Wheelchair လေးကို ကိုယ်တိုင်လိမ့်ကာ အပင်လေးတွေကို ရေလောင်းပြုစုရတဲ့ ခံစားချက်လေးက တမူ ပေးစွမ်းပြန်သည်။ ဒီသုံးပတ်အတွင်းမှာ တစ်ယောက်ထဲ နေရတဲ့အချိန်တွေ များတာကြောင့် Wheelchair ကို ကိုယ်တိုင်တွန်းနိုင်စွမ်းကလည်း အင်မတန်ကျွမ်းကျင်နေပြီ ဖြစ်သည်။ ဘယ်ဘက်လက်ဖြင့်ရေကရားကိုကိုင်၍ ဟက်ခနဲ တစ်ချက်ရယ်လိုက်ကာ ပြတင်းပေါက်ဘက် ကိုဦးတည်ပြီး Wheelchair ကို လိမ့်လိုက်သည်။
ပြတင်းပေါက်ဘောင်ပေါ်က နေကြာပန်းအိုးလေးကို မြင်တော့ တစ်ချိန်က ဝန်းပြောခဲ့တဲ့စကားလေးက နားထဲမှာ တဝေ့ဝေ့ဖြင့် လာရိုက်ခတ်သည်။
" နေကြာပန်းကတောင် နေမင်းကိုကြည့်လိုက် မြေကြီးကိုကြည့်လိုက် ဖြစ်ဦးမယ် ကျွန်တော်က အစ်ကိုရှိရာတစ်ဖက်တည်းကိုပဲ မျက်နှာမူတာပါနော် " တဲ့။
" ဟက်! "
အခုတော့ ကျောပြင်လေးကိုတောင် မြင်ရခဲတဲ့ အချိန်ရောက်နေပါပေါ့လား။
နေမင်းကြီးကို မျက်နှာမူကာ ဝင့်ဝင့်ကြွားကြွား ပွင့်လန်းနေတဲ့ တစ်ပွင့်တည်းသော နေကြာပန်းကို အညှာကနေ ချိုးလိုက်သည်။
"နေကြာတွေကို အပိုင်ရထားတဲ့ နေမင်းကြီးကို မနာလိုလိုက်တာ "
ဘယ်အချိန်ကစပြီး မှားယွင်းခဲ့တာလဲ။
ဘယ်အချိန်ကစပြီး အေးစက်သွားတာလဲ။
ဘယ်အချိန်ကစပြီး ဝေးကွားသွားတာလဲ။
ဟိုကောင်လေးမိဘတွေရောက်လာခဲ့ရင် ဝန်း က ရန်းဘေးမှာပဲ တောက်တဲ့တစ်ကောင်လိုတွယ်ကပ်နေတော့မှာလို့ ထင်ခဲ့တာ။ ဝန်းတစ်ယောက်ကိုသာ အားကိုးစရာရှိတဲ့ ရန်းကိုပဲ ပြုစုတော့မှာလို့ ထင်ခဲ့တာ။ မဟုတ်ခဲ့ဘူး ။ အရင်လိုပဲ ရန်းကိုထားခဲ့ပြီး ဟိုကောင်လေးဆီ သွားနေတုန်း။
မနက်အိပ်ယာထရင် ရန်းကို တစ်ကိုယ်ရေသန့်ရှင်းရေးလုပ်ပေးပြီး မနက်စာကျွေးသည်။ပြီးရင် ဟိုကောင်လေးဆီ သွားသည်။နေ့လယ်ထမင်းစားချိန်ရောက်ရင် ရန်းဆီတစ်ခေါက်ပြန်လာသည်။ပြီးရင် ဟိုကောင်လေးဆီသွားသည်။ညနေထမင်းစားချိန်ရောက်ရင် ရန်းကိုထမင်းလာကျွေးသည်။ပြီးရင် ဟိုကောင်လေးဆီ ပြန်သွားပြန်သည်။ ထမင်းစားချိန်မှသာ ဝန်းမျက်နှာကိုမြင်ရသည်။ဝန်းက ရန်းကို ထမင်းကျွေးဖို့လောက်သာ ဂရုစိုက်တော့သည်။ အငတ်မထားတာပဲ ကျေးဇူးတင်ရမည်။ အဟင်း။
ညအိပ်ချိန်ရောက်ရင် ရန်းဆီပြန်လာသည်။တစ်ခါတစ်လေ ရန်းအိပ်ပျော်သွားမှရောက်လာတတ်သည်။ ရန်း နဲ့ ဝန်းကြားမှာ စကားတွတ်ထိုးဖို့အချိန်တွေမရှိတော့ဘူး ။ တဖြည်းဖြည်းနဲ့ ဝေးလာသလိုခံစားရသည်။ နီးလျက်ဝေးဆိုတာကို ရန်းလက်တွေ့ခံစားနေရပြီ။
ဒီကြားထဲ ဟိုကောင်လေးအခန်းက အရေးပေါ်အသံမြည်ရင် ဘယ်ချိန်ဖြစ်ဖြစ် ကပျာကယာပြေးထွက်သွားတတ်သေးသည်။ ဟိုကောင်လေးနဲ့ပတ်သက်ရင် အရင်ကထက် ပိုပြာယာခတ်လာတတ်သည်။ ဟိုကောင်လေးရဲ့မိဘတွေရှေ့မှာ မြေကြီးထဲဝင်သွားမတတ် ခေါင်းငုံ့ထားတတ်ပြီး ဟိုကောင်လေးကို အစွမ်းကုန်ပြုစုပြသည်။ ရယ်စရာကောင်းတဲ့ကောင် ။
မဟုတ်သေးဘူး ။ ရယ်စရာကောင်းတဲ့ကောင်က ဝန်းမဟုတ်ဘူး ငါ ။ ဟက်! ။
" ကိုရှေးဆက်ရန်း ဒီနေ့ ဓာတ်မှန်ရိုက်ရမယ်နော် ပြောထားတယ်မလား "
တာဝန်ကျသူနာပြုဆရာမလေးရဲ့အသံကြောင့် ပျံ့လွင့်နေတဲ့စိတ်တွေကို ပြန်ခေါက်သိမ်းရင်း ခေါင်းငြိမ့်ပြလိုက်သည်။ ဒီနေ့ ဓာတ်မှန်ရိုက်ရမယ့်နေ့ ဆိုတာ ဝန်းလည်း သိပေမယ့် တခြားသော လူမမာကိုပြုစုနေရတော့ မေ့နေသည်ထင်ပါရဲ့ ။
" ဟုတ်ကဲ့ ကျွန်တော် အဆင်သင့် ဖြစ်နေပါပြီ "
" လူနာရှင်ရော "
" မရှိဘူး.... ကျွန်တော့်မှာ လူနာရှင်မရှိဘူး "
အစကတည်းက လူနာရှင်မှ မရှိခဲ့တာ။
ဆေးရုံပေါ်မှာ ရန်း သတိရလာကတည်းက ဘေးနားမှာတစ်ယောက်မှ မရှိခဲ့ဘူး။ အားကိုးအားထားစရာ တစ်ယောက်သော ကလည်း အစကတည်းက ဘေးနားမှာ မရှိခဲ့တာပဲ။
" ဒါဆို ကျွန်မနဲ့အတူသွားရအောင် "
သူနာပြုဆရာမလေးက သွက်သွက်လက်လက်ပင် Wheelchair ကို တွန်းကာ ဓာတ်မှန်ဋ္ဌာနကို ပို့ပေးသည်။
တစ်ပွင့်တည်းသောနေကြာပန်းလေးက သူ့အလှကိုမပြနိုင်တော့ဘဲ ကြမ်းပြင်မှာမှောက်ကာ ခနေပြီ။
" အားလုံးအဆင်ပြေပါတယ်.... ခြေထောက်က ပတ်တီးဖြေလို့ရပြီ.... လက်ကတော့ နောက်အပတ်မှ ဖြေလို့ရမယ်.... ကျန်တာအားလုံးအဆင်ပြေပါတယ် "
" ကျေးဇူးပါဆရာ "
" ခေါင်းကဒဏ်ရာက ချုပ်ရိုးဖြေပြီးပြီဆိုပေမယ့် အမာရွတ်ကျန်ခဲ့မယ်ထင်တယ်... တာဝန်ခံဆရာဝန်ကို လိမ်းဆေးသောက်ဆေးမေးကြည့်လိုက်ပါ ...တစ်ခုခုအဆင်မပြေရင် ပြောပါ "
" ဟုတ်ကဲ့ ဆရာ ဟို.... ကျွန်တော် ဆေးရုံက ဆင်းလို့ရပြီလား ဗျ "
" ဆင်းချင်ရင်ဆင်းလို့ရပြီ... တာဝန်ခံဆရာဝန်ကို ပြောပြီး တာဝန်ခံဆရာဝန်ရဲ့ လက်မှတ်ယူပြီးဆင်းလို့ရပါပြီ.... လက်ပတ်တီးဖြေမှ လာခဲ့ပေါ့ "
" ဟုတ် ကျေးဇူးပါ ဆရာ "
.
" တင်း! တင်း! "
လွှားဖေဖေနှင့်အတူ လွှားကို တစ်ကိုယ်ရေသန့်ရှင်းရေး လုပ်ကူနေတုန်း မြည်လာတဲ့ ဖုန်း Alarm သံကြောင့် ဝန်း နာရီကြည့်လိုက်တော့ နေ့လယ်စာ စားချိန်တောင် ရောက်ပြီ။ အစ်ကို့ကိုနေ့လယ်စာသွားကျွေးရဦးမည်။
" သားချိန်း သွားနော် သားကောင်လေး ဗိုက်ဆာနေလိမ့်မယ် ဒီမှာက လွှားဖေကြီးလည်း ရှိနေတာပဲ သားမြန်မြန်လေးသွားလိုက်ဦး "
Alarm သံကို ကိုယ်သာမက လွှားဖေဖေပင် သိနေပြီ။ လွှားဖေဖေက သဘောထား သိပ်ပြီး ပြည့်ဝတဲ့ ဖခင်တစ်ယောက်ပင် ။ လွှားကို စိတ်ပူနေတဲ့ကြားထဲကပင် အစ်ကို့ကိုပါ ပူပန်ပေးတဲ့လူမျိုး ။
" ဟုတ် ဒါဆို ကျွန်တော်ခနသွား လိုက်ဦးမယ်ဗျ "
" သားကောင်လေးနဲ့ နေပေးလိုက်ပါဦး တစ်ယောက်ထဲ အားငယ်နေလိမ့်မယ် လွှား ဆီအမြဲတမ်း မလာလည်း ရပါတယ်ကွယ် ဦးတို့လည်းရှိနေပြီပဲ "
" ကျွန်တော့်မှာ တာဝန်ရှိလို့ပါ "
လွှားမိဘတွေရောက်လာပြီ ဆိုပြီး လွှားကို မျက်နှာလွဲခဲပစ် လုပ်လိုက်လို့မှ မဖြစ်တာ ။ လွှား သတိမရမခြင်း ဝန်းက ပြုစုပေးမှ အဓိပ္ပါယ်ရှိမှာ မဟုတ်ဘူးလား။
အစ်ကို့အခန်းနဲ့လွှားအခန်းက ကပ်လျက်ရှိနေတာမလို့ တော်ပါသေးတယ်။
နီးနီးလေးဆိုတော့ အရေးအကြောင်းဆို သွားရလာရ လွယ်ကူသည်။
ဝန်း အစ်ကို့ကို နေ့လယ်စာကျွေးဖို့ ပြန်လာတော့ အစ်ကိုကအခန်းထဲမှာ
မရှိ။ ရေချိုးခန်းထဲ သွားကြည့်တော့လည်း မတွေ့ ။ ဘယ်တွေလျှောက်သွားနေတာလဲ ။
" ဟို "
တစ်ယောက်ယောက်က အသံပြုလာတာကြောင့် လှည့်ကြည့်လိုက်တော့ သူနာပြုဆရာမလေး
" လူနာက ဓာတ်မှန်သွားရိုက်တယ် "
" အာ..."
ဖုန်းထဲမှာ မှတ်ထားတဲ့ note ကိုစစ်
ကြည့်လိုက်တော့ ဒီနေ့ အစ်ကို ဓာတ်မှန်ရိုက်ရမယ့် နေ့ ။ Alarm မပေးထားမိဘူး ။ မနေ့က ပင်ပန်းတာကြောင့် note မစစ်မိဘဲ အိပ်ပျော်သွားခဲ့တာပဲ ။
အစ်ကို့ရဲ့ ကိစ္စတွေကို ပစ်ထားမိနေပြီလား။
အစ်ကို့နောက်ကို လိုက်သွားရန် ခြေလှမ်းပြင်လိုက်တော့ အခန်းထဲကို ဝင်လာတဲ့အစ်ကို ။ ကျွန်တော့်ကို မြင်တော့ အစ်ကိုက ပြုံးပြသည်။ အရင်လို ကြင်နာမှုတွေတော့ မပါတော့ဘူး။
ပတ်တီးဖြေခဲ့သည်ထင်သည်။ အစ်ကို့ခြေထောက်မှာ ဖြူဖွေးဖွေးအနှောင်အဖွဲ့တွေမရှိတော့ဘူး ။ ချက်ချင်းအစ်ကို့ဘေးနားသွားကာ အစ်ကို့လက်ကို တွဲတော့ အစ်ကိုက ဝန်းလက်ကို ရုန်းကာ ဖယ်ချသည်။
" အစ်ကို "
အစ်ကို့ဆီကနေ ဖယ်ချခံလိုက်ရတာမလို့ အောင့်သက်သက်ဖြစ်သွားတာ အမှန် ။ အစ်ကိုက အမြဲတမ်း ဝန်းရဲ့ လက်ကို တွဲမှီခဲ့တာလေ ။
" မင်းနှုတ်ခမ်းကို ခုထိ ဆေးမထဲ့ရသေးဘူးလား "
ဒီညိုမဲစွဲနေတဲ့ နှုတ်ခမ်းထောင့်က
ကြည့်ရတာ အင်မတန် အကျည်းတန်စေသည်။ တကယ်ကို ပစ်စလက်ခတ်နေနေတာပဲ ။ ဆရာဝန်တွေကလည်း မမြင်ကြဘူးလား ။ ဒီလောက်အမြင်ဆိုးနေတာကို ဆေးထဲ့ပေးလိုက်ရင် ဘာဖြစ်သွားမှာကျနေတာပဲ ။ တစ်ယောက်မှ ဂရုမစိုက်ပေးကြဘူး ။
" အစ်ကို ပတ်တီးဖြေလိုက်ပြီလား လမ်းလျှောက်ရတာအဆင်ပြေလား "
" ဟိုကောင်လေးအဆင်ပြေရဲ့လား "
အစ်ကိုက ဝန်းမေးတာကို အလေးမထားဘဲ တခြားမေးခွန်းတစ်ခုနဲ့ တုံ့ပြန်သည်။ အစ်ကို့အပေါ် ဝန်းရဲ့ဂရုစိုက်မှု တွေကို သံသယဝင်နေတာလား ။ သူများအပေါ်ဂရုစိုက်တာနဲ့ နှိုင်းယှဥ်ပြချင်တာလား။
" ဘာလို့ နှစ်ယောက်ထဲ ရှိနေတဲ့အချိန်မှာ သူများအကြောင်းက ပါလာရတာလဲ"
" ဟင် ... ဟား..ဟား..အဆန်းလုပ်လို့ဝန်းရာ ခါတိုင်းလည်း နှစ်ယောက်ထဲရှိတဲ့အချိန် သူ့အကြောင်း မင်းပြောနေကျပဲကို ခုမှ ဘာတွေဖြစ် "
အစ်ကိုက ခေါင်းမော့ပြီး ခပ်ဟဟရယ်ကာ နှုတ်ခမ်းတစ်ခြမ်းမဲ့၍ ပြောလာပုံက ဝန်းကို ရယ်စရာလို သဘောထားနေတဲ့ပုံ ။ ဝန်း လက်သီးတင်းတင်းဆုပ်လိုက်သည် ။
" ကျွန်တော်က ရိုးရိုးသားသားပြောတာလေ "
" ငါကမရိုးမသားပြောနေလို့လား တကယ်သိချင်လို့ မေးတာပဲလေ "
ဝန်း စိတ်ကိုငြိမ်အောင်ထားလိုက်သည်။
စိတ်ရော ကိုယ်ရော နွမ်းနယ်နေတာကြောင့် အစ်ကိုနဲ့ စကားများမှာကို သိပ် ကြောက်သည်။ အခုချိန်မှာ အစ်ကိုနဲ့သာ ရန်ဖြစ်မိရင် ဝန်းရဲ့စိတ်တွေ ဘုန်းဘုန်းလဲသွားမှာ။
" အစ်ကို ဘာလို့တစ်ယောက်ထဲသွားတာလဲ ကျွန်တော်ရှိနေတာကို မေ့နေတာလား "
ဝန်းရေ လို့ခေါ်လိုက်တာနဲ့ အစ်ကို့ဘေးချက်ချင်းရောက်လာမယ့် ဝန်းကို အစ်ကိုက လျစ်လျူရှူကာ တစ်ယောက်ထဲ လုပ်ချင်တာတွေလုပ်နေပြန်သည်။ဒီကိစ္စကိုလည်း ဝန်း မကျေနပ်ဘူး ။
" မင်းရော ငါရှိတာကို သတိရလား "
အစ်ကိုက ဝန်းကိုလှည့်မကြည့်ဘဲ လက်တစ်ဖက်တည်းနဲ့ ပစ္စည်းတွေ သိမ်းနေရင်းဖြေလာသည်။မဟုတ်ဘူး မေးလာတာ ။ အဲ့အမေးအတွက် ကျွန်တော့်မှာ အဖြေရှိတယ် ။ကျွန်တော် အစ်ကို့ကို ဘယ်တုန်းကမှ မမေ့ထားခဲ့ဘူး။
" အစ်ကို ဘာလို့ ပစ္စည်းတွေသိမ်းနေတာလဲ "
" ငါဆေးရုံကဆင်းတော့မယ် "
အစ်ကို့လေသံက အေးအေးငြိမ်ငြိမ်လေးပါပဲ ။ ဒါပေမယ့် ဝန်းစိတ်ကိုတော့ လှုပ်ရှားစေတယ် ။ ဒီအကြောင်းနဲ့ပတ်သက်ပြီး ဝန်းကို တစ်ခွန်းမှမဆိုထားဘူးလေ။
" ကျွန်တော့်ကို ဘာလို့ဘာမှမပြောတာလဲ "
" မလိုဘူးထင်လို့ "
မလိုဘူးထင်လို့ တဲ့။ ကျွန်တော်က အစ်ကို့အတွက် ဘာမှအရေးမပါဘူးလား။ဝန်း ရင်ထဲ မွန်းကြပ်လာသည်။ခံစားရခက်လာသည်။နှလုံးသားကတဆစ်ဆစ်နာကျင်ကိုက်ခဲလာသည်။
" အစ်ကို ဘယ်လိုဖြစ်နေတာလဲ "
" ငါ ဘာဖြစ်နေလို့လဲ "
" ကျစ် ! အစ်ကို ဆေးရုံကဆင်းရင် တစ်ယောက်ထဲ ဘယ်လိုနေမှာလဲ "
"လဲ" ပေါင်းများစွာသော အမေးတွေကို အစ်ကိုက ဂရုမစိုက်သလို ခပ်ပေါ့ပေါ့ဖြေနေတာမလို့ ဝန်း စိတ်တိုကာအော်မိလိုက်သည်။အစ်ကိုကဝန်းကိုတွေးဆဆမျက်ဝန်းတွေနဲ့ကြည့်ပြီး ပါးစပ်အဟောင်းသား...
" ကျွန်တော်ပြောချင်တာက အစ်ကို့အိမ်နဲ့ဆေးရုံက နည်းနည်းဝေးတော့ ကျွန်တော် လာကြည့်ဖို့က... ဟို... လမ်းမှာတင် အချိန်ကြာနေမှာစိုးလို့ ဒီမှာက အစ်ကိုလိုတဲ့ချိန် ကျွန်တော်က အမြဲရှိနေတာမလား "
" ဟုတ်လား ငါလိုတဲ့ချိန် မင်းအမြဲရှိနေတာလား "
" ဟို ကျွန်တော်... "
အစ်ကို့အတွက် ကျွန်တော်အမြဲတမ်းရှိနေခဲ့တယ်မဟုတ်လား ။ မနက်မိုးမလင်းခင် ကျွန်တော် အိပ်ယာကထပြီး အိပ်မောကျနေတဲ့ အစ်ကို့မျက်နှာလေးကို တစိမ့်စိမ့် ကြည့်ရင်း တနေ့တာအတွက်အားယူတယ် ။ အစ်ကိုနိုးမလာခင်ကတည်းက မျက်နှာသစ်ဖို့ရာ သွားတိုက်ဆေးကအစ အဆင်သင့်
ထည့်ထားတယ် ။ ပြီးရင် ငါးလွှာကနေပြီး မြေညီထပ်မှာရှိတဲ့ ဆေးရုံကန်တင်းကနေ အစ်ကိုကြိုက်တဲ့ အစားအသောက်တွေ ကိုယ်တိုင်သွားယူတယ်။ အစ်ကို့အတွက် လိုအပ်တဲ့ဆေးတွေ ၊ အသုံးအဆောင်တွေ ကိုလည်း ကျွန်တော် အပြေးအလွှားဝယ်ခဲ့သေးတယ်လေ ။ အရင်လိုတီတီတာတာတွေ မပြောဖြစ်ပေမယ့် အစ်ကိုအိပ်ပျော်တဲ့အချိန်ထိစောင့်ပြီး အစ်ကို့နဖူးကို အနမ်းပေးပြီးမှ ကျွန်တော့်တစ်နေ့တာက အဆုံးသတ်တာ ။ ကျွန်တော့်စိတ်ထဲမှာ အစ်ကိုက အမြဲတမ်းဦးစားပေးပဲ။
" ငါတစ်ယောက်တည်း ဖြစ်တယ် "
အစ်ကို့ရဲ့ ခပ်ပြတ်ပြတ်ထွက်လာတဲ့စကားက မင်းမရှိလည်းဖြစ်တယ် ဆိုတဲ့သဘော ။
" ဘာလို့ အစ်ကိုလုပ်ချင်တာလုပ်ရတာလဲ ကျွန်တော့်ကိုနည်းနည်းပါးပါး တိုင်
ပင်ဦးမှပေါ့ "
" မလိုဘူးထင်လို့ လို့ ပြောပြီးပြီလေ "
" ကျွန်တော်က အစ်ကို ချစ်သူနော် "
အစ်ကို့ကို မျက်နှာချင်းဆိုင်ဆွဲလှည့်လိုက်ပြီး စူးရဲစွာကြည့်လိုက်တော့ အစ်ကို့က ဝန်းထက်မလျော့တဲ့ အကြည့်တွေနဲ့ ပြန်ကြည့်ကာ
"မင်းနဲ့ငါက တရားဝင်ဆိုင်တဲ့သူတွေမှမဟုတ်တာ မင်းက ငါ့ကိုမွေးထားတာလဲ မဟုတ်ဘူးလေ "
" အစ်ကို ကျွန်တော့်ကို မခနဲ့ နဲ့ !"
" အဟင်း "
ရှူးရှူးရဲရဲ ဒေါသထွက်နေတဲ့ ဝန်း ကို
ကြည့်ပြီး ရန်း ရယ်လိုက်သည်။ ခံစားတတ်လိုက်တာ ဝန်းရယ်။
" ကိုရှေးဆက်ရန်း Taxi ရောက်လာပြီ "
တက္ကစီရောက်လာပြီ။ ဘယ်အချိန်ထဲက ပြန်ဖို့စဥ်းစားထားတာလဲ။ ဒီပုံစံနဲ့ ကျစ်!အစ်ကိုကွာ။
" ဘယ်က Taxi လည်း အစ်ကို ထမင်းစားရမယ် "
" လမ်းမှာ ဝင်ဝယ်သွားလိုက်မယ် "
" ဟုတ်ပြီ... အစ်ကို အဲ့လောက် ပြန်ချင်နေရင်လည်း ကျွန်တော်လိုက်ပို့ပေးမယ် "
" မလိုဘူး "
" အစ်ကို! "
"အော် ဒီနေ့ မင်းတို့ဇာတ်လမ်းပြမယ့်ရက်ပဲ "
ဒီနေ့ ဇာတ်လမ်းတွဲ ပြမယ့်ရက်လား။ဝန်း ပင် မေ့နေခဲ့တာ။
" သစ်ခက်လွှား လည်း မြန်မြန်သတိရလာပါစေ... စိတ်ရင်းအမှန်ပါ... သူ့ကိုတော့ နှုတ်မဆက်တော့ဘူးနော်... မလိုဘူး ထင်လို့... မင်းလည်း ကိုယ့်ကိုယ်ကို ဂရုစိုက်ဦး "
" ကျွန်တော်...."
" ပြီးတော့ "
" ......"
" ငါ့ဆီမလာနဲ့ "
ဝန်း အစ်ကို့ကို အံ့သြမှုတွေ ညှိုးငယ်မှုတွေနဲ့ ပေါင်းပြီး ကြောင်အစွာ ကြည့်လိုက်သည်။
ဘယ်လိုစကားကြီးလဲ ။ အစ်ကိုက ဝန်းကို နှင်ထုတ်နေတာလား ။မတွေ့ချင်တော့တာလား။
" မင်းစိတ်ထဲမှာ ငါကလွဲပြီးဘယ်သူမှမရှိတော့တဲ့အချိန်ကျမှ ငါ့ဆီ လာခဲ့ "
အစ်ကို့စကားတွေကို ဝန်း ခံနိုင်ရည်မဲ့လာသည်။တုံ့ပြန်ဖို့လည်းအားမရှိသလိုတုံ့ပြန်မှုလည်းမလုပ်ချင်တော့။
အစ်ကို့လက်ထဲက အိတ်ကို သယ်ကူရန်ပြောင်းယူတော့ အစ်ကိုက အိတ်ကိုကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသည်။
" မ လို ဘူး "
တစ်လုံးချင်းစီကို ပီပီသသပြောကာ ကျောခိုင်းသွားတဲ့ အစ်ကို့ကျောပြင်က ဘာလို့ အဲ့လောက်ထိဝမ်းနည်းစရာကောင်းနေရတာလဲ ။
" မလိုဘူး " "မလိုဘူး " "မလိုဘူး "
" အားး...တောက်! "
အစ်ကို့ရဲ့ပစ်ပစ်ခါခါစကားလုံးတွေကို ဝန်း နားထဲစွဲနေသည်။
အခုရက်ပိုင်း အစ်ကို့အပြုအမူတွေက အရင်ကနဲ့ မတူတော့ဘူး။ ဝန်းကိုအရေးတယူမရှိတော့သလိုပဲ။အရင်လို စကားတွေဖောင်ဖွဲ့မပြောတော့သလို မျက်ဝန်းချင်းလည်းမဆုံတော့ဘူး။ အစ်ကိုနဲ့အတူရှိတဲ့အချိန်တွေက အရင်လို မနွေးထွေးတော့ဘူး ။ အရင်ကလို အငွေ့အသက်တွေ မရတော့ဘူး ။ အပြုံးတွေ မရှိတော့ဘူး ။
ဘယ်အချိန်ကစပြီး မှားယွင်းခဲ့တာလဲ။
ဘယ်အချိန်ကစပြီး အေးစက်သွားတာလဲ။
ဘယ်အချိန်ကစပြီး ဝေးကွာသွားတာလဲ။
.
(Zawgyi)
Wheelchair ေလးကို ကိုယ္တိုင္လိမ့္ကာ အပင္ေလးေတြကို ေရေလာင္းျပဳစုရတဲ့ ခံစားခ်က္ေလးက တမူ ေပးစြမ္းျပန္သည္။ ဒီသုံးပတ္အတြင္းမွာ တစ္ေယာက္ထဲ ေနရတဲ့အခ်ိန္ေတြ မ်ားတာေၾကာင့္ Wheelchair ကို ကိုယ္တိုင္တြန္းနိုင္စြမ္းကလည္း အင္မတန္ကြၽမ္းက်င္ေနၿပီ ျဖစ္သည္။ ဘယ္ဘက္လက္ျဖင့္ေရကရားကိုကိုင္၍ ဟက္ခနဲ တစ္ခ်က္ရယ္လိုက္ကာ ျပတင္းေပါက္ဘက္ ကိုဦးတည္ၿပီး Wheelchair ကို လိမ့္လိုက္သည္။
ျပတင္းေပါက္ေဘာင္ေပၚက ေနၾကာပန္းအိုးေလးကို ျမင္ေတာ့ တစ္ခ်ိန္က ဝန္းေျပာခဲ့တဲ့စကားေလးက နားထဲမွာ တေဝ့ေဝ့ျဖင့္ လာရိုက္ခတ္သည္။
" ေနၾကာပန္းကေတာင္ ေနမင္းကိုၾကည့္လိုက္ ေျမႀကီးကိုၾကည့္လိုက္ ျဖစ္ဦးမယ္ ကြၽန္ေတာ္က အစ္ကိုရွိရာတစ္ဖက္တည္းကိုပဲ မ်က္ႏွာမူတာပါေနာ္ " တဲ့။
" ဟက္! "
အခုေတာ့ ေက်ာျပင္ေလးကိုေတာင္ ျမင္ရခဲတဲ့ အခ်ိန္ေရာက္ေနပါေပါ့လား။
ေနမင္းႀကီးကို မ်က္ႏွာမူကာ ဝင့္ဝင့္ႂကြားႂကြား ပြင့္လန္းေနတဲ့ တစ္ပြင့္တည္းေသာ ေနၾကာပန္းကို အညွာကေန ခ်ိဳးလိုက္သည္။
"ေနၾကာေတြကို အပိုင္ရထားတဲ့ ေနမင္းႀကီးကို မနာလိုလိုက္တာ "
ဘယ္အခ်ိန္ကစၿပီး မွားယြင္းခဲ့တာလဲ။
ဘယ္အခ်ိန္ကစၿပီး ေအးစက္သြားတာလဲ။
ဘယ္အခ်ိန္ကစၿပီး ေဝးကြားသြားတာလဲ။
ဟိုေကာင္ေလးမိဘေတြေရာက္လာခဲ့ရင္ ဝန္း က ရန္းေဘးမွာပဲ ေတာက္တဲ့တစ္ေကာင္လိုတြယ္ကပ္ေနေတာ့မွာလို႔ ထင္ခဲ့တာ။ ဝန္းတစ္ေယာက္ကိုသာ အားကိုးစရာရွိတဲ့ ရန္းကိုပဲ ျပဳစုေတာ့မွာလို႔ ထင္ခဲ့တာ။ မဟုတ္ခဲ့ဘူး ။ အရင္လိုပဲ ရန္းကိုထားခဲ့ၿပီး ဟိုေကာင္ေလးဆီ သြားေနတုန္း။
မနက္အိပ္ယာထရင္ ရန္းကို တစ္ကိုယ္ေရသန့္ရွင္းေရးလုပ္ေပးၿပီး မနက္စာေကြၽးသည္။ၿပီးရင္ ဟိုေကာင္ေလးဆီ သြားသည္။ေန႕လယ္ထမင္းစားခ်ိန္ေရာက္ရင္ ရန္းဆီတစ္ေခါက္ျပန္လာသည္။ၿပီးရင္ ဟိုေကာင္ေလးဆီသြားသည္။ညေနထမင္းစားခ်ိန္ေရာက္ရင္ ရန္းကိုထမင္းလာေကြၽးသည္။ၿပီးရင္ ဟိုေကာင္ေလးဆီ ျပန္သြားျပန္သည္။ ထမင္းစားခ်ိန္မွသာ ဝန္းမ်က္ႏွာကိုျမင္ရသည္။ဝန္းက ရန္းကို ထမင္းေကြၽးဖို႔ေလာက္သာ ဂ႐ုစိုက္ေတာ့သည္။ အငတ္မထားတာပဲ ေက်းဇူးတင္ရမည္။ အဟင္း။
ညအိပ္ခ်ိန္ေရာက္ရင္ ရန္းဆီျပန္လာသည္။တစ္ခါတစ္ေလ ရန္းအိပ္ေပ်ာ္သြားမွေရာက္လာတတ္သည္။ ရန္း နဲ႕ ဝန္းၾကားမွာ စကားတြတ္ထိုးဖို႔အခ်ိန္ေတြမရွိေတာ့ဘူး ။ တျဖည္းျဖည္းနဲ႕ ေဝးလာသလိုခံစားရသည္။ နီးလ်က္ေဝးဆိုတာကို ရန္းလက္ေတြ႕ခံစားေနရၿပီ။
ဒီၾကားထဲ ဟိုေကာင္ေလးအခန္းက အေရးေပၚအသံျမည္ရင္ ဘယ္ခ်ိန္ျဖစ္ျဖစ္ ကပ်ာကယာေျပးထြက္သြားတတ္ေသးသည္။ ဟိုေကာင္ေလးနဲ႕ပတ္သက္ရင္ အရင္ကထက္ ပိုျပာယာခတ္လာတတ္သည္။ ဟိုေကာင္ေလးရဲ႕မိဘေတြေရွ႕မွာ ေျမႀကီးထဲဝင္သြားမတတ္ ေခါင္းငုံ႕ထားတတ္ၿပီး ဟိုေကာင္ေလးကို အစြမ္းကုန္ျပဳစုျပသည္။ ရယ္စရာေကာင္းတဲ့ေကာင္ ။
မဟုတ္ေသးဘူး ။ ရယ္စရာေကာင္းတဲ့ေကာင္က ဝန္းမဟုတ္ဘူး ငါ ။ ဟက္! ။
" ကိုေရွးဆက္ရန္း ဒီေန႕ ဓာတ္မွန္ရိုက္ရမယ္ေနာ္ ေျပာထားတယ္မလား "
တာဝန္က်သဴနာျပဳဆရာမေလးရဲ႕အသံေၾကာင့္ ပ်ံ့လြင့္ေနတဲ့စိတ္ေတြကို ျပန္ေခါက္သိမ္းရင္း ေခါင္းၿငိမ့္ျပလိုက္သည္။ ဒီေန႕ ဓာတ္မွန္ရိုက္ရမယ့္ေန႕ ဆိုတာ ဝန္းလည္း သိေပမယ့္ တျခားေသာ လူမမာကိုျပဳစုေနရေတာ့ ေမ့ေနသည္ထင္ပါရဲ႕ ။
" ဟုတ္ကဲ့ ကြၽန္ေတာ္ အဆင္သင့္ ျဖစ္ေနပါၿပီ "
" လူနာရွင္ေရာ "
" မရွိဘူး.... ကြၽန္ေတာ့္မွာ လူနာရွင္မရွိဘူး "
အစကတည္းက လူနာရွင္မွ မရွိခဲ့တာ။
ေဆး႐ုံေပၚမွာ ရန္း သတိရလာကတည္းက ေဘးနားမွာတစ္ေယာက္မွ မရွိခဲ့ဘူး။ အားကိုးအားထားစရာ တစ္ေယာက္ေသာ ကလည္း အစကတည္းက ေဘးနားမွာ မရွိခဲ့တာပဲ။
" ဒါဆို ကြၽန္မနဲ႕အတူသြားရေအာင္ "
သူနာျပဳဆရာမေလးက သြက္သြက္လက္လက္ပင္ Wheelchair ကို တြန္းကာ ဓာတ္မွန္႒ာနကို ပို႔ေပးသည္။
တစ္ပြင့္တည္းေသာေနၾကာပန္းေလးက သူ႕အလွကိုမျပနိုင္ေတာ့ဘဲ ၾကမ္းျပင္မွာေမွာက္ကာ ခေနၿပီ။
" အားလုံးအဆင္ေျပပါတယ္.... ေျခေထာက္က ပတ္တီးေျဖလို႔ရၿပီ.... လက္ကေတာ့ ေနာက္အပတ္မွ ေျဖလို႔ရမယ္.... က်န္တာအားလုံးအဆင္ေျပပါတယ္ "
" ေက်းဇူးပါဆရာ "
" ေခါင္းကဒဏ္ရာက ခ်ဳပ္ရိုးေျဖၿပီးၿပီဆိုေပမယ့္ အမာ႐ြတ္က်န္ခဲ့မယ္ထင္တယ္... တာဝန္ခံဆရာဝန္ကို လိမ္းေဆးေသာက္ေဆးေမးၾကည့္လိုက္ပါ ...တစ္ခုခုအဆင္မေျပရင္ ေျပာပါ "
" ဟုတ္ကဲ့ ဆရာ ဟို.... ကြၽန္ေတာ္ ေဆး႐ုံက ဆင္းလို႔ရၿပီလား ဗ် "
" ဆင္းခ်င္ရင္ဆင္းလို႔ရၿပီ... တာဝန္ခံဆရာဝန္ကို ေျပာၿပီး တာဝန္ခံဆရာဝန္ရဲ႕ လက္မွတ္ယူၿပီးဆင္းလို႔ရပါၿပီ.... လက္ပတ္တီးေျဖမွ လာခဲ့ေပါ့ "
" ဟုတ္ ေက်းဇူးပါ ဆရာ "
.
" တင္း! တင္း! "
လႊားေဖေဖႏွင့္အတူ လႊားကို တစ္ကိုယ္ေရသန့္ရွင္းေရး လုပ္ကူေနတုန္း ျမည္လာတဲ့ ဖုန္း Alarm သံေၾကာင့္ ဝန္း နာရီၾကည့္လိုက္ေတာ့ ေန႕လယ္စာ စားခ်ိန္ေတာင္ ေရာက္ၿပီ။ အစ္ကို႔ကိုေန႕လယ္စာသြားေကြၽးရဦးမည္။
" သားခ်ိန္း သြားေနာ္ သားေကာင္ေလး ဗိုက္ဆာေနလိမ့္မယ္ ဒီမွာက လႊားေဖႀကီးလည္း ရွိေနတာပဲ သားျမန္ျမန္ေလးသြားလိုက္ဦး "
Alarm သံကို ကိုယ္သာမက လႊားေဖေဖပင္ သိေနၿပီ။ လႊားေဖေဖက သေဘာထား သိပ္ၿပီး ျပည့္ဝတဲ့ ဖခင္တစ္ေယာက္ပင္ ။ လႊားကို စိတ္ပူေနတဲ့ၾကားထဲကပင္ အစ္ကို႔ကိုပါ ပူပန္ေပးတဲ့လူမ်ိဳး ။
" ဟုတ္ ဒါဆို ကြၽန္ေတာ္ခနသြား လိုက္ဦးမယ္ဗ် "
" သားေကာင္ေလးနဲ႕ ေနေပးလိုက္ပါဦး တစ္ေယာက္ထဲ အားငယ္ေနလိမ့္မယ္ လႊား ဆီအၿမဲတမ္း မလာလည္း ရပါတယ္ကြယ္ ဦးတို႔လည္းရွိေနၿပီပဲ "
" ကြၽန္ေတာ့္မွာ တာဝန္ရွိလို႔ပါ "
လႊားမိဘေတြေရာက္လာၿပီ ဆိုၿပီး လႊားကို မ်က္ႏွာလြဲခဲပစ္ လုပ္လိုက္လို႔မွ မျဖစ္တာ ။ လႊား သတိမရမျခင္း ဝန္းက ျပဳစုေပးမွ အဓိပ္ပါယ်ရွိမွာ မဟုတ္ဘူးလား။
အစ္ကို႔အခန္းနဲ႕လႊားအခန္းက ကပ္လ်က္ရွိေနတာမလို႔ ေတာ္ပါေသးတယ္။
နီးနီးေလးဆိုေတာ့ အေရးအေၾကာင္းဆို သြားရလာရ လြယ္ကူသည္။
ဝန္း အစ္ကို႔ကို ေန႕လယ္စာေကြၽးဖို႔ ျပန္လာေတာ့ အစ္ကိုကအခန္းထဲမွာ
မရွိ။ ေရခ်ိဳးခန္းထဲ သြားၾကည့္ေတာ့လည္း မေတြ႕ ။ ဘယ္ေတြေလွ်ာက္သြားေနတာလဲ ။
" ဟို "
တစ္ေယာက္ေယာက္က အသံျပဳလာတာေၾကာင့္ လွည့္ၾကည့္လိုက္ေတာ့ သူနာျပဳဆရာမေလး
" လူနာက ဓာတ္မွန္သြားရိုက္တယ္ "
" အာ..."
ဖုန္းထဲမွာ မွတ္ထားတဲ့ note ကိုစစ္
ၾကည့္လိုက္ေတာ့ ဒီေန႕ အစ္ကို ဓာတ္မွန္ရိုက္ရမယ့္ ေန႕ ။ Alarm မေပးထားမိဘူး ။ မေန႕က ပင္ပန္းတာေၾကာင့္ note မစစ္မိဘဲ အိပ္ေပ်ာ္သြားခဲ့တာပဲ ။
အစ္ကို႔ရဲ႕ ကိစၥေတြကို ပစ္ထားမိေနၿပီလား။
အစ္ကို႔ေနာက္ကို လိုက္သြားရန္ ေျခလွမ္းျပင္လိုက္ေတာ့ အခန္းထဲကို ဝင္လာတဲ့အစ္ကို ။ ကြၽန္ေတာ့္ကို ျမင္ေတာ့ အစ္ကိုက ၿပဳံးျပသည္။ အရင္လို ၾကင္နာမႈေတြေတာ့ မပါေတာ့ဘူး။
ပတ္တီးေျဖခဲ့သည္ထင္သည္။ အစ္ကို႔ေျခေထာက္မွာ ျဖဴေဖြးေဖြးအႏွောင္အဖြဲ႕ေတြမရွိေတာ့ဘူး ။ ခ်က္ခ်င္းအစ္ကို႔ေဘးနားသြားကာ အစ္ကို႔လက္ကို တြဲေတာ့ အစ္ကိုက ဝန္းလက္ကို ႐ုန္းကာ ဖယ္ခ်သည္။
" အစ္ကို "
အစ္ကို႔ဆီကေန ဖယ္ခ်ခံလိုက္ရတာမလို႔ ေအာင့္သက္သက္ျဖစ္သြားတာ အမွန္ ။ အစ္ကိုက အၿမဲတမ္း ဝန္းရဲ႕ လက္ကို တြဲမွီခဲ့တာေလ ။
" မင္းႏႈတ္ခမ္းကို ခုထိ ေဆးမထဲ့ရေသးဘူးလား "
ဒီညိုမဲစြဲေနတဲ့ ႏႈတ္ခမ္းေထာင့္က
ၾကည့္ရတာ အင္မတန္ အက်ည္းတန္ေစသည္။ တကယ္ကို ပစ္စလက္ခတ္ေနေနတာပဲ ။ ဆရာဝန္ေတြကလည္း မျမင္ၾကဘူးလား ။ ဒီေလာက္အျမင္ဆိုးေနတာကို ေဆးထဲ့ေပးလိုက္ရင္ ဘာျဖစ္သြားမွာက်ေနတာပဲ ။ တစ္ေယာက္မွ ဂ႐ုမစိုက္ေပးၾကဘူး ။
" အစ္ကို ပတ္တီးေျဖလိုက္ၿပီလား လမ္းေလွ်ာက္ရတာအဆင္ေျပလား "
" ဟိုေကာင္ေလးအဆင္ေျပရဲ႕လား "
အစ္ကိုက ဝန္းေမးတာကို အေလးမထားဘဲ တျခားေမးခြန္းတစ္ခုနဲ႕ တုံ႕ျပန္သည္။ အစ္ကို႔အေပၚ ဝန္းရဲ႕ဂ႐ုစိုက္မႈ ေတြကို သံသယဝင္ေနတာလား ။ သူမ်ားအေပၚဂ႐ုစိုက္တာနဲ႕ ႏွိုင္းယွဥ္ျပခ်င္တာလား။
" ဘာလို႔ ႏွစ္ေယာက္ထဲ ရွိေနတဲ့အခ်ိန္မွာ သူမ်ားအေၾကာင္းက ပါလာရတာလဲ"
" ဟင္ ... ဟား..ဟား..အဆန္းလုပ္လို႔ဝန္းရာ ခါတိုင္းလည္း ႏွစ္ေယာက္ထဲရွိတဲ့အခ်ိန္ သူ႕အေၾကာင္း မင္းေျပာေနက်ပဲကို ခုမွ ဘာေတြျဖစ္ "
အစ္ကိုက ေခါင္းေမာ့ၿပီး ခပ္ဟဟရယ္ကာ ႏႈတ္ခမ္းတစ္ျခမ္းမဲ့၍ ေျပာလာပုံက ဝန္းကို ရယ္စရာလို သေဘာထားေနတဲ့ပုံ ။ ဝန္း လက္သီးတင္းတင္းဆုပ္လိုက္သည္ ။
" ကြၽန္ေတာ္က ရိုးရိုးသားသားေျပာတာေလ "
" ငါကမရိုးမသားေျပာေနလို႔လား တကယ္သိခ်င္လို႔ ေမးတာပဲေလ "
ဝန္း စိတ္ကိုၿငိမ္ေအာင္ထားလိုက္သည္။
စိတ္ေရာ ကိုယ္ေရာ ႏြမ္းနယ္ေနတာေၾကာင့္ အစ္ကိုနဲ႕ စကားမ်ားမွာကို သိပ္ ေၾကာက္သည္။ အခုခ်ိန္မွာ အစ္ကိုနဲ႕သာ ရန္ျဖစ္မိရင္ ဝန္းရဲ႕စိတ္ေတြ ဘုန္းဘုန္းလဲသြားမွာ။
" အစ္ကို ဘာလို႔တစ္ေယာက္ထဲသြားတာလဲ ကြၽန္ေတာ္ရွိေနတာကို ေမ့ေနတာလား "
ဝန္းေရ လို႔ေခၚလိုက္တာနဲ႕ အစ္ကို႔ေဘးခ်က္ခ်င္းေရာက္လာမယ့္ ဝန္းကို အစ္ကိုက လ်စ္လ်ဴရႉကာ တစ္ေယာက္ထဲ လုပ္ခ်င္တာေတြလုပ္ေနျပန္သည္။ဒီကိစၥကိုလည္း ဝန္း မေက်နပ္ဘူး ။
" မင္းေရာ ငါရွိတာကို သတိရလား "
အစ္ကိုက ဝန္းကိုလွည့္မၾကည့္ဘဲ လက္တစ္ဖက္တည္းနဲ႕ ပစၥည္းေတြ သိမ္းေနရင္းေျဖလာသည္။မဟုတ္ဘူး ေမးလာတာ ။ အဲ့အေမးအတြက္ ကြၽန္ေတာ့္မွာ အေျဖရွိတယ္ ။ကြၽန္ေတာ္ အစ္ကို႔ကို ဘယ္တုန္းကမွ မေမ့ထားခဲ့ဘူး။
" အစ္ကို ဘာလို႔ ပစၥည္းေတြသိမ္းေနတာလဲ "
" ငါေဆး႐ုံကဆင္းေတာ့မယ္ "
အစ္ကို႔ေလသံက ေအးေအးၿငိမ္ၿငိမ္ေလးပါပဲ ။ ဒါေပမယ့္ ဝန္းစိတ္ကိုေတာ့ လႈပ္ရွားေစတယ္ ။ ဒီအေၾကာင္းနဲ႕ပတ္သက္ၿပီး ဝန္းကို တစ္ခြန္းမွမဆိုထားဘူးေလ။
" ကြၽန္ေတာ့္ကို ဘာလို႔ဘာမွမေျပာတာလဲ "
" မလိုဘူးထင္လို႔ "
မလိုဘူးထင္လို႔ တဲ့။ ကြၽန္ေတာ္က အစ္ကို႔အတြက္ ဘာမွအေရးမပါဘူးလား။ဝန္း ရင္ထဲ မြန္းၾကပ္လာသည္။ခံစားရခက္လာသည္။ႏွလုံးသားကတဆစ္ဆစ္နာက်င္ကိုက္ခဲလာသည္။
" အစ္ကို ဘယ္လိုျဖစ္ေနတာလဲ "
" ငါ ဘာျဖစ္ေနလို႔လဲ "
" က်စ္ ! အစ္ကို ေဆး႐ုံကဆင္းရင္ တစ္ေယာက္ထဲ ဘယ္လိုေနမွာလဲ "
"လဲ" ေပါင္းမ်ားစြာေသာ အေမးေတြကို အစ္ကိုက ဂ႐ုမစိုက္သလို ခပ္ေပါ့ေပါ့ေျဖေနတာမလို႔ ဝန္း စိတ္တိုကာေအာ္မိလိုက္သည္။အစ္ကိုကဝန္းကိုေတြးဆဆမ်က္ဝန္းေတြနဲ႕ၾကည့္ၿပီး ပါးစပ္အေဟာင္းသား...
" ကြၽန္ေတာ္ေျပာခ်င္တာက အစ္ကို႔အိမ္နဲ႕ေဆး႐ုံက နည္းနည္းေဝးေတာ့ ကြၽန္ေတာ္ လာၾကည့္ဖို႔က... ဟို... လမ္းမွာတင္ အခ်ိန္ၾကာေနမွာစိုးလို႔ ဒီမွာက အစ္ကိုလိုတဲ့ခ်ိန္ ကြၽန္ေတာ္က အၿမဲရွိေနတာမလား "
" ဟုတ္လား ငါလိုတဲ့ခ်ိန္ မင္းအၿမဲရွိေနတာလား "
" ဟို ကြၽန္ေတာ္... "
အစ္ကို႔အတြက္ ကြၽန္ေတာ္အၿမဲတမ္းရွိေနခဲ့တယ္မဟုတ္လား ။ မနက္မိုးမလင္းခင္ ကြၽန္ေတာ္ အိပ္ယာကထၿပီး အိပ္ေမာက်ေနတဲ့ အစ္ကို႔မ်က္ႏွာေလးကို တစိမ့္စိမ့္ ၾကည့္ရင္း တေန႕တာအတြက္အားယူတယ္ ။ အစ္ကိုနိုးမလာခင္ကတည္းက မ်က္ႏွာသစ္ဖို႔ရာ သြားတိုက္ေဆးကအစ အဆင္သင့္
ထည့္ထားတယ္ ။ ၿပီးရင္ ငါးလႊာကေနၿပီး ေျမညီထပ္မွာရွိတဲ့ ေဆး႐ုံကန္တင္းကေန အစ္ကိုႀကိဳက္တဲ့ အစားအေသာက္ေတြ ကိုယ္တိုင္သြားယူတယ္။ အစ္ကို႔အတြက္ လိုအပ္တဲ့ေဆးေတြ ၊ အသုံးအေဆာင္ေတြ ကိုလည္း ကြၽန္ေတာ္ အေျပးအလႊားဝယ္ခဲ့ေသးတယ္ေလ ။ အရင္လိုတီတီတာတာေတြ မေျပာျဖစ္ေပမယ့္ အစ္ကိုအိပ္ေပ်ာ္တဲ့အခ်ိန္ထိေစာင့္ၿပီး အစ္ကို႔နဖူးကို အနမ္းေပးၿပီးမွ ကြၽန္ေတာ့္တစ္ေန႕တာက အဆုံးသတ္တာ ။ ကြၽန္ေတာ့္စိတ္ထဲမွာ အစ္ကိုက အၿမဲတမ္းဦးစားေပးပဲ။
" ငါတစ္ေယာက္တည္း ျဖစ္တယ္ "
အစ္ကို႔ရဲ႕ ခပ္ျပတ္ျပတ္ထြက္လာတဲ့စကားက မင္းမရွိလည္းျဖစ္တယ္ ဆိုတဲ့သေဘာ ။
" ဘာလို႔ အစ္ကိုလုပ္ခ်င္တာလုပ္ရတာလဲ ကြၽန္ေတာ့္ကိုနည္းနည္းပါးပါး တိုင္
ပင္ဦးမွေပါ့ "
" မလိုဘူးထင္လို႔ လို႔ ေျပာၿပီးၿပီေလ "
" ကြၽန္ေတာ္က အစ္ကို ခ်စ္သူေနာ္ "
အစ္ကို႔ကို မ်က္ႏွာခ်င္းဆိုင္ဆြဲလွည့္လိုက္ၿပီး စူးရဲစြာၾကည့္လိုက္ေတာ့ အစ္ကို႔က ဝန္းထက္မေလ်ာ့တဲ့ အၾကည့္ေတြနဲ႕ ျပန္ၾကည့္ကာ
"မင္းနဲ႕ငါက တရားဝင္ဆိုင္တဲ့သူေတြမွမဟုတ္တာ မင္းက ငါ့ကိုေမြးထားတာလဲ မဟုတ္ဘူးေလ "
" အစ္ကို ကြၽန္ေတာ့္ကို မခနဲ႕ နဲ႕ !"
" အဟင္း "
ရႉးရႉးရဲရဲ ေဒါသထြက္ေနတဲ့ ဝန္း ကို
ၾကည့္ၿပီး ရန္း ရယ္လိုက္သည္။ ခံစားတတ္လိုက္တာ ဝန္းရယ္။
" ကိုေရွးဆက္ရန္း Taxi ေရာက္လာၿပီ "
တက္စီေရာက္လာၿပီ။ ဘယ္အခ်ိန္ထဲက ျပန္ဖို႔စဥ္းစားထားတာလဲ။ ဒီပုံစံနဲ႕ က်စ္!အစ္ကိုကြာ။
" ဘယ္က Taxi လည္း အစ္ကို ထမင္းစားရမယ္ "
" လမ္းမွာ ဝင္ဝယ္သြားလိုက္မယ္ "
" ဟုတ္ၿပီ... အစ္ကို အဲ့ေလာက္ ျပန္ခ်င္ေနရင္လည္း ကြၽန္ေတာ္လိုက္ပို႔ေပးမယ္ "
" မလိုဘူး "
" အစ္ကို! "
"ေအာ္ ဒီေန႕ မင္းတို႔ဇာတ္လမ္းျပမယ့္ရက္ပဲ "
ဒီေန႕ ဇာတ္လမ္းတြဲ ျပမယ့္ရက္လား။ဝန္း ပင္ ေမ့ေနခဲ့တာ။
" သစ္ခက္လႊား လည္း ျမန္ျမန္သတိရလာပါေစ... စိတ္ရင္းအမွန္ပါ... သူ႕ကိုေတာ့ ႏႈတ္မဆက္ေတာ့ဘူးေနာ္... မလိုဘူး ထင္လို႔... မင္းလည္း ကိုယ့္ကိုယ္ကို ဂ႐ုစိုက္ဦး "
" ကြၽန္ေတာ္...."
" ၿပီးေတာ့ "
" ......"
" ငါ့ဆီမလာနဲ႕ "
ဝန္း အစ္ကို႔ကို အံ့ၾသမႈေတြ ညွိုးငယ္မႈေတြနဲ႕ ေပါင္းၿပီး ေၾကာင္အစြာ ၾကည့္လိုက္သည္။
ဘယ္လိုစကားႀကီးလဲ ။ အစ္ကိုက ဝန္းကို ႏွင္ထုတ္ေနတာလား ။မေတြ႕ခ်င္ေတာ့တာလား။
" မင္းစိတ္ထဲမွာ ငါကလြဲၿပီးဘယ္သူမွမရွိေတာ့တဲ့အခ်ိန္က်မွ ငါ့ဆီ လာခဲ့ "
အစ္ကို႔စကားေတြကို ဝန္း ခံနိုင္ရည္မဲ့လာသည္။တုံ႕ျပန္ဖို႔လည္းအားမရွိသလိုတုံ႕ျပန္မႈလည္းမလုပ္ခ်င္ေတာ့။
အစ္ကို႔လက္ထဲက အိတ္ကို သယ္ကူရန္ေျပာင္းယူေတာ့ အစ္ကိုက အိတ္ကိုက်စ္က်စ္ပါေအာင္ ဆုပ္ကိုင္ထားသည္။
" မ လို ဘူး "
တစ္လုံးခ်င္းစီကို ပီပီသသေျပာကာ ေက်ာခိုင္းသြားတဲ့ အစ္ကို႔ေက်ာျပင္က ဘာလို႔ အဲ့ေလာက္ထိဝမ္းနည္းစရာေကာင္းေနရတာလဲ ။
" မလိုဘူး " "မလိုဘူး " "မလိုဘူး "
" အားး...ေတာက္! "
အစ္ကို႔ရဲ႕ပစ္ပစ္ခါခါစကားလုံးေတြကို ဝန္း နားထဲစြဲေနသည္။
အခုရက္ပိုင္း အစ္ကို႔အျပဳအမူေတြက အရင္ကနဲ႕ မတူေတာ့ဘူး။ ဝန္းကိုအေရးတယူမရွိေတာ့သလိုပဲ။အရင္လို စကားေတြေဖာင္ဖြဲ႕မေျပာေတာ့သလို မ်က္ဝန္းခ်င္းလည္းမဆုံေတာ့ဘူး။ အစ္ကိုနဲ႕အတူရွိတဲ့အခ်ိန္ေတြက အရင္လို မႏြေးေထြးေတာ့ဘူး ။ အရင္ကလို အေငြ႕အသက္ေတြ မရေတာ့ဘူး ။ အၿပဳံးေတြ မရွိေတာ့ဘူး ။
ဘယ္အခ်ိန္ကစၿပီး မွားယြင္းခဲ့တာလဲ။
ဘယ္အခ်ိန္ကစၿပီး ေအးစက္သြားတာလဲ။
ဘယ္အခ်ိန္ကစၿပီး ေဝးကြာသြားတာလဲ။