သူဌေးကြီး၏ဒုတိယမြောက်အိမ်ထောင...
By OpalHawthorn28
2.3M 315K 17.7K
Title....Second merriage of a wealthy old man မူရင်းအော်သာ....Tangerine Boat(Cannon folder cheat system ရေးတဲ... More
Description
Chapter (1)
Chapter(2)
Chapter(3)
Chapter(4)
Chapter(5)
Chapter(6)
Chapter(7)
Chapter(8)
Chapter(9)
Chapter(10)
Chapter(11)
Chapter(12)
Chapter(13)
Chapter(14)
Chapter(15)
Chapter(16)
Chapter (17)
Chapter(18)
Chapter(19)
Chapter(20)
Chapter(21)
Chapter (22)
Chapter (23)
Chapter (24)
Chapter (25)
သူရဲကောင်းကြီးရဲ့အမှာစာ🏹🏹
Chapter (26)
Chapter (27)
Chapter (28)
Chapter (29)
Chapter (30)
Chapter (31)
Chapter (32)
Chapter (33)
Chapter (34)
Chapter (35)
Chapter (36)
Chapter (37)
Chapter (38)
Chapter (40)
Chapter (41)
Chapter (42)
Chapter (43)
Chapter (44)
Chapter (45)
Chapter (46)
Chapter (47)
Chapter (48)
Chapter (49)
Chapter (50)
Chapter (51)
Chapter (52)
Chapter (53)
Chapter (54)
Chapter (55)
Chapter (56)
Chapter (57)
Chapter (58)
Chapter (59)
Chapter (60)
Chapter (61)
Chapter (62)
Chapter (63)
Chapter (64)
Chapter (65)
Chapter (66)
Chapter (67)
Chapter (68)
Chapter (69)
Hi
Chapter (70)
Chapter (71)
Chapter (72)
Chapter (73)
Chapter (74)
Chapter (75)
Chapter (76)
Chapter (77)
Chapter (78)
Chapter (79)
Chapter (80)
Chapter (81)
Chapter (82)
Chapter (83)
Chapter (84)
Chapter (85)
Chapter (86)
Chapter (87)
Chapter (88)
ရေဘဝဲသူရဲကောင်းကြီး၏ ကျေးဇူးတင်လွှာ
Chapter (39)
26.4K 3.5K 144
By OpalHawthorn28
မုန့်ရန် လူတစ်ချို့ကို ခေါ်ပြီး စုတိအတွက်၊ အနံ့မှိုင်းတိုက်ခြင်း၊အပ်စိုက်ကုသခြင်း၊ဆေးရည်ဖြင့် ရေချိုးပေးခြင်း၊moxibustion တို့ကိုလုပ်ဆောင်ပေးခဲ့တယ်။ထို့အပြင် စုတိရဲ့ကုတင်နားမှာ သီးသန့်ဖော်စပ်ထားတဲ့ နံ့သာတိုင်ကို ညတိုင်းထွန်းပေးရဉီးမှာဖြစ်တယ်။အကျိုးထူးမထူးကို နောက် တစ်လလောက်နေရင် သိရပြီလေ။
[TN:moxibustionဆိုတာ မြန်မာလိုဆို ကြပ်ထုတ်ထိုးတာနဲ့ဆင်တယ်။အောက်မှာ ပုံထည့်ပေးထားတယ်နော်]
မုန့်ရန် နိူင်ငံခြားမသွားခင် အိမ်မှာ ရက်အနည်းလောက်ပဲနေခွင့်ရခဲ့တယ်။ဆုရခဲ့တဲ့ ရေမွှေးရောင်းချခြင်းနဲ့သက်ဆိုင်တာတွေကို မုန့်ရန် စီမံစရာမလိုခဲ့ပေမယ့် မုန့်ရန် မျက်နှာသွားပြမှ ဖြစ်မယ့် အရာတွေလဲ ရှိနေသေးတယ်။တွဲဖက်ထုတ်လုပ်နိုင်မယ့် Brand တွေကို လော်ရှို့ကရွေးချယ်ပေးထားပြီး အပြီးသတ်ဆုံးဖြတ်ချက်ကို မုန့်ရန်ကိုပဲ ဆုံးဖြတ်ခိုင်းနေတယ်။
မုန့်ရန်ပိုင်ဆိုင်တဲ့ ရေမွှေးCompany က China မှာ လူသိနည်းနေသေးတယ်။အကယ်၍နာမည်ကျော်ကြားချင်ရင် ဆုရ ရေမွှေးကို နာမည်ကြီး Brand တစ်ခုနဲ့ တွဲဖက် ထုတ်လုပ်မှ ဖြစ်လိမ့်မယ်။နိူင်ငံတကာအငယ်တန်းပြိုင်ပွဲမှာ ပထမဆုရခဲ့တဲ့ရေမွှေးပုလင်းတွေမှာ
အပြည်ပြည်ဆိုင်ရာအမွှေးနံ့သာအသင်းကနေ
ဒီဇိုင်းဆွဲပေးထားတဲ့ သရဖူတံဆိပ်ကို အသုံးပြုခွင့်ပေးထားတယ်။အခုဆိုရင် ဒီလို သရဖူတံဆိပ်ပါတဲ့ ရေမွှေးတွေကို နှစ်စဉ်စုဆောင်းနေတဲ့သူတွေအများကြီးရှိလာနေပြီ။ပထမဆုရသွားတဲ့ ရေမွှေးတွေကို နှစ်စဉ်ရောင်းချပေးနေတယ်။များစွာသော ရေမွှေးCompany တွေကလဲ ဒီသရဖူတံဆိပ်ကိုသူတို့ရဲ့ကိုယ်ပိုင် ရေမွှေးတွေမှာအသုံးပြုချင်နေကြတယ်၊ဒါမှသာ ဒီသရဖူအမှတ်တံဆိပ်ကို အမှီပြုပြီး ငွေရှာနိူင်တော့မှာလေ။ဒါ့ကြောင့် မုန့်ရန်နဲ့ တွဲဖက်လုပ်ကိုင်ချင်နေတဲ့ နာမည်ကြီး Brand တွေအများကြီး ရှိနေတယ်။
လော်ရှို့ လာပြတဲ့ Screen ပေါ်က Company စာရင်းတွေကိုကြည့်ရင်းတစ်နေရာရောက်တော့ မုန့်ရန် ကြည့်နေတာကို ရပ်လိုက်တယ်။
"ဝမ်းချု့ ? ? ဒါက Selsey ရဲ့ ကိုယ်ပိုင် Brand မလား?"
"Selsey ရဲ့ Company ကရော Selsey ကိုယ်တိုင်ကပါသခင်လေးနဲ့ တွဲဖက်လုပ်ကိုင်ဖို့ ဆန္ဒရှိနေပါတယ်။သူတို့ဘက်က ပို့ပေးတဲ့ အချက်အလက်တွေကလဲအတော်လေး ရိုးရှင်းပါတယ်။သခင်လေးဘက်ကသာ လက်ခံမယ်ဆိုရင် Selsey က သခင်လေးနဲ့ လူချင်းတွေ့ပြီး စကားပြောချင်တယ်လို့ စကားပါးလိုက်ပါတယ်"
မုန့်ရန်ရဲ့ လက်ထောက်က ရှင်းပြလိုက်တယ်။
ကြမ်းပြင်ကနေ မျက်နှာကြက်လောက်ထိမြင့်တဲ့ ပြတင်းပေါက်နားမှာ ဖုန်းပြောနေတဲ့ လော်ရှို့ကို မုန့်ရန်လှည့်ကြည့်လိုက်တယ်။
လော်ရှို့ ဖုန်းပြောပြီးလို့ သူ့နားရောက်လာတဲ့အခါ မုန့်ရန် လော်ရှို့နဲ့တိုင်ပင်လိုက်တယ်။
" Selsey က ကျွန်တော်နဲ့ ပူးပေါင်းချင်နေတယ်။သူ့မှာ တခြားရည်ရွယ်ချက်တွေရှိနေတာများလား?? သူနဲ့ ဘရက်ဒလီတို့ရဲ့ ကောလဟာလတွေ ကျွန်တော်ကြားထားတယ်။ဘရက်ဒလီ ကျွန်တော့်ကို ကြိုက်နေတာ သူမသိဘူးလား?"
"ဒီအကြောင်းတွေ ကိုယ်အကုန်သိပြီးပြီ။သူက မင်းနဲ့တကယ်ပူးပေါင်းချင်နေတာပါ။ပြီးတော့ သူတို့ Company က လူကြီးတစ်ယောက်က ကိုယ်နဲ့ ရင်းနှီးတယ်လေ၊အဲ့တော့ ပူးပေါင်းလိုက်တာ ပြသာနာမရှိဘူး။အကယ်၍ သူ့ဘက်မှာ ဖုန်းကွယ်ထားတဲ့ ရည်ရွယ်ချက်တွေရှိနေရင် ကိုယ့်ဘက်ကလဲ သူ့ကိုအလွတ်ပေးမှာမဟုတ်ဘူး။သံသယရှိတယ်ဆိုရင် မင်းလေး သူနဲ့စကားပြောကြည့်ပြီး အစ်ထုတ်လိုက်ပေါ့"
လော်ရှို့ မုန့်ရန်ကို နမ်းလိုက်တယ်။
" ကိုယ် Company သွားတော့မယ်။Selsey နဲ့ စကားပြောကြည့်မယ်ဆိုရင် လက်ထောက်တွေကို စီစဉ်ခိုင်းလိုက်"
မုန့်ရန် လော်ရှို့ကို အိမ်အပြင်ထိလိုက်ပို့ပြီးတာနဲ့ ဒီကိစ္စကိုသေသေချာချာစဉ်းစားလိုက်တယ်။မုန့်ရန် Selsey နဲ့ တွေ့ဖို့ ဆုံးဖြတ်လိုက်ပြီ။
လက်ထောက်လေးကို ကြိုတင် ချိန်းဆိုမှုလုပ်ခိုင်းလိုက်ပြီး မုန့်ရန် သက်တော်စောင့်တစ်သိုက်ခြံရံပြီး ချိန်းထားတဲ့ဆီသွားလိုက်တယ်။
Selsey က မုန့်ရန်ထက် အရင်ကြိုရောက်နေတယ်။Selsey ကို ကြည့်ရတာ စိတ်နဲ့ ကိုယ်နဲ့မကပ်သလိုပဲ။
"မင်း...မင်းကိုကြည့်ရတာ သိပ်အဆင်မပြေသလိုပဲ။နေရထိုင်ရတာအဆင်မပြေဘူးလား?"
မုန့်ရန် စိတ်ထဲမှာ အလုပ်ကိစ္စပြောဖို့အဆင်မှပြေပါ့မလားလို့တွေးလိုက်မိတယ်။
"မင်းဒီနေ့ငါ့ကို တွေ့ဖို့ချိန်းမယ်လို့ မထင်ထားမိဘူး။မနေ့ညက သူငယ်ချင်းတွေနဲ့ သောက်တာများသွားတယ်။ပြီးတော့ တစ်ညလုံးမအိပ်ရသေးဘူး"
Selsey မျက်နှာကို လက်နှစ်ဖက်နဲ့ပွတ်လိုက်တယ်။
" ဒီလိုအခြေနေနဲ့ တွေ့ရတာ အားနာပါတယ်ကွာ"
"ရပါတယ်၊ ငါဘက်ကလဲရုတ်တရက်ကြီး နှုတ်ဆက်စကားတောင် မပြောရသေးဘဲတွေ့ခွင့်တောင်းလိုက်မိတယ်။အရင်ဆုံးသွားနားလိုက်ပါတော့လား။မနက်ဖြန်မှပဲ ဆက်ဆွေးနွေးကြရအောင်လေ"
"ငါ က အရက်မူးနေရင်းနဲ့တောင် အလုပ်ကိစ္စစကားပြောနေကျပဲလေ။ငယ်ရွယ်တောက်ပတဲ့ ကောင်ငယ်လေးကလဲ လူသားတစ်ယောက်ပဲလေ။ငါ ငယ်ငယ်ရွယ်ရွယ်နဲ့ အရက်သမားဖြစ်တယ်ဆိုတိုင်း မင်းဘက်က သနားနေစရာမလိုဘူးနော်။ဒါကငါ ကြီးပြင်လာတဲ့ပုံစံပဲလေ။ငါ့မှာ ဘာစိတ်ဆင်းရဲစရာမှ မရှိဘူး။ငါ့မိဘတွေကလဲ ငါ့ကို အရမ်းချစ်ကြတယ်။အရက်မူးနေရင် စိတ်ကူးကောင်းကောင်းတွေ ကွန့်မြူးတယ်ကွ၊ ငါ့ရဲ့ Idea တွေကို မင်းကိုပြောပြဖို့မစောင့်နိူင်တော့ဘူး"
မုန့်ရန် ပြုံးလိုက်မိတယ်။ဒီလူကအတော်လေး စိတ်ဝင်စားစရာကောင်းမနေဘူးလား??
"မင်းပြောကြည့်လေ"
အဲ့နောက်မှာ Selsey က သူ့ရဲ့ စိတ်ကူးတွေကို မုန့်ရန်ကို ပြောပြလိုက်တယ်။မုန့်ရန်ဖော်စပ်တဲ့ရေမွှေးကို သူအရမ်းသဘောကျကြောင်း၊မုန့်ရန်ရဲ့ ဖော်စပ်နည်းနဲ့ သူ့ရဲ့ဖော်စပ်နည်းကို ပူးပေါင်းပြီး အနောက်တိုင်းရဲ့ romantic art ကို အရှေ့တိုင်းရဲ့အလှပတရားကို ကုသခြင်းနဲ့ ပေါင်းစပ်ချင်ကြောင်း Selsey မုန့်ရန်ကိုရှင်းပြလိုက်တယ်။ဒါက မကြုံစဖူး ထူးခြားတဲ့အရာတွေဖြစ်တဲ့အတွက် လုံးဝကို Popular ဖြစ်မှာသေချာနေပြီ။
Selsey ရဲ့ စိတ်ကူးကိုကြားပြီးကတည်း​က မုန့်ရန်အရမ်းစိတ်လှုပ်ရှားနေခဲ့တယ်။
"မင်းဘယ်လိုထင်လဲ?"
Selsey က မုန့်ရန်ကို မျှော်လင့်တကြီးနဲ့ ကြည့်နေတယ်။
"မင်းရဲ့စိတ်ကူးတွေက ငါ့ကို ဆွဲဆောင်သွားနိူင်တယ်ဆိုတာ ဝန်ခံပါတယ်။စိတ်ကူးကိုနားထောင်ရုံနဲ့တောင် ဒါက ဖြစ်နိူင်တယ်ဆိုတာ ငါသဘောပေါက်တယ်။ဒါပေမယ့် ငါစိတ်ပူနေတာတစ်ခုရှိသေးတယ်"
"ဘာလဲ ဘရက်ဒလီ ကြောင့်လား?"
Selsey က တိုက်ရိုက်မေးချလိုက်တယ်။
"မင်းသူ့ကို ကြိုက်နေတာငါသိတယ်။သူငါ့ကို ကြိုက်နေတာကိုလဲ မင်းသိသင့်တယ်။ငါတို့တွေပူးပေါင်းတဲ့အခါ ဒီကိစ္စကြောင့် အဖုအထစ်တွေဖြစ်လာ....."
"ဟုတ်တာပေါ့ ဒါကတွေးထားသင့်တဲ့အရာပဲလေ"
Selsey ကပေါ့ပေါ့ပါးပါးပြုံးရင်းဆက်ပြောလိုက်တယ်။
"ဘရက်ဒလီက ငါရဲ့ပထမဆုံးနဲ့ နောက်ဆုံးမှ မဟုတ်တာ။ငါအခုသူ့ကိုကြိုက်တယ် ဒါကသူ့ကိုနောင်လဲ ကြိုက်နေဉီးမယ်ဆိုတဲ့ အဓိပ္ပါယ်မှမဟုတ်တာ။ငါ့ဘဝမှာ ရေမွှေးကလွဲရင် ဘာမှ အရေးမကြီးဘူးကွ။ကိုယ့်ကိုပြန်မကြိုက်တဲ့ယောက်ကျားတစ်ယောက်အတွက်နဲ့ မိုက်မဲတဲ့အပြုအမူတွေ ငါဘယ်တော့မှလုပ်မှာမဟုတ်ဘူး"
Selsey ပုခုံးတွန့်ပြလိုက်တယ်။
"လောကမှာ ယောက်ကျားတွေဘယ်လောက်များလိုက်သလဲ?ငါဘာကြောင့်ပိုက်ဆံရှိတဲ့ယောက်ကျားတွေနဲ့ အတူနေရမှာလဲ??ဒါ့အပြင် ငါ ယောက်ကျားတွေနဲ့ လမ်းမခွဲချင်သေးဘူး။ငါ ဘဝမှာ ပျော်ပျော်နေပြီး inspirationတွေရှာချင်သေးတယ်။ဘရက်ဒလီဆိုတာ
များစွာသော ငါ့ရဲ့ inspirationတွေထဲက ငါဖမ်းလို့ မမိလိုက်တဲ့ inspirationလေးတစ်ခုပါပဲကွာ။မင်းအခုလိုငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ပြုလိုက်တာကို ငါနည်းနည်းတော့အံ့သြမိတယ်။ကမ္ဘာပေါ်မှာ စိတ်ဝင်စားစရာကောင်းတာတွေဒီလောက်များပြားနေရက်နဲ့ ဘာလို့များစောစောစီးစီးအိမ်ထောင်ပြုပြီး ကိုယ့်ကိုကိုယ် ချည်နှောင်ထားရတာလဲ??"
"ဘာ့ကြောင်လဲဆိုတာ မပြောပြနိုင်သလို၊ငါရဲ့အတွေးတွေကိုလဲ မင်းနဲ့ဆွေးနွေးလို့ရမှာမဟုတ်ဘူး။အကယ်၍များ မင်းကို ကြောက်ရွံနာကျင်ခြင်းကင်းစွာရှင်သန်စေနိူင်မယ့်သူ၊မင်းပျော်ရွှင်ဖို့အတွက် သေပေးနိူင်တဲ့သူကိုတွေ့တဲ့အခါ ငါ့ရဲ့ခံစားချက်တွေကို မင်းနားလည်လာပါလိမ့်မယ်"
"ဒါဆိုရင်တော့ ဒီလိုလူမျိုးနဲ့ တစ်သက်လုံးမတွေ့ပါစေနဲ့ကွာ။ငါတစ်ဘဝလုံးပျော်ပျော်နေချင်တယ်။ငါစိတ်ကူးကြည့်လို့ မရတဲ့ဘဝမျိုးမှာနေရတာကိုကြိုက်တယ်"
နှစ်ယောက်သားလမ်းမခွဲခင်အထိ စကားတွေအကြာကြီးပြောဖြစ်ခဲ့ကြတယ်။မနက်ဖြန်မှာ တရားဝင်ပူးပေါင်းမှုကို လုပ်ဆောင်ဖို့ကတိပြုခဲ့ကြတယ်။လော်ရှို့က Selsey ရဲ့ပူးပေါင်းဖို့ကို ဘာ့ကြောင့်တိုက်တွန်းခဲ့သလဲဆိုတာ မုန့်ရန် နားလည်သွားခဲ့ပြီ။Selsey ဘယ်လောက်တောင် ရေမွှေးတွေကို Crazy ဖြစ်တယ်ဆိုတာသိလိုက်ရပြီလေ။ကိုယ်စီ ၊ကိုယ်စီ Idea အသီးသီးနဲ့ လူနှစ်ယောက် စကားပြောခွင့်ရတာ အရမ်း အံ့အားသင့်ဖွယ်ကောင်းလွန်းတယ်။ဒီတွေ့ဆုံမှုကြောင့် မုန့်ရန် ယုံကြည်ရမယ့်ဘသူတစ်ဉီးကို ရှာတွေ့ခဲ့ပြီလေ။
ဆရာတစ်ယောက်ဖြစ်ဖို့လိုအပ်တာတွေကို ဆွေးနွေးပြီးတာနဲ့ ကုန်ကြမ်းအချို့ကို သယ်ပြီး မုန့်ရန် China ကို အမြန်ပြန်ခဲ့တယ်။
စုတိကို ရနံ့ကုထုံးနဲ့ ကုသပေးတာ တစ်လမပြည့်သေးခင်မှာတင် စုတိရဲ့ လက်ချောင်းလေးတွေလှုပ်ရှားလာခဲ့တယ်။
ရှောင်ခယ် ဒါကို မြင်တာနဲ့ ဆရာဝန်ဆီကိုပြေးပြီး အကြောင်းကြားခဲ့တယ်။စိတ်လှုပ်ရှားလွန်းနေတာကြောင့် လူနာကုတင်ဘေးက အရေးပေါ်ခလုတ်ကို နှိိပ်လိုက်ရုံနဲ့ဆရာဝန်တွေရောက်လာမှာကို မေ့နေပြီး ဆရာဝန်တွေရဲ့ အခန်းတံခါးကို တဝုန်းဝုန်းသွားထုလိုက်သေးတယ်။
စုတိ သတိပြန်ရလာတော့မယ့် လက္ခဏာတွေကို မြင်တဲ့အခါ ဆရာဝန်တွေလဲအတော် အံ့သြနေကြတယ်။
နှစ်ရက်လောက်ကြာတဲ့အခါမှ အားလပ်ချိန်ရတဲ့အတွက် အပြည့်အဝ သတိလည်လာတဲ့ စုတိကို မုန့်ရန်လာတွေ့ခဲ့တယ်။
မုန့်ရန် ရောက်လာတာမြင်တာနဲ့ ရှောင်ခယ် ထိုင်နေရာကနေ ချက်ချင်းထပြီး မုန့်ကန်အတွက် နေရာထိုင်ခင်းပြင်ဆင်ပေးလိုက်တယ်။
မုန့်ရန် လူနာကုတင်ဘေးက ဆိုဖာပေါ်မှာထိုင်ရင်း ဖြူဖျော့နေသေးတဲ့ စုတိကို မေးလိုက်တယ်။
"ဘယ်လိုနေသေးလဲ?"
စုတိ ဖြည်းဖြည်းချင်းပြောပြနေတယ်။
" ငါလေ အရမ်း၊အရမ်းကိုရှည်လျားတဲ့ အိမ်မက်ရှည်ကြီးတစ်ခုမက်နေခဲ့တာ။ အိမ်မက်ထဲမှာငါကလွဲရင်ဘယ်သူမှမရှိဘူး။အရာအားလုံးမှောင်မည်းနေတာပဲ။ငါအချိန်အကြာကြီး လိုက်ရှာခဲ့ပေမယ့် ထွက်ပေါက်ကိုလုံးဝရှာမတွေ့ဘူး။ငါ အရမ်းပင်ပန်းလာတယ်၊လက်လျှော့လိုက်ချင်တယ်။ဒါပေမယ့် ငါအလင်းရောင်တစ်ခုကိုတွေ့လိုက်ရတယ်။အဲ့အလင်းရောင်ထဲမှာ မီးခိုးငွေ့တွေရှိနေတယ်။အနံ့အရမ်းကောင်းတဲ့ ဆေးဝါးအနံ့မျိုးကို ရှူလိုက်မိတာနဲ့ ငါ အားတွေပြည့်လာသလိုခံစားရတယ်။အဲ့ဒီ အလင်းရောင်နောက်ကို လိုက်ရင်းနဲ့ ငါ ထွက်ပေါက်ကိုရှာတွေ့ခဲ့တာ ။အခုလို အမှောင်ကမ္ဘာကနေလွတ်မြောက်လာနိူင်တာ အရမ်းကောင်းတယ်"
"ကျေးဇူးတင်ပါတယ်ကွာ။ဘယ်လိုပြန်ပေးဆပ်ရမလဲတောင်မသိတော့ပါဘူး။ငါ မင်းအတွက် လုပ်ပေးနိူင်တာရှိရင် ပြောသာပြောလိုက်ကွာ"
စုတိက မုန့်ရန်ကို ကြည့်ရင်း ကျေးဇူးတင်စကားဆိုလေတယ်။
"မင်းပြန်ဆပ်စရာမလိုပါဘူးကွာ။ရှောင်ခယ်က မင်းအစား ဆပ်ပေးလိမ့်မယ်"
မုန့်ရန် ရှောင်ခယ်ကို ပြုံးပြီး ကြည့်လိုက်တယ်။
"ဟုတ်တယ်မလား ရှောင်ခယ်"
ရှောင်ခယ်က ကုတင်ဘေးမှာ ထိုင်ပြီး စုတိရဲ့လက်တွေကို ကိုင်ထားတယ်။
"ဟုတ်တယ်၊မင်းစိတ်ပူမနေနဲ့၊ငါ သူ့အစားမင်းကို ပြန်ပေးဆပ်ပါ့မယ်"
စုတိ မျက်ရည်အဝဲသားနဲ့ ရှောင်ခယ်ကို ပြုံးပြနေတယ်။
"အခုမှ သတိပြန်ရတာဆိုတော့ ကောင်းကောင်းအနားယူလိုက်ဉီး။အခုချိန်မှာ ကျန်တာတွေဘာမှတွေးမနေနဲ့။ စကားပြောချင်ရင် နောက်ကိုမှီပြီးပြောနော်။အနားယူလိုက်ဉီး ငါမနှောက်ယှက်တော့ဘူး။နောက်မှတွေ့မယ်နော်"
မုန့်ရန် ပြန်ဖို့ မတ်တပ်ထရပ်လိုက်တယ်။
"ငါမင်းကို လိုက်ပို့ပေးမယ်"
ရှောင်ခယ်နဲ့ မုန့်ရန်တို့ အတူတူလမ်းလျှောက်လာရင်းနဲ့
corridor အပြင်ဘက်ကို ရောက်တဲ့အခါ ရှောင်ခယ်ကမေးလိုက်တယ်။
"ငါမင်းကို ဘယ်လိုပြန်ပေးဆပ်ရမလဲ?"
"မင်းအခုလောလောဆယ် လုပ်ပေးစရာမလိုသေးပါဘူး"
မုန့်ရန်ရှေ့ကိုလျှောက်နေရင်းနဲ့ စကားဆက်ပြောလိုက်တယ်။
"မင်းငါ့ကိုကျေးဇူးဆပ်ချင်ရင်၊ အခုလို မိသားစုကို
ပုန်ကန်နေတာတွေ စိတ်ထင်တာလျှောက်လုပ်နေတာတွေကို အဆုံးသတ်လိုက်တော့။မင်းမှာ ကိုယ်ပိုင်အစွမ်းအစရှိလာတော့ မှ ဘယ်လိုပြန်ပေးဆပ်ရမလဲဆိုတာ လာမေးလိုက်"
မုန့်ရန်ရဲ့စကားတွေကြောင့် ရှောင်ခယ် တောင့်တင်းသွားတယ်။
"မင်းကိုယ်တိုင် အတွက်ရော၊စုတိအတွက်ပါ မင်းအနေနဲ့ ပိုပြီးရင့်ကျက်သင့်နေပြီ။အိမ်ကပိုက်ဆံကိုအထိန်းအကွပ်မရှိသုံးနေတာ၊မိသားစုစည်းကမ်းတွေကို ပုန်ကန်တာ၊ မင်းမိဘတွေနဲ့ဆက်ဆံရေးမပြေလည်တာ ဒါတွေကို ငါရှုတ်ချတယ်"
မုန့်ရန် ရှေ့ကနေ နောက်ကိုလှည့်ပြောလိုက်တယ်။
"ငါ့မှာသာ မင်းလိုမျိုး မိစုံ၊ဖစုံရှိနေသေးရင်ကောင်းမယ်။ငါ့အဖေက ရှေးရိုးဆန်ပြီးခက်ထန်ပေမယ့် ငါ့အတွက်တော့ လူကောင်းတစ်ယောက်ပါပဲ။နောင်တတွေမရရင် အိမ်ပြန်လိုက်တော့"
ရှောင်ခယ် ဆေးရုံcorridorမှာ မတ်တပ်ရပ်ပြီး မုန့်ရန်ပြောသွားတာတွေကို သေချာစဉ်းစားကြည့်လိုက်တယ်။
" ကျောင်းသား မုန့်ရန် ခဏစောင့်ပါဉီး "
ဆရာဝန်နှစ်ယောက် အသည်းအသန်ပြေးလာနေတယ်။
မုန့်ရန် ဓာတ်လှေကား ရှေ့မှာ မတ်တပ်ရပ်နေရင်းလှည့်ကြည့်လိုက်တယ်။
"ကျွန်တော်တို့ အခုလေးတင် စုတိအကြောင်းကို Report ရေးမလို့။ကျွန်တော်တို့ကို ကူညီတဲ့အနေနဲ့ ရနံ့ကုထုံးအကြောင်းအသေးစိတ်ကို copy တစ်စောင်လောက်များရေးပေးနိူင်မလား?"
"အကြမ်းဖျဉ်း ဖြစ်စဉ်လောက်ကို ကျုပ်ရဲ့လက်ထောက်ကနေတဆင့်ပို့ပေးလိုက်မယ်"
"ဟိုလေ..ဟို..ဖြစ်နိူင်ရင် အသေးစိတ်အချက်အလက်လေးများပေးလို့မရဘူးလား။ကျောင်းသားမုန့်ရန်ရဲ့ ကိုယ်ပိုင်နည်းလမ်းထဲကဆေးညွှန်းတွေကို ပြောတာမဟုတ်ပါဘူး။ကျွန်တော်တို့ ကိုးကားလို့ရအောင် ဖြစ်စဉ်အသေးစိတ်နဲ့ နည်းလမ်းလေးပဲဖြစ်ဖြစ်ပြောပြပေးပါ"
[TN: အသေးစိတ်အချက်အလက်တော့မရဘူး လက်ဝါးပဲရမယ်၊ငါ့ကလေးရဲ့ လိုင်စင်ကို များ စက္ကူစုတ်တဲ့]
"Sorry ပါ လုပ်စရာလေးတွေရှိလို့ သွားလိုက်ပါဉီးမယ်"
မုန့်ရန် ထိုလူတွေကို ငြင်းလိုက်ပြီး သက်တော်စောင့်တွေနဲ့အတူ ဓာတ်လှေကားထဲဝင်သွားလိုက်တယ်။
"ကျောင်းသားမုန့်ရန်"
ပိတ်သွားတဲ့ ဓာတ်လှေကားကိုကြည့်လိုက်တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်နဲ့ ဆရာဝန်နှစ်ယောက် လမ်းပျောက်နေတယ်။ရှည်ရှည်ဝေးဝေးအငြင်းခံရမယ်ဆိုတာ ကြိုတွေးထားပေးမယ့် သက်ပြင်းမချဘဲတော့ မနေနိူင်ဘူး။
Selsey နဲ့ မုန့်ရန်တို့ ပူးပေါင်းပြီးထုတ်လုပ်လိုက်တဲ့ရေမွှေးက လူသိများရေပန်းစားနေတဲ့အပြင် အချိန်တိုအတွင်းမှ ရောင်းအားအမြင့်ဆုံး စံချိန်ကို ချိုးဖောက်သွားခဲ့တယ်။အရှေ့တိုင်းမှာရောအနောက်တိုင်းမှာပါ အကြီးအကျယ်လွှမ်းမိုးသွားနိူင်တဲ့အပြင် ပိုက်ဆံရှိတိုင်းဝယ်လို့မရတဲ့ အထိတောင်ဖြစ်သွားခဲ့တယ်။ဟုတ်တာပေါ့ ဒါကလဲ အရပ်စကားနဲ့ပြောရရင် စျေးရောင်းနည်းတစ်မျိုးပဲလေ။လူတွေဆိုတာ ပိုက်ဆံပေးရင် အချိန်မရွေးဝယ်လို့ရတဲ့ အရာတွေထက်၊ပိုက်ဆံပေးတာတောင် လိုချင်တိုင်း ဝယ်လို့ မရတဲ့အရာတွေကို ပိုမက်မောကြတယ်လေ။
မုန့်ရန် အတန်းထဲကိုရောက်တာနဲ့နေရာမှာ ဝင်ထိုင်လိုက်ပြီး စာသင်ချိန်စမှာကိုစောင့်နေလိုက်တယ်။အတန်းထဲလူတွေ သူ့ကို ဝိုင်းကြည့်နေတာကို မုန့်ရန်သိနေတယ်။သူတို့တွေ ဖုန်းတွေသုံးပြီး သူ့အကြောင်းကိုဆွေးနွေးနေကြမှန်းလဲမုန့်ရန်သိတယ်။
"မုန့်ရန်.. "
ကျောင်းသူလေးတစ်ယောက်က မုန့်ရန်ရဲ့ခုံရှေ့ကိုရောက်လာပြီး ရှက်နေတဲ့ အမူအရာနဲ့ လက်တွေကိုနောက်ဖက်မှာဖွက်ထားတယ်။
"ဘာဖြစ်လို့လဲ? ?"
မုန့်ရန် ကျောင်းသူလေးကို ကြည့်ပြီးမေးလိုက်တယ်။
"ဒီပေါ်မှာ လက်မှတ်လေးထိုးပေးလို့ရမလား?"
ကျောင်းသူလေးက ရွှေရောင် Card လေးတစ်ခုကို ထုတ်ပြတယ်။ဒါက မုန့်ရန်ရဲ့ ရေမွှေးဘူးထဲမှာ လက်ဆောင်ထည့်ပေးထားတဲ့ Card လေးဖြစ်တယ်။
မုန့်ရန် Card ပေါ်မှာ လက်မှတ်ထိုးပြီး ကျောင်းသူလေးကို ပြန်ပေးလိုက်တယ်။
"ဒီလောက်ဆို ရပြီလား??"
"ကျေးဇူးပါ"
ကျောင်းသူလေးက အရမ်းအရမ်းကို စိတ်လှုပ်ရှားနေပုံရတယ်။
"ဒီရေမွှေးကို ငါတကယ်ကြိုက်တာ။ဒါပေမယ့် နည်းလမ်းမျိုးစုံသုံးတာတောင် ဒီအမျိုးအစားတစ်ခုပဲရခဲ့တယ်။ကျန်တဲ့ အမျိုးအစားတွေမရခဲ့ဘူး။ကျန်တဲ့ အမျိုးအစားတွေဝယ်လို့ရရင်လဲ အခုလို လက်မှတ်ထိုးပေးပါလား?"
"အင်း..ကောင်းပြီ"
မုန့်ရန်ခေါင်းညိတ်ပြလိုက်တယ်။
" ကျေးဇူးတင်ပါတယ် "
ကျောင်းသူလေးက ကျေးဇူးတင်စကားပြောပြီး သူ့နေရာသူပြန်သွားခဲ့တယ်။ဘေးနကသူငယ်ချင်းတွေနဲ့ ဒီအကြောင်းကို ဆက်ဆွေးနွေးနေကြတယ်။
နောက်ထပ် အတန်းဖော် တစ်ဒါဇင်လောက်ကလဲ Card တွေယူထုတ်လာပြီး မုန့်ရန်ကို လက်မှတ်ထိုးဖို့ ပြောလာကြတယ်။မုန့်ရန် သူတို့အကုန်လုံးကို လက်မှတ်ထိုးပေးလိုက်တယ်။ဆွေးနွေးတဲ့ အသံတွေက စာသင်ချိန်မစခင်အထိ စီစီညံနေရောပဲ။
ဒါတွေကို မြင်နေ၊ကြားနေရတဲ့ ယွီကျွင်းချန် ကတော့ စိတ်နှလုံး မသာမယာဖြစ်နေရတယ်။ သူနဲ့ပြိုင်ချင်ရင် သူ့နဲ့ လက်ရည်တူမှ ဖြစ်မယ်လို့ မုန့်ရန်ပြောဖူးခဲ့တာကို ပြန်တွေးလိုက်မိတယ်။တကယ်တော့ မုန့်ရန်က အချိန်တိုလေးအတွင်းမှာ သူနဲ့အများကြီး ဝေးကွာသွားပြီ။
Selsey နဲ့ သူငယ်ချင်းတွေဖြစ်လာမယ်လို့ မုန့်ရန်ထင်မထားခဲ့မိဘူး။လော်ရှို့ ကိုယ်တိုင်ကလဲ မုန့်ရန်နဲ့ Selsey တို့ရဲ့ပင်ကိုယ်အရည်အသွေးတွေ ဒီလောက်ထိကွဲပြားမယ်လို့ထင်မထားခဲ့ဘူး။ရေမွှေးအကြောင်းတွေအပြင် Selsey ကသူ့ရဲ့ဘဝအတွေ့အကြုံတွေကိုပါ မုန့်ရန်ကို ပြောပြလေ့ရှိတယ်။တစ်ချို့အကြောင်းအရာတွေဆို အရမ်းပေါက်ကွဲစရာကောင်းတယ်။ဒါတွေကို ဖတ်ပြီးတိုင်း မုန့်ရန် ခေါင်းတခါခါနဲ့ရယ်မောမိတယ်။
လော်ရှို့နဲ့သာတွေ့ဆုံပြီး မချစ်မိခဲ့ရင်၊Selsey လိုမျိုးဘဝကို ပျော်ပျော်ပါးပါးနဲ့ ဖြတ်သန်းဖို့ အပျော်ရှာနေမိလားဆိုတာကို မုန့်ရန် တစ်ခါတစ်လေတွေးကြည့်မိတယ်။
Selseyရဲ့အရူးဓာတ်တွေသူ့ဆီကူးစက်ကုန်ပြီလို့ မုန့်ရန်ခံစားနေရတယ်။ဒီလိုတွေတွေးမိတာကို လော်ရှို့ကို အသိမပေးရဲဘူး။ သိများသိသွားလို့ကတော့ Selsey နဲ့ သူ့ကို သီးသန့်စကားပြောခွင့်လုံးဝပေးမှာမဟုတ်လောက်ဘူး။
Selsey ရဲ့ ပေါ့ပေါ့ပါးပါးနေတတ်မှုကို လက်ခံနိုင်ပေမယ့် မုန့်ရန် တစ်ခါမှ အားမကျခဲ့ဖူးဘူး။လော်ရှို့
သည်သာသူ့ဘဝအတွက်တစ်ခုတည်းသောဦးတည်ရာဖြစ်တယ်။လော်ရှို့ကို ချစ်ခွင့်ရတဲ့အတွက် သူဘယ်လောက်ပျော်ရွှင်ရသလဲဆိုတာ ဘယ်သူကမှ သိမြင်ခံစားနိူင်မှာမဟုတ်ဘူး။ပျော်ရွှင်ရလွန်းလို့ သေဆုံးသွားမယ်ဆိုရင်တောင် လော်ရှို့ရဲ့အနားကနေ ထွက်သွားမှာ မဟုတ်ဘူး .........
Zawgyi
"မင်းပြောကြည့်လေ"
"မင်းဘယ်လိုထင်လဲ?"
"ဘယ်လိုနေသေးလဲ?"