ပွေးကြီးက ၄င်း၏လက်သည်းဖြင့်
မီးခြစ်ဆံထိပ်ကို ကုတ်ခြစ်လိုက်ရာ
တောက်ပသောမီးဖွားများ ဖွာထွက်လာပြီး
မီးခြစ်ဆံကမီးစတင်စွဲလာသည်။
ပွေးကြီးသည် ထိုမီးလောင်နေသောမီးခြစ်ဆံကို
မြေကြီးပေါ်ချလိုက်ပြီး ကြက်ဆင်အား
လက်သည်းဖြင့်ထိုး၍ ထိုမီးခြစ်ဆံအပေါ်မှာထားကာ တဖြည်းဖြည်းချင်း ကင်လိုက်သည်။
တက္ကသိုလ်ကျောင်းသူက ဂူ၏ထောင့်ဆီပြေးသွားကာ
စားဖိုမှူးအားစစ်ဆေးကြည့်လိုက်သည်။
"သူအဆင်ပြေသေးတယ်၊ မေ့နေရုံပဲ"
ထန်မော့နှင့် လီ၀မ်ကမူ လီပင်းအားဆွဲထူလိုက်သည်။
မေ့မြောနေသောစားဖိုမှူးမှလွဲ၍ ကျန်သောလူခြောက်ယောက်မှာ ပွေးကြီးနှင့်ေ၀းရာကိုရွေ့၍
မြေပြင်ပေါ်၀ိုင်းထိုင်လိုက်ကြသည်။
သို့သော်လည်း ဤမြေအောက်ဂူမှာ
ဘယ်လောက်ကြီးကြီး ဧရိယာမှာတစ်ခုတည်းပင်။
သူတို့ဘယ်လောက်ေ၀းေ၀းကိုပဲ သွားသွား မီးလောင်နေသော တဆစ်ဆစ်အသံတို့နှင့် ကြက်ဆီ၏အရသာရှိသော မွှေးရနံ့ကမူ ပျံ့လွင့်၍နေဆဲ။
မီးပုံပေါ်မှကြက်ဆင်သားမှဆီရည်များ
တစက်စက်ကျလျက် ။
ထန်မော့သည် ဤမျှအရသာရှိသော
ရနံ့အားတစ်ခါမှမရဖူးပေ။
ကြက်ဆင်မှာ ဘာဟင်းခတ်အမွှေးအကြိုင်မှမပါပဲ မီးခြစ်ဆံဖြင့် အဖြူထည်ကြီးကင်ထားသည့်တိုင် တမူထူးခြားသော အသားကင်၏ရနံ့က အားလုံး၏အနံ့ခံအာရုံကို နှိုးဆွနေခဲ့သည်။
မီးခြစ်ဆံ၏မီးတောက်ကလည်း ဂူအတွင်းအလင်းပြန်လျက်
ကြက်ဆင်ကြီးအားပို၍
ရှင်းရှင်းလင်းလင်းမြင်ရစေသည်။
အဆီများတစက်စက်ကျနေသောအသား၊ အနည်းငယ်မီးကျွမ်းနေသည့်အရေခွံ၊
မီးတောက်ကြောင့် တဆစ်ဆစ်မြည်နေသော
အရေခွံကြွပ်ရွသည့်အသံတို့က
လူခုနှစ်ယောက်လုံးအား ကြက်ဆင်၏အရသာဘယ်လိုရှိမည်ကို မနေနိုင်ပဲ စိတ်ကူးယဉ်မိစေသည်။
အကုန်လုံးက တံတွေးအသာမြိုချမိကြသည်။
မီးခြစ်ဆံကအမှုန့်ဖြစ်သည်အထိလောင်သွားပြီးသည့်နောက် ကြက်ဆင်သားမှာလည်း လုံး၀ကျက်ပြီဖြစ်သည်။
ပွေးကြီး၏မျက်လုံးများမှာ တောက်ပစွာဖြင့်
မြေကြီးပေါ်ထိုင်ချလိုက်သည်။
ချွန်မြသော သွားများနှင့် ၄င်း၏လက်သည်းတို့က ကြက်ဆင်ကိုလုယူရဲသည့်
မည်သူ့ကိုမဆို ဆုတ်ဖြဲပစ်ရန်အသင့်။
ထန်မော့ကမူ ကြက်ဆင်ကို
မြိန်ရည်ယှက်ရည်ကိုက်ဖဲ့နေသော ပွေးကြီးအား ထူးဆန်းသောအမူအယာဖြင့်ကြည့်နေလိုက်သည်။
"ငါဘယ်သူ့ကိုမှမပြောဖူးဘူး။ ဒါပေမယ့် မျက်နှာပြောင်ကောင်မလေးရဲ့ မီးခြစ်ဆံနဲ့ ကင်ထားတဲ့ ကြက်ဆင်က ကမ်ဘာပေါ်မှာအရသာအရှိဆုံးပဲ
ငါကြုံဖူးသမျှ ကျေးဇူးတော်နေ့တွေထဲမှာ ဒီနေ့ကအကောင်းဆုံးပဲဟေ့"
ဧရာမပွေးကြီးမှာ ကြက်ဆင်ကိုအငမ်းမရ
ကိုက်ဖဲ့စားသောက်နေကာ ဂူ၏ထောင့်မှ
လူတစ်စု၏သွားရည်တမြားမြားအကြည့်တို့ကို လျစ်လျူရှူထားသည်။
ဒီလိုဖြစ်သွားပြီးမှတော့, ထန်မော့ကိုဘယ်သူမှအပြစ်မတင်နိုင်ကြ။
နိုးနေသောလူခြောက်ယောက်ထဲတွင်
ထန်မော့၏ နည်းလမ်းကအလုပ်အဖြစ်ဆုံးပင်။
သူကမိမိ၏အပေါစား စာအုပ်စွမ်းရည်ကိုသုံးဖို့ အတော်လေးကြိုးစားခဲ့ပါသေးသည်။
လောလောဆည်မှာ စွမ်းရည်တစ်ခုကိုသာစုမိသေးသည်မို့ ထိုတစ်ခုတည်းသော
စွမ်းရည်လေးနှင့် လျပ်တပြက်တိုက်ခိုက်မှုကိုလည်း လုပ်ခဲ့သေးသည်။
သို့သော်လည်း သာ၍လျင်မြန်သော
ပွေးကြီး၏တားဆီးခြင်းကိုခံလိုက်ရကာ
သူ၏မီးခြစ်ဆံမှာလည်း လုယူခံလိုက်ရပြီး ကြက်ဆင်အတွက် မီးဖိုသာဖြစ်သွားခဲ့သည်။
ပွေးကြီးက ကျေနပ်အားရစွာပြုံးနေစဉ်တွင် လူခြောက်ယောက်၏ အစာအိမ်များက ဂလူးဂလူး အသံများထွက်လျက်။
၄င်းကအင်မတန်စိတ်ကြည်နေပုံပေါ်၏။
ကြက်ဆင်၏ပေါင်တစ်ဖက်ကို
အပြီးသတ်ပြီးသည်တွင်
နောက်ပေါင်တစ်ချောင်းကိုဆွဲဖြုတ်၍ တစ်လုပ်အပြည့်ကိုက်ဆွဲကာပလုတ်ပလောင်းဖြင့်မေးလာသည်။
"ဆိုစမ်းပါဦး မင်းဆီမှာ မျက်နှာပြောင် ကောင်မလေးရဲ့ မီးခြစ်ဆံဘယ်လိုရှိနေတာတုန်း"
ထန်မော့ကမူရုတ်တရက်အမေးကြောင့် အနည်းငယ် လန့်သွားသော်လည်း စိတ်ငြိမ်ငြိမ်ထား၍သာ
ပြန်ဖြေလိုက်သည်။
"မတိုင်ခင်က.. တစ်ခေါက်လောက်ဆုံဖူးရုံပါ"
ပွေးကြီးက "အိုး"ဟုအသံပြုလိုက်ကာ
"အဲကောင်မလေး မီးရှို့ပြန်ပြီလား? ဒါမှမဟုတ် လူတွေဘာတွေသတ်လိုက်သေးလား?
တကယ်တော့ ကလေးမလေးက
လိမ္မာပြီး အလိုက်သိတဲ့ပုံလေးပါ။
မကောင်းတဲ့အကျင့်လေး မဆိုစလောက်ရှိနေလို့သာ။
မင်းရော သူကချစ်ဖို့ကောင်းတယ်လို့မထင်ဘူးလား"
ထန်မော့."..."
ဤသည်မှာ သေစေနိုင်သော မေးခွန်းကြီးဖြစ်သည်။
အသက်နှင့် သိက္ခာ တစ်ခုခုကိုသာ
ကျိန်းသေပေါက်ရွေးရမည်ဆိုရင်
ထန်မော့မှာ မျက်တောင်ပင်မခတ်ပဲ
သိက္ခာကို စွန့်ပစ်လိုက်ရန်အသင့်ပင်။
"သူကချစ်ဖို့ကောင်းပါတယ်"
ထန်မော့ မျက်နှာသေကြီးဖြင့် ပြောလိုက်သည်။
ပွေးကြီးကခေါင်းကိုငြိမ့်၍
"ဟုတ်တယ်၊ သူကငါ့လိုချစ်စရာလေးပဲ"
ထန်မော့"..."
လူခုနှစ်ယောက်"..."
ပျော်ရင်ပြီးတာပဲ
ပွေးကြီးမှာ ကြက်ပေါင်နောက်တစ်ချောင်းအား အပြီးသတ်လိုက်ကာ အတောင်ပံများအလှည့်သို့ရောက်လာသည်။
၄င်း၏ချွန်ထက်သောလက်ညွှန်းတို့က
ကြက်တောင်ပံအား အလွန်လျင်မြန်သောနှုန်းဖြင့်ဆွဲဖြဲလိုက်သည်ကို ကြည့်ကာ
ထန်မော့မျက်မှောင်ကျုံ့လိုက်သည်၊
သည်နှုန်းနှင့်သာဆိုလျှင်
ပွေးကြီးသာ လူခုနှစ်ယောက်ကိုသတ်ချင်ရင်
လွယ်လွယ်လေးပင်။
သို့ဆိုလျှင် ဤမျှ အဘယ်ကြောင့်
အချိန်ဆွဲနေရသနည်း။
တမင်ကစားနေခြင်းပေလော။
ပွေးကြီးကကြက်ဆင်အား တမြုံ့မြုံ့ဝါးနေစဉ်
ထန်မော့၏ဦးနှောဏ် သတိအနေအထားဖြင့် တွေးတောနေခဲ့သည်။
ပွေးကြီးကမူ ပလုပ်ပလောင်းနှင့်ပြောလာပြန်သည်။
"ငါဒီတစ်ခေါက်တော့ မီးရဲ့မီးခြစ်ဆံအတွက် တကယ်ကျေးဇူးတင်တယ်ကွာ။
မင်းသိလား မျက်နှာပြောင်လေးရဲ့မီးခြစ်ဆံတွေ ကြက်ဆင်ကိုမီးကင်ဖို့ အကောင်းဆုံးပဲလေ
ဒါပေမယ့်အဲဒီ ကောင်မလေးက
တစက်မှပြောလို့ဆိုလို့မကောင်းဘူးလေ။
သူ့မီးခြစ်ဆံတွေကိုမီးရှို့ဖို့သုံးရမှာဆိုပြီး ငါ့ကိုတစ်ချောင်းမှမပေးဘူး"
ထန်မော့က ပွေးကြီးအား သတိပေးလိုက်သည်။
"ခင်ဗျားပဲ လိမ္မာပြီး အလိုက်သိတဲ့ကလေးမလေးဆို"
ပွေးကြီးက ရူးသလိုလိုကြောင်သလိုလိုဖြင့်
ခေါင်းကိုကုတ်လိုက်ကာ
"ငါပြောခဲ့တယ်လား မမှတ်မိဘူးရော်"
ထို့နောက်ပွေးကြီးကအလျင်အမြန်ပဲ စကားလမ်းကြောင်းပြောင်းလိုက်သည်။
"ငါ့အထင်တော့ မင်းဒီတစ်ခေါက်
မျှော်စင်ကိုမတိုက်ခဲ့သင့်ဘူး။
မျက်နှာပြောင်လေးရဲ့မီးခြစ်ဆံက
သိပ်ကောင်းတဲ့လက်နက်လေ။
ဒုတိယထပ်တို့ တတိယထပ်တို့ကို တိုက်တဲ့အခါ
မင်းမှာဒီမီးခြစ်ဆံသာရှိနေရင် ဟိုပိုးကောင်တွေကို နည်းနည်းပါးပါးဖိန့်လို့ရတာပေါ့။
ဘာပဲဖြစ်ဖြစ် ငါကအရင်ကံကောင်းပြီးမင်းကိုတွေ့တာဆိုတော့ မီးရဲ့မီးခြစ်ဆံနဲ့ ကြက်ဆင်သားကို
အရသာရှိရှိစားလိုက်ရတယ်။
အာ.. ငါတော့အနက်ရောင်မျှော်စင်ကို သိပ်ကျေးဇူးတင်တာပဲကွာ
သိပ်ကောင်းတဲ့ကျေးဇူးတော်နေ့ပဲ"
ထန်မော့ကပွေးကြီးအား ဂရုတစိုက်ကြည့်နေစဉ် သူ၏လက်အား တစ်စုံတစ်ယောက်လာ၍ထိလိုက်သည်ကို ခံစားလိုက်ရသည်။ သူလှည့်ကြည့်လိုက်တော့ လော့ဖုန်းချန်းမှသူ့အား ပါးစပ်လှုပ်ရုံအမူအယာဖြင့် ပြောနေသည်ကိုတွေ့လိုက်ရသည်။
တစ်ခုခုများသိရမလား မေးကြည့်ကြည့်လိုက်ဟုပင်
ထန်မော့လည်းအစကတည်းက ဒီလိုတွေးထားပြီးသားမို့ ပွေးကြီးစိတ်အခြေအနေကောင်းနေသည်ကို အခွင့်ကောင်းယူရန်ဆုံးဖြတ်လိုက်သည်။
သူကပေါ့ပေါ့ပါးပါးလေသံဖြင့်ပင်
"ကျွန်တော်တို့က ပထမထပ်ကို အခုချိန်မတိုက်သင့်တာ ဘာကြောင့်လဲ"
ပွေးကြီးကစားသောက်နေရင်း ခေါင်းတငြိမ့်ငြိမ့်ပင်
"မင်းတို့ထဲကဘယ်နှစ်ယောက်ကများ အခုလောလောဆည် စွမ်းရည်တွေနိုးထပြီးပြီမို့လဲ
မင်းတို့ဒီအခြေအနေနဲ့
အနက်ရောင်မျှော်စင်ပထမထပ်ကို
normal moodနဲ့
၀င်တိုက်ရင် သေရုံအပြင်မရှိဘူးလေ။
မင်းတို့ဒီဂူထဲရောက်မလာရင်တောင်
ဟိုအပေါ်ထပ်က တီကောင်ကမင်းတို့ကို
မြိုချပစ်ဦးမှာ"
လော့ဖုန်းချန်းက အဓိကအခ်က္ကို ဖမ်းဆုပ်လိုက်ကာ
"စွမ်းရည်ဟုတ်လား
normal moodကရောဘာလဲ"
ပွေးကြီးကပြန်ဖြေလိုက်သည်။
"ဟုတ်တယ်လေ ။
မင်းတို့အခုပဲ စိတ်ပိုင်းဆိုင်ရာခက်ခဲမှုအဆင့်ကို
ဆော့နေကြတာမဟုတ်ဘူးလား"
စိတ်ပိုင်းဆိုင်ရာခက်ခဲနေကြသူများ "..."
ကြည့်ရတာ အနက်ရောင်မျှော်စင်က ပထမထပ်ကို စိတ်ပိုင်းဆိုင်ရာခက်ခဲမှုအဆင့်လို့ တကယ်ပဲပြောခဲ့ပုံပင်။
ကြက်ဆင်မှာတ၀က်တိတိစားသောက်ခံလိုက်ရပြီဖြစ်သည်။
ထန်မော့ကမြေပြင်ပေါ်မှ
ကြက်ဆင်လက်ကျန်ကိုကြည့်လိုက်မိသည်။
တကယ်တော့ သူသည်မိမိစွမ်းရည်အကြောင်းကို
သိချင်သေးသော်လည်း လောလောဆည်ဒါထက်
ပိုအရေးကြီးတာရှိသေးသည်မို့
"ဦး.. ပွေးကြီး..မျှော်စင်ကိုတိုက်ခိုက်တယ်ဆိုတာ ဘာကိုပြောတာလဲ"
"မျှော်စင်ကိုတိုက်ခိုက်တာက
မျှော်စင်ကိုတိုက်ခိုက်တာပဲပေါ့.
မင်းတို့ကတကယ်တော့ လောလောဆည်
မျှော်စင်ကိုမတိုက်သင့်သေးဘူး။
အဲဒါကခိုး၀င်သူတစ်ယောက်က မျှော်စင်ကိုတိုက်ခိုက်နိုင်တဲ့ အဆင့်ကိုရုတ်တရက်ရောက်သွားလို့၊
မင်းတို့လည်းသူနဲ့အတူဂိမ်းထဲကို
ဆွဲသွင်းခံလိုက်ရတာ။"
ထို့နောက်တွင် ပွေးကြီးကရုတ်တရက်ရပ်တန့်သွားက သူ၏လက်သည်းမှ ဆီမ်ားကိုလ်က္လိုက္ကာ ။
"အိုး.. ပြောကာမှာပဲ ငါအဲဒီခိုး၀င်သူကိုလည်းကျေးဇူးတင်သင့်တာပေါ့။
သူသာဂိမ်းကိုမဖွင့်ခဲ့ဘူးဆိုရင်
မင်းလည်းဒီကိုရောက်လာမှာမဟုတ်ဘူးလေ။
မင်းသာရောက်မလာရင် ငါလည်းဒီအရသာရှိတဲ့ ကြက်ဆင်ကိုစားရမှာမဟုတ်ဘူး။
ဒါပေမယ့် သူကခိုး၀င်သူဆိုတော့..."
ထန်မော့က ရုတ်တရက်ဖြတ်မေးလိုက်သည်။
"ခိုး၀င်သူဆိုတာဘာလဲ"