ကေလးဘယ္ေယာက္ထပ္ေမြးေမြး၊ငါ့မွာ ေျမးဆိုလို႔ ေလာ္ဆန္းတစ္ေယာက္တည္းပဲ႐ွိတယ္"

႐ႈမင္ဟြာရဲ႕ မ်က္ႏွာထားက အလြန္တရာေအးစက္ေနတယ္။

ဒီစကားေတြၾကားေတာ့မွ ခ်န္းဖန္ေဖးတစ္ေယာက္စိတ္သက္သာရာရသြားေတာ့တယ္။

"အေမလိုခ်င္တဲ့ ကုန္ၾကမ္းႏွစ္မ်ိဳးကို တျခားသူေတြဆီက ဝယ္လို႔ရ၊မရ သိရေအာင္ သမီး မိတ္ေဆြေတြဆီဆက္သြယ္ၾကည့္လိုက္ပါဉီးမယ္"

"႐ွာမယ္ဆိုလဲ ျမန္ျမန္႐ွာလိုက္ေတာ့..ပိုက္ဆံဘယ္ေလာက္ကုန္ကုန္ငါဂ႐ုမစိုက္ဘူး"

မုန္႔ရန္ အခုလို သူ႕ကို ျငင္းသြားမယ္လို႔ မထင္ထားတာေၾကာင့္ ႐ႈမင္ဟြာ ေလလံဆက္မဆြဲခဲ့ျခင္းျဖစ္တယ္။အခုေတာ့ မုန္႔ရန္က သူ႕ကို ျငင္းသြားၿပီးေလ...ဒီကုန္ၾကမ္းႏွစ္မ်ိဳးက ႐ႈမင္ဟြာရဲ႕ ခ်စ္သယအတြက္ အေရးတႀကီးလိုအပ္ေနတဲ့အရာေတြျဖစ္ေနတယ္။ဒါ့ေၾကာင့္ ႐ႈမင္ဟြာ ေဒါသထြက္ေနရတာ...

"အေမ့ပိုက္ဆံကို မယူရက္ပါဘူး"

ခ်န္းဖန္ေဖးက အျပဳံးတစ္ခုနဲ႔ ေျပာလိုက္တယ္။

"အေမ စိတ္ခ်ထားလိုက္ေတာ့ေနာ္...႐ွာေတြ႕ၿပီဆိုတာနဲ႔ သမီး ရေအာင္ဝယ္ေပးမယ္"

Continue Reading

You'll Also Like

26.7K 2.7K 40
သူမက သူမရဲ့ချစ်သူနဲ့တူ ရှိနေမယ်လို့တွေးပြီး မိဘမဲ့အဖြစ်ကူးပြောင်းလာခဲ့ပေမယ့် တစ်ခဏလေးအတွင်းမှာပဲ သူမရဲ့ ကမ္ဘာကြီးပျက်စီးသွားရတယ်။ အမွေဆက်ခံသူဆိုတဲ့နေ...
43.4K 7.2K 31
Author: 檀幽筑梦 Alternative Names: 神级赌石师 (星际) Buy the Raws (Chinese Version): http://www.jjwxc.net/onebook.php?novelid=5272569 Type: Web Novel (CN) Gen...
335K 33.8K 193
ကိုကို ဘယ်ကမ္ဘာရောက်ရောက် * အကုန်လုံးကို မေ့သွားရင်တောင် တစ်ခုပဲသတိရနေပေး..! ကိုကိုက ညီမကို ချစ်တယ် Maikoa ဆိုတဲ့ ကောင်မလေးကို ချစ်တယ် *