ချစ်သောဗီလိန်လေး 2 (Ongoing)

By eett97

27.3K 3.1K 754

#DZ ၂၁ရာစုသမီးပျိုလေး ကားမတော်တဆဖြစ်ရာနေ system 1005နှင့်တွေ့ဆုံပြီးနောက် ............ ဒီဇာတ်လမ်းကတော့ ပါဝါရိ... More

In Space
ကူးပြောင်းခြင်းမိတ်ဆက်
ဇာတ်ကောင်မိတ်ဆက်
အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၄
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
အပိုင်း ၁၁
please 🙏❤
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၄
Note 📌
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၇
အပိုင်း ၁၈
အပိုင်း ၁၉
အပိုင်း ၂၀
အပ်ပုဒိတ် မဟုတ်သေးပါ
အပိုင်း ၂၁
🙇🏻
အပိုင်း ၂၂

အပိုင်း ၁၀

1K 151 49
By eett97


Unicode

  နောက်တနေ့ မနက်အစောပိုင်းလောက်အချိန်တွင်... ပိုင်ဝေ့ရှင်း  လန့်နိုးလာခဲ့သည် ။  သူမကိုယ်တိုင်ပေးထားသောဖုန်းနာရီသံကြောင့်  မနှိုးချင်ပဲ အိပ်ရာမှထကာ... ရေချိုးခန်းထဲသို့ ကိုယ်လက်သန့်စင်ရန် အိပ်တဝက်နိုးတဝက်မျက်လုံးအားပွတ်သပ်ရင်း... ဝင်သွားလိုက်သည် ။ နာရီဝက်ခန့်ကြာအောင် ရေချိုးပြီးနောက်  တဘတ်တထည်အား ကိုယ်ကိုပတ်ကာအပြင်ကိုထွက်လာပြီး...ဗီရိုထဲမှ  သွားလာရလွယ်သည့်ဂျင်းဘောင်းဘီအတိုတထည်နဲ့ အစိမ်းရောင်တီရှပ်တထည်ကို ထုတ်ကာ ဝတ်လိုက်သည် ။  ခေါင်းစွပ်အနွေးထည်ပါးပါးတထည်ကိုပါ ထုတ်ဝတ်ကာ.. အခန်းတံခါးကို သေချာပိတ်ပြီး ကျောပိုးအိတ်ကိုလွယ်ကာ... အောက်ထပ်သို့ ဆင်းလာခဲ့သည် ။ ထမင်းစားခန်းထဲတွင် ဘယ်သူမှမတွေ့ရသဖြင့်..  ပိုင်ဘွားဘွားရဲ့အခန်းဆီသို့ ဦးတည်ပြီး သွားလိုက်သည် ။
  
    အခန်းတံခါးအား ခေါက်ပြီး  သူမ အထဲဝင်လာမည်ဟု ခေါ်ရင်း တံခါးအား ဆွဲဖွင့်လိုက်သည် ။ ကုတင်ပေါ်တွင်  စာအုပ်တအုပ်ကို  ကိုင်ရင် ထိုင်နေသော ပိုင်ဘွားဘွားအား ဖက်နမ်းကာ နှုတ်ဆက်လိုက်သည် ။ 

" ဘွားဘွား သမီးကို​ပြောစရာရှိတာနဲ့အတော်ပဲ... ဘွားဘွား  မနက်ဖြန်ကျရင်  တရုတ်ပြည်ကို ပြန်တော့မယ်... ဘွားဘွား အသက်ကြီးနေပြီ... ကိုယ့်မွေးရပ်မြေမှာပဲ ခေါင်းချချင်တယ်... "

" ဘွားဘွားကလဲ ပြန်တာကပြန်တာပေါ့... အဲ့လိုစကားမျိုးပြောရတာလဲ... သမီးရဲ့ဘွားဘွားက အခုမှ ငယ်ငယ်လေးရှိသေးတာကို... သမီးနဲ့အတူသွားရင်ညီအမလားလို့မေးကြမှာ... "

" အမလေး... ငါ့​မြေးလေးကတော့ ပြောပြီ..  အဟင်း... အဘွားပြောတာကို သေချာနားထောင်... အဘွား ပြန်သွားရင် ဒီမှာကျန်ခဲ့သမျှကို မြေးပဲ ထိန်းသိမ်းစောင့်ရှောက်ရမှာ... အဘွား အကုန်စီစဥ်ထားပြီးပြီ... ဒီနေ့ ညနေပိုင်းကျရင် ရှေ့နေလာမယ်... မြေးလေးက လက်မှတ်ထိုးပေးရမယ်... "

  " အဖေကရော..... "

  " သူ့အတွက်လဲ အဘွားစီစဥ်ထားပါတယ်... ကုမ္ပဏီမှာ ရှယ်ယာနည်းနည်းခွဲပေးခဲ့မယ်...  အဲ့ရှယ်ယာကို သူအလွဲသုံးစားမလုပ်ဖို့တော့ ဆုတောင်းရမှာပဲ... "

  " ဘွားဘွားက အကုန်စီစဥ်ထားပြီးပြီဆိုတော့လဲ သမီးဘာမှမပြောလိုတော့ပါဘူး... ဘွားဘွားစိတ်ချမ်းသာဖို့အဓိကပဲ... သမီးက အဆင်ပြေတယ်...  "

  " အင်း... အဘွားအခန်းထိလာတာဆိုတော့ သမီးမှာပြောစရာရှိလို့မလား...  ပြောလေ .... "

  " ဘာမှမဟုတ်ပါဘူး.. သမီးအပြင်သွားစရာရှိလို့ လာပြောတာ... ညနေအမှီပြန်လာခဲ့ပါ့မယ်... သမီးသွားလိုက်ဦးမယ်... ချိန်းထားတာရှိလို့.... "

  ပိုင်ဝေ့ရှင်း အဘွားအားနှုတ်ဆက်ကာ အခန်းအပြင်သို့ပြန်ထွက်လာခဲ့သည်။ ရုံးသွားရန်ပြင်ဆင်ပြီးထွက်လာသောဖခင်နဲ့ တည့်တိုးပေမဲ့  ပြုံးတောင်မပြပဲ  သူမ ကားဂိုဒေါင်ဘက်သို့ ထွက်သွားလိုက်သည် ။  ဂိုဒေါင်အတွင်းမှ သူမ့အတွက်သီးသန့်စုဆောင်းထားသော ပြိုင်ကားမော်ဒယ်များစွာထဲမှ...Ferrari F8 အနီရောင်လေးထဲကို တံခါးဖွင့်ကာ ဝင်လိုက်သည် ။  ဒီကားလေးက သူမရဲ့မူလဘဝတုန်းကလဲ အရမ်းကြိုက်ပေမဲ့မဝယ်နိုင်ခဲ့တဲ့ကားလေး....။
ဒီကမ္ဘာမှာတော့ ဗီလိန်ဖြစ်ပေမဲ့ ဘောစိဆိုတော့... ရေလျှံတယ်😎💸💸💳💰 ။ ကားကို အပြင်ဘက်သို့မောင်းလာရင်း ဆင်ဝင်အောက်မှ ဒရိုင်ဘာယူလာမည့်ကားကိုစောင့်နေသောပိုင်ချန်းကို တချက်ငဲ့စောင်းကြည့်ပြီး... ကားခေါင်းကို ခြံဝင်းတံခါးလမ်းမမှတဆင့် အပြင်ဘက်သို့ ဦးတည်သွားလိုက်သည် ။ ကားမောင်းရင်း  ဇာတ်လိုက်ကိုကယ်ရမဲ့ကိစ္စအတွက် တွေးနေမိတယ် ။...... ဇာတ်လိုက်နဲ့ မတွေ့တာ ရက်အတော်ကြာနေပြီ...  ငါ့ကိုရောမှတ်မိပါ့မလား... တော်ကြာသူ့ကိုလာလုံးတဲ့သူတွေလိုထင်ပြီး  ငါ့ကို အော်မထုတ်လောက်ပါဘူးနော်... ။

  ပိုင်ဝေ့ရှင်းလဲ ပြိုင်ပွဲအဆောက်အဦးဝင်းထဲသို့ ချိုးဝင်လိုက်သည်။ ဒုတိယတခေါက်မို့ နေရာအတိအကျသိနေသဖြင့်  ကားကို ပါကင်သေချာထိုးပြီးနောက်...ပြိုင်ပွဲခန်းမဆီသို့ ဝင်သွားလိုက်သည် ။ခန်းမထဲရှိ စီစစ်သူထံ ရောက်ရှိကြောင်း သတင်းပေးပို့ပြီးနောက် အဝတ်အစားလဲရန် သီးသန့်အခန်းငယ်ဆီသို့ လျှောက်သွားလိုက်သည် ။ အဝတ်လဲခန်းထဲတွင်   ရိုစလီကို ရောက်နှင့်နေတာတွေ့ရတော့.......

"  ရိုစလီ  ငါ နင့်ကိုလွမ်းနေတာ... သူငယ်ချင်းလေးရ... "

"  အပိုတွေနော်...  ဖုန်းကျမဆက်ပဲနဲ့... ဒီရက်အတွင်း ဘာတွေလုပ်နေတာလဲ... အဆက်အသွယ်တချက်မှမလုပ်ဖြစ်ဘူးနော်... "

"ဆော်ရီးပါကွာ... ငါတောင်းပန်ပါတယ်နော်... အိမ်မှာ ဘွားဘွားက ငါတို့ရဲ့ပြည်မကြီးကိုပြန်ဖို့စီစဥ်နေတာနဲ့.. ငါလဲ ငြိမ်နေတာ.. ပွဲအတွက် ပြင်ဆင်နေတာနဲ့မအားဖြစ်နေလို့ပါ.. နော်နော်... နောက်ရက်ကျရင်  မုန့်လိုက်ဝယ်ကျွေးမယ်လေ နော်လို့ ရိုစလီ နော်.... "

"အင်းပါ. ရပါတယ်... ဘွားဘွားက အပြီးပြန်မှာလား?.. စီးပွားရေးတွေကရော  နင်ပဲဆက်လုပ်မှာလား?... နင် လုပ်မဲ့ဒီကိစ္စကရော?... "

" အွန်း ငါလဲ ဘာလုပ်မရလဲမသိသေးဘူး.. ညနေကိုတော့ မိသားစုအားလုံးစုံမယ်လို့မှာလိုက်တယ်... အဲ့ခါကျသိရမှာပေါ့... ကဲအဝတ်လဲပြီး သွားကြစို့.. ပွဲစတော့မယ်ထင်တယ်.."

နှစ်ယောက်သား စကားပြောရင်း ခန်းမထဲသို့ ပြန်ဝင်လာခဲ့ရာ.. ဒုတိယဇာတ်လိုက် ဂန်မင်ဟွန်း ခုံတန်းတခုတွက် ထိုင်နေတာကိုတွေ့ရသည် ။ ပိုင်ဝေ့ရှင်းတို့ဝင်လာတာတွေ့တော့ ထိုင်ရာမှထကာ.......

" ဝေ့ဝေ့တို့ ရောက်လာပြီလား... ပွဲစဖို့တော့လိုပါ​သေးတယ်..သွေးပူလေ့ကျင့်ခန်းလုပ်ဖို့ အချိန်ရသေးတယ်... ဒီနေ့ အဖွဲ့ခေါင်းဆောင်းကိုယ်တိုင် လာရွေးမှာလို့ပြောတယ်... "

" ဝိုးးး မင်ဟွန်းက သတင်းအတိအကျကိုရထားတာပဲ...မိုက်လိုက်တာ... ကျမတို့တောင် မသိသေးဘူး... ရှင့်ကိုတော့ အရမ်းလေးစားသွားပြီ... "

ပိုင်ဝေ့ရှင်းဆီက ချီးမွမ်းစကားကိုကြားလိုက်ရတော့...ဂန်မင်ဟွန်း ရှက်မိသွားကာ ကုပ်ပိုးကိုလက်ဖြင့်ပွတ်ရင်း ရယ်လေသည် ။ ရိုစလီကလဲ ထောက်ခံသည့်အမူအရာဖြင့် လက်မထောင်ပြလိုက်သည် ။ သူတို့စကားပြောနေစဥ်  ခရာမှုတ်သံတခုပေါ်လာပြီး လူစုရန်အချက်ပြလေသည် ။ အရင်တခေါက်က သူတို့အဖွဲ့အား ကြီးကြပ်သည့်အမျိုးသမီးပဲ ပြန်ရောက်လာခဲ့သည် ။ ကြီးကြပ်သူစုန့်မှ  အားလုံးအား တန်းစီရပ်စေကာ နှစ်ယောက်ချင်း လူခွဲပေးရာ.. ပိုင်ဝေ့ရှင်းနဲ့ဂန်မင်ဟွန်းက တဖွဲ့ ၊ ရိုစလီနဲ့ အခြားပြိုင်ပွဲဝင်ကောင်မလေးတယောက်နဲ့ အတွဲကျလေသည် ။ (ကံတရားကြီးက မအေးအေးဝင်းဆိုတာသေချာပြီ)

အားလုံး အဖွဲ့ငယ်၉ဖွဲ့လူခွဲပြီးနောက် သူမတို့ရဲ့ ပြိုင်ပွဲဝင်ရမည့်ပုံစံအား ရှင်းပြလေသည် ။ ဒီတခါ ပြိုင်ပွဲက လက်ရုံးရည်သာမကပဲ ဦးနှောက်စွမ်းရည်ရဲ့ အရည်အသွေးပါ လိုအပ်သဖြင့် နည်းပညာဆိုင်ရာ စစ်ဆေးမှုတခုကို ယှဥ်ပြိုင်ကြရမှာဖြစ်တယ် ။ တဖွဲ့ချင်းစီအား သက်ဆိုင်ရာ အခန်းငယ်တခုချင်းစီကို ဝင်ခိုင်းလေသည် ။ အခန်းထဲတွင်... သွားဆေးခန်းမှာလိုမျိုးထိုင်ခုံနှစ်ခုအား အလယ်တွင်ချထားပြီး ဘေးတဖက်စီတွင် ခန္ဓာကိုယ်အားစစ်ဆေးပေးသည့်စက်များအားတန်းစီထားသည် ။

  နည်းပညာဆိုင်ရာဝန်ထမ်းနှစ်ယောက်မှ ပိုင်ဝေ့ရှင်းတို့အား ခုံပေါ်တွင် လဲလျောင်းစေပြီး.. ဦးထုပ်ပုံစံ ဦးနှောက်ဆိုင်ရာချိတ်ဆက်ပေးသည့်စက်အား ခေါင်းပေါ်တွင်တပ်ပေးကြသည်။ ထို့နောက်  သူတို့အားလုံး အိပ်ပျော်သွားကာ....  တခါမှမြင်ဖူးခြင်းမရှိသည့်နေရာစိမ်းတခုဆီသို့ရောက်သွားသည် ။ ပိုင်ဝေ့ရှင်း မျက်စိအားပွတ်သပ်ကြည့်ရင်း... စဥ်းစားနေမိသည်။ သူမတို့ ခုနက အခန်းထဲမှာပါ.. အခုက ဘယ်လိုဖြစ်သွားလဲ.လုံးဝမသိထားမသေးချေ... ။ ဂန်မင်ဟွန်းလဲ  အခြေအနေရုတ်တရက် ပြောင်းလဲမှုအပေါ်အသားကျခြင်းမရှိပဲ.. ဘေးပတ်ဝန်းကျင်အား.. စူးစမ်းနေမိသည် ။ သူတို့အားလုံး... ဒီနေရာကို ဘာကြောင့်ရောက်နေတာလဲ.. တယောက်ကို တယောက် ကြည့်ရင်း အဖြေထုတ်နေကြလေသည် ။ ပိုင်ဝေ့ရှင်း Systemအားခေါ်ထုတ်လိုက်သည် ။

" ဖြူလုံး ဒါက ဘယ်နေရာကြီးလဲ... ပြောပြပါဦးဟ... "

"  hostရေ  ဒါက စိတ်ကူးယဥ်နေရာတခုပါ... hostတို့ကိုစမ်းသပ်ဖို့လုပ်ထားတာ... ဒီနေရာမှာ ပုံမှန်မဟုတ်တဲ့အရာတွေ၊ မူမမှန်တဲ့ဟာတွေ အများကြီးရှိတယ်.. ဒါကို hostတို့က ကျော်ဖြတ်ရမှာပါ...နောက်ဆုံးအချိန်ထိတောင့်ခံထားနိုင်ရင် စစ်ဆေးမှု ပြီးဆုံးမှာပါ..."

" ဖြူလုံး  နင်ပြောတဲ့ မူမမှန်တဲ့ဟာဆိုတာ အခု ငါရှေ့မှာ လာနေတဲ့ ဂြိုလ်သားလိုလို တိရိစ္ဆာန်လိုလို ဘာကောင်ကြီးမှန်းမသိတဲ့ဟာကိုပြောတာလား..."

" ဘယ်မှာလဲ...  "

  ပိုင်ဝေ့ရှင်း  ဖြူလုံးအား မိမိရ​ှေ့တည့်တည့်မှ ပြေးလာနေသောသတ္တဝါဆန်းလိုအရာကို လက်ညှိုးထိုးပြလိုက်သည် ။ ဖြူလုံး လှည့်ကြည့်ပြီး လန့်သွားကာ.......

" စောက်ကျိုးနဲ hostရဲ့  .. ခေါင်းငုံ့ဟဲ့.. ဒီမှာ ဒဏ်ရာရရင် အပြင်မှာလဲ အနည်းနဲ့အများထိခိုက်မှုရှိတယ်ဟဲ့.. "
ဟုအော်ရင်း သတိပေးလေရာ.... ပိုင်ဝေ့ရှင်းလဲ သူမဆီသို့ ဦးတည်လာတဲ့ကျားတကောင်ရဲ့လက်ဝါးလိုမျိုးလက်ကြီးကို အမြန်ခေါင်းငုံ့ရှောင်လိုက်သည် ။
...... ချီးပဲ ၊ အစထဲက သတိပေးရင် သေမှာမို့လား. အမွှေးပွရဲ့  ......

System " ....... "

   ပြိုင်ပွဲဝင်အားလုံး  ဘယ်ကမှန်းမသိရောက်လာသောအန္တရာယ်များကြောင့် ရုတ်တရက်လန့်သွားကြသည် ။  အကောင်ပေါင်းစုံက လူလိုလို တိရစ္ဆာန်လိုလိုနဲ့ ဟိုမကျဒီမကျအကောင်များဖြစ်သည်။ ပိုင်ဝေ့ရှင်းလဲ  သူမကို တိုက်ခိုက်နေသောအကောင်ဆန်းအား  ပြန်တိုက်ခိုက်ရင်း  ကျန်တဲ့သူများကိုလဲ ပြန်တိုက်ခိုက်ဖို့အော်ကာပြောလိုက်သည် ။ ပိုင်ဝေ့ရှင်း အော်သံကိုကြားမှ သတိဝင်လာကြပြီး  ပြန်လည်တိုက်ခိုက်ကြသည် ။ အင်အားမမျှတသဖြင့်  အဖွဲ့ဝင်တချို့ ထိခိုက်မှုများရှိကြပြီး  ဒဏ်ရာရသွားသောသူများဟာ  ရုတ်တရက်ပျောက်ကွယ်သွားတာကိုတွေ့ရသည်။
   ပိုင်ဝေ့ရှင်းကတော့ ဖြူလုံးပြောပြသဖြင့် ထိုလူများက ရှုံးသွားကြသူများဖြစ်ကြောင်း ၊ သူမတို့မူလနေရာသို့ပြန်ရောက်သွားကြောင်း သိရလေသည် ။  လက်ရှိတွင်  သူမအပါအဝင် ဂန်မင်ဟွန်း ၊ ရိုစလီ နဲ့  အခြားနှစ်​ယောက်သာကျန်တော့တာတွေ့ရသည် ။  ကြာရင် သူတို့ပိုရှုံးနိမ်လာတော့မှာသေချာသည် ။ သူမတို့သုံးယောက်ကတိုက်ခိုက်နိုင်သေးပေမဲ့  ကျန်နှစ်ယောက်က ထပ်ပြီးမတောင့်ခံနိုင်တာသေချာနေပြီ ။ ထို့ကြောင့်  သူမ စိတ်ဆုံးဖြတ်ကာ သူမရဲ့စွမ်းရည်ကို ထုတ်သုံးဖို့ လုပ်လိုက်သည် ။ ဒါပေမဲ့ တခြားသူများအားမသိစေချင်၍.........

  " မင်ဟွန်း... ရှင်နဲ့ ရိုစလီတို့ ဒီနှစ်ယောက်ကိုခေါ်ပြီး လုံခြုံမဲ့နေရာတခုကို အရင်သွားရှာနှင့် ၊ ကျမ  ဒီကောင်တွေကို ထိန်းထားလိုက်မယ်... ပြီးရင် ရှင်တို့နောက်ကို လိုက်ခဲ့လိုက်မယ်..."

" ဝေ့ဝေ့ တယောက်ထဲ ဘယ်ဖြစ်မှာလဲ  ... ကိုယ်ပဲနေခဲ့ပြီး ရင်ဆိုင်ထားလိုက်မယ်... မင်းသာရိုစလီနဲ့လိုက်သွားလိုက်ပါ... ကိုယ်ပြီးရင်လိုက်ခဲ့မယ်... "

" မင်ဟွန်း ... ကျမ့စကားသာနားထောင်ပါ...  ကျမ ဒီကောင်တွေရဲ့အားနည်းချက်ကို ရှာတွေ့နေပြီး ကျမနိုင်တယ်... ရှင်သာ ကျမပြောသလို လုံခြုံတဲ့နေရာသွားရှာလိုက်... ပြီရင် ကျမဆီပြန်လာခဲ့ပေါ့... "

" ဒါပေမဲ့.... ကိုယ်က.."

" ရိုစလီ နင်နဲ့ မင်ဟွန်း  ဒီလူနှစ်ယောက်ကိုခေါ်သွား လုံခ​ြမြဲ့နေရာရှာ ပြီးရင် သူတို့ကို ခြေရာဖြတ်ပြီး  ငါလိုက်ခဲ့မယ်.. အခု သွားတော့... "

  "ဝေ့ဝေ့  နင်ဖြစ်ပါ့မလား.... "

  " ငါ အဆင်ပြေတယ်...သူတို့ကြာရင် ပိုထိခိုက်ကြလိမ့်မယ်... ငါပြောတာနားထောင်ပါ.... "

   " ဟုတ်ပြီ..ဒါဆို ငါတို့ အရင်သွားနှင့်မယ်.. နင်အမြန်လိုက်လာခဲ့နော်... "

  ဂန်မင်ဟွန်း ပိုင်ဝေ့ရှင်းအား စိတ်မချသလိုကြည့်နေသဖြင့်.... အဆင်ပြေသည်ဟုဆိုကာ အတင်းထည့်ပေးလိုက်ရသည် ။ ပိုင်ဝေ့ရှင်း ဂန်မင်ဟွန်းတို့သွားတာသေချာသလောက်ဖြစ်သွားတာနဲ့.... သူမရှေ့မှာ ရှိသည့်  ကျားသစ်ပုံစံမျိုးရှိသည့်သတ္တဝါ၏မျက်လုံးအား စူးစိုက်ကြည့်လိုက်သည် ။ ကျားသစ်ကောင်အား ကြည့်နေသည့် သူမရဲ့မျက်လုံးတွေဟာ တဖြည်းဖြည်း အနက်ရောင်ဘက်သို့ပြောင်းလဲသွားသည် ။ ခဏအကြာတွင် ကျားသစ်ကောင်ရဲ့ရဲတောက်နေသောမျက်လုံးများသည် ဗလာဖြစ်သွားပြီး ခံစားချက်မရှိသည့်ပုံစံဖြစ်လာသည် ။ ကျားသစ်ကောင်ပြီးနောက် လူဝံပုံစံတကောင်ဆီသို့ပြောင်းကြည့်လိုက်ရာ  ထိုသတ္တဝါသည်လဲ ကျားသစ်ကောင်ကဲသို့ဖြစ်သွားလေသည်။  ပိုင်ဝေ့ရှင်း  မိမိထိန်းချုပ်နိုင်တာသေချာတာနဲ့... ထိုနှစ်ကောင်အား အခြားအကောင်ဆန်းများအား တိုက်ခိုက်ခိုင်းလေသည်။

  တခဏအကြာတွင် ဂန်မင်ဟွန်းနဲ့ ရိုစလီတို့ပြန်ရောက်လာလေသည်။ သို့သော်  သူတို့မြင်လိုက်ရတာက  အတုံးအရုံးလဲနေသောအကောင်ဆန်းများသာဖြစ်ပြီး  ပိုင်ဝေ့ရှင်းကို ဘေးနားက သစ်တုံးတခုပေါ်တွင် ထိုင်ရက်သားတွေ့လိုက်ရသည်။ အံ့သြသင့်ကာမေးချင်ပေမဲ့  ပိုင်ဝေ့ရှင်းပုံစံက  ပြောပြချင်သည့်ပုံမပေါ်သဖြင့် မမေးကြည့်တော့ချေ။ တဖြည်းဖြည်းနဲ့ သူတို့ပုံရိပ်တွေက ဝေဝါးလာပြီး ပျောက်ကွယ်သွားလေသည်။ စမ်းသပ်ခန်းထဲရှိ သူတို့ရဲ့ခန္ဓာကိုယ်တွေက လှုပ်ရှားလာပြီး  သတိပြန်ဝင်လာကြသည် ။ သူတို့သုံးယောက်ကလွဲရင် ကျန်တဲ့သူတွေတယောက်မှ ဒီအဆင့်ကို အောင်မြင်ခြင်းမရှိပေ ။

### စာလေးနည်းနည်းရှည်မယ်နော်....😊   သုံးရက်လောက်တော့အချိန်ရမယ်ထင်ထားတာ... ဒီ​နေ့၂နာရီခွဲနဲ့ပြည့်သွားတယ် အခုလိုမြန်မြန်ပြည့်သွားမယ်မထင်ထားဘူး... ဒါပေမဲ့ ကိုယ့်ကတိတည်ပါတယ်နော်.. ချက်ချင်းရေးပြီးတင်ပေးလိုက်တယ်....မင်းတို့လေးတွေကြောင့် အားရှိနေတာပါ..ကျေးဇူးအများကြီးတင်ပါတယ်... 🙏🙏.. ဟိုတယောက်လေး တခုချင်းစီလိုက်ပြီးမန့်ထားပေးတာ အရမ်းသဘောကျတယ်သိလား.. ကျေးဇူးပါ..... အခုချိန်ထိအတူရှိလာပေးတဲ့မင်းတို့တွေကို အရမ်းချစ်တယ်နော်.....❤❤🙆🙆

အများကြီးကြိုးစားရဦးမည့်
#DZ
5:04pm
18.9.2021(Saturday)

  

••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••

Zawgyi

  ေနာက္တေန႕ မနက္အေစာပိုင္းေလာက္အခ်ိန္တြင္... ပိုင္ေဝ့ရွင္း  လန့္နိုးလာခဲ့သည္ ။  သူမကိုယ္တိုင္ေပးထားေသာဖုန္းနာရီသံေၾကာင့္  မႏွိုးခ်င္ပဲ အိပ္ရာမွထကာ... ေရခ်ိဳးခန္းထဲသို႔ ကိုယ္လက္သန့္စင္ရန္ အိပ္တဝက္နိုးတဝက္မ်က္လုံးအားပြတ္သပ္ရင္း... ဝင္သြားလိုက္သည္ ။ နာရီဝက္ခန့္ၾကာေအာင္ ေရခ်ိဳးၿပီးေနာက္  တဘတ္တထည္အား ကိုယ္ကိုပတ္ကာအျပင္ကိုထြက္လာၿပီး...ဗီရိုထဲမွ  သြားလာရလြယ္သည့္ဂ်င္းေဘာင္းဘီအတိုတထည္နဲ႕ အစိမ္းေရာင္တီရွပ္တထည္ကို ထုတ္ကာ ဝတ္လိုက္သည္ ။  ေခါင္းစြပ္အေႏြးထည္ပါးပါးတထည္ကိုပါ ထုတ္ဝတ္ကာ.. အခန္းတံခါးကို ေသခ်ာပိတ္ၿပီး ေက်ာပိုးအိတ္ကိုလြယ္ကာ... ေအာက္ထပ္သို႔ ဆင္းလာခဲ့သည္ ။ ထမင္းစားခန္းထဲတြင္ ဘယ္သူမွမေတြ႕ရသျဖင့္..  ပိုင္ဘြားဘြားရဲ႕အခန္းဆီသို႔ ဦးတည္ၿပီး သြားလိုက္သည္ ။
  
    အခန္းတံခါးအား ေခါက္ၿပီး  သူမ အထဲဝင္လာမည္ဟု ေခၚရင္း တံခါးအား ဆြဲဖြင့္လိုက္သည္ ။ ကုတင္ေပၚတြင္  စာအုပ္တအုပ္ကို  ကိုင္ရင္ ထိုင္ေနေသာ ပိုင္ဘြားဘြားအား ဖက္နမ္းကာ ႏႈတ္ဆက္လိုက္သည္ ။ 

" ဘြားဘြား သမီးကို​ေျပာစရာရွိတာနဲ႕အေတာ္ပဲ... ဘြားဘြား  မနက္ျဖန္က်ရင္  တ႐ုတ္ျပည္ကို ျပန္ေတာ့မယ္... ဘြားဘြား အသက္ႀကီးေနၿပီ... ကိုယ့္ေမြးရပ္ေျမမွာပဲ ေခါင္းခ်ခ်င္တယ္... "

" ဘြားဘြားကလဲ ျပန္တာကျပန္တာေပါ့... အဲ့လိုစကားမ်ိဳးေျပာရတာလဲ... သမီးရဲ႕ဘြားဘြားက အခုမွ ငယ္ငယ္ေလးရွိေသးတာကို... သမီးနဲ႕အတူသြားရင္ညီအမလားလို႔ေမးၾကမွာ... "

" အမေလး... ငါ့​ေျမးေလးကေတာ့ ေျပာၿပီ..  အဟင္း... အဘြားေျပာတာကို ေသခ်ာနားေထာင္... အဘြား ျပန္သြားရင္ ဒီမွာက်န္ခဲ့သမွ်ကို ေျမးပဲ ထိန္းသိမ္းေစာင့္ေရွာက္ရမွာ... အဘြား အကုန္စီစဥ္ထားၿပီးၿပီ... ဒီေန႕ ညေနပိုင္းက်ရင္ ေရွ႕ေနလာမယ္... ေျမးေလးက လက္မွတ္ထိုးေပးရမယ္... "

  " အေဖကေရာ..... "

  " သူ႕အတြက္လဲ အဘြားစီစဥ္ထားပါတယ္... ကုမၸဏီမွာ ရွယ္ယာနည္းနည္းခြဲေပးခဲ့မယ္...  အဲ့ရွယ္ယာကို သူအလြဲသုံးစားမလုပ္ဖို႔ေတာ့ ဆုေတာင္းရမွာပဲ... "

  " ဘြားဘြားက အကုန္စီစဥ္ထားၿပီးၿပီဆိုေတာ့လဲ သမီးဘာမွမေျပာလိုေတာ့ပါဘူး... ဘြားဘြားစိတ္ခ်မ္းသာဖို႔အဓိကပဲ... သမီးက အဆင္ေျပတယ္...  "

  " အင္း... အဘြားအခန္းထိလာတာဆိုေတာ့ သမီးမွာေျပာစရာရွိလို႔မလား...  ေျပာေလ .... "

  " ဘာမွမဟုတ္ပါဘူး.. သမီးအျပင္သြားစရာရွိလို႔ လာေျပာတာ... ညေနအမွီျပန္လာခဲ့ပါ့မယ္... သမီးသြားလိုက္ဦးမယ္... ခ်ိန္းထားတာရွိလို႔.... "

  ပိုင္ေဝ့ရွင္း အဘြားအားႏႈတ္ဆက္ကာ အခန္းအျပင္သို႔ျပန္ထြက္လာခဲ့သည္။ ႐ုံးသြားရန္ျပင္ဆင္ၿပီးထြက္လာေသာဖခင္နဲ႕ တည့္တိုးေပမဲ့  ၿပဳံးေတာင္မျပပဲ  သူမ ကားဂိုေဒါင္ဘက္သို႔ ထြက္သြားလိုက္သည္ ။  ဂိုေဒါင္အတြင္းမွ သူမ့အတြက္သီးသန့္စုေဆာင္းထားေသာ ၿပိဳင္ကားေမာ္ဒယ္မ်ားစြာထဲမွ...Ferrari F8 အနီေရာင္ေလးထဲကို တံခါးဖြင့္ကာ ဝင္လိုက္သည္ ။  ဒီကားေလးက သူမရဲ႕မူလဘဝတုန္းကလဲ အရမ္းႀကိဳက္ေပမဲ့မဝယ္နိုင္ခဲ့တဲ့ကားေလး....။
ဒီကမာၻမွာေတာ့ ဗီလိန္ျဖစ္ေပမဲ့ ေဘာစိဆိုေတာ့... ေရလွ်ံတယ္😎💸💸💳💰 ။ ကားကို အျပင္ဘက္သို႔ေမာင္းလာရင္း ဆင္ဝင္ေအာက္မွ ဒရိုင္ဘာယူလာမည့္ကားကိုေစာင့္ေနေသာပိုင္ခ်န္းကို တခ်က္ငဲ့ေစာင္းၾကည့္ၿပီး... ကားေခါင္းကို ၿခံဝင္းတံခါးလမ္းမမွတဆင့္ အျပင္ဘက္သို႔ ဦးတည္သြားလိုက္သည္ ။ ကားေမာင္းရင္း  ဇာတ္လိုက္ကိုကယ္ရမဲ့ကိစၥအတြက္ ေတြးေနမိတယ္ ။...... ဇာတ္လိုက္နဲ႕ မေတြ႕တာ ရက္အေတာ္ၾကာေနၿပီ...  ငါ့ကိုေရာမွတ္မိပါ့မလား... ေတာ္ၾကာသူ႕ကိုလာလုံးတဲ့သူေတြလိုထင္ၿပီး  ငါ့ကို ေအာ္မထုတ္ေလာက္ပါဘူးေနာ္... ။

  ပိုင္ေဝ့ရွင္းလဲ ၿပိဳင္ပြဲအေဆာက္အဦးဝင္းထဲသို႔ ခ်ိဳးဝင္လိုက္သည္။ ဒုတိယတေခါက္မို႔ ေနရာအတိအက်သိေနသျဖင့္  ကားကို ပါကင္ေသခ်ာထိုးၿပီးေနာက္...ၿပိဳင္ပြဲခန္းမဆီသို႔ ဝင္သြားလိုက္သည္ ။ခန္းမထဲရွိ စီစစ္သူထံ ေရာက္ရွိေၾကာင္း သတင္းေပးပို႔ၿပီးေနာက္ အဝတ္အစားလဲရန္ သီးသန့္အခန္းငယ္ဆီသို႔ ေလွ်ာက္သြားလိုက္သည္ ။ အဝတ္လဲခန္းထဲတြင္   ရိုစလီကို ေရာက္ႏွင့္ေနတာေတြ႕ရေတာ့.......

"  ရိုစလီ  ငါ နင့္ကိုလြမ္းေနတာ... သူငယ္ခ်င္းေလးရ... "

"  အပိုေတြေနာ္...  ဖုန္းက်မဆက္ပဲနဲ႕... ဒီရက္အတြင္း ဘာေတြလုပ္ေနတာလဲ... အဆက္အသြယ္တခ်က္မွမလုပ္ျဖစ္ဘူးေနာ္... "

"ေဆာ္ရီးပါကြာ... ငါေတာင္းပန္ပါတယ္ေနာ္... အိမ္မွာ ဘြားဘြားက ငါတို႔ရဲ႕ျပည္မႀကီးကိုျပန္ဖို႔စီစဥ္ေနတာနဲ႕.. ငါလဲ ၿငိမ္ေနတာ.. ပြဲအတြက္ ျပင္ဆင္ေနတာနဲ႕မအားျဖစ္ေနလို႔ပါ.. ေနာ္ေနာ္... ေနာက္ရက္က်ရင္  မုန့္လိုက္ဝယ္ေကြၽးမယ္ေလ ေနာ္လို႔ ရိုစလီ ေနာ္.... "

"အင္းပါ. ရပါတယ္... ဘြားဘြားက အၿပီးျပန္မွာလား?.. စီးပြားေရးေတြကေရာ  နင္ပဲဆက္လုပ္မွာလား?... နင္ လုပ္မဲ့ဒီကိစၥကေရာ?... "

" အြန္း ငါလဲ ဘာလုပ္မရလဲမသိေသးဘူး.. ညေနကိုေတာ့ မိသားစုအားလုံးစုံမယ္လို႔မွာလိုက္တယ္... အဲ့ခါက်သိရမွာေပါ့... ကဲအဝတ္လဲၿပီး သြားၾကစို႔.. ပြဲစေတာ့မယ္ထင္တယ္.."

ႏွစ္ေယာက္သား စကားေျပာရင္း ခန္းမထဲသို႔ ျပန္ဝင္လာခဲ့ရာ.. ဒုတိယဇာတ္လိုက္ ဂန္မင္ဟြန္း ခုံတန္းတခုတြက္ ထိုင္ေနတာကိုေတြ႕ရသည္ ။ ပိုင္ေဝ့ရွင္းတို႔ဝင္လာတာေတြ႕ေတာ့ ထိုင္ရာမွထကာ.......

" ေဝ့ေဝ့တို႔ ေရာက္လာၿပီလား... ပြဲစဖို႔ေတာ့လိုပါ​ေသးတယ္..ေသြးပူေလ့က်င့္ခန္းလုပ္ဖို႔ အခ်ိန္ရေသးတယ္... ဒီေန႕ အဖြဲ႕ေခါင္းေဆာင္းကိုယ္တိုင္ လာေ႐ြးမွာလို႔ေျပာတယ္... "

" ဝိုးးး မင္ဟြန္းက သတင္းအတိအက်ကိဳရထားတာပဲ...မိုက္လိုက္တာ... က်မတို႔ေတာင္ မသိေသးဘူး... ရွင့္ကိုေတာ့ အရမ္းေလးစားသြားၿပီ... "

ပိုင္ေဝ့ရွင္းဆီက ခ်ီးမြမ္းစကားကိုၾကားလိုက္ရေတာ့...ဂန္မင္ဟြန္း ရွက္မိသြားကာ ကုပ္ပိုးကိုလက္ျဖင့္ပြတ္ရင္း ရယ္ေလသည္ ။ ရိုစလီကလဲ ေထာက္ခံသည့္အမူအရာျဖင့္ လက္မေထာင္ျပလိုက္သည္ ။ သူတို႔စကားေျပာေနစဥ္  ခရာမႈတ္သံတခုေပၚလာၿပီး လူစုရန္အခ်က္ျပေလသည္ ။ အရင္တေခါက္က သူတို႔အဖြဲ႕အား ႀကီးၾကပ္သည့္အမ်ိဳးသမီးပဲ ျပန္ေရာက္လာခဲ့သည္ ။ ႀကီးၾကပ္သူစုန့္မွ  အားလုံးအား တန္းစီရပ္ေစကာ ႏွစ္ေယာက္ခ်င္း လူခြဲေပးရာ.. ပိုင္ေဝ့ရွင္းနဲ႕ဂန္မင္ဟြန္းက တဖြဲ႕ ၊ ရိုစလီနဲ႕ အျခားၿပိဳင္ပြဲဝင္ေကာင္မေလးတေယာက္နဲ႕ အတြဲက်ေလသည္ ။ (ကံတရားႀကီးက မေအးေအးဝင္းဆိုတာေသခ်ာၿပီ)

အားလုံး အဖြဲ႕ငယ္၉ဖြဲ႕လူခြဲၿပီးေနာက္ သူမတို႔ရဲ႕ ၿပိဳင္ပြဲဝင္ရမည့္ပုံစံအား ရွင္းျပေလသည္ ။ ဒီတခါ ၿပိဳင္ပြဲက လက္႐ုံးရည္သာမကပဲ ဦးေႏွာက္စြမ္းရည္ရဲ႕ အရည္အေသြးပါ လိုအပ္သျဖင့္ နည္းပညာဆိုင္ရာ စစ္ေဆးမႈတခုကို ယွဥ္ၿပိဳင္ၾကရမွာျဖစ္တယ္ ။ တဖြဲ႕ခ်င္းစီအား သက္ဆိုင္ရာ အခန္းငယ္တခုခ်င္းစီကို ဝင္ခိုင္းေလသည္ ။ အခန္းထဲတြင္... သြားေဆးခန္းမွာလိုမ်ိဳးထိုင္ခုံႏွစ္ခုအား အလယ္တြင္ခ်ထားၿပီး ေဘးတဖက္စီတြင္ ခႏၶာကိုယ္အားစစ္ေဆးေပးသည့္စက္မ်ားအားတန္းစီထားသည္ ။

  နည္းပညာဆိုင္ရာဝန္ထမ္းႏွစ္ေယာက္မွ ပိုင္ေဝ့ရွင္းတို႔အား ခုံေပၚတြင္ လဲေလ်ာင္းေစၿပီး.. ဦးထုပ္ပုံစံ ဦးေႏွာက္ဆိုင္ရာခ်ိတ္ဆက္ေပးသည့္စက္အား ေခါင္းေပၚတြင္တပ္ေပးၾကသည္။ ထို႔ေနာက္  သူတို႔အားလုံး အိပ္ေပ်ာ္သြားကာ....  တခါမွျမင္ဖူးျခင္းမရွိသည့္ေနရာစိမ္းတခုဆီသို႔ေရာက္သြားသည္ ။ ပိုင္ေဝ့ရွင္း မ်က္စိအားပြတ္သပ္ၾကည့္ရင္း... စဥ္းစားေနမိသည္။ သူမတို႔ ခုနက အခန္းထဲမွာပါ.. အခုက ဘယ္လိုျဖစ္သြားလဲ.လုံးဝမသိထားမေသးေခ်... ။ ဂန္မင္ဟြန္းလဲ  အေျခအေန႐ုတ္တရက္ ေျပာင္းလဲမႈအေပၚအသားက်ျခင္းမရွိပဲ.. ေဘးပတ္ဝန္းက်င္အား.. စူးစမ္းေနမိသည္ ။ သူတို႔အားလုံး... ဒီေနရာကို ဘာေၾကာင့္ေရာက္ေနတာလဲ.. တေယာက္ကို တေယာက္ ၾကည့္ရင္း အေျဖထုတ္ေနၾကေလသည္ ။ ပိုင္ေဝ့ရွင္း Systemအားေခၚထုတ္လိုက္သည္ ။

" ျဖဴလုံး ဒါက ဘယ္ေနရာႀကီးလဲ... ေျပာျပပါဦးဟ... "

"  hostေရ  ဒါက စိတ္ကူးယဥ္ေနရာတခုပါ... hostတို႔ကိုစမ္းသပ္ဖို႔လုပ္ထားတာ... ဒီေနရာမွာ ပုံမွန္မဟုတ္တဲ့အရာေတြ၊ မူမမွန္တဲ့ဟာေတြ အမ်ားႀကီးရွိတယ္.. ဒါကို hostတို႔က ေက်ာ္ျဖတ္ရမွာပါ...ေနာက္ဆုံးအခ်ိန္ထိေတာင့္ခံထားနိုင္ရင္ စစ္ေဆးမႈ ၿပီးဆုံးမွာပါ..."

" ျဖဴလုံး  နင္ေျပာတဲ့ မူမမွန္တဲ့ဟာဆိုတာ အခု ငါေရွ႕မွာ လာေနတဲ့ ၿဂိဳလ္သားလိုလို တိရိစာၦန္လိုလို ဘာေကာင္ႀကီးမွန္းမသိတဲ့ဟာကိုေျပာတာလား..."

" ဘယ္မွာလဲ...  "

  ပိုင္ေဝ့ရွင္း  ျဖဴလုံးအား မိမိရ​ွေ့တည့္တည့္မွ ေျပးလာေနေသာသတၱဝါဆန္းလိုအရာကို လက္ညွိုးထိုးျပလိုက္သည္ ။ ျဖဴလုံး လွည့္ၾကည့္ၿပီး လန့္သြားကာ.......

" ေစာက္က်ိဳးနဲ hostရဲ႕  .. ေခါင္းငုံ႕ဟဲ့.. ဒီမွာ ဒဏ္ရာရရင္ အျပင္မွာလဲ အနည္းနဲ႕အမ်ားထိခိုက္မႈရွိတယ္ဟဲ့.. "
ဟုေအာ္ရင္း သတိေပးေလရာ.... ပိုင္ေဝ့ရွင္းလဲ သူမဆီသို႔ ဦးတည္လာတဲ့က်ားတေကာင္ရဲ႕လက္ဝါးလိုမ်ိဳးလက္ႀကီးကို အျမန္ေခါင္းငုံ႕ေရွာင္လိုက္သည္ ။
...... ခ်ီးပဲ ၊ အစထဲက သတိေပးရင္ ေသမွာမို႔လား. အေမႊးပြရဲ႕  ......

System " ....... "

   ၿပိဳင္ပြဲဝင္အားလုံး  ဘယ္ကမွန္းမသိေရာက္လာေသာအႏၲရာယ္မ်ားေၾကာင့္ ႐ုတ္တရက္လန့္သြားၾကသည္ ။  အေကာင္ေပါင္းစုံက လူလိုလို တိရစာၦန္လိုလိုနဲ႕ ဟိုမက်ဒီမက်အေကာင္မ်ားျဖစ္သည္။ ပိုင္ေဝ့ရွင္းလဲ  သူမကို တိုက္ခိုက္ေနေသာအေကာင္ဆန္းအား  ျပန္တိုက္ခိုက္ရင္း  က်န္တဲ့သူမ်ားကိုလဲ ျပန္တိုက္ခိုက္ဖို႔ေအာ္ကာေျပာလိုက္သည္ ။ ပိုင္ေဝ့ရွင္း ေအာ္သံကိုၾကားမွ သတိဝင္လာၾကၿပီး  ျပန္လည္တိုက္ခိုက္ၾကသည္ ။ အင္အားမမွ်တသျဖင့္  အဖြဲ႕ဝင္တခ်ိဳ႕ ထိခိုက္မႈမ်ားရွိၾကၿပီး  ဒဏ္ရာရသြားေသာသူမ်ားဟာ  ႐ုတ္တရက္ေပ်ာက္ကြယ္သြားတာကိုေတြ႕ရသည္။
   ပိုင္ေဝ့ရွင္းကေတာ့ ျဖဴလုံးေျပာျပသျဖင့္ ထိုလူမ်ားက ရႈံးသြားၾကသူမ်ားျဖစ္ေၾကာင္း ၊ သူမတို႔မူလေနရာသို႔ျပန္ေရာက္သြားေၾကာင္း သိရေလသည္ ။  လက္ရွိတြင္  သူမအပါအဝင္ ဂန္မင္ဟြန္း ၊ ရိုစလီ နဲ႕  အျခားႏွစ္​ေယာက္သာက်န္ေတာ့တာေတြ႕ရသည္ ။  ၾကာရင္ သူတို႔ပိုရႈံးနိမ္လာေတာ့မွာေသခ်ာသည္ ။ သူမတို႔သုံးေယာက္ကတိုက္ခိုက္နိုင္ေသးေပမဲ့  က်န္ႏွစ္ေယာက္က ထပ္ၿပီးမေတာင့္ခံနိုင္တာေသခ်ာေနၿပီ ။ ထို႔ေၾကာင့္  သူမ စိတ္ဆုံးျဖတ္ကာ သူမရဲ႕စြမ္းရည္ကို ထုတ္သုံးဖို႔ လုပ္လိုက္သည္ ။ ဒါေပမဲ့ တျခားသူမ်ားအားမသိေစခ်င္၍.........

  " မင္ဟြန္း... ရွင္နဲ႕ ရိုစလီတို႔ ဒီႏွစ္ေယာက္ကိုေခၚၿပီး လုံၿခဳံမဲ့ေနရာတခုကို အရင္သြားရွာႏွင့္ ၊ က်မ  ဒီေကာင္ေတြကို ထိန္းထားလိုက္မယ္... ၿပီးရင္ ရွင္တို႔ေနာက္ကို လိုက္ခဲ့လိုက္မယ္..."

" ေဝ့ေဝ့ တေယာက္ထဲ ဘယ္ျဖစ္မွာလဲ  ... ကိုယ္ပဲေနခဲ့ၿပီး ရင္ဆိုင္ထားလိုက္မယ္... မင္းသာရိုစလီနဲ႕လိုက္သြားလိုက္ပါ... ကိုယ္ၿပီးရင္လိုက္ခဲ့မယ္... "

" မင္ဟြန္း ... က်မ့စကားသာနားေထာင္ပါ...  က်မ ဒီေကာင္ေတြရဲ႕အားနည္းခ်က္ကို ရွာေတြ႕ေနၿပီး က်မနိုင္တယ္... ရွင္သာ က်မေျပာသလို လုံၿခဳံတဲ့ေနရာသြားရွာလိုက္... ၿပီရင္ က်မဆီျပန္လာခဲ့ေပါ့... "

" ဒါေပမဲ့.... ကိုယ္က.."

" ရိုစလီ နင္နဲ႕ မင္ဟြန္း  ဒီလူႏွစ္ေယာက္ကိုေခၚသြား လုံခ​ျၿမဲ့ေနရာရွာ ၿပီးရင္ သူတို႔ကို ေျခရာျဖတ္ၿပီး  ငါလိုက္ခဲ့မယ္.. အခု သြားေတာ့... "

  "ေဝ့ေဝ့  နင္ျဖစ္ပါ့မလား.... "

  " ငါ အဆင္ေျပတယ္...သူတို႔ၾကာရင္ ပိုထိခိုက္ၾကလိမ့္မယ္... ငါေျပာတာနားေထာင္ပါ.... "

   " ဟုတ္ၿပီ..ဒါဆို ငါတို႔ အရင္သြားႏွင့္မယ္.. နင္အျမန္လိုက္လာခဲ့ေနာ္... "

  ဂန္မင္ဟြန္း ပိုင္ေဝ့ရွင္းအား စိတ္မခ်သလိုၾကည့္ေနသျဖင့္.... အဆင္ေျပသည္ဟုဆိုကာ အတင္းထည့္ေပးလိုက္ရသည္ ။ ပိုင္ေဝ့ရွင္း ဂန္မင္ဟြန္းတို႔သြားတာေသခ်ာသေလာက္ျဖစ္သြားတာနဲ႕.... သူမေရွ႕မွာ ရွိသည့္  က်ားသစ္ပုံစံမ်ိဳးရွိသည့္သတၱဝါ၏မ်က္လုံးအား စူးစိုက္ၾကည့္လိုက္သည္ ။ က်ားသစ္ေကာင္အား ၾကည့္ေနသည့္ သူမရဲ႕မ်က္လုံးေတြဟာ တျဖည္းျဖည္း အနက္ေရာင္ဘက္သို႔ေျပာင္းလဲသြားသည္ ။ ခဏအၾကာတြင္ က်ားသစ္ေကာင္ရဲ႕ရဲေတာက္ေနေသာမ်က္လုံးမ်ားသည္ ဗလာျဖစ္သြားၿပီး ခံစားခ်က္မရွိသည့္ပုံစံျဖစ္လာသည္ ။ က်ားသစ္ေကာင္ၿပီးေနာက္ လူဝံပုံစံတေကာင္ဆီသို႔ေျပာင္းၾကည့္လိုက္ရာ  ထိုသတၱဝါသည္လဲ က်ားသစ္ေကာင္ကဲသို႔ျဖစ္သြားေလသည္။  ပိုင္ေဝ့ရွင္း  မိမိထိန္းခ်ဳပ္နိုင္တာေသခ်ာတာနဲ႕... ထိုႏွစ္ေကာင္အား အျခားအေကာင္ဆန္းမ်ားအား တိုက္ခိုက္ခိုင္းေလသည္။

  တခဏအၾကာတြင္ ဂန္မင္ဟြန္းနဲ႕ ရိုစလီတို႔ျပန္ေရာက္လာေလသည္။ သို႔ေသာ္  သူတို႔ျမင္လိုက္ရတာက  အတုံးအ႐ုံးလဲေနေသာအေကာင္ဆန္းမ်ားသာျဖစ္ၿပီး  ပိုင္ေဝ့ရွင္းကို ေဘးနားက သစ္တုံးတခုေပၚတြင္ ထိုင္ရက္သားေတြ႕လိုက္ရသည္။ အံ့ၾသသင့္ကာေမးခ်င္ေပမဲ့  ပိုင္ေဝ့ရွင္းပုံစံက  ေျပာျပခ်င္သည့္ပုံမေပၚသျဖင့္ မေမးၾကည့္ေတာ့ေခ်။ တျဖည္းျဖည္းနဲ႕ သူတို႔ပုံရိပ္ေတြက ေဝဝါးလာၿပီး ေပ်ာက္ကြယ္သြားေလသည္။ စမ္းသပ္ခန္းထဲရွိ သူတို႔ရဲ႕ခႏၶာကိုယ္ေတြက လႈပ္ရွားလာၿပီး  သတိျပန္ဝင္လာၾကသည္ ။ သူတို႔သုံးေယာက္ကလြဲရင္ က်န္တဲ့သူေတြတေယာက္မွ ဒီအဆင့္ကို ေအာင္ျမင္ျခင္းမရွိေပ ။

### စာေလးနည္းနည္းရွည္မယ္ေနာ္....😊   သုံးရက္ေလာက္ေတာ့အခ်ိန္ရမယ္ထင္ထားတာ... ဒီ​ေန႕၂နာရီခြဲနဲ႕ျပည့္သြားတယ္ အခုလိုျမန္ျမန္ျပည့္သြားမယ္မထင္ထားဘူး... ဒါေပမဲ့ ကိုယ့္ကတိတည္ပါတယ္ေနာ္.. ခ်က္ခ်င္းေရးၿပီးတင္ေပးလိုက္တယ္....မင္းတို႔ေလးေတြေၾကာင့္ အားရွိေနတာပါ..ေက်းဇူးအမ်ားႀကီးတင္ပါတယ္... 🙏🙏.. ဟိုတေယာက္ေလး တခုခ်င္းစီလိုက္ၿပီးမန့္ထားေပးတာ အရမ္းသေဘာက်တယ္သိလား.. ေက်းဇူးပါ..... အခုခ်ိန္ထိအတူရွိလာေပးတဲ့မင္းတို႔ေတြကို အရမ္းခ်စ္တယ္ေနာ္.....❤❤🙆🙆

အမ်ားႀကီးႀကိဳးစားရဦးမည့္
#DZ
5:04pm
18.9.2021(Saturday)

  

Continue Reading

You'll Also Like

186K 6.8K 59
Izuku was like any other child his age. Excited about the quirk that will make them a hero. As his quirk came in his friends and peers began feeling...
56.6K 4K 13
حسيت كل جسمي مات من الخوف ورجفه لزمتني شنو الي جاي يصير ياربي ماجاي يستوعب عقلي شنو الي أسوي راح اروح بالرجلين ! اباوع الة متمد گبالي وأگع شلون أگعد...
101K 4.6K 143
Austin was a kid that loved to watch Anime, especially Pokemon. Annoyed at how the series was going after Sinnoh, he fell asleep before waking up, so...
70.3K 2.5K 60
His lessons on hiding the truth were from the Japanese Government itself who asked a bunch of middle schoolers not to even tell their parents that th...