သူဌေးကြီး၏ဒုတိယမြောက်အိမ်ထောင...
By OpalHawthorn28
2.3M 316K 17.8K
Title....Second merriage of a wealthy old man မူရင်းအော်သာ....Tangerine Boat(Cannon folder cheat system ရေးတဲ... More
Description
Chapter (1)
Chapter(2)
Chapter(3)
Chapter(4)
Chapter(5)
Chapter(6)
Chapter(7)
Chapter(8)
Chapter(9)
Chapter(10)
Chapter(11)
Chapter(12)
Chapter(13)
Chapter(14)
Chapter(15)
Chapter(16)
Chapter (17)
Chapter(18)
Chapter(19)
Chapter(20)
Chapter(21)
Chapter (22)
Chapter (23)
Chapter (24)
Chapter (25)
သူရဲကောင်းကြီးရဲ့အမှာစာ🏹🏹
Chapter (26)
Chapter (27)
Chapter (28)
Chapter (29)
Chapter (30)
Chapter (31)
Chapter (32)
Chapter (33)
Chapter (34)
Chapter (35)
Chapter (36)
Chapter (37)
Chapter (38)
Chapter (39)
Chapter (41)
Chapter (42)
Chapter (43)
Chapter (44)
Chapter (45)
Chapter (46)
Chapter (47)
Chapter (48)
Chapter (49)
Chapter (50)
Chapter (51)
Chapter (52)
Chapter (53)
Chapter (54)
Chapter (55)
Chapter (56)
Chapter (57)
Chapter (58)
Chapter (59)
Chapter (60)
Chapter (61)
Chapter (62)
Chapter (63)
Chapter (64)
Chapter (65)
Chapter (66)
Chapter (67)
Chapter (68)
Chapter (69)
Hi
Chapter (70)
Chapter (71)
Chapter (72)
Chapter (73)
Chapter (74)
Chapter (75)
Chapter (76)
Chapter (77)
Chapter (78)
Chapter (79)
Chapter (80)
Chapter (81)
Chapter (82)
Chapter (83)
Chapter (84)
Chapter (85)
Chapter (86)
Chapter (87)
Chapter (88)
ရေဘဝဲသူရဲကောင်းကြီး၏ ကျေးဇူးတင်လွှာ
Chapter (40)
28.3K 3.7K 328
By OpalHawthorn28
လင်စုန့်ထိုင် က သူ့ရဲ့တပည့်တစ်သိုက်ကိုခေါ်ဆောင်ပြီး ရနံ့ကုထုံးဌာနခွဲကိုသွားရောက်ခဲ့တယ်။ဒီလို သွားရောက်ရခြင်းက သင်ယူလေ့လာရေးအတွက်သာမက၊ recommend အပေးခံထားရတဲ့ကျောင်းသားတွေအတွက်ပါရည်ရွယ်ထားခဲ့ခြင်းဖြစ်တယ်။ဒီနေ့မှာ ပြုလုပ်မယ့် အကြိုစာမေးပွဲကိုသာ ဝင်​ဖြေခွင့်ရခဲ့မယ်ဆိုရင် ဒါက ဆရာတစ်ယောက်ဖြစ်လာနိုင်မယ့် အခွင့်ကောင်းပဲလေ....
"ဒီကရှုခင်းတွေအရမ်းလှတာပဲနော်"
မုန့်ရန်က  ဝူဖန်ကို လှမ်းပြောလိုက်တယ်။
ဒီဌာနက မုန့်ရန်တို့ ကျောင်းထက်တောင် ပိုမိုကျယ်ဝန်းနေပါသေးတယ်။ဒီနေရာမှာ ရေပေါ်အဆောက်အဉီးတွေတောင်ရှိနေသေးတယ်။ဒါက အင်အားပြည့်အောင် အနားယူလို့ကောင်းတဲ့ လှပတဲ့နေရာတစ်ခုဖြစ်တယ်။
"ရှုခင်းကတော့ ကောင်းတယ်၊မကောင်းတာက ဒီဌာနကလူတွေ"
ဆရာနဲ့တခြားကျောင်းသားတွေရှိနေတဲ့အတွက် ဝူဖန် အသံခပ်တိုးတိုးနဲ့ပြောနေရတယ်။
" အမြဲတမ်းအဖွဲ့ဝင်ဆိုတာ အသာထားဉီး ၊သာမာန်အဖွဲ့ဝင်တွေကတောင် နှာခေါင်းကိုမိုးပေါ်မြှောက်ပြီး သူတို့ကိုယ်သူတို့အတော်ဆုံး၊အတတ်ဆုံးလို့ထင်နေတာလေ၊မုန်းစရာကောင်းချက်ပဲ"
မုန့်ရန်တစ်ယောက် လင်စုန့်ထိုင် ရဲ့တပည့်ဖြစ်မလာခင်ကတည်းက လင်စုန့်ထိုင် နဲ့အတူ ဝူဖန် ဒီနေရာကို ခဏ၊ခဏရောက်ခဲ့ဖူးတယ်။အရင်ခေါက်တွေတုန်းကတည်းက ထွက်ခဲ့ရသမျှဒေါသတွေကို အခုမှ ရင်ဖွင့်နေရတာလေ.....
"ကျွန်တော်ကြားဖူးတာတော့ ဒီဌာနမှာ Member ဝင်ဖြစ်ဖို့အတွက် အနိမ့်ဆုံးသတ်မှတ်ချက်တွေကတောင် အတော်မြင့်မားတယ်ဆိုပဲ...ပြီး​တော့ ဒီဌာနရဲ့ စာမေးပွဲတွေကလဲအရမ်းစည်းကမ်းတင်းကြပ်တယ်ဆို၊ ပြီးတော့ ဆရာငါးယောက်က ထောက်ခံပေးမှ Member ဖြစ်မှာဆို...ဟုတ်လား??"
မုန့်ရန်က ဝူဖန်ကိုမေးလိုက်တယ်။
"ဒါကတော့အမှန်ပဲကွ၊ငါ့စီနီယာတွေအများကြီး
စာမေးပွဲအောင်သွားကြပြီ။ငါက စာမေးပွဲတစ်ခုပဲအောင်သေးတာကွ။စာမေးပွဲတွေအောင်နေသ၍ ဆရာငါးယောက်ရဲ့ထောက်ခံချက်ရဖို့ဆိုတာ မခက်ပါဘူးကွာ။ဒါ့​ကြောင့် ​စာမေးပွဲလာဖြေတဲ့သူတွေက Masterတန်း တက်နေတဲ့သူတွေများနေတာကွ"
မုန့်ရန် ခေါင်းညိတ်လိုက်တယ်။တကယ်ဆို မုန့်ရန် ဒီဌာနရဲ့စာမေးပွဲကို ဝင်ဖြေဖို့စီစဉ်မထားခဲ့ဖူးဘူး။ဒါပေမယ့် ဒီဌာနရဲ့ လိုင်စင်သာ ရခဲ့မယ်ဆိုရင် ဒီဌာနရဲ့ Member တစ်ယောက် ဖြစ်လာနိုင်မှာဖြစ်တယ်။လက်ရှိမှာ လူတော်တော်တော်များများက ဒီဌာနကပေးအပ်ထားတဲ့ လိုင်စင်ကိုပဲ လူရာသွင်းအသိမှတ်ပြုနေကြတယ်။မုန့်ရန် ဒီလိုင်စင် မရထားသ၍ လူထင်သေးခံနေရဉီးမှာပဲ...အနည်းဆုံးတော့ သူ့ကို အထင်မြင်သေးတဲ်သူတွေကို သူ့ရဲ့အရည်အချင်းပြည့်ဝမှုတွေကို ပြသပေးရမှာပေါ့.....
မုန့်ရန် reserve member တစ်ယောက်မဖြစ်ချင်ဘူး။reserve member ဆိုတာအုတ်ရောရော၊ကျောက်ရောရောဖြစ်နေတဲ့ Memeber တွေနဲ့ဘာမှသိပ်မကွာဘူးလေ။ဒါပေယ့် လင်စုန့်ထိုင် က  မုန့်ရန်သာ စာမေးပွဲကို အမှတ်များများနဲ့ အောင်မြင်ခဲ့ရင် Full Memeber ဖြစ်ခွင့်ရအောင် သူကိုယ်တိုင်ကြိုးစားပေးမယ့်အကြောင်း ပြောထားတယ်။
[ TN: reserve member ဆိုတာ ခပ်ရိုင်းရိုင်းပြောရရင် ပြာတာ ခိုင်းဖက်အဆင့်...သိုင်းသမားစကားနဲ့ ရှင်းပြရရင် reserve member ဆိုတာ အပြင်စည်းတပည့်။Full member ဆိုတာ အတွင်းစည်းတပည့်😁😁😁]
မုန့်ရန်တို့တွေ ဝါးတောလေးထဲကနေ ဖြတ်လျှောက်လာရင်းနဲ့ ဉယျာဉ်နဲ့ အတွင်းပိုင်းဆီကိုရောက်လာခဲ့ကြတယ်။ဉယျာဉ်တစ်ခုပါရှိတဲ့ ခြံဝန်းတစ်ခုထဲကို မုန့်ရန်တို့ရောက်တဲ့အခါ အရင်ရောက်နှင့်နေသူတွေကို မုန့်ရန်တို့တွေ လှမ်းမြင်လိုက်ရတယ်။မုန့်ရန် ခဏလောက်တော့ အံ့အားသင့်သွားခဲ့တယ်။ထို့နောက် မုန့်ရန် ဝူဖန်ကို လှည့်ပြောလိုက်တယ်။
"ကျွန်တော် အန်လယ်လော်ကို တွေ့လိုက်တယ်။ကျွန်တော် သူနဲ့ စကားခဏလောက်သွားပြောချင်လို့"
"သွားလေ..ငါမင်းကို ရှေ့နားလေးမှာ စောင့်နေမယ်။မြန်မြန်တော့ပြန်လာဉီးနော်၊ဆရာက စကားပြောပြီးတာနဲ့ရှေ့ကို ဆက်သွားမှာကွ၊ ငါ့ကို မတွေ့ရင် လိုက်သာလိုက်သာခဲ့"
"ဟုတ်..ကျွန်တော် မြန်မြန်ပြန်လာခဲ့မယ်"
မုန့်ရန် လော်ရှို့ရှိရာအရပ်ဆီကို ရွေ့လျားသွားနေခဲ့ပြီ။
မုန့်ရန် လော်ရှို့နောက်ကို မြန်မြန်ပြေးလိုက်ပြီး အော်ခေါ်လိုက်တယ်။
"အန်ကယ်လော် "
မုန့်ရန်ရဲ့အသံကြားလိုက်တဲ့အခါ လော်ရှို့လဲ အတော် Suprise ဖြစ်သွားခဲ့တယ်။ နောက်လှည့်ကြည့်လိုက်တဲ့အခါ သူဆီပြေးလာနေတဲ့ မုန့်ရန် ကိုမြင်တာနဲ့ လော်ရှို့ ခြေလှမ်းကျဲကြီးတွေနဲ့ နောက်ကြောင်းပြန်လှည့်ခဲ့တာပေါ့.....
"ဘယ်လိုဖြစ်လို့ ဒီကိုရောက်နေတာလဲ?"
မုန့်ရန် လော်ရှို့ရဲ့ခါးကို ဖက်ထားပြီး လော်ရှို့ကို ကြည့်ရင်း မေးမြန်းလိုက်တယ်။
"ကိုယ်နဲ့ ကိုယ့်သူငယ်ချင်းတွေ၊ တခြားသူငယ်ချင်းတစ်ယောက်ကို သတင်းလာမေးတာ။ လတ်တလော ကျန်းမာရေးသိပ်မကောင်းတဲ့သူငယ်ချင်းတစ်ယောက်က ဒီနေရာမှာ ကုသမှုခံယူနေတယ်လေ"
မုန့်ရန် မြန်မြန်ပြေးလာတာကို လော်ရှို့တွေ့တယ်။ဒီနေ့ ကနေပူတဲ့နေ့ဖြစ်တာကြောင့် မုန့်ရန်ရဲ့ မျက်နှာဆို နီရဲနေရောပဲ။လော်ရှို့ က မုန့်ရန်ရဲ့ မျက်နှာကို ခပ်ဖွဖွဘေးတို့ထိလိုက်တယ်။
"မင်းလေး ဒီကို ဆရာတွေနဲ့အတူလာတာလား?"
"အင်း..ကျွန်တော်တို့တွေ ဒီနေ့စာမေးပွဲလာဖြေတာ။ခင်ဗျားမှာ ထွေထွေထူးထူးလုပ်စရာမရှိရင် ကျွန်တော် ကို လာကြိုပေးမလား။ကျွန်တော်တို့တွေ အတူတူပြန်ကြမယ်လေ"
"ကောင်းပါပြီ"
လေမုန်တိုင်းအသေးစားလေးတစ်ခုလို ချက်ချင်းရောက်လာပြီး ချက်ချင်းပြန်ထွက်သွားတဲ့ မုန့်ရန်ရဲ့ ကျောပြင်လေး မြင်ကွင်းထဲကနေ ပျောက်ကွယ်သွားချိန်အထိ လော်ရှို့ ကြည့်နေခဲ့တယ်။မုန့်ရန်ကို မမြင်ရတော့မှ သူငယ်ချင်းတွေရှိရာဆီကို ပြန်သွားခဲ့ပြီး အတူတူ လမ်းဆက်လျှောက်ခဲ့ကြတယ်။
လော်ရှို့ရဲ့ သူငယ်ချင်းတွေက လော်ရှို့ကို ဝိုင်း စ နေကြတယ်။
"မင်း မိန်းမလေးက မင်းကို အန်ကယ်လို့ခေါ်တယ်။မင်းကရော သူ့ကို ဘယ်လိုခေါ်လဲ?"
"အရင်အတိုင်းပဲပေါ့၊ လက်ထပ်ပြီးသွားတော့လဲ ဒီအရင်အတိုင်းပဲခေါ်တာပေါ့ကွ"
လော်ရှို့ကလဲ ပြုံးပြုံးကြီးနဲ့ ပြန်ဖြေတယ်။
"အင်းလေ သူမင်းကို အန်ကယ်လို့ခေါ်တာ မှားတော့မမှားဘူးကွ။မင်းကလဲ သူ့ဉီးလေးအရွယ်ဖြစ်နေတာကိုး..ဒါပေမယ့် လက်ထပ်ပြီးနောက်ပိုင်း သူမင်းကို အဲ့လိုခေါ်တော့ မင်းဘယ်လိုခံစားရလဲ"
သူငယ်ချင်းတွေကလဲ ပြုံးပြုံးကြီးနဲ့ထပ်မေးနေကြတယ်။
"သိချင်ရင် မင်းအိမ်ပြန်ရောက်တဲ့အခါ မင်းမိန်းမကိုအဲ့လိုခေါ်ခိုင်းကြည့်လိုက်လေ။ဒါပေမယ့် မင်းအတွက်တော့ ငါတကယ်စိတ်မကောင်းဘူးကွာ။မင်းမိန်းမက ငါ့မိန်းမလေးလောက် ငယ်ရွယ်လှပနေတာမှမဟုတ်တာ"
လော်ရှို့ ဒီစကားကိုပြောပြီးတာနဲ့ရယ်မောလိုက်တယ်။
" Ah!! မင်းလက်ထပ်လိုက်ပြီးကတည်းက အရှက်တော်တော်မဲ့လာတယ်နော်"
လော်ရှို့တို့ သူငယ်ချင်းတစ်စု ရယ်ရယ်မောမော ပြောကြဆိုကြရင်းနဲ့ လမ်းဆက်လျှောက်နေကြတယ်။
မုန့်ရန် လမ်းကြားလေးဆီကို အလျင်အမြန်လမ်းလျှောက်လာခဲ့တယ်။မုန့်ရန် ထောင့်နားကိုရောက်ခါနီးမှာ ရုတ်တရက်ရပ်တန့်​လိုက်တယ်။
လူတစ်ယောက်လမ်းလျှောက်လာနေတယ်။ထိုလူက ပိတ်ဖိနပ်ကိုဝတ်ဆင်ထားတာကြောင့် ခြေသံလုံတဲ့အပြင် ခြေသံတွေကလဲ ပေါ့ပါးလွန်းနေတယ်။သူရောက်မှာကို ကြိုသိနေသလိုစောင်းဆိုင်းနေတဲ့မုန့်ရန်ကို မြင်တဲ့အခါ ထိုလူအတော်အံ့သြသွားတယ်။ထိုလူက မုန့်ရန်ကို သေချာစိုက်ကြည့်နေတယ်။
မုန့်ရန် ဘယ်သူဘယ်ဝါဆိုတာကို သတိပြုမိသွားတဲ့အခါ ထိုလူက မျက်မှောင်ကြုံ့သွားတယ်။ထို့နောက် မုန့်ရန်ရဲ့ဘေးကနေ ဖြတ်သွားရင်း မုန့်ရန်ရဲ့ပုခုံးကို တမင်တကာ ဝင်တိုက်လိုက်တယ်။
မုန့်ရန် ဒီလူဒီလိုလုပ်လိုက်လိမ့်လို့ ထင်မထားမိတဲ့အပြင် ဒီလူ ဘယ်သူဘယ်ဝါဆိုတာတောင် မုန့်ရန့် မသိခဲ့ပေ။သို့ပါသော်လည်း ပင်ကိုအသိစိတ်အရ မုန့်ရန် ဒီလူ ဝင်တိုက်တာကို ရှောင်တိမ်းလိုက်တယ်။
မုန့်ရန် ရှောင်တိမ်းလိုက်တာကြောင့် ထိုလူရဲ့လက်ထဲမှာကိုင်ထားတဲ့ သေတ္တာလွတ်ကျသွားခဲ့တယ်။ထိုလူက မြေပေါ် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး သေတ္တာ ပွင့်၊မပွင့်ကို စစ်ဆေးလိုက်တယ်။ထို့နောက် ထိုလူက မတ်တပ်ရပ်ပြီ မုန့်ရန်ကို အော်ဟစ်လိုက်တယ်။
"မျက်လုံးမပါဘူးလား? ဘယ်လိုအရှုပ်ထုပ်တွေလုပ်လိုက်တာလဲ မင်းကိုယ်မင်း သိလား??သေတ္တာထဲက ပစ္စည်းတစ်ခုခု ပျက်စီးသွားရင််ဘယ်လို လုပ်မလဲ။မင်းမှာ ပိုက်ဆံရှိရင်တောင် လျော်နိုင်မှာမဟုတ်ဘူး။မင်း သိရဲ့လား?!!"
မုန့်ရန် ဘယ်လို ရှင်းပြရမလဲ?? သူတစ်ချိန်လုံး ငြိမ်ငြိမ်လေးမတ်တပ်ရပ်နေခဲ့တာလေ။သူ့ဘာသာသူ ဝင်တိုက်ပြီး သူ့ဘာသာသူ စွပ်စွဲနေတယ်။ဒီလူ ရူးနေတာလား??
"မင်းဘယ်သူလဲ? ဒီနေရာကို ဘယ်နေရာအောက်မေ့လို့ အခုလိုလျှောက်သွားနေရတာလဲ?"
ထိုလူကတော့ မုန့်ရန် ကို အလွတ်မပေးဘဲ ဆူငေါက်နေပြန်တယ်။
"မင်းကို ဘယ်သူခေါ်လာတာလဲ? ဒါမှ မဟုတ် မင်းဘာသာ ခိုးဝင်လာတာလား?မြန်မြန်ပြောစမ်း နို့မို့ဆို ငါ လုံခြုံရေးတွေကို ခေါ်ပြီး မင်းကို ဆွဲထုတ်သွားခိုင်းလိုက်မယ်"
မုန့်ရန် ထိုလူကို မျက်နှာသေနဲ့ တစ်ချက်ကြည့်လိုက်ပြီး ထိုနေရာကနေ ချက်ချင်းရှေ့ဆက်သွားလိုက်တယ်။ဒီလို ခွေးရူးမျိုးနဲ့ ရန်ဖကိဖြစ်ပြီး အချိန်ဖြုန်းမနေနိုင်ဘူး။
မုန့်ရန် သူ့ကို လျစ်လျူရှုသွားတာကို မြင်တာနဲ့ ထိုလူဒေါသပေါက်ကွဲပြီး အော်ဟစ်နေခဲ့တယ်။
"ရပ်လိုက်စမ်း!!! ငါပြောနေတာမကြားဘူးလား?"
မုန့်ရန် ရှေ့ကို ခပ်သွက်သွက်လျှောက်လိုက်တယ်။နောက်ထပ် လမ်းထောင့်တစ်ခုကို ဖြတ်ကျော်ပြီးတဲ့အခါ သူ့ကိုစောင့််ဆိုင်းနေတဲ့ ဝူဖန် ကိုတွေ့လိုက်ရတယ်။
မုန့်ရန် ဝူဖန်နဲ့အတူ နံ့သာသိုလှောင်ရုံဆီကို အတူဆက်သွားခဲ့ကြတယ်။သိုလှောင်ရုံ နားကို ရောက်တဲ့အခါ သိုလှောင်ရုံမန်နေဂျာနဲ့ စကားပြောနေတဲ့ လင်စုန့်ထိုင်ကိုတွေ့ရပြန်တယ်။ဒါ့ကြောင့် မုန့်ရန်တို့တွေ သိုလှောင်ရုံအပြင်ဘက်ကနေ စောင့်နေကြရတယ်။ရုတ်တရက်ကြီး မုန့်ရန်တို့နားကို လူတစ်ချို့ရောက်လာကြတယ်။
"အစ်ကို.."
ယွီကျွင်းချန် ထိုလူတွေဆီကို လျှောက်သွားလိုက်တယ်။ဝမ်ယွမ်ကလဲ ယွီကျွင်းချန် နောက်ကနေ လိုက်သွားခဲ့တယ်။
ယွီကျွင်းချန်နဲ့ ဝမ်ယွမ်တို့နဲ့စကားပြောနေတဲ့ လူတွေကို မုန့်ရန် လှည့်ကြည့်လိုက်တယ်။မုန့်ရန် နည်းနည်းတော့ အံ့အားသင့်သွားခဲ့တယ်။ဒီလူတွေက ရွှီဝမ်းယာရဲ့တပည့်တွေမို့လို့သာ ယွီကျွင်းချန် ပါးစပ်ကနေ အစ်ကိုလို့ ထုတ်ခေါ်တာပေါ့...ဒီလူတွေကို ကျောင်းမှာတစ်ခါမှ မတွေ့ဖူးတာကြောင့် ဒီလူတွေက ဘွဲ့ရပြီးသားသူတွေဖြစ်မှန်း မုန့်ရန် ခန့်မှန်းလိုက်နိုင်တယ်။
ခုနက ဟိုလူ သူ့ကို ဘာ့ကြောင့် အသားလွတ်ကြီး ပြသာနာရှာသွားလဲ ဆိုတာ မုန့်ရန် သဘောပေါက်သွားခဲ့ပြီ။
ရွှီဝမ်းယာကို ဆန့်ကျင်မိတဲ့အတွက် မုန့်ရန်တကယ်နောင်တရနေပြီ။ရွှီဝမ်းယာရဲ့တပည့်တွေ အကုန်လုံး ဘာ့ကြောင့်များ သူ့ကိုပဲ ရန်လိုနေရတာလဲ?? ယွီကျွင်းချန်နဲ့ သူနဲ့ အဆင်မပြေတာအသားထားဉီး ယွီကျွင်းချန်နဲ့ ပတ်သတ်တဲ့သူတိုင်းကရော ဘာ့ကြောင့်များ သူ့ကို အမြင်မကြည်ရတာလဲ?? သူတို့နဲ့တော့ ဒီတသက် သဟဇာတ ဖြစ်လာဖို့ဆိုတာ လမ်းမမြင်၊ကမ်းမမြင်ပဲ....
"မုန့်ရန် သွားတော့လေ"
အတွေးထဲမှာနစ်မြောနေတဲ့ မုန့်ရန်ကို ဝူဖန် သတိလှမ်းပေးလိုက်တယ်။မုန့်ရန် ချက်ချင်း ဆိုသလို လင်စုန့်ထိုင်ခေါ်ဆောင်ရာနောက်ကို လိုက်သွားလိုက်တယ်။လင်စုန့်ထိုင်က မုန့်ရန်ကို စာမေးပွဲဖြေရမယ့် ခန်းမဆီကိုခေါ်ဆောင်သွားပေးခဲ့တယ်။
ရနံ့ကုထုံးဌာနရဲ့ ဆရာတွေနဲ့ ဒုက္ကဌတွေရောက်ရှိလာတာနဲ့ ရွေးချယ်ခံထားရတဲ့ ကျောင်းသားတစ်ဒါဇင်လောက်ကို စာမေးပွဲ စစ်ဖို့ ပြင်ဆင်လိုက်ကြတယ်။စာစစ်သူတစ်ဒါဇင်ကျော်လောက်ကလဲ တူညီတဲ့ မေးခွန်းတွေကို မေးမြန်းပြီး သေချာမှတ်တမ်းတင် စီစစိပေးနေကြတယ်။
ဒီလိုမေးခွန်းတွေဆိုတာ မုန့်ရန်အတွက် အရမ်းလွယ်ကုနေတယ်လေ။အဲ့တော့ မေးခွန်းတွေကို အပြည့်အစုံဖြေနိူင်ရုံသာမကဘူး သူ့ရဲ့ ကိုယ်ပိုင်ထင်မြင်ယူဆချက်တွေကိုပါပြောပြလိုက်သေးတယ်။
စာမေးပွဲ ပြီးဆုံးချိန်မှာ မုန့်ရန်ကို စာစစ်ပေးသူက မုန့်ရန်ရဲ့ရမှတ်တွေကို ဒုဉက္ကဌဆီကို တင်ပြလိုက်တယ်။အကယ်၍ ရမှတ်တွေမှာ တစ်စုံတစ်ရာပြသာနာမရှိခဲ့ရင် မုန့်ရန်ကို Full Memember ဖြစ်ခွင့်ပါပေးရတော့မှာဖြစ်တယ်။
"ဒီလိုအမှတ်ကောင်းတွေရထားမှတော့ Full Memeber ဖြစ်ခွင့်ပေးဖို့ဆိုတာ မခက်ခဲတော့ပါဘူးလေ"
"ဒါပေမယ့် စာတွေ့အမှတ်ကိုပဲ ကြည့်မနေနဲ့။လက်တွေ့ အတွေ့ကြုံဆိုတာ ပိုအရေးကြီးတယ်မလား။အရင်ဆုံးသူ့ကို  အတွေ့အကြုံရအောင်အရံအဖွဲ့ဝင်တစ်ယောက် နေရာမှာပဲနေခိုင်းတာ သူ့အတွက် ပိုကောင်းမယ်ထင်တယ်"
"အတွေ့အကြုံဆိုတော့လဲ အတွေ့အကြုံပေါ့...သူက တစ်နှစ်ကျော်လောက် ကိုမာ ဝင်နေတဲ့သူကို သတိပြန်ရလာအောင် ကုသပေးခဲ့တာနော့်..ဒါကိုသာ သတင်းဖြန့်လိုက်ရင် သူ့ရဲ့ အရည်အချင်းလုံလောက်မှုရှိကြောင်း သက်သေပြပြီးသားဖြစ်သွားပြီပေါ့"
"ဟုတ်တယ်။သူ့မှာ Grade A လိုင်စင်ရထားတယ်ဆိုကတည်းက အခြေခံကောင်းပြီး အရည်အချင်းရှိတယ်ဆိုတာ အသိသာကြီးပဲလေ"
"ရနံ့ကုထုံးဌာနက ပေးတဲ့ အသိအမှတ်ပြုလိုင်စင်မဟုတ်သ၍ အကုန်လုံးကို စက္ကူစုတ်လို့ပဲ သတ်မှတ်ထားတယ်"
"ခင်ဗျားတို့တွေ ဒီလိုတွေးခေါ်နေတာကြောင့် ရနံ့ကုထုံးကို သင်ယူချင်တဲ့သူတွေတစ်နေ့တခြားနည်းပါးလာတာကွ!!"
"ရေရောတတ်ရုံနဲ့ လိုင်စင်ရသွားတဲ့ ရေမွှေးပညာရှင်တွေကို ခေါ်ပြီး ရနံ့ကုထုံးအကြောင်းသင်ပေးရမှာလား"
"ခင်ဗျား တကယ်ကို ကျိုးကြောင်းဆီလျော်မှုမရှိဘူးလား"
"ဆရာတို့ရေ....
အချင်းချင်း စကားစစ်ထိုးနေကြတဲ့ ဆရာတွေကို ဝင်ဟန့်တဲ့ အနေနဲ့ ဒုဉက္ကဌ ဆိုသူက အပြီးသတ်ဆုံးဖြတ်ချက်ကိုအကြောင်းကို စကားစ လိုက်တယ်။
" အခုချိန်မှာ မုန့်ရန်ကို ယာယီ Member အနေနဲခဏထားပေးပြီး၊Full member ဖြစ်ခွင့်ပေးမလား၊မပေးဘူးလားဆိုတာကို နောက်မှ ဆက်ဆွေးနွေးကြမယ်"
ဒုဉက္ကဌရဲ့ပြောစကားဆုံးတာနဲ့ ဆရာတွေဘက်ကလဲ ကိုယ်ပိုင်ထင်မြင်ယူဆချက်တွေကို စတင်ပြောဆိုနေုကတယ်။လင်စုန့်ထိုင်ဘက်ကဆရာတွေကတော့ မုန့်ရန်အတွက် အကောင်းဆုံးခုခံကာကွယ်ပြောဆိုပေးနေကြသလို၊ တခြားတစ်ဖက်ကဆရာတွေကလဲ ခေါင်းမာမာနဲ့ပဲ မုန့်ရန်ရဲ့ ငယ်ရွယ်မှုကို ရမယ်ရှာနေကြတယ်။ပထမဆုံးအနေနဲ့ မုန့်ရန်ကို reserve member အနေနဲ့ထားပြီး အတွေ့အကြုံရစေဖို့ အတွက် အခြေခံရနေ စတင်စေချင်နေကြတယ်။
အဆုံးသတ်မှာတော့ အပြီးသတ်ဆုံးဖြတ်ချက်အနေနဲ့ ဒုဉက္ကဌက အပေးအယူတစ်ခုကို ကမ်းလှမ်းလာခဲ့တယ်။
သာမာန် reserve member တွေရဲ့ သက်တမ်းက သုံးနှစ်ဖြစ်ပြီး သုံးနှစ်ပြည့်မှသာ full member ဖြစ်ခွင့်ကို လျှောက်ထားနိူင်မှာဖြစ်တယ်။သို့ပေမယ့် မုန့်ရန်ကိုတော့ ချွင်းချက်အနေနဲ့ reserve member သက်တမ်း
ကို တစ်နှစ်အဖြစ်သတ်မှတ်ပေးလိုက်ကြတယ်။
ဒီ Result ကိုကြားတဲ့အခါ မုန့်ရန် တုံ့ဆိုင်းတွေဝေသွားခဲ့တယ်။သူတကယ်ကိုreserve memberအဖြစ်နဲ့မနေချင်ဘူး။ဒါပေမယ့် ဒီလိုမှ လက်မခံနိူင်ရင်  ရနံ့ဌာနခွဲကို အချိန်တိုအတွင်း ဝင်ရောက်ဖို့ဆိုတာ လုံးဝဖြစ်နိုင်ချေမရှိဘူးလေ....
"ဒုဉက္ကဌ ယွမ်"
ဒီအသံကို ကြားတာနဲ့ အကုန်လုံး အဝင်ဝဆီကိုလှည့်ကြည့်လိုက်ကြတယ်။
"ဉက္ကဌလော်ပါလား"
ဒုက္ကဌတစ်ယောက် ခဏလောက် တောင့်ခဲသွားခဲ့တယ်။အဲ့နောက် ချက်ချင်းမတ်တပ်ရပ်ပြီး လော်ရှို့ကို လောကဝတ်ပြုလိုက်တယ်။
"ဉက္ကဌလော် ဘယ်လိုဖြစ်လို့ ရောက်လာလဲ? မုန့်ရန်ကို လာကြိုတာများလား?"
"လီယန်ကို လာကြည့်ရင်းနဲ့ မုန့်ရန််ကိုတစ်ခါတည်း လာကြိုလိုက်တာ"
ဒုဉက္ကဌ လက်ထဲက စာရွက်ကိုတစ်ချက်ကြည့်လိုက်ပြီး လော်ရှို့ မေးကြည့်လိုက်တယ်။
"ဒါက မုန့်ရန်ရဲ့ Result မှတ်လား? တစ်ချက်လောက်ပြကြည့်လို့ရမလား?"
"ရတာပေါ့"
ဒုဉက္ကဌက စာရွက်ကို လော်ရှို့ဆီ လက်ကမ်းပေးလိုက်တယ်။
" မုန့်ရန်ရဲ့ထူးချွန်မှုအဆင့်က အတော်​လေးကောင်းမွန်ပါတယ်။ဒါကရှားပါးတယ်လို့တောင်ပြောလို့ရတယ်။
ကျုပ် တို့ဘက်ကလဲ ဒီလိုဥာဏ်ကြီးရှင်မျိုးကိုသေချာလေ့ကျင့်သင်ကြားပေးပါ့မယ်"
ဒုဉက္ကဌ က လောရှို့ရဲ့ရှေ့မှာ မုန့်ရန်ရဲ့ထူးချွန်မှုကို ဖားဖားယားယား ပြောပြနေတယ်။
မုန့်ရန်နဲ့ ပတ်သတ်ပြီး ဒိီလိုကောင်းမွန်တဲ့မှတ်ချက်တွေကြားရတဲ့အတွက် လော်ရှို့ စိတ်ထဲကနေ ကျေနပ်နေပါတယ်။ဒါပေမယ့် ဒုဉက္ကဌ ကိုတစ်ချက်ကြည့်လိုက်တယ်။
"မုန့်ရန်က reserve member အဖြစ်နဲ့ ဒီလောက်အကြာကြီး နေနေရမှာလား?"
"ဒါကလေ...ဉက္ကဌလော် အနေနဲ့ ကျွန်တော်တို့ ဌာနရဲ့ ကျောင်းသားသစ်ခေါ်ယူမှုစည်းကမ်းတွေကို သေချာနားမလည်သေးလို့ပါ။ ဒီကျောင်းသားတွေအကုန်လုံးက တိုင်းသိ ပြည်သိကျော်ကြားပြီးသားတွေဖြစ်နေပေမယ့် တစ်မှတ်၊နှစ်မှတ်လောက်လေး လိုနေရင်တောင် သူတို့ကို ကျွန်တော်တို့ဘက်က အအောင်ပေးမှာမဟုတ်ပါဘူး"
ဒုဉက္ကဌ က နောက်မှာရပ်နေတဲ့ ကျောင်းသားတွေကို ညွှန်ပြပြီး ဖြေရှင်းချက်ပေးလိုက်တယ်။
"ခင်ဗျား ရဲ့စည်းမျဉ်းစည်းကမ်းတွေကို ကျုပ်အနေအနဲ့များကြီးမသိပေမယ့်အဖွဲ့ဝင်တွေအတွက်ပြင်ဆင်တာနဲ့ပတ်သက်ပြီးနည်းနည်းတော့ သိထားတာတွေရှိတယ်"
လော်ရှို့ မုန်ရန်ရဲ့ဆံပင်တွေကို ခပ်ဖွဖွလေးထိတွေ့လိုက်ပြီး မုန့်ရန်ရဲ့ ပုခုံးကို ဖက်ထားလိုက်တယ်။
"မုန့်ရန် ရဲ့အသက်အရမ်းငယ်သေးတယ်။ကျုပ် သူ့ကို ပင်ပန်းတာတွေမလုပ်စေချင်ဘူး။အခုလို တိုင်းသိပြည်သိ ကျောင်းသားတွေကြားမှာ reserve member အဖြစ်နဲ့ ဘာကြောင့် သူ့ကို အပင်ပန်းခံခိုင်းရမှာလဲ။ကျုပ်ဒီ့ထက်ပိုပြီး အလုပ်ကြိုးစားမှ ဖြစ်တော့မယ်။အိမ်မှာ ဆို ငါသူ့ကို ဘာမှ လုပ်ခိုင်းတာမဟုတ်ဘူး။ကျုပ်တောင်သူ့ကို မခိုင်းရက်တာ။ခင်ဗျား သူ့ကို အခုလို မူးနောက်အောင် လုပ်နေတာတွေရပ်သင့်ပြီ"
"ဉက္ကဌလော် ရယ်...reserve memberအနေနဲ့ တခြားသူတွေရဲ့ ဝေယျာဝစ္စ တွေကို လုပ်ပေးရတယ်ဆိုပေမယ့် ဒါကလဲ လေ့ကျင့်သင်ကြားနည်းတစ်မျိုးပဲလေ။လူငယ်ဘဝမှာ ခက်ခက်ခဲခဲကြိုးစားထားမှနောင်ရေးကို စိတ်အေးရမှာ.."
ဒုဉက္ကဌ က လော်ရှို့ ကိုဖြောင်းဖြဖို့ကြိုးစားနေတယ်။
"တခြားလူငယ်တွေသူတို့ဘာသာ ဘယ်လောက် ခက်ခက်ခဲခဲ ​ကြိုးစား၊ကြိုးစား ဒါက မုန့်ရန်နဲ့မဆိုင်ဘူး။ကျုပ် တစ်ယောက်လုံးရှိနေသ၍ သူ့ကို အခုလက်ရှိရော၊အနာဂတ်မှာပါခါးသီးမှုဆိုတာ နည်းနည်းလောက်တောင် မခံစားစေရဘူး။ ဆရာလင်..ခင်ဗျားမှာပြောစရာမရှိတော့ရင် မုန့်ရန်ကို အရင်ခေါ်သွားနှင့်တော့မယ်"
"ကောင်းပါပြီ"
လင်စုန့်ထိုင် လော်ရှို့ ကိုခေါင်းညိတ်ပြလိုက်တယ်။
လော်ရှို့နဲ့မုန့်ရန် ထွက်သွားတာကိုကြည့်ပြီးတော့မှ ဒုဉက္ကဌ က လင်စုန့်ထိုင်ကို သွားမေးလိုက်တယ်။
"ခင်ဗျားက အသက်ကြီးပြီဆိုတော့ ကျုပ်ကို အကြံလေး၊ဘာလေးပေးပါဉီးဗျာ"
"ငါ့အမျိုးသားက သူ့အခက်အခဲကို ပွင့်ပွင့်လင်းလင်း ဝန်မခံမှတော့ ငါကဘယ်လို သိမ်းသွင်းပေးရမှာလဲ?"
" မင်းက မုန့်ရန်ရဲ့ ဆရာလေကွာ။သူတို့တွေမင်း ပြောတာကို နားထောင်မှာပါ"
"အေး ငါက သူ့ဆရာ။ဒါပေမယ့် သူ့အဖေမဟုတ်ဘူးကွ။အဲ့တော့ သူတို့တွေ ငါ့စကားကို နားထောင််မယ်လို့ထင်လား? ငါလဲ ဒီဌာနအတွက် တကယ်ထူးချွန်တဲ့ကျောင်းသားတွေကို လက်ခံပေးချင်တယ်။ငါတို့မှာ အမြဲတမ်း ရှင်းပြစရာတွေရှိနေတာကြီးပဲ။တချို့တွေများကတော့လဲ သနားစရာကောင်းချက်ပဲ၊အဲ့လိုလူမျိုးတွေရဲ့ ဉီးနှောက်တွေကလေ မစင်တွင်းထဲကျနေတဲ့ ကျောက်တုံးတွေလိုပဲ ။အဲ့လိုလူတွေကို ဘယ်လို သိမ်းသွင်းရမှာလဲ???သူတို့က သူတို့ကလေးတွေကို ဒုက္ခ ခံခိုင်းဖို့စည်းရုံးနေကြတာကွ"
အချိန်အကြာကြီး ပါးစပ်ပိတ်နှုတ်ဆိတ်နေတဲ့ ရွှီဝမ်းယာကို တစ်ချက်ကြီးပြီး လင်စုန့်ထိုင် စိတ်ပျက်လာတယ်။ဒါ့ကြောင့် ကျန်တဲ့ တပည့်တွေကိုခေါ်ပြီး ထွက်သွားလိုက်တယ်။
ဒုက္ကဌကတော့ သက်ပြင်းချရုံပဲ တတ်နိုင်တော့တယ်။
[TN: လင်စုန့်ထိုင် ကလဲ BL အတွဲပါတဲ့ရှင်။ဖြောင်းဖြခိုင်းတယ်ဆိုတာ လော်ရှို့တို့ကို ဖြောင်းဖျခိုင်းတညမဟုတ်ပါဘူး။မုန့်ရန်ကို ကန့်လန့်တိုက်နေတဲ့ တခြားဆရာတွေကိုပြောနေတာပါ။ဒုဉက္က္ဌအဖြစ်ကလေ..ကန့်ကွက်သူများတော့ မဖြစ်မနေ မုန့်ရန်ကို reserve memberလုပ်ခိုင်းရတယ်။တစ်ဖက်ကလဲ လော်ရှို့က သူ့ကို ဓားကြိမ်းမကြိမ်းရုံတမယ်ပဲ။ သူ့ခင်မျာသနားစရာလေး။လင်စုန့်ထိုင်ရဲ့ကျားကျားက ဘယ်သူလဲဆိုတာ သေချာမရှင်းပြသွားဘူး။နောက်ဆုံးစာကြောင်းအရ ရွှီဝမ်းယာလဲ ဖြစ်နေနိုင်တာပဲလေ😎😎😎]
Zawgyi
"အန်ကယ်လော် "
"ကောင်းပါပြီ"
"အစ်ကို.."
"မုန့်ရန် သွားတော့လေ"
"ဆရာတို့ရေ....
"ဒုဉက္ကဌ ယွမ်"
"ဉက္ကဌလော်ပါလား"
"လီယန်ကို လာကြည့်ရင်းနဲ့ မုန့်ရန်ကိုတစ်ခါတည်း လာကြိုလိုက်တာ"
"ရတာပေါ့"
"ကောင်းပါပြီ"
Continue Reading
You'll Also Like
88.1K 10.2K 117
✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမ...
103K 10.2K 200
လန်းရှုးမြို့ရဲ့ ချင်ကလန်မှာ ချင်နန်က နံပါတ်တစ် ဂျီးနီးယပ်တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် သိုင်းဝိညာဉ်နိုးထခြင်းပွဲမှာ သူ့ရဲ့ မွေးရာပါ သိုင်းဝိညာဉ်က အနိမ...
46.4K 4.3K 168
ယန်ချီရောက်ရှိသွားတဲ့ လောကကြီးမှာဆိုရင် နတ်ဆိုးမိစ္ဆာတွေနဲ့ လူသားတွေက နေရာလု တိုက်ခိုက်နေကြပြီး တနေ့မှာတော့ ယန်ချီက စနစ်တစ်ခုကို မတော်တဆ ရရှိသွားခဲ့တ...
79.8K 4.7K 107
သရဲဆရာဝန္ (part _2)