*Zawgyi*
မတည္ျမဲတဲ့အရာေတြၾကားထဲမွာ မင္းကိုယ့္ကိုဘယ္အခ်ိန္ပစ္သြားမလဲ ဆိုတာကို စိုးရိမ္ေနရတာက ထိပ္ဆံုး...။
...
"ခြန့္ငယ္..။ကိုယ္ မင္းေလးကိုစိတ္မခ်ဘူးကြာ"
ဦးခြန္၏စကားေၾကာင့္ ကရနက္ လဲေလ်ာင္းေနရာမွ ဦးခြန္ကို မ်က္လံုးေလးလွန္ကာျပန္ၾကည့္လိုက္မိသည္။ကရနက္၏ရင္ေခါင္းေနရာအထိ ေနရာယူထားသည္က အနီေရာင္ကတီၲပါေစာင္ေလးတစ္ထည္။
"စိတ္ခ်လက္ခ်သြားပါ ဦးခြန္ရာ။ကြ်န္ေတာ္ ေနျပန္ေကာင္းေနပါျပီ"
ဒီေန့က ႏွစ္ဆန္းႏွစ္ရက္ေန့။သၾကၤန္အၾကတ္ေန့က ျမိဳ့ထြက္လည္ကာ အကဲလြန္ခဲ့ေသာ ကရနက္တို့စံုတြဲတြင္ ဘဂၤက ဘာမွမျဖစ္ပါဘဲ ကရနက္က ဂူျပန္ေရာက္လာျပီးေနာက္တစ္ေန့(သၾကၤန္အတက္ေန့)တြင္ စဖ်ားေလေတာ့သည္။
ေရစိုပတ္ၾကီးႏွင့္ ကုန္တင္ကားကိုစီး၊ေတာလမ္းတစ္ေလွ်ာက္ လမ္းေလွ်ာက္၊ ထိုေရစိုဝတ္ၾကီးနဲ့ တစ္ေလွ်ာက္လံုးခရီးႏွင္လာရသျဖင့္ နုနုနယ္နယ္ကရနက္ ဖ်ားရတာလည္းမဆန္း။သယ္သြားေသာအထုပ္ထဲတြင္ အက်ႌႏွစ္ထည္သာပါသြားခဲ့တာဟာ ကရနက္အတြက္ ေပါ့ေလ်ာ့မွဳတစ္ခုလိုျဖစ္သြားခဲ့ရ၏။
သၾကၤန္အတက္ေန့ စစဖ်ားခ်င္းမွာပဲ အဖ်ားကၾကီးသည္။ေဆးဆရာ ဦးမိုးေကာင္းကိုယ္တိုင္ အဲ့ေန့မွာပင္ လာၾကည့္ေပးပါေသာ္လည္း မသက္သာနိုင္။ေတာထဲေတာင္ထဲမို့ ေဆးျမီးတိုအနည္းငယ္နဲ့သာ ကုသေနရတာေၾကာင့္ ေတာ္ေတာ္ႏွင့္မေပ်ာက္နိုင္ျဖစ္ေနတာလည္း ျဖစ္နိုင္ေပသည္။
ယေန့နဲ့ဆို ကရနက္ဖ်ားေနတာ သံုးရက္ေျမာက္ေန့။တစ္ရက္ႏွင့္တစ္ရက္ အဖ်ားက နည္းနည္းစီက်က်သြားပါေသာ္လည္း ဦးခြန္ကေတာ့ စိတ္မခ်နိုင္ျဖစ္ေနသည္။
"ဒါဆို ကိုယ္သြားေတာ့မယ္ေနာ္။ဦးမိုးေကာင္း ေပးထားခဲ့တဲ့ ဓာတ္ဆားရည္ေလးကို ခဏခဏထေသာက္ေနာ္..ခြန့္ငယ္ေလး။ေဆးခါးရည္ကိုလည္း ေန့လည္ေလာက္က်ရင္ တစ္ၾကိမ္ေလာက္ထေသာက္ေပး။ဟာ..မျဖစ္ပါဘူး။ ကိုယ့္အစား ဝရဇိန္ကိုထားခဲ့မယ္။ဒါမွ ကိုယ္ ခြန့္ငယ္ကုိစိတ္ခ်နိုင္မွာ"
ဦးခြန္က အသည္းပို အကဲပိုကာ စိတ္မခ်နိုင္မွဳေတြကအဆံုးစြန္ထိပင္။ ကရနက္ ေဖ်ာင္းဖ်ေျပာ၍လည္းမရ။
ဒီေန့ ဦးခြန္က တိုင္းခန္းလွည့္လည္စရာကိစၥရွိေနသည္။ဒဂၤါးရံုဘက္မွာ ဒဂၤါးေတြ အျခားျမိဳ့ရြာကိုပို့ေဆာင္သည့္ကိစၥႏွင့္ပတ္သက္ျပီး ျပႆနာတစ္ခုတက္သြား၍ သြားေျဖရွင္းရမည္လည္းျဖစ္သလို ရက္ကန္းရံုဘက္ကိုေရာ၊ေရႊက်င္တဲ့ဘက္ကိုပါ သြားၾကည့္ရအံုးမည္ျဖစ္ေၾကာင္း ဦးခြန္ကေျပာသည္။အရင္က ဘယ္ကိုသြားသြား ဦးခြန္နဲ့အတူလိုက္ပါတတ္ေသာ ကရနက္ဟာ အခုဖ်ားနာေနေသာေၾကာင့္ မလိုက္ပါနိုင္ေတာ့။
ဦးခြန္တစ္ေယာက္ ဒီေန့ ဗ်ာမ်ားကာအလုပ္ရွဳပ္ရသည့္ေန့။ အင္းေပါ့။လူမ်ိဳးေခါင္းေဆာင္အၾကီးအကဲတစ္ေယာက္ကို ကရနက္ကယူထားမိေတာ့လည္း နားလည္ေပးရသည္ေပါ့။
"မလုပ္ပါနဲ့ ဦးခြန္ရယ္။ဝရဇိန္လည္း သူ့သခင္ၾကီးေနာက္လိုက္ခ်င္ရွာမွာေပါ့။ ကြ်န္ေတာ့္အတြက္နဲ့ သူ့ကိုအေစာင့္မခ်ခဲ့ပါနဲ့"
ဦးခြန္က တည္တင္းေသာမ်က္ႏွာထားၾကီးႏွင့္သက္ျပင္းရွည္ၾကီးခ်ကာ..
"မရဘူး..ခြန့္ငယ္။ကိုယ္ မင္းကိုစိတ္မခ်ဘူး။ျဖစ္နိုင္ရင္ ကိုယ္ သြားေတာင္မသြားခ်င္ဘူး။ဒဂၤါးရံုမွာ ျပႆနာတက္ေနလို့သာ မျဖစ္မေနသြားၾကည့္ရမွာ။မဟုတ္ရင္ မင္းအနားမွာပဲ မင္းကိုျပဳစုျပီးေနခ်င္တာ"
ေျပာလို့မရေတာ့သည့္ထိုလူၾကီးကို စိတ္မရွည္စြာၾကည့္ရင္း ကရနက္ လွဲေနရာမွထထိုင္လိုက္ေတာ့သည္။
"ကဲ..ကြ်န္ေတာ့္ရဲ့ဦးခြန္။ဦးခြန္ အဲ့ကိုမသြားလို့ေတာ့ဘယ္ျဖစ္ပါ့မလဲ။သြားလိုက္ပါ..ဦးခြန္က လိမၼာပါတယ္ရယ္။အရမ္းကိုေနာက္ဆံတင္းေနျပီး ေျပာမရျဖစ္ေနရင္လည္း ဝရဇိန္ကို ကြ်န္ေတာ့္အနားထားခဲ့လိုက္ေတာ့ေပါ့။ဘယ္တတ္နိုင္ပါ့မလဲ"
ထိုအခါက်မွ ဦးခြန္၏မ်က္ႏွာကျပံဳးရႊင္လာကာ..
"ဒီလိုမွေပါ့..ခြန့္ငယ္ရာ။ကိုယ့္ခြန့္ငယ္ လိမၼာတာ ကိုယ္သိတာေပါ့။ ကိုယ္မွာခဲ့တဲ့အတိုင္း ေသခ်ာေနေပးေနာ္။ကိုယ္ ဝရဇိန္ကိုလည္း ထပ္မွာခဲ့ပါ့မယ္"
ကရနက္ ဦးခြန္၏ခါးကို မလွမ္းမကမ္း လွမ္းဖက္လိုက္ျပီး..
"ေကာင္းပါျပီ..ဦးခြန္။လာ..ဦးခြန္ကို ဂူေပါက္ဝထိလိုက္ပို့ေပးမယ္"
"ေနခဲ့ပါ ခြန့္ငယ္ရယ္။လိုက္မပို့ပါနဲ့ေတာ့..ေအးေဆးနားေန"
"မရပါဘူး။ဒါေလးေတာ့ခြင့္ျပဳေပးေလ"
ဒီလိုႏွင့္အျငင္းအခံုေတြျဖစ္ၾကရင္း ေမာင္ႏွံႏွစ္ဦးဟာ ဂူေပါက္ဝထိပ္သို့ ေရာက္ရွိလာခဲ့ၾကသည္။သူတို့ေဘးနားမွာ သက္ေတာ္ေစာင့္ဝရဇိန္လည္း ရွိေန၏။
"ကဲ..ကိုယ္သြားေတာ့မယ္ ခြန့္ငယ္။ဝရဇိန္..မင္းသခင္ေလးကို ေသခ်ာဂရုစိုက္ေပးလိုက္ပါ"
ျပံဳးစစႏွင့္အမွာစကားေျခြေနေသာ ဦးခြန္ဟာ ကရနက္ကုိဖက္တြယ္ထားရင္း ကရနက္၏နဖူးေလးအား ျမတ္နိုးစြာငံု့နမ္းလာခဲ့သည္။ထို့ေနာက္ ႏွဳတ္ခမ္းေလးကိုလည္း ျပြတ္ခနဲျမည္ေအာင္ တစ္ခ်က္ထိကပ္သြားေသး၏။
ေဘးတြင္ သက္ေတာ္ေစာင့္ဝရဇိန္ရွိေနသည္ကို ဒီလူၾကီးဟာ လူေရွ့မေရွာင္၊သူေရွ့မေရွာင္ႏွင့္။
ကရနက္ကို ႏွဳတ္ဆက္အနမ္းေလးေပးခဲ့ျပီး တျခားအေျခြအရံမ်ားကို ျခံရံကာျဖင့္ ဦးခြန္ဟာ ဒဂၤါးရံုဘက္သို့ထြက္ခြာသြားေတာ့သည္။
ဦးခြန္၏ေက်ာျပင္ကို ဂူေပါက္ဝကေန အုပ္မိုးေငးၾကည့္ေနရင္း ျပံဳးေနမိေသာ ကရနက္။
ျပန္ေတြးမိေတာ့မွ ဦးခြန္က သူ့ကိုသိပ္ခ်စ္ရွာပါသည္။သိပ္လည္းအလိုလိုက္ရွာသည္။ဘာမဆို အလိုကိုျဖည့္ဆည္းေပးသည္။ဒီလို ကရနက္ ေနမေကာင္းတဲ့အခ်ိန္ကလြဲျပီးေတာ့ေပါ့။
မေန့က ႏွစ္ဆန္းတစ္ရက္ေန့မို့ ရန္ေျပျငိမ္းကိုသြားျပီး ဘုရားေဝယ်ာေဝစၥကုသိုလ္ယူခ်င္တာေတာင္ ဦးခြန္က လံုးဝခြင့္မျပဳ။ခြန့္ငယ္က ေနမေကာင္းေသးလို့ ေတာင္ေလစိမ္းေတြခံလို့မျဖစ္ဘူးတဲ့ေလ။အဲ့လိုမ်ိဳး စည္းကမ္းၾကပ္ၾကပ္ႏွင့္ အလိုမလိုက္သည့္အခါေတြလည္းရွိတတ္ပါသည္။သို့ေသာ္ ရွား၏။
အေတြးမ်ားကို ျပန္ရုတ္သိမ္းကာ ေဘးနားက ဝရဇိန္ကိုလွည့္ၾကည့္မိေတာ့ သူက ကရနက္ကိုျပံဳးျပအရိုအေသေပးေနရွာသည္။
"သခင္ေလး ဓာတ္ဆားရည္မ်ားမ်ားေသာက္ဖို့ ေခါင္းေဆာင္သခင္ၾကီးက ေသခ်ာမွာသြားပါတယ္"
"ေကာင္းျပီ။ဒါဆို သြားေသာက္ၾကမယ္ေလ"
တျဖည္းျဖည္းႏွင့္ေဝးလံသြားျပီျဖစ္ေသာ ဦးခြန္ႏွင့္အေျခြအရံတစ္သိုက္တို့၏ ေက်ာျပင္မ်ားကို ေငးၾကည့္ေနရင္း ကရနက္ျပန္ေျပာလိုက္သည္။ထို့ေနာက္ အၾကည့္ေတြကိုပါျပန္ရုတ္သိမ္းကာ ဝရဇိန္ႏွင့္အတူ ဂူအထဲသို့ျပန္ဝင္လာခဲ့ေတာ့သည္။
ေခါင္းထဲတြင္ေတာ့ ဦးခြန္ ေစာနကေပးခဲ့ေသာႏွဳတ္ဆက္အနမ္းေလးဟာ ဘယ္ေလာက္ေတာင္ခ်ိဳျမိန္လွေၾကာင္း ၾကိတ္ေတြးေနမိလ်က္။
.........................................................................................................
ေျမေခြးတစ္ေကာင္ကဲ့သို့ ေကာက္က်စ္စဥ္းလဲလွေသာ 'ေခါင္းေဆာင္သခင္ၾကီး'ဆုိသည့္သူဟာ အေျခြအရံမ်ားကိုျခံရံလ်က္ ဂူအျပင္ဘက္သို့ထြက္သြားသည့္ျမင္ကြင္းအား ဝိညာဥ္ေလးက အေဝးမွေန၍လွမ္းၾကည့္ေနမိသည္။
နက္ရဲ့နဖူးကိုေရာ၊ႏွဳတ္ခမ္းေလးကိုေရာ ထိုလူကပိုင္စိုးပိုင္နင္းထိေတြ့သြားသည္ကိုလည္း ျမင္ျဖစ္ေအာင္ ျမင္လိုက္ရေသး၏။
နက္နဲ့ထိုလူနဲ့က ဘာေတြလဲ။ဘာလို့ သူက နက္ကိုနမ္းရတာလဲ။
ဝိညာဥ္ေလး၏အေတြးတုိ့ဟာ ျဖည္၍မရေတာ့ေသာ ၾကိဳးစမ်ားသဖြယ္ ရွဳပ္ေထြးေပြလီေနလ်က္။
မိတ္သဟာ ထိုဂူအနားကို အနီးကပ္ေလွ်ာက္လာျပီး အေျခအေနကို ေခ်ာင္းၾကည့္ေနမိသည္။ပတ္ဝန္းက်င္တြင္ မည္သူမွေတာ့မရွိ။
သဟာ နက္ကိုေနရာအႏွံ့လိုက္ရွာရင္းနဲ့မွ ဒီဂူနားကိုမသိလိုက္မသိပါသာ ေယာင္လည္လည္ႏွင့္ေရာက္လာတာျဖစ္သည္။နက္ ဒီဂူထဲကုိဝင္သြားသည္ကိုလည္း ေသခ်ာျမင္လိုက္ရ၏။နက္ကေရာ သခင္ၾကီးဂူထဲမွာဘာဝင္လုပ္ေနရသနည္း။
ပတ္ဝန္းက်င္ကို က်ီးကန္းေတာင္းေမွာက္လိုက္ၾကည့္ေနရင္းနဲ့ စိတ္မထိန္းနိုင္သည့္အဆံုး ဂူထဲသို့လိုက္ဝင္ရန္ဆံုးျဖတ္လိုက္ေတာ့သည္။
နက္ကိုပြင့္ပြင့္လင္းလင္းေမးၾကည့္ရမယ္။နက္နဲ့သူ ေသခ်ာေတြ့ျပီးကို ေမးရမယ္။နက္ကို သူသိပ္ေတြ့ခ်င္ေနတယ္။
ျပင္းျပေသာစိတ္ဆႏၵတို့ၾကီးစိုးေနခ်ိန္တြင္ သူဟာ သခင္ၾကီး၏ဂူထဲသို့ အလိုလိုေျခခ်ျပီးေနခဲ့ျပီ။ဂူအတိုင္းေတာက္ေလွ်ာက္ဆင္းခ်သြားေတာ့ နက္ထိုင္ေနသည့္သလြန္ေတာ္နားသို့ေရာက္လာခဲ့၏။
နက္ကဓာတ္ဆားရည္ကို ဝါးခြက္ႏွင့္တဂြပ္ဂြပ္ေမာ့ေသာက္ေနျပီး ဝရဇိန္ကေတာ့ နက္ေဘးမွာ အသင့္အေနအထားႏွင့္ရပ္ေစာင့္ေနသည္ကို ျမင္ေနရသည္။
ဝရဇိန္ကေရာ??သူ့သူငယ္ခ်င္းက ဘာကိစၥနဲ့ နက္ကိုျပဳစုေနရသနည္း။
နားမလည္ျခင္းေပါင္းမ်ားစြာေတြက ပိုပိုရွဳပ္ေထြးလာရင္းနဲ့ ထိုရွဳပ္ေထြးမွဳမ်ားကို အေျဖရွာရန္အတြက္ ထန္းရြက္ပုတီးတစ္ကံုးကို လက္ထဲက်စ္က်စ္ပါေအာင္ဆုပ္ကိုင္ျပီး သလြန္ေတာ္ဆီလွမ္းလာေနသည့္ ဝိညာဥ္တစ္စ။
သူတို့ႏွစ္ေယာက္၏အနားေရာက္သည္ႏွင့္ နက္ေဘးနားမွာရွိသည့္ ဝရဇိန္ကို ဝိညာဥ္ပူးကပ္ပစ္ရန္ မိတ္သဟာၾကံစည္ေနမိသည္။အၾကံႏွင့္အလုပ္က ထပ္တူက်စြာ...
ကရနက္ ဓာတ္ဆားရည္ေသာက္ျပီးျပန္လွဲအိပ္မယ္လုပ္တုန္း ေဘးနားတြင္ရွိေနေသာဝရဇိန္က ေစာနကထိ အေကာင္းတိုင္းရွိေနရာမွ ရုတ္တရက္ခႏၶာကိုယ္ဟာတုန္တက္သြားသည္ကို ျမင္ေတြ့လိုက္ရသည္။
ကရနက္လည္း လြန္စြာထိတ္လန့္သြားခဲ့ျပီး ဝရဇိန္ အေကာင္းတိုင္းကေနျပီး ဘာမ်ားထျဖစ္တာလဲဟု ေတြးေတာကာ ေၾကာင္ၾကည့္ေနမိလ်က္။
"ဝရဇိန္..ဝရဇိန္ ဘာျဖစ္တာလဲဟင္"
အမူအရာေတြကမူမမွန္ထူးျခားေနသျဖင့္ ဝရဇိန္၏ပခံုးကို တစ္ခ်က္ကိုင္လွဳပ္ကာ ေမးလိုက္ေသာ ကရနက္။ဝရဇိန္၏မ်က္လံုးမ်ားဟာလည္း ဝိညာဥ္ပူးကပ္ျခင္းခံထားရသလို အေရာင္အခ်ိဳ့ျဖတ္ေျပးေနဟန္။
ဝရဇိန္ ဘာျဖစ္ေနတာလဲ။
"ကိုယ္ ဝရဇိန္မဟုတ္ဘူး!!!"
ဝရဇိန္ထံမွထြက္လာေသာအသံနက္ၾကီးဟာ ဂူတစ္ခုလံုးကိုဟိန္းထြက္သြားေစသည္။တျခားသူတစ္ဦး၏အသံနက္ၾကီးကဲ့သို့။
ကရနက္ နားမလည္နိုင္စြာေၾကာင္ၾကည့္ေနမိတုန္း...။
"အား!!!"
ကရနက္ တစ္ခ်က္စူးစူးဝါးဝါးေအာ္လိုက္မိသည္။သူ့ကိုယ္သူ ဘာျဖစ္သြားမွန္းတကယ္မသိလိုက္။
တစ္စံုတစ္ရာေသာပေယာဂတို့ ထြက္သြားသည့္လူတစ္ေယာက္ႏွယ္။
ကရနက္ သလြန္ေတာ္ေပၚသတိလစ္လ်က္အေနအထားႏွင့္လဲက်သြားခဲ့သည္။ ေသခ်ာတာတစ္ခုကေတာ့ ကရနက္၏လည္ပင္းထက္မွာ ေဆးရည္စိမ္ထန္းရြက္ပုတီးေလးတစ္ကံုးက ေနရာယူသြားခဲ့၏။
.........................................................................................................
ကို...။
သဟာ..မိတ္သဟာ။
သူနဲ့မိတ္သဟာ ဘုရားမွာသစၥာတိုင္တည္ခဲ့ၾကသည့္ျမင္ကြင္း။သူနဲ့သဟာ ခ်စ္ခဲ့ၾကသည့္ျမင္ကြင္းအခ်ိဳ့။သခင္ၾကီး၏ေရွ့မွာ သူတို့အခ်စ္ကို သက္ေသျပဳေျပာဆိုခဲ့ၾကသည့္ျမင္ကြင္းမ်ား...။
မိတ္သဟာႏွင့္ပတ္သက္ျပီး တစ္ခဏတာေပ်ာက္ဆံုးေနခဲ့ေသာမွတ္ညဏ္ အပိုင္းအစတို့ဟာ ကရနက္၏ဦးေႏွာက္ထဲသို့ အစီအရီျပန္လည္ေနရာယူလာခဲ့ေလျပီ။
က်ိန္စာတစ္ခုပ်က္ျပယ္သြားသလို။ပီယေဆးေတြနွင့္ အထပ္ထပ္စီရင္ထားခဲ့သည့္ ပေယာဂတစ္စံုတစ္ရာ ခႏၶာကိုယ္ထဲမွထြက္ခြာသြားသလို။
အသိစိတ္တို့ဟာ လံုးဝေပါ့ပါးလြတ္လပ္ေနသည္မွာ မလြဲဧကန္။
သူ့ဦးေႏွာက္ထဲတြင္ရွိေနေသာအေတြးစတို့ဟာ မိတ္သဟာႏွင့္ပတ္သက္ေနခဲ့သည့္အေၾကာင္းအရာတို့သာ။
သူဘာျဖစ္သြားခဲ့တာလဲ။အခုေရာ သူဘာျဖစ္ေနတာလဲ။
...
ကရနက္၏မ်က္လံုးတို့ဟာ စိတ္သစ္လူသစ္အေနအထားႏွင့္ ဖ်တ္ခနဲပြင့္ဟလာခဲ့၏။
ဦးဆံုးျမင္လိုက္ရသည္က ေတြ့ေနျမင္ေနက်မဟုတ္သည့္ ဂူအမိုးတစ္ခုပါ။
တျဖည္းျဖည္းၾကည္လင္စျပဳလာေသာအျမင္အာရံုတို့ကို အမွီျပဳအားကိုးကာ ေဘးပတ္ဝန္းက်င္ကို အၾကည့္တို့ေဝ့ဝဲကစားလိုက္ရာ...
"ကို..."
မိတ္သဟာ၏မ်က္ႏွာထက္တြင္ အျပံဳးပန္းတို့မ်ားစြာျဖစ္တည္သြားေတာ့သည္။ေနာက္ဆံုးေတာ့ သူ့ရဲ့နက္ဟာ သူ့ကုိျမင္ေတြ့နိုင္ခဲ့ျပီ။ဆရာမကိုလည္း စိတ္ထဲကေန ထပ္တလဲလဲေက်းဇူးတင္ေနမိေတာ့၏။
"မိတ္သဟာ"ဟုအမည္ရေသာ ဝိညာဥ္ေလးတစ္စဟာ ဝမ္းသာမ်က္ရည္ေတြ ပါးျပင္ေပၚက်ဆင္းလာခဲ့ျပီး မ်က္စိေရွ့ကခ်စ္ရသူကို ဖက္လွဲတကင္းျပဳမည္အလုပ္...။
သူ့လက္ေတြက နက္ကိုဖက္တြယ္လို့မရဘဲ ေလထုကိုသာဆုပ္ကိုင္ေနမိသည္။
ဝိညာဥ္ေတြဟာ လူေတြကိုထိကိုင္ခြင့္မရွိတာလား။ဘယ္လိုပဲျဖစ္ျဖစ္ပါ။ နက္ကို ဒီလိုအနီးကပ္ျမင္ေတြ့ေနရတာနဲ့တင္ သူေက်နပ္ပါ၏။
"ကို..။နက္ ကုိ့ကိုေမွ်ာ္ေနခဲ့တာ။သိပ္ေမွ်ာ္ေနခဲ့တာ။နက္..နက္ေလ"
ကရနက္၏စကားလံုးတို့ဟာ ႏွဳတ္ဖ်ားမွာပဲတစ္ဆို့ေနရေလာက္ေအာင္အထိ ဝမ္းသာလံုးဆို့ေနမိလ်က္။
ဒီအေတာအတြင္းဘာျဖစ္ခဲ့လဲ သူ့ဘာသာသူမသိ။ဦးေႏွာက္ထဲ ေတြးလို့လည္းမရေပ။ေသခ်ာတာတစ္ခုကေတာ့ အခုေလာေလာဆယ္ သူ ေခါင္းေဆာင္သခင္ၾကီးရဲ့ဂူထဲကို ေရာက္ေနရတာပဲ။ဘာအေၾကာင္းေၾကာင့္မ်ားလဲ။
သူ့ေဘးနားမွာ သဟာရွိေနေသာေၾကာင့္ အားကိုးတၾကီးႏွင့္ျပန္လည္ဖက္တြယ္မည္ျပဳပါေသာ္လည္း သူ သဟာ့ကိုကိုင္တြယ္လို့မရေပ။
ဒါ ဘာေတြျဖစ္ကုန္တာလဲ။ဘယ္လိုအေျခအေနၾကီးလဲ။
ဦးခြန္ႏွင့္ပတ္သက္ေသာအေၾကာင္းအရာအစအဆံုးသည္ ပေယာဂေတြပ်က္ျပယ္သြားသည္ႏွင့္ ကရနက္၏ဦးေႏွာက္ထဲ ေျပာင္သလင္းခါသြားခဲ့၏။ "ဦးခြန္"ဆိုေသာေဝါဟာရဆိုတာလည္း သူ့ေခါင္းထဲမရွိေတာ့သလို ဦးခြန္ႏွင့္ခ်စ္ၾကည္နူးခဲ့ေသာကိစၥအရပ္ရပ္တို့သည္လည္း လံုးဝအရွင္းအလင္း ေပ်ာက္ဆံုးသြားရလ်က္။
ကရနက္ သိေနတာတစ္ခုက ေခါင္းေဆာင္သခင္ၾကီးဆိုတာ မိတ္သဟာႏွင့္ကရနက္တို့၏ခ်စ္ျခင္းတရားကို လိုက္ခြဲေနသည့္သူ။တစ္နည္းအားျဖင့္ေျပာရလွ်င္ မာရ္နတ္။
အရင္ကသိခဲ့တဲ့အတုိင္း မေျပာင္းလဲခဲ့။
သူ့အေတြးတို့ဟာ ေခါင္းေဆာင္သခင္ၾကီးအား ရြံရွာမုန္းတီးစိတ္တို့ႏွင့္သာ ျပည့္ႏွက္ေနခဲ့သည္။
"ကိုယ္ဘာမွမျဖစ္ပါဘူး..နက္။အခု ကိုယ္မင္းအနားကိုေရာက္လာျပီး မင္းနဲ့တူတူျပန္ရွိေနနိုင္ျပီေလ"
နက္၏ပါးျပင္ေပၚကမ်က္ရည္စမ်ားကုိ လွမ္းသုတ္ဖယ္ရွားေပးခ်င္ပါေသာ္လည္း အခြင့္မရွိခဲ့ေပ။
"ကို..ဘယ္ေတြသြားေနတာလဲဟင္။ဟို..နက္စိတ္ထဲ ကို့ကိုအၾကာၾကီး ေစာင့္ေနခဲ့ရသလိုပဲ တစ္မ်ိဳးၾကီးခံစားေနရတယ္။ကို ဘယ္ေတြသြားေနခဲ့တာလဲ။နက္ကိုထားျပီး ဘယ္ေတြေလွ်ာက္သြားေနတာလဲ!"
ခ်စ္ရသူက အေမးေတာ္ရွိလာေသာအခါ မေျဖခ်င္ေပမယ့္လည္း ေျဖလိုက္ဖို့ရန္သာ မိတ္သဟာဆံုးျဖတ္မိသည္။
"ကိုယ္ေသသြားခဲ့ျပီ။ေခါင္းေဆာင္သခင္ၾကီးသတ္လိုက္လို့ ကိုယ္ေသသြားခဲ့ရျပီ။ကိုယ္က ဝိညာဥ္တစ္ေယာက္။နက္ကလူ။ နက္ရဲ့လည္ပင္းမွာပုတီးေလးရွိေနလို့သာ နက္ အခုကိုယ့္ကိုျမင္ေနရတာ"
တုန္တုန္ယင္ယင္ႏွင့္ထြက္ေပၚလာေသာ သဟာ့စကားမ်ားကို ကရနက္မယံုနိုင္ေပ။
သဟာက သူ့ကိုဘာေတြေလွ်ာက္ေျပာေနတာလဲ။
"မျဖစ္နိုင္တာ!!လံုးဝမျဖစ္နိုင္ဘူး!!ကိုက ဘာလို့ေသရမွာလဲ။ကိုက ဘာကိစၥနဲ့ေသရမွာလဲ!"
ေခါင္းေဆာင္သခင္ၾကီးအေပၚ ေဒါသစိတ္ေတြပံုက်ေနေသာ ကရနက္ဟာ မခ်ိမဆန့္ခံစားခ်က္တို့ေရာျပြမ္းေနလ်က္ ထိုစကားလံုးအခ်ိဳ့ကို မ်က္ရည္စတို့က်ဆင္းေနရင္း ေရရြတ္ေနခဲ့သည္။
"နက္ ဒီကိစၥကိုမယံုနိုင္ေသးတာ ကိုယ္ထင္ျပီးသားပါ။ကိုယ္ သက္ေသျပပါ့မယ္။ကုိယ္တကယ္ေသသြားခဲ့တယ္ဆိုတဲ့အေၾကာင္း၊ေခါင္းေဆာင္သခင္ၾကီးက ကိုယ့္အေပၚဘယ္ေလာက္ေတာင္ရက္စက္ခဲ့တဲ့အေၾကာင္း ကိုယ္သက္ေသျပပါ့မယ္။ကိုယ့္ေနာက္ကိုသာ ခဏျဖစ္ျဖစ္လိုက္ခဲ့ေပးပါ"
မိတ္သဟာ ဒီေလာက္ထိေျပာထြက္မိလိမ့္မယ္လို့ အစကမရည္ရြယ္ထားခဲ့။သူ နက္ေရွ့ေရာက္လာရျခင္းအေၾကာင္းအရင္းဟာ နက္ကုိသိပ္ေတြ့ခ်င္ေနလို့။နက္ကိုလြမ္းလို့။အခုေတာ့ နက္က ဒီအေၾကာင္းအရာကိုမယံုနိုင္ေသးေသာေၾကာင့္ သက္ေသျပေပးရေတာ့မည့္ အေျခအေနသို့ေရာက္ေခ်ျပီ။
ကရနက္ကလည္း တစ္ခြန္းမွမျငင္းရွာ ခ်စ္ရသူေခၚရာေနာက္သို့လိုက္ပါလာခဲ့ေတာ့သည္။
သက္ေတာ္ေစာင့္ဝရဇိန္ကေတာ့ သခင္ေလးကရနက္ ေခတၲသတိေမ့သြားသည့္ျဖစ္ရပ္ကိုၾကည့္ျပီး စိုးရိမ္စိတ္တို့ထံုမႊန္းကုန္ကာ သခင္ေလး၏ပိုင္ရွင္ သခင္ၾကီးကို ဒဂၤါးရံုထိ သြားေျပးေခၚေနေလရဲ့။
.........................................................................................................
သဟာ သူ့ကိုေခၚလာသည့္ေနရာက သုႆန္တစ္စျပင္ဆီကို။
ကရနက္၏စိတ္ထဲ အမွန္တရားကိုျမင္ေတြ့ရေတာ့မည္ျဖစ္တာေၾကာင့္ ေၾကာက္ရြံ့ေနမိေတာ့သည္။သဟာ သက္ေသျပေတာ့မည့္ အမွန္တရားဟာ တကယ္ပဲလား။
မိတ္သဟာသာ အတိတ္မွာေသဆံုးသြားခဲ့ေၾကာင္း ေသခ်ာသြားခဲ့လွ်င္ ကရနက္ ရူးမတတ္ခံစားရေပလိမ့္မည္။သူမသိခဲ့တဲ့ဒီအေတာအတြင္းမွာ ဒီအေျခအေနေတြအထိေတာင္ျဖစ္သြားခဲ့ရသည္လား။
သဟာက သူ့ကို မညီမညာေျမညိဳညိဳေပၚမွာ မတ္တပ္ရပ္ခိုင္းထားျပီး သဟာကေတာ့ ေျမၾကီးကို လက္ႏွင့္ကုပ္ယူကာ တစ္ခုခုကိုတူးဆြေနသည္။
အခ်ိန္အေတာ္ၾကာထိ တူးဆြေနျပီးသည့္သကာလ ဝိညာဥ္ျဖစ္ဟန္တူသည့္ အျခားဝိညာဥ္မ်ားပါ အနားသို့ေရာက္ရွိလာၾကျပီး မိတ္သဟာ၏လုပ္ငန္းအား လာကူညီေပးၾကသည္။
ေျမသားညိဳညိဳတို့ကို လက္ေတြႏွင့္ကုတ္ယက္ထုတ္ကာတူးဆြျပီးသည့္ေနာက္ ေျမၾကီးထဲတြင္နစ္ျမဳပ္ေနခဲ့သည့္ရုပ္အေလာင္းတစ္ခုဟာ ဗြင္းဗြင္းရွင္းရွင္းေပၚေပါက္လာေတာ့သည္။
"ကို!!"
ဒီလက္..ဒီေျခေထာက္..ဒီအသားအေရ..ဒီကိုယ္လံုး။
ဦးေခါင္းေနရာျပတ္ထြက္သြားခဲ့သည့္ ဒီခႏၶာကိုယ္။
ကရနက္ဟာ ကိုယ္ခ်စ္ရတဲ့မိတ္သဟာရဲ့ခႏၶာကိုယ္ကို က်ီးထိုးထိုးေခြးစားစား မွတ္မိတာေပါ့။
ဒါ သဟာ့ရဲ့ခႏၶာကိုယ္အစစ္မွအစစ္။
အမွန္တရားကို လက္မခံခ်င္ေသာ္လည္း လက္ခံလိုက္ရေလျပီ။
တျပိဳင္နက္တည္းမွာပင္ ေျမၾကီးေပၚသုိ့အရုပ္ၾကိဳးပ်က္ထိုင္က်သြားခဲ့ေသာ ကရနက္။
ေျမၾကီးထဲကရုပ္အေလာင္းကုိတစ္လွည့္၊သူ့ေဘးနားက သဟာ့ရဲ့ဝိညာဥ္ကိုတစ္လွည့္ ေငးၾကည့္ေနရွာေသာ ကရနက္။
ဒါ..ဒါဆို သူ့သဟာက အတိတ္မွာတကယ္ေသဆံုးသြားခဲ့ျပီေပါ့။ သူ့ေဘးနားမွာရွိေနတဲ့ သဟာက ပရေလာကသားတစ္ေယာက္ေပါ့။
ရွိဳက္ငိုမိသည္။ရွိဳက္ၾကီးတငင္ကို ငိုေၾကြးေနမိသည္။
ကိုယ္တကယ္ ႏွစ္ႏွစ္ကာကာခ်စ္ရတဲ့သူက ကိုယ့္အနားမွာ လူသားတစ္ေယာက္အျဖစ္နဲ့ရွိမေနေတာ့တာ၊ကိုယ္နဲ့အတူ ဒီကမာ႓ေျမေလာကၾကီးေပၚမွာ အတူယွဥ္တြဲမေနထိုင္နိုင္ေတာ့တာ။
ဒီ့ထက္ရင္နာမိတာ ကရနက္၏ဘဝမွာ ဘာရွိအံုးမည္နည္း။
"ကို.."
"ယံုလိုက္ပါ..နက္။ကိုယ့္ကို ဒီလိုအေျခအေနထိျဖစ္ေအာင္ ေခါင္းေဆာင္သခင္ၾကီးက တြန္းပို့ပစ္ခဲ့တာ!ကိုယ့္ကို သူသတ္ခဲ့တာတဲ့! ကိုယ့္ဝိညာဥ္ကိုရက္အေတာ္ၾကာျပန္မနိုးထနိုင္ေအာင္ သူက ပေယာဂေတြနဲ့စီမံပစ္ခဲ့တာ!"
ေဒါသအဟုန္တို့ေၾကာင့္ မိတ္သဟာ၏အသံေတြ ကတုန္ကယင္ျဖစ္ေနခဲ့၏။
တရွဴးရွဴးေဒါသစိတ္တို့ဟာ ေဘးနားတြင္ရွိေနေသာ ကရနက္ကိုပါ ကူးစက္လာသည္အထိပင္။
ဝိညာဥ္တစ္သိုက္ဟာလည္း ကူညီျခင္းအရာျပီးစီးသည့္ေနာက္ ျပန္လွည့္ထြက္သြားခဲ့ၾကသည္။ပတ္ဝန္းက်င္တြင္ မိတ္သဟာႏွင့္ကရနက္ ႏွစ္ဦးတည္း။
"ရက္စက္လိုက္တာ!ရက္စက္လိုက္ၾကတာ!ကို့ကို ေခါင္းျပတ္သြားတဲ့အထိကို သူကသတ္ခဲ့တာတဲ့လား"
ကရနက္ အသံသဲ့သဲ့ႏွင့္သာေရရြတ္နိုင္စြမ္းရွိေတာ့၏။အားအလြန္ျပတ္ေနျပီ။ စိတ္ပင္ပန္းမွဳတို့ေၾကာင့္ ကရနက္၏မ်က္ႏွာဟာ တမုဟုတ္ခ်င္းကိုျဖဴေဖ်ာ့ေနခဲ့ျပီ။
"ဘာေတြျဖစ္သြားခဲ့မွန္း ဘာမွကိုနားမလည္နိုင္ေတာ့ေပမယ့္ နက္ ကိုနဲ့အတူ အရာရာကိုရင္ဆိုင္ပစ္မယ္!သူ့ကိုေတာ္လွန္မယ္!သူ့ကို ကလဲ့စားေခ်မယ္! သူေတာင္လုပ္ရက္ေသးတာပဲ!ပြဲက အခုမွစမွာပါ..ကို"
ကရနက္၏ရင္ထဲမွထြက္ေပၚလာေသာ မခ်ိတင္ကဲရင္တြင္းစကားတို့ဟာ ပတ္ဝန္းက်င္တစ္ခြင္ကို ဟိန္းထြက္သြားေစသည္။
ေနမြန္းတည့္ခ်ိန္ေရာက္ေပေတာ့မည္။ဘဂၤတံခြန္လည္း သူ့ၾကင္ယာေတာ္ကို လိုက္ရွာေနေပလိမ့္မည္။ေနရာအႏွံ့လိုက္ရွာျပီးလို့မေတြ့ေတာ့လွ်င္ သူ ေနာက္ဆံုး ဒီေနရာကိုေရာက္ကိုေရာက္လာလိမ့္မည္။ကရနက္ႏွင့္သူ၏ဝိညာဥ္ေကာင္ေလးဟာ စစ္ေျမျပင္စစ္တလင္း သုႆန္တစ္စျပင္တြင္ ဘဂၤအလာကို ေစာင့္ေမွ်ာ္ေန၏။
ရာသီဥတုဟာ တိမ္ညိဳတိမ္မဲမ်ားေၾကာင့္ မွိဳင္းညိဳ့ညိဳ့။မွိဳင္းေနေသာ ရာသီဥတုႏွင့္အတူ ေဒါသေရအလ်ဥ္ဆူပြက္ေနေသာ ခ်စ္သူႏွစ္ဦးဟာ သူတို့ရဲ့ခ်စ္ျခင္းတရားကို ၾကားထဲကေနဖ်က္လိုဖ်က္ဆီးလုပ္ခဲ့သည့္ မာရ္နတ္ကို ျပန္လည္တိုက္ခိုက္ဖို့ အားမာန္အျပည့္နဲ့ ေစာင့္ေမွ်ာ္ေနၾကေလရဲ့။
To Be Continued...🏔🏔
25/9/2021
#Khu🏔🏔
**မနက္ျဖန္ဇာတ္သိမ္းပိုင္းကို တူတူရင္ခုန္ၾကည့္ၾကရေအာင္❤❤**
*Unicode*
မတည်မြဲတဲ့အရာတွေကြားထဲမှာ မင်းကိုယ့်ကိုဘယ်အချိန်ပစ်သွားမလဲ ဆိုတာကို စိုးရိမ်နေရတာက ထိပ်ဆုံး...။
...
"ခွန့်ငယ်..။ကိုယ် မင်းလေးကိုစိတ်မချဘူးကွာ"
ဦးခွန်၏စကားကြောင့် ကရနက် လဲလျောင်းနေရာမှ ဦးခွန်ကို မျက်လုံးလေးလှန်ကာပြန်ကြည့်လိုက်မိသည်။ကရနက်၏ရင်ခေါင်းနေရာအထိ နေရာယူထားသည်က အနီရောင်ကတ္တီပါစောင်လေးတစ်ထည်။
"စိတ်ချလက်ချသွားပါ ဦးခွန်ရာ။ကျွန်တော် နေပြန်ကောင်းနေပါပြီ"
ဒီနေ့က နှစ်ဆန်းနှစ်ရက်နေ့။သင်္ကြန်အကြတ်နေ့က မြို့ထွက်လည်ကာ အကဲလွန်ခဲ့သော ကရနက်တို့စုံတွဲတွင် ဘင်္ဂက ဘာမှမဖြစ်ပါဘဲ ကရနက်က ဂူပြန်ရောက်လာပြီးနောက်တစ်နေ့(သင်္ကြန်အတက်နေ့)တွင် စဖျားလေတော့သည်။
ရေစိုပတ်ကြီးနှင့် ကုန်တင်ကားကိုစီး၊တောလမ်းတစ်လျှောက် လမ်းလျှောက်၊ ထိုရေစိုဝတ်ကြီးနဲ့ တစ်လျှောက်လုံးခရီးနှင်လာရသဖြင့် နုနုနယ်နယ်ကရနက် ဖျားရတာလည်းမဆန်း။သယ်သွားသောအထုပ်ထဲတွင် အင်္ကျီနှစ်ထည်သာပါသွားခဲ့တာဟာ ကရနက်အတွက် ပေါ့လျော့မှုတစ်ခုလိုဖြစ်သွားခဲ့ရ၏။
သင်္ကြန်အတက်နေ့ စစဖျားချင်းမှာပဲ အဖျားကကြီးသည်။ဆေးဆရာ ဦးမိုးကောင်းကိုယ်တိုင် အဲ့နေ့မှာပင် လာကြည့်ပေးပါသော်လည်း မသက်သာနိုင်။တောထဲတောင်ထဲမို့ ဆေးမြီးတိုအနည်းငယ်နဲ့သာ ကုသနေရတာကြောင့် တော်တော်နှင့်မပျောက်နိုင်ဖြစ်နေတာလည်း ဖြစ်နိုင်ပေသည်။
ယနေ့နဲ့ဆို ကရနက်ဖျားနေတာ သုံးရက်မြောက်နေ့။တစ်ရက်နှင့်တစ်ရက် အဖျားက နည်းနည်းစီကျကျသွားပါသော်လည်း ဦးခွန်ကတော့ စိတ်မချနိုင်ဖြစ်နေသည်။
"ဒါဆို ကိုယ်သွားတော့မယ်နော်။ဦးမိုးကောင်း ပေးထားခဲ့တဲ့ ဓာတ်ဆားရည်လေးကို ခဏခဏထသောက်နော်..ခွန့်ငယ်လေး။ဆေးခါးရည်ကိုလည်း နေ့လည်လောက်ကျရင် တစ်ကြိမ်လောက်ထသောက်ပေး။ဟာ..မဖြစ်ပါဘူး။ ကိုယ့်အစား ဝရဇိန်ကိုထားခဲ့မယ်။ဒါမှ ကိုယ် ခွန့်ငယ်ကိုစိတ်ချနိုင်မှာ"
ဦးခွန်က အသည်းပို အကဲပိုကာ စိတ်မချနိုင်မှုတွေကအဆုံးစွန်ထိပင်။ ကရနက် ဖျောင်းဖျပြော၍လည်းမရ။
ဒီနေ့ ဦးခွန်က တိုင်းခန်းလှည့်လည်စရာကိစ္စရှိနေသည်။ဒင်္ဂါးရုံဘက်မှာ ဒင်္ဂါးတွေ အခြားမြို့ရွာကိုပို့ဆောင်သည့်ကိစ္စနှင့်ပတ်သက်ပြီး ပြဿနာတစ်ခုတက်သွား၍ သွားဖြေရှင်းရမည်လည်းဖြစ်သလို ရက်ကန်းရုံဘက်ကိုရော၊ရွှေကျင်တဲ့ဘက်ကိုပါ သွားကြည့်ရအုံးမည်ဖြစ်ကြောင်း ဦးခွန်ကပြောသည်။အရင်က ဘယ်ကိုသွားသွား ဦးခွန်နဲ့အတူလိုက်ပါတတ်သော ကရနက်ဟာ အခုဖျားနာနေသောကြောင့် မလိုက်ပါနိုင်တော့။
ဦးခွန်တစ်ယောက် ဒီနေ့ ဗျာများကာအလုပ်ရှုပ်ရသည့်နေ့။ အင်းပေါ့။လူမျိုးခေါင်းဆောင်အကြီးအကဲတစ်ယောက်ကို ကရနက်ကယူထားမိတော့လည်း နားလည်ပေးရသည်ပေါ့။
"မလုပ်ပါနဲ့ ဦးခွန်ရယ်။ဝရဇိန်လည်း သူ့သခင်ကြီးနောက်လိုက်ချင်ရှာမှာပေါ့။ ကျွန်တော့်အတွက်နဲ့ သူ့ကိုအစောင့်မချခဲ့ပါနဲ့"
ဦးခွန်က တည်တင်းသောမျက်နှာထားကြီးနှင့်သက်ပြင်းရှည်ကြီးချကာ..
"မရဘူး..ခွန့်ငယ်။ကိုယ် မင်းကိုစိတ်မချဘူး။ဖြစ်နိုင်ရင် ကိုယ် သွားတောင်မသွားချင်ဘူး။ဒင်္ဂါးရုံမှာ ပြဿနာတက်နေလို့သာ မဖြစ်မနေသွားကြည့်ရမှာ။မဟုတ်ရင် မင်းအနားမှာပဲ မင်းကိုပြုစုပြီးနေချင်တာ"
ပြောလို့မရတော့သည့်ထိုလူကြီးကို စိတ်မရှည်စွာကြည့်ရင်း ကရနက် လှဲနေရာမှထထိုင်လိုက်တော့သည်။
"ကဲ..ကျွန်တော့်ရဲ့ဦးခွန်။ဦးခွန် အဲ့ကိုမသွားလို့တော့ဘယ်ဖြစ်ပါ့မလဲ။သွားလိုက်ပါ..ဦးခွန်က လိမ္မာပါတယ်ရယ်။အရမ်းကိုနောက်ဆံတင်းနေပြီး ပြောမရဖြစ်နေရင်လည်း ဝရဇိန်ကို ကျွန်တော့်အနားထားခဲ့လိုက်တော့ပေါ့။ဘယ်တတ်နိုင်ပါ့မလဲ"
ထိုအခါကျမှ ဦးခွန်၏မျက်နှာကပြုံးရွှင်လာကာ..
"ဒီလိုမှပေါ့..ခွန့်ငယ်ရာ။ကိုယ့်ခွန့်ငယ် လိမ္မာတာ ကိုယ်သိတာပေါ့။ ကိုယ်မှာခဲ့တဲ့အတိုင်း သေချာနေပေးနော်။ကိုယ် ဝရဇိန်ကိုလည်း ထပ်မှာခဲ့ပါ့မယ်"
ကရနက် ဦးခွန်၏ခါးကို မလှမ်းမကမ်း လှမ်းဖက်လိုက်ပြီး..
"ကောင်းပါပြီ..ဦးခွန်။လာ..ဦးခွန်ကို ဂူပေါက်ဝထိလိုက်ပို့ပေးမယ်"
"နေခဲ့ပါ ခွန့်ငယ်ရယ်။လိုက်မပို့ပါနဲ့တော့..အေးဆေးနားနေ"
"မရပါဘူး။ဒါလေးတော့ခွင့်ပြုပေးလေ"
ဒီလိုနှင့်အငြင်းအခုံတွေဖြစ်ကြရင်း မောင်နှံနှစ်ဦးဟာ ဂူပေါက်ဝထိပ်သို့ ရောက်ရှိလာခဲ့ကြသည်။သူတို့ဘေးနားမှာ သက်တော်စောင့်ဝရဇိန်လည်း ရှိနေ၏။
"ကဲ..ကိုယ်သွားတော့မယ် ခွန့်ငယ်။ဝရဇိန်..မင်းသခင်လေးကို သေချာဂရုစိုက်ပေးလိုက်ပါ"
ပြုံးစစနှင့်အမှာစကားခြွေနေသော ဦးခွန်ဟာ ကရနက်ကိုဖက်တွယ်ထားရင်း ကရနက်၏နဖူးလေးအား မြတ်နိုးစွာငုံ့နမ်းလာခဲ့သည်။ထို့နောက် နှုတ်ခမ်းလေးကိုလည်း ပြွတ်ခနဲမြည်အောင် တစ်ချက်ထိကပ်သွားသေး၏။
ဘေးတွင် သက်တော်စောင့်ဝရဇိန်ရှိနေသည်ကို ဒီလူကြီးဟာ လူရှေ့မရှောင်၊သူရှေ့မရှောင်နှင့်။
ကရနက်ကို နှုတ်ဆက်အနမ်းလေးပေးခဲ့ပြီး တခြားအခြွေအရံများကို ခြံရံကာဖြင့် ဦးခွန်ဟာ ဒင်္ဂါးရုံဘက်သို့ထွက်ခွာသွားတော့သည်။
ဦးခွန်၏ကျောပြင်ကို ဂူပေါက်ဝကနေ အုပ်မိုးငေးကြည့်နေရင်း ပြုံးနေမိသော ကရနက်။
ပြန်တွေးမိတော့မှ ဦးခွန်က သူ့ကိုသိပ်ချစ်ရှာပါသည်။သိပ်လည်းအလိုလိုက်ရှာသည်။ဘာမဆို အလိုကိုဖြည့်ဆည်းပေးသည်။ဒီလို ကရနက် နေမကောင်းတဲ့အချိန်ကလွဲပြီးတော့ပေါ့။
မနေ့က နှစ်ဆန်းတစ်ရက်နေ့မို့ ရန်ပြေငြိမ်းကိုသွားပြီး ဘုရားဝေယျာဝေစ္စကုသိုလ်ယူချင်တာတောင် ဦးခွန်က လုံးဝခွင့်မပြု။ခွန့်ငယ်က နေမကောင်းသေးလို့ တောင်လေစိမ်းတွေခံလို့မဖြစ်ဘူးတဲ့လေ။အဲ့လိုမျိုး စည်းကမ်းကြပ်ကြပ်နှင့် အလိုမလိုက်သည့်အခါတွေလည်းရှိတတ်ပါသည်။သို့သော် ရှား၏။
အတွေးများကို ပြန်ရုတ်သိမ်းကာ ဘေးနားက ဝရဇိန်ကိုလှည့်ကြည့်မိတော့ သူက ကရနက်ကိုပြုံးပြအရိုအသေပေးနေရှာသည်။
"သခင်လေး ဓာတ်ဆားရည်များများသောက်ဖို့ ခေါင်းဆောင်သခင်ကြီးက သေချာမှာသွားပါတယ်"
"ကောင်းပြီ။ဒါဆို သွားသောက်ကြမယ်လေ"
တဖြည်းဖြည်းနှင့်ဝေးလံသွားပြီဖြစ်သော ဦးခွန်နှင့်အခြွေအရံတစ်သိုက်တို့၏ ကျောပြင်များကို ငေးကြည့်နေရင်း ကရနက်ပြန်ပြောလိုက်သည်။ထို့နောက် အကြည့်တွေကိုပါပြန်ရုတ်သိမ်းကာ ဝရဇိန်နှင့်အတူ ဂူအထဲသို့ပြန်ဝင်လာခဲ့တော့သည်။
ခေါင်းထဲတွင်တော့ ဦးခွန် စောနကပေးခဲ့သောနှုတ်ဆက်အနမ်းလေးဟာ ဘယ်လောက်တောင်ချိုမြိန်လှကြောင်း ကြိတ်တွေးနေမိလျက်။
.........................................................................................................
မြေခွေးတစ်ကောင်ကဲ့သို့ ကောက်ကျစ်စဉ်းလဲလှသော 'ခေါင်းဆောင်သခင်ကြီး'ဆိုသည့်သူဟာ အခြွေအရံများကိုခြံရံလျက် ဂူအပြင်ဘက်သို့ထွက်သွားသည့်မြင်ကွင်းအား ဝိညာဉ်လေးက အဝေးမှနေ၍လှမ်းကြည့်နေမိသည်။
နက်ရဲ့နဖူးကိုရော၊နှုတ်ခမ်းလေးကိုရော ထိုလူကပိုင်စိုးပိုင်နင်းထိတွေ့သွားသည်ကိုလည်း မြင်ဖြစ်အောင် မြင်လိုက်ရသေး၏။
နက်နဲ့ထိုလူနဲ့က ဘာတွေလဲ။ဘာလို့ သူက နက်ကိုနမ်းရတာလဲ။
ဝိညာဉ်လေး၏အတွေးတို့ဟာ ဖြည်၍မရတော့သော ကြိုးစများသဖွယ် ရှုပ်ထွေးပွေလီနေလျက်။
မိတ်သဟာ ထိုဂူအနားကို အနီးကပ်လျှောက်လာပြီး အခြေအနေကို ချောင်းကြည့်နေမိသည်။ပတ်ဝန်းကျင်တွင် မည်သူမှတော့မရှိ။
သဟာ နက်ကိုနေရာအနှံ့လိုက်ရှာရင်းနဲ့မှ ဒီဂူနားကိုမသိလိုက်မသိပါသာ ယောင်လည်လည်နှင့်ရောက်လာတာဖြစ်သည်။နက် ဒီဂူထဲကိုဝင်သွားသည်ကိုလည်း သေချာမြင်လိုက်ရ၏။နက်ကရော သခင်ကြီးဂူထဲမှာဘာဝင်လုပ်နေရသနည်း။
ပတ်ဝန်းကျင်ကို ကျီးကန်းတောင်းမှောက်လိုက်ကြည့်နေရင်းနဲ့ စိတ်မထိန်းနိုင်သည့်အဆုံး ဂူထဲသို့လိုက်ဝင်ရန်ဆုံးဖြတ်လိုက်တော့သည်။
နက်ကိုပွင့်ပွင့်လင်းလင်းမေးကြည့်ရမယ်။နက်နဲ့သူ သေချာတွေ့ပြီးကို မေးရမယ်။နက်ကို သူသိပ်တွေ့ချင်နေတယ်။
ပြင်းပြသောစိတ်ဆန္ဒတို့ကြီးစိုးနေချိန်တွင် သူဟာ သခင်ကြီး၏ဂူထဲသို့ အလိုလိုခြေချပြီးနေခဲ့ပြီ။ဂူအတိုင်းတောက်လျှောက်ဆင်းချသွားတော့ နက်ထိုင်နေသည့်သလွန်တော်နားသို့ရောက်လာခဲ့၏။
နက်ကဓာတ်ဆားရည်ကို ဝါးခွက်နှင့်တဂွပ်ဂွပ်မော့သောက်နေပြီး ဝရဇိန်ကတော့ နက်ဘေးမှာ အသင့်အနေအထားနှင့်ရပ်စောင့်နေသည်ကို မြင်နေရသည်။
ဝရဇိန်ကရော??သူ့သူငယ်ချင်းက ဘာကိစ္စနဲ့ နက်ကိုပြုစုနေရသနည်း။
နားမလည်ခြင်းပေါင်းများစွာတွေက ပိုပိုရှုပ်ထွေးလာရင်းနဲ့ ထိုရှုပ်ထွေးမှုများကို အဖြေရှာရန်အတွက် ထန်းရွက်ပုတီးတစ်ကုံးကို လက်ထဲကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ပြီး သလွန်တော်ဆီလှမ်းလာနေသည့် ဝိညာဉ်တစ်စ။
သူတို့နှစ်ယောက်၏အနားရောက်သည်နှင့် နက်ဘေးနားမှာရှိသည့် ဝရဇိန်ကို ဝိညာဉ်ပူးကပ်ပစ်ရန် မိတ်သဟာကြံစည်နေမိသည်။အကြံနှင့်အလုပ်က ထပ်တူကျစွာ...
ကရနက် ဓာတ်ဆားရည်သောက်ပြီးပြန်လှဲအိပ်မယ်လုပ်တုန်း ဘေးနားတွင်ရှိနေသောဝရဇိန်က စောနကထိ အကောင်းတိုင်းရှိနေရာမှ ရုတ်တရက်ခန္ဓာကိုယ်ဟာတုန်တက်သွားသည်ကို မြင်တွေ့လိုက်ရသည်။
ကရနက်လည်း လွန်စွာထိတ်လန့်သွားခဲ့ပြီး ဝရဇိန် အကောင်းတိုင်းကနေပြီး ဘာများထဖြစ်တာလဲဟု တွေးတောကာ ကြောင်ကြည့်နေမိလျက်။
"ဝရဇိန်..ဝရဇိန် ဘာဖြစ်တာလဲဟင်"
အမူအရာတွေကမူမမှန်ထူးခြားနေသဖြင့် ဝရဇိန်၏ပခုံးကို တစ်ချက်ကိုင်လှုပ်ကာ မေးလိုက်သော ကရနက်။ဝရဇိန်၏မျက်လုံးများဟာလည်း ဝိညာဉ်ပူးကပ်ခြင်းခံထားရသလို အရောင်အချို့ဖြတ်ပြေးနေဟန်။
ဝရဇိန် ဘာဖြစ်နေတာလဲ။
"ကိုယ် ဝရဇိန်မဟုတ်ဘူး!!!"
ဝရဇိန်ထံမှထွက်လာသောအသံနက်ကြီးဟာ ဂူတစ်ခုလုံးကိုဟိန်းထွက်သွားစေသည်။တခြားသူတစ်ဦး၏အသံနက်ကြီးကဲ့သို့။
ကရနက် နားမလည်နိုင်စွာကြောင်ကြည့်နေမိတုန်း...။
"အား!!!"
ကရနက် တစ်ချက်စူးစူးဝါးဝါးအော်လိုက်မိသည်။သူ့ကိုယ်သူ ဘာဖြစ်သွားမှန်းတကယ်မသိလိုက်။
တစ်စုံတစ်ရာသောပယောဂတို့ ထွက်သွားသည့်လူတစ်ယောက်နှယ်။
ကရနက် သလွန်တော်ပေါ်သတိလစ်လျက်အနေအထားနှင့်လဲကျသွားခဲ့သည်။ သေချာတာတစ်ခုကတော့ ကရနက်၏လည်ပင်းထက်မှာ ဆေးရည်စိမ်ထန်းရွက်ပုတီးလေးတစ်ကုံးက နေရာယူသွားခဲ့၏။
.........................................................................................................
ကို...။
သဟာ..မိတ်သဟာ။
သူနဲ့မိတ်သဟာ ဘုရားမှာသစ္စာတိုင်တည်ခဲ့ကြသည့်မြင်ကွင်း။သူနဲ့သဟာ ချစ်ခဲ့ကြသည့်မြင်ကွင်းအချို့။သခင်ကြီး၏ရှေ့မှာ သူတို့အချစ်ကို သက်သေပြုပြောဆိုခဲ့ကြသည့်မြင်ကွင်းများ...။
မိတ်သဟာနှင့်ပတ်သက်ပြီး တစ်ခဏတာပျောက်ဆုံးနေခဲ့သောမှတ်ညဏ် အပိုင်းအစတို့ဟာ ကရနက်၏ဦးနှောက်ထဲသို့ အစီအရီပြန်လည်နေရာယူလာခဲ့လေပြီ။
ကျိန်စာတစ်ခုပျက်ပြယ်သွားသလို။ပီယဆေးတွေနှင့် အထပ်ထပ်စီရင်ထားခဲ့သည့် ပယောဂတစ်စုံတစ်ရာ ခန္ဓာကိုယ်ထဲမှထွက်ခွာသွားသလို။
အသိစိတ်တို့ဟာ လုံးဝပေါ့ပါးလွတ်လပ်နေသည်မှာ မလွဲဧကန်။
သူ့ဦးနှောက်ထဲတွင်ရှိနေသောအတွေးစတို့ဟာ မိတ်သဟာနှင့်ပတ်သက်နေခဲ့သည့်အကြောင်းအရာတို့သာ။
သူဘာဖြစ်သွားခဲ့တာလဲ။အခုရော သူဘာဖြစ်နေတာလဲ။
...
ကရနက်၏မျက်လုံးတို့ဟာ စိတ်သစ်လူသစ်အနေအထားနှင့် ဖျတ်ခနဲပွင့်ဟလာခဲ့၏။
ဦးဆုံးမြင်လိုက်ရသည်က တွေ့နေမြင်နေကျမဟုတ်သည့် ဂူအမိုးတစ်ခုပါ။
တဖြည်းဖြည်းကြည်လင်စပြုလာသောအမြင်အာရုံတို့ကို အမှီပြုအားကိုးကာ ဘေးပတ်ဝန်းကျင်ကို အကြည့်တို့ဝေ့ဝဲကစားလိုက်ရာ...
"ကို..."
မိတ်သဟာ၏မျက်နှာထက်တွင် အပြုံးပန်းတို့များစွာဖြစ်တည်သွားတော့သည်။နောက်ဆုံးတော့ သူ့ရဲ့နက်ဟာ သူ့ကိုမြင်တွေ့နိုင်ခဲ့ပြီ။ဆရာမကိုလည်း စိတ်ထဲကနေ ထပ်တလဲလဲကျေးဇူးတင်နေမိတော့၏။
"မိတ်သဟာ"ဟုအမည်ရသော ဝိညာဉ်လေးတစ်စဟာ ဝမ်းသာမျက်ရည်တွေ ပါးပြင်ပေါ်ကျဆင်းလာခဲ့ပြီး မျက်စိရှေ့ကချစ်ရသူကို ဖက်လှဲတကင်းပြုမည်အလုပ်...။
သူ့လက်တွေက နက်ကိုဖက်တွယ်လို့မရဘဲ လေထုကိုသာဆုပ်ကိုင်နေမိသည်။
ဝိညာဉ်တွေဟာ လူတွေကိုထိကိုင်ခွင့်မရှိတာလား။ဘယ်လိုပဲဖြစ်ဖြစ်ပါ။ နက်ကို ဒီလိုအနီးကပ်မြင်တွေ့နေရတာနဲ့တင် သူကျေနပ်ပါ၏။
"ကို..။နက် ကို့ကိုမျှော်နေခဲ့တာ။သိပ်မျှော်နေခဲ့တာ။နက်..နက်လေ"
ကရနက်၏စကားလုံးတို့ဟာ နှုတ်ဖျားမှာပဲတစ်ဆို့နေရလောက်အောင်အထိ ဝမ်းသာလုံးဆို့နေမိလျက်။
ဒီအတောအတွင်းဘာဖြစ်ခဲ့လဲ သူ့ဘာသာသူမသိ။ဦးနှောက်ထဲ တွေးလို့လည်းမရပေ။သေချာတာတစ်ခုကတော့ အခုလောလောဆယ် သူ ခေါင်းဆောင်သခင်ကြီးရဲ့ဂူထဲကို ရောက်နေရတာပဲ။ဘာအကြောင်းကြောင့်များလဲ။
သူ့ဘေးနားမှာ သဟာရှိနေသောကြောင့် အားကိုးတကြီးနှင့်ပြန်လည်ဖက်တွယ်မည်ပြုပါသော်လည်း သူ သဟာ့ကိုကိုင်တွယ်လို့မရပေ။
ဒါ ဘာတွေဖြစ်ကုန်တာလဲ။ဘယ်လိုအခြေအနေကြီးလဲ။
ဦးခွန်နှင့်ပတ်သက်သောအကြောင်းအရာအစအဆုံးသည် ပယောဂတွေပျက်ပြယ်သွားသည်နှင့် ကရနက်၏ဦးနှောက်ထဲ ပြောင်သလင်းခါသွားခဲ့၏။ "ဦးခွန်"ဆိုသောဝေါဟာရဆိုတာလည်း သူ့ခေါင်းထဲမရှိတော့သလို ဦးခွန်နှင့်ချစ်ကြည်နူးခဲ့သောကိစ္စအရပ်ရပ်တို့သည်လည်း လုံးဝအရှင်းအလင်း ပျောက်ဆုံးသွားရလျက်။
ကရနက် သိနေတာတစ်ခုက ခေါင်းဆောင်သခင်ကြီးဆိုတာ မိတ်သဟာနှင့်ကရနက်တို့၏ချစ်ခြင်းတရားကို လိုက်ခွဲနေသည့်သူ။တစ်နည်းအားဖြင့်ပြောရလျှင် မာရ်နတ်။
အရင်ကသိခဲ့တဲ့အတိုင်း မပြောင်းလဲခဲ့။
သူ့အတွေးတို့ဟာ ခေါင်းဆောင်သခင်ကြီးအား ရွံရှာမုန်းတီးစိတ်တို့နှင့်သာ ပြည့်နှက်နေခဲ့သည်။
"ကိုယ်ဘာမှမဖြစ်ပါဘူး..နက်။အခု ကိုယ်မင်းအနားကိုရောက်လာပြီး မင်းနဲ့တူတူပြန်ရှိနေနိုင်ပြီလေ"
နက်၏ပါးပြင်ပေါ်ကမျက်ရည်စများကို လှမ်းသုတ်ဖယ်ရှားပေးချင်ပါသော်လည်း အခွင့်မရှိခဲ့ပေ။
"ကို..ဘယ်တွေသွားနေတာလဲဟင်။ဟို..နက်စိတ်ထဲ ကို့ကိုအကြာကြီး စောင့်နေခဲ့ရသလိုပဲ တစ်မျိုးကြီးခံစားနေရတယ်။ကို ဘယ်တွေသွားနေခဲ့တာလဲ။နက်ကိုထားပြီး ဘယ်တွေလျှောက်သွားနေတာလဲ!"
ချစ်ရသူက အမေးတော်ရှိလာသောအခါ မဖြေချင်ပေမယ့်လည်း ဖြေလိုက်ဖို့ရန်သာ မိတ်သဟာဆုံးဖြတ်မိသည်။
"ကိုယ်သေသွားခဲ့ပြီ။ခေါင်းဆောင်သခင်ကြီးသတ်လိုက်လို့ ကိုယ်သေသွားခဲ့ရပြီ။ကိုယ်က ဝိညာဉ်တစ်ယောက်။နက်ကလူ။ နက်ရဲ့လည်ပင်းမှာပုတီးလေးရှိနေလို့သာ နက် အခုကိုယ့်ကိုမြင်နေရတာ"
တုန်တုန်ယင်ယင်နှင့်ထွက်ပေါ်လာသော သဟာ့စကားများကို ကရနက်မယုံနိုင်ပေ။
သဟာက သူ့ကိုဘာတွေလျှောက်ပြောနေတာလဲ။
"မဖြစ်နိုင်တာ!!လုံးဝမဖြစ်နိုင်ဘူး!!ကိုက ဘာလို့သေရမှာလဲ။ကိုက ဘာကိစ္စနဲ့သေရမှာလဲ!"
ခေါင်းဆောင်သခင်ကြီးအပေါ် ဒေါသစိတ်တွေပုံကျနေသော ကရနက်ဟာ မချိမဆန့်ခံစားချက်တို့ရောပြွမ်းနေလျက် ထိုစကားလုံးအချို့ကို မျက်ရည်စတို့ကျဆင်းနေရင်း ရေရွတ်နေခဲ့သည်။
"နက် ဒီကိစ္စကိုမယုံနိုင်သေးတာ ကိုယ်ထင်ပြီးသားပါ။ကိုယ် သက်သေပြပါ့မယ်။ကိုယ်တကယ်သေသွားခဲ့တယ်ဆိုတဲ့အကြောင်း၊ခေါင်းဆောင်သခင်ကြီးက ကိုယ့်အပေါ်ဘယ်လောက်တောင်ရက်စက်ခဲ့တဲ့အကြောင်း ကိုယ်သက်သေပြပါ့မယ်။ကိုယ့်နောက်ကိုသာ ခဏဖြစ်ဖြစ်လိုက်ခဲ့ပေးပါ"
မိတ်သဟာ ဒီလောက်ထိပြောထွက်မိလိမ့်မယ်လို့ အစကမရည်ရွယ်ထားခဲ့။သူ နက်ရှေ့ရောက်လာရခြင်းအကြောင်းအရင်းဟာ နက်ကိုသိပ်တွေ့ချင်နေလို့။နက်ကိုလွမ်းလို့။အခုတော့ နက်က ဒီအကြောင်းအရာကိုမယုံနိုင်သေးသောကြောင့် သက်သေပြပေးရတော့မည့် အခြေအနေသို့ရောက်ချေပြီ။
ကရနက်ကလည်း တစ်ခွန်းမှမငြင်းရှာ ချစ်ရသူခေါ်ရာနောက်သို့လိုက်ပါလာခဲ့တော့သည်။
သက်တော်စောင့်ဝရဇိန်ကတော့ သခင်လေးကရနက် ခေတ္တသတိမေ့သွားသည့်ဖြစ်ရပ်ကိုကြည့်ပြီး စိုးရိမ်စိတ်တို့ထုံမွှန်းကုန်ကာ သခင်လေး၏ပိုင်ရှင် သခင်ကြီးကို ဒင်္ဂါးရုံထိ သွားပြေးခေါ်နေလေရဲ့။
.........................................................................................................
သဟာ သူ့ကိုခေါ်လာသည့်နေရာက သုဿန်တစ်စပြင်ဆီကို။
ကရနက်၏စိတ်ထဲ အမှန်တရားကိုမြင်တွေ့ရတော့မည်ဖြစ်တာကြောင့် ကြောက်ရွံ့နေမိတော့သည်။သဟာ သက်သေပြတော့မည့် အမှန်တရားဟာ တကယ်ပဲလား။
မိတ်သဟာသာ အတိတ်မှာသေဆုံးသွားခဲ့ကြောင်း သေချာသွားခဲ့လျှင် ကရနက် ရူးမတတ်ခံစားရပေလိမ့်မည်။သူမသိခဲ့တဲ့ဒီအတောအတွင်းမှာ ဒီအခြေအနေတွေအထိတောင်ဖြစ်သွားခဲ့ရသည်လား။
သဟာက သူ့ကို မညီမညာမြေညိုညိုပေါ်မှာ မတ်တပ်ရပ်ခိုင်းထားပြီး သဟာကတော့ မြေကြီးကို လက်နှင့်ကုပ်ယူကာ တစ်ခုခုကိုတူးဆွနေသည်။
အချိန်အတော်ကြာထိ တူးဆွနေပြီးသည့်သကာလ ဝိညာဉ်ဖြစ်ဟန်တူသည့် အခြားဝိညာဉ်များပါ အနားသို့ရောက်ရှိလာကြပြီး မိတ်သဟာ၏လုပ်ငန်းအား လာကူညီပေးကြသည်။
မြေသားညိုညိုတို့ကို လက်တွေနှင့်ကုတ်ယက်ထုတ်ကာတူးဆွပြီးသည့်နောက် မြေကြီးထဲတွင်နစ်မြုပ်နေခဲ့သည့်ရုပ်အလောင်းတစ်ခုဟာ ဗွင်းဗွင်းရှင်းရှင်းပေါ်ပေါက်လာတော့သည်။
"ကို!!"
ဒီလက်..ဒီခြေထောက်..ဒီအသားအရေ..ဒီကိုယ်လုံး။
ဦးခေါင်းနေရာပြတ်ထွက်သွားခဲ့သည့် ဒီခန္ဓာကိုယ်။
ကရနက်ဟာ ကိုယ်ချစ်ရတဲ့မိတ်သဟာရဲ့ခန္ဓာကိုယ်ကို ကျီးထိုးထိုးခွေးစားစား မှတ်မိတာပေါ့။
ဒါ သဟာ့ရဲ့ခန္ဓာကိုယ်အစစ်မှအစစ်။
အမှန်တရားကို လက်မခံချင်သော်လည်း လက်ခံလိုက်ရလေပြီ။
တပြိုင်နက်တည်းမှာပင် မြေကြီးပေါ်သို့အရုပ်ကြိုးပျက်ထိုင်ကျသွားခဲ့သော ကရနက်။
မြေကြီးထဲကရုပ်အလောင်းကိုတစ်လှည့်၊သူ့ဘေးနားက သဟာ့ရဲ့ဝိညာဉ်ကိုတစ်လှည့် ငေးကြည့်နေရှာသော ကရနက်။
ဒါ..ဒါဆို သူ့သဟာက အတိတ်မှာတကယ်သေဆုံးသွားခဲ့ပြီပေါ့။ သူ့ဘေးနားမှာရှိနေတဲ့ သဟာက ပရလောကသားတစ်ယောက်ပေါ့။
ရှိုက်ငိုမိသည်။ရှိုက်ကြီးတငင်ကို ငိုကြွေးနေမိသည်။
ကိုယ်တကယ် နှစ်နှစ်ကာကာချစ်ရတဲ့သူက ကိုယ့်အနားမှာ လူသားတစ်ယောက်အဖြစ်နဲ့ရှိမနေတော့တာ၊ကိုယ်နဲ့အတူ ဒီကမာ္ဘမြေလောကကြီးပေါ်မှာ အတူယှဉ်တွဲမနေထိုင်နိုင်တော့တာ။
ဒီ့ထက်ရင်နာမိတာ ကရနက်၏ဘဝမှာ ဘာရှိအုံးမည်နည်း။
"ကို.."
"ယုံလိုက်ပါ..နက်။ကိုယ့်ကို ဒီလိုအခြေအနေထိဖြစ်အောင် ခေါင်းဆောင်သခင်ကြီးက တွန်းပို့ပစ်ခဲ့တာ!ကိုယ့်ကို သူသတ်ခဲ့တာတဲ့! ကိုယ့်ဝိညာဉ်ကိုရက်အတော်ကြာပြန်မနိုးထနိုင်အောင် သူက ပယောဂတွေနဲ့စီမံပစ်ခဲ့တာ!"
ဒေါသအဟုန်တို့ကြောင့် မိတ်သဟာ၏အသံတွေ ကတုန်ကယင်ဖြစ်နေခဲ့၏။
တရှူးရှူးဒေါသစိတ်တို့ဟာ ဘေးနားတွင်ရှိနေသော ကရနက်ကိုပါ ကူးစက်လာသည်အထိပင်။
ဝိညာဉ်တစ်သိုက်ဟာလည်း ကူညီခြင်းအရာပြီးစီးသည့်နောက် ပြန်လှည့်ထွက်သွားခဲ့ကြသည်။ပတ်ဝန်းကျင်တွင် မိတ်သဟာနှင့်ကရနက် နှစ်ဦးတည်း။
"ရက်စက်လိုက်တာ!ရက်စက်လိုက်ကြတာ!ကို့ကို ခေါင်းပြတ်သွားတဲ့အထိကို သူကသတ်ခဲ့တာတဲ့လား"
ကရနက် အသံသဲ့သဲ့နှင့်သာရေရွတ်နိုင်စွမ်းရှိတော့၏။အားအလွန်ပြတ်နေပြီ။ စိတ်ပင်ပန်းမှုတို့ကြောင့် ကရနက်၏မျက်နှာဟာ တမုဟုတ်ချင်းကိုဖြူဖျော့နေခဲ့ပြီ။
"ဘာတွေဖြစ်သွားခဲ့မှန်း ဘာမှကိုနားမလည်နိုင်တော့ပေမယ့် နက် ကိုနဲ့အတူ အရာရာကိုရင်ဆိုင်ပစ်မယ်!သူ့ကိုတော်လှန်မယ်!သူ့ကို ကလဲ့စားချေမယ်! သူတောင်လုပ်ရက်သေးတာပဲ!ပွဲက အခုမှစမှာပါ..ကို"
ကရနက်၏ရင်ထဲမှထွက်ပေါ်လာသော မချိတင်ကဲရင်တွင်းစကားတို့ဟာ ပတ်ဝန်းကျင်တစ်ခွင်ကို ဟိန်းထွက်သွားစေသည်။
နေမွန်းတည့်ချိန်ရောက်ပေတော့မည်။ဘင်္ဂတံခွန်လည်း သူ့ကြင်ယာတော်ကို လိုက်ရှာနေပေလိမ့်မည်။နေရာအနှံ့လိုက်ရှာပြီးလို့မတွေ့တော့လျှင် သူ နောက်ဆုံး ဒီနေရာကိုရောက်ကိုရောက်လာလိမ့်မည်။ကရနက်နှင့်သူ၏ဝိညာဉ်ကောင်လေးဟာ စစ်မြေပြင်စစ်တလင်း သုဿန်တစ်စပြင်တွင် ဘင်္ဂအလာကို စောင့်မျှော်နေ၏။
ရာသီဥတုဟာ တိမ်ညိုတိမ်မဲများကြောင့် မှိုင်းညို့ညို့။မှိုင်းနေသော ရာသီဥတုနှင့်အတူ ဒေါသရေအလျဉ်ဆူပွက်နေသော ချစ်သူနှစ်ဦးဟာ သူတို့ရဲ့ချစ်ခြင်းတရားကို ကြားထဲကနေဖျက်လိုဖျက်ဆီးလုပ်ခဲ့သည့် မာရ်နတ်ကို ပြန်လည်တိုက်ခိုက်ဖို့ အားမာန်အပြည့်နဲ့ စောင့်မျှော်နေကြလေရဲ့။
To Be Continued...🏔🏔
25/9/2021
#Khu🏔🏔
**မနက်ဖြန်ဇာတ်သိမ်းပိုင်းကို တူတူရင်ခုန်ကြည့်ကြရအောင်❤❤**