လမင်းသခင်ရဲ့ချစ်ခြင်းအလင်္ကာ...
By felicia_2992
369K 30K 1K
Myanmar BL Fic (Rebirth) More
1 (U)
1 (Z)
2 (U)
2 (Z)
3 (U)
3 (Z)
4 (U)
4 (Z)
5 (U)
5 (Z)
6 (U)
6 (Z)
7 (U)
7 (Z)
8 (U)
8 (Z)
9 (U)
9 (Z)
10 (U)
11 (U)
11 (Z)
12 (U)
12 (Z)
13 (U)
13 (Z)
14 (U)
14 (Z)
15 (U)
15 (Z)
16 (U)
16 (Z)
17 (U)
17 (Z)
18 (U)
18 (Z)
19 (U)
19 (Z)
Interview 1 (U+Z)
20 (U)
20 (Z)
21 (U)
21 (Z)
22 (U)
22 (Z)
23 (U)
23 (Z)
24 (U)
24 (Z)
25 (U)
25 (Z)
26 (U)
26 (Z)
27 (U)
27 (Z)
28 (U)
28 (Z)
29 (U) 18+ Sexual Content Warning 🚨
29 (Z) 18+ Sexual Content Warning 🚨
30 (U) 18+ Sexual Content Warning 🚨
30 (Z) 18+ Sexual Content Warning 🚨
Interview 2 (U+Z)
31 (U)
31 (Z)
32 (U)
32 (Z)
33 (U)
33 (Z)
34 (U)
34 (Z)
35 (U) Final
35 (Z) Final
💜
Extra 1 (U+Z)
Extra 2 (U+Z)
Extra 3 (U+Z)
Extra 4 (U+Z)
Extra 5 (U+Z)
Extra 6 (U+Z)
Extra 7 (U+Z)
Extra 8 (U+Z)
Extra 9 (U+Z)
Extra 10 (U+Z)
💜
💜
💜
10 (Z)
2K 112 6
By felicia_2992
အပိုင်း ( ၁၀ ) မိုးရယ် ကျွန်တော်ရယ်.. ပြီးတော့ တိရိစ္ဆာန်တကောင်ရယ်
“ ခင်ဗျားကြီး ပါးစပ်ကိုပိတ်ထား.. ဘာကျေးဇူးလဲ.. ခင်ဗျားတို့ကို ဘာကျေးဇူးတင်နေရဦးမှာလဲ.. ကျွန်တော့်ကို အဲ့နေရာက ကယ်ထုတ်လာပေးခဲ့ရုံနဲ့တင် ကျွန်တော့်တဘဝလုံး ခင်ဗျားတို့အတွက် စတေးခံဖြစ်ပေးနေရမှာလား..”
သူ ဒေါသထွက်လွန်းလို့ မျက်လုံးတွေပါ ပြာလာတယ်။
ခပ်ပြင်းပြင်း တောက်ခတ်သံက ဦးထွန်းမြိုင်ဆီက ထွက်လာတာဖြစ်ပြီး အော်ဟစ်ငိုယိုနေတဲ့ အသံတွေက ဒေါ်ခင်အေးဆီက ဆိုတာကိုပဲ သူ သတိထားလိုက်မိကာ သူ့စိတ်ထဲ ချက်ချင်း ပြို့တက်လာတဲ့ ခါးသက်သက် မုန်းတီးမှုကြီး။ အန်ထုတ်လို့ရရင် အန်ထုတ်ပစ်ချင်တာ။
“ ခင်ဗျားတို့လည်း မွေးထားတာ သား ပါဗျ.. သားလေးပါ.. ကျုပ်က မိဘမဲ့မို့.. မိဘတွေပစ်ထားခဲ့တဲ့ တကောင်ကြွက် တမျက်နှာမို့.. ကျုပ်ကို ဒီလိုလုပ်ရက်ကြတာလား..”
ဘေးနံရံကို ဒုန်းခနဲ လက်သီးနဲ့ ပစ်ထိုးလိုက်တယ်။ လက်ချောင်းရိုးတွေ ကွဲကြေမတတ် ခံစားလိုက်ရတဲ့ နာကျင်မှုဟာ ရင်ထဲက အော်ဂလီဆန်မှုကို မမှီနိုင်ဘူး။
တင်းကျပ်နေတဲ့ ဒဏ်ရာတွေ သက်သာလို့သက်သာငြား အားခနဲ အာခေါင်ခြစ်ပြီး အော်ထုတ်လိုက်တော့ သူ့အသံဟာ ကျက်သရေမရှိတဲ့ ငှက်ဆိုးတကောင် မြည်တွန်နေသံလို။
အရာရာတိုင်းအတွက် ဖြစ်ပေါ်လာတဲ့ အကြောင်းတရားတွေက သူ့အတွက်တော့ မတရားမှုသက်သက်ပဲ။
“ ကိုး.. တော်ပါတော့ကွာ.. အကို တောင်းပန်နေတယ်လေ ကိုးရာ.. အကို တောင်းပန်ပါတယ်.. အားလုံးအတွက် အကိုကပဲ တောင်းပန်ပါတယ်နော်..”
ငွေ့ရည်ဖွဲ့နေတဲ့ တိမ်တအုပ်က လမင်းဆီမှာ တွဲလွဲခိုလို့။ အကို ငိုတော့မှာလား..
“ ခင်ဗျားလည်း ပါးစပ်ပိတ်ထား ကိုသော်တာ.. ဝေးဝေးမှာ ဖယ်နေ..”
“ ဘာကို ဖယ်နေရမှာလဲ.. မင်း အကို့မိဘတွေကို စော်ကားမော်ကား ပြောနေတာလေ.. ဒေါသတွေကို ခဏလောက်ထိန်းပါဦး..”
“ ဟက်.. အခုတော့ ခင်ဗျားမိဘဖြစ်သွားပြန်ပြီလား.. အေးလေ.. အစကတည်းက ခင်ဗျားမိဘတွေပဲ..”
လူ ၄ ယောက်ရှိတဲ့အထဲမှာမှ.. သူဟာ အပြင်က။ ဘယ်တုန်းကမှ သူတို့နဲ့ မသက်ဆိုင်ခဲ့.. ဘယ်တုန်းကမှ သူတို့ဘဝထဲမှာ နေရာမရှိခဲ့။ မွေးထုတ်ထားတဲ့အမေနဲ့ သွေးသားရင်းအဖေကတောင် ပစ်ခဲ့တဲ့ကောင်ပဲ။ ဒီလိုသူစိမ်းတွေက သူ့ကို မိသားစုလို့ မသတ်မှတ်ထားတာ မဆန်းဘူး။
အရင်ကလည်း မထူးဆန်းခဲ့ဘူး.. ဒီနေ့လည်း မထူးဆန်းဘူး.. နောင် ဘယ်တော့မှ ထူးဆန်းလာမှာမဟုတ်တဲ့ နိယာမတခု။
“ ဒါပေမယ်.. ဘာလို့လဲ.. ဘာဖြစ်လို့ ခင်ဗျားတို့တတွေ အဲ့လောက်အောက်တန်းကျရတာလဲ.. ကျွန်တော့်ကို ခေါ်ပြီး မွေးစားပေးပါလို့ တောင်းဆိုခယခဲ့ဖူးသလား.. ခင်ဗျားတို့လုပ်တာ မှန်သလား.. ဒီကောင် မိဘမဲ့ပဲ.. ငါတို့ခေါ်သွားမယ် ထားချင်သလိုထားမယ်.. ငါတို့ဆီ ရောက်တာကိုပဲ ကျေးဇူးတင်.. အဲ့လိုလား.. ပြော.. ခင်ဗျားတို့ ပြော..”
ထိန်းမနိုင်တဲ့ ဒေါသတွေနဲ့အတူ သူ ငယ်သံပါအောင် အော်ဟစ်မေးမြန်းလိုက်မိရင်း ဘယ်သူ့ဆီကမှ အဖြေကိုလည်း မကြားချင်နေဘူး။
ဘာအသံမှမထွက်ပဲ ဒီအတိုင်းလေး ငြိမ်ငြိမ်လေးနေကြ.. ခဏနေ သူ ထွက်သွားလိုက်မယ်။ ဒါဆို ရပြီ။ အရင်လို သူ နာကျင်ရသမျှတွေကို တယောက်ယောက်ဆီမှာ ပုံချလိုက်မယ်။ အရင်လို သူ မုန်းတီးရသမျှတွေကို တခုခုဆီမှာ ပေါက်ကွဲလိုက်မယ်။
ဒီလိုနည်းလမ်းနဲ့ အဆင်ပြေတာမို့ ဘာဖြေရှင်းချက်မှ မပေးလာကြစမ်းပါနဲ့..
“ ကိုး.. အကိုလေ..”
သူ့လက်ဖဝါးက အကို့ပါးပြင်ဆီ အရှိန်နဲ့ပြေးဝင်သွားပြီး ဖြန်းခနဲ။ လက်သီးနဲ့ထိုးလိုက်တာ မဟုတ်တာတောင် လည်ထွက်ကာ လဲကျသွားတဲ့အထိ အကိုက ပျော့လိုက်တာ။
ဒေါ်ခင်အေးကတော့ ကမ္ဘာပျက်မတတ်ပင်..
“ အမလေး.. ငါ့သားလေး.. နင်.. ထွက်သွား.. အခုချက်ချင်း ငါ့အိမ်ထဲက ထွက်သွား..”
“ ခင်ဗျားတို့ပဲ ဒီအိမ်ထဲ ခေါ်လာတာလေ.. ဒီကကောင်ကို ခင်ဗျားတို့ပဲ မွေးစားထားတာလေ.. မေ့နေပြီလား..”
လက်ညှိုးငေါက်ငေါက်ထိုးကာ နှင်ထုတ်နေတဲ့ ဒေါ်ခင်အေးကိုကြည့်ကာ ဟားတိုက်ရယ်မောလိုက်တယ်။
လည်ချောင်းတွေ ကွဲမတတ်.. ရင်ဘတ်တွေ အောင့်မတတ်.. တဟားဟား အော်ရယ်နေစဉ်မှာပဲ အကို့ပါးပြင်နဲ့ ထိတွေ့ထားတဲ့ သူ့လက်ဟာ တဆတ်ဆတ် တုန်လို့။
ဒီလောကကြီးထဲ ကျွန်တော် လှည့်ပတ်ပြီး မေးကြည့်ချင်ပါသေးတယ်.. ဘယ်သူများ အမုန်းတွေနဲ့ နေထိုင်ချင်ပါသလဲ.. ဘယ်သူကများ အချစ်တွေနဲ့ ကွေ့ကွင်းချင်ပါသလဲ.. လူရယ်လို့ဖြစ်လာခဲ့တဲ့ ဟောဒီဖြစ်တည်မှုကို တန်ဖိုးအထားမခံရတာမျိုး.. ကြင်နာခြင်းတွေနဲ့ ထွေးပွေ့မခံရတာမျိုး ဘယ်လိုလူက ဖြစ်ချင်ပါလိမ့်မလဲ..
အခုချိန် လိုရာဆုတခုတောင်းပါဆိုရင် သူ့ကိုနားလည်ပေး ကယ်တင်ပေးဖို့ သော်တာနိုင့်နှလုံးသားကို တောင်းလိုက်ချင်ပါရဲ့။
တလှမ်းချင်းပဲ သူ အိမ်ထဲကနေ ထွက်လာခဲ့လိုက်တယ်။
“ ကိုး.. အဖေနဲ့အမေကို ကန်တော့တောင်းပန်လိုက်ပါ.. မင်း ငရဲကြီးလိမ့်မယ်..”
ဟက်.. ကိုသော်တာ.. ကိုသော်တာ.. လူတိုင်းအပေါ် ကောင်းလွန်းပေးတာကြီးက ရွံစရာကောင်းနေကြောင်း ခင်ဗျား ဘယ်အချိန်ကျမှ သတိထားမိလာမှာလဲ..
“ ကိုး.. အကို ပြောနေတယ်လေ.. မင်း အကို့စကားကို နားမထောင်တော့ဘူးလား..”
သူ လှည့်ကြည့်လိုက်တဲ့အချိန် သူ ရိုက်ခဲ့တဲ့ အကို့ပါးပြင်လေးဟာ နီရဲနေပြီး မျက်ရည်စီးကြောင်းလေး ထင်းနေတာကို မြင်လိုက်ရတယ်။
နှလုံးသားထဲ သံလျှိုသွင်းခံလိုက်သလို.. နာကျင်မှုသည် အဆုံးအစမဲ့။
ထိုဖော်မပြနိုင်သော ဝေဒနာဆိုးကြောင့် ဝုန်းဆို အိမ်မက်က လန့်နိုးလာတဲ့အချိန်။ မနက် ၄ နာရီ ထိုးနေလေပြီ။ တကိုယ်လုံးလည်း ချွေးတွေရွှဲနစ်နေကာ အသက်ရှူဖို့ကို ခက်ခဲနေရတယ်။ မျက်လုံးမှိတ်လိုက်တိုင်း အကို့ပါးပြင်နီနီရဲရဲလေးကို မြင်ယောင်လာတာမို့ မျက်တောင်ခတ်တာ ကြာသွားမှာကိုတောင် ကြောက်နေမိတဲ့အထိပါပဲ။
အကို.. ကျွန်တော် တကယ်ပဲ မလွတ်မြောက်နိုင်လောက်ဘူးထင်ပါရဲ့..
…..
“ မင်း တခုခုဖြစ်နေတာလား..”
သော်တာနိုင်က ကိုးရဲ့ပျက်ယွင်းနေတဲ့ မျက်နှာရိပ်မျက်နှာကဲကို ကြည့်ရင်း ဂရုတစိုက် မေးလိုက်သည်။ အိမ်မက်မဟုတ်တဲ့ အိမ်မက်ဆိုးကြောင့် ကိုးတယောက် လန့်နိုးလာကတည်းက ပြန်အိပ်မပျော်တော့တဲ့အပြင် အတိတ်က အဖြစ်အပျက်များကို မြင်ယောင်ပြီး စိတ်နဲ့လူနဲ့ မကပ်သလို ဖြစ်နေလေသည်။
ကားပေါ်မှာ ငူငူငိုင်ငိုင်လေး ထိုင်လိုက်လာတဲ့ ကိုးကိုကြည့်ရင်း သော်တာနိုင် တခုခုလိုနေသလို ခံစားနေရတာ မဆန်းပေ။ ပုံမှန်ဆို ကိုးက စကားမရှိစကားရှာ ရောက်တတ်ရာရာတွေ ပြောတတ်တယ်.. ချိုချဉ်တောင်းစားတတ်တယ်.. နောက်ဆုံး ဘာအကြောင်းအရာမှ မရှိရင်တောင် ကိုးက စာနားမလည်ဘူးဟုဆိုကာ စာရှင်းပြခိုင်းတတ်သည် မဟုတ်ပါလား။
“ ကိုး..”
ပုခုံးကို ကိုင်လှုပ်ခံလိုက်ရတော့မှ ကိုးတယောက် သတိဝင်လာကာ သူ့ကိုစိုက်ကြည့်နေတဲ့ သော်တာနိုင့်ကို မြင်တော့တယ်။
“ ဗျာ..”
“ မင်း ဘာဖြစ်နေတာလဲ.. နေမကောင်းလို့လား..”
ရင်ထဲက တုန်လှုပ်ခြောက်ခြားနေမှုကိုတွေ တတ်နိုင်သလောက် ဖုံးဖိလိုက်ကာ..
“ နေကောင်းပါတယ် အကိုရ.. ကျွန်တော် အိပ်ရေးမဝလို့ပါ.. မနက်က အစောကြီးနိုးသွားတာနဲ့ မျက်လုံးကြောင်ပြီး ပြန်အိပ်မရတော့လို့လေ..”
“ အင်းပါ.. အဲ့ဒါဆို ပြီးတာပါပဲ.. တခုခုဖြစ်နေရင်လည်း အကို့ကို ပြောပြ..”
သူ အကို့ကို ပြုံးပြလိုက်ရင်း ခေါင်းငြိမ့်ပြလိုက်တယ်။
ဘယ်လိုပြောပြရမှာလဲ အကို.. ကျွန်တော်က လူသတ်သမားပါလို့လား.. ကျွန်တော်က အကို့မိသားစုကို အမျိုးမျိုး စိတ်ဒုက္ခတွေပေးပြီး သေအောင် ဖန်တီးခဲ့တဲ့ကောင်ဆိုတဲ့အကြောင်းလား..
အပြင်လောကကြီးမှာတော့ အုံ့မှိုင်းနေတဲ့ကောင်းကင်ကြီး။ မဲမှောင်နေတဲ့ တိမ်ထုတိမ်စိုင်တွေနဲ့အတူ အရှိန်ပြင်းပြင်း တိုက်ခတ်နေတဲ့ လေထုတို့က မိုးကို သယ်ဆောင်လာကြပြီ။ လျှပ်စီးတလျှပ်လျှပ်က မကြာခင် မိုးရွာတော့မယ့်အကြောင်း ရှေ့ပြေးဆော်သြနေသလို။
အုံ့မှိုင်းနေတဲ့ကောင်းကင်က သူနဲ့တူတယ်.. မဲမှောင်နေတဲ့ တိမ်တိုက်တွေကတော့ သူ့အမုန်းတွေပေါ့။ လေပြင်းတွေက ကံကြမ္မာတွေ ဖြစ်မယ်ဆိုရင်.. လျှပ်စီးတွေ မိုးခြိမ်းသံတွေက အဆုံးသတ်မကောင်းတဲ့ အနာဂတ်ရှေ့တော်ပြေး။
အားလုံးပေါင်းပြီး သူ့ကိုယ်သူ မိုးအဖြစ် ရွာချလိုက်တဲ့အခါ အကုန်ရုပ်ဆိုးအကျည်းတန်သွားတော့တယ်။
လာခြင်းမကောင်းလို့ အစွန့်ပစ်ခံ မိဘမဲ့ကလေးဘဝကနေ မွေးစားမိသားစုကို ဒုက္ခပေးခဲ့တဲ့ ကျက်သတုံးကောင်ဘဝပါတဲ့လေ။
ဘာလို့များ အဲ့လောက်တောင် ဒီလောကကြီးနဲ့ အံခွင်ဝင်ကျ မဖြစ်နေခဲ့ရတာပါလိမ့်။
“ ဟူး.. မိုးကလည်း မနက်အစောတုန်းက မရွာဘူးလိုလိုနဲ့.. အခု ရွာရော..”
ကိုသော်တာက ပြေးဆင်းလာတဲ့ မိုးရေစက်တွေကို ကြည့်ရင်း မည်တွန်တောက်တီးနေလေရဲ့။
ဟုတ်သားပဲ.. အကိုက မိုးရာသီကိုရော မိုးကိုပါ မကြိုက်ဘူး.. မိုးမိရင်လည်း တခါတည်း ဖျားရော.. ကျွန်တော်ကတော့ မိုးကို ကြိုက်တယ်.. ကျွန်တော် ငိုချင်တဲ့အခါ မိုးရေထဲထွက်လိုက်ရုံပဲ.. ဘယ်သူ့ကိုမှ ဂရုစိုက်စရာမလိုပဲ မရှက်မကြောက် ငိုချလို့ရတယ်..
အရင်ကဆို မိုးအုံ့နေရင်.. မိုးရွာတော့မယ်ဆိုရင် သူ့ခန္ဓာကိုယ်မှာရှိတဲ့ ဒဏ်ရာဟောင်းတွေက တဆစ်ဆစ် ကိုက်လာတယ်လေ။ မိုးလည်း ရွာချလိုက်ရော.. အဲ့ကိုက်ခဲမှုတွေက ပျောက်ကုန်ရော။ ကိုက်ခဲနေတဲ့အချိန်မှာ ဒဏ်ရာတွေနဲ့ပတ်သတ်တဲ့လူတွေ.. အကြောင်းအရာတွေ ပြန်သတိရနေရပြီး မိုးရွာလို့ ကိုက်ခဲတာတွေပျောက်သွားတဲ့အချိန်.. သူ့မှာ တော်တော်လေး စိတ်ပေါ့ပါးရတယ်။
ကိုးအတွက်ကတော့ မိုးရွာနေတဲ့အချိန်ဟာ လွတ်မြောက်မှုပဲ။
သူများတွေလို ကော်ဖီသောက်တာမျိုး.. သီချင်းနားထောင်တာမျိုး လုပ်စရာမလိုအောင်ကို မိုးက သူ့အတွက် ပြီးပြည့်စုံနေပြီးသား။ မိုးပေါက်ကျသံတွေ.. မိုးခြိမ်းသံတွေက သူ့အတွက် ဂီတ။
အကို့ရဲ့ အော်ညီးသံလောက် စည်းချက်မကျပေမယ့် မိုးသံလေသံကြားထဲ အော်ဟစ်နေတဲ့ အကို့ကို အတင်းအဓမ္မပြုကျင့်ရတာ ကြိုက်တယ်။
အကိုကလေ.. သူ့ပေါင်ပေါ်မှာ မျက်နှာချင်းဆိုင် တက်ထိုင်ခိုင်းပြီး အကို့တွင်းလေးထဲက သူ့အငယ်ကောင်လေးကို အတင်းအကျပ် စိတ်ကျေနပ်မှု ပေးစေတဲ့အချိန်တိုင်း သူ့ရင်ဘတ်ထဲမှာ မြုပ်နေရောပဲ။
အကို့ခါးသေးသေးသိမ်သိမ်လေးက သူ လက်တဖက်နဲ့ ဆွဲဖက်လောက်စရာပဲရှိတာ။ စိတ်ရှိလက်ရှိ အကြမ်းပတမ်း ကိုင်ဆောင့်ချရင် အကိုက ငိုတယ်။ ပြီးရင် သူက ရပ်သွားတော့ အကိုပဲ မရပ်တန့်နိုင်ရော။
အဲ့တော့ သူ့မှာ လူဆိုးကြီး ဖြစ်နေရတာလေ။
နောက်ပြီး သူ့အောက်မှာ ပက်လက်ကလေးဖြစ်နေပြန်ရင်လည်း အကိုက နီးရာခေါင်းအုံးတွေ စောင်တွေနဲ့ မျက်နှာကို ဆွဲအုပ်ထားတတ်သေးတယ်။ တကိုယ်လုံး ဟာလာဟင်းလင်းကြီးဖြစ်နေတာကို မျက်နှာပဲ အမြင်မခံချင်တာတဲ့။ ရှက်လို့တဲ့။
အဲ့လိုအချိန်ရောက်တိုင်း အကို့ကို သူ နားကိုမလည်။
အမြဲတမ်း ငြင်းဆန်နေလွန်းလို့ သူ အကျင့်ယုတ်ပြီး အကို့ကို စိတ်ကြွဆေးတွေ အတင်းတိုက်ဖူးသေးတယ်။
ဟား.. ထကြွနေတဲ့ အကို့ပုံစံလေး မူးမေ့မတတ်ပဲ.. အကိုက တအားလှတာ..
“ ကိုးရေ.. ထီးကလည်း ပါမလာဘူး.. ငါတို့ မိုးစိုကုန်တော့မှာပဲ..”
သူ အသိပြန်ကပ်တော့.. မိုးက တအားရွာနေပြီ။ သူ့ boxer ထဲက အငယ်ကောင်ကလည်း အိပ်ရေး၀၀အိပ်ထားရာကနေ နိုးထလာသလို ရွှင်လန်းတက်ကြွနေလေရဲ့။ အတွေးတွေကို နယ်လွန်ချင်တိုင်း လွန်ခွင့်ပေးမိတာကိုက သူ့အပြစ်။
“ ဟု.. ဟုတ်..”
အသက်ရှူထုတ်ကို ခပ်မှန်မှန်လုပ်ပြီး စိတ်လျှော့နေရင်း အာရုံလွှဲရတော့တာပေါ့။
“ ဒီနေ့ ကျောင်းပျက်လို့မဖြစ်ဘူး.. ကျောင်းစစ်ဆေးရေးလာမှာမို့ ဘင်ခရာအဖွဲ့တွေ လူစုံနေမှရမှာကွာ.. ကျစ်..”
ကားက ကျောင်းပေါက်ရှေ့ ရပ်ပေးလိုက်တဲ့အခါ.. အကိုက လွယ်အိတ်ကို ရင်ခွင်ထဲပိုက်ပြီး ဆင်းပြေးသွားတော့တာပဲ။
“ အကို.. ခဏ..”
သူ့မှာ ချွေးစေးတွေပြန်နေရင်း အောက်ကကောင် ဒုက္ခပေးလို့ အောင့်တောင့်တောင့်နဲ့ နေရထိုင်ရခက်နေပေမယ့် အကို မိုးမိသွားလို့ ဖျားမှာကိုလည်း စိုးရိမ်ရပြန်တာပေါ့။ ချက်ချင်းပဲ သူလည်း အမှီလိုက်ပြေးဆင်းလိုက်ကာ သူ့လွယ်အိတ်နဲ့ အကို့ကို မိုးပေးလိုက်ရင်း မိုးရွာထဲ အတူတူပြေးရလေပြီ။
ကျောင်းပေါက်ဝကနေ အနီးဆုံး အဆောင်အောက်ကိုရောက်မှ.. နှစ်ယောက်သား အပြေးရပ်လိုက်ကြတယ်။
အကိုက သူနဲ့ သူ့လွယ်အိတ် မိုးစိုတာ မြင်သွားတော့..
“ ဘာလို့ အကို့ကို ကာပေးတာလဲ.. မင်း စိုကုန်ပြီလေ..”
သူ အကို့မျက်နှာကို ကြာကြာမကြည့်ရဲ။ မိုးရေတွေ စိုပြီး အေးစက်နေတာတောင် သူ့ရင်ထဲမှာ ပူလောင်နေရတယ်။
“ ရပါတယ်.. အကို မိုးစိုရင် ဖျားမှာစိုးလို့.. ကျွန်တော် သွားပြီ..”
“ ကိုး..အကို ခဏနေ အကျီ င်္အပိုတထည် လာပို့ပေးမယ်.. အတန်းထဲမှာ စောင့်နေနော်..”
အကို့အော်သံက နောက်ကျောဘက်ကမှာ ကျန်နေခဲ့တယ်။
ကျောင်းက အဆောင်တွေက တဆောင်နဲ့တဆောင် မလှမ်းမကမ်းတွေမို့ ဖြတ်ပြေးသွားရင် မိုးစိုစရာအကြောင်းမရှိတော့ဘူးလေ။ အဲ့ဒါကြောင့် သူ စိတ်ချလက်ချပဲ ပြေးထွက်ခဲ့လိုက်တယ်။
အတန်းဆီကို မဟုတ်ဘူး။ သူ ကျောင်းပြေးနေကျ အဆောင်နောက်ဖေးလမ်းကြားလေးဆီ။
အဲ့လမ်းကြားလေးကနေ အုတ်နံရံကိုကျော်ကျပြီး သူ အရင်ဆုံး ပြေးမိပြေးရာ ပြေးထွက်သွားလိုက်မိတယ်။ မိုးရေထဲ သူ မရပ်မနားပဲ ဆက်တိုက်ပြေးနေရင်း နောက်ဆုံး ခြေစုံရပ်လိုက်မိတဲ့နေရာကတော့.. ခြုံနွယ်တွေ ခြုံပုတ်တွေအပြည့်ဖြစ်နေတဲ့ ခြံဝန်းကြီးတခုရှေ့မှာ။
ဒီခြံဝန်းကို သူ မဝယ်ရသေးဘူး။ ဒီခြံဝန်းထဲမှာလည်း နန်းတော်တမျှ ခမ်းနားတဲ့အိမ်ကြီးကိုလည်း မကောင်းတဲ့ငွေတွေနဲ့ မဆောက်ရသေးဘူး။ အိမ်မြေအောက်ခန်းမှာ ဧကနဲ့သတ္တကို သူ စိတ်လိုက်မာန်ပါနဲ့ မရိုက်သတ်မိသေးသလို.. ခြံနောက်ဘက်ဝန်းထဲမှာလည်း မမြှုပ်ရသေးဘူး။ သူ ကြိုးဆွဲချသေမယ့် သစ်ပင်ကြီးလည်း မစိုက်ရသေးဘူး။
ကိုးတယောက် သူ့ပါးကိုသူ ဘယ်ပြန်ညာပြန် တဖြန်းဖြန်း ရိုက်ပစ်လိုက်တယ်။
မင်း.. မဟုတ်သေးဘူးလေ.. မင်းက ကိုး မဟုတ်တော့ဘူး..
စိတ်ထဲကနေ အကြိမ်ကြိမ် ရေရွှတ်အော်ဟစ်သံတွေက လည်မြိုဝမှာတင် တစ်ဆို့နေလျှက်။
စိတ်ဆန္ဒမပါပဲ လိင်အာသာအဖြေခံရတာ ဘယ်လောက်စုတ်ပဲ့ပြီး ဘယ်လောက်တောင် ရွံမုန်းစရာကောင်းသလဲ သူကိုယ်တိုင် သိခဲ့ပါရဲ့နဲ့..
အကို့ကို ဒီလိုပုံစံတွေနဲ့ မြင်ယောင်နေတဲ့ တိရိစ္ဆာန်ကောင်။
ဆက်တိုက်မပြတ် ထွက်ပေါ်နေတဲ့ ပါးနဲ့ လက်ဝါးထိရိုက်သံတွေက တဝေါဝေါ ရွာသွန်းနေတဲ့ မိုးအောက်မှာ ပျောက်ဆုံးနေလေရဲ့။
အဲ့ဒါ မင်းပဲလေ.. မင်းရဲ့အတိတ်တွေ.. မင်း လုပ်ခဲ့တာတွေ.. အကုန် မင်းပဲ.. ကိုးဆိုတဲ့ကောင်က မင်းပဲ.. ဘာလဲ.. မင်းက နောက်တခါ ပြန်အသက်ရှင်နိုင်တာနဲ့ ဒါတွေကို မင်းနဲ့မဆိုင်ဘူးလို့ ထင်နေတာလား..
ဒီစကားတွေက သူကိုယ်တိုင်ပြောနေသလား.. တယောက်ယောက်က လာပြောနေသလားဆိုတာတောင် မဝေခွဲတတ်တော့ဘူး။
နားထဲမှာ တဝဲလည်လည် ကြားယောင်နေတာက အကို့အော်ငိုသံတွေ။
မင်းလည်း ကြိုက်တာပဲမလား.. အချစ်ခံချင်တာတွေ နားလည်စေချင်တာတွေက အကြောင်းပြချက်တွေပါ.. မြင်ယောင်ကြည့်လိုက်တော့ သော်တာနိုင့်ဆီက အမြဲအငြင်းခံနေရတဲ့ သနားစရာ ကိုးလေးက.. အဲ့ခံစားချက်တွေကို ရိုးသွားပြီး.. သော်တာနိုင် မင်းကို ရို့ရို့ကျိုးကျိုး လက်ခံပေးလာမယ့် ခံစားချက် အသစ်အဆန်းကို လိုချင်နေတာများလား..
“ အား……. ထွက်သွား.. ငါ့ဆီကနေ ထွက်သွားစမ်းပါ..”
ပါးစောင်တွေကွဲထွက်ပြီး သွေးတစက်စက်ကျလာတဲ့အထိ သူ့ပါးတွေကို သူ ပြန်ရိုက်နေမိတုန်းပဲ။
နားအုံနားရင်းတွေကို ရိုက်မိပြီး နားတွေအူသွားတော့မှ အသံတွေရပ်သွားတော့တယ်။ ဘယ်သူမှမရှိတဲ့ ခြံဝန်းထောင့်လေးမှာ သူ ထိုင်ငိုနေမိတော့တာပါပဲ။
မိုးကလည်း သူနဲ့အပြိုင် ငိုနေတုန်း..
ယုတ်ညံ့တဲ့အမှုကို ကြုံတွေ့ခဲ့တာတောင် ကိုယ်တိုင်က လူယုတ်မာ ဖြစ်လိုက်သေးတယ်။
သူ တခါတည်း သေခွင့်ရလိုက်တာက သူ့အတွက် သက်သာလွန်းလို့.. သူ့လူမဆန်မှုတွေအတွက် မတရားလွန်းလို့ နောက်တခါ အသေဆိုးနဲ့ ထပ်သေဖို့များ ပြန်မွေးဖွားခွင့်ပေးလိုက်တာလား။
ဒီလိုဆိုရင်တောင် ကျွန်တော် ထပ်သေရဲတယ်.. ထပ်သေလိုက်မယ်.. ဒီအောက်တန်းကျတဲ့ ကိုးကိုတော့ ကျွန်တော်နဲ့အတူ ရှင်သန်ခွင့် မပြုနိုင်ဘူး.. အကို့ကိုထိပါးခွင့် မပေးနိုင်ဘူး..
အဲ့အတွက် ကျွန်တော် သေပေးလိုက်ရရင်တောင် ဖြစ်တယ်..
…..
Thanks for reading,
To be continued..
Continue Reading
You'll Also Like
449K 46.4K 144
🍃 စစ်မြေပြင်ပေါ်က မျက်တောင်မခတ်တမ်း လူသတ်နိုင်တဲ့ ဆာမူရိုင်း တစ်ယောက်ရဲ့.. နှလုံးသားပလ္လင်ကို သိမ်းပိုက်နိုင်ခဲ့တဲ့သူဟာ ချယ်ရီ ပန်းလို နူးညံသိမ်မွေ့တဲ...
163K 13.9K 73
#Unicode လမ်းဆုံဆိုတဲ့နေရာကိုရောက်ရင် ရပ်တန့်ကြရမှာပဲ တူညီတဲ့အရပ်မျက်နှာကို ရွေးချယ်မိနိုင်သလို ဆန့်ကျင်ဘက်လည်းဖြစ်သွားနိုင်တယ် ... #Zawgyi လမ်းဆုံဆိ...
3.4M 277K 89
|| Zaw & Uni || မမျှော်လင့်ထားသော အချစ်.... ဒါက fantasy အမျိုးအစားလေးပါ။ Title မှာလိုမျိုး ' မာနကြီးတဲ့ကျွန်တော့် ယောကျာ်းရဲ့ကိုယ်ဝန်ရှိနေတယ်တဲ့ ' bl...
186K 20.6K 77