သူဌေးကြီး၏ဒုတိယမြောက်အိမ်ထောင...

By OpalHawthorn28

2.3M 316K 17.8K

Title....Second merriage of a wealthy old man မူရင်းအော်သာ....Tangerine Boat(Cannon folder cheat system ရေးတဲ... More

Description
Chapter (1)
Chapter(2)
Chapter(3)
Chapter(4)
Chapter(5)
Chapter(6)
Chapter(7)
Chapter(8)
Chapter(9)
Chapter(10)
Chapter(11)
Chapter(12)
Chapter(13)
Chapter(14)
Chapter(15)
Chapter(16)
Chapter (17)
Chapter(18)
Chapter(19)
Chapter(20)
Chapter(21)
Chapter (22)
Chapter (23)
Chapter (24)
Chapter (25)
သူရဲကောင်းကြီးရဲ့အမှာစာ🏹🏹
Chapter (26)
Chapter (27)
Chapter (28)
Chapter (29)
Chapter (30)
Chapter (31)
Chapter (32)
Chapter (33)
Chapter (34)
Chapter (35)
Chapter (36)
Chapter (37)
Chapter (38)
Chapter (39)
Chapter (40)
Chapter (41)
Chapter (42)
Chapter (43)
Chapter (44)
Chapter (45)
Chapter (46)
Chapter (47)
Chapter (48)
Chapter (49)
Chapter (50)
Chapter (52)
Chapter (53)
Chapter (54)
Chapter (55)
Chapter (56)
Chapter (57)
Chapter (58)
Chapter (59)
Chapter (60)
Chapter (61)
Chapter (62)
Chapter (63)
Chapter (64)
Chapter (65)
Chapter (66)
Chapter (67)
Chapter (68)
Chapter (69)
Hi
Chapter (70)
Chapter (71)
Chapter (72)
Chapter (73)
Chapter (74)
Chapter (75)
Chapter (76)
Chapter (77)
Chapter (78)
Chapter (79)
Chapter (80)
Chapter (81)
Chapter (82)
Chapter (83)
Chapter (84)
Chapter (85)
Chapter (86)
Chapter (87)
Chapter (88)
ရေဘဝဲသူရဲကောင်းကြီး၏ ကျေးဇူးတင်လွှာ

Chapter (51)

24.8K 3.6K 281
By OpalHawthorn28

ပြိုင်ပွဲကျင်းပမယ့် အချိန်နီးကပ်လာချိန်မှာ ဆရာတွေအကုန်လုံး  ပြိုင်ပွဲကျင်းပမယ့် နိုင်ငံကို ရောက်လာကြပြီဖြစ်တယ်။ဒီတစ်ခေါက်ပြိုင်ပွဲမှာ မုန့်ရန် ဝင်မပြိုင်ဖြစ်ပေမယ့် အင်တာဗျုးတစ်ချို့နဲ့ညစာစားပွဲတစ်ချို့မှာ မျက်နှာပြရဉီးမှာဖြစ်တဲ့အတွက် ပြိုင်ပွဲကျင်းပမယ့်တောင်ခြေမှာရှိတဲ့ ရေကန်ဘေးနားက Hotelမှာပဲ တည်းခိုဖြစ်ခဲ့တယ်။

နေ့ခင်းပိုင်း စားသောက်ပွဲတွေပြီးစီးချိန်မှာတောင် ညနေခင်းမှာ ကျင်းပမယ့် အမျိုးစားစုံလင်လှတဲ့ Party တွေက စောင့်ကြိုနေပြန်တယ်။Selsey က အလွန်လှပတဲ့ ရေကန်နံဘေးက ခန်းမထဲမှာ အသက် ၂၅ နှစ်အောက်လူငယ်တွေပဲတက်ရောက်ခွင့်ရှိတဲ့ Party တစ်ခုကို ကျင်းပဖို့ပြင်ဆင်နေတယ်။Party ကို တက်ရောက်မယ့်သူတိုင်းက အဖြူရောင်Coat ပဲ ဝတ်ဆင်ရမယ့်လို့လဲ သတ်မှတ်ထားပြန်သေးတယ်။

မုန့်ရန်တစ်ယောက် ရေချိုးပြီးတာနဲ့ လော်ရှို့ရဲ့ အဖြူရောင်Shirt အင်္ကျီတစ်ထည်ကိုယူပြီး အပြာရောင်ဂျင်းဘောင်းဘီနဲ့ တွဲဖက်ဝတ်ဆင်လိုက်တယ်။အခုဆို မုန့်ရန်တစ်ယောက် မဆိုသလောက်လေး ဗိုက်ထွက်နေပြီဖြစ်တယ်။သူ့ရဲ့ ကိုယ်ပိုင်Shirtအင်္ကျီ တွေတောင်နည်းနည်း ကျပ်နေပြီဖြစ်တဲ့ အပြင် ခါးပတ်ပတ်ဖို့​တောင် သိပ်အဆင်မပြေတော့ဘူး။လော်ရှို့ရဲ့ Shirt အင်္ကျီက မုန့်ရန်အတွက် ဗိုက်ပူလေးကို ဖုံးထားနိုင်တဲ့အထိ ချောင်ချောင်ချိချိနဲ့ သက်တောင့်သက်သာ ဖြစ်နေစေတယ်။

လော်ရှို့ လက်ထဲကဖုန်းကို ဘေးမှာထားလိုက်ပြီး မုန့်ရန်ရဲ့ ခါးကို ပွေ့ဖက်ပြီး မုန့်ရန်ကို ကြည့်လိုက်တယ်။

"မသောက်ရဘူး..ပြီးတော့ စောစောပြန်လာရမယ်"

" ကျွန်တော်က ဘာလို့သောက်ရမှာလဲ??"

လော်ရှို့ ကို မုန့်ရန် တစ်ချက်နမ်းလိုက်ပြီး....

"စိတ်အေးအေးထားစမ်းပါ..စောစောပြန်လာခဲ့မယ်နော်"

[TN: သွားမနေပါနဲ့တော့ဟယ် 😌😌]

လော်ရှို့တစ်ယောက် သူ့ရဲ့ Shirtအင်္ကျီကို ယူဝတ်ထားတဲ့ မုန့်ရန်ကို ကြည့်လိုက်တယ်။ညှပ်ရိုးလှလှလေးတွေကို မြင်နေရတဲ့ အတွက် လော်ရှို့တစ်ယောက် မုန့်ရန်ကိုအပြင်ပေးမထွက်ချင်တော့ဘူး။သူလေးက အလွန်တရာသန့်ရှင်းစင်ကြယ်ပြီး ဆွဲဆောင်မှုရှိလွန်းနေတယ်။မုန့်ရန်ကို ကြည့်နေရတာ ကပန်းလေးတစ်ပွင့် လှပစွာဖူးပွင့်လာတာကို Live ကြည့်နေရတာနဲ့ အလားသဏ္ဍာန်ဆင်တူလွန်းတယ်။

မုန့်ရန်က အင်္ကျီလက်ကို တံတောင်ဆစ်ရောက်တဲ့အထိဆွဲတင်လိုက်ပြီး လော်ရှို့ရဲ့ မေးဖျားကို နမ်းလိုက်တယ်။

"ကျွန်တော် သွားပြီနော်"

မုန့်ရန် ထွက်သွားတာကို လော်ရှို့ငေးကြည့်နေခဲ့တယ်။

လော်ရှို့တစ်ယောက် မုန့်ရန်နောက်ကို လိုက်သွားဖို့ အစောကြီးကတည်းက စီစဉ်ထားပေမယ့် အခုထိ စိတ်မအေးနိုင်သေးဘူးလေ..မုန့်ရန် အပြင်ထွက်လိုက်တာနဲ့တစ်စုံတစ်ယောက်က မုန့်ရန်ကို ဆွဲဆောင်တော့မယ်ဆိုတာ လော်ရှို့သိနေခဲ့တယ်...ဒါပေမယ့် မုန့်ရန်ကို လော်ရှို့ မတားရက်ခဲ့ပါဘူး။မုန့်ရန်က သူ့နဲ့လက်ထပ်ခဲ့ပြီး ကိုယ်ဝန်လွယ်ထားရတယ်ဆိုပေမယ့် လူငယ်ဘဝရဲ့ အတွေ့အကြုံတွေကို မုန့်ရန် ကိုခံစားစေချင်ပါသေးတယ်။သူ့ရဲ့တစ်ကိုယ်ကောင်းဆန်တဲ့ စိတ်တစ်ခုကြောင့်နဲ့ မုန့်ရန်ရဲ့ လူငယ်ဘဝအတွေ့အကြုံတွေကို ဘယ်လိုများ ပိတ်ပင်နိုင်ပါ့မလဲ??အသက်အရွယ်ကြီးရင့်လာပြီး အတွေ့အကြုံရင့်ကျက်လာသူတစ်ယောက်ရဲ့ အတွေးအမြင်တွေက လူငယ်တစ်ယောက်ရဲ့ အတွေးအမြင်တွေနဲ့ ကွာခြားတယ်ဆိုတာ သဘာဝပါပဲ....

"အစ်ကို.."

ဝူဖန်နဲ့အတူ မုန့်ရန်ကို အပြင်ဘက်မှာ စောင့်ကြိုနေတဲ့သူတွေဆီကို မုန့်ရန် လျှောက်သွားခဲ့တယ်။

"ဝိုးးး မင်း  ဉက္ကလော်ရဲ့ အင်္ကျီကို ဝတ်တာလား??"

ဝူဖန်က မုန့်ရန်ကိုကြည့်ပြီး မေးလိုက်တယ်။

"သူကမင်းကိုဒီလိုပုံစံမျိုးနဲ့ တကယ်ကြီး အပြင်ထွက်ခိုင်းတယ်ပေါ့"

"ကျွန်တော့် အင်္ကျီတွေက နည်းနည်းကြပ်ကုန်ပြီ။အဖြူရောင်အင်္ကျီ အပိုယူလာတာမရှိတာနဲ့ အန်ကယ်လော့် အင်္ကျီယူဝတ်လိုက်တာ..ဝတ်ရတာ သက်တောင့်သက်သာရှိတယ်ဗျ"

မုန့်ရန် သူ့ကိုယ်သူ ငုံ့ကြည့်ပြီး ကရားရေလွှတ်သလို စကားတွေဆက်တိုက် ပြောနေမိတယ်။

" ကြည့်ကောင်းတယ်မလား??"

"မဟုတ်သေးပါဘူးကွာ!!"

ဝူဖန် ခေါင်းခါပြလိုက်တယ်။ အဝတ်အစားမှာ ဘာပြသာနာမှမရှိဘူးကွ...အခုလို ဝတ်ထားတာ စွရမ်းဆွဲဆောင်မှုရှိနေတာကွ လို့သာ ဝူဖန် ထုတ်ပြောလိုက်ချင်တော့တယ်။

လှပတဲ့ရေကန်နံဘေးက ခန်းမထဲမှာ အဖြူရောင် အင်္ကျီဝတ်ဆင်ထားတဲ့ လူငယ်လေးတွေအများကြီး စုဝေးနေတဲ့ မြင်ကွင်းက လမ်းတစ်လျှောက်မှာရှိသမျှလူတိုင်းရဲ့ အာရုံတွေကို ဖမ်းစားသွားခဲ့တယ်။

သူငယ်ချင်းတွေနဲ့ စကားလက်ဆုံကျနေတဲ့ Selsey က မုန့်ရန် ခန်းမထဲကို ဝင်လာတာမြင်တာနဲ့ စကားစဖြတ်
ပြီး မုန့်ရန်ဆီကို သွားလိုက်တယ်။

မုန့်ရန် က သူ့ရဲ စီနီယာအစ်ကိုတွေကို Selsey နဲ့ မိတ်ဆက်ပေးခဲ့တယ်။ မုန့်ရန်ရဲ့ စီနီယာတွေကို နှုတ်ဆက်ပြီးတာနဲ့ Selsey ကရေမွှေးအသိုင်းအဝိုင်းကသူ့ မိတ်ဆွေတွေနဲ့ မုန့်ရန် ကို မိတ်ဆက်ပေးဖို့ခေါ်သွားခဲ့တယ်။အဲ့နောက် Selsey က မုန့်ရန်ကို Barတစ်ခုဆီခေါ်သွားခဲ့ပြန်တယ်။

Selsey က မုန့်ရန်ကို အစုန်အဆန်တစ်ချက်ကြည့်လိုက်ပြီး...

"မင်း အစောကြီးအိမ်ထောင်ကျသွားတာကို ငါအခုထိ နှမြောနေတုန်းပဲ။နို့မို့ဆို မင်းရဲ့ အခုလိုပုံစံနဲ့ လူတော်တော်များများကို အရူးအမူးဖြစ်အောင်လုပ်လို့ရတယ်"

"မင်း ငါ့ကို ကမ္ဘာပေါ်မှာ ရှိသမျှယောက်ကျားတွေထဲကနေ တစ်ယောက်ကို ရွေးခိုင်းရင်တောင် ငါကတော့ ငါ့ယောက်ကျားတစ်ယောက်ကိုပဲ ရွေးမှာ"

မုန့်ရန် ပြုံးပြရင်း ပြန်ပြောလိုက်တယ်။

Selsey က မုန့်ရန်ရဲ့ရှေ့ကို ဝိုင်တစ်ခွက် ပို့ပေးလိုက်တယ်။

"သောက်လိုက်..ဒီဝိုင်က သိပ်မပြင်းတော့ မူးမှာမဟုတ်ဘူး"

မုန့်ရန် ဝိုင်ခွက်ကို ကောက်ကိုင်လိုက်ပြီး အနံ့ခံကြည့်လိုက်တယ်။အရသာရှိမယ်ဆိုတာ သိပေမယ့် ငြင်းဆန်ဖို့အတွက် မုန့်ရန် နည်းနည်းမှ နောင်တမရခဲ့ပါဘူး...

" အခုချိန်က ငါ့ရဲ့ Special period ဖြစ်နေတော့ အနံ့ခံရုံလောက်ပဲ တတ်နိုင်သေးတယ်။နောက်တော့မှ မင်းစပ်ပေးထားတဲ့ ဝိုင်ကို အဝသောက်တော့မယ်ကွာ"

မုန့်ရန်ပြောနေတဲ့ Special Periodဆိုတာ ဘာမှန်းသေချာမသိပေမယ့် Selsey ဘက်က မုန့်ရန်ကို ဝိုင်သောက်ဖို့ ထပ်မပြောဖြစ်ခဲ့ဘူး။Selsy က ကိုယ်တိုင်သောက်သုံးဖို့အတွက် ဝိုင်တစ်ခွက်ကို ဖျော်စပ်နေတယ်။

"ဒီတစ်ခေါက်ပြိုင်ပွဲကို  မင်းဝင်မပြိုင်ဘူးလို့ ငါကြားထားတယ်"

"အဲ့လို သဘာဝတောတောင်တွေထဲသွားရမှာမျိုးကို ငါမုန်းတယ်။တကယ်ကြီးကို မုန်းတာ။ရေမွှေးဖော်စပ်သူဖြစ်တဲ့ငါတို့က  တောတောင်ထဲမှာ အသက်ဘေးအတွက် ရုန်းကန်ရှင်သန်နိုင်စွမ်းရှိတယ်ဆိုတာ ဘာကြောင့််များ လူသိအောင် ပြဖို့လိုတယ်ဆိုတာ နားမလည်နိုင်တော့ဘူးကွာ"

ဒီပြိုင်ပွဲအတွင်းမှာ ​ပြိုင်ပွဲဝင်တွေက တောတောင်တွေထဲမှာ လတ်ဆတ်တဲ့ ကုန်ကြမ်းအမယ်တွေကိုရှာဖွေကြရမှာဖြစ်တယ်။အသုံးဝင်မယ့် ကုန်ကြမ်းတွေကို တောင်ပေါ်မှာ ရှာဖွေဖို့ အချိန်သုံးရက်ပေးထားတယ်။ပွဲစီစဉ်သူတွေ ပြိုင်ပွဲတစ်လျှောက်လုံးကို တိုက်ရိုက်ထုတ်လွှင့်မှာဖြစ်တဲ့အတွက် ဒီတစ်ခေါက် ပြိုင်ပွဲက အရင်နှစ်တွေထက် ပိုပြီး လူကြိုက်များပါလိမ့်မယ်။

ဒီအနီးအနားတစ်ဝိုက်က တောတောင်ထဲမှာ ရှိသမျှ ပန်းတွေ၊အပင်တွေက စိုက်ပျိုးထားတာတွေဖြစ်ပြီး သဘာဝအတိုင်းပေါက်ရောက်နေတဲ့ အပင်တွေနဲ့အနီးစပ်ဆုံး တူအောင် ဂရုတစိုက် အချိန်ကုန်ခံစိုက်ပျိုးထားတာတွေဖြစ်တယ်။

"ကုန်ကြမ်း စရှာတဲ့ အချိန်ကစပြီး တိုက်ရိုက်ထုတ်လွှင့်မှု စတော့မှာ...အဲ့တော့ စိတ်ဝင်စားမှု အရမ်းမြင့်တယ်။ရွက်ပုန်းသီးလေးတွေကလဲ ဒီပြိုင်ပွဲကို မှီပြီးလူသိများလာအောင် ကြိုးစားချင်နေကြတယ်။ဒီပြိုင်ပွဲကို ဒီ့အတွက်ပဲ စီစဉ်ထားတာကွ"

အတိတ်ဘဝမှာတုန်းက မုန့်ရန် ဒီပြိုင်ပွဲကို Juniorတန်းလောက်မှာဝင်ပြိုင်ခဲ့တာဖြစ်တယ်။လက်ရှိဘဝမှာ ပြိုင်ပွဲကျင်းပချိန်က နည်းနည်းနောက်ကျနေတယ်။ဒီလို နောက်ကျရခြင်းက မုန့်ရန် နိုင်ငံတကာပြိုင်ပွဲမှာ ပထမရသွားတာနဲ့ သက်ဆိုင်နေပါလိမ့်မယ်။ဒါ့ကြောင့် အနောက်တိုင်းရဲ့ ရေမွှေးပြိုင်ပွဲတွေအကြောင်းကို  အခုလိုပြိုင်ပွဲမျိုးကျင်းပပြီး ကမ္ဘာသိအောင်ကြေငြာချင်နေကြခြင်းဖြစ်တယ်။

"ဒီပြိုင်ပွဲကို ဝင်ပြိုင်လိုက်တာနဲ့ လူသိများလာမယ့်အပြင် ရေမွှေးရောင်းအားလဲ တက်လာနိုင်တယ်ဆိုတော့ ငါ့Company ကလူတွေက ငါ့ကို ​ဝင်ပြိုင်စေချင်ကြတယ်။ မင်း မပြိုင်ဘူးဆိုတော့၊ ငါလဲမပြိုင်ချင်တော့ဘူး"

မုန့်ရန်တစ်ယောက် ဘောင်းဘီအိတ်ထဲကနေ လက်ညိုးတစ်ချောင်းစာလောက်ပဲရှိတဲ့ရေမွှေးပုလင်းလေးကို ထုတ်ပြီး Selsey ကိုပေးလိုက်တယ်။

Selsey ပုလင်းအဖုံးကိုဖွင့်လိုက်ကာ  မျက်လုံးမှိတ်ပြီး အနံ့ခံကြည့်လိုက်တယ်။

SelSey တစ်ယောက် အသိစိတ်ကင်းကွာနေသူတစ်ယောက်သဖွယ် မျက်လုံးလဲပြန်မဖွင့်၊စကားလဲ ပြန်မပြောဘဲ အကြာကြီး တိတ်ဆိတ်နေခဲ့တယ်။Selsey ရဲ့ အခုလိုပုံစံကို ကြည့်လိုက်ရုံနဲ့ Selsey ဒီရေမွှေးရနံ့ကို ဘယ်လောက်ထိနှစ်သက်တယ်ဆိုတာ မုန့်ရန် ခန့်မှန်းလိုက်နိုင်တယ်။

"ဖြားယောင်းသွေးဆောင်နိုင်မှုနဲ့ ရမက်သွေးကြွလာအောင်လှုံ့ဆော်နိုင်မှု!!!"

Selsey မျက်လုံးဖွင့်လိုက်ပြီးတာနဲ့ ပင့်သက်ရှိုက်လိုက်မိတယ်။

"တကယ်လှတယ်ကွာ...ဒီလောက်အချိန်တိုလေးအတွင်းမှာ မင်းဘယ်လိုလုပ်ပြီး ဒီလိုရနံ့မျိုးရအောင်ဖော်စပ်ခဲ့တယ်ဆိုတာ တွေးကြည့်လို့တောင်မရဘူးကွာ..."

"ကမ္ဘာပေါ်မှာ အတော်ဆုံး၊အကောင်းဆုံးသောယောက်ကျားကို ငါပိုင်ဆိုင်ထားတာကြောင့်လေ..."

မုန့်ရန်ရဲ့ မျက်ဝန်းတွေထဲမှာ ဂုဏ်ယူမှုတွေလျှံကျနေတယ်။အဲ့နေ့ညကအကြောင်းကို ပြန်တွေးလိုက်တိုင်း အခုချိန်ထိ မျက်နှာပူနေတုန်းပဲ....

"မင်းရဲ့ရေမွှေးအနံ့ကနေတဆင့် ဒီအကြောင်းကို အာရုံခံလို့ရပါတယ်ကွာ...အဲ့လူက သောက်ရမ်း၊သောက်ရမ်း Sexy ကျတယ်မလား??"

"သဘာဝကျတဲ့ရေမွှေးမျိုးဖြစ်အောင် အတော်ကြိုးစားလိုက်ရတယ်။နို့မို့ဆို Male Hormonesတွေကိုပုလင်းထဲထည့်ထားတာနဲ့ တူနေတဲ့ စိတ်ကြွဆေးပုလင်းဖြစ်သွားလိမ့်မယ်။ဒီရေမွှေးက ရေမွှေးအဖြစ် ထုတ်ရောင်းဖို့လုံးဝမဖြစ်နိုင်ဘူး"

ရေကန်နံဘေးမှာရှိတဲ့ ခန်းမက အနိမ့်ပိုင်းမှာရှိနေတဲ့ အပြင် အမိုးဖွင့်ထားတဲ့ခန်းမ အမျိုးအစားဖြစ်နေတယ်။များစွာသော လူငယ်လေးတွေက အဖြူရောင်တွေဝတ်ပြီး စုဝေးနေကြတဲ့ မြင်ကွင်းက လူတိုင်းကို ဆွဲဆောင်နေပြန်တယ်။

ခန်းမရဲ့ အပေါ်ထပ် Corridor ပေါ်မှာ ရှိတဲ့ လူအုပ်ထဲမှာ လော်ရှို့ ရှိနေတယ်။အဖြူရောင်ဝတ်ထားတဲ့ သူတွေများပြားနေပေမယ့်လဲ မုန့်ရန်ဘယ်နားမှာရှိတယ်ဆိုတာ လော်ရှို့ က အလွယ်တကူရှာလိုက်နိုင်တယ်။

Barမှာ ထိုင်ပြီး မုန့်ရန် နဲ့  Selsey တို့စကားပြောနေတာကို မြင်တဲ့အခါ လော်ရှို့ရဲ့ စိတ်ထဲမှာ ဝမ်းနည်းတဲ့ခံစားမှုကို ခံစားနေရတယ်။မုန့်ရန်ကို နောက်ဆံမတင်းစေဘဲ ဒီပွဲကိုလွတ်လိုက်မိတာကို လော်ရှို့နောင်တရနေပြီ....မလိုက်လာဘဲနေဖို့ ကြိုးစားနေခဲ့ပေမယ့် သူ့ကိုယ်သူထိန်းချုပ်လို့မရခဲ့ဘူးလေ...မုန့်ရန် အခုချိန်မှာ ဒါတွေကို စိတ်ထဲမထားပေမယ့် အနာဂတ်မှာ နောင်တရလာမယ်ဆိုဘယ်လိုလုပ်မလဲ???

[TN:ပြောချင်တာက အသက် ၂၅ အောက်တွေပဲတက်ခွင့်ရတဲ့ Party ပွဲကို ဆရာလော်က ငမုန့်တစ်ယောက် တည်း မလွှတ်ချင်ပါဘူး။ဒါပေမယ့် ငမုန့်ကို လူငယ်ပီပီပျော်စေချင်လို့ လွှတ်လိုက်ပေမယ့် နောက်ကနေ လိုက်မကြည့်ဘဲလဲ မနေနိုင်ပြန်ဘူး။သူလိုက်လာတာကြောင့် ငမုန့် စိတ်ကျဉ်းကြပ်မှာကိုလဲ ဆရာလော်ကြောက်နေပါတယ်။ ဆရာလော်ရဲ့ ရှာလကာရည်အိုးအဖုံးကို ဘယ်သူမှမဖွင့်ပါဘူး။နဂိုကတည်းက အဖုံးမပါလာတာပါ😕ရှည်ရှည်ဝေးဝေးအခုလိုရှင်းပြရတဲ့ အတွက် ဆရာလော်လို ဘဲမျိုးရအောင်ဆုတောင်းပေးကြ..😋😋]

ရေမွှေးအကြောင်းတွေထိုင်ပြောနေတဲ့ မုန့်ရန်နဲ့ Selsey ကို လူတွေ ကွက်ကြည့်ကွက်ကြည့် ကြည့်နေကြတယ်။မုန့်ရန် Party ထဲကိုရောက်ကတည်းက Selsey နဲ့သာ စကားထိုင်ပြောနေတဲ့ အပြင် မုန့်ရန်တို့ ထိုင်နေတဲ့ Barကလဲ ပွဲစီစဉ်သူတွေသာ ထိုင်ခွင့်ရှိတဲ့ နေရာဖြစ်နေ
ပြန်တယ်။အဲ့တော့ Selsy နဲ့ မုန့်ရန်တို့အကြောင်းတွေကိို သိထားသမျှ အချင်းချင်း လက်ကုတ်ပြီး ဖောက်သည်ချနေကြပြီလေ....

ယွီကျွင်းချန်ကလဲ သူ့ရဲ့ စီနီယာအစ်ကိုတွေနဲ့အတူ ဒီပွဲထဲမှာ ရှိနေတယ်။မုန့်ရန်နဲ့ Selsey တို့ စကားပြောနေတဲ့အကြောင်းကို ယွီကျွင်းချန်ရဲ့ စီနီယာတွေက ခန့်မှန်းနေကြတယ်။

"တကယ်ဆို မုန့်ရန်နဲ့ Selsy တို့က ဒီလောက်ထိခင်ကြလို့လား??မုန့်ရန်ရောက်လာကတည်းက Selsey က အကုန်လုံးကို လျစ်လျူရှုပြီး မုန့်ရန်နဲ့ပဲစကားပြောနေတာနော်"

"သူတို့နှစ်ယောက် အကျိုးတူပူးပေါင်းထားတာ လူတိုင်းသိတယ်။အခုပြောနေတာလဲရေမွှေးအကြောင်းပဲနေမှာပေါ့"

"မုန့်ရန်ရဲ့ရေမွှေးရောင်းအားကောင်းချက်ကြီးက ကြောက်စရာတောင်ကောင်းတယ်ကွာ..အခုဆို မုန့်ရန်က Selsey နဲ့ သူငယ်ချင်းတွေဖြစ်နေတဲ့အပြင် အကျိုးတူပူးပေါင်းထားသေးတယ်။ဒါက ငါးကိုရေထဲလွှတ်လိုက်သလိုပဲ...မုန့်ရန်တစ်ယောက်အနောက်တိုင်းရဲ့ ရေမွှေးလောကကို အခုလို ထိုးဖောက်နိုင်တဲ့ အချီကြီးမိသွားတာပေါ့ကွာ"

" ဘယ်လောက်ပဲ အမြတ်ထွက်နေပါစေကွာ၊ ရဲတိုက်ဝယ်နိုင်တဲ့အထိတော့ အမြတ်ထွက်န်ိုင်ပါ့မလား?လော် Groupဉက္ကဌရဲ့ ဇနီးသည်ဖြစ်နေမှတော့ ဒီအမြတ်လောက်ကို ခေါင်းထဲထည့်ထားပါ့မလား??ဒါမျိုးဆိုတာ ဝါသနာပါလို့ လုပ်နေသလောက်ပဲရှိတာ။တခြားမကြည့်နဲ့ အခုပြိုင်ပွဲကိစ္စပဲကြည့်လေ။လူတိုင်း ဝင်ပြိုင်ရမယ်ပြောထားတဲ့ ပြိုင်ပွဲမှာတောင် သူတို့နှစ်ယောက်က ဝင်မပြိုင်ချင်ဘူးပြောလိုက်တာနဲ့ ဘယ်သူမှ သူတို့ကို မငြင်းဆန်ရဲဘူးကွ.."

" ပြောလို့သာပြောတာပါကွာ..သူတို့ရဲ့ဘဝတွေက ဘယ်လောက်တောင်ကောင်းလိုက်သလဲကွာ..မနာလိုဖြစ်ချင်စရာ ဘဝမျိုးတွေကွ.."

"အရင်ဘဝက ကောင်းမှုတွေဘယ်လောက်များလုပ်ခဲ့လို့ ဒီဘဝမှာ အခုလို ကောင်းကောင်းနေနေရတာလဲ မသိဘူးနော်။ငါလဲ အခုချိန်ကစပြီး ကောင်းမှုကုသိုလ်တွေကို စိတ်ရင်းအမှန်နဲ့လုပ်မှဖြစ်တော့မယ်။ဒါမှ ဒီဘဝမှာ မျှော်လင့်ထားသမျှမဖြစ်လာရင်တောင်၊နောင်ဘဝတော့ ဖြစ်လာလိမ့်မယ်ထင်တာပါပဲကွာ.."

ယွီကျွင်းချန်တစ်ယောက် ဒီစကားတွေကိုနားထောင်ရင်း မုန့်ရန်နဲ့ Selsey တို့စကားပြောနေတာကို ငေးကြည့်နေခဲ့တယ်။

"ပြန်တော့.."

ယွီကျွင်းချန်ရဲ့ မျက်ဝန်းတွေထဲမှာ ဖြတ်ပြေးနေတဲ့ မနာလိုမှုတွေကို မြင်နေရတာကြောင့် ဝမ်ယွမ်အခုလို ပြောလိုက်ရခြင်းဖြစ်တယ်။

"အခန်းပြန်ပြီး အနားယူလိုက်တော့..ပြိုင်ပွဲစတာနဲ့ ကောင်းကောင်း အစွမ်းပြလိုက်...မင်းနောက်တစ်ကြိမ်တောက်ပလာမယ်ဆိုတာ ငါယုံတယ်။အနှေးနဲ့ အမြန် ဆိုသလို မုန့်ရန်ကို အပြတ်အသတ်ဖိနှိပ်ထားနိုင်တော့မှာပါ.."

[TN: Haha ပဲရမယ် စနိုက်ကောင်ရဲ့..ငါ့သားကို နင်တို့ကပဲ ဖိနှိပ်မလား??ငါ့သားမက်ကပဲ နင်တို့ကို လမ်းကြိတ်စက်နဲ့ကြိတ်ပြီး ဒလိမ့်တုံးနဲ့ လှိမ့်မလားဆိုတာစောင့်ကြည့်လိုက်]

ယွီကျွင်းချန် က ဝမ်ယွမ်ကို စကားမပြောဘဲ ကြည့်နေလိုက်တယ်။

မုန့်ရန်တစ်ယောက် နာရီကြည့်ပြီးတာနဲ့...

"ငါ့ယောက်ကျားငါ့ကိုစောင့်နေတော့မှာ..ငါပြန်တော့မယ်...ငါ့အစ်ကိုတွေကို သွားပြောလိုက်ဉီးမယ်"

Selsey ခေါင်းညိတ်ပြလိုက်ပြီး မုန့်ရန်သူ့အစ်ကိုတွေဆီသွားနေတာကို ကြည့်နေလိုက်တယ်။အဲ့နောက် သူငယ်ချင်းတွေနဲ့စကားဆက်ပြောနေခဲ့တယ်။

အနားကို ရောက်လာတဲ့ ဝူဖန်က မုန့်ရန်ကို မေးလိုက်တယ်။

"Selsey နဲ့ ဆက်ဆံရေးအတော်ပြေလည်နေပြီလား??မင်းသူနဲ့ စကားပြောနေတာ တော်တော်ကြာတယ်နော်"

"သူနဲ့စကား​ပြောရတာအဆင်ပြေတယ်။အခုဆို အကျိုးတူပူးပေါင်းထားတဲ့အတွက် ဆွေးနွေးစရာတွေအများကြီးမှ အများကြီးပဲလေ...

"Party ရောက်နေတဲ့ လူတိုင်းကမင်းတို့နှစ်ယောက်အကြောင်းပဲပြောနေကြတာ...ရေမွှေးလောက က လူတွေက မင်းတို့ကို ပြိုင်ဘက်တွေလို့ပဲထင်နေကြတာကြောင့် အခုလို အကျိုးတူပူးပေါင်းလိုက်မယ်လို့ မထင်ထားကြဘူး"

"သူနဲ့ ကျွန်တော်က ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်နေတဲ့ ပြိုင်ဘက်တွေဖြစ်သလို၊စီးပွားဖက်တွေလဲ ဖြစ်နေတယ်လေ..."

"အန်ကယ်လော် မျှော်နေလိမ့်မယ်..ကျွန်တော်ပြန်မှဖြစ်တော့မယ်..အစ်ကိုတို့ဘာသာ ပျော်ခဲ့ကြနော်.."

ဝူဖန်ကို နှုတ်ဆက်ပြီးတာနဲ့ မုန့်ရန်တစ်ယောက် ခန်းမကြီးကို ကျောခိုင်းပြီး အခန်းကို ပြန်ခဲ့တယ်။

မုန့်ရန်က လမ်းတလျှောက်ကလူတိုင်း လည်ပြန်ငေးရလောက်တဲ့အထိဆွဲဆောင်အားပြင်းလွန်းနေတယ်။မုန့်ရန်ရဲ့နောက်မှာသာ လက်ထောက်တွေ၊သက်တော်စောင့်တွေပါမလာခဲ့ရင် အခုနေဆို မုန့်ရန်တစ်ယောက် လမ်းမှာ ဘယ်နှကြိမ်လောက်တောင် အနှောက်ယှက်ခံနေရမလဲဆိုတာ မတွေးရဲစရာပဲ....

ရှေ့နားမှာ မြင်နေရတဲ့လူတစ်ယောက်ဆီက်ို မုန့်ရန်အပြုံးတစ်ခုနဲ့ ပြေးသွားလိုက်တယ်။

လော်ရှို့ကသူဝတ်ထားတဲ့ Jacketကို ချွတ်ပြီး မုန့်ရန်ကို ခြုံပေးရင်း ပွေ့ဖက်လိုက်တယ်။

"ပျော်ခဲ့ရဲ့လား??"

"Selsey နဲ့စကားပြောတယ်။ပြီးတော့ သူ့ရဲ့ရေမွှေးကိုအနံ့ခံကြည့်ခဲ့တယ်။ကျွန်တော်ကတိပေးထားတယ်လေ...တစ်စက်လေးတောင် မသောက်ခဲ့ပါဘူးနော်"

လော်ရှို့က မုန့်ရန်ရဲ့ မျက်နှာလေးကို ခပ်ဖွဖွပုတ်ပေးလိုက်ပြီး ပွေ့ဖက်ကာ အခန်းထဲကို ပြန်ခေါ်သွားခဲ့တယ်။

မုန့်ရန်တစ်ယောက် ရေချိုးပြီးတာနဲ့ ညဝတ်အကျီ ဝတ်ပြီး လော်ရှို့ရဲ့ လက်မောင်းကို ခေါင်းအုံးထားလိုက်တယ်။

မုန့်ရန် ခေါင်းမော့ပြီးလော်ရှို့ကို နမ်းလိုက်တယ်။လော်ရှို့ဘက်က တုံ့ပြန်မှုကို စောင့်မျှော်နေခဲ့ပေမယ့် လော်ရှို့က မုန့်ရန်ကို ဒီအတိုင်းငေးကြည့်နေတယ်။

"ဘာမှားနေလို့လဲဟင်??"

"မင်းသာ ကိုယ်နဲ့ လက်မထပ်ဖြစ်ခဲ့ရင်၊ကိုယ်ဝန်ရှိမနေခဲ့ရင် အခုနေဆို Party မှာ တခြားသူတွေနဲ့အတူပျော်နေလောက်မှာပဲနော်.....

လော်ရှို့က မုန့်ရန်ရဲ့ မျက်ဝန်းတွေကို သေချာကြည့်နေတယ်။

"မင်းက အသက်နှစ်ဆယ်မပြည့်သေးဘဲ ကိုယ်နဲ့လက်ထပ်ပြီး ကိုယ်ဝန်လွယ်ထားနေရပြီ။အဲ့တော့ မင်းရဲ့ လူငယ်ဘဝအတွေ့အကြုံတွေကို လွတ်လွတ်လပ်လပ် မခံစားနိုင်ခဲ့ဘူးလေ...နှစ်တွေကြာလာတဲ့ အခါ မင်းနောင်တရလာလိမ့်မယ်"

"ကျွန်တော်လုပ်ချင်တာတွေမလုပ်ခဲ့ရလို့နောင်တရကောင်းရလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်က
ဒါတွေလုပ်ဖို့အတွက် ခင်ဗျားအနားမှာနေပြီးအချိန်တွေကုန်ဆုံးချင်တာပါ။အနာဂတ်မှာ ရှိတယ်၊မရှိဘူးမသေချာတဲ့နောင်တတရားအတွက်ကြောင့်နဲ့ ခင်ဗျားနားမှာရှိနေခွင့်ကို လက်မလွတ်လိုက်နိုင်ဘူး။ခင်ဗျားရဲ့အနားမှာအတူနေရမယ့် အချိန်တွေကိုလက်လွှတ်လိုက်မှသာ အနာဂတ်မှာ သေချာပေါက် ကျွန်တော်နောင်တရနေမှာ....

"တကယ်တော့...ကျွန်တော်လေ..."

မုန့်ရန် ဗိုက်လေးပေါ်ကို လက်တင်လိုက်တယ်။

"ဒီကလေးလေးမွေးလာမယ့် အချိန်ကို ကျွန်တော်မျှော်နေမိပြီ..ဒီကလေးလေးနဲ့ ခင်ဗျားနဲ့က ကျွန်တော့်ကိုခြေချုပ်မိစေတဲ့အရာတွေမှမဟုတ်တာ..ခင်ဗျားတို့က ကျွန်တော့်ရဲ့ ပျော်ရွှင်မှုတွေလေ..."

လော်ရှို့က မုန့်ရန်ကို နောက်တစ်ကြိမ် ထပ်နမ်းလိုက်လေတယ်.....

ZawGyi

ၿပိဳင္ပြဲက်င္းပမယ့္ အခ်ိန္နီးကပ္လာခ်ိန္မွာ ဆရာေတြအကုန္လုံး  ၿပိဳင္ပြဲက်င္းပမယ့္ ႏိုင္ငံကို ေရာက္လာၾကၿပီျဖစ္တယ္။ဒီတစ္ေခါက္ၿပိဳင္ပြဲမွာ မုန္႔ရန္ ဝင္မၿပိဳင္ျဖစ္ေပမယ့္ အင္တာဗ်ဳးတစ္ခ်ိဳ႕နဲ႔ညစာစားပြဲတစ္ခ်ိဳ႕မွာ မ်က္ႏွာျပရဉီးမွာျဖစ္တဲ့အတြက္ ၿပိဳင္ပြဲက်င္းပမယ့္ေတာင္ေျခမွာ႐ွိတဲ့ ေရကန္ေဘးနားက Hotelမွာပဲ တည္းခိုျဖစ္ခဲ့တယ္။

ေန႔ခင္းပိုင္း စားေသာက္ပြဲေတြၿပီးစီးခ်ိန္မွာေတာင္ ညေနခင္းမွာ က်င္းပမယ့္ အမ်ိဳးစားစုံလင္လွတဲ့ Party ေတြက ေစာင့္ႀကိဳေနျပန္တယ္။Selsey က အလြန္လွပတဲ့ ေရကန္နံေဘးက ခန္းမထဲမွာ အသက္ ၂၅ ႏွစ္ေအာက္လူငယ္ေတြပဲတက္ေရာက္ခြင့္႐ွိတဲ့ Party တစ္ခုကို က်င္းပဖို႔ျပင္ဆင္ေနတယ္။Party ကို တက္ေရာက္မယ့္သူတိုင္းက အျဖဴေရာင္Coat ပဲ ဝတ္ဆင္ရမယ့္လို႔လဲ သတ္မွတ္ထားျပန္ေသးတယ္။

မုန္႔ရန္တစ္ေယာက္ ေရခ်ိဳးၿပီးတာနဲ႔ ေလာ္႐ိႈ႕ရဲ႕ အျဖဴေရာင္Shirt အက်ႌတစ္ထည္ကိုယူၿပီး အျပာေရာင္ဂ်င္းေဘာင္းဘီနဲ႔ တြဲဖက္ဝတ္ဆင္လိုက္တယ္။အခုဆို မုန္႔ရန္တစ္ေယာက္ မဆိုသေလာက္ေလး ဗိုက္ထြက္ေနၿပီျဖစ္တယ္။သူ႕ရဲ႕ ကိုယ္ပိုင္Shirtအက်ႌ ေတြေတာင္နည္းနည္း က်ပ္ေနၿပီျဖစ္တဲ့ အျပင္ ခါးပတ္ပတ္ဖို႔​ေတာင္ သိပ္အဆင္မေျပေတာ့ဘူး။ေလာ္႐ိႈ႕ရဲ႕ Shirt အက်ႌက မုန္႔ရန္အတြက္ ဗိုက္ပူေလးကို ဖုံးထားႏိုင္တဲ့အထိ ေခ်ာင္ေခ်ာင္ခ်ိခ်ိနဲ႔ သက္ေတာင့္သက္သာ ျဖစ္ေနေစတယ္။

ေလာ္႐ိႈ႕ လက္ထဲကဖုန္းကို ေဘးမွာထားလိုက္ၿပီး မုန္႔ရန္ရဲ႕ ခါးကို ေပြ႕ဖက္ၿပီး မုန္႔ရန္ကို ၾကည့္လိုက္တယ္။

"မေသာက္ရဘူး..ၿပီးေတာ့ ေစာေစာျပန္လာရမယ္"

" ကြၽန္ေတာ္က ဘာလို႔ေသာက္ရမွာလဲ??"

ေလာ္႐ိႈ႕ ကို မုန္႔ရန္ တစ္ခ်က္နမ္းလိုက္ၿပီး....

"စိတ္ေအးေအးထားစမ္းပါ..ေစာေစာျပန္လာခဲ့မယ္ေနာ္"

[TN: သြားမေနပါနဲ႔ေတာ့ဟယ္ 😌😌]

ေလာ္႐ိႈ႕တစ္ေယာက္ သူ႕ရဲ႕ Shirtအက်ႌကို ယူဝတ္ထားတဲ့ မုန္႔ရန္ကို ၾကည့္လိုက္တယ္။ညႇပ္႐ိုးလွလွေလးေတြကို ျမင္ေနရတဲ့ အတြက္ ေလာ္႐ိႈ႕တစ္ေယာက္ မုန္႔ရန္ကိုအျပင္ေပးမထြက္ခ်င္ေတာ့ဘူး။သူေလးက အလြန္တရာသန္႔႐ွင္းစင္ၾကယ္ၿပီး ဆြဲေဆာင္မႈ႐ွိလြန္းေနတယ္။မုန္႔ရန္ကို ၾကည့္ေနရတာ ကပန္းေလးတစ္ပြင့္ လွပစြာဖူးပြင့္လာတာကို Live ၾကည့္ေနရတာနဲ႔ အလားသ႑ာန္ဆင္တူလြန္းတယ္။

မုန္႔ရန္က အက်ႌလက္ကို တံေတာင္ဆစ္ေရာက္တဲ့အထိဆြဲတင္လိုက္ၿပီး ေလာ္႐ိႈ႕ရဲ႕ ေမးဖ်ားကို နမ္းလိုက္တယ္။

"ကြၽန္ေတာ္ သြားၿပီေနာ္"

မုန္႔ရန္ ထြက္သြားတာကို ေလာ္႐ိႈ႕ေငးၾကည့္ေနခဲ့တယ္။

ေလာ္႐ိႈ႕တစ္ေယာက္ မုန္႔ရန္ေနာက္ကို လိုက္သြားဖို႔ အေစာႀကီးကတည္းက စီစဥ္ထားေပမယ့္ အခုထိ စိတ္မေအးႏိုင္ေသးဘူးေလ..မုန္႔ရန္ အျပင္ထြက္လိုက္တာနဲ႔တစ္စုံတစ္ေယာက္က မုန္႔ရန္ကို ဆြဲေဆာင္ေတာ့မယ္ဆိုတာ ေလာ္႐ိႈ႕သိေနခဲ့တယ္...ဒါေပမယ့္ မုန္႔ရန္ကို ေလာ္႐ိႈ႕ မတားရက္ခဲ့ပါဘူး။မုန္႔ရန္က သူ႕နဲ႔လက္ထပ္ခဲ့ၿပီး ကိုယ္ဝန္လြယ္ထားရတယ္ဆိုေပမယ့္ လူငယ္ဘဝရဲ႕ အေတြ႕အၾကဳံေတြကို မုန္႔ရန္ ကိုခံစားေစခ်င္ပါေသးတယ္။သူ႕ရဲ႕တစ္ကိုယ္ေကာင္းဆန္တဲ့ စိတ္တစ္ခုေၾကာင့္နဲ႔ မုန္႔ရန္ရဲ႕ လူငယ္ဘဝအေတြ႕အၾကဳံေတြကို ဘယ္လိုမ်ား ပိတ္ပင္ႏိုင္ပါ့မလဲ??အသက္အ႐ြယ္ႀကီးရင့္လာၿပီး အေတြ႕အၾကဳံရင့္က်က္လာသူတစ္ေယာက္ရဲ႕ အေတြးအျမင္ေတြက လူငယ္တစ္ေယာက္ရဲ႕ အေတြးအျမင္ေတြနဲ႔ ကြာျခားတယ္ဆိုတာ သဘာဝပါပဲ....

"အစ္ကို.."

ဝူဖန္နဲ႔အတူ မုန္႔ရန္ကို အျပင္ဘက္မွာ ေစာင့္ႀကိဳေနတဲ့သူေတြဆီကို မုန္႔ရန္ ေလွ်ာက္သြားခဲ့တယ္။

"ဝိုးးး မင္း  ဉကၠေလာ္ရဲ႕ အက်ႌကို ဝတ္တာလား??"

ဝူဖန္က မုန္႔ရန္ကိုၾကည့္ၿပီး ေမးလိုက္တယ္။

"သူကမင္းကိုဒီလိုပုံစံမ်ိဳးနဲ႔ တကယ္ႀကီး အျပင္ထြက္ခိုင္းတယ္ေပါ့"

"ကြၽန္ေတာ္႕ အက်ႌေတြက နည္းနည္းၾကပ္ကုန္ၿပီ။အျဖဴေရာင္အက်ႌ အပိုယူလာတာမ႐ွိတာနဲ႔ အန္ကယ္ေလာ္႕ အက်ႌယူဝတ္လိုက္တာ..ဝတ္ရတာ သက္ေတာင့္သက္သာ႐ွိတယ္ဗ်"

မုန္႔ရန္ သူ႕ကိုယ္သူ ငုံ႔ၾကည့္ၿပီး ကရားေရလႊတ္သလို စကားေတြဆက္တိုက္ ေျပာေနမိတယ္။

" ၾကည့္ေကာင္းတယ္မလား??"

"မဟုတ္ေသးပါဘူးကြာ!!"

ဝူဖန္ ေခါင္းခါျပလိုက္တယ္။ အဝတ္အစားမွာ ဘာျပသာနာမွမ႐ွိဘူးကြ...အခုလို ဝတ္ထားတာ စြရမ္းဆြဲေဆာင္မႈ႐ွိေနတာကြ လို႔သာ ဝူဖန္ ထုတ္ေျပာလိုက္ခ်င္ေတာ့တယ္။

လွပတဲ့ေရကန္နံေဘးက ခန္းမထဲမွာ အျဖဴေရာင္ အက်ႌဝတ္ဆင္ထားတဲ့ လူငယ္ေလးေတြအမ်ားႀကီး စုေဝးေနတဲ့ ျမင္ကြင္းက လမ္းတစ္ေလွ်ာက္မွာ႐ွိသမွ်လူတိုင္းရဲ႕ အာ႐ုံေတြကို ဖမ္းစားသြားခဲ့တယ္။

သူငယ္ခ်င္းေတြနဲ႔ စကားလက္ဆုံက်ေနတဲ့ Selsey က မုန္႔ရန္ ခန္းမထဲကို ဝင္လာတာျမင္တာနဲ႔ စကားစျဖတ္
ၿပီး မုန္႔ရန္ဆီကို သြားလိုက္တယ္။

မုန္႔ရန္ က သူ႕ရဲ စီနီယာအစ္ကိုေတြကို Selsey နဲ႔ မိတ္ဆက္ေပးခဲ့တယ္။ မုန္႔ရန္ရဲ႕ စီနီယာေတြကို ႏႈတ္ဆက္ၿပီးတာနဲ႔ Selsey ကေရေမႊးအသိုင္းအဝိုင္းကသူ႕ မိတ္ေဆြေတြနဲ႔ မုန္႔ရန္ ကို မိတ္ဆက္ေပးဖို႔ေခၚသြားခဲ့တယ္။အဲ့ေနာက္ Selsey က မုန္႔ရန္ကို Barတစ္ခုဆီေခၚသြားခဲ့ျပန္တယ္။

Selsey က မုန္႔ရန္ကို အစုန္အဆန္တစ္ခ်က္ၾကည့္လိုက္ၿပီး...

"မင္း အေစာႀကီးအိမ္ေထာင္က်သြားတာကို ငါအခုထိ ႏွေျမာေနတုန္းပဲ။ႏို႔မို႔ဆို မင္းရဲ႕ အခုလိုပုံစံနဲ႔ လူေတာ္ေတာ္မ်ားမ်ားကို အ႐ူးအမူးျဖစ္ေအာင္လုပ္လို႔ရတယ္"

"မင္း ငါ့ကို ကမ႓ာေပၚမွာ ႐ွိသမွ်ေယာက္က်ားေတြထဲကေန တစ္ေယာက္ကို ေ႐ြးခိုင္းရင္ေတာင္ ငါကေတာ့ ငါ့ေယာက္က်ားတစ္ေယာက္ကိုပဲ ေ႐ြးမွာ"

မုန္႔ရန္ ျပဳံးျပရင္း ျပန္ေျပာလိုက္တယ္။

Selsey က မုန္႔ရန္ရဲ႕ေ႐ွ႕ကို ဝိုင္တစ္ခြက္ ပို႔ေပးလိုက္တယ္။

"ေသာက္လိုက္..ဒီဝိုင္က သိပ္မျပင္းေတာ့ မူးမွာမဟုတ္ဘူး"

မုန္႔ရန္ ဝိုင္ခြက္ကို ေကာက္ကိုင္လိုက္ၿပီး အနံ႔ခံၾကည့္လိုက္တယ္။အရသာ႐ွိမယ္ဆိုတာ သိေပမယ့္ ျငင္းဆန္ဖို႔အတြက္ မုန္႔ရန္ နည္းနည္းမွ ေနာင္တမရခဲ့ပါဘူး...

" အခုခ်ိန္က ငါ့ရဲ႕ Special period ျဖစ္ေနေတာ့ အနံ႔ခံ႐ုံေလာက္ပဲ တတ္ႏိုင္ေသးတယ္။ေနာက္ေတာ့မွ မင္းစပ္ေပးထားတဲ့ ဝိုင္ကို အဝေသာက္ေတာ့မယ္ကြာ"

မုန္႔ရန္ေျပာေနတဲ့ Special Periodဆိုတာ ဘာမွန္းေသခ်ာမသိေပမယ့္ Selsey ဘက္က မုန္႔ရန္ကို ဝိုင္ေသာက္ဖို႔ ထပ္မေျပာျဖစ္ခဲ့ဘူး။Selsy က ကိုယ္တိုင္ေသာက္သုံးဖို႔အတြက္ ဝိုင္တစ္ခြက္ကို ေဖ်ာ္စပ္ေနတယ္။

"ဒီတစ္ေခါက္ၿပိဳင္ပြဲကို  မင္းဝင္မၿပိဳင္ဘူးလို႔ ငါၾကားထားတယ္"

"အဲ့လို သဘာဝေတာေတာင္ေတြထဲသြားရမွာမ်ိဳးကို ငါမုန္းတယ္။တကယ္ႀကီးကို မုန္းတာ။ေရေမႊးေဖာ္စပ္သူျဖစ္တဲ့ငါတို႔က  ေတာေတာင္ထဲမွာ အသက္ေဘးအတြက္ ႐ုန္းကန္႐ွင္သန္ႏိုင္စြမ္း႐ွိတယ္ဆိုတာ ဘာေၾကာင္္႕မ်ား လူသိေအာင္ ျပဖို႔လိုတယ္ဆိုတာ နားမလည္ႏိုင္ေတာ့ဘူးကြာ"

ဒီၿပိဳင္ပြဲအတြင္းမွာ ​ၿပိဳင္ပြဲဝင္ေတြက ေတာေတာင္ေတြထဲမွာ လတ္ဆတ္တဲ့ ကုန္ၾကမ္းအမယ္ေတြကို႐ွာေဖြၾကရမွာျဖစ္တယ္။အသုံးဝင္မယ့္ ကုန္ၾကမ္းေတြကို ေတာင္ေပၚမွာ ႐ွာေဖြဖို႔ အခ်ိန္သုံးရက္ေပးထားတယ္။ပြဲစီစဥ္သူေတြ ၿပိဳင္ပြဲတစ္ေလွ်ာက္လုံးကို တိုက္႐ိုက္ထုတ္လႊင့္မွာျဖစ္တဲ့အတြက္ ဒီတစ္ေခါက္ ၿပိဳင္ပြဲက အရင္ႏွစ္ေတြထက္ ပိုၿပီး လူႀကိဳက္မ်ားပါလိမ့္မယ္။

ဒီအနီးအနားတစ္ဝိုက္က ေတာေတာင္ထဲမွာ ႐ွိသမွ် ပန္းေတြ၊အပင္ေတြက စိုက္ပ်ိဳးထားတာေတြျဖစ္ၿပီး သဘာဝအတိုင္းေပါက္ေရာက္ေနတဲ့ အပင္ေတြနဲ႔အနီးစပ္ဆုံး တူေအာင္ ဂ႐ုတစိုက္ အခ်ိန္ကုန္ခံစိုက္ပ်ိဳးထားတာေတြျဖစ္တယ္။

"ကုန္ၾကမ္း စ႐ွာတဲ့ အခ်ိန္ကစၿပီး တိုက္႐ိုက္ထုတ္လႊင့္မႈ စေတာ့မွာ...အဲ့ေတာ့ စိတ္ဝင္စားမႈ အရမ္းျမင့္တယ္။႐ြက္ပုန္းသီးေလးေတြကလဲ ဒီၿပိဳင္ပြဲကို မွီၿပီးလူသိမ်ားလာေအာင္ ႀကိဳးစားခ်င္ေနၾကတယ္။ဒီၿပိဳင္ပြဲကို ဒီ့အတြက္ပဲ စီစဥ္ထားတာကြ"

အတိတ္ဘဝမွာတုန္းက မုန္႔ရန္ ဒီၿပိဳင္ပြဲကို Juniorတန္းေလာက္မွာဝင္ၿပိဳင္ခဲ့တာျဖစ္တယ္။လက္႐ွိဘဝမွာ ၿပိဳင္ပြဲက်င္းပခ်ိန္က နည္းနည္းေနာက္က်ေနတယ္။ဒီလို ေနာက္က်ရျခင္းက မုန္႔ရန္ ႏိုင္ငံတကာၿပိဳင္ပြဲမွာ ပထမရသြားတာနဲ႔ သက္ဆိုင္ေနပါလိမ့္မယ္။ဒါ့ေၾကာင့္ အေနာက္တိုင္းရဲ႕ ေရေမႊးၿပိဳင္ပြဲေတြအေၾကာင္းကို  အခုလိုၿပိဳင္ပြဲမ်ိဳးက်င္းပၿပီး ကမ႓ာသိေအာင္ေၾကျငာခ်င္ေနၾကျခင္းျဖစ္တယ္။

"ဒီၿပိဳင္ပြဲကို ဝင္ၿပိဳင္လိုက္တာနဲ႔ လူသိမ်ားလာမယ့္အျပင္ ေရေမႊးေရာင္းအားလဲ တက္လာႏိုင္တယ္ဆိုေတာ့ ငါ့Company ကလူေတြက ငါ့ကို ​ဝင္ၿပိဳင္ေစခ်င္ၾကတယ္။ မင္း မၿပိဳင္ဘူးဆိုေတာ့၊ ငါလဲမၿပိဳင္ခ်င္ေတာ့ဘူး"

မုန္႔ရန္တစ္ေယာက္ ေဘာင္းဘီအိတ္ထဲကေန လက္ညိဳးတစ္ေခ်ာင္းစာေလာက္ပဲ႐ွိတဲ့ေရေမႊးပုလင္းေလးကို ထုတ္ၿပီး Selsey ကိုေပးလိုက္တယ္။

Selsey ပုလင္းအဖုံးကိုဖြင့္လိုက္ကာ  မ်က္လုံးမွိတ္ၿပီး အနံ႔ခံၾကည့္လိုက္တယ္။

SelSey တစ္ေယာက္ အသိစိတ္ကင္းကြာေနသူတစ္ေယာက္သဖြယ္ မ်က္လုံးလဲျပန္မဖြင့္၊စကားလဲ ျပန္မေျပာဘဲ အၾကာႀကီး တိတ္ဆိတ္ေနခဲ့တယ္။Selsey ရဲ႕ အခုလိုပုံစံကို ၾကည့္လိုက္႐ုံနဲ႔ Selsey ဒီေရေမႊးရနံ႔ကို ဘယ္ေလာက္ထိႏွစ္သက္တယ္ဆိုတာ မုန္႔ရန္ ခန္႔မွန္းလိုက္ႏိုင္တယ္။

"ျဖားေယာင္းေသြးေဆာင္ႏိုင္မႈနဲ႔ ရမက္ေသြးႂကြလာေအာင္လႈံ႕ေဆာ္ႏိုင္မႈ!!!"

Selsey မ်က္လုံးဖြင့္လိုက္ၿပီးတာနဲ႔ ပင့္သက္႐ိႈက္လိုက္မိတယ္။

"တကယ္လွတယ္ကြာ...ဒီေလာက္အခ်ိန္တိုေလးအတြင္းမွာ မင္းဘယ္လိုလုပ္ၿပီး ဒီလိုရနံ႔မ်ိဳးရေအာင္ေဖာ္စပ္ခဲ့တယ္ဆိုတာ ေတြးၾကည့္လို႔ေတာင္မရဘူးကြာ..."

"ကမ႓ာေပၚမွာ အေတာ္ဆုံး၊အေကာင္းဆုံးေသာေယာက္က်ားကို ငါပိုင္ဆိုင္ထားတာေၾကာင့္ေလ..."

မုန္႔ရန္ရဲ႕ မ်က္ဝန္းေတြထဲမွာ ဂုဏ္ယူမႈေတြလွ်ံက်ေနတယ္။အဲ့ေန႔ညကအေၾကာင္းကို ျပန္ေတြးလိုက္တိုင္း အခုခ်ိန္ထိ မ်က္ႏွာပူေနတုန္းပဲ....

"မင္းရဲ႕ေရေမႊးအနံ႔ကေနတဆင့္ ဒီအေၾကာင္းကို အာ႐ုံခံလို႔ရပါတယ္ကြာ...အဲ့လူက ေသာက္ရမ္း၊ေသာက္ရမ္း Sexy က်တယ္မလား??"

"သဘာဝက်တဲ့ေရေမႊးမ်ိဳးျဖစ္ေအာင္ အေတာ္ႀကိဳးစားလိုက္ရတယ္။ႏို႔မို႔ဆို Male Hormonesေတြကိုပုလင္းထဲထည့္ထားတာနဲ႔ တူေနတဲ့ စိတ္ႂကြေဆးပုလင္းျဖစ္သြားလိမ့္မယ္။ဒီေရေမႊးက ေရေမႊးအျဖစ္ ထုတ္ေရာင္းဖို႔လုံးဝမျဖစ္ႏိုင္ဘူး"

ေရကန္နံေဘးမွာ႐ွိတဲ့ ခန္းမက အနိမ့္ပိုင္းမွာ႐ွိေနတဲ့ အျပင္ အမိုးဖြင့္ထားတဲ့ခန္းမ အမ်ိဳးအစားျဖစ္ေနတယ္။မ်ားစြာေသာ လူငယ္ေလးေတြက အျဖဴေရာင္ေတြဝတ္ၿပီး စုေဝးေနၾကတဲ့ ျမင္ကြင္းက လူတိုင္းကို ဆြဲေဆာင္ေနျပန္တယ္။

ခန္းမရဲ႕ အေပၚထပ္ Corridor ေပၚမွာ ႐ွိတဲ့ လူအုပ္ထဲမွာ ေလာ္႐ိႈ႕ ႐ွိေနတယ္။အျဖဴေရာင္ဝတ္ထားတဲ့ သူေတြမ်ားျပားေနေပမယ့္လဲ မုန္႔ရန္ဘယ္နားမွာ႐ွိတယ္ဆိုတာ ေလာ္႐ိႈ႕ က အလြယ္တကူ႐ွာလိုက္ႏိုင္တယ္။

Barမွာ ထိုင္ၿပီး မုန္႔ရန္ နဲ႔  Selsey တို႔စကားေျပာေနတာကို ျမင္တဲ့အခါ ေလာ္႐ိႈ႕ရဲ႕ စိတ္ထဲမွာ ဝမ္းနည္းတဲ့ခံစားမႈကို ခံစားေနရတယ္။မုန္႔ရန္ကို ေနာက္ဆံမတင္းေစဘဲ ဒီပြဲကိုလြတ္လိုက္မိတာကို ေလာ္႐ိႈ႕ေနာင္တရေနၿပီ....မလိုက္လာဘဲေနဖို႔ ႀကိဳးစားေနခဲ့ေပမယ့္ သူ႕ကိုယ္သူထိန္းခ်ဳပ္လို႔မရခဲ့ဘူးေလ...မုန္႔ရန္ အခုခ်ိန္မွာ ဒါေတြကို စိတ္ထဲမထားေပမယ့္ အနာဂတ္မွာ ေနာင္တရလာမယ္ဆိုဘယ္လိုလုပ္မလဲ???

[TN:ေျပာခ်င္တာက အသက္ ၂၅ ေအာက္ေတြပဲတက္ခြင့္ရတဲ့ Party ပြဲကို ဆရာေလာ္က ငမုန္႔တစ္ေယာက္ တည္း မလႊတ္ခ်င္ပါဘူး။ဒါေပမယ့္ ငမုန္႔ကို လူငယ္ပီပီေပ်ာ္ေစခ်င္လို႔ လႊတ္လိုက္ေပမယ့္ ေနာက္ကေန လိုက္မၾကည့္ဘဲလဲ မေနႏိုင္ျပန္ဘူး။သူလိုက္လာတာေၾကာင့္ ငမုန္႔ စိတ္က်ဥ္းၾကပ္မွာကိုလဲ ဆရာေလာ္ေၾကာက္ေနပါတယ္။ ဆရာေလာ္ရဲ႕ ႐ွာလကာရည္အိုးအဖုံးကို ဘယ္သူမွမဖြင့္ပါဘူး။နဂိုကတည္းက အဖုံးမပါလာတာပါ😕႐ွည္႐ွည္ေဝးေဝးအခုလို႐ွင္းျပရတဲ့ အတြက္ ဆရာေလာ္လို ဘဲမ်ိဳးရေအာင္ဆုေတာင္းေပးၾက..😋😋]

ေရေမႊးအေၾကာင္းေတြထိုင္ေျပာေနတဲ့ မုန္႔ရန္နဲ႔ Selsey ကို လူေတြ ကြက္ၾကည့္ကြက္ၾကည့္ ၾကည့္ေနၾကတယ္။မုန္႔ရန္ Party ထဲကိုေရာက္ကတည္းက Selsey နဲ႔သာ စကားထိုင္ေျပာေနတဲ့ အျပင္ မုန္႔ရန္တို႔ ထိုင္ေနတဲ့ Barကလဲ ပြဲစီစဥ္သူေတြသာ ထိုင္ခြင့္႐ွိတဲ့ ေနရာျဖစ္ေန
ျပန္တယ္။အဲ့ေတာ့ Selsy နဲ႔ မုန္႔ရန္တို႔အေၾကာင္းေတြကိိဳ သိထားသမွ် အခ်င္းခ်င္း လက္ကုတ္ၿပီး ေဖာက္သည္ခ်ေနၾကၿပီေလ....

ယြီကြၽင္းခ်န္ကလဲ သူ႕ရဲ႕ စီနီယာအစ္ကိုေတြနဲ႔အတူ ဒီပြဲထဲမွာ ႐ွိေနတယ္။မုန္႔ရန္နဲ႔ Selsey တို႔ စကားေျပာေနတဲ့အေၾကာင္းကို ယြီကြၽင္းခ်န္ရဲ႕ စီနီယာေတြက ခန္႔မွန္းေနၾကတယ္။

"တကယ္ဆို မုန္႔ရန္နဲ႔ Selsy တို႔က ဒီေလာက္ထိခင္ၾကလို႔လား??မုန္႔ရန္ေရာက္လာကတည္းက Selsey က အကုန္လုံးကို လ်စ္လ်ဴ႐ႈၿပီး မုန္႔ရန္နဲ႔ပဲစကားေျပာေနတာေနာ္"

"သူတို႔ႏွစ္ေယာက္ အက်ိဳးတူပူးေပါင္းထားတာ လူတိုင္းသိတယ္။အခုေျပာေနတာလဲေရေမႊးအေၾကာင္းပဲေနမွာေပါ့"

"မုန္႔ရန္ရဲ႕ေရေမႊးေရာင္းအားေကာင္းခ်က္ႀကီးက ေၾကာက္စရာေတာင္ေကာင္းတယ္ကြာ..အခုဆို မုန္႔ရန္က Selsey နဲ႔ သူငယ္ခ်င္းေတြျဖစ္ေနတဲ့အျပင္ အက်ိဳးတူပူးေပါင္းထားေသးတယ္။ဒါက ငါးကိုေရထဲလႊတ္လိုက္သလိုပဲ...မုန္႔ရန္တစ္ေယာက္အေနာက္တိုင္းရဲ႕ ေရေမႊးေလာကကို အခုလို ထိုးေဖာက္ႏိုင္တဲ့ အခ်ီႀကီးမိသြားတာေပါ့ကြာ"

" ဘယ္ေလာက္ပဲ အျမတ္ထြက္ေနပါေစကြာ၊ ရဲတိုက္ဝယ္ႏိုင္တဲ့အထိေတာ့ အျမတ္ထြက္န္ိဳင္ပါ့မလား?ေလာ္ Groupဉကၠဌရဲ႕ ဇနီးသည္ျဖစ္ေနမွေတာ့ ဒီအျမတ္ေလာက္ကို ေခါင္းထဲထည့္ထားပါ့မလား??ဒါမ်ိဳးဆိုတာ ဝါသနာပါလို႔ လုပ္ေနသေလာက္ပဲ႐ွိတာ။တျခားမၾကည့္နဲ႔ အခုၿပိဳင္ပြဲကိစၥပဲၾကည့္ေလ။လူတိုင္း ဝင္ၿပိဳင္ရမယ္ေျပာထားတဲ့ ၿပိဳင္ပြဲမွာေတာင္ သူတို႔ႏွစ္ေယာက္က ဝင္မၿပိဳင္ခ်င္ဘူးေျပာလိုက္တာနဲ႔ ဘယ္သူမွ သူတို႔ကို မျငင္းဆန္ရဲဘူးကြ.."

" ေျပာလို႔သာေျပာတာပါကြာ..သူတို႔ရဲ႕ဘဝေတြက ဘယ္ေလာက္ေတာင္ေကာင္းလိုက္သလဲကြာ..မနာလိုျဖစ္ခ်င္စရာ ဘဝမ်ိဳးေတြကြ.."

"အရင္ဘဝက ေကာင္းမႈေတြဘယ္ေလာက္မ်ားလုပ္ခဲ့လို႔ ဒီဘဝမွာ အခုလို ေကာင္းေကာင္းေနေနရတာလဲ မသိဘူးေနာ္။ငါလဲ အခုခ်ိန္ကစၿပီး ေကာင္းမႈကုသိုလ္ေတြကို စိတ္ရင္းအမွန္နဲ႔လုပ္မွျဖစ္ေတာ့မယ္။ဒါမွ ဒီဘဝမွာ ေမွ်ာ္လင့္ထားသမွ်မျဖစ္လာရင္ေတာင္၊ေနာင္ဘဝေတာ့ ျဖစ္လာလိမ့္မယ္ထင္တာပါပဲကြာ.."

ယြီကြၽင္းခ်န္တစ္ေယာက္ ဒီစကားေတြကိုနားေထာင္ရင္း မုန္႔ရန္နဲ႔ Selsey တို႔စကားေျပာေနတာကို ေငးၾကည့္ေနခဲ့တယ္။

"ျပန္ေတာ့.."

ယြီကြၽင္းခ်န္ရဲ႕ မ်က္ဝန္းေတြထဲမွာ ျဖတ္ေျပးေနတဲ့ မနာလိုမႈေတြကို ျမင္ေနရတာေၾကာင့္ ဝမ္ယြမ္အခုလို ေျပာလိုက္ရျခင္းျဖစ္တယ္။

"အခန္းျပန္ၿပီး အနားယူလိုက္ေတာ့..ၿပိဳင္ပြဲစတာနဲ႔ ေကာင္းေကာင္း အစြမ္းျပလိုက္...မင္းေနာက္တစ္ႀကိမ္ေတာက္ပလာမယ္ဆိုတာ ငါယုံတယ္။အေႏွးနဲ႔ အျမန္ ဆိုသလို မုန္႔ရန္ကို အျပတ္အသတ္ဖိႏွိပ္ထားႏိုင္ေတာ့မွာပါ.."

[TN: Haha ပဲရမယ္ စႏိုက္ေကာင္ရဲ႕..ငါ့သားကို နင္တို႔ကပဲ ဖိႏွိပ္မလား??ငါ့သားမက္ကပဲ နင္တို႔ကို လမ္းႀကိတ္စက္နဲ႔ႀကိတ္ၿပီး ဒလိမ့္တုံးနဲ႔ လွိမ့္မလားဆိုတာေစာင့္ၾကည့္လိုက္]

ယြီကြၽင္းခ်န္ က ဝမ္ယြမ္ကို စကားမေျပာဘဲ ၾကည့္ေနလိုက္တယ္။

မုန္႔ရန္တစ္ေယာက္ နာရီၾကည့္ၿပီးတာနဲ႔...

"ငါ့ေယာက္က်ားငါ့ကိုေစာင့္ေနေတာ့မွာ..ငါျပန္ေတာ့မယ္...ငါ့အစ္ကိုေတြကို သြားေျပာလိုက္ဉီးမယ္"

Selsey ေခါင္းညိတ္ျပလိုက္ၿပီး မုန္႔ရန္သူ႕အစ္ကိုေတြဆီသြားေနတာကို ၾကည့္ေနလိုက္တယ္။အဲ့ေနာက္ သူငယ္ခ်င္းေတြနဲ႔စကားဆက္ေျပာေနခဲ့တယ္။

အနားကို ေရာက္လာတဲ့ ဝူဖန္က မုန္႔ရန္ကို ေမးလိုက္တယ္။

"Selsey နဲ႔ ဆက္ဆံေရးအေတာ္ေျပလည္ေနၿပီလား??မင္းသူနဲ႔ စကားေျပာေနတာ ေတာ္ေတာ္ၾကာတယ္ေနာ္"

"သူနဲ႔စကား​ေျပာရတာအဆင္ေျပတယ္။အခုဆို အက်ိဳးတူပူးေပါင္းထားတဲ့အတြက္ ေဆြးေႏြးစရာေတြအမ်ားႀကီးမွ အမ်ားႀကီးပဲေလ...

"Party ေရာက္ေနတဲ့ လူတိုင္းကမင္းတို႔ႏွစ္ေယာက္အေၾကာင္းပဲေျပာေနၾကတာ...ေရေမႊးေလာက က လူေတြက မင္းတို႔ကို ၿပိဳင္ဘက္ေတြလို႔ပဲထင္ေနၾကတာေၾကာင့္ အခုလို အက်ိဳးတူပူးေပါင္းလိုက္မယ္လို႔ မထင္ထားၾကဘူး"

"သူနဲ႔ ကြၽန္ေတာ္က ၿငိမ္းခ်မ္းစြာအတူယွဥ္တြဲေနထိုင္ေနတဲ့ ၿပိဳင္ဘက္ေတြျဖစ္သလို၊စီးပြားဖက္ေတြလဲ ျဖစ္ေနတယ္ေလ..."

"အန္ကယ္ေလာ္ ေမွ်ာ္ေနလိမ့္မယ္..ကြၽန္ေတာ္ျပန္မွျဖစ္ေတာ့မယ္..အစ္ကိုတို႔ဘာသာ ေပ်ာ္ခဲ့ၾကေနာ္.."

ဝူဖန္ကို ႏႈတ္ဆက္ၿပီးတာနဲ႔ မုန္႔ရန္တစ္ေယာက္ ခန္းမႀကီးကို ေက်ာခိုင္းၿပီး အခန္းကို ျပန္ခဲ့တယ္။

မုန္႔ရန္က လမ္းတေလွ်ာက္ကလူတိုင္း လည္ျပန္ေငးရေလာက္တဲ့အထိဆြဲေဆာင္အားျပင္းလြန္းေနတယ္။မုန္႔ရန္ရဲ႕ေနာက္မွာသာ လက္ေထာက္ေတြ၊သက္ေတာ္ေစာင့္ေတြပါမလာခဲ့ရင္ အခုေနဆို မုန္႔ရန္တစ္ေယာက္ လမ္းမွာ ဘယ္ႏွႀကိမ္ေလာက္ေတာင္ အေႏွာက္ယွက္ခံေနရမလဲဆိုတာ မေတြးရဲစရာပဲ....

ေ႐ွ႕နားမွာ ျမင္ေနရတဲ့လူတစ္ေယာက္ဆီက္ိဳ မုန္႔ရန္အျပဳံးတစ္ခုနဲ႔ ေျပးသြားလိုက္တယ္။

ေလာ္႐ိႈ႕ကသူဝတ္ထားတဲ့ Jacketကို ခြၽတ္ၿပီး မုန္႔ရန္ကို ျခဳံေပးရင္း ေပြ႕ဖက္လိုက္တယ္။

"ေပ်ာ္ခဲ့ရဲ႕လား??"

"Selsey နဲ႔စကားေျပာတယ္။ၿပီးေတာ့ သူ႕ရဲ႕ေရေမႊးကိုအနံ႔ခံၾကည့္ခဲ့တယ္။ကြၽန္ေတာ္ကတိေပးထားတယ္ေလ...တစ္စက္ေလးေတာင္ မေသာက္ခဲ့ပါဘူးေနာ္"

ေလာ္႐ိႈ႕က မုန္႔ရန္ရဲ႕ မ်က္ႏွာေလးကို ခပ္ဖြဖြပုတ္ေပးလိုက္ၿပီး ေပြ႕ဖက္ကာ အခန္းထဲကို ျပန္ေခၚသြားခဲ့တယ္။

မုန္႔ရန္တစ္ေယာက္ ေရခ်ိဳးၿပီးတာနဲ႔ ညဝတ္အက်ီ ဝတ္ၿပီး ေလာ္႐ိႈ႕ရဲ႕ လက္ေမာင္းကို ေခါင္းအုံးထားလိုက္တယ္။

မုန္႔ရန္ ေခါင္းေမာ့ၿပီးေလာ္႐ိႈ႕ကို နမ္းလိုက္တယ္။ေလာ္႐ိႈ႕ဘက္က တုံ႔ျပန္မႈကို ေစာင့္ေမွ်ာ္ေနခဲ့ေပမယ့္ ေလာ္႐ိႈ႕က မုန္႔ရန္ကို ဒီအတိုင္းေငးၾကည့္ေနတယ္။

"ဘာမွားေနလို႔လဲဟင္??"

"မင္းသာ ကိုယ္နဲ႔ လက္မထပ္ျဖစ္ခဲ့ရင္၊ကိုယ္ဝန္႐ွိမေနခဲ့ရင္ အခုေနဆို Party မွာ တျခားသူေတြနဲ႔အတူေပ်ာ္ေနေလာက္မွာပဲေနာ္.....

ေလာ္႐ိႈ႕က မုန္႔ရန္ရဲ႕ မ်က္ဝန္းေတြကို ေသခ်ာၾကည့္ေနတယ္။

"မင္းက အသက္ႏွစ္ဆယ္မျပည့္ေသးဘဲ ကိုယ္နဲ႔လက္ထပ္ၿပီး ကိုယ္ဝန္လြယ္ထားေနရၿပီ။အဲ့ေတာ့ မင္းရဲ႕ လူငယ္ဘဝအေတြ႕အၾကဳံေတြကို လြတ္လြတ္လပ္လပ္ မခံစားႏိုင္ခဲ့ဘူးေလ...ႏွစ္ေတြၾကာလာတဲ့ အခါ မင္းေနာင္တရလာလိမ့္မယ္"

"ကြၽန္ေတာ္လုပ္ခ်င္တာေတြမလုပ္ခဲ့ရလို႔ေနာင္တရေကာင္းရလိမ့္မယ္။ ဒါေပမယ့္ ကြၽန္ေတာ္က
ဒါေတြလုပ္ဖို႔အတြက္ ခင္ဗ်ားအနားမွာေနၿပီးအခ်ိန္ေတြကုန္ဆုံးခ်င္တာပါ။အနာဂတ္မွာ ႐ွိတယ္၊မ႐ွိဘူးမေသခ်ာတဲ့ေနာင္တတရားအတြက္ေၾကာင့္နဲ႔ ခင္ဗ်ားနားမွာ႐ွိေနခြင့္ကို လက္မလြတ္လိုက္ႏိုင္ဘူး။ခင္ဗ်ားရဲ႕အနားမွာအတူေနရမယ့္ အခ်ိန္ေတြကိုလက္လႊတ္လိုက္မွသာ အနာဂတ္မွာ ေသခ်ာေပါက္ ကြၽန္ေတာ္ေနာင္တရေနမွာ....

"တကယ္ေတာ့...ကြၽန္ေတာ္ေလ..."

မုန္႔ရန္ ဗိုက္ေလးေပၚကို လက္တင္လိုက္တယ္။

"ဒီကေလးေလးေမြးလာမယ့္ အခ်ိန္ကို ကြၽန္ေတာ္ေမွ်ာ္ေနမိၿပီ..ဒီကေလးေလးနဲ႔ ခင္ဗ်ားနဲ႔က ကြၽန္ေတာ္႕ကိုေျခခ်ဳပ္မိေစတဲ့အရာေတြမွမဟုတ္တာ..ခင္ဗ်ားတို႔က ကြၽန္ေတာ္႕ရဲ႕ ေပ်ာ္႐ႊင္မႈေတြေလ..."

ေလာ္႐ိႈ႕က မုန္႔ရန္ကို ေနာက္တစ္ႀကိမ္ ထပ္နမ္းလိုက္ေလတယ္.....





Continue Reading

You'll Also Like

79.4K 4.7K 107
သရဲဆရာဝန္ (part _2)
28.2K 2.8K 42
သူမက သူမရဲ့ချစ်သူနဲ့တူ ရှိနေမယ်လို့တွေးပြီး မိဘမဲ့အဖြစ်ကူးပြောင်းလာခဲ့ပေမယ့် တစ်ခဏလေးအတွင်းမှာပဲ သူမရဲ့ ကမ္ဘာကြီးပျက်စီးသွားရတယ်။ အမွေဆက်ခံသူဆိုတဲ့နေ...
573K 92K 198
I don't own this story.I just translate it.So, credit to original author. Chinese Name- 小人鱼 Author- Du lai E Tran- N/A Genre- Comedy,shounen ai,Yaoi ...
18.9K 2.8K 59
လွန်ခဲ့သည့်ခြောက်လတွင် မြို့များအထက်၌ လွင့်မျောနေသည့် သိန်းချီသော Black towerမ်ား ကမ္ဘာအနှံ့တွင် ရုတ်တရက်ပေါ်ထွက်လာခဲ့သည်။ ဓာတုဗေဒပညာရှင်များ၊ ရူပဗေဒ...