Unicode
ကျောင်းဆင်းသည်နှင့် ယူနီဖောင်းလေးအသာလဲကာ Junction Cityလမ်းကြားသို့ထွက်လာခဲ့သည်။
ဒီညနေအဆောင်မှာဟင်းမကောင်းပေ။
ထို့ကြောင့် မိုးသားနဲ့ဟိန်းထက်စားနေကျဦးလေးကြီးဆိုင်မှ ထမင်းသုပ်ဝယ်ရန်ဖြစ်သည်။
ဒီဆိုင်ကအသုပ်တွေကတော်တော်တော့လက်ရာကောင်းသည်။
ဟိန်းထက်ရယ်မိုးသားရယ်ကိုညီရယ်ကညနေကျောင်းဆင်းပြီဆိုတာနှင့် ဒီလမ်းကြားလေးထဲလာပြီး street foodတွေအဝစားရတာကိုသဘောကျသည်။
တီရှပ်ပွပွကြီးတွေကိုဘောင်းဘီတိုလေးတွေနဲ့တွဲဝတ်ပြီး Hotdogဆိုင်မှHotdogနဲ့GreenTea Ice_creamကိုတွဲစားရတာလည်းနှစ်ခြိုက်သည်။
ပြန်တွေးကြည့်တိုင်းပျော်စရာကောင်းခဲ့တဲ့အချိန်တွေဆိုပေမယ့် အခုချိန်ပြန်တွေးမိတော့ဝမ်းနည်းရသည်။
ဟိုပြဿနာပြီးထဲက မိုးသားနဲ့သူစကားမပြောဖြစ်တာကြာပြီမလား။
“ဦးလေး ရခိုင်ထမင်းသုပ်တစ်ပွဲပေး ကြက်ဥနဲ့ပဲ။ပါဆယ်နော်”
“ဟုတ်ကဲ့ဆရာလေး။တစ်ပွဲပဲလား ဟိုဆရာလေးရော”
ဟိန်းထက်ပြုံး၍သာခေါင်းခါပြလိုက်သည်။အလိုက်သိသည့်ဦးလေးကလည်းဆက်မမေး။သူဆက်မေးလျှင်လည်းဟိန်းထက်မှာဖြေစရာမရှိပေ။စိတ်ကောက်နေတယ်လို့ဖြေရအောင်လည်း မိုးသားစိတ်ကောက်နေတာမဟုတ်မှန်းမိမိအသိပင်မဟုတ်လား။
“ဦးလေး ကျေးဇူးပဲနော်။ဒီမှာ၉၀၀”
“ဟုတ်ကဲ့ဆရာလေး”
ဟိန်းထက်ဦလေးဆီကပါဆယ်ဆွဲလာသည့်ထမင်းသုပ်ထုပ်ကိုဆွဲလျှက် Junction Cityသို့တက်ခဲ့သည်။ခေါင်းလျှော်ရည်ဗူးကုန်သည်မှာကြာပြီဖြစ်သည်။ယခင်လိုဆိုမိုးသားဆီကယူသုံးလို့ရပေမယ့်အခုတော့မဖြစ်ပေ။
ဒီတော့လည်းတွေးကြည့်မှမိုးသားနဲ့လုပ်ခဲ့တာတွေတော်တော်များမှန်းသဘောပေါက်လိုက်သည်။
ထမင်းစားလည်းတစ်ပန်းကန်ထဲပေါင်းထည့်၍တူတူစားကြတာများသည်။
wardထဲဆင်းရင်လည်းwardတူတူမို့ဆွဲခြင်းတစ်ခြင်းထဲပဲတူတူပေါင်းထည့်သည်။
Lectureခန်းထဲမှာထိုင်တော့လည်းတူတူ....
sizeတူဂိုက်တူ....
တစ်ယောက်မုန့်ဖိုးကုန်ရင်နောက်တစ်ယောက်ရှိတာလေးကိုလည်းတူတူမျှသုံးကြနှင့်တကယ်ကိုပျော်စရာအတိပြီးသည့်အချိန်များပင်ဖြစ်သည်။
အခုတော့လည်း.....ယောက်ျားတစ်ယောက်ကြောင့် သူစိမ်းသက်သက်ပါပဲ။
“ဟိန်းထက် ဘာလာလုပ်တာလဲ”
“ဝယ်စရာရှိလို့ဝင်လာတာကိုခန့်ထည်။အစ်ကိုရော ဘာလာလုပ်တာလဲ”
လေးလွှာကMarketကိုဝင်၍ခေါင်းလျှော်ရေဗူးဝယ်ပြီးအထွက် စက်လှေကားနားမှာကိုခန့်ထည်နှင့်ဆုံလေသည်။
ကြည့်ရတာ၅လွှာကခုမှဆင်းလာသလိုပင်။
“အပေါ်မှာကြက်ကြော်လာစားတာ။အဟက် သိတယ်မလားကိုယ်ကကြက်ကြော်သရဲလေ”
ကိုခန့်ထည်ကအပြောကြောင့်ဟိန်းထက်ရယ်လိုက်မိသည်။
“ဒါနဲ့ တစ်ယောက်ထဲလာစားတယ်”
“အစကဒီဒီပါတယ်။လမ်းတစ်ဝက်ရောက်မှ ဗိုက်ထဲရစ်လို့ဆိုပြီးအဆောင်ပြန်ပြေးတာ။ဟားဟား ပြောမရဘူးအခုလောက်ဆိုပန်းကမ္ဘာထဲလည်နေလောက်ပြီ”
ဟိန်းထက်မျက်လုံးတွေပိတ်အောင်ရယ်လိုက်မိသည်။အခုနေဒီဒီဖြစ်နေမယ့်ရုပ်ကြီးကိုတွေး၍အရယ်ကမရပ်နိုင်ပေ။
“ဟင်”
လက်ထဲတွင် အထုပ်တစ်ထုပ်ဆွဲလျှက်မိမိတို့ကိုကြည့်နေသည့်အရိပ်ကလေး။ဟိန်းထက်သူ့ကိုတွေ့သွားမှန်းသိတော့ ချက်ချင်းလှည့်ထွက်သွားလေသည်။
ဟိန်းထက်ပြေး၍လှည့်ထွက်သွားသူ၏လက်ကိုဆွဲထားမိသည်။ဒီတစ်ခါတော့မိုးသားအထင်လွဲလို့မဖြစ်တော့ဘူးမလား ။
ကိုခန့်ထည်ကတော့ ခုထိအခြေအနေကိုနားမလည်သလိုဖြစ်နေဟန်ပင်။
“ငါ့လက်ကိုအခုလွှတ်”
မေးရိုးကြီးတွေတင်းနေအောင် အံကြိတ်၍ပြောနေသည့်မိုးသားကတကယ်ဒေါသထွက်နေဟန်။မိမိလက်ဖဝါးအောက်မှ သူ့လက်ဖျားသည်လည်းအေးစက်၍နေသည်။
“မင်းထင်နေသလိုမဟုတ်ပါဘူးမိုးသားရယ်”
“ငါ့လက်ကိုအခုလွှတ်လို့ပြောနေတယ်”
မိုးသားအသံကိုမြှင့်၍ မိမိလက်ကိုအားကုန်ဆောင့်ရုန်းလိုက်တော့ မိမိလက်ကဆွဲထားသည့်အရိပ်ကလေးကနောက်သို့ယိုင်နဲ့သွားရသည်။
“ဟိန်းထက်”
အကို့ရဲ့စိုးရိမ်တကြီးအသံနှင့်အတူ ယိုင်နဲ့သွားသည့်ကိုယ်လုံးကိုပုံခုံးကနေအသာလေးထိန်းလေသည်။
“အဟက်”
မိုးသားရှေ့ကမြင်ကွင်းကိုကြည့်ကာရယ်ရင်း မျက်ရည်များစီးကျလာရသည်။အကိုကသောက်ရူးပဲ။
“မိုးသားရောင် သူငယ်ချင်းအချင်းချင်း ဘာလို့ဒီလိုလုပ်ရတာလဲ။ပြဿနာရှိရင်အေးဆေးရှင်းလေ”
ခန့်ထည်မိုးသားကိုတကယ်ကိုစိတ်ပျက်သွားရသည်။သူတို့ချင်းဘာပြဿနာတက်ထားလဲမသိပေမယ့် လူမြင်ကွင်းကြီးမှာ ဒီလိုကြီးကတော့လွန်တယ်မဟုတ်လား။
“ကိုခန့်ထည် မိုးသားကိုမပြောပါနဲ့”
“ဘာကွ။မင်းကမပြောနဲ့လို့တားရအောင် မင်းနဲ့ဘာဆိုင်လို့လဲ။ဘာလဲငါ့ရှေ့မှာသိပ်ပိုင်ကြောင်းပြချင်နေတာလား”
မိုးသားစိတ်မကောင်းမည်စိုး၍ဟိန်းထက်ဝင်ဟန့်လိုက်မိသော်လည်းထိုအရာကပင်မိုးသားကိုပို၍စိတ်ဆိုးစေဟန်ပေါ်လေသည်။မျက်လုံးများပင်နီလာလေသည်။အသံကလည်းတဖြေးဖြေးကျယ်လာသောကြောင့် ဖြတ်သွားဖြတ်လာများပင်လှည့်ကြည့်သွားကြသည်။
ဒီနေရာကလူနဲနဲပြတ်သောကြောင့်ရော၊တနလာ်နေ့ညနေပိုင်းဖြစ်သောကြောင့်ရော လူပါးနေ၍သာတော်တော့သည်။
“မိုးသားရောင်!! မင်းတအားစိတ်ပျက်ဖို့ကောင်းတာပဲ”
“ဘာဗျ!စိတ်ပျက်တယ်ဟုတ်လား။ခင်ဗျားကခင်ဗျားလူကိုထိတော့သိပ်နာနေတာလား။အဟက် သိပ်ချစ်နေကြတယ်ပေါ့”
“ငါမင်းထက်အကြီး။မရိုင်းစိုင်းနဲ့”
“ကျွန်တော်ကအစထဲကအရိုင်းအစိုင်းလေ။တစ်မျိုးလုံးကအရိုင်းအစိုင်းလို့သတ်မှတ်ထားတာ။ခင်ဗျားတစ်ယောက်ပိုသွားလည်းထူးပြီးတော့မဆန်းတော့ပါဘူး။ဘယ်လိုလဲဟိန်းထက်။ကိုယ့်သူငယ်ချင်းကြိုက်နေတဲ့ကောင်လေးနဲ့ Shoppingထွက်ရတဲ့ခံစားချက်လေး”
ခနဲ့တဲ့တဲ့ပြုံးရင်းဟိန်းထက်ကိုကြည့်ကာဆိုတော့ ဟိန်းထက်ကမျက်နှာလွှဲသည်။
“မိုးသားရောင် မင်းကိုငါမရိုင်းနဲ့လို့ပြောနေတယ်လေ! ”
အကိုကသူ့အကျီလည်ပင်းစကိုတင်းနေအောင် ကိုင်၍အံ့ကြိတ်ကာပြောသောကြောင့်မိုးသားအံ့ဩသွားရသည်။မိမိမျက်နှာတွင် မယုံနိုင်ခြင်း၊အံ့ဩခြင်းတို့ကဖြတ်သန်းလျှက်ရှိသည်။အကိုက.....သူချစ်ရတဲ့အကိုကသူ့လည်ပင်းကိုညှစ်၍ ဆွဲထိုးမတတ်ဘဲ။
ဟိန်းထက်ကြောင့်နဲ့လေ။
“ကိုခန့်ထည် လွှတ်ပါ။အခုဘာလုပ်နေတာလဲ!”
“သွားစမ်းပါကွာ!! ”
“အင့်”
သွေးဆူနေတဲ့မိုးသားအတွက်တော့ ဟိန်းထက်အသံကလောင်စာပဲ။မိမိအကျီစကိုဆုပ်ကိုင်ထားသည့်အကို့လက်တွေကိုဖြည်ချဖို့ကြိုးစားနေတဲ့ဟိန်းထက်ကို အားကုန်တွန်းထုတ်လိုက်တော့ ပထမအကြိမ်ကလိုမဟုတ်ဘဲဒီတစ်ခါတော့ တကယ်ကိုဖင်ထိုင်ရက်လဲကျသွားသည်။
“ခွပ်”
“မင်းကိုငါတော်တော့လို့ပြောနေတယ်လေ”
အကိုလက်သီးကြောင့် ယိုင်နဲ့သွားတဲ့ခန္ဓာကိုယ်ကိုဟန်ချက်ညီအောင်ထိန်းရင်း မိုးသားအကို့ကိုမယုံနိုင်စွာကြည့်နေမိသည်။
ဒီအမျိုးသား။
သူအရိပ်တကြည့်ကြည့်နှင့် မြတ်မြတ်နိုးနိုးချစ်ရတဲ့အမျိုးသား။
မိမိအချစ်ဆုံးသူငယ်ချင်းကြောင့် မိမိကိုကိုယ်ထိလက်ရောက်ထိုးလိုက်တဲ့အမျိုးသား။
မိမိကိုထိုးလိုက်ပြီးမှ သူ့ကိုယ်သူမယုံနိုင်စွာ စိတ်မကောင်းဖြစ်နေတဲ့အမျိုးသား။
နှုတ်ခမ်းစပ်ကစပ်ဖျင်းဖျင်းနာကျင်မှုကရင်ထဲကကွဲကြေနေတဲ့ဒဏ်ရာကိုမကျော်လွှားနိုင်။
ဟိန်းထက်လဲကျနေရာကနေ မိမိရှေ့ကမြင်ကွင်းကိုတအံ့တဩကြည့်နေမိသည်။သွားပြီ။
မိမိကြောင့်။မိမိကြောင့်ပါလေ ။
“ကိုခန့်ထည်ဘယ်လိုလုပ်လိုက်တာလဲ!”
“မင်းစောက်ပါးစပ်ကိုပိတ်ထား”
မိုးသားဟိန်းထက်ကိုလှည့်အော်ရင်း အကို့ဆီသို့အကြည့်ပို့တော့ အကိုကမျက်နှာလွှဲသွားသည်။အကို့မျက်ဝန်းများကမျက်ရည်ကြည်တို့ရစ်သိုင်းနေသည်။
“ကျွန်တော်အခုချိန်မှာဘာကိုနောင်တအရဆုံးလဲသိလား။အကို့ကိုချစ်ခဲ့မိတာကိုပဲ”
မိုးသားစကားကြောင့် ခန့်ထည်ရင်ထဲဆို့နင့်လို့သွားရသည်။သစ္စာဖောက်ချင်နေတဲ့ငွေ့ရည်ကြည်တို့က ပါးပြင်ပေါ်သို့ဖြတ်သန်းစီးဆင်းသွားသည်။
“ဒီနှစ်နှစ်အတွင်း အကို့ကြောင့်ကျွန်တော်ငိုထဲ့ရတဲ့အချိန်တွေမှာတောင် အကို့ကိုချစ်ခဲ့တာနောင်တမရဖူးဘူး။
ကတိတွေပေးပြီးပျက်တုန်းကလည်းနောင်တမရဖူးဘူး။
ကျွန်တောချစ်နေတာသိရက် မသိဟန်ဆောင်ပြီးကျွန်တော့်သူငယ်ချင်းကိုလိုက်နေတုန်းကလည်းနောင်တမရဖူးဘူး”
မိုးသားကပြောရင်းအသံတိမ်လာသည်မို့ ပြောလက်စစကားကိုရပ်လိုက်သည်။အကိုကတစ်ဖက်ကိုလှည့်၍အံ့ကိုကြိတ်ကာမျက်ရည်ကျနေသည်။ဟိန်းထက်ကတော့ ခုနနေရာကပင်မထဘဲ ခေါင်းကိုငုံ့ထားသည်။လမ်းသွားလမ်းလာတချို့ဖြတ်ကြည့်သွားပေမယ့်လည်း မိုးသားဂရုမစိုက်နိုင်။သူ့ရင်ဘတ်ထဲတင်းကြပ်နေတာကိုဖြေလျှော့နိုင်မှဖြစ်မည်။
“ကုန်ကုန်ပြောရရင် အကိုကျွန်တော်ချစ်နေတာသိရက်နဲ့ကျွန်တော့်ကိုမျှော်လင့်ချက်တွေပေး။
ပတ်ဝန်းကျင်ကမေးတိုင်း“ညီလေး” “ညီလေး”နဲ့ကျွန်တော့်ကိုချွေးသိပ်ခဲ့တုန်းကတောင် ကျွန်တောင်အကို့ကိုချစ်ခဲ့မိတာနောင်တမရဖူးဘူး”
“အကိုနဲ့ကျွန်တော်ဆက်ဆံရေးက သာမန်ခင်မင်ရင်းနှီးတဲ့ညီအကိုဆက်ဆံရေးဟုတ်လားမဟုတ်လားဆိုတာ အကိုအသိဆုံး။
သွေးတော်သားစပ်တဲ့ညီအကိုတွေတောင် အကိုနဲ့ကျွန်တော်လိုမနေဘူး ။ခင်ဗျားအချစ်ခံရတာသဘောကျတာနဲ့ကျွန်တော့ကိုစောက်ရူးလိုသဘောထားမနေနဲ့!”
“ကျွန်တော် ခင်ဗျားကိုလွှတ်ချလိုက်ပြီအကို။
ခင်ဗျားပျော်လို့ရပြီ။ကျွန်တော်အတိအကျလက်လွှတ်လိုက်ပြီမို့”
မျက်ရည်တွေဆွဲသုတ်လျှက် ထော့နင်းထော့နင်းထွက်သွားသည့်ကျောပြင်ငယ်ကိုကြည့်ရင်းမှ ခြေထောက်ကပတ်တီးဖြူဖြူကိုသတိထားမိသည်။မနေ့ကမိမိကိုစောင့်ရင်းထိခိုက်မိသည့်ဒဏ်ရာပဲဆိုတာသိလိုက်ရတော့
ဒီအတောအတွင်း မိမိထိုကောင်လေးကို
အပြင်ရောအတွင်းပါဒဏ်ရာတွေဘယ်လောက်ပေးမိပြီလဲစဉ်းစားမိတော့ရင်ဘတ်ထဲကအောင့်သည်။
မိုးသားကျောပြင်မမြင်ရတဲ့အချိန်ထိ မိမိကအကြည့်မလွှဲခဲ့သလို ဟိန်းထက်ကလည်းထိုနေရာကနေခေါင်းမော့မလာခဲ့ပေ။
အပြစ်ပေးမယ်ဆိုလည်းကိုယ်တစ်ယောက်ထဲပြည့်ပြည့်ဝဝခံယူရင်း မင်းအမုန်းပြေမယ့်နေ့ကိုစောင့်ပါ့မယ်ကလေးငယ်။
ကျေးဇူးပြုပြီးကိုယ့်ကိုအပြစ်ကျွေးဆပ်ခွင့်ပဲပြုပါ။စိတ်ရောကိုယ်ပါအပ်နှင်းပြီးမင်းကိုချော့ပါမယ်။
________________💚________________
ဒီညနှစ်ပိုင်းတောင်တင်ပေးထားတယ်နော်။မနေ့ကမတင်မိလို့။လိုအပ်ချက်လေးပြောပေးသွားပါဦး
__________________
Zawgyi
ေက်ာင္းဆင္းသည္ႏွင့္ ယူနီေဖာင္းေလးအသာလဲကာ Junction Cityလမ္းၾကားသို႔ထြက္လာခဲ့သည္။
ဒီညေနအေဆာင္မွာဟင္းမေကာင္းေပ။
ထို႔ေၾကာင့္ မိုးသားနဲ႕ဟိန္းထက္စားေနက်ဦးေလးႀကီးဆိုင္မွ ထမင္းသုပ္ဝယ္ရန္ျဖစ္သည္။
ဒီဆိုင္ကအသုပ္ေတြကေတာ္ေတာ္ေတာ့လက္ရာေကာင္းသည္။
ဟိန္းထက္ရယ္မိုးသားရယ္ကိုညီရယ္ကညေနေက်ာင္းဆင္းၿပီဆိုတာႏွင့္ ဒီလမ္းၾကားေလးထဲလာၿပီး street foodေတြအဝစားရတာကိုသေဘာက်သည္။
တီရွပ္ပြပြႀကီးေတြကိုေဘာင္းဘီတိုေလးေတြနဲ႕တြဲဝတ္ၿပီး Hotdogဆိုင္မွHotdogနဲ႕GreenTea Ice_creamကိုတြဲစားရတာလည္းႏွစ္ၿခိဳက္သည္။
ျပန္ေတြးၾကည့္တိုင္းေပ်ာ္စရာေကာင္းခဲ့တဲ့အခ်ိန္ေတြဆိုေပမယ့္ အခုခ်ိန္ျပန္ေတြးမိေတာ့ဝမ္းနည္းရသည္။
ဟိုျပႆနာၿပီးထဲက မိုးသားနဲ႕သူစကားမေျပာျဖစ္တာၾကာၿပီမလား။
“ဦးေလး ရခိုင္ထမင္းသုပ္တစ္ပြဲေပး ၾကက္ဥနဲ႕ပဲ။ပါဆယ္ေနာ္”
“ဟုတ္ကဲ့ဆရာေလး။တစ္ပြဲပဲလား ဟိုဆရာေလးေရာ”
ဟိန္းထက္ၿပဳံး၍သာေခါင္းခါျပလိုက္သည္။အလိုက္သိသည့္ဦးေလးကလည္းဆက္မေမး။သူဆက္ေမးလွ်င္လည္းဟိန္းထက္မွာေျဖစရာမရွိေပ။စိတ္ေကာက္ေနတယ္လို႔ေျဖရေအာင္လည္း မိုးသားစိတ္ေကာက္ေနတာမဟုတ္မွန္းမိမိအသိပင္မဟုတ္လား။
“ဦးေလး ေက်းဇူးပဲေနာ္။ဒီမွာ၉၀၀”
“ဟုတ္ကဲ့ဆရာေလး”
ဟိန္းထက္ဦေလးဆီကပါဆယ္ဆြဲလာသည့္ထမင္းသုပ္ထုပ္ကိုဆြဲလွ်က္ Junction Cityသို႔တက္ခဲ့သည္။ေခါင္းေလွ်ာ္ရည္ဗူးကုန္သည္မွာၾကာၿပီျဖစ္သည္။ယခင္လိုဆိုမိုးသားဆီကယူသုံးလို႔ရေပမယ့္အခုေတာ့မျဖစ္ေပ။
ဒီေတာ့လည္းေတြးၾကည့္မွမိုးသားနဲ႕လုပ္ခဲ့တာေတြေတာ္ေတာ္မ်ားမွန္းသေဘာေပါက္လိုက္သည္။
ထမင္းစားလည္းတစ္ပန္းကန္ထဲေပါင္းထည့္၍တူတူစားၾကတာမ်ားသည္။
wardထဲဆင္းရင္လည္းwardတူတူမို႔ဆြဲျခင္းတစ္ျခင္းထဲပဲတူတူေပါင္းထည့္သည္။
Lectureခန္းထဲမွာထိုင္ေတာ့လည္းတူတူ....
sizeတူဂိုက္တူ....
တစ္ေယာက္မုန႔္ဖိုးကုန္ရင္ေနာက္တစ္ေယာက္ရွိတာေလးကိုလည္းတူတူမွ်သုံးၾကႏွင့္တကယ္ကိုေပ်ာ္စရာအတိၿပီးသည့္အခ်ိန္မ်ားပင္ျဖစ္သည္။
အခုေတာ့လည္း.....ေယာက္်ားတစ္ေယာက္ေၾကာင့္ သူစိမ္းသက္သက္ပါပဲ။
“ဟိန္းထက္ ဘာလာလုပ္တာလဲ”
“ဝယ္စရာရွိလို႔ဝင္လာတာကိုခန႔္ထည္။အစ္ကိုေရာ ဘာလာလုပ္တာလဲ”
ေလးလႊာကMarketကိုဝင္၍ေခါင္းေလွ်ာ္ေရဗူးဝယ္ၿပီးအထြက္ စက္ေလွကားနားမွာကိုခန႔္ထည္ႏွင့္ဆုံေလသည္။
ၾကည့္ရတာ၅လႊာကခုမွဆင္းလာသလိုပင္။
“အေပၚမွာၾကက္ေၾကာ္လာစားတာ။အဟက္ သိတယ္မလားကိုယ္ကၾကက္ေၾကာ္သရဲေလ”
ကိုခန႔္ထည္ကအေျပာေၾကာင့္ဟိန္းထက္ရယ္လိုက္မိသည္။
“ဒါနဲ႕ တစ္ေယာက္ထဲလာစားတယ္”
“အစကဒီဒီပါတယ္။လမ္းတစ္ဝက္ေရာက္မွ ဗိုက္ထဲရစ္လို႔ဆိုၿပီးအေဆာင္ျပန္ေျပးတာ။ဟားဟား ေျပာမရဘူးအခုေလာက္ဆိုပန္းကမာၻထဲလည္ေနေလာက္ၿပီ”
ဟိန္းထက္မ်က္လုံးေတြပိတ္ေအာင္ရယ္လိုက္မိသည္။အခုေနဒီဒီျဖစ္ေနမယ့္႐ုပ္ႀကီးကိုေတြး၍အရယ္ကမရပ္နိုင္ေပ။
“ဟင္”
လက္ထဲတြင္ အထုပ္တစ္ထုပ္ဆြဲလွ်က္မိမိတို႔ကိုၾကည့္ေနသည့္အရိပ္ကေလး။ဟိန္းထက္သူ႕ကိုေတြ႕သြားမွန္းသိေတာ့ ခ်က္ခ်င္းလွည့္ထြက္သြားေလသည္။
ဟိန္းထက္ေျပး၍လွည့္ထြက္သြားသူ၏လက္ကိုဆြဲထားမိသည္။ဒီတစ္ခါေတာ့မိုးသားအထင္လြဲလို႔မျဖစ္ေတာ့ဘူးမလား ။
ကိုခန႔္ထည္ကေတာ့ ခုထိအေျခအေနကိုနားမလည္သလိုျဖစ္ေနဟန္ပင္။
“ငါ့လက္ကိုအခုလႊတ္”
ေမးရိုးႀကီးေတြတင္းေနေအာင္ အံႀကိတ္၍ေျပာေနသည့္မိုးသားကတကယ္ေဒါသထြက္ေနဟန္။မိမိလက္ဖဝါးေအာက္မွ သူ႕လက္ဖ်ားသည္လည္းေအးစက္၍ေနသည္။
“မင္းထင္ေနသလိုမဟုတ္ပါဘူးမိုးသားရယ္”
“ငါ့လက္ကိုအခုလႊတ္လို႔ေျပာေနတယ္”
မိုးသားအသံကိုျမႇင့္၍ မိမိလက္ကိုအားကုန္ေဆာင့္႐ုန္းလိုက္ေတာ့ မိမိလက္ကဆြဲထားသည့္အရိပ္ကေလးကေနာက္သို႔ယိုင္နဲ႕သြားရသည္။
“ဟိန္းထက္”
အကို႔ရဲ႕စိုးရိမ္တႀကီးအသံႏွင့္အတူ ယိုင္နဲ႕သြားသည့္ကိုယ္လုံးကိုပုံခုံးကေနအသာေလးထိန္းေလသည္။
“အဟက္”
မိုးသားေရွ႕ကျမင္ကြင္းကိုၾကည့္ကာရယ္ရင္း မ်က္ရည္မ်ားစီးက်လာရသည္။အကိုကေသာက္႐ူးပဲ။
“မိုးသားေရာင္ သူငယ္ခ်င္းအခ်င္းခ်င္း ဘာလို႔ဒီလိုလုပ္ရတာလဲ။ျပႆနာရွိရင္ေအးေဆးရွင္းေလ”
ခန႔္ထည္မိုးသားကိုတကယ္ကိုစိတ္ပ်က္သြားရသည္။သူတို႔ခ်င္းဘာျပႆနာတက္ထားလဲမသိေပမယ့္ လူျမင္ကြင္းႀကီးမွာ ဒီလိုႀကီးကေတာ့လြန္တယ္မဟုတ္လား။
“ကိုခန႔္ထည္ မိုးသားကိုမေျပာပါနဲ႕”
“ဘာကြ။မင္းကမေျပာနဲ႕လို႔တားရေအာင္ မင္းနဲ႕ဘာဆိုင္လို႔လဲ။ဘာလဲငါ့ေရွ႕မွာသိပ္ပိုင္ေၾကာင္းျပခ်င္ေနတာလား”
မိုးသားစိတ္မေကာင္းမည္စိုး၍ဟိန္းထက္ဝင္ဟန႔္လိုက္မိေသာ္လည္းထိုအရာကပင္မိုးသားကိုပို၍စိတ္ဆိုးေစဟန္ေပၚေလသည္။မ်က္လုံးမ်ားပင္နီလာေလသည္။အသံကလည္းတေျဖးေျဖးက်ယ္လာေသာေၾကာင့္ ျဖတ္သြားျဖတ္လာမ်ားပင္လွည့္ၾကည့္သြားၾကသည္။
ဒီေနရာကလူနဲနဲျပတ္ေသာေၾကာင့္ေရာ၊တနလာ္ေန႕ညေနပိုင္းျဖစ္ေသာေၾကာင့္ေရာ လူပါးေန၍သာေတာ္ေတာ့သည္။
“မိုးသားေရာင္!! မင္းတအားစိတ္ပ်က္ဖို႔ေကာင္းတာပဲ”
“ဘာဗ်!စိတ္ပ်က္တယ္ဟုတ္လား။ခင္ဗ်ားကခင္ဗ်ားလူကိုထိေတာ့သိပ္နာေနတာလား။အဟက္ သိပ္ခ်စ္ေနၾကတယ္ေပါ့”
“ငါမင္းထက္အႀကီး။မရိုင္းစိုင္းနဲ႕”
“ကြၽန္ေတာ္ကအစထဲကအရိုင္းအစိုင္းေလ။တစ္မ်ိဳးလုံးကအရိုင္းအစိုင္းလို႔သတ္မွတ္ထားတာ။ခင္ဗ်ားတစ္ေယာက္ပိုသြားလည္းထူးၿပီးေတာ့မဆန္းေတာ့ပါဘူး။ဘယ္လိုလဲဟိန္းထက္။ကိုယ့္သူငယ္ခ်င္းႀကိဳက္ေနတဲ့ေကာင္ေလးနဲ႕ Shoppingထြက္ရတဲ့ခံစားခ်က္ေလး”
ခနဲ႕တဲ့တဲ့ၿပဳံးရင္းဟိန္းထက္ကိုၾကည့္ကာဆိုေတာ့ ဟိန္းထက္ကမ်က္ႏွာလႊဲသည္။
“မိုးသားေရာင္ မင္းကိုငါမရိုင္းနဲ႕လို႔ေျပာေနတယ္ေလ! ”
အကိုကသူ႕အက်ီလည္ပင္းစကိုတင္းေနေအာင္ ကိုင္၍အံ့ႀကိတ္ကာေျပာေသာေၾကာင့္မိုးသားအံ့ဩသြားရသည္။မိမိမ်က္ႏွာတြင္ မယုံနိုင္ျခင္း၊အံ့ဩျခင္းတို႔ကျဖတ္သန္းလွ်က္ရွိသည္။အကိုက.....သူခ်စ္ရတဲ့အကိုကသူ႕လည္ပင္းကိုညွစ္၍ ဆြဲထိုးမတတ္ဘဲ။
ဟိန္းထက္ေၾကာင့္နဲ႕ေလ။
“ကိုခန႔္ထည္ လႊတ္ပါ။အခုဘာလုပ္ေနတာလဲ!”
“သြားစမ္းပါကြာ!! ”
“အင့္”
ေသြးဆူေနတဲ့မိုးသားအတြက္ေတာ့ ဟိန္းထက္အသံကေလာင္စာပဲ။မိမိအက်ီစကိုဆုပ္ကိုင္ထားသည့္အကို႔လက္ေတြကိုျဖည္ခ်ဖိဳ႕ႀကိဳးစားေနတဲ့ဟိန္းထက္ကို အားကုန္တြန္းထုတ္လိုက္ေတာ့ ပထမအႀကိမ္ကလိုမဟုတ္ဘဲဒီတစ္ခါေတာ့ တကယ္ကိုဖင္ထိုင္ရက္လဲက်သြားသည္။
“ခြပ္”
“မင္းကိုငါေတာ္ေတာ့လို႔ေျပာေနတယ္ေလ”
အကိုလက္သီးေၾကာင့္ ယိုင္နဲ႕သြားတဲ့ခႏၶာကိုယ္ကိုဟန္ခ်က္ညီေအာင္ထိန္းရင္း မိုးသားအကို႔ကိုမယုံနိုင္စြာၾကည့္ေနမိသည္။
ဒီအမ်ိဳးသား။
သူအရိပ္တၾကည့္ၾကည့္ႏွင့္ ျမတ္ျမတ္နိုးနိုးခ်စ္ရတဲ့အမ်ိဳးသား။
မိမိအခ်စ္ဆုံးသူငယ္ခ်င္းေၾကာင့္ မိမိကိုကိုယ္ထိလက္ေရာက္ထိုးလိုက္တဲ့အမ်ိဳးသား။
မိမိကိုထိုးလိုက္ၿပီးမွ သူ႕ကိုယ္သူမယုံနိုင္စြာ စိတ္မေကာင္းျဖစ္ေနတဲ့အမ်ိဳးသား။
ႏႈတ္ခမ္းစပ္ကစပ္ဖ်င္းဖ်င္းနာက်င္မႈကရင္ထဲကကြဲေၾကေနတဲ့ဒဏ္ရာကိုမေက်ာ္လႊားနိုင္။
ဟိန္းထက္လဲက်ေနရာကေန မိမိေရွ႕ကျမင္ကြင္းကိုတအံ့တဩၾကည့္ေနမိသည္။သြားၿပီ။
မိမိေၾကာင့္။မိမိေၾကာင့္ပါေလ ။
“ကိုခန႔္ထည္ဘယ္လိုလုပ္လိုက္တာလဲ!”
“မင္းေစာက္ပါးစပ္ကိုပိတ္ထား”
မိုးသားဟိန္းထက္ကိုလွည့္ေအာ္ရင္း အကို႔ဆီသို႔အၾကည့္ပို႔ေတာ့ အကိုကမ်က္ႏွာလႊဲသြားသည္။အကို႔မ်က္ဝန္းမ်ားကမ်က္ရည္ၾကည္တို႔ရစ္သိုင္းေနသည္။
“ကြၽန္ေတာ္အခုခ်ိန္မွာဘာကိုေနာင္တအရဆုံးလဲသိလား။အကို႔ကိုခ်စ္ခဲ့မိတာကိုပဲ”
မိုးသားစကားေၾကာင့္ ခန႔္ထည္ရင္ထဲဆို႔နင့္လို႔သြားရသည္။သစၥာေဖာက္ခ်င္ေနတဲ့ေငြ႕ရည္ၾကည္တို႔က ပါးျပင္ေပၚသို႔ျဖတ္သန္းစီးဆင္းသြားသည္။
“ဒီႏွစ္ႏွစ္အတြင္း အကို႔ေၾကာင့္ကြၽန္ေတာ္ငိုထဲ့ရတဲ့အခ်ိန္ေတြမွာေတာင္ အကို႔ကိုခ်စ္ခဲ့တာေနာင္တမရဖူးဘူး။
ကတိေတြေပးၿပီးပ်က္တုန္းကလည္းေနာင္တမရဖူးဘူး။
ကြၽန္ေတာခ်စ္ေနတာသိရက္ မသိဟန္ေဆာင္ၿပီးကြၽန္ေတာ့္သူငယ္ခ်င္းကိုလိုက္ေနတုန္းကလည္းေနာင္တမရဖူးဘူး”
မိုးသားကေျပာရင္းအသံတိမ္လာသည္မို႔ ေျပာလက္စစကားကိုရပ္လိုက္သည္။အကိုကတစ္ဖက္ကိုလွည့္၍အံ့ကိုႀကိတ္ကာမ်က္ရည္က်ေနသည္။ဟိန္းထက္ကေတာ့ ခုနေနရာကပင္မထဘဲ ေခါင္းကိုငုံ႕ထားသည္။လမ္းသြားလမ္းလာတခ်ိဳ႕ျဖတ္ၾကည့္သြားေပမယ့္လည္း မိုးသားဂ႐ုမစိုက္နိုင္။သူ႕ရင္ဘတ္ထဲတင္းၾကပ္ေနတာကိုေျဖေလွ်ာ့နိုင္မွျဖစ္မည္။
“ကုန္ကုန္ေျပာရရင္ အကိုကြၽန္ေတာ္ခ်စ္ေနတာသိရက္နဲ႕ကြၽန္ေတာ့္ကိုေမွ်ာ္လင့္ခ်က္ေတြေပး။
ပတ္ဝန္းက်င္ကေမးတိုင္း“ညီေလး” “ညီေလး”နဲ႕ကြၽန္ေတာ့္ကိုေခြၽးသိပ္ခဲ့တုန္းကေတာင္ ကြၽန္ေတာင္အကို႔ကိုခ်စ္ခဲ့မိတာေနာင္တမရဖူးဘူး”
“အကိုနဲ႕ကြၽန္ေတာ္ဆက္ဆံေရးက သာမန္ခင္မင္ရင္းႏွီးတဲ့ညီအကိုဆက္ဆံေရးဟုတ္လားမဟုတ္လားဆိုတာ အကိုအသိဆုံး။
ေသြးေတာ္သားစပ္တဲ့ညီအကိုေတြေတာင္ အကိုနဲ႕ကြၽန္ေတာ္လိုမေနဘူး ။ခင္ဗ်ားအခ်စ္ခံရတာသေဘာက်တာနဲ႕ကြၽန္ေတာ့ကိုေစာက္႐ူးလိုသေဘာထားမေနနဲ႕!”
“ကြၽန္ေတာ္ ခင္ဗ်ားကိုလႊတ္ခ်လိဳက္ၿပီအကို။
ခင္ဗ်ားေပ်ာ္လို႔ရၿပီ။ကြၽန္ေတာ္အတိအက်လက္လႊတ္လိုက္ၿပီမို႔”
မ်က္ရည္ေတြဆြဲသုတ္လွ်က္ ေထာ့နင္းေထာ့နင္းထြက္သြားသည့္ေက်ာျပင္ငယ္ကိုၾကည့္ရင္းမွ ေျခေထာက္ကပတ္တီးျဖဴျဖဴကိုသတိထားမိသည္။မေန႕ကမိမိကိုေစာင့္ရင္းထိခိုက္မိသည့္ဒဏ္ရာပဲဆိုတာသိလိုက္ရေတာ့
ဒီအေတာအတြင္း မိမိထိုေကာင္ေလးကို
အျပင္ေရာအတြင္းပါဒဏ္ရာေတြဘယ္ေလာက္ေပးမိၿပီလဲစဥ္းစားမိေတာ့ရင္ဘတ္ထဲကေအာင့္သည္။
မိုးသားေက်ာျပင္မျမင္ရတဲ့အခ်ိန္ထိ မိမိကအၾကည့္မလႊဲခဲ့သလို ဟိန္းထက္ကလည္းထိုေနရာကေနေခါင္းေမာ့မလာခဲ့ေပ။
အျပစ္ေပးမယ္ဆိုလည္းကိုယ္တစ္ေယာက္ထဲျပည့္ျပည့္ဝဝခံယူရင္း မင္းအမုန္းေျပမယ့္ေန႕ကိုေစာင့္ပါ့မယ္ကေလးငယ္။
ေက်းဇူးျပဳၿပီးကိုယ့္ကိုအျပစ္ေကြၽးဆပ္ခြင့္ပဲျပဳပါ။စိတ္ေရာကိုယ္ပါအပ္ႏွင္းၿပီးမင္းကိုေခ်ာ့ပါမယ္။
________________💚________________