လူစားထိုး

By Htoo-6

87.9K 10.4K 707

Title: Ti Shen / 替身 Translation: Body Double Translator: Giraffe Corps Author: Bei Tang Mo / 北棠墨 Publisher:... More

Description
Vol 1, Ch 1.1
Ch 1.2
Ch 2
Ch 3
Ch 4
Ch 5
Ch 6
Ch 7
Ch 8
Ch 9
Ch 10
Ch 11
Ch 12
Ch 13
Ch 14
Ch 15
Ch 16
Ch 17
Ch 18
Ch 19
Ch 20
Ch 21
Ch 22
Ch 23
Ch 24
Ch 25
Ch 26
Ch 27
Ch 28
Ch 29
Ch 30
Ch 31
Ch 32
Ch 33
Not An Update
Ch 34
Ch 35
Ch 36
Ch 37
Ch 38
Ch 39
Ch 40
Ch 41
Ch 42
Ch 43
Ch 45
Vol 1 complete, Ch 46+47
Ch 48
Ch 49
Ch 50
Ch 51
Ch 52,53,54
Ch 55,56
Ch 57
Ch 58

Ch 44

757 144 13
By Htoo-6

Unicode

Chapter 44
The are actually related?
__________________________

သူမ၏ သွယ်ပျောင်းသောလက်ချောင်းများဖြင့် ဆယ်လက်မလက်ပ်တော့လေး၏ ကီးဘုတ်ကိုခေါက်လိုက်သည်။ လေးနက်သည့်မျက်နှာထားနှင့် Mi Le တစ်ယောက် ရှာနိုင်သမျှ သတင်းအချက်အလက်အားလုံးကို ဆွဲယူလိုက်သည်။
သူမက လက်ပ်တော့ကို Cheng Xi Ran ဘက်သို့ လှည့်ပေးပြီး စကားစပြောသည်။
"ဒီမှာကြည့်..ငါဘာလို့ လန့်သွားရသလဲဆိုတာ"

စခရင်ပေါ်က ဖိုင်ကို Cheng Xi Ran စူးစမ်းကြည့်သည်။ အဆုံးသို့ရောက်သည့်အချိန်တွင် သူ့မျက်နှာသွင်ပြင်မှာ ထိတ်လန့်ဖွယ်ရာ ဒီဂရီတစ်ခုအထိ မည်းမှောင်နေလေပြီ။
"တစ်နည်းပြောရရင် Su မိသားစုနဲ့
အမဲလိုက်သိမ်းငှက်ဆိုတာ အရင်းအမြစ်တစ်ခုတည်းကလာတာ။ သူတို့နှစ်ခုလုံးက Falcon ရဲ့
လက်တက်ပွားတွေပဲ။ Su မိသားစုအခွဲကသာ တဖြည်းဖြည်း ထိန်းချုပ်ပြီး အတိတ်က သူတို့ရဲ့လက်တွေကို သန့်ရှင်းသွားအောင် ​ဆေးကြောပြီး ပျောက်သွားတာ။
အခုကျ သူတို့က သိက္ခါကြီးတဲ့ Su မိသားစုဆိုပြီး ကျော်ကြားတဲ့ဂုဏ်သတင်းကိုရနေပြီ။ တစ်ဖက်မှာ အမဲလိုက်သိမ်းငှက်ကျ သူတို့ရဲ့ ဂုဏ်သတင်းကို ​ဒုစရိုက်လောကမှာ ဆက်ထိန်းထားပြီး သူတို့ရဲ့ဘော့စ် Lan Kuang ဆိုတာ အန္တရာယ်ကောင်ပဲ။ "

"မှန်တယ်..ပိုပြီးတိတိကျကျပြောရရင် Su မိသားစုက Falcon ရဲ့ ခေါင်းဆောင်အစစ်ဖြစ်ပြီး Lan မိသားစုက အရန်လက်တက်ပွားတစ်ခုသာပဲ။ ဒါပေမဲ့ အခု Lan မိသားစုက မြေအောက်လောကမှာ ပိုပြီးလွှမ်းမိုးကျော်ကြားပြီး Su မိသားစုက စီးပွားရေးလောကမှာ ပိုလူသိများတယ်။ ကျွန်မမှန်းတာမမှားရင်..အဲဒီမိသားစုနှစ်ခုက တစ်ဖက်သူကို သူတို့ရဲ့ခြေထောက်အောက်မှာ နင်းခြေပြီး သူတို့ရဲ့ခွန်အားက ပိုသာကြောင်းသက်သေပြဖို့ အကြိတ်အနယ်ရန်စောင်နေကြတာပဲ။ အကုန်လုံးက လွန်ခဲ့တဲ့ရာစုနှစ်တွေဆီက သူတို့ရဲ့ ဂုဏ်ကျက်သရေကို ပြန်လည်ဖော်ထုတ်ချင်နေတယ်"
Mi Le က ကွန်ပျူတာကို သူမဘက်သို့ ပြန်လှည့်လိုက်ပြီး သူမတို့၏ လုံခြုံရေးစိတ်ချရအောင် ဝင်ခဲ့သည့် လမ်းကြောင်းများ၏ မှတ်တမ်းကို ကျွမ်းကျင်စွာဖျက်နေသည်။

"အဲဒီ ကလေကချေလေး..သူ သူ တကယ် ရူးနှမ်းတာပဲ။ ဒီအလုပ်ကို လက်မခံခင်က နောက်ခံကို မစစ်ဆေးခဲ့ဘူးလား?"
Cheng Xi Ran က ဒေါသတကြီး ခြေဆောင့်သည်။ သူ၏ ထိုခေါင်းကြောမာသည့် သူငယ်ချင်းမှာဘတစ်ကြိမ်ဆုံးဖြတ်ပြီးသည့် ကိစ္စဖြစ်လျှင် ကိုင်တွယ်ရန် မတတ်နိုင်ပါစေ
စိတ်ပြောင်းတော့မည်မဟုတ်။

Mi Le က အသာပြော၏။
"အဆောက်အအုံတစ်ခုလုံးရဲ့ ရွှေအဆင့်လူစားထိုးဖြစ်ရင်တောင် ဟက်တဲ့နေရာနဲ့ သတင်းအချက်အလက်စုဆောင်းတဲ့နေရာမှာ သူက ကျွန်မကို ဘယ်ယှဥ်နိုင်မှာလဲ။ သူက Su မိသားစုနဲ့ အမဲလိုက်သိမ်းငှက်တို့ ပတ်သတ်တယ်ဆို​တဲ့အထိပဲ လေ့လာပြီး ရပ်လိုက်လို့များလား? ဒါမှမဟုတ် သူလက်ခံခဲ့တဲ့အလုပ်က တကယ်ပဲအန္တရာယ်မများလို့ နေမယ်။ ဒါကြောင့် သူ့ခေါင်းထဲမထည့်တာပေါ့။ ကျွန်မတို့ကပဲ အကဲပိုနေတာဖြစ်မယ်"

"နေမယ်..?ဖြစ်မယ်..? ဟုတ်လား။ သူဂရုမစိုက်ရင်တောင် နောက်ပိုင်းဘယ်လိုလုပ်မလဲ?"
Cheng Xi Ran ဖုန်းကိုဆွဲယူပြီးဘနံပါတ်တစ်ခုကို နှိပ်သည်။
"မဖြစ်ဘူး..ကိုယ်သူ့ကို ဖုန်းခေါ်ပြီး အကုန်ပြောပြရမယ်"

"အင်း အဲဒါလည်းကောင်းပါတယ်။ ကျွန်မတို့ ရှာတွေ့တာနဲ့ပ​တ်သတ်ပြီး ဘာမှလုပ်စရာမလိုရင်တောင် ဘာမှသိမထားတာထက်စာရင် ပိုကောင်းတယ်။
သူ ဘယ်လိုအလုပ်မျိုးလက်ခံထားတာလဲ ရှင်စပ်စုလို့ ရလိုက်ရင်ပိုတောင်ကောင်းသေး"
Mi Le က သူမ၏ကွန်ပျူတာကို အဝေးသို့ဖယ်ပြီး အညောင်းဆန့်ကာ သမ်းဝေသည်။
"ညက အိပ်တယ်ဆိုရုံလေးအိပ်လိုက်ရလို့။ကျွန်မ ခြေကုန်လက်ပန်းကျနေပြီ။ အပေါ်တက်သွားတော့မယ်။ ရှင် သူနဲ့ဖုန်းပြောလိုက်ဦး ဝှား..."
အသမ်းတစ်ခုနှင့် သူမက စကားကို လတ်စသတ်ပြီး မျက်လုံးကိုပွတ်၍
အပေါ်ထပ်သို့ လေးတိလေးကန်တက်သွားတော့သည်။

Cheng Xi Ran အကြိမ်ပေါင်းစွာ ဖုန်းခေါ်သော်လည်း အချိန်အတန်ကြာသည်အထိ မည်သူမျှဖုန်းမကိုင်ပါ။

သေစမ်း!

သူက သူ့သူငယ်ချင်း နံပါတ်ကို ဆက်တိုက်ခေါ်နေသည်။ ဖုန်းမကိုင်ရသည့် အကြောင်းပြချက် Ran Feng Ge တွင်မရှိပါ။ အဖြူရောင်ညဝတ်အင်္ကျီဝတ်ထားသည့် အမျိုးသားကို တွန်းထုတ်ပြီး အိမ်တော်ထဲသို့ Ran Feng Ge သူ့ဘာသာဝင်သွားသည်ကို သူ ရှင်းရှင်းလင်းလင်းတွေ့ခဲ့ရပါသည်။ အဓိပ္ပါယ်မှာ
ယခုအချိန်လောက်ဆို ထိုကောင် နိုးနေသင့် အရက်မူးပြေနေသင့်ပါပြီ။

သူက အဘယ့်ကြောင့် ဖုန်းမဖြေသနည်း?

နောက်ဆုံး Cheng Xi Ran တံခါးကထွက်၍ Ran Feng Ge ကို လူကိုယ်တိုင်သွားရှာတော့မည့်အချိန်ကျမှ ဖုန်းကိုင်လာသည်။ သို့သော်လည်း မရင်းနှီးသည့်အသံဖြစ်ကာ ထိုသူကပြောလာ၏။
"မင်း ဘယ်သူပဲဖြစ်ဖြစ် နောက်တစ်ခါ ထပ်ခေါ်ရဲခေါ်ကြည့် black list ထဲထည့်ပစ်မယ်"

အာ...Cheng Xi Ran ခဏတာကြက်သေသေသွားသည်။ စခရင်ပေါ်က 'ကလေကချေလေး' ဆိုသည့် စကားလုံးကို ငုံ့ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်၏။ မှားလည်းမခေါ်မိပါဘူး..ဒါငမိုက်သားရဲ့ ဖုန်းပါ။ ကိုင်တဲ့ တစ်ယောက်က ဘယ်သူဖြစ်နိုင်မလဲ?

Su Yi Mo လား..

"မစ္စတာ Su ခင်ဗျားလား?"
Cheng Xi Ran ၏ခေါင်းက အမြန်အလုပ်လုပ်သွားသည်။ သူက လိုတိုရှင်း ပြောလိုက်၏။
"ကျုပ်က Ran Feng Ge ရဲ့အကောင်းဆုံးသူငယ်ချင်းပါ။ သူမနေ့ညက ကျွန်တော်နဲ့သောက်ခဲ့တာ။ ဒါပေမဲ့သောက်အရမ်းများသွားတော့ စိုးရိမ်လို့။ သူ အိမ်ကိုမှ ကောင်းကောင်းမွန်မွန်ပြန်ရောက်ရဲ့လားလို့ ဖုန်းဆက်အတည်ပြုတာရယ်"

တစ်ဖက်သူ၏ စကားအဆုံးတွင် Su Yi Mo မျက်လုံးများကို မှေးစင်းလိုက်သည်။
"ကျုပ်ရဲ့ မိသားစုနာမည်က Su ဆိုတာ ခင်ဗျား ဘယ်လိုသိတာလဲ?"

>>>>>>>>>>><<<<<<<<<<<<<

Chapter 44
The are actually related?
__________________________

သူမ၏ သြယ္ေပ်ာင္းေသာလက္ေခ်ာင္းမ်ားျဖင့္ ဆယ္လက္မလက္ပ္ေတာ့ေလး၏ ကီးဘုတ္ကိုေခါက္လိုက္သည္။ ေလးနက္သည့္မ်က္ႏွာထားႏွင့္ Mi Le တစ္ေယာက္ ရွာနိုင္သမွ် သတင္းအခ်က္အလက္အားလုံးကို ဆြဲယူလိုက္သည္။
သူမက လက္ပ္ေတာ့ကို Cheng Xi Ran ဘက္သို႔ လွည့္ေပးၿပီး စကားစေျပာသည္။
"ဒီမွာၾကည့္..ငါဘာလို႔ လန့္သြားရသလဲဆိုတာ"

စခရင္ေပၚက ဖိုင္ကို Cheng Xi Ran စူးစမ္းၾကည့္သည္။ အဆုံးသို႔ေရာက္သည့္အခ်ိန္တြင္ သူ႕မ်က္ႏွာသြင္ျပင္မွာ ထိတ္လန့္ဖြယ္ရာ ဒီဂရီတစ္ခုအထိ မည္းေမွာင္ေနေလၿပီ။
"တစ္နည္းေျပာရရင္ Su မိသားစုနဲ႕
အမဲလိုက္သိမ္းငွက္ဆိုတာ အရင္းအျမစ္တစ္ခုတည္းကလာတာ။ သူတို႔ႏွစ္ခုလုံးက Falcon ရဲ႕
လက္တက္ပြားေတြပဲ။ Su မိသားစုအခြဲကသာ တျဖည္းျဖည္း ထိန္းခ်ဳပ္ၿပီး အတိတ္က သူတို႔ရဲ႕လက္ေတြကို သန့္ရွင္းသြားေအာင္ ​ေဆးေၾကာၿပီး ေပ်ာက္သြားတာ။
အခုက် သူတို႔က သိကၡါႀကီးတဲ့ Su မိသားစုဆိုၿပီး ေက်ာ္ၾကားတဲ့ဂုဏ္သတင္းကိုရေနၿပီ။ တစ္ဖက္မွာ အမဲလိုက္သိမ္းငွက္က် သူတို႔ရဲ႕ ဂုဏ္သတင္းကို ​ဒုစရိုက္ေလာကမွာ ဆက္ထိန္းထားၿပီး သူတို႔ရဲ႕ေဘာ့စ္ Lan Kuang ဆိုတာ အႏၱရာယ္ေကာင္ပဲ။ "

"မွန္တယ္..ပိုၿပီးတိတိက်က်ေျပာရရင္ Su မိသားစုက Falcon ရဲ႕ ေခါင္းေဆာင္အစစ္ျဖစ္ၿပီး Lan မိသားစုက အရန္လက္တက္ပြားတစ္ခုသာပဲ။ ဒါေပမဲ့ အခု Lan မိသားစုက ေျမေအာက္ေလာကမွာ ပိုၿပီးလႊမ္းမိုးေက်ာ္ၾကားၿပီး Su မိသားစုက စီးပြားေရးေလာကမွာ ပိုလူသိမ်ားတယ္။ ကြၽန္မမွန္းတာမမွားရင္..အဲဒီမိသားစုႏွစ္ခုက တစ္ဖက္သူကို သူတို႔ရဲ႕ေျခေထာက္ေအာက္မွာ နင္းေျခၿပီး သူတို႔ရဲ႕ခြန္အားက ပိုသာေၾကာင္းသက္ေသျပဖို႔ အႀကိတ္အနယ္ရန္ေစာင္ေနၾကတာပဲ။ အကုန္လုံးက လြန္ခဲ့တဲ့ရာစုႏွစ္ေတြဆီက သူတို႔ရဲ႕ ဂုဏ္က်က္သေရကို ျပန္လည္ေဖာ္ထုတ္ခ်င္ေနတယ္"
Mi Le က ကြန္ပ်ဴတာကို သူမဘက္သို႔ ျပန္လွည့္လိုက္ၿပီး သူမတို႔၏ လုံၿခဳံေရးစိတ္ခ်ရေအာင္ ဝင္ခဲ့သည့္ လမ္းေၾကာင္းမ်ား၏ မွတ္တမ္းကို ကြၽမ္းက်င္စြာဖ်က္ေနသည္။

"အဲဒီ ကေလကေခ်ေလး..သူ သူ တကယ္ ႐ူးႏွမ္းတာပဲ။ ဒီအလုပ္ကို လက္မခံခင္က ေနာက္ခံကို မစစ္ေဆးခဲ့ဘူးလား?"
Cheng Xi Ran က ေဒါသတႀကီး ေျခေဆာင့္သည္။ သူ၏ ထိုေခါင္းေၾကာမာသည့္ သူငယ္ခ်င္းမွာဘတစ္ႀကိမ္ဆုံးျဖတ္ၿပီးသည့္ ကိစၥျဖစ္လွ်င္ ကိုင္တြယ္ရန္ မတတ္နိုင္ပါေစ
စိတ္ေျပာင္းေတာ့မည္မဟုတ္။

Mi Le က အသာေျပာ၏။
"အေဆာက္အအုံတစ္ခုလုံးရဲ႕ ေ႐ႊအဆင့္လူစားထိုးျဖစ္ရင္ေတာင္ ဟက္တဲ့ေနရာနဲ႕ သတင္းအခ်က္အလက္စုေဆာင္းတဲ့ေနရာမွာ သူက ကြၽန္မကို ဘယ္ယွဥ္နိုင္မွာလဲ။ သူက Su မိသားစုနဲ႕ အမဲလိုက္သိမ္းငွက္တို႔ ပတ္သတ္တယ္ဆို​တဲ့အထိပဲ ေလ့လာၿပီး ရပ္လိုက္လို႔မ်ားလား? ဒါမွမဟုတ္ သူလက္ခံခဲ့တဲ့အလုပ္က တကယ္ပဲအႏၱရာယ္မမ်ားလို႔ ေနမယ္။ ဒါေၾကာင့္ သူ႕ေခါင္းထဲမထည့္တာေပါ့။ ကြၽန္မတို႔ကပဲ အကဲပိုေနတာျဖစ္မယ္"

"ေနမယ္..?ျဖစ္မယ္..? ဟုတ္လား။ သူဂ႐ုမစိုက္ရင္ေတာင္ ေနာက္ပိုင္းဘယ္လိုလုပ္မလဲ?"
Cheng Xi Ran ဖုန္းကိုဆြဲယူၿပီးဘနံပါတ္တစ္ခုကို ႏွိပ္သည္။
"မျဖစ္ဘူး..ကိုယ္သူ႕ကို ဖုန္းေခၚၿပီး အကုန္ေျပာျပရမယ္"

"အင္း အဲဒါလည္းေကာင္းပါတယ္။ ကြၽန္မတို႔ ရွာေတြ႕တာနဲ႕ပ​တ္သတ္ၿပီး ဘာမွလုပ္စရာမလိုရင္ေတာင္ ဘာမွသိမထားတာထက္စာရင္ ပိုေကာင္းတယ္။
သူ ဘယ္လိုအလုပ္မ်ိဳးလက္ခံထားတာလဲ ရွင္စပ္စုလို႔ ရလိုက္ရင္ပိုေတာင္ေကာင္းေသး"
Mi Le က သူမ၏ကြန္ပ်ဴတာကို အေဝးသို႔ဖယ္ၿပီး အေညာင္းဆန့္ကာ သမ္းေဝသည္။
"ညက အိပ္တယ္ဆို႐ုံေလးအိပ္လိုက္ရလို႔။ကြၽန္မ ေျခကုန္လက္ပန္းက်ေနၿပီ။ အေပၚတက္သြားေတာ့မယ္။ ရွင္ သူနဲ႕ဖုန္းေျပာလိုက္ဦး ဝွား..."
အသမ္းတစ္ခုႏွင့္ သူမက စကားကို လတ္စသတ္ၿပီး မ်က္လုံးကိုပြတ္၍
အေပၚထပ္သို႔ ေလးတိေလးကန္တက္သြားေတာ့သည္။

Cheng Xi Ran အႀကိမ္ေပါင္းစြာ ဖုန္းေခၚေသာ္လည္း အခ်ိန္အတန္ၾကာသည္အထိ မည္သူမွ်ဖုန္းမကိုင္ပါ။

ေသစမ္း!

သူက သူ႕သူငယ္ခ်င္း နံပါတ္ကို ဆက္တိုက္ေခၚေနသည္။ ဖုန္းမကိုင္ရသည့္ အေၾကာင္းျပခ်က္ Ran Feng Ge တြင္မရွိပါ။ အျဖဴေရာင္ညဝတ္အကၤ်ီဝတ္ထားသည့္ အမ်ိဳးသားကို တြန္းထုတ္ၿပီး အိမ္ေတာ္ထဲသို႔ Ran Feng Ge သူ႕ဘာသာဝင္သြားသည္ကို သူ ရွင္းရွင္းလင္းလင္းေတြ႕ခဲ့ရပါသည္။ အဓိပၸါယ္မွာ
ယခုအခ်ိန္ေလာက္ဆို ထိုေကာင္ နိုးေနသင့္ အရက္မူးေျပေနသင့္ပါၿပီ။

သူက အဘယ့္ေၾကာင့္ ဖုန္းမေျဖသနည္း?

ေနာက္ဆုံး Cheng Xi Ran တံခါးကထြက္၍ Ran Feng Ge ကို လူကိုယ္တိုင္သြားရွာေတာ့မည့္အခ်ိန္က်မွ ဖုန္းကိုင္လာသည္။ သို႔ေသာ္လည္း မရင္းႏွီးသည့္အသံျဖစ္ကာ ထိုသူကေျပာလာ၏။
"မင္း ဘယ္သူပဲျဖစ္ျဖစ္ ေနာက္တစ္ခါ ထပ္ေခၚရဲေခၚၾကည့္ black list ထဲထည့္ပစ္မယ္"

အာ...Cheng Xi Ran ခဏတာၾကက္ေသေသသြားသည္။ စခရင္ေပၚက 'ကေလကေခ်ေလး' ဆိုသည့္ စကားလုံးကို ငုံ႕ၾကည့္ရင္း မ်က္ေမွာင္ၾကဳတ္လိုက္၏။ မွားလည္းမေခၚမိပါဘူး..ဒါငမိုက္သားရဲ႕ ဖုန္းပါ။ ကိုင္တဲ့ တစ္ေယာက္က ဘယ္သူျဖစ္နိုင္မလဲ?

Su Yi Mo လား..

"မစၥတာ Su ခင္ဗ်ားလား?"
Cheng Xi Ran ၏ေခါင္းက အျမန္အလုပ္လုပ္သြားသည္။ သူက လိုတိုရွင္း ေျပာလိုက္၏။
"က်ဳပ္က Ran Feng Ge ရဲ႕အေကာင္းဆုံးသူငယ္ခ်င္းပါ။ သူမေန႕ညက ကြၽန္ေတာ္နဲ႕ေသာက္ခဲ့တာ။ ဒါေပမဲ့ေသာက္အရမ္းမ်ားသြားေတာ့ စိုးရိမ္လို႔။ သူ အိမ္ကိုမွ ေကာင္းေကာင္းမြန္မြန္ျပန္ေရာက္ရဲ႕လားလို႔ ဖုန္းဆက္အတည္ျပဳတာရယ္"

တစ္ဖက္သူ၏ စကားအဆုံးတြင္ Su Yi Mo မ်က္လုံးမ်ားကို ေမွးစင္းလိုက္သည္။
"က်ဳပ္ရဲ႕ မိသားစုနာမည္က Su ဆိုတာ ခင္ဗ်ား ဘယ္လိုသိတာလဲ?"

>>>>>>>>>>><<<<<<<<<<<<<

Continue Reading

You'll Also Like

69.8K 9.7K 73
Author - 麟潜 (Lin Qian). Bai Chu Nian x Lan Bo 白楚年×兰波 Original Title - 人鱼陷落 / ရန်ယွီရှန့်လော့ Eng Title - The Fallen Merman / Preference of Poseid...
343K 43.2K 139
I Become the Older Brother of the Heroine in Abusive Novel Description ယုံနင်မြို့စား၏ဆက်ခံသူ ကျွင်းဟွိုင်လန်မှာ ပြန်လည်မွေးဖွားလာပြီးနောက် သူက ရှော...
1.6M 90.9K 49
ဘယ်သူကိုမှစောက်ဂရုမစိုက်လို့ မင်းလို မောက်မာပြီးမာနခေါက်ခိုက်နေတဲ့ကောင်ကို ရအောင်ခိုးပြေးလာတာရှင်းလား ဘယ္သူကိုမွေစာက္ဂ႐ုမစိုက္လို႔ မင္းလို ေမာက္မာၿပီ...
38.7K 4.5K 68
Author _ Shuiqiancheng That's not my work.I am Just Translator