Unicode
“နိုးပြီလား။ဘယ်လိုနေသေးလဲ”
နိုးနိုးချင်းမိမိအခန်းဖော်၏အမေးစကားကြောင့်ခေါင်းငြိမ့်ပြလိုက်သည်။ခေါင်းတော့နဲနဲအုံနေသေးသည်။
ကြည့်ရတာညကအဖျားတက်ခဲ့ပုံပင်။
“အဝတ်အစားတွေလည်းမင်းပဲလဲပေးတာလား”
Dutyသွားဖို့အတွက်အဝတ်အစားလဲနေရင်းနေရဲခန့်တစ်ချက်တော့ကြောင်သွားသည်။
နေရဲတို့အတန်းကDaw Khin Kyi Women Hospitalတွင်praticalဆင်းနေခြင်းဖြစ်သည်။
ကျောင်းတွင်first yearနှင့်ကိုခန့်ထည်ဝါတို့third yearတွေသာကျန်ခဲ့သည်။
“အေးပေါ့ကွ။မင်းမနေ့ညကအဖျားတွေတက်လို့ရေပတ်တိုက်ပေးရင်းအဝတ်အစားပါတစ်ခါထဲလဲပေးလိုက်တာ။ဒဏ်ရာတွေလည်းငါပဲဆေးထည့်ပေးခဲ့တာ”
“ကျေးဇူးပဲနေရဲရာ။ငါနေကောင်းရင်မုန့်ဝယ်ကျွေးပါ့မယ်”
“မလိုပါဘူးကွာ။မင်းသာဂရုစိုက်။ငါဒီနေ့24hrs dutyကျဆရာကိုခွင့်တိုင်ပေးထားမယ်။
ပြီးရင်မင်းကျတဲ့wardကsisterကိုပါခွင့်တိုင်ထားပေးမယ်။
ဪ.... ဒါနဲ့ မင်းအတွက်ဆန်ပြုတ်နဲ့ဆေးနဲ့ကိုစားပွဲပေါ်တင်ထားခဲ့တယ်နော်”
နေရဲကပြောစရာရှိတာပြောပြီးထွက်သွားပေမယ့် ကျန်ခဲ့သည့်မိုးသားကကြောင်တောင်တောင်ဖြစ်ကာနေခဲ့သည်။ဒီကောင်ဘယ်တုန်းကသူ့ကိုဒီလောက်ဂရုစိုက်တတ်သွားသည်လဲ။
မဖြစ်နိုင်တာဆိုသည့်အတွေးကိုစားပွဲပေါ်ကအငွေ့တထောင်းထောင်းထနေသည့်ဆန်ပြုတ်ပန်းကန်နှင့်ဆေးထုတ်လေးကမှန်ကန်ကြောင်းသက်သေပြခဲ့သည်။
ဗိုက်ဆာနေသောကြောင့် တွေးလက်စအတွေးကိုလက်စသတ်၍ဆန်ပြုတ်စားဖို့ပဲပြင်ဆင်လိုက်တော့သည်။
ပြောမရဘူးလေ။ဒီကောင်အခုမှစေတနာတွေရေစီးကမ်းပြိုလိုက်နေတာလည်းဖြစ်နိုင်သည်ပဲ။
သောက်လို့ကောင်းလိုက်တာ။မောင်မင်းကြီးသားကျန်းမာပါစေ။စော်လေးနဲ့အဆင်ပြေပါစေ။
“မိုးသား ငါဝင်ခဲ့မယ်နော်”
ခပ်ဖွဖွတံခါးခေါက်သံနှင့်အတူ မိုးသားအချစ်ဆုံးသူငယ်ချင်းကအခန်းထဲလို့လှမ်းဝင်လာလေသည်။
“ခုနမင်းအခန်းဖော်နဲ့လမ်းမှာတွေ့လို့။မင်းနေမကောင်းဘူးလို့Dutyမသွားဘူးကြားတယ်။
“အင်း”
စားလက်စဆန်ပြုတ်ပန်းကန်ကိုစားပွဲပေါ်တင်ရင်း မိုးသားခပ်အေးအေးဆိုမိသည်။အမှန်တကယ်ဆိုသူဟိန်းထက်နှင့်စကားမပြောချင်သေးသော်လည်း နှင်လည်းထုတ်ချင်စိတ်မရှိပေ။ဟိန်းထက်တင်မဟုတ်ပေ။အကိုနှင့်ပါမတွေ့ချင်ခြင်းဖြစ်သည်။
သူတို့နှစ်ယောက်ကိုတွေ့လျှင် လောလောလတ်လတ်ရထားသည့်ဒဏ်ရာကသွေးစိမ်းရှင်ရှင်ထွက်သကဲ့သို့နာသည်။
“တကယ်တော့ မနေ့က.....”
“ငါမသိချင်ဘူးဟိန်းထက်”
မိမိစကားမဆုံးခင်ဖြတ်ပြောသောကြောင့် အနည်းငယ်ကြောင်သွားရသည်။
“ငါမသိချင်ဘူး။သိလည်းမင်းအတွက်အကိုကငါ့ကိုထိုးတယ်ဆိုတဲ့အမှန်တရားကပြောင်းလဲသွားမှာမဟုတ်ဘူး။
ငါကိုခန့်ထည်ဝါကိုစိတ်နာတယ်”
“ငါ့ကိုရော.....”
“ငါမင်းနဲ့အဲ့အကြောင်းတွေဆွေးနွေးဖို့အဆင်သင့်မဖြစ်သေးဘူးဟိန်းထက်”
ပြတင်းပေါက်ကိုသာကြည့်၍ဆိုလာသောမိုးသားကယခုအချိန်မှမိမိကိုမတွေ့ချင်မမြင်ချင်သလိုပင်။ဟိန်းထက်အလိုက်သတိပင်ထွက်လာခဲ့တော့သည်။
တစ်နေ့တော့ငါ့ကိုနားလည်ပေးမယ်မလား။ ပြီး တော့ခွင့်လွှတ်မယ်မလား။
________________💚________________
မိုးသားတို့Rollထိပ်တွင်တွင်မတ်တပ်ရပ်ရင်းမိုးသားအခန်းဖော်ထွက်လာမည့်အချိန်ကိုစောင့်နေမိသည်။
ကြာလိုက်တာ။
“ကျွန်တော့်ဆီလာတာလားကိုခန့်ထည်”
“အာ နေရဲ။အကိုမျှော်နေတာ။
ထွက်မလာသေးလို့စောင့်နေတာ”
“စာမေးပွဲနီးပြီဆိုတော့လည်းသိတဲ့အတိုင်းပေါ့အကိုရာ။”
နေရဲမိမိရှေ့ကလူရဲ့ပုံစံကြောင့် စိတ်မသက်မသာဖြစ်မိသည်။ကိုခန့်ထည်ဝါကတစ်ညထဲနဲ့ပုံစံတွေအားလုံးပြောင်းလဲသွားသည်။
နွမ်းဖတ်ဖတ်မျက်နှာနှင့်မို့ဖောင်းနေသည့်မျက်နှာကိုကြည့်ရုံနှင့်ညကဘယ်လောက်ငိုကျွေးထားသလဲခန့်မှန်းလို့ရပြီဖြစ်သည်။
“အဆင်မပြေဘူးလား”
မိမိကိုကြည့်၍စိတ်မသက်မသာဟန်နှင့်မေးလာသောကောင်လေးကြောင့် သူအသာပြုံးပြလိုက်သည်။
“မိုးသားခံစားခဲ့တာနဲ့ယှဉ်ရင်အသေးအမွှားပါကွာ။မိုးသားမနက်ကဘာတွေမေးသေးလဲ ။အကိုမှန်းမသိဘူးမလား။ပြီးတော့သူ့ကိုဂရုစိုက်ပေးပါကွာ။အဲ့ဒါပြောချင်လို့စောင့်နေတာ။ကိုယ်သွားပြီ”
ကိုခန့်ထည်ကဆက်မဖြေချင်ပုံရသည်။ထို့ကြောင့်ခေါင်းအသာညိမ့်ပြရင်းထွက်လာခဲ့သည်။Dutyအဝင်နောက်ကျရင်အဆူခံရနိုင်သည်မလား။
________________💚________________
“ဆရာလေး ကျွန်မချုပ်ရိုးကြောင်းကနည်းနည်းနာနေလို့”
“ဟုတ်လား ဆရာဗိုက်ကိုတစ်ချက်လှန်မယ်နော်”
“ဟုတ်ကဲ့ဆရာ”
“ချုပ်ရိုးကပြည်တွေဘာတွေလည်းမတည်ပါဘူး။ကျွန်တော်ဆရာ့ကိုတစ်ချက်သွားပြောပြလိုက်ပါမယ်”
မနေ့ကတစ်နေ့လုံးနားပြီးပြီဆိုတော့ အားအင်အပြည့်ဖြင့်မိုးသားdutyပြန်ဆင်းနိုင်ပြီဖြစ်သည်။
လူကိုအတင်းနမ်းပြီးချစ်ပါတယ်ကြိုက်ပါတယ်ပြောခဲ့သည့်ထိုသူကအဲ့နေ့ညပြီးထဲကယခုထိမိမိဆီမဆက်သွယ်ခဲ့သလိုမျက်နှာပင်မမြင်ရပေ။
အလကားလူ။မမြင်ရတော့စိတ်ချမ်းတောင်သာသေး။
“ဆရာ”
အခန်းတံခါးဝခေါင်းတစ်၍ မိမိကိုခေါ်နေသောအသေးလေးကြောင့်ဘုန်းပြည့်မြတ် ဖတ်လက်စစာအုပ်ကိုပိတ်၍ မတ်တပ်ရပ်လိုက်သည်။
“အသေးလေးပါလား မနေ့ကဘာလို့မလာတာလဲ”
“သား နေမကောင်းလို့ဆရာ”
“အခုရောသက်သာသွားပြီလား။မသိပါဘူးကွာ။မင်းကဆရာစာသင်မှာကြောက်လို့ပတ်ပြေးနေတာလားလို့ ဟားဟား”
နူးညံ့ခြင်းတွေကိန်းအောင်းနေတဲ့ဆရာရယ်သံကြောင့် မိုးသားပါသဘောတကျလိုက်ရယ်မိသည်။
Dr.ဘုန်းပြည့်ကတကယ်ကိုစိတ်သဘောထားပြည့်ဝပြီး စာအသင်အပြကောင်းသောဆရာတစ်ယောက်ပင်ဖြစ်သည်။
Studentတွေpracticalလာဆင်းသည်မို့wardထဲကcaseတွေအကြောင်းကိုသေချာရှင်းပြ၍သင်ပေးတတ်သူဖြစ်သည်။တစ်ခါတစ်လေစာမသင်ချင်၍မိုးသားတို့ပတ်ပြေးရင်တောင် ရေခဲမုန့်နှင့်ဆွယ်၍ရအောင်သင်တတ်သေးသည်။
“ဒါနဲ့ဘာပြောမလို့လဲအသေးလေး”
“ကုတင်နံပါတ်၂၆ကမဖြူဖြူဝင်းက သူ့ချုပ်ရိုးကနာတယ်ဆိုပြီးcomplainတက်လို့ဆရာ။infectionဝင်တာလည်းမဟုတ်ဘူးဆရာ။ဒဏ်ရာကရဲနေတာမျိုးမရှိပြီး။ပြီးတော့ပြည်တွေဘာတွေလည်းမရှိဘူးဆရာ”
“အွန်း ဒါဆိုpain killerတစ်ခုခုပဲonထားလိုက်မယ်။ဆရာ့ကိုchartပေး”
“ဟုတ်”
“အွန့် ရပြီ။ပြီးရင်ပြန်လာခဲ့ဦး ဆရာ့မှာမုန့်တွေရှိတယ်”
“ဟီး....သေချာတာပေါ့ဆရာ”
သွားလေးဖြီး၍ထွက်သွားသောကလေးကြောင့်ဘုန်းပြည့်ခေါင်းခါလိုက်သည်။
ဒီကောင်လေးက သူ့အတန်းထဲကတခြားကလေူတွေနဲ့ယှဉ်ရင် လူကောင်လည်းသေးသလိုပိုပြီးလည်းကလေးဆန်သည်။
သူ့အတွက်တော့ညီလေးတစ်ယောက်ကောက်ရသလိုပင်။
________________💚________________
“ဆုမြတ် နင့်မလည်းနော် ကိုယ့်ဌာနကိုယ်မနေဘူး။အမြဲလစ်,လစ်ပြီး ဒီဘက်ပဲလာနေတယ်”
ထမင်းစားချိန်အခန်းထဲတွင်စုနားနေရင်း ဘေးချင်းကပ်ရပ်wardကနေမိမိရှိရာwardသို့အမြဲရောက်လာတတ်သည့်မိဆုမြတ်အားအငေါ်တူးစကားဆိုမိသည်။
“ဟိန်းထက်ကအားရင်နင့်ဆီသွားပြီးစကားပြောပေးဖို့ပြောထားလို့ပါဟယ်”
ချက်ချင်းမျက်နှာပျက်သွားသည့်မိုးသားကိုကြည့်၍ စားလက်စထမင်းချိုင့်ကိုသိမ်းလိုက်သည်။
“စိတ်ဆိုးပြေလိုက်ပါတော့မိုးသားရယ်။ကိုခန့်ထည်လည်းနင့်ကိုချစ်နေကြောင်းဝန်ခံပြီးပြီပဲဟာ”
“ဆုမြတ်!အဲ့အကြောင်းနင်ပဲသိတာနော်။တိုးတိုးပြော။
ပြီးတော့ ကိုခန့်ထည်ဝါအကြောင်းငါကောင်းကောင်းသိတယ်။သူဒီလောက်နဲ့ပြောင်းလဲမှာမဟုတ်ဘူး။
သူအဲ့လိုပြောဖူးတာလဲငါတစ်ယောက်ထဲမဟုတ်ဘူး”
“သူတကယ်ချစ်သွားတာလဲဖြစ်မှာပါဟာ။နင်ခွင့်လွှတ်လိုက်ပါ”
ရေဗူးကိုဖွင့်သောက်ရင်းပုခုံးတွန့်ပြနေသည့်မိုးသားရောင်ကြောင့် ဆုမြတ်ထမင်းချိုင့်နှင့်ကောက်ထုချင်စိတ်ကိုမနည်းထိန်းထားရသည်။
“ဝါး....ကိုခန့်ထည်ကြီးကသူ့exနဲ့ပြန်တွဲနေလား။မညိုသွေးကcoupleပုံတင်ထားတယ်”
“ဘာ!!တကယ်ကြီးလားငါ့ကိုပြစမ်းပါဦး”
ဘေးဝိုင်းကကောင်မလေးနှစ်ယောက်ရဲ့အသံကြောင့် ဆုမြတ်ကမိုးသားကိုစိုးရိမ်စွာလှည့်ကြည့်သည်။
မိုးသားလက်ထဲကရေဗူးကိုတင်းနေအောင်ဆုပ်ကိုင်ထားရင်း ဆုမြတ်ကိုဘာမှမဖြစ်သလိုပြုံးပြလိုက်သည်။
အလကားလူ။
အစထဲကဒီလိုဖြစ်မယ်ဆိုတာသိသားပဲ။
ဒါနဲ့များမိမိကိုအတင်းနမ်းပြီး ချစ်တယ်ဆိုတာကိုလျှာအရိုးမရှိတိုင်းပြောခဲ့သေးသည်။
“အဟက်...ဘယ်လိုလဲဆုမြတ်”
“နင်အဆင်ပြေရဲ့လားမိုးသား”
မိုးသားမျက်မှောင်ကိုကျုံ့လျှက်ဆုမြတ်ကိုကြည့်လိုက်သည်။
မိမိကဘာအဆင်မပြေစရာရှိလဲ။
မိုးသားအနည်းငယ်အောင့်တက်လာသည့်ရင်ဘတ်ကိုမသိချင်ယောင်ဆောင်၍ ဆုမြတ်ကိုသာခပ်စူးစူးအကြည့်တချက်ပို့လွှတ်လိုက်သည်။
“နင့်စကားကဘာသဘောလဲ။ငါကဘာအဆင်မပြေစရာရှိလဲ။နောက်ကိုငါ့ကိုသူ့အကြောင်းနဲ့ပတ်သတ်ပြီးဘာမှမပြောနဲ့”
ဝုန်းဝုန်းဒိုင်းဒိုင်းနှင့်ထထွက်သွားသောမိုးသားကြောင့်ဆုမြတ်စိတ်မကောင်းစွာကျန်ခဲ့ရသည်။
“အဆင်မပြေဘူး”ဆိုပြီးငိုချလိုက်တာမှကောင်းဦးမယ်။
အခုလိုအခြေအနေကြီးကိုဘယ်လိုမှသဘောမတွေ့ပေ။
တကယ်အဆင်ပြေရင်ကောင်းမှာပဲ။
________________💚________________
Zawgyi
“နိုးၿပီလား။ဘယ္လိုေနေသးလဲ”
နိုးနိုးခ်င္းမိမိအခန္းေဖာ္၏အေမးစကားေၾကာင့္ေခါင္းၿငိမ့္ျပလိုက္သည္။ေခါင္းေတာ့နဲနဲအုံေနေသးသည္။
ၾကည့္ရတာညကအဖ်ားတက္ခဲ့ပုံပင္။
“အဝတ္အစားေတြလည္းမင္းပဲလဲေပးတာလား”
Dutyသြားဖို႔အတြက္အဝတ္အစားလဲေနရင္းေနရဲခန႔္တစ္ခ်က္ေတာ့ေၾကာင္သြားသည္။
ေနရဲတို႔အတန္းကDaw Khin Kyi Women Hospitalတြင္praticalဆင္းေနျခင္းျဖစ္သည္။
ေက်ာင္းတြင္first yearႏွင့္ကိုခန႔္ထည္ဝါတို႔third yearေတြသာက်န္ခဲ့သည္။
“ေအးေပါ့ကြ။မင္းမေန႕ညကအဖ်ားေတြတက္လို႔ေရပတ္တိုက္ေပးရင္းအဝတ္အစားပါတစ္ခါထဲလဲေပးလိုက္တာ။ဒဏ္ရာေတြလည္းငါပဲေဆးထည့္ေပးခဲ့တာ”
“ေက်းဇူးပဲေနရဲရာ။ငါေနေကာင္းရင္မုန႔္ဝယ္ေကြၽးပါ့မယ္”
“မလိုပါဘူးကြာ။မင္းသာဂ႐ုစိုက္။ငါဒီေန႕24hrs dutyက်ဆရာကိုခြင့္တိုင္ေပးထားမယ္။
ၿပီးရင္မင္းက်တဲ့wardကsisterကိုပါခြင့္တိုင္ထားေပးမယ္။
ဪ.... ဒါနဲ႕ မင္းအတြက္ဆန္ျပဳတ္နဲ႕ေဆးနဲ႕ကိုစားပြဲေပၚတင္ထားခဲ့တယ္ေနာ္”
ေနရဲကေျပာစရာရွိတာေျပာၿပီးထြက္သြားေပမယ့္ က်န္ခဲ့သည့္မိုးသားကေၾကာင္ေတာင္ေတာင္ျဖစ္ကာေနခဲ့သည္။ဒီေကာင္ဘယ္တုန္းကသူ႕ကိုဒီေလာက္ဂ႐ုစိုက္တတ္သြားသည္လဲ။
မျဖစ္နိုင္တာဆိုသည့္အေတြးကိုစားပြဲေပၚကအေငြ႕တေထာင္းေထာင္းထေနသည့္ဆန္ျပဳတ္ပန္းကန္ႏွင့္ေဆးထုတ္ေလးကမွန္ကန္ေၾကာင္းသက္ေသျပခဲ့သည္။
ဗိုက္ဆာေနေသာေၾကာင့္ ေတြးလက္စအေတြးကိုလက္စသတ္၍ဆန္ျပဳတ္စားဖို႔ပဲျပင္ဆင္လိုက္ေတာ့သည္။
ေျပာမရဘူးေလ။ဒီေကာင္အခုမွေစတနာေတြေရစီးကမ္းၿပိဳလိုက္ေနတာလည္းျဖစ္နိုင္သည္ပဲ။
ေသာက္လို႔ေကာင္းလိုက္တာ။ေမာင္မင္းႀကီးသားက်န္းမာပါေစ။ေစာ္ေလးနဲ႕အဆင္ေျပပါေစ။
“မိုးသား ငါဝင္ခဲ့မယ္ေနာ္”
ခပ္ဖြဖြတံခါးေခါက္သံႏွင့္အတူ မိုးသားအခ်စ္ဆုံးသူငယ္ခ်င္းကအခန္းထဲလို႔လွမ္းဝင္လာေလသည္။
“ခုနမင္းအခန္းေဖာ္နဲ႕လမ္းမွာေတြ႕လို႔။မင္းေနမေကာင္းဘူးလို႔Dutyမသြားဘူးၾကားတယ္။
“အင္း”
စားလက္စဆန္ျပဳတ္ပန္းကန္ကိုစားပြဲေပၚတင္ရင္း မိုးသားခပ္ေအးေအးဆိုမိသည္။အမွန္တကယ္ဆိုသူဟိန္းထက္ႏွင့္စကားမေျပာခ်င္ေသးေသာ္လည္း ႏွင္လည္းထုတ္ခ်င္စိတ္မရွိေပ။ဟိန္းထက္တင္မဟုတ္ေပ။အကိုႏွင့္ပါမေတြ႕ခ်င္ျခင္းျဖစ္သည္။
သူတို႔ႏွစ္ေယာက္ကိုေတြ႕လွ်င္ ေလာေလာလတ္လတ္ရထားသည့္ဒဏ္ရာကေသြးစိမ္းရွင္ရွင္ထြက္သကဲ့သို႔နာသည္။
“တကယ္ေတာ့ မေန႕က.....”
“ငါမသိခ်င္ဘူးဟိန္းထက္”
မိမိစကားမဆုံးခင္ျဖတ္ေျပာေသာေၾကာင့္ အနည္းငယ္ေၾကာင္သြားရသည္။
“ငါမသိခ်င္ဘူး။သိလည္းမင္းအတြက္အကိုကငါ့ကိုထိုးတယ္ဆိုတဲ့အမွန္တရားကေျပာင္းလဲသြားမွာမဟုတ္ဘူး။
ငါကိုခန႔္ထည္ဝါကိုစိတ္နာတယ္”
“ငါ့ကိုေရာ.....”
“ငါမင္းနဲ႕အဲ့အေၾကာင္းေတြေဆြးေႏြးဖို႔အဆင္သင့္မျဖစ္ေသးဘူးဟိန္းထက္”
ျပတင္းေပါက္ကိုသာၾကည့္၍ဆိုလာေသာမိုးသားကယခုအခ်ိန္မွမိမိကိုမေတြ႕ခ်င္မျမင္ခ်င္သလိုပင္။ဟိန္းထက္အလိုက္သတိပင္ထြက္လာခဲ့ေတာ့သည္။
တစ္ေန႕ေတာ့ငါ့ကိုနားလည္ေပးမယ္မလား။ ၿပီး ေတာ့ခြင့္လႊတ္မယ္မလား။
________________💚________________
မိုးသားတို႔Rollထိပ္တြင္တြင္မတ္တပ္ရပ္ရင္းမိုးသားအခန္းေဖာ္ထြက္လာမည့္အခ်ိန္ကိုေစာင့္ေနမိသည္။
ၾကာလိုက္တာ။
“ကြၽန္ေတာ့္ဆီလာတာလားကိုခန႔္ထည္”
“အာ ေနရဲ။အကိုေမွ်ာ္ေနတာ။
ထြက္မလာေသးလို႔ေစာင့္ေနတာ”
“စာေမးပြဲနီးၿပီဆိုေတာ့လည္းသိတဲ့အတိုင္းေပါ့အကိုရာ။”
ေနရဲမိမိေရွ႕ကလူရဲ႕ပုံစံေၾကာင့္ စိတ္မသက္မသာျဖစ္မိသည္။ကိုခန႔္ထည္ဝါကတစ္ညထဲနဲ႕ပုံစံေတြအားလုံးေျပာင္းလဲသြားသည္။
ႏြမ္းဖတ္ဖတ္မ်က္ႏွာႏွင့္မို႔ေဖာင္းေနသည့္မ်က္ႏွာကိုၾကည့္႐ုံႏွင့္ညကဘယ္ေလာက္ငိုေကြၽးထားသလဲခန႔္မွန္းလို႔ရၿပီျဖစ္သည္။
“အဆင္မေျပဘူးလား”
မိမိကိုၾကည့္၍စိတ္မသက္မသာဟန္ႏွင့္ေမးလာေသာေကာင္ေလးေၾကာင့္ သူအသာၿပဳံးျပလိုက္သည္။
“မိုးသားခံစားခဲ့တာနဲ႕ယွဥ္ရင္အေသးအမႊားပါကြာ။မိုးသားမနက္ကဘာေတြေမးေသးလဲ ။အကိုမွန္းမသိဘူးမလား။ၿပီးေတာ့သူ႕ကိုဂ႐ုစိုက္ေပးပါကြာ။အဲ့ဒါေျပာခ်င္လို႔ေစာင့္ေနတာ။ကိုယ္သြားၿပီ”
ကိုခန႔္ထည္ကဆက္မေျဖခ်င္ပုံရသည္။ထို႔ေၾကာင့္ေခါင္းအသာညိမ့္ျပရင္းထြက္လာခဲ့သည္။Dutyအဝင္ေနာက္က်ရင္အဆူခံရနိုင္သည္မလား။
________________💚________________
“ဆရာေလး ကြၽန္မခ်ဳပ္ရိုးေၾကာင္းကနည္းနည္းနာေနလို႔”
“ဟုတ္လား ဆရာဗိုက္ကိုတစ္ခ်က္လွန္မယ္ေနာ္”
“ဟုတ္ကဲ့ဆရာ”
“ခ်ဳပ္ရိုးကျပည္ေတြဘာေတြလည္းမတည္ပါဘူး။ကြၽန္ေတာ္ဆရာ့ကိုတစ္ခ်က္သြားေျပာျပလိုက္ပါမယ္”
မေန႕ကတစ္ေန႕လုံးနားၿပီးၿပီဆိုေတာ့ အားအင္အျပည့္ျဖင့္မိုးသားdutyျပန္ဆင္းနိုင္ၿပီျဖစ္သည္။
လူကိုအတင္းနမ္းၿပီးခ်စ္ပါတယ္ႀကိဳက္ပါတယ္ေျပာခဲ့သည့္ထိုသူကအဲ့ေန႕ညၿပီးထဲကယခုထိမိမိဆီမဆက္သြယ္ခဲ့သလိုမ်က္ႏွာပင္မျမင္ရေပ။
အလကားလူ။မျမင္ရေတာ့စိတ္ခ်မ္းေတာင္သာေသး။
“ဆရာ”
အခန္းတံခါးဝေခါင္းတစ္၍ မိမိကိုေခၚေနေသာအေသးေလးေၾကာင့္ဘုန္းျပည့္ျမတ္ ဖတ္လက္စစာအုပ္ကိုပိတ္၍ မတ္တပ္ရပ္လိုက္သည္။
“အေသးေလးပါလား မေန႕ကဘာလို႔မလာတာလဲ”
“သား ေနမေကာင္းလို႔ဆရာ”
“အခုေရာသက္သာသြားၿပီလား။မသိပါဘူးကြာ။မင္းကဆရာစာသင္မွာေၾကာက္လို႔ပတ္ေျပးေနတာလားလို႔ ဟားဟား”
ႏူးညံ့ျခင္းေတြကိန္းေအာင္းေနတဲ့ဆရာရယ္သံေၾကာင့္ မိုးသားပါသေဘာတက်လိဳက္ရယ္မိသည္။
Dr.ဘုန္းျပည့္ကတကယ္ကိုစိတ္သေဘာထားျပည့္ဝၿပီး စာအသင္အျပေကာင္းေသာဆရာတစ္ေယာက္ပင္ျဖစ္သည္။
Studentေတြpracticalလာဆင္းသည္မို႔wardထဲကcaseေတြအေၾကာင္းကိုေသခ်ာရွင္းျပ၍သင္ေပးတတ္သူျဖစ္သည္။တစ္ခါတစ္ေလစာမသင္ခ်င္၍မိုးသားတို႔ပတ္ေျပးရင္ေတာင္ ေရခဲမုန႔္ႏွင့္ဆြယ္၍ရေအာင္သင္တတ္ေသးသည္။
“ဒါနဲ႕ဘာေျပာမလို႔လဲအေသးေလး”
“ကုတင္နံပါတ္၂၆ကမျဖဴျဖဴဝင္းက သူ႕ခ်ဳပ္ရိုးကနာတယ္ဆိုၿပီးcomplainတက္လို႔ဆရာ။infectionဝင္တာလည္းမဟုတ္ဘူးဆရာ။ဒဏ္ရာကရဲေနတာမ်ိဳးမရွိၿပီး။ၿပီးေတာ့ျပည္ေတြဘာေတြလည္းမရွိဘူးဆရာ”
“အြန္း ဒါဆိုpain killerတစ္ခုခုပဲonထားလိုက္မယ္။ဆရာ့ကိုchartေပး”
“ဟုတ္”
“အြန႔္ ရၿပီ။ၿပီးရင္ျပန္လာခဲ့ဦး ဆရာ့မွာမုန႔္ေတြရွိတယ္”
“ဟီး....ေသခ်ာတာေပါ့ဆရာ”
သြားေလးၿဖီး၍ထြက္သြားေသာကေလးေၾကာင့္ဘုန္းျပည့္ေခါင္းခါလိုက္သည္။
ဒီေကာင္ေလးက သူ႕အတန္းထဲကတျခားကေလူေတြနဲ႕ယွဥ္ရင္ လူေကာင္လည္းေသးသလိုပိုၿပီးလည္းကေလးဆန္သည္။
သူ႕အတြက္ေတာ့ညီေလးတစ္ေယာက္ေကာက္ရသလိုပင္။
________________💚________________
“ဆုျမတ္ နင့္မလည္းေနာ္ ကိုယ့္ဌာနကိုယ္မေနဘူး။အၿမဲလစ္,လစ္ၿပီး ဒီဘက္ပဲလာေနတယ္”
ထမင္းစားခ်ိန္အခန္းထဲတြင္စုနားေနရင္း ေဘးခ်င္းကပ္ရပ္wardကေနမိမိရွိရာwardသို႔အၿမဲေရာက္လာတတ္သည့္မိဆုျမတ္အားအေငၚတူးစကားဆိုမိသည္။
“ဟိန္းထက္ကအားရင္နင့္ဆီသြားၿပီးစကားေျပာေပးဖို႔ေျပာထားလို႔ပါဟယ္”
ခ်က္ခ်င္းမ်က္ႏွာပ်က္သြားသည့္မိုးသားကိုၾကည့္၍ စားလက္စထမင္းခ်ိဳင့္ကိုသိမ္းလိုက္သည္။
“စိတ္ဆိုးေျပလိုက္ပါေတာ့မိုးသားရယ္။ကိုခန႔္ထည္လည္းနင့္ကိုခ်စ္ေနေၾကာင္းဝန္ခံၿပီးၿပီပဲဟာ”
“ဆုျမတ္!အဲ့အေၾကာင္းနင္ပဲသိတာေနာ္။တိုးတိုးေျပာ။
ၿပီးေတာ့ ကိုခန႔္ထည္ဝါအေၾကာင္းငါေကာင္းေကာင္းသိတယ္။သူဒီေလာက္နဲ႕ေျပာင္းလဲမွာမဟုတ္ဘူး။
သူအဲ့လိုေျပာဖူးတာလဲငါတစ္ေယာက္ထဲမဟုတ္ဘူး”
“သူတကယ္ခ်စ္သြားတာလဲျဖစ္မွာပါဟာ။နင္ခြင့္လႊတ္လိုက္ပါ”
ေရဗူးကိုဖြင့္ေသာက္ရင္းပုခုံးတြန႔္ျပေနသည့္မိုးသားေရာင္ေၾကာင့္ ဆုျမတ္ထမင္းခ်ိဳင့္ႏွင့္ေကာက္ထုခ်င္စိတ္ကိုမနည္းထိန္းထားရသည္။
“ဝါး....ကိုခန႔္ထည္ႀကီးကသူ႕exနဲ႕ျပန္တြဲေနလား။မညိုေသြးကcoupleပုံတင္ထားတယ္”
“ဘာ!!တကယ္ႀကီးလားငါ့ကိုျပစမ္းပါဦး”
ေဘးဝိုင္းကေကာင္မေလးႏွစ္ေယာက္ရဲ႕အသံေၾကာင့္ ဆုျမတ္ကမိုးသားကိုစိုးရိမ္စြာလွည့္ၾကည့္သည္။
မိုးသားလက္ထဲကေရဗူးကိုတင္းေနေအာင္ဆုပ္ကိုင္ထားရင္း ဆုျမတ္ကိုဘာမွမျဖစ္သလိုၿပဳံးျပလိုက္သည္။
အလကားလူ။
အစထဲကဒီလိုျဖစ္မယ္ဆိုတာသိသားပဲ။
ဒါနဲ႕မ်ားမိမိကိုအတင္းနမ္းၿပီး ခ်စ္တယ္ဆိုတာကိုလွ်ာအရိုးမရွိတိုင္းေျပာခဲ့ေသးသည္။
“အဟက္...ဘယ္လိုလဲဆုျမတ္”
“နင္အဆင္ေျပရဲ႕လားမိုးသား”
မိုးသားမ်က္ေမွာင္ကိုက်ဳံ႕လွ်က္ဆုျမတ္ကိုၾကည့္လိုက္သည္။
မိမိကဘာအဆင္မေျပစရာရွိလဲ။
မိုးသားအနည္းငယ္ေအာင့္တက္လာသည့္ရင္ဘတ္ကိုမသိခ်င္ေယာင္ေဆာင္၍ ဆုျမတ္ကိုသာခပ္စူးစူးအၾကည့္တခ်က္ပို႔လႊတ္လိုက္သည္။
“နင့္စကားကဘာသေဘာလဲ။ငါကဘာအဆင္မေျပစရာရွိလဲ။ေနာက္ကိုငါ့ကိုသူ႕အေၾကာင္းနဲ႕ပတ္သတ္ၿပီးဘာမွမေျပာနဲ႕”
ဝုန္းဝုန္းဒိုင္းဒိုင္းႏွင့္ထထြက္သြားေသာမိုးသားေၾကာင့္ဆုျမတ္စိတ္မေကာင္းစြာက်န္ခဲ့ရသည္။
“အဆင္မေျပဘူး”ဆိုၿပီးငိုခ်လိဳက္တာမွေကာင္းဦးမယ္။
အခုလိုအေျခအေနႀကီးကိုဘယ္လိုမွသေဘာမေတြ႕ေပ။
တကယ္အဆင္ေျပရင္ေကာင္းမွာပဲ။
________________💚________________