"ရေခဲမင်းသားရဲ့ ဇာတ်ကြောင်းကိ...

By lila_210197

5.6K 414 45

- အိုလံပစ်စကိတ်သမား ပျောက်ဆုံးတဲ့အကြောင်း ရေးထားတဲ့ webtoonထဲ မတော်တဆ ရောက်ရှိလာတဲ့အခါ "ဘုရားရေ ငါဇာတ်ကြောင်း... More

"နိဒန်း"
"လည်နေတဲ့ ကမ္ဘာနှစ်ခု"
"တစုံတယောက်က ငါကို သတ်ချင်နေတယ်"
"ဇာတ်ကြောင်းပြောင်းသွားပြီ"
" သူက ဘာလဲ"
"Date"
~မသိဖူး~
တစုံတယောက်
"ဇာတ်လမ်းအစ"
"Heaven"
"မင်းငါကိုကြိုက်နေတာလား?"
" Christmasဆုတောင်း"
"အခြားကမ္ဘာကလူ"
𝒀: 𝑴𝒆𝒂𝒏𝒔 𝒀𝒐𝒖
Umbrella When It Rains
"Unsolved Puzzles"
Jealous ??

"ခက်ခဲတဲ့ ပုစ္ဆာ"

177 31 0
By lila_210197

သူမက ချက်ချင်းထလိုက်ရင်း လူတွေဝိုင်းဖတ်နေကြတဲ့ webtoonဆီ ပြေးသွားလိုက်တယ်
"ဘယ်လို အဆုံးသတ်သွားလဲ ဒီအပိုင်းက?"

သူမနဲ့ရှန်တွေ့ခဲ့တာတွေ သူမဆေးရုံကနေပြန်လာတာတွေ အကုန်ပါတယ်ဆိုတာ မြင်လိုက်ရတယ် 'ဒီတခေါက်တော့ စာရေးဆရာမပြောင်းထားဖူးပဲ'
နောက်ဆုံးအပိုင်းကျ သူမ "ငါနင်ကိုချစ်တယ်" ဆိုတဲ့ဟာကြီး မြင်"ချင်း သူမမျက်နှာကြီးနီတက်လာလေတယ် 'နောက်ထပ်မဝင်ရပါစေနဲ့တော့'

အ့မှာတင်ပဲ အဆုံးသတ်သွားတယ် 'ဒါဆို စာရေးဆရာက မပြောင်းလိုက်တာလား? ဒီတိုင်းထားတာလား?'

သူမပြီးမှနာရီကိုကြည့်မိ၍ သူမအဖေမွေးနေ့ဖြစ်သည်ကို သတိရလေတော့သည် သူမချက်ချင်းပစ္စည်းတွေသိမ်းကာ ဆေးရုံမှအမြန်ထွက်လာလေတော့သည်

သူမနောက်မှ ယူဂျွန်းကလည်း မြင်လိုက်ပေမယ့် သူမကအလျင်စလိုထွက်သွားတာဖြစ်သဖြင့် ဘာမှမပြောလိုက်ရ 'သူမဘယ်များသွားမလို့ပါလဲ?'

သူမကအိမ်သို့ပြန်လာပေမယ့် အနည်းငယ်နောက်ကျနေသည်ကို ခံစားမိလေသည် သူမကစားပွဲဝိုင်းမှာ သူမကိုထိုင်စောင့်နေကြတဲ့ မိဘနှစ်ယောက်ကို 90° အလေးပြုလိုက်ရင်း "တောင်းပန်ပါတယ် နောက်ကျသွားတယ်"

"ရပါတယ် ထိုင်" သူတို့ကရယ်လိုက်ရင်း သူမကိုထိုင်ရန် ပြောကြလေသည်

သူမက သူမဝယ်လာတဲ့လက်ဆောင်ကို ခုံပေါ်တင်လိုက်ရင်း "အဖေအတွက်"

"ဟုတ်လား ကြည့်ရဦးမယ်" သူမအဖေက လက်ဆောင်ထုပ်ကို ထုတ်ကြည့်လေသည် "နာရီပဲ "

"သဘောကျရဲ့လား?" သူမကပြုံးရင်း မေးလေသည်

"သမီးအဖေမျက်နှာကြည့်လေ သူကြိုက်လားမကြိုက်လားဆိုတာ ပြုံးလို့ " သူမအမေက သူမအားထမင်းပန်းကန်ပေါ် အသားတွေထည့်ပေးရင်း ပြောလေသည်

"အဖေကြိုက်တယ် ကျေးဇူးတင်ပါတယ် ဟင်းတွေအေးတော့မယ် စားစား"

"အဖေလည်း မီရောဂုသောက်ပါ မွေးနေ့ကိုဂုဏ်ပြုပါတယ်" သူမက ပြုံးရင် ပြောလေသည်

သို့သော် သူမစိတ်ထဲ ရှန်ကိုပြေးမြင်မိတယ် 'သူဘယ်လိုနေမလဲ သူမိဘတွေမရှိတဲ့အ့လောကမှာ'

မွေးနေ့ပွဲကပျော်"ရွှင်"ကုန်ဆုံးသွားလေသည် သူမလည်းထင်ထားတာထက် နည်း"ပိုနေပြီး ညမှဆေးရုံသို့ ပြန်လာခဲ့လေသည်

သူမကဆေးရုံပြန်လာပြီး အကျီလဲပြီးနောက် ဆေးရုံကောင်တာသို့ လာခဲ့လေသည် ချယ်ယွန်းနဲ့ယူဂျွန်းစီနီယာတို့ ရယ်မောပြီးစကားပြောနေသည်ကို မြင်လိုက်ရလေသည်

စီနီယာက သူမကိုမြင်မြင်ချင်း ရောက်လာကာ "ယူအာ နေကောင်းသွားပြီလား ဘယ်ထိသွားသေးလဲ?"

"အဆင်ပြေပါတယ် စီနီယာ "သူမက အခွင့်အရေးတောင် မရလိုက် ချယ်ယွန်းကရောက်လာလေသည်
"ယူအာ နေမကောင်းဖူးကြားတယ် ခဏခဏလည်းမေ့လဲတယ်ဆို သွေးအားနည်းတာလား?"

'ချီးမို့ ငါကသွေးအားနည်းရမှာလား ဒါကဟိုစောက်ကျိုးနည်းကာတွန်း' သူမက သူမဒေါသကိုထိန်းလိုက်ရင်း
"ဟုတ်ကဲ့ ဂရုစိုက်လိုက်ပါမယ် အခုလို ဂရုစိုက်ပေးလို့လည်း ကျေးဇူးတင်ပါတယ်" ဆိုပြီး ထွက်လာလေသည်

လမ်း၌ ဂျီဝူဖြတ်လာသည်နဲ့ တွေ့လေသည် သူကသူမအား လှမ်းခေါ်ရန် ပြင်သော်လည်း သူမကသုန်မှုန်နေသောမျက်နှာဖြင့် ဆောင့်အောင့်ထွက်သွားလေသည်
'ဘာတွေအလိုမကျဖြစ်နေတာလဲ?'

ယူအာက အားလပ်ရက်ချိန်၌ တစုံတယောက်အား ဖုန်းခေါ်နေသည် ထိုလူအားအခြားလူမဟုတ် shadow ကာတွန်းရေးဆရာ ဂျယ်ဆောင်း သူမတို့က အထက်တန်းကတည်းက ခင်ခဲ့ကြပြီး သူမအကြောင်း သူမချွဲယူဂျွန်းကို ကြိုက်တာပါအပါအဝင်ပေါ့

"ဘာ နင်ငါကိုဘာတွေလာပြောနေတာလဲ?" တဖက်မှ ခေါက်ဆွဲနင်ပြီး ပြောသည့်အသံ

"ငါက webtoonထဲဝင်သွားတယ်လို့ အ့webtoonစာရေးဆရာကို သိချင်တာလို့" ယူအာက အော်လေတော့သည်

"ဘာ နင်က wtထဲဝင်တာ ဟားဟားဟား ငါများလာနောက်နေသလား နင်စာကျက်ရတာများလို့ ဘရိန်းများကြောင်သွားတာလား အ့တာကြောင့် ငါနင်ကိုစာတွေချည်းနင်ကန်မလုပ်နဲ့လို့ပြောပါတယ် ငါကိုကြည့်..."

သူရှည်တရားတွေချပါတော့သည် "မဟုတ်ဖူးလေ ငါကပြောချင်တာက wbထဲဝင်သွားတာ 3ခါလောက်ရှိပြီ"

"တော်တော့ တော်တော့ နင်အရူးစကားတွေနားမထောင်နိုင်ဖူး ချတော့မယ် ငါသူများဟာပြီးအောင်ရေးပေးရဦးမှာ"

"နေဦး နေဦးနော် ချလိုက်ရင် အသေပဲ" ယူအာက ပြောလေသည်

"အင်း ကိုင်ထားတယ် ပြော မဟုတ်တာတွေပြောရင်ချမှာ"

"စာရေးဆရာနာမည်ရှာပေးစမ်းပါ အ့တာဆို "

"Wbနာမည်ပြော"

"......."

"နေဦး ငါရှာလိုက်ဦးမယ်" သူက ဖုန်းချလိုက်ရင်း အ့နာမည်ကိုရိုက်ရှာလိုက်တယ် wbစာရေးဆရာနာမည်ရှာရတာ သူအတွက်အဆန်းမဟုတ်တော့

"တွေ့ပြီလား?"

"ဟဲ့ စာရေးဆရာက သတိမေ့နေတာတဲ့ " သူကတအံ့တသြပြောလေသည်

"ဘာ!!!"

"ပြီးတော့ နာမည်က yuaတဲ့" သူကဆက်ပြောလေသည်

"ဘာ!!" သူမကဒီတခါအကျယ်ဆုံး အော်မိသွားလေသည်

"မေ့လဲနေတာလည်း အတော်ကြာပြီတဲ့ comaအနေအထားဖြစ်နေတာတဲ့ ဒါပေမယ့် အပိုင်းတွေကတော့ဆက်တိုက်တက်နေပုံပေါ်ရင် သူကကြိုရေးထားတဲ့ပုံပဲ"

'သူကြိုရေးထားတာမဟုတ်မှန်း စာရေးဆရာရယ် ငါရယ် ဇာတ်ဆောင်ရယ်ပဲ သိလိမ့်မယ်'

"ချလိုက်တော့မယ်နော် ရှာစရာရှိလို့" သူမကဖုန်းကိုမြန်"ချလိုက်ရင်း စာရေးဆရာအကြောင်းပြေးရှာလေသည်

သူမကYuzuru Hanyuရဲ့ဖန်ဖြစ်ပြီး အကြာကြီးအားပေးလာခဲ့ပြီး အခုလိုficပါရေးခဲ့တယ်ဆိုတဲ့အင်တာဗျူးကိုပါ တွေ့ရှိလေသည်
'အေးလေ အ့လောက်တော့ရှိမှာပေါ့'

မေ့လဲနေသည့်အကြောင်းရင်းတော့ရှာမတွေ့ ဘယ်သူမှမဖော်ပြထား ဖတ်တဲ့သူတွေကလည်း သိတဲ့ပုံမပေါ်
ဂျယ်ဆောင်းမရှာရင် ကျွန်မလည်းသိလာမှာမဟုတ်

ပုစ္ဆာတွေက တဖြည်းဖြည်းရှုပ်ထွေးလာပြီ

သူမတပတ်ကြာ webtoonတင်မယ့်ရက်ကိုစောင့်နေသော်လည်း မတက်လာ စာရေးဆရာနေမကောင်းလို့ပါ ဆိုပြီးnotiသာမြင်လိုက်ရ 'သေချာသွားပြီ ငါကြောင့်ဇာတ်လမ်းအပိုင်းဆက်နေတာ'

သူမက တပတ်အတွင်း ဂျီဝူစီနီယာကို သွားဖားသေးတယ် စီနီယာက coffeeမကြိုက်သဖြင့် သူမကmilkဝယ်ပြီး စီနီယာအခန်းရှေ့သွားသွားထားခဲ့လေသည် ယောကျ်ားလေးများအခန်းဆိုတော့ ဝင်လို့လည်းမကောင်းသဖြင့်

ဒီနေ့တော့ သူမချောင်းကြည့်မယ်ပေါ့ စီနီယာက သူမပေးတဲ့milkယူသွားတာကို ဆိုပြီး အစောကြီးလာထားကာ ထောင့်တနေရာကနေ ချောင်းကြည့်နေလေသည်

တော်တော်နဲ့ပေါ်မလာကြ သူမတောင်အိပ်ချင်လာသည် မိနစ်၂၀လောက်ရပ်စောင့်ပြီး တံခါးဖွင့်သံကြားရလေသည် သူမချက်ချင်း ခေါင်းလေးစောင်းပြီးချောင်းကြည့်တော့ 'ဂျီဝူ ဖြစ်နေတယ်'

'သွားတော့လေ အမြန်သွားတော့ စီနီယာကိုမြင်ချင်တာ'

ဒကောင်သားကမသွား တံခါးပေါက်ရှေ့အကြောဆန့်နေသေးသည်
'သူဒါဘာလုပ်တာလဲ?' သူလုပ်လိုက်တဲ့အပြုအမူကြောင့် ယူအာခေါင်းကြီးသွားသည်

ဂျီဝူက သူမထားခဲ့သည့်milkဗူးကို ယူပြီးဖောက်သောက်ပြီး ထွက်သွားခြင်းဖြစ်သည်

"ဘာ ယူအာရယ် အ့တာဆို တပတ်လုံး သူကနင်နို့သောက်နေတာပေါ့" ဂျယ်ဆောင်းက ကျွန်မပြောတာနားထောင်ပြီး ခွက်ထိုးခွက်လန်ရယ်လေသည်

"နင်အပေါက်ပိတ်လိုက်စမ်း ဘာငါနို့လဲ နင်အ့လိုလျောက်"မပြောနဲ့"

"နင်ဝယ်တိုက်တော့ နင်နို့ပေါ့ မဟုတ်ရင် ငါနို့လား?"
ပြောကာ ထပ်ရယ်နေပြန်သည်

"တော်တော့ဆို တော်လိုက်တော့ စိတ်ညစ်လို့သေတော့မယ် သူများဟာမှန်းမသိ ဘာမှန်းမသိ အလိုက်ကန်းဆိုးမသိ ချော်လဲပါစေ" ယူအာက ကျိန်ဆဲလိုက်လေသည်

ဆေးရုံ၌ ဂျီဝူက လူနာဆေးထည့်ပေးရန် ဗန်းထဲက ညှပ်ယူရန် လာနေတုန်း ခြေထောက်ခွင်ကာ ချော်လဲလေသည် တခါမှအ့လိုမဖြစ်ဖူး သူလည်းရှက်"နဲ့ ပြန်ထလိုက်ရသည် 'ဘာထဖြစ်တာလဲ ငါခြေထောက်က'

"ဂျယ်ဆောင်းရေ အ့webtoonကိုဘယ်လိုမြင်လဲ?"

"ကောင်းပါတယ် ဘာလို့လဲ?" ဂျယ်ဆောင်းက အအေးသောက်လိုက်ရင်း ဖြေလေသည်

"မဟုတ်ဖူး အခြားထူးဆန်းတာဘညာ"

"အင်း ပြောရမယ်ဆိုရင် ရုတ်တရက်ကြီး dramaဖြစ်သွားတာကလွဲလို့ ဒါလည်းကောင်းပါတယ် crimeဆို သိတဲ့အတိုင်း ငါတို့နိုင်ငံက dramaမှ"

"ဒါပဲလား ?" ယူအာက စိတ်မပါတပါမေးလေသည်

"ဒါပဲပေါ့ ဘာသိချင်တာလဲ?" ဂျယ်ဆောင်းက စသလိုနဲ့မေးပြန်တယ်

"အေး နင်သောက်နေတာ ငါကဝယ်တိုက်တာနော် အခုပြန်ထွေးလိုက်စမ်း " ယူအာက ထဖောက်လေတော့သည်

"အော် နင်က ငါကဂျီဝူမဟုတ်တော့ အအေးတောင်မသဓာတော့ဖူးပေါ့ ရပါတယ် ငါဘာသာရှင်းလိုက်ပါမယ် "သူက ပြောလေ ပိုစလေသည်

"တော်လိုက်ပါတော့ဆို အ့အစုတ်ပလုတ်ဂျီဝူကို ဆွဲမထည့်စမ်းနဲ့"

သူမဆေးရုံကိုပြန်လာပြီးနော်က ဂျီဝူကသူမကိုလာတွေ့လေသည် သူမမျက်နှာကလည်း မကြည်ချင်

"ဒါ ဆရာက မနက်ဖြန်ကျောင်းစရင် မိတ္တူကူးထားပြီး သူကိုလာပေးပါတဲ့ thesisအတွက်လည်း သူကိုလာတွေ့ဦးတဲ့" ဂျီဝူက စာရွက်လှမ်းပေးလိုက်သည်

သူမက ထိုသို့မဟုတ် ထိုလူမျက်နှာကြည့်ကာ ကြိမ်ဆဲနေလေသည် 'မသာကောင် သူများနို့ကျသောက်ထားပြီး အားနာစိတ်တောင်မဖြစ်တဲ့လူ အခုလည်းမျက်နှာပြောင်တိုက်ပြီး ငါရင်းလိုက်ရတဲ့ နို့ဖိုးတွေဘယ်လောက်ရှိလဲ နင်သိလား နင်ဘာသာ..."

သူအား ပြူးပြူးပြဲပြဲပြန်ကြည့်ပြီး ဘာမှပြန်မဖြေ စာရွက်လည်းမယူတဲ့ ယူအာကို "ငါမျက်နှာမှာ ဘာပေနေလို့လဲ?"

"နို့" ဟိုကလည်း ဖြတ်ခနဲ ပါးစပ်ကထွက်သွားလေသည်

"နို့လား?" သူက သူမျက်နှာသူစမ်းလိုက်ရင်း ပြောလေသည်

'သေပြီ ယူအာရေ သေပြီ' သူမကသူလက်ထဲကစာရွက်လှမ်းယူလိုက်ရင်း "မိတ္တူဆွဲထားလိုက်မယ် နို့မပေပါဖူး စနေတာ" ဆိုပြီး ထွက်သွားလေသည်

ဟိုတယောက်ကတော့ ဖုန်းမှန်ကြီးထုတ်ပြီး သူမျက်နှာကိုဖြဲယဲကြည့်ကျန်ခဲ့လေသည် "မပေပါဖူး ဘာမှ "

ယူအာ စိတ်ထဲ၌လည်း webtoonကိစ္စဘယ်လိုလုပ်ရမှန်းမသိဖြစ်နေလေသည် ရှန်ကိုလည်း အပြင်ထွက်လာဖို့ ကူညီပေးချင်တယ် သူမတယောက်တည်း သူကိုအသုံးချပြီး ထွက်လာနေရသည်ကြီးက ရုပ်ပေါက်လွန်းနေသည်

တဖက်၌လည်း ရှန်က ယူအာပျောက်သွားခြင်း ညတွင်းချင်းလက်မှတ်နဲ့ ဂျပန်သို့ ပြန်လာလေသည်
သူပြန်လာသည်ကို လူမသိအောင်ထားပြီး ဆက်တိုက်လေ့ကျင့်နေခဲ့သည်

Japan nationalပြိုင်ပွဲကလည်း စတော့မည်ဖြစ်သဖြင့် Japan figure skatersများ ထပ်တွေ့ကြရသည်

Skatw Blades လဲနေသည့် ရှန်နားအား အမျိုးသမီးတဦးက ချဥ်းကပ်လာလေသည်

"ပြန်ရောက်လာပြီလား ရှန်?" သူမက သူအား ပခုံးသိုင်းဖက်လိုက်သည်

"ဆာရာ " သူမက ပုခုံးပြန်ဖက်လိုက်ရင်း နှုတ်ဆက်လိုက်သည်

'ထွက်သွားတဲ့ကောင်မလေး သိချင်နေတဲ့ ဇာတ်လိုက်မင်းသမီးက အခုငါရှေ့မှာ ရောက်နေပြီဆိုတာ သူမမြင်သွားဖူး'






























"Wbနာမည်ပြော"

"......."


"တွေ့ပြီလား?"


"ဘာ!!!"










သူမက တပတ်အတွင်း ဂျီဝူစီနီယာကို သွားဖားသေးတယ် စီနီယာက coffeeမကြိုက်သဖြင့် သူမကmilkဝယ်ပြီး စီနီယာအခန်းရှေ့သွားသွားထားခဲ့လေသည် ယောက်ျားလေးများအခန်းဆိုတော့ ဝင်လို့လည်းမကောင်းသဖြင့်











































Continue Reading

You'll Also Like

121K 12.5K 51
-من هەڵەم نەکرد بچکۆلەکەم، من تەنیا خۆشم ویستی... -تاک و تەنیا ئاواتی من داهاتووێک بوو لەگەڵ تۆ~ -عەشقی من بۆتۆ ئەو ئۆقیانووسە قوڵەیە کە دەمەوێ تێیدا...
24.4K 2.2K 71
ဖတ်ကြည့်နော်😉😉
464K 64.2K 78
🌻 " අනුක් අයියේ " "...................." " අනුක් අයියේ " බස් එකේ ජනේලෙන් එපිට බලාගෙන උන්න මන් ගැස්සුනෙ එයාගෙ සුළැගිල්ල මගේ සුළැගිල්ල වටේ එතෙනකොට...
571K 35.3K 70
« បងសន្យា បងមិនឲអ្នកណាមកធ្វើអ្វីមកលើអូនបានឡើយ អូនគឺជារបស់បងជាប្រពន្ធរបស់បងម្នាក់គត់ Kim Taehyung » « មិនថាអ្នកណានោះទេឲតែហ៊ានប៉ះពាល់ប្រពន្ធកូនយើងសូម្ប...