Unicode
Chapter 35
Incorrect Guest?
________________________
An Mu ၏စကားသံထွက်လာလျှင်ထွက်လာချင်း Ran Feng Ge လုပ်မိသည့် ပထမဆုံးအပြုအမူမှာ Lan Kuang ကိုကြည့်ခြင်းပင်။
Lan Kuang ကလည်း သူ့ကိုတပြန် ကြည့်နေခဲ့သည်။ Ran Feng Ge ကြည့်လာသည်ကို မြင်လျှင် Lan Kuang က သူကြိုမသိဆိုသောအမူအရာ- လက်နှစ်ဖက်ကို ပေါ့ပေါ့ပါးပါး ဖွင့်ကားပြလာသည်။ သို့သော်လည်း နှုတ်ခမ်းစွန်းများ၏ တစ်မျိုးဖြစ်သွားပုံက Lan Kuang တွင် သူနှင့်An Mu ကြားက ပတ်သတ်မှုအပေါ်ခန့် မှန်းချက်တချို့ရှိထားပြီး An Mu ၏ပေါ်ပေါက်လာမှုကြောင့် ထိုခန့်မှန်းချက်များကို အတည်ပြုပေးလိုက်ပြီဖြစ်ကြောင်း Ran Feng Ge ကိုညွှန်ပြနေသည်။
သူ့ကို နှုတ်ဆက်ရမည့်အစား Ran Feng Ge အခြားတစ်နေရာရာကို လှည့်ကြည့်နေသဖြင့် An Mu လည်း အလားတူလှမ်းကြည့်လိုက်ရာ ထိုနေရာတွင် မတ်တပ်ရပ်လျက် သူတို့ကို အကဲဖြတ်နေသည့်အမျိုးသားကို တွေ့လိုက်ရသည်။
ရေချိုးခန်းဝတ်စုံနှင့် ဆံဖျားမှ ရေတစ်စက်စက်ကျနေသည့် အမျိုးသားကို တစ်ချက်ကြည့်ရုံဖြင့် မှတ်မိသွားပြီး An Mu ၏တပည့်ကျော်များ တင်းကြပ်သွားကြသည်။
ထိတ်လန့်သည့်အမူအရာတစ်ခု An Mu မျက်နှာတွင် ပေါ်လာသည်။ သူ၏ နွေးနွေးထွေးထွေးအပြုံးမျက်နှာတွင် အံ့အားသင့်မှင်တက်သောမျက်နှာထားက ချက်ချင်းအစားထိုးသွားသည်။ Lan Kuang ကိုတွေ့ရှိပြီးနောက် သူ၏ကိုယ်နေဟန်ထားသည် ကားရှေ့မီးဖြင့် အထိုးခံလိုက်ရသည့် သမင်ပျိုပမာ ဖြစ်ပျက်သွားရှာ၏။
Ran Feng Ge ကမူ မျက်တောင်တစ်ချက်မခတ်ပဲ ရိုးရိုးရှင်းရှင်း တစ်ဖက်သို့ လှည့်ကာ အဝတ်အသွေ့ခံစက်ကို ပိတ်လိုက်သည်။
Lan Kuang ၏အပြုံးက မပျော့ပျောင်းတော့ဘဲ အမူအရာသည်လည်း တင်းမာလာသည်။အခြားသူနှစ်ဦး၏ အပြုအမူများမှတဆင့်ဆုံးဖြတ်ရလျှင် သူ၏ ကနဦးခန့်မှန်းချက်များမှာ မှားယွင်းနေခြင်းဖြစ်ကောင်းဖြစ်မည်။
"Feng Ge ငါ့မှာ မဖြစ်မနေလုပ်ရမယ့် အလုပ်တချို့ ရှိနေသေးတယ်။
အဲဒါကြောင့် နောက်တစ်ခါမှပဲ ဘာဘာညာညာစားဖို့ ဖိတ်တော့မယ်နော်။ သွားနှင့်ပြီ"
An Mu က အလောတကြီးပြော၍ ကျောခိုင်းထွက်သွားလေသည်။
Lan Kuang က ရပ်မြဲရပ်လျက် An Mu ကို စက္ကန့်အတန်ကြာ ပါးစပ်အဟောင်းသားကြည့်နေသည်။ ဦးစွာ သူနှင့်မဆိုင်သလိုလုပ်နေသည့် Ran Feng Ge ကိုတစ်ချက်ကြည့်လိုက်ပြီး ကတိုက်ကရိုက်ထွက်သွားသည့် An Mu ကို နောက်ထပ်ကြည့်သည်။ An Mu ၏ထွက်ခွာသွားသည့်ပုံရိပ်နှင့် မျက်နှာမှာ သူ့မှတ်ဉာဏ်ထဲကနှင့် တစ်ထပ်တည်းပင်။ နောက်ဆုံးတော့ သူ့မျက်စိရှေ့တွင် An Mu ပေါ်လာခဲ့ပြီ။ သူ့ကိုယ်သူ ဘာလုပ်မိမှန်းမသိခင်မှာပင် Lan Kuang တစ်ယောက် An Mu နောက်သို့ ခြေလှမ်းကျဲကြီးများဖြင့် လိုက်မိနေပါပြီ။
Ran Feng Ge စိတ်သက်သာရာရ၊ သက်ပြင်းချသည်။
"An Mu!"
Lan Kuang က An Mu ၏လက်မောင်းကို ဖမ်းဆွဲပြီး ထပ်၍ခေါ်သည်။
"An Mu...ကိုယ်ပါ"
သူ့လက်မောင်းက Lan Kuang ၏ချုပ်ကိုင်မှုကို ခံလိုက်ရလျှင် An Mu မသိမသာ တုန်တက်မတတ်ဖြစ်သွားကာ ပြီးမှ ပြန်လည်တည်ငြိမ်သွားသည်။ သူက ဖြည်းဖြည်းချင်းလှည့်လာပြီး မျက်နှာတွင်လည်း ဓာတ်လှေကားမှစိတ်လှုပ်တရှား ထွက်လာစဥ်ကနှင့်တူညီသည့် အပြုံးချိိုကို ဆင်မြန်းထားသည်။
"ကိစ္စတစ်ခုခု ရှိပါသလား?"
"စကားပြောရအောင်"
Lan Kuang ၏အကြည့်က An Mu ၏မျက်ဝန်းထဲသို့ နက်နက်ရှိုင်းရှိုင်းဖောက်ဝင်နေပြီး An Mu ကမူ အကြည့်ကို လွှဲထားသည်။
"ကျွန်တော်တို့မှာ ပြောစရာဘာအကြောင်းရှိလို့လဲ?"
"ကိုယ့်ဘက်က မင်းကို ပြောစရာရှိတယ်"
Lan Kuang က ထပ်မံတောင်းဆိုနေပြီး ပုံစံမှာ An Mu ဘက်က သူပြောနေတုန်းလက်ခံလိုက်လျှင် ကောင်းလိမ့်မည်ဖြစ်ကြောင်း သွယ်ဝိုက်ညွှန်းဆိုနေသည်။
An Mu က မပျော်မရွှင် ရယ်မောလိုက်ပြီး မသာမယာတုန့်ပြန်ပြော၏။
"လွန်ခဲ့တဲ့နှစ်နှစ်ကတည်းက ကျွန်တော်တို့မှာ ပြောစရာတွေကုန်သွားခဲ့ပြီထင်တာပဲ"
Ran Feng Ge တစ်ယောက် Lan Kuang ၏ပခုံးထက်သို့ လှမ်းကြည့်ပြီး An Mu ကို ဖြည်းညင်းစွာ မျက်တောင်ခတ်ပြလိုက်သည်။ တစ်ဖက်ကလည်း သူ့ကို မသိမသာခေါင်းငြိမ့်သည့်အမူအရာကို ပြသ၏။ ထို့နောက် Ran Feng Ge သူတို့နှစ်ယောက်ကို လက်ဝေ့ပြပြီး ဓာတ်လှေကားဆီထွက်သွားလေသည်။
Lan Kuang နှလုံးခုန်တစ်ချက်မှားသွား၏။ ဓာတ်လှေကားဆီအသွား သူ့ကိုဘေးတိုက်ဖြတ်သွားသည့် Ran Feng Ge ကိုကြည့်နေမိသည်။ ထူးထူးခြားခြား ခံစားချက်တစ်မျိုး သူ့ရင်ထဲမှာဖြစ်ပေါ်လာသည်။
သူသာ ယခုနေ Ran Feng Ge ကိုလွှတ်ပေးလိုက်လျှင် အနာဂတ်တွင် ဘယ်အခါမျှပြန်လည်ဖမ်းဆုပ်နိုင်တော့မည်မဟုတ်ဟူသော ခံစားချက်ဖြစ်သည်။
Lan Kuang ဖမ်းဆုပ်ထားသည့် သူ့လက်ကို ရုန်း၍ An Mu တစ်ယောက် ထိုအမျိုးသား၏အာရုံကို အောင်အောင်မြင်မြင် ပြန်လည်ဆွဲခေါ်နိုင်လိုက်သည်။ သူက ဘာမျှ မဖြစ်သလိုမျိုး ဖျစ်ညှစ်ပြီးပြုံးလိုက်သည်။
" မစ္စတာLan က ဒီမှာရေဆော့ရတာနှစ်သက်တယ်ဆိုရင်လည်း ကျေးဇူးပြုပြီး ခေတ္တလောက်နေခဲ့ပြီး လွတ်လွတ်လပ်လပ် ခံစားလိုက်ပါဦး။ နောင်မှာလည်း မကြာခဏလာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်။ မစ္စတာအတွက် အခမဲ့ဝန်ဆောင်ပေးဖို့ ကျွန်တော့်ရဲ့ ငယ်သားတွေကို အသိပေးထားပါ့မယ်။"
Lan Kuang သည် ထူးထူးခြားခြားဆုံးရှုံးသွားရသလိုခံစားချက်ကို ရင်ထဲမှာ ဖိနှိပ်လိုက်ပြီး An Mu ကိုဂရုတစိုက်လေ့လာလိုက်သည်။
ဟုတ်သည်..ထိုမျက်ဝန်းများ..ထိုမျက်နှာ..ထိုအပြုံး..သူ့ကိုရည်ညွှန်းသည့် An Mu ၏အခေါ်အဝေါ်တို့သည်ပင် အတိတ်က တစ်ယောက်နှင့်ထပ်တူ ညီမျှသည်။
သူ၏ခန့်မှန်းချက်များ လုံးလုံးလျားလျားမှားယွင်းသွားသည်လား..An Mu က An Mu ၊ Ran Feng Ge က Ran Feng Ge လား? သူတို့ရဲ့ မျက်ဝန်းတွေကပဲ တူနေတာမျိုးသက်သက်လား?
"ကြည့်ရတာ သခင်လေး An က တအားရက်ရောတာပဲ.. ငြင်းလိုက်ရင် ကိုယ့်ဘက်က ရိုင်းရာကျနေမလား?"
Lan Kuang သူ့ကိုယ်သူ မှားယွင်းသည်ဟု လက်သင့်မခံချင်။ ဒေါသဖြင့် အံကို ကြိတ်ကာ.. ပြောလို့ပြီးသည်နှင့် လက်ဆန့်ပြီး An Mu ၏အဖြူရောင်အင်္ကျီကို ဆွဲဖြဲလေသည်။
သူ၏ ရုတ်တရက်လှုပ်ရှားမှုက An Mu ကိုအငိုက်မိသွားစေသည်။
ရှောင်တိမ်းဖို့ An Mu သတိရသွားချိန်.. သူ့ရင်ဘတ်ကြယ်သီး သုံးလုံးတိတိပြုတ်ထွက်သွားလေပြီ။ ကြယ်သီးတစ်လုံးချင်းစီက ကြမ်းပြင်ပေါ် ပြေးကာ လိမ့်လိမ့်ပြီး ကွယ်ရာထောင့်များဆီရောက်သွားသည်။
An Mu မရုန်းကန်ပါ။ နေရာတွင် တိတ်တဆိတ်ရပ်ရုံရပ်နေ၍ Lan Kuang ကို အင်္ကျီချွတ်ခွင့် ပြုထားလိုက်ပြီး သူ၏ အတန်ငယ်ဖြူဖျော့သော ရင်ဘတ်သားကို ဖော်ပြခွင့်ပြုလိုက်သည်။
သူ့တွင် ညာပခုံးမှ ဘယ်ဘက်ခါးအထိနှင့် ဘယ်ပခုံးမှ ညာဘက်ခါးအထိရောက်သော ကြက်ခြေခတ်ပုံအမာရွတ်တစ်ခု ရှိနေသည်။ သူတို့က X အက္ခရာပုံပေါက်နေပြီး ရှုမြင်ရသူတို့ အံ့အားသင့်စရာပါပေ။
Lan Kuang နေရာတွင်ပင် ကြက်သေသေသွားသည်။
An Mu ၏ကိုယ်ပေါ်တွင် ဤအမှတ်အသားရှိနေပြီး Ran Feng Ge တွင်မရှိ။
Ran Feng Ge ၏ကျောဘက်တွင် အမဲလိုက်သိမ်းငှက်ပုံ တက်တူးသာရှိသည်။
"ဘာဖြစ်လို့လဲ? ကျွန်တော့်ကိုယ်ပေါ်မှာ မစ္စတာချန်ခဲ့တဲ့အမှတ်အသားကို လွမ်းလို့လား?
ဟောသည့်လောက်တောင် ဟယ်လိုလုပ်ချင်နေတယ်ပေါ့.."
An Mu က သိမ်မွေ့သည့်အသွင်နှင့်ဆန့်ကျင်လျက် အထင်သေးစက်ဆုပ်စွာ မေးခွန်းထုတ်သည်။
ထိုစကားသုံးခွန်းကို ပြောပြီးနောက် Lan Kuang ၏တိုက်လိုခိုက်လိုစိတ်အားလုံး လွင့်စင်ပပျောက်သွားပြီး သူ၏မျက်ဝန်းများကပင် နာကျင်မှုဖြင့် ရီဝေသွားသည်။
An Mu အခွင့်အရေးယူကာ Lan Kuang ၏လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်သည်။ သူက
ညာခြေကို တစ်လှမ်းတိုးလိုက်ပြီး
ကျန်လက်တစ်ဖက်ဖြင့် Lan Kuang ကို ချိုင်းကြားမှသိုင်းကာ ပြီးပြည့်စုံသည့် ပခုံးထမ်းကွက်ဖြင့် ငေးကြောင်နေသည့်အမျိုးသားအား ရက်ရက်စက်စက်ကိုင်ပေါက်လိုက်ပါတော့သည်။
"နောက်တစ်ကြိမ် ကျွန်တော့်ကိုမြင်ရင် လမ်းလွှဲကနေ သွားဖို့ အမှတ်ရပါ"
An Mu က သူ၏ပြဲနေသည့် အင်္ကျီကိုလျစ်လျူရှု၍ တစ်ချက်ပြန်ကြည့်ကာ များများမပြောဘဲ ထွက်ခွာသွားသည်။
"ခင်ဗျားကို နောက်တစ်ကြိမ် ထပ်မမြင်ချင်ဘူး..တစ်စက္ကန့်တောင် မှဘဲ"
>>>>>>>>>><<<<<<<<<<<<<<
Zawgyi
Chapter 35
Incorrect Guest?
________________________
An Mu ၏စကားသံထြက္လာလွ်င္ထြက္လာခ်င္း Ran Feng Ge လုပ္မိသည့္ ပထမဆုံးအျပဳအမူမွာ Lan Kuang ကိုၾကည့္ျခင္းပင္။
Lan Kuang ကလည္း သူ႕ကိုတျပန္ ၾကည့္ေနခဲ့သည္။ Ran Feng Ge ၾကည့္လာသည္ကို ျမင္လွ်င္ Lan Kuang က သူႀကိဳမသိဆိုေသာအမူအရာ- လက္ႏွစ္ဖက္ကို ေပါ့ေပါ့ပါးပါး ဖြင့္ကားျပလာသည္။ သို႔ေသာ္လည္း ႏႈတ္ခမ္းစြန္းမ်ား၏ တစ္မ်ိဳးျဖစ္သြားပုံက Lan Kuang တြင္ သူႏွင့္An Mu ၾကားက ပတ္သတ္မႈအေပၚခန့္ မွန္းခ်က္တခ်ိဳ႕ရွိထားၿပီး An Mu ၏ေပၚေပါက္လာမႈေၾကာင့္ ထိုခန့္မွန္းခ်က္မ်ားကို အတည္ျပဳေပးလိုက္ၿပီျဖစ္ေၾကာင္း Ran Feng Ge ကိုၫႊန္ျပေနသည္။
သူ႕ကို ႏႈတ္ဆက္ရမည့္အစား Ran Feng Ge အျခားတစ္ေနရာရာကို လွည့္ၾကည့္ေနသျဖင့္ An Mu လည္း အလားတူလွမ္းၾကည့္လိုက္ရာ ထိုေနရာတြင္ မတ္တပ္ရပ္လ်က္ သူတို႔ကို အကဲျဖတ္ေနသည့္အမ်ိဳးသားကို ေတြ႕လိုက္ရသည္။
ေရခ်ိဳးခန္းဝတ္စုံႏွင့္ ဆံဖ်ားမွ ေရတစ္စက္စက္က်ေနသည့္ အမ်ိဳးသားကို တစ္ခ်က္ၾကည့္႐ုံျဖင့္ မွတ္မိသြားၿပီး An Mu ၏တပည့္ေက်ာ္မ်ား တင္းၾကပ္သြားၾကသည္။
ထိတ္လန့္သည့္အမူအရာတစ္ခု An Mu မ်က္ႏွာတြင္ ေပၚလာသည္။ သူ၏ ႏြေးႏြေးေထြးေထြးအၿပဳံးမ်က္ႏွာတြင္ အံ့အားသင့္မွင္တက္ေသာမ်က္ႏွာထားက ခ်က္ခ်င္းအစားထိုးသြားသည္။ Lan Kuang ကိုေတြ႕ရွိၿပီးေနာက္ သူ၏ကိုယ္ေနဟန္ထားသည္ ကားေရွ႕မီးျဖင့္ အထိုးခံလိုက္ရသည့္ သမင္ပ်ိဳပမာ ျဖစ္ပ်က္သြားရွာ၏။
Ran Feng Ge ကမူ မ်က္ေတာင္တစ္ခ်က္မခတ္ပဲ ရိုးရိုးရွင္းရွင္း တစ္ဖက္သို႔ လွည့္ကာ အဝတ္အေသြ႕ခံစက္ကို ပိတ္လိုက္သည္။
Lan Kuang ၏အၿပဳံးက မေပ်ာ့ေပ်ာင္းေတာ့ဘဲ အမူအရာသည္လည္း တင္းမာလာသည္။အျခားသူႏွစ္ဦး၏ အျပဳအမူမ်ားမွတဆင့္ဆုံးျဖတ္ရလွ်င္ သူ၏ ကနဦးခန့္မွန္းခ်က္မ်ားမွာ မွားယြင္းေနျခင္းျဖစ္ေကာင္းျဖစ္မည္။
"Feng Ge ငါ့မွာ မျဖစ္မေနလုပ္ရမယ့္ အလုပ္တခ်ိဳ႕ ရွိေနေသးတယ္။
အဲဒါေၾကာင့္ ေနာက္တစ္ခါမွပဲ ဘာဘာညာညာစားဖို႔ ဖိတ္ေတာ့မယ္ေနာ္။ သြားႏွင့္ၿပီ"
An Mu က အေလာတႀကီးေျပာ၍ ေက်ာခိုင္းထြက္သြားေလသည္။
Lan Kuang က ရပ္ၿမဲရပ္လ်က္ An Mu ကို စကၠန့္အတန္ၾကာ ပါးစပ္အေဟာင္းသားၾကည့္ေနသည္။ ဦးစြာ သူႏွင့္မဆိုင္သလိုလုပ္ေနသည့္ Ran Feng Ge ကိုတစ္ခ်က္ၾကည့္လိုက္ၿပီး ကတိုက္ကရိုက္ထြက္သြားသည့္ An Mu ကို ေနာက္ထပ္ၾကည့္သည္။ An Mu ၏ထြက္ခြာသြားသည့္ပုံရိပ္ႏွင့္ မ်က္ႏွာမွာ သူ႕မွတ္ဉာဏ္ထဲကႏွင့္ တစ္ထပ္တည္းပင္။ ေနာက္ဆုံးေတာ့ သူ႕မ်က္စိေရွ႕တြင္ An Mu ေပၚလာခဲ့ၿပီ။ သူ႕ကိုယ္သူ ဘာလုပ္မိမွန္းမသိခင္မွာပင္ Lan Kuang တစ္ေယာက္ An Mu ေနာက္သို႔ ေျခလွမ္းက်ဲႀကီးမ်ားျဖင့္ လိုက္မိေနပါၿပီ။
Ran Feng Ge စိတ္သက္သာရာရ၊ သက္ျပင္းခ်သည္။
"An Mu!"
Lan Kuang က An Mu ၏လက္ေမာင္းကို ဖမ္းဆြဲၿပီး ထပ္၍ေခၚသည္။
"An Mu...ကိုယ္ပါ"
သူ႕လက္ေမာင္းက Lan Kuang ၏ခ်ဳပ္ကိုင္မႈကို ခံလိုက္ရလွ်င္ An Mu မသိမသာ တုန္တက္မတတ္ျဖစ္သြားကာ ၿပီးမွ ျပန္လည္တည္ၿငိမ္သြားသည္။ သူက ျဖည္းျဖည္းခ်င္းလွည့္လာၿပီး မ်က္ႏွာတြင္လည္း ဓာတ္ေလွကားမွစိတ္လႈပ္တရွား ထြက္လာစဥ္ကႏွင့္တူညီသည့္ အၿပဳံးခ်ိိုကို ဆင္ျမန္းထားသည္။
"ကိစၥတစ္ခုခု ရွိပါသလား?"
"စကားေျပာရေအာင္"
Lan Kuang ၏အၾကည့္က An Mu ၏မ်က္ဝန္းထဲသို႔ နက္နက္ရွိုင္းရွိုင္းေဖာက္ဝင္ေနၿပီး An Mu ကမူ အၾကည့္ကို လႊဲထားသည္။
"ကြၽန္ေတာ္တို႔မွာ ေျပာစရာဘာအေၾကာင္းရွိလို႔လဲ?"
"ကိုယ့္ဘက္က မင္းကို ေျပာစရာရွိတယ္"
Lan Kuang က ထပ္မံေတာင္းဆိုေနၿပီး ပုံစံမွာ An Mu ဘက္က သူေျပာေနတုန္းလက္ခံလိုက္လွ်င္ ေကာင္းလိမ့္မည္ျဖစ္ေၾကာင္း သြယ္ဝိုက္ၫႊန္းဆိုေနသည္။
An Mu က မေပ်ာ္မ႐ႊင္ ရယ္ေမာလိုက္ၿပီး မသာမယာတုန့္ျပန္ေျပာ၏။
"လြန္ခဲ့တဲ့ႏွစ္ႏွစ္ကတည္းက ကြၽန္ေတာ္တို႔မွာ ေျပာစရာေတြကုန္သြားခဲ့ၿပီထင္တာပဲ"
Ran Feng Ge တစ္ေယာက္ Lan Kuang ၏ပခုံးထက္သို႔ လွမ္းၾကည့္ၿပီး An Mu ကို ျဖည္းညင္းစြာ မ်က္ေတာင္ခတ္ျပလိုက္သည္။ တစ္ဖက္ကလည္း သူ႕ကို မသိမသာေခါင္းၿငိမ့္သည့္အမူအရာကို ျပသ၏။ ထို႔ေနာက္ Ran Feng Ge သူတို႔ႏွစ္ေယာက္ကို လက္ေဝ့ျပၿပီး ဓာတ္ေလွကားဆီထြက္သြားေလသည္။
Lan Kuang ႏွလုံးခုန္တစ္ခ်က္မွားသြား၏။ ဓာတ္ေလွကားဆီအသြား သူ႕ကိုေဘးတိုက္ျဖတ္သြားသည့္ Ran Feng Ge ကိုၾကည့္ေနမိသည္။ ထူးထူးျခားျခား ခံစားခ်က္တစ္မ်ိဳး သူ႕ရင္ထဲမွာျဖစ္ေပၚလာသည္။
သူသာ ယခုေန Ran Feng Ge ကိုလႊတ္ေပးလိုက္လွ်င္ အနာဂတ္တြင္ ဘယ္အခါမွ်ျပန္လည္ဖမ္းဆုပ္နိုင္ေတာ့မည္မဟုတ္ဟူေသာ ခံစားခ်က္ျဖစ္သည္။
Lan Kuang ဖမ္းဆုပ္ထားသည့္ သူ႕လက္ကို ႐ုန္း၍ An Mu တစ္ေယာက္ ထိုအမ်ိဳးသား၏အာ႐ုံကို ေအာင္ေအာင္ျမင္ျမင္ ျပန္လည္ဆြဲေခၚနိုင္လိုက္သည္။ သူက ဘာမွ် မျဖစ္သလိုမ်ိဳး ဖ်စ္ညွစ္ၿပီးၿပဳံးလိုက္သည္။
" မစၥတာLan က ဒီမွာေရေဆာ့ရတာႏွစ္သက္တယ္ဆိုရင္လည္း ေက်းဇူးျပဳၿပီး ေခတၱေလာက္ေနခဲ့ၿပီး လြတ္လြတ္လပ္လပ္ ခံစားလိုက္ပါဦး။ ေနာင္မွာလည္း မၾကာခဏလာခဲ့ဖို႔ ဖိတ္ေခၚပါတယ္။ မစၥတာအတြက္ အခမဲ့ဝန္ေဆာင္ေပးဖို႔ ကြၽန္ေတာ့္ရဲ႕ ငယ္သားေတြကို အသိေပးထားပါ့မယ္။"
Lan Kuang သည္ ထူးထူးျခားျခားဆုံးရႈံးသြားရသလိုခံစားခ်က္ကို ရင္ထဲမွာ ဖိႏွိပ္လိုက္ၿပီး An Mu ကိုဂ႐ုတစိုက္ေလ့လာလိုက္သည္။
ဟုတ္သည္..ထိုမ်က္ဝန္းမ်ား..ထိုမ်က္ႏွာ..ထိုအၿပဳံး..သူ႕ကိုရည္ၫႊန္းသည့္ An Mu ၏အေခၚအေဝၚတို႔သည္ပင္ အတိတ္က တစ္ေယာက္ႏွင့္ထပ္တူ ညီမွ်သည္။
သူ၏ခန့္မွန္းခ်က္မ်ား လုံးလုံးလ်ားလ်ားမွားယြင္းသြားသည္လား..An Mu က An Mu ၊ Ran Feng Ge က Ran Feng Ge လား? သူတို႔ရဲ႕ မ်က္ဝန္းေတြကပဲ တူေနတာမ်ိဳးသက္သက္လား?
"ၾကည့္ရတာ သခင္ေလး An က တအားရက္ေရာတာပဲ.. ျငင္းလိုက္ရင္ ကိုယ့္ဘက္က ရိုင္းရာက်ေနမလား?"
Lan Kuang သူ႕ကိုယ္သူ မွားယြင္းသည္ဟု လက္သင့္မခံခ်င္။ ေဒါသျဖင့္ အံကို ႀကိတ္ကာ.. ေျပာလို႔ၿပီးသည္ႏွင့္ လက္ဆန့္ၿပီး An Mu ၏အျဖဴေရာင္အကၤ်ီကို ဆြဲၿဖဲေလသည္။
သူ၏ ႐ုတ္တရက္လႈပ္ရွားမႈက An Mu ကိုအငိုက္မိသြားေစသည္။
ေရွာင္တိမ္းဖို႔ An Mu သတိရသြားခ်ိန္.. သူ႕ရင္ဘတ္ၾကယ္သီး သုံးလုံးတိတိျပဳတ္ထြက္သြားေလၿပီ။ ၾကယ္သီးတစ္လုံးခ်င္းစီက ၾကမ္းျပင္ေပၚ ေျပးကာ လိမ့္လိမ့္ၿပီး ကြယ္ရာေထာင့္မ်ားဆီေရာက္သြားသည္။
An Mu မ႐ုန္းကန္ပါ။ ေနရာတြင္ တိတ္တဆိတ္ရပ္႐ုံရပ္ေန၍ Lan Kuang ကို အကၤ်ီခြၽတ္ခြင့္ ျပဳထားလိုက္ၿပီး သူ၏ အတန္ငယ္ျဖဴေဖ်ာ့ေသာ ရင္ဘတ္သားကို ေဖာ္ျပခြင့္ျပဳလိုက္သည္။
သူ႕တြင္ ညာပခုံးမွ ဘယ္ဘက္ခါးအထိႏွင့္ ဘယ္ပခုံးမွ ညာဘက္ခါးအထိေရာက္ေသာ ၾကက္ေျခခတ္ပုံအမာ႐ြတ္တစ္ခု ရွိေနသည္။ သူတို႔က X အကၡရာပုံေပါက္ေနၿပီး ရႈျမင္ရသူတို႔ အံ့အားသင့္စရာပါေပ။
Lan Kuang ေနရာတြင္ပင္ ၾကက္ေသေသသြားသည္။
An Mu ၏ကိုယ္ေပၚတြင္ ဤအမွတ္အသားရွိေနၿပီး Ran Feng Ge တြင္မရွိ။
Ran Feng Ge ၏ေက်ာဘက္တြင္ အမဲလိုက္သိမ္းငွက္ပုံ တက္တူးသာရွိသည္။
"ဘာျဖစ္လို႔လဲ? ကြၽန္ေတာ့္ကိုယ္ေပၚမွာ မစၥတာခ်န္ခဲ့တဲ့အမွတ္အသားကို လြမ္းလို႔လား?
ေဟာသည့္ေလာက္ေတာင္ ဟယ္လိုလုပ္ခ်င္ေနတယ္ေပါ့.."
An Mu က သိမ္ေမြ႕သည့္အသြင္ႏွင့္ဆန့္က်င္လ်က္ အထင္ေသးစက္ဆုပ္စြာ ေမးခြန္းထုတ္သည္။
ထိုစကားသုံးခြန္းကို ေျပာၿပီးေနာက္ Lan Kuang ၏တိုက္လိုခိုက္လိုစိတ္အားလုံး လြင့္စင္ပေပ်ာက္သြားၿပီး သူ၏မ်က္ဝန္းမ်ားကပင္ နာက်င္မႈျဖင့္ ရီေဝသြားသည္။
An Mu အခြင့္အေရးယူကာ Lan Kuang ၏လက္ေကာက္ဝတ္ကို ဆုပ္ကိုင္လိုက္သည္။ သူက
ညာေျခကို တစ္လွမ္းတိုးလိုက္ၿပီး
က်န္လက္တစ္ဖက္ျဖင့္ Lan Kuang ကို ခ်ိဳင္းၾကားမွသိုင္းကာ ၿပီးျပည့္စုံသည့္ ပခုံးထမ္းကြက္ျဖင့္ ေငးေၾကာင္ေနသည့္အမ်ိဳးသားအား ရက္ရက္စက္စက္ကိုင္ေပါက္လိုက္ပါေတာ့သည္။
"ေနာက္တစ္ႀကိမ္ ကြၽန္ေတာ့္ကိုျမင္ရင္ လမ္းလႊဲကေန သြားဖို႔ အမွတ္ရပါ"
An Mu က သူ၏ၿပဲေနသည့္ အကၤ်ီကိုလ်စ္လ်ဴရႈ၍ တစ္ခ်က္ျပန္ၾကည့္ကာ မ်ားမ်ားမေျပာဘဲ ထြက္ခြာသြားသည္။
"ခင္ဗ်ားကို ေနာက္တစ္ႀကိမ္ ထပ္မျမင္ခ်င္ဘူး..တစ္စကၠန့္ေတာင္ မွဘဲ"
>>>>>>>>>><<<<<<<<<<<<<<