ႏွိပ္စက္ခံဇာတ္လိုက္မေလးႏွင့္...

By Lilac_1272_

9.9K 887 60

#I don't own this novel ! #I'm just translating #Credit to original author and eng translator. * Book cover... More

Intro
Description
Arc 1- ခ်စ္မိေနၿပီလား ? ချစ်မိနေပြီလား ?( chapter - 1) ( U+Z )
Arc 1- ခ်စ္မိေနၿပီလား ? ချစ်မိနေပြီလား ? ( chapter - 2 ) ( U+ Z )
Arc 1- ခ်စ္မိေနၿပီလား ? ချစ်မိနေပြီလား ? ( chapter - 4 )
Arc 1- ခ်စ္မိေနၿပီလား ? ချစ်မိနေပြီလား ? ( chapter - 5 )
Arc 1- ခ်စ္မိေနၿပီလား ? ချစ်မိနေပြီလား ? ( chapter - 6 )
Arc 1- ခ်စ္မိေနၿပီလား ? ချစ်မိနေပြီလား ?( chapter - 7 )
Arc 1- ခ်စ္မိေနၿပီလား ? ချစ်မိနေပြီလား ?( chapter - 8 )
Arc 1- ခ်စ္မိေနၿပီလား ? ချစ်မိနေပြီလား ?( chapter - 9 )
Arc 1- ခ်စ္မိေနၿပီလား ? ချစ်မိနေပြီလား ?( chapter - 10 )
Arc 1- ခ်စ္မိေနၿပီလား ? ချစ်မိနေပြီလား ?( chapter - 11 )
Hello
Arc 1- ခ်စ္မိေနၿပီလား ? ချစ်မိနေပြီလား ?( chapter - 12 )
Arc 1- ခ်စ္မိေနၿပီလား ? ချစ်မိနေပြီလား ?( chapter - 13 ) ( U+Z )
Arc 1- ချစ်မိနေပြီလား ?( chapter - 14 )
Arc 1- ချစ်မိနေပြီလား ?( chapter - 15 )
Arc 2 - လက်ထပ်ပြီးပြီလား? ( chapter - 1 )
Arc 2 - လက်ထပ်ပြီးပြီလား? ( chapter - 2 )
Arc 2 - လက်ထပ်ပြီးပြီလား? ( chapter - 3 )

Arc 1- ခ်စ္မိေနၿပီလား ? ချစ်မိနေပြီလား ? ( chapter - 3 )

370 53 0
By Lilac_1272_

Zawgyi
------------
'' ဘာမွမျဖစ္ပါဘူးလို႔ ကၽြန္မေျပာသားဘဲ ။ Missရင္ကသာ အစိုးရိမ္လြန္ေနတာ ။''
အားလံုးပံုမွန္ျဖစ္ေနတဲ့ ေဆးစစ္ခ်က္ကို ရွန္းဝမ္ၾကည့္လိုက္သည္။
မေန႔ကမွ သူမကင္ဆာေဆးေတာင့္ကို ေသာက္ခဲ့တာ ၊ အဲ့ဒါက အခုမွ ခႏၶာကိုယ္ထဲအျမစ္တြယ္ေနတုန္းရွိေသးတာေၾကာင့္ ဘယ္လိုမွရွာမေတြ႕နိုင္ေသးေပ ။ ကင္ဆာဆဲလ္ေတြက စစ္ေဆးၾကည့္ဖို႔လြယ္တယ္ ၊ ဒါေပမယ့္ လူအမ်ားစုက ကင္ဆာအလယ္အလတ္အဆင့္မွာရွိေနတုန္းမွာ မသိခဲ့ၾကေပ ။
'' မင္းရဲ႕အသားအေရာင္ၾကည့္ရတာ သိပ္မေကာင္းဘူး '' ရင္ေမေခ်ာင္ စိုးရိမ္ေနတာရပ္သြားၿပီး ဒီငတံုးမေလးအတြက္ သူမစိ္တ္ပူေပးေနမိတာက ရယ္စရာေကာင္းေနတာကိုသတိထားမိသြားသည္္္္္္္္္္ ။
'' သြားၾကရေအာင္ ၊ မနက္စာစားဖို႔ သြားၾကမယ္ ။ ''
ေသခ်ာတာေပါ့ ရွန္းဝမ္မျငင္းေပ ။
သူမစိတ္ထဲကေန 188ကိုရွင္းျပလိုက္တယ္ ။
[ ငါေဆးစစ္တာကို သူမအေဖာ္လုပ္ေပးခဲ့တယ္ေလ ၊ ဘယ္လိုလုပ္ၿပီးငါက သူမ မနက္စာစားတာကိုအေဖာ္မလုပ္ေပးဘဲေနလို႔ရမွာလဲ ။ ဒါကပံုမွန္ေလာကဝတ္ဘဲမဟုတ္လား။ ]
188 း ခ်ီးကိုဘဲေလာကဝတ္လိုက္ !
[ 188 း ဝမ္ဝမ္ သက္ေတာင့္သက္သာေနပါ ၊ ငါမင္းအတြက္ alarmကိုေစာင့္ၾကည့္ထားေပးမယ္ ။ ]
[ နင္ကအေကာင္းဆံုးဆိုတာသိသားဘဲ။ ]
[ 188 : ေဝးေဝးသြားစမ္းပါ! လာၿပီးဟန္ေဆာင္မေနနဲ႔ ၊ ငါ့ကိုဆြဲေဆာင္ဖို႔မႀကိဳးစားနဲ႔ ၊မင္းစကားေတြကို ငါယံုမွာမဟုတ္ဘူး ။ ငါက ရင္ေမေခ်ာင္မဟုတ္ဘူး ။ ]
ရင္ေမေခ်ာင္္ကအလုပ္မ်ားတဲ့လူတစ္ေယာက္ျဖစ္သည္။ သူမ ဒီေန႔ႏွစ္နာရီေတာင္မွအခ်ိန္ျဖဳန္းခဲ့မိၿပီ ။ မနက္စာစားၿပီတာနဲ႔ သူမခ်က္ခ်င္းထြက္လာလိုက္တယ္ ။ သူမ ထြက္မလာခင္ အသားေပါက္စီကိုင္ထားတဲ့ ရွန္းဝမ္ကိုသတိေပးခဲ့လိုက္ေသးသည္ ။
'' ရွန္းဝမ္ ''
ရွန္းဝမ္ ပါးစပ္ထဲကေပါက္စီကိုအျမန္ၿမိဳခ်လိုက္ၿပီး ။
'' ဘာျဖစ္လို႔လဲ Miss ရင္ ''
'' ေဟာ္ဟန္က မင္းအေပၚစိတ္ရင္းမဟုတ္ဘူး ''
ေဟာ္ထင္အတြက္ ေဟာ္ဟန္အရမ္းစိုးရိမ္ေနတာကို သူမသတိရသြားၿပီး ထပ္ၿပီးေဒါသထြက္လာမိသည္ ။
'' ကိုယ္ မင္းကိုေနာက္တစ္ႀကိမ္ထပ္ၿပီးသတိေပးမယ္ ၊ သူမင္းကိုမႀကိဳက္ဘူး။ သူ႕ရည္ရြယ္ခ်က္ကဘာလဲဆိုတာေတာ့ကိုယ္မသိဘူး၊ ကိုယ္တို႔သိၾကလို႔သာ မင္းကိုေစတနာနဲ႔သတိေပးတာ ၊ မင္းတတ္ႏိုင္သမွ်ျမန္ျမန္သူနဲ႔လမ္းခြဲလိုက္ေတာ့ ။ ''
'' Miss ရင္ရဲ႕ ၾကင္နာမွုအတြက္ေက်းဇူးတင္ပါတယ္ ၊ ကၽြန္မနဲ႔ ေဟာ္ဟန္အဆင္ေျပသြားမွာပါ ၊ သူ ကၽြန္မကိုေကာင္းေကာင္းဆက္ဆံပါတယ္ ၊ သူ အခုကၽြန္မကိုလ်စ္လ်ဴရွဳထားတာကလည္း ေဟာ္ထင္ေနမေကာင္းလို႔ေလ သူမကေသသြားႏိုင္တယ္ ။'' သူမ ဝမ္းနည္းစြာဆက္ေျပာလိုက္သည္ '' အားလံုးက ကၽြန္မအမွားေတြပါ ၊ ဘာလို႔မ်ား ကၽြန္မမွာေက်ာက္ကပ္တစ္ခုဘဲရွိေနရတာလဲ ၊ ေဆးစစ္ခ်က္ကကိုက္ညီတာေတာင္မွ ေဟာ္ထင္ကို အစားထိုးမေပးနိုင္ဘူး ''
ရင္ေမေခ်ာင္ရဲ႕မ်က္လံုးေတြက်ဥ္းေျမာင္းသြားသည္။
ေက်ာက္ကပ္တစ္ခုထဲလား ? ကိုက္ညီတဲ့ေဆးစစ္ခ်က္.....
ျပႆနာရဲ႕အဓိကအခ်က္ကိုသူမသေဘာေပါက္သြားခဲ့သည္ ။ ရွန္းဝမ္ကို ေဟာ္ဟန္မႀကိဳက္ေပမယ့္ သူမနဲ႔ အတူရွိေပးေနတုန္းဘဲ၊ အဲ့ဒါက ေဟာ္ထင္အတြက္လား ။
188 း ........ဒါက တမင္တကာေျပာလိုက္တာလား ဒါမွမဟုတ္ မေတာ္တဆေျပာထြက္သြားတာလား
'' ကိုယ္အရင္ျပန္ႏွင့္မယ္ ''
'' ဂရုစိုက္ျပန္ပါ Miss ရင္ ၊ ရွင္ၿပံဳးလိုက္ရင္ အရမ္းၾကည့္ေကာင္းတာ၊ ရွင္ ဘာေၾကာင့္ဘဲေဒါသထြက္ေနတာျဖစ္ျဖစ္ ရွင့္အစာအိမ္ကိုေတာ့ မထိခိုက္ေစနဲ႔ေနာ္၊ ရွင္ရယ္လိုက္ရင္ ေဒါသထြက္ေတာ့မွာမဟုတ္ဘူး ။ ''
ရင္ေမေခ်ာင္ ကားတံခါးဖြင့္လိုက္တဲ့အခါ သူမကိုခ်ီးမြမ္းတဲ့စကားေတြျပည့္ေနတဲ့ ႏွစ္လိုဖြယ္ေကာင္းတဲ့အသံေဖ်ာ့ေဖ်ာ့ဟာ သူမရဲ႕ေနာက္ဖက္ကေနထြက္ေပၚလာခဲ့သည္ ။ အဲ့ဒါက သူမစိတ္အေျခအေနကိုေကာင္းသြားေစတာေၾကာင့္မရည္ရြယ္ဘဲၿပံဳးလိုက္မိသည္။ဒါေပမယ့္ ဒီငတံုးမေလးနဲ႔အတူရွိေနရတဲ့ ေဟာ္ဟန္ရဲ႕ဖံုးကြယ္ထားတဲ့ရည္ရြယ္ခ်က္ကိုစဥ္းစားမိတဲ့အခါ သူမ မေပ်ာ္ေတာ့ေပ ။

ရွန္းဝမ္ ေဆးရံုကိုျပန္လာလိုက္တယ္ ။
ေဟာ္ဟန္က ကုတင္ေဘးမွာထိုင္ေနၿပီး ေဟာ္ထင္ကိုႏွစ္သိမ့္ေပးေနေလသည္ ။ သူတို႔ႏွစ္ေယာက္မွာ တစ္ခုခုရွိေနတယ္ဆိုတာကို အရူးေတြေတာင္မွျမင္ႏိုင္တယ္ ။ သူမ မသိခ်င္ေယာင္ေဆာင္ကာ သူတို႔ႏွစ္ေယာက္ကိုႏႈတ္ဆက္လိုက္သည္။
ေဟာ္ထင္တစ္ေယာက္ သိသိသာသာမ်က္ႏွာပ်က္သြားခဲ့ေလသည္ ။
သူမစိတ္ထဲမွာ ေဟာ္ဟန္ကသူမတေယာက္တည္းအပိုင္ျဖစ္သည္ ။ ရွန္းဝမ္ ေပၚလာတဲ့အခ်ိန္ကစၿပီး ေဟာ္ဟန္ကိုအလုခံရလိမ့္မယ္လို႔ သူမအၿမဲခံစားေနရတာ။ အဲ့ဒီအတိုင္းဘဲ ရွန္းဝမ္ဟာ ေဟာ္ဟန္ရဲ႕ခ်စ္သူျဖစ္လာခဲ့တယ္ ။ သူမအတြက္ဆိုရင္ေတာင္မွ သူ႕ကို ရွန္းဝမ္နဲ႔အတူရွိေနတာသူမ မျမင္ခ်င္ေပ ။
သူမ မေသခ်င္ေသးဘူး ၊ သူမေသသြားခဲ့ရင္ သူမရဲ႕ကိုကို ကိုဒီကမၻာႀကီးထဲမွာတစ္ေယာက္တည္းခ်န္ထားခဲ့ရလိမ့္မယ္။ ေနာက္ဆိုကိုိကိုက ရွန္းဝမ္ကိုတကယ္ႀကိဳက္သြားႏိုင္တာဘဲမလား ။ အဲ့ဒါေၾကာင့္ သူမေသလို႔မျဖစ္ေပ ။ ကိုကိုနဲ႔ပူးေပါင္းၿပီးသူမေရာဂါကိုကုသရမယ္ ။
သူမနဲ႔ ကိုက္ညီတဲ့ ေက်ာက္ကပ္ကို ကိုကိုရွာေတြ႕ထားၿပီးၿပီး ၊ သူမ ရွန္းဝမ္ကိုထပ္ၿပီးမလိုအပ္ေတာ့ေပ။
သူမ ရွန္းဝမ္ကိုျမင္တဲ့အခါ ေဟာ္ဟန္ရဲ႕ရင္ခြင္ထဲပစ္ဝင္လိုက္ၿပီး ဝမ္းနည္းစြာစတင္ငိုေၾကြးလိုက္တယ္။
ေဟာ္ဟန္က ရွန္းဝမ္နဲ႔ စကားေျပာခ်င္ေနတာ ၊ ဒါေပမယ့္ ေဟာ္ထင္က သူ႔ရင္ခြင္ထဲမွာ အရမ္းနာက်င္ေနရသလိုမ်ိဳး ငိုေနတာေၾကာင့္ သူ ဆရာဝန္အျမန္ေခၚလိုက္ၿပီး ထိတ္ထိတ္ပ်ာပ်ာနဲ႔ ဘယ္ေနရာကမသက္မသာျဖစ္ေနတာလဲဆိုတာေမးလိုက္သည္။
'' ကိုကို ညီမေလးတကိုယ္လံုး ေနရာတိုင္းနာေနတာ ''
ေဟာ္ထင္ရဲ႕ခါးကို ေဟာ္ဟန္ဖက္လိုက္တယ္။
'' ကိုကို စိတ္မပူပါနဲ႔ ဒီအတိုင္းေလးဘဲဖက္ထားေပးပါ ၊ အဲ့ဒါဆိုမနာေတာ့ဘူး ''
ရွန္းဝမ္ ေဟာ္ထင္ေျပာတာကို နားေထာင္ၿပီး အတြင္းမွာႀကိတ္ေပ်ာ္ေနေလတယ္။ ဇာတ္လိုက္မင္းသားရဲ႕ ရင္ခြင္ကအဲ့ေလာက္ထိေတာင္အစြမ္းထက္တာလား ၊ နာက်င္တာကိုေတာင္သက္သာေစႏိုင္တယ္ ။
'' ထင္ထင္ ဆရာဝန္ကို မင္းအတြက္ အကိုက္အခဲေပ်ာက္ေဆးေပးေစခ်င္လား '' အရမ္းစိုးရိမ္ေနတဲ့မ်က္ႏွာနဲ႔ ရွန္းဝမ္ေမးလိုက္တယ္။
'' ေဆးတလံုးေလာက္ထိုးလိုက္ရင္ နာေတာ့မွာမဟုတ္ဘူး၊ တလံုးတည္းနဲ႔ မသက္သာရင္ ႏွစ္လံုးဆို ေသခ်ာေပါက္နာတာသက္သာသြားလိမ့္္မယ္ ။ ''
188 း .......
ေဟာ္ထင္ေအးခဲသြားကာ ေဟာ္ဟန္ကေခါင္းၿငိမ့္လိုက္တယ္ ။
'' ထင္ထင္ ဆရာဝန္ကိုေမးၾကည့္ရေအာင္ ''
'' ဟင့္အင္း ကိုကို ညီမေလးေဆးထိုးမခံခ်င္ဘူး ''
ေဟာ္ထင္ႏွုတ္ခမ္းဆူၿပီး ေဟာ္ဟန္ကိုဖက္လိုက္ကာ ေလသံတိုးတိုးေလးနဲ႔ေျပာလိုက္တယ္ ။
'' ညီမေလးက ကိုကိုနဲ႔ ႏွစ္ေယာက္တည္းရွိေနခ်င္ရံုပါ ၊ ကိုကို ကိုဆံုးရွံုးရမွာ ညီမေလးတကယ္ေၾကာက္တယ္ ။ ''
'' ဒါဆို ကြၽန္မအရင္ျပန္ႏွင့္မယ္ေလ '' ရွန္းဝမ္ဝမ္းနည္းစြာ သက္ျပင္းခ်လိုက္ၿပီး '' ရွင္ ထင္ထင္ကို ႏွစ္သိမ့္ေပးလိုက္ပါ ၊ သူမက ခြဲစိတ္ရေတာ့မွာ ဒါေပမယ့္ သူမ စိတ္အေျခအေနကသိပ္ေကာင္းပံုမရဘူး ၊ လူနာက ဒီလိုအေျခအေနမ်ိဳးဆို ခြဲစိတ္တာအလြယ္တကူက်ရွုံးတတ္တယ္လို႔ ကၽြန္မၾကားဖူးတယ္ ''
ရွန္းဝမ္ရဲ႕ စကားေတြက ေဟာ္ထင္ကိုေၾကာက္လန္႔သြားေစၿပီး သူမ အငိုတိတ္သြားခဲ့သည္။
ခြဲစိတ္မွုအတြက္ လိုအပ္ေနေသးတဲ့အရာကို ေဟာ္ဟန္သတိရသြားကာ
'' ထင္ထင္ လိမၼာပါကြာ ၊ ကိုကို ရွန္းဝမ္ကိုလိုက္ပို႔လိုက္အံုးမယ္ ။ ''
သူ႕မွာတျခားေရြးခ်ယ္စရာမရွိေတာ့ဘူး၊ မခြဲစိတ္ရေသးခင္ ဘယ္အရာကိုမွသူအမွားမခံႏိုင္ေပ ။
'' ဝမ္ဝမ္ ထင္ထင္ကိုစိတ္မဆိုးပါနဲ႔ကြာ ၊ သူမေလးကဒီအတိုင္းေျပာလိုက္တာပါ ၊ သူမ ေနမေကာင္းလို႔ စိတ္အေျခအေနက သိပ္ၿပီးမတည္ၿငိမ္ဘူးေလ၊ မင္းဒီလို အေျခအေနနဲ႔ႀကံဳရလို႕ ကိုယ္ေတာင္းပန္ပါတယ္ ။ ''
ရွန္းဝမ္ ေဟာ္ဟန္ကို ေသခ်ာၾကည့္လိုက္တယ္ ။ ေဟာ္ဟန္ လိပ္ျပာမလံုတဲ့စိတ္ေၾကာင့္ သူမကိုတည့္တည့္မၾကည့္ရဲျဖစ္ေနတာကို သူမသေဘာက်သည္ ။
သူမႏူးညံ့စြာျပန္ေျပာလိုက္တယ္ ။
'' ကိစၥမရွိပါဘူး ၊ ကၽြန္မ နားလည္ပါတယ္ ၊ ထင္ထင္က ရွင့္ရဲ႕ညီမေလးဘဲေလ ၿပီးေတာ့ အခုက သူမအတြက္္အခက္အခဲဆံုးအခ်ိန္မဟုတ္လား ၊ ကၽြန္မက က်န္းမာၿပီး လူနာမွမဟုတ္တာ ၊ ဘာလို႔ ဒီလိုေသးငယ္တဲဲ့ အရာေတြကိုဂရုစိုက္ေနရမွာလဲ ၊ သူမ ျမန္ျမန္သက္သာလာဖို႔ကၽြန္မေမ်ာ္လင့္ပါတယ္ ။ ''
ရွန္းဝမ္ ဒီေလာက္ထိနားလည္မွုရွိလိမ့္မယ္လို႔ ေဟာ္ဟန္မေမ်ွာ္လင့္ထားခဲ့ေပ ။ သူမရဲ႕မ်က္လံုးေတြက သန္႔ရွင္းေနၿပီး အခ်စ္ေတြနဲ႔ ျပည့္ေနေလတယ္ ။ ဒီလို ရိုးစင္းတဲ့ခ်စ္ျခင္းက သူ႔ကို စိတ္မေကာင္းျဖစ္ေစၿပီး ရွက္စိတ္ဝင္ေစသည္ ။
'' ကိုယ္ႏွစ္ရက္အတြင္းမင္းကိုေကာင္းေကာင္းအေဖာ္ျပဳေပးပါ့မယ္ ''
'' ထင္ထင္ကိုသာအေဖာ္ျပဳေပးလိုက္ပါ ၊ သူမက အခုခ်ိန္မွာရွင့္ကိုလိုအပ္ေနတာေလ ၊ အနာဂတ္မွာ ကၽြန္မတို႔အတြက္အခ်ိန္ေတြအမ်ားႀကီးရွိပါေသးတယ္ ။''
သူ ရွန္းဝမ္ေျပာတာၾကားတဲ့အခါ ျဖစ္ေပၚလာတဲ့သူရဲ႕ခံစားခ်က္ကိုမ်ိဳသိပ္ထားဖို႔ အရမ္းခက္ခဲသည္ ။
သူတို႔မွာ အခ်ိန္မရွိေတာ့ဘူး ။ ရွန္းဝမ္ မဟုတ္ရင္ ေဟာ္ထင္ သူတို႔ႏွစ္ေယာက္ထဲက တစ္ေယာက္ပဲအသက္ရွင္နိုင္လိမ့္မယ္ ။
သူတို႔ ပထမဆံုးေတြ႕တဲ့ အခ်ိန္ကိုသူမွတ္မိေသးတယ္ ၊ အဲ့ဒီအခ်ိန္တည္းက သူမကဒီပံုစံအတိုင္းေလးဘဲ ၊ၾကင္နာၿပီး ျဖဴစင္တယ္ ၊ မင္းကသာ သူမအေပၚေကာင္းရင္ သူမက မင္းကိုယံုၾကည္လိမ့္မယ္ ။
'' မဟုတ္တာ ကိုယ္မင္းနဲ႔ အခ်ိန္တခ်ိဳ႕အတူရွိေပးမယ္ ၊ ကိုယ္မင္းနဲ႔အတူရွိေနမေပးႏိုင္တာလည္းၾကာၿပီမဟုတ္လား ။ ''
ရွန္းဝမ္စိတ္ထဲမွာေတာ့ အန္ေနေလျပီ ၊ ဘယ္လိုလုပ္ၿပီးသူမကိုေကာင္းေကာင္းအေဖာ္ျပဳေပးႏိုင္မွာလဲ ၊ သူကအၿမဲသူမရဲ႕ ေက်ာက္ကပ္အေၾကာင္းဘဲစဥ္းစားေနတာေလ ။
ေဟာ္ဟန္က သူမကိုအေဖာ္လုပ္ေပးဖို႔စိတ္အားထက္သန္ေနတာေၾကာင့္ သူမကလည္းဆက္ၿပီးျငင္းမေနေတာ့ဘူး ။ သူမကိုယ္ထဲက ကင္ဆာဆဲလ္ေတြကေနာက္အပတ္ေလာက္ဆိုရွာေတြ႕နိုင္လိမ့္မယ္ ၊ ေဟာ္ဟန္က ေဟာ္ထင္ကိုအရမ္းဂရုစိုက္တာ ၊ မခြဲစိတ္ခင္ သူမတို႔ႏွစ္ေယာက္ကိုသူေသခ်ာေပါက္ေဆးစစ္ၾကည့္အုံးမွာဘဲ။
ရွန္းဝမ္ ေပ်ာ္ရႊင္စြာထြက္သြားတာကို ျမင္တဲ့အခါ ေဟာ္ဟန္စိတ္ရွုပ္ေထြးသြားေလသည္ ။ ေဟာ္ထင္ဆီျပန္ေရာက္တဲ့အခ်ိန္ထိ သူစိတ္နဲ႔ကိုယ္နဲ႔မကပ္ေသးေပ။
အဆံုးမွာေတာ့ သူက ျဖဴစင္ၿပီးၾကင္နာတဲ့ႏွလံုးသားရွိတဲ့ေကာင္မေလးကို လိမ္ညာလွည့္စားၿပီး သူမရဲ႕ဘဝကိုဖ်က္ဆီးပစ္ေနတာဘဲ။
တစ္ခုခုကမွားေနတယ္လို႔ ေဟာ္ထင္ခံစားမိတယ္
ဒီရက္ေတြအတြင္း သူမ ေဟာ္ဟန္အေပၚမွာလံုးဝမွီခိုေနမိတယ္ ၊ သူ ကုမၸဏီမွာအလုပ္ရွိေနတယ္ဆိုၿပီးအေၾကာင္းျပကာ ရွန္းဝမ္နဲ႔သြားသြားေတြ႕ေနေပမယ့္လည္း သူ သူမကိုရက္အေတာ္ၾကာအေဖာ္လုပ္ေပးတဲ့အခါမွာေတာ့ သူမစိတ္ေအးသြားမိသည္ ။

တျခားဖက္မွာေတာ့ ရင္ေမေခ်ာင္ဟာဒီအတိုင္းဘဲထိုင္မေနခဲ့ေလဘူး
အဲ့ဒီေန႔ သူမ ရွန္းဝမ္ဆီကထြက္လာၿပီးတဲ့ေနာက္ သူမေဟာ္ဟန္ကိုလွ်ိဳ႕ဝွတ္ျပီးစံုးစမ္းေနခဲ့တာ ၊ သက္ေသေတြအားလံုးက ေဟာ္ထင္ကိုေက်ာက္ကပ္ေပးေအာင္လို႔ ရွန္းဝမ္ကို ေဟာ္ဟန္ခ်ဥ္းကပ္ခဲ့တယ္ဆိုတာျပေနတယ္။
အစတုန္းကေတာ့သူမေဒါသထြက္မိတယ္ ဒါေပမယ့္ ရွန္းဝမ္မွာေက်ာက္ကပ္တစ္ခုဘဲရွိတာကိုသတိရသြားတဲ့ေနာက္မွာေတာ့ သူမ မရယ္မိဘဲမေနႏိုင္ေပ ။ ငတံုးမေလးက ကံေတာ့ေကာင္းရွာသား ။
'' Miss ရင္ ေဟာ္ထင္အတြက္ကိုက္ညီတဲ့ေက်ာက္ကပ္ကို ေဟာ္ဟန္ရွာေတြ႕သြားၿပီ ၊ တလအတြင္းမွာခြဲစိတ္မွာပါ ၊ အဲ့ဒီအခ်ိန္ဆို ေဟာ္ဟန္က ျပန္ၿပီးတိုက္ခိုက္ႏိုင္အံုးမွာမဟုတ္ဘူး ''
ရင္ေမေခ်ာင္ : '' ငါသိၿပီ ၊ ရွန္းဝမ္အခုတေလာဘာလုပ္ေနလဲ ''
'' သူမက ေဟာ္ဟန္နဲ႔အခ်ိန္ေတာ္ေတာ္မ်ားမ်ားအတူရွိေနပါတယ္ ၊ သူတို႔ႏွစ္ေယာက္ရဲ႕ဆက္ဆံေရးကေတာ္ေတာ္ေလးေကာင္းပံုရတယ္ ၊ ေဟာ္ဟန္ကိုတိုက္ခိုက္ဖို႔အတြက္ ရွန္းဝမ္ကိုအသံုးခ်မလို႔လား ''
ရင္ေမေခ်ာင္ေဒါသတႀကီးေျပာလိုက္တယ္
'' အဲ့လိုကိစၥမ်ိဳးမရွိဘူး ၊ ေဟာ္မိသားစုကိုဖ်က္ဆီးပစ္ဖို႔နည္းလမ္းအမ်ားႀကီးရွိတယ္ ၊ အျပစ္မရွိတဲ့လူေတြကို ဆြဲထည့္စရာလိုအပ္ဘူး ။ ''
အရင္ကသူမနဲ႔ ေဟာ္ဟန္ကိုတြဲေပးဖို႔စီစဥ္ခဲ့တဲ့ သခင္မေဟာ္အေၾကာင္းစဥ္းစားလိုက္မိတယ္ ။ ရင္မိသားစုမွာ သမီးတစ္ေယာက္တည္းရွိတာကိုေတြ႕တဲ့အခါ သခင္မေဟာ္က သူမတို႔မိသားစုတစ္ခုလံုးကိုမ်ိဳခ်ခ်င္ေနတာ၊ အဲ့ဒါကအရမ္းရယ္စရာေကာင္းတာဘဲ ။

ရွန္းဝမ္ကို ရိုမန္႔တစ္ဆန္တဲ့ညစာစားဖို႔ ေဟာ္ဟန္ထပ္ၿပီးေခၚသြားေပးတယ္ ၊
'' ဝမ္ဝမ္ အရင္တစ္ခါက ကိုယ္မင္းကိုထားသြားခဲ့မိတယ္ ၊ ဒီတစ္ခါက ကိုယ္မင္းကိုအစားျပန္ေပးတာ ''
'' ဒီလိုလုပ္ေပးဖို႔ တကယ္မလိုအပ္ပါဘူး ေဟာ္ဟန္ ''
'' လိုအပ္တာေပါ့ကြာ '' ေဟာ္ဟန္လွ်င္ျမန္စြာေျပာလိုက္ၿပီး အေပ်ာ္ေတြျပည့္ေနတဲ့မ်က္ႏွာနဲ႔ရွန္းဝမ္သူ႔ကိုေမာ့ၾကည့္လာေလသည္ ။
မသက္မသာျဖစ္ေနတဲ့စိတ္ကိုသူမ်ိဳသိပ္လိုက္ၿပီး
'' ဝမ္ဝမ္ မင္း နားလည္ေပးတာကိုေက်းဇူးတင္တဲ့အေနနဲ႔ ကိုယ္ဒီည မင္းနဲ႔အတူေသာက္ေပးမယ္ ''
ေတာင္းပန္ပါတယ္ ကိုယ့္အတြက္မင္းရဲ႕အသက္ကိုကိုယ္ယူရလိမ့္မယ္ ။
ရွန္းဝမ္ရဲ႕မ်က္ႏွာကေသြးမရွိဘဲ ျဖဴေဖ်ာ့ေနတာကိုေဟာ္ဟန္သတိမထားမိေလဘူး။ သူမရဲ႕ႏွုတ္ခမ္းနီကိုသာသုတ္ပစ္လိုက္ရင္ ႏွုတ္ခမ္းအေရာင္ကေသခ်ာေပါက္ကိုပံုမွန္ျဖစ္ေနမွာမဟုတ္ေပ ။
ညစာစားေနတုန္းမွာ အၿမဲေကာင္းေကာင္းစားၿပီး အစာမေရြးတတ္တဲ့ရွန္းဝမ္က ႏွစ္လုတ္ေလာက္ဘဲစားတာကိုေတြ႕ေပမယ့္လည္း သူဂရုမစိုက္မိ ၊ သူ႔အာရံုက ရွန္႔ဝမ္ေရွ႕မွာသူခ်ေပးထားတဲ့ဝိုင္ခြက္အေပၚတြင္သာရွိေနေလသည္။
သူ ဝိုင္ထဲမွာ ရွန္းဝမ္ကိုအိပ္ေပ်ာ္သြားေစမယ့္ေဆးခတ္ထားခဲ့တာ။ ဆယ္မိႏွစ္ၾကာၿပီးေနာက္မွာေတာ့ ရွန္းဝမ္အိပ္ေပ်ာ္သြားေလသည္ ။ သူ့ျပတ္သားစြာ ရွန္းဝမ္ကိုျပန္ေပးဆြဲခဲ့ၿပီးတာေတာင္မွ သူ႔စိတ္ထဲမွာရွုပ္ေထြးေနေသးသည္ ။
တကယ္ေတာ့ ရွန္းဝမ္ဟာ သတိရွိေနခဲ့သည္ ၊ သူ႕လုပ္ရပ္ကိုျမင္တဲ့အခါ အႀကိမ္ေပါင္းတေထာင္ေလာက္သူမစိတ္ထဲကေနက်ိန္ဆဲေနလိုက္တယ္ ။
[188ေရ မခ်ိဳၿမိန္လာနိုင္ေတာ့ဘူးဟ ]
ရင္ေမေခ်ာင္သိသြားၿပီလား ၊ သိသြားရင္ေရာ သူမကိုလာၿပီးကယ္ပါ့မလား ။

ရွန္းဝမ္ကို ေဟာ္မိသားစုရဲ႕ကိုယ္ပိုင္ေဆးရံုဆီ ေဟာ္ဟန္ေခၚသြားခဲ့တယ္ ။ အျပစ္ရွိတဲ့စိတ္ေၾကာင့္ ရွန္းဝမ္ရဲ႕ကုတင္ေဘးမွာေဟာ္ဟန္တစ္ညလံုးထိုင္ေနခဲ့မိသည္။
မနက္ ရွန္းဝမ္ႏိုးလာတဲ့အခါ သူမရဲ႕ေျခလက္ေတြကေဆးရံုကုတင္မွာခ်ည္ေႏွာင္ထားခံရၿပီး ေဟာ္ဟန္ကစိတ္ရွုပ္ေထြးေနတဲ့အမူအရာနဲ႔ သူမကိုၾကည့္ေနခဲ့တယ္ ။
သူမ ေၾကာင္ေနၿပီး ျဖဴေဖ်ာ့ေနတဲ့သူမရဲ႕ႏွုတ္ခမ္းတစ္စံုဟာတုန္ယင္ေနခဲ့တယ္ ။
'' ဘာေတြျဖစ္ေနတာလည္း ေဟာ္ဟန္ ''
'' ေတာင္းပန္ပါတယ္ ဝမ္ဝမ္ ''
ေဟာ္ဟန္ သူ႔မ်က္ႏွာမွာ နာက်င္ေနတဲ့အမူအရာမေပၚေအာင္ဖံုးကြယ္မထားႏိုင္ခဲ့ဘူး ၊ သူ ရွန္းဝမ္ရဲ႕လက္ကိုဆုပ္ကိုင္လိုက္ၿပီး
'' ကိုယ္ ထင္ထင္ကိုအဆံုးရွံုးမခံနိုင္ဘူး ၊ ကိုယ္ေတာင္ပန္းပါတယ္ ၊ ကိုယ္ ထင္ထင္ကိုတကယ္အဆံုးရွံဳးမခံႏိုင္လို႔ပါ ၊ ထင္ထင္က ကိုယ့္အတြက္ေတာ့တကယ္အေရးႀကီးတယ္"
''အဲ့ဒီေတာ့.. ''
'' ထင္ထင္ရဲ႕ေသြးအမ်ိဳးအစားကထူးျခားတယ္ ၊ အခ်ိန္အၾကာႀကီးရွာခဲ့တာေတာင္မွ မင္းကကိုယ္ရွာေတြ႕တဲ့သူမနဲ႔ကိုက္ညီတဲ့တစ္ဦးတည္းေသာသူဘဲ ။ "
ရွန္းဝမ္ ေဟာ္ဟန္ကိုေၾကာင္ၾကည့္ေနရင္းေျပာလိုက္တယ္
" ကၽြန္မမွာ ေက်ာက္ကပ္တစ္ခုဘဲရွိတာေလ ေဟာ္ဟန္ '' '' ကိုယ္သိတယ္ ေတာင္းပန္ပါတယ္.. ''
သူ အေျခအေနကို ဆက္ၿပီးထိန္းခ်ဳပ္လို႔မရေတာ့ဘူး ။ ရွန္းဝမ္ကိုစဥ္းစားမိရင္ သူ႔စိတ္ထဲမွာထူးဆန္းတဲ့ခံစားခ်က္ျဖစ္ေပၚလာတယ္ဆိုေပမယ့္ အဲ့ဒါက အခုခ်ိန္မွာအရမ္းေနာက္က်သြားခဲ့ၿပီ ။ အဲ့ခံစားခ်က္က သူ႔ဘဝမွာ ေဟာ္ထင္ရဲ႕တည္ရွိမွုကဘယ္ေလာက္ေတာင္အေရးႀကီးလဲဆိုတာနဲ႔ ႏွိုင္းယွဥ္လို႔ေတာင္မရႏိုင္ဘူး ။
သူ ရွန္းဝမ္ရဲ႕အမူအရာကိုေစာင့္ၾကည့္ေနခဲ့တာ၊ သူမ ငိုယိုၿပီး သူ႔ကိုက်ိန္ဆဲလာမွာကို သူေစာင့္ေနခဲ့တယ္ ။ ဒါေပမယ့္ ငါးမိနစ္ၾကာၿပီးတာေတာင္မွ သူမကေငးေၾကာင္ေနတုန္းဘဲ ၊ သစၥာေဖာက္ခံလိုက္ရတဲ့ ထိတ္လန္႔မွုကေနသူမရုန္းမထြက္ႏိုင္ေသးဘူး ။ သူ ခဏေလာက္ ဘာေျပာရမွန္းမသိျဖစ္သြားမိတယ္။
'' ေဟာ္ဟန္ ''
'' ဝမ္ဝမ္ မင္းကိုယ့္ကိုရိုက္ႏွက္ၿပီး က်ိန္ဆဲလို႔ရတယ္ ၊ မင္းအတြက္ အန္တီကိုကိုယ္ေစာင့္ေရွာက္ေပးမွာပါ ၊ မင္းရဲ႕ဘယ္ဆႏၵကိုမဆိုကိုယ္ျဖည့္စည္းေပးမွာပါ ။ ''
ရွန္းဝမ္ ေဟာ္ဟန္ကိုတည္ၿငိမ္စြာၾကည့္လိုက္ၿပီး
'' ကၽြန္မရဲ႕ဆႏၵကအသက္ရွည္ရွည္ေနဖို႔ဘဲ ရွင္ျဖည့္စည္းေပးႏိုင္မလား ''
188 း .....
'' ေတာင္းပန္ပါတယ္ ဝမ္ဝမ္ ''
'' ထားလိုက္ပါေတာ့ '' ရွန္းဝမ္ဝမ္းနည္းစြာေျပာလိုက္သည္ '' ဘယ္သူကမ်ားကၽြန္မကို ရွင့္ကိုအရမ္းခ်စ္ဖို႔ေျပာခဲ့လို႔လဲ၊ ရွင္လိုခ်င္တယ္ဆိုမွေတာ့လည္း ယူသြားလိုက္ပါ ''
188 း .....
ေဟာ္ဟန္ ေၾကာင္သြားသည္။ ရွန္းဝမ္ဘာေျပာလိုက္္တာလဲ ၊ သူ့လိုခ်င္ေနတယ္ဆိုရင္ ယူသြားခြင့္ေပးတာလား ။
'' အစတုန္းက ရွင္ကၽြန္မကိုကူညီေပးခဲ့တယ္ ၊ အခ်စ္ခံရၿပီး ဂရုစိုက္ခံရတဲ့ ခံစားခ်က္ကို ရွင္ေၾကာင့္ကၽြန္မသိလာရတာ ၊ ကၽြန္မကရွင့္ကို ဘာမွျပန္မေပးနိုင္ဘူး ၊ ကၽြန္မရဲ႕ေက်ာက္ကပ္ကိုရွင္လိုခ်င္တယ္ဆိုမွေတာ့လည္း ယူသြားလိုက္ပါ''
ၿပီးတာနဲ႔ ရွန္းဝမ္ မ်က္စိမွိတ္လိုက္ၿပီး စကားမေျပာေတာ့ေပ ။
ေဟာ္ဟန္ ကုတင္ေဘးမွာထိုင္ၿပီးေဝခြဲမရတဲ့သူ႔ခံစားခ်က္ေတြနဲ႔ အလုပ္ရွုပ္ေနေသးတာေတာင္မွ ရွန္းဝမ္ နည္းနည္းေလးေတာင္ဂရုမစိုက္ေတာ့ ။
[ 188 း ဝမ္ဝမ္ ဒီလိုေျပာလိုက္တာက နည္းနည္းေလးမေကာင္းဘူးလားလို႔ ၊ ဒါကမခ်ိဳၿမိန္ဘူးေလ]
[ စဥ္းစားၾကည့္ အခ်ိဳမတိုင္ခင္အခါးလာရတယ္ ၊ငါသာျပႆနာရွာလိုက္ရင္ သူကပိုၿပီးေတာင္ ဆံုးျဖတ္ခ်က္ခိုင္မာသြားမွာ ၊ ငါ သူ႔ကိုခ်စ္လို႔ ငါ့မွာရွိတဲ့ တစ္ခုတည္းေသာေက်ာက္ကပ္ကိုေတာင္ေပးႏိုင္တယ္ဆိုတာ သူ႔ကိုျပတာေလ ၊ သူ႔ စိတ္ထဲမွာအျပစ္ရွိသလိုခံစားရၿပီးမသက္မသာျဖစ္ေနလိမ့္မယ္ ၊ သူ မခြဲစိတ္ခင္ငါ့ကိုေဆးစစ္ၾကည့္တဲ့အခါက် ငါကကင္ဆာျဖစ္ေနတယ္ ဟား ဟား ဟား ဟား... ဘာဆက္ျဖစ္မယ္ထင္လဲ 188 ]
[ 188 း သူစိတ္ပ်က္သြားလိမ့္မယ္ ၊ ေဟာ္ထင္ေရာ မင္းေရာဘယ္သူမွအသက္မရွင္နိုင္ဘူး ]
[ နင္ မွတ္ဥာဏ္မေကာင္းေတာ့ဘူးဘဲ 188 ၊ ဇာတ္လမ္းထဲမွာ ခြဲစိတ္ၿပီးတဲ့ေနာက္မွ သူ ေဟာ္ထင္နဲ႔ကိုက္ညီတဲ့ေက်ာက္ကပ္ရွာေတြ႕ခဲ့ေသးတယ္လို႔မေဖာ္ျပထားဘူးလား ၊ အဲ့ဒါေၾကာင့္ ေဟာ္ထင္ကခြဲစိတ္တာေအာင္ျမင္ၿပိးအသက္ရွင္လိမ့္မယ္ ၊ ၿပီးရင္ သူ ငါ့ကိုကယ္ဖို႔ နည္းလမ္းရွာရလိမ့္မယ္ ]
[ 188 : မင္းကကုလို႔မရတဲ့ေရာဂါနဲ႔ေသရေတာ့မယ္ ၊ သူမင္းကိုခ်စ္ေနတာကိုနားလည္သြားၿပီး မင္းကိုေန႔တိုင္း ဂရုစိုက္ေပးလိမ့္မယ္ ၊ ေနာက္က် မင္းကအံ့ၾသဖို႔ေကာင္းေလာက္ေအာင္ျပန္သက္သာလာလိမ့္မယ္ ၊ ဒါဆိုမင္းတို႔ႏွစ္ေယာက္အတူရွိသြားလို႔ရၿပီး ခ်ိဳၿမိန္တဲ့အဆံုးသတ္ျဖစ္သြားလိမ့္မယ္ ]
[ ဟုတ္တယ္ ဟုတ္တယ္ အဲ့လိုမ်ိဳးဘဲ ]
အဲ့ဒါျဖစ္ႏိုင္တယ္လို႔ 188ထင္သည္။ ဒါက ရက္စက္ေနၿပီးျဖစ္တာေၾကာင့္ ျဖဴစင္ၿပီးခ်ိဳၿမိန္တဲ့အခ်စ္ဇာတ္လမ္းေတာ့ျဖစ္မလာႏိုင္ဘူး ၊ ၾကမ္းတမ္းၿပီးခ်ိဳၿမိန္တဲ့အခ်စ္ဇာတ္လမ္းေတာ့ ျဖစ္လာႏိုင္တယ္ ။
အဲ့ဒီေန႔ေနာက္ပိုင္း ရွန္းဝမ္ ေဟာ္ဟန္ကိုစကားမေျပာေတာ့ေပ ။ ေဟာ္ဟန္က သူမကိုေကာင္းေကာင္းဂရုစိုက္ေပးၿပီး ေန႔တိုင္းသူမကိုေကာင္းတဲ့အေၾကာင္းအရာေတြဘဲေျပာျပတယ္ ။ ေဟာ္ထင္ ခြဲစိတ္ဖို႔အဆင္သင့္ျဖစ္တဲ့အထိဒီလိုဘဲဆက္သြားေနခဲ့တယ္။
ရွန္းဝမ္ေဆးစစ္ဖို႔ျပင္ဆင္ေနရၿပီ ၊ ဘာျပႆနာမွမရွိရင္ႏွစ္ရက္အတြင္းမွာခြဲစိတ္လိမ့္မယ္ ။
တကယ္ေတာ့ ဒီကိစၥကတင္းၾကပ္စြာလွ်ိဳ႕ဝွက္ထားခဲ့တာ ၊ ရွန္းဝမ္လိုေသးငယ္တဲ့လူတစ္ေယာက္ကိုဘယ္သူကမ်ားဂရုစိုက္မွာလဲ ။
ဘယ္လိုပဲျဖစ္ျဖစ္ ရွန္းဝမ္က ရင္ေမေခ်ာင္စ္ိတ္ထဲမွာ သံသယအခ်ိဳ႕ခ်န္ထားခဲ့ေလသည္။ ရက္အနည္းငယ္ေလာက္ ရွန္းဝမ္ဆီကဘာသတင္းမွမၾကားရတဲ့အခါ တစ္ခုခုျဖစ္ေနၿပီဆိုတာရင္ေမေခ်ာင္ခံစားမိလာတယ္၊ ေဟာ္မိသားစုရဲ႕ ကိုယ္ပိုင္ေဆးရံုဆီသူမသြားၾကည့္တဲ့အခါမွာေတာ့ အေၾကာင္းအရင္းကို သူမမွန္းဆမိသြားသည္။
ရွန္းဝမ္ သူမရဲ႕ေျခလက္ေတြကိုေဆးရံုကုတင္နဲ႔တြဲခ်ည္ခံထားရတယ္ ။ သူမ အခုေလးတင္ေဆးစစ္ျပီးသြားခဲ့တာ ။

ရင္ေမေခ်ာင္ အရပ္ရွည္ၿပီးသန္မာတဲ့ကိုယ္ရံေတာ္ေတြနဲ႔အတူ ေဆးရံုအခန္းထဲကိုခ်ိဳးဖ်က္ဝင္လာလိုက္တယ္ ။ ရွန္းဝမ္ဟာ ဒီဘဝမွာအသက္ဆက္ရွင္ဖို႔အေၾကာင္းျပခ်က္မရွိေတာ့တဲ့သူလိုမ်ိဳးအမူအရာနဲ႔ရွိေနတယ္။ သူမရဲ႕ေသးငယ္တဲ့မ်က္ႏွာေလးကျဖဴေဖ်ာ့ေနၿပီး ေဆးရံုကုတင္မွာခ်ည္ေႏွာင္ထားခံရေလသည္ ။ သူမ အလြန္အမင္းစိတ္ကုန္ေနပံုရတယ္။
ရင္ေမေခ်ာင္ေဒါသတႀကီး ေဆးရံုကုတင္နားသြားလိုက္ၿပီး '' ကိုယ္မင္းကိုလာကယ္တာ ''
သူမ ရွန္းဝမ္ရဲ႕မ်က္ႏွာေသးေသးေလးကိုထိလိုက္သည္ ၊ သူမရဲ႕ မ်က္ေတာင္ရွည္ရွည္ေတြကသူမမ်က္လံုးထဲကခံစားခ်က္ေတြကိုဖံုးကြယ္ထားေပးခဲ့တယ္။
ပံုမွန္ထက္ညင္သာေနတဲ့ ရင္ေမေခ်ာင္ရဲ႕အသံကို ရွန္းဝမ္ၾကားလိုက္ရသည္။
'' ကိုယ္မင္းကိုေခၚသြားေပးမယ္ ''
သူမတံခါးဖြင့္ဝင္လာၿပီး ရွန္းဝမ္ရဲ႕ျဖဴေဖ်ာ့ေနတဲ့မ်က္ႏွာေလးကိုျမင္လိုက္ရတဲ့အခ်ိန္ကတည္းက တစ္စံုတစ္ခုကသူမႏွလံုးသားထဲကေနခ်ိဳးေဖာက္ထြက္ေပၚလာခဲ့တယ္။
သူမခံစားခ်က္ကိုသူမနားလည္တယ္ ၊
သူမ မတတ္ႏိုင္ဘဲလက္ခံလိုက္ရေတာ့သည္၊
သူမေရွ႕မွာရွိေနတဲ့ ငတံုးမေလးက သူမကိုဆြဲေဆာင္လိုက္ၿပီဘဲ။
ဒီမိန္းကေလးကိုသူမ ႀကိဳက္မိမွေတာ့ သူမေလးကိုခ်စ္ျမတ္ႏိုးၿပီးတန္ဖိုးထားရမယ့္အစား နာက်င္ေအာင္လုပ္တဲ့ ေဟာ္ဟန္လိုေကာင္မ်ိဳးဆီမွာထားခဲ့စရာအေၾကာင္းမရွိဘူး။ သူမေလးကို သူမ( ရင္ေမေခ်ာင္ ) ခ်စ္ျမတ္ႏိုးၿပီးတန္ဖိုးထားေပးမယ္ ၊ သူမေလးကိုကာကြယ္ေပးမယ္ ။ သူမကိုေပ်ာ္ရႊင္စြာၿပံဳးျပၿပီး သူမရဲ႕အလွကိုခ်ီးမႊမ္းတတ္တဲ့မိန္းကေလးက ဒီလိုရက္စက္စြာဆက္ဆံမခံရသင့္ဘူး ။
'' Miss ရင္လား ''
'' အြန္း ကိုယ္ပါ ''
'' ရွင္ဒီကိုဘာလာလုပ္တာလဲ ''
'' မင္းကိုလာေခၚတာ ''
ရွန္းဝမ္ ရင္ေမေခ်ာင္ကိုသနားဖို႔ေကာင္းေအာင္ၾကည့္လိုက္ၿပီး
'' ကၽြန္မမရွိရင္ ေဟာ္ထင္ကဘယ္လိုလုပ္မွာလဲ ၊ ကၽြန္မ မရွိရင္ေဟာ္ထင္ေသလိမ့္မယ္၊ ေဟာ္ထင္ေသသြားရင္ ေဟာ္ဟန္ဝမ္းနည္းရလိမ့္မယ္။ ''
'' မင္းကေရာ ၊ မင္းေသသြားလိမ့္မယ္ ၊ အဲ့ေလာက္ေတာင္ ေဟာ္ဟန္ကိုခ်စ္တာလား ''
'' အြန္း ခ်စ္တယ္ ''
ရင္ေမေခ်ာင္ေလွာင္ရီကာ ရွန္းဝမ္ကို ဝွီးခ်ဲေပၚကိုယ္တိုင္ေရႊ႕ေပးလိုက္သည္။ ရွန္းဝမ္ရဲ႕ေသးသြယ္တဲ့လက္ကလည္း သူမရဲ႕သြယ္လ်တဲ့ခါးကို ျပန္ဖက္ထားကိုေတာ့ သူမသတိမထားမိခဲ့ဘူး။
'' ေဟာ္ဟန္ကျပစ္မွုက်ဴးလြန္ေနတာ ၊ မင္းသူ႔ကိုေထာင္မက်ေစခ်င္ရင္ ကိုယ္ေနာက္လိုက္ခဲ့ '' ဒီငတံုးမေလးကေတာ့ေလ ။
ရွန္းဝမ္ကို ၿခိမ္းေျခာက္ဖို႔ ေဟာ္ဟန္ကိုအသံုးခ်လိုက္ရတာနဲ႔ပတ္သတ္ၿပီးသူမခံစားခ်က္မေကာင္းေပး ။
'' ကၽြန္မကိုေခၚသြားေပးပါ Miss ရင္ '' ရွန္းဝမ္ျမန္ျမန္ဆန္ဆန္ဘဲသေဘာတူလိုက္သည္။
'' ေဟာ္ဟန္ အခုထိကၽြန္မကိုထိခိုက္ေအာင္မလုပ္ရေသးဘူး ၊ အဲ့ဒါေၾကာင့္ သူေထာင္မက်ႏိုင္ပါဘူး ''
ဒါေၾကာင့္ ရွင္ ေဟာ္ဟန္ကိုေထာင္ထဲပို႔ႏိုင္ေအာင္ႀကိဳးစားၿပီးသက္ေသစုေဆာင္းရမယ္ေနာ္ Miss ရင္။
တစ္ဖက္လူကၿခိမ္းေျခာက္ခံေနရတာေတာင္မွျပန္လန္ခုခံမယ့္အရိပ္အေရာင္နည္းနည္းေလးမွမရွိတာနဲ႔ပတ္သတ္ၿပီး ရင္ေမေခ်ာင္အမ်ားႀကီးမေတြးမိေပ။
ဘယ္လိုပဲျဖစ္ျဖစ္သူမေလးကိုေခၚသြားရမယ္။
ရင္ေမေခ်ာင္ ဝီွးခ်ဲကိုတြန္းၿပီးအခန္းျပင္ထြက္လိုက္တဲ့အခါ ျပာႏွမ္းေနတဲ့အထိအရိုက္အႏွက္ခံေနရတဲ့ေဟာ္ဟန္ကိုရွန္းဝမ္ေတြ႕လိုက္ရတယ္။
'' ေဟာ္ဟန္ ကၽြန္မMiss ရင္နဲ႔လိုက္သြားေတာ့မယ္ ၊ ရွင့္ကို Missရင္ ရဲတိုင္ၿပီးေထာင္ထဲပို႔မွာကိုကၽြန္မၾကည့္မေနႏိုင္ဘူး ၊ ကၽြန္မ ရွင့္ကိုတကယ္ခ်စ္တယ္ဆိုတာ ရွင္သတိရေနရမယ္ေနာ္ ''
ရင္ေမေခ်ာင္ ေဒါသထြက္စြာအံႀကိတ္လိုက္မိသည္။
ဘာအခ်စ္လဲ  ဒီဆန္ကုန္ေျမေလးေကာင္ကိုမ်ား ၊ အရူး ။ ေဟာ္ဟန္လွုပ္ခ်င္ေပမယ့္ ကိုယ္ရံေတာ္ေတြရဲ႕ခ်ုဳပ္ထားျခင္းခံရတယ္။
ရွန္းဝမ္ ရင္ေမေခ်ာင္ရဲ႕လက္ကိုလွမ္းဆြဲလိုက္ၿပီး
'' Miss ရင္ ကၽြန္မေတာင္းပန္ပါတယ္ ၊ ေဟာ္ဟန္ကိုထပ္ၿပီးမရိုက္ပါနဲ႔ေတာ့ေနာ္ ''
'' ေကာင္းၿပီေလ မင္းေတာင္းပန္လို႔သူ႔ကိုမ႐ိုက္ေတာ့ပါဘူး''
ရင္ေမေခ်ာင္ ညင္သာစြာၿပံဳးျပလိုက္ၿပီး ကိုယ္ရံေတာ္ေတြဘက္လွည့္ကာအၾကည့္တစ္ခ်က္ေပးလိုက္တယ္။
'' စိတ္မပူပါနဲ႔ ၊ သူမေသႏိုင္ပါဘူး ''
'' Miss ရင္ ရွင္ေဟာ္ဟန္ကိုနာက်င္ေအာင္မလုပ္သေရြ႕ ကၽြန္မရွင့္စကားနားေထာင္မွာပါ ''
ရွန္းဝမ္ဟာ စကားနားေထာင္တဲ့ကေလးေလးနဲ႔တူေနေလသည္။
ရင္ေမေခ်ာင္ရဲ႕မ်က္လံုးေတြခက္ထန္သြားၿပီး ေဟာ္ဟန္ကိုပိုၿပီးရိုက္ႏွက္ဖို႔ကိုယ္ရံေတာ္ေတြကိုတိတ္တဆိတ္အမိန္႔ေပးလိုက္တယ္။
သူမ ရွန္းဝမ္ကိုျပန္ၾကည့္လိုက္တဲ့အခါ ရယ္ေနတဲ့အလားရွန္းဝမ္ရဲ႕ႏွုတ္ခမ္းေထာင့္စြန္းေတြေကာ့တက္ေနတာကိုသတိထားမိသြားတယ္။ သူမမ်က္ေမွာင္က်ဳပ္လိုက္သည္။ ဒီငတံုးမေလးက ဘာကိုရယ္ေနတာလဲ ။

Unicode
--------------

'' ဘာမှမဖြစ်ပါဘူးလို့ ကျွန်မပြောသားဘဲ ။ Miss ရင်ကသာ အစိုးရိမ်လွန်နေတာ ။''
အားလုံးပုံမှန်ဖြစ်နေတဲ့ ဆေးစစ်ချက်ကို ရှန်းဝမ်ကြည့်လိုက်သည်။
မနေ့ကမှ သူမကင်ဆာဆေးတောင့်ကို သောက်ခဲ့တာ ၊ အဲ့ဒါက အခုမှ ခန္ဓာကိုယ်ထဲအမြစ်တွယ်နေတုန်းရှိသေးတာကြောင့် ဘယ်လိုမှရှာမတွေ့နိုင်သေးပေ ။ ကင်ဆာဆဲလ်တွေက စစ်ဆေးကြည့်ဖို့လွယ်တယ် ၊ ဒါပေမယ့် လူအများစုက ကင်ဆာအလယ်အလတ်အဆင့်မှာရှိနေတုန်းမှာ မသိခဲ့ကြပေ ။
'' မင်းရဲ့အသားအရောင်ကြည့်ရတာ သိပ်မကောင်းဘူး '' ရင်မေချောင် စိုးရိမ်နေတာရပ်သွားပြီး ဒီငတုံးမလေးအတွက် သူမစ်ိတ်ပူပေးနေမိတာက ရယ်စရာကောင်းနေတာကိုသတိထားမိသွားသည် ။
'' သွားကြရအောင် ၊ မနက်စာစားဖို့ သွားကြမယ် ။ ''
သေချာတာပေါ့ ရှန်းဝမ်မငြင်းပေ ။
သူမစိတ်ထဲကနေ 188ကိုရှင်းပြလိုက်တယ် ။
[ ငါဆေးစစ်တာကို သူမအဖော်လုပ်ပေးခဲ့တယ်လေ ၊ ဘယ်လိုလုပ်ပြီးငါက သူမ မနက်စာစားတာကိုအဖော်မလုပ်ပေးဘဲနေလို့ရမှာလဲ ။ ဒါကပုံမှန်လောကဝတ်ဘဲမဟုတ်လား။ ]
188 း ချီးကိုဘဲလောကဝတ်လိုက် !
[ 188 း ဝမ်ဝမ် သက်တောင့်သက်သာနေပါ ၊ ငါမင်းအတွက် alarmကိုစောင့်ကြည့်ထားပေးမယ် ။ ]
[ နင်ကအကောင်းဆုံးဆိုတာသိသားဘဲ။ ]
[ 188 : ဝေးဝေးသွားစမ်းပါ! လာပြီးဟန်ဆောင်မနေနဲ့ ၊ ငါ့ကိုဆွဲဆောင်ဖို့မကြိုးစားနဲ့ ၊မင်းစကားတွေကို ငါယုံမှာမဟုတ်ဘူး ။ ငါက ရင်မေချောင်မဟုတ်ဘူး ။ ]
ရင်မေချောင်ကအလုပ်များတဲ့လူတစ်ယောက်ဖြစ်သည်။ သူမ ဒီနေ့နှစ်နာရီတောင်မှအချိန်ဖြုန်းခဲ့မိပြီ ။ မနက်စာစားပြီတာနဲ့ သူမချက်ချင်းထွက်လာလိုက်တယ် ။ သူမ ထွက်မလာခင် အသားပေါက်စီကိုင်ထားတဲ့ ရှန်းဝမ်ကိုသတိပေးခဲ့လိုက်သေးသည် ။
'' ရှန်းဝမ် ''
ရှန်းဝမ် ပါးစပ်ထဲကပေါက်စီကိုအမြန်မြိုချလိုက်ပြီး ။
'' ဘာဖြစ်လို့လဲ Miss ရင် ''
'' ဟော်ဟန်က မင်းအပေါ်စိတ်ရင်းမဟုတ်ဘူး ''
ဟော်ထင်အတွက် ဟော်ဟန်အရမ်းစိုးရိမ်နေတာကို သူမသတိရသွားပြီး ထပ်ပြီးဒေါသထွက်လာမိသည် ။
'' ကိုယ် မင်းကိုနောက်တစ်ကြိမ်ထပ်ပြီးသတိပေးမယ် ၊ သူမင်းကိုမကြိုက်ဘူး။ သူ့ရည်ရွယ်ချက်ကဘာလဲဆိုတာတော့ကိုယ်မသိဘူး၊ ကိုယ်တို့သိကြလို့သာ မင်းကိုစေတနာနဲ့သတိပေးတာ ၊ မင်းတတ်နိုင်သမျှမြန်မြန်သူနဲ့လမ်းခွဲလိုက်တော့ ။ ''
'' Miss ရင်ရဲ့ ကြင်နာမှုအတွက်ကျေးဇူးတင်ပါတယ် ၊ ကျွန်မနဲ့ ဟော်ဟန်အဆင်ပြေသွားမှာပါ ၊ သူ ကျွန်မကိုကောင်းကောင်းဆက်ဆံပါတယ် ၊ သူ အခုကျွန်မကိုလျစ်လျူရှုထားတာကလည်း ဟော်ထင်နေမကောင်းလို့လေ သူမကသေသွားနိုင်တယ် ။'' သူမ ဝမ်းနည်းစွာဆက်ပြောလိုက်သည် '' အားလုံးက ကျွန်မအမှားတွေပါ ၊ ဘာလို့များ ကျွန်မမှာကျောက်ကပ်တစ်ခုဘဲရှိနေရတာလဲ ၊ ဆေးစစ်ချက်ကကိုက်ညီတာတောင်မှ ဟော်ထင်ကို အစားထိုးမပေးနိုင်ဘူး ''
ရင်မေချောင်ရဲ့မျက်လုံးတွေကျဉ်းမြောင်းသွားသည်။
ကျောက်ကပ်တစ်ခုထဲလား ? ကိုက်ညီတဲ့ဆေးစစ်ချက်.....
ပြဿနာရဲ့အဓိကအချက်ကိုသူမသဘောပေါက်သွားခဲ့သည် ။ ရှန်းဝမ်ကို ဟော်ဟန်မကြိုက်ပေမယ့် သူမနဲ့ အတူရှိပေးနေတုန်းဘဲ၊ အဲ့ဒါက ဟော်ထင်အတွက်လား ။
188 း ........ဒါက တမင်တကာပြောလိုက်တာလား ဒါမှမဟုတ် မတော်တဆပြောထွက်သွားတာလား
'' ကိုယ်အရင်ပြန်နှင့်မယ် ''
'' ဂရုစိုက်ပြန်ပါ Miss ရင် ၊ ရှင်ပြုံးလိုက်ရင် အရမ်းကြည့်ကောင်းတာ၊ ရှင် ဘာကြောင့်ဘဲဒေါသထွက်နေတာဖြစ်ဖြစ် ရှင့်အစာအိမ်ကိုတော့ မထိခိုက်စေနဲ့နော်၊ ရှင်ရယ်လိုက်ရင် ဒေါသထွက်တော့မှာမဟုတ်ဘူး ။ ''
ရင်မေချောင် ကားတံခါးဖွင့်လိုက်တဲ့အခါ သူမကိုချီးမွမ်းတဲ့စကားတွေပြည့်နေတဲ့ နှစ်လိုဖွယ်ကောင်းတဲ့အသံဖျော့ဖျော့ဟာ သူမရဲ့နောက်ဖက်ကနေထွက်ပေါ်လာခဲ့သည် ။ အဲ့ဒါက သူမစိတ်အခြေအနေကိုကောင်းသွားစေတာကြောင့်မရည်ရွယ်ဘဲပြုံးလိုက်မိသည်။ဒါပေမယ့် ဒီငတုံးမလေးနဲ့အတူရှိနေရတဲ့ ဟော်ဟန်ရဲ့ဖုံးကွယ်ထားတဲ့ရည်ရွယ်ချက်ကိုစဉ်းစားမိတဲ့အခါ သူမ မပျော်တော့ပေ ။

ရှန်းဝမ် ဆေးရုံကိုပြန်လာလိုက်တယ် ။
ဟော်ဟန်က ကုတင်ဘေးမှာထိုင်နေပြီး ဟော်ထင်ကိုနှစ်သိမ့်ပေးနေလေသည် ။ သူတို့နှစ်ယောက်မှာ တစ်ခုခုရှိနေတယ်ဆိုတာကို အရူးတွေတောင်မှမြင်နိုင်တယ် ။ သူမ မသိချင်ယောင်ဆောင်ကာ သူတို့နှစ်ယောက်ကိုနှုတ်ဆက်လိုက်သည်။
ဟော်ထင်တစ်ယောက် သိသိသာသာမျက်နှာပျက်သွားခဲ့လေသည် ။
သူမစိတ်ထဲမှာ ဟော်ဟန်ကသူမတယောက်တည်းအပိုင်ဖြစ်သည် ။ ရှန်းဝမ် ပေါ်လာတဲ့အချိန်ကစပြီး ဟော်ဟန်ကိုအလုခံရလိမ့်မယ်လို့ သူမအမြဲခံစားနေရတာ။ အဲ့ဒီအတိုင်းဘဲ ရှန်းဝမ်ဟာ ဟော်ဟန်ရဲ့ချစ်သူဖြစ်လာခဲ့တယ် ။ သူမအတွက်ဆိုရင်တောင်မှ သူ့ကို ရှန်းဝမ်နဲ့အတူရှိနေတာသူမ မမြင်ချင်ပေ ။
သူမ မသေချင်သေးဘူး ၊ သူမသေသွားခဲ့ရင် သူမရဲ့ကိုကို ကိုဒီကမ္ဘာကြီးထဲမှာတစ်ယောက်တည်းချန်ထားခဲ့ရလိမ့်မယ်။ နောက်ဆိုကိိုကိုက ရှန်းဝမ်ကိုတကယ်ကြိုက်သွားနိုင်တာဘဲမလား ။ အဲ့ဒါကြောင့် သူမသေလို့မဖြစ်ပေ ။ ကိုကိုနဲ့ပူးပေါင်းပြီးသူမရောဂါကိုကုသရမယ် ။
သူမနဲ့ ကိုက်ညီတဲ့ ကျောက်ကပ်ကို ကိုကိုရှာတွေ့ထားပြီးပြီး ၊ သူမ ရှန်းဝမ်ကိုထပ်ပြီးမလိုအပ်တော့ပေ။
သူမ ရှန်းဝမ်ကိုမြင်တဲ့အခါ ဟော်ဟန်ရဲ့ရင်ခွင်ထဲပစ်ဝင်လိုက်ပြီး ဝမ်းနည်းစွာစတင်ငိုကြွေးလိုက်တယ်။
ဟော်ဟန်က ရှန်းဝမ်နဲ့ စကားပြောချင်နေတာ ၊ ဒါပေမယ့် ဟော်ထင်က သူ့ရင်ခွင်ထဲမှာ အရမ်းနာကျင်နေရသလိုမျိုး ငိုနေတာကြောင့် သူ ဆရာဝန်အမြန်ခေါ်လိုက်ပြီး ထိတ်ထိတ်ပျာပျာနဲ့ ဘယ်နေရာကမသက်မသာဖြစ်နေတာလဲဆိုတာမေးလိုက်သည်။
'' ကိုကို ညီမလေးတကိုယ်လုံး နေရာတိုင်းနာနေတာ ''
ဟော်ထင်ရဲ့ခါးကို ဟော်ဟန်ဖက်လိုက်တယ်။
'' ကိုကို စိတ်မပူပါနဲ့ ဒီအတိုင်းလေးဘဲဖက်ထားပေးပါ ၊ အဲ့ဒါဆိုမနာတော့ဘူး ''
ရှန်းဝမ် ဟော်ထင်ပြောတာကို နားထောင်ပြီး အတွင်းမှာကြိတ်ပျော်နေလေတယ်။ ဇာတ်လိုက်မင်းသားရဲ့ ရင်ခွင်ကအဲ့လောက်ထိတောင်အစွမ်းထက်တာလား ၊ နာကျင်တာကိုတောင်သက်သာစေနိုင်တယ် ။
'' ထင်ထင် ဆရာဝန်ကို မင်းအတွက် အကိုက်အခဲပျောက်ဆေးပေးစေချင်လား '' အရမ်းစိုးရိမ်နေတဲ့မျက်နှာနဲ့ ရှန်းဝမ်မေးလိုက်တယ်။
'' ဆေးတလုံးလောက်ထိုးလိုက်ရင် နာတော့မှာမဟုတ်ဘူး၊ တလုံးတည်းနဲ့ မသက်သာရင် နှစ်လုံးဆို သေချာပေါက်နာတာသက်သာသွားလိမ့်မယ် ။ ''
188 း .......
ဟော်ထင်အေးခဲသွားကာ ဟော်ဟန်ကခေါင်းငြိမ့်လိုက်တယ် ။
'' ထင်ထင် ဆရာဝန်ကိုမေးကြည့်ရအောင် ''
'' ဟင့်အင်း ကိုကို ညီမလေးဆေးထိုးမခံချင်ဘူး ''
ဟော်ထင်နှုတ်ခမ်းဆူပြီး ဟော်ဟန်ကိုဖက်လိုက်ကာ လေသံတိုးတိုးလေးနဲ့ပြောလိုက်တယ် ။
'' ညီမလေးက ကိုကိုနဲ့ နှစ်ယောက်တည်းရှိနေချင်ရုံပါ ၊ ကိုကို ကိုဆုံးရှုံးရမှာ ညီမလေးတကယ်ကြောက်တယ် ။ ''
'' ဒါဆို ကျွန်မအရင်ပြန်နှင့်မယ်လေ '' ရှန်းဝမ်ဝမ်းနည်းစွာ သက်ပြင်းချလိုက်ပြီး '' ရှင် ထင်ထင်ကို နှစ်သိမ့်ပေးလိုက်ပါ ၊ သူမက ခွဲစိတ်ရတော့မှာ ဒါပေမယ့် သူမ စိတ်အခြေအနေကသိပ်ကောင်းပုံမရဘူး ၊ လူနာက ဒီလိုအခြေအနေမျိုးဆို ခွဲစိတ်တာအလွယ်တကူကျရှုံးတတ်တယ်လို့ ကျွန်မကြားဖူးတယ် ''
ရှန်းဝမ်ရဲ့ စကားတွေက ဟော်ထင်ကိုကြောက်လန့်သွားစေပြီး သူမ အငိုတိတ်သွားခဲ့သည်။
ခွဲစိတ်မှုအတွက် လိုအပ်နေသေးတဲ့အရာကို ဟော်ဟန်သတိရသွားကာ
'' ထင်ထင် လိမ္မာပါကွာ ၊ ကိုကို ရှန်းဝမ်ကိုလိုက်ပို့လိုက်အုံးမယ် ။ ''
သူ့မှာတခြားရွေးချယ်စရာမရှိတော့ဘူး၊ မခွဲစိတ်ရသေးခင် ဘယ်အရာကိုမှသူအမှားမခံနိုင်ပေ ။
'' ဝမ်ဝမ် ထင်ထင်ကိုစိတ်မဆိုးပါနဲ့ကွာ ၊ သူမလေးကဒီအတိုင်းပြောလိုက်တာပါ ၊ သူမ နေမကောင်းလို့ စိတ်အခြေအနေက သိပ်ပြီးမတည်ငြိမ်ဘူးလေ၊ မင်းဒီလို အခြေအနေနဲ့ကြုံရလို့ ကိုယ်တောင်းပန်ပါတယ် ။ ''
ရှန်းဝမ် ဟော်ဟန်ကို သေချာကြည့်လိုက်တယ် ။ ဟော်ဟန် လိပ်ပြာမလုံတဲ့စိတ်ကြောင့် သူမကိုတည့်တည့်မကြည့်ရဲဖြစ်နေတာကို သူမသဘောကျသည် ။
သူမနူးညံ့စွာပြန်ပြောလိုက်တယ် ။
'' ကိစ္စမရှိပါဘူး ၊ ကျွန်မ နားလည်ပါတယ် ၊ ထင်ထင်က ရှင့်ရဲ့ညီမလေးဘဲလေ ပြီးတော့ အခုက သူမအတွက်အခက်အခဲဆုံးအချိန်မဟုတ်လား ၊ ကျွန်မက ကျန်းမာပြီး လူနာမှမဟုတ်တာ ၊ ဘာလို့ ဒီလိုသေးငယ်တဲ့ အရာတွေကိုဂရုစိုက်နေရမှာလဲ ၊ သူမ မြန်မြန်သက်သာလာဖို့ကျွန်မမျော်လင့်ပါတယ် ။ ''
ရှန်းဝမ် ဒီလောက်ထိနားလည်မှုရှိလိမ့်မယ်လို့ ဟော်ဟန်မမျှော်လင့်ထားခဲ့ပေ ။ သူမရဲ့မျက်လုံးတွေက သန့်ရှင်းနေပြီး အချစ်တွေနဲ့ ပြည့်နေလေတယ် ။ ဒီလို ရိုးစင်းတဲ့ချစ်ခြင်းက သူ့ကို စိတ်မကောင်းဖြစ်စေပြီး ရှက်စိတ်ဝင်စေသည် ။
'' ကိုယ်နှစ်ရက်အတွင်းမင်းကိုကောင်းကောင်းအဖော်ပြုပေးပါ့မယ် ''
'' ထင်ထင်ကိုသာအဖော်ပြုပေးလိုက်ပါ ၊ သူမက အခုချိန်မှာရှင့်ကိုလိုအပ်နေတာလေ ၊ အနာဂတ်မှာ ကျွန်မတို့အတွက်အချိန်တွေအများကြီးရှိပါသေးတယ် ။''
သူ ရှန်းဝမ်ပြောတာကြားတဲ့အခါ ဖြစ်ပေါ်လာတဲ့သူရဲ့ခံစားချက်ကိုမျိုသိပ်ထားဖို့ အရမ်းခက်ခဲသည် ။
သူတို့မှာ အချိန်မရှိတော့ဘူး ။ ရှန်းဝမ် မဟုတ်ရင် ဟော်ထင် သူတို့နှစ်ယောက်ထဲက တစ်ယောက်ပဲအသက်ရှင်နိုင်လိမ့်မယ် ။
သူတို့ ပထမဆုံးတွေ့တဲ့ အချိန်ကိုသူမှတ်မိသေးတယ် ၊ အဲ့ဒီအချိန်တည်းက သူမကဒီပုံစံအတိုင်းလေးဘဲ ၊ကြင်နာပြီး ဖြူစင်တယ် ၊ မင်းကသာ သူမအပေါ်ကောင်းရင် သူမက မင်းကိုယုံကြည်လိမ့်မယ် ။
'' မဟုတ်တာ ကိုယ်မင်းနဲ့ အချိန်တချို့အတူရှိပေးမယ် ၊ ကိုယ်မင်းနဲ့အတူရှိနေမပေးနိုင်တာလည်းကြာပြီမဟုတ်လား ။ ''
ရှန်းဝမ်စိတ်ထဲမှာတော့ အန်နေလေပြီ ၊ ဘယ်လိုလုပ်ပြီးသူမကိုကောင်းကောင်းအဖော်ပြုပေးနိုင်မှာလဲ ၊ သူကအမြဲသူမရဲ့ ကျောက်ကပ်အကြောင်းဘဲစဉ်းစားနေတာလေ ။
ဟော်ဟန်က သူမကိုအဖော်လုပ်ပေးဖို့စိတ်အားထက်သန်နေတာကြောင့် သူမကလည်းဆက်ပြီးငြင်းမနေတော့ဘူး ။ သူမကိုယ်ထဲက ကင်ဆာဆဲလ်တွေကနောက်အပတ်လောက်ဆိုရှာတွေ့နိုင်လိမ့်မယ် ၊ ဟော်ဟန်က ဟော်ထင်ကိုအရမ်းဂရုစိုက်တာ ၊ မခွဲစိတ်ခင် သူမတို့နှစ်ယောက်ကိုသူသေချာပေါက်ဆေးစစ်ကြည့်အုံးမှာဘဲ။
ရှန်းဝမ် ပျော်ရွှင်စွာထွက်သွားတာကို မြင်တဲ့အခါ ဟော်ဟန်စိတ်ရှုပ်ထွေးသွားလေသည် ။ ဟော်ထင်ဆီပြန်ရောက်တဲ့အချိန်ထိ သူစိတ်နဲ့ကိုယ်နဲ့မကပ်သေးပေ။
အဆုံးမှာတော့ သူက ဖြူစင်ပြီးကြင်နာတဲ့နှလုံးသားရှိတဲ့ကောင်မလေးကို လိမ်ညာလှည့်စားပြီး သူမရဲ့ဘဝကိုဖျက်ဆီးပစ်နေတာဘဲ။
တစ်ခုခုကမှားနေတယ်လို့ ဟော်ထင်ခံစားမိတယ်
ဒီရက်တွေအတွင်း သူမ ဟော်ဟန်အပေါ်မှာလုံးဝမှီခိုနေမိတယ် ၊ သူ ကုမ္ပဏီမှာအလုပ်ရှိနေတယ်ဆိုပြီးအကြောင်းပြကာ ရှန်းဝမ်နဲ့သွားသွားတွေ့နေပေမယ့်လည်း သူ သူမကိုရက်အတော်ကြာအဖော်လုပ်ပေးတဲ့အခါမှာတော့ သူမစိတ်အေးသွားမိသည် ။

တခြားဖက်မှာတော့ ရင်မေချောင်ဟာဒီအတိုင်းဘဲထိုင်မနေခဲ့လေဘူး
အဲ့ဒီနေ့ သူမ ရှန်းဝမ်ဆီကထွက်လာပြီးတဲ့နောက် သူမဟော်ဟန်ကိုလျှို့ဝှတ်ပြီးစုံးစမ်းနေခဲ့တာ ၊ သက်သေတွေအားလုံးက ဟော်ထင်ကိုကျောက်ကပ်ပေးအောင်လို့ ရှန်းဝမ်ကို ဟော်ဟန်ချဉ်းကပ်ခဲ့တယ်ဆိုတာပြနေတယ်။
အစတုန်းကတော့သူမဒေါသထွက်မိတယ် ဒါပေမယ့် ရှန်းဝမ်မှာကျောက်ကပ်တစ်ခုဘဲရှိတာကိုသတိရသွားတဲ့နောက်မှာတော့ သူမ မရယ်မိဘဲမနေနိုင်ပေ ။ ငတုံးမလေးက ကံတော့ကောင်းရှာသား ။
'' Miss ရင် ဟော်ထင်အတွက်ကိုက်ညီတဲ့ကျောက်ကပ်ကို ဟော်ဟန်ရှာတွေ့သွားပြီ ၊ တလအတွင်းမှာခွဲစိတ်မှာပါ ၊ အဲ့ဒီအချိန်ဆို ဟော်ဟန်က ပြန်ပြီးတိုက်ခိုက်နိုင်အုံးမှာမဟုတ်ဘူး ''
ရင်မေချောင် : '' ငါသိပြီ ၊ ရှန်းဝမ်အခုတလောဘာလုပ်နေလဲ ''
'' သူမက ဟော်ဟန်နဲ့အချိန်တော်တော်များများအတူရှိနေပါတယ် ၊ သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကတော်တော်လေးကောင်းပုံရတယ် ၊ ဟော်ဟန်ကိုတိုက်ခိုက်ဖို့အတွက် ရှန်းဝမ်ကိုအသုံးချမလို့လား ''
ရင်မေချောင်ဒေါသတကြီးပြောလိုက်တယ်
'' အဲ့လိုကိစ္စမျိုးမရှိဘူး ၊ ဟော်မိသားစုကိုဖျက်ဆီးပစ်ဖို့နည်းလမ်းအများကြီးရှိတယ် ၊ အပြစ်မရှိတဲ့လူတွေကို ဆွဲထည့်စရာလိုအပ်ဘူး ။ ''
အရင်ကသူမနဲ့ ဟော်ဟန်ကိုတွဲပေးဖို့စီစဉ်ခဲ့တဲ့ သခင်မဟော်အကြောင်းစဉ်းစားလိုက်မိတယ် ။ ရင်မိသားစုမှာ သမီးတစ်ယောက်တည်းရှိတာကိုတွေ့တဲ့အခါ သခင်မဟော်က သူမတို့မိသားစုတစ်ခုလုံးကိုမျိုချချင်နေတာ၊ အဲ့ဒါကအရမ်းရယ်စရာကောင်းတာဘဲ ။

ရှန်းဝမ်ကို ရိုမန့်တစ်ဆန်တဲ့ညစာစားဖို့ ဟော်ဟန်ထပ်ပြီးခေါ်သွားပေးတယ် ၊
'' ဝမ်ဝမ် အရင်တစ်ခါက ကိုယ်မင်းကိုထားသွားခဲ့မိတယ် ၊ ဒီတစ်ခါက ကိုယ်မင်းကိုအစားပြန်ပေးတာ ''
'' ဒီလိုလုပ်ပေးဖို့ တကယ်မလိုအပ်ပါဘူး ဟော်ဟန် ''
'' လိုအပ်တာပေါ့ကွာ '' ဟော်ဟန်လျှင်မြန်စွာပြောလိုက်ပြီး အပျော်တွေပြည့်နေတဲ့မျက်နှာနဲ့ရှန်းဝမ်သူ့ကိုမော့ကြည့်လာလေသည် ။
မသက်မသာဖြစ်နေတဲ့စိတ်ကိုသူမျိုသိပ်လိုက်ပြီး
'' ဝမ်ဝမ် မင်း နားလည်ပေးတာကိုကျေးဇူးတင်တဲ့အနေနဲ့ ကိုယ်ဒီည မင်းနဲ့အတူသောက်ပေးမယ် ''
တောင်းပန်ပါတယ် ကိုယ့်အတွက်မင်းရဲ့အသက်ကိုကိုယ်ယူရလိမ့်မယ် ။
ရှန်းဝမ်ရဲ့မျက်နှာကသွေးမရှိဘဲ ဖြူဖျော့နေတာကိုဟော်ဟန်သတိမထားမိလေဘူး။ သူမရဲ့နှုတ်ခမ်းနီကိုသာသုတ်ပစ်လိုက်ရင် နှုတ်ခမ်းအရောင်ကသေချာပေါက်ကိုပုံမှန်ဖြစ်နေမှာမဟုတ်ပေ ။
ညစာစားနေတုန်းမှာ အမြဲကောင်းကောင်းစားပြီး အစာမရွေးတတ်တဲ့ရှန်းဝမ်က နှစ်လုတ်လောက်ဘဲစားတာကိုတွေ့ပေမယ့်လည်း သူဂရုမစိုက်မိ ၊ သူ့အာရုံက ရှန့်ဝမ်ရှေ့မှာသူချပေးထားတဲ့ဝိုင်ခွက်အပေါ်တွင်သာရှိနေလေသည်။
သူ ဝိုင်ထဲမှာ ရှန်းဝမ်ကိုအိပ်ပျော်သွားစေမယ့်ဆေးခတ်ထားခဲ့တာ။ ဆယ်မိနှစ်ကြာပြီးနောက်မှာတော့ ရှန်းဝမ်အိပ်ပျော်သွားလေသည် ။ သူ့ပြတ်သားစွာ ရှန်းဝမ်ကိုပြန်ပေးဆွဲခဲ့ပြီးတာတောင်မှ သူ့စိတ်ထဲမှာရှုပ်ထွေးနေသေးသည် ။
တကယ်တော့ ရှန်းဝမ်ဟာ သတိရှိနေခဲ့သည် ၊ သူ့လုပ်ရပ်ကိုမြင်တဲ့အခါ အကြိမ်ပေါင်းတထောင်လောက်သူမစိတ်ထဲကနေကျိန်ဆဲနေလိုက်တယ် ။
[188ရေ မချိုမြိန်လာနိုင်တော့ဘူးဟ ]
ရင်မေချောင်သိသွားပြီလား ၊ သိသွားရင်ရော သူမကိုလာပြီးကယ်ပါ့မလား ။

ရှန်းဝမ်ကို ဟော်မိသားစုရဲ့ကိုယ်ပိုင်ဆေးရုံဆီ ဟော်ဟန်ခေါ်သွားခဲ့တယ် ။ အပြစ်ရှိတဲ့စိတ်ကြောင့် ရှန်းဝမ်ရဲ့ကုတင်ဘေးမှာဟော်ဟန်တစ်ညလုံးထိုင်နေခဲ့မိသည်။
မနက် ရှန်းဝမ်နိုးလာတဲ့အခါ သူမရဲ့ခြေလက်တွေကဆေးရုံကုတင်မှာချည်နှောင်ထားခံရပြီး ဟော်ဟန်ကစိတ်ရှုပ်ထွေးနေတဲ့အမူအရာနဲ့ သူမကိုကြည့်နေခဲ့တယ် ။
သူမ ကြောင်နေပြီး ဖြူဖျော့နေတဲ့သူမရဲ့နှုတ်ခမ်းတစ်စုံဟာတုန်ယင်နေခဲ့တယ် ။
'' ဘာတွေဖြစ်နေတာလည်း ဟော်ဟန် ''
'' တောင်းပန်ပါတယ် ဝမ်ဝမ် ''
ဟော်ဟန် သူ့မျက်နှာမှာ နာကျင်နေတဲ့အမူအရာမပေါ်အောင်ဖုံးကွယ်မထားနိုင်ခဲ့ဘူး ၊ သူ ရှန်းဝမ်ရဲ့လက်ကိုဆုပ်ကိုင်လိုက်ပြီး
'' ကိုယ် ထင်ထင်ကိုအဆုံးရှုံးမခံနိုင်ဘူး ၊ ကိုယ်တောင်ပန်းပါတယ် ၊ ကိုယ် ထင်ထင်ကိုတကယ်အဆုံးရှုံးမခံနိုင်လို့ပါ ၊ ထင်ထင်က ကိုယ့်အတွက်တော့တကယ်အရေးကြီးတယ်"
''အဲ့ဒီတော့.. ''
'' ထင်ထင်ရဲ့သွေးအမျိုးအစားကထူးခြားတယ် ၊ အချိန်အကြာကြီးရှာခဲ့တာတောင်မှ မင်းကကိုယ်ရှာတွေ့တဲ့သူမနဲ့ကိုက်ညီတဲ့တစ်ဦးတည်းသောသူဘဲ ။ "
ရှန်းဝမ် ဟော်ဟန်ကိုကြောင်ကြည့်နေရင်းပြောလိုက်တယ်
" ကျွန်မမှာ ကျောက်ကပ်တစ်ခုဘဲရှိတာလေ ဟော်ဟန် '' '' ကိုယ်သိတယ် တောင်းပန်ပါတယ်.. ''
သူ အခြေအနေကို ဆက်ပြီးထိန်းချုပ်လို့မရတော့ဘူး ။ ရှန်းဝမ်ကိုစဉ်းစားမိရင် သူ့စိတ်ထဲမှာထူးဆန်းတဲ့ခံစားချက်ဖြစ်ပေါ်လာတယ်ဆိုပေမယ့် အဲ့ဒါက အခုချိန်မှာအရမ်းနောက်ကျသွားခဲ့ပြီ ။ အဲ့ခံစားချက်က သူ့ဘဝမှာ ဟော်ထင်ရဲ့တည်ရှိမှုကဘယ်လောက်တောင်အရေးကြီးလဲဆိုတာနဲ့ နှိုင်းယှဉ်လို့တောင်မရနိုင်ဘူး ။
သူ ရှန်းဝမ်ရဲ့အမူအရာကိုစောင့်ကြည့်နေခဲ့တာ၊ သူမ ငိုယိုပြီး သူ့ကိုကျိန်ဆဲလာမှာကို သူစောင့်နေခဲ့တယ် ။ ဒါပေမယ့် ငါးမိနစ်ကြာပြီးတာတောင်မှ သူမကငေးကြောင်နေတုန်းဘဲ ၊ သစ္စာဖောက်ခံလိုက်ရတဲ့ ထိတ်လန့်မှုကနေသူမရုန်းမထွက်နိုင်သေးဘူး ။ သူ ခဏလောက် ဘာပြောရမှန်းမသိဖြစ်သွားမိတယ်။
'' ဟော်ဟန် ''
'' ဝမ်ဝမ် မင်းကိုယ့်ကိုရိုက်နှက်ပြီး ကျိန်ဆဲလို့ရတယ် ၊ မင်းအတွက် အန်တီကိုကိုယ်စောင့်ရှောက်ပေးမှာပါ ၊ မင်းရဲ့ဘယ်ဆန္ဒကိုမဆိုကိုယ်ဖြည့်စည်းပေးမှာပါ ။ ''
ရှန်းဝမ် ဟော်ဟန်ကိုတည်ငြိမ်စွာကြည့်လိုက်ပြီး
'' ကျွန်မရဲ့ဆန္ဒကအသက်ရှည်ရှည်နေဖို့ဘဲ ရှင်ဖြည့်စည်းပေးနိုင်မလား ''
188 း .....
'' တောင်းပန်ပါတယ် ဝမ်ဝမ် ''
'' ထားလိုက်ပါတော့ '' ရှန်းဝမ်ဝမ်းနည်းစွာပြောလိုက်သည် '' ဘယ်သူကများကျွန်မကို ရှင့်ကိုအရမ်းချစ်ဖို့ပြောခဲ့လို့လဲ၊ ရှင်လိုချင်တယ်ဆိုမှတော့လည်း ယူသွားလိုက်ပါ ''
188 း .....
ဟော်ဟန် ကြောင်သွားသည်။ ရှန်းဝမ်ဘာပြောလိုက်တာလဲ ၊ သူ့လိုချင်နေတယ်ဆိုရင် ယူသွားခွင့်ပေးတာလား ။
'' အစတုန်းက ရှင်ကျွန်မကိုကူညီပေးခဲ့တယ် ၊ အချစ်ခံရပြီး ဂရုစိုက်ခံရတဲ့ ခံစားချက်ကို ရှင်ကြောင့်ကျွန်မသိလာရတာ ၊ ကျွန်မကရှင့်ကို ဘာမှပြန်မပေးနိုင်ဘူး ၊ ကျွန်မရဲ့ကျောက်ကပ်ကိုရှင်လိုချင်တယ်ဆိုမှတော့လည်း ယူသွားလိုက်ပါ''
ပြီးတာနဲ့ ရှန်းဝမ် မျက်စိမှိတ်လိုက်ပြီး စကားမပြောတော့ပေ ။
ဟော်ဟန် ကုတင်ဘေးမှာထိုင်ပြီးဝေခွဲမရတဲ့သူ့ခံစားချက်တွေနဲ့ အလုပ်ရှုပ်နေသေးတာတောင်မှ ရှန်းဝမ် နည်းနည်းလေးတောင်ဂရုမစိုက်တော့ ။
[ 188 း ဝမ်ဝမ် ဒီလိုပြောလိုက်တာက နည်းနည်းလေးမကောင်းဘူးလားလို့ ၊ ဒါကမချိုမြိန်ဘူးလေ]
[ စဉ်းစားကြည့် အချိုမတိုင်ခင်အခါးလာရတယ် ၊ငါသာပြဿနာရှာလိုက်ရင် သူကပိုပြီးတောင် ဆုံးဖြတ်ချက်ခိုင်မာသွားမှာ ၊ ငါ သူ့ကိုချစ်လို့ ငါ့မှာရှိတဲ့ တစ်ခုတည်းသောကျောက်ကပ်ကိုတောင်ပေးနိုင်တယ်ဆိုတာ သူ့ကိုပြတာလေ ၊ သူ့ စိတ်ထဲမှာအပြစ်ရှိသလိုခံစားရပြီးမသက်မသာဖြစ်နေလိမ့်မယ် ၊ သူ မခွဲစိတ်ခင်ငါ့ကိုဆေးစစ်ကြည့်တဲ့အခါကျ ငါကကင်ဆာဖြစ်နေတယ် ဟား ဟား ဟား ဟား... ဘာဆက်ဖြစ်မယ်ထင်လဲ 188 ]
[ 188 း သူစိတ်ပျက်သွားလိမ့်မယ် ၊ ဟော်ထင်ရော မင်းရောဘယ်သူမှအသက်မရှင်နိုင်ဘူး ]
[ နင် မှတ်ဉာဏ်မကောင်းတော့ဘူးဘဲ 188 ၊ ဇာတ်လမ်းထဲမှာ ခွဲစိတ်ပြီးတဲ့နောက်မှ သူ ဟော်ထင်နဲ့ကိုက်ညီတဲ့ကျောက်ကပ်ရှာတွေ့ခဲ့သေးတယ်လို့မဖော်ပြထားဘူးလား ၊ အဲ့ဒါကြောင့် ဟော်ထင်ကခွဲစိတ်တာအောင်မြင်ပြိးအသက်ရှင်လိမ့်မယ် ၊ ပြီးရင် သူ ငါ့ကိုကယ်ဖို့ နည်းလမ်းရှာရလိမ့်မယ် ]
[ 188 : မင်းကကုလို့မရတဲ့ရောဂါနဲ့သေရတော့မယ် ၊ သူမင်းကိုချစ်နေတာကိုနားလည်သွားပြီး မင်းကိုနေ့တိုင်း ဂရုစိုက်ပေးလိမ့်မယ် ၊ နောက်ကျ မင်းကအံ့သြဖို့ကောင်းလောက်အောင်ပြန်သက်သာလာလိမ့်မယ် ၊ ဒါဆိုမင်းတို့နှစ်ယောက်အတူရှိသွားလို့ရပြီး ချိုမြိန်တဲ့အဆုံးသတ်ဖြစ်သွားလိမ့်မယ် ]
[ ဟုတ်တယ် ဟုတ်တယ် အဲ့လိုမျိုးဘဲ ]
အဲ့ဒါဖြစ်နိုင်တယ်လို့ 188ထင်သည်။ ဒါက ရက်စက်နေပြီးဖြစ်တာကြောင့် ဖြူစင်ပြီးချိုမြိန်တဲ့အချစ်ဇာတ်လမ်းတော့ဖြစ်မလာနိုင်ဘူး ၊ ကြမ်းတမ်းပြီးချိုမြိန်တဲ့အချစ်ဇာတ်လမ်းတော့ ဖြစ်လာနိုင်တယ် ။
အဲ့ဒီနေ့နောက်ပိုင်း ရှန်းဝမ် ဟော်ဟန်ကိုစကားမပြောတော့ပေ ။ ဟော်ဟန်က သူမကိုကောင်းကောင်းဂရုစိုက်ပေးပြီး နေ့တိုင်းသူမကိုကောင်းတဲ့အကြောင်းအရာတွေဘဲပြောပြတယ် ။ ဟော်ထင် ခွဲစိတ်ဖို့အဆင်သင့်ဖြစ်တဲ့အထိဒီလိုဘဲဆက်သွားနေခဲ့တယ်။
ရှန်းဝမ်ဆေးစစ်ဖို့ပြင်ဆင်နေရပြီ ၊ ဘာပြဿနာမှမရှိရင်နှစ်ရက်အတွင်းမှာခွဲစိတ်လိမ့်မယ် ။
တကယ်တော့ ဒီကိစ္စကတင်းကြပ်စွာလျှို့ဝှက်ထားခဲ့တာ ၊ ရှန်းဝမ်လိုသေးငယ်တဲ့လူတစ်ယောက်ကိုဘယ်သူကများဂရုစိုက်မှာလဲ ။
ဘယ်လိုပဲဖြစ်ဖြစ် ရှန်းဝမ်က ရင်မေချောင်စ်ိတ်ထဲမှာ သံသယအချို့ချန်ထားခဲ့လေသည်။ ရက်အနည်းငယ်လောက် ရှန်းဝမ်ဆီကဘာသတင်းမှမကြားရတဲ့အခါ တစ်ခုခုဖြစ်နေပြီဆိုတာရင်မေချောင်ခံစားမိလာတယ်၊ ဟော်မိသားစုရဲ့ ကိုယ်ပိုင်ဆေးရုံဆီသူမသွားကြည့်တဲ့အခါမှာတော့ အကြောင်းအရင်းကို သူမမှန်းဆမိသွားသည်။
ရှန်းဝမ် သူမရဲ့ခြေလက်တွေကိုဆေးရုံကုတင်နဲ့တွဲချည်ခံထားရတယ် ။ သူမ အခုလေးတင်ဆေးစစ်ပြီးသွားခဲ့တာ ။

ရင်မေချောင် အရပ်ရှည်ပြီးသန်မာတဲ့ကိုယ်ရံတော်တွေနဲ့အတူ ဆေးရုံအခန်းထဲကိုချိုးဖျက်ဝင်လာလိုက်တယ် ။ ရှန်းဝမ်ဟာ ဒီဘဝမှာအသက်ဆက်ရှင်ဖို့အကြောင်းပြချက်မရှိတော့တဲ့သူလိုမျိုးအမူအရာနဲ့ရှိနေတယ်။ သူမရဲ့သေးငယ်တဲ့မျက်နှာလေးကဖြူဖျော့နေပြီး ဆေးရုံကုတင်မှာချည်နှောင်ထားခံရလေသည် ။ သူမ အလွန်အမင်းစိတ်ကုန်နေပုံရတယ်။
ရင်မေချောင်ဒေါသတကြီး ဆေးရုံကုတင်နားသွားလိုက်ပြီး '' ကိုယ်မင်းကိုလာကယ်တာ ''
သူမ ရှန်းဝမ်ရဲ့မျက်နှာသေးသေးလေးကိုထိလိုက်သည် ၊ သူမရဲ့ မျက်တောင်ရှည်ရှည်တွေကသူမမျက်လုံးထဲကခံစားချက်တွေကိုဖုံးကွယ်ထားပေးခဲ့တယ်။
ပုံမှန်ထက်ညင်သာနေတဲ့ ရင်မေချောင်ရဲ့အသံကို ရှန်းဝမ်ကြားလိုက်ရသည်။
'' ကိုယ်မင်းကိုခေါ်သွားပေးမယ် ''
သူမတံခါးဖွင့်ဝင်လာပြီး ရှန်းဝမ်ရဲ့ဖြူဖျော့နေတဲ့မျက်နှာလေးကိုမြင်လိုက်ရတဲ့အချိန်ကတည်းက တစ်စုံတစ်ခုကသူမနှလုံးသားထဲကနေချိုးဖောက်ထွက်ပေါ်လာခဲ့တယ်။
သူမခံစားချက်ကိုသူမနားလည်တယ် ၊
သူမ မတတ်နိုင်ဘဲလက်ခံလိုက်ရတော့သည်၊
သူမရှေ့မှာရှိနေတဲ့ ငတုံးမလေးက သူမကိုဆွဲဆောင်လိုက်ပြီဘဲ။
ဒီမိန်းကလေးကိုသူမ ကြိုက်မိမှတော့ သူမလေးကိုချစ်မြတ်နိုးပြီးတန်ဖိုးထားရမယ့်အစား နာကျင်အောင်လုပ်တဲ့ ဟော်ဟန်လိုကောင်မျိုးဆီမှာထားခဲ့စရာအကြောင်းမရှိဘူး။ သူမလေးကို သူမ( ရင်မေချောင် ) ချစ်မြတ်နိုးပြီးတန်ဖိုးထားပေးမယ် ၊ သူမလေးကိုကာကွယ်ပေးမယ် ။ သူမကိုပျော်ရွှင်စွာပြုံးပြပြီး သူမရဲ့အလှကိုချီးမွှမ်းတတ်တဲ့မိန်းကလေးက ဒီလိုရက်စက်စွာဆက်ဆံမခံရသင့်ဘူး ။
'' Miss ရင်လား ''
'' အွန်း ကိုယ်ပါ ''
'' ရှင်ဒီကိုဘာလာလုပ်တာလဲ ''
'' မင်းကိုလာခေါ်တာ ''
ရှန်းဝမ် ရင်မေချောင်ကိုသနားဖို့ကောင်းအောင်ကြည့်လိုက်ပြီး
'' ကျွန်မမရှိရင် ဟော်ထင်ကဘယ်လိုလုပ်မှာလဲ ၊ ကျွန်မ မရှိရင်ဟော်ထင်သေလိမ့်မယ်၊ ဟော်ထင်သေသွားရင် ဟော်ဟန်ဝမ်းနည်းရလိမ့်မယ်။ ''
'' မင်းကရော ၊ မင်းသေသွားလိမ့်မယ် ၊ အဲ့လောက်တောင် ဟော်ဟန်ကိုချစ်တာလား ''
'' အွန်း ချစ်တယ် ''
ရင်မေချောင်လှောင်ရီကာ ရှန်းဝမ်ကို ဝှီးချဲပေါ်ကိုယ်တိုင်ရွှေ့ပေးလိုက်သည်။ ရှန်းဝမ်ရဲ့သေးသွယ်တဲ့လက်ကလည်း သူမရဲ့သွယ်လျတဲ့ခါးကို ပြန်ဖက်ထားကိုတော့ သူမသတိမထားမိခဲ့ဘူး။
'' ဟော်ဟန်ကပြစ်မှုကျူးလွန်နေတာ ၊ မင်းသူ့ကိုထောင်မကျစေချင်ရင် ကိုယ်နောက်လိုက်ခဲ့ '' ဒီငတုံးမလေးကတော့လေ ။
ရှန်းဝမ်ကို ခြိမ်းခြောက်ဖို့ ဟော်ဟန်ကိုအသုံးချလိုက်ရတာနဲ့ပတ်သတ်ပြီးသူမခံစားချက်မကောင်းပေး ။
'' ကျွန်မကိုခေါ်သွားပေးပါ Miss ရင် '' ရှန်းဝမ်မြန်မြန်ဆန်ဆန်ဘဲသဘောတူလိုက်သည်။
'' ဟော်ဟန် အခုထိကျွန်မကိုထိခိုက်အောင်မလုပ်ရသေးဘူး ၊ အဲ့ဒါကြောင့် သူထောင်မကျနိုင်ပါဘူး ''
ဒါကြောင့် ရှင် ဟော်ဟန်ကိုထောင်ထဲပို့နိုင်အောင်ကြိုးစားပြီးသက်သေစုဆောင်းရမယ်နော် Miss ရင်။
တစ်ဖက်လူကခြိမ်းခြောက်ခံနေရတာတောင်မှပြန်လန်ခုခံမယ့်အရိပ်အရောင်နည်းနည်းလေးမှမရှိတာနဲ့ပတ်သတ်ပြီး ရင်မေချောင်အများကြီးမတွေးမိပေ။
ဘယ်လိုပဲဖြစ်ဖြစ်သူမလေးကိုခေါ်သွားရမယ်။
ရင်မေချောင် ဝှီးချဲကိုတွန်းပြီးအခန်းပြင်ထွက်လိုက်တဲ့အခါ ပြာနှမ်းနေတဲ့အထိအရိုက်အနှက်ခံနေရတဲ့ဟော်ဟန်ကိုရှန်းဝမ်တွေ့လိုက်ရတယ်။
'' ဟော်ဟန် ကျွန်မMiss ရင်နဲ့လိုက်သွားတော့မယ် ၊ ရှင့်ကို Missရင် ရဲတိုင်ပြီးထောင်ထဲပို့မှာကိုကျွန်မကြည့်မနေနိုင်ဘူး ၊ ကျွန်မ ရှင့်ကိုတကယ်ချစ်တယ်ဆိုတာ ရှင်သတိရနေရမယ်နော် ''
ရင်မေချောင် ဒေါသထွက်စွာအံကြိတ်လိုက်မိသည်။
ဘာအချစ်လဲ  ဒီဆန်ကုန်မြေလေးကောင်ကိုများ ၊ အရူး ။ ဟော်ဟန်လှုပ်ချင်ပေမယ့် ကိုယ်ရံတော်တွေရဲ့ချုုပ်ထားခြင်းခံရတယ်။
ရှန်းဝမ် ရင်မေချောင်ရဲ့လက်ကိုလှမ်းဆွဲလိုက်ပြီး
'' Miss ရင် ကျွန်မတောင်းပန်ပါတယ် ၊ ဟော်ဟန်ကိုထပ်ပြီးမရိုက်ပါနဲ့တော့နော် ''
'' ကောင်းပြီလေ မင်းတောင်းပန်လို့သူ့ကိုမရိုက်တော့ပါဘူး''
ရင်မေချောင် ညင်သာစွာပြုံးပြလိုက်ပြီး ကိုယ်ရံတော်တွေဘက်လှည့်ကာအကြည့်တစ်ချက်ပေးလိုက်တယ်။
'' စိတ်မပူပါနဲ့ ၊ သူမသေနိုင်ပါဘူး ''
'' Miss ရင် ရှင်ဟော်ဟန်ကိုနာကျင်အောင်မလုပ်သရွေ့ ကျွန်မရှင့်စကားနားထောင်မှာပါ ''
ရှန်းဝမ်ဟာ စကားနားထောင်တဲ့ကလေးလေးနဲ့တူနေလေသည်။
ရင်မေချောင်ရဲ့မျက်လုံးတွေခက်ထန်သွားပြီး ဟော်ဟန်ကိုပိုပြီးရိုက်နှက်ဖို့ကိုယ်ရံတော်တွေကိုတိတ်တဆိတ်အမိန့်ပေးလိုက်တယ်။
သူမ ရှန်းဝမ်ကိုပြန်ကြည့်လိုက်တဲ့အခါ ရယ်နေတဲ့အလားရှန်းဝမ်ရဲ့နှုတ်ခမ်းထောင့်စွန်းတွေကော့တက်နေတာကိုသတိထားမိသွားတယ်။ သူမမျက်မှောင်ကျုပ်လိုက်သည်။ ဒီငတုံးမလေးက ဘာကိုရယ်နေတာလဲ ။

Continue Reading

You'll Also Like

25.3K 1.5K 11
Yuri OC "စည္​းကမ္​း​ေတြရဲ႕​ေနာက္​ကြယ္​မွာတို႔အခ်စ္​​ေတြ ထာ၀ရရွင္​သန္​​​ေနမယ္​ မဟုတ္​လား" "မမ​ေလး ကိုအၿမဲတမ္​း​ခ်စ္​​ေနမွာပါ"
471K 11.3K 88
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
317K 17.5K 22
စိုင်းမဟာမောင် "မောင့်လွန်းငယ်" လွန်းဝသာန်"ဘာမောင့်လွန်းငယ်လည်းဗျ" စိုင်းမဟာမောင်"ဟောဗျာ...မောင့်ရဲ့လွန်းငယ်မလို့ မောင့်လွန်းငယ်ခေါ်တာပေါ့ဗျ"
69.1K 10K 114
COMPLETED ✔️ Chinese Title - 如果月亮不抱你 English Title - If The Moon Won't Hold You Original Author - 六盲星 Status in COO - 71+3 Extras Start Date - 01.04...