လူစားထိုး

Від Htoo-6

87.9K 10.4K 707

Title: Ti Shen / 替身 Translation: Body Double Translator: Giraffe Corps Author: Bei Tang Mo / 北棠墨 Publisher:... Більше

Description
Vol 1, Ch 1.1
Ch 1.2
Ch 2
Ch 3
Ch 4
Ch 5
Ch 6
Ch 7
Ch 8
Ch 9
Ch 10
Ch 11
Ch 12
Ch 13
Ch 14
Ch 15
Ch 16
Ch 17
Ch 18
Ch 19
Ch 20
Ch 21
Ch 22
Ch 23
Ch 24
Ch 25
Ch 26
Ch 27
Ch 28
Ch 29
Ch 30
Ch 31
Ch 32
Ch 33
Not An Update
Ch 34
Ch 35
Ch 36
Ch 38
Ch 39
Ch 40
Ch 41
Ch 42
Ch 43
Ch 44
Ch 45
Vol 1 complete, Ch 46+47
Ch 48
Ch 49
Ch 50
Ch 51
Ch 52,53,54
Ch 55,56
Ch 57
Ch 58

Ch 37

688 147 13
Від Htoo-6

Unicode

Chapter 37
Shall we have a dance?
_______________________

နောက်တစ်လအတွင်း Su Yi Mo က Ran Feng Ge အတွက် တုပသရုပ်ဆောင်ရာတွင် သုံးနိုင်မည့် ကိုးကားစရာများဖြစ်သော သတင်းစာဆောင်းပါးအဟောင်းများ၊ အင်တာဗျူးများ၊ အယ်လ်ဘမ်များ၊ ရုပ်ရှင်ကားများ၊ တီဗီရှိုးများ၊ Jing Qiu Han နှင့်ပတ်သတ်သည့် အခြားအရာများမျိုးစုံကို ရှာပေးခဲ့သည်။
ထိုသည်များကို လက်ခံရပြီး​နောက် Ran Feng Ge အိမ်တွင်းအောင်း၍ တစ်ယောက်တည်းသဘောရှိ လေ့လာတော့သည်။

Su Yi Mo က နေ့တိုင်း ထွက်သွားပြီး ညမှပြန်လာသည်။ Su Yi Mo အဘယ်ကြောင့် နောက်ကျမှပြန်လာရသနည်းဟု အဖြေထု​တ်ရန် သူစဥ်းစားကောင်း စဥ်းစားမိသော်လည်း သူ့အလုပ်ရှင် ဘာတွေလုပ်နေလဲဟု Ran Feng Ge ဒုက္ခခံမမေးပါ။ ကုမ္ပဏီ၏အရေးကိစ္စများ စီမံခန့်ခွဲခြင်းကလွဲ၍ Su Yi Mo အတွက် အရေးကြီးဆုံးအရာမှာ သဘာဝကျစွာ Jing Qiu Han ဆီအလည်သွားရန်ဖြစ်ပေမည်။

ရံဖန်ရံခါ Su Yi Mo လုံးဝအပြင်မထွက်သည့် ရက်များလည်းရှိပါသည်။

ထိုသို့သောနေ့များတွင် ကြမ်းပြင်တွင် တင်ပျဥ်ခွေ၍ Jing Qiu Han ၏ ရုပ်ရှင်နှင့်တေးဂီတ တစ်ခုခုကို ကြည့်ရှုနားဆင်ရန်
ကွန်ပျူတာဖန်သားပြင်ကို မမောမပန်းနိုင် စိုက်ကြည့်နေသည့် Ran Feng Ge ကို
သူက ဆိုဖာတွင်ထိုင်၍ ကြည့်နေလိမ့်မည်။
ရံဖန်ရံခါ..
Ran Feng Ge က Jing Qiu Han ၏သီချင်းများကိုနားထောင်ရင်း နားကြပ်ခွက်ကိုတပ်ကာ ပတ်လျှောက်နေတတ်သည်။
သူ၏ ကိုယ်နေဟန်ထား၊ လမ်းလျှောက်ဟန်၊ ခြေလှမ်းအမြန်နှုန်းတို့မှာ အင်တာဗျူး ဗီဒီယိုများမှ Jin Qiu Han နှင့်ဆင်၏။ ဖြည်းဖြည်းချင်း ပို၍ပင်တူလာသေးသည်။

"မင်းရဲ့ သရုပ်ဆောင်စွမ်းရည်နဲ့ပတ်သတ်ပြီး ငါစိတ်မပူပါဘူး"
တစ်နေ့တွင် Su Yi Mo က မနေနိုင်ဘဲ ရယ်သွမ်းသွေးသည်။
"တခြားအပိုင်းတွေမှာတော့ ငါ့အထင် စံချိန်မမီသေးဘူးလားလို့။
မင်းအတွက် ဆရာတချို့ရှာပေးရမလား? ဆိုတတ် ကတတ်ဖို့လိုတယ်နော်။ လူထုရှေ့ကို တစ်ဖန်ပြန်ထွက်ဖို့ ပြင်ဆင်ရအောင် မင်း ကုမ္ပဏီကို ပြန်တဲ့အခါ မင်းရဲ့ဖန်တွေကို ပြီးပြည့်စုံတဲ့ Jing Qiu Han ဖြစ်ပြဖို့လိုတယ်နော်"

Ran Feng Ge သူ့နားကြပ်ခွက်ကို ဆွဲဖြုတ်ပြီး လှည့်လာကာ အလုပ်မရှိကြောင်ရေချိုးသည့် Su Yi Mo ကိုငုံ့ကြည့်သည်။
သူက စိတ်မဝင်စားဟန် ပုခုံးတွန့်၍ မေးလေ၏။
"ငါ သီချင်းဆိုတာ နားထောင်ချင်လား?"

Su Yi Mo က သူ့ကို သံသယအကြည့်ဖြင့် ​အဖြေပေးသည်။

Ran Feng Ge က သစ်မာသားကြမ်းခင်းပေါ် နောက်တစ်ကြိမ်တင်ပျဥ်ခွေသည်။ သူက လက်ပ်တော့ကို ပေါင်ပေါ်ဆွဲတင်ပြီး Jing Qiu Han ၏သီချင်းများထဲက တစ်ပုဒ်၏ အတီးသီးသန့်ဗားရှင်းကိုရွေးလိုက်သည်။

ထို့နောက် လက်ပ်တော့ကို ကြမ်းပြင်ပေါ်ချ၍ သူ့ခြေထောက်များကို အားရပါရဆန့်ထုတ်လိုက်သည်။ခြေကျင်းဝတ်နားတွင် ချိတ်ထားပြီး သံစဥ်နှင့်အတူ လိုက်လံလှုပ်ရှားသည်။
အဆိုဝင်ရမည့်အပိုင်းသို့ရောက်သည်နှင့် သူ စတင်သီဆို၏။

သူက Jin Qiu Han ၏အသံအတိုင်း ဆိုနေပြီး
ပထမအပိုဒ်မှာတင် Su Yi Mo မှင်တက်သွားရသည်။

သီချင်း၏ညှို့ယူဖမ်းစားမှုကို ခံနေရပုံပေါ်သည့် Ran Feng Ge ကို သူ တိတ်တဆိတ်ကြည့်နေမိသည်။
ထိုအခိုက်တွင် Ran Feng Ge သည် ဇာတ်ကောင်စရိုက်တွင် လုံးလုံးလျားလျားသက်ဝင်နေပြီး သူ၏အမူအရာက စာသားများ၏ရသခံစားမှုနှင့် လိုက်ဖက်လှကာ ထူးကဲလွန်းသည့် မှတ်ဉာဏ်နှင့် နားလည်နိုင်မှုအဆင့်အတန်းကို ဖော်ပြနေသည်။

ယခုလို အလုပ်တွင် မြှုပ်နှံထားသော Ran Feng Ge ၏ပုံစံက Su Yi Mo အား ဆေးရုံတွင် Jing Qiu Han အဖြစ်လူစားထိုးသရုပ်ဆောင်ခဲ့သည့် အချိန်ကို သွားအမှတ်ရစေသည်။ သူကား မည်သူမည်ဝါ​ဖြစ်ကြောင်းကို မဖော်ပြရစေရေး တကယ်ကို သုံးရက်လုံးလုံး အစားမစားဘဲ တောင့်ခံခဲ့သည်။

သူ၏ လုပ်ခဲ့ပြီးသည့် တာဝန်များတွင်လည်း ယခုလို မြှုပ်နှံသည်ပဲလား? သူ သေချာပေါက် လုပ်ခဲ့ပေလိမ့်မည်။ သည်လိုမှမဟုတ်လျှင် အဆောက်အအုံတစ်ခုလုံး၏ အကောင်းဆုံးလူစားထိုးတစ်ယောက် ဖြစ်ခဲ့လိမ့်မည်မဟုတ်ချေ။

တောင်တောင်အီအီတွေးနေရင်း Su Yi Mo မတတ်နိုင်ဘဲ နောက်ထပ်အတွေးတစ်ခုဆီ နစ်ဝင်သွားသည်။ Ran Feng Ge တစ်ယောက် မစားမသောက်ဘဲ သုံးရက်ကြာ ကြံ့ကြံ့ခံနိုင်ခဲ့လျှင် အန္တရာယ်ကိုရင်ဆိုင်ရချိန် မည်သို့များ စွမ်းဆောင်နိုင်လိမ့်မည်နည်း?

လွန်ခဲ့သည့် ရက်အနည်းငယ်က Ran Feng Ge ၏ အဝတ်မဲ့ခန္ဓာကိုယ်ကို Su Yi Mo မတော်တဆ တွေ့မြင်ခဲ့သည်။ သို့သော်..တစ်ဖက်သူ၏ ခန္ဓာကိုယ်ပေါ်တွင် အမှန်အကန်တင်ကျန်သည့် ဒဏ်ရာဒဏ်ချက်တစ်ခုကိုမျှ မတွေ့ရပါ။ ဤသည်က လူစားထိုးများ၏ ထိပ်တန်းအဆင့်စွမ်းရည်ကြောင့်လော? ထိုစွမ်းရည်ကြောင့် Ran Feng Ge တစ်ယောက် အန္တရာယ်များကို အချိန်တိုင်း ရှောင်ရှားနိုင်ခြင်းလော?

ကြည့်ရသရွေ့ မည်သည့်အရာကမျှ Ran Feng Ge အတွက်ပြဿနာဖြစ်စေပုံမပေါ်။

ဒါထက် Su Yi Mo ကိုယ်တိုင် သူ့ကိုအပ်နှံခဲ့သည်နှင့် တူညီသည့် ခံစားချက်များနှင့်ပတ်သတ်၍ ထွေးရောယှက်တင်ရမည့်
အလုပ်မျိုး Ran Feng Ge တွင် လက်ခံရန်ရှိလာပါကလည်း ယခုလိုစိတ်အေးလက်အေး လုပ်နိုင်စွမ်းရှိမည်လော?

ယာယီမိမိကိုယ်ကို မထိန်းချုပ်နိုင်ဘဲ Su Yi Mo သူတို့နှစ်ဦး ပထမဆုံးအကြိမ်း ဖက်ခဲ့နမ်းခဲ့သည်များကို သတိရသွားသည်။ ရုတ်တရက် သူ ရေငတ်လာကြောင်း တွေ့လိုက်ရ၏။

ထိုအနမ်းအပေါ် မှတ်မိရသလောက်...Ran Feng Ge ၏ နမ်းပုံနမ်းနည်းကလည်း သူ့ထက် ညံ့မည့်ပုံမပေါ်။ မတိုင်ခင်က Ran Feng Ge တိတိကျကျ လူဘယ်ရွေ့ဘယ်မျှကို နမ်းဖူးထားပါသနည်း။ စိတ်ထဲကပါသည့် အနမ်းရော မည်မျှရှိပါမည်နည်း။ ဖြစ်စဥ်အများစုက ဇာတ်ကောင်စရိုက်နှင့် ကိုက်ညီစေရေး သက်သက်ဖြစ်နိုင်ပါမည်လား?

Su Yi Mo မချုပ်တည်းနိုင်ဘဲ သူ၏အကြည့်များကား Ran Feng Ge နှုတ်ခမ်းထက်တွင် ဝဲခိုနေသည်။ တစ်ဖက်သူ၏ နှုတ်ခမ်းမှာ ပြည့်ပြည့်ကလေးတွင် အသွေးရောင်ဖျော့ဖျော့သမ်းကာ ချောမွေ့သည်။ မမျှော်လင့်ထားသည်က Ran Feng Ge တစ်ယောက်
သီချင်းဆိုရန် ၄င်းတို့ကို ဖွင့်ချည်ပိတ်ချည်လုပ်တိုင်း နှုတ်ခမ်းနှစ်လွှာက သူ့တို့ထံ လာလှည့်ပါ လာလှည့်ပါဟု အထူးတလည် ဆွဲဆောင်နေသယောင်ယောင် Su Yi Mo ခံစားရခြင်းပင်။

ကောက်ခါငင်ခါ Su Yi Mo နှလုံးခုန်မှားသွားသည်။ Ran Feng Ge ၏အလုပ်နှင့်ပတ်သတ်၍ သူ၏အစောပိုင်းအတွေးများကို လက်မခံနိုင်ကြောင်း သိလိုက်ရသည်။ လူစားထိုးတစ်ယောက်သည် ​ဟန်ဆောင်နေပြ၍ မရေမတွက်နိုင်သောလူများနှင့် အနမ်းဖလှယ်ခဲ့ရမည်၊ သူ​တို့နှင့် ချစ်ကျွမ်းဝင်သယောင်လည်း သဏ္ဌာန်လုပ်ခဲ့ရမည်၊ သူတို့နှင့် အိပ်ကောင်းလည်းအိပ်ခဲ့ရပါမည်။

မြန်မြန်ဆန်ဆန်ပဲ Jing Qiu Han ၏ ၂၀၁၀ခုနှစ် အယ်လ်ဘမ်ခေါင်းစီးသီချင်းကို Ran Feng Ge ဆိုပြီးသွားပြီ။ သူက Su Yi Mo ဆီဂုဏ်ယူဝံ့ကြွားစွာ ကြည့်လိုက်စဥ် ထိုအမျိုးအသားက တစ်စုံတစ်ရာ စိတ်မချမ်းမြေ့သယောင် သူ့ထံ မျက်တောင်မခတ်စတမ်း ကြောင်ငေးကြည့်နေသည်။

သူ့သီဆိုပုံ မကောင်း၍များလား?

နောက်ဆုံးတွင် Su Yi Mo တစ်​ယောက် သူ Ran Feng Ge ကို အချိန်အကြာကြီး ငေးကြောင်ကြည့်နေမိကြောင်း စတင်သဘောပေါက်သွားသည်။ အနည်းငယ် ကသိကအောက်ဖြင့် သူ အကြည့်ကို လွှဲလိုက်ပြီး ခပ်တိုးတိုးဆိုလိုက်သည်။
"ဟုတ်ပ..မင်းက တော်တော်လေးအဆိုကောင်းတာပဲ။ ငါ လျှော့တွက်မိသွားပြီ"

"ချီးကျူးပေးတာ ကျေးဇူးအများကြီးတင်ပါတယ်"
Ran Feng Ge ရုတ်တရက် ထရပ်ပြီး Su Yi Mo ဆီဖိနပ်မပါဘဲလျှောက်သွားသည်။သူက မင်းသမီးလေးကို ဖိတ်ခေါ်သည့် မင်းသားလေးသဖွယ် လက်တစ်ဖက်ကို Su Yi Mo ထံဆန့်ထုတ်ရင်း ပြုံး၍ပြောလေသည်။
"ကိုယ်တို့ အတူကကြမလား..?"

>>>>>>>>>>><<<<<<<<<<<<

Zawgyi

Chapter 37
Shall we have a dance?
_______________________

ေနာက္တစ္လအတြင္း Su Yi Mo က Ran Feng Ge အတြက္ တုပသ႐ုပ္ေဆာင္ရာတြင္ သုံးနိုင္မည့္ ကိုးကားစရာမ်ားျဖစ္ေသာ သတင္းစာေဆာင္းပါးအေဟာင္းမ်ား၊ အင္တာဗ်ဴးမ်ား၊ အယ္လ္ဘမ္မ်ား၊ ႐ုပ္ရွင္ကားမ်ား၊ တီဗီရွိုးမ်ား၊ Jing Qiu Han ႏွင့္ပတ္သတ္သည့္ အျခားအရာမ်ားမ်ိဳးစုံကို ရွာေပးခဲ့သည္။
ထိုသည္မ်ားကို လက္ခံရၿပီး​ေနာက္ Ran Feng Ge အိမ္တြင္းေအာင္း၍ တစ္ေယာက္တည္းသေဘာရွိ ေလ့လာေတာ့သည္။

Su Yi Mo က ေန႕တိုင္း ထြက္သြားၿပီး ညမွျပန္လာသည္။ Su Yi Mo အဘယ္ေၾကာင့္ ေနာက္က်မွျပန္လာရသနည္းဟု အေျဖထု​တ္ရန္ သူစဥ္းစားေကာင္း စဥ္းစားမိေသာ္လည္း သူ႕အလုပ္ရွင္ ဘာေတြလုပ္ေနလဲဟု Ran Feng Ge ဒုကၡခံမေမးပါ။ ကုမၸဏီ၏အေရးကိစၥမ်ား စီမံခန့္ခြဲျခင္းကလြဲ၍ Su Yi Mo အတြက္ အေရးႀကီးဆုံးအရာမွာ သဘာဝက်စြာ Jing Qiu Han ဆီအလည္သြားရန္ျဖစ္ေပမည္။

ရံဖန္ရံခါ Su Yi Mo လုံးဝအျပင္မထြက္သည့္ ရက္မ်ားလည္းရွိပါသည္။

ထိုသို႔ေသာေန႕မ်ားတြင္ ၾကမ္းျပင္တြင္ တင္ပ်ဥ္ေခြ၍ Jing Qiu Han ၏ ႐ုပ္ရွင္ႏွင့္ေတးဂီတ တစ္ခုခုကို ၾကည့္ရႈနားဆင္ရန္
ကြန္ပ်ဴတာဖန္သားျပင္ကို မေမာမပန္းနိုင္ စိုက္ၾကည့္ေနသည့္ Ran Feng Ge ကို
သူက ဆိုဖာတြင္ထိုင္၍ ၾကည့္ေနလိမ့္မည္။
ရံဖန္ရံခါ..
Ran Feng Ge က Jing Qiu Han ၏သီခ်င္းမ်ားကိုနားေထာင္ရင္း နားၾကပ္ခြက္ကိုတပ္ကာ ပတ္ေလွ်ာက္ေနတတ္သည္။
သူ၏ ကိုယ္ေနဟန္ထား၊ လမ္းေလွ်ာက္ဟန္၊ ေျခလွမ္းအျမန္ႏႈန္းတို႔မွာ အင္တာဗ်ဴး ဗီဒီယိုမ်ားမွ Jin Qiu Han ႏွင့္ဆင္၏။ ျဖည္းျဖည္းခ်င္း ပို၍ပင္တူလာေသးသည္။

"မင္းရဲ႕ သ႐ုပ္ေဆာင္စြမ္းရည္နဲ႕ပတ္သတ္ၿပီး ငါစိတ္မပူပါဘူး"
တစ္ေန႕တြင္ Su Yi Mo က မေနနိုင္ဘဲ ရယ္သြမ္းေသြးသည္။
"တျခားအပိုင္းေတြမွာေတာ့ ငါ့အထင္ စံခ်ိန္မမီေသးဘူးလားလို႔။
မင္းအတြက္ ဆရာတခ်ိဳ႕ရွာေပးရမလား? ဆိုတတ္ ကတတ္ဖို႔လိုတယ္ေနာ္။ လူထုေရွ႕ကို တစ္ဖန္ျပန္ထြက္ဖို႔ ျပင္ဆင္ရေအာင္ မင္း ကုမၸဏီကို ျပန္တဲ့အခါ မင္းရဲ႕ဖန္ေတြကို ၿပီးျပည့္စုံတဲ့ Jing Qiu Han ျဖစ္ျပဖို႔လိုတယ္ေနာ္"

Ran Feng Ge သူ႕နားၾကပ္ခြက္ကို ဆြဲျဖဳတ္ၿပီး လွည့္လာကာ အလုပ္မရွိေၾကာင္ေရခ်ိဳးသည့္ Su Yi Mo ကိုငုံ႕ၾကည့္သည္။
သူက စိတ္မဝင္စားဟန္ ပုခုံးတြန့္၍ ေမးေလ၏။
"ငါ သီခ်င္းဆိုတာ နားေထာင္ခ်င္လား?"

Su Yi Mo က သူ႕ကို သံသယအၾကည့္ျဖင့္ ​အေျဖေပးသည္။

Ran Feng Ge က သစ္မာသားၾကမ္းခင္းေပၚ ေနာက္တစ္ႀကိမ္တင္ပ်ဥ္ေခြသည္။ သူက လက္ပ္ေတာ့ကို ေပါင္ေပၚဆြဲတင္ၿပီး Jing Qiu Han ၏သီခ်င္းမ်ားထဲက တစ္ပုဒ္၏ အတီးသီးသန့္ဗားရွင္းကိုေ႐ြးလိုက္သည္။

ထို႔ေနာက္ လက္ပ္ေတာ့ကို ၾကမ္းျပင္ေပၚခ်၍ သူ႕ေျခေထာက္မ်ားကို အားရပါရဆန့္ထုတ္လိုက္သည္။ေျခက်င္းဝတ္နားတြင္ ခ်ိတ္ထားၿပီး သံစဥ္ႏွင့္အတူ လိုက္လံလႈပ္ရွားသည္။
အဆိုဝင္ရမည့္အပိုင္းသို႔ေရာက္သည္ႏွင့္ သူ စတင္သီဆို၏။

သူက Jin Qiu Han ၏အသံအတိုင္း ဆိုေနၿပီး
ပထမအပိုဒ္မွာတင္ Su Yi Mo မွင္တက္သြားရသည္။

သီခ်င္း၏ညွို႔ယူဖမ္းစားမႈကို ခံေနရပုံေပၚသည့္ Ran Feng Ge ကို သူ တိတ္တဆိတ္ၾကည့္ေနမိသည္။
ထိုအခိုက္တြင္ Ran Feng Ge သည္ ဇာတ္ေကာင္စရိုက္တြင္ လုံးလုံးလ်ားလ်ားသက္ဝင္ေနၿပီး သူ၏အမူအရာက စာသားမ်ား၏ရသခံစားမႈႏွင့္ လိုက္ဖက္လွကာ ထူးကဲလြန္းသည့္ မွတ္ဉာဏ္ႏွင့္ နားလည္နိုင္မႈအဆင့္အတန္းကို ေဖာ္ျပေနသည္။

ယခုလို အလုပ္တြင္ ျမႇုပ္ႏွံထားေသာ Ran Feng Ge ၏ပုံစံက Su Yi Mo အား ေဆး႐ုံတြင္ Jing Qiu Han အျဖစ္လူစားထိုးသ႐ုပ္ေဆာင္ခဲ့သည့္ အခ်ိန္ကို သြားအမွတ္ရေစသည္။ သူကား မည္သူမည္ဝါ​ျဖစ္ေၾကာင္းကို မေဖာ္ျပရေစေရး တကယ္ကို သုံးရက္လုံးလုံး အစားမစားဘဲ ေတာင့္ခံခဲ့သည္။

သူ၏ လုပ္ခဲ့ၿပီးသည့္ တာဝန္မ်ားတြင္လည္း ယခုလို ျမႇုပ္ႏွံသည္ပဲလား? သူ ေသခ်ာေပါက္ လုပ္ခဲ့ေပလိမ့္မည္။ သည္လိုမွမဟုတ္လွ်င္ အေဆာက္အအုံတစ္ခုလုံး၏ အေကာင္းဆုံးလူစားထိုးတစ္ေယာက္ ျဖစ္ခဲ့လိမ့္မည္မဟုတ္ေခ်။

ေတာင္ေတာင္အီအီေတြးေနရင္း Su Yi Mo မတတ္နိုင္ဘဲ ေနာက္ထပ္အေတြးတစ္ခုဆီ နစ္ဝင္သြားသည္။ Ran Feng Ge တစ္ေယာက္ မစားမေသာက္ဘဲ သုံးရက္ၾကာ ႀကံ့ႀကံ့ခံနိုင္ခဲ့လွ်င္ အႏၱရာယ္ကိုရင္ဆိုင္ရခ်ိန္ မည္သို႔မ်ား စြမ္းေဆာင္နိုင္လိမ့္မည္နည္း?

လြန္ခဲ့သည့္ ရက္အနည္းငယ္က Ran Feng Ge ၏ အဝတ္မဲ့ခႏၶာကိုယ္ကို Su Yi Mo မေတာ္တဆ ေတြ႕ျမင္ခဲ့သည္။ သို႔ေသာ္..တစ္ဖက္သူ၏ ခႏၶာကိုယ္ေပၚတြင္ အမွန္အကန္တင္က်န္သည့္ ဒဏ္ရာဒဏ္ခ်က္တစ္ခုကိုမွ် မေတြ႕ရပါ။ ဤသည္က လူစားထိုးမ်ား၏ ထိပ္တန္းအဆင့္စြမ္းရည္ေၾကာင့္ေလာ? ထိုစြမ္းရည္ေၾကာင့္ Ran Feng Ge တစ္ေယာက္ အႏၱရာယ္မ်ားကို အခ်ိန္တိုင္း ေရွာင္ရွားနိုင္ျခင္းေလာ?

ၾကည့္ရသေ႐ြ႕ မည္သည့္အရာကမွ် Ran Feng Ge အတြက္ျပႆနာျဖစ္ေစပုံမေပၚ။

ဒါထက္ Su Yi Mo ကိုယ္တိုင္ သူ႕ကိုအပ္ႏွံခဲ့သည္ႏွင့္ တူညီသည့္ ခံစားခ်က္မ်ားႏွင့္ပတ္သတ္၍ ေထြးေရာယွက္တင္ရမည့္
အလုပ္မ်ိဳး Ran Feng Ge တြင္ လက္ခံရန္ရွိလာပါကလည္း ယခုလိုစိတ္ေအးလက္ေအး လုပ္နိုင္စြမ္းရွိမည္ေလာ?

ယာယီမိမိကိုယ္ကို မထိန္းခ်ဳပ္နိုင္ဘဲ Su Yi Mo သူတို႔ႏွစ္ဦး ပထမဆုံးအႀကိမ္း ဖက္ခဲ့နမ္းခဲ့သည္မ်ားကို သတိရသြားသည္။ ႐ုတ္တရက္ သူ ေရငတ္လာေၾကာင္း ေတြ႕လိုက္ရ၏။

ထိုအနမ္းအေပၚ မွတ္မိရသေလာက္...Ran Feng Ge ၏ နမ္းပုံနမ္းနည္းကလည္း သူ႕ထက္ ညံ့မည့္ပုံမေပၚ။ မတိုင္ခင္က Ran Feng Ge တိတိက်က် လူဘယ္ေ႐ြ႕ဘယ္မွ်ကို နမ္းဖူးထားပါသနည္း။ စိတ္ထဲကပါသည့္ အနမ္းေရာ မည္မွ်ရွိပါမည္နည္း။ ျဖစ္စဥ္အမ်ားစုက ဇာတ္ေကာင္စရိုက္ႏွင့္ ကိုက္ညီေစေရး သက္သက္ျဖစ္နိုင္ပါမည္လား?

Su Yi Mo မခ်ဳပ္တည္းနိုင္ဘဲ သူ၏အၾကည့္မ်ားကား Ran Feng Ge ႏႈတ္ခမ္းထက္တြင္ ဝဲခိုေနသည္။ တစ္ဖက္သူ၏ ႏႈတ္ခမ္းမွာ ျပည့္ျပည့္ကေလးတြင္ အေသြးေရာင္ေဖ်ာ့ေဖ်ာ့သမ္းကာ ေခ်ာေမြ႕သည္။ မေမွ်ာ္လင့္ထားသည္က Ran Feng Ge တစ္ေယာက္
သီခ်င္းဆိုရန္ ၄င္းတို႔ကို ဖြင့္ခ်ည္ပိတ္ခ်ည္လုပ္တိုင္း ႏႈတ္ခမ္းႏွစ္လႊာက သူ႕တို႔ထံ လာလွည့္ပါ လာလွည့္ပါဟု အထူးတလည္ ဆြဲေဆာင္ေနသေယာင္ေယာင္ Su Yi Mo ခံစားရျခင္းပင္။

ေကာက္ခါငင္ခါ Su Yi Mo ႏွလုံးခုန္မွားသြားသည္။ Ran Feng Ge ၏အလုပ္ႏွင့္ပတ္သတ္၍ သူ၏အေစာပိုင္းအေတြးမ်ားကို လက္မခံနိုင္ေၾကာင္း သိလိုက္ရသည္။ လူစားထိုးတစ္ေယာက္သည္ ​ဟန္ေဆာင္ေနျပ၍ မေရမတြက္နိုင္ေသာလူမ်ားႏွင့္ အနမ္းဖလွယ္ခဲ့ရမည္၊ သူ​တို႔ႏွင့္ ခ်စ္ကြၽမ္းဝင္သေယာင္လည္း သဏၭာန္လုပ္ခဲ့ရမည္၊ သူတို႔ႏွင့္ အိပ္ေကာင္းလည္းအိပ္ခဲ့ရပါမည္။

ျမန္ျမန္ဆန္ဆန္ပဲ Jing Qiu Han ၏ ၂၀၁၀ခုႏွစ္ အယ္လ္ဘမ္ေခါင္းစီးသီခ်င္းကို Ran Feng Ge ဆိုၿပီးသြားၿပီ။ သူက Su Yi Mo ဆီဂုဏ္ယူဝံ့ႂကြားစြာ ၾကည့္လိုက္စဥ္ ထိုအမ်ိဳးအသားက တစ္စုံတစ္ရာ စိတ္မခ်မ္းေျမ့သေယာင္ သူ႕ထံ မ်က္ေတာင္မခတ္စတမ္း ေၾကာင္ေငးၾကည့္ေနသည္။

သူ႕သီဆိုပုံ မေကာင္း၍မ်ားလား?

ေနာက္ဆုံးတြင္ Su Yi Mo တစ္​ေယာက္ သူ Ran Feng Ge ကို အခ်ိန္အၾကာႀကီး ေငးေၾကာင္ၾကည့္ေနမိေၾကာင္း စတင္သေဘာေပါက္သြားသည္။ အနည္းငယ္ ကသိကေအာက္ျဖင့္ သူ အၾကည့္ကို လႊဲလိုက္ၿပီး ခပ္တိုးတိုးဆိုလိုက္သည္။
"ဟုတ္ပ..မင္းက ေတာ္ေတာ္ေလးအဆိုေကာင္းတာပဲ။ ငါ ေလွ်ာ့တြက္မိသြားၿပီ"

"ခ်ီးက်ဴးေပးတာ ေက်းဇူးအမ်ားႀကီးတင္ပါတယ္"
Ran Feng Ge ႐ုတ္တရက္ ထရပ္ၿပီး Su Yi Mo ဆီဖိနပ္မပါဘဲေလွ်ာက္သြားသည္။သူက မင္းသမီးေလးကို ဖိတ္ေခၚသည့္ မင္းသားေလးသဖြယ္ လက္တစ္ဖက္ကို Su Yi Mo ထံဆန့္ထုတ္ရင္း ၿပဳံး၍ေျပာေလသည္။
"ကိုယ္တို႔ အတူကၾကမလား..?"

>>>>>>>>>>><<<<<<<<<<<<

Продовжити читання

Вам також сподобається

322K 19K 59
•ប្រភេទរឿងមនុស្សប្រុសអាចពពោះបាន
350K 43.7K 139
I Become the Older Brother of the Heroine in Abusive Novel Description ယုံနင်မြို့စား၏ဆက်ခံသူ ကျွင်းဟွိုင်လန်မှာ ပြန်လည်မွေးဖွားလာပြီးနောက် သူက ရှော...
718K 28.5K 38
🚫⛔ရိုင်းစိုင်းသောအသုံးနှုန်းများပါလာနိုင်ပါသဖြင့် (သတိပေးအပ်ပါသည်)⛔⛔ ကိုယ်ရံတော်နဲ့အမှတ်မထင် အလုပ်စဝင်တဲ့နေ့တွင် မိမိနှင့် အခတ်မသင့် sexa ဆက်စံမိသွ...
896K 101K 59
The contents of this fiction are purely the author's imagination.