နွေဦးလေပြေ🤍

Galing kay Adira_thu

38.9K 1.8K 191

"အကိုကကျွန်တော့်အတွက်တော့ နွေဦးလေပြေလေးလိုပဲ။ ဘယ်ချိန်ပြန်တွေးတွေး သတတနဲ့ကြည်နူးနေမိတုန်း လွမ်းဆွတ်နေမိတုန်းပ... Higit pa

‌နွေဦးလေပြေ🤍(အပိုင်း_၁)
နွေဦးလေပြေ🤍(အပိုင်း_၂)
နွေဦးလေပြေ🤍(အပိုင်း_၃)
နွေဦးလေပြေ🤍(အပိုင်း_၄)
နွေဦးလေပြေ🤍(အပိုင်း_၅)
နွေဦးလေပြေ🤍(အပိုင်း_၆)
နွေဦးလေပြေ🤍(အပိုင်း_၇)
နွေဦးလေပြေ🤍(အပိုင်း_၈)
နွေဦးလေပြေ🤍 (အပိုင်း_၉)
Sorry
နွေဦးလေပြေ🤍(အပိုင်း_၁၀)
နွေဦးလေပြေ🤍(အပိုင်း_၁၁)
နွေဦးလေပြေ🤍(အပိုင်း_၁၂)
နွေဦးလေပြေ🤍(အပိုင်း_၁၃)
နွေဦး‌လေပြေ🤍(အပိုင်း_၁၄)
နွေဦးလေပြေ🤍(အပိုင်း_၁၅)
နွေဦးလေပြေ🤍(အပိုင်း_၁၆)
‌အသိပေးလွှာ
နွေဦးလေပြေ🤍(အပိုင်း-၁၇)
နွေဦးလေပြေ🤍(အပိုင်း_၁၈)
နွေဦးလေပြေ🤍(အပိုင်း_၁၉)
နွေဦးလေပြေ🤍(အပိုင်း_၂၀)
🥺
နွေဦးလေပြေ🤍(အပိုင်း_၂၁)
နွေဦးလေပြေ🤍(အပိုင်း_၂၂)
နွေဦးလေပြေ🤍(အပိုင်း_၂၄)
နွေဦးလေပြေ🤍(အပိုင်း_၂၅)
နွေဦးလေပြေ🤍(အပိုင်း_၂၆)
နွေဦးလေပြေ🤍(အပိုင်း_၂၇)
နွေဦးလေပြေ🤍(အပိုင်း_၂၈)
နွေဦးလေပြေ🤍(အပိုင်း_၂၉)
နွေဦးလေပြေ🤍(အပိုင်း_၃၀)
နွေဦးလေပြေ🤍(အပိုင်း_၃၁)
နွေဦးလေပြေ🤍(အပိုင်း_၃၂)
နွေဦးလေပြေ🤍(အပိုင်း_၃၃)
နွေဦးလေပြေ🤍(The End)
ဈေးဗန်း

နွေဦးလေပြေ🤍(အပိုင်း_၂၃)

778 41 2
Galing kay Adira_thu

Unicode

သေသေချာချာညီအောင်စီထားသည့် ပုံစံခွက်ထမင်းပန်းကန်ကိုယူ၍ ထမင်းထည့်ပေးနေသည့်ဂျူနီယာညီမလေးများဆီသို့သွားရပ်လိုက်သည်။
ဒါသည်လည်းပဲ ခေါက်ရိုးကျိုးနေတဲ့မိုးသားတို့ကျောင်း၏အစဉ်အလာပင်ဖြစ်သည်။
ပထမနှစ်ကလေးများက Dutyအလှည့်ကျဖြင့်ထမင်းခူးတာဝန်ကိုယူပေးရသည်။

“တစ်ယောက်ထဲလားကိုမိုးသား။ကိုဟိန်းထက်မပါဘူးလား”

မိုးသားဖျက်ခနဲပျက်သွားသည့်မျက်နှာကိုဟန်ဆောင်ပြုံးရင်း ခေါင်းခါပြလိုက်သည်။

ဒီနေ့တွေသမျှသူတိုင်းက မဖြစ်မနေဟိန်းထက်ကိုမေးနေရမှဖြစ်မှာလား။

မတွေးချင်တဲ့အကြောင်းအရာတွေကခေါင်းထဲရောက်လာသည်မို့ ခေါင်းကိုအသာခါရမ်း၍ ထမင်းစားပွဲသို့ဦးတည်လိုက်သည်။

အန်တီကြီးဆီကဝယ်လာတဲ့ကြက်အသည်းအမြစ်ဟင်းဆီအကြည့်ရောက်တော့ မျက်ရည်ကပေါက်ခနဲ။

ဒီနှစ်နှစ်လုံးမှာအသည်းအမြစ်ဟင်းဝယ်စားတိုင်း ဟိန်းထက်ကအသည်းကိုပဲရွေးစားခဲ့တာ။

အဲ့တုန်းကသူကြိုက်လို့စားတယ်ထင်ခဲ့ပေမယ့် နောက်မှသိလိုက်ရသည်။
ဟိန်းထက်ကမိုးသားလိုပဲအမြစ်ကိုစားရတာကြိုက်တတ်မှန်း။

မိုးသားကျဆင်းလာသည့်မျက်ရည်ကိုလက်ခုံနဲ့ ခပ်ကြမ်းကြမ်းဆွဲသုတ်လိုက်သည်။အားလုံးထမင်းစားပြီးလောက်မည့်အချိန်ကိုရွေး၍ လာခဲ့သဖြင့် မိုးသားငိုနေတာဘယ်သူမှမတွေ့ပေ။

စားချင်စိတ်လည်းသိပ်မရှိသည်မို့ ပါးစပ်ထဲခပ်သွက်သွက်ထိုးသွပ်ရင်း ထမင်းစားပွဲပေါ်ခေါင်းမှောက်၍ လှဲနေမိသည်။

‘စောက်ရူးကောင် ငါ့ကိုဒီလိုခံစားရအောင်လုပ်မယ်ဆိုရင် အစထဲကမကောင်းခဲ့ပါနဲ့လား’

________________💚________________

ထမင်းစားခန်းကအပြန်lectureခန်းရှေ့ကအဖြတ် notice boardမှာကပ်ထားသည့် အမှတ်စာရင်းကြောင့် မိုးသားမျက်လုံးပြူးသွားရသည်။

သောက်ချီးပဲ....အဲ့ဘာသာမဖြေနိုင်လို့ အမှတ်စာရင်းမထွက်ပါစေနဲ့ဆုတောင်းနေတာ။
ဒီလိုမြန်မြန်ဆန်ဆန်ကြီးထွက်ချလာရလား။

ကျတော့လည်းလူလိုကျတာမဟုတ်ဘူး‌။ခွေးကျဝက်ကျ,ကျတာ။တစ်ရာဖိုးဖြေတာ ၄၀ကျော်နဲ့ကျစရာလား။

အကိုသိရင်ဆူတော့မှာပဲ။မနက်lectureမဝင်ခင်မြန်မြန်ပြန်ဖြုတ်ရင် ကျေးဇူးမမေ့ပါဘူးတီချယ်ရယ်။

“ဘာတွေကြည့်နေတာလဲမိုးသား”

“အမလေးဗျ”

ရှေ့ကအမှတ်စာရင်းကိုကြည့်ရင်း အသဲအသန်ကြည့်နေတုန်း နောက်ကအကို့အသံကြောင့်မိုးသားထိုင်ငိုချင်သွားသည်။ဘုရားသခင်က သူ့ဆုတောင်းကိုဒီလိုမြန်မြန်ဖြည့်ဆည်းပေးရလား။
မိုးသားစာကျက်ပျင်းခြင်းအပေါ်ပထမဆုံးနောင်တရမိသည်။

“ဟီး ဘာမှမဟုတ်ဘူးအကို။ဟိုဘက်ကလေကောင်းလေသန့်ရတယ်။ဟိုနားသွားထိုင်ရအောင်နော်”

မိမိလက်ကိုအတင်းဆွဲ၍notice boardနှင့်ဝေးရာသို့သွားရန်စိတ်လောနေသောကောင်လေးကြောင့် ခန့်ထည်အသာလိုက်သွားလိုက်သည်။

ဒီကောင်ဒီလိုလုပ်နေတာနဲ့သူမသိဘူးထင်နေတာလား။
ခန့်ထည်ဝါကိုအထင်သေးလွန်းသွားပြီ။

ညနေlectureကအထွက်ထဲက မိမိကအမှတ်စာရင်းကိုတွေ့ပြီးပြီဖြစ်သည်။
ဒင်းသာဘယ်ဆီစိတ်ရောက်နေလို့ ကိုယ့်အမှတ်စာရင်းထွက်မှန်းတောင် မသိနိုင်ဖြစ်နေရတာလဲ။

“တော်တော့မိုးသား။အပိုတွေလုပ်မနေနဲ့ မင်းစာမေးပွဲကျတာငါသိပြီးသား”

ထိုအခါမှမိမိဘက်ကိုလှည့်ကြည့်ပြီး ဇက်ကလေးပုသွားလေသည်။

“အကိုမဆူဘူးမလား”တဲ့။

“မင်းဘဝနဲ့မင်းပဲ‌လေ။မင်းကြိုးစားရင်အဲ့အသီးအပွင့်ကိုမင်းရောမင်းမိသားစုပါခံစားရမယ်။မကြိုးစားရင်လည်းအဲ့အတိုင်းပဲ။
ငါ့မှာမင်းကိုဘာမှပြောစရာမရှိဘူး။ပြောခွင့်လည်းမရှိဘူး။တတ်နိုင်သလောက် မင်းကိုစာကြိုးစားဖို့ငါဆုံးမခဲ့ပြီးပြီပဲ”

အကိုကထိုစကားများကိုတွန့်ဆုတ်ခြင်းမရှိဆက်တိုက်ပြောချလာသည်။မျှော်လင့်ချက်တွေရိုက်ချိုးခံလိုက်ရသလိုပင်။
အနည်းဆုံးတော့ အကိုဆူတာခံရမည်ထင်ခဲ့တာ။
အကိုကပညာသားပါပါမိုးသားနဲ့ပတ်သတ်သမျှသူနှင့်ဘာပတ်သတ်မှုမှမရှိကြောင်း တည်တည်ငြိမ်ငြိမ်ပဲဖွင့်ထုတ်ခဲ့သည်။

ချက်ချင်းကြီး။
ချက်ချင်းကြီးအကိုစိမ်းကားသွားပြန်ပြီ။

အင်း သိပ်တော့ထူးဆန်းသည့်အကြောင်းအရာတော့မဟုတ်ပါလေ။
အကိုဆိုသည်မှာ မိုးသားအတွက်ဆို အခုကောင်း‌ နေပေမယ့် နောက်နေ့ယခုလို သူစိမ်းပြင်ပြင်ဖြစ်ချင်လည်းဖြစ်သွားတတ်သည်ပဲ။

အကိုအခုလိုစိမ်းကားခဲ့အခါတိုင်း ရေချိုးခန်းထဲပြေးငိုခဲ့ရသလို
အကိုချော့မြှူလာတဲ့အခါလည်း နာကျင်ခဲ့ရတာတွေမေ့ပြီး အကို့ဆီပြန်ပြေးမိတာပဲ။

“အကိုကနားလည်ရခက်လိုက်တာ”

တွေတွေလေးငေး၍ဆိုရှာတဲ့ထိုကောင်လေးအကြည့်တွေကိုရှောင်၍ သူ့လက်ထဲကမိမိလက်တစ်ဖက်ကိုရုန်းထွက်လိုက်သည်။

“ကိုယ့်ကိုယ်ကိုတောင်သေချာနားမလည်တာ မင်းကနားလည်ဖို့ကြိုးစားမနေပါနဲ့။ပြီးတော့ ကိုယ့်အကြောင်းကိုသိပ်သိသလိုလဲမနေနဲ့။မင်းကိုယ့်ကိုသေချာမသိသေးဘူး။
ဟုတ်ပြီလား ကိုယ်သွားပြီ။
နောက်တစ်ခါမကျစေနဲ့တော့”

လက်သီးလေးကိုတင်းနေအောင်ဆုပ်၍ကျန်ခဲ့သောကောင်လေးကိုမြင်မိသော်ငြားလည်း သူပြန်လှည့်မကြည့်ချင်တော့ပေ။

ဒီကောင်လေးကြောင့်.....
ဒီလိုအမူအရာတွေကြောင့် သူမပြတ်မသားဖြစ်နေတဲ့စိတ်တွေကိုရပ်လိုက်သင့်ပြီ။
နောက်ထပ်မျှော်လင့်ချက်ပေးလို့မဖြစ်ဘူးမလား။
မင်းအတွက်ပါမိုးသားရောင်။မင်းအတွက်ပါ။

ကိုယ့်ကိုယ်ကို သိပ်နစ်နာသူကြီးလိုခံစားပြမနေပါနဲ့။
ငါလည်းပြိုလဲခဲ့ရသူပါ။ငါလည်းနစ်နာခဲ့ရသူပါ။

မင်းကဟိန်းထက်ကြောင့် ငါ့ကိုလက်လွှတ်ခဲ့ရတယ်ဆိုရင် ငါကလည်းမင်းကြောင့်ဟိန်းထက်ကိုလက်လွှတ်ခဲ့ရသူပဲ။

ငါလည်းမင်းလိုပေါက်ကွဲပစ်ချင်တယ်။ဒီလောက်လူတွေအများကြီးထဲမှာ ဘာလို့ငါ့ကိုမှရွေးပြီး သောက်ရူးလိုချစ်နေရတာလဲမိုးသားရောင်။
ဘာလို့ဟိန်းထက်အချစ်ဆုံးသူငယ်ချင်းကမင်းဖြစ်နေရတာလဲမိုးသားရောင်။

________________💚_______________

“မိုးသားနဲ့ဖြစ်တဲ့ပြဿနာကိုကိုယ်သိခွင့်ရှိပြီလားဟိန်းထက်”

ကော်ဖီတစ်ခွက်ကိုရှေ့ချပေးရင်း ကိုညီကဆိုလေသည်။အငွေ့တထောင်းထောင်းထနေတဲ့ကော်ဖီအနံ့ကသင်းနေပေမယ့်လည်းသူ့စိတ်တွေကိုမလန်းဆန်းစေနိုင်ဘူး။

“ကျွန်တော်မှားခဲ့သလားကိုညီ”

“မင်းပြောမှကိုယ်သိမှာပေါ့ကွ”

ဟိန်းထက်ကိုညီ့အနီးကိုအသာကပ်သွားရင်းကိုယ်ကို ကျုံ့ကျုံ့လေးထိုင်လိုက်သည်။မင်းခန့်ညီအသာပြုံးရင်း အနားကပ်လာသည့်ခေါင်းလုံးလုံးလေးကိုအသာပုတ်ပေးလိုက်သည်။

“ကျွန်တော်တို့ပြဿနာတက်တာကိုခန့်ထည်ကြောင့်”

“ကိုယ်ခန့်မှန်းမိပြီးသားပါ။တစ်နေ့မဟုတ်တစ်နေ့တော့ ဒီပြဿနာဖြစ်မယ်ဆိုတာ။အကိုမင်းကိုအရင်ကသတိပေးဖူးရဲ့သားနဲ့ဟိန်းထက်ရယ်”

ဟိန်းထက်ကိုညီ့ကိုတအံ့တဩမော့ကြည့်လိုက်မိသည်။ကိုညီကသူမှားတယ်လို့ဆိုလိုချင်တာလား။

“ကျွန်တော်နဲ့ကိုခန့်ထည်ကရိုးရိုးသားသားဟာကို”

“သမီးရည်းစား၊လင်မယား၊မိသားစုအချင်းချင်းကလွဲရင် ယောကျာ်းနဲ့မိန်းမကြားမှာစည်းတစ်ခုကရှိကိုရှိသင့်တယ်။မင်းနဲ့ကိုခန့်ထည်လိုအနေအထားမျိုးမှာဆိုမင်းဘက်ကပိုပြီးရှိသင့်တယ်ဟိန်းထက်။ဒါကိုဘယ်စာထဲမှာမှချမရေးထားပေမယ့် လူတိုင်းသိသင့်တဲ့ethicsပဲ။
မိုးသားရောင်ကမင်းသူငယ်ချင်း၊ခန့်ထည်ဝါကမင်းသူငယ်ချင်းချစ်ရတဲ့သူ။ကဲပြော.....အခုမင်းနဲ့ခန့်ထည်ဝါအနေအထားကဖြစ်သင့်လား”

“ဒါပေမယ့် ကျွန်တော်တို့ဘာမှမဟုတ်ဘူးလေ ကိုညီ”

“မင်းတို့ဘာသာရိုးသားသား၊မရိုးသားသား မင်းတို့ကြားမှာစည်းတစ်ခုရှိမနေဘူးလေ။ဒါကိုကမင်းမှားနေပြီ။
ကိုယ်ဘက်မလိုက်တမ်းပြောရရင် ဒီတစ်ခေါက်ပြဿနာက မင်းဘက်ကမှားတာဟိန်းထက်”

“မဟုတ်တာဗျာ”

ဟိန်းထက်ကျွတ်ခ်ခနဲစုတ်သတ်ရင်း ထရပ်လိုက်သည်။သူဒါကိုလက်မခံချင်ပေ။
ကိုခန့်ထည်သူ့‌အပေါ်ရင်းရင်းနှီးနှီးရှိခြင်း‌အပေါ်သူသဘောကျရုံသာ။
ဒါကလည်းကိုခန့်ထည်တင်မဟုတ်။
တခြားဘယ်သူမဆိုမိမိအပေါ်attentionပေးရင် သဘောကျကြတာသဘာဝမလား။

“စိတ်တိုမလွယ်နဲ့ကလေး။မင်းသေချာစဉ်းစားကြည့်စမ်းပါ။
မင်းသူ့အပေါ်ရိုးသားတယ်ဆိုတာအကိုပြိုင်မငြင်းချင်ဘူး။ဒါပေမယ့် အကိုထပ်ပြောမယ်။

“စည်း”

အဲ့ဒီ“စည်း”ဆိုတဲ့စကားလုံးကိုပဲ သေချာနားလည်အောင်ကြိုးစားကြည့်စမ်းပါ။မင်းကလူတော်တစ်ယောက်ပဲ။

ပြီးတော့ မိုးသားကိုသနားရင်ပဲဖြစ်ဖြစ်မင်းအစထဲက ခပ်ကင်းကင်းနေခဲ့သင့်တာ။
မိုးသားကသူငယ်ချင်းအချင်းချင်းတောင် သူ့ကိုဦးစားမပေးရင် ဘယ်လောက်ဝမ်းနည်းတတ်လဲမင်းအသိဘဲ။

ဒါကသူငယ်ချင်းအချင်းချင်း ဟိုလူ့ပိုခင်လို့၊ဒီလူ့ပိုခင်လို့ဆိုပြီးသာမန်သဝန်ကြောင်တဲ့ကိစ္စလည်းမဟုတ်ဘူး။
ဒါကအချစ်ရေးကိစ္စဖြစ်နေပြီ”

ကိုညီကစကားတွေအများကြီးပြောရလို့မောသွား၏ထင်။ရေဗူးကိုကောက်ကိုင်၍မော့သောက်သည်။
ဟိန်းထက်မျက်ရည်တွေဝဲလျက်အံကိုကြိတ်ထားမိသည်။
သူတကယ်ပဲမှားသွားခဲ့ပြီလား။
မိုးသားဘက်ကိုတကယ်ပဲသူလျစ်လျူရှုခဲ့မိသည်။

‘ငါဒီအတောအတွင်းမင်းတို့နှစ်ယောက်ကြောင့်ဘယ်လောက်ခံစားခဲ့ရတယ်ထင်လဲ။မဟုတ်လောက်ပါဘူး မဟုတ်လောက်ပါဘူးဆိုပြီး
ငါ့ကိုယ်ငါဘယ်လောက်ဖြေသိမ့်ခဲ့ရတယ်ထင်လဲ’

ထိုနေ့ကမိုးသားသူ့ကိုငိုပြီးပြောခဲ့တဲ့စကားတွေနားထံ‌ကြားယောင်လာမိသည်။
တောင်းပန်ပါတယ်။တောင်းပန်ပါတယ်မိုးသားရယ်။
ငါတကယ်ကိုတောင်းပါတယ်တယ်။
ငါမင်းရင်ကိုသံမှိုစိုက်ခဲ့မိတဲ့အတွက် တကယ်ကိုတောင်းပန်ပါတယ်။

________________💚________________

Zawgyi

ေသေသခ်ာခ်ာညီေအာင္စီထားသည့္ ပုံစံခြက္ထမင္းပန္းကန္ကိုယူ၍ ထမင္းထည့္ေပးေနသည့္ဂ်ဴနီယာညီမေလးမ်ားဆီသို႔သြားရပ္လိုက္သည္။
ဒါသည္လည္းပဲ ေခါက္ရိုးက်ိဳးေနတဲ့မိုးသားတို႔ေက်ာင္း၏အစဥ္အလာပင္ျဖစ္သည္။
ပထမႏွစ္ကေလးမ်ားက Dutyအလွည့္က်ျဖင့္ထမင္းခူးတာဝန္ကိုယူေပးရသည္။

“တစ္ေယာက္ထဲလားကိုမိုးသား။ကိုဟိန္းထက္မပါဘူးလား”

မိုးသားဖ်က္ခနဲပ်က္သြားသည့္မ်က္ႏွာကိုဟန္ေဆာင္ၿပဳံးရင္း ေခါင္းခါျပလိုက္သည္။

ဒီေန႕ေတြသမွ်သူတိုင္းက မျဖစ္မေနဟိန္းထက္ကိုေမးေနရမွျဖစ္မွာလား။

မေတြးခ်င္တဲ့အေၾကာင္းအရာေတြကေခါင္းထဲေရာက္လာသည္မို႔ ေခါင္းကိုအသာခါရမ္း၍ ထမင္းစားပြဲသို႔ဦးတည္လိုက္သည္။

အန္တီႀကီးဆီကဝယ္လာတဲ့ၾကက္အသည္းအျမစ္ဟင္းဆီအၾကည့္ေရာက္ေတာ့ မ်က္ရည္ကေပါက္ခနဲ။

ဒီႏွစ္ႏွစ္လုံးမွာအသည္းအျမစ္ဟင္းဝယ္စားတိုင္း ဟိန္းထက္ကအသည္းကိုပဲေ႐ြးစားခဲ့တာ။

အဲ့တုန္းကသူႀကိဳက္လို႔စားတယ္ထင္ခဲ့ေပမယ့္ ေနာက္မွသိလိုက္ရသည္။
ဟိန္းထက္ကမိုးသားလိုပဲအျမစ္ကိုစားရတာႀကိဳက္တတ္မွန္း။

မိုးသားက်ဆင္းလာသည့္မ်က္ရည္ကိုလက္ခုံနဲ႕ ခပ္ၾကမ္းၾကမ္းဆြဲသုတ္လိုက္သည္။အားလုံးထမင္းစားၿပီးေလာက္မည့္အခ်ိန္ကိုေ႐ြး၍ လာခဲ့သျဖင့္ မိုးသားငိုေနတာဘယ္သူမွမေတြ႕ေပ။

စားခ်င္စိတ္လည္းသိပ္မရွိသည္မို႔ ပါးစပ္ထဲခပ္သြက္သြက္ထိုးသြပ္ရင္း ထမင္းစားပြဲေပၚေခါင္းေမွာက္၍ လွဲေနမိသည္။

‘ေစာက္႐ူးေကာင္ ငါ့ကိုဒီလိုခံစားရေအာင္လုပ္မယ္ဆိုရင္ အစထဲကမေကာင္းခဲ့ပါနဲ႕လား’

________________💚________________

ထမင္းစားခန္းကအျပန္lectureခန္းေရွ႕ကအျဖတ္ notice boardမွာကပ္ထားသည့္ အမွတ္စာရင္းေၾကာင့္ မိုးသားမ်က္လုံးျပဴးသြားရသည္။

ေသာက္ခ်ီးပဲ....အဲ့ဘာသာမေျဖနိုင္လို႔ အမွတ္စာရင္းမထြက္ပါေစနဲ႕ဆုေတာင္းေနတာ။
ဒီလိုျမန္ျမန္ဆန္ဆန္ႀကီးထြက္ခ်လာရလား။

က်ေတာ့လည္းလူလိုက်တာမဟုတ္ဘူး‌။ေခြးက်ဝက္က်,က်တာ။တစ္ရာဖိုးေျဖတာ ၄၀ေက်ာ္နဲ႕က်စရာလား။

အကိုသိရင္ဆူေတာ့မွာပဲ။မနက္lectureမဝင္ခင္ျမန္ျမန္ျပန္ျဖဳတ္ရင္ ေက်းဇူးမေမ့ပါဘူးတီခ်ယ္ရယ္။

“ဘာေတြၾကည့္ေနတာလဲမိုးသား”

“အမေလးဗ်”

ေရွ႕ကအမွတ္စာရင္းကိုၾကည့္ရင္း အသဲအသန္ၾကည့္ေနတုန္း ေနာက္ကအကို႔အသံေၾကာင့္မိုးသားထိုင္ငိုခ်င္သြားသည္။ဘုရားသခင္က သူ႕ဆုေတာင္းကိုဒီလိုျမန္ျမန္ျဖည့္ဆည္းေပးရလား။
မိုးသားစာက်က္ပ်င္းျခင္းအေပၚပထမဆုံးေနာင္တရမိသည္။

“ဟီး ဘာမွမဟုတ္ဘူးအကို။ဟိုဘက္ကေလေကာင္းေလသန႔္ရတယ္။ဟိုနားသြားထိုင္ရေအာင္ေနာ္”

မိမိလက္ကိုအတင္းဆြဲ၍notice boardႏွင့္ေဝးရာသို႔သြားရန္စိတ္ေလာေနေသာေကာင္ေလးေၾကာင့္ ခန႔္ထည္အသာလိုက္သြားလိုက္သည္။

ဒီေကာင္ဒီလိုလုပ္ေနတာနဲ႕သူမသိဘူးထင္ေနတာလား။
ခန႔္ထည္ဝါကိုအထင္ေသးလြန္းသြားၿပီ။

ညေနlectureကအထြက္ထဲက မိမိကအမွတ္စာရင္းကိုေတြ႕ၿပီးၿပီျဖစ္သည္။
ဒင္းသာဘယ္ဆီစိတ္ေရာက္ေနလို႔ ကိုယ့္အမွတ္စာရင္းထြက္မွန္းေတာင္ မသိနိုင္ျဖစ္ေနရတာလဲ။

“ေတာ္ေတာ့မိုးသား။အပိုေတြလုပ္မေနနဲ႕ မင္းစာေမးပွဲက်တာငါသိၿပီးသား”

ထိုအခါမွမိမိဘက္ကိုလွည့္ၾကည့္ၿပီး ဇက္ကေလးပုသြားေလသည္။

“အကိုမဆူဘူးမလား”တဲ့။

“မင္းဘဝနဲ႕မင္းပဲ‌ေလ။မင္းႀကိဳးစားရင္အဲ့အသီးအပြင့္ကိုမင္းေရာမင္းမိသားစုပါခံစားရမယ္။မႀကိဳးစားရင္လည္းအဲ့အတိုင္းပဲ။
ငါ့မွာမင္းကိုဘာမွေျပာစရာမရွိဘူး။ေျပာခြင့္လည္းမရွိဘူး။တတ္နိုင္သေလာက္ မင္းကိုစာႀကိဳးစားဖို႔ငါဆုံးမခဲ့ၿပီးၿပီပဲ”

အကိုကထိုစကားမ်ားကိုတြန႔္ဆုတ္ျခင္းမရွိဆက္တိုက္ေျပာခ်လာသည္။ေမွ်ာ္လင့္ခ်က္ေတြရိုက္ခ်ိဳးခံလိုက္ရသလိုပင္။
အနည္းဆုံးေတာ့ အကိုဆူတာခံရမည္ထင္ခဲ့တာ။
အကိုကပညာသားပါပါမိုးသားနဲ႕ပတ္သတ္သမွ်သူႏွင့္ဘာပတ္သတ္မႈမွမရွိေၾကာင္း တည္တည္ၿငိမ္ၿငိမ္ပဲဖြင့္ထုတ္ခဲ့သည္။

ခ်က္ခ်င္းႀကီး။
ခ်က္ခ်င္းႀကီးအကိုစိမ္းကားသြားျပန္ၿပီ။

အင္း သိပ္ေတာ့ထူးဆန္းသည့္အေၾကာင္းအရာေတာ့မဟုတ္ပါေလ။
အကိုဆိုသည္မွာ မိုးသားအတြက္ဆို အခုေကာင္း‌ ေနေပမယ့္ ေနာက္ေန႕ယခုလို သူစိမ္းျပင္ျပင္ျဖစ္ခ်င္လည္းျဖစ္သြားတတ္သည္ပဲ။

အကိုအခုလိုစိမ္းကားခဲ့အခါတိုင္း ေရခ်ိဳးခန္းထဲေျပးငိုခဲ့ရသလို
အကိုေခ်ာ့ျမႇူလာတဲ့အခါလည္း နာက်င္ခဲ့ရတာေတြေမ့ၿပီး အကို႔ဆီျပန္ေျပးမိတာပဲ။

“အကိုကနားလည္ရခက္လိုက္တာ”

ေတြေတြေလးေငး၍ဆိုရွာတဲ့ထိုေကာင္ေလးအၾကည့္ေတြကိုေရွာင္၍ သူ႕လက္ထဲကမိမိလက္တစ္ဖက္ကို႐ုန္းထြက္လိုက္သည္။

“ကိုယ့္ကိုယ္ကိုေတာင္ေသခ်ာနားမလည္တာ မင္းကနားလည္ဖို႔ႀကိဳးစားမေနပါနဲ႕။ၿပီးေတာ့ ကိုယ့္အေၾကာင္းကိုသိပ္သိသလိုလဲမေနနဲ႕။မင္းကိုယ့္ကိုေသခ်ာမသိေသးဘူး။
ဟုတ္ၿပီလား ကိုယ္သြားၿပီ။
ေနာက္တစ္ခါမက်ေစနဲ႕ေတာ့”

လက္သီးေလးကိုတင္းေနေအာင္ဆုပ္၍က်န္ခဲ့ေသာေကာင္ေလးကိုျမင္မိေသာ္ျငားလည္း သူျပန္လွည့္မၾကည့္ခ်င္ေတာ့ေပ။

ဒီေကာင္ေလးေၾကာင့္.....
ဒီလိုအမူအရာေတြေၾကာင့္ သူမျပတ္မသားျဖစ္ေနတဲ့စိတ္ေတြကိုရပ္လိုက္သင့္ၿပီ။
ေနာက္ထပ္ေမွ်ာ္လင့္ခ်က္ေပးလို႔မျဖစ္ဘူးမလား။
မင္းအတြက္ပါမိုးသားေရာင္။မင္းအတြက္ပါ။

ကိုယ့္ကိုယ္ကို သိပ္နစ္နာသူႀကီးလိုခံစားျပမေနပါနဲ႕။
ငါလည္းၿပိဳလဲခဲ့ရသူပါ။ငါလည္းနစ္နာခဲ့ရသူပါ။

မင္းကဟိန္းထက္ေၾကာင့္ ငါ့ကိုလက္လႊတ္ခဲ့ရတယ္ဆိုရင္ ငါကလည္းမင္းေၾကာင့္ဟိန္းထက္ကိုလက္လႊတ္ခဲ့ရသူပဲ။

ငါလည္းမင္းလိုေပါက္ကြဲပစ္ခ်င္တယ္။ဒီေလာက္လူေတြအမ်ားႀကီးထဲမွာ ဘာလို႔ငါ့ကိုမွေ႐ြးၿပီး ေသာက္႐ူးလိုခ်စ္ေနရတာလဲမိုးသားေရာင္။
ဘာလို႔ဟိန္းထက္အခ်စ္ဆုံးသူငယ္ခ်င္းကမင္းျဖစ္ေနရတာလဲမိုးသားေရာင္။

________________💚_______________

“မိုးသားနဲ႕ျဖစ္တဲ့ျပႆနာကိုကိုယ္သိခြင့္ရွိၿပီလားဟိန္းထက္”

ေကာ္ဖီတစ္ခြက္ကိုေရွ႕ခ်ေပးရင္း ကိုညီကဆိုေလသည္။အေငြ႕တေထာင္းေထာင္းထေနတဲ့ေကာ္ဖီအနံ႕ကသင္းေနေပမယ့္လည္းသူ႕စိတ္ေတြကိုမလန္းဆန္းေစနိုင္ဘူး။

“ကြၽန္ေတာ္မွားခဲ့သလားကိုညီ”

“မင္းေျပာမွကိုယ္သိမွာေပါ့ကြ”

ဟိန္းထက္ကိုညီ့အနီးကိုအသာကပ္သြားရင္းကိုယ္ကို က်ဳံ႕က်ဳံ႕ေလးထိုင္လိုက္သည္။မင္းခန႔္ညီအသာၿပဳံးရင္း အနားကပ္လာသည့္ေခါင္းလုံးလုံးေလးကိုအသာပုတ္ေပးလိုက္သည္။

“ကြၽန္ေတာ္တို႔ျပႆနာတက္တာကိုခန႔္ထည္ေၾကာင့္”

“ကိုယ္ခန႔္မွန္းမိၿပီးသားပါ။တစ္ေန႕မဟုတ္တစ္ေန႕ေတာ့ ဒီျပႆနာျဖစ္မယ္ဆိုတာ။အကိုမင္းကိုအရင္ကသတိေပးဖူးရဲ႕သားနဲ႕ဟိန္းထက္ရယ္”

ဟိန္းထက္ကိုညီ့ကိုတအံ့တဩေမာ့ၾကည့္လိုက္မိသည္။ကိုညီကသူမွားတယ္လို႔ဆိုလိုခ်င္တာလား။

“ကြၽန္ေတာ္နဲ႕ကိုခန႔္ထည္ကရိုးရိုးသားသားဟာကို”

“သမီးရည္းစား၊လင္မယား၊မိသားစုအခ်င္းခ်င္းကလြဲရင္ ေယာက်ာ္းနဲ႕မိန္းမၾကားမွာစည္းတစ္ခုကရွိကိုရွိသင့္တယ္။မင္းနဲ႕ကိုခန႔္ထည္လိုအေနအထားမ်ိဳးမွာဆိုမင္းဘက္ကပိုၿပီးရွိသင့္တယ္ဟိန္းထက္။ဒါကိုဘယ္စာထဲမွာမွခ်မေရးထားေပမယ့္ လူတိုင္းသိသင့္တဲ့ethicsပဲ။
မိုးသားေရာင္ကမင္းသူငယ္ခ်င္း၊ခန႔္ထည္ဝါကမင္းသူငယ္ခ်င္းခ်စ္ရတဲ့သူ။ကဲေျပာ.....အခုမင္းနဲ႕ခန႔္ထည္ဝါအေနအထားကျဖစ္သင့္လား”

“ဒါေပမယ့္ ကြၽန္ေတာ္တို႔ဘာမွမဟုတ္ဘူးေလ ကိုညီ”

“မင္းတို႔ဘာသာရိုးသားသား၊မရိုးသားသား မင္းတို႔ၾကားမွာစည္းတစ္ခုရွိမေနဘူးေလ။ဒါကိုကမင္းမွားေနၿပီ။
ကိုယ္ဘက္မလိုက္တမ္းေျပာရရင္ ဒီတစ္ေခါက္ျပႆနာက မင္းဘက္ကမွားတာဟိန္းထက္”

“မဟုတ္တာဗ်ာ”

ဟိန္းထက္ကြၽတ္ခ္ခနဲစုတ္သတ္ရင္း ထရပ္လိုက္သည္။သူဒါကိုလက္မခံခ်င္ေပ။
ကိုခန႔္ထည္သူ႕‌အေပၚရင္းရင္းႏွီးႏွီးရွိျခင္း‌အေပၚသူသေဘာက်႐ုံသာ။
ဒါကလည္းကိုခန႔္ထည္တင္မဟုတ္။
တျခားဘယ္သူမဆိုမိမိအေပၚattentionေပးရင္ သေဘာက်ၾကတာသဘာဝမလား။

“စိတ္တိုမလြယ္နဲ႕ကေလး။မင္းေသခ်ာစဥ္းစားၾကည့္စမ္းပါ။
မင္းသူ႕အေပၚရိုးသားတယ္ဆိုတာအကိုၿပိဳင္မျငင္းခ်င္ဘူး။ဒါေပမယ့္ အကိုထပ္ေျပာမယ္။

“စည္း”

အဲ့ဒီ“စည္း”ဆိုတဲ့စကားလုံးကိုပဲ ေသခ်ာနားလည္ေအာင္ႀကိဳးစားၾကည့္စမ္းပါ။မင္းကလူေတာ္တစ္ေယာက္ပဲ။

ၿပီးေတာ့ မိုးသားကိုသနားရင္ပဲျဖစ္ျဖစ္မင္းအစထဲက ခပ္ကင္းကင္းေနခဲ့သင့္တာ။
မိုးသားကသူငယ္ခ်င္းအခ်င္းခ်င္းေတာင္ သူ႕ကိုဦးစားမေပးရင္ ဘယ္ေလာက္ဝမ္းနည္းတတ္လဲမင္းအသိဘဲ။

ဒါကသူငယ္ခ်င္းအခ်င္းခ်င္း ဟိုလူ႕ပိုခင္လို႔၊ဒီလူ႕ပိုခင္လို႔ဆိုၿပီးသာမန္သဝန္ေၾကာင္တဲ့ကိစၥလည္းမဟုတ္ဘူး။
ဒါကအခ်စ္ေရးကိစၥျဖစ္ေနၿပီ”

ကိုညီကစကားေတြအမ်ားႀကီးေျပာရလို႔ေမာသြား၏ထင္။ေရဗူးကိုေကာက္ကိုင္၍ေမာ့ေသာက္သည္။
ဟိန္းထက္မ်က္ရည္ေတြဝဲလ်က္အံကိုႀကိတ္ထားမိသည္။
သူတကယ္ပဲမွားသြားခဲ့ၿပီလား။
မိုးသားဘက္ကိုတကယ္ပဲသူလ်စ္လ်ဴရႈခဲ့မိသည္။

‘ငါဒီအေတာအတြင္းမင္းတို႔ႏွစ္ေယာက္ေၾကာင့္ဘယ္ေလာက္ခံစားခဲ့ရတယ္ထင္လဲ။မဟုတ္ေလာက္ပါဘူး မဟုတ္ေလာက္ပါဘူးဆိုၿပီး
ငါ့ကိုယ္ငါဘယ္ေလာက္ေျဖသိမ့္ခဲ့ရတယ္ထင္လဲ’

ထိုေန႕ကမိုးသားသူ႕ကိုငိုၿပီးေျပာခဲ့တဲ့စကားေတြနားထံ‌ၾကားေယာင္လာမိသည္။
ေတာင္းပန္ပါတယ္။ေတာင္းပန္ပါတယ္မိုးသားရယ္။
ငါတကယ္ကိုေတာင္းပါတယ္တယ္။
ငါမင္းရင္ကိုသံမွိုစိုက္ခဲ့မိတဲ့အတြက္ တကယ္ကိုေတာင္းပန္ပါတယ္။

________________💚________________








Ipagpatuloy ang Pagbabasa

Magugustuhan mo rin

268K 18.6K 66
The new girl declares war against the five most powerful seniors in school. ⋆☆⋆ Sophie Olsen had a simple plan after moving across the entire country...
14.2K 360 42
ကျား မ မခွဲခြားနိုင်လောက်အောင် အချစ်က လူကိုထွေပြားစေတာလား ? ခင်ဗျားရဲ့အလှတရားကပဲ ကျွန်တော့်ကို ရူးသွားစေတာလား ? -------------- လင်းည
1.5M 37.3K 75
The Lombardi family is the most notorious group in the crime world. They rule both the American and Italian mafias and have many others bowing at the...
357K 14.5K 67
အဆိပ်တကာ့အဆိပ်ထဲမှာအပြင်းဆုံးအဆိပ်ကအချစ်ဆိပ်ပဲ