လူစားထိုး

By Htoo-6

87.9K 10.4K 707

Title: Ti Shen / 替身 Translation: Body Double Translator: Giraffe Corps Author: Bei Tang Mo / 北棠墨 Publisher:... More

Description
Vol 1, Ch 1.1
Ch 1.2
Ch 2
Ch 3
Ch 4
Ch 5
Ch 6
Ch 7
Ch 8
Ch 9
Ch 10
Ch 11
Ch 12
Ch 13
Ch 14
Ch 15
Ch 16
Ch 17
Ch 18
Ch 19
Ch 20
Ch 21
Ch 22
Ch 23
Ch 24
Ch 25
Ch 26
Ch 27
Ch 28
Ch 29
Ch 30
Ch 31
Ch 32
Ch 33
Not An Update
Ch 34
Ch 35
Ch 36
Ch 37
Ch 39
Ch 40
Ch 41
Ch 42
Ch 43
Ch 44
Ch 45
Vol 1 complete, Ch 46+47
Ch 48
Ch 49
Ch 50
Ch 51
Ch 52,53,54
Ch 55,56
Ch 57
Ch 58

Ch 38

685 139 2
By Htoo-6

Unicode

Chapter 38
I'm even better at  relationships!
__________________________

မင်းသမီးလေးတစ်ပါးလို ကခုန်ဖို့ ဖိတ်ကြားခံရခြင်းနှင့်ပတ်သတ်ပြီး Su Yi Mo မပျော်ပါ။ သူက လက်ဆန့်ပြီး Ran Feng Ge ၏ကမ်းလက်ကို ချိတ်ကာ သူ၏ဆုပ်ကိုင်မှုဖြစ်အောင် အထက်အောက်လှန်၍ သူကမှ ဖိတ်ခေါ်သူအမှန်ဟုထင်ရမည့် ကိုယ်ဟန်နေထားကို ပြောင်းလိုက်သည်။

Ran Feng Ge နှင့်ယှဥ်ရပ်ချိန် သူတို့၏ အရပ်ကွာခြားမှုအပေါ် ကျေနပ်နေသည့် အပြုံးယောင်ယောင်ကို Su Yi Mo ဖော်ပြနေသည်။ သိသာစွာပင် မင်းသမီးလေးက မင်းသားလေးထက် အရပ်မရှည်သင့်ပါ ။ မှန်သည်မဟုတ်လော? ထို့ကြောင့် သူတို့ ကကြလျှင် Ran Feng Ge က အမျိုးသမီးကဏ္ဍက တာဝန်ယူလိမ့်မည်။

"ဝေါ့ဇ်လား? တန်ဂိုလား?"

[ဝေါ့ဇ်= ငြိမ့်ငြောင်းစွာကရသည့် စုံတွဲအက။
တန်ဂို= နှစ်ယောက်တွဲကရသော စည်းချက်ပြင်း တောင်အမေရိကတိုက် အကတစ်မျိုး။]

Su Yi Mo ၏လှုပ်ရှားမှုသေးသေးကလေးကအစ Ran Feng Ge သတိပြုမိသည်။ သို့သော် သူက မသိ​ကျိုးကျွန်ပြုထားပြီး ပြုံး၍ သူတို့ကမည့်အကအမျိုးအစားကို ရွေးချယ်ရန် Su Yi Mo ကို အထူးအခွင့်အရေးပေးထားသည်။

"တန်ဂို"

"ပြီးရော..မင်းအဲဒါကို ရွေးမယ်လို့ ငါအသိသားပဲ"
နောက်ခံဖြစ်သော Jing Qiu Han ၏ သီချင်းအတီးဗားရှင်းက အဆုံးသတ်သို့ရောက်ခဲ့ပြီ။ အစဥ်လိုက်ရှိသည့် နောက်တစ်ပုဒ်၏ သံစဥ်က မဆိုင်းမတွစတင် တီးခတ်လာသည်။ တိုက်တိုက်ဆိုင်ဆိုင် ၄င်းက လူသိများသော တန်ဂိုအမျိုးအစားများထဲက တစ််ခုဖြစ်သော 'လာ ကမ်းပါစီတာ' ဖြစ်သည်။

ကနဦး ဆွေးမြည့်မြည့်သံစဥ်မှာ သူတို့၏ကကြိုးနှင့်လိုက်၍ အရှိန်မြင့်လာသည်။ အလားတူ နှစ်ဦးသား၏ ကြော့ရှင်းသော ကကွက်များကလည်း ပို၍ပို၍ ကသောကမျောဖြစ်လာရသည်။
အမျိုးသမီးကဏ္ဍက ကရခြင်းအပေါ် Ran Feng Ge စိတ်ထဲမထားပါ။  Su Yi Mo ၏ အမျိုးသားကဏ္ဍနှင့်လိုက်ဖက်ပြေပြစ်စေရန်သာ သူ့ခြေလှမ်းများကို သွက်နိုင်သမျှသွက်အောင် လှမ်းရတော့သည်။

ကနေကြစဥ် သူတို့နှစ်ဦး၏ ပေါင်တံများ သလုံးကြွက်သား၊ခါးနှင့်ရင်ဘတ်တို့မှာ အချင်းချင်းမလွဲမသွေ တွန်းခွေ့ပွတ်တိုက်နေရသည်။ တန်ဂိုဆိုသည်မှာ ဂီတဖြင့်ဖော်ကြူးထားသော ချစ်ဇောအဟုန်ကို ဖော်ပြရန်အတွက် မျက်လုံးဆုံးရန်မကြာခဏလိုသည့် အကတစ်မျိုးလည်းဖြစ်သည်။

'လာ ကမ်းပါစီတာ' ပြီးသည့်နောက် အခြားသံစဥ်တစ်ပုဒ်၏ တီးလုံးသံ အစပြုသည်။ သူတို့ ဝေါ့ဇ်ကရမည့် အချိန်ပေတည်း။

ဝေါ့ဇ်အကပြီးနောက် လက်တင်အကဖြစ်သည်။

လက်တင်အကပြီးလျှင် သံစဥ်က လမ်းဘေးအကတစ်မျိုးအဖြစ် ပြောင်းသွားပြန်သည်။ Ran Feng Ge
တစ်ဖက်သူမှာ လမ်းဘေးအက မကတတ်ဟု ခံစားရ၍ Su Yu Mo ကိုတွန်းထုတ်လိုက်သည်။
ထို့နောက် သူက ခြေနှစ်လှမ်းဆုတ်ပြီး ဘရိတ်ပြန်ဖမ်းကာ Su Yi Mo ကို သူယခု မာန်ပါပြီး ပေါ်ကြော့ဆန်ဆန် လမ်းဘေးအက ကတော့မည့်ဟု ယုံကြည်ချက်ရှိရှိ ပြုံးပြလိုက်သည်။

သူ့ကိုယ်မှ ရေတံခွန်သဖွယ် ဒလဟောကျနေသည့် ချွေးစက်ချွေးပေါက်များ...သူ့မျက်နှာထက်က တောက်ပ၍ ညှို့ယူဖမ်းစားသည့်အပြုံး...သူ၏ သပ်ရပ်၍ ယုံကြည်ချက်ရှိသည့် လှုပ်ရှားမှုများနှင့် လူတို့၏ နှလုံးသားကို မွှေနှောက်လှုံ့ဆော်နိုင်သည့် ဂီတ အားလုံးတို့က Ran Feng Ge ကိုအစောပိုင်း သူအသုံးတော်ခံခဲ့သည့် ပုံမှန်​ကကြိုးများ၏ ကျက်သရေရှိမှုနှင့် ညှို့ယူဖမ်းစားနိုင်မှုတို့မှ ကူညီ၍ အရေလဲပေးလိုက်သည်။ လမ်းဘေးအကကနေစဥ် Ran Feng Ge ၏သွင်ပြင်မှာ ဘေးအိမ်မှ ကြွားချင်ဝါချင်သည့် ချစ်စဖွယ် အကျီစားသန်သန် ကောင်ငယ်လေးတစ်ယောက်နှင့် တူနေသည်။

Ran Feng Ge သည် ခြောက်ပစ်ကင်းသည့် လက်ဆွဲပန်းချီကားလိပ်ပမာ သူ၏ ဧရာမစွမ်းရည်များကို Su Yi Mo မြင်လာအောင် နည်းနည်းချင်းပြသနေသည်။ Su Yu Mo အတွက်မူ ကားလိပ်၏ အစွန်းပိုင်းကလေးကို မြင်ရန်အခွင့်အရေးတစ်ခု လက်ဆောင်ရခြင်းမျှပါပေ။

Ran Feng Ge တွင် လျှို့ဝှက်ချက်မည်မျှ များများ ရှိနေပါသေးသနည်း? သူကား
မည်မျှ အံ့ချီးဖွယ် ပါရမီများကို ပိုင်ဆိုင်ထားပါသေးသနည်း?

​ကခုန်ပြီးသည့်နောက် ​Ran Feng Ge ခြေထောက်ဖြင့် လက်ပ်တော့၏ ရပ်တန့်ခလုတ်ကိုနှိပ်လိုက်သည်။ အကအမျိုးအစားများစွာကို တစ်ဆက်တည်း အသုံးတော်ခံပြီး​ချိန် အနည်းငယ်ဟောဟဲလိုက်နေသည့်တိုင် သူ၏သွေးရဲနေသော
မျက်နှာဝယ် ပျိုမျစ်စွမ်းအင်များ ဖြာထွက်လျက်ရှိသည်။ သူက ခေါင်းကိုစောင်းငဲ့၍ Su Yi Mo ထံ အနည်းငယ်ထိကပါးရိကပါးနိုင်သော လှောင်ပြုံးဖြင့် ကြည့်လိုက်သည်။
"ဘယ်လိုလဲ? အခု ငါ့ကို အရည်အသွေးပြည့်မှီတယ်လို့ ထင်သွားပြီလား? ဒါမှမဟုတ် ဆရာငှားဖို့ စီစဥ်နေတုန်းပဲလား?"

Ran Feng Ge ၏ပင်ကိုစွမ်းရည်များနှင့်ပတ်သတ်ပြီး Su Yi Mo ကြိတ်၍ အံ့အားသင့်နေစေကာမူ သူ၏အမူအရာမှာ တော်တော်လေး မပြောင်းမလဲရှိနေဆဲပင်။ Ran Feng Ge ၏အမေးကိုကြားလျှင် သူက ပြုံးရုံပြုံးကာ ပေါ့ပေါ့တန်တန် မေးလိုက်သည်။
"မင်းတို့ လူစားထိုးအားလုံး ဒီလိုဟာတွေလေ့လာရတာလား?"

"သေချာပေါက် ဘယ်ဟုတ်မလဲ"
Ran Feng Ge ဆိုဖာကျောမှီပေါ် ပစ်တင်ထားသည့် တဘက်ကို ကုန်းကောက်လိုက်သည်။
သူ့လည်တိုင်က ချွေးများကိုသုတ်ပစ်ရင်း ရှင်းပြလေသည်။
"သူတို့က ထူးထူးခြားခြားအန္တရာယ်ကြီးတဲ့ လူစားထိုးမျိုး ဖြစ်ချင်ရင် တိုက်ခိုက်ရေးနဲ့ သေနတ်ပစ်လေ့ကျင့်ရေးတွေမှာ အာရုံစိုက်ရမယ်။ လူကြီးလူကောင်းပီသတဲ့ လူစားထိုးမျိုးဖြစ်ချင်ရင်ကျ အခြေခံတွေပိုင်အောင် လေ့လာရမယ် ဒါပေါ့ ထူးထူးခြားခြား မှတ်ဉာဏ်ကောင်းဖို့လည်း လိုသေးတယ်။ ကျော်ကြားတဲ့ သရုပ်ဆောင် ဒါမှမဟုတ် အဆိုတော်တွေအတွက် လူစားထိုးလုပ်ဖို့ အစီအစဥ်ရှိရင်တော့ အဆို၊အက၊ဂီတပညာနဲ့ အခြားနယ်ပယ်တွေကို လေ့လာထားဖို့လိုအပ်တာပေါ့"

"အိုး...ဒါဆို မင်းက ဘာကြောင့် အများကြီးလေ့လာထားရတာလဲ?"

"နည်းနည်းလောက်ပိုပြီး လေ့လာထားလို့ ဘာမှမထိခိုက်ဘူးလေ မဟုတ်ဘူးလား?"

"မှန်တယ်။ မဟုတ်ရင် မင်းက ဘယ်လိုလုပ်ပြီး အဆောက်အအုံရဲ့ ရွှေအဆင့်လူစားထိုးဖြစ်လာမှာလဲ? တခြား ဘာတွေမှာရော တော်သေးလဲ? အတိုက်အခိုက်လား..အပစ်အခတ်လား..ဗုံးအဖြုတ်အဆင်လား..ကော့တေးအစပ်အပြုလား..
တင်းနစ်တို့ ဂေါက်တို့ စတော့စျေးကစားတာတို့လား..ငွေကြေးမြှုပ်နှံတာတို့ လောင်းကစားလုပ်တာတို့လား?"
Su Yi Mo က အသက်တစ်ရှိုက်စာအတွင်း သူတွေးမိသမျှ စွမ်းရည်များစွာကို ဒေါက်ဒေါက် ဒေါက်ဒေါက်ပြောသွားသည်။ သူက
ရိုးရိုးတန်းတန်းစုံစမ်း​​ခြင်းမျိုးထက် စစ်ကြောနေသည့်ပမာ
Ran Feng Ge ထံ တမေ့တမော အကြည့်ကပ်ထားပါသည်။

Ran Feng Ge ၏ မျက်နှာကပြုံးစစဖြစ်သွား၏။ ပြန်မဖြေပါ။

"ဘာဖြစ်လို့လဲ? ငါ အကုန်လုံးမှန်းလိုက်နိုင်​တာတော့ မဟုတ်ဘူးမလား?"
Su Yi Mo က ပဟေဠိဆန်သည့်အပြုံးကို ထုတ်ပြလာ၏။

'ဒီကောင်လေး ဒီလောက် ပါရမီရှိနေတာ တကယ်က စွယ်စုံရသမားအဖြစ် လေ့ကျင့်ထားလို့များလား'

"မဟုတ်ပါဘူး။ မင်း မမှန်းနိုင်တာ တစ်ခုမကကျန်သေးတယ်။"
Su Yi Mo ၏ပီတိဖြာနေသော အမူအရာကြောင့် Ran Feng Ge ဝန်မခံနိုင်ပါ။ သူက Su Yi Mo ထံဖြည်းဖြည်းချင်း ကပ်လာပြီး ခပ်တိုးတိုးဆိုလိုက်သည်။
"တကယ်တော့.. ငါက ချစ်မှုရေးရာတွေမှာ ပိုတောင်ကျွမ်းသေးတာ"

>>>>>>>>>>><<<<<<<<<<<<

Zawgyi

Chapter 38
I'm even better at  relationships!
__________________________

မင္းသမီးေလးတစ္ပါးလို ကခုန္ဖို႔ ဖိတ္ၾကားခံရျခင္းႏွင့္ပတ္သတ္ၿပီး Su Yi Mo မေပ်ာ္ပါ။ သူက လက္ဆန့္ၿပီး Ran Feng Ge ၏ကမ္းလက္ကို ခ်ိတ္ကာ သူ၏ဆုပ္ကိုင္မႈျဖစ္ေအာင္ အထက္ေအာက္လွန္၍ သူကမွ ဖိတ္ေခၚသူအမွန္ဟုထင္ရမည့္ ကိုယ္ဟန္ေနထားကို ေျပာင္းလိုက္သည္။

Ran Feng Ge ႏွင့္ယွဥ္ရပ္ခ်ိန္ သူတို႔၏ အရပ္ကြာျခားမႈအေပၚ ေက်နပ္ေနသည့္ အၿပဳံးေယာင္ေယာင္ကို Su Yi Mo ေဖာ္ျပေနသည္။ သိသာစြာပင္ မင္းသမီးေလးက မင္းသားေလးထက္ အရပ္မရွည္သင့္ပါ ။ မွန္သည္မဟုတ္ေလာ? ထို႔ေၾကာင့္ သူတို႔ ကၾကလွ်င္ Ran Feng Ge က အမ်ိဳးသမီးက႑က တာဝန္ယူလိမ့္မည္။

"ေဝါ့ဇ္လား? တန္ဂိုလား?"

[ေဝါ့ဇ္= ၿငိမ့္ေျငာင္းစြာကရသည့္ စုံတြဲအက။
တန္ဂို= ႏွစ္ေယာက္တြဲကရေသာ စည္းခ်က္ျပင္း ေတာင္အေမရိကတိုက္ အကတစ္မ်ိဳး။]

Su Yi Mo ၏လႈပ္ရွားမႈေသးေသးကေလးကအစ Ran Feng Ge သတိျပဳမိသည္။ သို႔ေသာ္ သူက မသိ​က်ိဳးကြၽန္ျပဳထားၿပီး ၿပဳံး၍ သူတို႔ကမည့္အကအမ်ိဳးအစားကို ေ႐ြးခ်ယ္ရန္ Su Yi Mo ကို အထူးအခြင့္အေရးေပးထားသည္။

"တန္ဂို"

"ၿပီးေရာ..မင္းအဲဒါကို ေ႐ြးမယ္လို႔ ငါအသိသားပဲ"
ေနာက္ခံျဖစ္ေသာ Jing Qiu Han ၏ သီခ်င္းအတီးဗားရွင္းက အဆုံးသတ္သို႔ေရာက္ခဲ့ၿပီ။ အစဥ္လိုက္ရွိသည့္ ေနာက္တစ္ပုဒ္၏ သံစဥ္က မဆိုင္းမတြစတင္ တီးခတ္လာသည္။ တိုက္တိုက္ဆိုင္ဆိုင္ ၄င္းက လူသိမ်ားေသာ တန္ဂိုအမ်ိဳးအစားမ်ားထဲက တစ္္ခုျဖစ္ေသာ 'လာ ကမ္းပါစီတာ' ျဖစ္သည္။

ကနဦး ေဆြးျမည့္ျမည့္သံစဥ္မွာ သူတို႔၏ကႀကိဳးႏွင့္လိုက္၍ အရွိန္ျမင့္လာသည္။ အလားတူ ႏွစ္ဦးသား၏ ေၾကာ့ရွင္းေသာ ကကြက္မ်ားကလည္း ပို၍ပို၍ ကေသာကေမ်ာျဖစ္လာရသည္။
အမ်ိဳးသမီးက႑က ကရျခင္းအေပၚ Ran Feng Ge စိတ္ထဲမထားပါ။  Su Yi Mo ၏ အမ်ိဳးသားက႑ႏွင့္လိုက္ဖက္ေျပျပစ္ေစရန္သာ သူ႕ေျခလွမ္းမ်ားကို သြက္နိုင္သမွ်သြက္ေအာင္ လွမ္းရေတာ့သည္။

ကေနၾကစဥ္ သူတို႔ႏွစ္ဦး၏ ေပါင္တံမ်ား သလုံးႂကြက္သား၊ခါးႏွင့္ရင္ဘတ္တို႔မွာ အခ်င္းခ်င္းမလြဲမေသြ တြန္းေခြ႕ပြတ္တိုက္ေနရသည္။ တန္ဂိုဆိုသည္မွာ ဂီတျဖင့္ေဖာ္ၾကဴးထားေသာ ခ်စ္ေဇာအဟုန္ကို ေဖာ္ျပရန္အတြက္ မ်က္လုံးဆုံးရန္မၾကာခဏလိုသည့္ အကတစ္မ်ိဳးလည္းျဖစ္သည္။

'လာ ကမ္းပါစီတာ' ၿပီးသည့္ေနာက္ အျခားသံစဥ္တစ္ပုဒ္၏ တီးလုံးသံ အစျပဳသည္။ သူတို႔ ေဝါ့ဇ္ကရမည့္ အခ်ိန္ေပတည္း။

ေဝါ့ဇ္အကၿပီးေနာက္ လက္တင္အကျဖစ္သည္။

လက္တင္အကၿပီးလွ်င္ သံစဥ္က လမ္းေဘးအကတစ္မ်ိဳးအျဖစ္ ေျပာင္းသြားျပန္သည္။ Ran Feng Ge
တစ္ဖက္သူမွာ လမ္းေဘးအက မကတတ္ဟု ခံစားရ၍ Su Yu Mo ကိုတြန္းထုတ္လိုက္သည္။
ထို႔ေနာက္ သူက ေျခႏွစ္လွမ္းဆုတ္ၿပီး ဘရိတ္ျပန္ဖမ္းကာ Su Yi Mo ကို သူယခု မာန္ပါၿပီး ေပၚေၾကာ့ဆန္ဆန္ လမ္းေဘးအက ကေတာ့မည့္ဟု ယုံၾကည္ခ်က္ရွိရွိ ၿပဳံးျပလိုက္သည္။

သူ႕ကိုယ္မွ ေရတံခြန္သဖြယ္ ဒလေဟာက်ေနသည့္ ေခြၽးစက္ေခြၽးေပါက္မ်ား...သူ႕မ်က္ႏွာထက္က ေတာက္ပ၍ ညွို႔ယူဖမ္းစားသည့္အၿပဳံး...သူ၏ သပ္ရပ္၍ ယုံၾကည္ခ်က္ရွိသည့္ လႈပ္ရွားမႈမ်ားႏွင့္ လူတို႔၏ ႏွလုံးသားကို ေမႊႏွောက္လႈံ႕ေဆာ္နိုင္သည့္ ဂီတ အားလုံးတို႔က Ran Feng Ge ကိုအေစာပိုင္း သူအသုံးေတာ္ခံခဲ့သည့္ ပုံမွန္​ကႀကိဳးမ်ား၏ က်က္သေရရွိမႈႏွင့္ ညွို႔ယူဖမ္းစားနိုင္မႈတို႔မွ ကူညီ၍ အေရလဲေပးလိုက္သည္။ လမ္းေဘးအကကေနစဥ္ Ran Feng Ge ၏သြင္ျပင္မွာ ေဘးအိမ္မွ ႂကြားခ်င္ဝါခ်င္သည့္ ခ်စ္စဖြယ္ အက်ီစားသန္သန္ ေကာင္ငယ္ေလးတစ္ေယာက္ႏွင့္ တူေနသည္။

Ran Feng Ge သည္ ေျခာက္ပစ္ကင္းသည့္ လက္ဆြဲပန္းခ်ီကားလိပ္ပမာ သူ၏ ဧရာမစြမ္းရည္မ်ားကို Su Yi Mo ျမင္လာေအာင္ နည္းနည္းခ်င္းျပသေနသည္။ Su Yu Mo အတြက္မူ ကားလိပ္၏ အစြန္းပိုင္းကေလးကို ျမင္ရန္အခြင့္အေရးတစ္ခု လက္ေဆာင္ရျခင္းမွ်ပါေပ။

Ran Feng Ge တြင္ လွ်ို႔ဝွက္ခ်က္မည္မွ် မ်ားမ်ား ရွိေနပါေသးသနည္း? သူကား
မည္မွ် အံ့ခ်ီးဖြယ္ ပါရမီမ်ားကို ပိုင္ဆိုင္ထားပါေသးသနည္း?

​ကခုန္ၿပီးသည့္ေနာက္ ​Ran Feng Ge ေျခေထာက္ျဖင့္ လက္ပ္ေတာ့၏ ရပ္တန့္ခလုတ္ကိုႏွိပ္လိုက္သည္။ အကအမ်ိဳးအစားမ်ားစြာကို တစ္ဆက္တည္း အသုံးေတာ္ခံၿပီး​ခ်ိန္ အနည္းငယ္ေဟာဟဲလိုက္ေနသည့္တိုင္ သူ၏ေသြးရဲေနေသာ
မ်က္ႏွာဝယ္ ပ်ိဳမ်စ္စြမ္းအင္မ်ား ျဖာထြက္လ်က္ရွိသည္။ သူက ေခါင္းကိုေစာင္းငဲ့၍ Su Yi Mo ထံ အနည္းငယ္ထိကပါးရိကပါးနိုင္ေသာ ေလွာင္ၿပဳံးျဖင့္ ၾကည့္လိုက္သည္။
"ဘယ္လိုလဲ? အခု ငါ့ကို အရည္အေသြးျပည့္မွီတယ္လို႔ ထင္သြားၿပီလား? ဒါမွမဟုတ္ ဆရာငွားဖို႔ စီစဥ္ေနတုန္းပဲလား?"

Ran Feng Ge ၏ပင္ကိုစြမ္းရည္မ်ားႏွင့္ပတ္သတ္ၿပီး Su Yi Mo ႀကိတ္၍ အံ့အားသင့္ေနေစကာမူ သူ၏အမူအရာမွာ ေတာ္ေတာ္ေလး မေျပာင္းမလဲရွိေနဆဲပင္။ Ran Feng Ge ၏အေမးကိုၾကားလွ်င္ သူက ၿပဳံး႐ုံၿပဳံးကာ ေပါ့ေပါ့တန္တန္ ေမးလိုက္သည္။
"မင္းတို႔ လူစားထိုးအားလုံး ဒီလိုဟာေတြေလ့လာရတာလား?"

"ေသခ်ာေပါက္ ဘယ္ဟုတ္မလဲ"
Ran Feng Ge ဆိုဖာေက်ာမွီေပၚ ပစ္တင္ထားသည့္ တဘက္ကို ကုန္းေကာက္လိုက္သည္။
သူ႕လည္တိုင္က ေခြၽးမ်ားကိုသုတ္ပစ္ရင္း ရွင္းျပေလသည္။
"သူတို႔က ထူးထူးျခားျခားအႏၱရာယ္ႀကီးတဲ့ လူစားထိုးမ်ိဳး ျဖစ္ခ်င္ရင္ တိုက္ခိုက္ေရးနဲ႕ ေသနတ္ပစ္ေလ့က်င့္ေရးေတြမွာ အာ႐ုံစိုက္ရမယ္။ လူႀကီးလူေကာင္းပီသတဲ့ လူစားထိုးမ်ိဳးျဖစ္ခ်င္ရင္က် အေျခခံေတြပိုင္ေအာင္ ေလ့လာရမယ္ ဒါေပါ့ ထူးထူးျခားျခား မွတ္ဉာဏ္ေကာင္းဖို႔လည္း လိုေသးတယ္။ ေက်ာ္ၾကားတဲ့ သ႐ုပ္ေဆာင္ ဒါမွမဟုတ္ အဆိုေတာ္ေတြအတြက္ လူစားထိုးလုပ္ဖို႔ အစီအစဥ္ရွိရင္ေတာ့ အဆို၊အက၊ဂီတပညာနဲ႕ အျခားနယ္ပယ္ေတြကို ေလ့လာထားဖို႔လိုအပ္တာေပါ့"

"အိုး...ဒါဆို မင္းက ဘာေၾကာင့္ အမ်ားႀကီးေလ့လာထားရတာလဲ?"

"နည္းနည္းေလာက္ပိုၿပီး ေလ့လာထားလို႔ ဘာမွမထိခိုက္ဘူးေလ မဟုတ္ဘူးလား?"

"မွန္တယ္။ မဟုတ္ရင္ မင္းက ဘယ္လိုလုပ္ၿပီး အေဆာက္အအုံရဲ႕ ေ႐ႊအဆင့္လူစားထိုးျဖစ္လာမွာလဲ? တျခား ဘာေတြမွာေရာ ေတာ္ေသးလဲ? အတိုက္အခိုက္လား..အပစ္အခတ္လား..ဗုံးအျဖဳတ္အဆင္လား..ေကာ့ေတးအစပ္အျပဳလား..
တင္းနစ္တို႔ ေဂါက္တို႔ စေတာ့ေစ်းကစားတာတို႔လား..ေငြေၾကးျမႇုပ္ႏွံတာတို႔ ေလာင္းကစားလုပ္တာတို႔လား?"
Su Yi Mo က အသက္တစ္ရွိုက္စာအတြင္း သူေတြးမိသမွ် စြမ္းရည္မ်ားစြာကို ေဒါက္ေဒါက္ ေဒါက္ေဒါက္ေျပာသြားသည္။ သူက
ရိုးရိုးတန္းတန္းစုံစမ္း​​ျခင္းမ်ိဳးထက္ စစ္ေၾကာေနသည့္ပမာ
Ran Feng Ge ထံ တေမ့တေမာ အၾကည့္ကပ္ထားပါသည္။

Ran Feng Ge ၏ မ်က္ႏွာကၿပဳံးစစျဖစ္သြား၏။ ျပန္မေျဖပါ။

"ဘာျဖစ္လို႔လဲ? ငါ အကုန္လုံးမွန္းလိုက္နိုင္​တာေတာ့ မဟုတ္ဘူးမလား?"
Su Yi Mo က ပေဟဠိဆန္သည့္အၿပဳံးကို ထုတ္ျပလာ၏။

'ဒီေကာင္ေလး ဒီေလာက္ ပါရမီရွိေနတာ တကယ္က စြယ္စုံရသမားအျဖစ္ ေလ့က်င့္ထားလို႔မ်ားလား'

"မဟုတ္ပါဘူး။ မင္း မမွန္းနိုင္တာ တစ္ခုမကက်န္ေသးတယ္။"
Su Yi Mo ၏ပီတိျဖာေနေသာ အမူအရာေၾကာင့္ Ran Feng Ge ဝန္မခံနိုင္ပါ။ သူက Su Yi Mo ထံျဖည္းျဖည္းခ်င္း ကပ္လာၿပီး ခပ္တိုးတိုးဆိုလိုက္သည္။
"တကယ္ေတာ့.. ငါက ခ်စ္မႈေရးရာေတြမွာ ပိုေတာင္ကြၽမ္းေသးတာ"

>>>>>>>>>>><<<<<<<<<<<<

Continue Reading

You'll Also Like

1.3M 120K 105
Turƙashi, wannanfa shine cakwakiyoyi ba cakwakiya ba, bamma san yanda zan musalta muku kitimurmurar dake cikin book ɗinnan ba sam, dan wani irin ruɗ...
367K 67.9K 132
Special Case Files of Rebirth All Credit to - Original Author - 狂想之途 KuangXiang Zhi Tu Chapter - 132 English Translator - Vivian English Editor...
294K 8.1K 53
ក្មេងក្រោមអាយុ18ឆ្នាំហាមចូលអាន តែបើចង់អានក៏ចូលអានទៅ សុំទោសចំពោះពាក្យណាដែលមិនសមរម្យ បើមិនពេញចិត្ត អូសរំលងចុះ ហាមខមិនអ្វីប៉ះពាល់ដល់អ្នកសរសេរ👌 ...
338K 42.8K 139
I Become the Older Brother of the Heroine in Abusive Novel Description ယုံနင်မြို့စား၏ဆက်ခံသူ ကျွင်းဟွိုင်လန်မှာ ပြန်လည်မွေးဖွားလာပြီးနောက် သူက ရှော...