Zawgyi ver..
ကမ႓ာေျမဆြဲအားခန္းမ
ကမ႓ေျမဆြဲအားခန္းမႏွင့္ က်င့္ၾကံေရးခန္းမၾကားတြင္ ႀကီးမားေသာ ကြာျခားခ်က္တစ္ခု႐ွိ၏၊ ၎မွာ ကမ႓ာေျမဆြဲအားခန္းမသည္ တစ္ကယ္တန္း ေတာင္တန္းမႀကီး၏တစ္စိတ္တစ္ပိုင္း ေတာင္တစ္လံုးျဖစ္ၿပီး တစ္ခုတည္းေသာဝင္ေပါက္မွာလည္း ပြင့္ဟေနေသာ အနက္ေရာင္လွိုဏ္ဂူႀကီးတစ္လုံးသာ ျဖစ္ေလသည္၊ ၎ဝင္ေပါက္ထိပ္၌ 'ကမ႓ာေျမဆြဲအား ခန္းမ' ဟူေသာ စာလံုးႀကီးႏွစ္လံုးအား ခမ္းနားစြာ ခ်ိတ္ဆြဲျပသထား၏ ။
ယူေ႐ွာင္မိုမွ ဆိုလိုက္သည္ ။
" ကြၽန္ေတာ္ၾကားဖူးတာ ေက်ာင္းခြဲႏွစ္မွာ႐ွိတဲ့ ကမ႓ာေျမဆြဲအားအခန္းကို ဖန္တီးဖို႔ ေက်ာက္တံုးေတြကို ဒီေတာင္ကေနတူးယူခဲ့ၾကတာတဲ့၊ အဲ့ဒါသာတကယ္ဆို ဒီေတာင္ႀကီးက ဘယ္ေလာက္မ်ား ျကီးေနလိုက္မလဲပဲေနာ္.. "
လင္းေ႐ွာင္မွ ယူေ႐ွာင္မိုအား လွည့္ၾကည့္လိုက္သည္ ။
" ဝင္ေပါက္နားမွာ စည္းကမ္းခ်က္ေတြေရးထားပံုပဲ၊ သြားၾကည့္ျကရေအာင္ "
၎တို႔ႏွစ္ေယာက္ ေလ်ွာက္သြားေသာအခါ အမွန္ပင္ ဝင္ေပါက္၏ ညာဘက္နံရံ၌ စာလံုးအခ်ိဳ႕ေရးထားသည္အား ေတြ႔ရွိရ၏၊ ထိုေနရာ၌ စည္းကမ္းခ်က္အား ဖတ္႐ႈေနၾကေသာလူအခ်ိဳ႕႐ွိရာ ယူေ႐ွာင္မို ေျခဖ်ားေထာက္ၾကည့္ပါေသာ္လည္း 'စည္းကမ္းခ်က္မ်ား' ဟူေသာ ေခါင္းစည္းမွလြဲ တျခားစာသားမ်ားအား မျမင္ရေပ ။
လင္းေ႐ွာင္မွ ေခါင္းငံု႔ကာ ယူေ႐ွာင္မို႔နားကပ္၍ အျပံဳးတစ္ခုျဖင့္ ဆိုလိုက္ေလသည္ ။
" ကိုယ္မင္းကိုခ်ီေပးရမလား.. "
ယူေ႐ွာင္မို ခ်က္ခ်င္းေခါင္းယမ္းလိုက္၏ ။
" မလိုပါဘူး! "
ထိုျမင္ကြင္းမွာ လူအမ်ားေ႐ွ႕ အလြန္ပင္ ႐ွက္ဖြယ္ေကာင္းေနေပလိမ့္မည္ ။
ကံေကာင္းသည္မွာ စည္းကမ္းခ်က္မ်ားအား ႐ွည္လ်ားေထြျပားစြာ ေလ်ွာက္မေရးထားသျဖင့္ ေ႐ွ႕လူမ်ားမွ ျမန္ျမန္ဆန္ဆန္ ဖတ္႐ႈၿပီးစီးသြားၾကၿပီး ဝင္ေပါက္ထဲသို႔ ဆက္လက္ဝင္ေရာက္သြားၾကေတာ့သည္၊ ထို႔ေၾကာင့္ ယူေ႐ွာင္မိုႏွင့္ လင္းေ႐ွာင္သာ က်န္ခဲ့ေလသည္ ။
ပထမစည္းကမ္းခ်က္မွာ ကမ႓ာေျမဆြဲအားခန္းမအတြင္း၌ မည္သူ႔ကိုမွ တိုက္ခိုက္ခြင့္မ႐ွိေပ၊ အကယ္၍ေတြ႔႐ွိခဲ့ပါက ေက်ာင္းေတာ္မွ ခ်က္ခ်င္း ထုတ္ပယ္ခံရမည္ျဖစ္သည္၊ ၎စည္းကမ္းမွာ အလြန္တင္းၾကပ္ေသာေၾကာင့္ သင့္အေဖအားသတ္ခဲ့သူကို ေတြ႔လ်ွင္ေတာင္မွ ကိုယ့္ကိုယ္ကိုယ္ ထိန္းခ်ဳပ္ထားရန္သာ ႐ွိေပေတာ့သည္ ။
ဒုတိယမွာ ကမ႓ာေျမဆြဲအားခန္းမအား အသံုးျပဳျခင္းအတြက္ အဖိုးအခတစ္စံုတစ္ရာ သတ္မွတ္ထားျခင္းမ႐ွိေပ၊ ထို႔ေၾကာင့္ အမွတ္အတြက္ စိတ္ပူစရာမလိုပဲ ခန္းမတြင္း၌ ႀကိဳက္သေလာက္ ေလ့က်င့္ႏိုင္သည္၊ သို႔ေသာ္ သင္၏အခ်က္အလက္မ်ားအား မွတ္တမ္းယူထားနိုင္ရန္အတြက္ ကိုင္ေဆာင္ေသာကဒ္အား အထူးကိရိယာထဲထည့္၍ ဆြဲခ်ေပးခဲ့ရန္လိုအပ္သည္၊ သို႔ေသာ္ မလုပ္ခဲ့ခ်င္လည္း ရသည္ ။
တတိယမွာ စည္းကမ္းခ်က္မဟုတ္ပဲ သတိေပးခ်က္တစ္ခုသာျဖစ္၏၊ ၎မွာ ကမ႓ာေျမဆြဲအားေတာင္၏ ဖိအားသည္ အတြင္းသို႔သြားလ်ွင္ သြားသေလာက္ ပိုတိုးလာမည္ျဖစ္ေသာေၾကာင့္ ကိုယ့္ကိုယ္ကိုယ္ အတင္းဖိအားမေပးရန္၊ မိမိကိုယ္ကိုယ္ တစ္ႀကိမ္တည္းႏွင့္ အေတာ္ေဝးေဝးသြားႏိုင္မည္ဟု အထင္မေရာက္ရန္ သတိေပးထားေလသည္ ။
စည္းကမ္းခ်က္မ်ားအား အေသအခ်ာ ဖတ္႐ႈၿပီးေသာအခါ ႏွစ္ေယာက္သား လိႈဏ္ဂူအတြင္းသို႔ ဝင္လာခဲ့ၾကသည္၊ ေမွာင္မဲေနေသာေနရာအား ညလင္းပုလဲေပါင္း ေျမာက္မ်ားစြာျဖင့္ လင္းထိန္ေနေအာင္ အလွဆင္ထားသျဖင့္ ေန႔ဘက္ကဲ့သို႔ လင္းထိန္းေနေပသည္ ။
အတြင္း၌ ေဘာလံုးကြင္းကဲ့သို႔ အလြန္အမင္းက်ယ္ဝန္းေသာ ေနရာတစ္ခု႐ွိကာ လူေပါင္းႏွစ္ရာခန္႔ စုေဝးေနၾကေလသည္၊ ၎တို႔ႏွစ္ေယာက္ ေလ်ွာက္ဝင္သြားသည္ႏွင့္ လူေပါင္းရာေက်ာ္ စကားေျပာေနရာမွ ထြက္ေပၚလာေသာ အသံလိႈင္းလံုးႀကီးျဖင့္ ႐ိုက္ခတ္ျခင္းခံလိုက္ရသည္၊ ၎မွာ ေစ်းအတြင္း ေအာ္ဟစ္ဆူညံေနၾကေသာအသံျဖင့္ပင္ ဆင္တူေနေသးေတာ့၏၊ အေတာ္ေဝးေဝး႐ွိ နံရံတစ္ခုဆီမွ တံခါးဆယ္ခ်ပ္ ပြင့္မလာခင္အထိ ထိုကဲ့သို႔ဆက္လက္ ဆူညံေနၾကေသးသည္ ။
လူမ်ားစြာ႐ွိေသာေၾကာင့္ တံခါးဝ၌ ျပံဳတိုးေနျခင္းအား ေ႐ွာင္႐ွားရန္ ေက်ာင္းေတာ္မွ တံခါးငယ္ဆယ္ခု ျပဳလုပ္စီမံေပးထားေလ၏၊ တံခါးတစ္ခုမွ တစ္နာရီျခားတစ္ခါ လူငါးဦးစီ ဝင္ခြင့္ျပဳသည္၊ ထို႔ေၾကာင့္ ၎တံခါးတို႔မွာ သိပ္ေတာ့မေသးငယ္ေပ ။
လင္းေ႐ွာင္ႏွင့္ ယူေ႐ွာင္မိုတို႔ အလွည့္ေရာက္ေသာအခါ တံခါးနား႐ွိ တာဝန္က်အႀကီးအကဲမွ ေမးျမန္းေလ၏ ။
" ေနရာေရႊ႔ေျပာင္းေရး ေက်ာက္တံုးဝယ္ဦးမလား "
ယူေ႐ွာင္မို ေခတၱစဥ္းစားေနသည္၊ ေနရာေရႊ႔ေျပာင္းေရး ေက်ာက္တံုးဆိုသည္မွာ မည္သည္ကိုဆိုလိုမွန္း သူသိသည္၊ သူသည္အစက ေက်ာင္းေတာ္မွ ေက်ာင္းသားမ်ားအား ဤေနရာ၌ ရက္ရက္ေရာေရာ အလကားေလ့က်င့္ခြင့္ ေပးသည္ဟုထင္ခဲ့မိသည္၊ သို႔ေသာ္ ဤကဲ့သို႔ျဖစ္လိမ့္မည္ဟုေတာ့ မေတြးထားခဲ့မိေပ ။
အနည္းငယ္ တံု႔ဆိုင္းေနၿပီးေနာက္ ယူေ႐ွာင္မိုမွ ျပန္ေမးလိုက္၏ ။
" ေက်ာက္တံုးတစ္တံုးကို ဘယ္ေလာက္လဲ "
" ငါးမွတ္ "
" အဲ့ဒါဆိုလည္း ထားလိုက္ပါေတာ့ "
ယူေ႐ွာင္မို လက္ကိုယမ္းကာ ကမ႓ာေျမဆြဲအားေတာင္ထဲသို႔ ဝင္ရန္သာ လွည့္ထြက္သြားလိုက္သည္ ။
အမွတ္ငါးမွတ္မွာ မမ်ားေပ၊ သို႔ေသာ္ ေနရာေရႊ႔ေျပာင္းေရးေက်ာက္တံုးမ်ားမွာလည္း မ႐ွိမျဖစ္ မလိုအပ္ေပ၊ ထို႔အျပင္ မိမိထံ၌ ေနရာေရႊ႔ေျပာင္းေရးေက်ာက္တံုး ႐ွိေနပါက အျပင္သို႔ လြယ္လြယ္ကူကူ ျပန္ထြက္ႏိုင္မည္ျဖစ္ေသာေၾကာင့္ ေလ့က်င့္ေရး၏ အေကာင္းဆံုးရလဒ္အား ရ႐ွိႏိုင္ေတာ့မည္မဟုတ္ေပ ။
အႀကီးအကဲမွ ဘာမွျပန္မေျပာပဲ ယူေ႐ွာင္မိုႏွင့္ လင္းေ႐ွာင္တို႔ အတြင္းသို႔ ေလ်ွာက္ဝင္သြားသည္ကိုသာ ၾကည့္ေနလိုက္သည္၊ ထူးခြၽန္ထက္ျမက္သည့္ေက်ာင္းသားမ်ားမွ ဤေက်ာက္တံုးမ်ားအား မဝယ္ၾကသည္မွာ အမွန္တရားသာျဖစ္သည္ပင္ ။
အတြင္းသို႔ေရာက္ေသာအခါ ယူေ႐ွာင္မို သူ႔ခႏၶာကိုယ္ေပၚ ဖိအားခပ္ပါးပါးေလးတစ္ခု က်ေရာက္လာေၾကာင္း ခံစားမိလိုက္သည္၊ ၎ဖိအားသည္ ကမ႓ာေျမဆြဲအားအခန္းထဲ၌ ခံစားခဲ့ရဖူးေသာ ဖိအားႏွင့္မတူေပ၊ ၎၏သံုးပံုတစ္ပံုေလာက္သာ ႐ွိမည္ဟုထင္သည္၊ ယူေ႐ွာင္မို ပံုမွန္လမ္းေလ်ွာက္ေနက် အ႐ွိန္၏ သံုးပံုတစ္ပံုခန္႔ေလာက္ျဖင့္ ေအးေအးေဆးေ လမ္းေလ်ွာက္ေနႏိုင္ေသး၏ ။
ေဘးဘီဝဲယာသို႔ အကဲခတ္ၾကည့္ေသာအခါ အျခားသူမ်ားသည္လည္း သူ႔ကဲ့သို႔ပင္ ဟန္မပ်က္သြားလာေနၾကေသး၏၊ လင္းေ႐ွာင္တစ္ေယာက္သာ ပံုမွန္အေနအထားအတိုင္း လမ္းေလ်ွာက္ေနၿပီး ဘာဖိအားမွခံစားေနရပံု မေပၚေပ ။
လင္းေ႐ွာင္မွ ေမးလာ၏ ။
" ဘယ္လိုခံစားရလဲ.. "
" အင္း.. နည္းနည္းေလာက္ ထပ္သြားဖို႔လိုဦးမယ္ထင္တယ္၊ ဒီနားမွာက ဖိအားမလံုေလာက္ဘူး "
လင္းေ႐ွာင္ ၎တို႔အေ႐ွ႕႐ွိ လူအုပ္အား လွမ္းၾကည့္လိုက္သည္၊ လူတိုင္းသည္ အတြင္းဘက္သို႔ ေလ်ွာက္လွမ္းေနၾကၿပီး ေနရာတစ္ခုသို႔ ေရာက္ေသာ္ ႐ုတ္တရက္ ခ႐ုမ်ားကဲ့သို႔ ေႏွးေကြးသြားၾကၿပီး အ႐ွိန္ေလ်ာ့က်ကုန္ၾကေလ၏၊ အနက္ေရာင္ၾကမ္းျပင္ေပၚသို႔ အၾကည့္ေရာက္သြားေသာအခါ မွိန္ပ်ပ်အလင္းေရာင္ေအာက္မွ အဝါေရာင္မ်ဥ္းတစ္ေၾကာင္း သားထားသည္အား မပီဝိုးတဝါး ျမင္လိုက္ရေလ၏ ။
" ဒါက ကမ႓ာေျမဆြဲအားေတာင္ရဲ႕ ပထမပိုင္းျဖစ္ႏိုင္တယ္၊ ေနာက္ထပ္မီတာႏွစ္ရာေလာက္ ထပ္ေလ်ွာက္ရင္ ဒုတိယပိုင္းကိုေရာက္မယ္ "
ထိုစကားေၾကာင့္ ယူေ႐ွာင္မို မ်က္ေမွာင္အနည္းငယ္ ျကဳပ္မိသြားရသည္ ။
" ဒီေတာင္မွာ အပိုင္းေတြထပ္ခြဲထားေသးတာလား၊ ဘယ္ႏွစ္ပိုင္းေလာက္႐ွိႏိုင္လဲ.. "
" မသိႏိုင္ဘူးေလ၊ အရင္ဆံုး သြားၾကည့္ၾကည့္ၾကတာေပါ့ "
ယူေ႐ွာင္မိုႏွင့္ လိုက္ေလ်ာညီေထြျဖစ္ေစရန္အတြက္ လင္းေ႐ွာင္မွ ေႏွးေႏွးသာလမ္းေလ်ွာက္ေလသည္၊ ထို႔ေၾကာင့္ တျခားသူမ်ားအျမင္တြင္ လင္းေ႐ွာင္သည္လည္း ၎တို႔ႏွင့္ ထူးမျခားနားသာျဖစ္သည္ ။
မီတာႏွစ္ရာမွာမမ်ားေသာ္လည္း ယူေ႐ွာင္မို နယ္နိမိတ္မ်ဥ္းနားေရာက္ခ်ိန္တြင္ ႏွဖူးေပၚ၌ ေခြၽးအနည္းငယ္ စို႔ခ်င္ေနၿပီျဖစ္သည္ ။
ဤကမ႓ာေျမဆြဲအားေတာင္အား ေလ်ာ့တြက္၍မရေပ၊ ပထမပိုင္း၌ေန၍ အခ်ိန္အေတာ္ၾကာေလ့က်င့္ျခင္းကပင္ ပ်ံလႊားငွက္ကေလးကဲ့သို႔ လ်င္ျမန္သြက္လက္သြားေစႏိုင္ၿပီး ခုန္ပ်ံေက်ာ္လႊားျခင္းမ်ားကိုပင္ အသာေလး ျပဳလုပ္ႏိုင္ေစေပ၏၊ ထိုအခ်က္အား စဥ္းစားမိလိုက္ေသာအခါ ယူေ႐ွာင္မိုမ်က္လံုးမ်ား အေရာင္ေတာက္ပသြားေလေတာ့သည္ ။
ယူေ႐ွာင္မိုအား အရိပ္တၾကည့္ၾကည့္ ၾကည့္ေနေသာ လင္းေ႐ွာင္သည္ ထိုအျပဳအမူအား ခ်က္ခ်င္း သတိျပဳလိုက္မိေပသည္ ။
ထို႔ေနာက္ယူေ႐ွာင္မိုမွ လင္းေ႐ွာင္၏အက်ီလက္အားဆြဲကာ သူ၏စိတ္ကူးမ်ားအား စိတ္လႈပ္႐ွားေပ်ာ္ရႊင္စြာ ေျပာလာ၏ ။
" လင္းေ႐ွာင္.. ကြၽန္ေတာ့္မွာအၾကံတစ္ခု႐ွိတယ္ သိလား၊ ကြၽန္ေတာ္တို႔ ေနာက္တစ္ခါ အျမန္ႏႈန္းေလ့က်င့္ဖို႔ ခင္ဗ်ားနယ္ေျမထဲကို သြားေနစရာမလိုေတာ့ဘူး၊ ဒီေနရာကလဲ အရမ္းေလ့က်င့္လို႔ ေကာင္းတဲ့ေနရာတစ္ခုပဲ၊ မဟုတ္ဘူးလား.. "
လင္းေ႐ွာင္ ခ်က္ခ်င္းသေဘာေပါက္သြားေလသည္၊ ယူေ႐ွာင္မိုမွ ဤနည္းျဖင့္ မိုးႀကိဳးမီးလ်ွံက်ားသစ္၏ လ်ွပ္စီးဒဏ္အား ေ႐ွာင္႐ွားခ်င္ေနေပ၏၊ သူေပးသည့္အၾကံမွာလည္း မဆိုးလွေသာေၾကာင့္ လင္းေ႐ွာင္ ယူေ႐ွာင္မို႔ သေဘာအတိုင္း ေခါင္းၿငိ္မ့္ေပးလိုက္ေလသည္ ။
" ေကာင္းၿပီေလ.. စမ္းၾကည့္ၾကတာေပါ့ "
ယူေ႐ွာင္မို ေအာင္ႏိုင္သူတစ္ေယာက္ကဲ့သို႔ အမူအယာမ်ား ျပဳလုပ္ေနေပသည္၊ အေတြးစိတ္ကူးထဲ၌ ။
ထို႔ေနာက္ လင္းေ႐ွာင္မွ ဆက္ေျပာလာ၏ ။
" ရလဒ္ေတြသိပ္မေကာင္းရင္ေတာ့ ကိုယ့္နယ္ေျမထဲမွာပဲ ျပန္ေလ့က်င့္ရမွာေနာ္ "
" အင္းပါ သိပါတယ္.. "
ယူေ႐ွာင္မို ျပန္ေျဖသာေျဖလိုက္ရသည္၊ ထိုသို႔လံုးဝအျဖစ္ခံမည္မဟုတ္ ။
စိုးရိမ္ေနရေသာကိစၥအား ေျဖ႐ွင္းၿပီးသြားေသာေၾကာင့္ ယူေ႐ွာင္မို႔ခႏၶာကိုယ္တစ္ခုလံုး ပိုမိုေပါ့ပါးသြားကာ အဝါေရာင္မ်ဥ္းအား စိတ္လက္ေပါ့ပါးစြာ ျဖတ္ေက်ာ္လိုက္၏၊ ထိုအခါ ပိုမိုျပင္းထန္ေသာဖိအားတစ္ခုက သူ႔ခႏၶာကိုယ္အား ခ်က္ခ်င္း ဖိခ်လာသည္ ။
ယူေ႐ွာင္မို အသက္႐ွဴပင္ ေအာင့္လိုက္မိသည္၊ ထင္သည့္အတိုင္းပင္ ဒုတိယအပိုင္း႐ွိဖိအားသည္ ယခင္ကထက္ ႏွစ္ဆပိုတိုးလာသည္၊ လႈပ္႐ွားမႈမ်ား ေႏွးေကြးသြားေသာ္လည္း အနည္းငယ္ေတာ့ လႈပ္႐ွားႏိုင္ေနေသးသည္၊ ၾကည့္ရသည္မွာ တတိယအပိုင္း႐ွိဖိအားသည္ ၎တို႔ ၿပိဳင္ပြဲအတြင္းက ခံစားခဲ့ရေသာဖိအားႏွင့္ အတူတူပင္႐ွိေလာက္မည္ဟု ခန္႔မွန္းလိုက္မိသည္ ။
၎တို႔ႏွစ္ေယာက္ တတိယအပိုင္းေရာက္သည္အထိ ဆက္လက္ေလ်ွာက္လာခဲ့ၾကသည္၊ တတိယအပိုင္းမွဖိအားမ်ားအား ခံစားလိုက္ရေသာအခါ ယူေ႐ွာင္မို အံ့ျသမိသြားသည္၊ ၎မွာ ယခင္ကႏွင့္ မတူေတာ့ပါေခ် ။
ကမ႓ာေျမဆြဲအားအခန္းသို႔ စတင္ဝင္ေရာက္ခဲ့စဥ္က ခံစားရသည္ဖိအားေၾကာင့္ သူလႈပ္ပင္မလႈပ္ႏိုင္ခဲ့ေပ၊ သို႔ေသာ္ ယခုအႀကိမ္တြင္ သူ႔ထံ၌ လႈပ္႐ွားရန္ စြမ္းအားအနည္းငယ္ က်န္ေနေသးပံုေပၚၿပီး ခႏၶာကိုယ္မွာလည္ ယခင္တစ္ေခါက္ကထက္ ပိုမိုေပါ့ပါးလ်က္႐ွိသည္၊ ထို႔ေၾကာင့္ ထိုထူးဆန္းျဖစ္ရပ္အား လင္းေ႐ွာင္ထံသို႔ သတင္းပို႔လိုက္ေလသည္ ။
" ေသခ်ာေပါက္ ထူးျခားရမွာေပါ့.. ၿပိဳင္ပြဲက်င္းပထားတာျဖင့္ ဘယ္ေလာက္ျကာေနၿပီလဲ၊ ဒီၾကားထဲမွာလည္း မင္း အဆင့္တက္လာၿပီး နယ္ေျမထဲမွာလည္း ေလ့က်င့္ထားေသးတယ္ေလ၊ အဲဒါမွတိုးတက္မလာရင္ ကိုယ္ကိုယ္ကိုယ္ သတ္ေသဖို႔ပဲေကာင္းေတာ့တယ္! "
ထိုစကားမ်ားၾကားေသာအခါ ယူေ႐ွာင္မို ကိုယ့္ကိုယ္ကိုယ္ ႐ွက္ရြံသြားမိသည္၊ အဆင့္တက္လာသည္ႏွင့္အမ်ွ ကိုယ္ခႏၶာၾကံခိုင္မႈပါ တိုးတက္လာသည္အား သူေမ့ေနခဲ့သည္ပင္၊ ထို႔အျပင္ လ်ွပ္စီးဒဏ္ကိုပါ မၾကာမၾကာခံခဲ့ရသျဖင့္ သူ၏ခႏၶာကိုယ္မွာ ဘက္ေပါင္းစံုမွ ၾကံ့ခိုင္လာလ်က္႐ွိသည္၊ ထို႔ေၾကာင့္ ယခင္ႏွင့္မတူ ထူးျခားလာသည္မွာ ျဖစ္သင့္ေပသည္ ။
ေျခလွမ္းမ်ားစြာထပ္ေလ်ွာက္ၿပီးေသာအခါ ယူေ႐ွာင္မို႔ေက်ာျပင္၌ ေခြၽးမ်ားရႊဲစိုလာေပေတာ့သည္ ။
ယူေရွာင္မို သူ႔လက္မ်ားအား ဒူးႏွစ္ဖက္ေပၚေထာက္ကာ အသက္လု႐ွဴေနရသည္၊ သို႔ေသာ္ မီတာသံုးရာအကြာ၌႐ွိေသာ အဝါေရာင္မ်ဥ္းအားလွမ္းၾကည့္ရင္း မိမိကိုယ္မိမိ ေ႐ွ႕ဆက္ရန္ အားေပးလိုက္သည္၊ ဒီေန႔မကုန္ခင္ စတုတၳအပိုင္းသို႔ ေရာက္ရမည္ဟုလည္း စိတ္ထဲမွႀကိတ္၍ က်ိန္ဆိုလိုက္ေသးသည္ ။
ထိုသို႔ေတြးေနစဥ္မွာပင္ လင္းေရွာင္မွ သူ႔ပခံုးအား ဖ်စ္ညႇစ္လာ၏၊ ယူေ႐ွာင္မိုလည္း လွည့္ၾကည့္လိုက္ေလသည္ ။
" ဘာလဲ.. "
" ဒီေန႔ေတာ့ တတိယအပိုင္းမွာပဲေလ့က်င့္ေတာ့ "
" ဘာလို႔လဲ.. "
ထိုအခါ လင္းေ႐ွာင္မွ သူ႔အားျပန္ေမးေလ၏ ။
" မင္းဒီကိုလာတာ ေလ့က်င့္ဖို႔လား ကိုယ့္ခံႏိုင္ရည္အားကိုယ္ စမ္းသပ္ဖို႔လား "
" ေလ့က်င့္ဖို႔.. "
" အခုမင္းခႏၶာကိုယ္နဲ႔သာဆို စတုတၳအပိုင္းထဲေရာက္ရင္ လႈပ္ေတာင္ လႈပ္ႏိုင္ပါေတာ့မလားပဲ၊ ဒီေတာင္ကလည္း ေက်ာင္းသားေတြ သူတို႔ကိုယ္သူတို႔ စမ္းသပ္ဖို႔လုပ္ထားတာမဟုတ္ဘူးေလ၊ အခုလုပ္ရမွာက တတိယအပိုင္းထဲမွာပဲေနၿပီး ေျပးႏိုင္လႊားႏိုင္တဲ့အထိ ေလ့က်င့္ဖို႔ပဲ၊ ပံုမွန္အတိုင္း ေျပးႏိုင္ခုန္ႏိုင္ၿပီဆိုတာနဲ႔ စတုတၳအပိုင္းထဲ သြားၾကည့္လို႔ရတယ္ "
ယူေ႐ွာင္မို ထိုအေၾကာင္း ဂ႐ုတစိုက္ စဥ္းစားလိုက္သည္၊ ၎၏အၾကံျပဳခ်က္မွာ က်ိဳးေၾကာင္းဆီေလ်ာ္ေပသည္ ။
လင္းေ႐ွာင္မွ ထပ္ေျပာလာ၏ ။
" ေလ့က်င့္တဲ့အခါ ဝိဥာဥ္စြမ္းအားကိုပါ အကူအေနနဲ႔သံုးလို႔ရတယ္၊ အဲ့လိုနည္းနဲ႔ ခႏၶာကိုယ္ကိုေလ့က်င့္ေနရင္း ဝိဥာဥ္စြမ္းအားထိန္းခ်ဳပ္တာကိုပါ ေလ့က်င့္လို႔ရတာေပါ့ "
ယူေ႐ွာင္မို လ်င္လ်င္ျမန္ျမန္ ေခါင္းၿငိမ့္ေထာက္ခံလိုက္သည္၊ လင္းေ႐ွာင္သာမဟုတ္ပါက သူဘယ္ေတာ့မွ ထိုကဲ့သို႔ ေတြးမိလိမ့္မည္မဟုတ္ေပ ။
ယူေ႐ွာင္မို ဝိဥာဥ္စြမ္းအားမ်ား ခ်က္ခ်င္းထုတ္လႊတ္လိုက္ကာ ခႏၶာကိုယ္အႏွံ႔ ဂ႐ုတစိုက္ ျဖန္႔က်က္လိုက္သည္၊ ေမ်ွာ္လင့္ထားသလိုပင္ ပိုမိုေပါ့ပါးလာသည္ကို ခံစားရ၏၊ လင္းေ႐ွာင္ရပ္ေနဆဲျဖစ္သည္ကို ျမင္ေသာအခါ ေပါ့ပါးစြာ လွမ္းေျပာလိုက္ေလသည္ ။
" ကြၽန္ေတာ့္ကို စိတ္ပူစရာမလိုပါဘူး၊ ခင္ဗ်ားသြားၾကည့္ခ်င္ ၾကည့္လို႔ရတယ္ "
လင္းေ႐ွာင္မွ ေခါင္းယမ္းလိုက္သည္ ။
" သြားလို႔မရဘူးေလ၊ ကိုယ့္ကိုေတြ႔သြားျကလိမ့္မယ္.. "
စိတ္ဝိဥာဥ္အဆင့္ ၾကယ္တစ္လံုးစြမ္းအား႐ွင္မွ ကမ႓ာေျမဆြဲအားေတာင္အဆံုးထိ ေလ်ွာက္သြားေနသည္လား၊ မည္သို႔မွ မျဖစ္ႏိုင္ပါေခ် ။
သူေျပာခ်င္သည့္အဓိပၸါယ္အား ယူေ႐ွာင္မိုနားလည္ေပ၏ ။
" အဲ့ဒါဆိုလည္း ခင္ဗ်ားအရင္ျပန္လိုက္ပါလား "
" ကိုယ္ျပန္သြားရင္လည္း ဘာမွမွလုပ္စရာမ႐ွိတာ၊ အဲ့ဒါေၾကာင့္ မင္းနဲ႔အေဖာ္လုပ္ၿပီး မင္းေလ့က်င့္တာၾကည့္ေနမယ္ "
ယူေ႐ွာင္မို ကိုယ့္ႏႈတ္ခမ္းကိုယ္ ဖိထားလိုက္မိသည္၊ ၎၏စကားမ်ားမွာ အလြန္နား႐ွက္စရာေကာင္းေပသည္၊ လင္းေ႐ွာင္မွ ဆံုးျဖတ္ထားၿပီးျဖစ္ရာ သူဘာမွထပ္မေျပာလိုေတာ့ေပ ။
" ၿပီးေရာေလ ခင္ဗ်ားသေဘာပဲ.. "
ထို႔ေနာက္ ေလ့က်င့္မႈအေပၚတြင္သာ အာရံုစိုက္ထားလိုက္သည္ ။
သူ၏ပထမပန္းတိုင္မွာ ေျပးနိုင္ရန္ျဖစ္သည္၊ ယခုမွာမူ ဝိဥာဥ္စြမ္းအား၏ အကူအညီျဖင့္ေတာင္မွ ေႏွးေႏွးခ်င္းသာ လမ္းေလ်ွာက္ႏိုင္ေသး၏၊ ေျခတစ္လွမ္းလွမ္းတိုင္း သံုးစကၠန္႔မ်ွ ၾကာျမင့္ေလသည္၊ ထို႔ေၾကာင့္ ယေန႔အဖို႔ေတာ့ ပံုမွန္အ႐ွိန္ႏႈန္းျဖင့္ လမ္းေလ်ွာက္ရန္ပင္ မျဖစ္ႏိုင္ေလာက္ေတာ့ေပ ။
ေနဝင္ခ်ိန္ေရာက္ေသာအခါ ယူေ႐ွာင္မိုတစ္ကိုယ္လံုး ေခြၽးမ်ားစိုရႊဲလ်က္ လင္းေ႐ွာင္မွ ေပြ႔ခ်ီသယ္ေဆာင္လာရေလ၏ ။
# 2.10.2021
အနည္းဆံုး တစ္ပတ္တစ္ပိုင္းေတာ့ တင္ေပးႏိုင္ေအာင္ႀကိဳးစားပါ့မယ္ေနာ္၊ တစ္ပတ္ထက္ေတာ့ပိုမၾကာေစရပါဘူး :'(
___________________
Unicode ver..
ကမ္ဘာမြေဆွဲအားခန်းမ
ကမ္ဘာမြေဆွဲအားခန်းမနှင့် ကျင့်ကြံရေးခန်းမကြားတွင် ကြီးမားသော ကွာခြားချက်တစ်ခုရှိ၏၊ ၎င်းမှာ ကမ္ဘာမြေဆွဲအားခန်းမသည် တစ်ကယ်တန်း တောင်တန်းမကြီး၏တစ်စိတ်တစ်ပိုင်း တောင်တစ်လုံးဖြစ်ပြီး တစ်ခုတည်းသောဝင်ပေါက်မှာလည်း ပွင့်ဟနေသော အနက်ရောင်လှိုဏ်ဂူကြီးတစ်လုံးသာ ဖြစ်လေသည်၊ ၎င်းဝင်ပေါက်ထိပ်၌ 'ကမ္ဘာမြေဆွဲအား ခန်းမ' ဟူသော စာလုံးကြီးနှစ်လုံးအား ခမ်းနားစွာ ချိတ်ဆွဲပြသထား၏ ။
ယူရှောင်မိုမှ ဆိုလိုက်သည် ။
" ကျွန်တော်ကြားဖူးတာ ကျောင်းခွဲနှစ်မှာရှိတဲ့ ကမ္ဘာမြေဆွဲအားအခန်းကို ဖန်တီးဖို့ ကျောက်တုံးတွေကို ဒီတောင်ကနေတူးယူခဲ့ကြတာတဲ့၊ အဲ့ဒါသာတကယ်ဆို ဒီတောင်ကြီးက ဘယ်လောက်များ ကြီးနေလိုက်မလဲပဲနော်.. "
လင်းရှောင်မှ ယူရှောင်မိုအား လှည့်ကြည့်လိုက်သည် ။
" ဝင်ပေါက်နားမှာ စည်းကမ်းချက်တွေရေးထားပုံပဲ၊ သွားကြည့်ကြရအောင် "
၎င်းတို့နှစ်ယောက် လျှောက်သွားသောအခါ အမှန်ပင် ဝင်ပေါက်၏ ညာဘက်နံရံ၌ စာလုံးအချို့ရေးထားသည်အား တွေ့ရှိရ၏၊ ထိုနေရာ၌ စည်းကမ်းချက်အား ဖတ်ရှုနေကြသောလူအချို့ရှိရာ ယူရှောင်မို ခြေဖျားထောက်ကြည့်ပါသော်လည်း 'စည်းကမ်းချက်များ' ဟူသော ခေါင်းစည်းမှလွဲ တခြားစာသားများအား မမြင်ရပေ ။
လင်းရှောင်မှ ခေါင်းငုံ့ကာ ယူရှောင်မို့နားကပ်၍ အပြုံးတစ်ခုဖြင့် ဆိုလိုက်လေသည် ။
" ကိုယ်မင်းကိုချီပေးရမလား.. "
ယူရှောင်မို ချက်ချင်းခေါင်းယမ်းလိုက်၏ ။
" မလိုပါဘူး! "
ထိုမြင်ကွင်းမှာ လူအများရှေ့ အလွန်ပင် ရှက်ဖွယ်ကောင်းနေပေလိမ့်မည် ။
ကံကောင်းသည်မှာ စည်းကမ်းချက်များအား ရှည်လျားထွေပြားစွာ လျှောက်မရေးထားသဖြင့် ရှေ့လူများမှ မြန်မြန်ဆန်ဆန် ဖတ်ရှုပြီးစီးသွားကြပြီး ဝင်ပေါက်ထဲသို့ ဆက်လက်ဝင်ရောက်သွားကြတော့သည်၊ ထို့ကြောင့် ယူရှောင်မိုနှင့် လင်းရှောင်သာ ကျန်ခဲ့လေသည် ။
ပထမစည်းကမ်းချက်မှာ ကမ္ဘာမြေဆွဲအားခန်းမအတွင်း၌ မည်သူ့ကိုမှ တိုက်ခိုက်ခွင့်မရှိပေ၊ အကယ်၍တွေ့ရှိခဲ့ပါက ကျောင်းတော်မှ ချက်ချင်း ထုတ်ပယ်ခံရမည်ဖြစ်သည်၊ ၎င်းစည်းကမ်းမှာ အလွန်တင်းကြပ်သောကြောင့် သင့်အဖေအားသတ်ခဲ့သူကို တွေ့လျှင်တောင်မှ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ထားရန်သာ ရှိပေတော့သည် ။
ဒုတိယမှာ ကမ္ဘာမြေဆွဲအားခန်းမအား အသုံးပြုခြင်းအတွက် အဖိုးအခတစ်စုံတစ်ရာ သတ်မှတ်ထားခြင်းမရှိပေ၊ ထို့ကြောင့် အမှတ်အတွက် စိတ်ပူစရာမလိုပဲ ခန်းမတွင်း၌ ကြိုက်သလောက် လေ့ကျင့်နိုင်သည်၊ သို့သော် သင်၏အချက်အလက်များအား မှတ်တမ်းယူထားနိုင်ရန်အတွက် ကိုင်ဆောင်သောကဒ်အား အထူးကိရိယာထဲထည့်၍ ဆွဲချပေးခဲ့ရန်လိုအပ်သည်၊ သို့သော် မလုပ်ခဲ့ချင်လည်း ရသည် ။
တတိယမှာ စည်းကမ်းချက်မဟုတ်ပဲ သတိပေးချက်တစ်ခုသာဖြစ်၏၊ ၎င်းမှာ ကမ္ဘာမြေဆွဲအားတောင်၏ ဖိအားသည် အတွင်းသို့သွားလျှင် သွားသလောက် ပိုတိုးလာမည်ဖြစ်သောကြောင့် ကိုယ့်ကိုယ်ကိုယ် အတင်းဖိအားမပေးရန်၊ မိမိကိုယ်ကိုယ် တစ်ကြိမ်တည်းနှင့် အတော်ဝေးဝေးသွားနိုင်မည်ဟု အထင်မရောက်ရန် သတိပေးထားလေသည် ။
စည်းကမ်းချက်များအား အသေအချာ ဖတ်ရှုပြီးသောအခါ နှစ်ယောက်သား လှိုဏ်ဂူအတွင်းသို့ ဝင်လာခဲ့ကြသည်၊ မှောင်မဲနေသောနေရာအား ညလင်းပုလဲပေါင်း မြောက်များစွာဖြင့် လင်းထိန်နေအောင် အလှဆင်ထားသဖြင့် နေ့ဘက်ကဲ့သို့ လင်းထိန်းနေပေသည် ။
အတွင်း၌ ဘောလုံးကွင်းကဲ့သို့ အလွန်အမင်းကျယ်ဝန်းသော နေရာတစ်ခုရှိကာ လူပေါင်းနှစ်ရာခန့် စုဝေးနေကြလေသည်၊ ၎င်းတို့နှစ်ယောက် လျှောက်ဝင်သွားသည်နှင့် လူပေါင်းရာကျော် စကားပြောနေရာမှ ထွက်ပေါ်လာသော အသံလှိုင်းလုံးကြီးဖြင့် ရိုက်ခတ်ခြင်းခံလိုက်ရသည်၊ ၎င်းမှာ ဈေးအတွင်း အော်ဟစ်ဆူညံနေကြသောအသံဖြင့်ပင် ဆင်တူနေသေးတော့၏၊ အတော်ဝေးဝေးရှိ နံရံတစ်ခုဆီမှ တံခါးဆယ်ချပ် ပွင့်မလာခင်အထိ ထိုကဲ့သို့ဆက်လက် ဆူညံနေကြသေးသည် ။
လူများစွာရှိသောကြောင့် တံခါးဝ၌ ပြုံတိုးနေခြင်းအား ရှောင်ရှားရန် ကျောင်းတော်မှ တံခါးငယ်ဆယ်ခု ပြုလုပ်စီမံပေးထားလေ၏၊ တံခါးတစ်ခုမှ တစ်နာရီခြားတစ်ခါ လူငါးဦးစီ ဝင်ခွင့်ပြုသည်၊ ထို့ကြောင့် ၎င်းတံခါးတို့မှာ သိပ်တော့မသေးငယ်ပေ ။
လင်းရှောင်နှင့် ယူရှောင်မိုတို့ အလှည့်ရောက်သောအခါ တံခါးနားရှိ တာဝန်ကျအကြီးအကဲမှ မေးမြန်းလေ၏ ။
" နေရာရွှေ့ပြောင်းရေး ကျောက်တုံးဝယ်ဦးမလား "
ယူရှောင်မို ခေတ္တစဉ်းစားနေသည်၊ နေရာရွှေ့ပြောင်းရေး ကျောက်တုံးဆိုသည်မှာ မည်သည်ကိုဆိုလိုမှန်း သူသိသည်၊ သူသည်အစက ကျောင်းတော်မှ ကျောင်းသားများအား ဤနေရာ၌ ရက်ရက်ရောရော အလကားလေ့ကျင့်ခွင့် ပေးသည်ဟုထင်ခဲ့မိသည်၊ သို့သော် ဤကဲ့သို့ဖြစ်လိမ့်မည်ဟုတော့ မတွေးထားခဲ့မိပေ ။
အနည်းငယ် တုံ့ဆိုင်းနေပြီးနောက် ယူရှောင်မိုမှ ပြန်မေးလိုက်၏ ။
" ကျောက်တုံးတစ်တုံးကို ဘယ်လောက်လဲ "
" ငါးမှတ် "
" အဲ့ဒါဆိုလည်း ထားလိုက်ပါတော့ "
ယူရှောင်မို လက်ကိုယမ်းကာ ကမ္ဘာမြေဆွဲအားတောင်ထဲသို့ ဝင်ရန်သာ လှည့်ထွက်သွားလိုက်သည် ။
အမှတ်ငါးမှတ်မှာ မများပေ၊ သို့သော် နေရာရွှေ့ပြောင်းရေးကျောက်တုံးများမှာလည်း မရှိမဖြစ် မလိုအပ်ပေ၊ ထို့အပြင် မိမိထံ၌ နေရာရွှေ့ပြောင်းရေးကျောက်တုံး ရှိနေပါက အပြင်သို့ လွယ်လွယ်ကူကူ ပြန်ထွက်နိုင်မည်ဖြစ်သောကြောင့် လေ့ကျင့်ရေး၏ အကောင်းဆုံးရလဒ်အား ရရှိနိုင်တော့မည်မဟုတ်ပေ ။
အကြီးအကဲမှ ဘာမှပြန်မပြောပဲ ယူရှောင်မိုနှင့် လင်းရှောင်တို့ အတွင်းသို့ လျှောက်ဝင်သွားသည်ကိုသာ ကြည့်နေလိုက်သည်၊ ထူးချွန်ထက်မြက်သည့်ကျောင်းသားများမှ ဤကျောက်တုံးများအား မဝယ်ကြသည်မှာ အမှန်တရားသာဖြစ်သည်ပင် ။
အတွင်းသို့ရောက်သောအခါ ယူရှောင်မို သူ့ခန္ဓာကိုယ်ပေါ် ဖိအားခပ်ပါးပါးလေးတစ်ခု ကျရောက်လာကြောင်း ခံစားမိလိုက်သည်၊ ၎င်းဖိအားသည် ကမ္ဘာမြေဆွဲအားအခန်းထဲ၌ ခံစားခဲ့ရဖူးသော ဖိအားနှင့်မတူပေ၊ ၎င်း၏သုံးပုံတစ်ပုံလောက်သာ ရှိမည်ဟုထင်သည်၊ ယူရှောင်မို ပုံမှန်လမ်းလျှောက်နေကျ အရှိန်၏ သုံးပုံတစ်ပုံခန့်လောက်ဖြင့် အေးအေးဆေးဆေး လမ်းလျှောက်နေနိုင်သေး၏ ။
ဘေးဘီဝဲယာသို့ အကဲခတ်ကြည့်သောအခါ အခြားသူများသည်လည်း သူ့ကဲ့သို့ပင် ဟန်မပျက်သွားလာနေကြသေး၏၊ လင်းရှောင်တစ်ယောက်သာ ပုံမှန်အနေအထားအတိုင်း လမ်းလျှောက်နေပြီး ဘာဖိအားမှခံစားနေရပုံ မပေါ်ပေ ။
လင်းရှောင်မှ မေးလာ၏ ။
" ဘယ်လိုခံစားရလဲ.. "
" အင်း.. နည်းနည်းလောက် ထပ်သွားဖို့လိုဦးမယ်ထင်တယ်၊ ဒီနားမှာက ဖိအားမလုံလောက်ဘူး "
လင်းရှောင် ၎င်းတို့အရှေ့ရှိ လူအုပ်အား လှမ်းကြည့်လိုက်သည်၊ လူတိုင်းသည် အတွင်းဘက်သို့ လျှောက်လှမ်းနေကြပြီး နေရာတစ်ခုသို့ ရောက်သော် ရုတ်တရက် ခရုများကဲ့သို့ နှေးကွေးသွားကြပြီး အရှိန်လျော့ကျကုန်ကြလေ၏၊ အနက်ရောင်ကြမ်းပြင်ပေါ်သို့ အကြည့်ရောက်သွားသောအခါ မှိန်ပျပျအလင်းရောင်အောက်မှ အဝါရောင်မျဉ်းတစ်ကြောင်း သားထားသည်အား မပီဝိုးတဝါး မြင်လိုက်ရလေ၏ ။
" ဒါက ကမ္ဘာမြေဆွဲအားတောင်ရဲ့ ပထမပိုင်းဖြစ်နိုင်တယ်၊ နောက်ထပ်မီတာနှစ်ရာလောက် ထပ်လျှောက်ရင် ဒုတိယပိုင်းကိုရောက်မယ် "
ထိုစကားကြောင့် ယူရှောင်မို မျက်မှောင်အနည်းငယ် ကြုပ်မိသွားရသည် ။
" ဒီတောင်မှာ အပိုင်းတွေထပ်ခွဲထားသေးတာလား၊ ဘယ်နှစ်ပိုင်းလောက်ရှိနိုင်လဲ.. "
" မသိနိုင်ဘူးလေ၊ အရင်ဆုံး သွားကြည့်ကြည့်ကြတာပေါ့ "
ယူရှောင်မိုနှင့် လိုက်လျောညီထွေဖြစ်စေရန်အတွက် လင်းရှောင်မှ နှေးနှေးသာလမ်းလျှောက်လေသည်၊ ထို့ကြောင့် တခြားသူများအမြင်တွင် လင်းရှောင်သည်လည်း ၎င်းတို့နှင့် ထူးမခြားနားသာဖြစ်သည် ။
မီတာနှစ်ရာမှာမများသော်လည်း ယူရှောင်မို နယ်နိမိတ်မျဉ်းနားရောက်ချိန်တွင် နှဖူးပေါ်၌ ချွေးအနည်းငယ် စို့ချင်နေပြီဖြစ်သည် ။
ဤကမ္ဘာမြေဆွဲအားတောင်အား လျော့တွက်၍မရပေ၊ ပထမပိုင်း၌နေ၍ အချိန်အတော်ကြာလေ့ကျင့်ခြင်းကပင် ပျံလွှားငှက်ကလေးကဲ့သို့ လျင်မြန်သွက်လက်သွားစေနိုင်ပြီး ခုန်ပျံကျော်လွှားခြင်းများကိုပင် အသာလေး ပြုလုပ်နိုင်စေပေ၏၊ ထိုအချက်အား စဉ်းစားမိလိုက်သောအခါ ယူရှောင်မိုမျက်လုံးများ အရောင်တောက်ပသွားလေတော့သည် ။
ယူရှောင်မိုအား အရိပ်တကြည့်ကြည့် ကြည့်နေသော လင်းရှောင်သည် ထိုအပြုအမူအား ချက်ချင်း သတိပြုလိုက်မိပေသည် ။
ထို့နောက်ယူရှောင်မိုမှ လင်းရှောင်၏အကျီလက်အားဆွဲကာ သူ၏စိတ်ကူးများအား စိတ်လှုပ်ရှားပျော်ရွှင်စွာ ပြောလာ၏ ။
" လင်းရှောင်.. ကျွန်တော့်မှာအကြံတစ်ခုရှိတယ် သိလား၊ ကျွန်တော်တို့ နောက်တစ်ခါ အမြန်နှုန်းလေ့ကျင့်ဖို့ ခင်ဗျားနယ်မြေထဲကို သွားနေစရာမလိုတော့ဘူး၊ ဒီနေရာကလဲ အရမ်းလေ့ကျင့်လို့ ကောင်းတဲ့နေရာတစ်ခုပဲ၊ မဟုတ်ဘူးလား.. "
လင်းရှောင် ချက်ချင်းသဘောပေါက်သွားလေသည်၊ ယူရှောင်မိုမှ ဤနည်းဖြင့် မိုးကြိုးမီးလျှံကျားသစ်၏ လျှပ်စီးဒဏ်အား ရှောင်ရှားချင်နေပေ၏၊ သူပေးသည့်အကြံမှာလည်း မဆိုးလှသောကြောင့် လင်းရှောင် ယူရှောင်မို့ သဘောအတိုင်း ခေါင်းငြိ်မ့်ပေးလိုက်လေသည် ။
" ကောင်းပြီလေ.. စမ်းကြည့်ကြတာပေါ့ "
ယူရှောင်မို အောင်နိုင်သူတစ်ယောက်ကဲ့သို့ အမူအယာများ ပြုလုပ်နေပေသည်၊ အတွေးစိတ်ကူးထဲ၌ ။
ထို့နောက် လင်းရှောင်မှ ဆက်ပြောလာ၏ ။
" ရလဒ်တွေသိပ်မကောင်းရင်တော့ ကိုယ့်နယ်မြေထဲမှာပဲ ပြန်လေ့ကျင့်ရမှာနော် "
" အင်းပါ သိပါတယ်.. "
ယူရှောင်မို ပြန်ဖြေသာဖြေလိုက်ရသည်၊ ထိုသို့လုံးဝအဖြစ်ခံမည်မဟုတ် ။
စိုးရိမ်နေရသောကိစ္စအား ဖြေရှင်းပြီးသွားသောကြောင့် ယူရှောင်မို့ခန္ဓာကိုယ်တစ်ခုလုံး ပိုမိုပေါ့ပါးသွားကာ အဝါရောင်မျဉ်းအား စိတ်လက်ပေါ့ပါးစွာ ဖြတ်ကျော်လိုက်၏၊ ထိုအခါ ပိုမိုပြင်းထန်သောဖိအားတစ်ခုက သူ့ခန္ဓာကိုယ်အား ချက်ချင်း ဖိချလာသည် ။
ယူရှောင်မို အသက်ရှူပင် အောင့်လိုက်မိသည်၊ ထင်သည့်အတိုင်းပင် ဒုတိယအပိုင်းရှိဖိအားသည် ယခင်ကထက် နှစ်ဆပိုတိုးလာသည်၊ လှုပ်ရှားမှုများ နှေးကွေးသွားသော်လည်း အနည်းငယ်တော့ လှုပ်ရှားနိုင်နေသေးသည်၊ ကြည့်ရသည်မှာ တတိယအပိုင်းရှိဖိအားသည် ၎င်းတို့ ပြိုင်ပွဲအတွင်းက ခံစားခဲ့ရသောဖိအားနှင့် အတူတူပင်ရှိလောက်မည်ဟု ခန့်မှန်းလိုက်မိသည် ။
၎င်းတို့နှစ်ယောက် တတိယအပိုင်းရောက်သည်အထိ ဆက်လက်လျှောက်လာခဲ့ကြသည်၊ တတိယအပိုင်းမှဖိအားများအား ခံစားလိုက်ရသောအခါ ယူရှောင်မို အံ့သြမိသွားသည်၊ ၎င်းမှာ ယခင်ကနှင့် မတူတော့ပါချေ ။
ကမ္ဘာမြေဆွဲအားအခန်းသို့ စတင်ဝင်ရောက်ခဲ့စဉ်က ခံစားရသည်ဖိအားကြောင့် သူလှုပ်ပင်မလှုပ်နိုင်ခဲ့ပေ၊ သို့သော် ယခုအကြိမ်တွင် သူ့ထံ၌ လှုပ်ရှားရန် စွမ်းအားအနည်းငယ် ကျန်နေသေးပုံပေါ်ပြီး ခန္ဓာကိုယ်မှာလည် ယခင်တစ်ခေါက်ကထက် ပိုမိုပေါ့ပါးလျက်ရှိသည်၊ ထို့ကြောင့် ထိုထူးဆန်းဖြစ်ရပ်အား လင်းရှောင်ထံသို့ သတင်းပို့လိုက်လေသည် ။
" သေချာပေါက် ထူးခြားရမှာပေါ့.. ပြိုင်ပွဲကျင်းပထားတာဖြင့် ဘယ်လောက်ကြာနေပြီလဲ၊ ဒီကြားထဲမှာလည်း မင်း အဆင့်တက်လာပြီး နယ်မြေထဲမှာလည်း လေ့ကျင့်ထားသေးတယ်လေ၊ အဲဒါမှတိုးတက်မလာရင် ကိုယ်ကိုယ်ကိုယ် သတ်သေဖို့ပဲကောင်းတော့တယ်! "
ထိုစကားများကြားသောအခါ ယူရှောင်မို ကိုယ့်ကိုယ်ကိုယ် ရှက်ရွံသွားမိသည်၊ အဆင့်တက်လာသည်နှင့်အမျှ ကိုယ်ခန္ဓာကြံခိုင်မှုပါ တိုးတက်လာသည်အား သူမေ့နေခဲ့သည်ပင်၊ ထို့အပြင် လျှပ်စီးဒဏ်ကိုပါ မကြာမကြာခံခဲ့ရသဖြင့် သူ၏ခန္ဓာကိုယ်မှာ ဘက်ပေါင်းစုံမှ ကြံ့ခိုင်လာလျက်ရှိသည်၊ ထို့ကြောင့် ယခင်နှင့်မတူ ထူးခြားလာသည်မှာ ဖြစ်သင့်ပေသည် ။
ခြေလှမ်းများစွာထပ်လျှောက်ပြီးသောအခါ ယူရှောင်မို့ကျောပြင်၌ ချွေးများရွှဲစိုလာပေတော့သည် ။
ယူရှောင်မို သူ့လက်များအား ဒူးနှစ်ဖက်ပေါ်ထောက်ကာ အသက်လုရှူနေရသည်၊ သို့သော် မီတာသုံးရာအကွာ၌ရှိသော အဝါရောင်မျဉ်းအားလှမ်းကြည့်ရင်း မိမိကိုယ်မိမိ ရှေ့ဆက်ရန် အားပေးလိုက်သည်၊ ဒီနေ့မကုန်ခင် စတုတ္ထအပိုင်းသို့ ရောက်ရမည်ဟုလည်း စိတ်ထဲမှကြိတ်၍ ကျိန်ဆိုလိုက်သေးသည် ။
ထိုသို့တွေးနေစဉ်မှာပင် လင်းရှောင်မှ သူ့ပခုံးအား ဖျစ်ညှစ်လာ၏၊ ယူရှောင်မိုလည်း လှည့်ကြည့်လိုက်လေသည် ။
" ဘာလဲ.. "
" ဒီနေ့တော့ တတိယအပိုင်းမှာပဲလေ့ကျင့်တော့ "
" ဘာလို့လဲ.. "
ထိုအခါ လင်းရှောင်မှ သူ့အားပြန်မေးလေ၏ ။
" မင်းဒီကိုလာတာ လေ့ကျင့်ဖို့လား ကိုယ့်ခံနိုင်ရည်အားကိုယ် စမ်းသပ်ဖို့လား "
" လေ့ကျင့်ဖို့.. "
" အခုမင်းခန္ဓာကိုယ်နဲ့သာဆို စတုတ္ထအပိုင်းထဲရောက်ရင် လှုပ်တောင် လှုပ်နိုင်ပါတော့မလားပဲ၊ ဒီတောင်ကလည်း ကျောင်းသားတွေ သူတို့ကိုယ်သူတို့ စမ်းသပ်ဖို့လုပ်ထားတာမဟုတ်ဘူးလေ၊ အခုလုပ်ရမှာက တတိယအပိုင်းထဲမှာပဲနေပြီး ပြေးနိုင်လွှားနိုင်တဲ့အထိ လေ့ကျင့်ဖို့ပဲ၊ ပုံမှန်အတိုင်း ပြေးနိုင်ခုန်နိုင်ပြီဆိုတာနဲ့ စတုတ္ထအပိုင်းထဲ သွားကြည့်လို့ရတယ် "
ယူရှောင်မို ထိုအကြောင်း ဂရုတစိုက် စဉ်းစားလိုက်သည်၊ ၎င်း၏အကြံပြုချက်မှာ ကျိုးကြောင်းဆီလျော်ပေသည် ။
လင်းရှောင်မှ ထပ်ပြောလာ၏ ။
" လေ့ကျင့်တဲ့အခါ ဝိဉာဉ်စွမ်းအားကိုပါ အကူအနေနဲ့သုံးလို့ရတယ်၊ အဲ့လိုနည်းနဲ့ ခန္ဓာကိုယ်ကိုလေ့ကျင့်နေရင်း ဝိဉာဉ်စွမ်းအားထိန်းချုပ်တာကိုပါ လေ့ကျင့်လို့ရတာပေါ့ "
ယူရှောင်မို လျင်လျင်မြန်မြန် ခေါင်းငြိမ့်ထောက်ခံလိုက်သည်၊ လင်းရှောင်သာမဟုတ်ပါက သူဘယ်တော့မှ ထိုကဲ့သို့ တွေးမိလိမ့်မည်မဟုတ်ပေ ။
ယူရှောင်မို ဝိဉာဉ်စွမ်းအားများ ချက်ချင်းထုတ်လွှတ်လိုက်ကာ ခန္ဓာကိုယ်အနှံ့ ဂရုတစိုက် ဖြန့်ကျက်လိုက်သည်၊ မျှော်လင့်ထားသလိုပင် ပိုမိုပေါ့ပါးလာသည်ကို ခံစားရ၏၊ လင်းရှောင်ရပ်နေဆဲဖြစ်သည်ကို မြင်သောအခါ ပေါ့ပါးစွာ လှမ်းပြောလိုက်လေသည် ။
" ကျွန်တော့်ကို စိတ်ပူစရာမလိုပါဘူး၊ ခင်ဗျားသွားကြည့်ချင် ကြည့်လို့ရတယ် "
လင်းရှောင်မှ ခေါင်းယမ်းလိုက်သည် ။
" သွားလို့မရဘူးလေ၊ ကိုယ့်ကိုတွေ့သွားကြလိမ့်မယ်.. "
စိတ်ဝိဉာဉ်အဆင့် ကြယ်တစ်လုံးစွမ်းအားရှင်မှ ကမ္ဘာမြေဆွဲအားတောင်အဆုံးထိ လျှောက်သွားနေသည်လား၊ မည်သို့မှ မဖြစ်နိုင်ပါချေ ။
သူပြောချင်သည့်အဓိပ္ပါယ်အား ယူရှောင်မိုနားလည်ပေ၏ ။
" အဲ့ဒါဆိုလည်း ခင်ဗျားအရင်ပြန်လိုက်ပါလား "
" ကိုယ်ပြန်သွားရင်လည်း ဘာမှမှလုပ်စရာမရှိတာ၊ အဲ့ဒါကြောင့် မင်းနဲ့အဖော်လုပ်ပြီး မင်းလေ့ကျင့်တာကြည့်နေမယ် "
ယူရှောင်မို ကိုယ့်နှုတ်ခမ်းကိုယ် ဖိထားလိုက်မိသည်၊ ၎င်း၏စကားများမှာ အလွန်နားရှက်စရာကောင်းပေသည်၊ လင်းရှောင်မှ ဆုံးဖြတ်ထားပြီးဖြစ်ရာ သူဘာမှထပ်မပြောလိုတော့ပေ ။
" ပြီးရောလေ ခင်ဗျားသဘောပဲ.. "
ထို့နောက် လေ့ကျင့်မှုအပေါ်တွင်သာ အာရုံစိုက်ထားလိုက်သည် ။
သူ၏ပထမပန်းတိုင်မှာ ပြေးနိုင်ရန်ဖြစ်သည်၊ ယခုမှာမူ ဝိဉာဉ်စွမ်းအား၏ အကူအညီဖြင့်တောင်မှ နှေးနှေးချင်းသာ လမ်းလျှောက်နိုင်သေး၏၊ ခြေတစ်လှမ်းလှမ်းတိုင်း သုံးစက္ကန့်မျှ ကြာမြင့်လေသည်၊ ထို့ကြောင့် ယနေ့အဖို့တော့ ပုံမှန်အရှိန်နှုန်းဖြင့် လမ်းလျှောက်ရန်ပင် မဖြစ်နိုင်လောက်တော့ပေ ။
နေဝင်ချိန်ရောက်သောအခါ ယူရှောင်မိုတစ်ကိုယ်လုံး ချွေးများစိုရွှဲလျက် လင်းရှောင်မှ ပွေ့ချီသယ်ဆောင်လာရလေ၏ ။
# 2.10.2021
အနည်းဆုံး တစ်ပတ်တစ်ပိုင်းတော့ တင်ပေးနိုင်အောင်ကြိုးစားပါ့မယ်နော်၊ တစ်ပတ်ထက်တော့ပိုမကြာစေရပါဘူး :'(