Unicode
Chapter 41
Intoxicated
_______________________
သိချင်စိတ်ဖြင့် မသင်္ကာဖြစ်နေသည့်တိုင် Ran Feng Ge တီရှပ်ကို လက်သင့်ခံလိုက်သည်။ လက်ထဲတွင် ဘယ်ပြန်ညာပြန်ကိုင်၍ သူက အထည်ကို အနီးကပ်စစ်ဆေးကြည့်သည်။ တီရှပ်က ပိုးသားဖြင့် လုပ်ထားသည့်ဟန်ပေါ်သော်ငြား စစ်ဆေးမှုတချို့ ထပ်မံလုပ်ပြီးမှ
သူ ဆုံးဖြတ်ချက်ချခဲ့သည်။ အထည်က ကိုင်တွယ်ရ နူးညံ့ပြီး ပုံစံကလည်း ခေတ်မီ၍ ဖက်ရှင်ကျသည်။ တီရှပ်ပေါ်တွင် ကတ်ပြားတစ်ခုမှမပါသဖြင့် ဆိုင်ကဝယ်ခဲ့ခြင်းဟုတ်ဟန်မတူ။ အထူးသဖြင့် သူ့သူငယ်ချင်း၏ ဂုဏ်ဆာနေသည့်မျက်နှာပေးကိုကြည့်ပြီး ကြောင်းကျိုးသင့် မှန်းဆရလျှင် Cheng Xi Ran ကိုယ်တိုင် ပြုလုပ်ထားခြင်းဖြစ်ရမည်။ သူက လက်နက်တွေကိုပဲ သဘောကျတာမဟုတ်ဘူးလား? ဘယ်အချိန်ကစပြီး အချုပ်အလုပ်ကို စိတ်ဝင်စားသွားတာလဲ?
"မင်းလုပ်ခဲ့တာလား?"
အင်္ကျီနှင့်ပတ်သတ်၍ ထူးခြားချက်တစ်စုံတစ်ရာ ရှာမတွေ့သဖြင့်
အမှန်တရားကို ကျိုးနွံစွာလက်ခံကာ
Ran Feng Ge မေးလိုက်သည်။
အဆိုပါအမျိုးသားက Mi Le ဘက်ကိုကြည့်၊ သူတို့ချင်း မျက်လုံးဂဟေဆက်ပြီးမှ ထက်ထက်သန်သန်ခေါင်းငြိမ့်သည်။
"အဟုတ်ပဲ"
"ငါ့ကို ဘာလို့ တီရှပ်တစ်ထည် လက်ဆောင်ပေးတာလဲ?
ဒါနဲ့ပတ်သတ်ပြီး ထူးထူးခြားခြား ဘာများရှိလို့?"
ထို့နောက် Ran Feng Ge က အများကြီးမတွေးဘဲ ထပ်ဖြည့်ပြောသည်။
"ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက်လို့ မပြောနဲ့နော်..ရှေးတုန်းကဆို ဓားတွေလှံတွေရန်က ကာကွယ်ဖို့
ဒီလို ရွှေချည်ချပ်ဝတ်တွေ တောင်းဆိုကြတယ်မဟုတ်လား?"
သူ့သူငယ်ချင်းနှစ်ယောက်လုံး အံသြ မှင်တက် သွားသည်။ Cheng Xi Ran ကောင်တာပေါ် လက်သီးတစ်ချက် ထုလိုက်၏။
"သေပါတော့! မင်းက သောက်ရမ်းတော်တာပဲ ။ ငါ့ရဲ့ လူတွင်ကျယ်လုပ်ချင်စိတ်ကလေး ကြီးထွားခွင့်ရအောင် အကြိမ်နည်းနည်းလောက် ပိုမှန်းပါဦးတော့လား"
Ran Feng Ge ၏ နှုတ်ခမ်းက အပြုံးဖြင့်ကော့တက်သွားသည်။
"အိုး..ဒါဆို ဒါဆို မင်းကိုယ်မင်း လူတွင်ကျယ်လုပ်ချင်စိတ်တွေ ကြီးထွားနေမှန်း သိပြီးသားပေါ့"
"အဟမ်း..ကောင်းပြီ။ အာလာပ သလာပတွေ ရပ်စို့"
Cheng Xi Ran တစ်ယောက် Ran Feng Ge ၏မှတ်ချက်ကို စိတ်မရှိပါ။ ဝံ့ကြွားသည့် အမူအရာက သူ့မျက်နှာတွင် တစ်ဖန်ကိန်းအောင်းကာ Ran Feng Ge ၏လက်ထဲက တီရှပ်ကိုယူလျက် သဘောကျပွတ်သပ်သည်။
"ဒါက ဒီလထဲမှာ ငါအများကြီး သုတေသနလုပ်ပြီးမှ ရလာတဲ့ ထုတ်ကုန်အသစ်။ ထိပ်တန်းကျည်ကာတီရှပ်"
"ကျည်ကာတီရှပ်..?"
Ran Feng Ge ပါးစပ်အဟောင်းသားဖြစ်သွားရသည်။
"မင်း ဒီဟာကို ကျည်ကာလို့ ပြောလိုက်တာလား?"
"ဘယ်လိုလဲ? မင်း လေးစားသွားပြီလား?"
Ran Feng Ge ၏တုန့်ပြန်ပုံကို အကျေနပ်ကြီးကျေနပ်၍ Cheng Xi Ran က မျက်နှာကိုမော်ထားသည်။
Mi Le ၏လက်ကို ကောက်ကိုင်ပြီးသူကဆိုသည်။
"ငါတို့ အားလုံးအတွက် တစ်ခုစီလုပ်ထားတာ။ အခုဆို ငါတို့က အဆောက်အအုံတစ်ခုလုံးမှာ ပိုပြီးပြိုင်ဘက်ကင်းသွားပြီ"
"ကျည်ကာ တီရှပ်..."
Ran Feng Ge ဘာသာ ရေရွတ်နေမိသည်။ သူက ထူးခြားသည့်တီရှပ်ကို ကောက်ယူ၍ ထပ်မံစစ်ဆေးပြန်၏။ စိတ်ထဲ၌ ကျည်ကာအထည်များမှာ ထုံးစံအတိုင်း လေးလံ ထူထဲလိမ့်မည်ဟု သူက အထင်ရှိထားသည်။ သို့သော်လည်း သူ့လက်ထဲက တီရှပ်မှာ ပေါ့ပါးနူးညံ့နေသည်။ သည်လိုအစားမျိုးက ဘယ်လိုကျည်ကာနိုင်မှာလဲ?
"ကြည့်ရတာ မင်း မယုံဘူးပဲ ..Le Le ရေ"
Cheng Xi Ran က Mi Le ကို မျက်လုံးဖြင့်အချက်ပြလိုက်သည်။
သူမက Cheng Xi Ran ၏ လည်တိုင်တွင် သိုင်းဖက်ထားသည့်
လက်ကိုဖယ်၍ လက်ကောက်ဝတ်ကို လှုပ်ရှားလိုက်လျှင် ဓားငယ်တစ်လက် သူမလက်တွင်း လျှောခနဲဆင်းလာသည်။ ထို့နောက် ကိုယ်ကိုလှည့်၍ ရိပ်ခနဲလှုပ်ရှားကာ Cheng Xi Ran ဆီ ဓားဖြင့်ပစ်သွင်းလိုက်သည်။
Ran Feng Ge လန့်ဖျပ်ကာ ထခုန်မိသည်။
"ဟေး..မင်းတို့"
ဓားက Cheng Xi Ran ကို တည့်တည့်ထိုးမိသွားသော်လည်း အဝတ်အစားကိုလွန်၍ မသွားနိုင်ပေ။ ဖြီးနေသည့်အပြုံးနှင့် ထိုကောင်က သူ့အင်္ကျီကြယ်သီးဖြုတ်ပြီး အောက်တွင်ရှိသော ပုံစံတူကျည်ကာတီရှပ်ကို ထုတ်ပြသည်။
"ဘယ်လိုထင်လဲ? အံ့သြစရာမကောင်းဘူးလား?"
"အေးပါ အံ့သြစရာကောင်းပါတယ်။ ဒါပေမဲ့ မင်းတို့ လူပြက်နှစ်ကောင် ကိုယ့်ကိုယ်ကိုယ် စမ်းသပ်ခံအဖြစ်မသုံးလို့ရမလား? ခုနက ငါ့မှာ သေအောင်ကြောက်သွားတာ"
Ran Feng Ge သက်ပြင်းကျယ်ကျယ်ချကာ ဖန်ခွက်ကိုကောက်ကိုင်ပြီး ကျန်သည့်အရက်ကို တစ်ရှိန်ထိုးမော့သည်။
Ran Feng Ge သွေးကြောင်နေခြင်းမဟုတ်။ သူ့ရှေ့က နတ်ဆိုးနှစ်ကောင် ယခုလို အားအားယားယားအရူးထနေခြင်းအား ခွင့်ပြုရန် စိုးရိမ်ကြောင့်ကြနေခြင်းသာ။
အခြားနှစ်ဦးက တသောသောရယ်၍မပြီး။ Cheng Xi Ran က မျက်လှည့်ပြကွက်တစ်ခုကို ဖျော်ဖြေတော့မည့်ဟန်ဖြင့် သေနတ်တစ်လက်ကို ဘယ်ကမှန်းမသိ ဆွဲထုတ်ပြီး Mi Le ကိုချိန်လိုက်သည်။ Ran Feng Ge ကသေနတ်ကို အမြန်ဖမ်းဆွဲပြီး ကောင်တာပေါ်က ကျည်ကာတီရှပ်ဆီ ထိုးပြလိုက်သည်။
"အဲဒီအစား ငါ့တို့ ဘာကြောင့်ဒီအပေါ် မစမ်းတာလဲ?"
"စိတ်ဖိစီးမနေပါနဲ့...ငါတို့ အဲဒါနဲ့ အကြိမ်ပေါင်းများစွာ စမ်းသပ်ပြီးပါပြီ"
Mi Le က တည်ငြိမ်သည့်မျက်နှာထားဖြင့် ဆိုသည်။
"အိုခေ.. ယုံကြည်လိုက်မယ် ငါ့ကောင်တို့"
Ran Feng Ge သေနတ်ကို Cheng Xi Ran ဆီပြန်ပေးလိုက်သည်။
"လက်ဆောင်အတွက် ကျေးဇူးပါပဲ။ ငါ တကယ်သဘောကျတယ်"
"ကဲ ဒါ ဘယ်လိုအလုပ်လုပ်သလဲ ကြည့်"
Cheng Xi Ran က သေနတ်ကို ကောင်တာပေါ်က အပုံလိုက် တီရှပ်ကိုချိန်၍ မောင်းကိုဆွဲလိုက်သည်။
သေနတ်တွင် အသံတိတ်ကိရိယာတပ်ဆင်ထားသဖြင့် ပစ်သံက ညင်သာသည်။ ကျည်ဆန်တွင်ပါသော အားမှာ တီရှပ်နှင့်အထိတွင် ချက်ချင်းပဲ ပြယ်သွားသည်။ ကျည်ခွံက တီရှပ်ပေါ်မှ ခပ်ဖွဖွခုန်ထွက်၍ ကောင်တာ၏ ဖွင့်ထားသည့်အကန့်ဆီ လိမ့်ဆင်းသွား၏။ ထို့နောက် Mi Le က ကောက်ယူဖယ်ရှားလိုက်သည်။
"အထင်ကြီးစရာပဲ"
Ran Feng Ge က နှစ်ထောင်းအားရချီးကျူးသည်။
"Xi Ran..ငါတော့ မင်း မူပိုင်ခွင့်တင်သင့်တယ်လို့ ထင်တယ်"
"မတင်ချင်ပါဘူးကွာ"
Cheng Xi Ran က လက်တစ်ဖက်ဖြင့် Mi Le ၏ ခါးကျဥ်ကျဥ်ကို သိမ်း၍ ဆွဲဖက်လိုက်သည်။
"အခုလို Le Le နဲ့ အတူရှိနေရတဲ့ စိတ်အေးလက်အေး ဘဝမှာပဲ ငါပျော်တယ်။ ငါသာ မူပိုင်ခွင့်တင်လိုက်ရင် အနာဂတ်မှာ ကျိန်းသေ တိုင်းသိပြည်သိဖြစ်လာလိမ့်မှာ။ ငါ အဲဒီလို ဒုက္ခတွေ မကြုံရချင်ဘူး"
"ကောင်းပါပြီ။ ငါ ဘာမှမပြောခဲ့ဘူးလို့ မှတ်လိုက်။"
Ran Feng Ge ကျည်ကာတီရှပ်ကို ကောက်ကိုင်လိုက်သည်။သူက နည်းနည်းမှ ရှက်ရွံ့မနေဘဲ အင်္ကျီကိုချွတ်ကာ တီရှပ်ကို အစားထိုးဝတ်လိုက်၏။
"ဟေး.."
"ခဏ.."
Cheng Xi Ran နှင့် Mi Le ၏ အသံက ပြိုင်တူထွက်လာသည်။
တီရှပ်ကို ခေါင်းကနေစွပ်နေရင်း Ran Feng Ge ကြောင်သွားသည်။
သူက ခေါင်း ပေါ်သွားမှ မေးလိုက်၏။
"ဘာလို့တုန်း.."
Cheng Xi Ran က တီရှပ်၏အနားစကို ဆွဲလှန်၍ Ran Feng Ge ၏ဗိုက်က ဒဏ်ရာကို ဖော်ထုတ်လိုက်သည်။
မျက်နှာအမူအရာမှာ ထူးထူးခြားခြား မဲမှောင်နေပြီး သူက မေးလာသည်။
"မင်း မကြာခင်က ဒဏ်ရာရခဲ့တာလား?"
_____________
ကိစ္စထွေထွေထူးထူးမရှိသလိုမျိုး Ran Feng Ge က တည်တည်ငြိမ်ငြိမ် ရှင်းပြသည်။
"ဒဏ်ရာသေးသေးလေးပါ။ ငါတို့ရဲ့ အသက်မွေးဝမ်းကြောင်းက ဒဏ်ရာအနာတရကို ရှောင်လွှဲလို့မရတာ မင်းတို့လည်း အသိပဲ။ ဘာမဟုတ်တာလေးကို ကြီးကြီးကျယ်ကျယ်လုပ်ဖို့ မလိုပါဘူး။ ပြီးတော့ အနာက ကျက်သွားပါပြီ"
ထိုသို့ပြောရင်း သူက ငုံ့၍ ကျည်ကာတီရှပ်ကို ပြန့်ပြန့်ရန့်ရန့်ဖြစ်အောင်လုပ်ပြီး မူလ အင်္ကျီကို အပေါ်က ထပ်ဝတ်သည်။
"ဟေး..ဘရို၊ ငါ့ကို အမှန်အတိုင်းပြောစမ်းပါ။ ဒီတစ်ကြိမ် လက်ခံလိုက်တာ ဘယ်လိုအလုပ်မျိုးလဲ? ဟိုတစ်ခါ ဒဏ်ရာဗလဗွ ရတုန်းကလိုမျိုး အဖြစ်မခံနဲ့နော်။ Le Le ရော ငါရော မင်း နောက်တစ်ကြိမ် ထိခိုက်မှာ မမြင်ချင်ဘူး"
သူ့ကို ပူပန်နေသည့် Cheng Xi Ran အား Ran Feng Ge လေးလေးနက်နက်ကြည့်လိုက်သည်။
"ဟုတ်တယ်..Xiao Ge ရှင့်ရဲ့ စွမ်းရည်အတိုင်းအဆကို ကျွန်မတို့အားလုံးအသိ။ ရှင့်ကို ဒဏ်ရာရစေနိုင်တဲ့သူဆိုတာ နည်းနည်းလေးပဲရှိတာ။ ပြီးခဲ့တဲ့အခေါက် ရှင် အသည်းအသန်ထိခိုက်ဒဏ်ရာရသွားတော့ ကျွန်မတို့နှစ်ယောက်လုံး အသေကြောက်သွားတာ"
Mi Le ကဆက်ပြောသည်။
"အဲဒါကြောင့်ပဲ ကျွန်မတို့ နှုတ်ထွက်ပြီး ငြိမ်းချမ်းတဲ့ဘဝမှာ နေထိုင်ဖို့ဆုံးဖြတ်ခဲ့တာ။ ကျွန်မတို့ ငယ်ပါသေးတယ်။ နောက်ပြီး ကျွန်မတို့ တစ်ဘဝလုံးစာဖူလုံတဲ့ ငွေကြေးလည်းပိုင်ဆိုင်နေပြီပဲ...Xiao Ge မလိုအပ်ဘဲ အန္တရာယ်များတဲ့အလုပ်တွေ လက်မခံပါနဲ့ ဟုတ်ပြီလား?"
"မင်းတို့တွေ ငါ့ကို စိုးရိမ်နေတယ်ဆိုတာ သိပါတယ်။ ဒါပေမဲ့ ငါဘာလုပ်နေလဲကို
သိပါတယ်။ အရင်တစ်ခါကလို အခြေအနေမျိုးမဖြစ်ရအောင် ငါ့ကိုယ့်ငါ ဂရုစိုက်ပါ့မယ်"
Ran Feng Ge က Cheng Xi Ran နှင့် Mi Le တို့၏ ပခုံးတစ်ဖက်တစ်ချပ်ဆီကို သိုင်းဖက်ရင်း ထိုစကားကို လေးလေးနက်နက်ပြောလိုက်သည်။
"ဒါပေမဲ့..."
Mi Le က တစ်စုံတရာ ဆက်ပြောချင်သေးသော်လည်း တဖြည်းဖြည်း အသံတိမ်ဝင်သွားသည်။
"စိတ်မပူပါနဲ့..ဒီအလုပ်ပြီးတာနဲ့ ငါမင်းတို့နဲ့ လာပူးပေါင်းမှာ။ Tian Lan ရဲ့ အမျိုးသားဝန်ဆောင်မှုပေးသူလုပ်ပြီး ဘားဆီကို မဒီလှလှလေးတွေ ကူဆွဲဆောင်ပေးမယ်။ ဘယ်လိုသဘောရလဲ..?"
Ran Feng Ge ရယ်စရာပြောသည်။
Cheng Xi Ran က Mi Le ကိုတစ်ချက်ကြည့်ပြီး မတတ်နိုင်ဘဲ သက်ပြင်းချသည်။
"ကောင်းပြီလေ..မင်း ဆုံးဖြတ်ချက်ချပြီးသားကိစ္စကို ပြန်ပြင်မှာမဟုတ်မှန်း ငါသိတယ်။
ဂရုစိုက်ရမယ်နော်"
"အင်း ငါသိပါတယ်။ မင်း ငါ့ကို ကျည်ကာအင်္ကျီပေးထားတာပဲ မဟုတ်ဘူးလား? မစိုးရိမ်ပါနဲ့..ငါ အချိန်တိုင်း ဝတ်ထားပါ့မယ်"
Ran Feng Ge သူ့ရင်ဘတ်ကိုပုတ်၍ မဆိုင်းမတွဆိုသည်။
"ကောင်းပြီလေ ဘရို..ငါနဲ့ ပတ်သတ်ပြီး အဖွားကြီးတစ်ယောက်လို ဇီဇာကြောင်နေစရာ မလိုဘူး။ နောက်ဆုံးမှာမှ တစ်ကြိမ်အပြင်ထွက်လို့ရခဲ့တာ..ဒါကြောင့် လာ သောက်ရအောင်။ ဒီည မမူးမချင်း ဒီဘားကနေ ဘယ်သူမှမထွက်ရဘူး"
"ကောင်းပြီ..မမူးဘဲ မထွက်ရဘူး"
အချင်းချင်း ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ သူငယ်ချင်းများ အနားမှရှိနေ၍ စိတ်သက်သောင့်သက်သာ ဖြစ်သောကြောင့်ဖြစ်နိုင်သလို..သူ့စိတ်ထဲတွင် ပြန်ပေါ်လာသည့်အရာများကို မေ့ဖျောက်ရန်ကြိုးစားနေသောကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်သည်။
Ran Feng Ge ဤညတွင် တစ်ခွက်ပြီးတစ်ခွက်သောက်နေသည်မှာ Cheng Xi Ran နှင့် Mi Le တို့က သူ ၏ သောက်ပုံမူမှန်မဟုတ်သည်ကို ရှာတွေ့သွားချိန်အထိပင်။
"ကလေကချေလေး..မင်းသောက်တာ တအားများနေပြီ။ ငါတို့ တစ်ခုခုလုပ်ကြရင်ရော..ကာရာအိုကေသွားဆိုမလား?"
Cheng Xi Ran ကအကြံပြုသည်။
Ran Feng Ge ခေါင်းခါ၍ သူ့ခွက်ကို ရင်အုပ်မကွာဆုပ်ကိုင်ထားသည်။
"ဟင့်အင်း..ငါသောက်ချင်သေးတယ်။ မင်းရဲ့ သေရည်ကို ဒီလောက်တောင် ကပ်စေးနှဲရသလား..ခင်မင်မှုကို လုံးဝမထောက်ဘူး"
"အိုခေ..သောက်ပါ ဆက်သောက်"
Mi Le က ချော့ရင်း Cheng Xi Ran ကို အဓိပ္ပါယ်ပါပါကြည့်သည်။ သူ.. သူမ၏ရည်ရွယ်ချက်ကို အလုံးစုံနားလည်သွား၏။ ထို့နောက် သူရောစပ်သည့် သောက်စရာအားလုံးမှာ အသီးကော့တေးချည်းဖြစ်သွားကာ အရက်ပါဝင်မှုနည်းသွားသည်။
ခေတ္တကြာပြီးနောက် Ran Feng Ge ကောင်တာပေါ်သို့ ခြေကားယား လက်ကားယား လဲကျသွားသည်။ ရေချိန်ကိုက်သွားချေပြီ။
Cheng Xi Ran က Ran Feng Ge ကို အနီးကဆိုဖာပေါ် ကူလှဲပေး၍ သူ့သူငယ်ချင်းကို ခြုံပေးရန် အပေါ်အင်္ကျီကိုချွတ်သည်။ သူက ကောင်တာဆီ ပြန်လျှောက်လာပြီး Mi Le ကို တံတောင်ဖြင့်တွတ်၏။
"Mi Le ..ဘယ်လိုထင်လဲ?"
"ပုံမှန်တော့မဟုတ်ဘူး..တစ်ခုခု ဖြစ်ခဲ့ရမယ်"
Mi Le က ကံသေကံမပြောသည်။
သူမက အနည်းငယ်တွေး၍ ထပ်ပြောသည်။
"ပြောရရင် သူ ငါတို့ကို အဲဒီအမဲလိုက်သိမ်းငှက်ပုံ တက်တူးအကြောင်း စုံစမ်းပြီးကတည်းက ထူးဆန်းလာတာပဲ"
"ဟုတ်တယ်...အကြောင်းပြချက်က သူလက်ခံခဲ့တဲ့ အလုပ်အသစ်ကြောင့်ဖြစ်မှာ အသေအချာပဲ"
Cheng Xi Ran က
ဘားအတွင်းရှိ လျှို့ဝှက်အကန့်တစ်ခုထဲမှ အနီရောင်လက်ပ်တော့ကို ထုတ်ယူ၍ ခလုတ်ဖွင့်လိုက်သည်။
"Le Le .. အမဲလိုက်သိမ်းငှက်နဲ့ပတ်သတ်ပြီး စစ်ဆေးနိုင်မလား..ပြီးရင် Ran Feng Ge ပါဝင်ပတ်သတ်နေတဲ့ အဖြစ်အပျက်တစ်စုံတရာရှိမရှိ ကြည့်ရအောင်"
"ဒါပေါ့"
Mi Le က လက်ပ်တော့ကို ဆွဲယူလိုက်ပြီး သူမ၏ လက်ချောင်းသွယ်များက ကီးဘုတ်ပေါ် အလျင်အမြန်ပြေးလွှားသွားသည်။ ခေါင်းထဲတွင် အတွေးပေါင်းမြောက်မြားစွာ ပြေးနေသလိုမျိုး
သူမက မီးခိုးရောင် ဝိုင်းစက်စက် မျက်လုံးများဖြင့် စခရင်ကိုမျက်တောင်မခတ်စတမ်းကြည့်နေသည်။ ထို့နောက် Cheng Xi Ran ကို လေးလေးနက်နက်ကြည့်လာသည်။
"ကျွန်မ အထူးနည်းလမ်းတချို့ သုံးရလိမ့်မယ်။ ခွင့်ပြုမှာလား?"
အထူးနည်းလမ်းဆိုသည်မှာ ဆန်းသစ်သည့် ဟက်ယူခြင်းနည်းလမ်းများကိုဆိုလိုပြီး ၄င်းက အမဲလိုက်သိမ်းငှက်၏ လျှို့ဝှက်အချက်အလက်များကို သူတို့ဝင်ရှာနိုင်ရန် ခွင့်ပြုပေးလိမ့်မည်။
သို့သော် သူတို့ကို ဖော်ထုတ်ခံလိုက်ရသည်နှင့် သူတို့၏ ငြိမ်းချမ်းသောဘဝလည်း ဇာတ်သိမ်းသွားမည်။ ထိုအကြောင်းကြောင့် သူမ Cheng Xi Ran ၏ အတည်ပြုချက်ကို မေးနေခြင်းဖြစ်သည်။
Cheng Xi Ran က ဆိုဖာပေါ်တွင် အိပ်ပျာ်နေသော မျက်မှောင်ကြုတ်ထားသည့် အမျိုးသားကိုတစ်လှည့် သူ့ချစ်သူကိုတစ်လှည့် ကြည့်သည်။
နောက်ဆုံးတွင် သူက တည်ကြည်စွာခေါင်းငြိမ့်လိုက်၏။
"သဘောတူတယ်"
Mi Le.. နားလည်မှုရှိရှိ ပြုံးသည်။
"ကောင်းပြီ"
သူတို့ သုံးယောက်စလုံးသည် ငယ်စဥ်ကတည်းက အတူရှိခဲ့ကြပြီး တစ်ယောက်အသက်ကိုတစ်ယောက် အကြိမ်များစွာကယ်တင်ဖူးသည်။သူတို့ ၏ကံကြမ္မာများမှာ အစကတည်းက ယှက်နွယ်ထားပြီးသားပင်။ Ran Feng Ge ကြောင့်ဖြစ်ပါက Mi Le ထိုနယ်ပယ်သို့ ပြန်သွားရစေဦး..တုန့်ဆိုင်းမည်မဟုတ်ချေ။
ထို့ပြင် သူမ၏ ချစ်သူကလည်း သူမနှင့်အတူ တစ်လမ်းလုံး ဖဝါးထပ်ချပ်လိုက်မည်သာ။
Mi Le ၏ အထူးစွမ်းရည်ကိုပြောပါဆိုလျှင် သူမ၏ သာလွန်သောမှတ်ဉာဏ်နှင့် ကွန်ပျူတာနှင့်ပတ်သတ်ပြီး ကြီးကျယ်သော ဗဟုသုတများပေ။ မကြာခင်၌ပင်..အမဲလိုက်သိမ်းငှက်၏ သူဌေးနှင့်ပတ်သတ်သည့် အချက်အလက်မျိုးစုံကို သူမဆွဲထုတ်လိုက်နိုင်ခဲ့ပါသည်။
>>>>>>>>>>>>><<<<<<<<<<<<<
Zawgyi
Chapter 41
Intoxicated
_______________________
သိခ်င္စိတ္ျဖင့္ မသကၤာျဖစ္ေနသည့္တိုင္ Ran Feng Ge တီရွပ္ကို လက္သင့္ခံလိုက္သည္။ လက္ထဲတြင္ ဘယ္ျပန္ညာျပန္ကိုင္၍ သူက အထည္ကို အနီးကပ္စစ္ေဆးၾကည့္သည္။ တီရွပ္က ပိုးသားျဖင့္ လုပ္ထားသည့္ဟန္ေပၚေသာ္ျငား စစ္ေဆးမႈတခ်ိဳ႕ ထပ္မံလုပ္ၿပီးမွ
သူ ဆုံးျဖတ္ခ်က္ခ်ခဲ့သည္။ အထည္က ကိုင္တြယ္ရ ႏူးညံ့ၿပီး ပုံစံကလည္း ေခတ္မီ၍ ဖက္ရွင္က်သည္။ တီရွပ္ေပၚတြင္ ကတ္ျပားတစ္ခုမွမပါသျဖင့္ ဆိုင္ကဝယ္ခဲ့ျခင္းဟုတ္ဟန္မတူ။ အထူးသျဖင့္ သူ႕သူငယ္ခ်င္း၏ ဂုဏ္ဆာေနသည့္မ်က္ႏွာေပးကိုၾကည့္ၿပီး ေၾကာင္းက်ိဳးသင့္ မွန္းဆရလွ်င္ Cheng Xi Ran ကိုယ္တိုင္ ျပဳလုပ္ထားျခင္းျဖစ္ရမည္။ သူက လက္နက္ေတြကိုပဲ သေဘာက်တာမဟုတ္ဘူးလား? ဘယ္အခ်ိန္ကစၿပီး အခ်ဳပ္အလုပ္ကို စိတ္ဝင္စားသြားတာလဲ?
"မင္းလုပ္ခဲ့တာလား?"
အကၤ်ီႏွင့္ပတ္သတ္၍ ထူးျခားခ်က္တစ္စုံတစ္ရာ ရွာမေတြ႕သျဖင့္
အမွန္တရားကို က်ိဳးႏြံစြာလက္ခံကာ
Ran Feng Ge ေမးလိုက္သည္။
အဆိုပါအမ်ိဳးသားက Mi Le ဘက္ကိုၾကည့္၊ သူတို႔ခ်င္း မ်က္လုံးဂေဟဆက္ၿပီးမွ ထက္ထက္သန္သန္ေခါင္းၿငိမ့္သည္။
"အဟုတ္ပဲ"
"ငါ့ကို ဘာလို႔ တီရွပ္တစ္ထည္ လက္ေဆာင္ေပးတာလဲ?
ဒါနဲ႕ပတ္သတ္ၿပီး ထူးထူးျခားျခား ဘာမ်ားရွိလို႔?"
ထို႔ေနာက္ Ran Feng Ge က အမ်ားႀကီးမေတြးဘဲ ထပ္ျဖည့္ေျပာသည္။
"ကိုယ့္ကိုယ္ကိုယ္ ကာကြယ္ဖို႔အတြက္လို႔ မေျပာနဲ႕ေနာ္..ေရွးတုန္းကဆို ဓားေတြလွံေတြရန္က ကာကြယ္ဖို႔
ဒီလို ေ႐ႊခ်ည္ခ်ပ္ဝတ္ေတြ ေတာင္းဆိုၾကတယ္မဟုတ္လား?"
သူ႕သူငယ္ခ်င္းႏွစ္ေယာက္လုံး အံၾသ မွင္တက္ သြားသည္။ Cheng Xi Ran ေကာင္တာေပၚ လက္သီးတစ္ခ်က္ ထုလိုက္၏။
"ေသပါေတာ့! မင္းက ေသာက္ရမ္းေတာ္တာပဲ ။ ငါ့ရဲ႕ လူတြင္က်ယ္လုပ္ခ်င္စိတ္ကေလး ႀကီးထြားခြင့္ရေအာင္ အႀကိမ္နည္းနည္းေလာက္ ပိုမွန္းပါဦးေတာ့လား"
Ran Feng Ge ၏ ႏႈတ္ခမ္းက အၿပဳံးျဖင့္ေကာ့တက္သြားသည္။
"အိုး..ဒါဆို ဒါဆို မင္းကိုယ္မင္း လူတြင္က်ယ္လုပ္ခ်င္စိတ္ေတြ ႀကီးထြားေနမွန္း သိၿပီးသားေပါ့"
"အဟမ္း..ေကာင္းၿပီ။ အာလာပ သလာပေတြ ရပ္စို႔"
Cheng Xi Ran တစ္ေယာက္ Ran Feng Ge ၏မွတ္ခ်က္ကို စိတ္မရွိပါ။ ဝံ့ႂကြားသည့္ အမူအရာက သူ႕မ်က္ႏွာတြင္ တစ္ဖန္ကိန္းေအာင္းကာ Ran Feng Ge ၏လက္ထဲက တီရွပ္ကိုယူလ်က္ သေဘာက်ပြတ္သပ္သည္။
"ဒါက ဒီလထဲမွာ ငါအမ်ားႀကီး သုေတသနလုပ္ၿပီးမွ ရလာတဲ့ ထုတ္ကုန္အသစ္။ ထိပ္တန္းက်ည္ကာတီရွပ္"
"က်ည္ကာတီရွပ္..?"
Ran Feng Ge ပါးစပ္အေဟာင္းသားျဖစ္သြားရသည္။
"မင္း ဒီဟာကို က်ည္ကာလို႔ ေျပာလိုက္တာလား?"
"ဘယ္လိုလဲ? မင္း ေလးစားသြားၿပီလား?"
Ran Feng Ge ၏တုန့္ျပန္ပုံကို အေက်နပ္ႀကီးေက်နပ္၍ Cheng Xi Ran က မ်က္ႏွာကိုေမာ္ထားသည္။
Mi Le ၏လက္ကို ေကာက္ကိုင္ၿပီးသူကဆိုသည္။
"ငါတို႔ အားလုံးအတြက္ တစ္ခုစီလုပ္ထားတာ။ အခုဆို ငါတို႔က အေဆာက္အအုံတစ္ခုလုံးမွာ ပိုၿပီးၿပိဳင္ဘက္ကင္းသြားၿပီ"
"က်ည္ကာ တီရွပ္..."
Ran Feng Ge ဘာသာ ေရ႐ြတ္ေနမိသည္။ သူက ထူးျခားသည့္တီရွပ္ကို ေကာက္ယူ၍ ထပ္မံစစ္ေဆးျပန္၏။ စိတ္ထဲ၌ က်ည္ကာအထည္မ်ားမွာ ထုံးစံအတိုင္း ေလးလံ ထူထဲလိမ့္မည္ဟု သူက အထင္ရွိထားသည္။ သို႔ေသာ္လည္း သူ႕လက္ထဲက တီရွပ္မွာ ေပါ့ပါးႏူးညံ့ေနသည္။ သည္လိုအစားမ်ိဳးက ဘယ္လိုက်ည္ကာနိုင္မွာလဲ?
"ၾကည့္ရတာ မင္း မယုံဘူးပဲ ..Le Le ေရ"
Cheng Xi Ran က Mi Le ကို မ်က္လုံးျဖင့္အခ်က္ျပလိုက္သည္။
သူမက Cheng Xi Ran ၏ လည္တိုင္တြင္ သိုင္းဖက္ထားသည့္
လက္ကိုဖယ္၍ လက္ေကာက္ဝတ္ကို လႈပ္ရွားလိုက္လွ်င္ ဓားငယ္တစ္လက္ သူမလက္တြင္း ေလွ်ာခနဲဆင္းလာသည္။ ထို႔ေနာက္ ကိုယ္ကိုလွည့္၍ ရိပ္ခနဲလႈပ္ရွားကာ Cheng Xi Ran ဆီ ဓားျဖင့္ပစ္သြင္းလိုက္သည္။
Ran Feng Ge လန့္ဖ်ပ္ကာ ထခုန္မိသည္။
"ေဟး..မင္းတို႔"
ဓားက Cheng Xi Ran ကို တည့္တည့္ထိုးမိသြားေသာ္လည္း အဝတ္အစားကိုလြန္၍ မသြားနိုင္ေပ။ ၿဖီးေနသည့္အၿပဳံးႏွင့္ ထိုေကာင္က သူ႕အကၤ်ီၾကယ္သီးျဖဳတ္ၿပီး ေအာက္တြင္ရွိေသာ ပုံစံတူက်ည္ကာတီရွပ္ကို ထုတ္ျပသည္။
"ဘယ္လိုထင္လဲ? အံ့ၾသစရာမေကာင္းဘူးလား?"
"ေအးပါ အံ့ၾသစရာေကာင္းပါတယ္။ ဒါေပမဲ့ မင္းတို႔ လူျပက္ႏွစ္ေကာင္ ကိုယ့္ကိုယ္ကိုယ္ စမ္းသပ္ခံအျဖစ္မသုံးလို႔ရမလား? ခုနက ငါ့မွာ ေသေအာင္ေၾကာက္သြားတာ"
Ran Feng Ge သက္ျပင္းက်ယ္က်ယ္ခ်ကာ ဖန္ခြက္ကိုေကာက္ကိုင္ၿပီး က်န္သည့္အရက္ကို တစ္ရွိန္ထိုးေမာ့သည္။
Ran Feng Ge ေသြးေၾကာင္ေနျခင္းမဟုတ္။ သူ႕ေရွ႕က နတ္ဆိုးႏွစ္ေကာင္ ယခုလို အားအားယားယားအ႐ူးထေနျခင္းအား ခြင့္ျပဳရန္ စိုးရိမ္ေၾကာင့္ၾကေနျခင္းသာ။
အျခားႏွစ္ဦးက တေသာေသာရယ္၍မၿပီး။ Cheng Xi Ran က မ်က္လွည့္ျပကြက္တစ္ခုကို ေဖ်ာ္ေျဖေတာ့မည့္ဟန္ျဖင့္ ေသနတ္တစ္လက္ကို ဘယ္ကမွန္းမသိ ဆြဲထုတ္ၿပီး Mi Le ကိုခ်ိန္လိုက္သည္။ Ran Feng Ge ကေသနတ္ကို အျမန္ဖမ္းဆြဲၿပီး ေကာင္တာေပၚက က်ည္ကာတီရွပ္ဆီ ထိုးျပလိုက္သည္။
"အဲဒီအစား ငါ့တို႔ ဘာေၾကာင့္ဒီအေပၚ မစမ္းတာလဲ?"
"စိတ္ဖိစီးမေနပါနဲ႕...ငါတို႔ အဲဒါနဲ႕ အႀကိမ္ေပါင္းမ်ားစြာ စမ္းသပ္ၿပီးပါၿပီ"
Mi Le က တည္ၿငိမ္သည့္မ်က္ႏွာထားျဖင့္ ဆိုသည္။
"အိုေခ.. ယုံၾကည္လိုက္မယ္ ငါ့ေကာင္တို႔"
Ran Feng Ge ေသနတ္ကို Cheng Xi Ran ဆီျပန္ေပးလိုက္သည္။
"လက္ေဆာင္အတြက္ ေက်းဇူးပါပဲ။ ငါ တကယ္သေဘာက်တယ္"
"ကဲ ဒါ ဘယ္လိုအလုပ္လုပ္သလဲ ၾကည့္"
Cheng Xi Ran က ေသနတ္ကို ေကာင္တာေပၚက အပုံလိုက္ တီရွပ္ကိုခ်ိန္၍ ေမာင္းကိုဆြဲလိုက္သည္။
ေသနတ္တြင္ အသံတိတ္ကိရိယာတပ္ဆင္ထားသျဖင့္ ပစ္သံက ညင္သာသည္။ က်ည္ဆန္တြင္ပါေသာ အားမွာ တီရွပ္ႏွင့္အထိတြင္ ခ်က္ခ်င္းပဲ ျပယ္သြားသည္။ က်ည္ခြံက တီရွပ္ေပၚမွ ခပ္ဖြဖြခုန္ထြက္၍ ေကာင္တာ၏ ဖြင့္ထားသည့္အကန့္ဆီ လိမ့္ဆင္းသြား၏။ ထို႔ေနာက္ Mi Le က ေကာက္ယူဖယ္ရွားလိုက္သည္။
"အထင္ႀကီးစရာပဲ"
Ran Feng Ge က ႏွစ္ေထာင္းအားရခ်ီးက်ဴးသည္။
"Xi Ran..ငါေတာ့ မင္း မူပိုင္ခြင့္တင္သင့္တယ္လို႔ ထင္တယ္"
"မတင္ခ်င္ပါဘူးကြာ"
Cheng Xi Ran က လက္တစ္ဖက္ျဖင့္ Mi Le ၏ ခါးက်ဥ္က်ဥ္ကို သိမ္း၍ ဆြဲဖက္လိုက္သည္။
"အခုလို Le Le နဲ႕ အတူရွိေနရတဲ့ စိတ္ေအးလက္ေအး ဘဝမွာပဲ ငါေပ်ာ္တယ္။ ငါသာ မူပိုင္ခြင့္တင္လိုက္ရင္ အနာဂတ္မွာ က်ိန္းေသ တိုင္းသိျပည္သိျဖစ္လာလိမ့္မွာ။ ငါ အဲဒီလို ဒုကၡေတြ မႀကဳံရခ်င္ဘူး"
"ေကာင္းပါၿပီ။ ငါ ဘာမွမေျပာခဲ့ဘူးလို႔ မွတ္လိုက္။"
Ran Feng Ge က်ည္ကာတီရွပ္ကို ေကာက္ကိုင္လိုက္သည္။သူက နည္းနည္းမွ ရွက္႐ြံ႕မေနဘဲ အကၤ်ီကိုခြၽတ္ကာ တီရွပ္ကို အစားထိုးဝတ္လိုက္၏။
"ေဟး.."
"ခဏ.."
Cheng Xi Ran ႏွင့္ Mi Le ၏ အသံက ၿပိဳင္တူထြက္လာသည္။
တီရွပ္ကို ေခါင္းကေနစြပ္ေနရင္း Ran Feng Ge ေၾကာင္သြားသည္။
သူက ေခါင္း ေပၚသြားမွ ေမးလိုက္၏။
"ဘာလို႔တုန္း.."
Cheng Xi Ran က တီရွပ္၏အနားစကို ဆြဲလွန္၍ Ran Feng Ge ၏ဗိုက္က ဒဏ္ရာကို ေဖာ္ထုတ္လိုက္သည္။
မ်က္ႏွာအမူအရာမွာ ထူးထူးျခားျခား မဲေမွာင္ေနၿပီး သူက ေမးလာသည္။
"မင္း မၾကာခင္က ဒဏ္ရာရခဲ့တာလား?"
_____________
ကိစၥေထြေထြထူးထူးမရွိသလိုမ်ိဳး Ran Feng Ge က တည္တည္ၿငိမ္ၿငိမ္ ရွင္းျပသည္။
"ဒဏ္ရာေသးေသးေလးပါ။ ငါတို႔ရဲ႕ အသက္ေမြးဝမ္းေၾကာင္းက ဒဏ္ရာအနာတရကို ေရွာင္လႊဲလို႔မရတာ မင္းတို႔လည္း အသိပဲ။ ဘာမဟုတ္တာေလးကို ႀကီးႀကီးက်ယ္က်ယ္လုပ္ဖို႔ မလိုပါဘူး။ ၿပီးေတာ့ အနာက က်က္သြားပါၿပီ"
ထိုသို႔ေျပာရင္း သူက ငုံ႕၍ က်ည္ကာတီရွပ္ကို ျပန့္ျပန့္ရန့္ရန့္ျဖစ္ေအာင္လုပ္ၿပီး မူလ အကၤ်ီကို အေပၚက ထပ္ဝတ္သည္။
"ေဟး..ဘရို၊ ငါ့ကို အမွန္အတိုင္းေျပာစမ္းပါ။ ဒီတစ္ႀကိမ္ လက္ခံလိုက္တာ ဘယ္လိုအလုပ္မ်ိဳးလဲ? ဟိုတစ္ခါ ဒဏ္ရာဗလဗြ ရတုန္းကလိုမ်ိဳး အျဖစ္မခံနဲ႕ေနာ္။ Le Le ေရာ ငါေရာ မင္း ေနာက္တစ္ႀကိမ္ ထိခိုက္မွာ မျမင္ခ်င္ဘူး"
သူ႕ကို ပူပန္ေနသည့္ Cheng Xi Ran အား Ran Feng Ge ေလးေလးနက္နက္ၾကည့္လိုက္သည္။
"ဟုတ္တယ္..Xiao Ge ရွင့္ရဲ႕ စြမ္းရည္အတိုင္းအဆကို ကြၽန္မတို႔အားလုံးအသိ။ ရွင့္ကို ဒဏ္ရာရေစနိုင္တဲ့သူဆိုတာ နည္းနည္းေလးပဲရွိတာ။ ၿပီးခဲ့တဲ့အေခါက္ ရွင္ အသည္းအသန္ထိခိုက္ဒဏ္ရာရသြားေတာ့ ကြၽန္မတို႔ႏွစ္ေယာက္လုံး အေသေၾကာက္သြားတာ"
Mi Le ကဆက္ေျပာသည္။
"အဲဒါေၾကာင့္ပဲ ကြၽန္မတို႔ ႏႈတ္ထြက္ၿပီး ၿငိမ္းခ်မ္းတဲ့ဘဝမွာ ေနထိုင္ဖို႔ဆုံးျဖတ္ခဲ့တာ။ ကြၽန္မတို႔ ငယ္ပါေသးတယ္။ ေနာက္ၿပီး ကြၽန္မတို႔ တစ္ဘဝလုံးစာဖူလုံတဲ့ ေငြေၾကးလည္းပိုင္ဆိုင္ေနၿပီပဲ...Xiao Ge မလိုအပ္ဘဲ အႏၱရာယ္မ်ားတဲ့အလုပ္ေတြ လက္မခံပါနဲ႕ ဟုတ္ၿပီလား?"
"မင္းတို႔ေတြ ငါ့ကို စိုးရိမ္ေနတယ္ဆိုတာ သိပါတယ္။ ဒါေပမဲ့ ငါဘာလုပ္ေနလဲကို
သိပါတယ္။ အရင္တစ္ခါကလို အေျခအေနမ်ိဳးမျဖစ္ရေအာင္ ငါ့ကိုယ့္ငါ ဂ႐ုစိုက္ပါ့မယ္"
Ran Feng Ge က Cheng Xi Ran ႏွင့္ Mi Le တို႔၏ ပခုံးတစ္ဖက္တစ္ခ်ပ္ဆီကို သိုင္းဖက္ရင္း ထိုစကားကို ေလးေလးနက္နက္ေျပာလိုက္သည္။
"ဒါေပမဲ့..."
Mi Le က တစ္စုံတရာ ဆက္ေျပာခ်င္ေသးေသာ္လည္း တျဖည္းျဖည္း အသံတိမ္ဝင္သြားသည္။
"စိတ္မပူပါနဲ႕..ဒီအလုပ္ၿပီးတာနဲ႕ ငါမင္းတို႔နဲ႕ လာပူးေပါင္းမွာ။ Tian Lan ရဲ႕ အမ်ိဳးသားဝန္ေဆာင္မႈေပးသူလုပ္ၿပီး ဘားဆီကို မဒီလွလွေလးေတြ ကူဆြဲေဆာင္ေပးမယ္။ ဘယ္လိုသေဘာရလဲ..?"
Ran Feng Ge ရယ္စရာေျပာသည္။
Cheng Xi Ran က Mi Le ကိုတစ္ခ်က္ၾကည့္ၿပီး မတတ္နိုင္ဘဲ သက္ျပင္းခ်သည္။
"ေကာင္းၿပီေလ..မင္း ဆုံးျဖတ္ခ်က္ခ်ၿပီးသားကိစၥကို ျပန္ျပင္မွာမဟုတ္မွန္း ငါသိတယ္။
ဂ႐ုစိုက္ရမယ္ေနာ္"
"အင္း ငါသိပါတယ္။ မင္း ငါ့ကို က်ည္ကာအကၤ်ီေပးထားတာပဲ မဟုတ္ဘူးလား? မစိုးရိမ္ပါနဲ႕..ငါ အခ်ိန္တိုင္း ဝတ္ထားပါ့မယ္"
Ran Feng Ge သူ႕ရင္ဘတ္ကိုပုတ္၍ မဆိုင္းမတြဆိုသည္။
"ေကာင္းၿပီေလ ဘရို..ငါနဲ႕ ပတ္သတ္ၿပီး အဖြားႀကီးတစ္ေယာက္လို ဇီဇာေၾကာင္ေနစရာ မလိုဘူး။ ေနာက္ဆုံးမွာမွ တစ္ႀကိမ္အျပင္ထြက္လို႔ရခဲ့တာ..ဒါေၾကာင့္ လာ ေသာက္ရေအာင္။ ဒီည မမူးမခ်င္း ဒီဘားကေန ဘယ္သူမွမထြက္ရဘူး"
"ေကာင္းၿပီ..မမူးဘဲ မထြက္ရဘူး"
အခ်င္းခ်င္း ကိုင္းကြၽန္းမွီ ကြၽန္းကိုင္းမွီ သူငယ္ခ်င္းမ်ား အနားမွရွိေန၍ စိတ္သက္ေသာင့္သက္သာ ျဖစ္ေသာေၾကာင့္ျဖစ္နိုင္သလို..သူ႕စိတ္ထဲတြင္ ျပန္ေပၚလာသည့္အရာမ်ားကို ေမ့ေဖ်ာက္ရန္ႀကိဳးစားေနေသာေၾကာင့္လည္း ျဖစ္ေကာင္းျဖစ္နိုင္သည္။
Ran Feng Ge ဤညတြင္ တစ္ခြက္ၿပီးတစ္ခြက္ေသာက္ေနသည္မွာ Cheng Xi Ran ႏွင့္ Mi Le တို႔က သူ ၏ ေသာက္ပုံမူမွန္မဟုတ္သည္ကို ရွာေတြ႕သြားခ်ိန္အထိပင္။
"ကေလကေခ်ေလး..မင္းေသာက္တာ တအားမ်ားေနၿပီ။ ငါတို႔ တစ္ခုခုလုပ္ၾကရင္ေရာ..ကာရာအိုေကသြားဆိုမလား?"
Cheng Xi Ran ကအႀကံျပဳသည္။
Ran Feng Ge ေခါင္းခါ၍ သူ႕ခြက္ကို ရင္အုပ္မကြာဆုပ္ကိုင္ထားသည္။
"ဟင့္အင္း..ငါေသာက္ခ်င္ေသးတယ္။ မင္းရဲ႕ ေသရည္ကို ဒီေလာက္ေတာင္ ကပ္ေစးႏွဲရသလား..ခင္မင္မႈကို လုံးဝမေထာက္ဘူး"
"အိုေခ..ေသာက္ပါ ဆက္ေသာက္"
Mi Le က ေခ်ာ့ရင္း Cheng Xi Ran ကို အဓိပၸါယ္ပါပါၾကည့္သည္။ သူ.. သူမ၏ရည္႐ြယ္ခ်က္ကို အလုံးစုံနားလည္သြား၏။ ထို႔ေနာက္ သူေရာစပ္သည့္ ေသာက္စရာအားလုံးမွာ အသီးေကာ့ေတးခ်ည္းျဖစ္သြားကာ အရက္ပါဝင္မႈနည္းသြားသည္။
ေခတၱၾကာၿပီးေနာက္ Ran Feng Ge ေကာင္တာေပၚသို႔ ေျခကားယား လက္ကားယား လဲက်သြားသည္။ ေရခ်ိန္ကိုက္သြားေခ်ၿပီ။
Cheng Xi Ran က Ran Feng Ge ကို အနီးကဆိုဖာေပၚ ကူလွဲေပး၍ သူ႕သူငယ္ခ်င္းကို ၿခဳံေပးရန္ အေပၚအကၤ်ီကိုခြၽတ္သည္။ သူက ေကာင္တာဆီ ျပန္ေလွ်ာက္လာၿပီး Mi Le ကို တံေတာင္ျဖင့္တြတ္၏။
"Mi Le ..ဘယ္လိုထင္လဲ?"
"ပုံမွန္ေတာ့မဟုတ္ဘူး..တစ္ခုခု ျဖစ္ခဲ့ရမယ္"
Mi Le က ကံေသကံမေျပာသည္။
သူမက အနည္းငယ္ေတြး၍ ထပ္ေျပာသည္။
"ေျပာရရင္ သူ ငါတို႔ကို အဲဒီအမဲလိုက္သိမ္းငွက္ပုံ တက္တူးအေၾကာင္း စုံစမ္းၿပီးကတည္းက ထူးဆန္းလာတာပဲ"
"ဟုတ္တယ္...အေၾကာင္းျပခ်က္က သူလက္ခံခဲ့တဲ့ အလုပ္အသစ္ေၾကာင့္ျဖစ္မွာ အေသအခ်ာပဲ"
Cheng Xi Ran က
ဘားအတြင္းရွိ လွ်ို႔ဝွက္အကန့္တစ္ခုထဲမွ အနီေရာင္လက္ပ္ေတာ့ကို ထုတ္ယူ၍ ခလုတ္ဖြင့္လိုက္သည္။
"Le Le .. အမဲလိုက္သိမ္းငွက္နဲ႕ပတ္သတ္ၿပီး စစ္ေဆးနိုင္မလား..ၿပီးရင္ Ran Feng Ge ပါဝင္ပတ္သတ္ေနတဲ့ အျဖစ္အပ်က္တစ္စုံတရာရွိမရွိ ၾကည့္ရေအာင္"
"ဒါေပါ့"
Mi Le က လက္ပ္ေတာ့ကို ဆြဲယူလိုက္ၿပီး သူမ၏ လက္ေခ်ာင္းသြယ္မ်ားက ကီးဘုတ္ေပၚ အလ်င္အျမန္ေျပးလႊားသြားသည္။ ေခါင္းထဲတြင္ အေတြးေပါင္းေျမာက္ျမားစြာ ေျပးေနသလိုမ်ိဳး
သူမက မီးခိုးေရာင္ ဝိုင္းစက္စက္ မ်က္လုံးမ်ားျဖင့္ စခရင္ကိုမ်က္ေတာင္မခတ္စတမ္းၾကည့္ေနသည္။ ထို႔ေနာက္ Cheng Xi Ran ကို ေလးေလးနက္နက္ၾကည့္လာသည္။
"ကြၽန္မ အထူးနည္းလမ္းတခ်ိဳ႕ သုံးရလိမ့္မယ္။ ခြင့္ျပဳမွာလား?"
အထူးနည္းလမ္းဆိုသည္မွာ ဆန္းသစ္သည့္ ဟက္ယူျခင္းနည္းလမ္းမ်ားကိုဆိုလိုၿပီး ၄င္းက အမဲလိုက္သိမ္းငွက္၏ လွ်ို႔ဝွက္အခ်က္အလက္မ်ားကို သူတို႔ဝင္ရွာနိုင္ရန္ ခြင့္ျပဳေပးလိမ့္မည္။
သို႔ေသာ္ သူတို႔ကို ေဖာ္ထုတ္ခံလိုက္ရသည္ႏွင့္ သူတို႔၏ ၿငိမ္းခ်မ္းေသာဘဝလည္း ဇာတ္သိမ္းသြားမည္။ ထိုအေၾကာင္းေၾကာင့္ သူမ Cheng Xi Ran ၏ အတည္ျပဳခ်က္ကို ေမးေနျခင္းျဖစ္သည္။
Cheng Xi Ran က ဆိုဖာေပၚတြင္ အိပ္ပ်ာ္ေနေသာ မ်က္ေမွာင္ၾကဳတ္ထားသည့္ အမ်ိဳးသားကိုတစ္လွည့္ သူ႕ခ်စ္သူကိုတစ္လွည့္ ၾကည့္သည္။
ေနာက္ဆုံးတြင္ သူက တည္ၾကည္စြာေခါင္းၿငိမ့္လိုက္၏။
"သေဘာတူတယ္"
Mi Le.. နားလည္မႈရွိရွိ ၿပဳံးသည္။
"ေကာင္းၿပီ"
သူတို႔ သုံးေယာက္စလုံးသည္ ငယ္စဥ္ကတည္းက အတူရွိခဲ့ၾကၿပီး တစ္ေယာက္အသက္ကိုတစ္ေယာက္ အႀကိမ္မ်ားစြာကယ္တင္ဖူးသည္။သူတို႔ ၏ကံၾကမၼာမ်ားမွာ အစကတည္းက ယွက္ႏြယ္ထားၿပီးသားပင္။ Ran Feng Ge ေၾကာင့္ျဖစ္ပါက Mi Le ထိုနယ္ပယ္သို႔ ျပန္သြားရေစဦး..တုန့္ဆိုင္းမည္မဟုတ္ေခ်။
ထို႔ျပင္ သူမ၏ ခ်စ္သူကလည္း သူမႏွင့္အတူ တစ္လမ္းလုံး ဖဝါးထပ္ခ်ပ္လိုက္မည္သာ။
Mi Le ၏ အထူးစြမ္းရည္ကိုေျပာပါဆိုလွ်င္ သူမ၏ သာလြန္ေသာမွတ္ဉာဏ္ႏွင့္ ကြန္ပ်ဴတာႏွင့္ပတ္သတ္ၿပီး ႀကီးက်ယ္ေသာ ဗဟုသုတမ်ားေပ။ မၾကာခင္၌ပင္..အမဲလိုက္သိမ္းငွက္၏ သူေဌးႏွင့္ပတ္သတ္သည့္ အခ်က္အလက္မ်ိဳးစုံကို သူမဆြဲထုတ္လိုက္နိုင္ခဲ့ပါသည္။
>>>>>>>>>>>>><<<<<<<<<<<<<