Unicode
“အင်း ဟင်း အကို”
နားထဲသို့စီးဝင်လာသည့်ခပ်တိုးတိုးငြီးသံကြောင့် ခန့်ထည်မျက်လုံးကိုအသာဖွင့်ကြည့်မိတော့ ရင်ခွင်ထဲမှကောင်ငယ်လေးဆီကဖြစ်သည်။
“ကျစ်...တစ်ကိုယ်လုံးလည်းပူခြစ်နေတာပဲကွာ”
ကြည့်ရတာ ခြေထောက်ကဒဏ်ရာရှိန်နဲ့မိမိထိုးလိုက်သည့်ဒဏ်ရာကြောင့် အနာရှိန်တက်ကာဖျားခြင်းပင်။
စိတ်ပင်ပန်းခဲ့တာတွေလည်းပါမှာပေါ့။
“အင်း....ဟင်း”
“ခဏလေး ခဏလေးနော်။ကိုယ်ရေသွားခပ်ဦးမယ်”
ရေချိုးခန်းထဲကဇလုံထဲရေထည့်၍ မိုးသားမျက်နှာသုတ်ပဝါခပ်ပါးပါးတစ်ထည်ကိုယူကာ
ရေညှစ်ထားလိုက်သည်။
ပြီးသည်နှင့်သူဝတ်ထားသည့်အကျီကြယ်သီးတွေကိုတစ်လုံးချင်းဖြုတ်ချလိုက်တော့ မြင်လိုက်ရသည့်ရင်ဘတ်ခပ်ဖွေးဖွေးကြောင့် ခန့်ထည်မျက်နှာလွှဲလိုက်သည်။
အမွှေးအမျှင်မရှိသည့်ဗိုက်သားချပ်ချပ်လေးက ခါးသိမ်သိမ်လေးနှင့်လွန်စွာကြည့်ကောင်းလှသည်။
ခန့်ထည်တံတွေးကိုအသာမြိုရင်း မျက်လုံးများကဂနာမငြိမ်ဖြစ်လာရသည်။
ဟူး......စိတ်လျှော့ခန့်ထည်ဝါ။
ရေစိုဝတ်လေးကခန္ဓာကိုယ်အနှံ့ဖြတ်သန်းသွားသောကြောင့် ကုတင်ပေါ်ကကောင်ငယ်လေးကကိုယ်လေးတစ်ချက်တုန်တက်သွားသည်။
တော်သေးတာပေါ့.....မနိုးလို့။
နဖူးပေါ်ကိုရေစိုဝတ်လေးကပ်တင်ပေးရင်း မျက်နှာလေးကိုအသာထိတွေ့မိသည်။မထူမပါးမျက်ခုံးတွေအောက်ကခပ်မှေးမှေးမျက်ဝန်းလေး၊သွယ်စင်းနေသည့်နှာတံနှင့်နီစွေးစွေးနှုတ်ခမ်းလေး။
ဖူးယောင်နေသည့်နီစွေးစွေးနှုတ်ခမ်းတစ်စုံကမိမိညနေကဘယ်လောက်ကြာကြာသူ့နှုတ်ခမ်းတွေကိုစားသုံးခဲ့လဲဆိုတာသက်သေပဲ။
အဟင်း...အိပ်နေလို့သာပဲ။
နိုးလာလို့သူ့တစ်ကိုယ်လုံးကိုမိမိထိုင်ကြည့်ပြီးပစ်မှားနေတာသိရင်ကြောင်ပေါက်လေးလို့ဒေါခွီးဦးမည်ဖြစ်သည်။
ဒီကလေးအရင်ထဲကစွာတာသိပေမယ့်မိမိနဲ့ဆိုအမြဲသူပဲအလျှော့ပေးခဲ့သည်မို့ ယခုလိုခပ်စွာစွာပုံစံနှင့်အထိမခံနိုင်ဖြစ်နေပုံလေးကမိမိကို တမျိုးဆန်းသစ်စေသည်။
အချစ်ပိုစေသည်။
“ပြွတ်စ်”
မနေနိုင်စွာနှုတ်ခမ်းတွေကိုဖြတ်ခနဲနမ်း၍နှစ်နှစ်ခြိုက်ခြိုက်ပြုံးမိသည်။အိပ်နေတုန်းပဲအသားယူလို့ရသည်။မနက်သူမနိုးခင်ထပြန်ရမည်။သူနိုးလာလို့မိမိကိုတွေ့လျှင်ဖြစ်ပေါ်လာမည့်နောက်ဆက်တွဲကိုကြောက်ရသည်မလား။
ပြန်အိပ်လို့လည်းမရသည်မို့ ကုတင်ပေါ်မှထကာမိုးသားစာကြည့်စားပွဲတွင်ထိုင်ရင်း မိုးသားစာကျက်နေမည့်ပုံစံကိုမြင်ယောင်ကြည့်မိသည်။
ဒီကောင်လေးစာကြည့်စားပွဲပေါ်ထိုင်တိုင်း မျက်နှာကြီးစူပုတ်နေမလား။
ဒါမှမဟုတ် စာကြည့်စားပွဲပေါ်ပဲခေါင်းမှောက်ပြီးအိပ်ပျော်နေလေမလား။
အင်း ဘယ်လိုနေနေချစ်ဖို့ကောင်းနေမှာပဲ။
စာအုပ်တွေလျှောက်မွှေရင်းတွေ့လိုက်ရသည်ကအဝါရောင်ဒိုင်ယာရီစာအုပ်လေး။
သူများprivacyမို့မထိသင့်သော်လည်း သူ့မသိစိတ်ကထိုစာအုပ်ကိုဖတ်ကြည့်ရန်တွန်းအားပေးသည်။
ဒီစာအုပ်လေးက ကလေးငယ်ရေးခဲ့တဲ့စာအုပ်လေးဆိုတာနှင့်ပင် သူ့စိတ်ထဲဖတ်ချင်စိတ်တွေသာကြီးစိုးနေမိသည်။
“မင်းဒိုင်ယာရီလေးကိုယ့်ကိုဖတ်ခွင့်ပြုပါကလေးငယ်”
နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေမှန်းသိသော်လည်းသူခွင့်တောင်းမိသည်။
စာအုပ်ကိုဖွင့်လိုက်သည်နှင့် ကြည်နူးခြင်းတို့ကသူ့ရင်ထဲတစိမ့်စိမ့်စီးဝင်လာလေသည်။
အချစ်ခံရတယ်ဆိုတာဒါမျိုးလား။
အဝါရောင်ဒိုင်ယာရီစာအုပ်လေးထဲတွင် မိမိအတွက်စာလွှာများနှင့် မိမိဓာတ်ပုံလေးတွေပါစနစ်တကျနေရာယူထားလေသည်။
“ဒီနေ့ကျောင်းအုပ်မာမီနှုတ်ဆက်ပွဲမှာစီနီယာအကိုကြီးတစ်ယောက်ကိုတွေ့တယ် ။ သူ့နာမည်က“ခန့်ထည်ဝါ”တဲ့။
ဘုရားရေ....သူ့အသံကဒီလောက်ကောင်းစရာလိုလို့လား။
ပြီးတော့သူ့ပုံစံကသူ့နာမည်နဲ့သိပ်လိုက်ဖက်တာပဲ။
အရပ်မြင့်မြင့်၊ အသားဖွေးဖွေး၊အရမ်းကြီးမတောင့်ပေမယ့်ကြည့်ကောင်းသည့်ခန္ဓာကိုယ်အချိုးအစား။စာလည်းတော်တယ်။ပုံစံကလည်းGentelmanဆန်တယ်။
အားလုံးကperfectပဲ။ယောက်ျားတစ်ယောက်ကဒီလောက်ပြည့်စုံစရာလိုလို့လား။
ဒီနေ့တော့crushအသစ်တစ်ယောက်တိုးပြီပေါ့”
“ဟီး...အကို့သူငယ်ချင်းတွေကလည်းချောတယ်နော်။
အကို့ကိုလည်းကြိုက်တယ်။အကို့သူငယ်ချင်းတွေကိုလည်းကြိုက်တယ်။အကိုတို့အထက်finalတန်းကစီနီယာအကိုကြီးနှစ်ယောက်ကိုလည်းကြိုက်တယ်ဗျို့”
“အဟက်.....မိုးသားရောင်နှာဗူးကောင်”
ခန့်ထည်အသံထွက်၍ရယ်လိုက်ပြီးမှကုတင်ပေါ်ကကောင်လေးနိုးသွားမလားပြန်ကြည့်ရသေးသည်။
“အကို့အနားရောက်တိုင်းသိမ်ငယ်ရပါတယ်။အကိုကမှအရေးတယူမရှိရင်။
ဒါပေမယ့်လည်းထွေထူးပြီးခံစားမနေတော့ပါဘူး။
တစ်သက်လုံးလည်းသောက်ဖက်လုပ်ခဲ့တာမှမဟုတ်တာ။ခွေးကောင်”
“ဒီနေ့အကိုနဲ့ပထမဆုံးအပြင်သွားဖူးတဲ့နေ့။အချိန်မတိကျတဲ့ခွေးပေါက်လေးကိုအပြစ်ပေးရမယ်။အပြစ်ကကြီးတော့ကျွန်တော့်တစ်ဘဝလုံးကိုတာဝန်ယူမှကျေမယ်ထင်တယ်”
“Missed callတွေ့ရင်ပြန်ခေါ်ရမယ်ဆိုတဲ့အခြေခံethicsလေးတောင်နားမလည်ဘူးလားခွေးကောင်လေးရဲ့။
အပေါ်မှာပြောထားတဲ့ အရာရာperfectဆိုတဲ့စကားကိုပြန်ရုတ်သိမ်းမယ်။အကျင့်မကောင်းတဲ့ကောင်”
“အကို့exအမအတန်းထဲကလူတွေကကျွန်တော့်ကိုတွေ့ရင်ရွံစရာအကြည့်နဲ့ကြည့်တယ်။ပြီးတော့ တိုးတိုးတိုးတိုးနဲ့ပြောကြတယ် ။ ကျွန်တော်တကယ်မကြိုက်ဘူး။
အကို့ကိုချစ်မိတာတစ်ခုကလွဲရင်ကျွန်တော်ဘာအပြစ်တွေများလုပ်ထားမိလို့လဲ”
“ဟင်”
ခန့်ထည်ဒါတွေမသိခဲ့ပေ။ကလေးငယ်ကတစ်ခါမှမဟဖူးမလို။ဟိန်းထက်ဆီကလည်းအသံမကြားခဲ့ပေ။ကြည့်ရတာကလေးငယ်ကတစ်ယောက်ထဲကြိတ်ခံစားခဲ့ဟန်တူသည်။
“အကိုကခဏခဏကျွန်တော့်ကိုဥပေက္ခာပြုတယ်။ကျွန်တော်ကဒီလိုတွေမလုပ်ဖို့ပြောရင်း အကို့ကိုစိတ်ဆိုးတယ်။
တစ်ပတ်လောက်ကြာတဲ့အထိကျွန်တော်တို့အဆက်အသွယ်မရှိဘဲနေကြတယ်။
ပြီးရင်မနေနိုင်တဲ့ကျွန်တော်ကပြန်ဆက်သွယ်တယ်။
အကိုကတစ်ခါမှမတောင်းပန်ခဲ့သလို တစ်ခါမှပြန်မချော့ခဲ့ဘူး။
ဒီလိုပြဿနာတွေကအကြိမ်တိုင်းဖြစ်ခဲ့သလိုကျွန်တော်ကလည်းအကြိမ်တိုင်းပြန်ခေါ်ခဲ့တယ်။
စိတ်ပြေသွားလို့ပြန်ဆက်သွယ်တာမဟုတ်ဘူး။မနေနိုင်လွန်းလို့ပြန်ဆက်သွယ်ခဲ့တာ။
နေနိုင်တဲ့တစ်နေ့ ကျွန်တော်အကို့ဘေးက အပြီးအပိုင်ထွက်သွားမှာ”
“ဒီနေ့ကကျွန်တော့်သံသယတွေစတင်တဲ့နေ့......
တစ်နည်းအားဖြင့် စိုးတထိတ်ထိတ်နဲ့အကို့နားမှာနေရင်းပူလောင်ရမယ့်အချိန်တွေစတင်တဲ့နေ့.......။
December 25(Christmas Day)
အကိုမှတ်မိလေမလားမသိပေမယ့် ဒီနေ့ကကျွန်တော်တို့စသိတာတစ်နှစ်ပြည့်တဲ့နေ့။
ဒါ့ကြောင့်12တိတိမှာကျွန်တော်အကို့ဖုန်းကိုmessageပို့ခဲ့ပေမယ့် မိုးလင်းတဲ့အထိပြန်စာမရခဲ့ဘူး။
အကိုမအားလို့နေမှာပါဆိုပြီးဖြည့်တွေးခဲ့တဲ့အတွေးတွေက ဖုန်းအားသွင်းခန်းထဲရောက်တဲ့အချိန်မှာ အကုန်ပျက်စီးခဲ့ရတယ်။
ဖုန်းအားသွင်းဖို့ အဲ့အခန်းထဲသွားခဲ့တဲ့ ကျွန်တော့်ကိုကျွန်တော်မုန်းသလို
သူ့ဖုန်းအားပြည့်ပြီလားဆိုတာကြည့်ခိုင်းလိုက်တဲ့ဟိန်းထက်ကိုလည်းမုန်းတယ်။
စခရင်ကိုနှစ်ချက်တောက်လို့ပွင့်လာတဲ့ဖုန်းစခရင်ပေါ်က စကားလုံးလေးနှစ်လုံးကကျွန်တော့်ကမ္ဘာပျက်ဖို့အတွက်ကောင်းကောင်းလုံလောက်ခဲ့တယ်။
Senior Ko KHဆိုသည့်contactက“Morning Baby”တဲ့။
ဒါဘယ်သူ့ဖုန်းနံပါတ်ကိုမှတ်ထားသည့်contactလဲဆိုတာကျွန်တေည်ကောင်းကောင်းသိခဲ့တာပေါ့။
တစ်ဆက်ထဲမှာပဲအကိုကကျွန်တော့်messageကို မြင်ရက်သားနဲ့လစ်လျူရှုခဲ့တယ်ဆိုတာ ကျွန်တော်ခံစားမိခဲ့တယ်။
ရွေးချယ်ခွင့်ရှိရင်ကျွန်တော်ကအကို့ကိုမချစ်မိဖို့ပြန်ရွေးချယ်ခဲ့မှာ”
“စိတ်လိုလက်ရမပျော်ရတဲ့နေ့ရက်တွေများပြီအကို။
အကိုနဲ့ဟိန်းထက်ရယ်မောနေတိုင်း.....
အကိုသူ့ကိုဓာတ်ပုံရိုက်ပေးနေတိုင်း.....
အကိုနဲ့သူစာတွေအတူဆွေးနွေးနေတိုင်း ကျွန်တော်ပူလောင်ရတယ်။
ညဘက်ဆိုလည်းဒီအချိန်အကိုတို့Vcပြောနေလောက်ပြီဆိုတဲ့စိတ်နဲ့ပူလောင်ရတယ်။
ကြောက်တယ်။ ကျွန်တော့်သံသယတွေမှန်ကန်လာမယ့်နေ့ကိုကြောက်တယ်။
ကိုယ်ကဟိန်းထက်ကိုချစ်နေမိပြီ ဆိုပြီးအကို့ပါးစပ်ကထုတ်ပြောလာမယ့်နေ့ကိုကြောက်တယ်။
အဲ့ဒီ့နေ့ကျရင်ကျွန်တော်ကအကို့ကိုသာမကဟိန်းထက်ကိုပါဆုံးရှုံးရမှာ။
နှင်းဦးကပြောတယ်။ နင်ကနွားလားတဲ့”
“ကျွန်တော်အကို့ကိုမချစ်တော့ဘူး။မချစ်ရဲတော့ဘူး။အကို့ကိုချစ်ရတာနာကျင်လိုက်တာ”
စာအုပ်ကိုပိတ်လိုက်သည်နှင့် ခန့်ထည်မျက်ရည်တို့အတားအဆီးမရှိပြိုကျလာရသည်။
အပူအပင်မရှိအေးချမ်းစွာအိပ်ပျော်နေသည့်ကလေးငယ်မျက်နှာလေးကိုနူးနူးညံ့ညံ့ကိုင်တွယ်ရင်း တောင်းပန်ပါတယ်ဆိုသည့်စကားကိုသာအကြိမ်ကြိမ်ရေရွတ်နေမိသည်။
ကလေးငယ်ကပျော်ရွှင်ခြင်းအမှတ်သက်ေတဖြစ်သည့်အဝါရောင်ကိုcoverယူပြီး နာကျင်ခြင်းတွေကိုထိုစာအုပ်လေးအတွင်းသိုဝှက်ထားသည်။
ကိုယ့်ကိုအဲ့လောက်ချစ်ခဲ့ရလားကလေးငယ်ရယ်။
ညနေကထိမင်းခွင့်လွှတ်မှုကိုတောင်းခံပြီးအနားမှကပ်တွယ်နေဖို့ဆုံးဖြတ်ခဲ့တဲ့ကိုယ်ကမင်းအချစ်တွေကြောင့်တွေဝေနေရပြီ။
ကိုယ်တကယ်ပဲမင်းမချစ်တွေနဲ့ထိုက်တန်ရဲ့လားမသိတော့ဘူး။
မင်းအချစ်တွေကစစ်မှန်လွန်းလို့ မင်းအနားနေဖို့ကိုယ်မရဲတော့ဘူး။
ကိုယ်သာကိုယ့်စိတ်ကိုစောစောသိခဲ့ရင် မင်းနာကျင်ခဲ့မှာမဟုတ်ဘူး။
အားလုံးကအသုံးမကျတဲ့ကိုယ့်အပြစ်တွေပဲ။
ခန့်ထည်အားရအောင်ငိုပြီးသည်နှင့်ဆုံးဖြတ်ချက်တစ်ခုကိုချ၍ကလေးငယ်နဖူးလေးကိုအသာဖိကပ်နမ်းလိုက်သည်။
နှုတ်ဆက်ပါတယ်ကလေးငယ်။
အနားမှာဆက်ရှိနေဖို့လိပ်ပြာမလုံလို့ အဝေးကပဲဆက်ရှိနေပါ့မယ်။ပြီးတော့ နောက်ကျသွားမှန်းသိပေမယ့်လည်း ပြောခဲ့ချင်သေးတယ်။
“ငယ့်ကိုသိပ်ချစ်ပါတယ်ကွယ်”
________________💚________________
Zawgyi
“အင္း ဟင္း အကို”
နားထဲသို႔စီးဝင္လာသည့္ခပ္တိုးတိုးၿငီးသံေၾကာင့္ ခန႔္ထည္မ်က္လုံးကိုအသာဖြင့္ၾကည့္မိေတာ့ ရင္ခြင္ထဲမွေကာင္ငယ္ေလးဆီကျဖစ္သည္။
“က်စ္...တစ္ကိုယ္လုံးလည္းပူျခစ္ေနတာပဲကြာ”
ၾကည့္ရတာ ေျခေထာက္ကဒဏ္ရာရွိန္နဲ႕မိမိထိုးလိုက္သည့္ဒဏ္ရာေၾကာင့္ အနာရွိန္တက္ကာဖ်ားျခင္းပင္။
စိတ္ပင္ပန္းခဲ့တာေတြလည္းပါမွာေပါ့။
“အင္း....ဟင္း”
“ခဏေလး ခဏေလးေနာ္။ကိုယ္ေရသြားခပ္ဦးမယ္”
ေရခ်ိဳးခန္းထဲကဇလုံထဲေရထည့္၍ မိုးသားမ်က္ႏွာသုတ္ပဝါခပ္ပါးပါးတစ္ထည္ကိုယူကာ
ေရညွစ္ထားလိုက္သည္။
ၿပီးသည္ႏွင့္သူဝတ္ထားသည့္အက်ီၾကယ္သီးေတြကိုတစ္လုံးခ်င္းျဖဳတ္ခ်လိဳက္ေတာ့ ျမင္လိုက္ရသည့္ရင္ဘတ္ခပ္ေဖြးေဖြးေၾကာင့္ ခန႔္ထည္မ်က္ႏွာလႊဲလိုက္သည္။
အေမႊးအမွ်င္မရွိသည့္ဗိုက္သားခ်ပ္ခ်ပ္ေလးက ခါးသိမ္သိမ္ေလးႏွင့္လြန္စြာၾကည့္ေကာင္းလွသည္။
ခန႔္ထည္တံေတြးကိုအသာၿမိဳရင္း မ်က္လုံးမ်ားကဂနာမၿငိမ္ျဖစ္လာရသည္။
ဟူး......စိတ္ေလွ်ာ့ခန႔္ထည္ဝါ။
ေရစိုဝတ္ေလးကခႏၶာကိုယ္အႏွံ႕ျဖတ္သန္းသြားေသာေၾကာင့္ ကုတင္ေပၚကေကာင္ငယ္ေလးကကိုယ္ေလးတစ္ခ်က္တုန္တက္သြားသည္။
ေတာ္ေသးတာေပါ့.....မနိုးလို႔။
နဖူးေပၚကိုေရစိုဝတ္ေလးကပ္တင္ေပးရင္း မ်က္ႏွာေလးကိုအသာထိေတြ႕မိသည္။မထူမပါးမ်က္ခုံးေတြေအာက္ကခပ္ေမွးေမွးမ်က္ဝန္းေလး၊သြယ္စင္းေနသည့္ႏွာတံႏွင့္နီေစြးေစြးႏႈတ္ခမ္းေလး။
ဖူးေယာင္ေနသည့္နီေစြးေစြးႏႈတ္ခမ္းတစ္စုံကမိမိညေနကဘယ္ေလာက္ၾကာၾကာသူ႕ႏႈတ္ခမ္းေတြကိုစားသုံးခဲ့လဲဆိုတာသက္ေသပဲ။
အဟင္း...အိပ္ေနလို႔သာပဲ။
နိုးလာလို႔သူ႕တစ္ကိုယ္လုံးကိုမိမိထိုင္ၾကည့္ၿပီးပစ္မွားေနတာသိရင္ေၾကာင္ေပါက္ေလးလို႔ေဒါခြီးဦးမည္ျဖစ္သည္။
ဒီကေလးအရင္ထဲကစြာတာသိေပမယ့္မိမိနဲ႕ဆိုအၿမဲသူပဲအေလွ်ာ့ေပးခဲ့သည္မို႔ ယခုလိုခပ္စြာစြာပုံစံႏွင့္အထိမခံနိုင္ျဖစ္ေနပုံေလးကမိမိကို တမ်ိဳးဆန္းသစ္ေစသည္။
အခ်စ္ပိုေစသည္။
“ႁပြတ္စ္”
မေနနိုင္စြာႏႈတ္ခမ္းေတြကိုျဖတ္ခနဲနမ္း၍ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ၿပဳံးမိသည္။အိပ္ေနတုန္းပဲအသားယူလို႔ရသည္။မနက္သူမနိုးခင္ထျပန္ရမည္။သူနိုးလာလို႔မိမိကိုေတြ႕လွ်င္ျဖစ္ေပၚလာမည့္ေနာက္ဆက္တြဲကိုေၾကာက္ရသည္မလား။
ျပန္အိပ္လို႔လည္းမရသည္မို႔ ကုတင္ေပၚမွထကာမိုးသားစာၾကည့္စားပြဲတြင္ထိုင္ရင္း မိုးသားစာက်က္ေနမည့္ပုံစံကိုျမင္ေယာင္ၾကည့္မိသည္။
ဒီေကာင္ေလးစာၾကည့္စားပြဲေပၚထိုင္တိုင္း မ်က္ႏွာႀကီးစူပုတ္ေနမလား။
ဒါမွမဟုတ္ စာၾကည့္စားပြဲေပၚပဲေခါင္းေမွာက္ၿပီးအိပ္ေပ်ာ္ေနေလမလား။
အင္း ဘယ္လိုေနေနခ်စ္ဖို႔ေကာင္းေနမွာပဲ။
စာအုပ္ေတြေလွ်ာက္ေမႊရင္းေတြ႕လိုက္ရသည္ကအဝါေရာင္ဒိုင္ယာရီစာအုပ္ေလး။
သူမ်ားprivacyမို႔မထိသင့္ေသာ္လည္း သူ႕မသိစိတ္ကထိုစာအုပ္ကိုဖတ္ၾကည့္ရန္တြန္းအားေပးသည္။
ဒီစာအုပ္ေလးက ကေလးငယ္ေရးခဲ့တဲ့စာအုပ္ေလးဆိုတာႏွင့္ပင္ သူ႕စိတ္ထဲဖတ္ခ်င္စိတ္ေတြသာႀကီးစိုးေနမိသည္။
“မင္းဒိုင္ယာရီေလးကိုယ့္ကိုဖတ္ခြင့္ျပဳပါကေလးငယ္”
ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္ေနမွန္းသိေသာ္လည္းသူခြင့္ေတာင္းမိသည္။
စာအုပ္ကိုဖြင့္လိုက္သည္ႏွင့္ ၾကည္ႏူးျခင္းတို႔ကသူ႕ရင္ထဲတစိမ့္စိမ့္စီးဝင္လာေလသည္။
အခ်စ္ခံရတယ္ဆိုတာဒါမ်ိဳးလား။
အဝါေရာင္ဒိုင္ယာရီစာအုပ္ေလးထဲတြင္ မိမိအတြက္စာလႊာမ်ားႏွင့္ မိမိဓာတ္ပုံေလးေတြပါစနစ္တက်ေနရာယူထားေလသည္။
“ဒီေန႕ေက်ာင္းအုပ္မာမီႏႈတ္ဆက္ပြဲမွာစီနီယာအကိုႀကီးတစ္ေယာက္ကိုေတြ႕တယ္ ။ သူ႕နာမည္က“ခန႔္ထည္ဝါ”တဲ့။
ဘုရားေရ....သူ႕အသံကဒီေလာက္ေကာင္းစရာလိုလို႔လား။
ၿပီးေတာ့သူ႕ပုံစံကသူ႕နာမည္နဲ႕သိပ္လိုက္ဖက္တာပဲ။
အရပ္ျမင့္ျမင့္၊ အသားေဖြးေဖြး၊အရမ္းႀကီးမေတာင့္ေပမယ့္ၾကည့္ေကာင္းသည့္ခႏၶာကိုယ္အခ်ိဳးအစား။စာလည္းေတာ္တယ္။ပုံစံကလည္းGentelmanဆန္တယ္။
အားလုံးကperfectပဲ။ေယာက္်ားတစ္ေယာက္ကဒီေလာက္ျပည့္စုံစရာလိုလို႔လား။
ဒီေန႕ေတာ့crushအသစ္တစ္ေယာက္တိုးၿပီေပါ့”
“ဟီး...အကို႔သူငယ္ခ်င္းေတြကလည္းေခ်ာတယ္ေနာ္။
အကို႔ကိုလည္းႀကိဳက္တယ္။အကို႔သူငယ္ခ်င္းေတြကိုလည္းႀကိဳက္တယ္။အကိုတို႔အထက္finalတန္းကစီနီယာအကိုႀကီးႏွစ္ေယာက္ကိုလည္းႀကိဳက္တယ္ဗ်ိဳ႕”
“အဟက္.....မိုးသားေရာင္ႏွာဗူးေကာင္”
ခန႔္ထည္အသံထြက္၍ရယ္လိုက္ၿပီးမွကုတင္ေပၚကေကာင္ေလးနိုးသြားမလားျပန္ၾကည့္ရေသးသည္။
“အကို႔အနားေရာက္တိုင္းသိမ္ငယ္ရပါတယ္။အကိုကမွအေရးတယူမရွိရင္။
ဒါေပမယ့္လည္းေထြထူးၿပီးခံစားမေနေတာ့ပါဘူး။
တစ္သက္လုံးလည္းေသာက္ဖက္လုပ္ခဲ့တာမွမဟုတ္တာ။ေခြးေကာင္”
“ဒီေန႕အကိုနဲ႕ပထမဆုံးအျပင္သြားဖူးတဲ့ေန႕။အခ်ိန္မတိက်တဲ့ေခြးေပါက္ေလးကိုအျပစ္ေပးရမယ္။အျပစ္ကႀကီးေတာ့ကြၽန္ေတာ့္တစ္ဘဝလုံးကိုတာဝန္ယူမွေက်မယ္ထင္တယ္”
“Missed callေတြ႕ရင္ျပန္ေခၚရမယ္ဆိုတဲ့အေျခခံethicsေလးေတာင္နားမလည္ဘူးလားေခြးေကာင္ေလးရဲ႕။
အေပၚမွာေျပာထားတဲ့ အရာရာperfectဆိုတဲ့စကားကိုျပန္႐ုတ္သိမ္းမယ္။အက်င့္မေကာင္းတဲ့ေကာင္”
“အကို႔exအမအတန္းထဲကလူေတြကကြၽန္ေတာ့္ကိုေတြ႕ရင္႐ြံစရာအၾကည့္နဲ႕ၾကည့္တယ္။ၿပီးေတာ့ တိုးတိုးတိုးတိုးနဲ႕ေျပာၾကတယ္ ။ ကြၽန္ေတာ္တကယ္မႀကိဳက္ဘူး။
အကို႔ကိုခ်စ္မိတာတစ္ခုကလြဲရင္ကြၽန္ေတာ္ဘာအျပစ္ေတြမ်ားလုပ္ထားမိလို႔လဲ”
“ဟင္”
ခန႔္ထည္ဒါေတြမသိခဲ့ေပ။ကေလးငယ္ကတစ္ခါမွမဟဖူးမလို။ဟိန္းထက္ဆီကလည္းအသံမၾကားခဲ့ေပ။ၾကည့္ရတာကေလးငယ္ကတစ္ေယာက္ထဲႀကိတ္ခံစားခဲ့ဟန္တူသည္။
“အကိုကခဏခဏကြၽန္ေတာ့္ကိုဥေပကၡာျပဳတယ္။ကြၽန္ေတာ္ကဒီလိုေတြမလုပ္ဖို႔ေျပာရင္း အကို႔ကိုစိတ္ဆိုးတယ္။
တစ္ပတ္ေလာက္ၾကာတဲ့အထိကြၽန္ေတာ္တို႔အဆက္အသြယ္မရွိဘဲေနၾကတယ္။
ၿပီးရင္မေနနိုင္တဲ့ကြၽန္ေတာ္ကျပန္ဆက္သြယ္တယ္။
အကိုကတစ္ခါမွမေတာင္းပန္ခဲ့သလို တစ္ခါမွျပန္မေခ်ာ့ခဲ့ဘူး။
ဒီလိုျပႆနာေတြကအႀကိမ္တိုင္းျဖစ္ခဲ့သလိုကြၽန္ေတာ္ကလည္းအႀကိမ္တိုင္းျပန္ေခၚခဲ့တယ္။
စိတ္ေျပသြားလို႔ျပန္ဆက္သြယ္တာမဟုတ္ဘူး။မေနနိုင္လြန္းလို႔ျပန္ဆက္သြယ္ခဲ့တာ။
ေနနိုင္တဲ့တစ္ေန႕ ကြၽန္ေတာ္အကို႔ေဘးက အၿပီးအပိုင္ထြက္သြားမွာ”
“ဒီေန႕ကကြၽန္ေတာ့္သံသယေတြစတင္တဲ့ေန႕......
တစ္နည္းအားျဖင့္ စိုးတထိတ္ထိတ္နဲ႕အကို႔နားမွာေနရင္းပူေလာင္ရမယ့္အခ်ိန္ေတြစတင္တဲ့ေန႕.......။
December 25(Christmas Day)
အကိုမွတ္မိေလမလားမသိေပမယ့္ ဒီေန႕ကကြၽန္ေတာ္တို႔စသိတာတစ္ႏွစ္ျပည့္တဲ့ေန႕။
ဒါ့ေၾကာင့္12တိတိမွာကြၽန္ေတာ္အကို႔ဖုန္းကိုmessageပို႔ခဲ့ေပမယ့္ မိုးလင္းတဲ့အထိျပန္စာမရခဲ့ဘူး။
အကိုမအားလို႔ေနမွာပါဆိုၿပီးျဖည့္ေတြးခဲ့တဲ့အေတြးေတြက ဖုန္းအားသြင္းခန္းထဲေရာက္တဲ့အခ်ိန္မွာ အကုန္ပ်က္စီးခဲ့ရတယ္။
ဖုန္းအားသြင္းဖို႔ အဲ့အခန္းထဲသြားခဲ့တဲ့ ကြၽန္ေတာ့္ကိုကြၽန္ေတာ္မုန္းသလို
သူ႕ဖုန္းအားျပည့္ၿပီလားဆိုတာၾကည့္ခိုင္းလိုက္တဲ့ဟိန္းထက္ကိုလည္းမုန္းတယ္။
စခရင္ကိုႏွစ္ခ်က္ေတာက္လို႔ပြင္လာတဲ့ဖုန္းစခရင္ေပၚက စကားလုံးေလးႏွစ္လုံးကကြၽန္ေတာ့္ကမာၻပ်က္ဖို႔အတြက္ေကာင္းေကာင္းလုံေလာက္ခဲ့တယ္။
Senior Ko KHဆိုသည့္contactက“Morning Baby”တဲ့။
ဒါဘယ္သူ႕ဖုန္းနံပါတ္ကိုမွတ္ထားသည့္contactလဲဆိုတာကြၽန္ေတည္ေကာင္းေကာင္းသိခဲ့တာေပါ့။
တစ္ဆက္ထဲမွာပဲအကိုကကြၽန္ေတာ့္messageကို ျမင္ရက္သားနဲ႕လစ္လ်ဴရႈခဲ့တယ္ဆိုတာ ကြၽန္ေတာ္ခံစားမိခဲ့တယ္။
ေ႐ြးခ်ယ္ခြင့္ရွိရင္ကြၽန္ေတာ္ကအကို႔ကိုမခ်စ္မိဖို႔ျပန္ေ႐ြးခ်ယ္ခဲ့မွာ”
“စိတ္လိုလက္ရမေပ်ာ္ရတဲ့ေန႕ရက္ေတြမ်ားၿပီအကို။
အကိုနဲ႕ဟိန္းထက္ရယ္ေမာေနတိုင္း.....
အကိုသူ႕ကိုဓာတ္ပုံရိုက္ေပးေနတိုင္း.....
အကိုနဲ႕သူစာေတြအတူေဆြးေႏြးေနတိုင္း ကြၽန္ေတာ္ပူေလာင္ရတယ္။
ညဘက္ဆိုလည္းဒီအခ်ိန္အကိုတို႔Vcေျပာေနေလာက္ၿပီဆိုတဲ့စိတ္နဲ႕ပူေလာင္ရတယ္။
ေၾကာက္တယ္။ ကြၽန္ေတာ့္သံသယေတြမွန္ကန္လာမယ့္ေန႕ကိုေၾကာက္တယ္။
ကိုယ္ကဟိန္းထက္ကိုခ်စ္ေနမိၿပီ ဆိုၿပီးအကို႔ပါးစပ္ကထုတ္ေျပာလာမယ့္ေန႕ကိုေၾကာက္တယ္။
အဲ့ဒီ့ေန႕က်ရင္ကြၽန္ေတာ္ကအကို႔ကိုသာမကဟိမ္းထက္ကိုပါဆုံးရႈံးရမွာ။
ႏွင္းဦးကေျပာတယ္။ နင္ကႏြားလားတဲ့”
“ကြၽန္ေတာ္အကို႔ကိုမခ်စ္ေတာ့ဘူး။မခ်စ္ရဲေတာ့ဘူး။အကို႔ကိုခ်စ္ရတာနာက်င္လိုက္တာ”
စာအုပ္ကိုပိတ္လိုက္သည္ႏွင့္ ခန႔္ထည္မ်က္ရည္တို႔အတားအဆီးမရွိၿပိဳက်လာရသည္။
အပူအပင္မရွိေအးခ်မ္းစြာအိပ္ေပ်ာ္ေနသည့္ကေလးငယ္မ်က္ႏွာေလးကိုႏူးႏူးညံ့ညံ့ကိုင္တြယ္ရင္း ေတာင္းပန္ပါတယ္ဆိုသည့္စကားကိုသာအႀကိမ္ႀကိမ္ေရ႐ြတ္ေနမိသည္။
ကေလးငယ္ကေပ်ာ္႐ႊင္ျခင္းအမွတ္သက္ေတျဖစ္သည့္အဝါေရာင္ကိုcoverယူၿပီး နာက်င္ျခင္းေတြကိုထိုစာအုပ္ေလးအတြင္းသိုဝွက္ထားသည္။
ကိုယ့္ကိုအဲ့ေလာက္ခ်စ္ခဲ့ရလားကေလးငယ္ရယ္။
ညေနကထိမင္းခြင့္လႊတ္မႈကိုေတာင္းခံၿပီးအနားမွကပ္တြယ္ေနဖို႔ဆုံးျဖတ္ခဲ့တဲ့ကိုယ္ကမင္းအခ်စ္ေတြေၾကာင့္ေတြေဝေနရၿပီ။
ကိုယ္တကယ္ပဲမင္းမခ်စ္ေတြနဲ႕ထိုက္တန္ရဲ႕လားမသိေတာ့ဘူး။
မင္းအခ်စ္ေတြကစစ္မွန္လြန္းလို႔ မင္းအနားေနဖို႔ကိုယ္မရဲေတာ့ဘူး။
ကိုယ္သာကိုယ့္စိတ္ကိုေစာေစာသိခဲ့ရင္ မင္းနာက်င္ခဲ့မွာမဟုတ္ဘူး။
အားလုံးကအသုံးမက်တဲ့ကိုယ့္အျပစ္ေတြပဲ။
ခန႔္ထည္အားရေအာင္ငိုၿပီးသည္ႏွင့္ဆုံးျဖတ္ခ်က္တစ္ခုကိုခ်၍ကေလးငယ္နဖူးေလးကိုအသာဖိကပ္နမ္းလိုက္သည္။
ႏႈတ္ဆက္ပါတယ္ကေလးငယ္။
အနားမွာဆက္ရွိေနဖို႔လိပ္ျပာမလုံလို႔ အေဝးကပဲဆက္ရွိေနပါ့မယ္။ၿပီးေတာ့ ေနာက္က်သြားမွန္းသိေပမယ့္လည္း ေျပာခဲ့ခ်င္ေသးတယ္။
“ငယ့္ကိုသိပ္ခ်စ္ပါတယ္ကြယ္”
________________💚________________