8️⃣ ချစ်၍ချစ်သော [ Lovely gen...

Od MariaSeng

180K 5.5K 54

လူတိုင်း လူတိုင်းမှာ အချစ်ဦးဆိုတာ သေချာပေါက် ရှိခဲ့ဖူးကြမှာပါ။ အဲ့ဒီအချစ်ဦးနဲ့ ကွဲသွားကြတဲလူတွေရှိသလို ထာ၀ရ... Viac

အပိုင်း ( ၂ )
အပိုင်း ( ၃ )
အပိုင်း ( ၄ )
အပိုင်း ( ၅ )
အပိုင်း ( ၆ )
အပိုင်း ( ၇ )
အပိုင်း ( ၈ )
အပိုင်း ( ၉ )
အပိုင်း ( ၁၀ )
အပိုင်း ( ၁၁ )
အပိုင်း ( ၁၂ )
အပိုင်း ( ၁၃ )
အပိုင်း ( ၁၄ )
အပိုင်း ( ၁၅ )
အပိုင်း ( ၁၆ )
အပိုင်း ( ၁၇ )
အပိုင်း ( ၁၈ )
အပိုင်း ( ၁၉ )
အပိုင်း ( ၂၀ )
အပိုင်း ( ၂၁ )
အပိုင်း ( ၂၂ )
အပိုင်း ( ၂၃ )
အပိုင်း ( ၂၄ )/ ဇာတ်သိမ်းပိုင်း

အပိုင်း ( ၁ )

23.8K 359 7
Od MariaSeng

Unicode font

ချစ်၍ ချစ်သော [ Lovely Gentleman ]
အပိုင်း (၁)

ဒီနေ့ အိမ်မှူးလေးအပျော်ရွှင်ရဆုံးနေ့။ စောင့်မျှော်ခဲ့ရတဲ့ဒီနေ့အတွက် ညကတည်း စိတ်လှုပ်ရှားလွန်းလို့အိပ်မပျော်နိုင်ခဲ့။ သူမ မိခင်ဖြစ်သူကတော့ ဆယ်တန်းအောင်စာရင်းထွက်မှာမို့ စိတ်ပူလို့အိပ်မပျော်နိုင်ဖြစ်နေတယ်လို့ထင်နေသေးသည်။ သမီးဖြစ်သူက ဘာတွေလုပ်ဖို့ကြံစည်နေလဲဆိုတာ နည်းနည်းမှ  မရိပ်မိပဲလေ။ အောင်စာရင်းကို အောင်မယ်ဆိုတာ သေချာပေါက်သိလို့ အနည်းငယ်လောက်သာ စိတ်ပူခဲ့ပေမယ့် အိပ်ရေးပျက်ရလောက်အောင်အထိ စိတ်လှုပ်ရှားမနေခဲ့ပါ။  တကယ်တော့ သူမ ဆယ်တန်းအောင်ရင် ကြိုက်တာပေးမယ်ဆိုတဲ့ ကတိစကားတစ်ခုကြောင့်သာ ရင်ခုန်နေခဲ့တာပါ။

ဂုဏ်ထူးနှစ်ဘာသာနဲ့အောင်တယ်ဆိုတာ သိပြီးကတည်းက မမချစ်ရဲ့ Queen Floral service and gift shop လေးမှာ လာထိုင်စောင့်နေခဲ့မိသည်။ မနက်ခုနှစ်နာရီကျော်ပဲရှိသေးလို့ ၀န်ထမ်းတွေလဲမရောက်ကြသေးသလို ဆိုင်လဲမဖွင့်သေးလို့ အိမ်ကလေးမှာ ဆိုင်ပေါက်၀နားက လှေကားထစ်လေးမှာထိုင်ရင်း နောက်နာရီပိုင်းမှာ ကြုံတွေ့ရမယ့်ကိစ္စတွေကို စိတ်ကူးယဉ်ကာ ပြုံးပျော်နေမိသည်။ သူမ သိပ်ချစ်ရတဲ့ကိုကိုနဲ့တရား၀င်ချစ်သူ ဖြစ်ခွင့်ရတော့မှာပါလား။ ချစ်သူအဆင့် မဟုတ်ပါဘူး။ ခင်ပွန်းလောင်းပေါ့။ တစ်ယောက်ထဲ တဟိဟိနဲ့သဘောကျနေစဉ်မှာပဲ မမချစ်ရောက်လာခဲ့သည်။

“ဟယ် အိမ်မှူးလေး အစောကြီးရောက်နေပါလား”

အိမ်မှူး စံပါယ်ပန်းခက်တွေပိုက်ပြီးရောက်လာတဲ့ ဆိုင်ရှင်ဖြစ်သူ မမချစ်ကို လျှာထုတ်ကာ ရယ်ပြလိုက်သည်။

“ငါနင်အစောကြီးရောက်နေမှာစိုးလို့ စောစောလာခဲ့တာ ထင်တဲ့အတိုင်းပဲ လာ… လာ…”

ဆိုင်သော့ဖွင့်ပြီး ၀င်သွားတဲ့မမချစ်နောက်က လိုက်၀င်လာခဲ့ရင်း

“မမချစ် ပန်းတွေအရမ်းလှတယ်နော်”

“အမလေး ရှင်လေး တကူးတကလာလာညော်လွန်းလို့စပါယ်ရှယ်မှာထားပေးရတာပါတော်”
“Wrapping paper ကခရမ်းရောင်နော်”
“ငါအလွတ်ရပြီးသား ထပ်မပြောနဲ့တော့ သေချာလုပ်ပေးပါ့မယ်မမလေး”
“ဟီး… ဟီး…”

အိမ်မှူး ရှက်ပြီး တဟီးဟီးရယ်ကာ ငြိမ်နေလိုက်ရသည်။ စံပါယ်ပန်းခက်နဲ့ပန်းစည်းလုပ်ပေးဖို့ မမချစ်ဆီကို လွန်ခဲ့တဲ့တစ်ပါတ်လောက်ထဲက လာလာပြောနေခဲ့တော့ အလွတ်မရပဲနေပါ့မလား။
မမချစ်ထုပ်ပိုးပြီးသွားတဲ့ စံပါယ်ပန်းပန်းစည်းလေးဟာ ဘယ်လိုလှမှန်းမသိ။ ခရမ်းရောင်စက္ကူနဲ့ထုပ်ထားတဲ့ စံပါယ်ပန်း ဖြူဖြူလေးတွေဟာ အစိမ်းရောင်အရွက်ကြားမှ လန်းဆန်းလှပလျက်။ ဒီလိုပန်းခက်လတ်လတ်ဆတ်ဆတ်တွေရဖို့ မမချစ် အထူးတလည်အော်ဒါမှာထားရတာပါ။ သူ့ဆိုင်မှာ စံပါယ်ပန်းစည်းလာမှာတဲ့သူ တစ်ယောက်မှ မရှိဘူးလို့ အိမ်မှူးကို ပွစိပွစိပြောပေမယ့်လည်း လိုချင်တာကို ရအောင်လုပ်ပေးရှာပါသည်။

“မမချစ် သွားပြီနော်”

ပန်းစည်းကို စက်ဘီးခြင်းတောင်းထဲထည့်ပြီး ဒေါက်ဖြုတ်ကာ မမချစ်ကို အော်ပြီးနုတ်ဆက်လိုက်သည်။

“အေး… အိမ်ကလေးရေ စက်ဘီးကောင်းကောင်းစီးဦး”
“ဟုတ်”

မမချစ်ကို ဟုတ်လို့သာပြန်ပြောလိုက်ပေမယ့် စက်ဘီးကိုအရှိန်နဲ့စီးလာခဲ့မိသည်။ ကိုကိုဆီ အမြန်ဆုံးရောက်ချင်လှပါပြီ။ စက်ဘီးခြင်းထဲက ပန်းစည်းလေးကို ငုံ့ကြည့်ရင်း သူမအိမ်ရှိတဲ့လမ်းထဲ ချိုးကွေ့လိုက်စဉ်တွင် ကားတစ်စီးမောင်းလာတာ သတိထားမိလို့စက်ဘီးကို အမြန်ဘရိတ်အုပ်လိုက်ပေမယ့် လူရောစက်ဘီးပါလဲကျသွားခဲ့ပြီး တလမ်းလုံးယိမ်းလာတဲ့ ပန်းစည်းလေးကတော့ သူမနဲ့ခပ်လှမ်းလှမ်းကို လွင့်စင်ကျသွားလေသည်။

ကားနဲ့စက်ဘီး ဘရိတ်ကိုယ်စီနင်းလိုက်လို့မတိုက်မိပေမယ့် အိမ်မှူးကတော့ဆိုးဝါးစွာမြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့ရသည်။ ပန်းစည်းကို အမြန်ဆုံးပြေးကောက်ချင်ပေမယ့် ဘယ်ဘက်တံတောင်ဆစ်နာသွားသောကြောင့် ကြည့်လိုက်ရာ ပွန်းပဲ့ကာ သွေးများပင်စို့နေလေသည်။ စိတ်ညစ်လိုက်တာ။ မေမေသိရင်ဆူတော့မှာပဲလို့တွေးပြီး ပန်းစည်းကို ပြန်ကြည့်လိုက်မိစဉ် သူမအလွန်မြတ်နိုးသောပန်းစည်းအား သေသေချာချာကြီးကို တက်နင်းကာ အနားရောက်လာတဲ့ ပြောင်လက်တောက်ပြောင်နေတဲ့ ရှုးဖိနပ် တစ်စုံ။

“ကလေးမ ဘာဖြစ်သွားသေးလဲ”

မေးနေတဲ့လူကို မော့မကြည့်အားပဲ အနင်းခံလိုက်ရတဲ့ပန်းစည်းလေးအား နမြောတသစွာကြည့်ရင်း မျက်ရည်တွေ ဝဲလာခဲ့မိသည်။ ကိုကို သိပ်မြတ်နိုးတဲ့စံပါယ်ပန်းကို ကိုကိုကြိုက်တဲ့ခရမ်းရောင်စက္ကူနဲ့ထုပ်ထားတဲ့ ပန်းစည်းလှလှလေးဟာ အခုတော့ လူတစ်ယောက်က ရက်ရက်စက်စက် တက်နင်းသွားတယ်တဲ့လား။
ဖိနပ်နဲ့ဖိနင်းခံရသောကြောင့် စံပါယ်ပန်းတချို့ဟာ ပြားကပ်ပျက်စီးသွားလေသည်။ အိမ်မှူး ပန်းစည်းကိုကြည့်နေရင်း စိတ်ထဲတမျိုးဖြစ်လာမိသည်။ ဒါ နိမိတ်များ။ ဟင့်အင်း မဟုတ်လောက်ပါဘူး။ ဒီပန်းစည်းလေးကို ကိုကိုကို့ပေးပြီး လက်ထပ်ခွင့်တောင်းဖို့ ရည်ရွယ်ထားခဲ့တာကို ခုလိုပျက်စီးသွားတယ်ဆိုတော့။ အိမ်မှူး ၀မ်းနည်းစွာမျက်ရည်တွေကျလာကာ မျက်လုံးထဲမှာ ဘာမှမမြင်နိုင်တော့။

“ဟေး မင်းအဆင်ပြေရဲ့လား”

သူမရဲ့ပုခုံးကို လှုပ်ကိုင်ကာ မေးလာတဲ့လူကြီးရဲ့လက်ကို ခပ်ကြမ်းကြမ်းပုတ်ထုတ်လိုက်ကာ စိတ်တိုပြီးပြောလိုက်သည်။

“မပြေဘူး ပန်းစည်းလေးပျက်စီးသွားပြီ”

အဲ့ဒီတော့မှ ထိုလူလဲ သူမကြည့်နေတဲ့ပန်းစည်းကို လိုက်ကြည့်လိုက်ရင်း အားနာစကားဆိုလေသည်။

“Sorry ကိုယ်ပြန်၀ယ်ပေးမယ်နော် အခုတော့ ထလိုက်ဦး ထနိုင်ရဲ့လား ဆေးခန်းပြဖို့လိုသေးလားမသိဘူး”

ပြန်၀ယ်ပေးမယ်တဲ့လား။ ဒီပန်းစည်းမျိုး ပြန်၀ယ်ပေးလို့ရနိုင်တယ်ထားပါဦး။ အဲ့လိုအစားပြန်ရတဲ့ပန်းစည်းဟာ သူမ ကိုယ်တိုင် တယုတယနဲ့ကြိုတင်မှာယူထားတဲ့ ဒီပန်းစည်းနဲ့နှိုင်းယှဉ်လို့ ရပါမည်လား။ ကားပေါ်ကနေ ဆင်းလာတာကို နည်းနည်းပါးပါးသတိထားဦးမှပေါ့။ အခုတော့ သူ့ရဲ့မဆင်ခြင်မှုတွေကြောင့် လူလဲနာသလို၊ အသဲပါ နာလာရပြီး ဒီလူကို နည်းနည်းမှ မကျေနပ်နိုင်ပေမယ့်လည်း ဘာတတ်နိုင်ဦးမှာလဲ။
ထိုလူက ပြောပြောဆိုဆိုနဲ့ သူမရဲ့စက်ဘီးကိုထောင်နေလို့ အိမ်ကလေး မတ်တပ်ရပ်ကာ ထိုလူလက်ထဲက စက်ဘီးကို ဆွဲယူလိုက်သည်။

“မလိုဘူး ခင်ဗျားက ကားမောင်းတဲ့လူလား”

အသားညိုစိုစို၊ အရပ်မြင့်မြင့်နဲ့ ကိုကိုနဲ့ရွယ်တူဖြစ်မည်ထင်ရသောဒီလူဟာ ကားကိုမဆင်မခြင်မောင်းလာပုံပါ။

“အင်း…”

သူမမေးခွန်းတွေကိုဖြေရင်း ပန်းစည်းကိုကောက်ယူကာ လာပေးနေတဲ့လူကို ဘယ်လိုမုန်းမှန်းမသိ။ ပန်းစည်းကို ဖြတ်ခနဲ ဆွဲယူကာ သူ့ရင်ဘတ်ဆီသို့ ပစ်ပေါက်ပေးလိုက်ရင်း

“မရချင်တော့ဘူး အဲ့ဒီပန်းစည်းအစုတ်ကို ခင်ဗျားပဲယူသွားတော့ နောက်ခါကားမောင်းရင် ဖြည်းဖြည်းမောင်း သတိထားမောင်း သိလား”
“ဟာ… နေဦးလေ”

ထိုလူဘယ်လောက်အော်အော် တစ်ချက်မှလှည့်မကြည့်ပဲ မျက်ရည်တွေသုတ်ပြီး စက်ဘီးစီးကာထွက်လာခဲ့လိုက်သည်။ မတော်တဆဖြစ်တာပဲ ဖြစ်ပါစေ။ ဒါဟာ ကိုကို သူမကို ငြင်းမယ့်နမိတ်မဟုတ်ပါစေနဲ့လို့သာဆုတောင်းနေမိသည်။ ခုနတုန်းက စိတ်ကူးအယဉ်ကြီးယဉ်ခဲ့ရတဲ့ ကိုကိုကို့ပန်းစည်းပေးရင်း ဖွင့်ပြောနေတဲ့ပုံရိပ်တွေဟာ အဝေးကြီးဝေးလျက် လက်တွေ့မှာတော့ ငိုယိုနေခဲ့ရလေသည်။

“အီး...ဟီး…”

အိမ်ထဲကို ငိုယိုပြီး၀င်လာတဲ့အိမ်မှူးကြောင့် ဧည့်ခန်းထဲထိုင်နေတဲ့ကိုကိုတစ်ယောက် သူမနားသို့အပြေးရောက်လာ ခဲ့သည်။

“အိမ်မှူးလေး… ဘာဖြစ်လာတာလဲ စာမေးပွဲအောင်တယ်ဆို ဘာဖြစ်လို့ငိုနေတာလဲ”

အဲ့လိုဂရုစိုက်တတ်တဲ့ “ဘုန်းသန့်” ဆိုတဲ့ ကိုကိုဟာ သူမလက်ထပ်ခွင့်တောင်းမှာကို မငြင်းလောက်ဘူးထင်ပါသည်။

“အိမ်မှူး ကားနဲ့တိုက်မိမလိုဖြစ်သွားလို့”
“ဟင်… အခုလား ဘယ်နားနာသွားသေးလဲ အာ… တံတောင်ဆစ်တွေပွန်းကုန်တာပဲ ကိုကိုဆေးထည့်ပေးမယ် လာ”

ကိုကို ဆွဲခေါ်ရာနောက်ကို လိုက်ခဲ့ရင်း ခုနကစိတ်ပူနေတာတွေ လျော့ကျသွားပေမယ့် စိတ်တော့လှုပ်ရှားနေပါသေးသည်။ အိမ်မှူး ဆိုဖာမှာထိုင်ပြီးကျန်နေပေမယ့် ကိုကိုက ဆေးဗူးသွားယူနေလေသည်။ ဟုတ်တယ် ဆေးထည့်ပြီးမှပဲ ဖွင့်ပြောတော့မယ်လို့ဆုံးဖြတ်လိုက်ပြီး ဆေးဗူးယူပြီးပြန်ရောက်လာတဲ့ကိုကို ဆေးထည့်ပေးတာကို ငြိမ်ငြိမ်လေး ခံနေလိုက်သည်။

“ဘယ်လိုဖြစ်ပြီးကားနဲ့တိုက်မိမလိုဖြစ်တာလဲ ဟိုဘက်အိမ်ကနေဒီဘက်အိမ်လာတာကို”
“အိမ်ကလာတာမဟုတ်ဘူး ဟိုဘက်လမ်းထဲကလာတာ”
“ဟိုဘက်လမ်း… စောစောစီးစီး ဘာသွားလုပ်တာလဲ”
“မမချစ်ဆိုင်မှာ ပန်းစည်းသွားယူတာ”
“ပန်းစည်း??? ဘာလုပ်ဖို့လဲအိမ်မှူးရဲ့ ကိုကို့ကိုပြောရင် ကိုကိုသွားယူပေးမှာပေါ့”
“ကိုကို့ကိုပေးဖို့သွားယူတာ”
“ကိုယ့်အတွက်… ဘာလို့ပေးတာလဲ ဘယ်မှာလဲပန်းစည်းရော”

အိမ်မှူးမှာ ကိုကို အဲ့လိုမေးလိုက်မှပဲ ပန်းစည်းလှလှလေးကိုမြင်ယောင်မိရင်း ထပ်ငိုမိပြန်သည်။

“အီး…. အဲ့ဒီလူကြောင့်…”
“ဘယ်ကလူလဲ”
“ကားမောင်းတဲ့လူပေ့ါ ဘယ်သူလဲတော့ မသိဘူး အိမ်မှူးလဲငိုနေလို့သူ့မျက်နှာကိုသေချာမကြည့်လိုက်မိဘူး အဲ့ဒီလူက ကိုကို့ကိုပေးမယ့်ပန်းစည်းကို တက်နင်းသွားတာ အီး…”

တအီးအီးနဲ့ပြောချင်ရာပြောပြီး ၀မ်းနည်းစွာ ငိုနေတဲ့အိမ်မှူးကိုကြည့်ရင်း ဘုန်းသန့်ရယ်ချင်လာမိသည်။

“ကဲ မငိုနဲ့တော့ ကိုယ်က အိမ်မှူးငိုနေလို့အရမ်းနာနေလို့များလားလို့ ပန်းစည်းကအရေးမှမကြီးပဲ မငိုနဲ့တော့နော်”

မျက်ရည်တွေ ညင်သာစွာသုတ်ပေးနေတဲ့ကိုကိုမျက်နှာကို ကြည့်ရင်း

“ဘာလို့အရေးမကြီးရမှာလဲ အဲ့ဒီပန်းစည်းက…”

အိမ်မှူး ပြောလက်စစကားကို ဆက်ပြောဖို့ တွန့်ဆုတ်နေမိသည်။ ဒါက ခါတိုင်းပုံမှန်ပြောနေကျ စကားလိုမှ မဟုတ်ပဲနော်။

“အဲ့ဒီပန်းစည်းက ဘာဖြစ်လဲပြော”
“အဲ့ဒါက…”

အိမ်မှူးမျက်နှာကို ကြည့်ရင်း စိတ်၀င်တစားနားထောင်နေတဲ့ကိုကို့ကို ပြန်ကြည့်နေရင်း ရှက်လာမိသည်။

“အဲ့ဒါ…”

ဘာဖြစ်နေမှန်းမသိတဲ့ အိမ်မှူးကြောင့် ဘုန်းသန့်ရယ်လိုက်မိပြန်သည်။

“ကိုကိုနော်… မရယ်နဲ့ အိမ်မှူးအတည်ပြောမလို့”
“ဟုတ်ပြီ ပြောဆိုတော့လဲ မပြောပဲ”
“ကိုကိုပြောထားတယ်လေ ဆယ်တန်းအောင်ရင် အိမ်မှူးလိုချင်တာပေးမယ်ဆို”
“အင်းလေ မှတ်မိပါတယ် အဲ့ဒါတောင်းမလို့လား”
“အင်း…”
“ပြော… ကိုကိုဘာ၀ယ်ပေးရမလဲ”
“၀ယ်ပေးစရာမလိုပါဘူး ဟို….”

ဘုန်းသန့် စကားပြောဖို့အရေး မဝံ့မရဲပုံဖြစ်နေတဲ့အိမ်မှူးရဲ့ ပါးပြင်ဝါညက်ညက်လေးကို လိမ်ဆွဲလိုက်ရင်း

“အခုမပြောရင်မပေးတော့ဘူး”
“ကိုကို့ကို ရချင်တာ”
“ဟမ်… ဘာပြောတယ်”

သူ အိမ်မှူးရဲ့စကားအဓိပ္ပါယ်ကို နားမလည်လို့ ထပ်မေးလိုက်မိသည်။

“ကိုကိုနဲ့လက်ထပ်ချင်တယ် အိမ်မှူးကိုကို့ကိုချစ်တယ်”

ရုတ်တရက် အံ့အားသင့်သလိုငြိမ်ကျသွားတဲ့ကိုကိုကို အိမ်မှူး စိတ်လှုပ်ရှားစွာကြည့်နေမိသည်။ ဘုရားရေ ကိုကိုက ငါ့ကိုမချစ်ဘူးလား။ လက်မထပ်နိုင်ဘူးလို့ ငြင်းလိုက်တော့မှာလား။ ကိုကို အဲ့လောက်ထိ ငြိမ်သွားစရာလိုလို့လား။ မမျှော်လင့်ထားတဲ့ ဒီအခြေအနေကို အိမ်မှူးရှက်လွန်းလို့မျက်နှာတွေ နီရဲလာကာ ထထွက်လိုက်စဉ်တွင် သူမလက်ကောက်၀တ်ကို ကိုင်ဆွဲလာတဲ့ကိုကိုကို လှည့်ကြည့်လိုက်မိသည်။

“ဒီနေ့မျက်ရည်အိုးကွဲနေတာလား ငိုပဲငိုနေတာ မငိုနဲ့တော့”

ကိုကိုက သူမလက်ကိုဆွဲကိုင်ကာ ပြန်ထိုင်ခိုင်းလို့ထိုင်လိုက်ရင်း

“ကိုကို အိမ်မှူးကို မချစ်ဘူးမလား”

ခပ်တည်တည်နဲ့ခေါင်းငြိမ့်ပြတဲ့ကိုကိုကို စိတ်နာနာနဲ့ကြည့်လိုက်ရင်း ဆက်မေးလိုက်ပြန်သည်။

“လက်လဲမထပ်ချင်ဘူးပေါ့”

ထပ်ပြီး ငြိမ့်ပြပြန်သည်။ အဲ့ဒါများ ဘာလို့လာတားနေသေးလဲ။ ပြန်ခိုင်းလိုက်ပါတော့လား။ လူကြည့် တည့်တည့်ကြည့်ပြီး အရှက်ခွဲနေသေးသည်။

“တော်ပြီ… ပြန်တော့မယ်”
“မငိုနဲ့တော့ပါဆို ကိုကိုဘာမှမပြောရသေးဘူးလေ အိမ်မှူးဘာသာပြောလို့နားထောင်ပေးနေတာကို”
“ဘာနားထောင်ပေးတာလဲ  ခေါင်းငြိမ့်ပြနေပြီးမှ”
“သြော်… အဲ့ဒါက ဆက်ပြောလို့ခေါင်းငြိမ့်ပြတာ သူ့ဘာသာမေးပြီး သူ့ဘာသာဖြေနေတာကို ကိုကိုဘာပြောရသေးလို့လဲ”
“မပြောနဲ့တော့ ဘာမှမကြားချင်တော့ဘူး”
“အဲ့ဒါဆိုလဲမပြောတော့ဘူး”
“ဟမ်…”

ကြည့်စမ်း ကိုကိုဘယ်လောက်အကျင့်ပုတ်လဲ။ သူမ သိချင်နေမှန်းသိသိကြီးနဲ့ မပြောတော့ဘူးတဲ့။

“ဟား ဟား… စတာပါ အိမ်မှူးဘယ်သွားမလို့လဲ သွားရင်ကိုယ့်ကိုပါ ခေါ်သွား”
“အိမ်ပြန်မလို့ပေါ့ ဘာလို့ကိုကို့ကိုခေါ်သွားရမှာလဲ”
“အိမ်မှူးပဲကိုကို့ကိုရချင်တာဆို တခါထဲသွားလေ”
“တကယ်… တကယ်နော် ကိုကို”

ကိုကို ခေါင်းငြိမ့်ပြမလား၊ ဘာပြန်ဖြေမလဲ စိတ်မ၀င်စားတော့။ အိမ်မှူး အပျော်လွန်လွန်းလို့ ထိုင်နေရာမှ ကိုကိုလည်ပင်း ညွှတ်ကျသွားအောင် လက်နှစ်ဖက်နဲ့ သိုင်းဖက်လိုက်မိသည်။ အိမ်မှူးထက် ငါးနှစ်တိတိကြီးတဲ့ ကိုကိုဟာ မကြာခင်မှာ ဟောက်ဆာဂျင်ဆင်းရတော့မယ် ဆရာ၀န်ပေါက်စလေးပါ။ အသားဖြူဖြူ၊ အရပ်မြင့်မြင့်နဲ့ကိုကို့မျက်နှာဟာ လူတွေအပေါ်ကြင်နာတတ်တဲ့ ဆရာ၀န်လောင်းပီပီ တည်ငြိမ်အေးချမ်းလွန်းပါသည်။
အိမ်မှူး ကိုကို့ကို ဘာလို့ချစ်သလဲဆိုတာ သေချာမပြောပြတတ်ပေမယ့် မွေးညှင်စိမ်းလေးတွေ ပေါက်နေတဲ့ကိုကိုရဲ့ လက်ချောင်းရှည်ရှည် သွယ်သွယ်လေးတွေကိုလဲ ချစ်သည်။ အင်မတန် သန့်သန့်ပြန့်ပြန့်နေတတ်သော၊ စကားပြော ချိုသာညင်သာသော၊ သူမအပေါ် အလွန်စိတ်ရှည်ကာ ကြင်နာတတ်သော ကိုကိုပါ။ အဲ့လိုပြောပြလို့ မကုန်နိုင်တဲ့ အမျိုးမျိုးသောအကြောင်းအရာပေါင်းစုံနဲ့ ကိုကို့ကို ချစ်ပါသည်။
ကိုကို့ကို ဖက်ထားရာမှ လွှတ်ကာ ထရပ်လိုက်ရင်း

“ပြန်တော့မယ်”
“ပြန်တော့မလို့လား”
“အင်းလေး အိမ်မှာဖေဖေနဲ့မေမေ စောင့်နေမယ်ထင်တယ် အိမ်မှူးထွက်လာတာ ဘယ်သူမှမသိဘူး အမြန်ပြန်မှ ဖြစ်မယ် စောစောစီးစီးဘယ်သွားနေတာလဲဆိုပြီး ဆူခံနေရဦးမယ် နေ့လယ်မှပြန်လာခဲ့မယ်နော် တာ့တာ.. သွားပြီ”

ပြောပြောဆိုဆိုနဲ့ထွက်သွားတဲ့အိမ်မှူးဟာ အိမ်ပေါက်နားမှာ ရပ်ထားတဲ့စက်ဘီးကို ယူဖို့ သတိမရတော့ပဲ လမ်းလျှောက်ကာ ပြန်သွားလေသည်။ ကျန်နေခဲ့တဲ့ဘုန်းသန့် အိမ်မှူးရဲ့နောက်ကျောကို ကြည့်ရင်း ခေါင်းခါကာ သက်ပြင်းချလိုက်မိသည်။ ဆယ်ကျော်သက်အရွယ်မို့ သူ့အပေါ် စိတ်ကစားတာမလား မပြောတတ်တဲ့ကောင်မလေးဟာ စိတ်နဲ့ကိုယ်နဲ့မကပ်ပဲ  အိမ်ပြန်သွားခဲ့ပါတော့သည်။

“အိမ်မှူးလေး ဘယ်သွားနေတာလဲ မေမေက အိမ်မှာပဲထင်လို့ တအိမ်လုံးလိုက်ရှာနေတာ”

ဧည့်ခန်းထဲ သန့်ရှင်းရေးလုပ်နေတဲ့မေမေက အိမ်မှူးကိုတွေ့တာနဲ့ လှမ်းပြောသည်။

“ဟိုဘက်အိမ်ကပြန်လာတာ”
“စောစောစီးစီး သူများအိမ်ကိုဘာသွားလုပ်တာတုန်း”

သမီးဖြစ်သူရဲ့မချိုမချဉ်ရုပ်ကို သတိထားမိပုံမရ။ အိမ်မှူး ခုံမှာ၀င်ထိုင်လိုက်ရင်း မေမေ့ကိုကြည့်ကာ ပြောလိုက်သည်။

“မေမေ… သမီးရည်းစားထားလိုက်ပြီ”

အမေမေးတာကို ပြန်ဖြေပဲ ပြောချင်ရာ ပြောလိုက်တဲ့အိမ်မှူးကြောင့် မေမေ အံ့သြသလို ကြည့်လာခဲ့သည်။

“ဟေ… သမီးအိမ်လေး ဘာပြောလိုက်တယ်”

ဘယ်တုန်းကရောက်နေမှန်းမသိတဲ့ ဖေဖေက အိမ်မှူးဘေးနား လာ၀င်ထိုင်ရင်း မယုံနိုင်သလို ထပ်မေးပြန်သည်။

“အာ… ဖေဖေ ဘယ်တုန်းကရောက်နေတာလဲ ရှက်လိုက်တာ”

မျက်နှာကိုလက်နှစ်ဖက်နဲ့အုပ်ရင်း ပဲများပြနေတဲ့ သမီးကြောင့် အိမ်မှူးရဲ့အဖေနဲ့အမေဖြစ်သူ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်မိကြသည်။

“သမီး တကယ်ပြောနေတာလား”
“ဟီး… ဟုတ်တယ် အခုပဲ သမီးနဲ့ကိုကို ချစ်သူတွေ ဖြစ်သွားကြပြီ ပျော်လိုက်တာ”

လက်ဖဝါးနှစ်ဖက်ကို ပူးကပ်ကာ ပါးမှာကပ်ထားတဲ့ အိမ်မှူးပုံစံက စိတ်လှုပ်ရှားပျော်ရွှင်နေမှန်း သိသာပါသည်။ သူမ ကိုကိုလို့ခေါ်တဲ့ဘုန်းသန့်နဲ့ဆို သဘောမတူနိုင်စရာ ဘာအကြောင်းမှ မရှိသော်လည်း မောင်နှမလိုနေခဲ့ကြတဲ့သူတွေက ဘယ်လိုလုပ် ချစ်သူတွေ ဖြစ်သွားကြလဲမသိ။ တစ်ခါမှလဲ ထူးထူးဆန်းဆန်း ဘာဘာညာညာတွေ မကြားမိပါပဲ။ လင်မယားနှစ်ယောက်သား ထပ်ကြည့်မိလိုက်ကြပြန်သည်။

“မျက်နှာကဘာဖြစ်လာတာလဲ ငိုထားတာလား ဟင်… ကြည့်စမ်း လက်မှာပွန်းနေပါလား ဘာဖြစ်ခဲ့ပြန်ပြီလဲ နှင်းအိမ်မှူး”

အမေက သူမဘေးနား၀င်ထိုင်လိုက်ရင်း သမီးဖြစ်သူဘယ်နေရာမှာ ဒဏ်ရာရခဲ့လဲဆိုတာ ဖြတ်ခနဲကြည့်လိုက်တာနဲ့ တန်းတွေ့တော့သည်။

“ဟို စက်ဘီးစီးရင်း ကားနဲ့တိုက်မိမလိုဖြစ်သွားလို့”
“ဘာ… နင့်ကိုငါစက်ဘီးမစီးရဘူးလို့မပြောထားဘူးလား အိမ်မှူး အမေစကားကို နားမထောင်ဘူးပေါ့”

အိမ်မှူး အပျော်တွေဘယ်ရောက်သွားမှန်းမသိတော့။ အမေက အဲ့လိုပဲ သူမကိုဆို အရမ်းပွားသည်။

“ဘယ်မှာလဲစက်ဘီး ကားကြိတ်ခံရလို့ပျက်စီးသွားပြီလား”
“ဟင် မပျက်ပါဘူး ဟိုမှာ… အဲ… ဟိုဘက်အိမ်မှာကျန်ခဲ့ပြီ ဟီးးးး”

ဒေါ်ဝေ၀ဇင် အိမ်မှူးကို ဖြစ်ရမယ်ဆိုတဲ့အကြည့်နဲ့ကြည့်လိုက်မိသည်။ ဒီလို အခုမှ အပျိုပေါက်စ ဆယ်ကျော်သက်အရွယ် သစ်နင်းသစ်ကျိုး၊ ဝါးနင်းဝါးကျိုး ဆပ်စလူးစိန်မလေးကို ဘုန်းသန့်ကြိုက်တယ်ဆိုတာ သိပ်တော့မယုံချင်ပေ။ ဘုန်းသန့်ဆိုတာက သူ့ဘာသာ ခပ်အေးအေးနေတဲ့ လူမျိုးဆိုပေမယ့် အိမ်မှူးကို ညီမလေးတစ်ယောက်လို ချစ်ပြီး အရမ်းအလိုလိုက်တတ်တဲ့သူဆိုတာ ဒေါ်ဝေဇင်တို့လင်မယားတင်မက ဘုန်းသန့်အမေဖြစ်တဲ့ ဒေါ်ဝါဆိုဦးပါ သိပါသည်။

“သမီး အရမ်းပျော်လို့မေ့သွားတာပါ ဒါနဲ့ဖေ သမီးရည်းစားထားလို့စိတ်မဆိုးဘူးမလား”

သမီးဖြစ်သူ အိမ်မှူးကို ဦးထက်ဇော် ခေါင်းခါပြလိုက်ရင်း

“မဆိုးပါဘူး ဒါနဲ့သမီးတို့ဘယ်တုန်းကကြိုက်သွားတာလဲ”
“သမီး အခုပဲ ကိုကိုကို့ဖွင့်ပြောလိုက်တာလေ ဆယ်တန်းအောင်ရင်လိုချင်တာပေးမယ်ဆိုလို့ ကိုကို့ကို လိုချင်တာလို့ ပြောလိုက်တာ အခုတော့ ချစ်သူတွေ ဖြစ်သွားပါပြီ သမီး အခန်းထဲသွားလိုက်ဦးမယ်”

ပြောပြောဆိုဆိုနဲ့ပျော်ရွှင်စွာ အပေါ်တက်သွားတဲ့သမီးဖြစ်သူကို ဦးထက်ဇော်တို့လင်မယားနှစ်ယောက်စလုံး ဘာမှ ပြန်မပြောနိုင်ပဲ ငေးကြည့်ကာ ကျန်နေရစ်ခဲ့သည်။

“ကိုထက်ဇော်…. ဘယ်လိုလုပ်ကြမလဲ အိမ်မှူးနဲ့တော့ ခက်ပါတယ် ဘုန်းသန့်ကို မျက်နှာပူလိုက်တာရှင်”
“ဘာလို့မျက်နှာပူရမှာလဲ လူငယ်တွေကိစ္စပါဆို ဘေးနားကနေ မသိမသာ၀င်ထိန်းပေးရင်း မသိချင်ယောင်ပဲ ဆောင်နေကြတာပေါ့”
“ဝါဆိုကို ဘယ်လိုပြောရမလဲ မသိတော့ဘူး”
“ဘာပြောရမှာလဲ ငါတို့ကသမီးရှင် ခပ်တည်တည်ပဲ နေကြတာပေါ့ အိမ်မှူးကို သူဒီလောက်ချစ်တာ သဘောမတူပဲမနေဘူး အရင်ကလဲ ဘုန်းမိုးနဲ့သွန်းသွန်းကို သဘောတူခဲ့တာပဲ ကလေးတွေမကြိုက်လို့သာ လက်လျော့ထားခဲ့ရတာ အခု အိမ်မှူးနဲ့ ဘုန်းသန့်ကိုလဲ ဘာသဘောမတူနိုင်စရာအကြောင်းရှိမှာလဲ”

ဦးထက်ဇော် ပြောတာမှန်ပါသည်။ ဒေါ်ဝေဇင်ရဲ့သူငယ်ချင်းအရင်းကြီးဖြစ်တဲ့ ဒေါ်ဝါဆိုဦးဟာ အိမ်မှူးကို သမီးအရင်းလို ချစ်တာကိုသိပေမယ့် ဒီဆပ်စလူးမလေးကို ချွေးမအဖြစ်တော့ လက်ခံချင်ပါ့မလားမသိ။

ဒေါ်ဝေဇင်မှာ မိုးသွန်းဖြိုး၊ နှင်းအိမ်မှူးနဲ့  မိုးဝဿန်ဆိုတဲ့ သားသမီး သုံးယောက်ရှိသလို ဒေါ်ဝါဆိုမှာလဲ ဘုန်းမိုးနဲ့ဘုန်းသန့်ဆိုတဲ့ သားနှစ်ယောက်ရှိပါသည်။
ဒေါ်ဝါဆိုနဲ့ဒေါ်ဝေဇင်က ငယ်ကတည်းကခင်ကြပေမယ့် အိမ်ထောင်ကျပြီးနောက်ပိုင်း သိပ်မတွေ့ဖြစ်ကြတော့ပေ။ ဒေါ်ဝါဆိုက ခင်ပွန်းဆုံးပြီး သိပ်မကြာခင်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် ဒေါ်ဝေဇင်တို့အိမ်ဘေးကအိမ်ကို ၀ယ်ပြီး ပြောင်းနေခဲ့လို့ နဂိုထဲက သူငယ်ချင်းတွေဖြစ်ကြတော့ နှစ်အိမ်တစ်အိမ်လို ရင်းရင်းနှီးနှီးနေခဲ့ကြတာ အိမ်မှူးလေး ငါးတန်းအရွယ်ကတည်းပါ။

အဲ့ဒီတုန်းက ဘုန်းသန့်က ဆယ်တန်း။ သွန်းသွန်းက ဆယ်တန်းအောင်ထားခါစဖြစ်ပြီး ဘုန်းမိုးက တက္ကသိုလ်တက်နေပြီ ဖြစ်သည်။ ဒါကြောင့်လဲ အသက်သိပ်မကွာတဲ့ ဘုန်းမိုးနဲ့သွန်းသွန်းကို လူကြီးတွေက သဘောတူခဲ့ကြတာပါ။
ဘုန်းမိုးနဲ့ဘုန်းသန့်ဟာ အသက်သုံးနှစ်လောက်သာ ကွာပေမယ့် သမီးကြီးသွန်းသွန်းနဲ့ သမီးလတ်အိမ်မှူးကတော့ ခြောက်နှစ်ခန့်ကွာပါသည်။ အိမ်မှူးမွေးပြီး နှစ်နှစ်လောက်မှာ သားငယ်ဝဿန်ကို ရလာခဲ့လို့ အိမ်မှူးကို သိပ်ဂရုမစိုက်မိသလို ဖြစ်တာတော့ အမှန်ပင်။ တတ်နိုင်သလောက် သတိထား ဂရုစိုက်ပေမယ့်လဲ သူများတွေ ပြောကြသလို အလတ်မို့ ကြားကနေ လပ်နေခဲ့ရလားထင်ရသည်။

ဒါကြောင့်လဲ အိမ်မှူးဟာ သူမစိတ်တိုင်းကျ အလိုလိုက်ကာ ဆိုးနွဲ့လို့ရတဲ့ ဒေါ်ဝါဆိုတို့မိသားစုကို အလွန်ကို ခင်တွယ်ခဲ့ပါသည်။ သမီးမရှိတဲ့ဒေါ်ဝါဆိုကလဲ အိမ်မှူးကို သမီးအရင်းတစ်ယောက်လို ချစ်ခဲ့တာလဲ အမှန်ဆိုပေမယ့် ချွေးမအဖြစ်တော့ စိတ်ကူးဖူးရဲ့လားဆိုတာ ဒေါ်ဝေဇင်လဲ မသိတတ်တော့။
==================
အားပေးမှုကို ကျေးဇူးတင်ပါတယ်
N. Maria Seng
Photo#Credit

Zawgyi font

ခ်စ္၍ ခ်စ္ေသာ [ Lovely Gentleman ]
အပိုင္း (၁)

ဒီေန႕ အိမ္မႉးေလးအေပ်ာ္႐ႊင္ရဆုံးေန႕။ ေစာင့္ေမွ်ာ္ခဲ့ရတဲ့ဒီေန႕အတြက္ ညကတည္း စိတ္လႈပ္ရွားလြန္းလို႔အိပ္မေပ်ာ္နိုင္ခဲ့။ သူမ မိခင္ျဖစ္သူကေတာ့ ဆယ္တန္းေအာင္စာရင္းထြက္မွာမို႔ စိတ္ပူလို႔အိပ္မေပ်ာ္နိုင္ျဖစ္ေနတယ္လို႔ထင္ေနေသးသည္။ သမီးျဖစ္သူက ဘာေတြလုပ္ဖို႔ႀကံစည္ေနလဲဆိုတာ နည္းနည္းမွ  မရိပ္မိပဲေလ။ ေအာင္စာရင္းကို ေအာင္မယ္ဆိုတာ ေသခ်ာေပါက္သိလို႔ အနည္းငယ္ေလာက္သာ စိတ္ပူခဲ့ေပမယ့္ အိပ္ေရးပ်က္ရေလာက္ေအာင္အထိ စိတ္လႈပ္ရွားမေနခဲ့ပါ။  တကယ္ေတာ့ သူမ ဆယ္တန္းေအာင္ရင္ ႀကိဳက္တာေပးမယ္ဆိုတဲ့ ကတိစကားတစ္ခုေၾကာင့္သာ ရင္ခုန္ေနခဲ့တာပါ။

ဂုဏ္ထူးႏွစ္ဘာသာနဲ႕ေအာင္တယ္ဆိုတာ သိၿပီးကတည္းက မမခ်စ္ရဲ႕ Queen Floral service and gift shop ေလးမွာ လာထိုင္ေစာင့္ေနခဲ့မိသည္။ မနက္ခုႏွစ္နာရီေက်ာ္ပဲရွိေသးလို႔ ၀န္ထမ္းေတြလဲမေရာက္ၾကေသးသလို ဆိုင္လဲမဖြင့္ေသးလို႔ အိမ္ကေလးမွာ ဆိုင္ေပါက္၀နားက ေလွကားထစ္ေလးမွာထိုင္ရင္း ေနာက္နာရီပိုင္းမွာ ႀကဳံေတြ႕ရမယ့္ကိစၥေတြကို စိတ္ကူးယဥ္ကာ ၿပဳံးေပ်ာ္ေနမိသည္။ သူမ သိပ္ခ်စ္ရတဲ့ကိုကိုနဲ႕တရား၀င္ခ်စ္သူ ျဖစ္ခြင့္ရေတာ့မွာပါလား။ ခ်စ္သူအဆင့္ မဟုတ္ပါဘူး။ ခင္ပြန္းေလာင္းေပါ့။ တစ္ေယာက္ထဲ တဟိဟိနဲ႕သေဘာက်ေနစဥ္မွာပဲ မမခ်စ္ေရာက္လာခဲ့သည္။

“ဟယ္ အိမ္မႉးေလး အေစာႀကီးေရာက္ေနပါလား”

အိမ္မႉး စံပါယ္ပန္းခက္ေတြပိုက္ၿပီးေရာက္လာတဲ့ ဆိုင္ရွင္ျဖစ္သူ မမခ်စ္ကို လွ်ာထုတ္ကာ ရယ္ျပလိုက္သည္။

“ငါနင္အေစာႀကီးေရာက္ေနမွာစိုးလို႔ ေစာေစာလာခဲ့တာ ထင္တဲ့အတိုင္းပဲ လာ… လာ…”

ဆိုင္ေသာ့ဖြင့္ၿပီး ၀င္သြားတဲ့မမခ်စ္ေနာက္က လိုက္၀င္လာခဲ့ရင္း

“မမခ်စ္ ပန္းေတြအရမ္းလွတယ္ေနာ္”

“အမေလး ရွင္ေလး တကူးတကလာလာေညာ္လြန္းလို႔စပါယ္ရွယ္မွာထားေပးရတာပါေတာ္”
“Wrapping paper ကခရမ္းေရာင္ေနာ္”
“ငါအလြတ္ရၿပီးသား ထပ္မေျပာနဲ႕ေတာ့ ေသခ်ာလုပ္ေပးပါ့မယ္မမေလး”
“ဟီး… ဟီး…”

အိမ္မႉး ရွက္ၿပီး တဟီးဟီးရယ္ကာ ၿငိမ္ေနလိုက္ရသည္။ စံပါယ္ပန္းခက္နဲ႕ပန္းစည္းလုပ္ေပးဖို႔ မမခ်စ္ဆီကို လြန္ခဲ့တဲ့တစ္ပါတ္ေလာက္ထဲက လာလာေျပာေနခဲ့ေတာ့ အလြတ္မရပဲေနပါ့မလား။
မမခ်စ္ထုပ္ပိုးၿပီးသြားတဲ့ စံပါယ္ပန္းပန္းစည္းေလးဟာ ဘယ္လိုလွမွန္းမသိ။ ခရမ္းေရာင္စကၠဴနဲ႕ထုပ္ထားတဲ့ စံပါယ္ပန္း ျဖဴျဖဴေလးေတြဟာ အစိမ္းေရာင္အ႐ြက္ၾကားမွ လန္းဆန္းလွပလ်က္။ ဒီလိုပန္းခက္လတ္လတ္ဆတ္ဆတ္ေတြရဖို႔ မမခ်စ္ အထူးတလည္ေအာ္ဒါမွာထားရတာပါ။ သူ႕ဆိုင္မွာ စံပါယ္ပန္းစည္းလာမွာတဲ့သူ တစ္ေယာက္မွ မရွိဘူးလို႔ အိမ္မႉးကို ပြစိပြစိေျပာေပမယ့္လည္း လိုခ်င္တာကို ရေအာင္လုပ္ေပးရွာပါသည္။

“မမခ်စ္ သြားၿပီေနာ္”

ပန္းစည္းကို စက္ဘီးျခင္းေတာင္းထဲထည့္ၿပီး ေဒါက္ျဖဳတ္ကာ မမခ်စ္ကို ေအာ္ၿပီးႏုတ္ဆက္လိုက္သည္။

“ေအး… အိမ္ကေလးေရ စက္ဘီးေကာင္းေကာင္းစီးဦး”
“ဟုတ္”

မမခ်စ္ကို ဟုတ္လို႔သာျပန္ေျပာလိုက္ေပမယ့္ စက္ဘီးကိုအရွိန္နဲ႕စီးလာခဲ့မိသည္။ ကိုကိုဆီ အျမန္ဆုံးေရာက္ခ်င္လွပါၿပီ။ စက္ဘီးျခင္းထဲက ပန္းစည္းေလးကို ငုံ႕ၾကည့္ရင္း သူမအိမ္ရွိတဲ့လမ္းထဲ ခ်ိဳးေကြ႕လိုက္စဥ္တြင္ ကားတစ္စီးေမာင္းလာတာ သတိထားမိလို႔စက္ဘီးကို အျမန္ဘရိတ္အုပ္လိုက္ေပမယ့္ လူေရာစက္ဘီးပါလဲက်သြားခဲ့ၿပီး တလမ္းလုံးယိမ္းလာတဲ့ ပန္းစည္းေလးကေတာ့ သူမနဲ႕ခပ္လွမ္းလွမ္းကို လြင့္စင္က်သြားေလသည္။

ကားနဲ႕စက္ဘီး ဘရိတ္ကိုယ္စီနင္းလိုက္လို႔မတိုက္မိေပမယ့္ အိမ္မႉးကေတာ့ဆိုးဝါးစြာေျမျပင္ေပၚသို႔ ျပဳတ္က်သြားခဲ့ရသည္။ ပန္းစည္းကို အျမန္ဆုံးေျပးေကာက္ခ်င္ေပမယ့္ ဘယ္ဘက္တံေတာင္ဆစ္နာသြားေသာေၾကာင့္ ၾကည့္လိုက္ရာ ပြန္းပဲ့ကာ ေသြးမ်ားပင္စို႔ေနေလသည္။ စိတ္ညစ္လိုက္တာ။ ေမေမသိရင္ဆူေတာ့မွာပဲလို႔ေတြးၿပီး ပန္းစည္းကို ျပန္ၾကည့္လိုက္မိစဥ္ သူမအလြန္ျမတ္နိုးေသာပန္းစည္းအား ေသေသခ်ာခ်ာႀကီးကို တက္နင္းကာ အနားေရာက္လာတဲ့ ေျပာင္လက္ေတာက္ေျပာင္ေနတဲ့ ရႈးဖိနပ္ တစ္စုံ။

“ကေလးမ ဘာျဖစ္သြားေသးလဲ”

ေမးေနတဲ့လူကို ေမာ့မၾကည့္အားပဲ အနင္းခံလိုက္ရတဲ့ပန္းစည္းေလးအား နေျမာတသစြာၾကည့္ရင္း မ်က္ရည္ေတြ ဝဲလာခဲ့မိသည္။ ကိုကို သိပ္ျမတ္နိုးတဲ့စံပါယ္ပန္းကို ကိုကိုႀကိဳက္တဲ့ခရမ္းေရာင္စကၠဴနဲ႕ထုပ္ထားတဲ့ ပန္းစည္းလွလွေလးဟာ အခုေတာ့ လူတစ္ေယာက္က ရက္ရက္စက္စက္ တက္နင္းသြားတယ္တဲ့လား။
ဖိနပ္နဲ႕ဖိနင္းခံရေသာေၾကာင့္ စံပါယ္ပန္းတခ်ိဳ႕ဟာ ျပားကပ္ပ်က္စီးသြားေလသည္။ အိမ္မႉး ပန္းစည္းကိုၾကည့္ေနရင္း စိတ္ထဲတမ်ိဳးျဖစ္လာမိသည္။ ဒါ နိမိတ္မ်ား။ ဟင့္အင္း မဟုတ္ေလာက္ပါဘူး။ ဒီပန္းစည္းေလးကို ကိုကိုကို႔ေပးၿပီး လက္ထပ္ခြင့္ေတာင္းဖို႔ ရည္႐ြယ္ထားခဲ့တာကို ခုလိုပ်က္စီးသြားတယ္ဆိုေတာ့။ အိမ္မႉး ၀မ္းနည္းစြာမ်က္ရည္ေတြက်လာကာ မ်က္လုံးထဲမွာ ဘာမွမျမင္နိုင္ေတာ့။

“ေဟး မင္းအဆင္ေျပရဲ႕လား”

သူမရဲ႕ပုခုံးကို လႈပ္ကိုင္ကာ ေမးလာတဲ့လူႀကီးရဲ႕လက္ကို ခပ္ၾကမ္းၾကမ္းပုတ္ထုတ္လိုက္ကာ စိတ္တိုၿပီးေျပာလိုက္သည္။

“မေျပဘူး ပန္းစည္းေလးပ်က္စီးသြားၿပီ”

အဲ့ဒီေတာ့မွ ထိုလူလဲ သူမၾကည့္ေနတဲ့ပန္းစည္းကို လိုက္ၾကည့္လိုက္ရင္း အားနာစကားဆိုေလသည္။

“Sorry ကိုယ္ျပန္၀ယ္ေပးမယ္ေနာ္ အခုေတာ့ ထလိုက္ဦး ထနိုင္ရဲ႕လား ေဆးခန္းျပဖို႔လိုေသးလားမသိဘူး”

ျပန္၀ယ္ေပးမယ္တဲ့လား။ ဒီပန္းစည္းမ်ိဳး ျပန္၀ယ္ေပးလို႔ရနိုင္တယ္ထားပါဦး။ အဲ့လိုအစားျပန္ရတဲ့ပန္းစည္းဟာ သူမ ကိုယ္တိုင္ တယုတယနဲ႕ႀကိဳတင္မွာယူထားတဲ့ ဒီပန္းစည္းနဲ႕ႏွိုင္းယွဥ္လို႔ ရပါမည္လား။ ကားေပၚကေန ဆင္းလာတာကို နည္းနည္းပါးပါးသတိထားဦးမွေပါ့။ အခုေတာ့ သူ႕ရဲ႕မဆင္ျခင္မႈေတြေၾကာင့္ လူလဲနာသလို၊ အသဲပါ နာလာရၿပီး ဒီလူကို နည္းနည္းမွ မေက်နပ္နိုင္ေပမယ့္လည္း ဘာတတ္နိုင္ဦးမွာလဲ။
ထိုလူက ေျပာေျပာဆိုဆိုနဲ႕ သူမရဲ႕စက္ဘီးကိုေထာင္ေနလို႔ အိမ္ကေလး မတ္တပ္ရပ္ကာ ထိုလူလက္ထဲက စက္ဘီးကို ဆြဲယူလိုက္သည္။

“မလိုဘူး ခင္ဗ်ားက ကားေမာင္းတဲ့လူလား”

အသားညိုစိုစို၊ အရပ္ျမင့္ျမင့္နဲ႕ ကိုကိုနဲ႕႐ြယ္တူျဖစ္မည္ထင္ရေသာဒီလူဟာ ကားကိုမဆင္မျခင္ေမာင္းလာပုံပါ။

“အင္း…”

သူမေမးခြန္းေတြကိုေျဖရင္း ပန္းစည္းကိုေကာက္ယူကာ လာေပးေနတဲ့လူကို ဘယ္လိုမုန္းမွန္းမသိ။ ပန္းစည္းကို ျဖတ္ခနဲ ဆြဲယူကာ သူ႕ရင္ဘတ္ဆီသို႔ ပစ္ေပါက္ေပးလိုက္ရင္း

“မရခ်င္ေတာ့ဘူး အဲ့ဒီပန္းစည္းအစုတ္ကို ခင္ဗ်ားပဲယူသြားေတာ့ ေနာက္ခါကားေမာင္းရင္ ျဖည္းျဖည္းေမာင္း သတိထားေမာင္း သိလား”
“ဟာ… ေနဦးေလ”

ထိုလူဘယ္ေလာက္ေအာ္ေအာ္ တစ္ခ်က္မွလွည့္မၾကည့္ပဲ မ်က္ရည္ေတြသုတ္ၿပီး စက္ဘီးစီးကာထြက္လာခဲ့လိုက္သည္။ မေတာ္တဆျဖစ္တာပဲ ျဖစ္ပါေစ။ ဒါဟာ ကိုကို သူမကို ျငင္းမယ့္နမိတ္မဟုတ္ပါေစနဲ႕လို႔သာဆုေတာင္းေနမိသည္။ ခုနတုန္းက စိတ္ကူးအယဥ္ႀကီးယဥ္ခဲ့ရတဲ့ ကိုကိုကို႔ပန္းစည္းေပးရင္း ဖြင့္ေျပာေနတဲ့ပုံရိပ္ေတြဟာ အေဝးႀကီးေဝးလ်က္ လက္ေတြ႕မွာေတာ့ ငိုယိုေနခဲ့ရေလသည္။

“အီး...ဟီး…”

အိမ္ထဲကို ငိုယိုၿပီး၀င္လာတဲ့အိမ္မႉးေၾကာင့္ ဧည့္ခန္းထဲထိုင္ေနတဲ့ကိုကိုတစ္ေယာက္ သူမနားသို႔အေျပးေရာက္လာ ခဲ့သည္။

“အိမ္မႉးေလး… ဘာျဖစ္လာတာလဲ စာေမးပြဲေအာင္တယ္ဆို ဘာျဖစ္လို႔ငိုေနတာလဲ”

အဲ့လိုဂ႐ုစိုက္တတ္တဲ့ “ဘုန္းသန့္” ဆိုတဲ့ ကိုကိုဟာ သူမလက္ထပ္ခြင့္ေတာင္းမွာကို မျငင္းေလာက္ဘူးထင္ပါသည္။

“အိမ္မႉး ကားနဲ႕တိုက္မိမလိုျဖစ္သြားလို႔”
“ဟင္… အခုလား ဘယ္နားနာသြားေသးလဲ အာ… တံေတာင္ဆစ္ေတြပြန္းကုန္တာပဲ ကိုကိုေဆးထည့္ေပးမယ္ လာ”

ကိုကို ဆြဲေခၚရာေနာက္ကို လိုက္ခဲ့ရင္း ခုနကစိတ္ပူေနတာေတြ ေလ်ာ့က်သြားေပမယ့္ စိတ္ေတာ့လႈပ္ရွားေနပါေသးသည္။ အိမ္မႉး ဆိုဖာမွာထိုင္ၿပီးက်န္ေနေပမယ့္ ကိုကိုက ေဆးဗူးသြားယူေနေလသည္။ ဟုတ္တယ္ ေဆးထည့္ၿပီးမွပဲ ဖြင့္ေျပာေတာ့မယ္လို႔ဆုံးျဖတ္လိုက္ၿပီး ေဆးဗူးယူၿပီးျပန္ေရာက္လာတဲ့ကိုကို ေဆးထည့္ေပးတာကို ၿငိမ္ၿငိမ္ေလး ခံေနလိုက္သည္။

“ဘယ္လိုျဖစ္ၿပီးကားနဲ႕တိုက္မိမလိုျဖစ္တာလဲ ဟိုဘက္အိမ္ကေနဒီဘက္အိမ္လာတာကို”
“အိမ္ကလာတာမဟုတ္ဘူး ဟိုဘက္လမ္းထဲကလာတာ”
“ဟိုဘက္လမ္း… ေစာေစာစီးစီး ဘာသြားလုပ္တာလဲ”
“မမခ်စ္ဆိုင္မွာ ပန္းစည္းသြားယူတာ”
“ပန္းစည္း??? ဘာလုပ္ဖို႔လဲအိမ္မႉးရဲ႕ ကိုကို႔ကိုေျပာရင္ ကိုကိုသြားယူေပးမွာေပါ့”
“ကိုကို႔ကိုေပးဖို႔သြားယူတာ”
“ကိုယ့္အတြက္… ဘာလို႔ေပးတာလဲ ဘယ္မွာလဲပန္းစည္းေရာ”

အိမ္မႉးမွာ ကိုကို အဲ့လိုေမးလိုက္မွပဲ ပန္းစည္းလွလွေလးကိုျမင္ေယာင္မိရင္း ထပ္ငိုမိျပန္သည္။

“အီး…. အဲ့ဒီလူေၾကာင့္…”
“ဘယ္ကလူလဲ”
“ကားေမာင္းတဲ့လူေပ့ါ ဘယ္သူလဲေတာ့ မသိဘူး အိမ္မႉးလဲငိုေနလို႔သူ႕မ်က္ႏွာကိုေသခ်ာမၾကည့္လိုက္မိဘူး အဲ့ဒီလူက ကိုကို႔ကိုေပးမယ့္ပန္းစည္းကို တက္နင္းသြားတာ အီး…”

တအီးအီးနဲ႕ေျပာခ်င္ရာေျပာၿပီး ၀မ္းနည္းစြာ ငိုေနတဲ့အိမ္မႉးကိုၾကည့္ရင္း ဘုန္းသန့္ရယ္ခ်င္လာမိသည္။

“ကဲ မငိုနဲ႕ေတာ့ ကိုယ္က အိမ္မႉးငိုေနလို႔အရမ္းနာေနလို႔မ်ားလားလို႔ ပန္းစည္းကအေရးမွမႀကီးပဲ မငိုနဲ႕ေတာ့ေနာ္”

မ်က္ရည္ေတြ ညင္သာစြာသုတ္ေပးေနတဲ့ကိုကိုမ်က္ႏွာကို ၾကည့္ရင္း

“ဘာလို႔အေရးမႀကီးရမွာလဲ အဲ့ဒီပန္းစည္းက…”

အိမ္မႉး ေျပာလက္စစကားကို ဆက္ေျပာဖို႔ တြန့္ဆုတ္ေနမိသည္။ ဒါက ခါတိုင္းပုံမွန္ေျပာေနက် စကားလိုမွ မဟုတ္ပဲေနာ္။

“အဲ့ဒီပန္းစည္းက ဘာျဖစ္လဲေျပာ”
“အဲ့ဒါက…”

အိမ္မႉးမ်က္ႏွာကို ၾကည့္ရင္း စိတ္၀င္တစားနားေထာင္ေနတဲ့ကိုကို႔ကို ျပန္ၾကည့္ေနရင္း ရွက္လာမိသည္။

“အဲ့ဒါ…”

ဘာျဖစ္ေနမွန္းမသိတဲ့ အိမ္မႉးေၾကာင့္ ဘုန္းသန့္ရယ္လိုက္မိျပန္သည္။

“ကိုကိုေနာ္… မရယ္နဲ႕ အိမ္မႉးအတည္ေျပာမလို႔”
“ဟုတ္ၿပီ ေျပာဆိုေတာ့လဲ မေျပာပဲ”
“ကိုကိုေျပာထားတယ္ေလ ဆယ္တန္းေအာင္ရင္ အိမ္မႉးလိုခ်င္တာေပးမယ္ဆို”
“အင္းေလ မွတ္မိပါတယ္ အဲ့ဒါေတာင္းမလို႔လား”
“အင္း…”
“ေျပာ… ကိုကိုဘာ၀ယ္ေပးရမလဲ”
“၀ယ္ေပးစရာမလိုပါဘူး ဟို….”

ဘုန္းသန့္ စကားေျပာဖို႔အေရး မဝံ့မရဲပုံျဖစ္ေနတဲ့အိမ္မႉးရဲ႕ ပါးျပင္ဝါညက္ညက္ေလးကို လိမ္ဆြဲလိုက္ရင္း

“အခုမေျပာရင္မေပးေတာ့ဘူး”
“ကိုကို႔ကို ရခ်င္တာ”
“ဟမ္… ဘာေျပာတယ္”

သူ အိမ္မႉးရဲ႕စကားအဓိပၸါယ္ကို နားမလည္လို႔ ထပ္ေမးလိုက္မိသည္။

“ကိုကိုနဲ႕လက္ထပ္ခ်င္တယ္ အိမ္မႉးကိုကို႔ကိုခ်စ္တယ္”

႐ုတ္တရက္ အံ့အားသင့္သလိုၿငိမ္က်သြားတဲ့ကိုကိုကို အိမ္မႉး စိတ္လႈပ္ရွားစြာၾကည့္ေနမိသည္။ ဘုရားေရ ကိုကိုက ငါ့ကိုမခ်စ္ဘူးလား။ လက္မထပ္နိုင္ဘူးလို႔ ျငင္းလိုက္ေတာ့မွာလား။ ကိုကို အဲ့ေလာက္ထိ ၿငိမ္သြားစရာလိုလို႔လား။ မေမွ်ာ္လင့္ထားတဲ့ ဒီအေျခအေနကို အိမ္မႉးရွက္လြန္းလို႔မ်က္ႏွာေတြ နီရဲလာကာ ထထြက္လိုက္စဥ္တြင္ သူမလက္ေကာက္၀တ္ကို ကိုင္ဆြဲလာတဲ့ကိုကိုကို လွည့္ၾကည့္လိုက္မိသည္။

“ဒီေန႕မ်က္ရည္အိုးကြဲေနတာလား ငိုပဲငိုေနတာ မငိုနဲ႕ေတာ့”

ကိုကိုက သူမလက္ကိုဆြဲကိုင္ကာ ျပန္ထိုင္ခိုင္းလို႔ထိုင္လိုက္ရင္း

“ကိုကို အိမ္မႉးကို မခ်စ္ဘူးမလား”

ခပ္တည္တည္နဲ႕ေခါင္းၿငိမ့္ျပတဲ့ကိုကိုကို စိတ္နာနာနဲ႕ၾကည့္လိုက္ရင္း ဆက္ေမးလိုက္ျပန္သည္။

“လက္လဲမထပ္ခ်င္ဘူးေပါ့”

ထပ္ၿပီး ၿငိမ့္ျပျပန္သည္။ အဲ့ဒါမ်ား ဘာလို႔လာတားေနေသးလဲ။ ျပန္ခိုင္းလိုက္ပါေတာ့လား။ လူၾကည့္ တည့္တည့္ၾကည့္ၿပီး အရွက္ခြဲေနေသးသည္။

“ေတာ္ၿပီ… ျပန္ေတာ့မယ္”
“မငိုနဲ႕ေတာ့ပါဆို ကိုကိုဘာမွမေျပာရေသးဘူးေလ အိမ္မႉးဘာသာေျပာလို႔နားေထာင္ေပးေနတာကို”
“ဘာနားေထာင္ေပးတာလဲ  ေခါင္းၿငိမ့္ျပေနၿပီးမွ”
“ေၾသာ္… အဲ့ဒါက ဆက္ေျပာလို႔ေခါင္းၿငိမ့္ျပတာ သူ႕ဘာသာေမးၿပီး သူ႕ဘာသာေျဖေနတာကို ကိုကိုဘာေျပာရေသးလို႔လဲ”
“မေျပာနဲ႕ေတာ့ ဘာမွမၾကားခ်င္ေတာ့ဘူး”
“အဲ့ဒါဆိုလဲမေျပာေတာ့ဘူး”
“ဟမ္…”

ၾကည့္စမ္း ကိုကိုဘယ္ေလာက္အက်င့္ပုတ္လဲ။ သူမ သိခ်င္ေနမွန္းသိသိႀကီးနဲ႕ မေျပာေတာ့ဘူးတဲ့။

“ဟား ဟား… စတာပါ အိမ္မႉးဘယ္သြားမလို႔လဲ သြားရင္ကိုယ့္ကိုပါ ေခၚသြား”
“အိမ္ျပန္မလို႔ေပါ့ ဘာလို႔ကိုကို႔ကိုေခၚသြားရမွာလဲ”
“အိမ္မႉးပဲကိုကို႔ကိုရခ်င္တာဆို တခါထဲသြားေလ”
“တကယ္… တကယ္ေနာ္ ကိုကို”

ကိုကို ေခါင္းၿငိမ့္ျပမလား၊ ဘာျပန္ေျဖမလဲ စိတ္မ၀င္စားေတာ့။ အိမ္မႉး အေပ်ာ္လြန္လြန္းလို႔ ထိုင္ေနရာမွ ကိုကိုလည္ပင္း ၫႊတ္က်သြားေအာင္ လက္ႏွစ္ဖက္နဲ႕ သိုင္းဖက္လိုက္မိသည္။ အိမ္မႉးထက္ ငါးႏွစ္တိတိႀကီးတဲ့ ကိုကိုဟာ မၾကာခင္မွာ ေဟာက္ဆာဂ်င္ဆင္းရေတာ့မယ္ ဆရာ၀န္ေပါက္စေလးပါ။ အသားျဖဴျဖဴ၊ အရပ္ျမင့္ျမင့္နဲ႕ကိုကို႔မ်က္ႏွာဟာ လူေတြအေပၚၾကင္နာတတ္တဲ့ ဆရာ၀န္ေလာင္းပီပီ တည္ၿငိမ္ေအးခ်မ္းလြန္းပါသည္။
အိမ္မႉး ကိုကို႔ကို ဘာလို႔ခ်စ္သလဲဆိုတာ ေသခ်ာမေျပာျပတတ္ေပမယ့္ ေမြးညွင္စိမ္းေလးေတြ ေပါက္ေနတဲ့ကိုကိုရဲ႕ လက္ေခ်ာင္းရွည္ရွည္ သြယ္သြယ္ေလးေတြကိုလဲ ခ်စ္သည္။ အင္မတန္ သန့္သန့္ျပန့္ျပန့္ေနတတ္ေသာ၊ စကားေျပာ ခ်ိဳသာညင္သာေသာ၊ သူမအေပၚ အလြန္စိတ္ရွည္ကာ ၾကင္နာတတ္ေသာ ကိုကိုပါ။ အဲ့လိုေျပာျပလို႔ မကုန္နိုင္တဲ့ အမ်ိဳးမ်ိဳးေသာအေၾကာင္းအရာေပါင္းစုံနဲ႕ ကိုကို႔ကို ခ်စ္ပါသည္။
ကိုကို႔ကို ဖက္ထားရာမွ လႊတ္ကာ ထရပ္လိုက္ရင္း

“ျပန္ေတာ့မယ္”
“ျပန္ေတာ့မလို႔လား”
“အင္းေလး အိမ္မွာေဖေဖနဲ႕ေမေမ ေစာင့္ေနမယ္ထင္တယ္ အိမ္မႉးထြက္လာတာ ဘယ္သူမွမသိဘူး အျမန္ျပန္မွ ျဖစ္မယ္ ေစာေစာစီးစီးဘယ္သြားေနတာလဲဆိုၿပီး ဆူခံေနရဦးမယ္ ေန႕လယ္မွျပန္လာခဲ့မယ္ေနာ္ တာ့တာ.. သြားၿပီ”

ေျပာေျပာဆိုဆိုနဲ႕ထြက္သြားတဲ့အိမ္မႉးဟာ အိမ္ေပါက္နားမွာ ရပ္ထားတဲ့စက္ဘီးကို ယူဖို႔ သတိမရေတာ့ပဲ လမ္းေလွ်ာက္ကာ ျပန္သြားေလသည္။ က်န္ေနခဲ့တဲ့ဘုန္းသန့္ အိမ္မႉးရဲ႕ေနာက္ေက်ာကို ၾကည့္ရင္း ေခါင္းခါကာ သက္ျပင္းခ်လိဳက္မိသည္။ ဆယ္ေက်ာ္သက္အ႐ြယ္မို႔ သူ႕အေပၚ စိတ္ကစားတာမလား မေျပာတတ္တဲ့ေကာင္မေလးဟာ စိတ္နဲ႕ကိုယ္နဲ႕မကပ္ပဲ  အိမ္ျပန္သြားခဲ့ပါေတာ့သည္။

“အိမ္မႉးေလး ဘယ္သြားေနတာလဲ ေမေမက အိမ္မွာပဲထင္လို႔ တအိမ္လုံးလိုက္ရွာေနတာ”

ဧည့္ခန္းထဲ သန့္ရွင္းေရးလုပ္ေနတဲ့ေမေမက အိမ္မႉးကိုေတြ႕တာနဲ႕ လွမ္းေျပာသည္။

“ဟိုဘက္အိမ္ကျပန္လာတာ”
“ေစာေစာစီးစီး သူမ်ားအိမ္ကိုဘာသြားလုပ္တာတုန္း”

သမီးျဖစ္သူရဲ႕မခ်ိဳမခ်ဥ္႐ုပ္ကို သတိထားမိပုံမရ။ အိမ္မႉး ခုံမွာ၀င္ထိုင္လိုက္ရင္း ေမေမ့ကိုၾကည့္ကာ ေျပာလိုက္သည္။

“ေမေမ… သမီးရည္းစားထားလိုက္ၿပီ”

အေမေမးတာကို ျပန္ေျဖပဲ ေျပာခ်င္ရာ ေျပာလိုက္တဲ့အိမ္မႉးေၾကာင့္ ေမေမ အံ့ၾသသလို ၾကည့္လာခဲ့သည္။

“ေဟ… သမီးအိမ္ေလး ဘာေျပာလိုက္တယ္”

ဘယ္တုန္းကေရာက္ေနမွန္းမသိတဲ့ ေဖေဖက အိမ္မႉးေဘးနား လာ၀င္ထိုင္ရင္း မယုံနိုင္သလို ထပ္ေမးျပန္သည္။

“အာ… ေဖေဖ ဘယ္တုန္းကေရာက္ေနတာလဲ ရွက္လိုက္တာ”

မ်က္ႏွာကိုလက္ႏွစ္ဖက္နဲ႕အုပ္ရင္း ပဲမ်ားျပေနတဲ့ သမီးေၾကာင့္ အိမ္မႉးရဲ႕အေဖနဲ႕အေမျဖစ္သူ တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ ၾကည့္လိုက္မိၾကသည္။

“သမီး တကယ္ေျပာေနတာလား”
“ဟီး… ဟုတ္တယ္ အခုပဲ သမီးနဲ႕ကိုကို ခ်စ္သူေတြ ျဖစ္သြားၾကၿပီ ေပ်ာ္လိုက္တာ”

လက္ဖဝါးႏွစ္ဖက္ကို ပူးကပ္ကာ ပါးမွာကပ္ထားတဲ့ အိမ္မႉးပုံစံက စိတ္လႈပ္ရွားေပ်ာ္႐ႊင္ေနမွန္း သိသာပါသည္။ သူမ ကိုကိုလို႔ေခၚတဲ့ဘုန္းသန့္နဲ႕ဆို သေဘာမတူနိုင္စရာ ဘာအေၾကာင္းမွ မရွိေသာ္လည္း ေမာင္ႏွမလိုေနခဲ့ၾကတဲ့သူေတြက ဘယ္လိုလုပ္ ခ်စ္သူေတြ ျဖစ္သြားၾကလဲမသိ။ တစ္ခါမွလဲ ထူးထူးဆန္းဆန္း ဘာဘာညာညာေတြ မၾကားမိပါပဲ။ လင္မယားႏွစ္ေယာက္သား ထပ္ၾကည့္မိလိုက္ၾကျပန္သည္။

“မ်က္ႏွာကဘာျဖစ္လာတာလဲ ငိုထားတာလား ဟင္… ၾကည့္စမ္း လက္မွာပြန္းေနပါလား ဘာျဖစ္ခဲ့ျပန္ၿပီလဲ ႏွင္းအိမ္မႉး”

အေမက သူမေဘးနား၀င္ထိုင္လိုက္ရင္း သမီးျဖစ္သူဘယ္ေနရာမွာ ဒဏ္ရာရခဲ့လဲဆိုတာ ျဖတ္ခနဲၾကည့္လိုက္တာနဲ႕ တန္းေတြ႕ေတာ့သည္။

“ဟို စက္ဘီးစီးရင္း ကားနဲ႕တိုက္မိမလိုျဖစ္သြားလို႔”
“ဘာ… နင့္ကိုငါစက္ဘီးမစီးရဘူးလို႔မေျပာထားဘူးလား အိမ္မႉး အေမစကားကို နားမေထာင္ဘူးေပါ့”

အိမ္မႉး အေပ်ာ္ေတြဘယ္ေရာက္သြားမွန္းမသိေတာ့။ အေမက အဲ့လိုပဲ သူမကိုဆို အရမ္းပြားသည္။

“ဘယ္မွာလဲစက္ဘီး ကားႀကိတ္ခံရလို႔ပ်က္စီးသြားၿပီလား”
“ဟင္ မပ်က္ပါဘူး ဟိုမွာ… အဲ… ဟိုဘက္အိမ္မွာက်န္ခဲ့ၿပီ ဟီးးးး”

ေဒၚေဝ၀ဇင္ အိမ္မႉးကို ျဖစ္ရမယ္ဆိုတဲ့အၾကည့္နဲ႕ၾကည့္လိုက္မိသည္။ ဒီလို အခုမွ အပ်ိဳေပါက္စ ဆယ္ေက်ာ္သက္အ႐ြယ္ သစ္နင္းသစ္က်ိဳး၊ ဝါးနင္းဝါးက်ိဳး ဆပ္စလူးစိန္မေလးကို ဘုန္းသန့္ႀကိဳက္တယ္ဆိုတာ သိပ္ေတာ့မယုံခ်င္ေပ။ ဘုန္းသန့္ဆိုတာက သူ႕ဘာသာ ခပ္ေအးေအးေနတဲ့ လူမ်ိဳးဆိုေပမယ့္ အိမ္မႉးကို ညီမေလးတစ္ေယာက္လို ခ်စ္ၿပီး အရမ္းအလိုလိုက္တတ္တဲ့သူဆိုတာ ေဒၚေဝဇင္တို႔လင္မယားတင္မက ဘုန္းသန့္အေမျဖစ္တဲ့ ေဒၚဝါဆိုဦးပါ သိပါသည္။

“သမီး အရမ္းေပ်ာ္လို႔ေမ့သြားတာပါ ဒါနဲ႕ေဖ သမီးရည္းစားထားလို႔စိတ္မဆိုးဘူးမလား”

သမီးျဖစ္သူ အိမ္မႉးကို ဦးထက္ေဇာ္ ေခါင္းခါျပလိုက္ရင္း

“မဆိုးပါဘူး ဒါနဲ႕သမီးတို႔ဘယ္တုန္းကႀကိဳက္သြားတာလဲ”
“သမီး အခုပဲ ကိုကိုကို႔ဖြင့္ေျပာလိုက္တာေလ ဆယ္တန္းေအာင္ရင္လိုခ်င္တာေပးမယ္ဆိုလို႔ ကိုကို႔ကို လိုခ်င္တာလို႔ ေျပာလိုက္တာ အခုေတာ့ ခ်စ္သူေတြ ျဖစ္သြားပါၿပီ သမီး အခန္းထဲသြားလိုက္ဦးမယ္”

ေျပာေျပာဆိုဆိုနဲ႕ေပ်ာ္႐ႊင္စြာ အေပၚတက္သြားတဲ့သမီးျဖစ္သူကို ဦးထက္ေဇာ္တို႔လင္မယားႏွစ္ေယာက္စလုံး ဘာမွ ျပန္မေျပာနိုင္ပဲ ေငးၾကည့္ကာ က်န္ေနရစ္ခဲ့သည္။

“ကိုထက္ေဇာ္…. ဘယ္လိုလုပ္ၾကမလဲ အိမ္မႉးနဲ႕ေတာ့ ခက္ပါတယ္ ဘုန္းသန့္ကို မ်က္ႏွာပူလိုက္တာရွင္”
“ဘာလို႔မ်က္ႏွာပူရမွာလဲ လူငယ္ေတြကိစၥပါဆို ေဘးနားကေန မသိမသာ၀င္ထိန္းေပးရင္း မသိခ်င္ေယာင္ပဲ ေဆာင္ေနၾကတာေပါ့”
“ဝါဆိုကို ဘယ္လိုေျပာရမလဲ မသိေတာ့ဘူး”
“ဘာေျပာရမွာလဲ ငါတို႔ကသမီးရွင္ ခပ္တည္တည္ပဲ ေနၾကတာေပါ့ အိမ္မႉးကို သူဒီေလာက္ခ်စ္တာ သေဘာမတူပဲမေနဘူး အရင္ကလဲ ဘုန္းမိုးနဲ႕သြန္းသြန္းကို သေဘာတူခဲ့တာပဲ ကေလးေတြမႀကိဳက္လို႔သာ လက္ေလ်ာ့ထားခဲ့ရတာ အခု အိမ္မႉးနဲ႕ ဘုန္းသန့္ကိုလဲ ဘာသေဘာမတူနိုင္စရာအေၾကာင္းရွိမွာလဲ”

ဦးထက္ေဇာ္ ေျပာတာမွန္ပါသည္။ ေဒၚေဝဇင္ရဲ႕သူငယ္ခ်င္းအရင္းႀကီးျဖစ္တဲ့ ေဒၚဝါဆိုဦးဟာ အိမ္မႉးကို သမီးအရင္းလို ခ်စ္တာကိုသိေပမယ့္ ဒီဆပ္စလူးမေလးကို ေခြၽးမအျဖစ္ေတာ့ လက္ခံခ်င္ပါ့မလားမသိ။

ေဒၚေဝဇင္မွာ မိုးသြန္းၿဖိဳး၊ ႏွင္းအိမ္မႉးနဲ႕  မိုးဝႆန္ဆိုတဲ့ သားသမီး သုံးေယာက္ရွိသလို ေဒၚဝါဆိုမွာလဲ ဘုန္းမိုးနဲ႕ဘုန္းသန့္ဆိုတဲ့ သားႏွစ္ေယာက္ရွိပါသည္။
ေဒၚဝါဆိုနဲ႕ေဒၚေဝဇင္က ငယ္ကတည္းကခင္ၾကေပမယ့္ အိမ္ေထာင္က်ၿပီးေနာက္ပိုင္း သိပ္မေတြ႕ျဖစ္ၾကေတာ့ေပ။ ေဒၚဝါဆိုက ခင္ပြန္းဆုံးၿပီး သိပ္မၾကာခင္မွာပဲ တိုက္တိုက္ဆိုင္ဆိုင္ ေဒၚေဝဇင္တို႔အိမ္ေဘးကအိမ္ကို ၀ယ္ၿပီး ေျပာင္းေနခဲ့လို႔ နဂိုထဲက သူငယ္ခ်င္းေတြျဖစ္ၾကေတာ့ ႏွစ္အိမ္တစ္အိမ္လို ရင္းရင္းႏွီးႏွီးေနခဲ့ၾကတာ အိမ္မႉးေလး ငါးတန္းအ႐ြယ္ကတည္းပါ။

အဲ့ဒီတုန္းက ဘုန္းသန့္က ဆယ္တန္း။ သြန္းသြန္းက ဆယ္တန္းေအာင္ထားခါစျဖစ္ၿပီး ဘုန္းမိုးက တကၠသိုလ္တက္ေနၿပီ ျဖစ္သည္။ ဒါေၾကာင့္လဲ အသက္သိပ္မကြာတဲ့ ဘုန္းမိုးနဲ႕သြန္းသြန္းကို လူႀကီးေတြက သေဘာတူခဲ့ၾကတာပါ။
ဘုန္းမိုးနဲ႕ဘုန္းသန့္ဟာ အသက္သုံးႏွစ္ေလာက္သာ ကြာေပမယ့္ သမီးႀကီးသြန္းသြန္းနဲ႕ သမီးလတ္အိမ္မႉးကေတာ့ ေျခာက္ႏွစ္ခန့္ကြာပါသည္။ အိမ္မႉးေမြးၿပီး ႏွစ္ႏွစ္ေလာက္မွာ သားငယ္ဝႆန္ကို ရလာခဲ့လို႔ အိမ္မႉးကို သိပ္ဂ႐ုမစိုက္မိသလို ျဖစ္တာေတာ့ အမွန္ပင္။ တတ္နိုင္သေလာက္ သတိထား ဂ႐ုစိုက္ေပမယ့္လဲ သူမ်ားေတြ ေျပာၾကသလို အလတ္မို႔ ၾကားကေန လပ္ေနခဲ့ရလားထင္ရသည္။

ဒါေၾကာင့္လဲ အိမ္မႉးဟာ သူမစိတ္တိုင္းက် အလိုလိုက္ကာ ဆိုးႏြဲ႕လို႔ရတဲ့ ေဒၚဝါဆိုတို႔မိသားစုကို အလြန္ကို ခင္တြယ္ခဲ့ပါသည္။ သမီးမရွိတဲ့ေဒၚဝါဆိုကလဲ အိမ္မႉးကို သမီးအရင္းတစ္ေယာက္လို ခ်စ္ခဲ့တာလဲ အမွန္ဆိုေပမယ့္ ေခြၽးမအျဖစ္ေတာ့ စိတ္ကူးဖူးရဲ႕လားဆိုတာ ေဒၚေဝဇင္လဲ မသိတတ္ေတာ့။
==================
အားေပးမႈကို ေက်းဇူးတင္ပါတယ္
အပိုင္း (၂၄ ) / ဇာတ္သိမ္းပိုင္းထိ တင္ထားပါၿပီရွင္
Page or album ထဲဝင္ၾကည့္ေပးပါေနာ္
N. Maria Seng
Photo#Credit

Pokračovať v čítaní

You'll Also Like

97.2K 2.6K 47
စက်ဝန်းအလွန်+အနှစ်သာရ အနှစ်အတွက်တော့ ကိုကိုက အရာအားလုံးရဲ့ပထမ... Start date - Dec 25.2022 End date - May 25.2023
60.6K 1.2K 25
အချစ်ဆိုတဲ့အရာတွေတောင်သေးနုပ်ဂုဏ်ငယ်သွား​ေစနိုင်တဲ့ သံယောဇဉ်နဲ့မေတ္တာတချို့ကို အချစ်ထက်ပိုတယ်လို့ယူဆလို့ရကောင်းရပါတယ် အချစ်ဆိုတာခါးသီးမှုတွေပေးတက်ပေမ...
74.4K 3.3K 27
Start : 6.11.2022 Finish : ????? မင်းနဲ့ငါနဲ့ ဘယ်လောက်ပဲဝေးနေနေ ငါတို့နှစ်ယောက်ကြားမှာ သာမာန်လူတွေမမြင်တွေ့နိုင်တဲ့ ချည်နှောင်ထားတဲ့ကြိုးတစ်ချောင်းရှ...
15.2K 866 53
" ငါ့အိမ္ထဲကို နင္ကဘာလို႔ဝင္လာတာလဲ..ထြက္သြားစမ္း " " ငါ နင္နဲ႔နင့္အေမကို အရမ္းမုန္းတယ္.. နင္တို႔ေၾကာင့္ ငါ့အေမ ေနမေကာင္း ျဖစ္ရတာ " ငါ့အိမ္မွာ ေနဖို႔လ...