When You Find Lost Love Again

By Htet-Bo

138K 10.9K 2.9K

3.6.2021 - 11.5.2022 More

Character (1)
Character (2)
Part - 1
Part - 2
Part - 3
Part - 4
Part - 5
Part - 6
Character (3)
Part - 7
Part - 8
Part - 9
Part - 10
Part - 11
Part - 12
Part - 13
Part - 14
Part - 15
Part - 16
Part - 17
Part - 18
Part - 19
Part - 20
Part - 21
Part - 22
Part - 24
Part - 25
Part - 26
Part - 27
Part - 28
Part - 29
Part - 30
Part - 31
Part - 32
Part - 33
Part - 34
Part - 35
Part - 36
Part - 37
Part - 38
Part - 39
Part - 40
Part - 41
Part - 42
Final (UNI)
Final ( ZGI)
Character - 4

Part - 23

2K 215 124
By Htet-Bo

မျက်ခုံးထူထူ မျက်စံနက်နက်တွေနဲ့ မျက်ဝန်းအစုံဟာ အကြည့်ချင်းမဆုံရဲအောင်ပင် အရှိန်အဝါတစ်ခုကို သယ်ပိုးထားသည်။ မေးရိုးကားကား က အံကြိတ်ထား၍ထင် ပို၍ထင်းထွက်နေသည်။ တင်းရင်းနေသောမျက်နှာပြင်က ဒေါသစိတ်ကြောင့် ခက်ထန်တဲ့အသွင်ကို ဆောင်နေသည်။သေချာပုံသွင်းထားပုံမပေါ်သော်လည်း သပ်ရပ်စွာဖြီးသင်ထားသော ဆံပင်တိုတိုထံမှာ အဖြူရောင်သန်းနေသော ဆံဖြူတွေ တစ်စနှစ်စ တွယ်ကပ်နေပြီ။ အားလုံးကိုပေါင်းစည်းကြည့်လိုက်မည်ဆိုလျှင် ထိုသူ၏အသွင်အပြင်သည် သြဇာတိက္ကမနှင့်ပြည့်စုံသော လူကြီးလူကောင်းတစ်ဦး​ပေ။ ထိုသူသည် သစ်ခက်လွှား၏
ဖေကြီး ဦးတည်ကြည်နိုင်ပင်။

တဖက်တွင်လည်း မြင်လိုက်သည်နှင့် အေးချမ်းသွားသည့် ဥပဓိကိုပိုင်ဆိုင်ထားသော အမျိုးသားတစ်ဦးရှိနေသေးသည်။ မာန်မာနမရှိဘဲ ကြည်လင်နေသော မျက်နှာပြင်က အနည်းငယ်တော့ ညှိုးနွမ်းဖျော့တော့ နေသည်။ ထိုသူကတော့ သစ်ခက်လွှား၏ဖေဖေ
ဦးရိုးရှင်းသွင် ဖြစ်ပေသည်။

အသက်လေးဆယ်​ကျော်အရွယ်အမျိုးသားနှစ်ဦး၏အပြင်ပန်းသဏ္ဍန်သည်ဘနုပျိုဆဲ ၊ တင့်တယ်ဆဲပင်။​
မြင်​တွေ့နေရသော အသွင်အပြင်တွေဟာ ကွဲပြားခြားနားကာ ဆန့်ကျင်ဘက် ဖြစ်နေသော်လည်း ထိုမတူညီမှုနှစ်ခုပေါင်းစပ်ထားခြင်းဟာ လွန်စွာလိုက်ဖက်ပြီး ပနံသင့်နေလေသည်။

" ခွပ်!  "

အသက်လေးဆယ်ကျော်အရွယ် အမျိုးသားတစ်ဦးရဲ့ အားသည် ဝန်း ရဲ့ခေါင်းတစ်ခုလုံးကို လည်ထွက်သွားစေသည်။နှုတ်ခမ်းထောင့်မှစီးကျလာသော သွေးစကို လက်မဖြင့် ရှင်းလင်းဖယ်ထုတ်လိုက်ကာ ထပ်မံကျရောက်လာမည့် ထိုးချက်ကို မျက်လုံးစုံမှိတ်ရင်း ခံယူရန် အသင့်ပြင်ထားလိုက်သည်။

" ဖေကြီး!  "

အရှေ့ကကောင်လေးအား ထိုးရန်ရွယ်နေသော ဦးတည်ကြည်ခန့် ကို
ဦးရိုးရှင်းသွင် ဟန့်တားလိုက်သည်။
အထိုးခံရလောက်သည်အထိ ထိုကောင်လေးမှာ အပြစ်မှ မရှိတာပဲ​လေ။

လူအများရှေ့မှာ ထိုးခံလိုက်ရတဲ့ နိုင်ငံကျော်မင်းသားတစ်ဦးက ရှက်ရွံခြင်းတွေ သိက္ခာကျဆင်းခြင်းတွေကို ဂရုမထားနိုင်ဘဲ ထိုးခံသင့်တဲ့လူလို့
ကိုယ့်ကိုယ်ကို သတ်မှတ်ထားလေသလား။

" ငါဘာပြောခဲ့လဲ ဒီနိုင်ငံက ဘာအကျိုးမှမပေးတဲ့ နေရာလို့ ငါမပြောခဲ့ဘူးလားဟမ် "

စူးရဲသောအကြည့်တွေနှင့်အတူ ထွက်ပေါ်လာတဲ့ အသံမာမာဟာ အော်ပြောနေတာမဟုတ်သော်လည်း ကြားရသူအဖို့ ကြက်သီးတဖြန်းဖြန်း ထစေသည်။

" တောင်းပန်ပါတယ် "

ဝန်း ခေါင်းမမော့ရဲဘူး။ဝန်း ရဲ့ ဦးနှောက်ထဲမှာ ဘာမှမရှိဘူး ။ ဖြည့်စရာအဖြေမရှိတဲ့ ကွက်လပ်ကြီးလို ဟာလာဟင်းလင်း ။ သူ့ မသိစိတ်ကရော သိစိတ်ကရော လှုံ့ဆော်နေတာက အရာရာကို တောင်းပန်ဖို့ရာ ။

" ကျွန်တော် တောင်း ပန် ပါတယ် "

တောင်းပန်စကားကိုသာ ထပ်ခါထပ်ခါဆိုမိနေသော ဝန်း ။

" တောင်းပန်တော့ရော တောင်းပန်တော့ရော ငါ့သားက နိုးလာလား ဟမ် "

နှုတ်ဆိတ်ကာ ခေါင်းကိုမြေကြီးထဲသို့ ထိုးဝင်မတတ်ငုံ့ချထားသော ကောင်လေးကြောင့် ဦးတည်ကြည်နိုင်၏ဒေါသတွေ ပို၍ အရှိန်မြှင့်တက်လာသည်။

" ဖြေလေ! မင်းတောင်းပန်လိုက်တာနဲ့ ငါ့သားက သတိရလာလားလို့! ဟမ် !"

လူ​ကြီးတစ်ယောက်တတ်မဲ့ မိမိပုံရိပ်ကို ဂရုမစိုက်မိတော့ဘဲ ထိုကောင်လေး၏အင်္ကျီကော်လံစကို ကိုင်ဆွဲကာ ဒေါသအလျောက် ပြုမူနေမိသည်။

" တောင်း ပန် ပါ တယ် "

တောင်းပန်ငုပ်လျှိုးနေသော မျက်ဝန်းတွေနဲ့ တောင်းပန်ကြောင်း အတွင်တွင်ပြောနေတဲ့ ဒီကောင်လေးကို
ဦးတည်ကြည်နိုင် စိတ်ပျက်စွာ ကြည့်လိုက်သည်။ ဒီကောင်လေးကြောင့်
သာမဟုတ်ရင် လွှားက ဒီလိုနေရာကို ရောက်နေစရာအကြောင်း မရှိဘူး ။
တောင်းပန်ပါတယ်ဆိုတဲ့စကားတစ်ခွန်းနဲ့ ကျေနပ်ပေးရမှာလား ။ဖြေသိမ့်လိုက်ရမှာလား ။

"မင်း! ငါ့သား တစ်ခုခုဖြစ်သွားရင် မင်း မင်း မလွယ်ဘူး "

စိတ်တိုဒေါသထွက်နေတယ်ထင်ရသော်လည်း သတိမေ့နေတဲ့ သားတစ်ယောက်၏ဖခင် ရဲ့ ပူဆွေးခြင်းတွေကို ဘယ်သူသိနိုင်မှာလဲ။ငါ့သားသာတစ်ခုခုဖြစ်သွားရင်ဆိုတဲ့ စိုးရိမ်စိတ်တွေရော ကိန်းအောင်းနေမလား ။

" ငါ့သားကို ခေါ်သွားမယ် ငါဒီမြေကို ကြာကြာမနင်းချင်ဘူး "

ဦးတည်ကြည်နိုင် ပြောလိုက်သောစကားကြောင့် ငြိမ်သက်နေတဲ့တာဝန်ခံဆရာဝန်က ချက်ချင်းခေါင်းထောင်လာသည်။

" အဲ့လိုလုပ်လို့မရဘူး အစ်ကို ကျွန်တော်တို့ ခွင့်ပြုမပေးနိုင်ဘူး ကျွန်တော်တို့ဆေးရုံက အစ်ကို့သားကို ပြန်ကျန်းမာလာဖို့အတွက် အပြည့်အဝ တာဝန်ယူတယ် ဒီ​ဆေးရုံမှာ အစ်ကိုသိပ်အထင်ကြီးတဲ့ နိုင်ငံခြားကနေ ဘွဲ့ရထားတဲ့ ဆရာဝန်တွေလည်း  ရိုက်သတ်မကုန်ဘူး "

အကောင်းဆုံး ဆေးရုံဆိုတဲ့ ဂုဏ်ပုဒ်ကို စောင့်ထိန်းချင်ကြသော ဆရာဝန်တွေက လွှားကို သူတို့ကုသနိုင်ပါတယ်ဆိုပြီး ဘယ်ကိုမှ မလွှဲပေးချင်ပုံ။

" မင်းတို့ဆေးရုံက ဘာကြီးဖြစ်နေနေ ငါ့သား ငါခေါ်ချင်လို့ ခေါ်သွားမှာကွာ "

ဒီမြေဒီရေကို နာကျည်းနေသော ဖခင်သည်လည်း သူ၏သားကို ဒီနိုင်ငံမှာ
မကုသလို ။အတ္တတွေကြားက လွှား။

" အစ်ကို ကျွန်တော်တို့ အေးဆေးပြောကြရအောင် "

" ဘာကိုလဲ ဘာမှ ပြောဖို့မလိုဘူး "

" ဖေကြီး "

တုန်တုန်ရင်ရင် ခေါ်ဆိုသံ၏ အဆုံးမှာ အားလုံး တိတ်ဆိတ်ငြိမ်သက်သွားကြသည်။

" သား ငိုနေတယ် "

မှေးစက်ထားသော မျက်လုံးအစုံတို့မှ မျက်ရည်စီးကြောင်းများက ဘေးဘက်သို့ လျှံကျနေသည်။လွှား ငိုနေသည်။

" လွှားဖေကြီးက လွှားကိုချစ်လို့ ဒေါသထွက်နေတာနော်.. .မငိုနဲ့နော်...
ဖေ့ကလေးလေး ဖေတို့ ဘာမှမသွားဘူးနော်... ဖေဖေရော ဖေကြီးရော လွှား လွှား ကိုကိုရော လွှားနဲ့အတူတူရှိမှာနော် မငိုနဲ့နော် "

လွှားရဲ့မျက်ရည်လေးတွေကို သုတ်ပေးရင်း ကိုယ်တိုင်မျက်ရည်မဆည်နိုင်တဲ့ ဖခင်တစ်ဦးကို ကြည့်ပြီး မြင်ရသူတိုင်းမျည်ရည်ဝဲမိကြလိမ့်မည်။

.

အခန်းငယ်လေးထဲ မိသားစုလေးတစ်စု။
ဒီလိုပြန်ဆုံရမယ်လို့ ဘယ်သူထင်ခဲ့မှာလဲ။

ကံကြမ္မာက ဒီလိုဖန်တီးခဲ့မယ်ဆိုတာ သိခဲ့ရင် သားကို မရရအောင် တားခဲ့မိမှာ။

" ဖေကြီး "

အမြဲတမ်း သားကိုစနောက်တတ်ပြီး သားရဲ့ ရန်ဖြစ်ဖော်ကြီးက အခုတော့ သားဇောနဲ့ တွေ့သမျှလူတွေကို ရန်လုပ်နေသည်။

" ဖေကြီး ဒေါသထွက်နေတာသိပေမယ့် စိတ်လျှော့ပါ ဖြစ်ခဲ့တာတွေလည်း ဖြစ်ပြီးပြီ  ဘယ်သူ့အမှားမှ မဟုတ်လို့ ဘယ်သူ့ကိုမှ အပြစ်တင်ဖို့ မလိုဘူး
ဖေကြီး ဘယ်သူမပြု မိမိမှု လေ "

ဦးတည်ကြည်နိုင်ရဲ့လက်ကိုဆုပ်ကိုင်ပေးပြီး ဖျောင်းဖျတော့ ခေါင်းကိုဆတ်ခနဲ ငြိမ့်ပြလာကြောင့်
ဦးရိုးရှင်းသွင် မျက်ရည်တွေကြား ပြုံးလ်ုက်သည်။

" လွှားအတွက် အကောင်းဆုံး လုပ်ပေးချင်တာ သိတယ် လွှားအတွက်အကောင်းဆုံးက ဒီမှာနေတာပဲ "

" အဓိပ္ပါယ် မရှိတာ "

သားကို ပြန်ခေါ်သွားဖို့ရာပဲ အားသန်နေတာကြောင့် ဒီမှာသားကိုထားဖို့
လက်သင့်မခံချင်။

" ဟိုကောင်လေးသာ လွှားအနားမှာရှိရင် လွှား မြန်မြန် သတိရလာလိမ့်မယ် အခုတောင် တုံ့ပြန်နေတယ်မလား "

" ကိုယ်တို့ကြောင့် တုံ့ပြန်တာပါ "

ဦးတည်ကြည်နိုင်ရဲ့ မကျေမချမ်းပြောပုံကြောင့် ဦးရိုးရှင်းသွင် သက်ပျင်းချမိသည်။ အသက်ကသာ လေးဆယ်ကျော်နေပြီ စိတ်က တဇွတ်ထိုးဆန်ချင်တုန်း။

" တော်ပြီ သားကို ဒီမှာပဲထားမယ်
ဖေကြီး ဘာမှမပြောနဲ့တော့ "

" သူ့လုပ်ချင်တာ သူလုပ်တာကို "

ဦးရိုးရှင်းသွင် မကြားနိုင်လောက်တဲ့အသံနဲ့ တိုးတိုးရေရွတ်လိုက်ပေမယ့် လွှားဖေဖေက ကြားဖြစ်အောင်ကြားသွားကာ မျက်ထောင့်နီနဲ့ ကြည့်လာသည်။

" လွှား က သူ့ကိုကို ကို မထိခိုက်စေချင်တာမလို့ ဖေကြီးက ဆင်ခြင်ပေး "

အင်းမလုပ် အဲမလုပ်နဲ့ တည်တင်းနေတဲ့ ဦးတည်ကြည်နိုင် ကြောင့်

" ဖေကြီး "

" အဲ့ကောင်ကို လှည့်တောင်ကြည့်မှာမဟုတ်လို့ စိတ်ချ "

" ရှူး...သား ကြားသွားမယ် "

ကိုယ့်အသံကို အိပ်ပျော်နေတဲ့သားကြားသွားမှာစိုးပြီး ပါးစပ်ကို အသဲအသန်လာပိတ်သည်။အဲ့ကောင်က ဘာမို့လို့လဲ။

လွှားဘေးမှာ အဲ့ကောင်လေးရှိမှ ​ဖြစ်မယ်...။

.

ရန်း သိပ်မြတ်နိုးတဲ့ အပင်ငယ်လေးတွေ။နှင်းဆီဝါလွင်လွင်လေးတွေက မျက်စိအေးစေပြီး အဖြူရောင်ဒေစီလေးတွေက ရင်ကိုအေးစေသည်။နေကြာပန်းလေးတွေက မျှော်လင့်ချက်တွေပေးသည်။ လာဗင်ဒါအနံ့သင်းသင်းလေးက တစ်ခန်းလုံးကို ကြိုင်စေသည်။စိမ်းစိမ်းစိုစိုနဲ့မျက်စိပသာဒဖြစ်စေတဲ့ indoor plant လေးတွေက ရန်းရဲ့မြင်ကွင်းထဲမှာ အပြည့်နေရာယူထားသည်။

ရန်းရဲ့အခန်းလေးထဲ ရောက်ရှိနေရာယူလာတဲ့ အပင်လေးတွေကိုမြင်လိုက်ရတော့ ချက်ချင်းပင်အားတက်ကာ နေကောင်းသွားသလိုပင်။အသိုက်အမြုံတစ်ခုလို နွေးထွေးသွားစေသည့် ရန်းရဲ့အဖော်မွန်လေးတွေ။ အပင်လေးတွေကို မြင်ပြီး ရန်း ပါးစပ်တောင် မစိနိုင်ပဲ ပြုံးပျော်နေမိသည်။

" ငါတော့ မြန်မြန်နေကောင်းတော့မှာပဲ ဝန်း ကလေ ငါ့ကိုတောင်မပြောဘူး အပင်လေးတွေ ​ရောက်လာမှာကို.. တကယ်ကိုပဲ ဝန်းက ငါလိုအပ်တာတွေကို ငါမပြောပဲသိနေတဲ့ တစ်ဦးတည်းသော လူသားလေးပဲ အဟင်း "

ချစ်ရသောထိုလူသားသည်
ဒီလူသား၏အရာရာကို မတောင်းဆိုပဲ ဖြည့်စွမ်းပေးပြန်သည်။သိပ်ချစ်ရပါသည် ။ ဝန်းငယ် ။

အပင်​လေးတွေမြင်တော့ ဆိုင်ကအပင်လေးတွေကို သတိရမိသည်။
ရန်း ရဲ့ အပင်လေးတွေလည်း ရန်းကိုမျှော်နေရောပေါ့။ရန်းမရှိတော့သူတို့အဆင်ပြေပါ့မလား။

.

" ဝန်း ဒါတွေ မင်း မှာ ..ဘာဖြစ်လာတာလဲ ဝန်း "

ဟိုကောင်လေးရဲ့မိဘတွေရောက်လာပြီဆိုပြီး ထွက်သွားတဲ့ ဝန်းက ပြန်လာတော့ မျက်နှာမှာ ဒဏ်ရာပါလာတာကြောင့် ရန်း စိတ်တွေအထိတ်တလန့်။

အပင်တွေပြည့်နေတဲ့ အခန်းကို ဝန်း တစ်ချက်ဝေ့ကြည့်လိုက်သည်။

" ကျွန်တော် မမှာထားဘူး "

" အဲ့ဒါကအရေးမကြီးဘူး မင်းမျက်နှာက ဘာဖြစ်လာတာလဲလို့ "

နှုတ်ခမ်းထောင့်စွန်းမှာ ညိုမဲနေတဲ့ ဒဏ်ရာက ရန်း ရင်ကိုယောက်ယက်ခတ်စေသည်။ရိုက်ကွင်းပေါ်ကချိန်းဆီမှာသာ ဒီလိုဒဏ်ရာတွေ ရှိဖူးတာ။လက်တွေ့ဘဝက ဝန်းဆီမှာ ဒီလိုအနာတရတွေ တစ်ခါမှရှိခဲ့ဖူးတာမဟုတ်။ဘာအပြစ်တွေကြီးနေလို့ ကလေးကို ဒီလိုလုပ်လိုက်ကြတာလဲ ။
ဝန်းမှာ ဘာအပြစ်ရှိလို့လဲ။

" ဘာမှမဖြစ်ဘူး  "

ဒီလောက်ညိုမဲစွဲနေတာကို ဘာမှမဖြစ်ဘူး ဆိုကာ မှင်သေသေနှင့် ရန်းဘေးလာထိုင်သည်။

မင်းက ဘာမှမဖြစ်ပေမယ့် ငါတော့
မကျေနပ်ဘူး ဝန်းငယ်။

" ဘာကိုဘာမှ မဖြစ်တာလဲ သူတို့လုပ်လိုက်တာမလား "

ထိုပုဂ္ဂိုလ်ကိုတွေကို ရန်း စိတ်တိုသည်။ရန်းသာလှုပ်ရှားလို့ရရင် ဝန်းကို ဒဏ်ရာပေးလို့ ရန်သွားတွေ့မိမှာ အမှန်ပင်။

" သူတို့စိတ်ဆိုးသင့်တာပဲလေ "

" ဘာကိစ္စမင်းကိုစိတ်ဆိုးရမှာလဲ ဘယ်မှာလဲ  မင်းအပြစ် ဟမ် "

" သူတို့သား ဒီလို ဖြစ်သွားတာ ကျွန်တော့်ကြောင့်လေ "

"ကျစ်! သူ့ဟာသူ မင်းကို မွှန်ပြီး ဖြစ်တာလေ "

" အစ်ကို! ! !"

ကျယ်လောင်စွာအော်ဟစ်လိုက်သော ဝန်း ကြောင့် ရန်းတစ်ကိုယ်လုံးအေးစက်တောင့်တင်းသွားသည်။

" အစ်ကိုဘယ်လိုစကားပြောလိုက်တာလဲ ကျစ်! သူများသားသမီးကို အစ်ကိုဗျာ "

ဝန်းရဲ့အကြည့်တွေမှာ စိတ်ပျက်မှုတွေ၊ မလိုလားမှုတွေ၊ အထင်သေးမှုတွေ ပါဝင်နေသည်။ဒီလိုအကြည့်မျိုးနဲ့ဝန်းဆီက အကြည့်ခံဖူးတာ ဒါဟာ ပထမဆုံးအကြိမ်ပင်။ ဝန်းရဲ့အကြည့်က ရန်းကို ဆွံ့အစေသည်။တွန့်ဆုတ်စေသည်။ထိတ်လန့်စေသည်။

ဟိုကောင်လေးအစား ဝန်း ကအထိနာပေးနေတာလား ။

" ငါ ငါ ပြောတာမှားလို့လား သူ့ဟာသူ "

" အစ်ကို!  တော်တော့!  တော်လိုက်တော့ "

ဝန်းက မတ်တပ်ထရပ်လိုက်ကာ ဒေါသတကြီးအော်ပြီး ရန်းကိုကျောခိုင်းသွားသည်။ဝန်းရဲ့ကျောပြင်ကျယ်ကြီးကို ရန်းမမှိတ်မသုန် ကြည့်နေရင်း ဆို့နစ်မှုတွေက လည်ပင်းဝတွင် တစ်ဆို့နေသည်။

" ဝန်း ..."

" ဒေါက် ဒေါက် ဒေါက် "

တစ်စုံတစ်ဦးက အခန်းတံခါးကို ခေါ​က်နေတာကြောင့် ဝန်း စိတ်လျှော့ကာ တံခါးသွားဖွင့်လိုက်သည်။

" ဦးဝင်လာလို့ရမလား "

" ဟို ဦး ဘာကိစ္စ ရှိလို့လဲ ဝင်လာလို့ ရပါတယ် ဝင်ပါ ဦး "

အထဲဝင်လာတဲ့ လူကဘယ်သူလဲ။ရန်းကိုမြင်တော့ ပြုံးပြကာ နှုတ်ဆက်လာသည်။ တစ်ခါမှမမြင်ဖူးတဲ့ အပြုံးအေးအေးနဲ့ထိုပုဂ္ဂိုလ်ဟာ ရန်း ထင်တာမမှားရင် ဟိုကောင်လေးရဲ့အဖေနှစ်ယောက်ထဲက တစ်ယောက်ဖြစ်လိမ့်မည်။

" ဟို ထိုင်ပါ ဦး "

ဝန်း တစ်ယောက် ဝန်းနဲ့မတူစွာ ​​ပြာယာခတ် လို့​​နေသည်။ ထိုပုဂ္ဂိုလ်ကို ဆေးရုံရဲ့ V.I.P ခန်းမှာ လူနာလာကြည့်မယ့် ဧည့်သည့်အတွက် ထိုင်စရာနေရာလေးလုပ်ပေးထားတဲ့ နေရာမှာ  ထိုင်စေ​ပြီး ဝန်းက​တော့ ငယ်ကျွန်ကြီးတစ်​​ယောက်လို မတ်တပ်ရပ်ကာ ခေါင်းငုံ့ထားသည်။

" သား ရော ထိုင်ပါ "

" ဗျာ အာ... ဟုတ် "

ထိုင်ပါ ဆိုမှ ထိုပုဂ္ဂိုလ်ရှေ့ ကြောင်ပေါက်လေး တစ်ကောင်လိုကျုံ့ကျုံ့လေး ဝင်ထိုင်သည်။ ရှိန်းမြင်မိုရ်ဝန်း တို့က အနားမှာသာရှိရင် ပိတ်ရိုက်ပစ်ချင်စရာ။ ဝန်း လုပ်နေပုံတွေကို ရန်း ကြည့်ပြီး စိတ်ထဲ ကလိကလိဖြစ်နေသည်။

" လွှားဖေကြီးက စိတ်ဆတ်လို့ ဦးကပဲတောင်းပန်ပါတယ် "

ဝန်းထိုးခံထားရတဲ့ နှုတ်ခမ်းထောင့်စွန်းကို စိတ်မသက်မသာဖြင့်ကြည့်ကာ အားနာစကားဆိုလာသည်။

လုပ်တုန်းကလုပ်လိုက်ပြီး ခုမှ အားနာပြနေတော့ရော ဝန်း ကမနာတော့ဘူးလား။ဝန်း ကို ထိုးလိုက်တဲ့ သူကို ရန်း မြင်ချင်စမ်းပါဘိ။

" ကျွန်တော့်ကို စိတ်ဆိုးသင့်ပါတယ် ဒီထက်ပို​ပြီး ကျွန်တော့်ကို ထိုးသင့်တာ"

​ကြား​​နေရတဲ့စကားကြောင့် ရန်း  ဝန်းကိုဆတ်ခနဲလှမ်းကြည့်လိုက်သည်။

" မဟုတ်တာကွယ် ဒဏ်ရာရသွားတော့ သားအလုပ်မှာ ခက်ခဲသွားမယ်ထင်တယ် "

သေချာပေါက်ပဲပေါ့ ။ ဝန်း လိုမင်းသားတစ်ယောက်အတွက် မျက်နှာကဘယ်လောက်အ​ရေးကြီးလဲ ။ အလုပ်တွေမရှိဘူးပဲထားဦး ဝန်းက ဒီလိုမျက်နှာနဲ့ လူတွေရှေ့ ဘယ်လိုသွားရမလဲ ။

စိတ်ကိုအလိုလိုက်ကာ ရန်တွေ့လိုက်ချင်ပေမယ့် အတင်းချုပ်ထိန်းကာ မြိုသိပ်ထားရသည် ။ ကိုယ့်ဒေါသကြောင့် ရန်းက မျက်နှာပျက်မှာစိုး၍သာ။

" ဒီအတွက်နဲ့ ကျွန်တော့်ကို အားမနာပါနဲ့ ကျွန်တော်ကသာ ဦးတို့နဲ့ မျက်နှာချင်းဆိုင်ဖို့ အရည်အချင်းမရှိတဲ့သူပါ "

" အဲ့လိုမတွေးပါနဲ့ကွယ် "

" ဟူး...."

ရန်း တမင်သက်သက်ပင် သက်ပြင်းကျယ်ကျယ်ချလိုက်သည်။ အနာပေးလိုက်ဆေးပေးလိုက် လုပ်နေတဲ့သူ နဲ့ ဆေးမလိုဘူး အနာပဲယူချင်ပါတယ်ဆိုတဲ့ ကောင်ဆိုးတို့ရဲ့ စကားလက်ဆုံကျ​နေမှုကို ရန်း နားမထောင်လိုတော့။

" ဟို ဦးက သစ်ခက်လွှားဖေဖေပါ "

ရန်း ရှိနေတာကို သတိရသွားတယ် နေမည် ။ ရန်း ကို ဘယ်သူဘယ်ဝါဖြစ်ကြောင်း မိတ်ဆက်လာသည်။

" ဟုတ် "

ရန်း ခပ်ပြတ်ပြတ်သာ ပြန်ဖြေလိုက်သည်။ ရှည်ရှည်ဝေးဝေးတွေလည်း မပြောချင် ။ သူတို့တွေကို ရန်းသဘောမတွေ့ဘူးဆိုတာလည်း သိမယ်ထင်ပါတယ်။

" ဦးက ရှေးဆက်ရန်းရဲ့ပရိသတ်ပါ "

" ကျေးဇူးတင်ပါတယ် "

မျက်နှာက တည်တင်းနေကာ အသံကလည်း မာဆတ်ဆတ်ဖြင့် ။ စကားပြောနေတဲ့ လူကို မျက်နှာလွှဲကာဖြေနေသော အစ်ကို့အပြုအမူတွေက ယဥ်ကျေးမှုမရှိဘဲ ရိုင်းပြနေတယ်လို့ ဝန်းထင်သည်။တစ်ဖက်က လူဟာ တခြားသူမဟုတ် လွှားရဲ့ဖေဖေ ဖြစ်နေတာကြောင့် ဝန်း ပို၍အားနာမိသည်။

" ဟို ဒဏ်ရာတွေရော သက်သာလား "

" ဟုတ် သက်သာပါတယ် "

" ​တော်​ပါ​သေးတယ် "

လွှားဖေဖေက အစ်ကို့ကို အစစ်အမှန်ရင်ထဲက စိတ်ပူပေးနေတာဖြစ်ကြောင်း မျက်ဝန်းတွေကဖော်ပြနေသည်။

အစ်ကို့ကိုတော့ ဝန်း စိတ်ခုမိသည်။

" ရှေးဆက်ရန်းက ချိန်းရဲ့ကောင်လေးလို့ ဦး သိရတယ် "

ရန်း ထိုပုဂ္ဂိုလ်ဘက်မျက်နှာလှည့်လိုက်ကာ အကြည့်ချင်းဆုံလိုက်သည်။

အခုဆို သတင်းသမားတွေရဲ့ ထောက်လှမ်းမှုအစွမ်းကြောင့်
ရန်း နဲ့ ဝန်း အကြောင်းကို တစ်နိုင်ငံလုံးက သိနေလောက်ပြီ။

" အခုလို အခြေအနေတွေ ဖြစ်သွားလို့ ဦးတို့ဘက်ကလည်း အားနာပါတယ် "

သူတို့ဘက်ကနေ အားနာစကား ဆိုလာပြီမို့ ရန်းဘက်ကလည်း ကောင်းကောင်းမွန်မွန် ပြောဆိုဖို့ စကားစရန် ပြင်လိုက်သည်။

" မဟုတ်တာပဲ ဦးက အားနာစရာမရှိပါဘူး "

ရန်း ဟန်ပြင်ကာရှိသေးတယ် ဝန်းက ရန်းထက်ဦးစွာ ပြာပြာသလဲလဲ တုံ့ပြန်သည်။

" ဝန်း လူကြီးစကားပြောနေတာကို ဖြတ်မပြောနဲ့ "

ဦးရိုးရှင်းသွင် ရန်းကိုကြည့်ပြီး အဓိပ္ပါယ်ပါပါပြုံးလိုက်သည်။နူးနူးညံ့ညံ့အပြုံးလေး တစ်ပွင့်ပါပဲ။

" ဦးတို့ဘက်က ချိန်း ရဲ့ ကောင်လေး ကို တောင်းဆိုချင်တာလေး တစ်ခုရှိလို့ပါ "

" ကျွန်တော့်ကို "

ဝန်း နဲ့ လွှား တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

" ဦး တို့ရဲ့ သားလေး က ဦးတို့အတွက် ခက်ခက်ခဲခဲ ရထားတဲ့ ကလေးလေးပါ တနည်းအားဖြင့် လွှားက ဦးတို့ရဲ့ အသက်ပါ "

ဦးရိုးရှင်းသွင်ရဲ့စကားကြောင့် ဝန်း မျက်နှာပျက်သွားကာ ခေါင်းငုံ့ချလိုက်ပြန်သည်။

" လွှားက ဘေးမှာ သားချိန်းလေးရှိနေရင် သူ့ခန္ဓာကိုယ်လေးက တုံ့ပြန်တယ် သားချိန်းသာ ဘေးမှာရှိရင်
အမြန်သတိရလာမယ် ထင်တယ် "

လွှားအဖေဖြစ်သူ၏စကားက ဘယ်လမ်းကိုဦးတည်နေလဲဆိုတာ ရန်းသိနေသည်။

" အဲ့ဒါ သားချိန်းလေးကို လွှားဆီ ခနခနလာကြည့်ပေးဖို့ ဦးတောင်းဆိုချင်လို့ပါ ရှေးဆက်ရန်းဆီမှာလည်း ဦး ခွင့်တောင်းချင်တယ် "

ထင်တဲ့အတိုင်းပင်။ သို့ပေမယ့် ထိုပုဂ္ဂိုလ်ဟာ အဆင့်အတန်းမြင့်တဲ့ပုဂ္ဂိုလ် ပီသစွာ လူ့ကျင့်ဝတ်ရှိရှိ ရန်းထံ ခွင့်တောင်းလာသည်ကြောင့် ရန်းအနေနဲ့လည်း လူ့ကျင့်ဝတ်နဲ့အညီ ခွင့်ပြုချင်သည်။

" ဟို အမြဲတမ်း မဟုတ်ပါဘူး တစ်နေ့ကို တစ်ခါနှစ်ခါလောက်ပဲ ဖြစ်ဖြစ် သားလည်း နေမကောင်းဖြစ်နေတော့ ဦးတို့လည်း အားနာပါတယ် "

ရန်းစိတ်ထဲ အနည်းငယ်တော့ ဘဝင်ကျလာသည်။ထိုပုဂ္ဂိုလ်ဟာ ရန်းကို ဝန်းနဲ့ပတ်သက်ပြီး အရေးပါတဲ့လူတစ်ယောက်အဖြစ် သတ်မှတ်ထားသည်။
ဖြစ်ရပ်ကို ဆန်းစစ်ကြည့်မယ်ဆိုရင် သူတို့အနေနဲ့ အထက်စီးကနေနေလို့ရတယ်မဟုတ်လား။ဒါပေမယ့် ရန်းဘက်ကိုတွေးကာ ရန်းစိတ်ကသိကအောက်ဖြစ်နေမည်ကို မလိုလားဘူးထင်ပါရဲ့။ တစ်မျိုးပြောင်းတွေးရရင် သူတို့ရဲ့သားကို ပြုစုနေတာကို ရန်းက မကြိုက်တာမျိုးမဖြစ်စေချင်တာ ထင်ပါတယ်။ အားလုံးစိတ်ရှင်းရှင်းနဲ့ သူတို့သားကို ပြုစုစောင့်ရှောက်တာကို လိုချင်ပုံပဲ ။

ဒီလို ခွင့်တောင်းလာသည်မို့ ဝန်းရဲ့ချစ်သူတစ်ယောက်အနေနဲ့ ခေါင်းမော့ကာ လက်ခံပေးသည့်အကြောင်း ပြောချင်သည်။

"အဲ့ဒါ ရှေးဆက်ရန်း အနေနဲ့ ခွင့်ပြုပေးရင် ကောင်းမှာပဲ "

" ဟာ ဦးရာ ဘာတွေ ခွင့်တောင်းနေတာလဲ မလိုအပ်တာတွေ "

ရန်း အိပ်ယာခင်းစကို တင်းတင်းဆွဲဆုပ်လိုက်သည်။ မလိုအပ်ဘူးတဲ့လား ။

" ကျွန်တော်က လွှားအပေါ် အသက်ကြွေးတင်နေတဲ့သူပါ ဦး နှင်ထုတ်ရင်တောင် လွှားကို ကျွန်တော်ပြုစုဖို့ တာဝန်အပြည့်ရှိတယ် "

" ဦး နားလည်ပါတယ် ဒါပေမယ့် ရှေးဆက်ရန်း က သားရဲ့.."

"မလိုအပ်ပါဘူး ဦးရယ် အစ်ကိုကတောင် ကျွန်တော့်ကို လွှားဆီသွားဖို့ ပြောရမှာ ဟုတ်တယ်မလား အစ်ကို "

ရန်းရဲ့ညာဘက်နှုတ်ခမ်းထောင့်လေးက အပေါ်ကို မြှင့်တက်သွားသည်။ကျစ်ကျစ်ဆုပ်ထား​သော လက်သီးဆုပ်​ပေါ်မှာ ​သွေးကြောစိမ်းတွေ ထောင်ထနေသည်။ ဆွဲဆုပ်ထားတဲ့ အိပ်ယာခင်းပင် ပြဲတော့မည်။

" ဦး ဒီလိုလုပ်တာ ကျွန်တော် ပိုပြီး အနေခက်တယ် လွှားသတိမရမချင်း ကျွန်တော် လွှားနားမှာရှိမှာပါ  ပြီးတော့ ကျွန်တော် တောင်းပန်ပါတယ် "

" သားအပြစ်မဟုတ်ပါဘူး သားအပြစ်လို့မထင်ပါနဲ့ ဖြစ်ချိန်တန်လို့ ဖြစ်ရတဲ့ကိစ္စပါ သားအပြစ်လို့ မထင်မှတ်ပါနဲ့ လွှားလေးလည်း သတိရလာမှာပါ "

" ကျွန်တော် လွှားဆီခနခနလာကြည့်ပါ့မယ်... လိုအပ်ရင်လည်းကျွန်တော့်ကိုအချိန်မရွေးလာခေါ်ပါ... ကျွန်တော်နဲ့ပတ်သက်ပြီး ဘာမှ ဦး စိတ်ထဲမထားပါနဲ့နော်... ကျွန်တော်လွှားဆီအမြဲလာမှာမလို့ စိတ်မပူပါနဲ့ "

" ကျေးဇူးတင်ပါတယ်ကွယ် "

ဝန်းရဲ့လူမှုပတ်ဝန်းကျင်မှာ ရန်းကို နည်းနည်းလေးတောင် နေရာမပေးထားပါလား။ ရန်းက ဝန်းပတ်ဝန်းကျင်မှာဘောင်မဝင်တဲ့လူ။

" ကျွန်တော်လုပ်ကိုလုပ်ရမယ့် အရာပါ ဦးတို့လည်းပင်ပန်းလာတာဆိုတော့ လွှားအနားမှာ အနားယူပါဦး "

.

" ဟက်! "

လွှားဖေဖေ အခန်းထဲက ထွက်သွားတာနဲ့ အစ်ကို့ထံမှ ခပ်အက်အက် လှောင်ရီသံ ထွက်လာသည်။

" ငါက ဘာမှအရေးမပါတဲ့လူလား "

" ကျွန်တော်ကြောင့်နဲ့ သူတို့သားက ဘယ်နေ့ ဘာဖြစ်မယ်မှန်း မသိဖြစ်နေတာလေ "

" အဲ့ဒီတော့ ငါ့ကို အရာသွင်းစရာမလိုဘူးပေါ့ "

" ကျစ်! အဲ့ဒါ ဘယ်လောက် အရေးကြီးနေလို့လဲ.. လွှားက ခုထိသတိမရသေးဘူး...ကျွန်တော်ကြောင့်နဲ့ လွှားက ခုထိ သတိမရသေးဘူးလို့!... ဒီလိုချိန်မှာ အစ်ကိုက သူ့အဖေရဲ့ ခွင့်တောင်းတာကို ခံချင်သေးတာလား "

ခွင့်တောင်းတာကို ခံချင်တာမဟုတ်ပါဘူး ဝန်းငယ် ။ မင်းနဲ့ပတ်သက်ပြီး အ​ရေးပါတဲ့လူတစ်​ယောက်လို ဆက်ဆံခံရတာကို သဘောကျရုံပါ။

" အစ်ကိုနဲ့ကျွန်တော်က ချစ်သူအဆင့်ပဲ ရှိသေးတာ တရားဝင်ဆိုင်သူ​တွေလည်း မဟုတ်ဘူး ကျွန်တော့်ကို မွေးထားတာလည်း မဟုတ်ဘူး "

" ဝန်း ~~ ငယ် ~~ "

မျက်နှာချင်းပင် မဆိုင် ၊ မျက်လုံးချင်းပင် မဆုံဘဲ ခါးခါးသီးသီးတွေ ပြောဆိုကာ ရန်းကို ကျောခိုင်းကာ ထွက်သွားသည့် ဝန်းငယ် ။

ပါးပြင်ထက်ပူနွေးစိုစွတ်လာကာ အမြင်အာရုံတွေ ဝေဝါးလာသည်။

" အင့် ဟင့် "

ပြန်လာခဲ့ပါ ဝန်း ။ ငါက ဆွဲထားမယ့်သူ မဟုတ်တာကြောင့် မင်းက ပြန်လာခဲ့ပါ။

.

ဆေးရုံရဲ့လသာဆောင်ကနေ ကြည့်လျှင် ရန်ကုန်တစ်မြို့လုံးကို မြင်တွေ့ရသည် ။ တိုက်ခတ်လာတဲ့ လေတဖြူးဖြူးရဲ့အရသာကို မျက်လုံးမှိတ်ကာ တဝကြီး ခံစားလိုက်သည်။

" ကျွန်တော်လည်း ရူးတော့မယ် အစ်ကို"

ဝန်း ရဲ့ ပါးပြင်ထက်မှာလည်း မျည်ရည်ပူတွေက တားမဲ့သူမရှိ စီးကျနေသည်။

" ကျွန်တော်ပဲ သတိမေ့နေလိုက်ချင်တယ်... လွှားသာကျွန်တော့်အစားဝင်မခံခဲ့ရင် အခုချိန်မှာ ဆေးရုံတက်နေရမယ့်သူက ကျွန်တော် ဖြစ်နေမှာပဲ... လွှားက သူ့မိဘအိမ်မှာရောက်နေပြီး ​သူ့မိဘတွေနဲ့ပျော်နေမှာ... ဒါဆို ကျွန်တော်လည်း သူ့မိဘတွေကို တွေ့စရာမလိုဘူး...အစ်ကိုလည်း စိတ်အနှောင့်အယှက်မဖြစ်တော့ဘူး "

" ကျွန်တော်ထိခိုက်ခဲ့ရင် လွှားလိုမျိုး စိတ်ပူပေးမယ့် မိဘတွေမရှိဘူး
အဟင်း... ကျွန်တော့်ဘေးမှာ အစ်ကိုပဲ ရှိမှာ အစ်ကိုကတော့ ကျွန်တော့်အတွက် ငိုမှာမလား ဘယ်လိုဖြစ်ဖြစ် အစ်ကိုက ငိုရမှာပါလား "

ဘယ်လိုလုပ်ရင် အစ်ကိုပျော်မှာလဲ။

.

.

(Zawgyi)

မ်က္ခုံးထူထူ မ်က္စံနက္နက္ေတြနဲ႕ မ်က္ဝန္းအစုံဟာ အၾကည့္ခ်င္းမဆုံရဲေအာင္ပင္ အရွိန္အဝါတစ္ခုကို သယ္ပိုးထားသည္။ ေမးရိုးကားကား က အံႀကိတ္ထား၍ထင္ ပို၍ထင္းထြက္ေနသည္။ တင္းရင္းေနေသာမ်က္ႏွာျပင္က ေဒါသစိတ္ေၾကာင့္ ခက္ထန္တဲ့အသြင္ကို ေဆာင္ေနသည္။ေသခ်ာပုံသြင္းထားပုံမေပၚေသာ္လည္း သပ္ရပ္စြာၿဖီးသင္ထားေသာ ဆံပင္တိုတိုထံမွာ အျဖဴေရာင္သန္းေနေသာ ဆံျဖဴေတြ တစ္စႏွစ္စ တြယ္ကပ္ေနၿပီ။ အားလုံးကိုေပါင္းစည္းၾကည့္လိုက္မည္ဆိုလွ်င္ ထိုသူ၏အသြင္အျပင္သည္ ၾသဇာတိကၠမႏွင့္ျပည့္စုံေသာ လူႀကီးလူေကာင္းတစ္ဦးေပ။ ထိုသူသည္ သစ္ခက္လႊား၏
ေဖႀကီး ဦးတည္ၾကည္နိုင္ပင္။

တဖက္တြင္လည္း ျမင္လိုက္သည္ႏွင့္ ေအးခ်မ္းသြားသည့္ ဥပဓိကိုပိုင္ဆိုင္ထားေသာ အမ်ိဳးသားတစ္ဦးရွိေနေသးသည္။ မာန္မာနမရွိဘဲ ၾကည္လင္ေနေသာ မ်က္ႏွာျပင္က အနည္းငယ္ေတာ့ ညွိုးႏြမ္းေဖ်ာ့ေတာ့ ေနသည္။ ထိုသူကေတာ့ သစ္ခက္လႊား၏ေဖေဖ
ဦးရိုးရွင္းသြင္ ျဖစ္ေပသည္။

အသက္ေလးဆယ္ေက်ာ္အ႐ြယ္အမ်ိဳးသားႏွစ္ဦး၏အျပင္ပန္းသ႑န္သည္ဘႏုပ်ိဳဆဲ ၊ တင့္တယ္ဆဲပင္။
ျမင္ေတြ႕ေနရေသာ အသြင္အျပင္ေတြဟာ ကြဲျပားျခားနားကာ ဆန့္က်င္ဘက္ ျဖစ္ေနေသာ္လည္း ထိုမတူညီမႈႏွစ္ခုေပါင္းစပ္ထားျခင္းဟာ လြန္စြာလိုက္ဖက္ၿပီး ပနံသင့္ေနေလသည္။

" ခြပ္!  "

အသက္ေလးဆယ္ေက်ာ္အ႐ြယ္ အမ်ိဳးသားတစ္ဦးရဲ႕ အားသည္ ဝန္း ရဲ႕ေခါင္းတစ္ခုလုံးကို လည္ထြက္သြားေစသည္။ႏႈတ္ခမ္းေထာင့္မွစီးက်လာေသာ ေသြးစကို လက္မျဖင့္ ရွင္းလင္းဖယ္ထုတ္လိုက္ကာ ထပ္မံက်ေရာက္လာမည့္ ထိုးခ်က္ကို မ်က္လုံးစုံမွိတ္ရင္း ခံယူရန္ အသင့္ျပင္ထားလိုက္သည္။

" ေဖႀကီး!  "

အေရွ႕ကေကာင္ေလးအား ထိုးရန္႐ြယ္ေနေသာ ဦးတည္ၾကည္ခန့္ ကို
ဦးရိုးရွင္းသြင္ ဟန့္တားလိုက္သည္။
အထိုးခံရေလာက္သည္အထိ ထိုေကာင္ေလးမွာ အျပစ္မွ မရွိတာပဲေလ။

လူအမ်ားေရွ႕မွာ ထိုးခံလိုက္ရတဲ့ နိုင္ငံေက်ာ္မင္းသားတစ္ဦးက ရွက္႐ြံျခင္းေတြ သိကၡာက်ဆင္းျခင္းေတြကို ဂ႐ုမထားနိုင္ဘဲ ထိုးခံသင့္တဲ့လူလို႔
ကိုယ့္ကိုယ္ကို သတ္မွတ္ထားေလသလား။

" ငါဘာေျပာခဲ့လဲ ဒီနိုင္ငံက ဘာအက်ိဳးမွမေပးတဲ့ ေနရာလို႔ ငါမေျပာခဲ့ဘူးလားဟမ္ "

စူးရဲေသာအၾကည့္ေတြႏွင့္အတူ ထြက္ေပၚလာတဲ့ အသံမာမာဟာ ေအာ္ေျပာေနတာမဟုတ္ေသာ္လည္း ၾကားရသူအဖို႔ ၾကက္သီးတျဖန္းျဖန္း ထေစသည္။

" ေတာင္းပန္ပါတယ္ "

ဝန္း ေခါင္းမေမာ့ရဲဘူး။ဝန္း ရဲ႕ ဦးႏွောက္ထဲမွာ ဘာမွမရွိဘူး ။ ျဖည့္စရာအေျဖမရွိတဲ့ ကြက္လပ္ႀကီးလို ဟာလာဟင္းလင္း ။ သူ႕ မသိစိတ္ကေရာ သိစိတ္ကေရာ လႈံ႕ေဆာ္ေနတာက အရာရာကို ေတာင္းပန္ဖို႔ရာ ။

" ကြၽန္ေတာ္ ေတာင္း ပန္ ပါတယ္ "

ေတာင္းပန္စကားကိုသာ ထပ္ခါထပ္ခါဆိုမိေနေသာ ဝန္း ။

" ေတာင္းပန္ေတာ့ေရာ ေတာင္းပန္ေတာ့ေရာ ငါ့သားက နိုးလာလား ဟမ္ "

ႏႈတ္ဆိတ္ကာ ေခါင္းကိုေျမႀကီးထဲသို႔ ထိုးဝင္မတတ္ငုံ႕ခ်ထားေသာ ေကာင္ေလးေၾကာင့္ ဦးတည္ၾကည္နိုင္၏ေဒါသေတြ ပို၍ အရွိန္ျမႇင့္တက္လာသည္။

" ေျဖေလ! မင္းေတာင္းပန္လိုက္တာနဲ႕ ငါ့သားက သတိရလာလားလို႔! ဟမ္ !"

လူႀကီးတစ္ေယာက္တတ္မဲ့ မိမိပုံရိပ္ကို ဂ႐ုမစိုက္မိေတာ့ဘဲ ထိုေကာင္ေလး၏အကၤ်ီေကာ္လံစကို ကိုင္ဆြဲကာ ေဒါသအေလ်ာက္ ျပဳမူေနမိသည္။

" ေတာင္း ပန္ ပါ တယ္ "

ေတာင္းပန္ငုပ္လွ်ိုးေနေသာ မ်က္ဝန္းေတြနဲ႕ ေတာင္းပန္ေၾကာင္း အတြင္တြင္ေျပာေနတဲ့ ဒီေကာင္ေလးကို
ဦးတည္ၾကည္နိုင္ စိတ္ပ်က္စြာ ၾကည့္လိုက္သည္။ ဒီေကာင္ေလးေၾကာင့္
သာမဟုတ္ရင္ လႊားက ဒီလိုေနရာကို ေရာက္ေနစရာအေၾကာင္း မရွိဘူး ။
ေတာင္းပန္ပါတယ္ဆိုတဲ့စကားတစ္ခြန္းနဲ႕ ေက်နပ္ေပးရမွာလား ။ေျဖသိမ့္လိုက္ရမွာလား ။

"မင္း! ငါ့သား တစ္ခုခုျဖစ္သြားရင္ မင္း မင္း မလြယ္ဘူး "

စိတ္တိုေဒါသထြက္ေနတယ္ထင္ရေသာ္လည္း သတိေမ့ေနတဲ့ သားတစ္ေယာက္၏ဖခင္ ရဲ႕ ပူေဆြးျခင္းေတြကို ဘယ္သူသိနိုင္မွာလဲ။ငါ့သားသာတစ္ခုခုျဖစ္သြားရင္ဆိုတဲ့ စိုးရိမ္စိတ္ေတြေရာ ကိန္းေအာင္းေနမလား ။

" ငါ့သားကို ေခၚသြားမယ္ ငါဒီေျမကို ၾကာၾကာမနင္းခ်င္ဘူး "

ဦးတည္ၾကည္နိုင္ ေျပာလိုက္ေသာစကားေၾကာင့္ ၿငိမ္သက္ေနတဲ့တာဝန္ခံဆရာဝန္က ခ်က္ခ်င္းေခါင္းေထာင္လာသည္။

" အဲ့လိုလုပ္လို႔မရဘူး အစ္ကို ကြၽန္ေတာ္တို႔ ခြင့္ျပဳမေပးနိုင္ဘူး ကြၽန္ေတာ္တို႔ေဆး႐ုံက အစ္ကို႔သားကို ျပန္က်န္းမာလာဖို႔အတြက္ အျပည့္အဝ တာဝန္ယူတယ္ ဒီေဆး႐ုံမွာ အစ္ကိုသိပ္အထင္ႀကီးတဲ့ နိုင္ငံျခားကေန ဘြဲ႕ရထားတဲ့ ဆရာဝန္ေတြလည္း  ရိုက္သတ္မကုန္ဘူး "

အေကာင္းဆုံး ေဆး႐ုံဆိုတဲ့ ဂုဏ္ပုဒ္ကို ေစာင့္ထိန္းခ်င္ၾကေသာ ဆရာဝန္ေတြက လႊားကို သူတို႔ကုသနိုင္ပါတယ္ဆိုၿပီး ဘယ္ကိုမွ မလႊဲေပးခ်င္ပုံ။

" မင္းတို႔ေဆး႐ုံက ဘာႀကီးျဖစ္ေနေန ငါ့သား ငါေခၚခ်င္လို႔ ေခၚသြားမွာကြာ "

ဒီေျမဒီေရကို နာက်ည္းေနေသာ ဖခင္သည္လည္း သူ၏သားကို ဒီနိုင္ငံမွာ
မကုသလို ။အတၱေတြၾကားက လႊား။

" အစ္ကို ကြၽန္ေတာ္တို႔ ေအးေဆးေျပာၾကရေအာင္ "

" ဘာကိုလဲ ဘာမွ ေျပာဖို႔မလိုဘူး "

" ေဖႀကီး "

တုန္တုန္ရင္ရင္ ေခၚဆိုသံ၏ အဆုံးမွာ အားလုံး တိတ္ဆိတ္ၿငိမ္သက္သြားၾကသည္။

" သား ငိုေနတယ္ "

ေမွးစက္ထားေသာ မ်က္လုံးအစုံတို႔မွ မ်က္ရည္စီးေၾကာင္းမ်ားက ေဘးဘက္သို႔ လွ်ံက်ေနသည္။လႊား ငိုေနသည္။

" လႊားေဖႀကီးက လႊားကိုခ်စ္လို႔ ေဒါသထြက္ေနတာေနာ္.. .မငိုနဲ႕ေနာ္...
ေဖ့ကေလးေလး ေဖတို႔ ဘာမွမသြားဘူးေနာ္... ေဖေဖေရာ ေဖႀကီးေရာ လႊား လႊား ကိုကိုေရာ လႊားနဲ႕အတူတူရွိမွာေနာ္ မငိုနဲ႕ေနာ္ "

လႊားရဲ႕မ်က္ရည္ေလးေတြကို သုတ္ေပးရင္း ကိုယ္တိုင္မ်က္ရည္မဆည္နိုင္တဲ့ ဖခင္တစ္ဦးကို ၾကည့္ၿပီး ျမင္ရသူတိုင္းမ်ည္ရည္ဝဲမိၾကလိမ့္မည္။

.

အခန္းငယ္ေလးထဲ မိသားစုေလးတစ္စု။
ဒီလိုျပန္ဆုံရမယ္လို႔ ဘယ္သူထင္ခဲ့မွာလဲ။

ကံၾကမၼာက ဒီလိုဖန္တီးခဲ့မယ္ဆိုတာ သိခဲ့ရင္ သားကို မရရေအာင္ တားခဲ့မိမွာ။

" ေဖႀကီး "

အၿမဲတမ္း သားကိုစေနာက္တတ္ၿပီး သားရဲ႕ ရန္ျဖစ္ေဖာ္ႀကီးက အခုေတာ့ သားေဇာနဲ႕ ေတြ႕သမွ်လူေတြကို ရန္လုပ္ေနသည္။

" ေဖႀကီး ေဒါသထြက္ေနတာသိေပမယ့္ စိတ္ေလွ်ာ့ပါ ျဖစ္ခဲ့တာေတြလည္း ျဖစ္ၿပီးၿပီ  ဘယ္သူ႕အမွားမွ မဟုတ္လို႔ ဘယ္သူ႕ကိုမွ အျပစ္တင္ဖို႔ မလိုဘူး
ေဖႀကီး ဘယ္သူမျပဳ မိမိမႈ ေလ "

ဦးတည္ၾကည္နိုင္ရဲ႕လက္ကိုဆုပ္ကိုင္ေပးၿပီး ေဖ်ာင္းဖ်ေတာ့ ေခါင္းကိုဆတ္ခနဲ ၿငိမ့္ျပလာေၾကာင့္
ဦးရိုးရွင္းသြင္ မ်က္ရည္ေတြၾကား ပြုံးလ်ဳက်သည်။

" လႊားအတြက္ အေကာင္းဆုံး လုပ္ေပးခ်င္တာ သိတယ္ လႊားအတြက္အေကာင္းဆုံးက ဒီမွာေနတာပဲ "

" အဓိပ္ပါယ် မရွိတာ "

သားကို ျပန္ေခၚသြားဖို႔ရာပဲ အားသန္ေနတာေၾကာင့္ ဒီမွာသားကိုထားဖို႔
လက္သင့္မခံခ်င္။

" ဟိုေကာင္ေလးသာ လႊားအနားမွာရွိရင္ လႊား ျမန္ျမန္ သတိရလာလိမ့္မယ္ အခုေတာင္ တုံ႕ျပန္ေနတယ္မလား "

" ကိုယ္တို႔ေၾကာင့္ တုံ႕ျပန္တာပါ "

ဦးတည္ၾကည္နိုင္ရဲ႕ မေက်မခ်မ္းေျပာပုံေၾကာင့္ ဦးရိုးရွင္းသြင္ သက္ပ်င္းခ်မိသည္။ အသက္ကသာ ေလးဆယ္ေက်ာ္ေနၿပီ စိတ္က တဇြတ္ထိုးဆန္ခ်င္တုန္း။

" ေတာ္ၿပီ သားကို ဒီမွာပဲထားမယ္
ေဖႀကီး ဘာမွမေျပာနဲ႕ေတာ့ "

" သူ႕လုပ္ခ်င္တာ သူလုပ္တာကို "

ဦးရိုးရွင္းသြင္ မၾကားနိုင္ေလာက္တဲ့အသံနဲ႕ တိုးတိုးေရ႐ြတ္လိုက္ေပမယ့္ လႊားေဖေဖက ၾကားျဖစ္ေအာင္ၾကားသြားကာ မ်က္ေထာင့္နီနဲ႕ ၾကည့္လာသည္။

" လႊား က သူ႕ကိုကို ကို မထိခိုက္ေစခ်င္တာမလို႔ ေဖႀကီးက ဆင္ျခင္ေပး "

အင္းမလုပ္ အဲမလုပ္နဲ႕ တည္တင္းေနတဲ့ ဦးတည္ၾကည္နိုင္ ေၾကာင့္

" ေဖႀကီး "

" အဲ့ေကာင္ကို လွည့္ေတာင္ၾကည့္မွာမဟုတ္လို႔ စိတ္ခ် "

" ရႉး...သား ၾကားသြားမယ္ "

ကိုယ့္အသံကို အိပ္ေပ်ာ္ေနတဲ့သားၾကားသြားမွာစိုးၿပီး ပါးစပ္ကို အသဲအသန္လာပိတ္သည္။အဲ့ေကာင္က ဘာမို႔လို႔လဲ။

လႊားေဘးမွာ အဲ့ေကာင္ေလးရွိမွ ျဖစ္မယ္...။

.

ရန္း သိပ္ျမတ္နိုးတဲ့ အပင္ငယ္ေလးေတြ။ႏွင္းဆီဝါလြင္လြင္ေလးေတြက မ်က္စိေအးေစၿပီး အျဖဴေရာင္ေဒစီေလးေတြက ရင္ကိုေအးေစသည္။ေနၾကာပန္းေလးေတြက ေမွ်ာ္လင့္ခ်က္ေတြေပးသည္။ လာဗင္ဒါအနံ႕သင္းသင္းေလးက တစ္ခန္းလုံးကို ႀကိဳင္ေစသည္။စိမ္းစိမ္းစိုစိုနဲ႕မ်က္စိပသာဒျဖစ္ေစတဲ့ indoor plant ေလးေတြက ရန္းရဲ႕ျမင္ကြင္းထဲမွာ အျပည့္ေနရာယူထားသည္။

ရန္းရဲ႕အခန္းေလးထဲ ေရာက္ရွိေနရာယူလာတဲ့ အပင္ေလးေတြကိုျမင္လိုက္ရေတာ့ ခ်က္ခ်င္းပင္အားတက္ကာ ေနေကာင္းသြားသလိုပင္။အသိုက္အၿမဳံတစ္ခုလို ႏြေးေထြးသြားေစသည့္ ရန္းရဲ႕အေဖာ္မြန္ေလးေတြ။ အပင္ေလးေတြကို ျမင္ၿပီး ရန္း ပါးစပ္ေတာင္ မစိနိုင္ပဲ ၿပဳံးေပ်ာ္ေနမိသည္။

" ငါေတာ့ ျမန္ျမန္ေနေကာင္းေတာ့မွာပဲ ဝန္း ကေလ ငါ့ကိုေတာင္မေျပာဘူး အပင္ေလးေတြ ေရာက္လာမွာကို.. တကယ္ကိုပဲ ဝန္းက ငါလိုအပ္တာေတြကို ငါမေျပာပဲသိေနတဲ့ တစ္ဦးတည္းေသာ လူသားေလးပဲ အဟင္း "

ခ်စ္ရေသာထိုလူသားသည္
ဒီလူသား၏အရာရာကို မေတာင္းဆိုပဲ ျဖည့္စြမ္းေပးျပန္သည္။သိပ္ခ်စ္ရပါသည္ ။ ဝန္းငယ္ ။

အပင္ေလးေတြျမင္ေတာ့ ဆိုင္ကအပင္ေလးေတြကို သတိရမိသည္။
ရန္း ရဲ႕ အပင္ေလးေတြလည္း ရန္းကိုေမွ်ာ္ေနေရာေပါ့။ရန္းမရွိေတာ့သူတို႔အဆင္ေျပပါ့မလား။

.

" ဝန္း ဒါေတြ မင္း မွာ ..ဘာျဖစ္လာတာလဲ ဝန္း "

ဟိုေကာင္ေလးရဲ႕မိဘေတြေရာက္လာၿပီဆိုၿပီး ထြက္သြားတဲ့ ဝန္းက ျပန္လာေတာ့ မ်က္ႏွာမွာ ဒဏ္ရာပါလာတာေၾကာင့္ ရန္း စိတ္ေတြအထိတ္တလန့္။

အပင္ေတြျပည့္ေနတဲ့ အခန္းကို ဝန္း တစ္ခ်က္ေဝ့ၾကည့္လိုက္သည္။

" ကြၽန္ေတာ္ မမွာထားဘူး "

" အဲ့ဒါကအေရးမႀကီးဘူး မင္းမ်က္ႏွာက ဘာျဖစ္လာတာလဲလို႔ "

ႏႈတ္ခမ္းေထာင့္စြန္းမွာ ညိုမဲေနတဲ့ ဒဏ္ရာက ရန္း ရင္ကိုေယာက္ယက္ခတ္ေစသည္။ရိုက္ကြင္းေပၚကခ်ိန္းဆီမွာသာ ဒီလိုဒဏ္ရာေတြ ရွိဖူးတာ။လက္ေတြ႕ဘဝက ဝန္းဆီမွာ ဒီလိုအနာတရေတြ တစ္ခါမွရွိခဲ့ဖူးတာမဟုတ္။ဘာအျပစ္ေတြႀကီးေနလို႔ ကေလးကို ဒီလိုလုပ္လိုက္ၾကတာလဲ ။
ဝန္းမွာ ဘာအျပစ္ရွိလို႔လဲ။

" ဘာမွမျဖစ္ဘူး  "

ဒီေလာက္ညိုမဲစြဲေနတာကို ဘာမွမျဖစ္ဘူး ဆိုကာ မွင္ေသေသႏွင့္ ရန္းေဘးလာထိုင္သည္။

မင္းက ဘာမွမျဖစ္ေပမယ့္ ငါေတာ့
မေက်နပ္ဘူး ဝန္းငယ္။

" ဘာကိုဘာမွ မျဖစ္တာလဲ သူတို႔လုပ္လိုက္တာမလား "

ထိုပုဂၢိုလ္ကိုေတြကို ရန္း စိတ္တိုသည္။ရန္းသာလႈပ္ရွားလို႔ရရင္ ဝန္းကို ဒဏ္ရာေပးလို႔ ရန္သြားေတြ႕မိမွာ အမွန္ပင္။

" သူတို႔စိတ္ဆိုးသင့္တာပဲေလ "

" ဘာကိစၥမင္းကိုစိတ္ဆိုးရမွာလဲ ဘယ္မွာလဲ  မင္းအျပစ္ ဟမ္ "

" သူတို႔သား ဒီလို ျဖစ္သြားတာ ကြၽန္ေတာ့္ေၾကာင့္ေလ "

"က်စ္! သူ႕ဟာသူ မင္းကို မႊန္ၿပီး ျဖစ္တာေလ "

" အစ္ကို! ! !"

က်ယ္ေလာင္စြာေအာ္ဟစ္လိုက္ေသာ ဝန္း ေၾကာင့္ ရန္းတစ္ကိုယ္လုံးေအးစက္ေတာင့္တင္းသြားသည္။

" အစ္ကိုဘယ္လိုစကားေျပာလိုက္တာလဲ က်စ္! သူမ်ားသားသမီးကို အစ္ကိုဗ်ာ "

ဝန္းရဲ႕အၾကည့္ေတြမွာ စိတ္ပ်က္မႈေတြ၊ မလိုလားမႈေတြ၊ အထင္ေသးမႈေတြ ပါဝင္ေနသည္။ဒီလိုအၾကည့္မ်ိဳးနဲ႕ဝန္းဆီက အၾကည့္ခံဖူးတာ ဒါဟာ ပထမဆုံးအႀကိမ္ပင္။ ဝန္းရဲ႕အၾကည့္က ရန္းကို ဆြံ႕အေစသည္။တြန့္ဆုတ္ေစသည္။ထိတ္လန့္ေစသည္။

ဟိုေကာင္ေလးအစား ဝန္း ကအထိနာေပးေနတာလား ။

" ငါ ငါ ေျပာတာမွားလို႔လား သူ႕ဟာသူ "

" အစ္ကို!  ေတာ္ေတာ့!  ေတာ္လိုက္ေတာ့ "

ဝန္းက မတ္တပ္ထရပ္လိုက္ကာ ေဒါသတႀကီးေအာ္ၿပီး ရန္းကိုေက်ာခိုင္းသြားသည္။ဝန္းရဲ႕ေက်ာျပင္က်ယ္ႀကီးကို ရန္းမမွိတ္မသုန္ ၾကည့္ေနရင္း ဆို႔နစ္မႈေတြက လည္ပင္းဝတြင္ တစ္ဆို႔ေနသည္။

" ဝန္း ..."

" ေဒါက္ ေဒါက္ ေဒါက္ "

တစ္စုံတစ္ဦးက အခန္းတံခါးကို ေခါက္ေနတာေၾကာင့္ ဝန္း စိတ္ေလွ်ာ့ကာ တံခါးသြားဖြင့္လိုက္သည္။

" ဦးဝင္လာလို႔ရမလား "

" ဟို ဦး ဘာကိစၥ ရွိလို႔လဲ ဝင္လာလို႔ ရပါတယ္ ဝင္ပါ ဦး "

အထဲဝင္လာတဲ့ လူကဘယ္သူလဲ။ရန္းကိုျမင္ေတာ့ ၿပဳံးျပကာ ႏႈတ္ဆက္လာသည္။ တစ္ခါမွမျမင္ဖူးတဲ့ အၿပဳံးေအးေအးနဲ႕ထိုပုဂၢိုလ္ဟာ ရန္း ထင္တာမမွားရင္ ဟိုေကာင္ေလးရဲ႕အေဖႏွစ္ေယာက္ထဲက တစ္ေယာက္ျဖစ္လိမ့္မည္။

" ဟို ထိုင္ပါ ဦး "

ဝန္း တစ္ေယာက္ ဝန္းနဲ႕မတူစြာ ျပာယာခတ္ လို႔ေနသည္။ ထိုပုဂၢိုလ္ကို ေဆး႐ုံရဲ႕ V.I.P ခန္းမွာ လူနာလာၾကည့္မယ့္ ဧည့္သည့္အတြက္ ထိုင္စရာေနရာေလးလုပ္ေပးထားတဲ့ ေနရာမွာ  ထိုင္ေစၿပီး ဝန္းကေတာ့ ငယ္ကြၽန္ႀကီးတစ္ေယာက္လို မတ္တပ္ရပ္ကာ ေခါင္းငုံ႕ထားသည္။

" သား ေရာ ထိုင္ပါ "

" ဗ်ာ အာ... ဟုတ္ "

ထိုင္ပါ ဆိုမွ ထိုပုဂၢိုလ္ေရွ႕ ေၾကာင္ေပါက္ေလး တစ္ေကာင္လိုက်ဳံ႕က်ဳံ႕ေလး ဝင္ထိုင္သည္။ ရွိန္းျမင္မိုရ္ဝန္း တို႔က အနားမွာသာရွိရင္ ပိတ္ရိုက္ပစ္ခ်င္စရာ။ ဝန္း လုပ္ေနပုံေတြကို ရန္း ၾကည့္ၿပီး စိတ္ထဲ ကလိကလိျဖစ္ေနသည္။

" လႊားေဖႀကီးက စိတ္ဆတ္လို႔ ဦးကပဲေတာင္းပန္ပါတယ္ "

ဝန္းထိုးခံထားရတဲ့ ႏႈတ္ခမ္းေထာင့္စြန္းကို စိတ္မသက္မသာျဖင့္ၾကည့္ကာ အားနာစကားဆိုလာသည္။

လုပ္တုန္းကလုပ္လိုက္ၿပီး ခုမွ အားနာျပေနေတာ့ေရာ ဝန္း ကမနာေတာ့ဘူးလား။ဝန္း ကို ထိုးလိုက္တဲ့ သူကို ရန္း ျမင္ခ်င္စမ္းပါဘိ။

" ကြၽန္ေတာ့္ကို စိတ္ဆိုးသင့္ပါတယ္ ဒီထက္ပိုၿပီး ကြၽန္ေတာ့္ကို ထိုးသင့္တာ"

ၾကားေနရတဲ့စကားေၾကာင့္ ရန္း  ဝန္းကိုဆတ္ခနဲလွမ္းၾကည့္လိုက္သည္။

" မဟုတ္တာကြယ္ ဒဏ္ရာရသြားေတာ့ သားအလုပ္မွာ ခက္ခဲသြားမယ္ထင္တယ္ "

ေသခ်ာေပါက္ပဲေပါ့ ။ ဝန္း လိုမင္းသားတစ္ေယာက္အတြက္ မ်က္ႏွာကဘယ္ေလာက္အေရးႀကီးလဲ ။ အလုပ္ေတြမရွိဘူးပဲထားဦး ဝန္းက ဒီလိုမ်က္ႏွာနဲ႕ လူေတြေရွ႕ ဘယ္လိုသြားရမလဲ ။

စိတ္ကိုအလိုလိုက္ကာ ရန္ေတြ႕လိုက္ခ်င္ေပမယ့္ အတင္းခ်ဳပ္ထိန္းကာ ၿမိဳသိပ္ထားရသည္ ။ ကိုယ့္ေဒါသေၾကာင့္ ရန္းက မ်က္ႏွာပ်က္မွာစိုး၍သာ။

" ဒီအတြက္နဲ႕ ကြၽန္ေတာ့္ကို အားမနာပါနဲ႕ ကြၽန္ေတာ္ကသာ ဦးတို႔နဲ႕ မ်က္ႏွာခ်င္းဆိုင္ဖို႔ အရည္အခ်င္းမရွိတဲ့သူပါ "

" အဲ့လိုမေတြးပါနဲ႕ကြယ္ "

" ဟူး...."

ရန္း တမင္သက္သက္ပင္ သက္ျပင္းက်ယ္က်ယ္ခ်လိဳက္သည္။ အနာေပးလိုက္ေဆးေပးလိုက္ လုပ္ေနတဲ့သူ နဲ႕ ေဆးမလိုဘူး အနာပဲယူခ်င္ပါတယ္ဆိုတဲ့ ေကာင္ဆိုးတို႔ရဲ႕ စကားလက္ဆုံက်ေနမႈကို ရန္း နားမေထာင္လိုေတာ့။

" ဟို ဦးက သစ္ခက္လႊားေဖေဖပါ "

ရန္း ရွိေနတာကို သတိရသြားတယ္ ေနမည္ ။ ရန္း ကို ဘယ္သူဘယ္ဝါျဖစ္ေၾကာင္း မိတ္ဆက္လာသည္။

" ဟုတ္ "

ရန္း ခပ္ျပတ္ျပတ္သာ ျပန္ေျဖလိုက္သည္။ ရွည္ရွည္ေဝးေဝးေတြလည္း မေျပာခ်င္ ။ သူတို႔ေတြကို ရန္းသေဘာမေတြ႕ဘူးဆိုတာလည္း သိမယ္ထင္ပါတယ္။

" ဦးက ေရွးဆက္ရန္းရဲ႕ပရိသတ္ပါ "

" ေက်းဇူးတင္ပါတယ္ "

မ်က္ႏွာက တည္တင္းေနကာ အသံကလည္း မာဆတ္ဆတ္ျဖင့္ ။ စကားေျပာေနတဲ့ လူကို မ်က္ႏွာလႊဲကာေျဖေနေသာ အစ္ကို႔အျပဳအမူေတြက ယဥ္ေက်းမႈမရွိဘဲ ရိုင္းျပေနတယ္လို႔ ဝန္းထင္သည္။တစ္ဖက္က လူဟာ တျခားသူမဟုတ္ လႊားရဲ႕ေဖေဖ ျဖစ္ေနတာေၾကာင့္ ဝန္း ပို၍အားနာမိသည္။

" ဟို ဒဏ္ရာေတြေရာ သက္သာလား "

" ဟုတ္ သက္သာပါတယ္ "

" ေတာ္ပါေသးတယ္ "

လႊားေဖေဖက အစ္ကို႔ကို အစစ္အမွန္ရင္ထဲက စိတ္ပူေပးေနတာျဖစ္ေၾကာင္း မ်က္ဝန္းေတြကေဖာ္ျပေနသည္။

အစ္ကို႔ကိုေတာ့ ဝန္း စိတ္ခုမိသည္။

" ေရွးဆက္ရန္းက ခ်ိန္းရဲ႕ေကာင္ေလးလို႔ ဦး သိရတယ္ "

ရန္း ထိုပုဂၢိုလ္ဘက္မ်က္ႏွာလွည့္လိုက္ကာ အၾကည့္ခ်င္းဆုံလိုက္သည္။

အခုဆို သတင္းသမားေတြရဲ႕ ေထာက္လွမ္းမႈအစြမ္းေၾကာင့္
ရန္း နဲ႕ ဝန္း အေၾကာင္းကို တစ္နိုင္ငံလုံးက သိေနေလာက္ၿပီ။

" အခုလို အေျခအေနေတြ ျဖစ္သြားလို႔ ဦးတို႔ဘက္ကလည္း အားနာပါတယ္ "

သူတို႔ဘက္ကေန အားနာစကား ဆိုလာၿပီမို႔ ရန္းဘက္ကလည္း ေကာင္းေကာင္းမြန္မြန္ ေျပာဆိုဖို႔ စကားစရန္ ျပင္လိုက္သည္။

" မဟုတ္တာပဲ ဦးက အားနာစရာမရွိပါဘူး "

ရန္း ဟန္ျပင္ကာရွိေသးတယ္ ဝန္းက ရန္းထက္ဦးစြာ ျပာျပာသလဲလဲ တုံ႕ျပန္သည္။

" ဝန္း လူႀကီးစကားေျပာေနတာကို ျဖတ္မေျပာနဲ႕ "

ဦးရိုးရွင္းသြင္ ရန္းကိုၾကည့္ၿပီး အဓိပ္ပါယ်ပါပါပြုံးလိုက်သည်။ႏူးႏူးညံ့ညံ့အပြုံးေလး တစ္ပြင့္ပါပဲ။

" ဦးတို႔ဘက္က ခ်ိန္း ရဲ႕ ေကာင္ေလး ကို ေတာင္းဆိုခ်င္တာေလး တစ္ခုရွိလို႔ပါ "

" ကြၽန္ေတာ့္ကို "

ဝန္း နဲ႕ လႊား တစ္ေယာက္ကိုတစ္ေယာက္ ၾကည့္လိုက္ၾကသည္။

" ဦး တို႔ရဲ႕ သားေလး က ဦးတို႔အတြက္ ခက္ခက္ခဲခဲ ရထားတဲ့ ကေလးေလးပါ တနည္းအားျဖင့္ လႊားက ဦးတို႔ရဲ႕ အသက္ပါ "

ဦးရိုးရွင္းသြင္ရဲ႕စကားေၾကာင့္ ဝန္း မ်က္ႏွာပ်က္သြားကာ ေခါင္းငုံ႕ခ်လိဳက္ျပန္သည္။

" လႊားက ေဘးမွာ သားခ်ိန္းေလးရွိေနရင္ သူ႕ခႏၶာကိုယ္ေလးက တုံ႕ျပန္တယ္ သားခ်ိန္းသာ ေဘးမွာရွိရင္
အျမန္သတိရလာမယ္ ထင္တယ္ "

လႊားအေဖျဖစ္သူ၏စကားက ဘယ္လမ္းကိုဦးတည္ေနလဲဆိုတာ ရန္းသိေနသည္။

" အဲ့ဒါ သားခ်ိန္းေလးကို လႊားဆီ ခနခနလာၾကည့္ေပးဖို႔ ဦးေတာင္းဆိုခ်င္လို႔ပါ ေရွးဆက္ရန္းဆီမွာလည္း ဦး ခြင့္ေတာင္းခ်င္တယ္ "

ထင္တဲ့အတိုင္းပင္။ သို႔ေပမယ့္ ထိုပုဂၢိုလ္ဟာ အဆင့္အတန္းျမင့္တဲ့ပုဂၢိုလ္ ပီသစြာ လူ႕က်င့္ဝတ္ရွိရွိ ရန္းထံ ခြင့္ေတာင္းလာသည္ေၾကာင့္ ရန္းအေနနဲ႕လည္း လူ႕က်င့္ဝတ္နဲ႕အညီ ခြင့္ျပဳခ်င္သည္။

" ဟို အၿမဲတမ္း မဟုတ္ပါဘူး တစ္ေန႕ကို တစ္ခါႏွစ္ခါေလာက္ပဲ ျဖစ္ျဖစ္ သားလည္း ေနမေကာင္းျဖစ္ေနေတာ့ ဦးတို႔လည္း အားနာပါတယ္ "

ရန္းစိတ္ထဲ အနည္းငယ္ေတာ့ ဘဝင္က်လာသည္။ထိုပုဂၢိုလ္ဟာ ရန္းကို ဝန္းနဲ႕ပတ္သက္ၿပီး အေရးပါတဲ့လူတစ္ေယာက္အျဖစ္ သတ္မွတ္ထားသည္။
ျဖစ္ရပ္ကို ဆန္းစစ္ၾကည့္မယ္ဆိုရင္ သူတို႔အေနနဲ႕ အထက္စီးကေနေနလို႔ရတယ္မဟုတ္လား။ဒါေပမယ့္ ရန္းဘက္ကိုေတြးကာ ရန္းစိတ္ကသိကေအာက္ျဖစ္ေနမည္ကို မလိုလားဘူးထင္ပါရဲ႕။ တစ္မ်ိဳးေျပာင္းေတြးရရင္ သူတို႔ရဲ႕သားကို ျပဳစုေနတာကို ရန္းက မႀကိဳက္တာမ်ိဳးမျဖစ္ေစခ်င္တာ ထင္ပါတယ္။ အားလုံးစိတ္ရွင္းရွင္းနဲ႕ သူတို႔သားကို ျပဳစုေစာင့္ေရွာက္တာကို လိုခ်င္ပုံပဲ ။

ဒီလို ခြင့္ေတာင္းလာသည္မို႔ ဝန္းရဲ႕ခ်စ္သူတစ္ေယာက္အေနနဲ႕ ေခါင္းေမာ့ကာ လက္ခံေပးသည့္အေၾကာင္း ေျပာခ်င္သည္။

"အဲ့ဒါ ေရွးဆက္ရန္း အေနနဲ႕ ခြင့္ျပဳေပးရင္ ေကာင္းမွာပဲ "

" ဟာ ဦးရာ ဘာေတြ ခြင့္ေတာင္းေနတာလဲ မလိုအပ္တာေတြ "

ရန္း အိပ္ယာခင္းစကို တင္းတင္းဆြဲဆုပ္လိုက္သည္။ မလိုအပ္ဘူးတဲ့လား ။

" ကြၽန္ေတာ္က လႊားအေပၚ အသက္ေႂကြးတင္ေနတဲ့သူပါ ဦး ႏွင္ထုတ္ရင္ေတာင္ လႊားကို ကြၽန္ေတာ္ျပဳစုဖို႔ တာဝန္အျပည့္ရွိတယ္ "

" ဦး နားလည္ပါတယ္ ဒါေပမယ့္ ေရွးဆက္ရန္း က သားရဲ႕.."

"မလိုအပ္ပါဘူး ဦးရယ္ အစ္ကိုကေတာင္ ကြၽန္ေတာ့္ကို လႊားဆီသြားဖို႔ ေျပာရမွာ ဟုတ္တယ္မလား အစ္ကို "

ရန္းရဲ႕ညာဘက္ႏႈတ္ခမ္းေထာင့္ေလးက အေပၚကို ျမႇင့္တက္သြားသည္။က်စ္က်စ္ဆုပ္ထားေသာ လက္သီးဆုပ္ေပၚမွာ ေသြးေၾကာစိမ္းေတြ ေထာင္ထေနသည္။ ဆြဲဆုပ္ထားတဲ့ အိပ္ယာခင္းပင္ ၿပဲေတာ့မည္။

" ဦး ဒီလိုလုပ္တာ ကြၽန္ေတာ္ ပိုၿပီး အေနခက္တယ္ လႊားသတိမရမခ်င္း ကြၽန္ေတာ္ လႊားနားမွာရွိမွာပါ  ၿပီးေတာ့ ကြၽန္ေတာ္ ေတာင္းပန္ပါတယ္ "

" သားအျပစ္မဟုတ္ပါဘူး သားအျပစ္လို႔မထင္ပါနဲ႕ ျဖစ္ခ်ိန္တန္လို႔ ျဖစ္ရတဲ့ကိစၥပါ သားအျပစ္လို႔ မထင္မွတ္ပါနဲ႕ လႊားေလးလည္း သတိရလာမွာပါ "

" ကြၽန္ေတာ္ လႊားဆီခနခနလာၾကည့္ပါ့မယ္... လိုအပ္ရင္လည္းကြၽန္ေတာ့္ကိုအခ်ိန္မေ႐ြးလာေခၚပါ... ကြၽန္ေတာ္နဲ႕ပတ္သက္ၿပီး ဘာမွ ဦး စိတ္ထဲမထားပါနဲ႕ေနာ္... ကြၽန္ေတာ္လႊားဆီအၿမဲလာမွာမလို႔ စိတ္မပူပါနဲ႕ "

" ေက်းဇူးတင္ပါတယ္ကြယ္ "

ဝန္းရဲ႕လူမႈပတ္ဝန္းက်င္မွာ ရန္းကို နည္းနည္းေလးေတာင္ ေနရာမေပးထားပါလား။ ရန္းက ဝန္းပတ္ဝန္းက်င္မွာေဘာင္မဝင္တဲ့လူ။

" ကြၽန္ေတာ္လုပ္ကိုလုပ္ရမယ့္ အရာပါ ဦးတို႔လည္းပင္ပန္းလာတာဆိုေတာ့ လႊားအနားမွာ အနားယူပါဦး "

.

" ဟက္! "

လႊားေဖေဖ အခန္းထဲက ထြက္သြားတာနဲ႕ အစ္ကို႔ထံမွ ခပ္အက္အက္ ေလွာင္ရီသံ ထြက္လာသည္။

" ငါက ဘာမွအေရးမပါတဲ့လူလား "

" ကြၽန္ေတာ္ေၾကာင့္နဲ႕ သူတို႔သားက ဘယ္ေန႕ ဘာျဖစ္မယ္မွန္း မသိျဖစ္ေနတာေလ "

" အဲ့ဒီေတာ့ ငါ့ကို အရာသြင္းစရာမလိုဘူးေပါ့ "

" က်စ္! အဲ့ဒါ ဘယ္ေလာက္ အေရးႀကီးေနလို႔လဲ.. လႊားက ခုထိသတိမရေသးဘူး...ကြၽန္ေတာ္ေၾကာင့္နဲ႕ လႊားက ခုထိ သတိမရေသးဘူးလို႔!... ဒီလိုခ်ိန္မွာ အစ္ကိုက သူ႕အေဖရဲ႕ ခြင့္ေတာင္းတာကို ခံခ်င္ေသးတာလား "

ခြင့္ေတာင္းတာကို ခံခ်င္တာမဟုတ္ပါဘူး ဝန္းငယ္ ။ မင္းနဲ႕ပတ္သက္ၿပီး အေရးပါတဲ့လူတစ္ေယာက္လို ဆက္ဆံခံရတာကို သေဘာက်႐ုံပါ။

" အစ္ကိုနဲ႕ကြၽန္ေတာ္က ခ်စ္သူအဆင့္ပဲ ရွိေသးတာ တရားဝင္ဆိုင္သူေတြလည္း မဟုတ္ဘူး ကြၽန္ေတာ့္ကို ေမြးထားတာလည္း မဟုတ္ဘူး "

" ဝန္း ~~ ငယ္ ~~ "

မ်က္ႏွာခ်င္းပင္ မဆိုင္ ၊ မ်က္လုံးခ်င္းပင္ မဆုံဘဲ ခါးခါးသီးသီးေတြ ေျပာဆိုကာ ရန္းကို ေက်ာခိုင္းကာ ထြက္သြားသည့္ ဝန္းငယ္ ။

ပါးျပင္ထက္ပူႏြေးစိုစြတ္လာကာ အျမင္အာ႐ုံေတြ ေဝဝါးလာသည္။

" အင့္ ဟင့္ "

ျပန္လာခဲ့ပါ ဝန္း ။ ငါက ဆြဲထားမယ့္သူ မဟုတ္တာေၾကာင့္ မင္းက ျပန္လာခဲ့ပါ။

.

ေဆး႐ုံရဲ႕လသာေဆာင္ကေန ၾကည့္လွ်င္ ရန္ကုန္တစ္ၿမိဳ႕လုံးကို ျမင္ေတြ႕ရသည္ ။ တိုက္ခတ္လာတဲ့ ေလတျဖဴးျဖဴးရဲ႕အရသာကို မ်က္လုံးမွိတ္ကာ တဝႀကီး ခံစားလိုက္သည္။

" ကြၽန္ေတာ္လည္း ႐ူးေတာ့မယ္ အစ္ကို"

ဝန္း ရဲ႕ ပါးျပင္ထက္မွာလည္း မ်ည္ရည္ပူေတြက တားမဲ့သူမရွိ စီးက်ေနသည္။

" ကြၽန္ေတာ္ပဲ သတိေမ့ေနလိုက္ခ်င္တယ္... လႊားသာကြၽန္ေတာ့္အစားဝင္မခံခဲ့ရင္ အခုခ်ိန္မွာ ေဆး႐ုံတက္ေနရမယ့္သူက ကြၽန္ေတာ္ ျဖစ္ေနမွာပဲ... လႊားက သူ႕မိဘအိမ္မွာေရာက္ေနၿပီး သူ႕မိဘေတြနဲ႕ေပ်ာ္ေနမွာ... ဒါဆို ကြၽန္ေတာ္လည္း သူ႕မိဘေတြကို ေတြ႕စရာမလိုဘူး...အစ္ကိုလည္း စိတ္အႏွောင့္အယွက္မျဖစ္ေတာ့ဘူး "

" ကြၽန္ေတာ္ထိခိုက္ခဲ့ရင္ လႊားလိုမ်ိဳး စိတ္ပူေပးမယ့္ မိဘေတြမရွိဘူး
အဟင္း... ကြၽန္ေတာ့္ေဘးမွာ အစ္ကိုပဲ ရွိမွာ အစ္ကိုကေတာ့ ကြၽန္ေတာ့္အတြက္ ငိုမွာမလား ဘယ္လိုျဖစ္ျဖစ္ အစ္ကိုက ငိုရမွာပါလား "

ဘယ္လိုလုပ္ရင္ အစ္ကိုေပ်ာ္မွာလဲ။

Continue Reading

You'll Also Like

206K 10.1K 57
နွင္းဆီနီနီေတြကသိပ္လွတယ္......သိပ္လွတဲ႕ႏွင္းဆီေတြကို လူေတြကလွပတဲ႕အဓိပၸါယ္တစ္ခုပါသတ္မွတ္ေပးထားၾကတယ္ေလ...... အကယ္၍မ်ား......ႏွင္းဆီနီရဲ႕အဓိပၸါယ္က...'...
31K 1.7K 43
ဇွဲလပြည့်ဆိုသောလူသားလေးနှင့် သူ၏မောင်ဆိုသောကောင်ငယ်လေးတို့၏ချစ်ခြင်းမေတ္တာအကြောင်းရေးဖွဲ့ထားသည့် ဝတ္ထုလေးတစ်ပုဒ်..... 「First Creation 🌼」 Start Date...
1.1M 116K 47
#For Zawgyi ဤဇာတ္လမ္းသည္ စာေရးသူ၏ စိတ္ကူးယဥ္သက္သက္မွ်သာ ျဖစ္ပါေသာေၾကာင့္ တစ္စံုတရာ တိုက္ဆိုင္မႈရွိပါက နားလည္ေပးၾကပါရန္ႏွင့္ အေၾကာင္းအရာ လြဲေခ်ာ္မႈမ်...
70.3K 4.2K 44
လူကြီးဆန်ဆန်နှင့် အရာရာကို တည်ငြိမ်ပြတ်သားစွာဆုံးဖြတ်တတ်တဲ့ ကောင်လေးရဲ့ ဘဝထဲကို လွတ်လပ်ပေါ့ပါးပြီး သွက်လပ်ချက်ချာတဲ့ ကောင်ဆိုးလေးတစ်ယောက် မသိမသာရော သ...