နွေဦးလေပြေ🤍
By Adira_thu
38.9K 1.8K 191
"အကိုကကျွန်တော့်အတွက်တော့ နွေဦးလေပြေလေးလိုပဲ။ ဘယ်ချိန်ပြန်တွေးတွေး သတတနဲ့ကြည်နူးနေမိတုန်း လွမ်းဆွတ်နေမိတုန်းပ... More
‌နွေဦးလေပြေ🤍(အပိုင်း_၁)
နွေဦးလေပြေ🤍(အပိုင်း_၂)
နွေဦးလေပြေ🤍(အပိုင်း_၃)
နွေဦးလေပြေ🤍(အပိုင်း_၄)
နွေဦးလေပြေ🤍(အပိုင်း_၅)
နွေဦးလေပြေ🤍(အပိုင်း_၆)
နွေဦးလေပြေ🤍(အပိုင်း_၇)
နွေဦးလေပြေ🤍(အပိုင်း_၈)
နွေဦးလေပြေ🤍 (အပိုင်း_၉)
Sorry
နွေဦးလေပြေ🤍(အပိုင်း_၁၀)
နွေဦးလေပြေ🤍(အပိုင်း_၁၁)
နွေဦးလေပြေ🤍(အပိုင်း_၁၂)
နွေဦးလေပြေ🤍(အပိုင်း_၁၃)
နွေဦး‌လေပြေ🤍(အပိုင်း_၁၄)
နွေဦးလေပြေ🤍(အပိုင်း_၁၅)
နွေဦးလေပြေ🤍(အပိုင်း_၁၆)
‌အသိပေးလွှာ
နွေဦးလေပြေ🤍(အပိုင်း-၁၇)
နွေဦးလေပြေ🤍(အပိုင်း_၁၈)
နွေဦးလေပြေ🤍(အပိုင်း_၁၉)
နွေဦးလေပြေ🤍(အပိုင်း_၂၀)
🥺
နွေဦးလေပြေ🤍(အပိုင်း_၂၁)
နွေဦးလေပြေ🤍(အပိုင်း_၂၂)
နွေဦးလေပြေ🤍(အပိုင်း_၂၃)
နွေဦးလေပြေ🤍(အပိုင်း_၂၄)
နွေဦးလေပြေ🤍(အပိုင်း_၂၅)
နွေဦးလေပြေ🤍(အပိုင်း_၂၆)
နွေဦးလေပြေ🤍(အပိုင်း_၂၇)
နွေဦးလေပြေ🤍(အပိုင်း_၂၈)
နွေဦးလေပြေ🤍(အပိုင်း_၂၉)
နွေဦးလေပြေ🤍(အပိုင်း_၃၀)
နွေဦးလေပြေ🤍(အပိုင်း_၃၁)
နွေဦးလေပြေ🤍(အပိုင်း_၃၂)
နွေဦးလေပြေ🤍(The End)
ဈေးဗန်း
နွေဦးလေပြေ🤍(အပိုင်း_၃၃)
1.1K 49 4
By Adira_thu
Unicode
မြင်‌တွေ့နေကျအရိပ်‌လေးကိုမမြင်ရသည့်အခါမြင်သမျှအရာရာဟာ,ဟာတာတာနှင့်။
မြင်နေကျအပြုံးလေးတွေလည်းလွမ်းလှသလို
ကိုယ့်ဆီမှာပဲအမြဲရှိနေတတ်သည့်မျက်ဝန်းတစ်စုံကိုလည်းလွမ်းပါသည်။
National Examလည်းနီးပြီမို့ လွမ်းသည့်အခါတိုင်း စာတွေသာဖိလုပ်နေဖြစ်သည်မို့ လူကလန်းလန်းဆန်းဆန်းမရှိသည်မှာကြာပြီဖြစ်သည်။
ပင်ပန်းသည့်အခါတိုင်း ချစ်ရတဲ့ကလေးငယ်မျက်နှာကိုသွားချောင်းကြည့်ရတာလည်း မမောနိုင်မပန်းနိုင်။
မြင်နေရက်နဲ့လွမ်းတယ်ဆိုတာဒါမျိုးထင်ပါရဲ့။
လွမ်းလိုက်ရတာငယ်ရယ်။
“ဒုန်း”
ရုတ်တရက်တံခါးကိုအားပြင်းပြင်းဖြင့်တွန်းဖွင့်သံနှင့်အတူ ဝင်ရောက်လာသည့်ယိုင်နဲ့နဲ့အရိပ်ကလေးကြောင့် အံ့အားသင့်မိရသည်။
အရိပ်ကလေးနောက်တွင်တော့ သူ့ရဲ့သူငယ်ချင်းအုပ်စုကိုအားတုံ့အားနာဟန်ဖြင့်တွေ့ရလေသည်။
အကုန်လုံးမျက်လုံးတွေကနီကြောင်ကြောင်နှင့်။
ကျစ်.....ဒီကလေးသောက်လာပြန်ပြီ။
“ညီလေးတို့ ပြန်နှင့်ပါလား။အကိုသူနဲ့အေးဆေးစကားပြောချင်လို့”
မထားခဲ့ချင်သည့်အရိပ်အယောင်များရှိသော်လည်း မည်သည့်စကားမှမဆိုဘဲ လှည့်ပြန်သွားလေသည်။
ခန့်ထည်တံခါးကိုlockချ၍ နံရံပေါ်မှီနေသည့်အမူးသ‌မားလေးအားပွေ့၍ကုတင်ပေါ်အသာတင်ရသည်။
“ခင်‌ဗျားကဘာဖြစ်ချင်နေတာလဲကိုခန့်ထည်”
“ဟင်”
“ခင်‌ဗျားဘာဖြစ်ချင်နေတာလဲလို့!”
အဖြူရောင်စွပ်ကျယ်ဂျိုင်းပြတ်၊ဂျေဂျေဘောင်းဘီတိုအနီရောင်နှင့်ကလေးငယ်က တစ်ကိုယ်လုံးကိုဝင်းဝါအောင်လိမ်းထားသည့်သနပ်ခါးနံ့ကိုကျော်လွန်၍ အရက်နံ့များမွှန်ထူလျှက်ရှိသည်။
ကုတင်အောက်သို့ခြေထောက်ချထားလျက်ကပင်မိမိကိုမော့ကြည့်သည့်ခပ်မှေးမှေးမျက်ဝန်းများက အရက်ရှိန်ကြောင့်စူးရှလျှက်ရှိပြီး ပါးလေးတွေနီရဲကာ နှုတ်ခမ်းများကထူအမ်းနေလေသည်။
“ခင်ဗျားကျွန်တော့်ဒိုင်ယာရီကိုဖတ်ခဲ့တယ်မလား။ကျွန်တော်အားလုံးသိပြီးပြီ”
“က ကလေးငယ်...”
ခန့်ထည်ကလေးငယ်ရှေ့တွင် ဒူးနှစ်ဖက်ထောက်ချလျက် ပေါင်ပေါ်မှလက်ကလေးနှစ်ဖက်ကိုဆွဲယူ၍ဆုပ်ကိုင်ထားလိုက်သည်။
ကုတင်ပေါ်တွင်ထိုင်နေသည့် ကလေးငယ်က မိမိနှင့်မျက်နှာချင်းမ‌ဆိုင်စေရန်မျက်နှာကိုတစ်ဖက်သို့လွှဲထားလေသည်။
ခန့်ထည် သက်ပြင်းဖွဖွချမိသည်။
“ကိုယ်မင်းကိုရင်မဆိုင်ရဲခဲ့ဘူးကလေးလေး။
မင်းအချစ်တွေကိုမြင်ရတော့ ကိုယ့်ကိုယ်ကိုသိမ်ငယ်မိတယ်။ရှက်မိတယ်။
ပြီးတော့ ကိုယ်ဟာမင်းနဲ့မထိုက်တန်ဘူးလို့လဲခံစားခဲ့ရတယ်”
“အဲ့ဒါနဲ့ပဲခင်ဗျားကရည်းစားဟောင်းနဲ့ပြန်တွဲခဲ့တယ်ပေါ့”
“ကိုယ်..ကိုယ်အဲ့ညကစိတ်တွေအရမ်းရှုပ်ထွေး နေခဲ့တယ်။ဆောက်တည်ရာလည်းမရခဲ့ဘူး။
ကိုယ်အဲ့လိုမျိုးမခံစားချင်ဘူး။
တစ်နည်းနည်းနဲ့ဖြစ်ဖြစ် ကိုယ်မင်းဆီကထွက်ပြေးချင်မိတယ်။အဲ့ဒါကြောင့်သူနဲ့တွဲခဲ့တာ”
“နောက်ဆုံးကိုယ့်စိတ်ကမင်းဆီကဘယ်လိုမှမလွတ်မြောက်နိုင်ဘူးဆိုတာကိုယ်သိခဲ့တယ်။
သူလည်းသိခဲ့တယ်။ဒါ့ကြောင့်ကိုယ်တို့လမ်းခွဲခဲ့တယ်”
မိုးသားအသံထွက်၍ပင်ရှိုက်ငိုမိသည်။အကိုကအတ္တကြီးလိုက်တာ။
“ခင်ဗျား...ခင်ဗျား ဘယ်လောက်ထိအတ္တကြီးနေလဲဆိုတာခင်ဗျားကိုယ်ခင်ဗျားသိရဲ့လား။
ဟမ်..ခင်ဗျားသိရဲ့လားလို့”
ရှိုက်ကြီးတငင်ငိုချရင်းမိမိရင်ဘတ်ကိုထုရိုက်နေတဲ့ကောင်လေးကိုဒူးထောက်လျက်သားကနေပဲ ရင်ခွင်ထဲဆွဲပွေ့ထားမိသည်။
မိုးသားအသက်ရှူသံခပ်ပြင်းပြင်းကပါ မိမိရင်ဘတ်ကိုတိုးဝေ့ကျီစယ်လို့သွားသည်။
“တစ်လျှောက်လုံး ဒီတစ်လျှောက်လုံးခင်ဗျားကျွန်တော့်အတွက်သတ္တိမရှိခဲ့ဘူး။
ကျွန်တော့်ကိုရွေးချယ်ဖို့သတ္တိမရှိခဲ့ဘူး။
ခင်ဗျားနှလုံးသားကကျွန်တော့်ကိုရွေးချယ်ပြီးသည့်တိုင်အောင် ခင်ဗျားနာကျင်ရမှာတစ်ခုထဲအတွက် ကျွန်တော့်အနားနေဖို့သတ္တိမရှိခဲ့ပြန်ဘူး။”
“ကလေး ....”
“ခင်ဗျားမပြောနဲ့ဦး”
“ဒီအတောအတွင်းကျွန်တော်ဘယ်လောက်ခံစားခဲ့ရလဲဆိုတာ သိသိရက်နဲ့
ခင်ဗျားကကျွန်တော်အနာကျင်ဆုံးဖြစ်မယ့်လမ်းကိုရွေးခဲ့တယ်။
ခင်ဗျားပြောကြည့်စမ်းပါ။
ခန့်ထည်ဝါရည်းစားရသွားပြီဆိုတဲ့သတင်းလောက် လောကကြီးမှာရှိတဲ့ ဘယ်လိုသတင်းမျိုးကကျွန်တော့်ကိုနာကျင်စေမှာလဲ”
“အဟင့်...ကိုယ်ကတော်တော်စောက်သုံးမကျခဲ့ဘူးပဲ။
အဲ့ဒါကြောင့်မင်းကိုအကြိမ်ကြိမ်နာကျင်စေခဲ့တာ”
“ခင်ဗျားကိုကျွန်တော်တအား စိတ်ပျက်တယ်အကို”
“တောင်းပန်ပါတယ် တောင်းပန်ပါတယ် အဟင့်။
မမုန်းလိုက်ပါနဲ့နော်....နော်။ကိုယ့်ကိုမမုန်းလိုက်ပါနဲ့ကွာ အင့်”
မိမိရှေ့တွင်ဒူးထောက်လျက် မျက်လွှာချကာ
တရှုံ့ရှုံ့ငိုကြွေးနေသော အကို့ကြောင့် မိုးသားနှလုံးသားတွေပါနာကျင်လာရသည်။
ဒီရက်ပိုင်း အကို့မျက်နှာတွေချောင်ကျသွားတာ၊မျက်နှာမကောင်းတာအားလုံးကိုသူသိခဲ့တယ်။
အကို့မျက်နှာကိုတရိပ်တကြည့်ကြည့်‌,ကြည့်နေမိသူပဲ။
မသိဘဲနေစရာလား။
ဟိုအမကြီးနဲ့ပြတ်သွားတာတစ်ခုသာသူမသိလိုက်ခြင်းဖြစ်သည်။
အခုကျွန်တော့်မေတ္တာတွေရောင်ပြန်ဟပ်ပြီပေါ့။အကိုကဒီအတောအတွင်းသူ့ထက်မများတောင် သူ့နည်းတူနာကျင်နေခဲ့ဟန်တူသည်။
“အကို”
သူ့ပါးပြင်ထက်ကမျက်ရည်တွေကိုအသာသုတ်ပေး၍မိမိဆိုလေတော့ မိမိကိုမော့ကြည့်ရှာသည်။
“ကျွန်တော့်ကိုချစ်နိုင်ပြီမဟုတ်လား”
“အဟင့် အီးဟီး ချစ်တယ်။သိပ်ချစ်တယ်။
နောက်ကျနေပြီမှန်းသိပေမယ့် မတရားမှန်းသိပေမယ့် ကိုယ် ကိုယ်သိပ်ချစ်ပါတယ်ငယ် အင့်”
မိမိခါးရိုးတွေကျိုးကြေမတတ်၊အသက်ရှူရပ်မတတ်မိမိကိုဖက်၍ငိုကြွေးနေသည့်အကို့နည်းတူ မိမိသည်လည်းမျက်ရည်ဖြိုင်ဖြိုင်ကျဆင်းလာရသည်။
မိမိမြတ်နိုးရသူကမိမိကိုချစ်ပါတယ်ဆိုတဲ့ခံစားချက်။
ဘယ်တော့မှပြန်ချစ်မလာနိုင်ဟုယုံကြည်ထားသူဆီကမမျှော်လင့်ပဲအချစ်ခံရသည့်ခံစားချက်။
ရှေ့လျောက်ငိုကြွေးနေချိန်တိုင်း၊ရယ်မောနေချိန်တိုင်း ဒီလူသားနှင့်ပဲကောင်းကောင်းဆိုးဆိုးအတူဖြတ်သန်းရတော့မယ်ဆိုသည့်ခံစားချက်။
“စိတ်နဲ့ခန္ဓာအားလုံးအကို့ဆီ အလုံးစုံပေးအပ်ပါ့မယ်။အကိုကကျွန်တော့်ကိုတစ်သက်လုံးချစ်သွားဖို့ယုံကြည်ချက်ရှိရဲ့လား”
“ရှိခဲ့သမျှအပြစ်ကြွေးတွေကို တစ်သက်လုံးပေးဆပ်ရင်းချစ်သွားပါ့မယ်။
ချစ်တယ်ဆိုတာထက် မြတ်နိုးရပါတယ်ငယ်ငယ်ရယ်”
မျက်ရည်များအဆက်အပြတ်စီးဆင်းနေသည့်
ငယ့်မျက်ဝန်းတို့အား မိမိနှုတ်ခမ်းဖြင့်အသာဖိကပ်နမ်းမိသည်။
နောက်ဆုံးပဲ ဒါနောက်ဆုံးပဲကလေးငယ်။
ကိုယ့်ကြောင့်ငယ်ဘယ်တော့မှာထပ်မျက်ရည်မကျစေရတော့ဘူး။
အကြိမ်ကြိမ်ခွင့်လွှတ်ပေးခဲ့လို့ကျေးဇူးတင်တယ်။
တန်ဖိုးကြီးတဲ့ချစ်ခြင်းမေတ္တာအကြောင်း သင်ပြပေးလို့လည်းကျေးဇူးတင်တယ်။
ကိုယ့်ကိုချစ်ပေးတဲ့အတွက် ပိုလို့ကျေးဇူးတင်ရတယ်။
“ငယ်”
မိမိလည်ပင်းပေါ်လက်တစ်ဖက်ဖြင့်ထိန်းကိုင်၍ အကြိမ်ကြိမ်ပြိုလဲခဲ့ရသောခပ်ဩဩအသံဖြင့် ဆိုလာခဲ့သူကြောင့် ကြက်သီးလေးများထလာရသည်။
ရန်ခုန်သည်။
ဒီလိုအခြေအနေမျိုးနဲ့မရင်းနှီးဖူးသူမို့ရင်ခုန်သည်။
ဒီအခန်းထဲမှာနှစ်ယောက်ထဲဆိုသည့်အသိကပိုတိုး၍ ရင်ခုန်ရသည်။
“ငယ့်နှုတ်ခမ်းတွေစုတ်ပြတ်သတ်တဲ့အထိကိုယ်နမ်းချင်တယ်”
မိုးသားမျက်လုံးများပြူးလာရသည်။
ဒီသောက်ဘဲကြီးကဘာစကားတွေလာပြောနေတာလဲ။နမ်းမှာဖြင့်လည်းနမ်းလိုက်ပါလား။
သူအဲ့လိုကြီးတွေပြောတော့ ဒီကရှက်တာပေါ့။
အလိုက်ကမ်းဆိုးမသိတဲ့ဘဲကြီး။
“မနမ်းနဲ့.....အွတ် အင့်”
ရုတ်တရက်မိမိနှုတ်ခမ်းတွေကိုကျင်လည်စွာနမ်းရှိုက်နေသူကြောင့် မိုးသားမျက်ဝန်းတွေမှေးစင်းလာရသည်။မိမိခါးတလျှောက်ပြေးလွှားနေသည့်လက်တစ်ဖက်ကြောင့် အသက်ရှူများပင်ရပ်တန့်မတတ်လှိုက်မောနေမိသည်။
မိုးသားနှုတ်ခမ်းတွေ ပူထူလာသည့်အထိ
မရပ်တန့်ဘဲ
ဆက်တိုက်နမ်းရှိုက်လာသည့်အကိုက
လက်တွေကိုလည်း အနားမပေးပေ။
မိမိခါးတစ်ဝှိုက်ပွတ်သပ်နေသောကြောင့် အကို့ရင်ဘတ်ကိုလက်နှစ်ဖက်နှင့်ပုတ်၍ သတိပေးလိုက်ရသည်။
“ပြွတ်စ်”
အဆုံးသတ်အနေနှင့် နှုတ်ခမ်းတွေကိုပြွတ်စ်ခနဲတချက်နမ်းပြီး မြင်လိုက်ရတဲ့ရှေ့ကမျက်နှာလေးက အကြည့်မလွှဲရက်စရာ။
မိမိလက်ချက်ကြောင့် နဲရဲရွှန်းစိုနေသည့်နှုတ်ခမ်းတစ်စုံ၊ကြက်သွေးရောင်မျက်နှာနှင့် အသက်ပြင်းပြင်းရှုနေသည့် မိုးသားကတကယ်ကိုလှသည်။
“အင့်...မကြည့်နဲ့”
ရုတ်တရက်မိမိပေါင်ပေါ်တက်ထိုင်ရင်း ရင်ခွင်ထဲသူ့မျက်နှာလေးပြေးဖွက်သည့်ငယ့်ကြောင့်
ခန့်ထည် အသံတွေထွက်ကာ ရယ်မောမိတော့ မိမိရင်ဘတ်ပေါ် လက်သီးစုပ်လေးများ
ကျရောက်လာရသည်။
“ကြည့်ပါရစေငယ်ရယ်။ငယ့်နှုတ်ခမ်းတွေစုတ်ပြတ်သတ်သွားလားဆိုတာ ကိုယ်အတည်ပြုရဦးမယ်မဟုတ်လား”
“အင့်....ကိုကိုနော်”
“ဘယ်လိုလေး ဘယ်လိုလေးခေါ်လိုက်တာလဲငယ်ရယ်။ကိုကိုအသဲတွေကြွေကုန်တော့မှာပဲ။ထပ်ခေါ်ပါဦး”
“မခေါ်နိုင်ဘူး”
“ခေါ်ပါဆိုကွာ...နော်...နော်။ကိုကိုကြားချင်လို့ပါ”
နှုတ်ခမ်းကြီးစူလျက်မိမိကိုဂျီကျနေသည့် ကိုကို့ကိုချစ်မြတ်နိုးစွာကြည့်နေမိသည်။
ဟိုးအရင် ကိုကိုကမိမိကိုမချစ်မိခင်ကတည်းကဘယ်သူနဲ့မှမတွေ့ရဘဲ မိမိနဲ့ဆိုဖြစ်တည်လာတဲ့ ကိုကို့ရဲ့အခုလိုအမူအရာလေး။
အများရှေ့မှာတည်တည်ကြည်ကြည်နဲ့ဦးဆောင်နိုင်တဲ့၊‌ဖော်ရွေတတ်သည့်ကိုကိုဟာ မိမိအမြင်မှာတော့ချစ်ဖို့ကောင်းသည့်ခွေးပေါက်ကလေးနှယ်။
မိမိနဲ့ဆိုကိုကိုကဂျီကျတတ်သည်။ဂျစ်တစ်တစ်နိုင်သည်။
အမြဲလိုလိုအနိုင်ယူချင်စိတ်ရှိသည်။ပြီးတော့ရစ်လည်းရစ်တတ်သည်။
ထိုစဉ်ကတည်းကကိုကိုကမိုးသားကိုဆိုသူဆိုးလို့ရသည့်ရင်ခွင်တစ်ခုဟုသတ်မှတ်ခဲ့ပုံရသည်။
“အဲ့ဒီ့‘ကိုကို’ဆိုတဲ့နာမ်စားကိုငယ်အသက်ရှင်နေသရွေ့၊အဲ့ဒီခေါ်သံကြားရတာကိုကို့အတွက်မွန်းကြပ်လာပြီလို့မခံစားရသရွေ့
ငယ်ကမြတ်မြတ်နိုးနိုးခေါ်သွားမှာ”
________________💚________________
Zawgyi
လွမ်းလိုက်ရတာငယ်ရယ်။
“ဒုန်း”
“ဟင်”
“က ကလေးငယ်...”
“ကလေး ....”
“ခင်ဗျားမပြောနဲ့ဦး”
မသိဘဲနေစရာလား။
“အကို”
“အဟင့် အီးဟီး ချစ်တယ်။သိပ်ချစ်တယ်။
“ငယ်”
ရန်ခုန်သည်။
“မနမ်းနဲ့.....အွတ် အင့်”
မရပ်တန့်ဘဲ
“ပြွတ်စ်”
“အင့်...မကြည့်နဲ့”
ကျရောက်လာရသည်။
“အင့်....ကိုကိုနော်”
“မခေါ်နိုင်ဘူး”
________________💚________________
Continue Reading
You'll Also Like
464K 8.8K 55
Y/N L/N is a 15-year-old Super smash bros fan that's been playing the franchise since he was 4 years old, all the way back to super smash bros for th...
438K 31.5K 43
ပဲပြုတ်သည်ငပြူးနဲ့ ဆိုက်ကားဆရာငလူးတို့ရဲ့ story လေးတစ်ပုဒ်
268K 18.6K 66
The new girl declares war against the five most powerful seniors in school. ⋆☆⋆ Sophie Olsen had a simple plan after moving across the entire country...
Gentle touch By K
General Fiction
49.4K 1.1K 32
It had been mere months after her eighteen birthday, when she was pulled from the safe haven of her life and forced into the fantasy the women had cr...